Chapter 318: ထူးဆန်းသောငှက်ကြီး
"ဒီသေတ္တာထဲက ဘာလဲ " ထိုသေတ္တာကအတော်လေး အနုစိတ်ကာ အကောင်းစားဆန်သည်။ ထိုအရာက ထိပ်တန်းသစ်သားနှင့်လုပ်ထားပြီး အပေါ်မှ အဆင်အယင်သည်လည်း လှလေသည်။
လောင်မိုင် သရော်လေသည်။
"အထဲမှာ ဘာပါလဲ မင်းသိစရာမလိုဘူး။ ဘယ်လိုပုံစံလဲ မှတ်ထားပြီး ဝေအိမ်တော်မှာရှိတဲ့ ပုံစံတူကို ယူပေးရုံပဲ"
ဇူအန် ခေါင်းကုတ်လိုက်သည်။
"အကြီးအကဲ ကျုပ်တော့နားမလည်တော့ဘူး။ ခင်ဗျားရဲ့ကျင့်ကြံမှုနဲ့ဆို ဝေအိမ်က ဘာပဲလိုလို အလွယ်တကူ ယူနိုင်တယ်မဟုတ်ဘူးလား။ ဘာလို့ အလုပ်ရှုပ်ခံပြီး ကျုပ်ကိုပို့ရတာလဲ"
ဘာပဲပြောပြော လောင်မိုင်က ချူအိမ်အတွင်း ဘယ်သူမှသတိမထားမိဘဲ လျှောက်သွားနိုင်လေသည်။ ချူကျုန်းထန် လို အဆင့် ၈ကျင့်ကြံသူ တောင် သူ့ကို သတိမထားမိပေ။
ဝေအိမ်က လုံခြုံရေးမည်မျှတင်းကြပ်ပါစေ မြို့တော်ဝန်အိမ်တော်ထက်တော့ ပိုပြီး မခက်ခဲနိုင်ပေ။
လောင်မိုင် ပြန်ဖြေသည်။
"ငါ့မှာ ငါ့အကြောင်းနဲ့ငါ ရှိတယ်။ မင်းကိုသွားခိုင်းရင် သွားပေါ့။ ပေါက်ကရတွေ ပြောမနေနဲ့တော့"
"ကောင်းပြီလေ" ဇူအန် ပုခုံးတွန့်လိုက်သည်။ ဒါက အရမ်းခက်ခဲသောတာဝန်မဟုတ်သဖြင့် ဒီအဖိုးကြီးကို ကူညီရန် တွေးလိုက်သည်။
လောင်မိုင် ကျေနပ်စွာ ပြုံးလိုက်သည်။ နောက်လှည့်၍ ပြန်ရန်ပြင်လိုက်ပြီးမှ ရုတ်တရက် ရပ်သွားသည်။
"အဲ့ဒီသေတ္တာကို မင်းလုံးဝ ဖွင့်ကြည့်လို့မရဘူး။ မဟုတ်ရင် မင်းအသက်အန္တရာယ်ရှိနိုင်တယ်" ဇူအန်ကို ပြောလိုက်သည်။
"ပြီးမှ ငါသတိမပေးဘူးမပြောနဲ့"
ဇူအန် လန့်ဖြန့်သွားသည်။
"အဲ့လောက် အန္တရာယ် များလို့လား"
"ဖွင့်သာမဖွင့်နဲ့" လောင်မိုင် မှာလိုက်သည်။ ထိုစကားပြောပြီးချိန်တွင် လောင်မိုင်ပုံရိပ်မှာ ပျောက်ကွယ်သွားလေပြီ။
ဇူအန် တိတ်ဆိတ်သွားသည်။ အဲ့ဒီထဲမှာ ဘာရှိတာပါလိမ့်။
လူ့စိတ်က စပ်စုတတ်သည်။ လောင်မိုင်သာ မဖွင့်ကြည့်ရန် မမှာခဲ့လျှင် ဒီလောက် ချောင်းကြည့်ချင်စိတ် ဖြစ်လာမည်မဟုတ်ပေ။
အရင်ဘဝက မီးလုံးအဖုံးပေါ်က ပါးစပ်ထဲမထည့်ရန် သတိပေးချက်ကိုသတိရမိလိုက်သည်။ ပုံမှန်သာဆို စိတ်မှန်သောမည်သူမှ ဒီကိစ္စကိုလုပ်မည်မဟုတ်ပေ။ သို့သော် ထိုသတိပေးချက်ကိုမြင်ပြီးနောက် ဘယ်သူက မသိချင်ပဲနေမှာလဲ။ ဒီအရာကိုစမ်းသပ်ဖို့ လောကမှာ သူရဲကောင်းဘယ်လောက်များများ ခန္ဓာကိုယ်ကိုရင်းကာ စမ်းသပ်ကြောင်း ဘယ်သူသိမှာလဲ။
မီးလုံးတစ်လုံးကိုချွတ်ပြီး ပါးစပ်ထဲမထည့်သင့်သည့် နောက်ကွယ်ကအကြောင်းပြချက်ကိုသိလိုသော ကလေးတစ်ယောက်ရှိဖူးသည်။ သို့သော် ဒဏ္ဍာရီ နှင့် အရပ်စကားများကိုမယုံသောသူတစ်ယောက်အနေဖြင့် စမ်းကြည့်ရမည်ဖြစ်သည်။ ဒါပေါ့ ထိုကလေးက လိုရမယ်ရ မီးလုံးကို ကွန်ဒုံးစွတ်လိုက်သေးသည်။ အဲ့လိုနည်းဖြင့် ချောမွေ့ပြီး ပြန်ထုတ်ရလွယ်မည်ဟု သူက ယုံလေသည်။
