Chapter 325: ငါပြောရင် မင်းယုံမှာလား
ရေချိုးဇလုံ ထဲသို့ ကီပို့လွှတ်မှုအပေါ်တွင်သာ ဇူအန် အာရုံစိုက်ထားသည်။ သူ၏ ပတ်ဝန်းကျင်၏ အဖြစ်အပျက်များကို လုံးဝ လျစ်လျူရှု့ထားလိုက်သည်။
ကျီရှောင်ချီ၏ မျက်နှာလေးမှာ ပန်းသီးတစ်လုံးကဲ့သို့ နီရဲနေသည်။ ဆေး၏ အာနိသင်များကြောင့် လော သူမ၏ ရှက်ရွံမှုကြောင့်လော သူမ မသိပေ။
ဇူအန်၏ မျက်လုံးများ မှိတ်ထားသော်လည်း ယခုကဲ့သို့ ယောက်ျားတစ်ယောက်နှင့် အနီးကပ် မရှိနေဘူးခဲ့ပေ။
ထိုလက်၏ လှုပ်ရှားမှု အနည်းငယ်လေးကတောင် သူမနှင့် ထိမိရန် လုံလောက်မှုရှိသည်ဟု သူမ ခံစားနေရသည်။
ကျီရှောင်ချီ က သူမ၏ ရှက်ရွံမှုကို ဖုံးကွယ်ရန် အခြားအကြောင်းအရာတစ်ခု ပြောလိုက်သည်။
“အစ်ကိုဇူ ဒါက ပထမသခင်မလေး ချူရဲ့ နှင်းပွင့်ဓါးသိုင်းလား”
ဇူအန် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်”
“အို…ပထမသခင်မလေးချူက ကလန်ကို စောင့်ကြပ်တဲ့နေရာမှာ သုံးတဲ့ သိုင်းကိုတောင် အစ်ကို့ကို သင်ပေးတာပဲ။ အစ်ကိုတို့ နှစ်ယောက်က တကယ်ပဲနီးကပ်တယ်ထင်တယ်” ကျီရှောင်ချီ က ရှုပ်ထွေးနေသော မျက်နှာဖြင့်ပြောလိုက်သည်။
“ငါတို့ရဲ့ ဆက်ဆံရေးက အားလုံးအဆင်ပြေတယ်လို့ ထင်တာပဲ” ဇူအန် ခပ်ကျယ်ကျယ် ရယ်လိုက်သည်။ “ဒါပေမယ့် ငါက စာတော်တဲ့ ကျောင်းသားတစ်ယောက်တော့မဟုတ်ဘူး။ မဟုတ်ရင် ဟိုနေရာကနေပြီးတော့ မင်းအတွက် ရေခဲလှမ်းလုပ်ပေးလို့ရမှာပေါ့။ ဒီအနားကို လာစရာတောင်မလိုဘူး”
ကျီရှောင်ချီ ဘာပြောရမှန်းမသိတော့သောကြောင့် ဤအခန်းမှာ ဆိတ်ငြိမ်သွားသည်။
မိန်းမငယ်လေးတစ်ယောက်၏ ရနံ့မှာ အခန်းထဲရှိ လေထုတွင် ပိုမိုသင်းပျံ့လာသည်။ ပတ်ဝန်းကျင်မှာ အနည်းငယ် ကို့ရို့ကားယား ဖြစ်လာသည်ကို ဇူအန် ခံစားမိလိုက်သည်။ “မင်း ပိုနေလို့ကောင်းလာပြီလား”
ကျီရှောင်ချီ ခေါင်းငြိမ့်လိုက်သည်။ “ညီမ ပြန်ကောင်းခါနီးပြီ။ ရေရဲ့ အပူချိန်သာ ဒီအတိုင်းပဲ ဆက်ရှိနေရင် ဆေးရဲ့ အာနိသင်တွေက မကြာခင် ပျောက်သွားတော့မှာပါ”
ဇူအန် လေးစားမှုဖြင့် ပြောလိုက်သည်။ “ရှောင်ချီ။ မင်းက တကယ်တော်တာပဲ။ ဒီအဆိပ်ရဲ့ အာနိသင်ကို ဖယ်ရှားဖို့က... ဆယ့်ရှစ်ကြိမ်လုပ်တဲ့ နည်းတစ်ခုပဲရှိတယ်လို့ထင်ခဲ့တာ။ ဒါပေမယ့် မင်းက အဲ့ဒါရဲ့ အာနိသင်တွေကို အလွယ်တကူ ဓာတ်ပြယ်အောင် လုပ်နိုင်ခဲ့တယ်”
ကျီရှောင်ချီ ၏ မျက်နှာနီရဲလာသည်။ “အဲ့ဒီလောက် မလွယ်ပါဘူး။ ညီမရဲ့ ထူးခြားတဲ့ အခြေခံက အဆိပ်အမျိုးမျိုးရဲ့ အဆင့်တစ်ချို့အထိ ခံနိုင်စွမ်းရှိတယ်။ ပြီးတော့ အဲ့ဒီဆေးကိုလည်း သိပ်သုံးမိတားတာမဟုတ်ဘူး။ နှလုံးငြိမ်ဆေးကိုလည်း သောက်ထားသေးတယ်။ နောက်ပြီး အခြားဆေးတွေနဲ့ရောထားတဲ့ ဒီရေအေးထဲမှာလည်း စိမ်ပြီးတော့ အဆိပ်ရဲ့အာနိသင်ကို ဖယ်ရှားရုံလေးပဲ။ ဒါနဲ့ အစ်ကိုဇူမှာ အဲ့ဒီလိုဆေးမျိုး ဘာကြောင့်ရှိနေရတာလဲ”
ဇူအန် အနည်းငယ်ရှက်ရွံသွားသည်။ “ဒါက ငါ အနိုင်ယူခဲ့တဲ့ ရန်သူတစ်ယောက်ဆီကနေ ရလာတာပဲ။ အဲ့ဒါ ဘာလဲဆိုတာကိုသာ သိခဲ့ရင် လွှင့်ပစ်ခဲ့မှာပေါ့”
၎င်းစကားကိုပြောနေရင်း သူ၏စိတ်ထဲတွင် မလုံမလဲ ဖြစ်လာသည်။ ဒီလိုဆေးမျိုးကို ဒီကမ္ဘာမှာ မလိုချင်တဲ့ယောက်ျားတစ်ယောက်ကို ငါ့အရှေ့ခေါ်လာပြစမ်းပါ။
မသုံးဘူးဆိုရင်တောင် လက်ထဲမှာသိမ်းထားတာလည်း ကောင်းတာပဲ။
ဇူအန် တွင် အတွေးတစ်ခု ရုတ်တရက် ဝင်လာသည်။ “ဟုတ်သားပဲ။ အဲ့ဒီဆေးပုလင်းကို လွှင့်ပစ်လိုက်ပြီလား”
ကျီရှောင်ချီ ခေါင်းခါလိုက်သည်။ “မပစ်ပါဘူး။ အဲ့ဒါက မကောင်းတဲ့ဆေးဖြစ်ပေမယ့် အစ်ကိုဇူရဲ့ ဟာဖြစ်နေတုန်းပဲလေ။ ဒါကြောင့် လွှင့်မပစ်ရသေးဘူး။ ခဏလေး ယူပေးပါ့မယ်”
