50 Shades of Kim

By Jinsoohyuk_0127

35.5K 2.9K 823

" ဦး ထင်နေသလိုမျိုး ထယ်က ပင်ကိုယ် အကျင့်စာရိတ္တဆိုးတဲ့ ကလေးတစ်ယောက် မဟုတ်ပါဘူး ဦးရယ်...ထယ့်ကို လွှမ်းမိုးထာ... More

Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11 ❗
EPISODE - 12
EPISODE - 13
EPISODE - 14

EPISODE - 4

1.7K 186 77
By Jinsoohyuk_0127

EPISODE - 4 (Unicode)

" မငိုပါနဲ့တော့ ထယ်​ယောင်းရာ။ မင်းအခုလို အရိုက်ခံရတာ မင်းအပြစ်ကြောင့်ဆိုတာ မင်းသိရဲ့သားနဲ့။ အခု မင်းကို ဦး ရေချိုးပေးမယ်။ ရေချိုးပြီးရင် မင်းဒဏ်ရာကို ဆေးလိမ်းပေးမယ် "

ပြောပြီးမှ သူ့စကားသူ ပြန်တွေးကြည့်မိပြီး ခေါင်းနပန်းကြီးကာ ထူပူသွားခဲ့ပါသော ေဂျာင်ဂု။ ထယ်ယောင်းကလည်း သူ့စကားကြောင့် လန့်သွားသည်ထင်...အငိုရပ်ပြီး မျက်လုံးအပြူးသားနဲ့ ငေးကြည့်လို့။

" ထယ် ကျောင်းမှာ အားကစားလုပ်ပြီး တစ်ခါတည်း ရေချိုးခဲ့ပြီးပြီ။ ဒါ..ဒါပေမယ့် ေဆးထည့်ပေးတာကျတော့ ဦး အကူအညီမပါဘဲ မဖြစ်ဘူး "

ရှက်သွေးဖြာနေဟန် ပန်းနုရောင်သန်းနေသော မျက်နှာလေးဖြင့် အသနားခံနေသော မျက်ဝန်းအကြည့်ကို ဖန်ဆင်းလိုက်ပါသော ထယ်ယောင်း။ သူမှမကယ်ပြန်လျှင် ထယ်ယောင်းအတွက် အဆင်ပြေတော့မည်မဟုတ်၍ ဂျောင်ဂုလည်း ရှိုးတိုးရှန်းတမ်းဖြင့် ခေါင်းညိမ့်လိုက်ရသည်။

" အေးပါကွာ ဒီလောက်တော့ ငါလည်းသိပါတယ်။ မင်းတင်ပါးက ဒဏ်ရာကို မင်းမှမမြင်ရတာ။ ငါပဲ ဆေးလိမ်းပေးမှ ရတော့မှာပေါ့။ ဦးကို မရှက်နဲ့နော် မင်းဒဏ်ရာပျောက်ဖို့ကိုပဲ အာရုံစိုက်ထား "

ထယ်ယောင်းကိုသာ မရှက်ဖို့ပြောနေပြီး သူကိုယ်တိုင်မှာတော့ ထယ်ယောင်း တင်ပါးကိုလှန်ဖို့ ချီတုံချတုံ ဖြစ်နေခဲ့သည်။ သူ့ဘဝမှာ ပထမဆုံးအကြိမ် သူများတင်ပါးကို လှန်ကြည့်ရမည်မို့ နည်းနည်းတော့ ရှက်နေမိသေးတာ။

ငါကိုက မှားတာ။ ရိုက်စရာနေရာတွေ အများကြီးရှိရဲ့သားနဲ့ အဲ့ဒီနေရာကိုမှ ရွေးပြီး သွားရိုက်မိတာကို။ ကိုယ့်သောကနဲ့ကိုယ် ခံပေတော့ ဂျွန်ဂျောင်ဂုရေ။

" ဦး...ဆေးထည့်မယ်ဆိုလည်း ထည့်ပေးတော့လေ။ ထယ် ဦးကို မရှက်ပါဘူး။ ချွတ်ဖို့လိုတာတွေ ချွတ်လိုက်ပါ ရတယ် "

ကာယကံရှင်ကိုယ်တိုင် မရှက်ဘူးပြောလာမှ ဂျောင်ဂုလည်း လက်ကတုန်ကရင်ဖြင့် ထယ်ယောင်း အတွင်းခံဘောင်းဘီလေးကို အောက်ဆွဲချလိုက်သည်။ ထိုအခါ ဂျောင်ဂုမြင်ကွင်းထဲ ဝင်ရောက်လာသည်က ဖြူဖွေးမို့မောက်နေသော တင်လုံးလုံးလေးတွင် သွေးစို့နေသော အရှိုးရာများကအပြည့်ဖြင့်။

