တစ်ယောက်သောသူရဲ့မျက်ဝန်း (OR)...

De Daisy-Kim

141K 5.7K 423

မြတ်အားမာန်+ရောင်စဉ်ဖြာ started date-2.4.2022 end date. -3.5.2022 Mai multe

intro
အပိုင်း၁(အတိတ်ကဖြစ်ရပ်များ)
အပိုင်း၁(အတိတ်ကဖြစ်ရပ်များ)
အပိုင်း၂(အရင်းနှီးဆုံးသူငယ်ချင်း)uni
အပိုင်း၂(အရင်းနှီးဆုံးသူငယ်ချင်း)Zawgyi
အပိုင်း၃(ပြစ်ဒဏ်သင့်သွားသောနှင်းဆီပန်းလေးများ)
အပိုင်း၄(အချစ်ဦးနဲ့ပြန်လည်စုံတွေ့ခြင်း)
အပိုင်း၎(အချစ်ဦးနဲ့ပြန်လုံဆုံတွေ့ခြင်)
အပိုင်း၅ (သခင်ငယ်လေးရဲ့လှို့ဝှက်ချက်)
အပိုင်း၅(သခင်လေးရဲ့လှို့ဝှက်ချက်)
အပိုင်း၆( မောင့်အဖြူရောင်ဒေစီ)
-အပိုင်း၇- ပန်းတစ်ပွင့်ပန်ဆင်တိုင်းကိုယ့်ကိုသတိရနေပေးပါ.. (Zawgyi)
အပိုင်း၈(သဝန်တိုနေသောသခင်လေး)
အပိုင်း၉(တိတ်တဆိတ်ဖွင့်ဟဝန်ခံခြင်း)
အပိုင္း၉( တိတ်တဆိတ်ဖွင့်ဟဝန်ခံခြင်း)
အပိုင်း၁၀(သခင်ငယ်လေးရဲ့နေ့စဉ်တာဝန်)
အပိုင်း၁၁(သခင်‌လေးရဲ့ပထမဆုံးလက်ရာ)
အပိုင်း၁၂ (သီချင်းလေးတစ်ပုဒ်)
အပိုင်း၁၃( ချွဲနေသောသခင်လေး)
အပိုင်း၁၄ (အချစ်ညလေးတစ်ည)
အပိုင္း၁၄ (အခ်စ္ညေလးတစ္ည)
အပိုင်း၁၅(အသိမပေးပဲခွဲခွာခြင်း)
အပိုင်း၁၆(မဖြစ်နိုင်တဲ့တောင်းဆိုချက်)
အပိုင်း၁၇( ကိုကိုအလှလေးနဲ့တစ်ည)
အပိုင်း၁၇(ထွက်ပြေးသွားသောအလှလေး)
အပိုင်း၁၈( ပိုင်ဆိုင်ချင်လွန်း၍ကြူးလွန်ခဲ့သောပြစ်မှုတစ်ခု)
အပိုင်း၁၉(သေဆုံးခြင်းမည်ပေလား)uni+Zawgyi
အပိုင်း၂၀(ဇာတ်သိမ်း)uni+zawgyi
အပိုင်း(၂၁) Final!(uni+Zawgyi)
special episode (U+Z)
Special episode extra 2( U+Z)
Special episode final extra (U+Z)
Happy Merry Christmas 🎄
Happy Anniversary 🤍

-အပိုင်း၇- ပန်းတစ်ပွင့်ပန်ဆင်တိုင်းကိုယ့်ကိုသတိရနေပေးပါ..(uni)

3.6K 235 9
De Daisy-Kim

ပြသာနာဖြစ်ပြီးနောက်တစ်နေ့..

အရာအားလုံးက ပုံမှန်အခြေအနေပြန်ရောက်သွားပေမဲ့ အတင်းအဖျင်းတွေက တော့ပြောနေဆဲ။ သခင်လေးရဲ့ အရှိန်အဝါကြောင့် ပေါ်တင်မပြောရဲပေမဲ့ တိုးတိုးပြောနေကြတုန်းပါပဲ။ ကျွန်တော့်ဘေးက သန့်လင်းကတော့ မနေ့က သူ ကျောင်းတတ်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီးပြောနေလို့ ကျွန်တော့်မှာချော့ရသေးတယ်..။

တဂယ်တော့ ဒီပြသာနာက ဖြစ်ချိန်တန်လို့ဖြစ်တာပါပဲ..မနေ့က မဖြစ်ခဲ့ရင်တောင် တစ်နေ့ကြုံတွေ့လာရမဲ့ ပြသာနာတွေပါပဲ..။ အဲ့ကြောင့်မို့ ဝမ်းလဲမနည်းပါဘူး..။

ကိုကိုဝင်လာတဲ့အချိန်မှာ..ကျောင်းခန်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်..။