သူမ ထရပ်တော့မည့်အခါတွင် သူမ၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ သူမ ရပ်တန့်လိုက်ကာ ပြောလိုက်သည်။ “အစ်ကိုဇူ လုံးဝ မျက်လုံးဖွင့်လို့မရဘူးနော်”
“နားလည်ပါတယ်” ဇူအန် ခေါင်းငြိမ့်လိုက်သည်။ သို့သော်လည်း သူမ၏ လက်ရှိပုံစံမှာ သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
ကျီရှောင်ချီ က အနီးနားတွင်ရှိနေသော အဝတ်အစားများဆီသို့ ရေချိုးဇလုံ ထဲမှနေ၍ လက်လှမ်းလိုက်သည်။
သို့သော်လည်း သူမသည် သေးသွယ်သော မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် ၎င်းတို့ဆီသို့ မလှမ်းနိုင်ခဲ့ပေ။
သူမ ခြေဖျားထောက်ကာ ရှေ့သို့ ဆက်လှမ်းလိုက်သည်။
အကယ်၍ ရေချိုးဇလုံထဲမှ သူမ ထွက်လိုက်ပါက သူမ၏ အဝတ်အစားများဆီသို့ အလွယ်တကူ ရောက်သွားနိုင်မည်ဖြစ်သည်။ သို့သော်လည်း သူမသည် ရှက်တတ်သော မိန်းမငယ်လေးတစ်ဦးသာဖြစ်နေသေးသောကြောင့် မျက်လုံးမှိတ်ထားသော ယောက်ျားတစ်ယောက်၏ ရှေ့တွင် ထိုသို့လုပ်ရန် အလွန်ရှက်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူမ ရုတ်တရက် ခြေချော်သွားသည်။ သူမ၏ ဟန်ချက်ပျက်ကာ ရေဇလုံထဲမှ ထွက်ကျလာသည်။
“အ…” ကျီရှောင်ချီ လွှတ်ခနဲ အော်လိုက်မိသည်။
ဇူအန် ထိတ်လန့်သွားသည်။ လက်တစ်ဖက်ကို သူမကို ထူပေးရန် လှည့်မကြည့်ပဲ လက်တစ်ဖက် ကမ်းပေးလိုက်သည်။
ဟာ ဒုက္ခပဲ။...သူ၏ လက်မှာ နူးညံ၍ နွေးထွေးသော တစ်စုံတစ်ရာအပေါ်သို့ ကျရောက်သွားပြန်သည်။ သူ ထိနေသော နေရာမှာ မထိသင့်သော နေရာဖြစ်သည်ကို ဇူအန် သိလိုက်သည်။ သူ့အနောက်သို့ သတ်ရန်ပြေးလိုက်နေသော ကျီတန်ထု၏ မြင်ကွင်းကိုတောင် စိတ်ကူးကြည့်လိုက်ပြီးဖြစ်သညိ။
ကျီရှောင်ချီ လည်း ကြောင်သွားသည်။ ငေးမောနေရင်းဖြင့် သူမ၏ မျက်လုံးက သူ့ဟာ အပေါ် ရောက်သွားသောအခါ သူမ၏ စိတ်လုံးဝ ပြောင်ရှင်းသွားသည်။
ဘေးတစ်ဖက်မှ အလန့်တကြားအော်သံတစ်ခု ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးမှာ ခေါင်းမော့ကာ ကြည့်လိုက်သောအခါတွင် ရေချိုးခန်း တံခါးပေါက်တွင် မတ်တပ်ရပ်နေသော ချူဟွမ်ကျောက် ကို မြင်လိုက်ရသည်။ သူမ၏ ခန္ဓကိုယ်တစ်ခုလုံး တုန်ယင်နေပြီး သူတို့ကို စိတ်ဆိုးမာန်ဆိုးဖြင့် လက်ညိုးထိုးလိုက်သည်။ “နင်တို့နှစ်ယောက်... ဘာတွေလုပ်နေတာလဲ”
ဇူအန် တံတွေးခက်ခက်ခဲခဲ မြိုချလိုက်သည်။ “သူ့ကို ကူညီနေတာလို့ ငါပြောရင် မင်းယုံမှာလား”
“နင် ဘယ်လိုထင်လဲ” ချူဟွမ်ကျောက် ၏ မျက်လုံးများ မီးတောက်နေသည်။
သောက်ခဲအို။ အကျင့်မကောင်းတဲ့ ခဲအို။ ဒါက ချူကလန်အပေါ် ဒီလိုကျေးဇူးဆပ်လိုက်တာလား။ ပြီးရင် ငါနဲ့ ငါ့အစ်မကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရဲမလဲဆိုတာကို ကြည့်ရသေးတာပေါ့”
သင်သည် ချူဟွမ်ကျောက် ထံမှ အမျက်ပွိုင့် ၂၃၃...၂၃၃...၂၃၃... ရရှိလိုက်သည်။
ကျီရှောင်ချီ လည်း တွေဝေနေရာမှ ပြန်နိုးလာသည်။ ယခုကဲ့သို့သော အခြေအနေမျိုးအတွက် သူမ အတွေ့အကြုံမရှိပေ။ သူမ တတ်နိုင်သောအရာမှာ ရှက်ရွံမှုကြောင့် မူးမေ့မသွားရန်ကြိုးစားနိုင်ရုံသာဖြစ်သည်။
ဇူအန်က အဝတ်အစားတစ်စုံ အမြန်ယူလိုက်ပြီး သူမအပေါ် ခြုံပေးလိုက်သည်။ “ရှောင်ချီ။ ဒီမှာနေပြီးတော့ အဝတ်ဝတ်လိုက်ဦး။ ငါတို့ မင်းကို အပြင်မှာ စောင့်နေမယ်”
“ကျေးဇူး...” ကျီရှောင်ချီ မှာ သူ၏ နားလည်ပေးမှုကို အလွန်ကျေးဇူးတင်လိုက်သည်။ သို့သော် တခဏအကြာတွင် သူမ လုံးဝ ဇဝေဇဝါဖြစ်သွားသည်။ သူ၏ မဖွယ်မရာလုပ်ခြင်း ခံရသူမှာ သူမဖြစ်သည်။ သို့သော် သူမက သူ့ကို ဘာကြောင့် ကျေးဇူးတင်လိုက်သနည်း။
ဇူအန် ရှက်ခိုးရှက်ကန်း ရယ်လိုက်သည်။ ရေချိုးခန်းထဲမှ အမြန်ထွက်သွားလိုက်သည်။ ချူဟွမ်ကျောက် ကို တွန်းခေါ်သွားကာ ရေချိုးခန်းတံခါးကို ပိတ်လိုက်သညိ။