နောက်ဆုံးတော့ အမှန်တရားက သူ့ကို သင်ခန်းစာကြမ်းကြမ်းပေးသွားသည်။ ကျောင်းမှ ကျောင်းသားများနှင့်ဆရာအားလုံး ထိုကလေး ကွန်ဒုံးစွတ်ထားသောမီးလုံးကို ပါးစပ်တွင်ကိုက်ကာ မျက်ရည်လည်ချွဲ ဆေးရုံကိုပြေးသွားကြောင်း မြင်လိုက်ရသည်။ ဒီနေ့အထိ ဒီလိုသေနည်းမျိုးကို ပြန်စဉ်းစားလိုက်ပြီး တွန့်ဆုတ်စေသည်။
ငါက တစ်ချက်ပဲ ခိုးကြည့်မှာပါ။ ဘာမှမဖြစ်လောက်တာ သေချာတယ်။
သို့သော် စိတ်ထဲတွင် ခိုအောင်းနေသောအန္တရာယ်ကို ခါမချနိုင်ပေ။ ဒီလောင်မိုင်က တကယ်ပဲ တစ်ခုခုရှိနေတယ်။ သူ့ကိုဒီလို ဆက်ထိန်းချုပ်ခွင့်ပြုလို့ မရတော့ဘူး။
လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုရှာရမယ်။
ထိုလူအိုကြီး၏ကျင့်ကြံမှုအကြောင်း မိန်လိ မှတ်ချက်ပေးသည်ကို ပြန်တွေးမိပြီး သတ္တိနည်းလာရသည်။ သူ့မှာ ရှန်းအမျိုးသမီးရဲ့ အနီရောင်မျက်ရည်လို အဆိပ်တစ်ခုရှိရုံမှလွဲရင် သူ့ ဝှက်ဖဲအားလုံးပေါင်းလျှင်တောင် အကူအညီမဖြစ်နိုင်ပေ။
ပြီးတော့ ဟိုနဂါးလို လောင်မိုင့်ကို သတိလက်လွတ်ဖြစ်နိုင်ရန်လည်း လုံးဝနီးပါး မဖြစ်နိုင်ပေ။
ငါ့ရဲ့ ကျင့်ကြံမှုကိုမြှင့်တာက အရေးအကြီးဆုံးပဲ
ဇူအန် ရထားသော အမျက်ပွိုင့် ပမာဏကို အမြန်စစ်ကြည့်လိုက်သည်။
71915ပွိုင့်
နည်းလိုက်တာ…
ဇူအန် မျက်မှောင်ကြုတ်လိုက်သည်။ ၇သောင်းက အများကြီးဟု ထင်ရသော်လည်း ထီတစ်ချက်ဆွဲရန် ပွိုင့် တစ်ရာလိုအပ်ပြီး ပျမ်းမျှ ဆယ်ကြိမ်ကံစမ်းမှ ကီသီးတစ်လုံး ရလေသည်။ ဤရှူထောင့်မှကြည့်လျှင် ဘာမှ သိပ်မရှိပေ။
ငါက ရောင့်ရဲတတ်လာတာပဲ။ ဒီတစ်ကြိမ် အပြင်ထွက်တာ အမျက်ပွိုင့်က သိပ်တောင်မရလိုက်ဘူး။
အစောပိုင်းစတင်ချိန်များကထက် ဒီအကြိမ်က အတော်လေးကောင်းလာသည်ကို ဇူအန် သိပါသည်။ သို့သော် သူ့ကျင့်ကြံမှုက အဆင့်မြင့်လာလေ လိုအပ်သော ကီသီးပမာဏက ပိုဆပွားလာလေပင်။
ငါ ပိုပြီး ရိတ်လို့ရမယ့် နည်းလမ်းလိုတယ်။
သို့သော် မည်သို့ပင် ခေါင်းခြောက်အောင်စဉ်းစားပါစေ ဘာနည်းလမ်းမှ ထွက်မလာချေ။
မတတ်နိုင်တော့ဘဲ ထီကံစမ်းရန်သာ စနိုင်တော့သည်။
ရေချိုးဇလုံထဲ ရောက်နှင့်ပြီးဖြစ်၍ မျက်နှာကို တစ်ချက်နှစ်ချက်သစ်ကာ Enter ခလုတ်ကို နှိပ်လိုက်သည်။
‘ကျေးဇူးတင်ပါသည်’ အများအပြားနောက်တွင် ကီသီး ၇၂ လုံးရလိုက်သည်။ ဘာ သိုင်းကျမ်း ဘာအစွမ်းမှ မရလိုက်ပေ။
ဇူအန် ပါးစပ်ထဲကို ချောကလက်လို ပစ်ထည့်လိုက်သည်။ သူ့အတွင်းကီက တစ်ကိုယ်လုံးပြန့်နှံ့သွားပြီး ကိုးခုမြောက် အစီအရင်ကို ဖြည့်နေကြောင်း တွေ့လိုက်ရသည်။
ဟမ်…
ဇူအန် ချက်ချင်း ထထိုင်လိုက်မိသည်။ သူ့ ကိုးခုမြောက် အစီအရင်က ပြည့်ပြီးနေကြောင်း တွေ့လိုက်ရသည်။
ဘာလား...
