ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီ...

By Berry_Xin

796K 142K 7.6K

This is not my own story. It is my second translation work. All Credits to original author. Associated name-你... More

Description
Chapter-{1}
Chapter-{2}
Chapter-{3}
Chapter-{4}
ပူတူးတို့အားအသိပေးခြင်း
Chapter-{5}
Chapter-{6}
Chapter-{7}
Chapter-{8}
Chapter-{9}
Chapter-{10}
Chapter-{11}
Chapter-{12}
Chapter-{13.1}
Chapter-{13.2}
Chapter-{14}
Chapter-{15}
Chapter-{16}
Chapter-{17}
Chapter-{18}
Not update‼️
Chapter-{19}
Chapter-{20}
Chapter-{21.1}
Chapter-{21.2}
Chapter-{22.1}
Chapter-{22.2}
Chapter-{23.1}
Chapter-{23.2}
Chapter-{24.1}
Chapter-{24.2}
Chapter-{24.3}
Chapter-{24.4}
Chapter-{25.1}
Chapter-{25.2}
Chapter-{26.1}
Chapter-{26.2}
Chapter-{27.2}
Chapter-{28.1}
Chapter-{28.2}
Chapter-{28.3}
Chapter-{29.1}
Chapter-{29.2}
Chapter-{30.1}
Chapter-{30.2}
Chapter-{31}
Chapter-{32}
Chapter-{33.1}
Chapter-{33.2}
Chapter-{34}
Chapter-{35.1}
Chapter-{35.2}
Chapter-{36}
Chapter-{37}
Chapter-{38}
Chapter-{39}
Chapter-{40}
Chapter-{41}
Chapter-{42}
Chapter-{43}
Chapter-{44}
Chapter-{45.1}
Chapter-{45.2}
Chapter-{46}
Chapter-{47}

Chapter-{27.1}

10.3K 2.1K 121
By Berry_Xin

Unicode

အိပ်ချင်ယောင်ဆောင်ပြီး အနမ်းခံဖို့စောင့်နေတဲ့ဗိုလ်ချုပ်ကြီး

ညရောက်တော့ လုမျန်ကပြတင်းပေါက်နားမှာ၂နာရီလောက်ရပ်ကာ လေညှင်းခံနေလေသည်။
အပြင်ဘက်မှအမှောင်ထုကိုကြည့်ကာ လွန်ခဲ့တဲ့၁နာရီလောက်က ဧည့်ခန်းမှာလုပ်ခဲ့တဲ့သူ့ရဲ့စိတ်လိုက်မာန်ပါလုပ်ရပ်ကိုပြန်တွေးနေမိပြီးမျက်မှောင်ကျုံ့ကာ စိတ်ရှုပ်ထွေးနေသည်။
 
ထိုအချိန်တွင် အခန်းတံခါးခေါက်သံပေါ်လာကာ နာရီကိုကြည့်လိုက်တော့ ၁၀နာရီထိုးနေပြီဖြစ်သည်။
စုန့်ဟွိုင်ကတံခါးအပြင်ဘက်မှာရပ်နေကာ အိပ်ရာ၀င်အနမ်းလာတောင်းတာဖြစ်ကြောင်းသိလိုက်သည်။
လုမျန်အနဲငယ်ရင်ခုန်မိသွားကာ တံခါးလက်ကိုင်ကိုကြည့်လိုက်ပေမယ့် ပြတင်းပေါက်နားကတော့မခွာသေးပေ။

.

လုမျန်က တံခါးခေါက်သံရပ်သွားမည့်အချိန်ကိုစောင့်နေရင်း စုန့်ဟွိုင်သူ့အခန်းသူပြန်သွားမှာကိုစောင့်နေမိသည်။
၁မိနစ်လောက်ကြာတော့ တံခါးခေါက်သံရပ်တန့်သွားသည်။
ကြည့်ရတာစုန့်ဟွိုင်က သူအိပ်ပျော်နေတယ်လို့ယူဆပြီးဆက်မခေါက်တော့တာဖြစ်ရမယ်...
 
သူအခုလုံး၀ကိုတံခါးဖွင့်ပေးချင်စိတ်မရှိပေ။
ဒါပေမယ့် ကောင်လေးအခန်းဆီပြန်တော့မှာကိုစဥ်းစားမိပြီး သူစိတ်မကြည်ဖြစ်သွားပြန်သည်။
လုမျန်ကတံခါးနားကိုလျှောက်လာကာ ခဏလောက်တုံ့ဆိုင်းနေပြီးမှ လက်ကိုင်ကိုလှည့်ကာတံခါးဖွင့်လိုက်သည်။

စုန့်ဟွိုင်တံခါးခေါက်လိုက်ပေမယ့် ဘာမှတုံ့ပြန်သံမကြားရပေ။
သူကတော့ လုမျန်အိပ်ပျော်နေတယ်လို့ထင်လိုက်သည်။
သူအခန်းရှေ့မှာခဏလောက်ရပ်နေသေးပေမယ့် ခဏကြာတော့သူ့အခန်းဆီပြန်သွားဖို့လုပ်မှသူ့ရှေ့မှ အခန်းတံခါးကပွင့်သွားသည်။
စုန့်ဟွိုင်ကပျော်သွားပေမယ့် လုမျန်ရဲ့အေးစက်စက်မျက်နှာထားကိုတွေ့လိုက်တဲ့အချိန်မှာတော့ သူတွန့်သွားသည်။
လုမျန်ရဲ့အမူအရာက အရမ်းကြောက်ဖို့ကောင်းနေသည်လေ.....