“မင်းဒီမှာ ဘာလာလုပ်နေတာလဲ။ ဟွမ်ကျောက်” ဇူအန် မေးလိုက်သည်။
ချူဟွမ်ကျောက် က မရပ်မနား လှောင်ရယ်လိုက်သည်။ “ ဒီကိုသာ ရောက်မလာခဲ့ရင် အဲ့ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းမျိုးကို ကြုံရမှာမဟုတ်ဘူး။ ဒီကျီရှောင်ချီက အမြဲတမ်း ယဉ်ကျေးသိမ်မွေ့ပြီးတော့ အနေအထိုင်ဆင်ခြင်တတ်ပါတယ်။ ဒါပေမယ့် ယောက်ျားတွေကို ဖြားယောင်းတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်မယ်လို့ မထင်ထားမိဘူး”
သူမ၏ အသံကို တမင် မြှင့်တင်လိုက်သည်။ ရေချိုးခန်းထဲတွင်ရှိနေသော သူကို ကြားချင်စေသည့်ပုံရသည်။
သင်သည် ချူဟွမ်ကျောက် ထံမှ အမျက်ပွိုင့် ၆၆...၆၆...၆၆.. ရရှိလိုက်သည်။
ဇူအန် မျက်မှောင်ကျုံ့လိုက်သည်။ “ဟွမ်ကျောက် မင်းက အရမ်းရိုင်းတာပဲ”
ချူဟွမ်ကျောက် ပြက်ရယ်ပြုလိုက်သည်။ “နင့်မှာ ဇနီး ရှိတာကို သူမ သေချာသိတာပဲ။ ဒါတောင် နင့်ကို ဖြားယောင်းရဲသေးတယ်။ သူတောင် အရှက်ခွဲခံရမှာကို မကြောက်ရင် ငါက ဘာကိုကြောက်နေရမှာလဲ”
သင်သည် ချူဟွမ်ကျောက် ထံမှ အမျက်ပွိုင့် ၉၉...၉၉...၉၉... ရရှိလိုက်သည်။
သူ၏ စနစ်ထဲသို့ အမျက်ပွိုင့်များ တသွင်သွင် စီးဆင်းလာနေသော်လည်း ဇူအန် မပျော်ပေ။
“လုပ်စမ်းပါ။ အဲ့ဒါက တကယ်ပဲ မင်း ထင်နေသလိုမဟုတ်ဘူး။ ငါက မိန်းကလေးကျီကို ဆေးတစ်ချို့ ကူကြည့်ခိုင်းခဲ့တယ်။ သူ မတော်တဆ အဆိပ်မိသွားခဲ့တယ်။ အဆိပ်ရဲ့ အာနိသင်တွေကို ဖျောက်ဖို့အတွက် ရေခဲရေစိမ်ဖို့လိုအပ်ခဲ့တယ်...” ဇူအန် အမြန်ရှင်းပြလိုက်သည်။
ချူဟွမ်ကျောက် က သူ့ကို မယုံကြည်သေးပေ။ “အဲ့ဒီလို အဝတ်ချွတ်ထားရအောင် ဘယ်လိုအဆိပ်မျိုးလဲ။ ကာမအားတိုးဆေး လား”
ဇူအန် အသက်ရှုရပ်မတတ်ဖြစ်သွားသည်။ ခေါင်းပေါ် သံရိုက်ချခံလိုက်ရသည်။
သို့သော်လည်း ကျီရှောင်ချီ ၏ ဂုဏ်သတင်းကောင်းကို သိနေသောကြောင့် ဤအရာကို ဝန်ခံရန် ရှက်နေသည်။ “တကယ်ပဲ မင်းထင်နေသလိုမဟုတ်ဘူး။ မိန်းကလေးကျီကို မင်းမယုံရင်တောင်မှ ငါ့ကို ယုံသင့်တယ်”
ချူဟွမ်ကျောက် မျက်တောင်ခတ်လိုက်သည်။ သူမ၏ ဒေါသမှာ အနည်းငယ် ငြိမ်းသွားသည်။
သင်သည် ချူဟွမ်ကျောက် ထံမှ အမျက်ပွိုင့် ၂၂...၂၂...၂၂... ရရှိလိုက်သည်။
သူ၏ ပြောစကားကို သူမ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သို့သော် ချူဟွမ်ကျောက် က အလွယ်တကူ အလှည့်စားမခံပေ။ “ သူ့အဒေါ်က ကျောင်းအုပ်မဟုတ်လား။ ဒါဆိုလည်း သူ့အဒေါ်ဆီကို ဘာကြောင့်မသွားတာလဲ။ ဘာဖြစ်လို့ သူက နင့်လို ယောက်ျားတစ်ယောက်နဲ့ ရေအတူချိုးရတာလဲ”
ဇူအန် ခါးသက်သက်ပြုံးလိုက်ကာ ဆက်ရှင်းပြလိုက်သည်။ “ကျောင်းအုပ်ကျန်းက လုပ်စရာ တစ်ခုခုရှိနေတယ်...”
ထိုအချိန်တွင် ကျီရှောင်ချီမှာ အဝတ်ပြန်ဝတ်ပြီးသွားသည်။ ရေချိုးခန်းမှ အမြန်ထွက်လာကာ တိုးတိုးလေးပြောလိုက်သည်။ “အိမ်အရင်ပြန်တော့မယ်”
သူ၏ အပြန်စကားကို တောင် မစောင့်တော့ဘဲ သူမ အမြန်ထွက်သွားခဲ့သည်။
ဇူအန် သက်ပြင်းချလိုက်သည်။ ဘာတွေဖြစ်နေတာလဲ။ ငါ ဘာမှ မှားတာမလုပ်ထားဘူးလေ။ ဒါတောင် ဒီလိုဂြိုလ်ဆိုးလာဝင်နေတယ်။
ချူဟွမ်ကျောက်က သူ၏ သက်ပြင်းချလိုက်ခြင်းကြောင့် စိတ်မလျော့သွားပေ။ “ဘာတွေ အလိုမကျဖြစ်နေတာလဲ။ နင့်ရဲ့ ပျော်စရာအချိန်လေးကို ငါ ဖျက်ဆီးမိလိုက်လို့လား”
“ဒီလိုလူတိုင်းက အရှက်တရားနဲ့ နားလည်မှုလွဲပြီးတော့ ထွက်သွားရတာကို မုန်းနေမိရုံပဲ။ ပြီးတော့ သူက ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ အပြောခံခဲ့ရတယ်… …”
ဇူအန် မှာ စွမ်းအင်အများအပြား သုံးကာ စုံနေအောင် ရှင်းပြလိုက်ရသည်။ ကျီရှောင်ချီ မှာ အဆိပ်ဖြေရန် ဤနေရာသို့ လာခဲ့ရုံမျှသာဟု ချူဟွမ်ကျောက်ကို ရှင်းပြနိုင်ရုံလေးသာဖြစ်ခဲ့သည်။