" မနေ့က ဆရာ့အနေနဲ့ သေချာ မရှင်းပြခဲ့ရတဲ့ ပြသာနာကို ဒီနေ့အကုန်ရှင်းပြပေးမယ်..။ မေးခွန်းပြသာနာပေါ့ ဆရာ့အနေနဲ့က ကျောင်းကို ပထမနှစ်ဝက်ဖြေခါနီးမှ ဆရာရောက်လာခဲ့တာ..မင်းတို့ရဲ့အရင်ဆရာက ဘာတွေ သင်သွားခဲ့လဲ ဆရာလဲ မသိဘူး..။ အဲ့ကြောင့် ကျောင်းသားရောင်စဉ်ဖြာက ဆရာ့စီက မေးခွန်းရတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး..။

ပြီးတော့ နောက်တစ်ချက်က မေးခွန်းက ဆရာ့လက်ထဲရောက်လာတဲ့အချိန်က မင်းတို့ စာမေးပွဲမဖြေခင် (၁၅) မိနစ်အလိုပဲ။ အဲ့ မိနစ်မှာ မင်းတို့အကုန်လုံးဖြေဆိုခန်းထဲရောက်နေပြီ။ အဲ့အချိန်မှာ ကျောင်းသားရောင်စဉ်ဖြာက အခန်းထဲကနေ ထထွက်သွားတာ မင်းတို့မြင်လား..။ "

ကိုကို က အချက်အလက်ကြကြရှင်းပြတော့ တစ်တန်းလုံး ဘယ်သူမှအသံမထွက်ကြတော့..။

" ကောင်းပြီ ဒီလောက်ဆို တွေ့တဲ့လူမရှိဘူးပေါ့..။ ကောင်းပြီ ဒီလောက်ဆို ပြသာနာဖြေရှင်းပြီးပြီလို့ ဆရာမှတ်လိုက်တော့မယ်။ စာအုပ်တွေထုတ်ထားကြတော့ စာသင်မယ်..။ "

" ဆရာ! ခနလေးပါ.."
မနေ့က စွတ်စွဲခဲ့တဲ့မိန်းကလေးစီက အသံထွက်လာတော့ စာအုပ်ထုတ်နေတဲ့လူအကုန်လုံးက ထိုကောင်မလေးပေါ်သို့ကျရောက်သွားတော့တယ်။

" မေးစရာ ရှိလို့လား သမီး?"

" ဟုတ်ဆရာ..ကျောင်းပိတ်ရက်တုန်းက ဆရာနဲ့ ရောင်စဉ်ဖြာ ဒေစီခင်းထဲမှာ တူတူနမ်းနေတာကို တွေ့ခဲ့တယ်တဲ့ အဲ့တာကို ရော ဘယ်လိုရှင်းပြမလဲ..."

ထိုအမေးကြောင့် တစ်ခန်းလုံးတဝိုးဝိုးတဝါးဝါးဖြစ်သွားကြတယ်။ ရောင်စဉ်ကိုယ်တိုင်လဲ ထိုမေးခွန်းထုတ်မေးလာမယ်လို့ ထင်မထားတာကြောင့် ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားရတယ်။ အားကိုးတကြီး ကိုကို့ကို လှမ်းကြည့်မိတော့ စိတ်ပူစရာမလိုပါဖူးဆိုတဲ့အကြည့်နဲ့ကြည့်လာတာကြောင့် ရောင်စဉ်စိုးရိမ်နေတဲ့ စိတ်ကလေးကို အနည်းငယ်လျော့ချလိုက်တယ်။

ဘေးနားက သန့်လင်းကိုကြည့်လိုက်တော့လဲ တဂယ်ကြီးလားဆိုတဲ့အကြည့်လာတာကြောင့် ရောင်စဉ့်ခမျာ ရီရမလား ငိုရမလားတောင်မသိတော့။

" အဲ့ဖြစ်ရပ်ကို သမီးကိုယ်တိုင်တွေ့ခဲ့လို့လား."

" မဟုတ်..အဲ့လိုတော့မဟုတ်ပေမဲ့ သမီးသူငယ်ချင်းကိုယ်တိုင်တွေ့ခဲ့တာတဲ့ဆရာ.."

" အဲ့တာဆို သက်သေထုတ်ပြခိုင်းလိုက်ပါ ဆရာနဲ့ကျောင်းသားရောင်စဉ်ဖြာရဲ့ ပုံကို .."

" အဲ့လိုတော့မရှိဘူးဆရာ.."

" ဒါဆို သမီးက ကိုယ်တိုင်လဲ မတွေ့ပဲ စွတ်စွဲတာပေါ့။ သက်သေလဲမရှိပဲနဲ့လေ.."

" ဟို..."

