ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး (အတြ...

By god-dess11

103K 12.2K 680

စာစဥ္ ၆၆ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ More

စာစဥ္ 66 (1 - 8)
စာစဥ္ ၆၆ (၉-၁၆)
စာစဥ္ ၆၆ (၁၇-၂၆)
စာစဥ္ ၆၇ (၁-၈)
စာစဥ္ ၆၇ (၉-၁၆)
စာစဥ္ ၆၇ (၁၇-၂၆)
စာစဥ္ ၆၈ (၁-၈)
စာစဥ္ ၆၈ (၉-၁၆)
စာစဥ္ ၆၈ (၁၇-၂၆)
စာစဥ္ ၆၉ (၁-၈)
စာစဥ္ ၆၉ (၉-၁၆)
စာစဥ္ ၆၉ (၁၇-၂၆)
စာစဥ္ ၇၀ (၁-၆)
စာစဥ္ ၇၀ (၇-၁၂)
စာစဥ္ ၇၀ (၁၃-၁၈)
စာစဥ္ ၇၀ (၁၉-၂၆)
စာစဥ္ ၇၁ (၁-၆)
စာစဥ္ ၇၁ (၇-၁၂)
စာစဥ္ ၇၁ (၁၃-၁၈)
စာစဥ္ ၇၁ (၁၉-၂၆)
စာစဥ္ ၇၂ (၁-၆)
စာစဥ္ ၇၂ (၇-၁၂)
စာစဥ္ ၇၂ (၁၃-၁၈)
စာစဥ္ ၇၂ (၁၉-၂၆)
စာစဥ္ ၇၃ (၁-၆)
စာစဥ္ ၇၃ (၇-၁၂)
စာစဥ္ ၇၃ (၁၃-၁၈)
စာစဥ္ ၇၃ (၁၉-၂၅)
စာစဥ္ ၇၄ (၁-၆)
စာစဥ္ ၇၄ (၇-၁၂)
စာစဥ္ ၇၄ (၁၉-၂၆)
စာစဥ္ ၇၅ (၁-၆)
စာစဥ္ ၇၅ (၇-၁၄)
စာစဥ္ ၇၅ (၁၅-၂၀)
စာစဥ္ ၇၅ (၂၁-၂၆)
စာစဥ္ ၇၆ (၁-၆)
စာစဥ္ ၇၆ (၇-၁၂)
စာစဥ္ ၇၆ (၁၃-၁၈)

စာစဥ္ ၇၄ (၁၃-၁၈)

2.3K 308 6
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  74
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၇၄၊ အခန္း ၁၃။ ဘာသက္ေသၿပစရာ ရွိလဲ

ေငြေရာင္ေယာက်ာ္းမွာ တုံ့ခနဲ ရပ္သြားၿပီး
ရီ၀မ္၀မ္အား စုန္ခ်ည္ဆန္ခ်ည္ ၾကည့္လာသည္ ။

“မင္း ဘာေၿပာလုိက္တယ္ ။
မင္းက စိုးရိမ္ၿခင္းကင္းေသာနန္ ဟုတ္လား”

“အင္းေလ က်ြန္မက သူနဲ့ မတူလို့လား”
ရီ၀မ္၀မ္ ၿပန္ဘုေတာပစ္လုိက္၏ ။

“အခုေတာ့ မတူေတာ့ဘူး”
ထိုေငြေရာင္ေယာက်ာ္းက ေခါင္းခါလာသည္ ။

အခုေတာ့ မတူေတာ့ဘူးတဲ့လား ။
ဒါဆို အရင္တုန္းကေတာ့ တူတယ္ေပါ့ ။ မ်က္ေတာင္တစ္မွိတ္ေလးအတြင္းမွာ ငါ့ရုပ္ ဒီေလာက္ ေၿပာင္းသြားမွန္း ငါ ဘာလို့ မသိရတာလဲ ။

“မင္းက ခုနေလးကတင္ ကိုယ့္ကိုယ္ကုိ
ဖိန့္ဖိန့္တုန္ဂုိဏ္းရဲ့ ပုိင္ဖန္း ပါလို့ ေၿပာတယ္
အခုက်ေတာ့ စိုးရိမ္ၿခင္းကင္းေသာနန္လို့ ေၿပာေနၿပန္ၿပီ ။
ငါ့ကို ညာဖို့ ၾကိဳးစားေနတာလား”

ထုိေငြေရာင္ေယာက်ာ္းက သူမအား အထူးအဆန္းသဖြယ္ ၾကည့္လာ၏ ။

“က်ြန္မက တကယ္ကုိ စုိးရိမ္ၿခင္းကင္းေသာနန္ပါ”
ရီ၀မ္၀မ္ ေၿပာလုိက္၏ ။

“မင္းက စိုးရိမ္ၿခင္းကင္းေသာနန္ ဆုိရင္
ဒါဆုိ ပုိင္ဖန္းက ဘယ္သူလဲ”

ထိုေငြေရာင္ေယာက်ာ္း မ်က္ေမွာင္ၾကဳတ္လာေခ်ၿပီ ။

“ပုိင္ဖန္းကလဲ က်ြန္မပဲေလ” သူမ ၿပန္ေၿဖလုိက္၏ ။

“မင္းက ပိုင္ဖန္းဆုိရင္ … ဒါဆုိ စုိးရိမ္ၿခင္းကင္းေသာနန္က ဘယ္သူလဲ ။ ဟုိဟာလဲ ဟုတ္ ဒီဟာလဲ ဟုတ္နဲ့ မင္းစကားနားေထာင္ရတာ ေခါင္းေတာင္ မူးလာၿပီ”
ထိုေယာက်ာ္းခမ်ာ စိတ္မၾကည္သာေတာ့ေလဟန္ ။

ေခါင္းမူးရမွာက ငါ မဟုတ္ဘူးလား .. ။

ရီ၀မ္၀မ္ ေၿပာလိုက္၏ ။

“မယံုရင္လဲ ထားလုိက္ပါေတာ့”

“မင္းက ငါ့တပည့္ စုိးရိမ္ၿခင္းကင္းေသာနန္ ပါဆုိတာ ဘာသက္ေသၿပစရာ ရွိလဲ”
ထိုေယာက်ာ္းသည္ တစ္ခနေလာက္ တိတ္ဆိတ္သြားၿပီး ထေမးေလသည္ ။

“ဒါဆုိရင္ ရွင္ကေရာ စုိးရိမ္ၿခင္းကင္းေသာနန္ရဲ့ ဆရာ ပါဆိုတာ ဘာသက္ေသၿပစရာရွိလဲ”
ရီ၀မ္၀မ္ ၿပန္ေခ်ပလိုက္၏ ။

ထိုေငြေရာင္ေယာက်ာ္းမွာ စုိးရိမ္ၿခင္းကင္းေသာနန္၏ဆရာ
ၿဖစ္ေၾကာင္း သက္ေသမၿပနုိင္ရင္ သူမကုိ နွစ္ၾကိမ္တိတိ အသက္ကယ္ထားလင့္ကစား သူမ သတိၾကီးၾကီးၿဖင့္
ဆက္ဆံရမည္ပင္ ။

“မင္းနဲ့ အခ်ိန္ၿဖဳန္းမေနခ်င္ေတာ့ဘူး .. မင္းက စိုးရိမ္ၿခင္းကင္းေသာနန္ ပါလို့ ေၿပာေနမွေတာ့ ငါ မင္းကို ေမးၾကည့္ပါဦးမယ္ ။ ကုိယ့္ဆရာကိုယ္ေတာင္ ဘာလုိ့ မမွတ္မိရတာလဲ ။
အတိတ္မ်ား ေမ့သြားတာလား ဟမ္”

“ရွင္လဲပဲ ရွင္က စုိးရိမ္ၿခင္းကင္းေသာနန္ရဲ့ ဆရာပါလို့ ေၿပာၿပီးေတာ့ ဘာလုိ့ ကိုယ့္တပည့္ကိုယ္ မမွတ္မိရတာလဲ ။ ရွင္လဲပဲ အတိတ္မ်ား ေမ့ေနတာလား”

“မင္း … ခေလးမ .. ေတာ္ေတာ္ေလး စကားတတ္ေန ။ ေကာင္းၿပီေလ မင္း လြတ္လပ္ေသာနယ္ေၿမကို ၿပန္လာေတာ့မွပဲ ငါ့နည္းငါ့ဟန္နဲ့
မင္းက စိုးရိမ္ၿခင္းကင္းေသာနန္ ဟုတ္မဟုတ္ကို စံုစမ္းၿပမယ္”

ရီ၀မ္၀မ္ ပါးစပ္အေဟာင္းသား ၿဖစ္သြား၏ ။

ဒါၾကီးက မမ်ားလြန္းဘူးလား ။

ဒီေငြေရာင္ေယာက်ာ္းက ငါက သူ ့တပည့္ စုိးရိမ္ၿခင္းကင္းေသာနန္ ဟုတ္လား မသိဘဲနဲ့ ဘာလို့ နွစ္ၾကိမ္ေတာင္ လာကယ္ေပးထားတာလဲ ။ ဒါမွမဟုတ္ ငါက အမည္မရွိေသာနန္ ေၿပာဖူးသလုိပဲ စုိးရိမ္ၿခင္းကင္းေသာနန္ နဲ့ ေတာ္ေတာ္ေလး တူေနလို့
သူ မသဲကြဲၿဖစ္ေနတာလား ။

ထိုေငြေရာင္ဆံႏြယ္သည္ ဘယ္သူေလနည္း ဆုိတာကို
ရီ၀မ္၀မ္ ေတာ္ေတာ္ေလး သိခ်င္မိလာရ၏ ။

သူက တကယ္ၾကီး ငါ့ရဲ့ဆရာ ၿဖစ္နုိင္မလား … ။

ထိုေငြေရာင္ေယာက်ာ္းမွာ စိုးရိမ္ၿခင္းကင္းေသာနန္၏ ဆရာ ၿဖစ္ပါရဲ့နဲ့ သူမအား မမွတ္မိပါလ်ွင္ ထိုသည္မွာ ထူးဆန္းသည္ဟုေတာ့ မၿမင္သာေပ ။ သူမ၏မိဘနွစ္ပါးနွင့္အစ္ကုိအရင္းကပင္ သူမအား မမွတ္မိဘူး မဟုတ္ပါလား ။

ေၿပာရမည္ဆုိရင္ သူမသည္ ငယ္စဥ္ေတာင္ေက်း ကေလးဘ၀ ကတည္းက အဘိုးနဲ့သာ အေနမ်ားၿပီး နန္မိသားစုက လူေတြဆီ သြားလည္ၿဖစ္တာက ရွား၏ ။ ထိုသည္မွာ သူမ၏အဘိုးသည္ သူမအား သခင္ၾကီးနန္နွင့္ သခင္မၾကီး နန္ အၿပင္ အမည္မရွိေသာနန္ကုိ သြားေတြ ့ၿခင္းကိုပါ တားၿမစ္ပိတ္ပင္ထားခဲ့ၿခင္းေၾကာင့္ ၿဖစ္နုိင္၏ ။ ထိုသို့သာဆုိရင္ နန္မိသားစုက သူမအား မမွတ္မိၿခင္းမွာ ခြင့္လႊတ္ေပးလုိ့ ရပါ၏ ။ သုိ့ေသာ္ သူမ၏ဆရာက မမွတ္မိၿခင္းကေတာ့ ေတာ္ေတာ္ေလး … မထံုအလြန္းေပဘူးေလာ ။

ရီ၀မ္၀မ္ ၾကာၾကာဆက္မေတြးနုိင္ခင္ ကားတစ္စီးသည္ ၀ူးခနဲ ေမာင္းခ်လာၿပီး ကားလမ္းေဘး ထိုးရပ္လိုက္ေလသည္ ။
တခနအၾကာတြင္ ခုနစ္စင္ၾကယ္ ၊ ၾကယ္ခုနစ္နွင့္ တစ္ၿခားသူေတြ ကားထဲကေန ခပ္သုတ္သုတ္ ဆင္းခ်လာၾက၏ ။

“အစ္မ ဖန္း အစ္မ ဓားၿပတုိက္ခံရလုိ့ဆုိ ။
အဲ့ေကာင္ ဘယ္မွာလဲ ။ က်ြန္ေတာ္ သူ ့ကို သြားသတ္မယ္”

………………………………………………………………………..........

စာစဥ္ ၇၄၊ အခန္း ၁၄။ လက္စြပ္

ခုနစ္စင္ၾကယ္သည္ ရီ၀မ္၀မ္ဆီကို အရင္ေရာက္ခ်လာၿပီး ေဘးဘီ၀ဲယာကုိ ေဒါသတၾကီးၿဖင့္ လုိက္ၾကည့္ေလသည္ ။

ရီ၀မ္၀မ္ သူ ့အား ၾကည့္လုိက္၏ ။

ငါသာ သူ လာကယ္တာကို ေစာင့္ေနရင္ အခုေလာက္ဆုိ ငါ့အေလာင္းၾကီး ခဲေလာက္ၿပီ ။

“အစ္မဖန္း ဘာၿဖစ္သြားေသးလဲ”
ၾကယ္ခုနစ္က သူမအား အကဲခတ္ရင္း ေမးလာ၏ ။

ရီ၀မ္၀မ္ ေခါင္းခါၿပလိုက္သည္ ။
“ဘာမွ မၿဖစ္ဘူး”

“အဲ့ေကာင္ မ်က္နွာေၿပာင္ခ်က္ကေတာ့ ငါတုိ့ ဖိန့္ဖိန့္တုန္ဂုိဏ္း ေလာက္နီးနီးပဲ ။ ဘယ္လုိလုပ္ ေန့ခင္းေၾကာင္ေတာင္ လူလယ္ေခါင္ၾကီး ဓားၿပထတုိက္ ရတာလဲ ။ သူတုိ့ေတြ ငါတုိ့စီးပြားကို လာခုိးခ်င္ေနတာလား” ခုနစ္စင္ၾကယ္က ေဒါသတၾကီး ေၿပာဆုိေန၏ ။

“အဲ့ဒီလူရဲ့ ဇာစ္ၿမစ္ကို သိလား ဂုိဏ္းခ်ဳပ္”
ပထမအၾကီးအကဲက ေရွ့ကို တက္လာရင္း ေမးသည္ ။

သူတုိ့သည္ စီပယင္ ဖမ္းထားေသာ ဖိန့္ဖိန့္တုန္ဂုိဏ္းသားမ်ား အေၾကာင္း လုိက္စံုစမ္းေနစဥ္ ဂုိဏ္းခ်ဳပ္ကုိ ဓားၿပတုိက္ခံလုိက္ရေၾကာင္းနွင့္ ထိုဓားၿပလာတုိက္သူကုိ သူတုိ့၏ဖိန့္ဖိန့္တုန္ဂုိဏ္းသားမ်ားကပင္ မယွဥ္နုိင္ေၾကာင္း ဖုန္းတစ္ေကာလ္ကုိ ရရွိခဲ့၏ ။ ထို့ေၾကာင့္
ထိုသူမွာ လြတ္လပ္ေသာနယ္ေၿမက လာတဲ့သူသာ ၿဖစ္နုိင္၏ ။

“လြတ္လပ္ေသာနယ္ေၿမက ၿဖစ္ေလာက္တယ္”

ရီ၀မ္၀မ္ ၿပန္ေၿဖလိုက္သည္ ။

တတိယအၾကီးအကဲမွာ မ်က္ေမွာင္ၾကဳတ္သြားၿပီး
တခနေလာက္ ေတြးၾကည့္ရင္းကေန ထေၿပာလာသည္ ။

“ေသြးဆာဂုိဏ္းကလူမ်ား ၿဖစ္နုိင္မလား ဂုိဏ္းခ်ဳပ္”

သူတုိ့သည္ ေသြးဆာဂုိဏ္း၏ ေခါင္းေဆာင္ၿဖစ္သူ စီပယင္ကို လွည့္စားကာ ရဲစခန္းထဲ သြင္းပစ္ခဲ့ေသာေၾကာင့္
ေသြးဆာဂုိဏ္းက ၿပန္လက္စားလာေခ်ၿခင္း ၿဖစ္နုိင္ေပသည္ ။

“အဲ့လုိ မထင္ဘူး” ရီ၀မ္၀မ္ ေခါင္းခါၿပလုိက္သည္ ။

ေသြးဆာဂုိဏ္း၏လက္ရွိအေၿခအေနအရ
ထိုသုိ့လုပ္နုိင္သည့္ သုိင္းပညာရွင္ မရွိေနပါေပ ။ ထို့အၿပင္ ထုိလူ၏လာရင္း ရည္ရြယ္ခ်က္က သိသာထင္ရွား၏ ။ သူမ၏အသက္ကုိ ရန္လာရွာၿခင္း မဟုတ္ဘဲ လက္စြပ္အတြက္ ေရာက္ခ်လာၿခင္း ၿဖစ္ေခ်သည္ ။ ထို့ေၾကာင့္ သူသည္ ေသြးဆာဂုိဏ္းနွင့္ မပတ္သက္ေလာက္ပါေခ် ။

