Chapter 333: ရှေ့တိုးလိုက်ခြင်း
"အခုထွက်သွားဖို့လည်း အတော်ခက်လိမ့်မယ်" ဖေးမြန့်မုန် စကားသံက ဇူအန်နားဘေးက ကပ်လျက် ထွက်လာသည်။
ဇူအန် လန့်၍ ထခုန်မိသည်။
"အဲ့လောက်မြန်မြန် အဝတ် ဝတ်ပြီးတာလား"
ဖေးမြန့်မုန် အပြုံးက ဆွဲဆောင်မှု အပြည့်ပင်။
"ကျွန်မက အဝတ်ချွတ်တဲ့နေရာမှာ ပိုတောင်မြန်သေးတယ်။ ရှင်မတွေ့လိုက်ဘူးလား"
ဇူအန် ဘာမှပြန်မပြောနိုင်တော့ပေ။
"မင်းငါ့ကို မြှူဆွယ်ဖို့ကြိုးစားနေတယ်လို့ အိမ်ရောက်ရင် ငါ့မိန်းမကို တိုင်ပြောမှာနော်"
ဖေးမြန့်မုန် ဇူအန်ပုခုံးပေါ် လက်ထောက်ကာ အပြုံးဖြင့် ပြောလာသည်။
"သွားပြောလိုက်လေ။ ချူချူယန် ဘယ်သူ့ကိုပိုယုံလဲ ကြည့်ရအောင်။ ရှင့်ကိုလား ကျွန်မကိုလားလို့"
ထိုစကားကြောင့် ဇူအန် အနည်းငယ် မနာလိုသွားသည်။
သူ့ဂုဏ်သတင်းကို သူကတော့ B အဆင့်ပေးထားသည်။ သို့သော် လူတိုင်းကတော့ ဖေးမြန့်မုန်ကိုပဲ ယုံကြလိမ့်မည်။
"မင်းချွတ်ချင်ရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်လိုက်လေ" ဇူအန် အားနည်းမှုမပြချင်၍ ပြန်ပြောလိုက်သည်။
ဖေးမြန့်မုန် နှုတ်ခေါင်းရှုံ၍ လက်ဖယ်သွားသည်။
"ကျွန်မက ရှင့်ကို ချူယန်အစား စမ်းသပ်ကြည့်ရုံပါ။ ဖီး..နောက်ထပ် ငပွေးတစ်ယောက်ပဲ"
ဇူအန် သူမ၏ လှပချိုမြိန်သော မျက်နှာကိုကြည့်လိုက်သည်။
ဒါက တကယ့်ကို ပြဿနာရှာတတ်တဲ့ မိစ္ဆာပေါက်စလေးပဲ...မဟုတ်သေးပါဘူး... နေဦး.. ဒါက မိစ္ဆာအကြီးစားပဲ။
သူတို့နှစ်ဦး အချိန်တစ်ခုကြာအောင် စနောက်နေပြီးမှ အဓိကကိစ္စကို ပြန်ရောက်သွားသည်။
အပြင်မှ ပြေးလွှားနေသော လူရိပ်များစွာကိုကြည့်ကာ ဖေးမြန့်မုန် စိုးရိမ်လာသည်။
"ကျွန်မ ဒဏ်ရာမရထားဖူးဆိုရင်တော့ ကျွန်မ လွတ်အောင် ပြေးနိုင်မှာ။ ဒါပေမဲ့ အခုတော့...."
စကားကိုဆုံးအောင် မပြောလိုက်သော်လည်း အဓိပ္ပာယ်က သိသာလွန်းသည်။ သူတို့သာ ဟိုဆန်းကြယ်သောပညာရှင်၏ အာရုံစိုက်မှုကို ခံလိုက်ရလျှင် နှစ်ယောက်လုံး သေပေလိမ့်မည်။
ဇူအန် ခေတ္တစဉ်းစား၍ ပြောလာသည်။
"ငါ့မှာ သူများတွေကို အာရုံလွှဲနိုင်မယ့်အကြံတစ်ခု ရှိတယ်။ အဲ့ဒီအခွင့်အရေးကို ရအောင်ဖမ်းဖို့တော့ လိုတယ်"
သူ့အကြံကြောင့် ဖေးမြန့်မုန် လန့်သွားသည်ာ အမြန်ခေါင်းယမ်းလိုက်ကာ
"မဖြစ်ဘူး။ ရှင်သာ တစ်ခုခုဖြစ်သွားရင် ချူယန်ကျွန်မကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
ဇူအန် ပြုံးလိုက်ပြီး
"စိတ်မပူနဲ့။ ငါ့မှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်။ ငါ အန္တရာယ် ဖြစ်မှာ မဟုတ်ဘူး"
ဇူအန်၏ ယုံကြည်မှုရှိသော လေသံက ဖေးမြန့်မုန် သံသယများကို ပယ်ရှားပေးသည်။ ခါတိုင်းလည်း ဒီလူ့မှာ ထူးဆန်းတဲ့အကွက်တွေပြည့်နှက်နေတာပဲကို။
"ဒါဆိုလည်း သတိထား"