ဒဏ်ရာဒဏ်ချက်များ ရှိနေသည့်တိုင် တင်လုံးလုံးလေးက  ဖျားချင်စိတ်ပေါက်လောက်အောင် ဂျောင်ဂုမျက်လုံးကို ဖမ်းစားယူကာ မကြည့်မခွာရက်နို်င်ဖြစ်စေသည်။ တစ်ခါမှ သေချာမမြင်ဖူး၍ ကြောင်ကြည့်မိနေခြင်းလား အခြားအကြောင်းကြောင့်လားတော့ မဝေခွဲတတ်ခဲ့။

အသိစိတ်တွေ ပြန်ကပ်လိုက်စမ်း ဂျွန်ဂျောင်ဂု။ ဒါတွေက အပေါ်ယံ အရေပြားမှာဖြစ်တည်နေတဲ့ အလှတရားသက်သက်ပဲ။ စိတ်ကို လွှတ်ထားလိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ဖြစ်လာမှာ။ မင်းအရွယ်က ရင့်ကျက်တဲ့အရွယ်ဖြစ်နေပြီ။ သတိနဲ့ ဆင်ခြင်စမ်း။

ဂျောင်ဂု ဂယောင်ခြောက်ခြားဖြင့် ကိုယ့်ကိုယ်ကို သတိပေးရင်း အိမ်သုံးဆေးသေတ္တာထဲမှ အရက်ပျံနှင့်ဂွမ်းကို ထုတ်ယူလိုက်သည်။ တုန်နေသည့်လက်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထိန်းရင်း သွေးစို့နေသော အရှိုးရာကို အရက်ပျံဆွတ်ထားသော ဂွမ်းဖြင့်တို့လိုက်တော့ အပြင်လူကြားလျှင် တစ်မျိုးထင်သွားနိုင်သော ထယ်ယောင်း အော်သံလေးထွက်လာသည်။

" အားး...ဦးရေ နာတယ်လို့။ မဟုတ်ဘူး စပ်လည်း စပ်နေတယ်။ ဦးရေ ဖြည်းဖြည်းလို့..."

ချွဲပြစ်ပြစ်လေသံဖြင်​့ ထယ်ယောင်းအော်သံကြောင့် ဂျောင်ဂုမျက်နှာတစ်ခုလုံး ထူပူကာ ရူးချင်စိတ်ပေါက်ကုန်သည်။ အနာစပ်ရင် အော်တတ်ကြတာ ပုံမှန်ဖြစ်ပေမယ့် ချွဲပြစ်ပြစ်လေသံဖြင့် အော်နေတာကတော့ အခြားအဓိပ္ပါယ်ထွက်စေကာ ဂျောင်ဂုအတွေးတွေကို မှောင်မိုက်သွားစေသည်။

မင်းဘာလို့ ဒီလို လေသံနဲ့ အော်နေရတာလဲ။ ငါ့ကို ထွက်ပြေးချင်စိတ်ပေါက်အောင် လုပ်နေတာလား။ ဒါမှမဟုတ် တစ်ကိုယ်လုံးထူပူပြီး အငွေ့ပျံသွားအောင် လုပ်နေတာလား။ ကျေးဇူးပြုပြီး ပုံမှန်လောက်ပဲ အော်စမ်းပါ ကျေးဇူးရှင်လေးရယ်။

" ေအးပါ ငါလည်း ဖြည်းဖြည်းချင်း လုပ်ပေးနေတာပဲဟာ။ ပြီးတော့ မင်းအော်သံကလည်း နည်းနည်းလေး အိုဗာဖြစ်နေသလားလို့။ အိမ်ထဲမှာ အခြားလူတွေသာရှိနေရင် မင်းကိုငါ တစ်ခုခုလုပ်နေတယ်လို့ ထင်သွားဦးမယ် "

စကားတပြောပြောဖြင့် အရှိုးရာတွေပေါ် ခပ်မြန်မြန်အရက်ပြန်တို့လိုက်မိတော့ ကျေးဇူးရှင်လေးထံမှ နောက်ထပ်အော်သံတစ်ခု။ ဦးလေးကြီး ဂျွန်ဂျောင်ဂုလည်း ဒီဟာလေးကြောင့် ရင်ထဲကလိလိဖြစ်ကာ ရူးချင်စိတ်ပေါက်နေခဲ့ပြီ။

" အား...နာပါတယ်ဆိုမှ ဘာလို့ပိုမြန်လိုက်ရတာတုန်း။ ဖြည်းဖြည်းချင်းလုပ်သွားလည်း အချိန်ရသေးတဲ့ဟာကို။ ဦး အရမ်းဆန္ဒစောတာပဲ "

သူ့စကားအဆုံး ဂျောင်ဂုမသိအောင် လူယုတ်မာအပြုံးလေး ပြုံးလိုက်ပါသော ထယ်ယောင်း။ ဦးတစ်​ယောက်ကတော့ သူ့ကြောင့် ဂယောင်ခြောက်ခြားတွေဖြစ်ပြီး စိတ်တွေဂဏာမငြိမ် ဖြစ်နေရပေတော့မည်။

