ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

44.7K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

322

180 28 0
By SoeHmue

Chapter 322: ကံသီလို့

ရှန်းလျှို့ယီ က သူမ၏ ခြေထောက်ကို စားပွဲပေါ်မှ ပြန်ရုတ်သိမ်းလိုက်သည်။ ကို့ရို့ကားယားဖြင့် သူမ၏ အဝတ်အစားကို ပြန်ဆွဲဆန့်လိုက်သည်။ ပုံမှန်ဆိုလျှင် တည်ငြိမ်ပြီး လွတ်လပ်သော တင့်တင့်တယ်တယ် မျက်နှာလေးတွင် တစ်ခါမှမမြင်ဖူးခဲ့သော နီမြန်းမှုတစ်ခု ယခုအခါဖြစ်ပေါ်နေသည်။
ဒါတွေအားလုံးက ကျန်းလော့ဖူ ရဲ့ အမှားပဲ။ ဘာအကြောင်းမှမရှိဘဲနဲ့ ဒီ အသားကပ်အချို့ ကြိုးစားကြည့်ဖို့သက်သက်နဲ့ ဘာကြောင့် ခေါ်ခဲ့ရတာလဲ။

သူမ၏ ထူးဆန်းသော အမူအရာကို သတိထားမိသောအခါ ကျန်းလော့ဖူ က ဇူအန့်ကို လှည့်ကြည့်လိုက်သည်။ “တံခါး ဘယ်လိုခေါက်ရမလဲဆိုတာကို မသိဘူးလား”
ဤရုတ်တရက် ကျူးကျော်ဝင်ရောက်လာမှုကြောင့် သူမ တုန်လှုပ်သွားခြင်းမရှိသည်မှာ ရှင်းလင်းနေသည်။ သူမ၏ ခြေထောက်လှလှလေးများက စားပွဲပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် သူမ ဖုံးဖိရန် လည်း မလှုပ်ရှားပေ။

ဇူအန်က ဒဏ်ရာရသွားသော အပြစ်ကင်းသည့် ယုန်သူငယ် ဟန်ဆောင်လိုက်သည်။ “ကျုပ် တံခါးခေါက် ခဲ့တာပဲ။ ဒါပေမယ့် ဘယ်သူမှ ပြန်မဖြေဘူးလေ။ တံခါးကလည်း ပိတ်ထားတာ မဟုတ်တော့ ကျုပ်လည်း ဝင်လာမိရုံပဲ”

ကျန်းလော့ဖူ နှခေါင်းရှုံ့လိုက်သည်။ “ကောင်စုတ်လေး။ နောက်ခါကျရင် နင် မဝင်သင့်တဲ့ နေရာတွေကို လျှောက်မဝင်နဲ့။ နင် သေဆုံးရတဲ့အဖြစ်နဲ့ အဆုံးသတ်ရလိမ့်မယ်”

ဇူအန် လုံးဝ ဆွံ့အသွားသည်။ ခင်ဗျားတို့ နှစ်ယောက်က တကယ်ပဲ အဲ့ဒီလောက်တောင် တရားမလွန်ဘူးလား။ ဘာဖြစ်လို့ ဒါလေးကို အရမ်းအလေးအနက် ပြောနေရတာလဲ။

“ထားလိုက်တော့။ ပြော။ ဒီရက်တွေမှာ နင် ဘယ်ရောက်နေတာလဲ။ နင် ပြန်လာမယ်လို့ ပြောခဲ့ကြောင်း ရှန်းလျှို့ယီက ပြန်တင်ပြခဲ့တယ်။ ပြီးတော့ နင့်ရဲ့ သတင်းအစအနတောင် မကြားရတော့ဘူး။ သူက အရမ်းစိုးရိမ်ပြီးတော့ ချူကလန်ကိုတောင် သွားအကြောင်းကြားတော့မလို့ပဲ” ကျန်းလော့ဖူ က သူ့ကို မပြတ်သားသော အပြုံးတစ်ခုပေးလိုက်သည်။

ဇူအန် တွေဝေသွားသည်။ ရှန်းလျှို့ယီကို အလိုလို တစ်ချက်ကြည့်မိလိုက်သည်။

ရှန်းလျှို့ယီ၏ မျက်နှာမှာ အနည်းငယ် နီးမြန်းနေသည်။ “သူ့ရဲ့ ပေါက်ကရတွေ ကို နားမထောင်နဲ့။ တကယ်တော့ ကျောင်းအုပ်ကျန်းကလည်း နင့်ကို အတော်လေး စိုးရိမ်နေတာပဲ။ သူက အကယ်ဒမီရဲ့ သိုင်းပညာရှင်တွေ အားလုံးကို စေလွှတ်ပြီး နင့်ကို ရှာခိုင်းခဲ့တယ်။ ဒါတောင် ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူး”

ကျန်းလော့ဖူ က သူမ၏ လက်ထဲရှိ ဘီးကို ဝှေ့လိုက်သည်။ “ငါတို့ ကြားက သဘောတူညီမှုက ပြီးသွားပြီဆိုတော့ သူ သေလား ရှင်လား ငါ ဘာကြောင့် ဂရုစိုက်ရမှာလဲ။ အဲ့ဒါက ငါ့အတွက် ထူးဆန်းနေရုံပဲ။ ဒီလောက်လူတွေအများကြီး ရှာတာတောင် ဘာမှမတွေ့လာဘူး။ နင် ဘယ်ကိုရောက်နေခဲ့တာလဲ”

ဇူအန်က သူ ပြင်ဆင်လာသော အရာအားလုံးကို ပြောပြလိုက်သည်။
နဂါးဝှက်တောင်တွင် နဂါးတစ်ကောင်ရှိသည်ကို ကြားလိုက်ရသောအခါ ကျန်းလော့ဖူ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ဇူအန်ဆီမှ နေရာအကြမ်းဖျင်း သိပြီးနောက် သဲလွန်စမကျန် သူမ ပျောက်ကွယ်သွားသည်။

လေထဲတွင် ကျန်းလော့ဖူ၏ မွှေးရနံ့ ကျန်ရစ်နေဆဲ ဖြစ်သည်။ ဇူအန် ကြောင်တောင်တောင်ဖြစ်သွားသည်။ “ဘာတွေဖြစ်နေတာလဲ”