ဇူအန် ခေါင်းညိတ်လိုက်သည်။ ပြတင်းပေါက်မှတစ်ဆင့် အသာလေး ခုန်ထွက်သွားပြီး အစောက ဖြတ်လာဖူးသော ရေကန်တစ်ခုဆီကို သွားလိုက်သည်။
အနားသို့ရောက်သွားသော် ဘဲခေါင်းပြာကို ဆင့်ခေါ်လိုက်သည်။ ရေက အားကောင်းစွာ အုံကြွလာပြီး မီတာဆယ်ချီမြင့်သော လှိုင်းများ ဖြစ်လာရသည်။
ထိုကြီးမားသော အသံက ဝေအိမ်မှလူတိုင်းကို သတိထားမိစေသည်။ အနီးအနားတွင် လိုက်ရှာနေသော အစောင့်များကလည်း အသံကြားရာ ထိုနေရာကို ပြေးလာကြသည်။
ကျေနပ်သွားပြီး ဇူအန်ပြန်လစ်ထွက်ရန် ပြင်လိုက်သည်။ သို့သော် ခြေတစ်လှမ်းတောင် မလှမ်းရသေးခင် တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။ တွန့်ရှုံ့နေသော လူအိုကြီးတစ်ယောက် သူ့ထံ ပျံသန်းလာလေသည်။
ထိုသူ့ကိုယ်မှ ဖြာထွက်နေသော အားကောင်းသောကီလှိုင်းများက ဖေးမြန့်မုန်ကို ဒဏ်ရာဖြစ်စေခဲ့သောသူမှန်း သိသာစေသည်။
သေစမ်း ဘာလို့ ငါက ဒီလောက် ကံဆိုးရတာလဲ။
တစ်ဖက်လူသူ့ကို သတိထားမိသွားသောအခါ ဇူအန် ချက်ချင်း ချွေးစေးများ ထွက်လာရသည်။
ထိုလူကြီးက မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူက လှုပ်ရှားရန်ပြင်လိုက်စဉ် ဝေတပေါင်းရောက်လာပြီး အမြန်တားလိုက်သည်။
"အဖေ သူက ကျွန်တော်တို့အိမ်တော်ရဲ့ ဧည့်သည် ချူအိမ်ရဲ့ သခင်လေး ဇူအန်"
ထိုစကားများကြားသော် အဖိုးကြီးက မျက်လုံးအရောင်လက်သွားသည်။
"မင်းက အဲ့ဒီ ဇူအန် လား.."
"ဇူအန် အကြီးအကဲကို အရိုအသေပေးပါတယ်" ဇူအန် ရင်ထိတ်နေသည်။ တစ်ဖက်လူက သူ့နာမည်ကို ကြားဖူးသလိုပင်။
ဒါက သတင်းကောင်းတော့ မဟုတ်ဘူး။ ကြောက်စရာကောင်းသော ပညာရှင်တစ်ယောက်၏ စိတ်ထဲတွင် ရှိနေခြင်းက လူတိုင်းကို ပူပန်စေသည်။
"မဆိုးပါဘူး။ မဆိုးဘူး" ထိုလူကြီးက ပြီးစလွယ် လေသံဖြင့်ပြောလာသည်။ သို့သော် တစ်ခြားတော့ ဆက်မပြောချေ။
"သခင်လေးက ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ" ဝေတပေါင်း ဇူအန်ကို မေးလိုက်သည်။
ဇူအန် အမြန်တုံ့ပြန်လိုက်ပြီး ဆင်ခြေတစ်ခု ပေးလာသည်။
"ကျုပ်က အိပ်မပျော်လို့ လမ်းထွက်လျှောက်လာတာ။ ရုတ်တရက်ကြီး အသံတစ်ခုကြားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဘာဖြစ်နေလဲ စစ်ကြည့်ဖို့ ရောက်လာတာ"
သူက ရေကန်မှ ထွက်လာခြင်းဖြစ်သော်လည်း သူ့စကားများက ရေကန်ကို ရောက်လာသည်ဟု ပြောလေသည်။ သို့သော် သူ့သရုပ်ဆောင်ကောင်းမှုကြောင့် မည်သူမှ ဒီအချက်အသေးစားကို မမြင်ကြပေ။
ဝေတပေါင်း ပြုံးပြလိုက်ပြီး
"ဒီနေ့ အိမ်တော်က နည်းနည်း ရှုပ်ထွေးနေတယ်ာ မင်းအနားယူတာကို နှောင့်ယှက်မိသွားရင် တောင်းပန်ပါတယ်"
"ဦးလေးက အားနာလွန်းနေပါပြီ။ ဒါနဲ့ အိမ်တော်မှာ ဘာဖြစ်နေတာလဲ" ဇူအန် ဇဝေဇဝါဖြင့် မေးလာသည်။
"ကြွက်တစ်ကောင် ခိုးဝင်လာလို့ပါ။ ဘာရယ်တော့ မဟုတ်ပါဘူး" ဝေတပေါင်း ဆက်ပြောသည်။