" အေး...အေး နာရင်လည်း ေအာင့်သာခံပေတော့ ထယ်ယောင်းရေ။ မင်းနဲ့ငါ ကြာကြာဆက်ပြောရင် ဟို Websiteထဲ သွားစရာမလိုဘဲ အသံတွေနဲ့တင် ဇာတ်လမ်းဖြစ်သွားတော့မယ် သိလား။ နာရင် အံ့ကြိတ်ခံ..အချိန်တန်ရင် ပြီးသွားလိမ့်မယ် "

အတုံးလိုက်အတစ်လိုက် ပြောချလာသော ဂျောင်ဂုကြောင့် ထယ်ယောင်းလည်း တစ်ခွန်းမှမဟတော့ဘဲ ဆေးထည့်ပြီးသည်အထိ ငြိမ်နေလိုက်သည်။ အနည်းဆုံးတော့ ဦးရဲ့အတွေးတွေထဲက သူ့ကို ထုတ်မရဖြစ်နေစေဖို့ သူစွမ်းဆောင်လိုက်နိုင်ပြီ မဟုတ်လား။

" ပြီးပြီ...နာနေသေးလား "

ဆေးထည့်ပေးပြီး ဘောင်းဘီပြန်ဝတ်နေသော ထယ်ယောင်းကို မေးခွန်းထုတ်လိုက်မိခြင်းက ဂျောင်ဂုကို နောက်တစ်ကြိမ် ချောင်ပိတ်မိစေသည်။ သူမေးကတည်းက နိဒါန်းမပျိုးဘဲ ဒဲ့မေးချလာတော့ ထယ်​ယောင်းအဖြေကလည်း အရင်းမရှိအဖျားမရှိ တုံးတိတိဖြင့်။

" ပထမဆုံးအကြိမ်ဆိုတော့ နည်းနည်းနာနေသေးတယ် ဦး။ နောက်အကြိမ်တွေကျရင် တဖြည်းဖြည်း နေလို့ကောင်းသွားမယ် ထင်တာပဲ "

အဓိပ္ပါယ်ကို လိုရာဆွဲတွေးနိုင်သော ထယ်ယောင်း၏ အ​ဖြေ။ အနှီကိုယ်တော်လေး တမင်ကြပ်နေသလားမသိနိုင်၍ ဂျောင်ဂုလည်း ထယ်ယောင်းအနားမှာ ဆက်တောင်မနေရဲတော့။ ကြာရင် တစ်ကိုယ်လုံးထူပူပြီး အငွေ့ပျံသွားတော့မှာ။

" အေး ဒါဆိုလည်း ငါ့ကို သွားခွင့်ပြုဦး။ ငါရေသွားချိုးလိုက်ဦးမယ်။ ေရချိုးပြီးရင် မင်းနဲ့ငါစားဖို့ ညစာလည်း ချက်ရဦးမယ်။ တစ်ခုခုဆို ငါ့ကို ဖုန်းဆက်ခေါ်လိုက် ဟုတ်ပြီလား "

မျက်နှာပြုံးစိစိဖြင့် နာခံချင်ယောင်ဆောင်ကာ ခေါင်းညိမ့်ပြလိုက်သော ထယ်ယောင်း။ အတွင်းစိတ်ထဲမှာတော့ ဦးကို ထပ်ပြီးကြပ်ဖို့ စကားလုံးအချို့ကို ခပ်မြန်မြန် ရှာဖွေနေခဲ့တာ။

" ဟုတ်ကဲ့ ဦး။ ေရချိုးမယ်ဆိုလည်း ရေပဲချိုးနော်။ ရေချိုးခန်းထဲမှာ အရမ်းကြာနေရင် ခါးတွေနာနေဦးမယ် "

အခန်းထဲက စထွက်ရုံလေးပဲရှိသေး မနှောင့်အသွားမလွတ် လှမ်းအော်ပြောလာသော ထယ်ယောင်းကို ဂျောင်ဂုလည်း စိတ်မရှည်စွာပြန်လှည့်ကြည့်ကာ လက်ခလယ် ထောင်ပြလာသည်။

" ဘောပဲ "

လက်ခလယ်ထောင်ပြပြီး ဂျောင်ဂု ကျောမခိုင်းသေးခင် အချိန်မှီလေးမှာပင် ထယ်ယောင်းက မျက်နှာလေးမချိုမချဥ်မဲ့ပြလျှက် ရင်ထဲထိသွားဟန် ရင်ဘတ်ကို လက်ဖြင့်ဖိပြရင်း ကျန်လက်တစ်ဖက်က အသည်းပုံလေး လုပ်ပြလိုက်သေးသည်။ ထယ်ယောင်းအခန်းမှ ပြန်လာသည့်လမ်းတွင် ပြုံးစိစိဖြစ်နေခဲ့သော ဦးအဖြစ်ကိုတော့ ထယ်ယောင်းတို့ မသိရှာခဲ့။

မင်းက ဘယ်လိုဟာလေးလဲကွာ။ မင်းကြောင့် ငါတောင် မဆဲစဖူး ဆဲလိုက်မိပြီ။ တကယ်ပါပဲ မင်းရှိနေရင် ရှေ့လျှောက် ငါမပျင်းရတော့ဘူး ထင်တယ်။

