Chapter 330: ဘယ်သူလဲ
သူ့ကိုယ်ပေါ်က အနံ့ဆိုးများ စထွက်လာသော် ဇူအန် ရှုံ့မဲ့သွားရသည်။
သေစမ်း ငါကတော့ လောင်မိုင်ရဲ့ ဒီကြောင်တောင်တောင်ကိစ္စကြောင့် ခံနေရပြီ။
ဝေဟုန်ဒီအစေခံများအား ဝေဆောင်ကို အခန်းပြန်ပို့ခိုင်းလိုက်သည်။ ထို့နောက် ဇူအန်ကိုပြောလာသည်။
"ညီအစ်ကိုဇူ ကျုပ်ညီလေးကိုပြန်လာပို့ပေးတာ ကျေးဇူးတင်ပါတယ်။ ချိုးဖို့ ရေပူနဲ့ အခန်းပြင်ပေးခိုင်းပြီးပြီ။ အစ်ကိုဇူ ရေမိုးချိုး အဝတ်လဲပြီးလို့ ဆန္ဒရှိရင် ဒီညအိမ်တော်မှာ နားလို့ရပါတယ်"
ဇူအန် ခေါင်းငြိမ့်လိုက်ပြီး
"ကျေးဇူးတင်ပါတယ် ညီအစ်ကိုဝေ။ ကျုပ်လည်း ဒီနေ့သောက်တာ နည်းနည်းများသွားတယ်။ ဒီပုံစံအတိုင်းသာ အိမ်ပြန်ရင် အိမ်ကမိန်းမကတော့ သတ်တော့မှာပဲ။ အစ်ကိုဝေရဲ့ ဖိတ်ခေါ်မှုကို ဝမ်းသာအားရ လက်ခံလိုက်ပါ့မယ်"
ဝေဟုန်ဒီ အသက်ရှုပင် ရပ်ချင်သွားသည်။ သူက ယဉ်ကျေးသမှုပြုကာ ဖိတ်ခေါ်ရုံပင် တကယ်နေလိမ့်မည်ဟု မထင်ထားပေ။
သို့သော် ပြောပြီးပြီဖြစ်၍ သူ့စကားသူ ပြန်ရုတ်သိမ်း၍မရတော့ပေ။
"ညီအစ်ကိုဇူက အားနာနေပါပြီ။ ဒါပေမဲ့ ချူသခင်မလေးက ဒီလောက်ကြမ်းမယ်လို့တော့ ကျုပ်စိတ်ကူးယဉ်လို့ကို မရဘူး"
ဇူအန် ရယ်လိုက်သည်။
"သူက တစ်ခြားလူတွေရှေ့မှာပဲ နတ်သမီးလေးလိုဖြစ်နေတာ။ သီးသန့်ဆိုရင် တစ်ခြားမိန်းကလေးတွေနဲ့ အတူတူပဲ"
ထိုစကားကြားသော် ဝေဟုန်ဒီ အလွန်မနာလိုဖြစ်သွားရသည်။
"အစ်ကိုဇူက တကယ့်ကိုကောင်းချီးပေးခံထားရတာပဲ"
ငါ့မှာသာ ချူသခင်မလေးလိုမိန်းမရှိရင် အချိန်တိုင်း သူ့ဘေးနားကပ်နေမှာပေါ့။ ဘာလို့ အပြင်မှာ အိပ်နေဦးမလဲ။
အစာဝတဲ့လူတွေက တကယ်ပဲ ငတ်နေတဲ့လူတွေရဲ့ ဒုက္ခကို နားမလည်ဘူးပဲ။
သင်သည် ဝေဟုန်ဒီ ထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။
"ဟားဟား မြှောက်နေပါပြီ။ အမှန်တော့ သူ့လိုဇနီးမျိုးကလည်း သူ့ပြဿနာနဲ့သူ လာတာပဲ" ဇူအန် သက်ပြင်းချလိုက်သည်။
"ဘယ်လိုပြဿနာမျိုးလဲ" ဝေဟုန်ဒီ တွင် ဇူအန်နှင့် သိပ်ကိုရင်းနှီးသောဆက်ဆံရေး မရှိလျှင်တောင် ယောက်ျ်ားတစ်ယောက်အနေဖြင့် မိန်းမလှတစ်ယောက်၏ လျှို့ဝှက်ချက်များကို သိချင်သေးသည်။
ဇူအန် သက်ပြင်းချလိုက်ရင်း
"ကျုပ်မိန်းမက လှလွန်းတယ်လေ။ ကျုပ်မှာ အမြဲတမ်း တစ်ခြားယောက်ျားတွေရဲ့ မနာလိုမှုကို ခံနေရတယ်။ ဒီအတွက် ကျုပ်ကို ဘယ်အတိုင်းအတာထိ ဆဲနိုငိကြတယ် ထင်လဲ"
ဝေဟုန်ဒီ ပြောစရာ မရှိတော့ပေ။
ဒီကောင်က ဘာလို့ ငါ့ကို တစ်ဖက်လှည့်နဲ့ စောင်းပြောနေသလို ခံစားရတာလဲ။
သင်သည် ဝေဟုန်ဒီ ထံမှ အမျက်ပွိုင့် ၆၆...၆၆..၆၆...ရယူလိုက်သည်။
မသိလိုက်ဘဲ သူတို့နှစ်ဦး အခန်းကိုရောက်လာသည်။ ဝေဟုန်ဒီ ပြုံးလိုက်ပြီး
"ကောင်းပြီလေ။ ခင်ဗျားအခန်းကို ရောက်ပြီ။ တစ်ခုခုလိုရင် အစေခံတစ်ယောက်ယောက်ကို ယူခိုင်းလိုက်ပါ။ အစ်ကိုဇူ အေးအေးဆေးဆေး အနားယူလို့ရအောင် ကျုပ်သွားလိုက်ပါဦးမယ်"