"သခင်လေး အခန်းပြန်ပြီး အနားယူလိုက်ပါဦး"
"ဒါဆိုလည်း ကျုပ်ကို ခွင့်ပြုပါဦး" ဇူအန် တရိုတသေ ဦးညွှတ်ကာ အခန်းကို ပြန်လိုက်သည်။
ဝေတပေါင်းက ဇူအန်နောက်ကျောကို ကြည့်ပြီး
"မွေးစားအဖေ သူက ခုနက အနှောက်အယှက်ကို လုပ်တဲ့လူလို့ ထင်လား"
လူအိုကြီးက ခေါင်းယမ်းလိုက်ပြီး ရေကန်ဘက်ကို ကြည့်ကာ
"အဲ့တာက အဆင့် ၆ မဟုတ်ရင် အဆင့် ၇ဒြပ်စင်ကျင့်ကြံသူတွေပဲ လုပ်နိုင်တာ။ သူ့မှာ အဲ့လောက်မြင့်တဲ့ ကျင့်ကြံမှု မရှိဘူး"
ဝေတပေါင်း စိတ်အေးသွားရသည်။
"သူက ချူအိမ်နဲ့ ယွမ်အိမ်ကြားက ပြိုင်ပွဲမှာ အတော်လေး ထူးချွန်တယ်လို့ကြားတယ်။ အဟုတ်လား" လူအိုကြီးက မေးလာသည်။
ဝေတပေါင်း အံ့သြသွားသည်။ သူ့မွေးစားအဖေက ဇူအန်ကို ဒီလောက်စိတ်ဝင်စားမည်ဟု မထင်ထားပေ။ သို့သော်လည်း ပြန်ဖြေလိုက်သည်။
"အမှန်ပဲ။ သူက အဆင့် ၅ ရှိနေတဲ့ ယွမ်ဝမ်ဒုံ ကို အနိုင်တိုက်ခဲ့တာ။ ရလဒ်ကို လူတိုင်း အံ့အားသင့်သွားတာ"
လူအိုကြီးအသံက တိုးလျနေသည်။
"အဆင့်၅လား။ ဒါပေမဲ့ သူ့အရှိန်အဝါ အရ သူက အဆင့် ၅တောင် မရောက်သေးဘူးလေ"
"ဟုတ်တယ်။ အဲ့တာက သူ့ရဲ့ ဓားသိုင်း...မဟုတ်ရင် ခြေလှမ်းသိုင်းလို့ ပြောရမလား။ အဲ့တာက အတော်လေး ထူးဆန်းတယ်" ဝေတပေါင်း ပြန်ဖြေသည်။
"ခြေလှမ်းသိုင်းလား..." လူအိုကြီး မျက်နှာက အပြုံးမှာ သိပြီးသားအရာတစ်ခုကို ကြားလိုက်ရသလို ထူးဆန်းလာသည်။
"သူ့ဆရာက ဘယ်သူလဲ သိလား"
ဝေတပေါင်း ခေါင်းယမ်း၍
"သူ့မှာ ဆရာရှိတယ်လို့တော့ မကြားဖူးဘူး။ သူ့က လပြည့်ဝန်းအကယ်ဒမီက တစ်ခုခု သင်ခဲ့တယ်လို့ပဲ ကြားတာ"
"လပြည့်ဝန်းအကယ်ဒမီမှာများ..." လူအိုကြီးက တစ်ကိုယ်တည်းရေရွတ်၍ ရလာသောသတင်းကို တွေးကြည့်နေသည်။
"ဒါနဲ့ မွေးစားအဖေက သူ့ကို ဘာလို့ စိတ်ဝင်စားနေရတာလဲ" ဝေတပေါင်း မေးလိုက်သည်။
"သိချင်စိတ် သက်သက်ပါ" လူအိုကြီးက ခပ်တန်းတန်း ပြောလာသည်။
ထိုသို့ပြောကာ နောက်လှည့်၍ ပြန်သွားသည်။ အခြားကျူးကျော်သူတစ်ယောက်၏ တည်ရှိမှုကို မျှော်လင့်ထားပြီးသားပင်။ သို့သော် ခြိမ်းခြောက်မှုမရှိတော့၍ ဒီကိစ္စများကို စိတ်ဝင်စားမှုလည်း ပျောက်ကွယ်သွားလေသည်။
သိချင်စိတ်သက်သက်လား..
ဝေတပေါင်း လုံးဝ မယုံပေ။ သို့သော် သူ့မွေးစားအဖေက အဲ့လိုပြောမှတော့ ထားလိုက်တော့သည်။
အတော်လေး အဝေးကို ရောက်သွားမှ ဇူအန် အောင့်ထားသောအသက်ကို လွှတ်ချလိုက်မိသည်။ အားကောင်းသောပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရသောကြောင့် အလိုအလျောက် တုံပြန်မှုအနေဖြင့် နောက်ကျောတစ်ခုလုံး ချွေးဖြင့်စိုရွှဲနေသည်။
ဟင်း.. ငါက အားနည်းလွန်းနေသေးတယ်။
ဘယ်အချိန်မှ တွေ့ချင်တဲ့လူတိုင်းကို တွေ့ပြီး ငါလုပ်ချင်တာကို စိတ်ကြိုက်လုပ်နိုင်မှာလဲ။