ဂျောင်ဂု ထွက်သွားပြီးသည့်နောက် ထယ်​ယောင်းတို့ ဖုန်းကိုကောက်ကိုင်ကာ Conversationတစ်ခုထဲ ဝင်ကြည့်လိုက်သည်။ ထိုအထဲတွင်တော့ ဦးဂျွန်နှင့် သူ လက်ချိတ်ထားသည့်ပုံများ၊ ပါးကို နမ်းသည့်ပုံများ ရှိလို့နေသည်။

" တော်တယ် အဂျီ...ဒီပုံတွေကို သေချာထုတ်ပြီး မင်းပဲသိမ်းထားလိုက်ပါ။ ဒါနဲ့ မနက်ဖြန် ကျောင်းက စက်ဘီးပြိုင်ပွဲ ငါဝင်မပြိုင်ဖြစ်တော့ဘူး "

သူ့ကို ဘယ်အချိန်တည်းက Onlineပေါ် ထိုင်စောင့်နေမှန်းမသိသော ဂျီမင်က ချက်ချင်းဆိုသလို Seenတန်းပြကာ စာပြန်ဖို့ပြင်သည်။ ဂုဏ်သိက္ခာအရ အရေးကြီးတဲ့ပြိုင်ပွဲကို ထယ်ယောင်းက လက်လွတ်ခံမယ်ဆိုတာ တကယ် shockရစရာပင်။

" ဟေး ဝင်မပြိုင်တဲ့ပွဲမှာ မင်းပြိုင်ဘက် ဆိုဟီးနိုင်သွားရင် မင်းကို သူ့ဘက်ပ ရှယ်လှောင်နေတော့မှာနော်။ အပွဲပွဲနွှဲလာပြီးမှ ဒီတစ်ကြိမ်ကို အရှုံးပေးတော့မလို့လား "

Emojiတွေပါသုံးပြီး စိုးရိမ်တကြီးမေးလာသော ဂျီမင်ကြောင့် ထယ်ယောင်း လေးလံစွာ သက်ပြင်းချရင်း စာရိုက်နေသည်။ အကြိမ်ကြိမ် သူနိုင်ကိုယ်နိုင် ပြိုင်ခဲ့သည့် ပြိုင်ဘက်ကို လွယ်လွယ်ကူကူ အရှုံးမပေးချင်သော်လည်း လက်ရှိအ​ခြေအနေအရ မတတ်နိုင်တော့ပြီ။

" မတတ်နိုင်တော့ဘူး အဂျီရေ...အခု ငါ့ဦးရိုက်ထားတာ ငါ့တင်ပါးတစ်ခုလုံး နာကျင်ကိုက်နေတယ်။ မနက်ဖြန်အထိလည်း မသက်သာနိုင်သေးတော့ လက်လျှော့လိုက်တော့မယ်ကွာ "

ထယ်ယောင်းစာကို Wowခနဲ Reactionပြန်လာပါသော ဂျီမင်။ သူ့ဦးအတွက်နဲ့ မာနထိခိုက်ခံပြီး တစ်သက်လုံးပြိုင်လာတဲ့ ဆိုဟီးကိုတောင် အလျှော့ပေးတော့မည်ဆိုပဲ။ အရင် ထယ်ယောင်းသာဆို အိပ်ရာထဲဘုံးဘုံးလဲပြီး ကိုမာဝင်သွားရင်တောင် ဆိုဟီးနဲ့ပြိုင်ရဖို့ ငေါက်ခနဲထလာမယ့်သူမျိုး။

" ဦးဆီက အချော့ခံရဖို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး တင်ပါးကို ေဆာ်ပလော်တီးခံလိုက်တယ်ပေါ့လေ။ ပြီးတော့ ဂန္တဝင်ပြိုင်ဘက်ကိုတောင် ဦးကြောင့် အရှုံးပေးလိုက်တယ်ဆိုပြီး Dramaရိုက်ဦးမယ်။ မင်းတော်တော် ညဏ်များတာပဲ ထယ်ယောင်း "

အတွင်းသိအဆင်းသိ သူငယ်ချင်း ဂျီမင်ကြောင့် ထယ်ယောင်း စာဖတ်ရင်း ရယ်နေမိသည်။ သူ့ဘဝတစ်လျှောက်လုံး ဒီသူငယ်ချင်းလေးက သူ့အပေါ်အပြည့်အဝနားလည်ပေးခဲ့ပြီး ပြောစရာရှိရင်လည်း အခုလို တည့်တိုးပြောတတ်သည်။

" ညဏ်များရမယ်လေ အဂျီရဲ့။ ဦးလိုလူမျိုးကို အပိုင်သိမ်းဖို့ဆို ငါ့ဘက်က ထောင့်စေ့အောင်တွေးပြီး ညဏ်နီညဏ်နက် အမြဲထုတ်နေနိုင်မှ အဆင်ပြေမယ် မဟုတ်လား။ မင်းလည်း စာကြည့်စရာရှိမှာပေါ့ ဒီနေ့တော့ ဒီလောက်ပဲ "