ချူဟွမ်ကျောက် ၏စိတ်ထဲ ထိတ်လန့်မှု တစ်ခု ရုတ်တရက် ဝင်လာသည်။ “အို မဟုတ်သေးဘူး...ဒီကိစ္စကြောင့် ကျောင်းအုပ်ကျန်းက နင့်ကို ခက်ခဲအောင် တိတ်တိတ်လေး ကြံစည်ရင် ဘယ်လိုလုပ်မလဲ။ နတ်ဆေးဆရာကျီ ကလည်း ငါ့သမီးကို အရမ်းဂရုစိုက်တာနော်။ သူက နင့်အနောက် လိုက်လာရင် ဘယ်လိုလုပ်မလဲ”
“ကောင်မလေး ဒါကို စိုးရိမ်နေဖို့ အရမ်းနောက်မကျလွန်းဘူးလား” ဇူအန် မခံမရပ်နိုင်ပြောလိုက်သည်။
“သူမကို အခုသွား တောင်းပန်လိုက်ရင်ရော ဘယ်လိုလဲ” ချူဟွမ်ကျောက် က အစောက သူမ၏ အပြုအမူကို နောင်တရနေသည်။ အထူးသဖြင့် ယခုအခါတွင် အဆိပ်ဖြေရန်အတွက်သာ သူမ၏ ခဲအိုဖြစ်သူကို လာအကူအညီတောင်းရခြင်းကို သိသွားသောအချိန်တွင်ဖြစ်သည်။
“ ထားလိုက်တော့။ နောက်မှ သူ့ကို ရှင်းပြဖို့ အခွင့်အရေးတစ်ခုရှာလိုက်မယ်။ ဤမိန်းကလေးနှစ်ဦး ထပ်မံဆုံတွေ့ပါက ကိစ္စများ တစ်စုံတစ်ရာ မှားယွင်းသွားဦးမည်ကို ဇူအန် စိုးရိမ်နေသည်။
“ဒါဆို ဒီနေ့ကိစ္စအကြောင်း မမကို မပြောတော့ဘူး။ ဒါပေမယ့် နောက်တစ်ခါ ဒီလိုထပ်ရှိရင်တော့...” ချူဟွမ်ကျောက် နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ ချစ်စဖွယ် အစွယ်လေးများကို ပြလိုက်သည်။
“နောက်တစ်ကြိမ်ဆိုတာ မရှိဘူး”
ဇူအန် အခိုင်အမာပြောလိုက်သည်။
သူ့အဆောင်သော့များကို အကယ်ဒမီအား သေချာပေါက် လဲခိုင်းရပေမည်။
ချူဟွမ်ကျောက် က ဤအဖြစ်အပျက်ပြီးနောက်တွင် အိပ်ချင်စိတ် မရှိတော့ပေ။ သို့သော်လည်း သူ၏ အခန်း ထဲတွင် လျှောက်ရှာလိုက်သေးသည်။
ဤနေရာတွင် မိန်းကလေးတစ်ယောက်ယောက် နေထိုင်သည့် အရိပ်အယောင် တစ်စုံတစ်ရာ မတွေ့ရသောအခါမှ စိတ်ကျေကျေနပ်နပ်ဖြင့် ထွက်ခွာသွားတော့သည်။
ဇူအန် ချွေးသုတ်လိုက်သည်။ သူ၏ မောင်းမအချင်းချင်း အငြင်းပွားစေ၍ အမျက်ပွိုင့်များ ယူရန် အကြံဉာဏ်မှာ ကောင်းသောအကြံမဟုတ်ကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။
စာသင်ခန်းသို့ ပြန်ရောက်သောအခါ သူ၏ ချစ်လှစွာသော အတန်းဖော်များက မနာလိုသော မျက်ဝန်းများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုအခါမှ ဇူအန်၏ ခံစားချက်မှာ အနည်းငယ် ကောင်းမွန်သွားသည်။
နေ့တစ်နေ့၏ သင်ခန်းစာများ လျှင်မြန်စွာ ပြီးဆုံးသွားသည်။ အကယ်ဒမီ၏ ပင်မဝင်ပေါက်မှ နောက်ဆုံးတွင် လျှောက်လှမ်းထွက်ခွာလာနိုင်ခဲ့ပြီး ဝမ်ယွမ်လုံ ၏ မြင်းလှည်းမှာလည်း ထိုနေရာတွင် စောင့််ဆိုင်းနေသည်။
ဇူအန် နှင့် ဝေဆောင် တို့ လှည့်ပေါ်တက်သွားပြီးနောက် သူတို့၏ ဘေးတွင် ဝမ်ကလန်၏ လှည်းတစ်စီးလည်း ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
ဇူအန် သိချင်သွားသည်။ သူတို့တွေက အကယ်ဒမီက အခြားသူတွေကိုလည်း စောင့်နေတာလား။
ထို့နောက် မကြာခင်တွင် အကယ်ဒမီမှ လှပသောပုံရိပ် နှစ်ခု လျှောက်လှမ်းလာသည်။
သူတို့ထဲမှ တစ်ဦးမှာ အိနြေ္ဒရှိပြီး ညင်သာသော ဆွဲဆောင်မှုတစ်ခုရှိနေသည်။ ထိုသူမှာ ကျန်းတန် မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။
ကျန်းတန် က သူ၏ အကြည့်ကို သတိထားမိသောအခါ အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။ “နေကောင်းတယ်နော် ဇူသခင်လေး”
“မင်္ဂလာပါ မိန်းကလေးကျန်း” ဇူအန် ရှက်ကိုးရှက်ကန်း ပြန်ဖြေလိုက်သည်။
ဒီမိန်းကလေးက တကယ်ပဲ...အဲ့ဒီအချိန်ကနဲ့...အခုတော့ လုံးဝ အခြားသူတစ်ယောက်လိုပဲ။
သို့သော်လည်း သူမ၏ ကျရာနေရာတွင် မည်မျှကောင်းမွန်စွာ သရုပ်ဆောင်ရခြင်းကို ဇူအန် ချီးကျူးရမည်ဖြစ်သည်။
“မင်းတို့တွေလည်း လေးလမ်း စားသောက်ဆိုင် ကို သွားကြမလို့လား” ဇူအန် စပ်စုလိုက်သည်။ သူမလည်း ဝမ်ကလန်၏ လှည်းဆီသို့ လျှောက်သွားသည်။