အခန်းကိုပြန်ရောက်သော် မိန်းမလှလေးက မရှိတော့ပေ။သို့သော် စောင်အောက်တွင် စာနှစ်လုံးရေးထားသော စာရွက်ပိုင်းတစ်ခု ချန်ခဲ့သည်။
"ကျေးဇူးပါ"
ထို့နောက် ဆိုးထားသောနှုတ်ခမ်းနီအနီရောင်မှ ဖြစ်လာသော နှုတ်ခမ်းရာတစ်ခု ရှိလေသည်။
"ဒီမြေခွေးမိစ္ဆာမက ငါ့ကို အချိန်တိုင်း ကလူနေတာပဲ"ဇူအန် ရယ်လိုက်သည်။ အိပ်ရာပေါ်လှဲရင်း စောင်ကိုဆွဲခြုံကာ မိန်းမလှလေး၏ ရနံ့သင်းသင်း ဝန်းရံလျက် အိပ်ရာဝင်လိုက်သည်။
နောက်တစ်နေ့မနက် ဇူအန် ဝေအိမ်ကို နှုတ်ဆက်လိုက်သည်။ ချူအိမ်မှ သူ့အခန်းကို ပြန်ရောက်ရောက်ချင်း လောင်မိုင်က အခန်းဝမှ စောင့်နေသည်။
"မင်းမနေ့ညက ဝေအိမ်ကိုသွားတယ်လို့ ငါကြားတယ်"
"ရှာတွေ့ခဲ့လား" လောင်မိုင် မျက်လုံးတွင် မျှော်လင့်ရိပ်များ သန်းလာသည်။
ဇူအန် အနေရခက်စွာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ ဒီလူအိုကြီးထံမှ ကုန်းကုန်းတစ်ယောက်၏ အရှိန်အဝါများ ရနေသလိုပင်။
"ကျုပ် ရှာကြည့်သေးတယ်။ ဒါပေမဲ့ ကြောက်စရာကောင်းပြီး ဆန်းကြယ်တဲ့ ပညာရှင်တစ်ယောက်နဲ့တိုးလို့ ဆက်မရှာရဲတော့ဘူး"
"ပညာရှင်လား။ သူ့ကျင့်ကြံမှုက ဘယ်လောက်မြင့်လဲ" လောင်မိုင် အလောတကြီး မေးလိုက်သည်။
ဇူအန် အကြမ်းဖျင်း ယှဉ်ပြလိုက်သည်။
"ကျုပ်ထက် အများကြီး အများကြီး ပိုမြင့်တယ်"
လောင်မိုင် ငြိမ်ကျသွားသည်။
သူ့ဒေါသကိုချုပ်ထိန်းကာ ဆက်မေးလာသည်။
"သူ့ရုပ်က ဘယ်လိုလဲ" လောင်မိုင်အသံက ညှို့မှိုင်းနေသည်။
"သူ့က ပိန်လှီပြီး ရှုံ့တွနေတယ်..." ဇူအန် ထိုလူကြီးရုပ်ရည်ကို အကြမ်းဖျင် ဖော်ပြလိုက်သည်။
လောင်မိုင်မျက်နှာက အတော်လေး စိတ်တိုလာသည်။ ဇူအန်လက်မောင်းကို အမြန် ကိုင်လျက်
"သူ့ကို မင်းရဲ့ ခြေလှမ်းသိုင်း ပြလိုက်မိလား။ ဟုတ်လား မဟုတ်ဘူးလား"
သတ္ထုလို ဆုတ်ကိုင်မှုကြောင့် ဇူအန်လက်များ ကိုက်ခဲလာရသည်။
"မပြပါဘူး။ ကျုပ်က ဝေဆောင်ကို အိမ်လိုက်ပို့ပေးတယ်ဆိုပြီး ဝေအိမ်ကို ဝင်တာလေ။ ဘာခြေလှမ်းသိုင်းမှ သုံးဖို့မလိုဘူး"
ထိုအခါမှ လောင်မိုင် သက်ပြင်းချလိုက်သည်။
"ကောင်းပြီ။ အဲ့တာတော်သေးတယ်။ မှတ်ထား မင်းရဲ့ခြေလှမ်းသိုင်းကို သူ့ရှေ့လုံးဝ ပြလို့မရဘူး။ ပြီးတော့ ငါ့အကြောင်း သူ့ရှေ့ ပြောပြလို့မရဘူး မဟုတ်ရင် မင်းသေပြီပဲ"
"ဟုတ်ကဲ့.." ဇူအန် ခေါင်းငြိမ့်လိုက်သည်။
ကြည့်ရတာ လောင်မိုင်က ဟိုလူရှာနေတဲ့သူပဲ ဖြစ်ရမယ်။
ဒါဆိုရင် လောင်မိုင်ရှာနေတဲ့အရာကရော ဘာများလဲ။
ပြီးတော့ လောင်မိုင်ရဲ့ နောက်ကြောင်းကဘာလဲ။ ဘာလို့ ဟိုလူကို ဒီလောက်ကြောက်နေရတာလဲ။
လောင်မိုင် ဇူအန်ကို ကျောခိုင်းလိုက်သည်။ သူ့မျက်လုံးများက ကြမ်းတမ်းမှုများ ပြည့်နေသည်။
ဒီကောင့်ကို ဝင်ပူးဖို့ အစီအစဉ်ကို ရှေ့တိုးရမယ်။ ငါလိုအပ်တဲ့ ပစ္စည်းနှစ်ခု ရောက်လာတာ တော်သေးတယ်..