ဂျီမင်ကို စကားစဖြတ်ပြီး ဖုန်းပြန်ချလိုက်သည်။ အလယ်တန်းကတည်းက သူ့ပြိုင်ဘက်ဖြစ်လာသည့် ဆိုဟီးအကြောင်းကို သူသိပြီးသားမို့ ပြိုင်ပွဲကို ဝင်မပြိုင်ဖြစ်ခြင်းအတွက် နောင်တမရခဲ့။

သူ့အတွက်က ပိုအရေးကြီးသည့် ပြိုင်ပွဲကို ဆင်နွဲရတော့မည်မို့ အကျိုးမရှိသော ကလေးဆန်ဆန်ပြိုင်ဆိုင်ခြင်းမျိုးကို သိပ်ပြီး စိတ်မပါချင်။ မာနကြောင့်သာ သူနဲ့ဆိုဟီးကြား ပြိုင်ပွဲတွေ ဆက်ခဲ့ရတာ။

မနက်ဖြန်ပွဲမှာ ငါသာဝင်မပြိုင်ခဲ့ရင် နင်လည်း ဝင်ပြိုင်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ နင်က ငါနဲ့ပဲပြိုင်ပြီး ငါ့ကိုပဲ နိုင်ချင်နေတာဆိုတော့ ငါမပါတဲ့ပွဲကို နင်ပြိုင်တော့မှာမဟုတ်ဘူးလေ။

အရင်က နင်နဲ့ပြိုင်ဖို့အတွက် စိတ်အားထက်သန်ခဲ့ပေမယ့် အခုတော့ ငါ့ရင်ထဲမှာ ဦးပဲရှိတော့တယ်။ ငါ့ရဲ့အာရုံစိုက်မှုတွေကို ဦးဆီ အပြည့်အဝပေးထားရတာမို့ နင်နဲ့ အရင်လို စိတ်နှစ်ပြီး ပြိုင်ဆိုင်နိုင်တော့မယ် မထင်ဘူး။

To be Continued...

EPISODE - 4 (Zawgyi)

" မငိုပါနဲ႔ေတာ့ ထယ္​ေယာင္းရာ။ မင္းအခုလို အ႐ိုက္ခံရတာ မင္းအျပစ္ေၾကာင့္ဆိုတာ မင္းသိရဲ႕သားနဲ႔။ အခု မင္းကို ဦး ေရခ်ိဳးေပးမယ္။ ေရခ်ိဳးၿပီးရင္ မင္းဒဏ္ရာကို ေဆးလိမ္းေပးမယ္ "

ေျပာၿပီးမွ သူ႕စကားသူ ျပန္ေတြးၾကည့္မိၿပီး ေခါင္းနပန္းႀကီးကာ ထူပူသြားခဲ့ပါေသာ ေဂ်ာင္ဂု။ ထယ္ေယာင္းကလည္း သူ႕စကားေၾကာင့္ လန္႔သြားသည္ထင္...အငိုရပ္ၿပီး မ်က္လုံးအျပဴးသားနဲ႔ ေငးၾကည့္လို႔။

" ထယ္ ေက်ာင္းမွာ အားကစားလုပ္ၿပီး တစ္ခါတည္း ေရခ်ိဳးခဲ့ၿပီးၿပီ။ ဒါ..ဒါေပမယ့္ ေဆးထည့္ေပးတာက်ေတာ့ ဦး အကူအညီမပါဘဲ မျဖစ္ဘူး "

႐ွက္ေသြးျဖာေနဟန္ ပန္းႏုေရာင္သန္းေနေသာ မ်က္ႏွာေလးျဖင့္ အသနားခံေနေသာ မ်က္ဝန္းအၾကည့္ကို ဖန္ဆင္းလိုက္ပါေသာ ထယ္ေယာင္း။ သူမွမကယ္ျပန္လွ်င္ ထယ္ေယာင္းအတြက္ အဆင္ေျပေတာ့မည္မဟုတ္၍ ေဂ်ာင္ဂုလည္း ႐ိႈးတိုး႐ွန္းတမ္းျဖင့္ ေခါင္းညိမ့္လိုက္ရသည္။

" ေအးပါကြာ ဒီေလာက္ေတာ့ ငါလည္းသိပါတယ္။ မင္းတင္ပါးက ဒဏ္ရာကို မင္းမွမျမင္ရတာ။ ငါပဲ ေဆးလိမ္းေပးမွ ရေတာ့မွာေပါ့။ ဦးကို မ႐ွက္နဲ႔ေနာ္ မင္းဒဏ္ရာေပ်ာက္ဖို႔ကိုပဲ အာ႐ုံစိုက္ထား "

