Unicode
ဒီနေ့ဆို Jeonခရီးသွားတာ တစ်ပတ်ပြည့်ပြီ။
နေ့စဥ်ဖုန်းဆက်ပြီး အလွမ်းတွေကို ပြေလျော့စေသော်လည်း တစ်ခဏတာသာ..။
မတွေ့ရမှ ပိုလွမ်းရသည်။ နေ့စဥ်ပိုင်ဆိုင်ထားရသော အထိအတွေ့လေးတွေ၊ ရနေကြ Jeonရဲ့ ကိုယ်ပိုင်ရနံ့လေးတွေ ၊ နောက် Jeonရဲ့အရာရာ...သူလွမ်းလှပါသည်။
ဒီနေ့တော့ Hoseokနဲ့အတူ Taehyungဆီသွားဖို့ ချိန်းထားကြသည်။
Taeရဲ့ တတိယအကြိမ်မြောက် အကြီးမားဆုံး ပန်းချီပြပွဲအတွက်ပေါ့။
"Jiminသွားစို့"
"အေး လာပြီ"
နှစ်ယောက်သား ပြခန်းဆီရောက်သွားတော့
Taeအတွက်ပို့ပေးလိုက်သော Jeonရဲ့ဂုဏ်ပြုပန်းစည်းက ရောက်လို့နေပြီ။
"Jungkookက လူသာမလာတာ
ပန်းစည်းတော့ ငါတို့ထက်စောအောင်ပို့ပေးသား"
"ဟုတ်ပါ့ မြန်လိုက်တာ"
"Jiminနဲ့ Hoseok လာ ငါမျှော်နေတာ"
"ဂုဏ်ပြုပါတယ် Taeရေ"
"Taehyungဂုဏ်ပြုတယ်ကွာ"
အချင်းချင်းပွေ့ဖက်ကာ နှုတ်ဆက်လိုက်သည်။ ဒီနေ့ရဲ့ ဇာတ်လိုက်လေးဖြစ်တဲ့ Taehyungက ခန့်ညားထည်ဝါစွာ ရှိနေသည်။
သူသွားမယ့်လမ်းကို သေချာပေါက် ဖြစ်မြောက်အောင် လျှောက်လှမ်းနိုင်သော Taehyungသည် ကျောင်းတုန်းကလို လူငယ်ပီပီဆိုးသွမ်းတာမျိုး ရှိမနေတော့ပေ။
အရှိန်အဝါတစ်ခု အမြဲလွှမ်းမိုးနေသော Taehyungသည် Jiminအတွက်ဆိုလျှင်ဖြင့် ရောက်ရာအရပ်ကနေ အမြဲအသင့်ရှိနေပေးတဲ့သူ။
"သွားသွား Taehyung ငါတို့က ကိစ္စမရှိဘူး"
"ဟုတ်တယ် ငါတို့လည်း လျှောက်ပတ်ကြည့်အုန်းမယ် လုပ်စရာရှိတာသာလုပ်"
"အေးပါ အာ့ဆို ခဏသွားလိုက်အုန်းမယ်"
သူတို့အနားကထွက်ခွာသွားသော ပြပွဲရဲ့အဓိကကျသောလူသားလေးကို နှုတ်ဆက်ရန်စောင့်ဆိုင်းနေသူတွေက အများအပြားပင်။
အားလုံးကို သေချာလေး လိုက်နှုတ်ဆက်နေသော Taehyungသည်
ဖော်ရွေသော အပြုံးတို့ဆင်မြန်းထားပါသော်လည်း
တောက်ပသော အရှိန်အဝါတို့က ကြီးစိုးနေပြန်သည်။
ပြပွဲလာ မိန်းကလေးတစ်ချို့ကဆို ပြပွဲရှိ ပန်းချီကားချပ်တို့ကိုကြည့်ရှုဖို့ထက်
နာမည်ကျော်ကြားလှသော Kim Taehyungဆိုသော လူသားလေးကို အပီအပြင်ရှိုးဖို့ လာကြသည့်ပုံ...။
မိန်းကလေးအများစုရဲ့ မျက်ဝန်းတို့သည် Taehyungသွားရာနောက် ထပ်ကြပ်မကွာ လိုက်ပါသွားတတ်ကြသည်။
ဤသည်ကို သတိပြုမိသည့် Hoseokက Jiminအား ပြောလာခဲ့သည်။
"Kim Taehyungတို့များ အောင်မြင်ကျော်ကြားချက်ကတော့ လက်ဖျားခါတယ်"
"ဘာလို့လဲ"
"ဟိုမှာကြည့်လေ...ပွဲထဲမှာရှိတဲ့ မိန်းကလေးအားလုံးရဲ့ အကြည့်ကို သူပဲသိမ်းပိုက်ထားတာ"
"အားကျနေတာလား Wuri Sunshineလေးက"
Jiminစလိုက်တော့ ချက်ချင်းငြင်းဆိုလာခဲ့သည်။
"ဘယ်ကလာ ...ငါသာ အဲ့လိုဆို နေတတ်မှာမဟုတ်ဘူး"
ဒါကျ Jiminနဲ့ Hoseokက သွားတူပြန်သည်။ နှစ်ယောက်လုံးက အေးအေးဆေးဆေးပဲ နေချင်ကြသည်။ လူအများရဲ့ အာရုံစိုက်ခြင်းခံရတာ မကြိုက်ကြပေ။
"အဲဒါတော့အမှန်ပဲ ငါလည်း မနေတတ်ဘူး"
ဝိုင်ခွက်လေး ကိုယ်စီကိုင်ကာ ချစ်လှစွာသောသူငယ်ချင်းလေး၏ လက်ရာမြောက်သော ပန်းချီကားများကို လိုက်လံကြည့်ရှူနေသည်။ ပန်းချီကားတွေအကြောင်း သေချာနားလည်တာ မဟုတ်သော်လည်း ဆွဲထားသည့် အနုစိတ်လှသော ပုံဖော်မှုများကို သဘောကျမိပါသည်။
Kim Taehyungဆိုတဲ့လူသားလေးဟာ ပန်းချီတွေကို အနုစိတ် သေချာပုံဖော်ဖန်တီးတတ်သလို
သူကိုယ်တိုင်ကလည်း ဆုတောင်းကောင်းခဲ့သလားမသိ...