ထိုအစီအရင်ပြည့်ရန် ကီသီး ၂၅၈၄လုံး လိုအပ်ကြောင်း ဇူအန် ပြန်သတိရလိုက်သည်။ အရင်က ကီသီး ၃၂၀ စားပြီး၍ အခု ၇၂လုံး စားရသေးသည်။ လုံလောက်စရာအကြောင်းမရှိပေ။
တစ်ခုကို သတိရသွားသည်။ အခုတလော အကြိမ်များစွာ ဒဏ်ရာရထား၍ နဂါးဝှက်တောင်မှ နဂါးအမြီးက သူ့ကို သေလုနီးပါး ဖြစ်သွားစေသေးသည်။
အဓိကအနေဖြင့် ကောင်းကင်ဖီးနစ်ကျင့်စဉ်မှာ အရိုက်ခံရမှ အဆင့်တက်ခြင်းဖြစ်သည်။
သို့သော် ဒါက အဓိပ္ပာယ်မရှိသေးပေ။ မိန်လိ သူ့ကို အချက်ပေါင်းများစွာ ရိုက်နှက်ပြီး ကြည်နူးခြင်းဘောတစ်ခုတည်းကြောင့် အသက်ဆက်နိုင်ခဲ့သည်။ မဟုတ်ပါက အကြိမ်များစွာ သေပြီးနေပြီ။ ဘာလို့ အဲ့ဒီနဂါးအမြှီးတစ်ချက်တည်းက ဒီလောက် အားကောင်းနေရတာလဲ။
ရှန်းလျှို့ယီ ကျောက်စိမ်းဆွဲသီးက ခုခံပေးတဲ့အချက်ကရော ထည့်တွက်လို့ရတာလား။
ယခင်က ဖီးနစ်နိဗ္ဗာန်ကျန်းဂန်၏ အဆင့်တက်နှုန်းကို လေ့လာထားပြီးဖြစ်သည်။ သို့သော် ယခုတစ်ခေါက်ကြောင့် ပြန်ဝေဝါးသွားရသည်။ ယခင် ယူဆချက်အားလုံး လွဲမှားကုန်ပြီ။
ဟင်း..ဒါကို သင်္ချာပညာရှင်အကြီးစားတွေပဲ တွက်ချက်နိုင်မယ် ထင်ပါရဲ့။
ဇူအန် ခေါင်းယမ်းလိုက်သည်။ ဒီစနစ်နောက်က ပုံစံကြမ်းကို အဖြေထုတ်ရန် လက်လျှော့လိုက်သည်။
လက်ရှိတော့ သူ့ကိုပိုစဉ်းစားစေသော အကြောင်းတစ်ခုရှိနေသည်။ အဆင့် ၂ ထိပ်ဆုံးရောက်ချိန်က မဟာလေပြင်းကို သူရရှိခဲ့သည်။ ဒီတစ်ခါရော သူ့ကို ဘာကစောင့်နေမလဲ။
ကိုယ့်ကိုကိုယ် ပြန်စစ်ဆေးကြည့်လိုက်သည်။ ကိုးခုမြောက်အစီအရင်တွင် အထူးမျဉ်းကြောင်းတစ်ချို့ ပေါ်နေကြောင်း တွေ့လိုက်ရသည်။ နောက်တစ်ကြိမ် ငှက်ကြီးတစ်ကောင်၏ ပုံစံ ပေါ်နေပြန်ပြီ။
"နောက်ထပ် ငှက်တစ်ကောင်လား" ဇူအန် မျက်နှာတွင် ထူးဆန်းသောအမူအရာရှိနေသည်။
ငါက ငှက်တွေနဲ့ ထူးဆန်းတဲ့ ရေစက်ရှိနေတာလား။
မဟာလေပြင်းက ဖြူဆွတ်သောကိုယ်ထည်နှင့် အနီရောင် တောင်ပံမွှေးများ ရှိသည်။ဒီငှက်ကတော့ ကောင်းကင်ပြာရောင်ဖြစ်ပြီး ငန်းနှင့်တူသည်။ မဟာလေပြင်း၏ အထက်စီးဆန်သော အရှိန်အဝါမဟုတ်ဘဲ ပို၍ ချဉ်းကပ်ရလွယ်ပုံပင်။
သို့သော် သူ့ကိုကြည့်နေသည့် ဂုဏ်ယူပြီး အရှုံးမပေးတတ်သောအကြည့်က သာမန်မဟုတ်ကြောင်း ပြနေသည်။
ဒီငှက်ကြီး၏ အောက်ဘက်ညာထောင့်တွင် တံဆိပ်တစ်ခုရှိနေသည်။ စာလုံးသေးသေးနှစ်ခုပင်။ ဘဲခေါင်းပြာ။
ဒါက ဖီးနစ်ရဲ့ အကောင်ပေါက် နောက်တစ်ကောင်ပဲ။ ဇူအန် မဟာလေပြင်းကို ရရှိချိန်တည်းက ဒီသံသယရှိခဲ့သည်။ အခုတော့ ဒါကို အတည်ပြုလိုက်နိုင်သည်။
ဒါဆို ဒီကောင်က ဘာလုပ်နိုင်တာလဲ။