“ဟုတ်တာပေါ့။ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး။ အစ်မချီလည်း ပါလိမ့်မယ်” ကျန်းတန်က ဘေးတွင်ရှိနေသော ချီဒေါင်ရင်း ကို တံတောင်တွတ်လိုက်ကာ တခစ်ခစ်ရယ်လိုက်သည်။
----- -------------------------------- ----- - - - - - - - - - - - - ---
Chapter 325: ငါေျပာရင္ မင္းယုံမွာလား
ေရခ်ိဳးဇလုံ ထဲသို႔ ကီပို႔လႊတ္မႈအေပၚတြင္သာ ဇူအန္ အာ႐ုံစိုက္ထားသည္။ သူ၏ ပတ္ဝန္းက်င္၏ အျဖစ္အပ်က္မ်ားကို လုံးဝ လ်စ္လ်ဴရႈ႕ထားလိုက္သည္။
က်ီေရွာင္ခ်ီ၏ မ်က္ႏွာေလးမွာ ပန္းသီးတစ္လုံးကဲ့သို႔ နီရဲေနသည္။ ေဆး၏ အာနိသင္မ်ားေၾကာင့္ ေလာ သူမ၏ ရွက္႐ြံမႈေၾကာင့္ေလာ သူမ မသိေပ။
ဇူအန္၏ မ်က္လုံးမ်ား မွိတ္ထားေသာ္လည္း ယခုကဲ့သို႔ ေယာက္်ားတစ္ေယာက္ႏွင့္ အနီးကပ္ မရွိေနဘူးခဲ့ေပ။
ထိုလက္၏ လႈပ္ရွားမႈ အနည္းငယ္ေလးကေတာင္ သူမႏွင့္ ထိမိရန္ လုံေလာက္မႈရွိသည္ဟု သူမ ခံစားေနရသည္။
က်ီေရွာင္ခ်ီ က သူမ၏ ရွက္႐ြံမႈကို ဖုံးကြယ္ရန္ အျခားအေၾကာင္းအရာတစ္ခု ေျပာလိုက္သည္။
အစ္ကိုဇူ ဒါက ပထမသခင္မေလး ခ်ဴရဲ႕ ႏွင္းပြင့္ဓါးသိုင္းလား
ဇူအန္ ေခါင္းၿငိမ့္လိုက္သည္။ ဟုတ္တယ္
အိုပထမသခင္မေလးခ်ဴက ကလန္ကို ေစာင့္ၾကပ္တဲ့ေနရာမွာ သုံးတဲ့ သိုင္းကိုေတာင္ အစ္ကို႔ကို သင္ေပးတာပဲ။ အစ္ကိုတို႔ ႏွစ္ေယာက္က တကယ္ပဲနီးကပ္တယ္ထင္တယ္ က်ီေရွာင္ခ်ီ က ရႈပ္ေထြးေနေသာ မ်က္ႏွာျဖင့္ေျပာလိုက္သည္။
ငါတို႔ရဲ႕ ဆက္ဆံေရးက အားလုံးအဆင္ေျပတယ္လို႔ ထင္တာပဲ ဇူအန္ ခပ္က်ယ္က်ယ္ ရယ္လိုက္သည္။ ဒါေပမယ့္ ငါက စာေတာ္တဲ့ ေက်ာင္းသားတစ္ေယာက္ေတာ့မဟုတ္ဘူး။ မဟုတ္ရင္ ဟိုေနရာကေနၿပီးေတာ့ မင္းအတြက္ ေရခဲလွမ္းလုပ္ေပးလို႔ရမွာေပါ့။ ဒီအနားကို လာစရာေတာင္မလိုဘူး
က်ီေရွာင္ခ်ီ ဘာေျပာရမွန္းမသိေတာ့ေသာေၾကာင့္ ဤအခန္းမွာ ဆိတ္ၿငိမ္သြားသည္။
မိန္းမငယ္ေလးတစ္ေယာက္၏ ရနံ႕မွာ အခန္းထဲရွိ ေလထုတြင္ ပိုမိုသင္းပ်ံ့လာသည္။ ပတ္ဝန္းက်င္မွာ အနည္းငယ္ ကို႔ရို႔ကားယား ျဖစ္လာသည္ကို ဇူအန္ ခံစားမိလိုက္သည္။ မင္း ပိုေနလို႔ေကာင္းလာၿပီလား
က်ီေရွာင္ခ်ီ ေခါင္းၿငိမ့္လိုက္သည္။ ညီမ ျပန္ေကာင္းခါနီးၿပီ။ ေရရဲ႕ အပူခ်ိန္သာ ဒီအတိုင္းပဲ ဆက္ရွိေနရင္ ေဆးရဲ႕ အာနိသင္ေတြက မၾကာခင္ ေပ်ာက္သြားေတာ့မွာပါ
ဇူအန္ ေလးစားမႈျဖင့္ ေျပာလိုက္သည္။ ေရွာင္ခ်ီ။ မင္းက တကယ္ေတာ္တာပဲ။ ဒီအဆိပ္ရဲ႕ အာနိသင္ကို ဖယ္ရွားဖို႔က... ဆယ့္ရွစ္ႀကိမ္လုပ္တဲ့ နည္းတစ္ခုပဲရွိတယ္လို႔ထင္ခဲ့တာ။ ဒါေပမယ့္ မင္းက အဲ့ဒါရဲ႕ အာနိသင္ေတြကို အလြယ္တကူ ဓာတ္ျပယ္ေအာင္ လုပ္နိုင္ခဲ့တယ္
က်ီေရွာင္ခ်ီ ၏ မ်က္ႏွာနီရဲလာသည္။ အဲ့ဒီေလာက္ မလြယ္ပါဘူး။ ညီမရဲ႕ ထူးျခားတဲ့ အေျခခံက အဆိပ္အမ်ိဳးမ်ိဳးရဲ႕ အဆင့္တစ္ခ်ိဳ႕အထိ ခံနိုင္စြမ္းရွိတယ္။ ၿပီးေတာ့ အဲ့ဒီေဆးကိုလည္း သိပ္သုံးမိတားတာမဟုတ္ဘူး။ ႏွလုံးၿငိမ္ေဆးကိုလည္း ေသာက္ထားေသးတယ္။ ေနာက္ၿပီး အျခားေဆးေတြနဲ႕ေရာထားတဲ့ ဒီေရေအးထဲမွာလည္း စိမ္ၿပီးေတာ့ အဆိပ္ရဲ႕အာနိသင္ကို ဖယ္ရွား႐ုံေလးပဲ။ ဒါနဲ႕ အစ္ကိုဇူမွာ အဲ့ဒီလိုေဆးမ်ိဳး ဘာေၾကာင့္ရွိေနရတာလဲ
ဇူအန္ အနည္းငယ္ရွက္႐ြံသြားသည္။ ဒါက ငါ အနိုင္ယူခဲ့တဲ့ ရန္သူတစ္ေယာက္ဆီကေန ရလာတာပဲ။ အဲ့ဒါ ဘာလဲဆိုတာကိုသာ သိခဲ့ရင္ လႊင့္ပစ္ခဲ့မွာေပါ့
၎စကားကိုေျပာေနရင္း သူ၏စိတ္ထဲတြင္ မလုံမလဲ ျဖစ္လာသည္။ ဒီလိုေဆးမ်ိဳးကို ဒီကမၻာမွာ မလိုခ်င္တဲ့ေယာက္်ားတစ္ေယာက္ကို ငါ့အေရွ႕ေခၚလာျပစမ္းပါ။
မသုံးဘူးဆိုရင္ေတာင္ လက္ထဲမွာသိမ္းထားတာလည္း ေကာင္းတာပဲ။
ဇူအန္ တြင္ အေတြးတစ္ခု ႐ုတ္တရက္ ဝင္လာသည္။ ဟုတ္သားပဲ။ အဲ့ဒီေဆးပုလင္းကို လႊင့္ပစ္လိုက္ၿပီလား