အလှနတ်ဘုရားကိုယ်တိုင် သေချာထုဆစ်ပုံဖော်ပေးထားသည့် လူသားလေးနှယ် ချောမောလွန်းလှပါ၏။
"Sorry ဟိုဘက်မှာလူနည်းနည်းကျနေလို့"
"ရပါတယ်ကွာ ပြောစရာလူတွေလား"
"အေးလေ..ငါတို့က ကိစ္စမရှိဘူး"
"ဟုတ်ပါပြီ ဘယ်လိုလဲ အကြိုက်တွေ့ရဲ့လား"
"အင်း သေချာနားမလည်ပေမယ့်လည်း အားလုံးနီးပါးကြိုက်တယ်"
"ဟုတ်တယ် Taehyungအရမ်းမိုက်တယ်"
"အား...ဒီလိုလေးတွေကြားရတာ စိတ်ပျော်လိုက်တာ"
"အမှန်တွေပါ"
"ဒါနဲ့..Jimin ..Jungkookကမလာသေးဘူးလား
တစ်ပတ်ပဲဆို.."
"ဟုတ်သား.."
"အင်း မေးကြည့်ရအုန်းမယ် ညကျရင်ပြန်ရောက်လောက်ပါတယ်"
"အင်းပါ...ကဲကြည့်နေအုန်း ငါဟိုဘက်သွားအုန်းမယ်"
"သွား..သွား.."
ပွဲပြီးသည်ထိနေကြပြီးနောက် Hosoekနဲ့ Jiminသည် Taehyungရဲ့ပန်းချီကားတွေထဲက
တစ်ယောက် တစ်ချပ်စီအားပေးကာ ပြန်လာခဲ့ကြသည်။
အိမ်ပြန်ပြီးမကြာ မျှော်နေသောသူဆီက ဖုန်းလေးဟာ အချိန်မှန်ဝင်ရောက်လာခဲ့သည်။
"Ji..."
"အင်း..Jeonပြန်လာနေပြီလား"
"Sorry Ji..ကိုယ်ပြန်လာခါနီးမှ အဖေကထပ်ပြောလာလို့ ကိုယ်မလာဖြစ်သေးဘူး"
"အင်းပါ..ဘယ်တတ်နိုင်မလဲ
ဒါဆို ဘယ်လောက်ကြာအုန်းမှာလဲ"
"Projectပြီးတဲ့အထိနေရမှာတဲ့"
Jungkookပြောလိုက်တော့ တဖက်ကတိတ်ဆိတ်သွားလေသည်။ Jungkookသိလိုက်ပါတယ်..Jiဝမ်းနည်းသွားပြီဆိုတာ။
"Ji..ကိုယ်တောင်းပန်ပါတယ်"
"ရပါတယ် အလုပ်ကအရေးကြီးတာပဲ"
"ကိုယ် Jiကိုလွမ်းလှပြီ"
"ငါရော.."
Projectပြီးတဲ့ထိ နေရမှာတဲ့လား..။ သူစိုးရိမ်မိပါသည်။ ဒါဆို Jihoနဲ့ရော Projectမပြီးမချင်း အတူရှိနေကြမှာပေါ့။ တွေးလိုက်ရုံနဲ့တင် ရင်ထဲမှာမဖော်ပြနိုင်တဲ့ ဝေဒနာတစ်ရပ် တိုးဝင်လာသည်။
သေချာအောင် သူမေးကြည့်ချင်ပါသေးသည်။
"Jeon.."
"ဟင် ပြောလေJi"
"ဒါဆို Jihoကလည်း Projectမပြီးမချင်းအတူရှိနေမှာပေါ့"
"အင်း.."
ထင်တဲ့အတိုင်းပဲပေါ့။ အစက တစ်ပတ်လေးပဲဆိုပြီး ဖြေတွေးနေနေခဲ့တာ။ ခုလိုအကြာကြီးဆို သူJeonကို စိတ်မချဘူး။
ကိုယ်ဖြေပေးလိုက်သည်နှင့် Ji ဘက်က ဘာမှထပ်ပြောမလာတော့ပေ။ သေချာပေါက် အတွေးသမားလေးကတော့ အတွေးထဲမှာ နစ်မျောနေမှာ အသေအချာပင်။
ကိုယ်နဲ့ Jihoကို စိတ်မချတာလည်း ပါပါလိမ့်မယ်။ တစ်ချိန်က ဖြစ်ရပ်တွေဟာ Jiအပေါ်မှာ စိုးမိုးလွန်းအားကြီးနေတာ သူသိတယ်။
"Ji..."
"ဟင်.."
ပြန်ထူးလာတဲ့ အသံလေးမှာ အားမရှိတော့သလို။ Jiရယ် ကိုယ့်ကို စိုးရိမ်နေပြီမဟုတ်လား။
"Jiပြန်လာစေချင်ရင် ကိုယ်အဲ့Projectကို မလုပ်တော့ဘူး
ပြန်လာခဲ့မယ်"
ခုလိုအပြောနဲ့တင် Jiminကျေနပ်မိပါသည်။ အရင်တုန်းကလို သူ့ကိုချုပ်နှောင်ချင်တာလား၊ ကလေးဆန်မနေနဲ့ဆိုတဲ့ အပြောတွေနဲ့များ ရင်ဆိုင်ရအုန်းမလားလို့ တွေးပြီး ရင်တထိတ်ထိတ်...။
ခုတော့ Jeonက သူ့ကိုနားလည်ပေးနေပြီပဲ။
ကိုယ်ကလည်း သူ့ကို နားလည်ပေးရမှာပေါ့။
"ဟင့်အင်..Jeon Projectကိုသာ အကောင်းဆုံး လုပ်ခဲ့ပါ"
"ကိုယ့်ကို သဝန်တိုနေတယ်မဟုတ်လား"
"အင်း တိုတယ်...Jihoနဲ့ခုလို တွဲလုပ်နေတာ ငါအရမ်းသဝန်တိုရတယ် Jeon..
ငါ့ကို စိတ်ပျက်သွားလားဟင်"
"ဟား...ဟား.."
Jiminရင်ထဲမှာ ခံစားရသမျှကို ဖွင့်ဟပြဖို့ပဲ ကြိုးစားလိုက်ပါသည်။ Jeonစိတ်ပျက်သွားမလားဆိုတဲ့ စိတ်ကလည်း လွန်ဆွဲနေရင်းပဲ
အရှိကိုအရှိအတိုင်း ဖွင့်ပြလိုက်မိတယ်။
ဒါကိုသူက ရယ်မောနေသည်တဲ့လေ။
ဘာလဲ..ကိုယ့်မှာ ဝမ်းနည်းစိတ်ရော စိုးရိမ်စိတ်ရော ဗျာများနေတဲ့ဟာ..သူကတော့ ရယ်တောင်ရယ်လိုက်သေးသည်။
"ဘာရယ်တာလဲ "
"သဘောကျလို့.."