" သမီးကို ဆရာတစ်ခုပြောမယ် နောက်တစ်ခါ သက်သေမရှိပဲ ဘယ်တော့မှ တခြားသူကိုမစွတ်စွဲမိစေနဲ့။ သမီးစွတ်စွဲလိုက်တော့ တခြားသူရဲ့ဘဝ ဘယ်လောက်ထိခိုက်နစ်နာသွားမလဲဆိုတာ သမီးမတွေးမိဘူးလား..ဒီလိုဖြစ်ရပ်က နောက်ဆုံးအကြိမ်ဖြစ်ပါစေ အခု ကျောင်းသားရောင်စဉ် ဖြာကို တောင်းပန်လိုက်ပါ.."

" ဟုတ်ကဲ့ဆရာ..တောင်းပန်ပါတယ် ရောင်စဉ် "

" ရပါတယ်.."

ပြသာနာကို အောင်အောင်မြင်မြင်ဖြေရှင်းလိုက်နိုင်ပေမဲ့ ဝမ်းနည်းလာရတယ်..ဘာလို့လဲ ဆိုတော့ ကိုကိုရဲ့သက်ဆိုင်သူက ကျွန်တော်မှန်းလူတိုင်းမသိသွားလို့လို့ပြောရင် ကျွန်တော်က သိပ်ကိုကလေးဆန်သွားမလား..။

ကျွန်တော်ကလေးဆန်ခွင့်ရှိပါ့မလား.ထိုလူသား အပေါ်မှာလေ..။

စံအိမ်ကြီးရဲ့အနောက်ဘက်ကျွန်တော့်ရဲ့အခန်းလေးထဲမှာစာလုပ်နေတုန်း ကြီးမြရဲ့အသံကြောင့် လုပ်နေတဲ့လက်စ တွေအကုန်ရပ်ပြီး အခန်းထဲကနေထွက်လာခဲ့တယ်။

ဒီနေ့တော့ သခင်လေးက အပေါ်ထပ်မှာရှိနေပေမဲ့ အောက်မဆင်းတတ်တဲ့သခင်လေးအကြောင်းကို နောကြေနေတဲ့ကျွန်တော်က လွတ်လွတ်လပ်လပ် ကြီးမြ စီသွားလိုက်တယ်။

" ကြီးမြ..သားရောက်ပြီ.."

" အေး..သား..တုန်တုန်လေး သခင်မကြီးခေါ်နေတာကွယ်..သွားလိုက်ပါဦး.."

" ဟုတ်ကဲ့ကြီးမြ.."

အောက်ထပ်မှာရှိတဲ့ ဘွားနှင်းရဲ့အခန်းကိုသွားပြီး တံခါးခေါက်လိုက်တော့ ဘွားနှင်းရဲ့ ဝင်ခဲ့ပါဆိုတဲ့အသံလေးကြားမှ တုန်တုန်ဝင်သွားလိုက်တယ်။

ဘွားနှင်းအခန်းထဲခြေချလိုက်တဲ့ ဘွားနှင်းအမြဲတမ်းလူးနေကြဖြစ်တဲ့ နံသာဖြူအနံ့လေးက နှာခေါင်းကို ပွတ်သပ်ကျီစယ်တယ်။ ဘွားနှင်းက ငယ်သေးတယ် ကြီးမြထက် အသက်အနည်းငယ်တယ်လို့ပြောပေမ့အတိအကျတော့မသိ။ ဒါပေမဲ့ ဘွားနှင်းက အလုပ်ဖိစည်းတာကြောင့် ကျန်းမာရေးတော့သိပ်မကောင်း။ ဒူးမကောင်းတာကြောင့် အပေါ်ထပ်ကိုလုံးဝမတတ်နိုင်။ ဒါကြောင့်လဲ သခင်လေးက သူလုပ်ချင်လုပ်နေတာ..။

" ဘွားနှင်း ..သားရောက်ပြီ.."
အသံလေးပြုလိုက်မှ ကြိမ်ခုံပေါ်မှာ အပင်လေးတွေကိုပေါင်းသင်ပေးနေတဲ့ ဘွားနှင်းက မော့ကြည့်လာတယ်။

" အေး..မြေးလေး...တုန်တုန်လေး လာလေကွယ်.."

ဘွားနှင်း အနားကပ်သွားလိုက်တော့ နံသာဖြူအနံ့ကပို၍ သင်းလာတယ်။

" ပင်ပန်းတယ်မှလား..မြေးလေး.."

" ဗျာ.."

" ဆယ်တန်းစာရော တခြားအရာကောပေါ့ကွယ် ကလေးလေးပင်ပန်းနေပြီ လား.."

" မပင်ပန်းပါဘူး..ဘွားနှင်းရဲ့သားအဆင်ပြေပါတယ်ကွယ်.."

" ပင်ပန်းတာရှ်ိရင် အချိန်မရွေးထုတ်ပြောနော် ဘွားမြေးအဆိုးလေးကြောင့် မြေးလေး သိပ်ကိုပင်ပန်းနေရပြီကွယ်.."

