ကီးဘုတ်အင်မော်တယ်-ဇူအန်

Par SoeHmue

45.2K 5.9K 37

အတွဲ(၂) Plus

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

312

183 27 0
Par SoeHmue

Chapter 312: နဂါးအမြုတေ

ဒီအတွက် ဇူအန် အသင့်ဖြစ်နေပြီဖြစ်သည်။ အသာအယာခုန်လိုက်ပြီး သူ၏ အရိပ်မှာ ဖျတ်ခနဲ ပျံသန်းသွားသည်။
အခုနက သူ မတ်တပ်ရပ်နေခဲ့သော ကျောက်တုံးကြီးမှာ မီးလျှံအပူရှိန်ကြောင့် ချက်ချင်း ပြာကျသွားသည်။ ဇူအန် တံတွေးမျိုချ မိလိုက်သည်။ သူလည် ထိုမီးလျှံများ ဖမ်းယူခြင်းခံလိုက်ရပါက တူညီသော ကံကြမ္မာ ကြုံရမည်ဖြစ်သည်။

စဉ်းစားချိန်မရခင်မှာပဲ နဂါးက နောက်တစ်ကြိမ် မီးမှုတ်ထုတ်လိုက်သည်။
ဇူအန်က နေကြာပန်းသိုင်း ကို သုံးကာ အမြန်ရှောင်ရှားလိုက်သည်။ ရှောင်တိမ်းလိုက်နိုင်တောင်မှ သူ၏ ဆံပင်အချို့မှာ အပူရှိန်ကြောင့် ကွေးသွားကြရသည်။ မီးလောင် ညှော်နံ့ တစ်ခုတောင် ရှိနေသည်။

ကျန်းတန် မီးအဟပ်ခံရမည်ကို စိုးရိမ်သောကြောင့် နှင်းပန်းဓါးသိုင်းကို အမြန်သုံးကာ သူ၏ ပတ်ဝန်းကျင်တွင် အအေးဓာတ် အလွှာတစ်ခု ဖုံးအုပ်စေလိုက်သည်။ အအေးဓာတ်က သူတို့၏ အပူဒဏ် အများစုကို ကူညီ ဖြေဖျောက်ပေးခဲ့သည်။

ကြက်သွေးရောင် နဂါး က မီးတောက်မီးလျှံများ ပိုမှုတ်ထုတ်လိုက်သည်။ သို့သော်လည်း သူ၏ ပစ်မှတ်မှာ ကံကောင်းစွာ အမြဲရှောင်တိမ်းနိုင်ခဲ့သည်။ ဤလုပ်ရပ်မှာ အချည်းအနှီးသာ ဖြစ်သည်ကို တဖြည်းဖြည်း သတိပြုမိလာသည်။ သူ၏ အဝေးရောက် တိုက်ခိုက်မှုများကို လက်လျော့လိုက်သည်။ ဖျတ်ခနဲ ဖြင့် သူ၏ ဧရာမခန္ဓာကိုယ်မှာ ပျောက်သွားပြီး ဇူအန်ဆီသို့ တဟုန်ထိုးလာနေသည်။

“အားဇူ ဒီကနေ ထွက်သွားတော့” ကျန်းတန် ပျာပျာယာယာ ပြောလိုက်သည်။ “ကျွန်မကို ဆက် ဂရုစိုက်မနေနဲ့တော့”
ယခုအချိန်သည် သူ၏ နေရာခုန်ကူးခြင်း နှင့်ဆင်တူသော ပညာကို သုံး၍ ထွက်ပြေးရန် အခွင့်အရေးတစ်ခုဖြစ်သည်။ သူမက ဤဧရာမသတ္တဝါကြီးကို အကောင်းဆုံးကြိုးစားကာ အချိန်ဆွဲပေးထားမည်ဖြစ်သည်။
သူမကိုယ်သူမ စတေးခံရန် စိတ်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူမ၏ အသက်၊ သူမ၏ ဖြူစင်မှု ဖြစ်စေ ကိစ္စမရှိတော့ပေ။

ဇူအန် ပြုံးကာ ပြောလိုက်သည်။ “ငါ့ကိုယ်ငါ သူရဲကောင်းတစ်ယောက်လို့ သတ်မှတ်လို့မရပေမယ့် ဘယ်တော့မှ သူငယ်ချင်းတွေကို စွန့်ပစ်ထားခဲ့မှာမဟုတ်ဘူး”

သူ၏ အကောင်းမြင်သောအပြုံးကို မြင်ရသောအခါ ကျန်းတန်၏ မျက်လုံးများ စိုစွတ်လာသည်။ “အားဇူ”
သူမ၏ စိတ်ကို ခိုင်မာအောင်လုပ်လိုက်သည်။ အဆိုးဆုံးအဖြစ်တွင် သူတို့ အတူသေကြရုံသာဖြစ်သည်။
အသက်ရှင်စဉ်တွင် အတူမနေနိုင်သော်လည်း တမလွန်တွင် အတူရှိနေနိုင်တော့မည်ဖြစ်သည်။
ဤခံစားချက်က သူမသည် ချူချူယန်ထက်ပိုကံကောင်းသည်ဟု ခံစားရစေသည်။

ထိုအချိန်တွင် အနီရောင် နဂါး က ရယ်သံပါပါ ဟိန်းလိုက်သည်။ “မင်းတို့ကို မိပြီကွ”
ဇူအန်၏ ထူးဆန်းသော လှုပ်ရှားဟန်များ၏ စည်းချက်ကို သူ သတိပြုမိပြီးပြီဖြစ်သည်။
နေကြာပန်းသိုင်းမှာ မည်မျှပင် အစွမ်းထက်စေကာမူ သူတို့ကြား ခွန်အား ကွာဟမှုမှာ အလွန်ကြီးမားလှသည်။

ကျန်းတန် က သူတို့၏လမ်းကြောင်းတွင် ဧရာမလက်သည်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းနဂါးလက်သည်းက သူတို့၏ လှုပ်ရှားမှုကို ကြိုမြင်နေပုံရသည်။ အလွန်နီးကပ်နေပြီဖြစ်သောကြောင့် လက်သည်းအပေါ်တွင်ရှိနေသော သွေးအစွန်းအစများကိုပင် မြင်တွေ့နေနိုင်သည်။
ထိုသွေးများမှာ ချန်ရွှမ်း၏ ခန္ဓာကိုယ်မှဖြစ်သည်မှာ ထင်ရှားနေသည်။ ချန်ရွှမ်း၏ အစွမ်းထက်သော သတ္တုခန္ဓာကိုယ် တောင် တစ်ချက်ပင် မခံခဲ့ပေ။ ပိုအားနည်းသော ကျင့်ကြံမှုအဆင့်ရှိသော ဇူအန့်တွင် မည်သည့်မျှော်လင့်ချက် ရှိတော့မည်နည်း။

ကျန်းတန် က ဤတိုက်ခိုက်မှုကို သူ့အစား ဝင်ခံပေးချင်ခဲ့သည်။ သို့သော် သူမကို ဖက်ထားသော လက်မှာ ပိုမိုတင်းကြပ်သဖြင့် သူမ လုံးဝ လှုပ်မရပေ။ သူ့ကို ကာပေးရန် မတတ်နိုင်ခဲ့ပေ။
ဇူအန်၏ ရင်ခွင်ထဲတွင် မြုပ်နှံထားရန်သာ ဆုံးဖြတ်ခဲ့သည်။ ဤနည်းလမ်းဖြင့် လက်သည်းက သူ၏ ရင်ဘတ်ကို ကုတ်လိုက်သောအခါတွင် သူမကိုလည်း သေစေမည်ဖြစ်သည်။ သူတို့နှစ်ယောက်မှာ အစစ်အမှန် တစ်သားတည်းဖြစ်သွားကြမည်ဖြစ်သည်။

မိန်လိက ဇူအန်၏ ခေါင်းထဲတွင် အော်ဟစ်နေသည်။ “နင် ရူးနေပြီလား။ ဘာဖြစ်လို့ တမင် မတ်တပ်ရပ်နေသေးတာလဲ”
နေကြာပန်းသိုင်းမှာ သူတို့အကြားရှိ ကျင့်ကြံမှုအဆင့် ကို မဖြည့်ပေးနိုင်သော်လည်း အခွင့်အရေး တစ်ခု ရှိနေဆဲ ဖြစ်သည်။
သူမ၏ အမြင်တွင် ဇူအန် က တမင်တကာ မရှောင်တိမ်းသည်ကို ပြောနိုင်နေသည်။