စုန့်ဟွိုင်ရဲ့လက်တဖက်မှာ သစ်သီးပန်းကန်ကိုင်ထားပြီး နောက်တဖက်မှာရေနွေးကြမ်းခွက်ကိုကိုင်ထားကာ လုမျန်အား
"ဟိုလေ အန်တီကခင်ဗျားညစာနဲနဲပဲစားတယ်ဆိုလို့ ခင်ဗျားဗိုက်ဆာနေမှာစိုးပြီးသစ်သီးလေးတွေလာပို့တာ...
ပြီးတော့ အဲ့ဂန္ဓာမာပန်းရေနွေးကြမ်းကလည်းကျွန်တော်တို့အိမ်ကနာနီကြီးကိုယ်တိုင်လုပ်ထားတာ...ခင်ဗျားနဲနဲစိတ်ဆိုးနေတယ်လို့ခံစားရလို့ယူလာပေးတာ...အဲ့ရေနွေးကြမ်းကစိတ်ကြည်စေတယ် သိလား"
ကောင်လေးကဒီနေ့လုမျန်ရဲ့အပြုအမူတွေကြောင့် သူစိတ်ဆိုးနေတယ်ထင်ပြီး ရေနွေးကြမ်းတွေဘာတွေတောင်လာတိုက်နေလေရဲ့။
 
တကယ်တော့လုမျန်လည်း နဲနဲဒေါသထွက်နေမိတယ်ဆိုပါတော့...
လုမျန်က စုန့်ဟွိုင်တကိုယ်လုံးကိုကြည့်လိုက်ပြီး ကောင်လေးယူလာပေးတဲ့သစ်သီးနဲ့ရေနွေးကြမ်းကိုလှမ်းယူလိုက်သည်။
စုန့်ဟွိုင်ကတော့ ဒီတိုင်းလက်လေးတွေလိမ်ယှက်ကာရပ်နေပြီး ဘာမှမပြောလာတော့ လုမျန်ရဲ့ငြိမ်သက်နေစဒေါသတွေ ပြန်မြင့်တက်လာပြီး
"ရပြီ၊စောစောအနားသွားယူတော့"
 
တံခါးပြန်ပိတ်တော့မယ့်အချိန်မှ စုန့်ဟွိုင်ကရုတ်တရက်တံခါးရွက်ကိုလက်၂ဖက်နဲ့လှမ်းကိုင်လိုက်သည်။
တံခါးကြားမှတဆင့် စုန့်ဟွိုင်ရဲ့ရိုးသားဖြူစင်လှတဲ့မျက်၀န်းတစုံကိုမြင်လိုက်ရသည်။
ထို့နောက် စုန့်ဟွိုင်က မ၀ံ့မရဲလေသံလေးနဲ့
"ဒီမနက်အစောကြီးကျောင်းကိုလာဖို့ ဆရာနျိုကပြောလို့...ပြီးတော့ ကောလိပ်ပေါင်းစုံပြိုင်ပွဲမှာပါ၀င််ဖို့ တနေ့လုံးစာစစ်မေးခွန်းတွေထိုင်ဖြေနေရလို့ပါ"
စုန့်ဟွိုင်ရဲ့လေသံနဲ့စကားလုံးတွေက ဒီနေ့ဖြစ်ခဲ့တာတွေကို သေချာရှင်းပြနေဟန်...
ထိုအခါ လုမျန်ရဲ့ခက်ထန်နေတဲ့အမူအရာကပြေလျော့သွားသည်။
ဒါပေမယ့် မျက်နှာထားကတည်နေဆဲဖြစ်ကာပုံမှန်လေသံနဲ့
"ဂုဏ်ပြုပါတယ်"
 
စုန့်ဟွိုင်ကမျှော်လင့်တကြီးအကြည့်တွေနဲ့ဆက်ကြည့်နေတော့ လုမျန်ကဘာကြောင့်မှန်းနားမလည်ပေမယ့်
"မင်းအမှတ်ကောင်းကောင်းရပါစေ"

ထိုသူက တကယ့်ကိုသစ်တုံးအကြီးစားကြီးပဲ...
စုန့်ဟွိုင်အနဲငယ်ဒေါသထွက်သွားမိသည်။
ဒါကြောင့် စုန့်ဟွိုင်က
"ပြိုင်ပွဲ၀င်ဖို့အချိန်တအားနီးနေပြီမို့ ကျွန်တော်တို့ဆယ်စတာဗန်ဂြိုဟ်မှာ ၁၀ရက်ထရိန်နင်ဆင်းရမယ်လို့ ဆရာနျိုကပြောတယ်"
 
ဆယ်စတာဗန်ဂြိုဟ်က စတားဂြိုဟ်နဲ့သိပ်မဝေးဘဲ နာရီအနဲငယ်သွားရုံနဲ့ရောက်ပြီဖြစ်သည်။
ဒါပေမယ့် လုမျန်က စုန့်ဟွိုင်အဲ့လိုပြောလာရတာက ကောင်လေး ၁၀ရက်လောက်အိမ်ကထွက်သွားမယ်လို့ယူဆလိုက်သည်။
စုန့်ဟွိုင်ကဘာမှဆက်ပြောမလာပေမယ့် တံခါးရွက်ကိုလက်၂ဖက်နဲ့ဆက်ကိုင်ထားဆဲဖြစ်ပြီး လုမျန်အားတခုခုထပ်ပြောချင်နေတဲ့ပုံစံလိုဖြစ်နေသည်။
 
ခဏလောက်ကြာတော့ လုမျန်ကနောက်ဆုတ်လိုက်ပြီး
"၀င်လာလေ"
စုန့်ဟွိုင်အထဲ၀င်လာတော့ လုမျန်ကသစ်သီးပန်းကန်တွေကိုစားပွဲပေါ်တင်လိုက်ပြီး စာအုပ်စင်ကြီးဆီလျှောက်သွားကာ လိုချင်တဲ့အချက်အလက်တွေအမြန်ရှာဖွေလိုက်သည်။
 