" မဟုတ်တာ ဘွားနှင်းရဲ့.."

" ကဲ ဒါတွေထားပါကွယ်..ဒီနေ့ ဘွားနှင်းက တုန်တုန်လေးအကြိုက် မုန့်တီချက်တိုက်မယ်.."

" တဂယ်နော် ဘွားနှင်းး ရက်စ်"

အပြုံးတွေပေါပေါသီသီနဲ့ပြုံးပြလာတဲ့ကလေးလေးကို ကြည့်ရင်း အပျော်တွေက ‌ဒေါ်နှင်းရတနာကိုပ့ ကူးစက်လာတယ်။ ဒီလိုပျော်ရွှင်မှုမျိုးမရတာ ဘယ်လောက်ကြာပြီလဲ..။ ကိုယ့်မြေးကလဲ အမြဲတမ်းဆိုးပေနေတာ..။

" ကဲ လာမြေးလေး..ဘွားတို့ စားဖိုဆောင်သွားရအောင်.."

" ဟုတ်ဘွား.."

ဘွားကို တွဲထူပြီး တုန်တုန်တို့ စားဖိုဆောင် ဘက်ကို‌လျှောက်သွားလိုက်တယ်။ ဘွားနှင်းရောက်သွားတော့ စားဖိုဆောင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်။ မြေးဖြစ်တဲ့ သခင်လေးကိုတောင်ကြောက်ကြတာ ဘွားနှင်းရတနာဆို ပိုဆိူးပေါ့.။

" ဒေါ်မြရေ ကျွန်မကို မုန့်တီချက်ဖို့ပါဝင်ပစ္စည်းလေးတွေ အဆင်သင့်ပြင်ပေးထားပါဦး..အဆင်သင့်ဖြစ်ရင် ခေါ်လိုက်နော် ကျွန်မ လမ်းလျှောက်ထွက်ဦးမယ် "

ဘွားနှင်းက သူ့အကျင့်အတိုင်း တိုတိုနဲ့လိုရင်းသာပြောပြီး ကျွန်တော့်လက်ကိုတွဲပြီး အိမ်ပြင်ထွက်လာခဲ့တယ်။ ကျွန်တော်တွေးမိသေးတယ် သခင်လေးရဲ့စကားအပိုအလို မပြောတတ်တဲ့အကျင့်က ဘွားနှင်းစီက အမွေရတာပဲလို့..။

ခြံထဲရောက်တာနဲ့ အမျိုးအစား စုံလင်စွာစိုက်ထားတဲ့ သစ်ပင်မန်းပင်တွေက စီးကြိုတယ်..။

" ဘွားနှင်း သားတစ်ခုလောက်မေးလို့ရမလား.."

ပန်းပင်တွေကို မြတ်မြတ်နိုးနိုးကြည့်နေတဲ့ ဘွားနှင်းကျွန်တော့်မေးသံကြားတော့ အပြုံးလေးနဲ့ပြန်ဖြေလာတယ်။

" မေးလေ..မြေးလေးရဲ့"

" ဘွားနှင်းက..ဘာလို့ခြံထဲပန်းပင်တွေအများကြီးစိုက်ထားတာလဲဟင် .."

ထိုအမေးကြောင့် ဘွားနှင်းမျက်နှာမှာလွမ်းရိပ်ကလေးသန်းသွားပေမဲ့ ခနတာပါပဲ။ပုံမှန် အခြေအနေကိုပြန်ရောက်သွားတယ်။

" ဘွားနှင်း မစိုက်ရပါဖူးကွယ်..ဒီခြံထဲကအပင်တွေအကုန်လုံးက မင်းအဖိုးစိုက်သွားတာကြီးပဲ.."

" အဖိုး.."

ကျွန်တော်သံယောင်လိုက်ကာပြောမိတော့..။

" အင်းပေါ့ တုန်တုန်လေးက ဘယ်သိပါ့မလဲ အဲ့လူကြီးက သိပ်ကို အသက်တိုတယ်လေ ဘွားနှင်းကို တစ်ယောက်ထဲထားခဲ့ပြီး..သူက အရင် လောကကြီးထဲထွက်သွားတယ်.."

အပြစ်ပြောနေမဲ့ ဘွားနှင်းမျက်နှာမှာ သတိရစိတ်တွေက အထင်းသား..

" ဘွားနှင်း..အဖိုးနဲ့ပတ်သက်ပြီး ပြောပြပါလား.."

" ပြောပြရမှာပေါ့ကွယ်.."