“ထူးဆန္းလုိက္တာ … က်ြန္ေတာ္တုိ့ ဂုိဏ္းသားေတြ ေၿပာတာက အဲ့လူက ဂုိဏ္းခ်ဳပ္ရဲ့လက္စြပ္ကို ခိုးခ်င္ေနတာတဲ့”

ပထမအၾကီးအကဲက သူမကုိ ေၿပာလာသည္ ။

“မွန္တယ္” ရီ၀မ္၀မ္ ပြင့္ပြင့္လင္းလင္းပင္ ၀န္ခံလိုက္သည္ ။

“ဂုိဏ္းခ်ဳပ္ အဲ့ဒါ ဘာလက္စြပ္မလုိ့လဲ ။
က်ြန္ေတာ္ တစ္ခ်က္ေလာက္ ၾကည့္ၾကည့္လို့ ရမလား” ပထမအၾကီးအကဲက ေမး၏ ။

ပထမအၾကီးအကဲတုိ့အား သတိၾကီးၾကီးထားေနစရာ မလုိေသာေၾကာင့္ ရီ၀မ္၀မ္ ၾကာၾကာေတြးမေနဘဲ ခ်ြတ္ေပးလုိက္ေတာ့သည္ ။

ၾကယ္ခုနစ္ ၊ ခုနစ္စင္ၾကယ္ နွင့္ တတိယအၾကီးအကဲတုိ့ပါ ၀ိုင္းလာၾကေတာ့၏ ။

ပထမအၾကီးအကဲ၏လက္ထဲက ထိုလက္စြပ္မွာ ရုိးစင္းသည္ ၊ မႈိင္းညွိဳ့သည္ ၊ ဘာမွန္းမသိရသည့္ သတၱဳတစ္မ်ိဳးနွင့္ သြန္းလုပ္ထားၿပီး နီးနီးကပ္ကပ္ ၾကည့္ၾကည့္လ်ွင္ ထိုလက္စြပ္အတြင္းပိုင္းတြင္ ၿမက္ပင္ေလးတစ္ပင္ ေရးေရးေလးရွိေန၏ ။ သို့ေသာ္လည္း ထိုလက္စြပ္မွာ သာမန္လက္စြပ္တစ္ကြင္းနွင့္ ဘာမွ ထူးမၿခားနားပါေခ် ။

“ၾကည့္လုိ့ ၿပီးၿပီလား .. ငါ ၾကည့္ၾကည့္ရေအာင္”

တတိယအၾကီးအကဲသည္ ပထမအၾကီးအကဲအား ၾကည့္လိုက္၏ ။

ပထမအၾကီးအကဲက ထိုလက္စြပ္ကို ေပးလုိက္သည္ ။
တတိယအၾကီးအကဲသည္ ထိုလက္စြပ္ကို ေလ့လာၾကည့္ပါေသာ္လည္း ဘာကိုမွ မသိရပါေခ် ။

“တတိယအၾကီးအကဲ တတိယအၾကီးအကဲ က်ြန္ေတာ္လဲ ၾကည့္ခ်င္တယ္”

ခုနစ္စင္ၾကယ္သည္ ကပ်ာကယာပင္ လက္ကုိ ဆန့္ထုတ္လုိက္၏ ။

တတိယအၾကီးအကဲသည္ သူ ့အား ၾကည့္သည္ဆုိရံု ၾကည့္လိုက္ၿပီး လ်စ္လ်ဴရႈထားလုိက္ကာ လက္စြပ္ကို ရီ၀မ္၀မ္ဆီ ၿပန္အပ္လိုက္ေလသည္ ။

“ဂုိဏ္းခ်ဳပ္ … ဒီလက္စြပ္ေပၚမွာ သက္တမ္းတခ်ိဳ့ေတာ့ ေရးထားတယ္ ၊ သတၱဳကလဲ ေတာ္ေတာ္ေလး ထူးဆန္းတယ္ .. ဒီေတာ့ ေတာ္ေတာ္ေလး တန္ေၾကးရွိေလာက္တယ္”

တတိယအၾကီးအကဲက ေတြးၾကည့္လုိက္ၿပီး ေၿပာလာသည္ ။

“တန္ေၾကးရွိတယ္လား .. ဘယ္ေလာက္ေလာက္ ရွိတာလဲ”
ရီ၀မ္၀မ္ လႊတ္ကနဲ ေမးလုိက္မိ၏ ။

“ေၿပာဖုိ့ေတာ့ ခက္တယ္ ဂိုဏ္းခ်ဳပ္ ..”
တတိယအၾကီးအကဲက ေခါင္းခါ၏ ။

သူသည္ လက္စြပ္ေရာင္းသူ မဟုတ္ေသာေၾကာင့္
ဘယ္ေလာက္တန္လဲ ဘယ္လုိလုပ္ သိပါမည္နည္း ။

“အင္း … တန္ဖိုးရွိတာဆုိတ့ဲအၿပင္ကို တၿခားဘာေတြ ့မိ ေသးလဲ” ရီ၀မ္၀မ္ ေမးၾကည့္လုိက္သည္ ။

“တၿခားလား … အင္း တန္ဖိုးရွိတယ္ေလ ။
တန္ဖိုးရွိတာအၿပင္ကုိ တၿခားဘာမွေတာ့ မေတြ ့မိဘူး”

တတိယအၾကီးအကဲမွာ အံ့အားသင့္သြား၏ ။

ဒီလက္စြပ္မွာ တၿခားသံုးလို့ရတာ ရွိေသးတာလား ။

ရီ၀မ္၀မ္သည္ ခ်က္ခ်င္းပင္ ပထမအၾကီးအကဲဘက္ကို လွည့္လိုက္၏ ။

ဖိန့္ဖိန့္တုန္ဂုိဏ္းထဲတြင္ အသိဥာဏ္အၾကြယ္၀ဆံုး ၊
အေတြ ့အၾကံဳအနွံ့စပ္ဆံုးသူမွာ ပထမအၾကီးအကဲသာမို့ ဤလက္စြပ္၏အသံုး၀င္ပံုကုိ သူ သိေလာက္ေပသည္ ။

……………………………………………………………………..............

စာစဥ္ ၇၄၊ အခန္း ၁၅။ အခ်စ္ဆံုးသူ

“ဒီလက္စြပ္ရဲ့ ထူးၿခားခ်က္ကိုေတာ့ က်ြန္ေတာ္လဲ မၿမင္မိဘူး ဂုိဏ္းခ်ဳပ္ ။ ဘယ္သူကမွ လာမခုိးရင္ ဒီလက္စြပ္ကို ဒီတုိင္းအလွစြပ္ထားတာလုိ့ပဲ က်ြန္ေတာ္ ၿမင္မိမွာ .. ။ ဒါေပမယ့္ အလွစြပ္ထားတာဆုိရင္လဲ လြတ္လပ္ေသာနယ္ေၿမထဲက သိုင္းပညာရွင္ၾကီးက
ဒီထိ ဆင္းခ်လာၿပီး လာခုိးစရာ အေၾကာင္းေတာ့ မရွိဘူး ။ ဘယ္ေလာက္ပဲ အဖိုးတန္တန္ က်ြန္ေတာ္တုိ့ဖိန့္ဖိန့္တုန္ဂုိဏ္း ဆီကေန ဘယ္သူကမွ လာခုိးရဲၾကမွာမဟုတ္ဘူး ။ ပုိက္ဆံတန္ေၾကးအမ်ားၾကီး ရွိတာမဟုတ္ရင္ ဒီလက္စြပ္မွာ တၿခားထူးထူးၿခားၿခားအဓိပၸာယ္တစ္ခု ရွိေနလုိ့ပဲ ၿဖစ္လိမ့္မယ္”

ပထမအၾကီးအကဲက ခနေလာက္ ေတြးၾကည့္လိုက္ၿပီး ေၿပာလာသည္ ။

ထုိလက္စြပ္မွာ အသံုး၀င္ပံုတစ္ခုခု ရွိေနရလိမ့္မည္ဟု
ရီ၀မ္၀မ္ နားလည္မိထားပါ၏ ။ သို့ေသာ္
ထိုအသံုး၀င္ပံုကပင္ အေရးၾကီးသည့္အခ်က္ ၿဖစ္ေနေလသည္ ။ ထိုလက္စြပ္အေၾကာင္းကို သူမ်ားေတြ သိသြားပါလ်ွင္ ထိုလက္စြပ္ကို ထိန္းသိမ္းထားၿခင္းက ကုိယ့္ဒုကၡကုိယ္ လက္ယက္ကာ ေခၚေနသလိုသာ ၿဖစ္ေပေတာ့မည္ ။

ထိုအႏၱရာယ္သည္ တရုတ္ၿပည္တြင္သာ ရွိနုိင္၏ ။ လြတ္လပ္ေသာနယ္ေၿမကုိ ၿပန္သြားၿပီးရင္ေတာ့
သူမဆီကေန ဘယ္သူမွ လာမခုိးရဲေလာက္ေပ ။

“က်ြန္ေတာ္တို့ေတြ လြတ္လပ္ေသာနယ္ေၿမကို ၿပန္ေရာက္သြားရင္ ဒီကိစၥကုိ လူလႊတ္ၿပီး ေသေသခ်ာခ်ာ စံုစမ္းခုိင္းပါ့မယ္ ။ အဲ့ေကာင္ကို ေတြ ့လိုု့ကေတာ့ ေသတာထက္ ပိုဆုိးတဲ့ဘ၀ကုိ ခံစားေစရၿပီး
သူတုိ့တစ္မ်ိဳးလံုး ၿပဳတ္သြားေစရမယ္ ဂုိဏ္းခ်ဳပ္”

တတိယအၾကီးအကဲ၏မ်က္လံုးတုိ့မွာ ေအးစက္ေငြ ့တုိ့ ၿဖာထြက္လာသည္ ။

အၿမဲတေစ သူတို့၏ဖိန့္ဖိန့္တုန္ဂုိဏ္းကသာ သူမ်ားဆီက ခိုးခဲ့၏ ။ အခုလို သူတုို့ဆီ လာခိုးခံရသည္က ဒါ ပထမဆံုး ၿဖစ္ေခ်သည္ ။ ထို့အၿပင္ သူတို့လာခုိးသည့္သူမွာ ဖိန္ ့ဖိန့္တုန္ဂုိဏ္း၏ ဂုိဏ္းခ်ဳပ္ၾကီးဆီကို ၿဖစ္ေနေလသည္ ။ ထိုသတင္းသာ ေပါက္ၾကားသြားပါက ဖိန့္ဖိန့္တုန္တစ္ဂုိဏ္းလံုးမွာ ရဲေခၚၿပီး စီ၀ူထင္းကို ဖမ္းခဲ့သည့္သတင္းထက္ပင္ ပုိလုိ့ လူေလွာင္စရာ ၿဖစ္သြားေပလိမ့္မည္ ။

ရီ၀မ္၀မ္သည္ကေတာ့ ထိုလက္စြပ္မွာ ထုိငပိန္ေလးဆီ ပါမသြားဘဲ သူမလက္ထဲတြင္ ရွိေနေသးဆဲမုိ့ မ်ားမ်ားစားစား ဂရုမစုိက္ပါေခ် ။ ထိုသူ ဘယ္သူလဲကုိ သိရဖို့လဲ မ်ားမ်ားစားစား ေမွ်ာ္လင့္ခ်က္ မထားပါေခ် ။

ထိုေယာက်ာ္းသည္ သူမ ဘယ္သူမွန္း သိပါရဲ့နဲ့ သူမဆီကေန ေၿပာင္ေၿပာင္တင္းတင္းၾကီး လက္စြပ္လာခုိးရဲသည္ဆုိမွေတာ့ ထိုသည္မွာ အဓိပၸာယ္နွစ္ခုသာ ရွိ၏ ။

ပထမတစ္ခုမွာ ဖိန့္ဖိန့္တုန္ဂုိဏ္းသည္ မီးကုန္ယမ္းကုန္ လူအင္အားသံုး စံုစမ္းတာေတာင္ သူ ့ကုိ ရွာမေတြ ့နုိင္ေလာက္ေအာင္ ၾကိဳတင္ၿပင္ဆင္မႈေတြ ၿပဳလုပ္ထားခဲ့ၿခင္း … ။

ဒုတိယတစ္ခုမွာ ထိုလူ၏ေနာက္ကြယ္က အင္အားမွာ ဖိန့္ဖိန့္တုန္ဂုိဏ္းေအာက္ကို မေရာက္ေနၿခင္း… ။
ဖိန့္ဖိန့္တုန္ဂုိဏ္းက သူ ့ကို ၿပသနာလာရွာမွာကို
သူ မေၾကာက္ၿခင္းပင္ ။

တတိယအၾကီအကဲက ရွာေတြ ့သြားရင္ေတာင္
သူတုိ့ ေအးေဆးပဲ ေနနုိင္လုိ့သာ ၿဖစ္ရေပမည္ ။

ရီ၀မ္၀မ္ အဖို့ေတာ့ စံုစမ္းစမ္း မစံုစမ္းစမ္း အက်ိဳးမထူးပါေခ် ။

ရီ၀မ္၀မ္ မေၿပာရေသးခင္ ဖုန္း ၿမည္လာ၏ ။

ဖုန္းေခၚဆုိလာသူနာမည္မွာ ေပၚလာသည္က …
“အခ်စ္ဆံုးသူ”

ထိုသည္ကား ရီ၀မ္၀မ္ စီရီဟန္အတြက္ ေပးထားေသာ ခ်စ္စနုိးနာမည္ ၿဖစ္ေခ်၏ ။

ခုနစ္စင္ၾကယ္သည္ ရီ၀မ္၀မ္၏ဖုန္းေပၚက ထိုနာမည္ကို ရိပ္ခနဲ ၿမင္လိုက္မိၿပီး မ်က္လံုးၾကီး ၿပဴးက်ယ္သြားေတာ့၏ ။

“ငါလခြမ္း .. အခ်စ္ဆံုးသူလား … အစ္မဖန္း အဲ့လုိ နာမည္ေအာ့ေအာ့ေတြ ဘယ္သူ ့ကုိ ေပးထားတာလဲ ။
ဘယ္သူ ့ကိုလဲ ဘယ္သူ ့ကုိလဲ”

ၾကယ္ခုနစ္သည္ မ်က္ေမွာင္ၾကဳတ္သြားၿပီး
ရီ၀မ္၀မ္ကုိ ၾကည့္လာ၏ ။

ထုိနာမည္ကို ၿမင္လုိက္ခ်ိန္ ရီ၀မ္၀မ္ကုိယ္တုိင္လည္း အံ့ၿသသြားရ၏ ။

ထိုနံပတ္မွာ သူမ၏ဖုန္းထက္တြင္ မလင္းလာသည္မွာ ေတာ္ေတာ္ၾကာခဲ့ေလၿပီ ။

တခနေလာက္ ရပ္မိသြားၿပီးေနာက္
ရီ၀မ္၀မ္ ဖုန္းေကာက္ ကိုင္လုိက္၏ ။

“ဟယ္လုိ ကိုကို”

သူကေတာ့ေလ သူ လြတ္လပ္ေသာနယ္ေၿမမွာ မဟုတ္ေၾကာင္း အရိပ္အၿမြက္ၿပဖို့အတြက္ကို ဒီတရုတ္ဖုန္းနံပတ္ကုိ ေသေသခ်ာခ်ာေလး သံုးထားတာပဲ ။ ေတာ္ေတာ္ေလးကို ၾကိဳးစားထားတာပဲ ။

ခုနစ္စင္ၾကယ္မွာ တဆတ္ဆတ္ တုန္သြားၿပီး ၾကယ္ခုနစ္နားကို ကပ္ေၿပာ၏ ။

“ခ်ီးပဲ အစ္မဖန္းရဲ့အသံကလဲ ၾကက္သီးထစရာၾကီး”

“ဘယ္မွာလဲ” စီရီဟန္၏ ေအးစက္ၿပီး တုိးညင္းေသာအသံမွာ ဖုန္းတစ္ဖက္ကေန ထြက္လာသည္ ။

“ခ်စ္လား .. အင္ပါရီယာၿမိဳ့ေတာ္မွာေလ ။ ဘာၿဖစ္လုိ့လဲဟင္”

ရီ၀မ္၀မ္သည္ မ်က္ေတာင္ေလးကလယ္ကလယ္ လုပ္ရင္း ခ်က္က်လက္က် ၿပန္ေၿဖလိုက္၏ ။

တစ္ဖက္ကအသံမွာ ပုိတုိးကာ ပုိေႏြးေထြးလာေလၿပီ ။

“ဘာမွမၿဖစ္ဘူး ။ ဘယ္မွ ေလ်ွာက္သေ၀မထိုးနဲ့ေနာ္”

………………………………………………………………………..........