“ကျောင်းအုပ်ကျန်းက ကျင့်ကြံရေးကို အမြဲနှစ်သက်တယ်” ရှန်းလျှို့ယီ ရှင်းပြလိုက်သည်။ “သူက မျိုးနွယ် အမျိုးမျိုးရဲ့ အစွမ်းထက်တဲ့ သတ္တဝါတွေအပေါ် စိတ်ဝင်စားမှုရှိတယ်။ သူ့ရဲ့ အကြီးမားဆုံး နောင်တတစ်ခုက နဂါးအစစ်ကို မမြင်ဖူးတာပဲ။ နဂါးတစ်ကောင် ပုန်းနေတာရှိတယ်လို့ ကြားတဲ့အခါ သူ ဘယ်လိုလုပ် ဒီအတိုင်း ထိုင်နေနိုင်မှာလဲ”

ဇူအန် သဘောပေါက်ကာ ခေါင်းငြိမ့်လိုက်သည်။ စိတ်မကောင်းစရာပဲ။ အဲ့ဒီနဂါးကို သူ ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။

ရှန်းလျှို့ယီ၏ မျက်လုံးလှလှများက သူ့ကို ကြည့်လိုက်သည်။ “နင် ထိန်းနိုင်ခဲ့ပေမယ့် အဲ့ဒါက အရမ်းကို အန္တရာယ်များတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့မှာပဲ”

ဇူအန် ကြောင်သွားသည်။ “ဘာဖြစ်လို့ အဲ့လိုပြောရတာလဲ”

ရှန်းလျှို့ယီ ပြုံးရယ်လိုက်သည်။ “နင့်ကို ပေးလိုက်တဲ့ ပစ္စည်းက ပျက်စီးသွားပြီမလား။ ကြည့်ရတာ နင့်ကို တစ်ချက်တည်းသေလောက်အောင် ပြင်းထန်တဲ့ ရိုက်ချက်တစ်ခုကို ကာပေးခဲ့တယ်ထင်တယ်”

“ကြည့််ရတာ အစ်မကို ဖုံးကွယ်ထားလို့မရဘူးပဲ...” ဇူအန် အသာအယာ အသက်ရှုထုတ်ကာ ပြောလိုက်သည်။ “ကျုပ် အစ်မကို အသက်ကြွေးတစ်ခုတင်သွားပြီ။ ဒီအကြွေးကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတာကို တကယ်မသိဘူး”

“အစကတည်းက နင့်ဆီကနေ ပြန်ဆပ်ဖို့ မမျှော်လင့်ထားပါဘူး။ ပြီးတော့ ငါတို့တွေက မိတ်ဆွေတွေပဲလေ” ရှန်းလျှို့ယီ စကားပြောစဉ်တွင် သူမ တွင် ထူးခြားသော အသွင်အပြင်တစ်ချို့ရှိနေသည်။ သူမ၏ စကားလုံးများမှာ လေညှင်းလေးတစ်ခုပမာ အေးမြနေပြီး ကမ်းခြေကို ညင်သာစွာ ပုတ်ခတ်နေသော လှိုင်းလေးတစ်ခု ကဲ့သို့ ခံစားရစေသည်။

“အဲ့ဒီလိုမျိုး ကျုပ် လက်ခံလိုက်လို့ ဘယ်ဖြစ်မလဲ” ဇူအန် အလေးအနက်ပြောလိုက်သည်။ “အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်မဆပ်ဘဲ ဘယ်လိုနေရမလဲ။ ဒါပေမယ့် အစ်မက သာမန်အရာမျိုးကို ကြိုက်မယ့်သူလို့ မထင်ဘူး။ ဒါကြောင့် ကျုပ် အတွက် အဖိုးအတန်ဆုံး အရာတစ်ခုကို ပေးရုံပဲရှိတော့တယ်”

ရှန်းလျှို့ယီက နားမလည်သဖြင့် သူ့ကို မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြည့်လိုက်သည်။
သူ၏ ကျေးဇူးဆပ်မှုကို သူမ မလိုချင်သော်လည်း သူ၏ အဖိုးအတန်ဆုံး ပစ္စည်းမှာ မည်သည့်အရာဖြစ်သည်ကို သူမ သိချင်နေမိသည်။

ဇူအန်က သူမ၏ အကြည့်ကို လျစ်လျူရှု့ကာ ဆက်ပြောလိုက်သည်။ “ဒါနဲ့လေ…ကျုပ်တို့တွေက အရမ်းရင်းနှီးနေကြပြီးပြီဆိုတော့ အဲ့ဒီလည်ဆွဲလို အရာမျိုး ထပ်တောင်းလို့ရနိုင်မလား။ ရှိသေးရင် နောက်ထပ် ဆယ်ခုလောက် ဖြစ်ဖြစ် ပေးပါလား”

“ဒါတွေက ဟင်းသီးဟင်းရွက်တွေလို ပေါပေါများများရတယ် ထင်နေတာလား” နောက်ဆုံးတွင် ရှန်းလျှို့ယီက သူ့ကို ဆက်သည်းမခံနိုင်တော့ပေ။
လေနှင့်အတူ သူမ ပျောက်ကွယ်သွားသည်။

သင်သည် ရှန်းလျှို့ယီ ထံမှ အမျက်ပွိုင့် ၂၂ ရရှိလိုက်သည်။

ငါက တကယ်ကို ပိုပြီးတော့ အတင့်ရဲသထက် ရဲလာတာပဲ။ ရှန်းလျှို့ယီ စိတ်ဆိုးတာမျိုးက တွေ့ရခဲတယ်။
မိန်းမနှစ်ယောက် ထွက်ခွာသွားသောအခါ ရုံးခန်းထဲတွင် သူတစ်ဦးတည်းသာ ကျန်နေခဲ့တော့သည်။

ကျောင်းအုပ်လှလှလေး က ကိုယ်ပိုင်အချိန်တွင် မည်သည်ကို ကြည့်သည်၊ မည်သည်ကို စိတ်ဝင်စားသည်၊ မည်သည်ဖြင့် သူမ ဆော့ကစားသည်ကို သိရရန် လျှောက်ကြည့်ချင်ခဲ့သည်။
သို့သော်လည်း သူမ၏ အခုနက သတိပေးချက်ကြောင့် ဤရုံးခန်းကို မွှေရန် အတွေးကို စွန့်ပစ်လိုက်သည်။ သူမသည် အဆင့်အတန်း အမြင့်တစ်နေရာတွင်ရှိနေပြီး သူမ ဂရုစိုက်ရမည့် အရေးကြီးသော အရာများစွာ သေချာပေါက်ရှိနေမည်ဖြစ်သည်။ အကယ်၍ မမြင်သင့်သောအရာ မြင်မိသွားပါက ဒုက္ခရောက်ရတော့မည်ဖြစ်သည်။