----- -------------------------------- ----- - - - - - - - - - - ----- -
Chapter 333: ေရွ႕တိုးလိုက္ျခင္း
"အခုထြက္သြားဖို႔လည္း အေတာ္ခက္လိမ့္မယ္" ေဖးျမန့္မုန္ စကားသံက ဇူအန္နားေဘးက ကပ္လ်က္ ထြက္လာသည္။
ဇူအန္ လန့္၍ ထခုန္မိသည္။
"အဲ့ေလာက္ျမန္ျမန္ အဝတ္ ဝတ္ၿပီးတာလား"
ေဖးျမန့္မုန္ အၿပဳံးက ဆြဲေဆာင္မႈ အျပည့္ပင္။
"ကြၽန္မက အဝတ္ခြၽတ္တဲ့ေနရာမွာ ပိုေတာင္ျမန္ေသးတယ္။ ရွင္မေတြ႕လိုက္ဘူးလား"
ဇူအန္ ဘာမွျပန္မေျပာနိုင္ေတာ့ေပ။
"မင္းငါ့ကို ျမႇူဆြယ္ဖို႔ႀကိဳးစားေနတယ္လို႔ အိမ္ေရာက္ရင္ ငါ့မိန္းမကို တိုင္ေျပာမွာေနာ္"
ေဖးျမန့္မုန္ ဇူအန္ပုခုံးေပၚ လက္ေထာက္ကာ အၿပဳံးျဖင့္ ေျပာလာသည္။
"သြားေျပာလိုက္ေလ။ ခ်ဴခ်ဴယန္ ဘယ္သူ႕ကိုပိုယုံလဲ ၾကည့္ရေအာင္။ ရွင့္ကိုလား ကြၽန္မကိုလားလို႔"
ထိုစကားေၾကာင့္ ဇူအန္ အနည္းငယ္ မနာလိုသြားသည္။
သူ႕ဂုဏ္သတင္းကို သူကေတာ့ B အဆင့္ေပးထားသည္။ သို႔ေသာ္ လူတိုင္းကေတာ့ ေဖးျမန့္မုန္ကိုပဲ ယုံၾကလိမ့္မည္။
"မင္းခြၽတ္ခ်င္ရင္ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ လုပ္လိုက္ေလ" ဇူအန္ အားနည္းမႈမျပခ်င္၍ ျပန္ေျပာလိုက္သည္။
ေဖးျမန့္မုန္ ႏႈတ္ေခါင္းရႈံ၍ လက္ဖယ္သြားသည္။
"ကြၽန္မက ရွင့္ကို ခ်ဴယန္အစား စမ္းသပ္ၾကည့္႐ုံပါ။ ဖီး..ေနာက္ထပ္ ငေပြးတစ္ေယာက္ပဲ"
ဇူအန္ သူမ၏ လွပခ်ိဳၿမိန္ေသာ မ်က္ႏွာကိုၾကည့္လိုက္သည္။
ဒါက တကယ့္ကို ျပႆနာရွာတတ္တဲ့ မိစ္ဆာေပါက္စေလးပဲ...မဟုတ္ေသးပါဘူး... ေနဦး.. ဒါက မိစ္ဆာအႀကီးစားပဲ။
သူတို႔ႏွစ္ဦး အခ်ိန္တစ္ခုၾကာေအာင္ စေနာက္ေနၿပီးမွ အဓိကကိစၥကို ျပန္ေရာက္သြားသည္။
အျပင္မွ ေျပးလႊားေနေသာ လူရိပ္မ်ားစြာကိုၾကည့္ကာ ေဖးျမန့္မုန္ စိုးရိမ္လာသည္။
"ကြၽန္မ ဒဏ္ရာမရထားဖူးဆိုရင္ေတာ့ ကြၽန္မ လြတ္ေအာင္ ေျပးနိုင္မွာ။ ဒါေပမဲ့ အခုေတာ့...."
စကားကိုဆုံးေအာင္ မေျပာလိုက္ေသာ္လည္း အဓိပၸာယ္က သိသာလြန္းသည္။ သူတို႔သာ ဟိုဆန္းၾကယ္ေသာပညာရွင္၏ အာ႐ုံစိုက္မႈကို ခံလိုက္ရလွ်င္ ႏွစ္ေယာက္လုံး ေသေပလိမ့္မည္။
ဇူအန္ ေခတၱစဥ္းစား၍ ေျပာလာသည္။
"ငါ့မွာ သူမ်ားေတြကို အာ႐ုံလႊဲနိုင္မယ့္အႀကံတစ္ခု ရွိတယ္။ အဲ့ဒီအခြင့္အေရးကို ရေအာင္ဖမ္းဖို႔ေတာ့ လိုတယ္"
သူ႕အႀကံေၾကာင့္ ေဖးျမန့္မုန္ လန့္သြားသည္ာ အျမန္ေခါင္းယမ္းလိုက္ကာ
"မျဖစ္ဘူး။ ရွင္သာ တစ္ခုခုျဖစ္သြားရင္ ခ်ဴယန္ကြၽန္မကို ခြင့္လႊတ္မွာ မဟုတ္ဘူး"
ဇူအန္ ၿပဳံးလိုက္ၿပီး
"စိတ္မပူနဲ႕။ ငါ့မွာ ကိုယ္ပိုင္နည္းလမ္း ရွိပါတယ္။ ငါ အႏၱရာယ္ ျဖစ္မွာ မဟုတ္ဘူး"
ဇူအန္၏ ယုံၾကည္မႈရွိေသာ ေလသံက ေဖးျမန့္မုန္ သံသယမ်ားကို ပယ္ရွားေပးသည္။ ခါတိုင္းလည္း ဒီလူ႕မွာ ထူးဆန္းတဲ့အကြက္ေတြျပည့္ႏွက္ေနတာပဲကို။
"ဒါဆိုလည္း သတိထား"
ဇူအန္ ေခါင္းညိတ္လိုက္သည္။ ျပတင္းေပါက္မွတစ္ဆင့္ အသာေလး ခုန္ထြက္သြားၿပီး အေစာက ျဖတ္လာဖူးေသာ ေရကန္တစ္ခုဆီကို သြားလိုက္သည္။
အနားသို႔ေရာက္သြားေသာ္ ဘဲေခါင္းျပာကို ဆင့္ေခၚလိုက္သည္။ ေရက အားေကာင္းစြာ အုံႂကြလာၿပီး မီတာဆယ္ခ်ီျမင့္ေသာ လွိုင္းမ်ား ျဖစ္လာရသည္။
ထိုႀကီးမားေသာ အသံက ေဝအိမ္မွလူတိုင္းကို သတိထားမိေစသည္။ အနီးအနားတြင္ လိုက္ရွာေနေသာ အေစာင့္မ်ားကလည္း အသံၾကားရာ ထိုေနရာကို ေျပးလာၾကသည္။
ေက်နပ္သြားၿပီး ဇူအန္ျပန္လစ္ထြက္ရန္ ျပင္လိုက္သည္။ သို႔ေသာ္ ေျခတစ္လွမ္းေတာင္ မလွမ္းရေသးခင္ တစ္ကိုယ္လုံး ေတာင့္ခဲသြားရသည္။ တြန့္ရႈံ႕ေနေသာ လူအိုႀကီးတစ္ေယာက္ သူ႕ထံ ပ်ံသန္းလာေလသည္။
ထိုသူ႕ကိုယ္မွ ျဖာထြက္ေနေသာ အားေကာင္းေသာကီလွိုင္းမ်ားက ေဖးျမန့္မုန္ကို ဒဏ္ရာျဖစ္ေစခဲ့ေသာသူမွန္း သိသာေစသည္။
ေသစမ္း ဘာလို႔ ငါက ဒီေလာက္ ကံဆိုးရတာလဲ။
တစ္ဖက္လူသူ႕ကို သတိထားမိသြားေသာအခါ ဇူအန္ ခ်က္ခ်င္း ေခြၽးေစးမ်ား ထြက္လာရသည္။
ထိုလူႀကီးက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ထိုလူက လႈပ္ရွားရန္ျပင္လိုက္စဥ္ ေဝတေပါင္းေရာက္လာၿပီး အျမန္တားလိုက္သည္။
"အေဖ သူက ကြၽန္ေတာ္တို႔အိမ္ေတာ္ရဲ႕ ဧည့္သည္ ခ်ဴအိမ္ရဲ႕ သခင္ေလး ဇူအန္"
ထိုစကားမ်ားၾကားေသာ္ အဖိုးႀကီးက မ်က္လုံးအေရာင္လက္သြားသည္။
"မင္းက အဲ့ဒီ ဇူအန္ လား.."
