Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]

By JeonKooKooD

71.9K 3.3K 139

🌳လမ်းခွဲပြတ်ဆဲခြင်းဇာတ်လမ်း🌳 🌳Divorce Scenario 🌳 ငါတို့ချစ်ခဲ့ကြတယ် ငါတို့တွေ့ဆုံခဲ့ကြတယ် မဖျေ... More

🧷Introduction 🧷
🌳Episode 1🌳
🌳Episode 2🌳
🌳Episode 3🌳
🌳Episode 4🌳
🌳Episode 6🌳
🌳Episode 7🌳
🌳Episode 8🌳
🌳Episode 9🌳
🌳Episode 10🌳
🌳Episode 11🌳
🌳Episode 12🌳
🌳Episode 13🌳
🌳Episode 14🌳
🌳Episode 15🌳
🌳Episode 16🌳
🌳Episode 17🌳
🌳Episode 18🌳
🌳Episode 19🌳
🌳Episode 20🌳
🌳 Ending 21🌳
🧷ကျေးဇူးတင်လွှာ🧷

🌳Episode 5🌳

3K 170 4
By JeonKooKooD

တခါတလေ လမ်းမှာတွေ့ရင်တောင် ထယ်ယောင်းကအေးအေးဆေးဆေးနှုတ်ဆက်တတ်သေးသည်။

တကယ်ပဲ ထယ်ယောင်းမျက်ဝန်းတွေက ကျနော့်ကိုစိတ်ထဲမထားတော့ဘူးဆိုတာမြင်ခဲ့တယ်။

အခုဆို တက္ကသိုလ်တောင်တက်ရတော့မည်ပင်။

ကျနော်ကဘာရယ်မဟုတ် ထယ်ယောင်းဘယ်ကျောင်းကိုရွေးမလဲ စုံစမ်းနေတာ။

            🌳 Divorce Scenario 🌳

ဒီနေ့က MK2PJ  Squad Switzerlandကိုထွက်သည့်နေ့လေးပင်....

ကင်မ်အဖိုးကြီးက နယ်သာလန် ကိုသွားခိုင်းခြင်းပင်။

စကားနားမထောင်တတ်သည့် MK2PJ ကတော့ Switzerland ကိုသာ ရွေးချယ်ခဲ့ခြင်း။

အိမ်ကလူကြီးတွေလား?
နိုးပဲ...
ကျနော်တို့ဘာလုပ်သွားတယ်ဆိုတာမသိဘူး။
ကျနော်တို့ကလူလည်တွေလေ။

ကျနော်တို့ Switzerland ကိုရောက်တော့ ညနေတောင်စောင်းနေချေပြီ။

အပမ်းဖြေဖို့အတွက် ကျနော်တို့ ရွာလေးတရွာကိုရွေးချယ်ခဲ့တယ်။

သိပ်ကိုသာယာပြီးအေးချမ်းမှုတွေခံစားနေရတယ်။

တိုက်ကြီးတွေအဆောင်အယောင်ကြီးတွေနဲ့နေခဲ့ရတဲ့ ကျနော်တို့အတွက် ဒီလိုသဘာဝ သစ်သားအိမ်လေးတွေက အိုအေစစ် ပဲ။

ခေါင်မိုးအောက်မှာဖောက်ထားတဲ့ တံခါးပေါက်လေးတွေကို ကျနော်မျက်စိကျနေမိတယ်။

နေသာတဲ့နေ့ဆို အာ့ပြတင်းပေါက်လေးတွေက နံနက်ခင်းအလင်း‌ ရောင်ဝင်နေမှာအသေအချာ။

တောင်တန်းကြီးတွေကလည်း တမျှော်တခေါ်ကြီးရယ်။

ထင်းရှူးတောတွေကြားက နှင်းခဲတွေမြင်ရတော့ လူကအလိုလို လန်းဆန်းသွားတာရယ်။

သူတို့ကပြောတယ် သူတို့ဆီမှာ မနက်ဖန်တနေ့ပြီးရင် ဆောင်းဦးကိုရောက်ပြီတဲ့လေ။

ကျနော်တို့နိုင်ငံမှာနေထွက်သည်ကိုမမြင်ဖူးသည်မို့ ကျနော်တို့မနက်ဖန်ကိုလက်လွှတ်ခံလို့မဖြစ်ဘူး။

ကျနော်တို့ ရေချိုးသန့်စင်ပြီးတော့ ညရောက်နေပြီမို့ 5ယောက်သားဖုန်းတောင်မကြည့်နိုင်ဘဲ အိပ်စက်လိုက်တော့သည်။

ညစာကတော့ ကျနော်တို့ကသိပ်အလေးထားတတ်သည့်သူတွေမဟုတ်တော့ မစားဖြစ်ချေ။

အသီးဖျော်ရည်သာသောက်၍ 5 ယောက်သားကုတင်အကျယ်ကြီးပေါ်တွင် နှစ်ခြိုက်စွာအိပ်စက်ခဲ့ခြင်းပင်။

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

ကလင်!!