ပိုအရေးကြီးသည်မှာ သူတို့၏ ဆက်ဆံရေး ကို မထိခိုက်စေချင်ပေ။ ဤကျောင်းအုပ်မမကြီး၏ ခြေသလုံးကို ခပ်တင်းတင်းဖက်တွယ်ထားရန် လိုအပ်နေသေးသည်။ သို့မှသာ ပိုကြီးသောကိစ္စကို စဉ်းစားနိုင်မည်ဖြစ်သည်။
ထွက်တော့မည့်ဟန်ပြင်လိုက်ချိန်တွင် သူ၏ မျက်လုံးပေါက် ရုတ်တရက် ကျဉ်းသွားသည်။ မိန်းမနှစ်ယောက် ထိုင်ခဲ့သော ခုံပေါ်တွင် အသားကပ်အချို့ ကျန်ရစ်နေဆဲ ဖြစ်သည်။
၎င်းတို့သည် သူတို့နှစ်ယောက် စမ်းဝတ်ကြည့်နေသော အသားကပ်များဖြစ်နိုင်သည်။

ဝေကလန်အတွင်းသို့ ဝင်ရောက်ရန် နည်းလမ်းတစ်ခုကို ဇူအန် စဉ်းစားနေမိသည်။ ဤအရာသည် ဝေဆောင် အိမ်မက်ထဲတွင်သာ ထိနိုင်သည့် တစ်စုံတစ်ရာဖြစ်မည်မှာ သေချာနေသည်။
တကယ်တွင်လည်း လောင်မိုင်တောင်မှ ဝေကလန် အိမ်တော် အတွင်းသို့ ခိုးမဝင်ရဲပေ။ အကြောင်းအရင်းကို ဇူအန် မသိပေ။ သို့သော်လည်း ဝေအိမ်တော်ထဲတွင် သူ စိုးရိမ်ရမည့် တစ်စုံတစ်ဦး ရှိနေသည်လည်း ဖြစ်နိုင်သည်။

ဤအချက်က သူကိုယ်တိုင် ခိုးဝင်ရမည့် အတွေးကို လက်လျော့စေခဲ့သည်။ လောင်မိုင် တောင် မလုပ်နိုင်လျှင် သူ၏ စွမ်းရည်ကိုလည်း အထင်ကြီး မာန်တက်မနေသင့်ပေ။
သူ့တွင်ရှိသော အားသာချက်တစ်ခုမှာ ဝေဆောင် နှင့် ဆက်ဆံရေးဖြစ်သည်။ အခွင့်အရေးကောင်းတစ်ခု ပေးလာပါက အိမ်တော်ထဲသို့ ပွင့်လင်းစွာ ဝင်သွားနိုင်မည်ဖြစ်သည်။
ထို့ကြောင့် လည်ပတ်ရန် အကြောင်းအရင်းကောင်းတစ်ခုကို လိုအပ်နေသည်။ မဟုတ်ပါက သူ့အပေါ်သံသယများ အလွယ်တကူ ဆွဲဆောင်မိမည်ဖြစ်သည်။

အသားကပ် များကို ဇူအန် အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိသည်။ သို့သော်လည်း ဤအတွေးကို အဆုံးတွင် လက်လျော့လိုက်သည်။ လောင်မိုင်၏ တာဝန်အတွက်ကြောင့်ဖြင့် ထိုမိန်းမနှစ်ဦး၏ သေသည်အထိ အပြစ်ပေးခံရခြင်းကို မလိုချင်ပေ။

ထိုစဉ်မှာပင် ရုတ်တရက် ရှန်းလျှို့ယီ ပြန်ပြေးလာသည်။ ဇူအန် ကြောင်သွားသည်။ “ဟမ်။ အစ်မ ဘာအတွက် ပြန်လာတာလဲ”

“တစ်ခုခု မေ့ခဲ့လို့” ရှန်းလျှို့ယီ က သူ့အရှေ့မှ အမြန်ဖြတ်သွားသည်။ သူမ၏ မျက်နှာ နီရဲနေသည်။ ဤလောက် သူမ အမြန်လှုပ်ရှားမှုမျိုးကို ဇူအန် မမြင်ဖူးခဲ့ပေ။

“ငါ ရှာချင်တာ တွေ့ပြီ။ ဒါကြောင့် သွားနှင့်တော့မယ်။ နင့်အနောက်က တံခါးကို ပြန်ပိတ်ခဲ့ဖို့ မမေ့နဲ့” သူမ၏ ပါးစပ်မှ စကားလုံးများ မပြီးဆုံးခင်မှာပင် ရှန်းလျှို့ယီ ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
ဇူအမ်က က ဝေဝေဝါးဝါးပုံရိပ်တစ်ခုကို သာမြင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ ငေးကြည့်နေခဲ့သော အသားကပ်များ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။

နည်းနည်းလေးပဲ လိုတော့တယ်။ ဇူအန်က သူ၏ ဆုံးဖြတ်ချက်ကြောင့် ပျော်သွားခဲ့ရသည်။ အကယ်၍ ထိန်းချုပ်မှုလွတ်ကာ ၎င်းတို့ကို ကောက်ယူမိပါက သူ၏ အပြစ်ကို ဆေးကြောနိုင်မည့် နည်းလမ်းရှိတော့မည်မဟုတ်ပေ။ ကံသီပေလို့။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် သံသယတစ်ခု ပေါ်လာသည်။ ဒီမြို့က လူတိုင်း က ရှန်းလျှို့ယီကို ကျင့်ကြံမှု အဆင့်မှာ နိမ့်တယ်လို့ ဘာကြောင့်ပြောရတာလဲ။ အခုနက သူမ ပြလိုက်တဲ့ အမြန်နှုန်းက သေချာပေါက် အဆင့်လေးတစ်ယောက် တတ်နိုင်တဲ့အရာမဟုတ်ဘူး။