စာစဥ္ ၇၄၊ အခန္း ၁၆။ ေခ်ာ့ေၿပာတာကို ယံုတာပဲလား

“သိပါၿပီဆုိ ကုိကို ခ်စ္ကို ေၿပာတာ ဘယ္နွစ္ၾကိမ္ရွိေနၿပီလဲ ။
ၾကည့္ေလ ခ်စ္ ဘယ္ေလာက္ေတာင္ လိမ္မာေနသလဲလုိ့ .. ခ်စ္က စကားနားမေထာင္ဘဲ ထင္ရာစုိင္းတတ္တဲ့သူနဲ့ တူေနလို့လား ။ စိတ္ခ်ေနာ္ ခ်စ္ ဒီမွာပဲ ေနမွာ ဘယ္မွ ေလ်ွာက္မသြားဘူး”
ရီ၀မ္၀မ္ ကတိအထပ္ထပ္ ခံလုိက္၏ ။

ထုိစကားကုိ ၾကားၿပီး ၾကယ္ခုနစ္ မ်က္ေမွာင္ၾကဳတ္လုိက္၏ ။

ခုနစ္စင္ၾကယ္သည္လည္း ခပ္တုိးတိုးေလး ေၿပာလာသည္ ။

“လခြမ္း .. အစ္မ ဖန္း ဘာေတြ ၿဖစ္ေနတာလဲ ။
ငါတုိ့ ထြက္သြားဖို့ ဆံုးၿဖတ္ထားတာ မဟုတ္ဘူးလား ။
အၿပင္က လမ္းေဘးေၾကာင္ေလးတစ္ေကာင္ရဲ့ ဖုန္း ရလိုက္တာနဲ့ ခ်က္ခ်င္း စိတ္ေၿပာင္းသြားေတာ့တာပဲလား ။
ဒါၾကီးက အရမ္းၾကီး .. မမ်ားလြန္းဘူးလား”

ရီ၀မ္၀မ္၏ အေၿပာင္းအလဲ ၿမန္ဆန္သည့္ သေဘာထားေၾကာင့္ ခုနစ္စင္ၾကယ္မွာ အလန့္ၾကီး လန့္မိလာရ၏ ။

ၾကယ္ခုနစ္သည္ကေတာ့ အစ္မဖန္း၏ကိုယ္ထဲတြင္ အခ်စ္နတ္သက္ေၾကြအဆိပ္ ရွိေနေသးသည္မို့ ဟိုကုိ အၿမန္ၿပန္သြားၿပီး ကုသဖို့ေဆး အၿမန္ဆံုး ရွာရမည္ကို မွတ္မိေနပါ၏ ။ ထုိ့ေၾကာင့္ သူတုိ့ ေသခ်ာေပါက္ကုိ တရုတ္ၿပည္တြင္ ၾကာၾကာ ေနေနလို့ မရပါေခ် ။

အခုေတာ့ ေယာက်ာ္းတစ္ေယာက္အတြက္နဲ့
တရုတ္မွာပဲ ေနေနေတာ့မလို့လား ။
သူ ့အသက္ကို ရင္းေတာ့မလုိ့လား ။

ဖုန္းတစ္ဖက္တြင္မူ စီရီဟန္သည္ သူမ၏စကားအေပၚ ထပ္ေလာင္းမွတ္ခ်က္ ေပးလုိက္ခ်င္ေသာ္လည္း တခနေလာက္ေတြးၾကည့္လုိက္ၿပီးေနာက္ ရီ၀မ္၀မ္ ညာေနတာမဟုတ္ဘူးဟုသာ လက္ခံလုိက္ေတာ့၏ ။

မည္သို့ပင္ ၿဖစ္ပါေစ ဟုိတစ္ေန့တုန္းက သူသည္ သူမေလးကို အယံုသြင္းထားနိုင္ခဲ့ၿပီမို့ သူမေလးအဖို့ လြတ္လပ္ေသာနယ္ေၿမကို ၿပန္သြားစရာ အေၾကာင္း မရွိေတာ့ပါေပ ။ စီရီဟန္၏စိတ္တုိ့ တခနေလာက္ ၿငိမ္က်သြားမိၿပီး သူ ေၿပာလာသည္ ။

“ကုိယ္ ၿပန္လာမွာကို ေစာင့္ေနေနာ္”

“ဟုတ္ ဟုတ္ သိပါၿပီ ။ ခ်စ္ အိမ္မွာပဲ လိမ္လိမ္မာမာေလး ေနၿပီးေတာ့ ကုိကုိ့ကုိ ေစာင့္ေနမယ္ ။ ၿမန္ၿမန္ေလးေတာ့ ၿပန္လာေနာ္ ကိုကို”

ထိုကတိေပးစကားဆုိေနခ်ိန္တြင္ ရီ၀မ္၀မ္၏အသံေလးမွာ အထူးသၿဖင့္ကို ႏူးညံ့ခ်ိဳၿမိန္လြန္းလွ၏ ။

သူမ တစ္ခြန္းေၿပာလုိက္တုိင္း ၾကယ္ခုနစ္၏မ်က္နွာၾကီးမွာ မည္းခနဲ မည္းမည္းသြားရၿပီး သူ အၾကိမ္တုိင္း ၀င္၀င္ေၿပာလိုက္ခ်င္ပါေသာ္လည္း စိတ္ကုိ ထိန္းထားေနရပါ၏ ။

တခနေလာက္ တီတီတာတာ ယုယုုယယေတြ ေၿပာဆုိၿပီးေနာက္တြင္ ရီ၀မ္၀မ္ ဖုန္းခ်လုိက္ၿပီး ၾကယ္ခုနစ္ဘက္ကုိ လွည့္ၾကည့္လာသည္ ။

“ေလယာဥ္လက္မွတ္ေတြ စီစဥ္ၿပီးသြားၿပီလား”

“ဗ်ာ…”

ၾကယ္ခုနစ္ အံ့အားသင့္သြားၿပီး
သူ ေၿပာဖို့ရည္ရြယ္ထားသည့္ စကားတုိ့ကို ၿပန္ၿမိဳခ်လုိက္ရ၏ ။

ရီ၀မ္၀မ္က ႏႈတ္ခမ္းသားတုိ့ကုိ ဖိကုိက္လိုက္ကာ …

“မနက္ၿဖန္ လြတ္လပ္ေသာနယ္ေၿမကုိ ၿပန္ဖို့ ေလယာဥ္လက္မွတ္ကို ေၿပာေနတာ”

ၾကယ္ခုနစ္ အလုိလုိ ေခါင္းညိတ္မိ၏ ။

“စီစဥ္ၿပီးပါၿပီ”

“ေကာင္းတယ္ .. ဒါဆုိ ငါတုိ့ မနက္ၿဖန္ ထြက္မယ္”

ရီ၀မ္၀မ္ ၿပန္ေၿဖလိုက္၏ ။

ၾကယ္ခုနစ္ ငူတူတူ ငိုင္တုိင္တုိင္ ၿဖစ္သြားၿပီး ေမးမိ၏ ။

“အစ္မ ေစာနက ေၿပာေတာ့ …. တရုတ္ၿပည္မွာပဲ ေနမယ္ဆုိ”

ရီ၀မ္၀မ္၏မ်က္ခံုးတုိ့ ပင့္တက္သြားၿပီး
ဖုန္းကုိ တစ္ခ်က္ ၾကည့္လုိက္ကာ …

“ေခ်ာ့ေၿပာတဲ့စကားေတြကုိ ယံုတာပဲလား”

ၾကယ္ခုနစ္ ။ “…”

ခုနစ္စင္ၾကယ္ ။   “…”

အစ္မဖန္းကေတာ့ တကယ့္ကို ေၿပာတတ္တယ္ဟ ။

သူသာ ေယာက်ာ္းေလးၿမင္ရင္ တန္းစ်ာန္ေလ်ာေနတတ္တဲ့ လူစား မဟုတ္ရင္ ငါတုိ့ ဘာစုိးရိမ္ေနစရာ လုိမွာလဲ ။
ဒီတစ္ေခါက္က်ေတာ့ ထူးထူးၿခားၿခားကုိ
သူ ေတာင့္ခံနုိင္ေနတယ္ဟ အယ္လယ့္ ။

ခုနစ္စင္ၾကယ္သည္ ၾကယ္ခုနစ္နားကုိ ကပ္ေၿပာလာသည္ ။

“သိလား အဲ့ဒါကေလ အစ္မဖန္းက စရုိက္ေၿပာင္းသြားတာ မဟုတ္ဘူး ။ အဲ့ဒါ လြတ္လပ္ေသာနယ္ေၿမမွာက ေကာင္ေခ်ာေခ်ာေလးေတြ ပုိမ်ားေနလုိ့ သူ ၿပန္မွာ …”

ၾကယ္ခုနစ္ ။ “…”

ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္အား မ်က္လံုးလွန္ၾကည့္ေပးလုိက္၏ ။

“ဘာေတြ တုိးတုိးတိုးတိုး ကပ္ေၿပာေနတာလဲ ။
ဒီတစ္ေခါက္ေကာ ဘာေၿပာဦးမွာလဲ .. ေၿပာ”

ခုနစ္စင္ၾကယ္က ခ်က္ခ်င္း လက္ယမ္းၿပလာသည္ ။

“မေၿပာဘူး မေၿပာဘူး ။ ဟုတ္သားပဲ အစ္မ ဖန္း က်ြန္ေတာ္ တစ္ခုေလာက္ ေမးၾကည့္ခ်င္လို့ .. အစ္မ .. တကယ္ၾကီး …
စီ မိသားစုက အၾကီးအကဲနဲ့ လက္ထပ္ထားတာလား”

ဒါက ဂုိဏ္းခ်ဳပ္ရဲ့ လက္ထပ္ပြဲကိစၥၾကီးဟ ။

ရီ၀မ္၀မ္သည္ တခနေလာက္ တိတ္ဆိတ္သြားၿပီး မ်က္လႊာခ်လိုက္ကာ အေ၀းတြင္ က်န္ရစ္ခဲ့သည့္ ညအေမွာင္ဘက္ကို လွည့္သြား၏ ။

သူမ ရႈတည္တည္ၿဖင့္ ၿပန္ေၿဖလာသည္က ..

“မေၿပာတတ္ဘူး”

“ … ဗ်ာ …” ခုနစ္စင္ၾကယ္ ေမးမိ၏ ။

ဒါ ဘာအဓိပၸာယ္ၾကီးလဲ ။
လက္ထပ္ထားလား လက္မထပ္ထားဘူးလားကို
အစ္မဖန္းက မသိဘူးလား ။

ခုနစ္စင္ၾကယ္နွ့င္ ၾကယ္ခုနစ္တုိ့ ကူကယ္ရာမဲ့ၿခင္းၾကီးစြာၿဖင့္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လုိက္မိၾက၏ ။

ရီ၀မ္၀မ္သည္ ဘာကိုမွ ထပ္မေၿပာေတာ့ဘဲ ကားထဲသုိ့ ၀င္လုိက္ကာ ခုနစ္စင္ၾကယ္အား အင္ေမာ္တယ္ေခတ္ဆီ ေမာင္းခုိင္းလိုက္ေတာ့သည္ ။

တစ္ခ်ိန္တည္းမွာပင္ အင္ပါရီယာၿမိဳ့ေတာ္က ေနရာတစ္ခုတြင္ ။

ေပါင္မုန့္ကားေသးေသးေလးထဲတြင္ မ်က္နွာၾကီး ရွစ္္ေခါက္ခ်ိဳးကာ မႈန္ကုတ္စြာထုိင္ေနေသာ ေငြေရာင္ဆံႏြယ္ပုိင္ရွင္ေယာက်ာ္း ။
ထိုေယာက်ာ္းမွာ တစ္စံုတစ္ရာကို ေတြးဆေနသလိုလို ။

“အဲ့ဒီလက္စြပ္ ၿဖစ္ေနလိမ့္္မယ္လို့ ထင္မထားမိဘူး ..”

ထိုေငြေရာင္ေယာက်ာ္းသည္ မ်က္နွာထက္တြင္
စိတ္ပူမႈ ၊ အံ့ၿသမႈတုိ့ ေရာယွက္ကာ ခပ္တုိးတုိးေလး ေရရြတ္ေနသည္ ။

“မၿဖစ္နုိင္ဘူး .. အဲ့ဒီလက္စြပ္က လြတ္လပ္ေသာနယ္ေၿမမွာ အဲ့ကိစၥၿပီးကတည္းက အဖ်က္ဆီးခံလိုက္ရတာပါ ဒါကို ဘာလို့ … ”
သူ ့စိတ္တုိ့ တင္းၾကပ္လာ၏ ။

စိုးရိမ္ၿခင္းကင္းေသာနန္ မေပ်ာက္သြားခင္က ထိုလက္စြပ္သည္ မရွိသင့္ပါေၾကာင္းနွင့္ ဖ်က္ဆီးပစ္ရမည္ ၿဖစ္ေၾကာင္းကို
သူ သူမေလးအား အတန္တန္ ေၿပာၾကားခဲ့၏ ။ ထို့ၿပင္
သူ၏တပည့္ စုိးရိမ္ၿခင္းကင္းေသာနန္သည္ ထိုလက္စြပ္ကို
သူ ့အေရွ့မွာပင္ ဖ်က္ဆီးပစ္ခဲ့ေလသည္ … ။

ဒါကုိ ဘာလို့ … ဘာလုိ့ အဲ့လက္စြပ္က ရွိေနရေသးတာလဲ ။ အဲ့လက္စြပ္က ဘာလုိ့ စုိးရိမ္ၿခင္းကင္းေသာရဲ့လက္စြပ္ ၿဖစ္ေနရတာလဲ ။

………………………………………………………………….................

စာစဥ္ ၇၄၊ အခန္း ၁၇။ ဂ်ဴနီယာညီမေလး

“ဆရာ .. ဂ်ဴနီယာညီမေလးကို ရွာေတြ ့ခဲ့ၿပီလား”

ညွိဳ့ငင္အားေကာင္းသည့္ မိန္းမတစ္ေယာက္သည္
ေပါင္မုန့္ကားထဲကို ၀င္လာကာ
ထိုေငြေရာင္ေယာက်ာ္းအား ေမးေလသည္ ။

ထိုေငြေရာင္ေယာက်ာ္းက ေခါင္းညိတ္ၿပ၏ ။

“အင္း ….”

“ဂ်ဴနီယာညီမေလးကေတာ့ တကယ္ပဲ … တပည့္တို့မွာ တေလာကမွ ညီမေလး လြတ္လပ္ေသာနယ္ေၿမကုိ ၿပန္ေရာက္ေနတဲ့သတင္း ၾကားလို့ လုိက္သြားရံုရွိေသးတယ္ ။ အခုက်ေတာ့ သူက တရုတ္ၿပည္က ၿပန္ေၿပးလာၿပန္ၿပီ ။ ညီမေလးကေတာ့ တကယ့္ကို ဗရုတ္ေလးပဲ”

ထုိမိန္းမက ခပ္လြင္လြင္ေလး ရယ္ေမာလာ၏ ။

“ဒါဆို ဂ်ဴနီယာညီမေလးက အခု ဘယ္မွာလဲ ဆရာ”

“မင္းရဲ့ဂ်ဴနီယာညီမေလးက မွတ္ဥာဏ္ေပ်ာက္ေနတယ္ …
ငါ သူ ့ကို အသိအမွတ္မၿပဳခဲ့ဘူး”
ထိုေငြေရာင္ဆံႏြယ္ပိုင္ရွင္ ေယာက်ာ္းက ၿပန္ေၿဖသည္ ။

“ရွင္ ..”