ထယ္ေယာင္းကိုသာ မ႐ွက္ဖို႔ေျပာေနၿပီး သူကိုယ္တိုင္မွာေတာ့ ထယ္ေယာင္း တင္ပါးကိုလွန္ဖို႔ ခ်ီတုံခ်တုံ ျဖစ္ေနခဲ့သည္။ သူ႕ဘဝမွာ ပထမဆုံးအႀကိမ္ သူမ်ားတင္ပါးကို လွန္ၾကည့္ရမည္မို႔ နည္းနည္းေတာ့ ႐ွက္ေနမိေသးတာ။

ငါကိုက မွားတာ။ ႐ိုက္စရာေနရာေတြ အမ်ားႀကီး႐ွိရဲ႕သားနဲ႔ အဲ့ဒီေနရာကိုမွ ေ႐ြးၿပီး သြား႐ိုက္မိတာကို။ ကိုယ့္ေသာကနဲ႔ကိုယ္ ခံေပေတာ့ ဂြၽန္ေဂ်ာင္ဂုေရ။

" ဦး...ေဆးထည့္မယ္ဆိုလည္း ထည့္ေပးေတာ့ေလ။ ထယ္ ဦးကို မ႐ွက္ပါဘူး။ ခြၽတ္ဖို႔လိုတာေတြ ခြၽတ္လိုက္ပါ ရတယ္ "

ကာယကံ႐ွင္ကိုယ္တိုင္ မ႐ွက္ဘူးေျပာလာမွ ေဂ်ာင္ဂုလည္း လက္ကတုန္ကရင္ျဖင့္ ထယ္ေယာင္း အတြင္းခံေဘာင္းဘီေလးကို ေအာက္ဆြဲခ်လိုက္သည္။ ထိုအခါ ေဂ်ာင္ဂုျမင္ကြင္းထဲ ဝင္ေရာက္လာသည္က ျဖဴေဖြးမို႔ေမာက္ေနေသာ တင္လုံးလုံးေလးတြင္ ေသြးစို႔ေနေသာ အ႐ိႈးရာမ်ားကအျပည့္ျဖင့္။

ဒဏ္ရာဒဏ္ခ်က္မ်ား ႐ွိေနသည့္တိုင္ တင္လုံးလုံးေလးက  ဖ်ားခ်င္စိတ္ေပါက္ေလာက္ေအာင္ ေဂ်ာင္ဂုမ်က္လုံးကို ဖမ္းစားယူကာ မၾကည့္မခြာရက္ႏို္င္ျဖစ္ေစသည္။ တစ္ခါမွ ေသခ်ာမျမင္ဖူး၍ ေၾကာင္ၾကည့္မိေနျခင္းလား အျခားအေၾကာင္းေၾကာင့္လားေတာ့ မေဝခြဲတတ္ခဲ့။

အသိစိတ္ေတြ ျပန္ကပ္လိုက္စမ္း ဂြၽန္ေဂ်ာင္ဂု။ ဒါေတြက အေပၚယံ အေရျပားမွာျဖစ္တည္ေနတဲ့ အလွတရားသက္သက္ပဲ။ စိတ္ကို လႊတ္ထားလိုက္ရင္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြပဲ ျဖစ္လာမွာ။ မင္းအ႐ြယ္က ရင့္က်က္တဲ့အ႐ြယ္ျဖစ္ေနၿပီ။ သတိနဲ႔ ဆင္ျခင္စမ္း။

ေဂ်ာင္ဂု ဂေယာင္ေျခာက္ျခားျဖင့္ ကိုယ့္ကိုယ္ကို သတိေပးရင္း အိမ္သုံးေဆးေသတၱာထဲမွ အရက္ပ်ံႏွင့္ဂြမ္းကို ထုတ္ယူလိုက္သည္။ တုန္ေနသည့္လက္ကို အတတ္ႏိုင္ဆုံး ၿငိမ္ေအာင္ထိန္းရင္း ေသြးစို႔ေနေသာ အ႐ိႈးရာကို အရက္ပ်ံဆြတ္ထားေသာ ဂြမ္းျဖင့္တို႔လိုက္ေတာ့ အျပင္လူၾကားလွ်င္ တစ္မ်ိဳးထင္သြားႏိုင္ေသာ ထယ္ေယာင္း ေအာ္သံေလးထြက္လာသည္။

" အားး...ဦးေရ နာတယ္လို႔။ မဟုတ္ဘူး စပ္လည္း စပ္ေနတယ္။ ဦးေရ ျဖည္းျဖည္းလို႔..."