"ဒါ ကိုယ်ပြိုင်ပွဲ၀င်တုန်းကထုတ်ထားတဲ့ အချက်အလက်အတိုလေးတွေ...အခုမင်းဖြေမယ့်ပြိုင်ပွဲမှာ အသုံးတည့်မလားတော့မသိဘူး"
 
ဟန်ရိကောလိပ်ရဲ့ အတော်ဆုံး အထူးချွန်ဆုံးကျောင်းသားတယောက်အနေနဲ့ လုမျန်ကကျောင်းကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲတွေမှာ၀င်ပြိုင်ပြီးပထမဆုတွေရယူပေးခဲ့သည်။
စုန့်ဟွိုင်က လုမျန်ရဲ့မှတ်စုစာအုပ်လေးကိုဖွင့်ကာ ဂရုတစိုက်နဲ့ကြည့်လိုက်သည်။
 
အဟမ်း လူပဲကြည့်ကောင်းတာမဟုတ်ဘူး...ရေးထားတဲ့စာလုံးလက်ရေးတွေကအစ ပြီးပြည့်စုံနေရော...
ပုံနှိပ်စာအုပ်က စာလုံးတွေကိုကြည့်နေရတဲ့အတိုင်းပဲ...

လုမျန်က စုန့်ဟွိုင်အနားမှာစိတ်ရှည်ရှည်နဲ့ရပ်စောင့်နေပြီး စုန့်ဟွိုင်ကတုတ်တုတ်မျှမလှုပ်ပေ။
ထို့ကြောင့် လုမျန်က
"တခုခုမှားနေလို့လား"
စုန့်ဟွိုင်က မှတ်စုစာအုပ်ကိုပိုက်ပြီး ခေါင်းခါလိုက်ကာ
"ဟင့်အင်း မဟုတ်ပါဘူး"
လုမျန်က သူ့မျက်၀န်းတွေထဲကခံစားချက်ကိုဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။
 
စုန့်ဟွိုင်ကတုံ့ဆိုင်းနေပြီး မထွက်သွားချင်သေးပေ။
ထို့ကြောင့်တံခါးနားရောက်တော့မယ့်အချိန် ပြန်လှည့်ကြည့်ပြီး
"ကျွန်တော် မနက်ဖြန်အစောကြီးသွားရမှာ၊၁၀ရက်တောင်သွားနေရမှာ"

"အင်း"
အဲ့ဒါကိုပဲ ထပ်တလဲလဲပြောနေဖို့မလိုပါဘူးဆိုပြီး လုမျန်တွေးနေမိသည်။
သူစိတ်မကြည်ဖြစ်နေပေမယ့် မျက်နှာကတော့ပုံမှန်လိုမျက်နှာသေနဲ့ပင်။
ထိုသို့အေးစက်စက်အပြုအမူကြောင့် စုန့်ဟွိုင်နှုတ်ခမ်းစူသွားကာ လုမျန်အား
"အာ့ကြောင့် ကျွန်တော်ဒီည ခင်ဗျားနဲ့အတူအိပ်လို့ရလားလို့"

၁စက္ကန့်...
 
၂စက္ကန့်...
 
၃စက္ကန့်...
 
လုမျန် ဘာမှပြန်မဖြေလာပေ။
 
စုန့်ဟွိုင်တွေးနေတာကတော့
လုမျန်က သူထပ်ပြီးအခွင့်အရေးယူနေတယ် အရှက်မဲ့တယ်လို့များတွေးနေပြီလားမသိ...
 
စုန့်ဟွိုင် ခေါင်းလေးကုတ်ပြီး အရှက်ပြေလေသံလေးနဲ့
"ဟဟ ကျွန်တော်တကယ်တော့..."
 
"အင်း"
 
စုန့်ဟွိုင် ကြက်သေသေသွားလေသည်။
လုမျန်က စုန့်ဟွိုင်မျက်၀န်းဆီတည့်တည့်ကြည့်ကာ သေချာအောင်ထပ်ပြောလိုက်သည်
"ရတယ်လို့"

·

လုမျန်ရဲ့အိပ်ရာပေါ်မတက်ခင်အထိ စုန့်ဟွိုင်ကတိမ်တွေပေါ်ကိုလွင့်နေသလို အိပ်မက်မက်နေတာလို့ထင်နေသည်။
စုန့်ဟွိုင်ဒီနေ့ယုန်ရုပ်လေး မယူလာတော့ ၂ယောက်ကြားထဲမှာ စည်းခြားစရာတခုခုမရှိ၍ကုတင်ပေါ်မှာနီးနီးကပ်ကပ်ရှိနေကြသည်။
အချိန်တွေကြာသွားတော့ သူ့ဘေးကလုမျန်ကအိပ်ပျော်သွားသည်ထင်၊တုတ်တုတ်မျှမလှုပ်ပေ။
ထို့ကြောင့် စုန့်ဟွိုင်ကစိတ်လှုပ်ရှားစွာနဲ့ လုမျန်အနားကိုတိုးတိုးလေးကပ်သွားသည်။
 
သူဖြေးဖြေးချင်းရွှေ့နေရင်း လုမျန်သူ့ရဲ့လှုပ်ရှားမှုကြောင့် နိုးလာမှာကိုစိုးရိမ်နေသည်။
 သူ လုမျန်နားကိုရောက်ရန် လက်မအနဲငယ်အလိုတွင် သူ့မျက်နှာလေးကိုမော့ကာလုမျန်ရဲ့ဖြူဖွေးချောမွတ်နေတဲ့လည်တိုင်နဲ့ အိပ်နေတာတောင်ခန့်ညားလှတဲ့မျက်နှာကိုကြည့်လိုက်သည်။
 