ထိုမိန္းမမွာ အံ့အားသင့္မိသြားၿပီး နားမလည္နုိင္ေတာ့ပါေခ် ။

“ဂ်ဴနီယာညီမေလးကို ဘာလို့ အသိအမွတ္ မၿပဳခဲ့တာလဲ ဆရာ”

“အခုက အခ်ိန္မက်ေသးဘူး”
ထုိေငြေရာင္ေယာက်ာ္းက ေခါင္းခါ၏ ။
“မင္းရဲ့ဂ်ဴနီယာညီမေလးက လြတ္လပ္ေသာနယ္ေၿမကုိ သြားတုန္းက မွတ္ဥာဏ္ၿပန္မရေသးတာ က်ိန္းေသတယ္ ။ ဒါေပမယ့္ ဘယ္လိုလုပ္ၿပီးေတာ့ ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ ၿဖစ္လာေအာင္ လုပ္နုိင္သြားတာလဲ မသိဘူး”

“အာ ဆရာကလဲ …”
ထိုမိန္းမက ခုိးခုိးခစ္ခစ္ ရယ္ေမာလုိက္၏ ။
“ေမးစရာလိုေနလို့လား ။ လြတ္လပ္ေသာနယ္ေၿမထဲမွာ ဂ်ဴနီယာညီမေလး စုိးရိမ္ၿခင္းကင္းေသာနန္က ပုိင္ဖန္းဆိုတာကို သိတဲ့သူက လက္တစ္ဆုပ္ေလာက္ေလးပဲ ရွိတာဆိုေပမယ့္ အဲ့ဒီသိတဲ့သူထဲမွာ ဂ်ိဘုရင္ပါ ပါတယ္ေလ ။ ဂ်ိဘုရင္က ဂ်ဴနီယာညီမေလးကို မမွတ္မိဘဲ ေနပါ့မလား ။ ဂ်ဴနီယာညီမေလးကို ဂုိဏ္းခ်ဳပ္ေနရာ ရေအာင္ သူပဲ ကူညီေပးတာ ေနမွာေပါ့ ။ ဘာပဲေၿပာေၿပာ ဆရာရယ္
နန္ မိသားစုကေတာင္မွ စုိးရိမ္ၿခင္းကင္းေသာနန္ အတုကို ရထားနုိင္တယ္ဆုိရင္ ဂ်ဴနီယာညီမေလးကို ဖိန့္ဖိန့္တုန္ဂိုဏ္းခ်ဳပ္ ၿဖစ္လာေအာင္ လုပ္ေပးဖို့က ပမႊားေလးပါပဲ ။ ၿပီးေတာ့လဲ ဂ်ဴနီယာညီမေလးက အရက္မူးလာရင္ ဘယ္လုိၿဖစ္သြားတတ္လဲဆုိတာ ဆရာလဲ သိေနတာပဲ ။ ဂ်ဴနီယာညီမေလး ဖိန့္ဖိန့္တုန္ဂုိဏ္းထဲမွာ တစ္ခါေလာက္ေတာ့ မူးခဲ့ဖူးမွာ တပည့္ က်ိန္းေသတယ္”

ထုိေငြေရာင္ေယာက်ာ္းသည္လည္း ရယ္ေမာလာ၏ ။ အမွတ္တရၿဖစ္ရမ်ားသည္ သူ ့ဆီကို လိႈင္းလံုးၾကီးေတြ ရိုက္ခတ္ကာ လြန္ ့လူးလာေခ်ၿပီ ။

အမွန္ပင္ ။ သူ၏တပည့္မေလးသည္ အတိတ္ေမ့ေနတာေတာင္မွ အရက္မူးလာၿပီဆုိတာနဲ့ အစြမ္းအစတုိ့က ထိန္းမနုိင္သိမ္းမရေအာင္ ရုန္းၾကြလာ တတ္ေပသည္ ။

“ဒါေပမယ့္ စိုးရိမ္ၿခင္းကင္းေသာက အခုေလာေလာဆယ္ မွတ္ဥာဏ္ေပ်ာက္ေနတာပါ ။ သူ မူးလာရင္ လုပ္တတ္တဲ့ပံုစံကုိ
တပည့္ ဘယ္လုိလုပ္ျပီး သိလာတာလဲ”
ထိုေငြေရာင္ေယာက်ာ္းက ထုိမိန္းမအား ေမးလုိက္၏ ။

ထိုမိန္းမက ၿပံဳးလာသည္ ။

“တပည့္ ဂ်ိဘုရင္နဲ့ တစ္ခါ ေတြ ့ဖူးတယ္ ၊
သူပဲ အကုန္လံုးကို ေၿပာၿပခဲ့တာပါ”

“အဲ့လိုကိုး” ထိုေယာက်ာ္းက ေတြးဆသြား၏ ။

သုိ့ဆိုရင္ေတာ့ အရာရာမွာ အဓိပၸာယ္ရွိသြားေပၿပီ ။

စိုးရိမ္ၿခင္းကင္းေသာနန္သာ အရက္မူးၿပီး သူ ့စရုိက္အစစ္ကို မေဖာ္ထုတ္ၿပခဲ့ပါက ထုိဖိန့္ဖိန့္တုန္ဂိုဏ္းသည္ သူမအား ပုိင္ဖန္းၿဖစ္ေၾကာင္း ယံုၾကည္ေပးဖို့ မၿဖစ္နုိင္ေပ ။ အထူးသၿဖင့္ ဖိန့္ဖိန့္တုန္ဂုိဏ္းမွ ထိုအၾကီးအကဲမ်ားပင္ ။ သူတုိ့သည္ကား တစ္ေယာက္ထက္ ေနာက္တစ္ေယာက္က ၿဖိဳဖို့ ပိုခက္သူ ၿဖစ္၏ ။ သူတုိ့အား လွည့္ဖ်ားဖို့မွာ မၿဖစ္နုိင္ပါေခ် ။

“ဆရာ ဂ်ဴနီယာညီမေလးနဲ့ ၿပန္ေပါင္းစည္းရေအာင္ေလ ။
တပည့္ေလ ညီမေလးကို ေသေလာက္ေအာင္ လြမ္းေနၿပီ”
သူမက စိတ္မရွည္ေတာ့စြာၿဖင့္ အၾကံၿပဳ၏ ။

သုိ့ေသာ္ ထိုေငြေရာင္ေယာက်ာ္းက ေခါင္းခါလာသည္ ။

စိုးရိမ္ၿခင္းကင္းေသာနန္အတြက္ မွတ္ဥာဏ္ၿပန္ရေအာင္ လုပ္ခြင့္ေပးထားတာက ပိုေကာင္း၏ ။ ထို့အၿပင္
အခုခ်ိန္ သူတုိ့ ၿပန္ေပါင္းစည္းလုိက္ၾကရင္ သူမေလး ၏မွတ္ဥာဏ္မေပ်ာက္ခင္တုနု္းက ၿဖစ္ပ်က္ခဲ့သမ်ွကုိ
သူ မည္သုိ့ ရွင္းၿပရေတာ့မည္နည္း ။

ထိုၿဖစ္ရပ္တုိ့က စုိးရိမ္ၿခင္းကင္းေသာနန္အတြက္ တကယ့္ကို ရက္စက္ၾကမ္းၾကဳတ္လြန္း၏ ။ ေသတာထက္ပင္ ပိုဆုိးလွ၏ ။
စိုးရိမ္ၿခင္းကင္းေသာနန္က လက္မခံနုိင္ပါလ်ွင္ သုိ့မဟုတ္ ..
အတိတ္ကုိ မွတ္မိခ်င္စိတ္ မရွိေတာ့ပါလ်ွင္ .. ထိုမွတ္ဥာဏ္တုိ့သည္ သူမ၏စိတ္ထဲတြင္ အရိပ္မည္းၾကီး ထာ၀ရ ၿဖစ္သြားေပလိမ့္မည္ ။

“ဆရာ … ဆရာ စုိးရိမ္ေနတာက .. . ဒါေပမယ့္
အ့ဲကိစၥက … ”

ထုိေခ်ာေမာေသာမိန္းမက တြန္ ့ဆုတ္စြာၿဖင့္ ေမးခြန္းထုတ္၏ ။

“ဟုတ္တယ္”
ထိုေငြေရာင္ေယာက်ာ္းက ခပ္ဖြဖြ သက္ၿပင္းခ်လုိက္၏ ။
“ငါတုိ့ ၿပန္ေပါင္းစည္းလုိက္ရင္ ငါ သူ ့ကို အကုန္ ရွင္းၿပရလိမ့္မယ္ ။ အခုက အခ်ိန္မတန္ေသးဘူး”

ထိုမိန္းမမွာ တခနေလာက္ တိတ္ဆိတ္မိသြားၿပီးေနာက္ သက္ၿပင္းခ်လာေတာ့၏ ။

“သိပါၿပီဆရာ .. ဂ်ဴနီယာညီမေလးက သူ ့ကုိယ္သူပဲ အၿပစ္လွိမ့္တင္ေနတာ .. ဒါေပမယ့္ တကယ္တမ္းက …
အဲ့ကိစၥက သူ ့အမွားမွ မဟုတ္တာ ။
သူ တမင္ လုပ္ခဲ့တာမွ မဟုတ္တာ”

ဟုိးနွစ္မ်ားက စုိးရိမ္ၿခင္းကင္းေသာနန္သည္
သူမနွင့္ ဆရာ ကို ဗြီဒီယိုေကာလ္ ေခၚခဲ့ခ်ိန္တြင္
ကုိယ့္ကိုယ္ကုိ နွိပ္စက္ညွင္းပန္းေနခဲ့မႈကို
သူမ အခုထိ အမွတ္ရမိေသး၏ ။

ထိုစိတ္ဒဏ္ရာရသြားခဲ့မႈမွာ စိုးရိမ္ၿခင္းကင္းေသာနန္သည္ ေပ်ာ့ညံ့လြန္း၍ မဟုတ္ေပ ။ တကယ္ေတာ့ စုိးရိမ္ၿခင္းကင္းေသာနန္သည္ ၾကမ္းတမ္းထက္ၿမက္သူ ၿဖစ္၏ ။ သို့ေသာ္လည္း ထိုၿဖစ္ရပ္ကို ရင္ဆုိင္ရသည့္ မည္သူမဆုိ ထိုသုိ့ စိတ္ဒဏ္ရာရမိၾကမည္ခ်ည္းသာ ။ မိန္းမပင္ ၿဖစ္ေစ ေယာက်ာ္းပင္ ၿဖစ္ေစ ေလာကမွာ အသက္ဆက္ရွင္ဖို့ ခြန္အား ရွိၾကေတာ့မည္ မဟုတ္ပါေခ် ။

အဆံုးသတ္တြင္ေတာ့ စုိးရိမ္ၿခင္းကင္းေသာနန္ ကုိ အားလံုးက ၀ုိင္းလုိက္ၾက၏ ။ သူမနွင့္ဆရာတုိ့ ေရာက္သြားၾကခ်ိန္တြင္ ေယာက်ာ္းတစ္ေယာက္က စိုးရိမ္ၿခင္းကင္းေသာနန္အား လြတ္လပ္ေသာနယ္ေၿမကေန ေခၚထုတ္ေပးသြားသည္ကို လွမ္းၿမင္လုိက္ၾကရ၏ ။

…………………………………………………………………….............

စာစဥ္ ၇၄၊ အခန္း ၁၈။ ရွက္ဖို့ေကာင္းတယ္

သုိ့ေသာ္လဲ ထုိေယာက်ာ္း၏မ်က္နွာကို သူမတုိ့ သဲသဲကြဲကြဲ မၿမင္လုိက္ၾကရပါေခ် ။
ေနာက္ပုိင္းတြင္ ထိုေငြေရာင္ေယာက်ာ္းသည္ သတင္းသဲ့သဲ့ ရခဲ့သၿဖင့္ တရုတ္ၿပည္ကုိ ဆင္းခ်သြားၿပီး စုိးရိမ္ၿခင္းကင္းေသာနန္ကို လုိက္ရွာခဲ့၏ ။

ထိုေခ်ာေမာသည့္ မိန္းမ၏အၿမင္တြင္ေတာ့
ဆရာသည္ ဂ်ဴနီယာညီမေလးနွင့္ ၿပန္လည္မေပါင္းစည္းလုိၿခင္းမွာ သူသည္ ဂ်ဴနီယာညီမေလးအား အလြန္အမင္း ခ်စ္ၿမတ္နုိး အလိုလုိက္သူ ၿဖစ္ေသာေၾကာင့္သာ ၿဖစ္၏ ။

ဂ်ဴနီယာညီမေလးသာ သူ ့အား တတြတ္တြတ္ ပူဆာမည္ ဆုိပါက သူသည္ နည္းနည္းေလးမွ ေတာင့္ခံနုိင္မည္ မဟုတ္ဘဲ
အကုန္လံုးကုိ အိတ္သြန္ဖာေမွာက္ ေၿပာခ်မိေပလိမ့္မည္ ။

ဂ်ဴနီယာညီမေလးသာ အမွန္တရားကို သိသြားတာနဲ့ …
အက်ိဳးဆက္မွာ မေတြး၀ံ့ဆရာေတြ ၿဖစ္ကုန္ေပလိမ့္မည္ ။

“ဆရာ .. ဒါဆုိရင္ တပည့္တုိ့ ဂ်ဴနီယာညီမေလးကို
တစ္ေယာက္ထဲ ပစ္ထားခ့ဲေတာ့မလို့လား”
ထိုမိန္းမက သူ ့အား နားမလည္နုိင္စြာ ၾကည့္လာ၏ ။

သူတုိ့သည္ ခက္ခဲပင္ပန္းၿခင္းၾကီးစြာၿဖင့္ လုိက္ရွာခဲ့ရၿပီး ေနာက္ဆံုးတြင္မွ သူမေလးကို ရွာေတြ ့ခဲ့ရ၏ ။
သူမတုိ့ သူမေလးနွင့္ ၿပန္လည္ေပါင္းစည္းသင့္သည္ မဟုတ္ေလာ ။

ေငြေရာင္ေယာက်ာ္းမွာ ခနေလာက္ တိတ္ဆိတ္သြားၿပီး သူမအား ၾကည့္လာသည္ ။

“ဘာေတြ စိုးရိမ္ေနတာလဲ ။ မင္းရဲ့ဂ်ဴနီယာညီမေလးက ဒီထက္ပုိၿပီး လတ္လ်ားလတ္လ်ား လုပ္ေနနုိင္မွာ မဟုတ္ေတာ့ဘူး ။ ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ ၿဖစ္ေနၿပီ ဆုိေတာ့ သူ ့နားမွာ သူ ့ကို ကာကြယ္ေပးမယ့္ သုိင္းသမားေတြ အမ်ားၾကီးပဲ”

ထိုမိန္းမက ဂရုတစိုက္ ေတြးၾကည့္လုိက္ၿပီးေနာက္ ဟုတ္မွန္ေၾကာင္း နားလည္သြား၏ ။

“ဒါဆုိရင္ … ဆရာ တပည့္တုိ့ ဂ်ဴနီယာညီမေလးနဲ့ ဘယ္ေတာ့ေလာက္ ၿပန္ေပါင္းစည္းၾကမလဲ”

“စိုးရိမ္ၿခင္းကင္းေသာ မွတ္ဥာဏ္ရေအာင္ လုပ္ေနတာကို ေစာင့္လုိက္ဦး” ထုိေငြေရာင္ေယာက်ာ္းက သက္ၿပင္းခ်၏ ။

တစ္ခ်ိန္တည္းမွာပင္ ခုနစ္စင္ၾကယ္မွာ ကားေမာင္းေနရင္း တစ္ေတာက္ေလ်ွာက္လံုး ရီ၀မ္၀မ္အား ခုိးခုိးၾကည့္ေန၏ ။

“ဟုိေလ အစ္မဖန္း .. အစ္မလက္စြပ္က ဘယ္ေလာက္ေလာက္ တန္လဲဟင္”

“ကားကို ေသခ်ာေမာင္းစမ္း ။ ငါ့ကိုပဲ ၾကည့္ၾကည့္မေနနဲ့”
ရီ၀မ္၀မ္ သူ ့အား ၾကည့္ေပးလိုက္၏ ။

“ဟုတ္” ခုနစ္စင္ၾကယ္ အေနာက္ကို ထပ္မၾကည့္ရဲေတာ့ဘဲ ကားကိုသာ အာရံုစိုက္ ေမာင္းလုိက္ရေတာ့၏ ။

“စီပယင္ ဖမ္းသြားတဲ့ ဖိန့္ဖိန့္တုန္ဂုိဏ္းသားေတြ ရွာေတြ ့ၿပီလား”

ရီ၀မ္၀မ္သည္ တၿခားသူမ်ားဘက္ကို လွည့္ေမးလုိက္သည္ ။

ၾကယ္ခုနစ္က အမူအရာကင္းမဲ့စြာ ေခါင္းညိတ္ၿပလာသည္ ။

“ဟုတ္ကဲ့ ေတြ ့ခ့ဲပါၿပီ”

“အစ္မ ဖန္း ေသြးဆာဂုိဏ္းက ဖမ္းသြားတဲ့ ဂုိဏ္းသားက အေယာက္ ၂၀ ရွိတာကို အခု ၁၁ ေယာက္ပဲ အသက္ရွင္က်န္ခဲ့တယ္ ။
အဟူး … ဒါေပမယ့္ က်ြန္ေတာ္တုိ့ ရဲေခၚလုိက္လို့ စီပယင္ေကာ အဲ့ဒီေသြးဆာဂုိဏ္းေကာ အကုန္အဖမ္းထိခံထားရၿပီဆုိေတာ့ က်ြန္ေတာ္တုိ့ဘက္က ဘာမွအရႈံးမရွိပါဘူးေလ .. လက္စားၿပန္ေခ်လိုက္နုိင္ၿပီ ဟဲဟဲ”
ခုနစ္စင္ၾကယ္က ထ၀င္ေၿပာၿပန္သည္ ။