ခြၽဲျပစ္ျပစ္ေလသံျဖင္​့ ထယ္ေယာင္းေအာ္သံေၾကာင့္ ေဂ်ာင္ဂုမ်က္ႏွာတစ္ခုလုံး ထူပူကာ ႐ူးခ်င္စိတ္ေပါက္ကုန္သည္။ အနာစပ္ရင္ ေအာ္တတ္ၾကတာ ပုံမွန္ျဖစ္ေပမယ့္ ခြၽဲျပစ္ျပစ္ေလသံျဖင့္ ေအာ္ေနတာကေတာ့ အျခားအဓိပၸါယ္ထြက္ေစကာ ေဂ်ာင္ဂုအေတြးေတြကို ေမွာင္မိုက္သြားေစသည္။

မင္းဘာလို႔ ဒီလို ေလသံနဲ႔ ေအာ္ေနရတာလဲ။ ငါ့ကို ထြက္ေျပးခ်င္စိတ္ေပါက္ေအာင္ လုပ္ေနတာလား။ ဒါမွမဟုတ္ တစ္ကိုယ္လုံးထူပူၿပီး အေငြ႕ပ်ံသြားေအာင္ လုပ္ေနတာလား။ ေက်းဇူးျပဳၿပီး ပုံမွန္ေလာက္ပဲ ေအာ္စမ္းပါ ေက်းဇူး႐ွင္ေလးရယ္။

" ေအးပါ ငါလည္း ျဖည္းျဖည္းခ်င္း လုပ္ေပးေနတာပဲဟာ။ ၿပီးေတာ့ မင္းေအာ္သံကလည္း နည္းနည္းေလး အိုဗာျဖစ္ေနသလားလို႔။ အိမ္ထဲမွာ အျခားလူေတြသာ႐ွိေနရင္ မင္းကိုငါ တစ္ခုခုလုပ္ေနတယ္လို႔ ထင္သြားဦးမယ္ "

စကားတေျပာေျပာျဖင့္ အ႐ိႈးရာေတြေပၚ ခပ္ျမန္ျမန္အရက္ျပန္တို႔လိုက္မိေတာ့ ေက်းဇူး႐ွင္ေလးထံမွ ေနာက္ထပ္ေအာ္သံတစ္ခု။ ဦးေလးႀကီး ဂြၽန္ေဂ်ာင္ဂုလည္း ဒီဟာေလးေၾကာင့္ ရင္ထဲကလိလိျဖစ္ကာ ႐ူးခ်င္စိတ္ေပါက္ေနခဲ့ၿပီ။

" အား...နာပါတယ္ဆိုမွ ဘာလို႔ပိုျမန္လိုက္ရတာတုန္း။ ျဖည္းျဖည္းခ်င္းလုပ္သြားလည္း အခ်ိန္ရေသးတဲ့ဟာကို။ ဦး အရမ္းဆႏၵေစာတာပဲ "

သူ႕စကားအဆုံး ေဂ်ာင္ဂုမသိေအာင္ လူယုတ္မာအျပဳံးေလး ျပဳံးလိုက္ပါေသာ ထယ္ေယာင္း။ ဦးတစ္​ေယာက္ကေတာ့ သူ႕ေၾကာင့္ ဂေယာင္ေျခာက္ျခားေတြျဖစ္ၿပီး စိတ္ေတြဂဏာမၿငိမ္ ျဖစ္ေနရေပေတာ့မည္။

" ေအး...ေအး နာရင္လည္း ေအာင့္သာခံေပေတာ့ ထယ္ေယာင္းေရ။ မင္းနဲ႔ငါ ၾကာၾကာဆက္ေျပာရင္ ဟို Websiteထဲ သြားစရာမလိုဘဲ အသံေတြနဲ႔တင္ ဇာတ္လမ္းျဖစ်သွားတော့မယ် သိလား။ နာရင္ အံ့ႀကိတ္ခံ..အခ်ိန္တန္ရင္ ၿပီးသြားလိမ့္မယ္ "

အတုံးလိုက္အတစ္လိုက္ ေျပာခ်လာေသာ ေဂ်ာင္ဂုေၾကာင့္ ထယ္ေယာင္းလည္း တစ္ခြန္းမွမဟေတာ့ဘဲ ေဆးထည့္ၿပီးသည္အထိ ၿငိမ္ေနလိုက္သည္။ အနည္းဆုံးေတာ့ ဦးရဲ႕အေတြးေတြထဲက သူ႕ကို ထုတ္မရျဖစ္ေနေစဖို႔ သူစြမ္းေဆာင္လိုက္ႏိုင္ၿပီ မဟုတ္လား။

" ၿပီးၿပီ...နာေနေသးလား "

ေဆးထည့္ေပးၿပီး ေဘာင္းဘီျပန္ဝတ္ေနေသာ ထယ္ေယာင္းကို ေမးခြန္းထုတ္လိုက္မိျခင္းက ေဂ်ာင္ဂုကို ေနာက္တစ္ႀကိမ္ ေခ်ာင္ပိတ္မိေစသည္။ သူေမးကတည္းက နိဒါန္းမပ်ိဳးဘဲ ဒဲ့ေမးခ်လာေတာ့ ထယ္​ေယာင္းအေျဖကလည္း အရင္းမ႐ွိအဖ်ားမ႐ွိ တုံးတိတိျဖင့္။

" ပထမဆုံးအႀကိမ္ဆိုေတာ့ နည္းနည္းနာေနေသးတယ္ ဦး။ ေနာက္အႀကိမ္ေတြက်ရင္ တျဖည္းျဖည္း ေနလို႔ေကာင္းသြားမယ္ ထင္တာပဲ "