က်ီေရွာင္ခ်ီ ေခါင္းခါလိုက္သည္။ မပစ္ပါဘူး။ အဲ့ဒါက မေကာင္းတဲ့ေဆးျဖစ္ေပမယ့္ အစ္ကိုဇူရဲ႕ ဟာျဖစ္ေနတုန္းပဲေလ။ ဒါေၾကာင့္ လႊင့္မပစ္ရေသးဘူး။ ခဏေလး ယူေပးပါ့မယ္
သူမ ထရပ္ေတာ့မည့္အခါတြင္ သူမ၏ မ်က္ႏွာတစ္ခုလုံး နီရဲသြားသည္။ သူမ ရပ္တန့္လိုက္ကာ ေျပာလိုက္သည္။ အစ္ကိုဇူ လုံးဝ မ်က္လုံးဖြင့္လို႔မရဘူးေနာ္
နားလည္ပါတယ္ ဇူအန္ ေခါင္းၿငိမ့္လိုက္သည္။ သို႔ေသာ္လည္း သူမ၏ လက္ရွိပုံစံမွာ သူ၏ စိတ္ထဲတြင္ ေပၚလာသည္။
က်ီေရွာင္ခ်ီ က အနီးနားတြင္ရွိေနေသာ အဝတ္အစားမ်ားဆီသို႔ ေရခ်ိဳးဇလုံ ထဲမွေန၍ လက္လွမ္းလိုက္သည္။
သို႔ေသာ္လည္း သူမသည္ ေသးသြယ္ေသာ မိန္းကေလးတစ္ေယာက္ျဖစ္ေသာေၾကာင့္ ၎တို႔ဆီသို႔ မလွမ္းနိုင္ခဲ့ေပ။
သူမ ေျခဖ်ားေထာက္ကာ ေရွ႕သို႔ ဆက္လွမ္းလိုက္သည္။
အကယ္၍ ေရခ်ိဳးဇလုံထဲမွ သူမ ထြက္လိုက္ပါက သူမ၏ အဝတ္အစားမ်ားဆီသို႔ အလြယ္တကူ ေရာက္သြားနိုင္မည္ျဖစ္သည္။ သို႔ေသာ္လည္း သူမသည္ ရွက္တတ္ေသာ မိန္းမငယ္ေလးတစ္ဦးသာျဖစ္ေနေသးေသာေၾကာင့္ မ်က္လုံးမွိတ္ထားေသာ ေယာက္်ားတစ္ေယာက္၏ ေရွ႕တြင္ ထိုသို႔လုပ္ရန္ အလြန္ရွက္ေနခဲ့သည္။
ထိုအခိုက္အတန့္တြင္ သူမ ႐ုတ္တရက္ ေျခေခ်ာ္သြားသည္။ သူမ၏ ဟန္ခ်က္ပ်က္ကာ ေရဇလုံထဲမွ ထြက္က်လာသည္။
အ က်ီေရွာင္ခ်ီ လႊတ္ခနဲ ေအာ္လိုက္မိသည္။
ဇူအန္ ထိတ္လန့္သြားသည္။ လက္တစ္ဖက္ကို သူမကို ထူေပးရန္ လွည့္မၾကည့္ပဲ လက္တစ္ဖက္ ကမ္းေပးလိုက္သည္။
ဟာ ဒုကၡပဲ။...သူ၏ လက္မွာ ႏူးညံ၍ ႏြေးေထြးေသာ တစ္စုံတစ္ရာအေပၚသို႔ က်ေရာက္သြားျပန္သည္။ သူ ထိေနေသာ ေနရာမွာ မထိသင့္ေသာ ေနရာျဖစ္သည္ကို ဇူအန္ သိလိုက္သည္။ သူ႕အေနာက္သို႔ သတ္ရန္ေျပးလိုက္ေနေသာ က်ီတန္ထု၏ ျမင္ကြင္းကိုေတာင္ စိတ္ကူးၾကည့္လိုက္ၿပီးျဖစ္သညိ။
က်ီေရွာင္ခ်ီ လည္း ေၾကာင္သြားသည္။ ေငးေမာေနရင္းျဖင့္ သူမ၏ မ်က္လုံးက သူ႕ဟာ အေပၚ ေရာက္သြားေသာအခါ သူမ၏ စိတ္လုံးဝ ေျပာင္ရွင္းသြားသည္။
ေဘးတစ္ဖက္မွ အလန့္တၾကားေအာ္သံတစ္ခု ထြက္ေပၚလာသည္။ သူတို႔ႏွစ္ဦးမွာ ေခါင္းေမာ့ကာ ၾကည့္လိုက္ေသာအခါတြင္ ေရခ်ိဳးခန္း တံခါးေပါက္တြင္ မတ္တပ္ရပ္ေနေသာ ခ်ဴဟြမ္ေက်ာက္ ကို ျမင္လိုက္ရသည္။ သူမ၏ ခႏၶကိုယ္တစ္ခုလုံး တုန္ယင္ေနၿပီး သူတို႔ကို စိတ္ဆိုးမာန္ဆိုးျဖင့္ လက္ညိုးထိုးလိုက္သည္။ နင္တို႔ႏွစ္ေယာက္... ဘာေတြလုပ္ေနတာလဲ
ဇူအန္ တံေတြးခက္ခက္ခဲခဲ ၿမိဳခ်လိဳက္သည္။ သူ႕ကို ကူညီေနတာလို႔ ငါေျပာရင္ မင္းယုံမွာလား
နင္ ဘယ္လိုထင္လဲ ခ်ဴဟြမ္ေက်ာက္ ၏ မ်က္လုံးမ်ား မီးေတာက္ေနသည္။
ေသာက္ခဲအို။ အက်င့္မေကာင္းတဲ့ ခဲအို။ ဒါက ခ်ဴကလန္အေပၚ ဒီလိုေက်းဇူးဆပ္လိုက္တာလား။ ၿပီးရင္ ငါနဲ႕ ငါ့အစ္မကို ဘယ္လိုမ်က္ႏွာနဲ႕ ရင္ဆိုင္ရဲမလဲဆိုတာကို ၾကည့္ရေသးတာေပါ့
သင္သည္ ခ်ဴဟြမ္ေက်ာက္ ထံမွ အမ်က္ပြိုင့္ ၂၃၃...၂၃၃...၂၃၃... ရရွိလိုက္သည္။
က်ီေရွာင္ခ်ီ လည္း ေတြေဝေနရာမွ ျပန္နိုးလာသည္။ ယခုကဲ့သို႔ေသာ အေျခအေနမ်ိဳးအတြက္ သူမ အေတြ႕အႀကဳံမရွိေပ။ သူမ တတ္နိုင္ေသာအရာမွာ ရွက္႐ြံမႈေၾကာင့္ မူးေမ့မသြားရန္ႀကိဳးစားနိုင္႐ုံသာျဖစ္သည္။
ဇူအန္က အဝတ္အစားတစ္စုံ အျမန္ယူလိုက္ၿပီး သူမအေပၚ ၿခဳံေပးလိုက္သည္။ ေရွာင္ခ်ီ။ ဒီမွာေနၿပီးေတာ့ အဝတ္ဝတ္လိုက္ဦး။ ငါတို႔ မင္းကို အျပင္မွာ ေစာင့္ေနမယ္
ေက်းဇူး... က်ီေရွာင္ခ်ီ မွာ သူ၏ နားလည္ေပးမႈကို အလြန္ေက်းဇူးတင္လိုက္သည္။ သို႔ေသာ္ တခဏအၾကာတြင္ သူမ လုံးဝ ဇေဝဇဝါျဖစ္သြားသည္။ သူ၏ မဖြယ္မရာလုပ္ျခင္း ခံရသူမွာ သူမျဖစ္သည္။ သို႔ေသာ္ သူမက သူ႕ကို ဘာေၾကာင့္ ေက်းဇူးတင္လိုက္သနည္း။
ဇူအန္ ရွက္ခိုးရွက္ကန္း ရယ္လိုက္သည္။ ေရခ်ိဳးခန္းထဲမွ အျမန္ထြက္သြားလိုက္သည္။ ခ်ဴဟြမ္ေက်ာက္ ကို တြန္းေခၚသြားကာ ေရခ်ိဳးခန္းတံခါးကို ပိတ္လိုက္သညိ။