"ဟမ်"
"Ji..ကိုယ့်ကို သဝန်တိုနေတာလေးကို သဘောကျလို့ ရယ်တာပါ
ပြီးတော့ ခုလို ဖွင့်ပြောပြတာလည်း ကိုယ်ကြိုက်တယ်"
"ငါက မင်းစိတ်ကုန်ပြီး ထပ်ထားရစ်ခဲ့မှာ စိုးနေတာ"
"အဲ့လိုတွေ မတွေးနဲ့ကွာ
အခု Jeon Jungkookက အရင်တုန်းက Jeon Jungkookနဲ့ ဘာမှမဆိုင်တော့ဘူး
အခုကိုယ်က Jiကိုချစ်ရလွန်းလို့ ရူးမတတ်ပဲ သိရဲ့လား
Jiကို ထားခဲ့ဖို့ဆိုတာ ဒီဘဝတော့ မဖြစ်နိုင်တော့ဘူး"
"အဟုတ်..."
ကိုယ်ပြောတာလေးကို ပြန်မေးလာတဲ့ Jiက အနည်းငယ် စိတ်သက်သာရာရသွားပုံပဲ။
"အဟုတ်ပါဗျာ...ပြီးတော့ Jihoနဲ့လည်း ဘာမှမစိုးရိမ်နဲ့
ကိုယ်သူ့ကို အလုပ်ကိစ္စကလွဲ ကျန်တာဘာမှမပတ်သတ်ဘူး
Jiသဝန်တိုရလွန်းရင် ခုProjectပြီးတာနဲ့ နောက်ဟာတွေကို တခြားသူနဲ့ပဲ လွှဲလိုက်မယ်
ဟုတ်ပြီလား ကိုယ့်အချစ်လေး"
"အင်း.."
ခုမှ ကျေနပ်သွားသော လူသားလေးအား
အနားမှာသာရှိနေရင်ဖြင့်
အနမ်းတွေတဝကြီး ဆက်သလိုက်ချင်သေးသည်။
မဖြစ်နိုင်သော အခြေအနေမို့သာ အောင့်အီးနေရတာ..။ ကိုယ့်စိတ်အလိုအတိုင်းသာဆို Ji ရှိတဲ့အရပ်ကို ဒုံးကျည်စီးပြီးသာ သွားလိုက်ချင်သည်။
Jeonဟာ တကယ့်ကို ပြောင်းလဲသွားခဲ့ပြီပဲ။
အရင်ကJeonသာဆို ခုလိုရှင်းပြချက်တွေ ပေးနေမှာ မဟုတ်သလို
ကိုယ်သဝန်တိုမိတာကိုပဲ သူက စိတ်ပျက်သွားတတ်သည်လေ။
ခုတော့ သူချစ်ရသော Jeon..
သူ့အတွက် နှစ်ယောက်မရှိနိုင်သော Jeon..
သူ့ရဲ့ နှလုံးသားတစ်ခုလုံး Jeonဟာ
ကိုယ့်အလိုကျ ရှင်းပြချက်တွေပေးနေသည်လေ။
ပျော်တယ် Jeon ....
ငါ သိပ်ပျော်နေတယ်...
"ချစ်တယ် Jeon"
"ကိုယ်လည်း ချစ်တယ်နော်"
"လွမ်းနေမှာ..."
"ကိုယ်က ပိုလွမ်းမှာ သိလား
ပြီးတော့ Projectပြီးတဲ့နေ့ ချက်ချင်းပြန်လာခဲ့မယ်
အဲ့ကျရင် တဝကြီးချစ်ပစ်ကြမယ်"
"မင်း...ဒါပဲတွေးနေ"
"ဟား..ဟား..ချစ်တာကို"
ရှက်သွားသော လူသားလေးရဲ့ ရန်ထောင်မှုလေးကို သဘောကျမိပါသည်။
သူနဲ့ကိုယ် အရာရာအပ်နှင်းပြီး ဖြစ်ပါသော်လည်း အချိန်တိုင်း ရှက်အားပိုနေမြဲ...။
ဆယ်ခါတောင်းဆိုမှ တစ်ခါလောက်သာ လက်လျောပေးတတ်သူလေးဟာ
အရှက်သည်းလွန်းလို့ဆိုတာ သိသည်မို့
သူလေးအလိုကျသာ အမြဲနေပေးရပါသည်။
နေ့တိုင်း အနမ်းပွင့်တို့ ရယူနိုင်သည်ကိုပဲ သူ့မှာ ဂုဏ်ယူလို့မဆုံး...။
ရှက်သွားသည့်အခါမျိုးဆို နားရွက်ဖျားကအစ ခြေဖျားထိတ်လေးတွေအဆုံး
ရဲတွစ်သွားတတ်သည်မို့
နှင်းဖြူလုံးလေးဟု အမည်ပေးထားသည်ကနေ
နှင်းနီလုံးလေးဟု ခေါ်ရမည့်ပုံပင်....။
ချစ်ခြင်းတရားတို့ အပြည့်အဝအပ်နှင်းနေချိန်မျိုးမှာ ဖြစ်ပေါ်လာတတ်သော
Jiရဲ့အမူအယာ၊
Jiနှုတ်ကထွက်လာသည့် သာယာယစ်မူးဖွယ်ကောင်းလှသည့် သံစဥ်မျိုးစုံ၊
နောက် ကိုယ်တစ်ယောက်တည်းသာ မြင်တွေ့ခွင့်ရှိပါသည့်
Jiရဲ့ အရာရာ....
ဒါတွေအားလုံးကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ခွင့် ရှိတာမို့...
ကိုယ့်ကိုယ်ကို ကမ္ဘာ့ကံအကောင်းဆုံး လူသားဟုပဲ သတ်မှတ်ထားသည်။
"ချစ်တယ် Ji..."
"ငါရောပဲ သိပ်ချစ်တယ်"
"Projectကို အကောင်းဆုံးနဲ့အမြန်ဆုံးလုပ်ပြီး
Jiဆီ အပြေးပြန်လာခဲ့မယ်"
"အင်း စောင့်နေမယ်"
🖤🖤🖤
"Jung.."
ခေါ်နေသူအား လှမ်းကြည့်ကာ သူ့ခြေလှမ်းတို့ ရပ်တန့်လိုက်ရသည်။
"Jiho .."