လုမျန်ရဲ့နှာတံကဖြောင့်တန်းနေပြီး သူ့မျက်တောင်တွေကလည်းဖြာကျနေသည်။
လုမျန်ရဲ့နှုတ်ခမ်းတွေက ပါးလျပေမယ့်အလွန်ကြည့်ကောင်းတဲ့နှုတ်ခမ်းပုံသဏ္ဍာန်ရှိသည်။
ထိုမျှချောမောခန့်ညားလှတဲ့သူဟာအခုလိုသူ့ဘေးမှာအတူအိပ်နေတဲ့အပြင် အဲ့လူကိုကြည့်နေခွင့်ရတာကိုလည်းစုန့်ဟွိုင်သဘောကျနေမိသည်။
 
စုန့်ဟွိုင် သူ့နှုတ်ခမ်းသူကိုက်လိုက်ပြီး ထိုအမူအရာက သူ့ကိုနှာဘူးတယောက်ပုံစံပိုပေါက်သွားစေမှန်းမသိပေ။
ထို့နောက် ရေသူနှာဘူးလေးက အသက်ပြင်းပြင်းရှိုက်လိုက်ရာ မိုးရွာပြီးစမြေသင်းနံ့လိုကိုယ်သင်းနံ့ရလိုက်ပြီးစုန့်ဟွိုင်တကိုယ်လုံး သက်တောင့်သက်သာဖြစ်သွားသလို ခံစားလိုက်ရသည်။
 
အမှန်တော့ လုမျန်ကအိပ်မပျော်သေးပေ။
အရင်ကတည်းက သူကလွယ်လွယ်အိပ်ပျော်တတ်တဲ့လူမျိုးမဟုတ်တဲ့အပြင် အခုစုန့်ဟွိုင်သူ့နားမှာရှိနေတော့ ပိုလို့တောင်အိပ်မပျော်နိုင်ဖြစ်နေသည်။
လုမျန်က ကစုန့်ဟွိုင်သူ့အားအိပ်ရာ၀င်အနမ်းတောင်းရန်မေ့သွား၍ ပိုတောင်စိတ်မကြည်ဖြစ်နေသည်။
ထိုအချိန်ရုတ်တရက် လုမျန် စုန့်ဟွိုင်ရဲ့လှုပ်ရှားမှုကိုခံစားလိုက်ရသည်။
တဖက်လူက သူ့နားကိုတဖြေးဖြေးကပ်လာတော့ လုမျန်ကျောတွေတောင့်တင်းသွားသည်။
သူ ကောင်လေးဘာဆက်လုပ်မလဲဆိုတာကိုသိချင်ပေမယ့် ကောင်လေးရဲ့အသက်ပြင်းပြင်းရှိုက်လိုက်သံကလွဲပြီး ဘာမှဆက်ဖြစ်မလာတော့ပေ။
 
လုမျန်ရဲ့ရင်တွေတဒိတ်ဒိတ်ခုန်နေကာ အခုချိန်စိတ်ငြိမ်စေတဲ့ဂန္ဓာမာပန်းလက်ဖက်ရည်လာတိုက်ရင်တောင် စိတ်ငြိမ်မှာမဟုတ်ပေ။
ခဏကြာတော့ သူ့ဘေးမှကောင်လေးက ကုတင်ပေါ်မှထထိုင်လိုက်ပုံပေါ်ကာ ကောင်လေးရဲ့ဖြေးဖြေးချင်းရွေ့လျားမှုတွေက သူနိုးသွားမှာစိုးရွံ့နေသလိုပင်။
 
လုမျန်ကတော့ မျက်လုံးစုံမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေဆဲ...
ကောင်လေးကသူလုံး၀အိပ်ပျော်နေတယ်လို့ထင်သွားပြီး သူ့နှုတ်ခမ်းကိုထိရုံလေးနမ်းသွားပြီးနောက် နှာခေါင်းကိုဖွဖွလေးဆက်နမ်းလာသည်။
ထို့နောက် နဖူးကိုဆက်နမ်းလိုက်သည်။
စုန့်ဟွိုင်က လုမျန်ကိုခိုးနမ်းလိုက်ပြီးမှ တဖက်လူသိသွားမှာကြောက်ပြီး မြန်မြန်နောက်ဆုတ်ကာစောင်ကိုခေါင်းမြီးခြုံပစ်လိုက်သည်။
စောင်ထဲမှစုန့်ဟွိုင်က သူလုပ်ခဲ့တဲ့အရာတွေကိုပြန်တွေးနေမိကာ စိတ်လှုပ်ရှားပြီးသူ့ရဲ့ခြေချောင်းလေးတွေတောင်ကုပ်ထားမိသည်။

နောက်ဆုံးတော့ သူလုပ်လိုက်နိုင်ပြီ ခိခိ...
 
တဖက်ခြမ်းမှာအိပ်ချင်ယောင်ဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးကတော့ အိပ်နေတဲ့ပုံစံမပျက်ပေမယ့် သူ့ကိုယ်သူတောင်မသိလိုက်ဘဲ နှုတ်ခမ်းထောင့်လေးတွေကော့တက်သွားသည်။

ဒီညတော့ ဘယ်လိုအိပ်မက်ဆိုးမှမက်တော့မှာမဟုတ်ဘူး...
------------------------
ကဲကဲ ဘာမှကိုမပြောတော့ဘူး😏