ရုံးခန်းမှထွက်သော် ဇူအန်က အဝါရောင်အခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ အခန်းသို့ မရောက်သည်မှာ ကြာလှပြီဖြစ်သောကြောင့် သူနှင့် ဝေဆောင်မှာ အနည်းငယ် အလှမ်းဝေးနေပြီဖြစ်သည်။
သို့သော်လည်း ဝေဆောင် မျက်လုံးထဲမှ အားကျမှုက သူ့ကို အတွေးလွန်နေကြောင်း ချက်ချင်းပြောပြခဲ့သည်။
သူတို့နှစ်ဦးမှာ ပုံမှန်အတိုင်း တခဏ စကားပြောဆိုပြီးနောက် အနည်းငယ်မသက်မသာဖြစ်မှုမှာ အလျှင်အမြန် ပျောက်ကွယ်သွားသည်။ သူတို့သည် ဤကျောင်းသို့ ဝင်ရောက်လာစဉ်ကတည်းက ရင်းနှီးကြသည့် ပုံပေါက်နေသည်။

သူတို့နှစ်ယောက်မှာ တစ်ယောက်ပုခုံးအပေါ် တစ်ယောက် လက်တင်ကာ စကားပြောဆိုနေကြသည်။ ရုတ်တရက် ဝမ်ယွမ်လုံ ပေါ်လာသည်။ “အားဇူ ရေ ငါ လေးလမ်း စားသောက်ဆိုင် ရဲ့ အပေါ်ထပ်မှာ အခန်းတစ်ခုမှာထားတယ်။ ပထအချက်ကတော့ ငါ့အသက်ကို ကယ်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ချင်လို့။ နောက်တစ်ခုက မင်းရဲ့ ဘေးကင်းကင်းပြန်ရောက်လာမှုကို ဂုဏ်ပြုပေးချင်လို့။ ငါ့ကို မျက်နှာသာပေးပြီးတော့ လာခဲ့ပါကွာ”

ဇူအန် အနည်းငယ် ပြဿနာဖြစ်သွားဟန်ရှိသည်။ “အခုလေးတင် ဝေဆောင်နဲ့ အတူစားမယ်လို့ ပြောလိုက်တာ”

ဝမ်ယွမ်လုံ ပြုံးလိုက်သည်။ “ညီနောင်ဝေ အတူလိုက်လာလည်း ဘာမှမဖြစ်ပါဘူး။ မိန်းကလေးရှို့၊ မိန်းကလေးချီနဲ့ တခြားသူတွေလည်း လာကြမှာပဲ။ သူတို့အားလုံး က အားဇူ လာမှ လာမယ်လို့ သဘောတူညီထားကြတာ။ ဒီလိုဧည့်သည်တွေကို ဖိတ်ကြားနိုင်တဲ့ အရည်အချင်းမျိုး ငါ့မှာမရှိဘူး။ ဒါကြောင့် ညီနောင်ဝေ လည်း ဒီလိုအခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်မခံနဲ့နော်”

ဝေဆောင် ချက်ချင်း လက်ခံလိုက်သည်။ “ကြားရတာ အတော်ကောင်းတာပဲ။ ဒီလို တစ်စုံတစ်ရာကို ငါ လွဲချော်စရာ ဘာအကြောင်းမှ မရှိဘူး”

ဇူအန် တွင်လည်း ငြင်းစရာမရှိသည်မှာ ထင်ရှားနေသည်။ နောက်ဆုံးတွင် ဝမ်ယွမ်လုံ က ကျေနပ်သော အပြုံးတစ်ခုဖြင့် ထွက်သွားသည်။

ဝေဆောင်က အားကျမှုဖြင့် သက်ပြင်းချလိုက်သည်။ “အစ်ကိုကြီးက အကောင်းဆုံးပဲ။ လေးလမ်း စားသောက်ဆိုင် ရဲ့ အပေါ်ထပ်မှာ ဝမ်ယွမ်လုံ ကတောင် စီစဉ်ပေးရတဲ့အထိ အစ်ကိုကြီးက စွမ်းနိုင်တာပဲ”

ဇူအန်ကြောင်သွားသည်။ “ဒါက ထူးခြားတာရှိလို့လား”

ဝေဆောင် ရှင်းပြတော့မည့်အချိန်တွင် စာသင်ခန်းအပြင်ဘက်မှ အသံတစ်ခုက သူ့ကို လှမ်းခေါ်လိုက်သည်။ “အားဇူ... “

အခန်းဝတွင် ချစ်စရာကောင်းသော  မိန်းကလေးတစ်ဦး ကို ဇူအန် မြင်လိုက်ရသည်။ သူမဆီသို့ တစ်ခါတည်း ပြေးသွားလိုက်သည်။ “ရှောင်ချီ”
အမှန်တကယ်တွင် သူမကို ရှာနေချင်နေခဲ့သည်။ ချန်ရွှမ်း၏ နံဘေးတွင် ရှာတွေ့ခဲ့သော ဆေး၏ အကြောင်း သူမကို မေးရဦးမည်။

----- ---------------------------------- ----- - - - - - - - - - - - ----

Chapter 322: ကံသီလို႔

ရွန္းလွ်ို႔ယီ က သူမ၏ ေျခေထာက္ကို စားပြဲေပၚမွ ျပန္႐ုတ္သိမ္းလိုက္သည္။ ကို႔ရို႔ကားယားျဖင့္ သူမ၏ အဝတ္အစားကို ျပန္ဆြဲဆန့္လိုက္သည္။ ပုံမွန္ဆိုလွ်င္ တည္ၿငိမ္ၿပီး လြတ္လပ္ေသာ တင့္တင့္တယ္တယ္ မ်က္ႏွာေလးတြင္ တစ္ခါမွမျမင္ဖူးခဲ့ေသာ နီျမန္းမႈတစ္ခု ယခုအခါျဖစ္ေပၚေနသည္။
ဒါေတြအားလုံးက က်န္းေလာ့ဖူ ရဲ႕ အမွားပဲ။ ဘာအေၾကာင္းမွမရွိဘဲနဲ႕ ဒီ အသားကပ္အခ်ိဳ႕ ႀကိဳးစားၾကည့္ဖို႔သက္သက္နဲ႕ ဘာေၾကာင့္ ေခၚခဲ့ရတာလဲ။

သူမ၏ ထူးဆန္းေသာ အမူအရာကို သတိထားမိေသာအခါ က်န္းေလာ့ဖူ က ဇူအန့္ကို လွည့္ၾကည့္လိုက္သည္။ တံခါး ဘယ္လိုေခါက္ရမလဲဆိုတာကို မသိဘူးလား
ဤ႐ုတ္တရက္ က်ဴးေက်ာ္ဝင္ေရာက္လာမႈေၾကာင့္ သူမ တုန္လႈပ္သြားျခင္းမရွိသည္မွာ ရွင္းလင္းေနသည္။ သူမ၏ ေျခေထာက္လွလွေလးမ်ားက စားပြဲေပၚတြင္ ရွိေနဆဲ ျဖစ္သည္။ ထို႔အျပင္ သူမ ဖုံးဖိရန္ လည္း မလႈပ္ရွားေပ။

