Transmigrated into a Heartthr...

By Purplish-Rain

7.7K 644 25

Chinese Name:穿进万人迷文的我人设崩了 English Name: Transmigrated into a Heartthrob Novel and want OOC! Myanmar Name:ပျို... More

1(U+Z)
2(U+Z)
3(U+Z)
4.1(U+Z)

Description (U+Z)

4.6K 178 2
By Purplish-Rain


ဖန်ချောင်ကျုံ တစ်ယောက် သူနဲ့နာမည်တူတဲ့ဇာတ်ကောင်ပါတဲ့ ဝတ္ထုထဲကိုကူးပြောင်းသွားခဲ့တယ် သူရဲ့ဇာတ်ကောင်က ဇာတ်လိုက်ရဲ့ဆရာတူ ဒုတိယအကိုကြီးဖြစ်သည်။
မူရင်းဝတ္ထုမှာ ဖန်ချောင်ကျုံက ဇာတ်လိုက်ကိုရူးသွပ်စွာချစ်နေတဲ့သူ ဇာတ်လိုက်အတွက်ဆို ဓားနဲ့အထိုးခံခဲ့တယ် မကောင်းဆိုးဝါးတွေကိုသတ်ဖြတ်တယ် အဆုံးစွန်‌ပြောရရင် ဇာတ်လိုက်အတွက် ဇာတ်လိုက်ဘာလုပ်လုပ် ဒိုင်းကာအဖြစ်ရှိပေးခဲ့တယ်

ဖန်ချောင်ကျုံကူးပြောင်းလာတဲ့အခါမှာတော့...
ထားလိုက်တော့ "အမျိုးသားဇာတ်လိုက်ကို ကြိုက်တဲ့သူတွေများနေတဲ့ဟာကို ငါကြိုက်လည်းငါ့ကိုပြန်မကြိုက်ပါဘူးလေ အိပ်နေတာပဲကောင်းတယ် " အမျိုးသားဇာတ်လိုက်ကိုချစ်ရေးဆိုတဲ့သူတွေက ဖန်ချောင်ကျုံလက်လျော့လိုက်ပြီကိုသိလိုက်ရသောအခါ

ချစ်ရေးဆိုသူ နံပါတ် ၁: ဖန်ချောင်ကျုံ နောက်ဆုံးအကြိမ်တုန်းက ငါလေ ဂျူနီယာညီလေးကို ကောင်းကင်မြက်ပေးလိုက်တယ် သူက ငါ့ကိုကျေးဇူးဆိုပြီးပြန်ပြောတယ်

ဖန်ချောင်ကျုံ (အံ့အားသင့်စွာ): ဂျူနီယာညီလေးမင်းကို စိတ်ဝင်စားနေတယ် ဖြစ်ရမယ်

ချစ်ရေးဆိုသူ နံပါတ် ၂:အရင်တစ်ခေါက်က ငါနဲ့ဂျူနီယာညီလေး မစ်ရှင်သွားလုပ်တာ သူက ငါ့ကိုသေချာဂရုစိုက်ဖို့ပြောတယ်

ဖန်ချောင်ကျုံ (လေးနက်တဲ့ပုံစံဖြင့်):သူမင်းကိုသေချာပေါက်ကိုကြိုက်နေပြီ ဘာလို့လည်းဆိုတော့ မင်းအန္တရာယ်ဖြစ်မှာ သူစိုးရိမ်တယ်လေ

ချစ်ရေးဆိုသူ နံပါတ် ၃:ဖန်ချောင်ကျုံ မနေ့ကတိုက်ပွဲမှာ မကောင်းဆိုးဝါးတွေကြောင့် ဂျူနီယာလေး အဝတ်တွေစုတ်ပြတ်သတ်သွားတော့ ငါရဲ့အဝတ်ကိုဂျူနီယာလေးချွတ်ပေးလိုက်တယ် ဒါပေမဲ့ သူက ငါ့ကိုလုံလုံခြုံခြုံပြန်ဝတ်ခိုင်းတယ် အဲ့တာအဓိပ္ပါယ်လဲ

ဖန်ချောင်ကျုံ (မေးစေ့ကိုလက်နဲ့ပွတ်တဲ့အမူအရာဖြင့်):သေချာတယ် သူမင်းကိုကြိုက်နေတာ ဘာလို့လဲဆိုတော့ မင်းအဝတ်ချွတ်လိုက်တော့ သူမကြည့်ရဲလို့‌နေမှာ

နောက်တော့ ဂျူနီယာညီလေးကိုယ်တိုင်သူဆီကိုရောက်လာခဲ့တယ်။
ဂျူနီယာညီလေးက ဝတ္ထုရဲ့အဓိကဇာတ်ဆောင်ဆိုတဲ့အတိုင်း အလွန့်အလွန့်ကိုချောမောလှပလွန်းတယ် "ဒုတိယအကို တစ်စုံတစ်ယောက်က နေ့တိုင်း ငါကသူတို့ကိုကြိုက်နေတယ်လို့ ကောလဟာလ‌တွေလိုက်ဖြန့်နေတာ အဲ့လူက ငါ့ကိုကြိုက်နေတာလား"

ဖန်ချောင်ကျုံ(ချောင်းဆိုးဟန်ဆောင်လျက်):ဂျူနီယာညီလေး မေးခွန်းမေးချင်တယ်ဆိုရင်တောင် အင်မော်တယ်ကြိုးလေးတော့ဖြေပေးအုံးလေ မေးခွန်းဖြေရတာမလွတ်လပ်လို့ပါ။

(ဘာသာပြန်သူ အမှာစာ - ကျင့်ကြံရေးဝတ္ထုဖြစ်တဲ့အတွက် အခေါ်အဝေါ်တွေကို အနီးစပ်ဆုံး ဘာသာပြန်ပေးထားပါတယ် တကယ်လို့ ဖတ်ရတာ အဆင်မ‌ပြေရင် ဒါမှမဟုတ် အမှားပါခဲ့ရင် ဘာသာပြန်ဆိုသူရဲ့အမှားသာဖြစ်ကြောင်း အသိပေးပြောဆိုချင်ပါတယ် ချစ်သောမျက်စိဖြင့်ရှုမြင်ကြပြီး နားလည်ခွင့်လွှတ်ပေးပါ)












Continue Reading

You'll Also Like

3M 95.9K 28
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
861K 71.7K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.3M 67.4K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...