"ကျေးဇူးတင်ပါတယ် " ဇူအန် လက်သီးဆုတ်ကာ နှုတ်ဆက်လိုက်သည်။
ဝေဟုန်ဒီ နောက်ပြန်လှည့်ထွက်သွားသည်။ ခြေလှမ်းတစ်ချို့လှမ်းပြီးမှ အတွေးတစ်ခုဝင်လာကာ ပြန်လှည့်လာသည်။
"ဒါနဲ့ ညီအစ်ကိုဇူကို ပြောဖို့မေ့တော့မလို့။ အစ်ကိုဇူ လမ်းလျှောက်ချင်ရင် အိမ်တော်ကို ကြိုက်သလို လည်ပတ်လို့ရပါတယ်။"
ထို့နောက် တစ်နေရာကိုထိုးပြကာ
"ဒါပေမဲ့ အဲ့ဒီနေရာက အိမ်တော်ရဲ့ ဘိုးဘေးအကြီးအကဲတစ်ယောက် အနားယူတဲ့နေရာ။ သူက တိတ်ဆိတ်ပြီး ငြိမ်သက်တာကို သဘောကျတယ်။ အနှောင့်အယှက်ပေးတာကို သဘောမကျတော့ အဲ့တာကြောင့်..."
ဇူအန် ပြုံးလိုက်ပြီး
"စိတ်မပူနဲ့။ ကျုပ် အဲ့ဘက်ကို မသွားပါဘူး" ဝေဟုန်ဒီကို သတိပေးလိုက်သည်။
ဒီလောက်ကျယ်တဲ့အိမ်တော်မှာ ဘယ်လိုစရှာရမလဲ တွေးနေတုန်း ရှိသေး။
ဒီလို ဘယ်နားသွားရမယ်လို့ ထောက်ပြတာ ဘယ်လောက်ကောင်းလိုက်လဲ။
သူပြောတဲ့ အိမ်တော်အကြီးအကဲကိုတော့ ဇူအန် စိတ်ထဲ မထားမိပေ။ သူ့ကို အဲ့ဒီနေရာမသွားရန် တကူးတက ပြောခြင်းဖြစ်ရမည်။
"နားလည်ပေးတာ ကျေးဇူးပါ" ဝေဟုန်ဒီ ပြုံးကာ ထွက်သွားသည်။
ဇူအန် သူ့အတွက်ပေးထားသော အခန်းတွင်း ဝင်လိုက်သည်။ အစေခံတစ်ဦးက အဝတ်များနှင့် လိုအပ်သော အသုံးအဆောင်များ ယူလာပေးသည်။ အခန်းအလယ်တွင် ကြီးမားသော ရေချိုးဇလုံကြီး ရှိလေသည်။
"ကျုပ်က ရေအကြာကြီးချိုးရတာ သဘောကျတယ်ာ အဲ့တာကြောင့် မနှောင့်ယှက်ကြနဲ့" ဇူအန် သူ့လုပ်ရပ်ကို အစေခံများသတိထားမိမည်စိုး၍ မဝင်လာရန် အမိန့်ပေးလိုက်သည်။
"နားလည်ပါပြီ" အစေခံများက ကိုင်ထားသောပစ္စည်းများချကာ ပြန်ထွက်သွားသည်။
ဇူအန် ပြုံးလိုက်မိသည်။
ဝေအိမ်က အရမ်းကြီး ကပ်စေးနှဲတာမဟုတ်ဘူးလား။ အစေခံမလေးတစ်ယောက်တောင် မပို့ပေးဘူး။ အဲ့ဒီကောင်မလေးကို ငါတစ်ခုခုလုပ်လိုက်မှာ စိုးရိမ်တာလား ဘာလား။
ဒါပေါ့ ဒါက ဟာသအဖြစ်ပြောရုံပင်။ ဒီနေ့လာရသော အဓိကရည်ရွယ်ချက်ကို မမေ့သေးပေ။ အခန်းတံခါးပိတ်ပြီးနောက် ဇလုံထဲဝင်ကာ အင်္ကျီချွတ်လိုက်ပြီး ချန်ရွှမ်းထံမှရသော သူခိုးဝတ်စုံကို ထုတ်လိုက်သည်။
အဝတ်အစားဝတ်ပြီး ပြတင်းပေါက်မှာခုန်ထွက်ကာ ဝေအိမ်တော်၏ အတွင်းပိုင်းသို့ ခိုးဝင်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့် ဝေအိမ်အတွင်းတွင် မီးရောင်များများမရှိချေ။ ချူအိမ်ကထက် ပို၍ မှေးမှိန်လေသည်။
အမှန်ပင် ဒီအရာက ဇူအန်အလုပ်လုပ်ရန် ပိုအဆင်ပြေစေသည်။
ဝေဟုန်ဒီ မသွားရန် တားမြစ်ထားသော လားရာဘက်ကို ဇူအန် ခြေဦးတည်လိုက်သည်။
လုံခြုံရေးတင်းကြပ်သော အပြင်ပိုင်းကို ဧည့်သည်အဖြစ်နှင့် ကျော်ဖြတ်ခဲ့ပြီးဖြစ်ကာ ဝေအိမ်အတွင်းပိုင်းကို ရောက်နေသောကြောင့်ဖြစ်ရမည်။ တစ်လမ်းလုံး အစောင့်များများစားစား မတွေ့ချေ။
လမ်းတွင်ကြုံရသော အစောင့်တစ်ချို့ကိုလည်း လွယ်လွယ် ကျော်ဖြတ်နိုင်လိုက်သည်။