ယခင် မဟာလေပြင်း၏ အတွေ့အကြုံအရ ကီကို ထိုငှက်ထဲ ထည့်သွင်းလိုက်သည်။ ကီက ပုံတစ်ခုလုံးကို လွှမ်းအုပ်နိုင်ချိန်တွင် ဘဲခေါင်းပြာ၏ မျက်လုံးလက်လာသည်။ ထို့နောက် ဇူအန်ရှေ့တွင် ဘဲခေါင်းပြာပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုစဉ် ရေဇလုံထဲမှ ရေများက အလွန်သက်တောင့်သက်သာရှိလာသလို ဇူအန် ခံစားလိုက်ရသည်ာ အကြံတစ်ခုပေါ်လာပြီး တစ်ကိုယ်လုံး ရေထဲ နှစ်လိုက်သည်။
ရေအောက်တွင် ကုန်းပေါ်လို ပုံမှန်အသက်ရှုနိုင်ကြောင်း အံ့အားသင့်စွာ ရှာတွေ့လိုက်လေသည်။ ဘဲခေါင်းပြာကို ထိန်းသိမ်းရန် ကီသာအလုံးအလောက်ရှိပါက ရေထဲတွင် ကြိုက်သလောက်နေနိုင်သည်ဟုပင် ခံစားရသည်။
ဇူအန် အပျော်လွန်သွားသည်။ သူတိုက်ဖူးသော တိုက်ပွဲအများစုက (ထွက်ပြေးရင်း) ရေထဲတွင် အဆုံးသတ်သွားရသည်။ ရေကူးနိုင်လျှင်ပင် ဒါက အတော် အဆင်မပြေပင်။ ဒီအစွမ်းရှိနေပါက ရေအောက်ကို အိမ်ကွင်း လုပ်လိုက်၍ရလေပြီ။
တစ်ခြားအကြံတစ်ခု တွေးလိုက်မိသည်။ မဟာလေပြင်းကို ရှေ့ကို တွန်းထုတ်နိုင်မှတော့ ဘဲခေါင်းပြာကိုရော တွန်းထုတ်နိုင်မလား။
မဟာလေပြင်းကိုသုံးသကဲ့သို့ ဘဲခေါင်းပြာကိုလည်း တံခါးဝဘက် ပို့လိုက်သည်။ ချက်ချင်း ရေချိုးဇလုံထဲမှ ရေများမှာ ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ တံခါးထဲ ရေလှိုင်းကြီးတစ်ခုလို ရိုက်ခတ်သွားသည်။
ဝင်ရောက်လာသောရေရှိန်ကြောင့် တံခါးက တစ်စစီဖြစ်သွားသည်။ တံခါးဘေးက နံရံပင် အပေါက်များစွာ ဖြစ်သွားသည်။
ဇူအန် ဝမ်းမသာနိုင်ခင်ပင် ကြောက်လန့်ကာ ကြောင်သွားရသည်။ ချူဟွမ်ကျောက်က ပြိုကွဲသွားသော တံခါး၏ မလှမ်းမကမ်းတွင် ရေလှိုင်းကြောင့် တစ်ကိုယ်လုံး စိုရွှဲနေသည်။
စိတ်လှုပ်ရှားသောအပြုံးတစ်ခုက မျက်နှာတွင် တောင့်ခဲနေသေးသည်။ ကြောင်အစွာ ရပ်နေပြီး သူ့ဘဝအကြောင်း ပြန်တွေးနေပုံပင်။
ဇူအန် အမြန်ထရပ်လိုက်သည်။
"ဟွမ်ကျောက်လေး မင်းအဆင်ပြေလား"ကံကောင်းစွာ တံခါးနှင့် နံရံက ထိခိုက်မှုအများစုကို ခွဲယူသွား၍ အန္တရာယ်မဖြစ်လိုက်ပေ။
"ကျွန်မ ဘာမှမဖြစ်ပါဘူး.." ချူဟွမ်ကျောက် ဇူအန်ကို ကြည့်ကာ အလိုလို ပြန်ဖြေလိုက်မိသည်။ ထို့နောက် မျက်နှာချက်ချင်း ရဲတက်လာပြီး မျက်လုံးကို လက်ဖြင့်အုပ်လိုက်သည်။
"ခဲအို နှာဘူးကြီး…"
----- ------------------------------ ----- - - - - - - - - - - ----- -
Chapter 318: ထူးဆန္းေသာငွက္ႀကီး
"ဒီေသတၱာထဲက ဘာလဲ " ထိုေသတၱာကအေတာ္ေလး အႏုစိတ္ကာ အေကာင္းစားဆန္သည္။ ထိုအရာက ထိပ္တန္းသစ္သားႏွင့္လုပ္ထားၿပီး အေပၚမွ အဆင္အယင္သည္လည္း လွေလသည္။
ေလာင္မိုင္ သေရာ္ေလသည္။