မင္းဒီမွာ ဘာလာလုပ္ေနတာလဲ။ ဟြမ္ေက်ာက္ ဇူအန္ ေမးလိုက္သည္။
ခ်ဴဟြမ္ေက်ာက္ က မရပ္မနား ေလွာင္ရယ္လိုက္သည္။ ဒီကိုသာ ေရာက္မလာခဲ့ရင္ အဲ့ဒီလို စိတ္လႈပ္ရွားစရာေကာင္းတဲ့ ျမင္ကြင္းမ်ိဳးကို ႀကဳံရမွာမဟုတ္ဘူး။ ဒီက်ီေရွာင္ခ်ီက အၿမဲတမ္း ယဥ္ေက်းသိမ္ေမြ႕ၿပီးေတာ့ အေနအထိုင္ဆင္ျခင္တတ္ပါတယ္။ ဒါေပမယ့္ ေယာက္်ားေတြကို ျဖားေယာင္းတတ္တဲ့ မိန္းမတစ္ေယာက္ျဖစ္မယ္လို႔ မထင္ထားမိဘူး
သူမ၏ အသံကို တမင္ ျမႇင့္တင္လိုက္သည္။ ေရခ်ိဳးခန္းထဲတြင္ရွိေနေသာ သူကို ၾကားခ်င္ေစသည့္ပုံရသည္။
သင္သည္ ခ်ဴဟြမ္ေက်ာက္ ထံမွ အမ်က္ပြိုင့္ ၆၆...၆၆...၆၆.. ရရွိလိုက္သည္။
ဇူအန္ မ်က္ေမွာင္က်ဳံ႕လိုက္သည္။ ဟြမ္ေက်ာက္ မင္းက အရမ္းရိုင္းတာပဲ
ခ်ဴဟြမ္ေက်ာက္ ျပက္ရယ္ျပဳလိုက္သည္။ နင့္မွာ ဇနီး ရွိတာကို သူမ ေသခ်ာသိတာပဲ။ ဒါေတာင္ နင့္ကို ျဖားေယာင္းရဲေသးတယ္။ သူေတာင္ အရွက္ခြဲခံရမွာကို မေၾကာက္ရင္ ငါက ဘာကိုေၾကာက္ေနရမွာလဲ
သင္သည္ ခ်ဴဟြမ္ေက်ာက္ ထံမွ အမ်က္ပြိုင့္ ၉၉...၉၉...၉၉... ရရွိလိုက္သည္။
သူ၏ စနစ္ထဲသို႔ အမ်က္ပြိုင့္မ်ား တသြင္သြင္ စီးဆင္းလာေနေသာ္လည္း ဇူအန္ မေပ်ာ္ေပ။
လုပ္စမ္းပါ။ အဲ့ဒါက တကယ္ပဲ မင္း ထင္ေနသလိုမဟုတ္ဘူး။ ငါက မိန္းကေလးက်ီကို ေဆးတစ္ခ်ိဳ႕ ကူၾကည့္ခိုင္းခဲ့တယ္။ သူ မေတာ္တဆ အဆိပ္မိသြားခဲ့တယ္။ အဆိပ္ရဲ႕ အာနိသင္ေတြကို ေဖ်ာက္ဖို႔အတြက္ ေရခဲေရစိမ္ဖို႔လိုအပ္ခဲ့တယ္... ဇူအန္ အျမန္ရွင္းျပလိုက္သည္။
ခ်ဴဟြမ္ေက်ာက္ က သူ႕ကို မယုံၾကည္ေသးေပ။ အဲ့ဒီလို အဝတ္ခြၽတ္ထားရေအာင္ ဘယ္လိုအဆိပ္မ်ိဳးလဲ။ ကာမအားတိုးေဆး လား
ဇူအန္ အသက္ရႈရပ္မတတ္ျဖစ္သြားသည္။ ေခါင္းေပၚ သံရိုက္ခ်ခံလိုက္ရသည္။
သို႔ေသာ္လည္း က်ီေရွာင္ခ်ီ ၏ ဂုဏ္သတင္းေကာင္းကို သိေနေသာေၾကာင့္ ဤအရာကို ဝန္ခံရန္ ရွက္ေနသည္။ တကယ္ပဲ မင္းထင္ေနသလိုမဟုတ္ဘူး။ မိန္းကေလးက်ီကို မင္းမယုံရင္ေတာင္မွ ငါ့ကို ယုံသင့္တယ္
ခ်ဴဟြမ္ေက်ာက္ မ်က္ေတာင္ခတ္လိုက္သည္။ သူမ၏ ေဒါသမွာ အနည္းငယ္ ၿငိမ္းသြားသည္။
သင္သည္ ခ်ဴဟြမ္ေက်ာက္ ထံမွ အမ်က္ပြိုင့္ ၂၂...၂၂...၂၂... ရရွိလိုက္သည္။
သူ၏ ေျပာစကားကို သူမ ရွင္းရွင္းလင္းလင္း ၾကားလိုက္ရသည္။
သို႔ေသာ္ ခ်ဴဟြမ္ေက်ာက္ က အလြယ္တကူ အလွည့္စားမခံေပ။ သူ႕အေဒၚက ေက်ာင္းအုပ္မဟုတ္လား။ ဒါဆိုလည္း သူ႕အေဒၚဆီကို ဘာေၾကာင့္မသြားတာလဲ။ ဘာျဖစ္လို႔ သူက နင့္လို ေယာက္်ားတစ္ေယာက္နဲ႕ ေရအတူခ်ိဳးရတာလဲ
ဇူအန္ ခါးသက္သက္ၿပဳံးလိုက္ကာ ဆက္ရွင္းျပလိုက္သည္။ ေက်ာင္းအုပ္က်န္းက လုပ္စရာ တစ္ခုခုရွိေနတယ္...
ထိုအခ်ိန္တြင္ က်ီေရွာင္ခ်ီမွာ အဝတ္ျပန္ဝတ္ၿပီးသြားသည္။ ေရခ်ိဳးခန္းမွ အျမန္ထြက္လာကာ တိုးတိုးေလးေျပာလိုက္သည္။ အိမ္အရင္ျပန္ေတာ့မယ္
သူ၏ အျပန္စကားကို ေတာင္ မေစာင့္ေတာ့ဘဲ သူမ အျမန္ထြက္သြားခဲ့သည္။
ဇူအန္ သက္ျပင္းခ်လိဳက္သည္။ ဘာေတြျဖစ္ေနတာလဲ။ ငါ ဘာမွ မွားတာမလုပ္ထားဘူးေလ။ ဒါေတာင္ ဒီလိုၿဂိဳလ္ဆိုးလာဝင္ေနတယ္။
ခ်ဴဟြမ္ေက်ာက္က သူ၏ သက္ျပင္းခ်လိဳက္ျခင္းေၾကာင့္ စိတ္မေလ်ာ့သြားေပ။ ဘာေတြ အလိုမက်ျဖစ္ေနတာလဲ။ နင့္ရဲ႕ ေပ်ာ္စရာအခ်ိန္ေလးကို ငါ ဖ်က္ဆီးမိလိုက္လို႔လား
ဒီလိုလူတိုင္းက အရွက္တရားနဲ႕ နားလည္မႈလြဲၿပီးေတာ့ ထြက္သြားရတာကို မုန္းေနမိ႐ုံပဲ။ ၿပီးေတာ့ သူက ဘာအေၾကာင္းျပခ်က္မွမရွိဘဲနဲ႕ အေျပာခံခဲ့ရတယ္
ဇူအန္ မွာ စြမ္းအင္အမ်ားအျပား သုံးကာ စုံေနေအာင္ ရွင္းျပလိုက္ရသည္။ က်ီေရွာင္ခ်ီ မွာ အဆိပ္ေျဖရန္ ဤေနရာသို႔ လာခဲ့႐ုံမွ်သာဟု ခ်ဴဟြမ္ေက်ာက္ကို ရွင္းျပနိုင္႐ုံေလးသာျဖစ္ခဲ့သည္။