အေရွ့ထုိင္ခံုတြင္ ထိုင္ေနသည့္ တတိယအၾကီးအကဲက ခုနစ္စင္ၾကယ္အား ၾကည့္လုိက္၏ ။

ဒီဖြတ္ေကာင္ေတာ့ ငါတုိ့ရဲေခၚတဲ့အေၾကာင္းကို မေၿပာေတာ့လို့ မရဘူးလား ။

“ဟုိေလ အစ္မဖန္း … တရုတ္ၿပည္မွာ က်ြန္ေတာ္တုိ့ ရဲေခၚၿပီးေတာ့ စီပယင္ကို ဖမ္းတာက .. အရမ္းၾကီး … ရွက္ဖို့ေတာ့ ေကာင္းတယ္ေနာ္ ။ အဲ့ဒီသတင္းသာ လြတ္လပ္ေသာနယ္ေၿမမွာ ၿပန့္သြားၿပီး
က်ြန္ေတာ္တုိ့ ရဲေခၚခဲ့တာကို တၿခားဂုိဏ္းေတြက သိသြားလုိ့ကေတာ့ .. က်ြန္ေတာ္တုိ့သိကၡာေတြေတာ့ သြားေလာက္ၿပီေနာ္”
ခုနစ္စင္ၾကယ္က ထေမးလာ၏ ။

တတိယအၾကီးအကဲ ။  “…”

ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္အား ၾကည့္ေပးလိုက္၏ ။

“အဲ့ဒါက ဘာမ်ား ရွက္ဖို့ေကာင္းေနလို့လဲ ။
စီပယင္က အရင္ဆံုး ေသနတ္ကိုင္တာေလ
ငါတုိ့က ေနာက္မွ ရဲေခၚလုိက္တာ ။
လက္ဗလာနဲ့ တုိက္ေနရင္းက ရဲေခၚလိုက္တာမွ မဟုတ္တာ”

“အဲ .. အဲ့ဒါေတာ့ ဟုတ္သားပဲ ၊ ဒါေပမယ့္ …. လက္နက္မသံုးရဆုိတာက လြတ္လပ္ေသာနယ္ေၿမမွာပဲ တားၿမစ္ထားတဲ့စည္းကမ္းေလ ။ လြတ္လပ္ေသာနယ္ေၿမသားေတြ တၿခားနုိင္ငံမွာ မသံုးရဘူးလို့ တားထားတာမွ မဟုတ္တာ”
ခုနစ္စင္ၾကယ္က ထၿငင္း၏ ။

“အင္း အမွန္ပဲ ။ မင္း ေၿပာသြားသလုိဆို တရုတ္ၿပည္မွာလဲ လုိက္နာရမယ့္စည္းကမ္းေတြက ရွိေနတာပဲ ။ ဒါဆို ငါတုိ့က ဘာလို့ လြတ္လပ္ေသာနယ္ေၿမရဲ့ စည္းကမ္းကို လုိက္နာေနရဦးမွာလဲ ။ ငါတုိ့က အခု တရုတ္ၿပည္ကို ေရာက္ေနတာ တရုတ္ၿပည္ဆုိတာက တရားဥပေဒ စိုးမိုးတဲ့ နုိင္ငံ ဟုတ္ၿပီလား” ရီ၀မ္၀မ္ ၿပန္ဘုေတာပစ္လိုက္၏ ။

တတိယအၾကီးအကဲ ။ “အခုလုိ စဥ္းစားၾကည့္လုိက္ေတာ့လဲ ဟုတ္တုတ္တုတ္ေတာ့ ရွိသားပဲ”

ၾကယ္ခုနစ္က ေထာက္ခံလာ၏ ။ “ဟုတ္တယ္ …”

ခုနစ္စင္ၾကယ္သည္လည္း ၀င္ေၿပာလာသည္ ။

“ဟုတ္တယ္ … က်ြန္ေတာ္ လက္ခံတယ္”

ရီ၀မ္၀မ္ ထိုေလးေယာက္အား ေ၀့ၾကည့္လုိက္မိ၏ ။ သူတုိ့ေတြ လြတ္လပ္ေသာနယ္ေၿမမွာတုန္းက လုပ္ခဲ့တာေတြကိုေတာ့ ရွက္တယ္လုိ့ မၿမင္ဘူး ။
ဒီတရုတ္ကို လာေတာ့မွ ဟုိဟာ ရွက္ဖုိ့ေကာင္းတယ္
ဒီဟာ ရွက္ဖို့ေကာင္းတယ္နဲ့ ေတြးပူေနတတ္လုိက္ၾကတာ ။ အံ့ပါ့ ။

ရီ၀မ္၀မ္၏ လမ္းၿပမႈၿဖင့္ ခုနစ္စင္ၾကယ္သည္ အင္ေမာ္တယ္ေခတ္အေရွ့တြင္ ကားကို ထိုးရပ္လုိက္ေလၿပီ ။

“ဒါရုိက္တာ ရီ ဟ…”

………………………………………………………………………….........
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘
အပတ္စဥ္ တနဂၤေႏြေန႔မွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

ႀကိဳတင္ဖတ္႐ႈလိုပါက စာစဥ္တစ္ခုကို ၅၀ဝ နဲ႔ paid group မွာ ဖတ္႐ႈလို႔ ရပါၿပီရွင္ ။
ေဘလႊဲရမယ့္နံပတ္ေလးကေတာ့ 09402842937 ပါ ။ ေကာင္းေသာညခ်မ္းေလး ျဖစ္ၾကပါေစ 😘

....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  74
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၇၄၊ အခန်း ၁၃။ ဘာသက်သေပြစရာ ရှိလဲ

ငွေရောင်ယောကျာ်းမှာ တုံ့ခနဲ ရပ်သွားပြီး
ရီဝမ်ဝမ်အား စုန်ချည်ဆန်ချည် ကြည့်လာသည် ။

“မင်း ဘာပြောလိုက်တယ် ။
မင်းက စိုးရိမ်ခြင်းကင်းသောနန် ဟုတ်လား”

“အင်းလေ ကျွန်မက သူနဲ့ မတူလို့လား”
ရီဝမ်ဝမ် ပြန်ဘုတောပစ်လိုက်၏ ။

“အခုတော့ မတူတော့ဘူး”
ထိုငွေရောင်ယောကျာ်းက ခေါင်းခါလာသည် ။

အခုတော့ မတူတော့ဘူးတဲ့လား ။
ဒါဆို အရင်တုန်းကတော့ တူတယ်ပေါ့ ။ မျက်တောင်တစ်မှိတ်လေးအတွင်းမှာ ငါ့ရုပ် ဒီလောက် ပြောင်းသွားမှန်း ငါ ဘာလို့ မသိရတာလဲ ။

“မင်းက ခုနလေးကတင် ကိုယ့်ကိုယ်ကို
ဖိန့်ဖိန့်တုန်ဂိုဏ်းရဲ့ ပိုင်ဖန်း ပါလို့ ပြောတယ်
အခုကျတော့ စိုးရိမ်ခြင်းကင်းသောနန်လို့ ပြောနေပြန်ပြီ ။
ငါ့ကို ညာဖို့ ကြိုးစားနေတာလား”

ထိုငွေရောင်ယောကျာ်းက သူမအား အထူးအဆန်းသဖွယ် ကြည့်လာ၏ ။

“ကျွန်မက တကယ်ကို စိုးရိမ်ခြင်းကင်းသောနန်ပါ”
ရီဝမ်ဝမ် ပြောလိုက်၏ ။

“မင်းက စိုးရိမ်ခြင်းကင်းသောနန် ဆိုရင်
ဒါဆို ပိုင်ဖန်းက ဘယ်သူလဲ”

ထိုငွေရောင်ယောကျာ်း မျက်မှောင်ကြုတ်လာချေပြီ ။

“ပိုင်ဖန်းကလဲ ကျွန်မပဲလေ” သူမ ပြန်ဖြေလိုက်၏ ။

“မင်းက ပိုင်ဖန်းဆိုရင် … ဒါဆို စိုးရိမ်ခြင်းကင်းသောနန်က ဘယ်သူလဲ ။ ဟိုဟာလဲ ဟုတ် ဒီဟာလဲ ဟုတ်နဲ့ မင်းစကားနားထောင်ရတာ ခေါင်းတောင် မူးလာပြီ”
ထိုယောကျာ်းခမျာ စိတ်မကြည်သာတော့လေဟန် ။

ခေါင်းမူးရမှာက ငါ မဟုတ်ဘူးလား .. ။

ရီဝမ်ဝမ် ပြောလိုက်၏ ။

“မယုံရင်လဲ ထားလိုက်ပါတော့”

“မင်းက ငါ့တပည့် စိုးရိမ်ခြင်းကင်းသောနန် ပါဆိုတာ ဘာသက်သေပြစရာ ရှိလဲ”
ထိုယောကျာ်းသည် တစ်ခနလောက် တိတ်ဆိတ်သွားပြီး ထမေးလေသည် ။

“ဒါဆိုရင် ရှင်ကရော စိုးရိမ်ခြင်းကင်းသောနန်ရဲ့ ဆရာ ပါဆိုတာ ဘာသက်သေပြစရာရှိလဲ”
ရီဝမ်ဝမ် ပြန်ချေပလိုက်၏ ။

ထိုငွေရောင်ယောကျာ်းမှာ စိုးရိမ်ခြင်းကင်းသောနန်၏ဆရာ
ဖြစ်ကြောင်း သက်သေမပြနိုင်ရင် သူမကို နှစ်ကြိမ်တိတိ အသက်ကယ်ထားလင့်ကစား သူမ သတိကြီးကြီးဖြင့်
ဆက်ဆံရမည်ပင် ။

“မင်းနဲ့ အချိန်ဖြုန်းမနေချင်တော့ဘူး .. မင်းက စိုးရိမ်ခြင်းကင်းသောနန် ပါလို့ ပြောနေမှတော့ ငါ မင်းကို မေးကြည့်ပါဦးမယ် ။ ကိုယ့်ဆရာကိုယ်တောင် ဘာလို့ မမှတ်မိရတာလဲ ။
အတိတ်များ မေ့သွားတာလား ဟမ်”

“ရှင်လဲပဲ ရှင်က စိုးရိမ်ခြင်းကင်းသောနန်ရဲ့ ဆရာပါလို့ ပြောပြီးတော့ ဘာလို့ ကိုယ့်တပည့်ကိုယ် မမှတ်မိရတာလဲ ။ ရှင်လဲပဲ အတိတ်များ မေ့နေတာလား”

“မင်း … ခလေးမ .. တော်တော်လေး စကားတတ်နေ ။ ကောင်းပြီလေ မင်း လွတ်လပ်သောနယ်မြေကို ပြန်လာတော့မှပဲ ငါ့နည်းငါ့ဟန်နဲ့
မင်းက စိုးရိမ်ခြင်းကင်းသောနန် ဟုတ်မဟုတ်ကို စုံစမ်းပြမယ်”

ရီဝမ်ဝမ် ပါးစပ်အဟောင်းသား ဖြစ်သွား၏ ။

ဒါကြီးက မများလွန်းဘူးလား ။

ဒီငွေရောင်ယောကျာ်းက ငါက သူ့တပည့် စိုးရိမ်ခြင်းကင်းသောနန် ဟုတ်လား မသိဘဲနဲ့ ဘာလို့ နှစ်ကြိမ်တောင် လာကယ်ပေးထားတာလဲ ။ ဒါမှမဟုတ် ငါက အမည်မရှိသောနန် ပြောဖူးသလိုပဲ စိုးရိမ်ခြင်းကင်းသောနန် နဲ့ တော်တော်လေး တူနေလို့
သူ မသဲကွဲဖြစ်နေတာလား ။

ထိုငွေရောင်ဆံနွယ်သည် ဘယ်သူလေနည်း ဆိုတာကို
ရီဝမ်ဝမ် တော်တော်လေး သိချင်မိလာရ၏ ။

သူက တကယ်ကြီး ငါ့ရဲ့ဆရာ ဖြစ်နိုင်မလား … ။

ထိုငွေရောင်ယောကျာ်းမှာ စိုးရိမ်ခြင်းကင်းသောနန်၏ ဆရာ ဖြစ်ပါရဲ့နဲ့ သူမအား မမှတ်မိပါလျှင် ထိုသည်မှာ ထူးဆန်းသည်ဟုတော့ မမြင်သာပေ ။ သူမ၏မိဘနှစ်ပါးနှင့်အစ်ကိုအရင်းကပင် သူမအား မမှတ်မိဘူး မဟုတ်ပါလား ။

ပြောရမည်ဆိုရင် သူမသည် ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက အဘိုးနဲ့သာ အနေများပြီး နန်မိသားစုက လူတွေဆီ သွားလည်ဖြစ်တာက ရှား၏ ။ ထိုသည်မှာ သူမ၏အဘိုးသည် သူမအား သခင်ကြီးနန်နှင့် သခင်မကြီး နန် အပြင် အမည်မရှိသောနန်ကို သွားတွေ့ခြင်းကိုပါ တားမြစ်ပိတ်ပင်ထားခဲ့ခြင်းကြောင့် ဖြစ်နိုင်၏ ။ ထိုသို့သာဆိုရင် နန်မိသားစုက သူမအား မမှတ်မိခြင်းမှာ ခွင့်လွှတ်ပေးလို့ ရပါ၏ ။ သို့သော် သူမ၏ဆရာက မမှတ်မိခြင်းကတော့ တော်တော်လေး … မထုံအလွန်းပေဘူးလော ။

ရီဝမ်ဝမ် ကြာကြာဆက်မတွေးနိုင်ခင် ကားတစ်စီးသည် ဝူးခနဲ မောင်းချလာပြီး ကားလမ်းဘေး ထိုးရပ်လိုက်လေသည် ။
တခနအကြာတွင် ခုနစ်စင်ကြယ် ၊ ကြယ်ခုနစ်နှင့် တစ်ခြားသူတွေ ကားထဲကနေ ခပ်သုတ်သုတ် ဆင်းချလာကြ၏ ။

“အစ်မ ဖန်း အစ်မ ဓားပြတိုက်ခံရလို့ဆို ။
အဲ့ကောင် ဘယ်မှာလဲ ။ ကျွန်တော် သူ့ကို သွားသတ်မယ်”

………………………………………………………………………..........

စာစဉ် ၇၄၊ အခန်း ၁၄။ လက်စွပ်

ခုနစ်စင်ကြယ်သည် ရီဝမ်ဝမ်ဆီကို အရင်ရောက်ချလာပြီး ဘေးဘီဝဲယာကို ဒေါသတကြီးဖြင့် လိုက်ကြည့်လေသည် ။

ရီဝမ်ဝမ် သူ့အား ကြည့်လိုက်၏ ။

ငါသာ သူ လာကယ်တာကို စောင့်နေရင် အခုလောက်ဆို ငါ့အလောင်းကြီး ခဲလောက်ပြီ ။

“အစ်မဖန်း ဘာဖြစ်သွားသေးလဲ”
ကြယ်ခုနစ်က သူမအား အကဲခတ်ရင်း မေးလာ၏ ။

ရီဝမ်ဝမ် ခေါင်းခါပြလိုက်သည် ။
“ဘာမှ မဖြစ်ဘူး”

“အဲ့ကောင် မျက်နှာပြောင်ချက်ကတော့ ငါတို့ ဖိန့်ဖိန့်တုန်ဂိုဏ်း လောက်နီးနီးပဲ ။ ဘယ်လိုလုပ် နေ့ခင်းကြောင်တောင် လူလယ်ခေါင်ကြီး ဓားပြထတိုက် ရတာလဲ ။ သူတို့တွေ ငါတို့စီးပွားကို လာခိုးချင်နေတာလား” ခုနစ်စင်ကြယ်က ဒေါသတကြီး ပြောဆိုနေ၏ ။

“အဲ့ဒီလူရဲ့ ဇာစ်မြစ်ကို သိလား ဂိုဏ်းချုပ်”
ပထမအကြီးအကဲက ရှေ့ကို တက်လာရင်း မေးသည် ။

သူတို့သည် စီပယင် ဖမ်းထားသော ဖိန့်ဖိန့်တုန်ဂိုဏ်းသားများ အကြောင်း လိုက်စုံစမ်းနေစဉ် ဂိုဏ်းချုပ်ကို ဓားပြတိုက်ခံလိုက်ရကြောင်းနှင့် ထိုဓားပြလာတိုက်သူကို သူတို့၏ဖိန့်ဖိန့်တုန်ဂိုဏ်းသားများကပင် မယှဉ်နိုင်ကြောင်း ဖုန်းတစ်ကောလ်ကို ရရှိခဲ့၏ ။ ထို့ကြောင့်
ထိုသူမှာ လွတ်လပ်သောနယ်မြေက လာတဲ့သူသာ ဖြစ်နိုင်၏ ။

“လွတ်လပ်သောနယ်မြေက ဖြစ်လောက်တယ်”

ရီဝမ်ဝမ် ပြန်ဖြေလိုက်သည် ။

တတိယအကြီးအကဲမှာ မျက်မှောင်ကြုတ်သွားပြီး
တခနလောက် တွေးကြည့်ရင်းကနေ ထပြောလာသည် ။

“သွေးဆာဂိုဏ်းကလူများ ဖြစ်နိုင်မလား ဂိုဏ်းချုပ်”