ဇူအန် က သူမကို ပြန်မဖြေပေ။ ကျောပေးထားကာ နဂါးလက်သည်း၏ အားအပြည့်ကို ခံယူရန် ပြင်ဆင်ထားလိုက်သည်။
ကြက်သွေးရောင်နဂါး က သူ၏ ပစ်မှတ် ရှောင်တိမ်းရန် အခွင့်မရှိတော့သည်ကို မြင်လိုက်ရသည်။ အမှန်ပဲ။ လူသားတွေက ပုရွတ်ဆိတ်တွေနဲ့ မခြားဘူး။
သို့သော်လည်း ဇူအန် ခပ်တင်းတင်း ပွေ့ဖက်ထားသော ကျန်းတန်ကို မြင်လိုက်ရသောအခါ တုန့်ဆိုင်းမှုတစ်ခု ထုံကျဉ်သွားသည်။ တကယ်တွင်လည်း ဤမိန်းကလေးမှာ အလွန်လှပနေသည်။
၎င်းသည် မကြာခင်တွင် လူသားအသွင်ပြောင်းလဲနိုင်တော့မည်ဖြစ်သည်။ ထိုအခါတွင် သူ၏ အောင်မြင်မှုကို သူမနှင့် ကျင်းပရန် စီစဉ်ထားခဲ့သည်။

သူတို့နှစ်ဦးမှာ မျိုးစိတ်မတူညီကြသော်လည်း အဆင့််မြင့်မားသော နဂါးများသည် လူသားအသွင်ဆောင်နိုင်ကြသည်။ ထို့ကြောင့် နဂါးနှင့်် လူသားတို့တွင် အလှအပ၏ စံနမူနာတွင် ဆင်တူသော အချက်များရှိကြသည်။
အလှအပတရားအပေါ် မျှဝေသော ရှု့ထောင့််မှာ နဂါးမျိုးနွယ်တစ်ခုတည်းအတွက်သာမဟုတ်ပေ။ အခြားသော မျိုးစိတ်များသည်လည်း ကျင့်ကြံမှု အဆင့်မြင့်လာသောအခါ လူအသွင်ဆောင်နိုင်သည့် အလားအလာရှိကြသည်။

အမှန်တကယ်တွင် လူသားအသွင်ပုံစံသည် ကျင့်ကြံအားထုတ်ရန် ပိုမိုသင့်လျော်မှုရှိသည်။ ထို့ကြောင့် ကျင့်ကြံမှု အဆင့််မြင့်မားလာသော အခြားမျိုးနွယ်များသည်လည်း လူသားအသွင်ပြောင်းနိုင်ရန် ဆန္ဒပြင်းပြကြသည်။
သို့သော်လည်း ကျင့်ကြံမှုအဆင့် အကန့်အသတ်ရှိသော မျိုးနွယ်များလည်း ရှိသေးသည်။ ထို့ကြောင့် သူတို့မှာ လူသားအသွင်ဆောင်နိုင်သော အခွင့်အရေးမရှိကြပေ။ သူတို့အဖို့ အလှအပတရားဆိုသည်မှာ ဝက်မတစ်ကောင်ကို ရှု့မြင်ခြင်းနှင့် မခြားနားပေ။

ဤလောက် လှပသော အလှပဂေးတစ်ယောက်ကို သတ်ရန်မည်မှာ တကယ်ကို နှမြောစရာတစ်ခုဖြစ်နေသည်။ ထို့ကြောင့် နဂါးနီ က နောက်ဆုံးအခိုက်အတန့်တွင် ပြန်ဆုတ်လိုက်သည်။ သို့သော်လည်း သူ၏ ခွန်အားမှာ လူကိုယ်ပေါ်တွင် အပေါက်ကြီးတစ်ပေါက်ဖြစ်ရန် လုံလောက်နေဆဲ ဖြစ်သည်။
မထင်မှတ်စွာပင် သူ၏ လက်သည်းက ထိုသူ၏ ကျောပြင်ကို ထိသွားသောအခါ အရေပြားကို မပေါက်ထွက်သွားခဲ့ပေ။ သို့အစား မမြင်ရသောအကာအကွယ်အလွှာတစ်ခုကို ထိမိလိုက်သည်ဟု ခံစားလိုက်ရသည်။

ထိုယောက်ျား၏ ကျောဘက်တွင် အပြာရောင်အကြေးခွံတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ဤသေမင်းရိုက်ချက်ကို တားဆီးခဲ့သည်။
“ဒါက ပင်လယ်မျိုးနွယ် ရဲ့...” သူ၏ စကားအဆုံးမသတ်ခင်မှာပင် ဇူအန်က အခွင့်အရေးအရယူကာ သူ၏ လက်ထဲတွင် ကိုင်ထားသော အနက်ရောင် ဓားမြှောင်ကို ဆတ်ကနဲ လှုပ်ရှားလိုက်သည်။ အဆိပ်ပြင်းတန်ဆာက နဂါးလက်သည်းနှင့် လက်ချောင်းကြားရှိ ကြေးခွံအောက်သို့ အဖျားလေးမျှ စိုက်၀င်သွားသည်။

ကြက်သွေးရောင်နဂါး အံသြသွားသည်။ “မင်းလို ပမွှားလေးတစ်ကောင်ဆီမှာ ငါ့ကို ထိခိုက်နိုင်မယ့် လက်နက်မျိုးရှိပါ့မလား။ ရယ်စရာကောင်းလိုက်တာ။ ပြီးတော့ ဒီလို လက်နက်ငယ်လေး တစ်ခုက ငါ့ကို အယားတောင် မပြေစေဘူး”

ဇူအန် ပြုံးလိုက်သည်။ “သေချာလို့လား”

အနီရောင်နဂါးမှာ ဤသရော်မှုကြောင့် စိတ်မတိုသွားပေ။ သူ၏ လက်သည်းဖြင့် နောက်တစ်ကြိမ် ကုတ်ရန် ဟန်ပြင်လိုက်သည်။ “အခုသေလို့ရပြီ အသေးလေး”
ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။ ထိတ်လန့်ကာ အော်လိုက်သည်။ “ဘာတွေဖြစ်ကုန်တာလဲ။ ဒါ...ဒါက ကျိန်စာ တစ်ခုပဲ...အား...”

သူ၏ အသံတွင် ကြောက်ရွံမှုနှင့် မကျေနပ်မှုများ ပြည့်နေသည်။ ၎င်း၏ စူးရှသော မျက်လုံးများလည်း မှေးမှိန်သွားပြီးနောက် ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ခွန်အား အားလုံး ဆုံးရှုံးသွားသည်ဟု ထင်ရကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ကမ္ဘာကိုယ်တိုင် ပေါက်ကွဲနေသကဲ့သို့ ဂူတစ်ခုလုံးလည်း တုန်ခါသွားသည်။

“အဲ့ဒါက တကယ်ပဲ သေသွားပြီပဲ” ဇူအန် စိတ်သက်သာစွာ အသက်ရှုထုတ်လိုက်သည်။ အမှန်ဆိုရလျှင် သူ့တွင် တစ်ရာ ရာခိုင်နှုန်း အပြည့် ယုံကြည်မှု မရှိခဲ့ပေ။ အကယ်၍ အဆိပ်ပြင်းတန်ဆာ က ဤလောက် ကြီးမားသည့် နဂါး တစ်ကောင်အပေါ်တွင် အလုပ်ဖြစ် မဖြစ်ကို မသေချာခဲ့ပေ။
၎င်းသည် နဂါးတစ်ကောင်ဖြစ်ပြီး ကျင့်ကြံမှုအဆင့် ကြောက်မက်ဖွယ်ကောင်းလောက်အောက် မြင့််မားနေသူလည်းဖြစ်သည်။ ဤထူးဆန်းသော အဆိပ်ပြင်းတန်ဆာ ကြောင့်သာ မဟုတ်ပါက ကျဆုံးရလိမ့်မည်မဟုတ်ပေ။ မြေအောက်ဂူတွင် ရှိနေစဉ်က အဆိပ်ပြင်းတန်ဆာ သည် ကျန်းဟန် နှင့် အခြားသူများ အပေါ်တွင် အလုပ်မဖြစ်ခဲ့ပေ။