Take care&Love you all ( ˘ ³˘)♥

Zawgyi

အိပ္ခ်င္ေယာင္ေဆာင္ၿပီး အနမ္းခံဖို႔ေစာင့္ေနတဲ့ဗိုလ္ခ်ဳပ္ႀကီး

ညေရာက္ေတာ့ လုမ်န္ကျပတင္းေပါက္နားမွာ၂နာရီေလာက္ရပ္ကာ ေလၫွင္းခံေနေလသည္။
အျပင္ဘက္မွအေမွာင္ထုကိုၾကည့္ကာ လြန္ခဲ့တဲ့၁နာရီေလာက္က ဧည့္ခန္းမွာလုပ္ခဲ့တဲ့သူ႔ရဲ့စိတ္လိုက္မာန္ပါလုပ္ရပ္ကိုျပန္ေတြးေနမိၿပီးမ်က္ေမွာင္က်ံဳ႔ကာ စိတ္ရႈပ္ေထြးေနသည္။
 
ထိုအခ်ိန္တြင္ အခန္းတံခါးေခါက္သံေပၚလာကာ နာရီကိုၾကည့္လိုက္ေတာ့ ၁၀နာရီထိုးေနၿပီျဖစ္သည္။
စုန္႔ဟြိုင္ကတံခါးအျပင္ဘက္မွာရပ္ေနကာ အိပ္ရာ၀င္အနမ္းလာေတာင္းတာျဖစ္ေၾကာင္းသိလိုက္သည္။
လုမ်န္အနဲငယ္ရင္ခုန္မိသြားကာ တံခါးလက္ကိုင္ကိုၾကည့္လိုက္ေပမယ့္ ျပတင္းေပါက္နားကေတာ့မခြာေသးေပ။

.

လုမ်န္က တံခါးေခါက္သံရပ္သြားမည့္အခ်ိန္ကိုေစာင့္ေနရင္း စုန္႔ဟြိုင္သူ႔အခန္းသူျပန္သြားမွာကိုေစာင့္ေနမိသည္။
၁မိနစ္ေလာက္ၾကာေတာ့ တံခါးေခါက္သံရပ္တန္႔သြားသည္။
ၾကည့္ရတာစုန္႔ဟြိုင္က သူအိပ္ေပ်ာ္ေနတယ္လို႔ယူဆၿပီးဆက္မေခါက္ေတာ့တာျဖစ္ရမယ္...
 
သူအခုလံုး၀ကိုတံခါးဖြင့္ေပးခ်င္စိတ္မရိွေပ။
ဒါေပမယ့္ ေကာင္ေလးအခန္းဆီျပန္ေတာ့မွာကိုစဥ္းစားမိၿပီး သူစိတ္မၾကည္ျဖစ္သြားျပန္သည္။
လုမ်န္ကတံခါးနားကိုေလ်ွာက္လာကာ ခဏေလာက္တံု႔ဆိုင္းေနၿပီးမွ လက္ကိုင္ကိုလွည့္ကာတံခါးဖြင့္လိုက္သည္။

စုန္႔ဟြိုင္တံခါးေခါက္လိုက္ေပမယ့္ ဘာမွတံု႔ျပန္သံမၾကားရေပ။
သူကေတာ့ လုမ်န္အိပ္ေပ်ာ္ေနတယ္လို႔ထင္လိုက္သည္။
သူအခန္းေရ႔ွမွာခဏေလာက္ရပ္ေနေသးေပမယ့္ ခဏၾကာေတာ့သူ႔အခန္းဆီျပန္သြားဖို႔လုပ္မွသူ႔ေရ႔ွမွ အခန္းတံခါးကပြင့္သြားသည္။
စုန္႔ဟြိုင္ကေပ်ာ္သြားေပမယ့္ လုမ်န္ရဲ့ေအးစက္စက္မ်က္ႏွာထားကိုေတြ့လိုက္တဲ့အခ်ိန္မွာေတာ့ သူတြန္႔သြားသည္။
လုမ်န္ရဲ့အမူအရာက အရမ္းေၾကာက္ဖို႔ေကာင္းေနသည္ေလ.....

စုန္႔ဟြိုင္ရဲ့လက္တဖက္မွာ သစ္သီးပန္းကန္ကိုင္ထားၿပီး ေနာက္တဖက္မွာေရႏြေးၾကမ္းခြက္ကိုကိုင္ထားကာ လုမ်န္အား
"ဟိုေလ အန္တီကခင္ဗ်ားညစာနဲနဲပဲစားတယ္ဆိုလို႔ ခင္ဗ်ားဗိုက္ဆာေနမွာစိုးၿပီးသစ္သီးေလးေတြလာပို႔တာ...
ၿပီးေတာ့ အဲ့ဂႏၶာမာပန္းေရႏြေးၾကမ္းကလည္းကြၽန္ေတာ္တို႔အိမ္ကနာနီႀကီးကိုယ္တိုင္လုပ္ထားတာ...ခင္ဗ်ားနဲနဲစိတ္ဆိုးေနတယ္လို႔ခံစားရလို႔ယူလာေပးတာ...အဲ့ေရႏြေးၾကမ္းကစိတ္ၾကည္ေစတယ္ သိလား"
ေကာင္ေလးကဒီေန့လုမ်န္ရဲ့အျပဳအမူေတြေၾကာင့္ သူစိတ္ဆိုးေနတယ္ထင္ၿပီး ေရႏြေးၾကမ္းေတြဘာေတြေတာင္လာတိုက္ေနေလရဲ့။
 
တကယ္ေတာ့လုမ်န္လည္း နဲနဲေဒါသထြက္ေနမိတယ္ဆိုပါေတာ့...
လုမ်န္က စုန္႔ဟြိုင္တကိုယ္လံုးကိုၾကည့္လိုက္ၿပီး ေကာင္ေလးယူလာေပးတဲ့သစ္သီးနဲ႔ေရႏြေးၾကမ္းကိုလွမ္းယူလိုက္သည္။
စုန္႔ဟြိုင္ကေတာ့ ဒီတိုင္းလက္ေလးေတြလိမ္ယွက္ကာရပ္ေနၿပီး ဘာမွမေျပာလာေတာ့ လုမ်န္ရဲ့ၿငိမ္သက္ေနစေဒါသေတြ ျပန္ျမင့္တက္လာၿပီး
"ရၿပီ၊ေစာေစာအနားသြားယူေတာ့"
 