သူတို့သည် သွေးဆာဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ စီပယင်ကို လှည့်စားကာ ရဲစခန်းထဲ သွင်းပစ်ခဲ့သောကြောင့်
သွေးဆာဂိုဏ်းက ပြန်လက်စားလာချေခြင်း ဖြစ်နိုင်ပေသည် ။

“အဲ့လို မထင်ဘူး” ရီဝမ်ဝမ် ခေါင်းခါပြလိုက်သည် ။

သွေးဆာဂိုဏ်း၏လက်ရှိအခြေအနေအရ
ထိုသို့လုပ်နိုင်သည့် သိုင်းပညာရှင် မရှိနေပါပေ ။ ထို့အပြင် ထိုလူ၏လာရင်း ရည်ရွယ်ချက်က သိသာထင်ရှား၏ ။ သူမ၏အသက်ကို ရန်လာရှာခြင်း မဟုတ်ဘဲ လက်စွပ်အတွက် ရောက်ချလာခြင်း ဖြစ်ချေသည် ။ ထို့ကြောင့် သူသည် သွေးဆာဂိုဏ်းနှင့် မပတ်သက်လောက်ပါချေ ။

“ထူးဆန်းလိုက်တာ … ကျွန်တော်တို့ ဂိုဏ်းသားတွေ ပြောတာက အဲ့လူက ဂိုဏ်းချုပ်ရဲ့လက်စွပ်ကို ခိုးချင်နေတာတဲ့”

ပထမအကြီးအကဲက သူမကို ပြောလာသည် ။

“မှန်တယ်” ရီဝမ်ဝမ် ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည် ။

“ဂိုဏ်းချုပ် အဲ့ဒါ ဘာလက်စွပ်မလို့လဲ ။
ကျွန်တော် တစ်ချက်လောက် ကြည့်ကြည့်လို့ ရမလား” ပထမအကြီးအကဲက မေး၏ ။

ပထမအကြီးအကဲတို့အား သတိကြီးကြီးထားနေစရာ မလိုသောကြောင့် ရီဝမ်ဝမ် ကြာကြာတွေးမနေဘဲ ချွတ်ပေးလိုက်တော့သည် ။

ကြယ်ခုနစ် ၊ ခုနစ်စင်ကြယ် နှင့် တတိယအကြီးအကဲတို့ပါ ဝိုင်းလာကြတော့၏ ။

ပထမအကြီးအကဲ၏လက်ထဲက ထိုလက်စွပ်မှာ ရိုးစင်းသည် ၊ မှိုင်းညှို့သည် ၊ ဘာမှန်းမသိရသည့် သတ္တုတစ်မျိုးနှင့် သွန်းလုပ်ထားပြီး နီးနီးကပ်ကပ် ကြည့်ကြည့်လျှင် ထိုလက်စွပ်အတွင်းပိုင်းတွင် မြက်ပင်လေးတစ်ပင် ရေးရေးလေးရှိနေ၏ ။ သို့သော်လည်း ထိုလက်စွပ်မှာ သာမန်လက်စွပ်တစ်ကွင်းနှင့် ဘာမှ ထူးမခြားနားပါချေ ။

“ကြည့်လို့ ပြီးပြီလား .. ငါ ကြည့်ကြည့်ရအောင်”

တတိယအကြီးအကဲသည် ပထမအကြီးအကဲအား ကြည့်လိုက်၏ ။

ပထမအကြီးအကဲက ထိုလက်စွပ်ကို ပေးလိုက်သည် ။
တတိယအကြီးအကဲသည် ထိုလက်စွပ်ကို လေ့လာကြည့်ပါသော်လည်း ဘာကိုမှ မသိရပါချေ ။

“တတိယအကြီးအကဲ တတိယအကြီးအကဲ ကျွန်တော်လဲ ကြည့်ချင်တယ်”

ခုနစ်စင်ကြယ်သည် ကပျာကယာပင် လက်ကို ဆန့်ထုတ်လိုက်၏ ။

တတိယအကြီးအကဲသည် သူ့အား ကြည့်သည်ဆိုရုံ ကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်ကာ လက်စွပ်ကို ရီဝမ်ဝမ်ဆီ ပြန်အပ်လိုက်လေသည် ။

“ဂိုဏ်းချုပ် … ဒီလက်စွပ်ပေါ်မှာ သက်တမ်းတချို့တော့ ရေးထားတယ် ၊ သတ္တုကလဲ တော်တော်လေး ထူးဆန်းတယ် .. ဒီတော့ တော်တော်လေး တန်ကြေးရှိလောက်တယ်”

တတိယအကြီးအကဲက တွေးကြည့်လိုက်ပြီး ပြောလာသည် ။

“တန်ကြေးရှိတယ်လား .. ဘယ်လောက်လောက် ရှိတာလဲ”
ရီဝမ်ဝမ် လွှတ်ကနဲ မေးလိုက်မိ၏ ။

“ပြောဖို့တော့ ခက်တယ် ဂိုဏ်းချုပ် ..”
တတိယအကြီးအကဲက ခေါင်းခါ၏ ။

သူသည် လက်စွပ်ရောင်းသူ မဟုတ်သောကြောင့်
ဘယ်လောက်တန်လဲ ဘယ်လိုလုပ် သိပါမည်နည်း ။

“အင်း … တန်ဖိုးရှိတာဆိုတဲ့အပြင်ကို တခြားဘာတွေ့မိ သေးလဲ” ရီဝမ်ဝမ် မေးကြည့်လိုက်သည် ။

“တခြားလား … အင်း တန်ဖိုးရှိတယ်လေ ။
တန်ဖိုးရှိတာအပြင်ကို တခြားဘာမှတော့ မတွေ့မိဘူး”

တတိယအကြီးအကဲမှာ အံ့အားသင့်သွား၏ ။

ဒီလက်စွပ်မှာ တခြားသုံးလို့ရတာ ရှိသေးတာလား ။

ရီဝမ်ဝမ်သည် ချက်ချင်းပင် ပထမအကြီးအကဲဘက်ကို လှည့်လိုက်၏ ။

ဖိန့်ဖိန့်တုန်ဂိုဏ်းထဲတွင် အသိဉာဏ်အကြွယ်ဝဆုံး ၊
အတွေ့အကြုံအနှံ့စပ်ဆုံးသူမှာ ပထမအကြီးအကဲသာမို့ ဤလက်စွပ်၏အသုံးဝင်ပုံကို သူ သိလောက်ပေသည် ။

……………………………………………………………………..............

စာစဉ် ၇၄၊ အခန်း ၁၅။ အချစ်ဆုံးသူ

“ဒီလက်စွပ်ရဲ့ ထူးခြားချက်ကိုတော့ ကျွန်တော်လဲ မမြင်မိဘူး ဂိုဏ်းချုပ် ။ ဘယ်သူကမှ လာမခိုးရင် ဒီလက်စွပ်ကို ဒီတိုင်းအလှစွပ်ထားတာလို့ပဲ ကျွန်တော် မြင်မိမှာ .. ။ ဒါပေမယ့် အလှစွပ်ထားတာဆိုရင်လဲ လွတ်လပ်သောနယ်မြေထဲက သိုင်းပညာရှင်ကြီးက
ဒီထိ ဆင်းချလာပြီး လာခိုးစရာ အကြောင်းတော့ မရှိဘူး ။ ဘယ်လောက်ပဲ အဖိုးတန်တန် ကျွန်တော်တို့ဖိန့်ဖိန့်တုန်ဂိုဏ်း ဆီကနေ ဘယ်သူကမှ လာခိုးရဲကြမှာမဟုတ်ဘူး ။ ပိုက်ဆံတန်ကြေးအများကြီး ရှိတာမဟုတ်ရင် ဒီလက်စွပ်မှာ တခြားထူးထူးခြားခြားအဓိပ္ပာယ်တစ်ခု ရှိနေလို့ပဲ ဖြစ်လိမ့်မယ်”

ပထမအကြီးအကဲက ခနလောက် တွေးကြည့်လိုက်ပြီး ပြောလာသည် ။

ထိုလက်စွပ်မှာ အသုံးဝင်ပုံတစ်ခုခု ရှိနေရလိမ့်မည်ဟု
ရီဝမ်ဝမ် နားလည်မိထားပါ၏ ။ သို့သော်
ထိုအသုံးဝင်ပုံကပင် အရေးကြီးသည့်အချက် ဖြစ်နေလေသည် ။ ထိုလက်စွပ်အကြောင်းကို သူများတွေ သိသွားပါလျှင် ထိုလက်စွပ်ကို ထိန်းသိမ်းထားခြင်းက ကိုယ့်ဒုက္ခကိုယ် လက်ယက်ကာ ခေါ်နေသလိုသာ ဖြစ်ပေတော့မည် ။

ထိုအန္တရာယ်သည် တရုတ်ပြည်တွင်သာ ရှိနိုင်၏ ။ လွတ်လပ်သောနယ်မြေကို ပြန်သွားပြီးရင်တော့
သူမဆီကနေ ဘယ်သူမှ လာမခိုးရဲလောက်ပေ ။

“ကျွန်တော်တို့တွေ လွတ်လပ်သောနယ်မြေကို ပြန်ရောက်သွားရင် ဒီကိစ္စကို လူလွှတ်ပြီး သေသေချာချာ စုံစမ်းခိုင်းပါ့မယ် ။ အဲ့ကောင်ကို တွေ့လို့ကတော့ သေတာထက် ပိုဆိုးတဲ့ဘဝကို ခံစားစေရပြီး
သူတို့တစ်မျိုးလုံး ပြုတ်သွားစေရမယ် ဂိုဏ်းချုပ်”

တတိယအကြီးအကဲ၏မျက်လုံးတို့မှာ အေးစက်ငွေ့တို့ ဖြာထွက်လာသည် ။

အမြဲတစေ သူတို့၏ဖိန့်ဖိန့်တုန်ဂိုဏ်းကသာ သူများဆီက ခိုးခဲ့၏ ။ အခုလို သူတို့ဆီ လာခိုးခံရသည်က ဒါ ပထမဆုံး ဖြစ်ချေသည် ။ ထို့အပြင် သူတို့လာခိုးသည့်သူမှာ ဖိန့်ဖိန့်တုန်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဆီကို ဖြစ်နေလေသည် ။ ထိုသတင်းသာ ပေါက်ကြားသွားပါက ဖိန့်ဖိန့်တုန်တစ်ဂိုဏ်းလုံးမှာ ရဲခေါ်ပြီး စီဝူထင်းကို ဖမ်းခဲ့သည့်သတင်းထက်ပင် ပိုလို့ လူလှောင်စရာ ဖြစ်သွားပေလိမ့်မည် ။

ရီဝမ်ဝမ်သည်ကတော့ ထိုလက်စွပ်မှာ ထိုငပိန်လေးဆီ ပါမသွားဘဲ သူမလက်ထဲတွင် ရှိနေသေးဆဲမို့ များများစားစား ဂရုမစိုက်ပါချေ ။ ထိုသူ ဘယ်သူလဲကို သိရဖို့လဲ များများစားစား မျှော်လင့်ချက် မထားပါချေ ။

ထိုယောကျာ်းသည် သူမ ဘယ်သူမှန်း သိပါရဲ့နဲ့ သူမဆီကနေ ပြောင်ပြောင်တင်းတင်းကြီး လက်စွပ်လာခိုးရဲသည်ဆိုမှတော့ ထိုသည်မှာ အဓိပ္ပာယ်နှစ်ခုသာ ရှိ၏ ။

ပထမတစ်ခုမှာ ဖိန့်ဖိန့်တုန်ဂိုဏ်းသည် မီးကုန်ယမ်းကုန် လူအင်အားသုံး စုံစမ်းတာတောင် သူ့ကို ရှာမတွေ့နိုင်လောက်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ခြင်း … ။

ဒုတိယတစ်ခုမှာ ထိုလူ၏နောက်ကွယ်က အင်အားမှာ ဖိန့်ဖိန့်တုန်ဂိုဏ်းအောက်ကို မရောက်နေခြင်း… ။
ဖိန့်ဖိန့်တုန်ဂိုဏ်းက သူ့ကို ပြသနာလာရှာမှာကို
သူ မကြောက်ခြင်းပင် ။

တတိယအကြီအကဲက ရှာတွေ့သွားရင်တောင်
သူတို့ အေးဆေးပဲ နေနိုင်လို့သာ ဖြစ်ရပေမည် ။

ရီဝမ်ဝမ် အဖို့တော့ စုံစမ်းစမ်း မစုံစမ်းစမ်း အကျိုးမထူးပါချေ ။

ရီဝမ်ဝမ် မပြောရသေးခင် ဖုန်း မြည်လာ၏ ။

ဖုန်းခေါ်ဆိုလာသူနာမည်မှာ ပေါ်လာသည်က …
“အချစ်ဆုံးသူ”

ထိုသည်ကား ရီဝမ်ဝမ် စီရီဟန်အတွက် ပေးထားသော ချစ်စနိုးနာမည် ဖြစ်ချေ၏ ။

ခုနစ်စင်ကြယ်သည် ရီဝမ်ဝမ်၏ဖုန်းပေါ်က ထိုနာမည်ကို ရိပ်ခနဲ မြင်လိုက်မိပြီး မျက်လုံးကြီး ပြူးကျယ်သွားတော့၏ ။

“ငါလခွမ်း .. အချစ်ဆုံးသူလား … အစ်မဖန်း အဲ့လို နာမည်အော့အော့တွေ ဘယ်သူ့ကို ပေးထားတာလဲ ။
ဘယ်သူ့ကိုလဲ ဘယ်သူ့ကိုလဲ”

ကြယ်ခုနစ်သည် မျက်မှောင်ကြုတ်သွားပြီး
ရီဝမ်ဝမ်ကို ကြည့်လာ၏ ။

ထိုနာမည်ကို မြင်လိုက်ချိန် ရီဝမ်ဝမ်ကိုယ်တိုင်လည်း အံ့သြသွားရ၏ ။

ထိုနံပတ်မှာ သူမ၏ဖုန်းထက်တွင် မလင်းလာသည်မှာ တော်တော်ကြာခဲ့လေပြီ ။

တခနလောက် ရပ်မိသွားပြီးနောက်
ရီဝမ်ဝမ် ဖုန်းကောက် ကိုင်လိုက်၏ ။

“ဟယ်လို ကိုကို”

သူကတော့လေ သူ လွတ်လပ်သောနယ်မြေမှာ မဟုတ်ကြောင်း အရိပ်အမြွက်ပြဖို့အတွက်ကို ဒီတရုတ်ဖုန်းနံပတ်ကို သေသေချာချာလေး သုံးထားတာပဲ ။ တော်တော်လေးကို ကြိုးစားထားတာပဲ ။

ခုနစ်စင်ကြယ်မှာ တဆတ်ဆတ် တုန်သွားပြီး ကြယ်ခုနစ်နားကို ကပ်ပြော၏ ။

“ချီးပဲ အစ်မဖန်းရဲ့အသံကလဲ ကြက်သီးထစရာကြီး”

“ဘယ်မှာလဲ” စီရီဟန်၏ အေးစက်ပြီး တိုးညင်းသောအသံမှာ ဖုန်းတစ်ဖက်ကနေ ထွက်လာသည် ။

“ချစ်လား .. အင်ပါရီယာမြို့တော်မှာလေ ။ ဘာဖြစ်လို့လဲဟင်”

ရီဝမ်ဝမ်သည် မျက်တောင်လေးကလယ်ကလယ် လုပ်ရင်း ချက်ကျလက်ကျ ပြန်ဖြေလိုက်၏ ။

တစ်ဖက်ကအသံမှာ ပိုတိုးကာ ပိုနွေးထွေးလာလေပြီ ။

“ဘာမှမဖြစ်ဘူး ။ ဘယ်မှ လျှောက်သဝေမထိုးနဲ့နော်”

………………………………………………………………………..........