"Jungကလည်း မြန်လိုက်တာ
Meetingပြီးတာနဲ့ တန်းထွက်သွားတာပဲ"
"ဘာပြောစရာရှိလို့လဲ Jiho"
"Jihoတို့ တစ်ခုခုစားရင်း စကားသွားပြောရအောင်"
"အရေးကြီးလို့လား"
"အင်း..လိုက်မယ်မလား"
ရှေ့အခါတွေတုန်းက Jihoခေါ်ဆိုဖူးသည်များကိုလည်း အချိန်တိုင်း ငြင်းခဲ့တာမို့
ဒီတစ်ခေါက်တော့ လိုက်သွားသင့်ပါသည်လေ။
မိန်းကလေးဘက်က ခဏတိုင်းခေါ်နေသည်ကို ငြင်းရတာလည်း သိပ်တော့မကောင်းလှ။
"သွားကြတာပေါ့"
Jihoသိပါသည်။ Jungသူမကို တမင်ရှောင်နေမှန်း။ Projectအတူ လုပ်ရလို့သာ မဖြစ်မနေတွေ့နေရတာမျိုး။
ဒီလိုတွေ ကိုယ်နဲ့ခပ်ခွာခွာနေနေသည်မှာလည်း
Park Jiminဆိုသောသူကြောင့်တဲ့လေ။
အဟက်..သိပ်ရီရတာပဲ။
Jungနဲ့သူဆိုသည်မှာ သူငယ်ချင်းတွေဖြစ်သလို Exတွေလည်း ဟုတ်သည်။ Jungနဲ့တွဲပြီး ပြတ်သွားတဲ့နောက် အမြဲအဆက်အဆံရှိနေသည်မှာ သူမဆိုသော Jihoတစ်ယောက်တည်းပင်။
အရင်ကဆို သူမအကူအညီလိုရင် Jungက အမြဲကူညီပေးနေကြ။
မိဘချင်းကလည်း ရင်းနှီးတာမို့ သူနဲ့ကိုယ့်ရဲ့ ဆက်ဆံရေးက ပို၍ကောင်းမွန်လှသည်။
Park Jiminကို သူမသိတာပေါ့။ ကျောင်းတုန်းကလည်း Jungနဲ့တွဲခဲ့သေးသည်။ ပြီးတော့ သူတို့နှစ်ယောက်ကွဲသွားတော့ Jungက နိုင်ငံခြားကိုတောင် ထွက်သွားခဲ့တာ..။
ဒီမှာ Jiminဘယ်လိုတွေ ကျန်နေခဲ့သလဲဆိုတာ သူမအနည်းအကျဥ်းသိထားသည်။ ဒါကလည်း သူမ စုံစမ်းထား၍ဖြစ်သည်။
ခု သူက Jungနဲ့အနီးဆုံးမှာ ပြန်ရှိနေပြန်ပြီ။
Jungဆိုသည်မှာ ဖြတ်ခဲ့ဖူးသော Exတစ်ယောက်ကို ပြန်တွဲလေ့မရှိတာ သူမအသိဆုံး။
ခုတော့ Park Jiminနဲ့ ပြန်ဖြစ်သွားတယ်ဆိုတည်းက
အဲ့တစ်ယောက်အပေါ်ထားသည့် Jungစိတ်တွေဟာ ထူးခြားနေမှန်း သူမရိပ်မိပါသည်။
ဒါပေမယ့် အဲ့တစ်ယောက် သဝန်တိုမှာစိုးတာနဲ့ပဲ ကိုယ့်ကို ရှောင်ဖယ်မျိုးကို လုံးဝသဘောမကျပေ။
Jihoဆိုတဲ့ သူမက Jungနဲ့ အရင်းနှီးဆုံးတွေ ဖြစ်ခဲ့တာပါ။
ရည်းစားဆက်ဆံရေး ပျက်ပြယ်သွားတာတောင် သူငယ်ချင်းအနေနဲ့ အမြဲရှိနေခဲ့သည့် သူမကလည်း Jungနဲ့ သာမာန်ထက် ပိုပြီးရင်းနှီးခဲ့တာပဲ မဟုတ်လား။ မိဘချင်းတွေကလည်း Partnerတွေ၊ Park Jiminဝင်မလာခင်တည်းက သူမနဲ့Jungကလည်း ဆက်ဆံရေးကောင်းမွန်ခဲ့တာပဲဟာ။
ခုလိုမျိုးလုပ်တာကို သူမ နည်းနည်းလေးမှ မကြိုက်ပါ။ Park Jiminရဲ့ အားနည်းချက်က Jungဆိုတာလည်း သူမသိထားသည်မို့...။
အဆင်ချောနေသည့် နှစ်ယောက်ကြား နည်းနည်းလောက် ဝင်နှောက်ဖို့အတွက်
အတွေးတို့က ပေါ်လာရသည်။
Park Jiminဆိုသည်မှာ Jungနဲ့ပတ်သတ်ရင် သူ့ကိုယ်သူ ယုံကြည်မှုအားနည်းလွန်းတာလည်း သူမသိသည်။
ဒါကြောင့်...