အရှိန်အဝါကို ကြေးမုံတံလျှပ်ဖြင့် ဖုံးကွယ်ခြင်းက ဇူအန်ကို မျက်စိနှင့်တပ်အပ်တွေ့သည်မှလွဲ၍ ရှာတွေ့နိုင်ရန် အလွန်ခက်ခဲစေသည်။ ဒါက တကယ်ပဲ ကောင်းမွန်သော လက်နက်တစ်ခုပင်။
ထိုခြံဝန်းကိုရောက်သော် ဇူအန် အခန်းတစ်ခုထဲဝင်၍ စတင် မွှေနှောက်ရှာလေတော့သည်။
ကံဆိုးစွာ လောင်မိုင်ပြထားသော သေတ္တာနှင့်တူတာ မတွေ့ပေ။ ဒီလောက်ကြီးတဲ့နေရာမှာ ပစ္စည်းတစ်ခုကိုရှာတွေ့ဖို့က ဘယ်လိုလုပ် လွယ်မှာလဲ။
အချိန်တစ်ခုကြာအောင် ရှာပြီးနောက် ဇူအန် လက်လျှော့လိုက်သည်။ လုပ်အားချည်း စိုက်ထုတ်ခြင်းက ဇူအန်ပုံစံမဟုတ်ပေ။
အဲ့ဒီသေတ္တာထဲက ဘာပစ္စည်းလဲ ငါမသိတာ နှမြောစရာပဲ။ သဲလွန်စတစ်ခုတောင်မရှိဘဲနဲ့ ငါက ဘယ်လိုတွေ့အောင် ရှာနိုင်မှာလဲ။
ဇူအန် ခေါင်းကိုက်ချင်လာသည်။
ဇူအန် ထရပ်ကာ ပြတင်းပေါက်ထံ သွားလိုက်သည်။ အပြင်ကိုကြည့်လိုက်သော် မီးလင်းနေသေးသော အခန်းတစ်ခုရှိသေးကြောင်း တွေ့လိုက်ရသည်။
ခေတ္တတွေဝေပြီးနောက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာမှ သဲလွန်စတစ်ခုခု ရကောင်းပါရဲ့။
ထို့အပြင် သူက ကြေးမုံတံလျှပ်သုံးကာ ဖုံးကွယ်နိုင်သေး၍ ဇူအန် သေချာဂရုစိုက်လျှင် ပြဿနာမကြီးနိုင်ပေ။
ထိုအခန်းကို သတိချပ်ပြီး ချဉ်းကပ်လိုက်သည်။ အခန်းနားသို့ နီးကပ်လာသော် စကားသံတစ်ချို့ ကြားလိုက်ရသည်။ ထိပ်လန့်သွားပြီး ချက်ချင်း နံရံဘေးကို ထိုင်ချလိုက်သည်။ ကျူးကျော်သူ၏ အရိပ်က ပြတင်းပေါက်မှ မြင်နိုင်သော ဇာတ်လမ်းပေါင်းစုံ ကြည့်ဖူးသည်။ ထိုသို့ ဦးနှောက်မရှိသောအမှားမျိုး မလုပ်ချင်ပင်။
"မွေးစားအဖေ ဒီကို တကူးတကလာရအောင် ဘယ်လိုပြဿနာမျိုး ဖြစ်လို့ပါလဲ"
ဒီအသံက ဝေညီအစ်ကို၏ အသံမဟုတ်ပေ။ လူလတ်ပိုင်းအသံမျိုးဖြစ်ပြီး ဝေအိမ်ခေါင်းဆောင် ဖြစ်နိုင်သည်။
"အချိန်အကြာကြီးပျောက်နေတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ သတင်းကို မကြာသေးခင်က ရလိုက်တယ်။ ဧကရာဇ်က ငါ့ကို ဒီကိစ္စ ကြည့်ခိုင်းလိုက်တာ"
ထိုအသံက မှုန်မှိုင်းအုံ့ဆိုင်းနေပြီး ရှတတနှင့် အလွန် ကြားရတာ နားကလောလေသည်။
ဇူအန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဘာလို့ ဒီအသံက လောင်မိုင်လေသံနှင့် ဆင်တူနေရသနည်း။
"သိပါပြီ။ ဘယ်လိုကိစ္စကများ ဧကရာဇ်အထိ သတိထားမိရတာလဲ"
"ဟမ့် မင်းမမေးသင့်တဲ့ မေးခွန်းကို မမေးနဲ့"
"ဒါပေါ့ ဒါပေါ့ မွေးစားအဖေ ဆူတာ ဖြစ်သင့်ပါတယ်။ ဒီမွေးစားသားက စကားပြောမှားတာပါ။ ဒါပေမဲ့ ကျွန်တော်က ဒီလပြည့်မြို့ကိုတော့ ရင်းနှီးသေးတယ်။ တစ်ခုခု ကူညီနိုင်တာ ရှိမလား"
"အခုတော့ လိုသေးဘူး။ မင်း ထောက်ပံ့ဖို့လိုရင် ပြောမယ်။ ဟမ့် အဲ့ဒီမိတ်ဆွေဟောင်းကြီးက အရမ်းစဉ်းလဲတယ်။ သူ့ကိုသာ တပ်လှန့်လိုက်မိရင် နောက်တစ်ကြိမ် ရှာတွေ့ဖို့က အတော်လေး ခက်လိမ့်မယ်"
"ထင်တဲ့အတိုင်း မွေးစားအဖေက ဉာဏ်ကြီးပြီး အမြော်အမြင်ရှိတာပဲ..."