စာစဉ် ၇၄၊ အခန်း ၁၆။ ချော့ပြောတာကို ယုံတာပဲလား

“သိပါပြီဆို ကိုကို ချစ်ကို ပြောတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ ။
ကြည့်လေ ချစ် ဘယ်လောက်တောင် လိမ်မာနေသလဲလို့ .. ချစ်က စကားနားမထောင်ဘဲ ထင်ရာစိုင်းတတ်တဲ့သူနဲ့ တူနေလို့လား ။ စိတ်ချနော် ချစ် ဒီမှာပဲ နေမှာ ဘယ်မှ လျှောက်မသွားဘူး”
ရီဝမ်ဝမ် ကတိအထပ်ထပ် ခံလိုက်၏ ။

ထိုစကားကို ကြားပြီး ကြယ်ခုနစ် မျက်မှောင်ကြုတ်လိုက်၏ ။

ခုနစ်စင်ကြယ်သည်လည်း ခပ်တိုးတိုးလေး ပြောလာသည် ။

“လခွမ်း .. အစ်မ ဖန်း ဘာတွေ ဖြစ်နေတာလဲ ။
ငါတို့ ထွက်သွားဖို့ ဆုံးဖြတ်ထားတာ မဟုတ်ဘူးလား ။
အပြင်က လမ်းဘေးကြောင်လေးတစ်ကောင်ရဲ့ ဖုန်း ရလိုက်တာနဲ့ ချက်ချင်း စိတ်ပြောင်းသွားတော့တာပဲလား ။
ဒါကြီးက အရမ်းကြီး .. မများလွန်းဘူးလား”

ရီဝမ်ဝမ်၏ အပြောင်းအလဲ မြန်ဆန်သည့် သဘောထားကြောင့် ခုနစ်စင်ကြယ်မှာ အလန့်ကြီး လန့်မိလာရ၏ ။

ကြယ်ခုနစ်သည်ကတော့ အစ်မဖန်း၏ကိုယ်ထဲတွင် အချစ်နတ်သက်ကြွေအဆိပ် ရှိနေသေးသည်မို့ ဟိုကို အမြန်ပြန်သွားပြီး ကုသဖို့ဆေး အမြန်ဆုံး ရှာရမည်ကို မှတ်မိနေပါ၏ ။ ထို့ကြောင့် သူတို့ သေချာပေါက်ကို တရုတ်ပြည်တွင် ကြာကြာ နေနေလို့ မရပါချေ ။

အခုတော့ ယောကျာ်းတစ်ယောက်အတွက်နဲ့
တရုတ်မှာပဲ နေနေတော့မလို့လား ။
သူ့အသက်ကို ရင်းတော့မလို့လား ။

ဖုန်းတစ်ဖက်တွင်မူ စီရီဟန်သည် သူမ၏စကားအပေါ် ထပ်လောင်းမှတ်ချက် ပေးလိုက်ချင်သော်လည်း တခနလောက်တွေးကြည့်လိုက်ပြီးနောက် ရီဝမ်ဝမ် ညာနေတာမဟုတ်ဘူးဟုသာ လက်ခံလိုက်တော့၏ ။

မည်သို့ပင် ဖြစ်ပါစေ ဟိုတစ်နေ့တုန်းက သူသည် သူမလေးကို အယုံသွင်းထားနိုင်ခဲ့ပြီမို့ သူမလေးအဖို့ လွတ်လပ်သောနယ်မြေကို ပြန်သွားစရာ အကြောင်း မရှိတော့ပါပေ ။ စီရီဟန်၏စိတ်တို့ တခနလောက် ငြိမ်ကျသွားမိပြီး သူ ပြောလာသည် ။

“ကိုယ် ပြန်လာမှာကို စောင့်နေနော်”

“ဟုတ် ဟုတ် သိပါပြီ ။ ချစ် အိမ်မှာပဲ လိမ်လိမ်မာမာလေး နေပြီးတော့ ကိုကို့ကို စောင့်နေမယ် ။ မြန်မြန်လေးတော့ ပြန်လာနော် ကိုကို”

ထိုကတိပေးစကားဆိုနေချိန်တွင် ရီဝမ်ဝမ်၏အသံလေးမှာ အထူးသဖြင့်ကို နူးညံ့ချိုမြိန်လွန်းလှ၏ ။

သူမ တစ်ခွန်းပြောလိုက်တိုင်း ကြယ်ခုနစ်၏မျက်နှာကြီးမှာ မည်းခနဲ မည်းမည်းသွားရပြီး သူ အကြိမ်တိုင်း ဝင်ဝင်ပြောလိုက်ချင်ပါသော်လည်း စိတ်ကို ထိန်းထားနေရပါ၏ ။

တခနလောက် တီတီတာတာ ယုယုယယတွေ ပြောဆိုပြီးနောက်တွင် ရီဝမ်ဝမ် ဖုန်းချလိုက်ပြီး ကြယ်ခုနစ်ဘက်ကို လှည့်ကြည့်လာသည် ။

“လေယာဉ်လက်မှတ်တွေ စီစဉ်ပြီးသွားပြီလား”

“ဗျာ…”

ကြယ်ခုနစ် အံ့အားသင့်သွားပြီး
သူ ပြောဖို့ရည်ရွယ်ထားသည့် စကားတို့ကို ပြန်မြိုချလိုက်ရ၏ ။

ရီဝမ်ဝမ်က နှုတ်ခမ်းသားတို့ကို ဖိကိုက်လိုက်ကာ …

“မနက်ဖြန် လွတ်လပ်သောနယ်မြေကို ပြန်ဖို့ လေယာဉ်လက်မှတ်ကို ပြောနေတာ”

ကြယ်ခုနစ် အလိုလို ခေါင်းညိတ်မိ၏ ။

“စီစဉ်ပြီးပါပြီ”

“ကောင်းတယ် .. ဒါဆို ငါတို့ မနက်ဖြန် ထွက်မယ်”

ရီဝမ်ဝမ် ပြန်ဖြေလိုက်၏ ။

ကြယ်ခုနစ် ငူတူတူ ငိုင်တိုင်တိုင် ဖြစ်သွားပြီး မေးမိ၏ ။

“အစ်မ စောနက ပြောတော့ …. တရုတ်ပြည်မှာပဲ နေမယ်ဆို”

ရီဝမ်ဝမ်၏မျက်ခုံးတို့ ပင့်တက်သွားပြီး
ဖုန်းကို တစ်ချက် ကြည့်လိုက်ကာ …

“ချော့ပြောတဲ့စကားတွေကို ယုံတာပဲလား”

ကြယ်ခုနစ် ။ “…”

ခုနစ်စင်ကြယ် ။   “…”

အစ်မဖန်းကတော့ တကယ့်ကို ပြောတတ်တယ်ဟ ။

သူသာ ယောကျာ်းလေးမြင်ရင် တန်းဈာန်လျောနေတတ်တဲ့ လူစား မဟုတ်ရင် ငါတို့ ဘာစိုးရိမ်နေစရာ လိုမှာလဲ ။
ဒီတစ်ခေါက်ကျတော့ ထူးထူးခြားခြားကို
သူ တောင့်ခံနိုင်နေတယ်ဟ အယ်လယ့် ။

ခုနစ်စင်ကြယ်သည် ကြယ်ခုနစ်နားကို ကပ်ပြောလာသည် ။

“သိလား အဲ့ဒါကလေ အစ်မဖန်းက စရိုက်ပြောင်းသွားတာ မဟုတ်ဘူး ။ အဲ့ဒါ လွတ်လပ်သောနယ်မြေမှာက ကောင်ချောချောလေးတွေ ပိုများနေလို့ သူ ပြန်မှာ …”

ကြယ်ခုနစ် ။ “…”

ရီဝမ်ဝမ် ခုနစ်စင်ကြယ်အား မျက်လုံးလှန်ကြည့်ပေးလိုက်၏ ။

“ဘာတွေ တိုးတိုးတိုးတိုး ကပ်ပြောနေတာလဲ ။
ဒီတစ်ခေါက်ကော ဘာပြောဦးမှာလဲ .. ပြော”

ခုနစ်စင်ကြယ်က ချက်ချင်း လက်ယမ်းပြလာသည် ။

“မပြောဘူး မပြောဘူး ။ ဟုတ်သားပဲ အစ်မ ဖန်း ကျွန်တော် တစ်ခုလောက် မေးကြည့်ချင်လို့ .. အစ်မ .. တကယ်ကြီး …
စီ မိသားစုက အကြီးအကဲနဲ့ လက်ထပ်ထားတာလား”

ဒါက ဂိုဏ်းချုပ်ရဲ့ လက်ထပ်ပွဲကိစ္စကြီးဟ ။

ရီဝမ်ဝမ်သည် တခနလောက် တိတ်ဆိတ်သွားပြီး မျက်လွှာချလိုက်ကာ အဝေးတွင် ကျန်ရစ်ခဲ့သည့် ညအမှောင်ဘက်ကို လှည့်သွား၏ ။

သူမ ရှုတည်တည်ဖြင့် ပြန်ဖြေလာသည်က ..

“မပြောတတ်ဘူး”

“ … ဗျာ …” ခုနစ်စင်ကြယ် မေးမိ၏ ။

ဒါ ဘာအဓိပ္ပာယ်ကြီးလဲ ။
လက်ထပ်ထားလား လက်မထပ်ထားဘူးလားကို
အစ်မဖန်းက မသိဘူးလား ။

ခုနစ်စင်ကြယ်နှ့င် ကြယ်ခုနစ်တို့ ကူကယ်ရာမဲ့ခြင်းကြီးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏ ။

ရီဝမ်ဝမ်သည် ဘာကိုမှ ထပ်မပြောတော့ဘဲ ကားထဲသို့ ဝင်လိုက်ကာ ခုနစ်စင်ကြယ်အား အင်မော်တယ်ခေတ်ဆီ မောင်းခိုင်းလိုက်တော့သည် ။

တစ်ချိန်တည်းမှာပင် အင်ပါရီယာမြို့တော်က နေရာတစ်ခုတွင် ။

ပေါင်မုန့်ကားသေးသေးလေးထဲတွင် မျက်နှာကြီး ရှစ်ခေါက်ချိုးကာ မှုန်ကုတ်စွာထိုင်နေသော ငွေရောင်ဆံနွယ်ပိုင်ရှင်ယောကျာ်း ။
ထိုယောကျာ်းမှာ တစ်စုံတစ်ရာကို တွေးဆနေသလိုလို ။

“အဲ့ဒီလက်စွပ် ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး ..”

ထိုငွေရောင်ယောကျာ်းသည် မျက်နှာထက်တွင်
စိတ်ပူမှု ၊ အံ့သြမှုတို့ ရောယှက်ကာ ခပ်တိုးတိုးလေး ရေရွတ်နေသည် ။

“မဖြစ်နိုင်ဘူး .. အဲ့ဒီလက်စွပ်က လွတ်လပ်သောနယ်မြေမှာ အဲ့ကိစ္စပြီးကတည်းက အဖျက်ဆီးခံလိုက်ရတာပါ ဒါကို ဘာလို့ … ”
သူ့စိတ်တို့ တင်းကြပ်လာ၏ ။

စိုးရိမ်ခြင်းကင်းသောနန် မပျောက်သွားခင်က ထိုလက်စွပ်သည် မရှိသင့်ပါကြောင်းနှင့် ဖျက်ဆီးပစ်ရမည် ဖြစ်ကြောင်းကို
သူ သူမလေးအား အတန်တန် ပြောကြားခဲ့၏ ။ ထို့ပြင်
သူ၏တပည့် စိုးရိမ်ခြင်းကင်းသောနန်သည် ထိုလက်စွပ်ကို
သူ့အရှေ့မှာပင် ဖျက်ဆီးပစ်ခဲ့လေသည် … ။

ဒါကို ဘာလို့ … ဘာလို့ အဲ့လက်စွပ်က ရှိနေရသေးတာလဲ ။ အဲ့လက်စွပ်က ဘာလို့ စိုးရိမ်ခြင်းကင်းသောရဲ့လက်စွပ် ဖြစ်နေရတာလဲ ။

………………………………………………………………….................

စာစဉ် ၇၄၊ အခန်း ၁၇။ ဂျူနီယာညီမလေး

“ဆရာ .. ဂျူနီယာညီမလေးကို ရှာတွေ့ခဲ့ပြီလား”

ညှို့ငင်အားကောင်းသည့် မိန်းမတစ်ယောက်သည်
ပေါင်မုန့်ကားထဲကို ဝင်လာကာ
ထိုငွေရောင်ယောကျာ်းအား မေးလေသည် ။

ထိုငွေရောင်ယောကျာ်းက ခေါင်းညိတ်ပြ၏ ။

“အင်း ….”

“ဂျူနီယာညီမလေးကတော့ တကယ်ပဲ … တပည့်တို့မှာ တလောကမှ ညီမလေး လွတ်လပ်သောနယ်မြေကို ပြန်ရောက်နေတဲ့သတင်း ကြားလို့ လိုက်သွားရုံရှိသေးတယ် ။ အခုကျတော့ သူက တရုတ်ပြည်က ပြန်ပြေးလာပြန်ပြီ ။ ညီမလေးကတော့ တကယ့်ကို ဗရုတ်လေးပဲ”

ထိုမိန်းမက ခပ်လွင်လွင်လေး ရယ်မောလာ၏ ။

“ဒါဆို ဂျူနီယာညီမလေးက အခု ဘယ်မှာလဲ ဆရာ”

“မင်းရဲ့ဂျူနီယာညီမလေးက မှတ်ဉာဏ်ပျောက်နေတယ် …
ငါ သူ့ကို အသိအမှတ်မပြုခဲ့ဘူး”
ထိုငွေရောင်ဆံနွယ်ပိုင်ရှင် ယောကျာ်းက ပြန်ဖြေသည် ။

“ရှင် ..”

ထိုမိန်းမမှာ အံ့အားသင့်မိသွားပြီး နားမလည်နိုင်တော့ပါချေ ။

“ဂျူနီယာညီမလေးကို ဘာလို့ အသိအမှတ် မပြုခဲ့တာလဲ ဆရာ”

“အခုက အချိန်မကျသေးဘူး”
ထိုငွေရောင်ယောကျာ်းက ခေါင်းခါ၏ ။
“မင်းရဲ့ဂျူနီယာညီမလေးက လွတ်လပ်သောနယ်မြေကို သွားတုန်းက မှတ်ဉာဏ်ပြန်မရသေးတာ ကျိန်းသေတယ် ။ ဒါပေမယ့် ဘယ်လိုလုပ်ပြီးတော့ ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် ဖြစ်လာအောင် လုပ်နိုင်သွားတာလဲ မသိဘူး”

“အာ ဆရာကလဲ …”
ထိုမိန်းမက ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏ ။
“မေးစရာလိုနေလို့လား ။ လွတ်လပ်သောနယ်မြေထဲမှာ ဂျူနီယာညီမလေး စိုးရိမ်ခြင်းကင်းသောနန်က ပိုင်ဖန်းဆိုတာကို သိတဲ့သူက လက်တစ်ဆုပ်လောက်လေးပဲ ရှိတာဆိုပေမယ့် အဲ့ဒီသိတဲ့သူထဲမှာ ဂျိဘုရင်ပါ ပါတယ်လေ ။ ဂျိဘုရင်က ဂျူနီယာညီမလေးကို မမှတ်မိဘဲ နေပါ့မလား ။ ဂျူနီယာညီမလေးကို ဂိုဏ်းချုပ်နေရာ ရအောင် သူပဲ ကူညီပေးတာ နေမှာပေါ့ ။ ဘာပဲပြောပြော ဆရာရယ်
နန် မိသားစုကတောင်မှ စိုးရိမ်ခြင်းကင်းသောနန် အတုကို ရထားနိုင်တယ်ဆိုရင် ဂျူနီယာညီမလေးကို ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် ဖြစ်လာအောင် လုပ်ပေးဖို့က ပမွှားလေးပါပဲ ။ ပြီးတော့လဲ ဂျူနီယာညီမလေးက အရက်မူးလာရင် ဘယ်လိုဖြစ်သွားတတ်လဲဆိုတာ ဆရာလဲ သိနေတာပဲ ။ ဂျူနီယာညီမလေး ဖိန့်ဖိန့်တုန်ဂိုဏ်းထဲမှာ တစ်ခါလောက်တော့ မူးခဲ့ဖူးမှာ တပည့် ကျိန်းသေတယ်”

ထိုငွေရောင်ယောကျာ်းသည်လည်း ရယ်မောလာ၏ ။ အမှတ်တရဖြစ်ရများသည် သူ့ဆီကို လှိုင်းလုံးကြီးတွေ ရိုက်ခတ်ကာ လွန့်လူးလာချေပြီ ။

အမှန်ပင် ။ သူ၏တပည့်မလေးသည် အတိတ်မေ့နေတာတောင်မှ အရက်မူးလာပြီဆိုတာနဲ့ အစွမ်းအစတို့က ထိန်းမနိုင်သိမ်းမရအောင် ရုန်းကြွလာ တတ်ပေသည် ။

“ဒါပေမယ့် စိုးရိမ်ခြင်းကင်းသောက အခုလောလောဆယ် မှတ်ဉာဏ်ပျောက်နေတာပါ ။ သူ မူးလာရင် လုပ်တတ်တဲ့ပုံစံကို
တပည့် ဘယ်လိုလုပ်ပြီး သိလာတာလဲ”
ထိုငွေရောင်ယောကျာ်းက ထိုမိန်းမအား မေးလိုက်၏ ။

ထိုမိန်းမက ပြုံးလာသည် ။

“တပည့် ဂျိဘုရင်နဲ့ တစ်ခါ တွေ့ဖူးတယ် ၊
သူပဲ အကုန်လုံးကို ပြောပြခဲ့တာပါ”