သို့်သော် ဤအရာအပေါ်တွင် ပုံအောလောင်းရန် ဇူအန် ဆုံးဖြတ်ခဲ့သေးသည်။ ကျန်းဟန် နှင့်အခြားသူများ သည် သေဆုံးနေပြီးသားဖြစ်သည့်အတွက် အလုပ်မဖြစ်ခြင်းဖြစ်သည်ဟု ဇူအန် တွေးခဲ့သည်။ ဤနဂါးသည် မည်မျှပင် စွမ်းအားကြီးစေကာမူ အသက်ရှင် နေသည့်အရာဖြစ်သည်။
အဆိပ်ပြင်းတန်ဆာမှာ မည်မျှပင် ထူးကဲစေကာမူ ၎င်းတွင်လည်း အားနည်းချက် ရှိနေသေးသည်။ ရန်သူကို ထိုအရာဖြင့် ဒဏ်ရာရပေးနိုင်လောက်အောင် ဇူအန် မှာ သန်မာမှု မလုံလောက်ပေ။
သာမန်တိုက်ပွဲတစ်ခုတွင် သူ့ထက် များစွာ သန်မာသော ဧရာမ နဂါးတစ်ကောင်ကို အသာထား ချန်ရွှမ်း ကဲ့သို့သော တစ်စုံတစ်ဦးကိုပင် ထိုးရန် အလွန်ခက်ခဲမည်ဖြစ်သည်။
ထို့ကြောင့် ဤကြက်သွေးရောင်နဂါးကို အံသြစေမည့် တစ်ချက်တည်းဖြင့် အားအပြည့်တိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှာ ကမ္ဘာဦးမူလသိုင်းကျမ်း၏ ထုဆစ်ခြင်းကို အကြိမ်များစွာ ကြုံတွေ့ ခံစားခဲ့ရပြီးပြီဖြစ်သည်။ ထို့အပြင် သူ၏ ပြန်ကုသနိုင်စွမ်းမှာလည်း အံအားသင့်ဖွယ်ကောင်းလှသည်။ နဂါး၏ တိုက်ခိုက်မှုက သူ့ကို မသတ်နိုင်ဟု လောင်းကြေးထပ်ခဲ့သည်။
သို့သော် ရှန်းလျှို့၏ ကျောက်စိမ်းလည်ဆွဲ နိုးထလာမည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤလည်ဆွဲအကြောင်း ရှန်းလျှို့ယီ ပြောပြခဲ့သည့််စကားမျကို ပြန်တွေးလိုက်သည်။ ၎င်းရိုက်ချက်က သူ၏ အသက်ကို နှုတ်ယူရန် လုံလောက်မှုရှိသည်ဟု ကျောက်စိမ်းလည်ဆွဲ က ယူဆခဲ့သောကြောင့် တားဆီးပေးလိုက်ခြင်းဖြစ်သည်။

မိန်လိ ၏ ဒေါသတကြီး အော်သံများ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ “အခုနက နင် သေရတော့မလိုဆိုတာကို သိလား။ နင့်မှာရှိနေတဲ့ အဲ့ဒီ ရတနာကြောင့်သာမဟုတ်ရင် ငါ့အသက်လည်း တစ်ခါတည်း မြောင်းထဲရောက်သွားတော့မှာပဲ”

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၄၄၄...၄၄၄....၄၄၄... ရရှိလိုက်သည်။
သူမ မှာ အစစ်အမှန် ဒေါသထွက်နေသည်။

“ဒါပေမယ့် ကျုပ် အဆင်ပြေနေတုန်းပဲ မလား” ဇူအန် တုန်တုန်ယင်ယင် ပြောလိုက်သည်။
မိန်လိ၏ ဝိဉာဉ်ကိုယ်ထည် ပေါ်လာသည်။ သူ့ကို တိမ်ဖုံးနေသော ဒေါသများဖြင့် ကြည့်လိုက်သည်။

ဇူအန်က သူမကို ချော့ရန် ကြိုးစားလိုက်သည်။ သူ၏အသံတွင် အားနာမှုများ ရောနှောနေသည်။ “လုပ်ပါ အစ်မတော် မိဖုရားကြီးရဲ့။ အရမ်း စိတ်မဆိုးပါနဲ့ ဟုတ်ပြီလား။ ဒီတစ်ခါ ကျုပ် အတော်လေး နည်းနည်း လွန်သွားတယ်။ ဒါပေမယ့် နောက်တစ်ခါကျရင် ပိုဂရုစိုက်ပါ့မယ်..”

“နောက်တစ်ခါဆိုရင် ဟုတ်လား။ အသက်တွေဆိုတာ ဒီလို ကစားဖို့ရှိနေတယ် ထင်နေလား။ နင့်မှာ နောက်ထပ် အသက်ကယ်မယ့် ရတနာတွေ ရှိနေသေးလား” မိန်လိ ဆူလိုက်သည်။

“မရှိတော့ဘူး...” ဇူအန် ခေါင်းခါလိုက်သည်။
ရှမ်းလျှို့ယီ က သူ့ကို ပေးထားသော ကျောက်စိမ်းလည်ဆွဲမှာ အမှန်တကယ်ကို အံသြစရာကောင်းလှသည်။ ၎င်းသည် ဧရာမနဂါးတစ်ကောင်၏ ရိုက်ချက်ကိုပင် တားဆီးနိုင်စွမ်းရှိသည်။

“အဲ့ဒါကို ဘယ်ကနေ ရလာခဲ့တာလဲ” မိန်လိ သိချင်စိတ်ဖြင့်် မေးလိုက်သည်။

“သူငယ်ချင်းတစ်ယောက့ ပေးခဲ့တာ” ဇူအန်က ရှန်းလျှို့ယီ နှင့်် အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။

“နောက်တစ်ခါကျရင် သူ့ဆီကနေ နောက်ထပ်နည်းနည်း ထပ်တောင်းလိုက်” မိန်လိ အမိန့်ပေးလိုက်သည်။ ၎င်းမှာ လုံးဝ သာမန်ဖြစ်သော အရာတစ်ခုကဲ့သို့ သူမ ပြောလိုက်သည်။

ဇူအန် လုံးဝ တွေဝေ သွားသည်။
“ဒီလို ရတနာမျိုးက မယုံနိုင်စရာကောင်းလောက်အောင် အဖိုးတန်တယ်လေ။ ထပ်တောင်းရလောက်တဲ့အထိ ဘယ်လို အရှက်မဲ့နိုင်မှာလဲ”
အစ်မတော်မိဖုရားက နည်းနည်းလေး အရေမထူလွန်း နေဘူးလား။

“အရှက် ဆိုတဲ့ စကားလုံးက နင့်ရဲ့ အဘိဓာန်ထဲမှာ တကယ်ပဲ ရှိနေသလား” မိန်လိ ကြိမ်းလိုက်သည်။ “တကယ်ပဲ အရမ်းရှက်တယ်ခံစားနေရရင် သူ့ကို နင့်ရဲ့ မိန်းကလေးဖြစ်အောင်လုပ်လိုက်ပေါ့။ အဲ့ဒါဆိုရင် တောင်းရတာ ပိုလွယ်ကူမသွားဘူးလား။ ပြီးတော့ နင်က လုံးဝမိန်းမပွေရှုပ်သူဆိုတာကို ငါ အသေအချာပြောနိုင်တယ်”

ဇူအန့်တွင် စကားလုံးများ မရှိတော့ပေ။
အစ်မတော် မိဖုရား ရဲ့ စကားတွေက အရမ်းမှန်လွန်းလို့  ကျုပ် ပြန်တောင် ငြင်းမရတော့ဘူး။

မိန်လိ ဆက်ပြောလိုက်သည်။ “ အဲ့ဒီအနီရောင်နဂါးရဲ့ အတွင်းအမြုတေကို မြန်မြန် ထုတ်ယူလိုက်။ အဲ့ဒီ အမြုတေက သေချာပေါက်ကို ထူးခြားတဲ့ တစ်ခုခုဖြစ်လိမ့်မယ်”

နဂါးဆီသို့ ဇူအန် လျှောက်လှမ်းသွားလိုက်သည်။ “ဒီကမ္ဘာမှာ အမြုတေလိုမျိုး အရာရှိတယ်လား” သိချင်စိတ်ဖြင့် မေးလိုက်သည်။
ယခင်က တင်ပါးဆွဲဝံပုလွေ များနှင့် ကြုံတွေ့ဖူးခဲ့သည်။ သူတို့ ထံမှ အမြုတေ သို့မဟုတ် မှော်ကျောက်တုံးအချို့ ရှာရန်ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုသို့အရာမျိုး ရှာမတွေ့ခဲ့ပေ။

သူ၏ ဇဝေဇဝါဖြစ်မှုကို မိန်လိ ရှင်းပြလိုက်သည်။ “အဆင့်နိမ့်တဲ့ သားရဲတွေမှာ ဘာမှမရှိပေမယ့် နဂါးတစ်ကောင်မှာတော့ သေချာပေါက် တစ်ခု ရှိကိုရှိတယ်။ ဒီနဂါးက အရှင်သခင် အဆင့်ကို ရောက်ပြီးနေပြီ”

“အရှင်သခင် အဆင့် လား” ဇူအန် ကြောင်သွားသည်။ ဒါက အရှင်သခင် အဆင့် ကျင့်ကြံသူနဲ့ ပထမဆုံးတွေ့ဖူးတာမလား။ မိန်လိ အထွတ်အထိပ် တုန်းက သူမ ဘယ်အဆင့်လဲဆိုတာ သိချင်မိသည်။

“အဆင့်တူတူမှာ သားရဲတစ်ကောင် က လူတစ်ယောက်ထက် ပိုသန်မာတယ်ဆိုတာက သာမန်ဗဟုသုတပဲ” မိန်လိ ပြောလိုက်သည်။ “ဒါကြောင့် အဲ့ဒါကို မထင်မသေးနဲ့။ အရှင်သခင်အဆင့် နဂါးတစ်ကောင်ဆိုတာ သိုင်းထိပ်သီးတွေအများကြီးနဲ့တောင် ရင်ဆိုင်နိုင်တဲ့ တစ်စုံတစ်ခုမဟုတ်ဘူး။ အဲ့ဒါက နင့်ရဲ့ လှည့်ကွက်အောက်မှာ ကျရှုံးရလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး”

ဇူအန်၏ မျက်လုံးများ ဝင်းလက်သွားသည်။ “ဒါဆိုရင် ကျုပ်က အရှင်သခင်အဆင့် သိုင်းသမားတစ်ယောက်ကို သတ်ခဲ့ဖူးတယ်လို့ သူများတွေကို ပြောပြလို့ရပြီလို့ ဆိုလိုနေတာပဲ။ အဟမ်း အဟမ်း. မဟုတ်ဘူး။ ကျုပ်က အရှင်သခင်အဆင့်တစ်ယောက်နဲ့ တန်းတူလို့တောင် ပြောလို့ရတယ်။ ဒါဆိုရင် အခြားသူတွေအားလုံးက ငတုံးတွေပေါ့”

“နင် ဆက်မပြောလို့မရဘူးလား” မိန်လိ မျက်လုံးလိမ့်လိုက်သည်။ “နင် ရှုးနှမ်းနေတယ်လို့ လူတိုင်း ထင်ကြလိမ့််မယ်။ မဟုတ်ရင်လည်း နင့််အပေါ်ကို ပြဿနာတွေပိုပြီးတော့ ဖိတ်ခေါ်မိသလိုဖြစ်မှာပဲ။ ဒါက ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်”

“ကျုပ်က ပျော်နေရုံသက်သက်ပဲ။ ဟုတ်ပြီလား။ ကျုပ် နည်းနည်းလောက် ထပ်ပြီးတော့ ပြောပါရစေဦး...” ဇူအန် မကျေမနပ်စွာ ပြောလိုက်သည်။ ပြောရင်းဆိုရင်းဖြင့် မိန်လိ၏ ညွှန်ကြားချက်အတိုင်း နဂါး၏ အမြုတေကို ခွဲထုတ်ယူလိုက်သည်။
နဂါးမှာ အလွန်အမင်း တောင့်တာမာကျောလှသည်။ ၎င်း၏ ရုပ်အလောင်းမှာ သာမန် ဓားဖြင့် လှီးဖြတ်နိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။ ကံကောင်းသည်မှာ သူ့တွင် အစွမ်းထက်သော အဆိပ်ပြင်းတန်ဆာ ရှိနေခြင်းဖြစ်သည်။

နဂါးအမြုတေ မှာ နှင်းဆီပန်းရောင် ရှိသည်။ ၎င်းမှ အပူငွေ့ အနည်းငယ်ထွက်နေသည်။ “အရှင်သခင်အဆင့် အမြုတေ ပဲ။ ဒါက တကယ်ကို ရှားပါး အဖိုးတန် ရတနာတစ်ခုပဲ” မိန်လိက အားကျမှုဖြင့်ပြောလိုက်သည်။
၎င်းကို အသုံးပြုကာ မီးဒြပ်စင်ကို နိုးထစေနိုင်သည်။ လက်နက်အဖြစ် ထုလုပ်နိုင်သည်။ သို့မဟုတ် ဆေးဖော်နိုင်သည်။...၎င်းသည် ထိပ်သီးပစ္စည်းတစ်ခု ဖြစ်သည်မှာ သေချာသည်။

မိန်လိ က နဂါး၏ ရုပ်အလောင်းကို ကြည့်နေလိုက်သည်။ “ဒီနဂါးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ရတနာပဲ။ ဒါပေမယ့် အဲ့ဒါက အရမ်း ကြီးလွန်းနေတယ်။ ဒါကြောင့် ငါတို့နဲ့အတူ ယူသွားလို့မရနိုင်ဘူး။ ငါတို့မှာ သိုလှောင်လက်စွပ်တစ်ခုလောက်ရှိရင် ကောင်းမှာပဲ”
သို့သော် သူမ ခေါင်းခါလိုက်သည်။ ဤလောက်ကြီးမားသော ခန္ဓာကိုယ်ကို သိုလောင်ထားနိုင်သည့် သိုလှောင်လက်စွပ်ဟူ၍ မရှိပေ။

ချိုသာ၍ ဆွဲဆောင်မှုရှိသော ငြီးတွားသံတစ်ခုက သူတို့ကို နှောင့်ယှက်လိုက်သည်။ ဇူအန် နဖူးရိုက်လိုက်သည်။ “သူ့ကို မေ့တော့မလို့”
ကျန်းတန်၏ ခန္ဓာကိုယ်ထဲရှိ ဆေး၏ အကျိုးအာနိသင်များမှာ အထွတ်အထိပ်တစ်ခုသို့ ရောက်နေပြီဖြစ်နိုင်သည်။ သူမ ထိန်းထားနိုင်မည့် အခွင့်အရေး အနည်းငယ်သာ ရှိနေသည်။
သူမကို အမြန် ထူပေးလိုက်သည်။ ကျန်းတန် ၏ ခန္ဓာကိုယ်မှာ ပူလောင်ဆူပွက်နေသည်။ သူမ၏ ခန္ဓာကိုယ်ထဲသို့ အအေးဓာတ်စွမ်းအင်လှိုင်းတစ်ခု အလျှင်အမြန်ပို့လွှတ်ပေးလိုက်သည်။
ကျန်းတန် စိတ်မှာ အနည်းငယ် ကြည်လင်လာသည်။ ဇူအန်ကို သူမ မြင်ရသောအခါ သူ့ကို ချက်ချင်း တွန်းထုတ်လိုက်သည်။ “ငါ့ကို မထိနဲ့”

ဇူအန် လုံးဝ ဆွံ့အသွားသည်။
အစ်မရယ်။ ဘာတွေလဲ။

“အားဇူ က သေပြီ။ ဒါကြောင့် ငါလည်း ဆက်အသက်ရှင်ဖို့ ဆန္ဒမရှိတော့ဘူး” ကျန်းတန် က စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။ သူမ၏ ဦးခေါင်းကို ရိုက်ရန် လက်တစ်ဖက် ဟန်ပြင်လိုက်သည်။

ဇူအန် က အလောတကြီး သူမကို တားလိုက်သည်။ “မင်း အဆင်ပြေရဲ့လား။ ငါ ဒီမှာရှိတယ်လေ။ အဆိပ်က မင်း ခေါင်းကို ရှုပ်ထွေးစေတာလား”

ကျန်းတန်က သူ့ကို မုန်းတီးစွာ ကြည့်လိုက်သည်။ “နဂါးမိစ္ဆာ နင့်ရဲ့ လှည့််စားမှုကို ငါ ခံမယ်ထင်နေလား။ အားဇူကို သတ်ပြီးတော့ သူ့ပုံစံ ဟန်ဆောင်လိုက်တာနဲ့ပဲ နင့်စကား နာခံမယ်ထင်နေလား”

ဇူအန်၏ တစ်ဘဝလုံးတွင် ယခုအချိန်လောက် အကြပ်မရိုက်ခဲ့ဖူးပေ။

----- --------------- --------------------- ----- - - - - - - - - - - -

Chapter 312: နဂါးအျမဳေတ

ဒီအတြက္ ဇူအန္ အသင့္ျဖစ္ေနၿပီျဖစ္သည္။ အသာအယာခုန္လိုက္ၿပီး သူ၏ အရိပ္မွာ ဖ်တ္ခနဲ ပ်ံသန္းသြားသည္။
အခုနက သူ မတ္တပ္ရပ္ေနခဲ့ေသာ ေက်ာက္တုံးႀကီးမွာ မီးလွ်ံအပူရွိန္ေၾကာင့္ ခ်က္ခ်င္း ျပာက်သြားသည္။ ဇူအန္ တံေတြးမ်ိဳခ် မိလိုက္သည္။ သူလည္ ထိုမီးလွ်ံမ်ား ဖမ္းယူျခင္းခံလိုက္ရပါက တူညီေသာ ကံၾကမၼာ ႀကဳံရမည္ျဖစ္သည္။

စဥ္းစားခ်ိန္မရခင္မွာပဲ နဂါးက ေနာက္တစ္ႀကိမ္ မီးမႈတ္ထုတ္လိုက္သည္။
ဇူအန္က ေနၾကာပန္းသိုင္း ကို သုံးကာ အျမန္ေရွာင္ရွားလိုက္သည္။ ေရွာင္တိမ္းလိုက္နိုင္ေတာင္မွ သူ၏ ဆံပင္အခ်ိဳ႕မွာ အပူရွိန္ေၾကာင့္ ေကြးသြားၾကရသည္။ မီးေလာင္ ေညွာ္နံ႕ တစ္ခုေတာင္ ရွိေနသည္။

က်န္းတန္ မီးအဟပ္ခံရမည္ကို စိုးရိမ္ေသာေၾကာင့္ ႏွင္းပန္းဓါးသိုင္းကို အျမန္သုံးကာ သူ၏ ပတ္ဝန္းက်င္တြင္ အေအးဓာတ္ အလႊာတစ္ခု ဖုံးအုပ္ေစလိုက္သည္။ အေအးဓာတ္က သူတို႔၏ အပူဒဏ္ အမ်ားစုကို ကူညီ ေျဖေဖ်ာက္ေပးခဲ့သည္။

ၾကက္ေသြးေရာင္ နဂါး က မီးေတာက္မီးလွ်ံမ်ား ပိုမႈတ္ထုတ္လိုက္သည္။ သို႔ေသာ္လည္း သူ၏ ပစ္မွတ္မွာ ကံေကာင္းစြာ အၿမဲေရွာင္တိမ္းနိုင္ခဲ့သည္။ ဤလုပ္ရပ္မွာ အခ်ည္းအႏွီးသာ ျဖစ္သည္ကို တျဖည္းျဖည္း သတိျပဳမိလာသည္။ သူ၏ အေဝးေရာက္ တိုက္ခိုက္မႈမ်ားကို လက္ေလ်ာ့လိုက္သည္။ ဖ်တ္ခနဲ ျဖင့္ သူ၏ ဧရာမခႏၶာကိုယ္မွာ ေပ်ာက္သြားၿပီး ဇူအန္ဆီသို႔ တဟုန္ထိုးလာေနသည္။

အားဇူ ဒီကေန ထြက္သြားေတာ့ က်န္းတန္ ပ်ာပ်ာယာယာ ေျပာလိုက္သည္။ ကြၽန္မကို ဆက္ ဂ႐ုစိုက္မေနနဲ႕ေတာ့
ယခုအခ်ိန္သည္ သူ၏ ေနရာခုန္ကူးျခင္း ႏွင့္ဆင္တူေသာ ပညာကို သုံး၍ ထြက္ေျပးရန္ အခြင့္အေရးတစ္ခုျဖစ္သည္။ သူမက ဤဧရာမသတၱဝါႀကီးကို အေကာင္းဆုံးႀကိဳးစားကာ အခ်ိန္ဆြဲေပးထားမည္ျဖစ္သည္။
သူမကိုယ္သူမ စေတးခံရန္ စိတ္ျပင္ဆင္ထားၿပီးသားျဖစ္သည္။ သူမ၏ အသက္၊ သူမ၏ ျဖဴစင္မႈ ျဖစ္ေစ ကိစၥမရွိေတာ့ေပ။

ဇူအန္ ၿပဳံးကာ ေျပာလိုက္သည္။ ငါ့ကိုယ္ငါ သူရဲေကာင္းတစ္ေယာက္လို႔ သတ္မွတ္လို႔မရေပမယ့္ ဘယ္ေတာ့မွ သူငယ္ခ်င္းေတြကို စြန့္ပစ္ထားခဲ့မွာမဟုတ္ဘူး

သူ၏ အေကာင္းျမင္ေသာအၿပဳံးကို ျမင္ရေသာအခါ က်န္းတန္၏ မ်က္လုံးမ်ား စိုစြတ္လာသည္။ အားဇူ
သူမ၏ စိတ္ကို ခိုင္မာေအာင္လုပ္လိုက္သည္။ အဆိုးဆုံးအျဖစ္တြင္ သူတို႔ အတူေသၾက႐ုံသာျဖစ္သည္။
အသက္ရွင္စဥ္တြင္ အတူမေနနိုင္ေသာ္လည္း တမလြန္တြင္ အတူရွိေနနိုင္ေတာ့မည္ျဖစ္သည္။
ဤခံစားခ်က္က သူမသည္ ခ်ဴခ်ဴယန္ထက္ပိုကံေကာင္းသည္ဟု ခံစားရေစသည္။

ထိုအခ်ိန္တြင္ အနီေရာင္ နဂါး က ရယ္သံပါပါ ဟိန္းလိုက္သည္။ မင္းတို႔ကို မိၿပီကြ
ဇူအန္၏ ထူးဆန္းေသာ လႈပ္ရွားဟန္မ်ား၏ စည္းခ်က္ကို သူ သတိျပဳမိၿပီးၿပီျဖစ္သည္။
ေနၾကာပန္းသိုင္းမွာ မည္မွ်ပင္ အစြမ္းထက္ေစကာမူ သူတို႔ၾကား ခြန္အား ကြာဟမႈမွာ အလြန္ႀကီးမားလွသည္။

က်န္းတန္ က သူတို႔၏လမ္းေၾကာင္းတြင္ ဧရာမလက္သည္းတစ္ခု ေပၚလာသည္ကို ျမင္လိုက္ရသည္။ ၎နဂါးလက္သည္းက သူတို႔၏ လႈပ္ရွားမႈကို ႀကိဳျမင္ေနပုံရသည္။ အလြန္နီးကပ္ေနၿပီျဖစ္ေသာေၾကာင့္ လက္သည္းအေပၚတြင္ရွိေနေသာ ေသြးအစြန္းအစမ်ားကိုပင္ ျမင္ေတြ႕ေနနိုင္သည္။
ထိုေသြးမ်ားမွာ ခ်န္႐ႊမ္း၏ ခႏၶာကိုယ္မွျဖစ္သည္မွာ ထင္ရွားေနသည္။ ခ်န္႐ႊမ္း၏ အစြမ္းထက္ေသာ သတၱဳခႏၶာကိုယ္ ေတာင္ တစ္ခ်က္ပင္ မခံခဲ့ေပ။ ပိုအားနည္းေသာ က်င့္ႀကံမႈအဆင့္ရွိေသာ ဇူအန့္တြင္ မည္သည့္ေမွ်ာ္လင့္ခ်က္ ရွိေတာ့မည္နည္း။

က်န္းတန္ က ဤတိုက္ခိုက္မႈကို သူ႕အစား ဝင္ခံေပးခ်င္ခဲ့သည္။ သို႔ေသာ္ သူမကို ဖက္ထားေသာ လက္မွာ ပိုမိုတင္းၾကပ္သျဖင့္ သူမ လုံးဝ လႈပ္မရေပ။ သူ႕ကို ကာေပးရန္ မတတ္နိုင္ခဲ့ေပ။
ဇူအန္၏ ရင္ခြင္ထဲတြင္ ျမဳပ္ႏွံထားရန္သာ ဆုံးျဖတ္ခဲ့သည္။ ဤနည္းလမ္းျဖင့္ လက္သည္းက သူ၏ ရင္ဘတ္ကို ကုတ္လိုက္ေသာအခါတြင္ သူမကိုလည္း ေသေစမည္ျဖစ္သည္။ သူတို႔ႏွစ္ေယာက္မွာ အစစ္အမွန္ တစ္သားတည္းျဖစ္သြားၾကမည္ျဖစ္သည္။

မိန္လိက ဇူအန္၏ ေခါင္းထဲတြင္ ေအာ္ဟစ္ေနသည္။ နင္ ႐ူးေနၿပီလား။ ဘာျဖစ္လို႔ တမင္ မတ္တပ္ရပ္ေနေသးတာလဲ
ေနၾကာပန္းသိုင္းမွာ သူတို႔အၾကားရွိ က်င့္ႀကံမႈအဆင့္ ကို မျဖည့္ေပးနိုင္ေသာ္လည္း အခြင့္အေရး တစ္ခု ရွိေနဆဲ ျဖစ္သည္။
သူမ၏ အျမင္တြင္ ဇူအန္ က တမင္တကာ မေရွာင္တိမ္းသည္ကို ေျပာနိုင္ေနသည္။

ဇူအန္ က သူမကို ျပန္မေျဖေပ။ ေက်ာေပးထားကာ နဂါးလက္သည္း၏ အားအျပည့္ကို ခံယူရန္ ျပင္ဆင္ထားလိုက္သည္။
ၾကက္ေသြးေရာင္နဂါး က သူ၏ ပစ္မွတ္ ေရွာင္တိမ္းရန္ အခြင့္မရွိေတာ့သည္ကို ျမင္လိုက္ရသည္။ အမွန္ပဲ။ လူသားေတြက ပု႐ြတ္ဆိတ္ေတြနဲ႕ မျခားဘူး။
သို႔ေသာ္လည္း ဇူအန္ ခပ္တင္းတင္း ေပြ႕ဖက္ထားေသာ က်န္းတန္ကို ျမင္လိုက္ရေသာအခါ တုန့္ဆိုင္းမႈတစ္ခု ထုံက်ဥ္သြားသည္။ တကယ္တြင္လည္း ဤမိန္းကေလးမွာ အလြန္လွပေနသည္။
၎သည္ မၾကာခင္တြင္ လူသားအသြင္ေျပာင္းလဲနိုင္ေတာ့မည္ျဖစ္သည္။ ထိုအခါတြင္ သူ၏ ေအာင္ျမင္မႈကို သူမႏွင့္ က်င္းပရန္ စီစဥ္ထားခဲ့သည္။

သူတို႔ႏွစ္ဦးမွာ မ်ိဳးစိတ္မတူညီၾကေသာ္လည္း အဆင့္္ျမင့္မားေသာ နဂါးမ်ားသည္ လူသားအသြင္ေဆာင္နိုင္ၾကသည္။ ထို႔ေၾကာင့္ နဂါးႏွင့္္ လူသားတို႔တြင္ အလွအပ၏ စံနမူနာတြင္ ဆင္တူေသာ အခ်က္မ်ားရွိၾကသည္။
အလွအပတရားအေပၚ မွ်ေဝေသာ ရႈ႕ေထာင့္္မွာ နဂါးမ်ိဳးႏြယ္တစ္ခုတည္းအတြက္သာမဟုတ္ေပ။ အျခားေသာ မ်ိဳးစိတ္မ်ားသည္လည္း က်င့္ႀကံမႈ အဆင့္ျမင့္လာေသာအခါ လူအသြင္ေဆာင္နိုင္သည့္ အလားအလာရွိၾကသည္။

အမွန္တကယ္တြင္ လူသားအသြင္ပုံစံသည္ က်င့္ႀကံအားထုတ္ရန္ ပိုမိုသင့္ေလ်ာ္မႈရွိသည္။ ထို႔ေၾကာင့္ က်င့္ႀကံမႈ အဆင့္္ျမင့္မားလာေသာ အျခားမ်ိဳးႏြယ္မ်ားသည္လည္း လူသားအသြင္ေျပာင္းနိုင္ရန္ ဆႏၵျပင္းျပၾကသည္။
သို႔ေသာ္လည္း က်င့္ႀကံမႈအဆင့္ အကန့္အသတ္ရွိေသာ မ်ိဳးႏြယ္မ်ားလည္း ရွိေသးသည္။ ထို႔ေၾကာင့္ သူတို႔မွာ လူသားအသြင္ေဆာင္နိုင္ေသာ အခြင့္အေရးမရွိၾကေပ။ သူတို႔အဖို႔ အလွအပတရားဆိုသည္မွာ ဝက္မတစ္ေကာင္ကို ရႈ႕ျမင္ျခင္းႏွင့္ မျခားနားေပ။

ဤေလာက္ လွပေသာ အလွပေဂးတစ္ေယာက္ကို သတ္ရန္မည္မွာ တကယ္ကို ႏွေျမာစရာတစ္ခုျဖစ္ေနသည္။ ထို႔ေၾကာင့္ နဂါးနီ က ေနာက္ဆုံးအခိုက္အတန့္တြင္ ျပန္ဆုတ္လိုက္သည္။ သို႔ေသာ္လည္း သူ၏ ခြန္အားမွာ လူကိုယ္ေပၚတြင္ အေပါက္ႀကီးတစ္ေပါက္ျဖစ္ရန္ လုံေလာက္ေနဆဲ ျဖစ္သည္။
မထင္မွတ္စြာပင္ သူ၏ လက္သည္းက ထိုသူ၏ ေက်ာျပင္ကို ထိသြားေသာအခါ အေရျပားကို မေပါက္ထြက္သြားခဲ့ေပ။ သို႔အစား မျမင္ရေသာအကာအကြယ္အလႊာတစ္ခုကို ထိမိလိုက္သည္ဟု ခံစားလိုက္ရသည္။

ထိုေယာက္်ား၏ ေက်ာဘက္တြင္ အျပာေရာင္အေၾကးခြံတစ္ခု ႐ုတ္တရက္ ထြက္ေပၚလာကာ ဤေသမင္းရိုက္ခ်က္ကို တားဆီးခဲ့သည္။
ဒါက ပင္လယ္မ်ိဳးႏြယ္ ရဲ႕... သူ၏ စကားအဆုံးမသတ္ခင္မွာပင္ ဇူအန္က အခြင့္အေရးအရယူကာ သူ၏ လက္ထဲတြင္ ကိုင္ထားေသာ အနက္ေရာင္ ဓားျမႇောင္ကို ဆတ္ကနဲ လႈပ္ရွားလိုက္သည္။ အဆိပ္ျပင္းတန္ဆာက နဂါးလက္သည္းႏွင့္ လက္ေခ်ာင္းၾကားရွိ ေၾကးခြံေအာက္သို႔ အဖ်ားေလးမွ် စိုက္၀င္သြားသည္။

ၾကက္ေသြးေရာင္နဂါး အံၾသသြားသည္။ မင္းလို ပမႊားေလးတစ္ေကာင္ဆီမွာ ငါ့ကို ထိခိုက္နိုင္မယ့္ လက္နက္မ်ိဳးရွိပါ့မလား။ ရယ္စရာေကာင္းလိုက္တာ။ ၿပီးေတာ့ ဒီလို လက္နက္ငယ္ေလး တစ္ခုက ငါ့ကို အယားေတာင္ မေျပေစဘူး

ဇူအန္ ၿပဳံးလိုက္သည္။ ေသခ်ာလို႔လား

အနီေရာင္နဂါးမွာ ဤသေရာ္မႈေၾကာင့္ စိတ္မတိုသြားေပ။ သူ၏ လက္သည္းျဖင့္ ေနာက္တစ္ႀကိမ္ ကုတ္ရန္ ဟန္ျပင္လိုက္သည္။ အခုေသလို႔ရၿပီ အေသးေလး
႐ုတ္တရက္ သူ၏ ခႏၶာကိုယ္တစ္ခုလုံး တုန္ခါသြားသည္။ ထိတ္လန့္ကာ ေအာ္လိုက္သည္။ ဘာေတြျဖစ္ကုန္တာလဲ။ ဒါ...ဒါက က်ိန္စာ တစ္ခုပဲ...အား...

သူ၏ အသံတြင္ ေၾကာက္႐ြံမႈႏွင့္ မေက်နပ္မႈမ်ား ျပည့္ေနသည္။ ၎၏ စူးရွေသာ မ်က္လုံးမ်ားလည္း ေမွးမွိန္သြားၿပီးေနာက္ ၎၏ ဧရာမခႏၶာကိုယ္ႀကီးမွာ ခြန္အား အားလုံး ဆုံးရႈံးသြားသည္ဟု ထင္ရကာ ေျမျပင္ေပၚသို႔ လဲက်သြားေတာ့သည္။ ကမၻာကိုယ္တိုင္ ေပါက္ကြဲေနသကဲ့သို႔ ဂူတစ္ခုလုံးလည္း တုန္ခါသြားသည္။

အဲ့ဒါက တကယ္ပဲ ေသသြားၿပီပဲ ဇူအန္ စိတ္သက္သာစြာ အသက္ရႈထုတ္လိုက္သည္။ အမွန္ဆိုရလွ်င္ သူ႕တြင္ တစ္ရာ ရာခိုင္ႏႈန္း အျပည့္ ယုံၾကည္မႈ မရွိခဲ့ေပ။ အကယ္၍ အဆိပ္ျပင္းတန္ဆာ က ဤေလာက္ ႀကီးမားသည့္ နဂါး တစ္ေကာင္အေပၚတြင္ အလုပ္ျဖစ္ မျဖစ္ကို မေသခ်ာခဲ့ေပ။
၎သည္ နဂါးတစ္ေကာင္ျဖစ္ၿပီး က်င့္ႀကံမႈအဆင့္ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာက္ ျမင့္္မားေနသူလည္းျဖစ္သည္။ ဤထူးဆန္းေသာ အဆိပ္ျပင္းတန္ဆာ ေၾကာင့္သာ မဟုတ္ပါက က်ဆဳံးရလိမ့္မည္မဟုတ္ေပ။ ေျမေအာက္ဂူတြင္ ရွိေနစဥ္က အဆိပ္ျပင္းတန္ဆာ သည္ က်န္းဟန္ ႏွင့္ အျခားသူမ်ား အေပၚတြင္ အလုပ္မျဖစ္ခဲ့ေပ။

သို႔္ေသာ္ ဤအရာအေပၚတြင္ ပုံေအာေလာင္းရန္ ဇူအန္ ဆုံးျဖတ္ခဲ့ေသးသည္။ က်န္းဟန္ ႏွင့္အျခားသူမ်ား သည္ ေသဆုံးေနၿပီးသားျဖစ္သည့္အတြက္ အလုပ္မျဖစ္ျခင္းျဖစ္သည္ဟု ဇူအန္ ေတြးခဲ့သည္။ ဤနဂါးသည္ မည္မွ်ပင္ စြမ္းအားႀကီးေစကာမူ အသက္ရွင္ ေနသည့္အရာျဖစ္သည္။
အဆိပ္ျပင္းတန္ဆာမွာ မည္မွ်ပင္ ထူးကဲေစကာမူ ၎တြင္လည္း အားနည္းခ်က္ ရွိေနေသးသည္။ ရန္သူကို ထိုအရာျဖင့္ ဒဏ္ရာရေပးနိုင္ေလာက္ေအာင္ ဇူအန္ မွာ သန္မာမႈ မလုံေလာက္ေပ။
သာမန္တိုက္ပြဲတစ္ခုတြင္ သူ႕ထက္ မ်ားစြာ သန္မာေသာ ဧရာမ နဂါးတစ္ေကာင္ကို အသာထား ခ်န္႐ႊမ္း ကဲ့သို႔ေသာ တစ္စုံတစ္ဦးကိုပင္ ထိုးရန္ အလြန္ခက္ခဲမည္ျဖစ္သည္။
ထို႔ေၾကာင့္ ဤၾကက္ေသြးေရာင္နဂါးကို အံၾသေစမည့္ တစ္ခ်က္တည္းျဖင့္ အားအျပည့္တိုက္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

သူ၏ ခႏၶာကိုယ္မွာ ကမၻာဦးမူလသိုင္းက်မ္း၏ ထုဆစ္ျခင္းကို အႀကိမ္မ်ားစြာ ႀကဳံေတြ႕ ခံစားခဲ့ရၿပီးၿပီျဖစ္သည္။ ထို႔အျပင္ သူ၏ ျပန္ကုသနိုင္စြမ္းမွာလည္း အံအားသင့္ဖြယ္ေကာင္းလွသည္။ နဂါး၏ တိုက္ခိုက္မႈက သူ႕ကို မသတ္နိုင္ဟု ေလာင္းေၾကးထပ္ခဲ့သည္။
သို႔ေသာ္ ရွန္းလွ်ို႔၏ ေက်ာက္စိမ္းလည္ဆြဲ နိုးထလာမည္ဟု မထင္မွတ္ထားခဲ့ေပ။
ဤလည္ဆြဲအေၾကာင္း ရွန္းလွ်ို႔ယီ ေျပာျပခဲ့သည့္္စကားမ်ကိဳ ျပန္ေတြးလိုက္သည္။ ၎ရိုက္ခ်က္က သူ၏ အသက္ကို ႏႈတ္ယူရန္ လုံေလာက္မႈရွိသည္ဟု ေက်ာက္စိမ္းလည္ဆြဲ က ယူဆခဲ့ေသာေၾကာင့္ တားဆီးေပးလိုက္ျခင္းျဖစ္သည္။

မိန္လိ ၏ ေဒါသတႀကီး ေအာ္သံမ်ား စိတ္ထဲတြင္ ပဲ့တင္ထပ္ေနသည္။ အခုနက နင္ ေသရေတာ့မလိုဆိုတာကို သိလား။ နင့္မွာရွိေနတဲ့ အဲ့ဒီ ရတနာေၾကာင့္သာမဟုတ္ရင္ ငါ့အသက္လည္း တစ္ခါတည္း ေျမာင္းထဲေရာက္သြားေတာ့မွာပဲ

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၄၄၄...၄၄၄....၄၄၄... ရရွိလိုက္သည္။
သူမ မွာ အစစ္အမွန္ ေဒါသထြက္ေနသည္။

ဒါေပမယ့္ က်ဳပ္ အဆင္ေျပေနတုန္းပဲ မလား ဇူအန္ တုန္တုန္ယင္ယင္ ေျပာလိုက္သည္။
မိန္လိ၏ ဝိဉာဥ္ကိုယ္ထည္ ေပၚလာသည္။ သူ႕ကို တိမ္ဖုံးေနေသာ ေဒါသမ်ားျဖင့္ ၾကည့္လိုက္သည္။

ဇူအန္က သူမကို ေခ်ာ့ရန္ ႀကိဳးစားလိုက္သည္။ သူ၏အသံတြင္ အားနာမႈမ်ား ေရာႏွောေနသည္။ လုပ္ပါ အစ္မေတာ္ မိဖုရားႀကီးရဲ႕။ အရမ္း စိတ္မဆိုးပါနဲ႕ ဟုတ္ၿပီလား။ ဒီတစ္ခါ က်ဳပ္ အေတာ္ေလး နည္းနည္း လြန္သြားတယ္။ ဒါေပမယ့္ ေနာက္တစ္ခါက်ရင္ ပိုဂ႐ုစိုက္ပါ့မယ္..

ေနာက္တစ္ခါဆိုရင္ ဟုတ္လား။ အသက္ေတြဆိုတာ ဒီလို ကစားဖို႔ရွိေနတယ္ ထင္ေနလား။ နင့္မွာ ေနာက္ထပ္ အသက္ကယ္မယ့္ ရတနာေတြ ရွိေနေသးလား မိန္လိ ဆူလိုက္သည္။

မရွိေတာ့ဘူး... ဇူအန္ ေခါင္းခါလိုက္သည္။
ရွမ္းလွ်ို႔ယီ က သူ႕ကို ေပးထားေသာ ေက်ာက္စိမ္းလည္ဆြဲမွာ အမွန္တကယ္ကို အံၾသစရာေကာင္းလွသည္။ ၎သည္ ဧရာမနဂါးတစ္ေကာင္၏ ရိုက္ခ်က္ကိုပင္ တားဆီးနိုင္စြမ္းရွိသည္။

အဲ့ဒါကို ဘယ္ကေန ရလာခဲ့တာလဲ မိန္လိ သိခ်င္စိတ္ျဖင့္္ ေမးလိုက္သည္။

သူငယ္ခ်င္းတစ္ေယာက့ ေပးခဲ့တာ ဇူအန္က ရွန္းလွ်ို႔ယီ ႏွင့္္ အေျခအေနကို အၾကမ္းဖ်င္း ရွင္းျပလိုက္သည္။

ေနာက္တစ္ခါက်ရင္ သူ႕ဆီကေန ေနာက္ထပ္နည္းနည္း ထပ္ေတာင္းလိုက္ မိန္လိ အမိန့္ေပးလိုက္သည္။ ၎မွာ လုံးဝ သာမန္ျဖစ္ေသာ အရာတစ္ခုကဲ့သို႔ သူမ ေျပာလိုက္သည္။

ဇူအန္ လုံးဝ ေတြေဝ သြားသည္။
ဒီလို ရတနာမ်ိဳးက မယုံနိုင္စရာေကာင္းေလာက္ေအာင္ အဖိုးတန္တယ္ေလ။ ထပ္ေတာင္းရေလာက္တဲ့အထိ ဘယ္လို အရွက္မဲ့နိုင္မွာလဲ
အစ္မေတာ္မိဖုရားက နည္းနည္းေလး အေရမထူလြန္း ေနဘူးလား။

အရွက္ ဆိုတဲ့ စကားလုံးက နင့္ရဲ႕ အဘိဓာန္ထဲမွာ တကယ္ပဲ ရွိေနသလား မိန္လိ ႀကိမ္းလိုက္သည္။ တကယ္ပဲ အရမ္းရွက္တယ္ခံစားေနရရင္ သူ႕ကို နင့္ရဲ႕ မိန္းကေလးျဖစ္ေအာင္လုပ္လိုက္ေပါ့။ အဲ့ဒါဆိုရင္ ေတာင္းရတာ ပိုလြယ္ကူမသြားဘူးလား။ ၿပီးေတာ့ နင္က လုံးဝမိန္းမေပြရႈပ္သူဆိုတာကို ငါ အေသအခ်ာေျပာနိုင္တယ္

ဇူအန့္တြင္ စကားလုံးမ်ား မရွိေတာ့ေပ။
အစ္မေတာ္ မိဖုရား ရဲ႕ စကားေတြက အရမ္းမွန္လြန္းလို႔  က်ဳပ္ ျပန္ေတာင္ ျငင္းမရေတာ့ဘူး။

မိန္လိ ဆက္ေျပာလိုက္သည္။  အဲ့ဒီအနီေရာင္နဂါးရဲ႕ အတြင္းအျမဳေတကို ျမန္ျမန္ ထုတ္ယူလိုက္။ အဲ့ဒီ အျမဳေတက ေသခ်ာေပါက္ကို ထူးျခားတဲ့ တစ္ခုခုျဖစ္လိမ့္မယ္

နဂါးဆီသို႔ ဇူအန္ ေလွ်ာက္လွမ္းသြားလိုက္သည္။ ဒီကမၻာမွာ အျမဳေတလိုမ်ိဳး အရာရွိတယ္လား သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။
ယခင္က တင္ပါးဆြဲဝံပုေလြ မ်ားႏွင့္ ႀကဳံေတြ႕ဖူးခဲ့သည္။ သူတို႔ ထံမွ အျမဳေတ သို႔မဟုတ္ ေမွာ္ေက်ာက္တုံးအခ်ိဳ႕ ရွာရန္ႀကိဳးစားခဲ့ဖူးသည္။ သို႔ေသာ္ ထိုသို႔အရာမ်ိဳး ရွာမေတြ႕ခဲ့ေပ။

သူ၏ ဇေဝဇဝါျဖစ္မႈကို မိန္လိ ရွင္းျပလိုက္သည္။ အဆင့္နိမ့္တဲ့ သားရဲေတြမွာ ဘာမွမရွိေပမယ့္ နဂါးတစ္ေကာင္မွာေတာ့ ေသခ်ာေပါက္ တစ္ခု ရွိကိုရွိတယ္။ ဒီနဂါးက အရွင္သခင္ အဆင့္ကို ေရာက္ၿပီးေနၿပီ

အရွင္သခင္ အဆင့္ လား ဇူအန္ ေၾကာင္သြားသည္။ ဒါက အရွင္သခင္ အဆင့္ က်င့္ႀကံသူနဲ႕ ပထမဆုံးေတြ႕ဖူးတာမလား။ မိန္လိ အထြတ္အထိပ္ တုန္းက သူမ ဘယ္အဆင့္လဲဆိုတာ သိခ်င္မိသည္။

အဆင့္တူတူမွာ သားရဲတစ္ေကာင္ က လူတစ္ေယာက္ထက္ ပိုသန္မာတယ္ဆိုတာက သာမန္ဗဟုသုတပဲ မိန္လိ ေျပာလိုက္သည္။ ဒါေၾကာင့္ အဲ့ဒါကို မထင္မေသးနဲ႕။ အရွင္သခင္အဆင့္ နဂါးတစ္ေကာင္ဆိုတာ သိုင္းထိပ္သီးေတြအမ်ားႀကီးနဲ႕ေတာင္ ရင္ဆိုင္နိုင္တဲ့ တစ္စုံတစ္ခုမဟုတ္ဘူး။ အဲ့ဒါက နင့္ရဲ႕ လွည့္ကြက္ေအာက္မွာ က်ရႈံးရလိမ့္မယ္လို႔ ငါ တကယ္ကို မထင္ထားခဲ့ဘူး

ဇူအန္၏ မ်က္လုံးမ်ား ဝင္းလက္သြားသည္။ ဒါဆိုရင္ က်ဳပ္က အရွင္သခင္အဆင့္ သိုင္းသမားတစ္ေယာက္ကို သတ္ခဲ့ဖူးတယ္လို႔ သူမ်ားေတြကို ေျပာျပလို႔ရၿပီလို႔ ဆိုလိုေနတာပဲ။ အဟမ္း အဟမ္း. မဟုတ္ဘူး။ က်ဳပ္က အရွင္သခင္အဆင့္တစ္ေယာက္နဲ႕ တန္းတူလို႔ေတာင္ ေျပာလို႔ရတယ္။ ဒါဆိုရင္ အျခားသူေတြအားလုံးက ငတုံးေတြေပါ့

နင္ ဆက္မေျပာလို႔မရဘူးလား မိန္လိ မ်က္လုံးလိမ့္လိုက္သည္။ နင္ ရႈးႏွမ္းေနတယ္လို႔ လူတိုင္း ထင္ၾကလိမ့္္မယ္။ မဟုတ္ရင္လည္း နင့္္အေပၚကို ျပႆနာေတြပိုၿပီးေတာ့ ဖိတ္ေခၚမိသလိုျဖစ္မွာပဲ။ ဒါက ကပ္ေဘးတစ္ခုျဖစ္လာလိမ့္မယ္

က်ဳပ္က ေပ်ာ္ေန႐ုံသက္သက္ပဲ။ ဟုတ္ၿပီလား။ က်ဳပ္ နည္းနည္းေလာက္ ထပ္ၿပီးေတာ့ ေျပာပါရေစဦး... ဇူအန္ မေက်မနပ္စြာ ေျပာလိုက္သည္။ ေျပာရင္းဆိုရင္းျဖင့္ မိန္လိ၏ ၫႊန္ၾကားခ်က္အတိုင္း နဂါး၏ အျမဳေတကို ခြဲထုတ္ယူလိုက္သည္။
နဂါးမွာ အလြန္အမင္း ေတာင့္တာမာေက်ာလွသည္။ ၎၏ ႐ုပ္အေလာင္းမွာ သာမန္ ဓားျဖင့္ လွီးျဖတ္နိုင္ေသာ တစ္စုံတစ္ရာမဟုတ္ေပ။ ကံေကာင္းသည္မွာ သူ႕တြင္ အစြမ္းထက္ေသာ အဆိပ္ျပင္းတန္ဆာ ရွိေနျခင္းျဖစ္သည္။

နဂါးအျမဳေတ မွာ ႏွင္းဆီပန္းေရာင္ ရွိသည္။ ၎မွ အပူေငြ႕ အနည္းငယ္ထြက္ေနသည္။ အရွင္သခင္အဆင့္ အျမဳေတ ပဲ။ ဒါက တကယ္ကို ရွားပါး အဖိုးတန္ ရတနာတစ္ခုပဲ မိန္လိက အားက်မႈျဖင့္ေျပာလိုက္သည္။
၎ကို အသုံးျပဳကာ မီးျဒပ္စင္ကို နိုးထေစနိုင္သည္။ လက္နက္အျဖစ္ ထုလုပ္နိုင္သည္။ သို႔မဟုတ္ ေဆးေဖာ္နိုင္သည္။...၎သည္ ထိပ္သီးပစၥည္းတစ္ခု ျဖစ္သည္မွာ ေသခ်ာသည္။

မိန္လိ က နဂါး၏ ႐ုပ္အေလာင္းကို ၾကည့္ေနလိုက္သည္။ ဒီနဂါးရဲ႕ ခႏၶာကိုယ္တစ္ခုလုံးကလည္း ရတနာပဲ။ ဒါေပမယ့္ အဲ့ဒါက အရမ္း ႀကီးလြန္းေနတယ္။ ဒါေၾကာင့္ ငါတို႔နဲ႕အတူ ယူသြားလို႔မရနိုင္ဘူး။ ငါတို႔မွာ သိုေလွာင္လက္စြပ္တစ္ခုေလာက္ရွိရင္ ေကာင္းမွာပဲ
သို႔ေသာ္ သူမ ေခါင္းခါလိုက္သည္။ ဤေလာက္ႀကီးမားေသာ ခႏၶာကိုယ္ကို သိုေလာင္ထားနိုင္သည့္ သိုေလွာင္လက္စြပ္ဟူ၍ မရွိေပ။

ခ်ိဳသာ၍ ဆြဲေဆာင္မႈရွိေသာ ၿငီးတြားသံတစ္ခုက သူတို႔ကို ႏွောင့္ယွက္လိုက္သည္။ ဇူအန္ နဖူးရိုက္လိုက္သည္။ သူ႕ကို ေမ့ေတာ့မလို႔
က်န္းတန္၏ ခႏၶာကိုယ္ထဲရွိ ေဆး၏ အက်ိဳးအာနိသင္မ်ားမွာ အထြတ္အထိပ္တစ္ခုသို႔ ေရာက္ေနၿပီျဖစ္နိုင္သည္။ သူမ ထိန္းထားနိုင္မည့္ အခြင့္အေရး အနည္းငယ္သာ ရွိေနသည္။
သူမကို အျမန္ ထူေပးလိုက္သည္။ က်န္းတန္ ၏ ခႏၶာကိုယ္မွာ ပူေလာင္ဆူပြက္ေနသည္။ သူမ၏ ခႏၶာကိုယ္ထဲသို႔ အေအးဓာတ္စြမ္းအင္လွိုင္းတစ္ခု အလွ်င္အျမန္ပို႔လႊတ္ေပးလိုက္သည္။
က်န္းတန္ စိတ္မွာ အနည္းငယ္ ၾကည္လင္လာသည္။ ဇူအန္ကို သူမ ျမင္ရေသာအခါ သူ႕ကို ခ်က္ခ်င္း တြန္းထုတ္လိုက္သည္။ ငါ့ကို မထိနဲ႕

ဇူအန္ လုံးဝ ဆြံ႕အသြားသည္။
အစ္မရယ္။ ဘာေတြလဲ။

အားဇူ က ေသၿပီ။ ဒါေၾကာင့္ ငါလည္း ဆက္အသက္ရွင္ဖို႔ ဆႏၵမရွိေတာ့ဘူး က်န္းတန္ က စိတ္ဓာတ္က်စြာ ေျပာလိုက္သည္။ သူမ၏ ဦးေခါင္းကို ရိုက္ရန္ လက္တစ္ဖက္ ဟန္ျပင္လိုက္သည္။

ဇူအန္ က အေလာတႀကီး သူမကို တားလိုက္သည္။ မင္း အဆင္ေျပရဲ႕လား။ ငါ ဒီမွာရွိတယ္ေလ။ အဆိပ္က မင္း ေခါင္းကို ရႈပ္ေထြးေစတာလား

က်န္းတန္က သူ႕ကို မုန္းတီးစြာ ၾကည့္လိုက္သည္။ နဂါးမိစ္ဆာ နင့္ရဲ႕ လွည့္္စားမႈကို ငါ ခံမယ္ထင္ေနလား။ အားဇူကို သတ္ၿပီးေတာ့ သူ႕ပုံစံ ဟန္ေဆာင္လိုက္တာနဲ႕ပဲ နင့္စကား နာခံမယ္ထင္ေနလား

ဇူအန္၏ တစ္ဘဝလုံးတြင္ ယခုအခ်ိန္ေလာက္ အၾကပ္မရိုက္ခဲ့ဖူးေပ။

----- --------------- --------------------- ----- - - - - - - - - - - -

Continuer la Lecture

Vous Aimerez Aussi

329K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
321K 41.3K 200
All credits given to original author Goose Five and translator. Image is given credit to novel..... ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင်...
735K 41.6K 26
Jk - Possessive type #Warning Cv_ Pinterest
1.7M 94.8K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...