ဇူအန္က ဒဏ္ရာရသြားေသာ အျပစ္ကင္းသည့္ ယုန္သူငယ္ ဟန္ေဆာင္လိုက္သည္။ က်ဳပ္ တံခါးေခါက္ ခဲ့တာပဲ။ ဒါေပမယ့္ ဘယ္သူမွ ျပန္မေျဖဘူးေလ။ တံခါးကလည္း ပိတ္ထားတာ မဟုတ္ေတာ့ က်ဳပ္လည္း ဝင္လာမိ႐ုံပဲ

က်န္းေလာ့ဖူ ႏွေခါင္းရႈံ႕လိုက္သည္။ ေကာင္စုတ္ေလး။ ေနာက္ခါက်ရင္ နင္ မဝင္သင့္တဲ့ ေနရာေတြကို ေလွ်ာက္မဝင္နဲ႕။ နင္ ေသဆုံးရတဲ့အျဖစ္နဲ႕ အဆုံးသတ္ရလိမ့္မယ္

ဇူအန္ လုံးဝ ဆြံ႕အသြားသည္။ ခင္ဗ်ားတို႔ ႏွစ္ေယာက္က တကယ္ပဲ အဲ့ဒီေလာက္ေတာင္ တရားမလြန္ဘူးလား။ ဘာျဖစ္လို႔ ဒါေလးကို အရမ္းအေလးအနက္ ေျပာေနရတာလဲ။

ထားလိုက္ေတာ့။ ေျပာ။ ဒီရက္ေတြမွာ နင္ ဘယ္ေရာက္ေနတာလဲ။ နင္ ျပန္လာမယ္လို႔ ေျပာခဲ့ေၾကာင္း ရွန္းလွ်ို႔ယီက ျပန္တင္ျပခဲ့တယ္။ ၿပီးေတာ့ နင့္ရဲ႕ သတင္းအစအနေတာင္ မၾကားရေတာ့ဘူး။ သူက အရမ္းစိုးရိမ္ၿပီးေတာ့ ခ်ဴကလန္ကိုေတာင္ သြားအေၾကာင္းၾကားေတာ့မလို႔ပဲ က်န္းေလာ့ဖူ က သူ႕ကို မျပတ္သားေသာ အၿပဳံးတစ္ခုေပးလိုက္သည္။

ဇူအန္ ေတြေဝသြားသည္။ ရွန္းလွ်ို႔ယီကို အလိုလို တစ္ခ်က္ၾကည့္မိလိုက္သည္။

ရွန္းလွ်ို႔ယီ၏ မ်က္ႏွာမွာ အနည္းငယ္ နီးျမန္းေနသည္။ သူ႕ရဲ႕ ေပါက္ကရေတြ ကို နားမေထာင္နဲ႕။ တကယ္ေတာ့ ေက်ာင္းအုပ္က်န္းကလည္း နင့္ကို အေတာ္ေလး စိုးရိမ္ေနတာပဲ။ သူက အကယ္ဒမီရဲ႕ သိုင္းပညာရွင္ေတြ အားလုံးကို ေစလႊတ္ၿပီး နင့္ကို ရွာခိုင္းခဲ့တယ္။ ဒါေတာင္ ဘယ္သူမွ ရွာမေတြ႕ခဲ့ၾကဘူး

က်န္းေလာ့ဖူ က သူမ၏ လက္ထဲရွိ ဘီးကို ေဝွ႕လိုက္သည္။ ငါတို႔ ၾကားက သေဘာတူညီမႈက ၿပီးသြားၿပီဆိုေတာ့ သူ ေသလား ရွင္လား ငါ ဘာေၾကာင့္ ဂ႐ုစိုက္ရမွာလဲ။ အဲ့ဒါက ငါ့အတြက္ ထူးဆန္းေန႐ုံပဲ။ ဒီေလာက္လူေတြအမ်ားႀကီး ရွာတာေတာင္ ဘာမွမေတြ႕လာဘူး။ နင္ ဘယ္ကိုေရာက္ေနခဲ့တာလဲ

ဇူအန္က သူ ျပင္ဆင္လာေသာ အရာအားလုံးကို ေျပာျပလိုက္သည္။
နဂါးဝွက္ေတာင္တြင္ နဂါးတစ္ေကာင္ရွိသည္ကို ၾကားလိုက္ရေသာအခါ က်န္းေလာ့ဖူ ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္သည္။ ဇူအန္ဆီမွ ေနရာအၾကမ္းဖ်င္း သိၿပီးေနာက္ သဲလြန္စမက်န္ သူမ ေပ်ာက္ကြယ္သြားသည္။

ေလထဲတြင္ က်န္းေလာ့ဖူ၏ ေမႊးရနံ႕ က်န္ရစ္ေနဆဲ ျဖစ္သည္။ ဇူအန္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။ ဘာေတြျဖစ္ေနတာလဲ

ေက်ာင္းအုပ္က်န္းက က်င့္ႀကံေရးကို အၿမဲႏွစ္သက္တယ္ ရွန္းလွ်ို႔ယီ ရွင္းျပလိုက္သည္။ သူက မ်ိဳးႏြယ္ အမ်ိဳးမ်ိဳးရဲ႕ အစြမ္းထက္တဲ့ သတၱဝါေတြအေပၚ စိတ္ဝင္စားမႈရွိတယ္။ သူ႕ရဲ႕ အႀကီးမားဆုံး ေနာင္တတစ္ခုက နဂါးအစစ္ကို မျမင္ဖူးတာပဲ။ နဂါးတစ္ေကာင္ ပုန္းေနတာရွိတယ္လို႔ ၾကားတဲ့အခါ သူ ဘယ္လိုလုပ္ ဒီအတိုင္း ထိုင္ေနနိုင္မွာလဲ

ဇူအန္ သေဘာေပါက္ကာ ေခါင္းၿငိမ့္လိုက္သည္။ စိတ္မေကာင္းစရာပဲ။ အဲ့ဒီနဂါးကို သူ ဘယ္ေတာ့မွ ရွာေတြ႕မွာ မဟုတ္ဘူး။