ကလင်!!

ကလင်!!

နှိုးစက်သံကြောင့် မအိပ်နှိုင်ကြတော့ဘဲ အိပ်မှုန်စုတ်ဖွား ငုတ်တုပ်တွေထထိုင်ကြသည်။

"ကျစ်...
အာ့နှိုးစက်ကြီးပိတ်စမ်းကွာ
ကျက်သရေတုန်းတယ်"

ထယ်ယောင်းက ဆံပင်ကိုလက်နှင့်ထိုးဖွကာ ဝမ်းလျှားမှောက်ကာပြန်အိပ်လျက်ပြောလေသည်။

"ဟ..
မထလို့မရဘူးလေ နေထွက်တာကြည့်ရဦးမှာ ပြီးမှပြန်အိပ်ကြ ထတော့"

Squad ထဲတွင် အအိပ်အပုတ်ဆုံး မင်ယွန်းဂီ ကခပ်တည်တည်နှင့်ထပြောတော့ အားလုံးကငေါက်ခနဲထထိုင်လေသည်။

"ချီးပဲ ယွန်းဂီ...
အိမ်မက်လား ဟမ်
ငါ့ကောင်ရီး"

"ဟေး ပတ်ဂျီပု...
မင်းကဆဲရအောင် ငါကအကြီးလားမင်းကအကြီးလား"

"ငါက ပုလုံးလုံးလေး
မင်းကတော့...အင်း
မင်းလည်းငါနဲ့မကွာလောက်ပါဘူး"

ဂျီမင်ကပြီတည်တည်မျက်နှာဘေးနှင့် ယွန်းဂီအားစကာထွက်ပြေးလေသည်။

ယွန်းဂီ ကလည်းအစမခံ ဆဲသံလေးတွေနှင့်ပေါ။

"မေဘေးလေး ...
သေနာလေး...
အားနေ နှာဗူးထနေဖို့ပဲ ဟမ်...
မေဘေးစုတ်လေးရဲ့"

ခေါင်းအုန်းနှင့်ပစ်ပေါက်တော့ ဂျီမင်ကလှမ်းဖမ်းသည်။

သည်လိုပါပဲ ကျနော်တို့ Squad ရဲ့အိပ်ယာထချိန်ကအာ့လိုလေးပဲ။

"ကဲ...
စမနေနဲ့တော့ ပြီးရင်သွားကြရအောင်"

ထယ်ယောင်းက ပြုံးကာပြောတော့ အားလုံးကလည်း ခေါင်းညိတ်ကာ ရေချိုးခန်းထဲဝင်သွားကြလေသည်။

အနွေးထည်ကိုယ်စီဝတ်ကာ အားလုံး အိမ်ပြင်ထွက်ခဲ့လိုက်သည်။

ဧည့်ညွှန်လူကြီးပြောခဲ့သည့်အတိုင်း ထယ်ယောင်းတို့ တောင်ပုလေးပေါ်တက်ခဲ့ကြသည်။

နေမထွက်သေးတာတောင် မြူးနှင်းတွေနှင့် တောင်ပေါ်ကနေ စီးကြည့်ရသော မြင်ကွင်းက တကယ့်ကို အလှတရားတခု။

မကြာခင်မှာတော့ ကျနော်တို့ တသက်နဲ့တကိုယ် တခါမှမြင်တွေ့ခွင့်မရခဲ့ဖူးသော နေထွက်ချိန်ကြီးဟာ ရောက်ရှိလို့လာခဲ့ပါတော့သည်။

"ဝါး ...
လုံးဝ amazing ပဲ"

"အား...
မိုက်လိုက်တာ"

"တကယ့်အလှတရား"

"ပထမဆုံးနေထွက်ချိန်ကို ချစ်ရတဲ့ငါတို့ Squad နဲ့ကြည့်ရတာ ငါပျော်တယ်"

"ဟုတ်တယ် ဒီနေ့လို ခက်ခက်ခဲခဲထွက်ချိန်ကိုတောင် အတူကြည့်ခဲ့တာမို့ ဘယ်လိုအခက်အခဲတွေပဲရှိနေနေငါတို့ Squad ကြီးစည်းလုံးကြရအောင်"