နည်းနည်းလောက် အဆင်မပြေဖြစ်သွားရင်ပဲ သူမကျေနပ်တယ်။
"Ok..သွားရအောင် Jung"
TBC🖤
Zawgyi
ဒီေန႕ဆို Jeonခရီးသြားတာ တစ္ပတ္ျပည့္ၿပီ။
ေန႕စဥ္ဖုန္းဆက္ၿပီး အလြမ္းေတြကို ေျပေလ်ာ့ေစေသာ္လည္း တစ္ခဏတာသာ..။
မေတြ႕ရမွ ပိုလြမ္းရသည္။ ေန႕စဥ္ပိုင္ဆိုင္ထားရေသာ အထိအေတြ႕ေလးေတြ၊ ရေနၾက Jeonရဲ႕ ကိုယ္ပိုင္ရနံ႕ေလးေတြ ၊ ေနာက္ Jeonရဲ႕အရာရာ...သူလြမ္းလွပါသည္။
ဒီေန႕ေတာ့ Hoseokနဲ႕အတူ Taehyungဆီသြားဖို႔ ခ်ိန္းထားၾကသည္။
Taeရဲ႕ တတိယအႀကိမ္ေျမာက္ အႀကီးမားဆုံး ပန္းခ်ီျပပြဲအတြက္ေပါ့။
"Jiminသြားစို႔"
"ေအး လာၿပီ"
ႏွစ္ေယာက္သား ျပခန္းဆီေရာက္သြားေတာ့
Taeအတြက္ပို႔ေပးလိုက္ေသာ Jeonရဲ႕ဂုဏ္ျပဳပန္းစည္းက ေရာက္လို႔ေနၿပီ။
"Jungkookက လူသာမလာတာ
ပန္းစည္းေတာ့ ငါတို႔ထက္ေစာေအာင္ပို႔ေပးသား"
"ဟုတ္ပါ့ ျမန္လိုက္တာ"
"Jiminနဲ႕ Hoseok လာ ငါေမွ်ာ္ေနတာ"
"ဂုဏ္ျပဳပါတယ္ Taeေရ"
"Taehyungဂုဏ္ျပဳတယ္ကြာ"
အခ်င္းခ်င္းေပြ႕ဖက္ကာ ႏႈတ္ဆက္လိုက္သည္။ ဒီေန႕ရဲ႕ ဇာတ္လိုက္ေလးျဖစ္တဲ့ Taehyungက ခန့္ညားထည္ဝါစြာ ရွိေနသည္။
သူသြားမယ့္လမ္းကို ေသခ်ာေပါက္ ျဖစ္ေျမာက္ေအာင္ ေလွ်ာက္လွမ္းနိုင္ေသာ Taehyungသည္ ေက်ာင္းတုန္းကလို လူငယ္ပီပီဆိုးသြမ္းတာမ်ိဳး ရွိမေနေတာ့ေပ။
အရွိန္အဝါတစ္ခု အၿမဲလႊမ္းမိုးေနေသာ Taehyungသည္ Jiminအတြက္ဆိုလွ်င္ျဖင့္ ေရာက္ရာအရပ္ကေန အၿမဲအသင့္ရွိေနေပးတဲ့သူ။
"သြားသြား Taehyung ငါတို႔က ကိစၥမရွိဘူး"
"ဟုတ္တယ္ ငါတို႔လည္း ေလွ်ာက္ပတ္ၾကည့္အုန္းမယ္ လုပ္စရာရွိတာသာလုပ္"
"ေအးပါ အာ့ဆို ခဏသြားလိုက္အုန္းမယ္"
သူတို႔အနားကထြက္ခြာသြားေသာ ျပပြဲရဲ႕အဓိကက်ေသာလူသားေလးကို ႏႈတ္ဆက္ရန္ေစာင့္ဆိုင္းေနသူေတြက အမ်ားအျပားပင္။
အားလုံးကို ေသခ်ာေလး လိုက္ႏႈတ္ဆက္ေနေသာ Taehyungသည္
ေဖာ္ေ႐ြေသာ အၿပဳံးတို႔ဆင္ျမန္းထားပါေသာ္လည္း
ေတာက္ပေသာ အရွိန္အဝါတို႔က ႀကီးစိုးေနျပန္သည္။
ျပပြဲလာ မိန္းကေလးတစ္ခ်ိဳ႕ကဆို ျပပြဲရွိ ပန္းခ်ီကားခ်ပ္တို႔ကိုၾကည့္ရႈဖို႔ထက္
နာမည္ေက်ာ္ၾကားလွေသာ Kim Taehyungဆိုေသာ လူသားေလးကို အပီအျပင္ရွိုးဖို႔ လာၾကသည့္ပုံ...။
မိန္းကေလးအမ်ားစုရဲ႕ မ်က္ဝန္းတို႔သည္ Taehyungသြားရာေနာက္ ထပ္ၾကပ္မကြာ လိုက္ပါသြားတတ္ၾကသည္။
ဤသည္ကို သတိျပဳမိသည့္ Hoseokက Jiminအား ေျပာလာခဲ့သည္။
"Kim Taehyungတို႔မ်ား ေအာင္ျမင္ေက်ာ္ၾကားခ်က္ကေတာ့ လက္ဖ်ားခါတယ္"
"ဘာလို႔လဲ"
"ဟိုမွာၾကည့္ေလ...ပြဲထဲမွာရွိတဲ့ မိန္းကေလးအားလုံးရဲ႕ အၾကည့္ကို သူပဲသိမ္းပိုက္ထားတာ"
"အားက်ေနတာလား Wuri Sunshineေလးက"
Jiminစလိုက္ေတာ့ ခ်က္ခ်င္းျငင္းဆိုလာခဲ့သည္။
"ဘယ္ကလာ ...ငါသာ အဲ့လိုဆို ေနတတ္မွာမဟုတ္ဘူး"
ဒါက် Jiminနဲ႕ Hoseokက သြားတူျပန္သည္။ ႏွစ္ေယာက္လုံးက ေအးေအးေဆးေဆးပဲ ေနခ်င္ၾကသည္။ လူအမ်ားရဲ႕ အာ႐ုံစိုက္ျခင္းခံရတာ မႀကိဳက္ၾကေပ။
"အဲဒါေတာ့အမွန္ပဲ ငါလည္း မေနတတ္ဘူး"
ဝိုင္ခြက္ေလး ကိုယ္စီကိုင္ကာ ခ်စ္လွစြာေသာသူငယ္ခ်င္းေလး၏ လက္ရာေျမာက္ေသာ ပန္းခ်ီကားမ်ားကို လိုက္လံၾကည့္ရႉေနသည္။ ပန္းခ်ီကားေတြအေၾကာင္း ေသခ်ာနားလည္တာ မဟုတ္ေသာ္လည္း ဆြဲထားသည့္ အႏုစိတ္လွေသာ ပုံေဖာ္မႈမ်ားကို သေဘာက်မိပါသည္။
Kim Taehyungဆိုတဲ့လူသားေလးဟာ ပန္းခ်ီေတြကို အႏုစိတ္ ေသခ်ာပုံေဖာ္ဖန္တီးတတ္သလို
သူကိုယ္တိုင္ကလည္း ဆုေတာင္းေကာင္းခဲ့သလားမသိ...