ဘွားနှင်းရဲ့ခြေလှမ်းတွေက အိမ်ဘေးဘက်နံရံမှာကပ်တွယ်နေတဲ့ ပန်းပင်တွေအရှေ့မှာရပ်သွားပြီး..ဇာတ်လမ်းလေးကို အစချီလာတယ်..။

တစ်ခုသောမနက်ခင်းဝယ်..နယ်မြို့ရဲ့ မျက်နှာဖုံးလို့ ပြောလို့ရတဲ့ အိမ်ကြီးမှာ ဒေါသထွက်နေတဲ့မိန်းမပျိုလေးတစ်ယောက်ရှိနေခဲ့တယ်။

" မေမေ! သမီးဒီ လက်ထပ်ပွဲကို လုံးဝ လက်မခံနိုင်ဖူးနော်! သမီးက ဘာလိုအပ်ချက်တွေရှိနေလို့ ဒီလက်ထပ်ပွဲကို လက်ခံရမှာလဲ! "

" နှင်းရတနာ! နင် တိုးတိုးသက်သာပြောစမ်း! မရှက်ဖူးလ ညည်း! မိန်းကလေးတစ်ယောက်က စကားပြောရင် အော်ကြီးဟစ်ကျယ် မပြောရဖူးလို့ ငါမသင်ထားဖူးလား! "

" အမေ!  အမေ ပြောပါ..သမီး ဒီလက်ထပ်ပွဲကို မဖြစ်မနေ လက်ခံရမဲ့အကြောင်းပြချက်..အမေ့အကြောင်းပြချက်ခိုင်မာရင် သမီး လက်ခံမယ်.."

‌နှင်းရတနာ ထိုသို့ပြောလိုက်တော့ အမေက ဘာမှပြောမလာခဲ့။ နှင်းရတနာလို အသက်၁၈ နှစ်ထဲက ဆွေစဉ်မျိုးဆက် ထိန်းသိမ်းလာတဲ့ ချည်ထည်လုပ်ငန်းကို တစ်ဦးတည်း ချုပ်ကိုင်လာတဲ့မိန်းမက ယောက်ျားတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာနေရမယ်တဲ့မဖြစ်နိုင်တာ။

နှင်းရတနာကတော့ အဲ့လိုအဖြစ်မခံနိုင်။

" တော်တော့! ဆေးပေးမီးယူ ယောက်ျားယူရမယ် ငါတို့ဘက်က စကားကျွံပြီးသွားပြီ သဘက်ခါ စေ့စပ်ပွဲ! မဟုတ်တရုတ်လုပ်မယ်ဆိုတဲ့အတွေးတွေရှ်ိနေရင် အခုထဲက သိမ်းထားလိုက် မိနှင်း! "

အပြင်က ပြန်လာတဲ့ ဖေဖေ့စီက ဒေါသတကြီး ပြောလာတဲ့ အသံကြောင့် နှင်းရတနာပါးစပ်ပိတ်သွားရတယ်။ နှင်းရတနာက အမေ့ကိုသာမကြောက်ရင်နေမယ်..အဖေ့ကိုတော့ကြောက်ငည်။ ဘာလို့ဆို ငယ်ငယ်တည်းက တစ်သွေးတစ်သံတမိန့်ကို ကျင့်သုံးလာတဲ့ဖေဖေရဲ့အပြောကို လွန်မဆန်နိုင်။

" ဒါဆို..ဖေဖေ! မနက်ဖြန် သမီးနဲ့ အဲ့လူနဲ့ကို တွေ့လို့ရအောင်လုပ်ပေး.. တွေ့ကြည့်ပြီးသမီးအဆင်ပြေမှ လက်ခံနိုင်မယ်။ "

" အေး..တွေ့လို့ရအောင်လုပ်ပေးနိုင်မယ်..ဒါပေမဲ့ ငြင်းဆန်လို့တော့ရမှာမဟုတ်ဘူး.."

" ဖေ့! "

" အခုသွားတော့ နှင်းရတနာ! ဒီနေ့ကစပြီး သဘက်ခါစေ့စပ်ပွဲပြီးတဲ့အထိ ညည်းအပြင်ထွက်လို့မရဖူး! "

ထိုစကားပြောပြီး အခန်းထဲတန်းဝင်သွားတြ့ ဖေ့ဖေ့ကြောင့် ပြန်ပြောမဲ့စကားတွေတောင် မပြောလိုက်ရ။

မနက်ဖြန် ထိုလူနဲ့တွေ့မှ သူ့ဘက်က ငြင်းခိုင်းရမယ်လို့တွေးရင်း နှင်းရတနာစိတ်လျော့လိုက်ရတယ်။

နှင်းရတနာအပြင်လဲမထွက်ရတော့ပုံမှန်အတိုင်း ခြံထဲက အရိပ်ရတဲ့သစ်ပင်ကြီးစိုက်ထားတဲ့နေရာမှာ စာရင်းတွေထိုင်လုပ်နေတယ်။ အလုပ်လုပ်ရင် အပြင်ကို ဘာမှမသိတော့တာကြောင့် အရှေ့မှလူရောက်နေမှန်းသတိမထားလိုက်။