တခဏ အတွင်းအားလုံး၏ လက်သီးထိပ်လေးတွေဟာ နေရောင်အောက်မှာ တခုနှင့်တခု စုဆုံသွားကြလေတော့သည်။

ပြီးနောက် 5 ယောက်သား နေရောင်အောက်မှာ စုကာဖက်ထားခဲ့ကြသည်။

တနေ့တာဟာ MK2PJအတွက်သာသာယာယာ ပေါ့ပေါ့ပါးပါးပင်။

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

Jeon Jungkook တယောက်ဒီနေ့မှဘာဖြစ်သည်မသိ ထယ်ယောင်းကိုသတိရလာသည်။

အထက်တန်းတွေဖြေပြီးကတည်းက သေချာမတွေ့ရတော့ချင်းပင်မဟုတ်လား။

ဆိုင်လည်းမဆိုင်တော့သည်ပင်။

တခါတလေ လမ်းမှာတွေ့ရင်တောင် ထယ်ယောင်းကအေးအေးဆေးဆေးနှုတ်ဆက်တတ်သေးသည်။

တကယ်ပဲ ထယ်ယောင်းမျက်ဝန်းတွေက ကျနော့်ကိုစိတ်ထဲမထားတော့ဘူးဆိုတာမြင်ခဲ့တယ်။

အခုဆို တက္ကသိုလ်တောင်တက်ရတော့မည်ပင်။

ကျနော်ကဘာရယ်မဟုတ် ထယ်ယောင်းဘယ်ကျောင်းကိုရွေးမလဲ စုံစမ်းနေတာ။

ထူးခြားတာက ထယ်ယောင်းရဲ့ အရိပ်တောင်မတွေ့ရဘူး။

သူတို့သူငယ်ချင်းတွေပါခုတလောပျောက်နေတာ။

ထူးခြားတာက King Club ကယာယီပိတ်သိမ်းသွားသည်တဲ့လေ။

"ဟယ် သားက Jeon အိမ်ကမဟုတ်လား"

Jungkook တယောက် ထယ်ယောင်းအိမ်ရှေ့မှာကားရပ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းဆင်းလျှောက်နေမိခြင်း။

"အာ..
ဟုတ်ပါတယ်။
Jeon Jungkookပါ"

"အော်...
မှတ်မိတယ် မှတ်မိတယ်
လာ..
အိမ်ထဲဝင်ပါဦး"

Jungkook လည်း ဝင်စရာအကြောင်းမရှိသိမို့ ဝင်မထိုင်ချင်သော်လည်း ခြေထောက်တွေက အိမ်ထဲပင်ရောက်နေချေပြီ။

Mr.Kim တယောက် သားတော််မောင်အရှုပ်ထုတ်တွေမရှိတော့သည့်အတွက် ခုတလောအလုပ်ကိုအေးအေးဆေးဆေးလုပ်‌လို့ရနေသည်။

အရင်ကဆို နောက်ဆံတတင်းတင်းနှင့်...

ခုလည်း လေကောင်းလေသန့်ထွက်ရှူရင်း အိမ်ရှေ့ကိုအခေါက် ၁၀၀ လောက်ရှိနေပြီ လျှောက်နေသော လူငယ်ကြောင့်သွားကြည့်မိတော့ Jeon အိမ်ကသားပင်။

လူရည်မွန်လေးပင်။
မိဘကိုလည်းရိုသေလေရဲ့။
အိမ်ကကောင်နဲ့များကွာပါ့။
ကင်မ်အဖိုးကြီး...
ကင်မ်အဖိုးကြီးနဲ့..
နည်းနည်းလေးမှ ထောင့်မကျိုးတဲ့ဟာလေး။

ရည်းစားရှုပ်တယ်ကြားပေမယ့် ဘာအရေးလဲ ယောကျာ်းလေးပဲရှုပ်ရှုပ်ပေါ့။

အိမ်ကကောင်တွေက ရည်းစားသာမရှုပ်တာ တဇွတ်ထိုးတွေရယ်မဟုတ်လား။
တကယ့်ဂွစာလေးတွေပါဗျာ။

🌳 Divorce Scenario 🌳
Episode_6
Coming Soon 🔜

Continue Reading

You'll Also Like

16.1M 665K 48
In which Jeon Jungkook agrees to marry Song Taehee(you) because of some reasons. She's happy. While he isn't. She does everything for him. While he d...
1.5M 110K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
4.4M 280K 104
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...