အပြင်မှ ထိုစကားဝိုင်းကို ချောင်းနားထောင်ရင်း ဇူအန် မျက်ခုံးများ တွန့်ချိုးလာသည်။ ဒီမွေးစားအဖေဆိုသူက လွှတ်တော်မှ အထိန်းတော်တစ်ယောက် ဖြစ်ရမည်။
ဒီလူက အထိန်းတော်လို ဘယ်လိုသိလဲ မေးချင်သေးလား။ အဲ့တာက ဇာတ်လမ်းတွေထဲက မှီငြမ်းစရာ ပေါလွန်းလို့ မဟုတ်ဘူးလား။ အဲ့ဒီအသံရဲ့ ကြိမ်နှုန်းနဲ့ စူးတူးတူးရှတတအနေအထားက ဇူအန် ရင်းနှီးနေသလို တစ်ပုံစံတည်းပဲ။
နေပါဦး လောင်မိုင်စကားပြောတဲ့လေသံကလည်း အတော်လေး ဆင်တယ်...
ဒီဆန်းကြယ်တဲ့ အထိန်းတော်က ဘယ်သူ့နောက်လိုက်နေတာလဲ။ ကြည့်ရတာ တော်ဝင်အမိန့်ကိုလည်း လိုက်နာနေရသလိုပဲ။
ရုတ်တရက် ချွေးစေးများ ပြန်လာသည်။ ချူအိမ်ကလည်း ဧကရာဇ်ကို ခုခံနေသည်ပင်။ သို့သော် တစ်ချက်တွေးလိုက်ပြီးနောက် ဒီအထိန်းတော်က ချူကျုန်းထန်ဆီ လာခြင်းမဟုတ်ကြောင်း ကောက်ချက်ချလိုက်သည်။ ဘာပဲပြောပြော သူပြောတဲ့ပစ်မှတ်က မိတ်ဆွေဟောင်းလို့ ပြောသည်ပင်။ ချူကျုန်းထန်က ဒီလိုမိတ်ဆွေမျိုး မရှိလောက်ပေ။
ဒါဆို လောင်မိုင် နောက် လိုက်လာတာလား။
တွေးကြည့်လေလေ ဒီဖြစ်နိုင်ခြေက ပိုမှန်သလို ခံစားမိလေလေပင်။ လောင်မိုင်ကိုယ်တွင် လျှို့ဝှက်ချက် များစွာရှိနေပြီး ကျင့်ကြံမှု အဆင့်ကလည်း အတော်လေး မြင့်သေးသည်။
ရုတ်တရက် အေးစက်စက် အသံတစ်ခု အခန်းထဲမှ အော်လာသည်။
"အဲ့မှာ ဘယ်သူလဲ"
ဇူအန် ကြောက်လန့်ကာ ဖြူဖျော့သွားသည်။ သူ ပေါ်သွားပြီ။ မဟာလေပြင်းကိုသုံးကာ ရှောင်ပြေးရန် ပြင်ဆင်လိုက်သည်။ ဒီလူတွေက တကယ်ပဲ လောင်မိုင်ကို လာရှာခြင်းဖြစ်ပါက သူ ယှဉ်တိုက်နိုင်စရာ နည်းလမ်းမရှိပေ။
ထိုအချိန်တွင် သူ့ခေါင်းအထက် ခေါင်မိုးပေါ်မှ ထူးဆန်းသောအသံတစ်ခု ပေါ်လာသည်။ အနက်ရောင်ဝတ်လူတစ်ယောက်က ဇူအန်ထက်ပင် ပိုမြန်သော အရှိန်နှုန်းဖြင့် ထွက်ပြေးသွားလေသည်။
----- ------------------------------- ----- - - - - - - - - ---- -
Chapter 330: ဘယ္သူလဲ
သူ႕ကိုယ္ေပၚက အနံ႕ဆိုးမ်ား စထြက္လာေသာ္ ဇူအန္ ရႈံ႕မဲ့သြားရသည္။
ေသစမ္း ငါကေတာ့ ေလာင္မိုင္ရဲ႕ ဒီေၾကာင္ေတာင္ေတာင္ကိစၥေၾကာင့္ ခံေနရၿပီ။
ေဝဟုန္ဒီအေစခံမ်ားအား ေဝေဆာင္ကို အခန္းျပန္ပို႔ခိုင္းလိုက္သည္။ ထို႔ေနာက္ ဇူအန္ကိုေျပာလာသည္။
"ညီအစ္ကိုဇူ က်ဳပ္ညီေလးကိုျပန္လာပို႔ေပးတာ ေက်းဇူးတင္ပါတယ္။ ခ်ိဳးဖို႔ ေရပူနဲ႕ အခန္းျပင္ေပးခိုင္းၿပီးၿပီ။ အစ္ကိုဇူ ေရမိုးခ်ိဳး အဝတ္လဲၿပီးလို႔ ဆႏၵရွိရင္ ဒီညအိမ္ေတာ္မွာ နားလို႔ရပါတယ္"
ဇူအန္ ေခါင္းၿငိမ့္လိုက္ၿပီး
"ေက်းဇူးတင္ပါတယ္ ညီအစ္ကိုေဝ။ က်ဳပ္လည္း ဒီေန႕ေသာက္တာ နည္းနည္းမ်ားသြားတယ္။ ဒီပုံစံအတိုင္းသာ အိမ္ျပန္ရင္ အိမ္ကမိန္းမကေတာ့ သတ္ေတာ့မွာပဲ။ အစ္ကိုေဝရဲ႕ ဖိတ္ေခၚမႈကို ဝမ္းသာအားရ လက္ခံလိုက္ပါ့မယ္"