တံခါးျပန္ပိတ္ေတာ့မယ့္အခ်ိန္မွ စုန္႔ဟြိုင္ကရုတ္တရက္တံခါးရြက္ကိုလက္၂ဖက္နဲ႔လွမ္းကိုင္လိုက္သည္။
တံခါးၾကားမွတဆင့္ စုန္႔ဟြိုင္ရဲ့ရိုးသားျဖဴစင္လွတဲ့မ်က္၀န္းတစံုကိုျမင္လိုက္ရသည္။
ထို႔ေနာက္ စုန္႔ဟြိုင္က မဝံ့မရဲေလသံေလးနဲ႔
"ဒီမနက္အေစာႀကီးေက်ာင္းကိုလာဖို႔ ဆရာန်ိဳကေျပာလို႔...ၿပီးေတာ့ ေကာလိပ္ေပါင္းစံုၿပိဳင္ပြဲမွာပါ၀င္္ဖို႔ တေန့လံုးစာစစ္ေမးခြန္းေတြထိုင္ေျဖေနရလို႔ပါ"
စုန္႔ဟြိုင္ရဲ့ေလသံနဲ႔စကားလံုးေတြက ဒီေန့ျဖစ္ခဲ့တာေတြကို ေသခ်ာရွင္းျပေနဟန္...
ထိုအခါ လုမ်န္ရဲ့ခက္ထန္ေနတဲ့အမူအရာကေျပေလ်ာ့သြားသည္။
ဒါေပမယ့္ မ်က္ႏွာထားကတည္ေနဆဲျဖစ္ကာပံုမွန္ေလသံနဲ႔
"ဂုဏ္ျပဳပါတယ္"
 
စုန္႔ဟြိုင္ကေမ်ွာ္လင့္တႀကီးအၾကည့္ေတြနဲ႔ဆက္ၾကည့္ေနေတာ့ လုမ်န္ကဘာေၾကာင့္မွန္းနားမလည္ေပမယ့္
"မင္းအမွတ္ေကာင္းေကာင္းရပါေစ"

ထိုသူက တကယ့္ကိုသစ္တံုးအႀကီးစားႀကီးပဲ...
စုန္႔ဟြိုင္အနဲငယ္ေဒါသထြက္သြားမိသည္။
ဒါေၾကာင့္ စုန္႔ဟြိုင္က
"ၿပိဳင္ပြဲ၀င္ဖို႔အခ်ိန္တအားနီးေနၿပီမို႔ ကြၽန္ေတာ္တို႔ဆယ္စတာဗန္ၿဂိဳဟ္မွာ ၁၀ရက္ထရိန္နင္ဆင္းရမယ္လို႔ ဆရာန်ိဳကေျပာတယ္"
 
ဆယ္စတာဗန္ၿဂိဳဟ္က စတားၿဂိဳဟ္နဲ႔သိပ္မေဝးဘဲ နာရီအနဲငယ္သြားရံုနဲ႔ေရာက္ၿပီျဖစ္သည္။
ဒါေပမယ့္ လုမ်န္က စုန္႔ဟြိုင္အဲ့လိုေျပာလာရတာက ေကာင္ေလး ၁၀ရက္ေလာက္အိမ္ကထြက္သြားမယ္လို႔ယူဆလိုက္သည္။
စုန္႔ဟြိုင္ကဘာမွဆက္ေျပာမလာေပမယ့္ တံခါးရြက္ကိုလက္၂ဖက္နဲ႔ဆက္ကိုင္ထားဆဲျဖစ္ၿပီး လုမ်န္အားတခုခုထပ္ေျပာခ်င္ေနတဲ့ပံုစံလိုျဖစ္ေနသည္။
 
ခဏေလာက္ၾကာေတာ့ လုမ်န္ကေနာက္ဆုတ္လိုက္ၿပီး
"၀င္လာေလ"
စုန္႔ဟြိုင္အထဲ၀င္လာေတာ့ လုမ်န္ကသစ္သီးပန္းကန္ေတြကိုစားပြဲေပၚတင္လိုက္ၿပီး စာအုပ္စင္ႀကီးဆီေလ်ွာက္သြားကာ လိုခ်င္တဲ့အခ်က္အလက္ေတြအျမန္ရွာေဖြလိုက္သည္။
 
"ဒါ ကိုယ္ၿပိဳင္ပြဲ၀င္တုန္းကထုတ္ထားတဲ့ အခ်က္အလက္အတိုေလးေတြ...အခုမင္းေျဖမယ့္ၿပိဳင္ပြဲမွာ အသံုးတည့္မလားေတာ့မသိဘူး"
 
ဟန္ရိေကာလိပ္ရဲ့ အေတာ္ဆံုး အထူးခြၽန္ဆံုးေက်ာင္းသားတေယာက္အေနနဲ႔ လုမ်န္ကေက်ာင္းကိုယ္စားျပဳအေနနဲ႔ ၿပိဳင္ပြဲေတြမွာ၀င္ၿပိဳင္ၿပီးပထမဆုေတြရယူေပးခဲ့သည္။
စုန္႔ဟြိုင္က လုမ်န္ရဲ့မွတ္စုစာအုပ္ေလးကိုဖြင့္ကာ ဂရုတစိုက္နဲ႔ၾကည့္လိုက္သည္။
 
အဟမ္း လူပဲၾကည့္ေကာင္းတာမဟုတ္ဘူး...ေရးထားတဲ့စာလံုးလက္ေရးေတြကအစ ၿပီးျပည့္စံုေနေရာ...
ပံုႏိွပ္စာအုပ္က စာလံုးေတြကိုၾကည့္ေနရတဲ့အတိုင္းပဲ...