ရွန္းလွ်ို႔ယီ၏ မ်က္လုံးလွလွမ်ားက သူ႕ကို ၾကည့္လိုက္သည္။ နင္ ထိန္းနိုင္ခဲ့ေပမယ့္ အဲ့ဒါက အရမ္းကို အႏၱရာယ္မ်ားတဲ့ အေတြ႕အႀကဳံတစ္ခုျဖစ္ခဲ့မွာပဲ

ဇူအန္ ေၾကာင္သြားသည္။ ဘာျဖစ္လို႔ အဲ့လိုေျပာရတာလဲ

ရွန္းလွ်ို႔ယီ ၿပဳံးရယ္လိုက္သည္။ နင့္ကို ေပးလိုက္တဲ့ ပစၥည္းက ပ်က္စီးသြားၿပီမလား။ ၾကည့္ရတာ နင့္ကို တစ္ခ်က္တည္းေသေလာက္ေအာင္ ျပင္းထန္တဲ့ ရိုက္ခ်က္တစ္ခုကို ကာေပးခဲ့တယ္ထင္တယ္

ၾကည့္္ရတာ အစ္မကို ဖုံးကြယ္ထားလို႔မရဘူးပဲ... ဇူအန္ အသာအယာ အသက္ရႈထုတ္ကာ ေျပာလိုက္သည္။ က်ဳပ္ အစ္မကို အသက္ေႂကြးတစ္ခုတင္သြားၿပီ။ ဒီအေႂကြးကို ဘယ္လို ျပန္ဆပ္ရမလဲဆိုတာကို တကယ္မသိဘူး

အစကတည္းက နင့္ဆီကေန ျပန္ဆပ္ဖို႔ မေမွ်ာ္လင့္ထားပါဘူး။ ၿပီးေတာ့ ငါတို႔ေတြက မိတ္ေဆြေတြပဲေလ ရွန္းလွ်ို႔ယီ စကားေျပာစဥ္တြင္ သူမ တြင္ ထူးျခားေသာ အသြင္အျပင္တစ္ခ်ိဳ႕ရွိေနသည္။ သူမ၏ စကားလုံးမ်ားမွာ ေလညွင္းေလးတစ္ခုပမာ ေအးျမေနၿပီး ကမ္းေျခကို ညင္သာစြာ ပုတ္ခတ္ေနေသာ လွိုင္းေလးတစ္ခု ကဲ့သို႔ ခံစားရေစသည္။

အဲ့ဒီလိုမ်ိဳး က်ဳပ္ လက္ခံလိုက္လို႔ ဘယ္ျဖစ္မလဲ ဇူအန္ အေလးအနက္ေျပာလိုက္သည္။ အသက္ကယ္ေပးခဲ့တဲ့ ေက်းဇူးကို ျပန္မဆပ္ဘဲ ဘယ္လိုေနရမလဲ။ ဒါေပမယ့္ အစ္မက သာမန္အရာမ်ိဳးကို ႀကိဳက္မယ့္သူလို႔ မထင္ဘူး။ ဒါေၾကာင့္ က်ဳပ္ အတြက္ အဖိုးအတန္ဆုံး အရာတစ္ခုကို ေပး႐ုံပဲရွိေတာ့တယ္

ရွန္းလွ်ို႔ယီက နားမလည္သျဖင့္ သူ႕ကို မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္ လုပ္ကာ ၾကည့္လိုက္သည္။
သူ၏ ေက်းဇူးဆပ္မႈကို သူမ မလိုခ်င္ေသာ္လည္း သူ၏ အဖိုးအတန္ဆုံး ပစၥည္းမွာ မည္သည့္အရာျဖစ္သည္ကို သူမ သိခ်င္ေနမိသည္။

ဇူအန္က သူမ၏ အၾကည့္ကို လ်စ္လ်ဴရႈ႕ကာ ဆက္ေျပာလိုက္သည္။ ဒါနဲ႕ေလက်ဳပ္တို႔ေတြက အရမ္းရင္းႏွီးေနၾကၿပီးၿပီဆိုေတာ့ အဲ့ဒီလည္ဆြဲလို အရာမ်ိဳး ထပ္ေတာင္းလို႔ရနိုင္မလား။ ရွိေသးရင္ ေနာက္ထပ္ ဆယ္ခုေလာက္ ျဖစ္ျဖစ္ ေပးပါလား

ဒါေတြက ဟင္းသီးဟင္း႐ြက္ေတြလို ေပါေပါမ်ားမ်ားရတယ္ ထင္ေနတာလား ေနာက္ဆုံးတြင္ ရွန္းလွ်ို႔ယီက သူ႕ကို ဆက္သည္းမခံနိုင္ေတာ့ေပ။
ေလႏွင့္အတူ သူမ ေပ်ာက္ကြယ္သြားသည္။

သင္သည္ ရွန္းလွ်ို႔ယီ ထံမွ အမ်က္ပြိုင့္ ၂၂ ရရွိလိုက္သည္။

ငါက တကယ္ကို ပိုၿပီးေတာ့ အတင့္ရဲသထက္ ရဲလာတာပဲ။ ရွန္းလွ်ို႔ယီ စိတ္ဆိုးတာမ်ိဳးက ေတြ႕ရခဲတယ္။
မိန္းမႏွစ္ေယာက္ ထြက္ခြာသြားေသာအခါ ႐ုံးခန္းထဲတြင္ သူတစ္ဦးတည္းသာ က်န္ေနခဲ့ေတာ့သည္။

ေက်ာင္းအုပ္လွလွေလး က ကိုယ္ပိုင္အခ်ိန္တြင္ မည္သည္ကို ၾကည့္သည္၊ မည္သည္ကို စိတ္ဝင္စားသည္၊ မည္သည္ျဖင့္ သူမ ေဆာ့ကစားသည္ကို သိရရန္ ေလွ်ာက္ၾကည့္ခ်င္ခဲ့သည္။
သို႔ေသာ္လည္း သူမ၏ အခုနက သတိေပးခ်က္ေၾကာင့္ ဤ႐ုံးခန္းကို ေမႊရန္ အေတြးကို စြန့္ပစ္လိုက္သည္။ သူမသည္ အဆင့္အတန္း အျမင့္တစ္ေနရာတြင္ရွိေနၿပီး သူမ ဂ႐ုစိုက္ရမည့္ အေရးႀကီးေသာ အရာမ်ားစြာ ေသခ်ာေပါက္ရွိေနမည္ျဖစ္သည္။ အကယ္၍ မျမင္သင့္ေသာအရာ ျမင္မိသြားပါက ဒုကၡေရာက္ရေတာ့မည္ျဖစ္သည္။