ေဝဟုန္ဒီ အသက္ရႈပင္ ရပ္ခ်င္သြားသည္။ သူက ယဥ္ေက်းသမႈျပဳကာ ဖိတ္ေခၚ႐ုံပင္ တကယ္ေနလိမ့္မည္ဟု မထင္ထားေပ။
သို႔ေသာ္ ေျပာၿပီးၿပီျဖစ္၍ သူ႕စကားသူ ျပန္႐ုတ္သိမ္း၍မရေတာ့ေပ။
"ညီအစ္ကိုဇူက အားနာေနပါၿပီ။ ဒါေပမဲ့ ခ်ဴသခင္မေလးက ဒီေလာက္ၾကမ္းမယ္လို႔ေတာ့ က်ဳပ္စိတ္ကူးယဥ္လို႔ကို မရဘူး"
ဇူအန္ ရယ္လိုက္သည္။
"သူက တစ္ျခားလူေတြေရွ႕မွာပဲ နတ္သမီးေလးလိုျဖစ္ေနတာ။ သီးသန့္ဆိုရင္ တစ္ျခားမိန္းကေလးေတြနဲ႕ အတူတူပဲ"
ထိုစကားၾကားေသာ္ ေဝဟုန္ဒီ အလြန္မနာလိုျဖစ္သြားရသည္။
"အစ္ကိုဇူက တကယ့္ကိုေကာင္းခ်ီးေပးခံထားရတာပဲ"
ငါ့မွာသာ ခ်ဴသခင္မေလးလိုမိန္းမရွိရင္ အခ်ိန္တိုင္း သူ႕ေဘးနားကပ္ေနမွာေပါ့။ ဘာလို႔ အျပင္မွာ အိပ္ေနဦးမလဲ။
အစာဝတဲ့လူေတြက တကယ္ပဲ ငတ္ေနတဲ့လူေတြရဲ႕ ဒုကၡကို နားမလည္ဘူးပဲ။
သင္သည္ ေဝဟုန္ဒီ ထံမွ အမ်က္ပြိုင့္ ၉၉ ရယူလိုက္သည္။
"ဟားဟား ျမႇောက္ေနပါၿပီ။ အမွန္ေတာ့ သူ႕လိုဇနီးမ်ိဳးကလည္း သူ႕ျပႆနာနဲ႕သူ လာတာပဲ" ဇူအန္ သက္ျပင္းခ်လိဳက္သည္။
"ဘယ္လိုျပႆနာမ်ိဳးလဲ" ေဝဟုန္ဒီ တြင္ ဇူအန္ႏွင့္ သိပ္ကိုရင္းႏွီးေသာဆက္ဆံေရး မရွိလွ်င္ေတာင္ ေယာက္်္ားတစ္ေယာက္အေနျဖင့္ မိန္းမလွတစ္ေယာက္၏ လွ်ို႔ဝွက္ခ်က္မ်ားကို သိခ်င္ေသးသည္။
ဇူအန္ သက္ျပင္းခ်လိဳက္ရင္း
"က်ဳပ္မိန္းမက လွလြန္းတယ္ေလ။ က်ဳပ္မွာ အၿမဲတမ္း တစ္ျခားေယာက္်ားေတြရဲ႕ မနာလိုမႈကို ခံေနရတယ္။ ဒီအတြက္ က်ဳပ္ကို ဘယ္အတိုင္းအတာထိ ဆဲနိုငိၾကတယ္ ထင္လဲ"
ေဝဟုန္ဒီ ေျပာစရာ မရွိေတာ့ေပ။
ဒီေကာင္က ဘာလို႔ ငါ့ကို တစ္ဖက္လွည့္နဲ႕ ေစာင္းေျပာေနသလို ခံစားရတာလဲ။
သင္သည္ ေဝဟုန္ဒီ ထံမွ အမ်က္ပြိုင့္ ၆၆...၆၆..၆၆...ရယူလိုက္သည္။
မသိလိုက္ဘဲ သူတို႔ႏွစ္ဦး အခန္းကိုေရာက္လာသည္။ ေဝဟုန္ဒီ ၿပဳံးလိုက္ၿပီး
"ေကာင္းၿပီေလ။ ခင္ဗ်ားအခန္းကို ေရာက္ၿပီ။ တစ္ခုခုလိုရင္ အေစခံတစ္ေယာက္ေယာက္ကို ယူခိုင္းလိုက္ပါ။ အစ္ကိုဇူ ေအးေအးေဆးေဆး အနားယူလို႔ရေအာင္ က်ဳပ္သြားလိုက္ပါဦးမယ္"
"ေက်းဇူးတင္ပါတယ္ " ဇူအန္ လက္သီးဆုတ္ကာ ႏႈတ္ဆက္လိုက္သည္။
ေဝဟုန္ဒီ ေနာက္ျပန္လွည့္ထြက္သြားသည္။ ေျခလွမ္းတစ္ခ်ိဳ႕လွမ္းၿပီးမွ အေတြးတစ္ခုဝင္လာကာ ျပန္လွည့္လာသည္။
"ဒါနဲ႕ ညီအစ္ကိုဇူကို ေျပာဖို႔ေမ့ေတာ့မလို႔။ အစ္ကိုဇူ လမ္းေလွ်ာက္ခ်င္ရင္ အိမ္ေတာ္ကို ႀကိဳက္သလို လည္ပတ္လို႔ရပါတယ္။"
ထို႔ေနာက္ တစ္ေနရာကိုထိုးျပကာ
"ဒါေပမဲ့ အဲ့ဒီေနရာက အိမ္ေတာ္ရဲ႕ ဘိုးေဘးအႀကီးအကဲတစ္ေယာက္ အနားယူတဲ့ေနရာ။ သူက တိတ္ဆိတ္ၿပီး ၿငိမ္သက္တာကို သေဘာက်တယ္။ အႏွောင့္အယွက္ေပးတာကို သေဘာမက်ေတာ့ အဲ့တာေၾကာင့္..."