"ဇူအန္ အႀကီးအကဲကို အရိုအေသေပးပါတယ္" ဇူအန္ ရင္ထိတ္ေနသည္။ တစ္ဖက္လူက သူ႕နာမည္ကို ၾကားဖူးသလိုပင္။
ဒါက သတင္းေကာင္းေတာ့ မဟုတ္ဘူး။ ေၾကာက္စရာေကာင္းေသာ ပညာရွင္တစ္ေယာက္၏ စိတ္ထဲတြင္ ရွိေနျခင္းက လူတိုင္းကို ပူပန္ေစသည္။
"မဆိုးပါဘူး။ မဆိုးဘူး" ထိုလူႀကီးက ၿပီးစလြယ္ ေလသံျဖင့္ေျပာလာသည္။ သို႔ေသာ္ တစ္ျခားေတာ့ ဆက္မေျပာေခ်။
"သခင္ေလးက ဒီကို ဘယ္လိုလုပ္ ေရာက္ေနတာလဲ" ေဝတေပါင္း ဇူအန္ကို ေမးလိုက္သည္။
ဇူအန္ အျမန္တုံ႕ျပန္လိုက္ၿပီး ဆင္ေျခတစ္ခု ေပးလာသည္။
"က်ဳပ္က အိပ္မေပ်ာ္လို႔ လမ္းထြက္ေလွ်ာက္လာတာ။ ႐ုတ္တရက္ႀကီး အသံတစ္ခုၾကားလိမ့္မယ္လို႔ ဘယ္သူထင္မွာလဲ။ ဘာျဖစ္ေနလဲ စစ္ၾကည့္ဖို႔ ေရာက္လာတာ"
သူက ေရကန္မွ ထြက္လာျခင္းျဖစ္ေသာ္လည္း သူ႕စကားမ်ားက ေရကန္ကို ေရာက္လာသည္ဟု ေျပာေလသည္။ သို႔ေသာ္ သူ႕သ႐ုပ္ေဆာင္ေကာင္းမႈေၾကာင့္ မည္သူမွ ဒီအခ်က္အေသးစားကို မျမင္ၾကေပ။
ေဝတေပါင္း ၿပဳံးျပလိုက္ၿပီး
"ဒီေန႕ အိမ္ေတာ္က နည္းနည္း ရႈပ္ေထြးေနတယ္ာ မင္းအနားယူတာကို ႏွောင့္ယွက္မိသြားရင္ ေတာင္းပန္ပါတယ္"
"ဦးေလးက အားနာလြန္းေနပါၿပီ။ ဒါနဲ႕ အိမ္ေတာ္မွာ ဘာျဖစ္ေနတာလဲ" ဇူအန္ ဇေဝဇဝါျဖင့္ ေမးလာသည္။
"ႂကြက္တစ္ေကာင္ ခိုးဝင္လာလို႔ပါ။ ဘာရယ္ေတာ့ မဟုတ္ပါဘူး" ေဝတေပါင္း ဆက္ေျပာသည္။
"သခင္ေလး အခန္းျပန္ၿပီး အနားယူလိုက္ပါဦး"
"ဒါဆိုလည္း က်ဳပ္ကို ခြင့္ျပဳပါဦး" ဇူအန္ တရိုတေသ ဦးၫႊတ္ကာ အခန္းကို ျပန္လိုက္သည္။
ေဝတေပါင္းက ဇူအန္ေနာက္ေက်ာကို ၾကည့္ၿပီး
"ေမြးစားအေဖ သူက ခုနက အႏွောက္အယွက္ကို လုပ္တဲ့လူလို႔ ထင္လား"
လူအိုႀကီးက ေခါင္းယမ္းလိုက္ၿပီး ေရကန္ဘက္ကို ၾကည့္ကာ
"အဲ့တာက အဆင့္ ၆ မဟုတ္ရင္ အဆင့္ ၇ဒြပ်စင်ကျင့်ကြံသူတွေပဲ လုပ္နိုင္တာ။ သူ႕မွာ အဲ့ေလာက္ျမင့္တဲ့ က်င့္ႀကံမႈ မရွိဘူး"
ေဝတေပါင္း စိတ္ေအးသြားရသည္။
"သူက ခ်ဴအိမ္နဲ႕ ယြမ္အိမ္ၾကားက ၿပိဳင္ပြဲမွာ အေတာ္ေလး ထူးခြၽန္တယ္လို႔ၾကားတယ္။ အဟုတ္လား" လူအိုႀကီးက ေမးလာသည္။
ေဝတေပါင္း အံ့ၾသသြားသည္။ သူ႕ေမြးစားအေဖက ဇူအန္ကို ဒီေလာက္စိတ္ဝင္စားမည္ဟု မထင္ထားေပ။ သို႔ေသာ္လည္း ျပန္ေျဖလိုက္သည္။
"အမွန္ပဲ။ သူက အဆင့္ ၅ ရွိေနတဲ့ ယြမ္ဝမ္ဒုံ ကို အနိုင္တိုက္ခဲ့တာ။ ရလဒ္ကို လူတိုင္း အံ့အားသင့္သြားတာ"