“အဲ့လိုကိုး” ထိုယောကျာ်းက တွေးဆသွား၏ ။

သို့ဆိုရင်တော့ အရာရာမှာ အဓိပ္ပာယ်ရှိသွားပေပြီ ။

စိုးရိမ်ခြင်းကင်းသောနန်သာ အရက်မူးပြီး သူ့စရိုက်အစစ်ကို မဖော်ထုတ်ပြခဲ့ပါက ထိုဖိန့်ဖိန့်တုန်ဂိုဏ်းသည် သူမအား ပိုင်ဖန်းဖြစ်ကြောင်း ယုံကြည်ပေးဖို့ မဖြစ်နိုင်ပေ ။ အထူးသဖြင့် ဖိန့်ဖိန့်တုန်ဂိုဏ်းမှ ထိုအကြီးအကဲများပင် ။ သူတို့သည်ကား တစ်ယောက်ထက် နောက်တစ်ယောက်က ဖြိုဖို့ ပိုခက်သူ ဖြစ်၏ ။ သူတို့အား လှည့်ဖျားဖို့မှာ မဖြစ်နိုင်ပါချေ ။

“ဆရာ ဂျူနီယာညီမလေးနဲ့ ပြန်ပေါင်းစည်းရအောင်လေ ။
တပည့်လေ ညီမလေးကို သေလောက်အောင် လွမ်းနေပြီ”
သူမက စိတ်မရှည်တော့စွာဖြင့် အကြံပြု၏ ။

သို့သော် ထိုငွေရောင်ယောကျာ်းက ခေါင်းခါလာသည် ။

စိုးရိမ်ခြင်းကင်းသောနန်အတွက် မှတ်ဉာဏ်ပြန်ရအောင် လုပ်ခွင့်ပေးထားတာက ပိုကောင်း၏ ။ ထို့အပြင်
အခုချိန် သူတို့ ပြန်ပေါင်းစည်းလိုက်ကြရင် သူမလေး ၏မှတ်ဉာဏ်မပျောက်ခင်တုနု်းက ဖြစ်ပျက်ခဲ့သမျှကို
သူ မည်သို့ ရှင်းပြရတော့မည်နည်း ။

ထိုဖြစ်ရပ်တို့က စိုးရိမ်ခြင်းကင်းသောနန်အတွက် တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်း၏ ။ သေတာထက်ပင် ပိုဆိုးလှ၏ ။
စိုးရိမ်ခြင်းကင်းသောနန်က လက်မခံနိုင်ပါလျှင် သို့မဟုတ် ..
အတိတ်ကို မှတ်မိချင်စိတ် မရှိတော့ပါလျှင် .. ထိုမှတ်ဉာဏ်တို့သည် သူမ၏စိတ်ထဲတွင် အရိပ်မည်းကြီး ထာဝရ ဖြစ်သွားပေလိမ့်မည် ။

“ဆရာ … ဆရာ စိုးရိမ်နေတာက .. . ဒါပေမယ့်
အဲ့ကိစ္စက … ”

ထိုချောမောသောမိန်းမက တွန့်ဆုတ်စွာဖြင့် မေးခွန်းထုတ်၏ ။

“ဟုတ်တယ်”
ထိုငွေရောင်ယောကျာ်းက ခပ်ဖွဖွ သက်ပြင်းချလိုက်၏ ။
“ငါတို့ ပြန်ပေါင်းစည်းလိုက်ရင် ငါ သူ့ကို အကုန် ရှင်းပြရလိမ့်မယ် ။ အခုက အချိန်မတန်သေးဘူး”

ထိုမိန်းမမှာ တခနလောက် တိတ်ဆိတ်မိသွားပြီးနောက် သက်ပြင်းချလာတော့၏ ။

“သိပါပြီဆရာ .. ဂျူနီယာညီမလေးက သူ့ကိုယ်သူပဲ အပြစ်လှိမ့်တင်နေတာ .. ဒါပေမယ့် တကယ်တမ်းက …
အဲ့ကိစ္စက သူ့အမှားမှ မဟုတ်တာ ။
သူ တမင် လုပ်ခဲ့တာမှ မဟုတ်တာ”

ဟိုးနှစ်များက စိုးရိမ်ခြင်းကင်းသောနန်သည်
သူမနှင့် ဆရာ ကို ဗွီဒီယိုကောလ် ခေါ်ခဲ့ချိန်တွင်
ကိုယ့်ကိုယ်ကို နှိပ်စက်ညှင်းပန်းနေခဲ့မှုကို
သူမ အခုထိ အမှတ်ရမိသေး၏ ။

ထိုစိတ်ဒဏ်ရာရသွားခဲ့မှုမှာ စိုးရိမ်ခြင်းကင်းသောနန်သည် ပျော့ညံ့လွန်း၍ မဟုတ်ပေ ။ တကယ်တော့ စိုးရိမ်ခြင်းကင်းသောနန်သည် ကြမ်းတမ်းထက်မြက်သူ ဖြစ်၏ ။ သို့သော်လည်း ထိုဖြစ်ရပ်ကို ရင်ဆိုင်ရသည့် မည်သူမဆို ထိုသို့ စိတ်ဒဏ်ရာရမိကြမည်ချည်းသာ ။ မိန်းမပင် ဖြစ်စေ ယောကျာ်းပင် ဖြစ်စေ လောကမှာ အသက်ဆက်ရှင်ဖို့ ခွန်အား ရှိကြတော့မည် မဟုတ်ပါချေ ။

အဆုံးသတ်တွင်တော့ စိုးရိမ်ခြင်းကင်းသောနန် ကို အားလုံးက ဝိုင်းလိုက်ကြ၏ ။ သူမနှင့်ဆရာတို့ ရောက်သွားကြချိန်တွင် ယောကျာ်းတစ်ယောက်က စိုးရိမ်ခြင်းကင်းသောနန်အား လွတ်လပ်သောနယ်မြေကနေ ခေါ်ထုတ်ပေးသွားသည်ကို လှမ်းမြင်လိုက်ကြရ၏ ။

…………………………………………………………………….............

စာစဉ် ၇၄၊ အခန်း ၁၈။ ရှက်ဖို့ကောင်းတယ်

သို့သော်လဲ ထိုယောကျာ်း၏မျက်နှာကို သူမတို့ သဲသဲကွဲကွဲ မမြင်လိုက်ကြရပါချေ ။
နောက်ပိုင်းတွင် ထိုငွေရောင်ယောကျာ်းသည် သတင်းသဲ့သဲ့ ရခဲ့သဖြင့် တရုတ်ပြည်ကို ဆင်းချသွားပြီး စိုးရိမ်ခြင်းကင်းသောနန်ကို လိုက်ရှာခဲ့၏ ။

ထိုချောမောသည့် မိန်းမ၏အမြင်တွင်တော့
ဆရာသည် ဂျူနီယာညီမလေးနှင့် ပြန်လည်မပေါင်းစည်းလိုခြင်းမှာ သူသည် ဂျူနီယာညီမလေးအား အလွန်အမင်း ချစ်မြတ်နိုး အလိုလိုက်သူ ဖြစ်သောကြောင့်သာ ဖြစ်၏ ။

ဂျူနီယာညီမလေးသာ သူ့အား တတွတ်တွတ် ပူဆာမည် ဆိုပါက သူသည် နည်းနည်းလေးမှ တောင့်ခံနိုင်မည် မဟုတ်ဘဲ
အကုန်လုံးကို အိတ်သွန်ဖာမှောက် ပြောချမိပေလိမ့်မည် ။

ဂျူနီယာညီမလေးသာ အမှန်တရားကို သိသွားတာနဲ့ …
အကျိုးဆက်မှာ မတွေးဝံ့ဆရာတွေ ဖြစ်ကုန်ပေလိမ့်မည် ။

“ဆရာ .. ဒါဆိုရင် တပည့်တို့ ဂျူနီယာညီမလေးကို
တစ်ယောက်ထဲ ပစ်ထားခဲ့တော့မလို့လား”
ထိုမိန်းမက သူ့အား နားမလည်နိုင်စွာ ကြည့်လာ၏ ။

သူတို့သည် ခက်ခဲပင်ပန်းခြင်းကြီးစွာဖြင့် လိုက်ရှာခဲ့ရပြီး နောက်ဆုံးတွင်မှ သူမလေးကို ရှာတွေ့ခဲ့ရ၏ ။
သူမတို့ သူမလေးနှင့် ပြန်လည်ပေါင်းစည်းသင့်သည် မဟုတ်လော ။

ငွေရောင်ယောကျာ်းမှာ ခနလောက် တိတ်ဆိတ်သွားပြီး သူမအား ကြည့်လာသည် ။

“ဘာတွေ စိုးရိမ်နေတာလဲ ။ မင်းရဲ့ဂျူနီယာညီမလေးက ဒီထက်ပိုပြီး လတ်လျားလတ်လျား လုပ်နေနိုင်မှာ မဟုတ်တော့ဘူး ။ ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် ဖြစ်နေပြီ ဆိုတော့ သူ့နားမှာ သူ့ကို ကာကွယ်ပေးမယ့် သိုင်းသမားတွေ အများကြီးပဲ”

ထိုမိန်းမက ဂရုတစိုက် တွေးကြည့်လိုက်ပြီးနောက် ဟုတ်မှန်ကြောင်း နားလည်သွား၏ ။

“ဒါဆိုရင် … ဆရာ တပည့်တို့ ဂျူနီယာညီမလေးနဲ့ ဘယ်တော့လောက် ပြန်ပေါင်းစည်းကြမလဲ”

“စိုးရိမ်ခြင်းကင်းသော မှတ်ဉာဏ်ရအောင် လုပ်နေတာကို စောင့်လိုက်ဦး” ထိုငွေရောင်ယောကျာ်းက သက်ပြင်းချ၏ ။

တစ်ချိန်တည်းမှာပင် ခုနစ်စင်ကြယ်မှာ ကားမောင်းနေရင်း တစ်တောက်လျှောက်လုံး ရီဝမ်ဝမ်အား ခိုးခိုးကြည့်နေ၏ ။

“ဟိုလေ အစ်မဖန်း .. အစ်မလက်စွပ်က ဘယ်လောက်လောက် တန်လဲဟင်”

“ကားကို သေချာမောင်းစမ်း ။ ငါ့ကိုပဲ ကြည့်ကြည့်မနေနဲ့”
ရီဝမ်ဝမ် သူ့အား ကြည့်ပေးလိုက်၏ ။

“ဟုတ်” ခုနစ်စင်ကြယ် အနောက်ကို ထပ်မကြည့်ရဲတော့ဘဲ ကားကိုသာ အာရုံစိုက် မောင်းလိုက်ရတော့၏ ။

“စီပယင် ဖမ်းသွားတဲ့ ဖိန့်ဖိန့်တုန်ဂိုဏ်းသားတွေ ရှာတွေ့ပြီလား”

ရီဝမ်ဝမ်သည် တခြားသူများဘက်ကို လှည့်မေးလိုက်သည် ။

ကြယ်ခုနစ်က အမူအရာကင်းမဲ့စွာ ခေါင်းညိတ်ပြလာသည် ။

“ဟုတ်ကဲ့ တွေ့ခဲ့ပါပြီ”

“အစ်မ ဖန်း သွေးဆာဂိုဏ်းက ဖမ်းသွားတဲ့ ဂိုဏ်းသားက အယောက် ၂၀ ရှိတာကို အခု ၁၁ ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ် ။
အဟူး … ဒါပေမယ့် ကျွန်တော်တို့ ရဲခေါ်လိုက်လို့ စီပယင်ကော အဲ့ဒီသွေးဆာဂိုဏ်းကော အကုန်အဖမ်းထိခံထားရပြီဆိုတော့ ကျွန်တော်တို့ဘက်က ဘာမှအရှုံးမရှိပါဘူးလေ .. လက်စားပြန်ချေလိုက်နိုင်ပြီ ဟဲဟဲ”
ခုနစ်စင်ကြယ်က ထဝင်ပြောပြန်သည် ။

အရှေ့ထိုင်ခုံတွင် ထိုင်နေသည့် တတိယအကြီးအကဲက ခုနစ်စင်ကြယ်အား ကြည့်လိုက်၏ ။

ဒီဖွတ်ကောင်တော့ ငါတို့ရဲခေါ်တဲ့အကြောင်းကို မပြောတော့လို့ မရဘူးလား ။

“ဟိုလေ အစ်မဖန်း … တရုတ်ပြည်မှာ ကျွန်တော်တို့ ရဲခေါ်ပြီးတော့ စီပယင်ကို ဖမ်းတာက .. အရမ်းကြီး … ရှက်ဖို့တော့ ကောင်းတယ်နော် ။ အဲ့ဒီသတင်းသာ လွတ်လပ်သောနယ်မြေမှာ ပြန့်သွားပြီး
ကျွန်တော်တို့ ရဲခေါ်ခဲ့တာကို တခြားဂိုဏ်းတွေက သိသွားလို့ကတော့ .. ကျွန်တော်တို့သိက္ခာတွေတော့ သွားလောက်ပြီနော်”
ခုနစ်စင်ကြယ်က ထမေးလာ၏ ။

တတိယအကြီးအကဲ ။  “…”

ရီဝမ်ဝမ် ခုနစ်စင်ကြယ်အား ကြည့်ပေးလိုက်၏ ။

“အဲ့ဒါက ဘာများ ရှက်ဖို့ကောင်းနေလို့လဲ ။
စီပယင်က အရင်ဆုံး သေနတ်ကိုင်တာလေ
ငါတို့က နောက်မှ ရဲခေါ်လိုက်တာ ။
လက်ဗလာနဲ့ တိုက်နေရင်းက ရဲခေါ်လိုက်တာမှ မဟုတ်တာ”

“အဲ .. အဲ့ဒါတော့ ဟုတ်သားပဲ ၊ ဒါပေမယ့် …. လက်နက်မသုံးရဆိုတာက လွတ်လပ်သောနယ်မြေမှာပဲ တားမြစ်ထားတဲ့စည်းကမ်းလေ ။ လွတ်လပ်သောနယ်မြေသားတွေ တခြားနိုင်ငံမှာ မသုံးရဘူးလို့ တားထားတာမှ မဟုတ်တာ”
ခုနစ်စင်ကြယ်က ထငြင်း၏ ။

“အင်း အမှန်ပဲ ။ မင်း ပြောသွားသလိုဆို တရုတ်ပြည်မှာလဲ လိုက်နာရမယ့်စည်းကမ်းတွေက ရှိနေတာပဲ ။ ဒါဆို ငါတို့က ဘာလို့ လွတ်လပ်သောနယ်မြေရဲ့ စည်းကမ်းကို လိုက်နာနေရဦးမှာလဲ ။ ငါတို့က အခု တရုတ်ပြည်ကို ရောက်နေတာ တရုတ်ပြည်ဆိုတာက တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံ ဟုတ်ပြီလား” ရီဝမ်ဝမ် ပြန်ဘုတောပစ်လိုက်၏ ။

တတိယအကြီးအကဲ ။ “အခုလို စဉ်းစားကြည့်လိုက်တော့လဲ ဟုတ်တုတ်တုတ်တော့ ရှိသားပဲ”

ကြယ်ခုနစ်က ထောက်ခံလာ၏ ။ “ဟုတ်တယ် …”

ခုနစ်စင်ကြယ်သည်လည်း ဝင်ပြောလာသည် ။

“ဟုတ်တယ် … ကျွန်တော် လက်ခံတယ်”

ရီဝမ်ဝမ် ထိုလေးယောက်အား ဝေ့ကြည့်လိုက်မိ၏ ။ သူတို့တွေ လွတ်လပ်သောနယ်မြေမှာတုန်းက လုပ်ခဲ့တာတွေကိုတော့ ရှက်တယ်လို့ မမြင်ဘူး ။
ဒီတရုတ်ကို လာတော့မှ ဟိုဟာ ရှက်ဖို့ကောင်းတယ်
ဒီဟာ ရှက်ဖို့ကောင်းတယ်နဲ့ တွေးပူနေတတ်လိုက်ကြတာ ။ အံ့ပါ့ ။

ရီဝမ်ဝမ်၏ လမ်းပြမှုဖြင့် ခုနစ်စင်ကြယ်သည် အင်မော်တယ်ခေတ်အရှေ့တွင် ကားကို ထိုးရပ်လိုက်လေပြီ ။

“ဒါရိုက်တာ ရီ ဟ…”

………………………………………………………………………….........
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘
အပတ်စဉ် တနင်္ဂနွေနေ့မှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

ကြိုတင်ဖတ်ရှုလိုပါက စာစဉ်တစ်ခုကို ၅၀ဝ နဲ့ paid group မှာ ဖတ်ရှုလို့ ရပါပြီရှင် ။
ဘေလွှဲရမယ့်နံပတ်လေးကတော့ 09402842937 ပါ ။ ကောင်းသောညချမ်းလေး ဖြစ်ကြပါစေ 😘

Continue Reading

You'll Also Like

1.1M 14.9K 23
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
338K 34.6K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
543K 55.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
411K 21.6K 47
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...