ဇူအန္ ၿပဳံးလိုက္ၿပီး
"စိတ္မပူနဲ႕။ က်ဳပ္ အဲ့ဘက္ကို မသြားပါဘူး" ေဝဟုန္ဒီကို သတိေပးလိုက္သည္။
ဒီေလာက္က်ယ္တဲ့အိမ္ေတာ္မွာ ဘယ္လိုစရွာရမလဲ ေတြးေနတုန္း ရွိေသး။
ဒီလို ဘယ္နားသြားရမယ္လို႔ ေထာက္ျပတာ ဘယ္ေလာက္ေကာင္းလိုက္လဲ။
သူေျပာတဲ့ အိမ္ေတာ္အႀကီးအကဲကိုေတာ့ ဇူအန္ စိတ္ထဲ မထားမိေပ။ သူ႕ကို အဲ့ဒီေနရာမသြားရန္ တကူးတက ေျပာျခင္းျဖစ္ရမည္။
"နားလည္ေပးတာ ေက်းဇူးပါ" ေဝဟုန္ဒီ ၿပဳံးကာ ထြက္သြားသည္။
ဇူအန္ သူ႕အတြက္ေပးထားေသာ အခန္းတြင္း ဝင္လိုက္သည္။ အေစခံတစ္ဦးက အဝတ္မ်ားႏွင့္ လိုအပ္ေသာ အသုံးအေဆာင္မ်ား ယူလာေပးသည္။ အခန္းအလယ္တြင္ ႀကီးမားေသာ ေရခ်ိဳးဇလုံႀကီး ရွိေလသည္။
"က်ဳပ္က ေရအၾကာႀကီးခ်ိဳးရတာ သေဘာက်တယ္ာ အဲ့တာေၾကာင့္ မႏွောင့္ယွက္ၾကနဲ႕" ဇူအန္ သူ႕လုပ္ရပ္ကို အေစခံမ်ားသတိထားမိမည္စိုး၍ မဝင္လာရန္ အမိန့္ေပးလိုက္သည္။
"နားလည္ပါၿပီ" အေစခံမ်ားက ကိုင္ထားေသာပစၥည္းမ်ားခ်ကာ ျပန္ထြက္သြားသည္။
ဇူအန္ ၿပဳံးလိုက္မိသည္။
ေဝအိမ္က အရမ္းႀကီး ကပ္ေစးႏွဲတာမဟုတ္ဘူးလား။ အေစခံမေလးတစ္ေယာက္ေတာင္ မပို႔ေပးဘူး။ အဲ့ဒီေကာင္မေလးကို ငါတစ္ခုခုလုပ္လိုက္မွာ စိုးရိမ္တာလား ဘာလား။
ဒါေပါ့ ဒါက ဟာသအျဖစ္ေျပာ႐ုံပင္။ ဒီေန႕လာရေသာ အဓိကရည္႐ြယ္ခ်က္ကို မေမ့ေသးေပ။ အခန္းတံခါးပိတ္ၿပီးေနာက္ ဇလုံထဲဝင္ကာ အကၤ်ီခြၽတ္လိုက္ၿပီး ခ်န္႐ႊမ္းထံမွရေသာ သူခိုးဝတ္စုံကို ထုတ္လိုက္သည္။
အဝတ္အစားဝတ္ၿပီး ျပတင္းေပါက္မွာခုန္ထြက္ကာ ေဝအိမ္ေတာ္၏ အတြင္းပိုင္းသို႔ ခိုးဝင္လိုက္သည္။
အေၾကာင္းတစ္ခုခုေၾကာင့္ ေဝအိမ္အတြင္းတြင္ မီးေရာင္မ်ားမ်ားမရွိေခ်။ ခ်ဴအိမ္ကထက္ ပို၍ ေမွးမွိန္ေလသည္။
အမွန္ပင္ ဒီအရာက ဇူအန္အလုပ္လုပ္ရန္ ပိုအဆင္ေျပေစသည္။
ေဝဟုန္ဒီ မသြားရန္ တားျမစ္ထားေသာ လားရာဘက္ကို ဇူအန္ ေျခဦးတည္လိုက္သည္။
လုံၿခဳံေရးတင္းၾကပ္ေသာ အျပင္ပိုင္းကို ဧည့္သည္အျဖစ္ႏွင့္ ေက်ာ္ျဖတ္ခဲ့ၿပီးျဖစ္ကာ ေဝအိမ္အတြင္းပိုင္းကို ေရာက္ေနေသာေၾကာင့္ျဖစ္ရမည္။ တစ္လမ္းလုံး အေစာင့္မ်ားမ်ားစားစား မေတြ႕ေခ်။
လမ္းတြင္ႀကဳံရေသာ အေစာင့္တစ္ခ်ိဳ႕ကိုလည္း လြယ္လြယ္ ေက်ာ္ျဖတ္နိုင္လိုက္သည္။
အရွိန္အဝါကို ေၾကးမုံတံလွ်ပ္ျဖင့္ ဖုံးကြယ္ျခင္းက ဇူအန္ကို မ်က္စိႏွင့္တပ္အပ္ေတြ႕သည္မွလြဲ၍ ရွာေတြ႕နိုင္ရန္ အလြန္ခက္ခဲေစသည္။ ဒါက တကယ္ပဲ ေကာင္းမြန္ေသာ လက္နက္တစ္ခုပင္။
ထိုၿခံဝန္းကိုေရာက္ေသာ္ ဇူအန္ အခန္းတစ္ခုထဲဝင္၍ စတင္ ေမႊႏွောက္ရွာေလေတာ့သည္။