လူအိုႀကီးအသံက တိုးလ်ေနသည္။
"အဆင့္၅လား။ ဒါေပမဲ့ သူ႕အရွိန္အဝါ အရ သူက အဆင့္ ၅ေတာင္ မေရာက္ေသးဘူးေလ"
"ဟုတ္တယ္။ အဲ့တာက သူ႕ရဲ႕ ဓားသိုင္း...မဟုတ္ရင္ ေျခလွမ္းသိုင္းလို႔ ေျပာရမလား။ အဲ့တာက အေတာ္ေလး ထူးဆန္းတယ္" ေဝတေပါင္း ျပန္ေျဖသည္။
"ေျခလွမ္းသိုင္းလား..." လူအိုႀကီး မ်က္ႏွာက အၿပဳံးမွာ သိၿပီးသားအရာတစ္ခုကို ၾကားလိုက္ရသလို ထူးဆန္းလာသည္။
"သူ႕ဆရာက ဘယ္သူလဲ သိလား"
ေဝတေပါင္း ေခါင္းယမ္း၍
"သူ႕မွာ ဆရာရွိတယ္လို႔ေတာ့ မၾကားဖူးဘူး။ သူ႕က လျပည့္ဝန္းအကယ္ဒမီက တစ္ခုခု သင္ခဲ့တယ္လို႔ပဲ ၾကားတာ"
"လျပည့္ဝန္းအကယ္ဒမီမွာမ်ား..." လူအိုႀကီးက တစ္ကိုယ္တည္းေရ႐ြတ္၍ ရလာေသာသတင္းကို ေတြးၾကည့္ေနသည္။
"ဒါနဲ႕ ေမြးစားအေဖက သူ႕ကို ဘာလို႔ စိတ္ဝင္စားေနရတာလဲ" ေဝတေပါင္း ေမးလိုက္သည္။
"သိခ်င္စိတ္ သက္သက္ပါ" လူအိုႀကီးက ခပ္တန္းတန္း ေျပာလာသည္။
ထိုသို႔ေျပာကာ ေနာက္လွည့္၍ ျပန္သြားသည္။ အျခားက်ဴးေက်ာ္သူတစ္ေယာက္၏ တည္ရွိမႈကို ေမွ်ာ္လင့္ထားၿပီးသားပင္။ သို႔ေသာ္ ၿခိမ္းေျခာက္မႈမရွိေတာ့၍ ဒီကိစၥမ်ားကို စိတ္ဝင္စားမႈလည္း ေပ်ာက္ကြယ္သြားေလသည္။
သိခ်င္စိတ္သက္သက္လား..
ေဝတေပါင္း လုံးဝ မယုံေပ။ သို႔ေသာ္ သူ႕ေမြးစားအေဖက အဲ့လိုေျပာမွေတာ့ ထားလိုက္ေတာ့သည္။
အေတာ္ေလး အေဝးကို ေရာက္သြားမွ ဇူအန္ ေအာင့္ထားေသာအသက္ကို လႊတ္ခ်လိဳက္မိသည္။ အားေကာင္းေသာပညာရွင္တစ္ေယာက္ကို ရင္ဆိုင္ရေသာေၾကာင့္ အလိုအေလ်ာက္ တုံျပန္မႈအေနျဖင့္ ေနာက္ေက်ာတစ္ခုလုံး ေခြၽးျဖင့္စို႐ႊဲေနသည္။
ဟင္း.. ငါက အားနည္းလြန္းေနေသးတယ္။
ဘယ္အခ်ိန္မွ ေတြ႕ခ်င္တဲ့လူတိုင္းကို ေတြ႕ၿပီး ငါလုပ္ခ်င္တာကို စိတ္ႀကိဳက္လုပ္နိုင္မွာလဲ။
အခန္းကိုျပန္ေရာက္ေသာ္ မိန္းမလွေလးက မရွိေတာ့ေပ။သို႔ေသာ္ ေစာင္ေအာက္တြင္ စာႏွစ္လုံးေရးထားေသာ စာ႐ြက္ပိုင္းတစ္ခု ခ်န္ခဲ့သည္။
"ေက်းဇူးပါ"
ထို႔ေနာက္ ဆိုးထားေသာႏႈတ္ခမ္းနီအနီေရာင္မွ ျဖစ္လာေသာ ႏႈတ္ခမ္းရာတစ္ခု ရွိေလသည္။
"ဒီေျမေခြးမိစ္ဆာမက ငါ့ကို အခ်ိန္တိုင္း ကလူေနတာပဲ"ဇူအန္ ရယ္လိုက္သည္။ အိပ္ရာေပၚလွဲရင္း ေစာင္ကိုဆြဲၿခဳံကာ မိန္းမလွေလး၏ ရနံ႕သင္းသင္း ဝန္းရံလ်က္ အိပ္ရာဝင္လိုက္သည္။