လုမ်န္က စုန္႔ဟြိုင္အနားမွာစိတ္ရွည္ရွည္နဲ႔ရပ္ေစာင့္ေနၿပီး စုန္႔ဟြိုင္ကတုတ္တုတ္မ်ွမလႈပ္ေပ။
ထို႔ေၾကာင့္ လုမ်န္က
"တခုခုမွားေနလို႔လား"
စုန္႔ဟြိုင္က မွတ္စုစာအုပ္ကိုပိုက္ၿပီး ေခါင္းခါလိုက္ကာ
"ဟင့္အင္း မဟုတ္ပါဘူး"
လုမ်န္က သူ႔မ်က္၀န္းေတြထဲကခံစားခ်က္ကိုဖံုးကြယ္ရန္ မ်က္လႊာခ်လိုက္သည္။
 
စုန္႔ဟြိုင္ကတံု႔ဆိုင္းေနၿပီး မထြက္သြားခ်င္ေသးေပ။
ထို႔ေၾကာင့္တံခါးနားေရာက္ေတာ့မယ့္အခ်ိန္ ျပန္လွည့္ၾကည့္ၿပီး
"ကြၽန္ေတာ္ မနက္ျဖန္အေစာႀကီးသြားရမွာ၊၁၀ရက္ေတာင္သြားေနရမွာ"

"အင္း"
အဲ့ဒါကိုပဲ ထပ္တလဲလဲေျပာေနဖို႔မလိုပါဘူးဆိုၿပီး လုမ်န္ေတြးေနမိသည္။
သူစိတ္မၾကည္ျဖစ္ေနေပမယ့္ မ်က္ႏွာကေတာ့ပံုမွန္လိုမ်က္ႏွာေသနဲ႔ပင္။
ထိုသို႔ေအးစက္စက္အျပဳအမူေၾကာင့္ စုန္႔ဟြိုင္ႏႈတ္ခမ္းစူသြားကာ လုမ်န္အား
"အာ့ေၾကာင့္ ကြၽန္ေတာ္ဒီည ခင္ဗ်ားနဲ႔အတူအိပ္လို႔ရလားလို႔"

၁စကၠန္႔...
 
၂စကၠန္႔...
 
၃စကၠန္႔...
 
လုမ်န္ ဘာမျွပန္မေျဖလာေပ။
 
စုန္႔ဟြိုင္ေတြးေနတာကေတာ့
လုမ်န္က သူထပ္ၿပီးအခြင့္အေရးယူေနတယ္ အရွက္မဲ့တယ္လို႔မ်ားေတြးေနၿပီလားမသိ...
 
စုန္႔ဟြိုင္ ေခါင္းေလးကုတ္ၿပီး အရွက္ေျပေလသံေလးနဲ႔
"ဟဟ ကြၽန္ေတာ္တကယ္ေတာ့..."
 
"အင္း"
 
စုန္႔ဟြိုင္ ၾကက္ေသေသသြားေလသည္။
လုမ်န္က စုန္႔ဟြိုင္မ်က္၀န္းဆီတည့္တည့္ၾကည့္ကာ ေသခ်ာေအာင္ထပ္ေျပာလိုက္သည္
"ရတယ္လို႔"

·

လုမ်န္ရဲ့အိပ္ရာေပၚမတက္ခင္အထိ စုန္႔ဟြိုင္ကတိမ္ေတြေပၚကိုလြင့္ေနသလို အိပ္မက္မက္ေနတာလို႔ထင္ေနသည္။
စုန္႔ဟြိုင္ဒီေန့ယုန္ရုပ္ေလး မယူလာေတာ့ ၂ေယာက္ၾကားထဲမွာ စည္းျခားစရာတခုခုမရိွ၍ကုတင္ေပၚမွာနီးနီးကပ္ကပ္ရိွေနၾကသည္။
အခ်ိန္ေတြၾကာသြားေတာ့ သူ႔ေဘးကလုမ်န္ကအိပ္ေပ်ာ္သြားသည္ထင္၊တုတ္တုတ္မ်ွမလႈပ္ေပ။
ထို႔ေၾကာင့္ စုန္႔ဟြိုင္ကစိတ္လႈပ္ရွားစြာနဲ႔ လုမ်န္အနားကိုတိုးတိုးေလးကပ္သြားသည္။
 
သူေျဖးေျဖးခ်င္းေရႊ့ေနရင္း လုမ်န္သူ႔ရဲ့လႈပ္ရွားမႈေၾကာင့္ ႏိုးလာမွာကိုစိုးရိမ္ေနသည္။
 သူ လုမ်န္နားကိုေရာက္ရန္ လက္မအနဲငယ္အလိုတြင္ သူ႔မ်က္ႏွာေလးကိုေမာ့ကာလုမ်န္ရဲ့ျဖဴေဖြးေခ်ာမြတ္ေနတဲ့လည္တိုင္နဲ႔ အိပ္ေနတာေတာင္ခန္႔ညားလွတဲ့မ်က္ႏွာကိုၾကည့္လိုက္သည္။
 