ခ်ဴဟြမ္ေက်ာက္ ၏စိတ္ထဲ ထိတ္လန့္မႈ တစ္ခု ႐ုတ္တရက္ ဝင္လာသည္။ အို မဟုတ္ေသးဘူး...ဒီကိစၥေၾကာင့္ ေက်ာင္းအုပ္က်န္းက နင့္ကို ခက္ခဲေအာင္ တိတ္တိတ္ေလး ႀကံစည္ရင္ ဘယ္လိုလုပ္မလဲ။ နတ္ေဆးဆရာက်ီ ကလည္း ငါ့သမီးကို အရမ္းဂ႐ုစိုက္တာေနာ္။ သူက နင့္အေနာက္ လိုက္လာရင္ ဘယ္လိုလုပ္မလဲ
ေကာင္မေလး ဒါကို စိုးရိမ္ေနဖို႔ အရမ္းေနာက္မက်လြန္းဘူးလား ဇူအန္ မခံမရပ္နိုင္ေျပာလိုက္သည္။
သူမကို အခုသြား ေတာင္းပန္လိုက္ရင္ေရာ ဘယ္လိုလဲ ခ်ဴဟြမ္ေက်ာက္ က အေစာက သူမ၏ အျပဳအမူကို ေနာင္တရေနသည္။ အထူးသျဖင့္ ယခုအခါတြင္ အဆိပ္ေျဖရန္အတြက္သာ သူမ၏ ခဲအိုျဖစ္သူကို လာအကူအညီေတာင္းရျခင္းကို သိသြားေသာအခ်ိန္တြင္ျဖစ္သည္။
ထားလိုက္ေတာ့။ ေနာက္မွ သူ႕ကို ရွင္းျပဖို႔ အခြင့္အေရးတစ္ခုရွာလိုက္မယ္။ ဤမိန္းကေလးႏွစ္ဦး ထပ္မံဆုံေတြ႕ပါက ကိစၥမ်ား တစ္စုံတစ္ရာ မွားယြင္းသြားဦးမည္ကို ဇူအန္ စိုးရိမ္ေနသည္။
ဒါဆို ဒီေန႕ကိစၥအေၾကာင္း မမကို မေျပာေတာ့ဘူး။ ဒါေပမယ့္ ေနာက္တစ္ခါ ဒီလိုထပ္ရွိရင္ေတာ့... ခ်ဴဟြမ္ေက်ာက္ ႏွာေခါင္းရႈံ႕လိုက္သည္။ သူမ၏ ခ်စ္စဖြယ္ အစြယ္ေလးမ်ားကို ျပလိုက္သည္။
ေနာက္တစ္ႀကိမ္ဆိုတာ မရွိဘူး
ဇူအန္ အခိုင္အမာေျပာလိုက္သည္။
သူ႕အေဆာင္ေသာ့မ်ားကို အကယ္ဒမီအား ေသခ်ာေပါက္ လဲခိုင္းရေပမည္။
ခ်ဴဟြမ္ေက်ာက္ က ဤအျဖစ္အပ်က္ၿပီးေနာက္တြင္ အိပ္ခ်င္စိတ္ မရွိေတာ့ေပ။ သို႔ေသာ္လည္း သူ၏ အခန္း ထဲတြင္ ေလွ်ာက္ရွာလိုက္ေသးသည္။
ဤေနရာတြင္ မိန္းကေလးတစ္ေယာက္ေယာက္ ေနထိုင္သည့္ အရိပ္အေယာင္ တစ္စုံတစ္ရာ မေတြ႕ရေသာအခါမွ စိတ္ေက်ေက်နပ္နပ္ျဖင့္ ထြက္ခြာသြားေတာ့သည္။
ဇူအန္ ေခြၽးသုတ္လိုက္သည္။ သူ၏ ေမာင္းမအခ်င္းခ်င္း အျငင္းပြားေစ၍ အမ်က္ပြိုင့္မ်ား ယူရန္ အႀကံဉာဏ္မွာ ေကာင္းေသာအႀကံမဟုတ္ေၾကာင္း ႐ုတ္တရက္ သတိထားမိလိုက္သည္။
စာသင္ခန္းသို႔ ျပန္ေရာက္ေသာအခါ သူ၏ ခ်စ္လွစြာေသာ အတန္းေဖာ္မ်ားက မနာလိုေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနသည္ကို ျမင္လိုက္ရသည္။ ထိုအခါမွ ဇူအန္၏ ခံစားခ်က္မွာ အနည္းငယ္ ေကာင္းမြန္သြားသည္။
ေန႕တစ္ေန႕၏ သင္ခန္းစာမ်ား လွ်င္ျမန္စြာ ၿပီးဆုံးသြားသည္။ အကယ္ဒမီ၏ ပင္မဝင္ေပါက္မွ ေနာက္ဆုံးတြင္ ေလွ်ာက္လွမ္းထြက္ခြာလာနိုင္ခဲ့ၿပီး ဝမ္ယြမ္လုံ ၏ ျမင္းလွည္းမွာလည္း ထိုေနရာတြင္ ေစာင့္္ဆိုင္းေနသည္။
ဇူအန္ ႏွင့္ ေဝေဆာင္ တို႔ လွည့္ေပၚတက္သြားၿပီးေနာက္ သူတို႔၏ ေဘးတြင္ ဝမ္ကလန္၏ လွည္းတစ္စီးလည္း ရွိေနသည္ကို ႐ုတ္တရက္ သတိျပဳမိလိုက္သည္။
ဇူအန္ သိခ်င္သြားသည္။ သူတို႔ေတြက အကယ္ဒမီက အျခားသူေတြကိုလည္း ေစာင့္ေနတာလား။
ထို႔ေနာက္ မၾကာခင္တြင္ အကယ္ဒမီမွ လွပေသာပုံရိပ္ ႏွစ္ခု ေလွ်ာက္လွမ္းလာသည္။
သူတို႔ထဲမွ တစ္ဦးမွာ အိေျနၵရွိၿပီး ညင္သာေသာ ဆြဲေဆာင္မႈတစ္ခုရွိေနသည္။ ထိုသူမွာ က်န္းတန္ မွလြဲ၍ မည္သူျဖစ္နိုင္မည္နည္း။
က်န္းတန္ က သူ၏ အၾကည့္ကို သတိထားမိေသာအခါ အနည္းငယ္ ေခါင္းၿငိမ့္ျပလိုက္သည္။ ေနေကာင္းတယ္ေနာ္ ဇူသခင္ေလး
မဂၤလာပါ မိန္းကေလးက်န္း ဇူအန္ ရွက္ကိုးရွက္ကန္း ျပန္ေျဖလိုက္သည္။
ဒီမိန္းကေလးက တကယ္ပဲ...အဲ့ဒီအခ်ိန္ကနဲ႕...အခုေတာ့ လုံးဝ အျခားသူတစ္ေယာက္လိုပဲ။
သို႔ေသာ္လည္း သူမ၏ က်ရာေနရာတြင္ မည္မွ်ေကာင္းမြန္စြာ သ႐ုပ္ေဆာင္ရျခင္းကို ဇူအန္ ခ်ီးက်ဴးရမည္ျဖစ္သည္။
မင္းတို႔ေတြလည္း ေလးလမ္း စားေသာက္ဆိုင္ ကို သြားၾကမလို႔လား ဇူအန္ စပ္စုလိုက္သည္။ သူမလည္း ဝမ္ကလန္၏ လွည္းဆီသို႔ ေလွ်ာက္သြားသည္။
ဟုတ္တာေပါ့။ ကြၽန္မတစ္ေယာက္တည္း မဟုတ္ဘူး။ အစ္မခ်ီလည္း ပါလိမ့္မယ္ က်န္းတန္က ေဘးတြင္ရွိေနေသာ ခ်ီေဒါင္ရင္း ကို တံေတာင္တြတ္လိုက္ကာ တခစ္ခစ္ရယ္လိုက္သည္။
----- -------------------------------- ----- - - - - - - - - - - - - ---