မြင်ကွင်းထဲ ရောက်လာတဲ့ ခြေဖမိုးဖြူဖြူကို မြင်မှ မော့ကြည့်မိတော့ မျက်နှာချင်းဆိုင် ခုံမှာ ထိုင်ပြီး နှင်းရတနာ စာရင်းလုပ်နေတာကိုကြည့်နေတဲ့အမျိုးသား..။

လူတစ်ယောက်ကို‌ေတွ့ရင် ခေါင်းအစခြေအဆုံး ကြည့်တတ်တဲ့နှင်းရတနာကို ထိုလူက ပြုံးပြလာတယ်။ သာမန်ပါပဲရုပ်ရည်က အသားပိုဖြူတာရယ်..၊ အရပ်ရှည်တာရင် ..။ ဒါပေမဲ့ထိုလူသားကိုကြည့်ရင် နွေးထွေးတယ်လို့ခံစားမိတယ်။

" ရောက်နေရင်..အသံလေးဘာလေး ပေးသင့်တယ်လို့မထင်ဖူးလား..လူကြီးမင်းရှင့်"

ဖေ့ပြောဖူးတဲ့ထိုလူက ဆွေကြီးမျိုးကြီးထဲက ဆိုတာကြောင့် အယဉ်ကျေးဆုံးပြောလိုက်ပေမဲ့ အသံအနေအထားက ယဉ်ကျေးမနေတာကိုတော့ ထိုလူလဲ သတိထားမိမှာ။ ဒါပေမဲ့ ဘာမှအပြစ်ပြောမလာခဲ့။

" ကိုယ်ကို..လူကြီးမင်းလို့ ခေါ်စရာမလိုပါဖူး..ဒီတိုင်း ကိုမြတ်လို့ ခေါ်ရင်ရပါတယ်..။ ဘာလို့အသံမပေးတာလဲဆိုတော့ ကိုယ်အသံပေးလိုက်ရင်..နှင်းအလုပ်ပျက်သွားမယ်လေ.."

လေသံအေးအေးလေးနဲ့ပြောလာတဲ့ထိုလူဟာ အနည်းငယ်တော့ ဒေါသထွက်ချင်စရာပေ ။

" မဖြစ်ပါဖူး..ဒါနဲ့ ဘာလို့ ကျွန်မ ခေါ်ခိုင်းလိုက်ရတာလဲဆိုတာ ဒီဘက်က လူကြီးမင်းလဲ သိမယ်လို့ထင်ပါတယ်.."

" သိပါတယ်..ဒါပေမဲ့ နှင်း ကိုယ် လက်ခံမှာမဟုတ်ဘူး.."

" ရှင်! ကိုယ့်ကိုသဘောမတွေ့တဲ့မိန်းကလေးနဲ့ တသက်လုံးတူတူရှိနေနိုင်မယ်လို့ ရှင်ထင်နေတာလား.."

နှင်းရတနာအမေးကို ချက်ချင်းပြန်မဖြေပဲ..ခြံထဲကိုစိတ်ဝင်တစားလိုက်ကြည့်နေတဲ့ထိုလူ။

" နှင်း..ကိုယ်တို့လက်ထပ်ပြီးရင် နှင်း ကိုယ့်အိမ်လိုက်နေမှာလား.."

" ရှင်..ကျွန်မမေးတာကို မကြားတာလား! မသိချင်ယောင်ဆောင်နေတာလား.."

" ထိုအမေးအတွက် ကိုယ့်ဘက်က ဖြေသင့်သလောက်ဖြေပြီးပြီးထင်တယ်..နှင်းက ကိုယ့်ကိုမချစ်ပေမဲ့ ကိုယ်က နှင်းကို ချစ်တယ်လေ.. ချစ်ခြင်းတစ်ခုမှာ တစ်ဖက်တည်းက ချစ်ပေးနေလို့အဆင်မပြေတာ သိပေမဲ့ ကိုယ်ကတော့ နှင်းသာကိုယ့်အနားမှာရှိရင် လက်ခုပ်တစ်ဖက်တည်းတီးလဲ အသံမြည်နိုင်မယ်လို့ ယုံတယ် "

အမှန်တမ်းဝန်ခံရရင် ထိုလူပြောလာတဲ့စကားကြောင့် အနည်းငယ်ရင်ခုန်သွားမိတာအမှန်ပါ။

နှင်းရတနာ ထိုလူနဲ့လက်ထပ်ဖြစ်ခဲ့ပါတယ်။ သူတောင်းဆိုတဲ့ ကတိတွေအတိုင်း တဝေမသိမ်းလိုက်လုပ်ပေးတဲ့သူကြောင့် လက်ထပ်မိတာ အနည်းငယ်တော့နောင်တမရပါဖူး။ တစ်ခါတစ်ရံ အချစ်စာတွေဖွဲ့ဆိုတာကလွဲရင် ကျန်တာအကောင်းပါပဲ။