ပိုအေရးႀကီးသည္မွာ သူတို႔၏ ဆက္ဆံေရး ကို မထိခိုက္ေစခ်င္ေပ။ ဤေက်ာင္းအုပ္မမႀကီး၏ ေျခသလုံးကို ခပ္တင္းတင္းဖက္တြယ္ထားရန္ လိုအပ္ေနေသးသည္။ သို႔မွသာ ပိုႀကီးေသာကိစၥကို စဥ္းစားနိုင္မည္ျဖစ္သည္။
ထြက္ေတာ့မည့္ဟန္ျပင္လိုက္ခ်ိန္တြင္ သူ၏ မ်က္လုံးေပါက္ ႐ုတ္တရက္ က်ဥ္းသြားသည္။ မိန္းမႏွစ္ေယာက္ ထိုင္ခဲ့ေသာ ခုံေပၚတြင္ အသားကပ္အခ်ိဳ႕ က်န္ရစ္ေနဆဲ ျဖစ္သည္။
၎တို႔သည္ သူတို႔ႏွစ္ေယာက္ စမ္းဝတ္ၾကည့္ေနေသာ အသားကပ္မ်ားျဖစ္နိုင္သည္။

ေဝကလန္အတြင္းသို႔ ဝင္ေရာက္ရန္ နည္းလမ္းတစ္ခုကို ဇူအန္ စဥ္းစားေနမိသည္။ ဤအရာသည္ ေဝေဆာင္ အိမ္မက္ထဲတြင္သာ ထိနိုင္သည့္ တစ္စုံတစ္ရာျဖစ္မည္မွာ ေသခ်ာေနသည္။
တကယ္တြင္လည္း ေလာင္မိုင္ေတာင္မွ ေဝကလန္ အိမ္ေတာ္ အတြင္းသို႔ ခိုးမဝင္ရဲေပ။ အေၾကာင္းအရင္းကို ဇူအန္ မသိေပ။ သို႔ေသာ္လည္း ေဝအိမ္ေတာ္ထဲတြင္ သူ စိုးရိမ္ရမည့္ တစ္စုံတစ္ဦး ရွိေနသည္လည္း ျဖစ္နိုင္သည္။

ဤအခ်က္က သူကိုယ္တိုင္ ခိုးဝင္ရမည့္ အေတြးကို လက္ေလ်ာ့ေစခဲ့သည္။ ေလာင္မိုင္ ေတာင္ မလုပ္နိုင္လွ်င္ သူ၏ စြမ္းရည္ကိုလည္း အထင္ႀကီး မာန္တက္မေနသင့္ေပ။
သူ႕တြင္ရွိေသာ အားသာခ်က္တစ္ခုမွာ ေဝေဆာင္ ႏွင့္ ဆက္ဆံေရးျဖစ္သည္။ အခြင့္အေရးေကာင္းတစ္ခု ေပးလာပါက အိမ္ေတာ္ထဲသို႔ ပြင့္လင္းစြာ ဝင္သြားနိုင္မည္ျဖစ္သည္။
ထို႔ေၾကာင့္ လည္ပတ္ရန္ အေၾကာင္းအရင္းေကာင္းတစ္ခုကို လိုအပ္ေနသည္။ မဟုတ္ပါက သူ႕အေပၚသံသယမ်ား အလြယ္တကူ ဆြဲေဆာင္မိမည္ျဖစ္သည္။

အသားကပ္ မ်ားကို ဇူအန္ အခ်ိန္ၾကာျမင့္စြာ စိုက္ၾကည့္ေနမိသည္။ သို႔ေသာ္လည္း ဤအေတြးကို အဆုံးတြင္ လက္ေလ်ာ့လိုက္သည္။ ေလာင္မိုင္၏ တာဝန္အတြက္ေၾကာင့္ျဖင့္ ထိုမိန္းမႏွစ္ဦး၏ ေသသည္အထိ အျပစ္ေပးခံရျခင္းကို မလိုခ်င္ေပ။

ထိုစဥ္မွာပင္ ႐ုတ္တရက္ ရွန္းလွ်ို႔ယီ ျပန္ေျပးလာသည္။ ဇူအန္ ေၾကာင္သြားသည္။ ဟမ္။ အစ္မ ဘာအတြက္ ျပန္လာတာလဲ

တစ္ခုခု ေမ့ခဲ့လို႔ ရွန္းလွ်ို႔ယီ က သူ႕အေရွ႕မွ အျမန္ျဖတ္သြားသည္။ သူမ၏ မ်က္ႏွာ နီရဲေနသည္။ ဤေလာက္ သူမ အျမန္လႈပ္ရွားမႈမ်ိဳးကို ဇူအန္ မျမင္ဖူးခဲ့ေပ။

ငါ ရွာခ်င္တာ ေတြ႕ၿပီ။ ဒါေၾကာင့္ သြားႏွင့္ေတာ့မယ္။ နင့္အေနာက္က တံခါးကို ျပန္ပိတ္ခဲ့ဖို႔ မေမ့နဲ႕ သူမ၏ ပါးစပ္မွ စကားလုံးမ်ား မၿပီးဆုံးခင္မွာပင္ ရွန္းလွ်ို႔ယီ ေပ်ာက္ကြယ္လုနီးပါး ျဖစ္သြားသည္။
ဇူအမ္က က ေဝေဝဝါးဝါးပုံရိပ္တစ္ခုကို သာျမင္လိုက္ရသည္။ ထိုအခိုက္အတန့္တြင္ သူ ေငးၾကည့္ေနခဲ့ေသာ အသားကပ္မ်ား လုံးဝ ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

နည္းနည္းေလးပဲ လိုေတာ့တယ္။ ဇူအန္က သူ၏ ဆုံးျဖတ္ခ်က္ေၾကာင့္ ေပ်ာ္သြားခဲ့ရသည္။ အကယ္၍ ထိန္းခ်ဳပ္မႈလြတ္ကာ ၎တို႔ကို ေကာက္ယူမိပါက သူ၏ အျပစ္ကို ေဆးေၾကာနိုင္မည့္ နည္းလမ္းရွိေတာ့မည္မဟုတ္ေပ။ ကံသီေပလို႔။
တစ္ခ်ိန္တည္းမွာပင္ သူ၏ စိတ္ထဲတြင္ သံသယတစ္ခု ေပၚလာသည္။ ဒီၿမိဳ႕က လူတိုင္း က ရွန္းလွ်ို႔ယီကို က်င့္ႀကံမႈ အဆင့္မွာ နိမ့္တယ္လို႔ ဘာေၾကာင့္ေျပာရတာလဲ။ အခုနက သူမ ျပလိုက္တဲ့ အျမန္ႏႈန္းက ေသခ်ာေပါက္ အဆင့္ေလးတစ္ေယာက္ တတ္နိုင္တဲ့အရာမဟုတ္ဘူး။