ေနာက္တစ္ေန႕မနက္ ဇူအန္ ေဝအိမ္ကို ႏႈတ္ဆက္လိုက္သည္။ ခ်ဴအိမ္မွ သူ႕အခန္းကို ျပန္ေရာက္ေရာက္ခ်င္း ေလာင္မိုင္က အခန္းဝမွ ေစာင့္ေနသည္။
"မင္းမေန႕ညက ေဝအိမ္ကိုသြားတယ္လို႔ ငါၾကားတယ္"
"ရွာေတြ႕ခဲ့လား" ေလာင္မိုင္ မ်က္လုံးတြင္ ေမွ်ာ္လင့္ရိပ္မ်ား သန္းလာသည္။
ဇူအန္ အေနရခက္စြာ ေျခတစ္လွမ္း ေနာက္ဆုတ္လိုက္သည္။ ဒီလူအိုႀကီးထံမွ ကုန္းကုန္းတစ္ေယာက္၏ အရွိန္အဝါမ်ား ရေနသလိုပင္။
"က်ဳပ္ ရွာၾကည့္ေသးတယ္။ ဒါေပမဲ့ ေၾကာက္စရာေကာင္းၿပီး ဆန္းၾကယ္တဲ့ ပညာရွင္တစ္ေယာက္နဲ႕တိုးလို႔ ဆက္မရွာရဲေတာ့ဘူး"
"ပညာရွင္လား။ သူ႕က်င့္ႀကံမႈက ဘယ္ေလာက္ျမင့္လဲ" ေလာင္မိုင္ အေလာတႀကီး ေမးလိုက္သည္။
ဇူအန္ အၾကမ္းဖ်င္း ယွဥ္ျပလိုက္သည္။
"က်ဳပ္ထက္ အမ်ားႀကီး အမ်ားႀကီး ပိုျမင့္တယ္"
ေလာင္မိုင္ ၿငိမ္က်သြားသည္။
သူ႕ေဒါသကိုခ်ဳပ္ထိန္းကာ ဆက္ေမးလာသည္။
"သူ႕႐ုပ္က ဘယ္လိုလဲ" ေလာင္မိုင္အသံက ညွို႔မွိုင္းေနသည္။
"သူ႕က ပိန္လွီၿပီး ရႈံ႕တြေနတယ္..." ဇူအန္ ထိုလူႀကီး႐ုပ္ရည္ကို အၾကမ္းဖ်င္ ေဖာ္ျပလိုက္သည္။
ေလာင္မိုင္မ်က္ႏွာက အေတာ္ေလး စိတ္တိုလာသည္။ ဇူအန္လက္ေမာင္းကို အျမန္ ကိုင္လ်က္
"သူ႕ကို မင္းရဲ႕ ေျခလွမ္းသိုင္း ျပလိုက္မိလား။ ဟုတ္လား မဟုတ္ဘူးလား"
သတၳဳလို ဆုတ္ကိုင္မႈေၾကာင့္ ဇူအန္လက္မ်ား ကိုက္ခဲလာရသည္။
"မျပပါဘူး။ က်ဳပ္က ေဝေဆာင္ကို အိမ္လိုက္ပို႔ေပးတယ္ဆိုၿပီး ေဝအိမ္ကို ဝင္တာေလ။ ဘာေျခလွမ္းသိုင္းမွ သုံးဖို႔မလိုဘူး"
ထိုအခါမွ ေလာင္မိုင္ သက္ျပင္းခ်လိဳက္သည္။
"ေကာင္းၿပီ။ အဲ့တာေတာ္ေသးတယ္။ မွတ္ထား မင္းရဲ႕ေျခလွမ္းသိုင္းကို သူ႕ေရွ႕လုံးဝ ျပလို႔မရဘူး။ ၿပီးေတာ့ ငါ့အေၾကာင္း သူ႕ေရွ႕ ေျပာျပလို႔မရဘူး မဟုတ္ရင္ မင္းေသၿပီပဲ"
"ဟုတ္ကဲ့.." ဇူအန္ ေခါင္းၿငိမ့္လိုက္သည္။
ၾကည့္ရတာ ေလာင္မိုင္က ဟိုလူရွာေနတဲ့သူပဲ ျဖစ္ရမယ္။
ဒါဆိုရင္ ေလာင္မိုင္ရွာေနတဲ့အရာကေရာ ဘာမ်ားလဲ။
ၿပီးေတာ့ ေလာင္မိုင္ရဲ႕ ေနာက္ေၾကာင္းကဘာလဲ။ ဘာလို႔ ဟိုလူကို ဒီေလာက္ေၾကာက္ေနရတာလဲ။
ေလာင္မိုင္ ဇူအန္ကို ေက်ာခိုင္းလိုက္သည္။ သူ႕မ်က္လုံးမ်ားက ၾကမ္းတမ္းမႈမ်ား ျပည့္ေနသည္။
ဒီေကာင့္ကို ဝင္ပူးဖို႔ အစီအစဥ္ကို ေရွ႕တိုးရမယ္။ ငါလိုအပ္တဲ့ ပစၥည္းႏွစ္ခု ေရာက္လာတာ ေတာ္ေသးတယ္..
----- -------------------------------- ----- - - - - - - - - - - ----- -