"အထဲမွာ ဘာပါလဲ မင္းသိစရာမလိုဘူး။ ဘယ္လိုပုံစံလဲ မွတ္ထားၿပီး ေဝအိမ္ေတာ္မွာရွိတဲ့ ပုံစံတူကို ယူေပး႐ုံပဲ"
ဇူအန္ ေခါင္းကုတ္လိုက္သည္။
"အႀကီးအကဲ က်ဳပ္ေတာ့နားမလည္ေတာ့ဘူး။ ခင္ဗ်ားရဲ႕က်င့္ႀကံမႈနဲ႕ဆို ေဝအိမ္က ဘာပဲလိုလို အလြယ္တကူ ယူနိုင္တယ္မဟုတ္ဘူးလား။ ဘာလို႔ အလုပ္ရႈပ္ခံၿပီး က်ဳပ္ကိုပို႔ရတာလဲ"
ဘာပဲေျပာေျပာ ေလာင္မိုင္က ခ်ဴအိမ္အတြင္း ဘယ္သူမွသတိမထားမိဘဲ ေလွ်ာက္သြားနိုင္ေလသည္။ ခ်ဴက်ဳန္းထန္ လို အဆင့္ ၈က်င့္ႀကံသူ ေတာင္ သူ႕ကို သတိမထားမိေပ။
ေဝအိမ္က လုံၿခဳံေရးမည္မွ်တင္းၾကပ္ပါေစ ၿမိဳ႕ေတာ္ဝန္အိမ္ေတာ္ထက္ေတာ့ ပိုၿပီး မခက္ခဲနိုင္ေပ။
ေလာင္မိုင္ ျပန္ေျဖသည္။
"ငါ့မွာ ငါ့အေၾကာင္းနဲ႕ငါ ရွိတယ္။ မင္းကိုသြားခိုင္းရင္ သြားေပါ့။ ေပါက္ကရေတြ ေျပာမေနနဲ႕ေတာ့"
"ေကာင္းၿပီေလ" ဇူအန္ ပုခုံးတြန့္လိုက္သည္။ ဒါက အရမ္းခက္ခဲေသာတာဝန္မဟုတ္သျဖင့္ ဒီအဖိုးႀကီးကို ကူညီရန္ ေတြးလိုက္သည္။
ေလာင္မိုင္ ေက်နပ္စြာ ၿပဳံးလိုက္သည္။ ေနာက္လွည့္၍ ျပန္ရန္ျပင္လိုက္ၿပီးမွ ႐ုတ္တရက္ ရပ္သြားသည္။
"အဲ့ဒီေသတၱာကို မင္းလုံးဝ ဖြင့္ၾကည့္လို႔မရဘူး။ မဟုတ္ရင္ မင္းအသက္အႏၱရာယ္ရွိနိုင္တယ္" ဇူအန္ကို ေျပာလိုက္သည္။
"ၿပီးမွ ငါသတိမေပးဘူးမေျပာနဲ႕"
ဇူအန္ လန့္ျဖန့္သြားသည္။
"အဲ့ေလာက္ အႏၱရာယ္ မ်ားလို႔လား"
"ဖြင့္သာမဖြင့္နဲ႕" ေလာင္မိုင္ မွာလိုက္သည္။ ထိုစကားေျပာၿပီးခ်ိန္တြင္ ေလာင္မိုင္ပုံရိပ္မွာ ေပ်ာက္ကြယ္သြားေလၿပီ။
ဇူအန္ တိတ္ဆိတ္သြားသည္။ အဲ့ဒီထဲမွာ ဘာရွိတာပါလိမ့္။
လူ႕စိတ္က စပ္စုတတ္သည္။ ေလာင္မိုင္သာ မဖြင့္ၾကည့္ရန္ မမွာခဲ့လွ်င္ ဒီေလာက္ ေခ်ာင္းၾကည့္ခ်င္စိတ္ ျဖစ္လာမည္မဟုတ္ေပ။
အရင္ဘဝက မီးလုံးအဖုံးေပၚက ပါးစပ္ထဲမထည့္ရန္ သတိေပးခ်က္ကိုသတိရမိလိုက္သည္။ ပုံမွန္သာဆို စိတ္မွန္ေသာမည္သူမွ ဒီကိစၥကိုလုပ္မည္မဟုတ္ေပ။ သို႔ေသာ္ ထိုသတိေပးခ်က္ကိုျမင္ၿပီးေနာက္ ဘယ္သူက မသိခ်င္ပဲေနမွာလဲ။ ဒီအရာကိုစမ္းသပ္ဖို႔ ေလာကမွာ သူရဲေကာင္းဘယ္ေလာက္မ်ားမ်ား ခႏၶာကိုယ္ကိုရင္းကာ စမ္းသပ္ေၾကာင္း ဘယ္သူသိမွာလဲ။
မီးလုံးတစ္လုံးကိုခြၽတ္ၿပီး ပါးစပ္ထဲမထည့္သင့္သည့္ ေနာက္ကြယ္ကအေၾကာင္းျပခ်က္ကိုသိလိုေသာ ကေလးတစ္ေယာက္ရွိဖူးသည္။ သို႔ေသာ္ ဒ႑ာရီ ႏွင့္ အရပ္စကားမ်ားကိုမယုံေသာသူတစ္ေယာက္အေနျဖင့္ စမ္းၾကည့္ရမည္ျဖစ္သည္။ ဒါေပါ့ ထိုကေလးက လိုရမယ္ရ မီးလုံးကို ကြန္ဒုံးစြတ္လိုက္ေသးသည္။ အဲ့လိုနည္းျဖင့္ ေခ်ာေမြ႕ၿပီး ျပန္ထုတ္ရလြယ္မည္ဟု သူက ယုံေလသည္။