လုမ်န္ရဲ့ႏွာတံကေျဖာင့္တန္းေနၿပီး သူ႔မ်က္ေတာင္ေတြကလည္းျဖာက်ေနသည္။
လုမ်န္ရဲ့ႏႈတ္ခမ္းေတြက ပါးလ်ေပမယ့္အလြန္ၾကည့္ေကာင္းတဲ့ႏႈတ္ခမ္းပံုသ႑ာန္ရိွသည္။
ထိုမ်ွေခ်ာေမာခန္႔ညားလွတဲ့သူဟာအခုလိုသူ႔ေဘးမွာအတူအိပ္ေနတဲ့အျပင္ အဲ့လူကိုၾကည့္ေနခြင့္ရတာကိုလည္းစုန္႔ဟြိုင္သေဘာက်ေနမိသည္။
 
စုန္႔ဟြိုင္ သူ႔ႏႈတ္ခမ္းသူကိုက္လိုက္ၿပီး ထိုအမူအရာက သူ႔ကိုႏွာဘူးတေယာက္ပံုစံပိုေပါက္သြားေစမွန္းမသိေပ။
ထို႔ေနာက္ ေရသူႏွာဘူးေလးက အသက္ျပင္းျပင္းရိႈက္လိုက္ရာ မိုးရြာၿပီးစေျမသင္းနံ႔လိုကိုယ္သင္းနံ႔ရလိုက္ၿပီးစုန္႔ဟြိုင္တကိုယ္လံုး သက္ေတာင့္သက္သာျဖစ္သြားသလို ခံစားလိုက္ရသည္။
 
အမွန္ေတာ့ လုမ်န္ကအိပ္မေပ်ာ္ေသးေပ။
အရင္ကတည္းက သူကလြယ္လြယ္အိပ္ေပ်ာ္တတ္တဲ့လူမ်ိဳးမဟုတ္တဲ့အျပင္ အခုစုန္႔ဟြိုင္သူ႔နားမွာရိွေနေတာ့ ပိုလို႔ေတာင္အိပ္မေပ်ာ္ႏိုင္ျဖစ္ေနသည္။
လုမ်န္က ကစုန္႔ဟြိုင္သူ႔အားအိပ္ရာ၀င္အနမ္းေတာင္းရန္ေမ့သြား၍ ပိုေတာင္စိတ္မၾကည္ျဖစ္ေနသည္။
ထိုအခ်ိန္ရုတ္တရက္ လုမ်န္ စုန္႔ဟြိုင္ရဲ့လႈပ္ရွားမႈကိုခံစားလိုက္ရသည္။
တဖက္လူက သူ႔နားကိုတေျဖးေျဖးကပ္လာေတာ့ လုမ်န္ေက်ာေတြေတာင့္တင္းသြားသည္။
သူ ေကာင္ေလးဘာဆက္လုပ္မလဲဆိုတာကိုသိခ်င္ေပမယ့္ ေကာင္ေလးရဲ့အသက္ျပင္းျပင္းရိႈက္လိုက္သံကလြဲၿပီး ဘာမွဆက္ျဖစ္မလာေတာ့ေပ။
 
လုမ်န္ရဲ့ရင္ေတြတဒိတ္ဒိတ္ခုန္ေနကာ အခုခ်ိန္စိတ္ၿငိမ္ေစတဲ့ဂႏၶာမာပန္းလက္ဖက္ရည္လာတိုက္ရင္ေတာင္ စိတ္ၿငိမ္မွာမဟုတ္ေပ။
ခဏၾကာေတာ့ သူ႔ေဘးမွေကာင္ေလးက ကုတင္ေပၚမွထထိုင္လိုက္ပံုေပၚကာ ေကာင္ေလးရဲ့ေျဖးေျဖးခ်င္းေရြ့လ်ားမႈေတြက သူႏိုးသြားမွာစိုးရြံ႔ေနသလိုပင္။
 
လုမ်န္ကေတာ့ မ်က္လံုးစံုမိွတ္ၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနဆဲ...
ေကာင္ေလးကသူလံုး၀အိပ္ေပ်ာ္ေနတယ္လို႔ထင္သြားၿပီး သူ႔ႏႈတ္ခမ္းကိုထိရံုေလးနမ္းသြားၿပီးေနာက္ ႏွာေခါင္းကိုဖြဖြေလးဆက္နမ္းလာသည္။
ထို႔ေနာက္ နဖူးကိုဆက္နမ္းလိုက္သည္။
စုန္႔ဟြိုင္က လုမ်န္ကိုခိုးနမ္းလိုက္ၿပီးမွ တဖက္လူသိသြားမွာေၾကာက္ၿပီး ျမန္ျမန္ေနာက္ဆုတ္ကာေစာင္ကိုေခါင္းၿမီးၿခံဳပစ္လိုက္သည္။
ေစာင္ထဲမွစုန္႔ဟြိုင္က သူလုပ္ခဲ့တဲ့အရာေတြကိုျပန္ေတြးေနမိကာ စိတ္လႈပ္ရွားၿပီးသူ႔ရဲ့ေျခေခ်ာင္းေလးေတြေတာင္ကုပ္ထားမိသည္။

ေနာက္ဆံုးေတာ့ သူလုပ္လိုက္ႏိုင္ၿပီ ခိခိ...
 
တဖက္ျခမ္းမွာအိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ ဗိုလ္ခ်ဳပ္ႀကီးကေတာ့ အိပ္ေနတဲ့ပံုစံမပ်က္ေပမယ့္ သူ႔ကိုယ္သူေတာင္မသိလိုက္ဘဲ ႏႈတ္ခမ္းေထာင့္ေလးေတြေကာ့တက္သြားသည္။

ဒီညေတာ့ ဘယ္လိုအိပ္မက္ဆိုးမွမက္ေတာ့မွာမဟုတ္ဘူး...
------------------------
ကဲကဲ ဘာမွကိုမေျပာေတာ့ဘူး😏

Take care&Love you all ( ˘ ³˘)♥

Continue Reading

You'll Also Like

410K 16.8K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795
384K 27.1K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
14.7K 449 32
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
650K 71.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...