အလွနတ္ဘုရားကိုယ္တိုင္ ေသခ်ာထုဆစ္ပုံေဖာ္ေပးထားသည့္ လူသားေလးႏွယ္ ေခ်ာေမာလြန္းလွပါ၏။
"Sorry ဟိုဘက္မွာလူနည္းနည္းက်ေနလို႔"
"ရပါတယ္ကြာ ေျပာစရာလူေတြလား"
"ေအးေလ..ငါတို႔က ကိစၥမရွိဘူး"
"ဟုတ္ပါၿပီ ဘယ္လိုလဲ အႀကိဳက္ေတြ႕ရဲ႕လား"
"အင္း ေသခ်ာနားမလည္ေပမယ့္လည္း အားလုံးနီးပါးႀကိဳက္တယ္"
"ဟုတ္တယ္ Taehyungအရမ္းမိုက္တယ္"
"အား...ဒီလိုေလးေတြၾကားရတာ စိတ္ေပ်ာ္လိုက္တာ"
"အမွန္ေတြပါ"
"ဒါနဲ႕..Jimin ..Jungkookကမလာေသးဘူးလား
တစ္ပတ္ပဲဆို.."
"ဟုတ္သား.."
"အင္း ေမးၾကည့္ရအုန္းမယ္ ညက်ရင္ျပန္ေရာက္ေလာက္ပါတယ္"
"အင္းပါ...ကဲၾကည့္ေနအုန္း ငါဟိုဘက္သြားအုန္းမယ္"
"သြား..သြား.."
ပြဲၿပီးသည္ထိေနၾကၿပီးေနာက္ Hosoekနဲ႕ Jiminသည္ Taehyungရဲ႕ပန္းခ်ီကားေတြထဲက
တစ္ေယာက္ တစ္ခ်ပ္စီအားေပးကာ ျပန္လာခဲ့ၾကသည္။
အိမ္ျပန္ၿပီးမၾကာ ေမွ်ာ္ေနေသာသူဆီက ဖုန္းေလးဟာ အခ်ိန္မွန္ဝင္ေရာက္လာခဲ့သည္။
"Ji..."
"အင္း..Jeonျပန္လာေနၿပီလား"
"Sorry Ji..ကိုယ္ျပန္လာခါနီးမွ အေဖကထပ္ေျပာလာလို႔ ကိုယ္မလာျဖစ္ေသးဘူး"
"အင္းပါ..ဘယ္တတ္နိုင္မလဲ
ဒါဆို ဘယ္ေလာက္ၾကာအုန္းမွာလဲ"
"Projectၿပီးတဲ့အထိေနရမွာတဲ့"
Jungkookေျပာလိုက္ေတာ့ တဖက္ကတိတ္ဆိတ္သြားေလသည္။ Jungkookသိလိုက္ပါတယ္..Jiဝမ္းနည္းသြားၿပီဆိုတာ။
"Ji..ကိုယ္ေတာင္းပန္ပါတယ္"
"ရပါတယ္ အလုပ္ကအေရးႀကီးတာပဲ"
"ကိုယ္ Jiကိုလြမ္းလွၿပီ"
"ငါေရာ.."
Projectၿပီးတဲ့ထိ ေနရမွာတဲ့လား..။ သူစိုးရိမ္မိပါသည္။ ဒါဆို Jihoနဲ႕ေရာ Projectမၿပီးမခ်င္း အတူရွိေနၾကမွာေပါ့။ ေတြးလိုက္႐ုံနဲ႕တင္ ရင္ထဲမွာမေဖာ္ျပနိုင္တဲ့ ေဝဒနာတစ္ရပ္ တိုးဝင္လာသည္။
ေသခ်ာေအာင္ သူေမးၾကည့္ခ်င္ပါေသးသည္။
"Jeon.."
"ဟင္ ေျပာေလJi"
"ဒါဆို Jihoကလည္း Projectမၿပီးမခ်င္းအတူရွိေနမွာေပါ့"
"အင္း.."
ထင္တဲ့အတိုင္းပဲေပါ့။ အစက တစ္ပတ္ေလးပဲဆိုၿပီး ေျဖေတြးေနေနခဲ့တာ။ ခုလိုအၾကာႀကီးဆို သူJeonကို စိတ္မခ်ဘဴး။
ကိုယ္ေျဖေပးလိုက္သည္ႏွင့္ Ji ဘက္က ဘာမွထပ္ေျပာမလာေတာ့ေပ။ ေသခ်ာေပါက္ အေတြးသမားေလးကေတာ့ အေတြးထဲမွာ နစ္ေမ်ာေနမွာ အေသအခ်ာပင္။
ကိုယ္နဲ႕ Jihoကို စိတ္မခ်တာလည္း ပါပါလိမ့္မယ္။ တစ္ခ်ိန္က ျဖစ္ရပ္ေတြဟာ Jiအေပၚမွာ စိုးမိုးလြန္းအားႀကီးေနတာ သူသိတယ္။
"Ji..."
"ဟင္.."
ျပန္ထူးလာတဲ့ အသံေလးမွာ အားမရွိေတာ့သလို။ Jiရယ္ ကိုယ့္ကို စိုးရိမ္ေနၿပီမဟုတ္လား။
"Jiျပန္လာေစခ်င္ရင္ ကိုယ္အဲ့Projectကို မလုပ္ေတာ့ဘူး
ျပန္လာခဲ့မယ္"
ခုလိုအေျပာနဲ႕တင္ Jiminေက်နပ္မိပါသည္။ အရင္တုန္းကလို သူ႕ကိုခ်ဳပ္ေႏွာင္ခ်င္တာလား၊ ကေလးဆန္မေနနဲ႕ဆိုတဲ့ အေျပာေတြနဲ႕မ်ား ရင္ဆိုင္ရအုန္းမလားလို႔ ေတြးၿပီး ရင္တထိတ္ထိတ္...။
ခုေတာ့ Jeonက သူ႕ကိုနားလည္ေပးေနၿပီပဲ။
ကိုယ္ကလည္း သူ႕ကို နားလည္ေပးရမွာေပါ့။
"ဟင့္အင္..Jeon Projectကိုသာ အေကာင္းဆုံး လုပ္ခဲ့ပါ"
"ကိုယ့္ကို သဝန္တိုေနတယ္မဟုတ္လား"
"အင္း တိုတယ္...Jihoနဲ႕ခုလို တြဲလုပ္ေနတာ ငါအရမ္းသဝန္တိုရတယ္ Jeon..
ငါ့ကို စိတ္ပ်က္သြားလားဟင္"
"ဟား...ဟား.."