ကံဆိုးစြာ ေလာင္မိုင္ျပထားေသာ ေသတၱာႏွင့္တူတာ မေတြ႕ေပ။ ဒီေလာက္ႀကီးတဲ့ေနရာမွာ ပစၥည္းတစ္ခုကိုရွာေတြ႕ဖို႔က ဘယ္လိုလုပ္ လြယ္မွာလဲ။
အခ်ိန္တစ္ခုၾကာေအာင္ ရွာၿပီးေနာက္ ဇူအန္ လက္ေလွ်ာ့လိုက္သည္။ လုပ္အားခ်ည္း စိုက္ထုတ္ျခင္းက ဇူအန္ပုံစံမဟုတ္ေပ။
အဲ့ဒီေသတၱာထဲက ဘာပစၥည္းလဲ ငါမသိတာ ႏွေျမာစရာပဲ။ သဲလြန္စတစ္ခုေတာင္မရွိဘဲနဲ႕ ငါက ဘယ္လိုေတြ႕ေအာင္ ရွာနိုင္မွာလဲ။
ဇူအန္ ေခါင္းကိုက္ခ်င္လာသည္။
ဇူအန္ ထရပ္ကာ ျပတင္းေပါက္ထံ သြားလိုက္သည္။ အျပင္ကိုၾကည့္လိုက္ေသာ္ မီးလင္းေနေသးေသာ အခန္းတစ္ခုရွိေသးေၾကာင္း ေတြ႕လိုက္ရသည္။
ေခတၱေတြေဝၿပီးေနာက္ သြားၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။ ထိုေနရာမွ သဲလြန္စတစ္ခုခု ရေကာင္းပါရဲ႕။
ထို႔အျပင္ သူက ေၾကးမုံတံလွ်ပ္သုံးကာ ဖုံးကြယ္နိုင္ေသး၍ ဇူအန္ ေသခ်ာဂ႐ုစိုက္လွ်င္ ျပႆနာမႀကီးနိုင္ေပ။
ထိုအခန္းကို သတိခ်ပ္ၿပီး ခ်ဥ္းကပ္လိုက္သည္။ အခန္းနားသို႔ နီးကပ္လာေသာ္ စကားသံတစ္ခ်ိဳ႕ ၾကားလိုက္ရသည္။ ထိပ္လန့္သြားၿပီး ခ်က္ခ်င္း နံရံေဘးကို ထိုင္ခ်လိဳက္သည္။ က်ဴးေက်ာ္သူ၏ အရိပ္က ျပတင္းေပါက္မွ ျမင္နိုင္ေသာ ဇာတ္လမ္းေပါင္းစုံ ၾကည့္ဖူးသည္။ ထိုသို႔ ဦးႏွောက္မရွိေသာအမွားမ်ိဳး မလုပ္ခ်င္ပင္။
"ေမြးစားအေဖ ဒီကို တကူးတကလာရေအာင္ ဘယ္လိုျပႆနာမ်ိဳး ျဖစ္လို႔ပါလဲ"
ဒီအသံက ေဝညီအစ္ကို၏ အသံမဟုတ္ေပ။ လူလတ္ပိုင္းအသံမ်ိဳးျဖစ္ၿပီး ေဝအိမ္ေခါင္းေဆာင္ ျဖစ္နိုင္သည္။
"အခ်ိန္အၾကာႀကီးေပ်ာက္ေနတဲ့ မိတ္ေဆြေဟာင္းတစ္ေယာက္ရဲ႕ သတင္းကို မၾကာေသးခင္က ရလိုက္တယ္။ ဧကရာဇ္က ငါ့ကို ဒီကိစၥ ၾကည့္ခိုင္းလိုက္တာ"
ထိုအသံက မႈန္မွိုင္းအုံ႕ဆိုင္းေနၿပီး ရွတတႏွင့္ အလြန္ ၾကားရတာ နားကေလာေလသည္။
ဇူအန္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ဘာလို႔ ဒီအသံက ေလာင္မိုင္ေလသံႏွင့္ ဆင္တူေနရသနည္း။
"သိပါၿပီ။ ဘယ္လိုကိစၥကမ်ား ဧကရာဇ္အထိ သတိထားမိရတာလဲ"
"ဟမ့္ မင္းမေမးသင့္တဲ့ ေမးခြန္းကို မေမးနဲ႕"
"ဒါေပါ့ ဒါေပါ့ ေမြးစားအေဖ ဆူတာ ျဖစ္သင့္ပါတယ္။ ဒီေမြးစားသားက စကားေျပာမွားတာပါ။ ဒါေပမဲ့ ကြၽန္ေတာ္က ဒီလျပည့္ၿမိဳ႕ကိုေတာ့ ရင္းႏွီးေသးတယ္။ တစ္ခုခု ကူညီနိုင္တာ ရွိမလား"
"အခုေတာ့ လိုေသးဘူး။ မင္း ေထာက္ပံ့ဖို႔လိုရင္ ေျပာမယ္။ ဟမ့္ အဲ့ဒီမိတ္ေဆြေဟာင္းႀကီးက အရမ္းစဥ္းလဲတယ္။ သူ႕ကိုသာ တပ္လွန့္လိုက္မိရင္ ေနာက္တစ္ႀကိမ္ ရွာေတြ႕ဖို႔က အေတာ္ေလး ခက္လိမ့္မယ္"
"ထင္တဲ့အတိုင္း ေမြးစားအေဖက ဉာဏ္ႀကီးၿပီး အေျမာ္အျမင္ရွိတာပဲ..."