႐ုံးခန္းမွထြက္ေသာ္ ဇူအန္က အဝါေရာင္အခန္းသို႔ တန္းတန္းမတ္မတ္ သြားလိုက္သည္။ အခန္းသို႔ မေရာက္သည္မွာ ၾကာလွၿပီျဖစ္ေသာေၾကာင့္ သူႏွင့္ ေဝေဆာင္မွာ အနည္းငယ္ အလွမ္းေဝးေနၿပီျဖစ္သည္။
သို႔ေသာ္လည္း ေဝေဆာင္ မ်က္လုံးထဲမွ အားက်မႈက သူ႕ကို အေတြးလြန္ေနေၾကာင္း ခ်က္ခ်င္းေျပာျပခဲ့သည္။
သူတို႔ႏွစ္ဦးမွာ ပုံမွန္အတိုင္း တခဏ စကားေျပာဆိုၿပီးေနာက္ အနည္းငယ္မသက္မသာျဖစ္မႈမွာ အလွ်င္အျမန္ ေပ်ာက္ကြယ္သြားသည္။ သူတို႔သည္ ဤေက်ာင္းသို႔ ဝင္ေရာက္လာစဥ္ကတည္းက ရင္းႏွီးၾကသည့္ ပုံေပါက္ေနသည္။

သူတို႔ႏွစ္ေယာက္မွာ တစ္ေယာက္ပုခုံးအေပၚ တစ္ေယာက္ လက္တင္ကာ စကားေျပာဆိုေနၾကသည္။ ႐ုတ္တရက္ ဝမ္ယြမ္လုံ ေပၚလာသည္။ အားဇူ ေရ ငါ ေလးလမ္း စားေသာက္ဆိုင္ ရဲ႕ အေပၚထပ္မွာ အခန္းတစ္ခုမွာထားတယ္။ ပထအခ်က္ကေတာ့ ငါ့အသက္ကို ကယ္ေပးခဲ့တဲ့အတြက္ မင္းကို ေက်းဇူးတင္ခ်င္လို႔။ ေနာက္တစ္ခုက မင္းရဲ႕ ေဘးကင္းကင္းျပန္ေရာက္လာမႈကို ဂုဏ္ျပဳေပးခ်င္လို႔။ ငါ့ကို မ်က္ႏွာသာေပးၿပီးေတာ့ လာခဲ့ပါကြာ

ဇူအန္ အနည္းငယ္ ျပႆနာျဖစ္သြားဟန္ရွိသည္။ အခုေလးတင္ ေဝေဆာင္နဲ႕ အတူစားမယ္လို႔ ေျပာလိုက္တာ

ဝမ္ယြမ္လုံ ၿပဳံးလိုက္သည္။ ညီေနာင္ေဝ အတူလိုက္လာလည္း ဘာမွမျဖစ္ပါဘူး။ မိန္းကေလးရွို႔၊ မိန္းကေလးခ်ီနဲ႕ တျခားသူေတြလည္း လာၾကမွာပဲ။ သူတို႔အားလုံး က အားဇူ လာမွ လာမယ္လို႔ သေဘာတူညီထားၾကတာ။ ဒီလိုဧည့္သည္ေတြကို ဖိတ္ၾကားနိုင္တဲ့ အရည္အခ်င္းမ်ိဳး ငါ့မွာမရွိဘူး။ ဒါေၾကာင့္ ညီေနာင္ေဝ လည္း ဒီလိုအခြင့္အေရးေကာင္းတစ္ခုကို လက္လႊတ္မခံနဲ႕ေနာ္

ေဝေဆာင္ ခ်က္ခ်င္း လက္ခံလိုက္သည္။ ၾကားရတာ အေတာ္ေကာင္းတာပဲ။ ဒီလို တစ္စုံတစ္ရာကို ငါ လြဲေခ်ာ္စရာ ဘာအေၾကာင္းမွ မရွိဘူး

ဇူအန္ တြင္လည္း ျငင္းစရာမရွိသည္မွာ ထင္ရွားေနသည္။ ေနာက္ဆုံးတြင္ ဝမ္ယြမ္လုံ က ေက်နပ္ေသာ အၿပဳံးတစ္ခုျဖင့္ ထြက္သြားသည္။

ေဝေဆာင္က အားက်မႈျဖင့္ သက္ျပင္းခ်လိဳက္သည္။ အစ္ကိုႀကီးက အေကာင္းဆုံးပဲ။ ေလးလမ္း စားေသာက္ဆိုင္ ရဲ႕ အေပၚထပ္မွာ ဝမ္ယြမ္လုံ ကေတာင္ စီစဥ္ေပးရတဲ့အထိ အစ္ကိုႀကီးက စြမ္းနိုင္တာပဲ

ဇူအန္ေၾကာင္သြားသည္။ ဒါက ထူးျခားတာရွိလို႔လား

ေဝေဆာင္ ရွင္းျပေတာ့မည့္အခ်ိန္တြင္ စာသင္ခန္းအျပင္ဘက္မွ အသံတစ္ခုက သူ႕ကို လွမ္းေခၚလိုက္သည္။ အားဇူ...

အခန္းဝတြင္ ခ်စ္စရာေကာင္းေသာ  မိန္းကေလးတစ္ဦး ကို ဇူအန္ ျမင္လိုက္ရသည္။ သူမဆီသို႔ တစ္ခါတည္း ေျပးသြားလိုက္သည္။ ေရွာင္ခ်ီ
အမွန္တကယ္တြင္ သူမကို ရွာေနခ်င္ေနခဲ့သည္။ ခ်န္႐ႊမ္း၏ နံေဘးတြင္ ရွာေတြ႕ခဲ့ေသာ ေဆး၏ အေၾကာင္း သူမကို ေမးရဦးမည္။

----- ---------------------------------- ----- - - - - - - - - - - - ----

Continue Reading

You'll Also Like

468K 56.6K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
372K 68.6K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
235K 17K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...