Jiminရင္ထဲမွာ ခံစားရသမွ်ကို ဖြင့္ဟျပဖို႔ပဲ ႀကိဳးစားလိုက္ပါသည္။ Jeonစိတ္ပ်က္သြားမလားဆိုတဲ့ စိတ္ကလည္း လြန္ဆြဲေနရင္းပဲ
အရွိကိုအရွိအတိုင္း ဖြင့္ျပလိုက္မိတယ္။
ဒါကိုသူက ရယ္ေမာေနသည္တဲ့ေလ။
ဘာလဲ..ကိုယ့္မွာ ဝမ္းနည္းစိတ္ေရာ စိုးရိမ္စိတ္ေရာ ဗ်ာမ်ားေနတဲ့ဟာ..သူကေတာ့ ရယ္ေတာင္ရယ္လိုက္ေသးသည္။
"ဘာရယ္တာလဲ "
"သေဘာက်လိဳ႕.."
"ဟမ္"
"Ji..ကိုယ့္ကို သဝန္တိုေနတာေလးကို သေဘာက်လိဳ႕ ရယ္တာပါ
ၿပီးေတာ့ ခုလို ဖြင့္ေျပာျပတာလည္း ကိုယ္ႀကိဳက္တယ္"
"ငါက မင္းစိတ္ကုန္ၿပီး ထပ္ထားရစ္ခဲ့မွာ စိုးေနတာ"
"အဲ့လိုေတြ မေတြးနဲ႕ကြာ
အခု Jeon Jungkookက အရင္တုန္းက Jeon Jungkookနဲ႕ ဘာမွမဆိုင္ေတာ့ဘူး
အခုကိုယ္က Jiကိုခ်စ္ရလြန္းလို႔ ႐ူးမတတ္ပဲ သိရဲ႕လား
Jiကို ထားခဲ့ဖို႔ဆိုတာ ဒီဘဝေတာ့ မျဖစ္နိုင္ေတာ့ဘူး"
"အဟုတ္..."
ကိုယ္ေျပာတာေလးကို ျပန္ေမးလာတဲ့ Jiက အနည္းငယ္ စိတ္သက္သာရာရသြားပုံပဲ။
"အဟုတ္ပါဗ်ာ...ၿပီးေတာ့ Jihoနဲ႕လည္း ဘာမွမစိုးရိမ္နဲ႕
ကိုယ္သူ႕ကို အလုပ္ကိစၥကလြဲ က်န္တာဘာမွမပတ္သတ္ဘူး
Jiသဝန္တိုရလြန္းရင္ ခုProjectၿပီးတာနဲ႕ ေနာက္ဟာေတြကို တျခားသူနဲ႕ပဲ လႊဲလိုက္မယ္
ဟုတ္ၿပီလား ကိုယ့္အခ်စ္ေလး"
"အင္း.."
ခုမွ ေက်နပ္သြားေသာ လူသားေလးအား
အနားမွာသာရွိေနရင္ျဖင့္
အနမ္းေတြတဝႀကီး ဆက္သလိုက္ခ်င္ေသးသည္။
မျဖစ္နိုင္ေသာ အေျခအေနမို႔သာ ေအာင့္အီးေနရတာ..။ ကိုယ့္စိတ္အလိုအတိုင္းသာဆို Ji ရွိတဲ့အရပ္ကို ဒုံးက်ည္စီးၿပီးသာ သြားလိုက္ခ်င္သည္။
Jeonဟာ တကယ့္ကို ေျပာင္းလဲသြားခဲ့ၿပီပဲ။
အရင္ကJeonသာဆို ခုလိုရွင္းျပခ်က္ေတြ ေပးေနမွာ မဟုတ္သလို
ကိုယ္သဝန္တိုမိတာကိုပဲ သူက စိတ္ပ်က္သြားတတ္သည္ေလ။
ခုေတာ့ သူခ်စ္ရေသာ Jeon..
သူ႕အတြက္ ႏွစ္ေယာက္မရွိနိုင္ေသာ Jeon..
သူ႕ရဲ႕ ႏွလုံးသားတစ္ခုလုံး Jeonဟာ
ကိုယ့္အလိုက် ရွင္းျပခ်က္ေတြေပးေနသည္ေလ။
ေပ်ာ္တယ္ Jeon ....
ငါ သိပ္ေပ်ာ္ေနတယ္...
"ခ်စ္တယ္ Jeon"
"ကိုယ္လည္း ခ်စ္တယ္ေနာ္"
"လြမ္းေနမွာ..."
"ကိုယ္က ပိုလြမ္းမွာ သိလား
ၿပီးေတာ့ Projectၿပီးတဲ့ေန႕ ခ်က္ခ်င္းျပန္လာခဲ့မယ္
အဲ့က်ရင္ တဝႀကီးခ်စ္ပစ္ၾကမယ္"
"မင္း...ဒါပဲေတြးေန"
"ဟား..ဟား..ခ်စ္တာကို"
ရွက္သြားေသာ လူသားေလးရဲ႕ ရန္ေထာင္မႈေလးကို သေဘာက်မိပါသည္။
သူနဲ႕ကိုယ္ အရာရာအပ္ႏွင္းၿပီး ျဖစ္ပါေသာ္လည္း အခ်ိန္တိုင္း ရွက္အားပိုေနၿမဲ...။
ဆယ္ခါေတာင္းဆိုမွ တစ္ခါေလာက္သာ လက္ေလ်ာေပးတတ္သူေလးဟာ
အရွက္သည္းလြန္းလို႔ဆိုတာ သိသည္မို႔
သူေလးအလိုက်သာ အၿမဲေနေပးရပါသည္။
ေန႕တိုင္း အနမ္းပြင့္တို႔ ရယူနိုင္သည္ကိုပဲ သူ႕မွာ ဂုဏ္ယူလို႔မဆုံး...။
ရွက္သြားသည့္အခါမ်ိဳးဆို နား႐ြက္ဖ်ားကအစ ေျခဖ်ားထိတ္ေလးေတြအဆုံး
ရဲတြစ္သြားတတ္သည္မို႔
ႏွင္းျဖဴလုံးေလးဟု အမည္ေပးထားသည္ကေန
ႏွင္းနီလုံးေလးဟု ေခၚရမည့္ပုံပင္....။
ခ်စ္ျခင္းတရားတို႔ အျပည့္အဝအပ္ႏွင္းေနခ်ိန္မ်ိဳးမွာ ျဖစ္ေပၚလာတတ္ေသာ
Jiရဲ႕အမူအယာ၊
Jiႏႈတ္ကထြက္လာသည့္ သာယာယစ္မူးဖြယ္ေကာင္းလွသည့္ သံစဥ္မ်ိဳးစုံ၊
ေနာက္ ကိုယ္တစ္ေယာက္တည္းသာ ျမင္ေတြ႕ခြင့္ရွိပါသည့္
Jiရဲ႕ အရာရာ....