အျပင္မွ ထိုစကားဝိုင္းကို ေခ်ာင္းနားေထာင္ရင္း ဇူအန္ မ်က္ခုံးမ်ား တြန့္ခ်ိဳးလာသည္။ ဒီေမြးစားအေဖဆိုသူက လႊတ္ေတာ္မွ အထိန္းေတာ္တစ္ေယာက္ ျဖစ္ရမည္။
ဒီလူက အထိန္းေတာ္လို ဘယ္လိုသိလဲ ေမးခ်င္ေသးလား။ အဲ့တာက ဇာတ္လမ္းေတြထဲက မွီျငမ္းစရာ ေပါလြန္းလို႔ မဟုတ္ဘူးလား။ အဲ့ဒီအသံရဲ႕ ႀကိမ္ႏႈန္းနဲ႕ စူးတူးတူးရွတတအေနအထားက ဇူအန္ ရင္းႏွီးေနသလို တစ္ပုံစံတည္းပဲ။
ေနပါဦး ေလာင္မိုင္စကားေျပာတဲ့ေလသံကလည္း အေတာ္ေလး ဆင္တယ္...
ဒီဆန္းၾကယ္တဲ့ အထိန္းေတာ္က ဘယ္သူ႕ေနာက္လိုက္ေနတာလဲ။ ၾကည့္ရတာ ေတာ္ဝင္အမိန့္ကိုလည္း လိုက္နာေနရသလိုပဲ။
႐ုတ္တရက္ ေခြၽးေစးမ်ား ျပန္လာသည္။ ခ်ဴအိမ္ကလည္း ဧကရာဇ္ကို ခုခံေနသည္ပင္။ သို႔ေသာ္ တစ္ခ်က္ေတြးလိုက္ၿပီးေနာက္ ဒီအထိန္းေတာ္က ခ်ဴက်ဳန္းထန္ဆီ လာျခင္းမဟုတ္ေၾကာင္း ေကာက္ခ်က္ခ်လိဳက္သည္။ ဘာပဲေျပာေျပာ သူေျပာတဲ့ပစ္မွတ္က မိတ္ေဆြေဟာင္းလို႔ ေျပာသည္ပင္။ ခ်ဴက်ဳန္းထန္က ဒီလိုမိတ္ေဆြမ်ိဳး မရွိေလာက္ေပ။
ဒါဆို ေလာင္မိုင္ ေနာက္ လိုက္လာတာလား။
ေတြးၾကည့္ေလေလ ဒီျဖစ္နိုင္ေျခက ပိုမွန္သလို ခံစားမိေလေလပင္။ ေလာင္မိုင္ကိုယ္တြင္ လွ်ို႔ဝွက္ခ်က္ မ်ားစြာရွိေနၿပီး က်င့္ႀကံမႈ အဆင့္ကလည္း အေတာ္ေလး ျမင့္ေသးသည္။
႐ုတ္တရက္ ေအးစက္စက္ အသံတစ္ခု အခန္းထဲမွ ေအာ္လာသည္။
"အဲ့မွာ ဘယ္သူလဲ"
ဇူအန္ ေၾကာက္လန့္ကာ ျဖဴေဖ်ာ့သြားသည္။ သူ ေပၚသြားၿပီ။ မဟာေလျပင္းကိုသုံးကာ ေရွာင္ေျပးရန္ ျပင္ဆင္လိုက္သည္။ ဒီလူေတြက တကယ္ပဲ ေလာင္မိုင္ကို လာရွာျခင္းျဖစ္ပါက သူ ယွဥ္တိုက္နိုင္စရာ နည္းလမ္းမရွိေပ။
ထိုအခ်ိန္တြင္ သူ႕ေခါင္းအထက္ ေခါင္မိုးေပၚမွ ထူးဆန္းေသာအသံတစ္ခု ေပၚလာသည္။ အနက္ေရာင္ဝတ္လူတစ္ေယာက္က ဇူအန္ထက္ပင္ ပိုျမန္ေသာ အရွိန္ႏႈန္းျဖင့္ ထြက္ေျပးသြားေလသည္။
----- ------------------------------- ----- - - - - - - - - ---- -