လက်ထပ်ပြီး တစ်နှစ်အကြာမှာ နှင်းရတနာရဲ့မိဘနှစ်ပါး လုံးမတော်တဆမှုတစ်ခုကြောင့်ဆုံးပါးသွားတာကြောင့် သူ့အရင်အိမ်ကိုပြန်လာခဲ့ကြတယ်။ ထိုလူက တစ်ခွန်းတပါဒမှ ငြင်းဆန်ခြင်းမပြုပဲ..လိုက်နေခဲ့တယ်။

ထိုလူစံအိမ်ကိုရောက်ရောက်ချင်းပထမဆူံးလုပ်တဲ့အလုပ်က ပန်းပင်တွေပျိုးတာပဲ။ ဆွေကြီးမျိုးကြီးထဲကသားဖြစ်သူက ပန်းပင်တွေကိုစိတ်ရှည်လက်ရှည်နဲ့ ပျိုးနေလို့ နှင်းရတနာကိုယ်တိုင်တောင်အံ့ဩခဲ့ရသေးတယ်။

ပြီးတော့ မိဘတွေရဲ့နောက်ဆုံး ဆန္ဒဖြစ်တဲ့ မြေးလိုချင်ဆိုတာကြောင့် ကလေးယူခဲ့တယ်။ သားလေးမွေးတယ်.နှင်းရတနာ အနေနဲ့ ကလေးချစ်တတ်တဲ့စိတ်သိပ်မရှိပေမဲ့လဲ ကိူယ့်ကလေးမို့လို့အပြည့်အဝတော့ဂရုစိုက်ပါတယ်။ ဒါပေမဲ့ ကလေးက သူ့အဖေနဲ့သာ ပိုပျော်တယ်။ သူ့အဖေ ပန်းပင်တွေစိုက်နေရင်ဘေးကနေ သွားကူပျိုးပေးသေးတာ..ပြီးရင်သားအဖနှစ်ယောက် ရွှံ့တလူးလူးနဲ့ပေကျံလာလို့ နှင်းရတနာဆူလိုက်မိရင်..

" ရှင်မ ကလဲ ကိုယ်က ရှင်မအတွက်စိုက်နေတာပါ.."

" ဟုတ်တယ်‌ေ‌ပကြီး ပြောတာဟုတ်တယ်.."

သူ့အဖေစကားကို ဟုတ်ကြောင်း ခေါင်းတညိမ့်ညိမ့်နဲ့လုပ်ပြနေတဲ့သားကြောင့် နှင်းရတနာမှာ ရီခဲ့ရသေးတယ်။

ဘာလို့ပန်းပင်တွေ အများကြီးစိုက်နေတာလို့မေးလိုက်တိုင်း..ထိုလူပြန်ဖြေခဲ့တာက..

" ကိုယ်ပျိုးပေးထားတဲ့ပန်းလေးတွေကို ရှင်မ ပန်လို့ရအောင် ပန်းတစ်ခါပန်တိုင်း..ကိုယ့်ကိုတစ်ခါသတိရနေအောင်.."

ရိသဲ့ရိသဲ့ပြောလာတဲ့စကားကြောင့် နှင်းရတနာမှာ မျက်နှာပူခဲ့ရသေး။ ကလေးတစ်ယောက်ရပြီးပြီဆိုပေမဲ့ ထိုလူနဲ့နှင်းရတနာနဲ့က သာမန်အဆင့်မှာပဲရှိနေခဲ့သေးတယ်။ ဒါပေမဲ့ နှင်းရတနာမလိမ်တန်းဝန်ခံရရင် ထိုလူအပေါ်သံယောဇဉ်တွယ်နေမိပြီ။

စားဖိုဆောင်ဝင်တိုင်း ထိုလူအကြိုက်ဟင်းတွေချက်ပေးတတ်နေပြီ ၊ အပြင်သွားစရာရှိတိုင်း အဝတ်အစားတွေကိုကိုယ်တိုင်ထုတ်ပေးတတ်ပြီ၊ ပြီးတော့ ပန်းတစ်ပွင့်ပန်တိုင်း ထိုလူကိုသတိရတတ်ပြီ။

ဒါပေမဲ့ ထိုပျော်ရွှင်မှုတွေက ကြာရှည်မခံလိုက်ပါဖူး..မိုးသဲတဲ့ည တစ်ညမှာ ဆေးရုံတစ်ရုံစီက ဖုန်းဝင်လာခဲ့တယ်။

' ဒီဖုန်းပိုင်ရှင် ယာဉ်တိုက်မှုကြောင့် အရေးပေါ်ခန်းမှာ  ဆုံးပါးသွားတယ် လူနာရှင် အလောင်းကို သဂြိုလ်ဖို့ အလောင်းလာထုတ်ပေးပါ.'