ဒါေတြအားလုံးကို သူတစ္ေယာက္တည္းသာ ပိုင္ဆိုင္ခြင့္ ရွိတာမို႔...
ကိုယ့္ကိုယ္ကို ကမာၻ႔ကံအေကာင္းဆုံး လူသားဟုပဲ သတ္မွတ္ထားသည္။
"ခ်စ္တယ္ Ji..."
"ငါေရာပဲ သိပ္ခ်စ္တယ္"
"Projectကို အေကာင္းဆုံးနဲ႕အျမန္ဆုံးလုပ္ၿပီး
Jiဆီ အေျပးျပန္လာခဲ့မယ္"
"အင္း ေစာင့္ေနမယ္"
🖤🖤🖤
"Jung.."
ေခၚေနသူအား လွမ္းၾကည့္ကာ သူ႕ေျခလွမ္းတို႔ ရပ္တန့္လိုက္ရသည္။
"Jiho .."
"Jungကလည္း ျမန္လိုက္တာ
Meetingၿပီးတာနဲ႕ တန္းထြက္သြားတာပဲ"
"ဘာေျပာစရာရွိလို႔လဲ Jiho"
"Jihoတို႔ တစ္ခုခုစားရင္း စကားသြားေျပာရေအာင္"
"အေရးႀကီးလို႔လား"
"အင္း..လိုက္မယ္မလား"
ေရွ႕အခါေတြတုန္းက Jihoေခၚဆိုဖူးသည္မ်ားကိုလည္း အခ်ိန္တိုင္း ျငင္းခဲ့တာမို႔
ဒီတစ္ေခါက္ေတာ့ လိုက္သြားသင့္ပါသည္ေလ။
မိန္းကေလးဘက္က ခဏတိုင္းေခၚေနသည္ကို ျငင္းရတာလည္း သိပ္ေတာ့မေကာင္းလွ။
"သြားၾကတာေပါ့"
Jihoသိပါသည္။ Jungသူမကို တမင္ေရွာင္ေနမွန္း။ Projectအတူ လုပ္ရလို႔သာ မျဖစ္မေနေတြ႕ေနရတာမ်ိဳး။
ဒီလိုေတြ ကိုယ္နဲ႕ခပ္ခြာခြာေနေနသည္မွာလည္း
Park Jiminဆိုေသာသူေၾကာင့္တဲ့ေလ။
အဟက္..သိပ္ရီရတာပဲ။
Jungနဲ႕သူဆိုသည္မွာ သူငယ္ခ်င္းေတြျဖစ္သလို Exေတြလည္း ဟုတ္သည္။ Jungနဲ႕တြဲၿပီး ျပတ္သြားတဲ့ေနာက္ အၿမဲအဆက္အဆံရွိေနသည္မွာ သူမဆိုေသာ Jihoတစ္ေယာက္တည္းပင္။
အရင္ကဆို သူမအကူအညီလိုရင္ Jungက အၿမဲကူညီေပးေနၾက။
မိဘခ်င္းကလည္း ရင္းႏွီးတာမို႔ သူနဲ႕ကိုယ့္ရဲ႕ ဆက္ဆံေရးက ပို၍ေကာင္းမြန္လွသည္။
Park Jiminကို သူမသိတာေပါ့။ ေက်ာင္းတုန္းကလည္း Jungနဲ႕တြဲခဲ့ေသးသည္။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ကြဲသြားေတာ့ Jungက နိုင္ငံျခားကိုေတာင္ ထြက္သြားခဲ့တာ..။
ဒီမွာ Jiminဘယ္လိုေတြ က်န္ေနခဲ့သလဲဆိုတာ သူမအနည္းအက်ဥ္းသိထားသည္။ ဒါကလည္း သူမ စုံစမ္းထား၍ျဖစ္သည္။
ခု သူက Jungနဲ႕အနီးဆုံးမွာ ျပန္ရွိေနျပန္ၿပီ။
Jungဆိုသည္မွာ ျဖတ္ခဲ့ဖူးေသာ Exတစ္ေယာက္ကို ျပန္တြဲေလ့မရွိတာ သူမအသိဆုံး။
ခုေတာ့ Park Jiminနဲ႕ ျပန္ျဖစ္သြားတယ္ဆိုတည္းက
အဲ့တစ္ေယာက္အေပၚထားသည့္ Jungစိတ္ေတြဟာ ထူးျခားေနမွန္း သူမရိပ္မိပါသည္။
ဒါေပမယ့္ အဲ့တစ္ေယာက္ သဝန္တိုမွာစိုးတာနဲ႕ပဲ ကိုယ့္ကို ေရွာင္ဖယ္မ်ိဳးကို လုံးဝသေဘာမက်ေပ။
Jihoဆိုတဲ့ သူမက Jungနဲ႕ အရင္းႏွီးဆုံးေတြ ျဖစ္ခဲ့တာပါ။
ရည္းစားဆက္ဆံေရး ပ်က္ျပယ္သြားတာေတာင္ သူငယ္ခ်င္းအေနနဲ႕ အၿမဲရွိေနခဲ့သည့္ သူမကလည္း Jungနဲ႕ သာမာန္ထက္ ပိုၿပီးရင္းႏွီးခဲ့တာပဲ မဟုတ္လား။ မိဘခ်င္းေတြကလည္း Partnerေတြ၊ Park Jiminဝင္မလာခင္တည္းက သူမနဲ႕Jungကလည္း ဆက္ဆံေရးေကာင္းမြန္ခဲ့တာပဲဟာ။
ခုလိုမ်ိဳးလုပ္တာကို သူမ နည္းနည္းေလးမွ မႀကိဳက္ပါ။ Park Jiminရဲ႕ အားနည္းခ်က္က Jungဆိုတာလည္း သူမသိထားသည္မို႔...။
အဆင္ေခ်ာေနသည့္ ႏွစ္ေယာက္ၾကား နည္းနည္းေလာက္ ဝင္ေႏွာက္ဖို႔အတြက္
အေတြးတို႔က ေပၚလာရသည္။
Park Jiminဆိုသည္မွာ Jungနဲ႕ပတ္သတ္ရင္ သူ႕ကိုယ္သူ ယုံၾကည္မႈအားနည္းလြန္းတာလည္း သူမသိသည္။
ဒါေၾကာင့္...
နည္းနည္းေလာက္ အဆင္မေျပျဖစ္သြားရင္ပဲ သူမေက်နပ္တယ္။
"Ok..သြားရေအာင္ Jung"
TBC🖤