ေနာက္ဆုံးေတာ့ အမွန္တရားက သူ႕ကို သင္ခန္းစာၾကမ္းၾကမ္းေပးသြားသည္။ ေက်ာင္းမွ ေက်ာင္းသားမ်ားႏွင့္ဆရာအားလုံး ထိုကေလး ကြန္ဒုံးစြတ္ထားေသာမီးလုံးကို ပါးစပ္တြင္ကိုက္ကာ မ်က္ရည္လည္ခြၽဲ ေဆး႐ုံကိုေျပးသြားေၾကာင္း ျမင္လိုက္ရသည္။ ဒီေန႕အထိ ဒီလိုေသနည္းမ်ိဳးကို ျပန္စဥ္းစားလိုက္ၿပီး တြန့္ဆုတ္ေစသည္။
ငါက တစ္ခ်က္ပဲ ခိုးၾကည့္မွာပါ။ ဘာမွမျဖစ္ေလာက္တာ ေသခ်ာတယ္။
သို႔ေသာ္ စိတ္ထဲတြင္ ခိုေအာင္းေနေသာအႏၱရာယ္ကို ခါမခ်နိဳင္ေပ။ ဒီေလာင္မိုင္က တကယ္ပဲ တစ္ခုခုရွိေနတယ္။ သူ႕ကိုဒီလို ဆက္ထိန္းခ်ဳပ္ခြင့္ျပဳလို႔ မရေတာ့ဘူး။
လြတ္ေျမာက္ဖို႔ နည္းလမ္းတစ္ခုရွာရမယ္။
ထိုလူအိုႀကီး၏က်င့္ႀကံမႈအေၾကာင္း မိန္လိ မွတ္ခ်က္ေပးသည္ကို ျပန္ေတြးမိၿပီး သတၱိနည္းလာရသည္။ သူ႕မွာ ရွန္းအမ်ိဳးသမီးရဲ႕ အနီေရာင္မ်က္ရည္လို အဆိပ္တစ္ခုရွိ႐ုံမွလြဲရင္ သူ႕ ဝွက္ဖဲအားလုံးေပါင္းလွ်င္ေတာင္ အကူအညီမျဖစ္နိုင္ေပ။
ၿပီးေတာ့ ဟိုနဂါးလို ေလာင္မိုင့္ကို သတိလက္လြတ္ျဖစ္နိုင္ရန္လည္း လုံးဝနီးပါး မျဖစ္နိုင္ေပ။
ငါ့ရဲ႕ က်င့္ႀကံမႈကိုျမႇင့္တာက အေရးအႀကီးဆုံးပဲ
ဇူအန္ ရထားေသာ အမ်က္ပြိုင့္ ပမာဏကို အျမန္စစ္ၾကည့္လိုက္သည္။
71915ပြိုင့္
နည္းလိုက္တာ
ဇူအန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ၇သောင်းက အမ်ားႀကီးဟု ထင္ရေသာ္လည္း ထီတစ္ခ်က္ဆြဲရန္ ပြိုင့္ တစ္ရာလိုအပ္ၿပီး ပ်မ္းမွ် ဆယ္ႀကိမ္ကံစမ္းမွ ကီသီးတစ္လုံး ရေလသည္။ ဤရႉေထာင့္မွၾကည့္လွ်င္ ဘာမွ သိပ္မရွိေပ။
ငါက ေရာင့္ရဲတတ္လာတာပဲ။ ဒီတစ္ႀကိမ္ အျပင္ထြက္တာ အမ်က္ပြိုင့္က သိပ္ေတာင္မရလိုက္ဘူး။
အေစာပိုင္းစတင္ခ်ိန္မ်ားကထက္ ဒီအႀကိမ္က အေတာ္ေလးေကာင္းလာသည္ကို ဇူအန္ သိပါသည္။ သို႔ေသာ္ သူ႕က်င့္ႀကံမႈက အဆင့္ျမင့္လာေလ လိုအပ္ေသာ ကီသီးပမာဏက ပိုဆပြားလာေလပင္။
ငါ ပိုၿပီး ရိတ္လို႔ရမယ့္ နည္းလမ္းလိုတယ္။
သို႔ေသာ္ မည္သို႔ပင္ ေခါင္းေျခာက္ေအာင္စဥ္းစားပါေစ ဘာနည္းလမ္းမွ ထြက္မလာေခ်။
မတတ္နိုင္ေတာ့ဘဲ ထီကံစမ္းရန္သာ စနိုင္ေတာ့သည္။
ေရခ်ိဳးဇလုံထဲ ေရာက္ႏွင့္ၿပီးျဖစ္၍ မ်က္ႏွာကို တစ္ခ်က္ႏွစ္ခ်က္သစ္ကာ Enter ခလုတ္ကို ႏွိပ္လိုက္သည္။
ေက်းဇူးတင္ပါသည္ အမ်ားအျပားေနာက္တြင္ ကီသီး ၇၂ လုံးရလိုက္သည္။ ဘာ သိုင္းက်မ္း ဘာအစြမ္းမွ မရလိုက္ေပ။
ဇူအန္ ပါးစပ္ထဲကို ေခ်ာကလက္လို ပစ္ထည့္လိုက္သည္။ သူ႕အတြင္းကီက တစ္ကိုယ္လုံးျပန့္ႏွံ႕သြားၿပီး ကိုးခုေျမာက္ အစီအရင္ကို ျဖည့္ေနေၾကာင္း ေတြ႕လိုက္ရသည္။
ဟမ္
ဇူအန္ ခ်က္ခ်င္း ထထိုင္လိုက္မိသည္။ သူ႕ ကိုးခုေျမာက္ အစီအရင္က ျပည့္ၿပီးေနေၾကာင္း ေတြ႕လိုက္ရသည္။
ဘာလား...