ထိုစကားကိုကြားတော့အရုပ်ကျိူးပြတ်ဖြစ်သွားခဲ့တယ်။ ထိုလူကို ချစ်တယ်လို့တောင်ဝန်မခံရသေးတာ..။ ထိုလူက အသဲမာလိုက်တာ..ချစ်တယ်ဆိုတဲ့စကားကိုကြားချင်ပါရဲ့ဆို..ဒါဆိုဘာလို့များ မစောင့်နိုင်ခဲ့ရတာလဲ..။ ဘာလို့များအရင်ထွက်ခွာသွားရတာလဲ..။

အလောင်းကို သန့်ရှင်းပေးတဲ့သူတွေက လက်ဖြေလို့မရဖူးဆိုလို့နှင်းရတနာကိူယ်တိုင် ထိုအခန်းထဲကိုဝင်ပြီး ဖြေပေးတော့ လွယ်လွင့်တကူပဲ ဖြေလို့ရခဲ့တယ်။

ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့တာက မျိုးစေ့အိတ်လေးတစ်အိတ်..။ ထိုလူကိုဒေါသထွက်မိပါတယ်..ထိုမျိုးစေ့လေးအတွက် ထားသွားခဲ့လို့။

သားကတော့ သူ့အဖေဆုံးပါးသွားတဲ့နောက်ပိုင်း ပန်းပင်တွေကို လှည့်တောင်မကြည့်တော့။ နှင်းရတနာအားငယ်နေမှာဆိုး၍ အမြဲတစေပျော်နေတဲ့ပုံရိပ်ကိုပြပေမဲ့ အမေမဟုတ်လား ကိုယ်မွေးထားတဲ့ကလေးရဲ့အတွေးတွေကိုသိတာပေါ့။

တစ်နေ့ ထိုလူရဲ့အဝတ်အစားတွေကိုထုတ်ရှင်းတော့ အဝတ်တွေအောက်မှာဝှက်ထားခဲ့တဲ့ ဒိုင်ယာရီလေးတစ်အုပ်ကိုတွေ့လိုက်ရတယ်။ နာမည်ထိုးထားတာက

' မောင့်ရဲ့နှင်း'  တဲ့

ဒိုင်ယာရီလေးအစချီတာက

ကျွန်မနှင်းရတနာသာဖြစ်တယ်။ မြင်မြင်ချင်းချစ်မိခဲ့တယ်တဲ့လေ ထိုလူက..။  နှင်းဆိုတဲ့ကျွန်မကို ချစ်မိခဲ့တာနောင်တမရဖူးတဲ့။ ကျွန်မကတော့နောင်တရလိုက်တာ 'ကို'ရယ် ချစ်တယ်လို့တောင် မပြောနိုင်လိုက်လို့..။

ဒိုင်ယာရီဖတ်ရင်းသိလာရတာက ကျွန်မ ထိူလူစီက နောက်ဆုံးရခဲ့တဲ့မျိုးစေ့လေးက
' Cherokee rose' တဲ့လေ မြန်မာလိုဆို နှင်းဆီကံ့ကော်တဲ့။  ထိုလူ ကျွန်မရဲ့စံအိမ်ကို ပန်းဥယျာဉ်အဖြစ်ပြုလုပ်ရင်း နောက်ဆူံးတစ်မျိူးကျန်တဲ့ပန်းအမျိုးအစားပေါ့..။

ပန်းမချစ်တတ်တဲ့ ကျွန်မက ပန်းအကြောင်းနားလည်တဲ့ဥယျာဉ်မှူးတွေ ခေါ်ပြီး ထိုအပင်လေးကိုရှင်သန်အောင် ကြိုးစားခိုင်းခဲ့ရတာပဲ။ နောက်ပြီး ကျွန်မကိုယ်တိုင်လဲ ပန်းလေးတွေကိုပြုစုတတ်အောင်ကြိုးစားခဲ့ရတယ်..။ ကျွန်မ ထိုပန်းလေးတွေ ပထမဆူံးပွင့်လာတဲ့အချိန်က အပျော်ဆုံးဖြစ်ခဲ့တယ်..။ ပန်းတွေပွင့်လာတိုင်းတီးတိုးရေရွတ်မိတာက

' ပန်းတစ်ပွင့် ပွင့်တိုင်း ကို့ ကိုချစ်တယ်ပြောမယ်..ပန်းပွင့်‌ေလး‌ေရ မင်းတို့ရဲ့ ပွင့်ဖတ်လေးတွေကတစ်ဆင့် တစ်ယောက်ထဲထားသွားနိုင်ရက်တဲ့လူကြီးထံသို့ပို့ပေးပါ.."

25.1.2023
Daisy-Kim

(A/N ဘွားနှင်းအကြောင်းရေးလိုက်တာလူလဲမျက်ရည်နဲ့မျက်ခွက်)

Continuă lectura

O să-ți placă și

255K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
158K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
539K 35.4K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
201K 33.8K 92
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .