DΙͺᴠᴏʀᴄᴇ SᴄᴇɴᴀʀΙͺᴏ [KOOα—°OՏ]

By JeonKooKooD

71.8K 3.3K 139

πŸŒ³α€œα€™α€Ία€Έα€α€½α€²α€•α€Όα€α€Ία€†α€²α€α€Όα€„α€Ία€Έα€‡α€¬α€α€Ία€œα€™α€Ία€ΈπŸŒ³ 🌳Divorce Scenario 🌳 α€„α€«α€α€­α€―α€·α€α€»α€…α€Ία€α€²α€·α€€α€Όα€α€šα€Ί α€„α€«α€α€­α€―α€·α€α€½α€±α€·α€†α€―α€Άα€α€²α€·α€€α€Όα€α€šα€Ί α€™α€–α€»α€±... More

🧷Introduction 🧷
🌳Episode 1🌳
🌳Episode 2🌳
🌳Episode 3🌳
🌳Episode 4🌳
🌳Episode 5🌳
🌳Episode 6🌳
🌳Episode 8🌳
🌳Episode 9🌳
🌳Episode 10🌳
🌳Episode 11🌳
🌳Episode 12🌳
🌳Episode 13🌳
🌳Episode 14🌳
🌳Episode 15🌳
🌳Episode 16🌳
🌳Episode 17🌳
🌳Episode 18🌳
🌳Episode 19🌳
🌳Episode 20🌳
🌳 Ending 21🌳
πŸ§·α€€α€»α€±α€Έα€‡α€°α€Έα€α€„α€Ία€œα€½α€Ύα€¬πŸ§·

🌳Episode 7🌳

3K 174 5
By JeonKooKooD

"ဒီမှာ Mr.Yi...
ဒါကကင်မ့်ရဲ့လွတ်လပ်ခွင့်ပါ။
အသက်20ကျော်ယောကျာ်းတယောက်ကဆေးလိပ်ဖွာတာအစမ်းလား။
ကင်မ်ကနာမည်ကြီးတယောက်ဖြစ်နေတော့ရော ဆေးလိပ်သောက်လို့မရဘူးလား။
ပရိတ်သတ်တွေကို အောင်မြင်မှုတွေယူလာပေးရင်တော်ပြီပေါ့။
အမြဲပရိတ်သတ်တွေအလိုချည်းလိုက်နေပေးရအောင် ကင်မ်ကသူတို့ဖန်တီးထားတဲ့အရုပ်တရုပ်မဟုတ်ဘူး"

မင်ယွန်းဂီ၏စကားကြောင့် Mr.Yi က
ဟာကနဲ..ဟင်ကနဲ...

        🌳 Divorce Scenario 🌳

အချိန်တွေတဖြည်းဖြည်း
ရာသီတွေတဖြည်းဖြည်းကုန်လွန်လာသည်နှင့်အမျှ ကျနော်တို့တွေလည်းအသက်တနှစ်ပြီးတနှစ်ကြီးလာလေပြီ။

ရင့်ကျက်လာပြီလား?
ဆိုတော့...

No.....
10ကျော်သက်တွေတုန်းကလိုပဲ။

ပေါ့ပေါ့ပါးပါးလုပ်ချင်ရာလုပ်မယ်။
အရင်အတိုင်းတစက်လေးမှပြောင်းလဲမသွားခဲ့ဘူး။

အောင်မြင်မှုတွေကတော့ ကျနော်တို့ရဲ့ရင့်ကျက်မှုမှတ်တိုင်တွေပေါ့...

"အိုး...
ဂျပန်ထိရောက်လာတာဆိုတော့
Mr.V ကတကယ့်ဆရာကြီးပဲ"

ထိုသူကို ထယ်ယောင်းဘာမျှပြန်မပြောမိ။
လက်ထဲကဆေးလိပ်ကိုသာ ဖွာနေမိသည်။

မျက်မှန်အောက်က ထယ်ယောင်း၏မျက်ဝန်းတွေက စူးစူးရဲရဲ။

"Mr.V လိုနာမည်ကျော်တယောက်ကဒီလိုတွေဆေးလိပ်သောက်နေတော့ Fan တွေကသဘောတွေ့ကြပါ့မလား"

ထယ်ယောင်းကတော့ ဆေးလိပ်အဖွာမပျက်။

"ဒီမှာ Mr.Yi...
ဒါကကင်မ့်ရဲ့လွတ်လပ်ခွင့်ပါ။
အသက်20ကျော်ယောကျာ်းတယောက်ကဆေးလိပ်ဖွာတာအစမ်းလား။
ကင်မ်ကနာမည်ကြီးတယောက်ဖြစ်နေတော့ရော ဆေးလိပ်သောက်လို့မရဘူးလား။
ပရိတ်သတ်တွေကို အောင်မြင်မှုတွေယူလာပေးရင်တော်ပြီပေါ့။
အမြဲပရိတ်သတ်တွေအလိုချည်းလိုက်နေပေးရအောင် ကင်မ်ကသူတို့ဖန်တီးထားတဲ့အရုပ်တရုပ်မဟုတ်ဘူး"

မင်ယွန်းဂီ၏စကားကြောင့် Mr.Yi က
ဟာကနဲ..ဟင်ကနဲ...

ထယ်ယောင်းကတော့အေးအေးဆေးဆေးပင်။

ဟုတ်တာပေါ့..
မင်ယွန်းဂီစကားတွေက လုံးဝအမှန်တွေ။

"ကဲ ဘယ်မလဲပြိုင်ဘက်ကမလာသေးဘူးလား"

ထယ်ယောင်းသည်စောင့်ရသည်ကိုစိတ်မရှည်တော့သည့်အမူအရာပြနေသည်မို့ ပတ်ဂျီမင်က ဆောင့်ဆောင့်အောင့်အောင့်မေးလိုက်သည်။

"ဟို..လာ..လာပြီလို့ဖုန်းဆက်ထားပါတယ်"

"အိုကေ"

"နမ်ဂျွန်း...
ငါ့ကိုဆံပင်တချက်စီးပေးဦး"

"လာလေအရှေ့ကို
အမိုက်ဆုံးစည်းပေးမယ်"

ထယ်ယောင်းက သူ့၏ကော်ဖီရောင်နှင့်အပြာနု‌ရောင်ရောထားသော ဆံပင်တွေကိုအနောက်သို့သိမ်းတင်ထားရာမှ ခေါင်းကိုခါချလိုက်ပြီး နမ်ဂျွန်းရှေ့သွားရပ်သည်။

ဒါက ပြိုင်ပွဲဝင်တိုင်း ထယ်ယောင်းကို နမ်ဂျွန်းအမြဲလုပ်ပေးနေကျ...

ဆံပင်တွေအနောက်ကတဝက်စုချီပြီးတော့ ထယ်ယောင်း၏အလှကထင်းကနဲ..

မျက်မှန်အနက်ကတော့ ထယ်ယောင်း၏ပြိုင်ပွဲတိုင်းမပါမဖြစ်။

ခုချိန်ထိ ပရိတ်သတ်တွေက Mr.V ဆိုသည်မှာ မည်မျှချောကြောင်း၊လှကြောင်းမသိခဲ့ရ။

သူ့၏အပြုအမူတွေကိုကြည့်ပြီးသာသဘောကျခဲ့ရသူများပင်။

မျက်မှန်သာချွတ်ပြလိုက်ရင် ဘယ်လောက်တောင်ကြွေကျသွားကြမည်မသိ။

Mr.Vဆိုသူမှာ Mask နှင့်လှုပ်ရှားနေသူသဖွယ် သူ့၏မျက်နှာကိုဘယ်သူမျှမမြင်ဖူးကြသေးပေ။

နိုင်ငံတဝှမ်းမှာတော့ Car Racer ထဲ မှာ Mr.V ၏နာမည်ကျော်ကြားမှုကထိပ်ဆုံးပင်။

မကြာမီ ပြိုင်ပွဲဝင် Racer ‌လည်းရောက်လာလေသည်။

ဒီတခါကတော့ ချိန်းပွဲပင်။

2ဦးတည်းပြိုင်ကြခြင်း...

"အိုး Mingalar ပါ V"

ဆန့်တန်းလာသောလက်ကို ထယ်ယောင်းပြန်ဧည့်ဝတ်ပြုလိုက်သည်။

"ဘာကြေးလဲ"

"အိုး..ဖြည်းဖြည်းပေါ့"

"ဒါဆိုစကြမလား"

"စိတ်လောလှချည်လား"

ရစ်နေပုံကြောင့် ဂျန်ဟိုဆော့ စိတ်မရှည်တော့။ထယ်ယောင်းကို ရိသဲ့သဲ့လုပ်နေသည်မှာ သိသာလှသည်။

"ဒီမှာ ခင်ဗျား...
ပြိုင်မှာလားမပြိုင်ဘူးလား?
ခင်ဗျားတို့ဘက်ကချိန်းလို့ကျနော်တို့တွေကလာတာနော်။
ရှုပ်ရှုပ်ရှက်ရှက်တွေလာမလုပ်နဲ့။
ဂျပန်မကလို့ ဘာပဲဖြစ်နေနေ$ဂရုစိုက်မနေဘူး။"

"အာ ...
ဟုတ်ပြီကျနော်မှားသွားတာ sorry ဗျာ။
ကျနော့ကို အန်ဝူ လို့ပဲမှတ်ထားပါ"

"အိုကေ"

ထယ်ယောင်းကခေါင်းသာညိတ်သည်။

"ကြေးကတော့...
ကျနော်နိုင်ရင် V နဲ့တွဲမယ်"

"ဘာမင်း မင်းကများ"

ထယ်ယောင်းကဘာမျှတောင်ပြန်မပြောရသေး ဟိုဆော့ ကဆွဲထိုးရန်ဟန်ပြင်သည်။

"နေ‌..နေ..ဟိုဆော့
ငါသဘောတူတယ်
ငါနိုင်ရင် မင်းကSwitzerland ကငါတို့ Club မှာလိုက်ပြီး ၁ပါတ်တိတိ waiter လုပ်ရမယ် အိုကေ"

"အိုကေ သဘောတူတယ်"

"ဒါဆိုစကြရအောင်"

"Let go"

မကြာခင်ပြိုင်ကားလေးနှစ်စီးဟာ လမ်းမထက်ဝယ်သူနိုင်ကိုယ်နိုင် အပြိုင်နွှဲနေကြပေတော့သည်။

ဝူး!!!

ရေ့....

နောက်ဆုံးပန်းဝင်သွားပေတော့သည်။

ထိုကားလေးကတော့ အပြာနုရောင် နောက်ဆုံးပေါ်ပြိုင်ကားစိုစိုလေးပင်။

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

"ဘယ်လိုလဲပင်ပမ်းနေပြီလား ဟ ဟ။
V နဲ့တွဲချင်လို့ဆို"

မင်ယွန်းဂီကခနဲ့သလိုပြောနေပေမယ့် အန်ဝူကတော့အပြုံးမပျက်..

"မပင်ပမ်းပါဘူး။
ဘာလို့ဆို V ရဲ့ DJ Style လေးကိုမြင်တွေ့ခွင့်ရနေတယ်လေ။
ကျနော်စဉ်းစားနေတာသိလား။
ဒီ Club မှာ အမြဲ waiter လုပ်လိုက်ရင်ကောင်းမလားလို့ ဟ ဟ"

အန်ဝူမှာတော့ ထိုစကားကိုပြန်ဖြေရသည်မှာ အခုဆို 3ခေါက်ပင်ရှိနေချေပြီ။

တကယ်ပါပဲ ဒီ Switzerland က MK2PJ ကဘာတွေလဲတောင်မသိတော့။

တောက်စ်!!

မင်ယွန်းဂီတယောက် V's Private Mirror Room ထဲသီးသန့်ဝင်သွားလိုက်သည်။

ထယ်ယောင်းကတော့ စားပွဲပေါ်ခြေထောက်တင်ကာ ဆေးလိပ်သောက်ရင်း ကွန်ပျူတာပရိုဂရမ်ဆွဲနေသည်။

ဒုန်!!

"အိုး
Slowly Bro"

"ဟိုကောင့်ကိုနှင်ထုတ်လိုက်တော့"

"ဘာလို့"

"ကင်မ့်ကို ခုထိရိသဲ့သဲ့လုပ်နေလို့"

"အော်..
အစမ်းလာကွာမင်းကလဲ။
ဒီစကားကို ဂျီမင်ရော၊နမ်ဂျွန်းရောပါ ငါ့ကိုလာပြောပြီးသား ဟ ဟ"

ဒုန်း!

"ဟ ငါ့တခါးတော့ပျက်တော့မှာပဲ"

ဟိုဆော့ကသဲကြီးမဲကြီးဝင်လာကာ..

"ဟိုကောင့်ကိုနှင်ထုတ်လိုက်တော့"

"အော..
လာပြန်ပြီတယောက်...
သူ့တာဝန်သူကျေအောင်လုပ်ခိုင်းတာလေကွာ။
တကယ်လို့ငါသာရှုံးကြည့်သူနဲ့ငါနဲ့တွဲရမှာလေ။
အခုလိုသူမနိုင်တာကိုကျေးဇူးတင်လိုက်စမ်းပါ။
သူ့စကားကငါ့အသားပဲ့ပါသွားတာမှမဟုတ်ဘဲ အေးဆေးပါကွာ"

ထိုအခါမှ ယွန်းဂီရောဟိုဆော့ပါ ဆိုဖာပေါ်ပစ်လှဲကြသည်။

ထယ်ယောင်းဆုံးဖြတ်ချက်ကိုတော့ မည်သူမျှ အတင်းအကျပ်မပိတ်ပင်ကြပေ။

အငယ်ဆုံးလေးတယောက်လို 4ယောက်လုံးကဂရုတစိုက်ပေ။

ဒီ4နှစ်အတွင်း သူတို့ MK2PJ Squad ကဤသို့ပဲလည်ပတ်နေကြခြင်း‌ပင်။ပျော်စရာကောင်းသော 4နှစ်တာကိုအတူဖြတ်သန်းခဲ့ကြသည်။အချစ်ဆိုတာသူတို့5ယောက်အတွက်အပြင်လူမလိုအပ်ပေ။5ယောက်သားတယောက်ကိုတယောက်နွေးထွေးမှုတွေအပြန်အလှန်ပေးခဲ့ကြပေသည်။

Korea ကိုပြန်ဖို့အတွက်တော့ တယောက်မှပါးစပ်မဟကြသေးပေ။အိမ်ကမိဘတွေကလည်း နားအေးပြီးရော ဖုန်းတောင်မဆက်ပေ။သား‌တော်မောင်များဘွဲ့ရသည်မှာ နယ်သာလန်လား? Switzerland လား?တောင်သိမည်မထင်ကြပေ။အာ့လောက်တောင် အချစ်ခံလူလည်လေးတွေပေါ့။

🌳 Divorce Scenario 🌳
Episode_8
Coming Soon 🔜

Continue Reading

You'll Also Like

2.9M 82.7K 25
"Stop trying to act like my fiancΓ©e because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
55.8K 3.9K 38
{''ဂျွန်က α€˜α€α€α€…α€Ία€œα€»α€Ύα€±α€¬α€€α€Ία€œα€―α€Άα€Έα€™α€Ύα€¬ α€›α€°α€Έα€™α€­α€―α€€α€Ία€…α€½α€¬α€…α€½α€²α€œα€™α€Ία€Έα€™α€­α€α€²α€· α€…α€½α€²α€œα€™α€Ία€Έα€™α€Ύα€―α€œα€Ύα€œα€Ύα€œα€±α€Έα€•α€±α€«α€·...''} Taekook fanfiction Started date: July 1,2022. Ended date: October 3...
847K 70.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.4M 123K 44
✫ 𝐁𝐨𝐨𝐀 𝐎𝐧𝐞 𝐈𝐧 π‘πšπ­π‘π¨π«πž π†πžπ§'𝐬 π‹π¨π―πž π’πšπ πš π’πžπ«π’πžπ¬ ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...