ထိုအစီအရင္ျပည့္ရန္ ကီသီး ၂၅၈၄လုံး လိုအပ္ေၾကာင္း ဇူအန္ ျပန္သတိရလိုက္သည္။ အရင္က ကီသီး ၃၂၀ စားၿပီး၍ အခု ၇၂လုံး စားရေသးသည္။ လုံေလာက္စရာအေၾကာင္းမရွိေပ။
တစ္ခုကို သတိရသြားသည္။ အခုတေလာ အႀကိမ္မ်ားစြာ ဒဏ္ရာရထား၍ နဂါးဝွက္ေတာင္မွ နဂါးအၿမီးက သူ႕ကို ေသလုနီးပါး ျဖစ္သြားေစေသးသည္။
အဓိကအေနျဖင့္ ေကာင္းကင္ဖီးနစ္က်င့္စဥ္မွာ အရိုက္ခံရမွ အဆင့္တက္ျခင္းျဖစ္သည္။
သို႔ေသာ္ ဒါက အဓိပၸာယ္မရွိေသးေပ။ မိန္လိ သူ႕ကို အခ်က္ေပါင္းမ်ားစြာ ရိုက္ႏွက္ၿပီး ၾကည္ႏူးျခင္းေဘာတစ္ခုတည္းေၾကာင့္ အသက္ဆက္နိုင္ခဲ့သည္။ မဟုတ္ပါက အႀကိမ္မ်ားစြာ ေသၿပီးေနၿပီ။ ဘာလို႔ အဲ့ဒီနဂါးအျမႇီးတစ္ခ်က္တည္းက ဒီေလာက္ အားေကာင္းေနရတာလဲ။
ရွန္းလွ်ို႔ယီ ေက်ာက္စိမ္းဆြဲသီးက ခုခံေပးတဲ့အခ်က္ကေရာ ထည့္တြက္လို႔ရတာလား။
ယခင္က ဖီးနစ္နိဗၺာန္က်န္းဂန္၏ အဆင့္တက္ႏႈန္းကို ေလ့လာထားၿပီးျဖစ္သည္။ သို႔ေသာ္ ယခုတစ္ေခါက္ေၾကာင့္ ျပန္ေဝဝါးသြားရသည္။ ယခင္ ယူဆခ်က္အားလုံး လြဲမွားကုန္ၿပီ။
ဟင္း..ဒါကို သခၤ်ာပညာရွင္အႀကီးစားေတြပဲ တြက္ခ်က္နိုင္မယ္ ထင္ပါရဲ႕။
ဇူအန္ ေခါင္းယမ္းလိုက္သည္။ ဒီစနစ္ေနာက္က ပုံစံၾကမ္းကို အေျဖထုတ္ရန္ လက္ေလွ်ာ့လိုက္သည္။
လက္ရွိေတာ့ သူ႕ကိုပိုစဥ္းစားေစေသာ အေၾကာင္းတစ္ခုရွိေနသည္။ အဆင့္ ၂ ထိပ္ဆုံးေရာက္ခ်ိန္က မဟာေလျပင္းကို သူရရွိခဲ့သည္။ ဒီတစ္ခါေရာ သူ႕ကို ဘာကေစာင့္ေနမလဲ။
ကိုယ့္ကိုကိုယ္ ျပန္စစ္ေဆးၾကည့္လိုက္သည္။ ကိုးခုေျမာက္အစီအရင္တြင္ အထူးမ်ဥ္းေၾကာင္းတစ္ခ်ိဳ႕ ေပၚေနေၾကာင္း ေတြ႕လိုက္ရသည္။ ေနာက္တစ္ႀကိမ္ ငွက္ႀကီးတစ္ေကာင္၏ ပုံစံ ေပၚေနျပန္ၿပီ။
"ေနာက္ထပ္ ငွက္တစ္ေကာင္လား" ဇူအန္ မ်က္ႏွာတြင္ ထူးဆန္းေသာအမူအရာရွိေနသည္။
ငါက ငွက္ေတြနဲ႕ ထူးဆန္းတဲ့ ေရစက္ရွိေနတာလား။
မဟာေလျပင္းက ျဖဴဆြတ္ေသာကိုယ္ထည္ႏွင့္ အနီေရာင္ ေတာင္ပံေမႊးမ်ား ရွိသည္။ဒီငွက္ကေတာ့ ေကာင္းကင္ျပာေရာင္ျဖစ္ၿပီး ငန္းႏွင့္တူသည္။ မဟာေလျပင္း၏ အထက္စီးဆန္ေသာ အရွိန္အဝါမဟုတ္ဘဲ ပို၍ ခ်ဥ္းကပ္ရလြယ္ပုံပင္။
သို႔ေသာ္ သူ႕ကိုၾကည့္ေနသည့္ ဂုဏ္ယူၿပီး အရႈံးမေပးတတ္ေသာအၾကည့္က သာမန္မဟုတ္ေၾကာင္း ျပေနသည္။
ဒီငွက္ႀကီး၏ ေအာက္ဘက္ညာေထာင့္တြင္ တံဆိပ္တစ္ခုရွိေနသည္။ စာလုံးေသးေသးႏွစ္ခုပင္။ ဘဲေခါင္းျပာ။
ဒါက ဖီးနစ္ရဲ႕ အေကာင္ေပါက္ ေနာက္တစ္ေကာင္ပဲ။ ဇူအန္ မဟာေလျပင္းကို ရရွိခ်ိန္တည္းက ဒီသံသယရွိခဲ့သည္။ အခုေတာ့ ဒါကို အတည္ျပဳလိုက္နိုင္သည္။
ဒါဆို ဒီေကာင္က ဘာလုပ္နိုင္တာလဲ။
ယခင္ မဟာေလျပင္း၏ အေတြ႕အႀကဳံအရ ကီကို ထိုငွက္ထဲ ထည့္သြင္းလိုက္သည္။ ကီက ပုံတစ္ခုလုံးကို လႊမ္းအုပ္နိုင္ခ်ိန္တြင္ ဘဲေခါင္းျပာ၏ မ်က္လုံးလက္လာသည္။ ထို႔ေနာက္ ဇူအန္ေရွ႕တြင္ ဘဲေခါင္းျပာပုံရိပ္တစ္ခု ေပၚလာသည္။
ထိုစဥ္ ေရဇလုံထဲမွ ေရမ်ားက အလြန္သက္ေတာင့္သက္သာရွိလာသလို ဇူအန္ ခံစားလိုက္ရသည္ာ အႀကံတစ္ခုေပၚလာၿပီး တစ္ကိုယ္လုံး ေရထဲ ႏွစ္လိုက္သည္။
ေရေအာက္တြင္ ကုန္းေပၚလို ပုံမွန္အသက္ရႈနိုင္ေၾကာင္း အံ့အားသင့္စြာ ရွာေတြ႕လိုက္ေလသည္။ ဘဲေခါင္းျပာကို ထိန္းသိမ္းရန္ ကီသာအလုံးအေလာက္ရွိပါက ေရထဲတြင္ ႀကိဳက္သေလာက္ေနနိုင္သည္ဟုပင္ ခံစားရသည္။
ဇူအန္ အေပ်ာ္လြန္သြားသည္။ သူတိုက္ဖူးေသာ တိုက္ပြဲအမ်ားစုက (ထြက္ေျပးရင္း) ေရထဲတြင္ အဆုံးသတ္သြားရသည္။ ေရကူးနိုင္လွ်င္ပင္ ဒါက အေတာ္ အဆင္မေျပပင္။ ဒီအစြမ္းရွိေနပါက ေရေအာက္ကို အိမ္ကြင္း လုပ္လိုက္၍ရေလၿပီ။
တစ္ျခားအႀကံတစ္ခု ေတြးလိုက္မိသည္။ မဟာေလျပင္းကို ေရွ႕ကို တြန္းထုတ္နိုင္မွေတာ့ ဘဲေခါင္းျပာကိုေရာ တြန္းထုတ္နိုင္မလား။
မဟာေလျပင္းကိုသုံးသကဲ့သို႔ ဘဲေခါင္းျပာကိုလည္း တံခါးဝဘက္ ပို႔လိုက္သည္။ ခ်က္ခ်င္း ေရခ်ိဳးဇလုံထဲမွ ေရမ်ားမွာ ဆင့္ေခၚခံလိုက္ရသကဲ့သို႔ တံခါးထဲ ေရလွိုင္းႀကီးတစ္ခုလို ရိုက္ခတ္သြားသည္။
ဝင္ေရာက္လာေသာေရရွိန္ေၾကာင့္ တံခါးက တစ္စစီျဖစ္သြားသည္။ တံခါးေဘးက နံရံပင္ အေပါက္မ်ားစြာ ျဖစ္သြားသည္။
ဇူအန္ ဝမ္းမသာနိုင္ခင္ပင္ ေၾကာက္လန့္ကာ ေၾကာင္သြားရသည္။ ခ်ဴဟြမ္ေက်ာက္က ၿပိဳကြဲသြားေသာ တံခါး၏ မလွမ္းမကမ္းတြင္ ေရလွိုင္းေၾကာင့္ တစ္ကိုယ္လုံး စို႐ႊဲေနသည္။
စိတ္လႈပ္ရွားေသာအၿပဳံးတစ္ခုက မ်က္ႏွာတြင္ ေတာင့္ခဲေနေသးသည္။ ေၾကာင္အစြာ ရပ္ေနၿပီး သူ႕ဘဝအေၾကာင္း ျပန္ေတြးေနပုံပင္။
ဇူအန္ အျမန္ထရပ္လိုက္သည္။
"ဟြမ္ေက်ာက္ေလး မင္းအဆင္ေျပလား"ကံေကာင္းစြာ တံခါးႏွင့္ နံရံက ထိခိုက္မႈအမ်ားစုကို ခြဲယူသြား၍ အႏၱရာယ္မျဖစ္လိုက္ေပ။
"ကြၽန္မ ဘာမွမျဖစ္ပါဘူး.." ခ်ဴဟြမ္ေက်ာက္ ဇူအန္ကို ၾကည့္ကာ အလိုလို ျပန္ေျဖလိုက္မိသည္။ ထို႔ေနာက္ မ်က္ႏွာခ်က္ခ်င္း ရဲတက္လာၿပီး မ်က္လုံးကို လက္ျဖင့္အုပ္လိုက္သည္။
"ခဲအို ႏွာဘူးႀကီး"
----- ------------------------------ ----- - - - - - - - - - - ----- -