အဓိပၸါယ္ကို လိုရာဆြဲေတြးႏိုင္ေသာ ထယ္ေယာင္း၏ အ​ေျဖ။ အႏွီကိုယ္ေတာ္ေလး တမင္ၾကပ္ေနသလားမသိႏိုင္၍ ေဂ်ာင္ဂုလည္း ထယ္ေယာင္းအနားမွာ ဆက္ေတာင္မေနရဲေတာ့။ ၾကာရင္ တစ္ကိုယ္လုံးထူပူၿပီး အေငြ႕ပ်ံသြားေတာ့မွာ။

" ေအး ဒါဆိုလည္း ငါ့ကို သြားခြင့္ျပဳဦး။ ငါေရသြားခ်ိဳးလိုက္ဦးမယ္။ ေရခ်ိဳးၿပီးရင္ မင္းနဲ႔ငါစားဖို႔ ညစာလည္း ခ်က္ရဦးမယ္။ တစ္ခုခုဆို ငါ့ကို ဖုန္းဆက္ေခၚလိုက္ ဟုတ္ၿပီလား "

မ်က္ႏွာျပဳံးစိစိျဖင့္ နာခံခ်င္ေယာင္ေဆာင္ကာ ေခါင္းညိမ့္ျပလိုက္ေသာ ထယ္ေယာင္း။ အတြင္းစိတ္ထဲမွာေတာ့ ဦးကို ထပ္ၿပီးၾကပ္ဖို႔ စကားလုံးအခ်ိဳ႕ကို ခပ္ျမန္ျမန္ ႐ွာေဖြေနခဲ့တာ။

" ဟုတ္ကဲ့ ဦး။ ေရခ်ိဳးမယ္ဆိုလည္း ေရပဲခ်ိဳးေနာ္။ ေရခ်ိဳးခန္းထဲမွာ အရမ္းၾကာေနရင္ ခါးေတြနာေနဦးမယ္ "

အခန္းထဲက စထြက္႐ုံေလးပဲ႐ွိေသး မေႏွာင့္အသြားမလြတ္ လွမ္းေအာ္ေျပာလာေသာ ထယ္ေယာင္းကို ေဂ်ာင္ဂုလည္း စိတ္မ႐ွည္စြာျပန္လွည့္ၾကည့္ကာ လက္ခလယ္ ေထာင္ျပလာသည္။

" ေဘာပဲ "

လက္ခလယ္ေထာင္ျပၿပီး ေဂ်ာင္ဂု ေက်ာမခိုင္းေသးခင္ အခ်ိန္မွီေလးမွာပင္ ထယ္ေယာင္းက မ်က္ႏွာေလးမခ်ိဳမခ်ဥ္မဲ့ျပလွ်က္ ရင္ထဲထိသြားဟန္ ရင္ဘတ္ကို လက္ျဖင့္ဖိျပရင္း က်န္လက္တစ္ဖက္က အသည္းပုံေလး လုပ္ျပလိုက္ေသးသည္။ ထယ္ေယာင္းအခန္းမွ ျပန္လာသည့္လမ္းတြင္ ျပဳံးစိစိျဖစ္ေနခဲ့ေသာ ဦးအျဖစ္ကိုေတာ့ ထယ္ေယာင္းတို႔ မသိ႐ွာခဲ့။

မင္းက ဘယ္လိုဟာေလးလဲကြာ။ မင္းေၾကာင့္ ငါေတာင္ မဆဲစဖူး ဆဲလိုက္မိၿပီ။ တကယ္ပါပဲ မင္း႐ွိေနရင္ ေ႐ွ႕ေလွ်ာက္ ငါမပ်င္းရေတာ့ဘူး ထင္တယ္။

ေဂ်ာင္ဂု ထြက္သြားၿပီးသည့္ေနာက္ ထယ္​ေယာင္းတို႔ ဖုန္းကိုေကာက္ကိုင္ကာ Conversationတစ္ခုထဲ ဝင္ၾကည့္လိုက္သည္။ ထိုအထဲတြင္ေတာ့ ဦးဂြၽန္ႏွင့္ သူ လက္ခ်ိတ္ထားသည့္ပုံမ်ား၊ ပါးကို နမ္းသည့္ပုံမ်ား ႐ွိလို႔ေနသည္။

" ေတာ္တယ္ အဂ်ီ...ဒီပုံေတြကို ေသခ်ာထုတ္ၿပီး မင္းပဲသိမ္းထားလိုက္ပါ။ ဒါနဲ႔ မနက္ျဖန္ ေက်ာင္းက စက္ဘီးၿပိဳင္ပြဲ ငါဝင္မၿပိဳင္ျဖစ္ေတာ့ဘူး "

သူ႕ကို ဘယ္အခ်ိန္တည္းက Onlineေပၚ ထိုင္ေစာင့္ေနမွန္းမသိေသာ ဂ်ီမင္က ခ်က္ခ်င္းဆိုသလို Seenတန္းျပကာ စာျပန္ဖို႔ျပင္သည္။ ဂုဏ္သိကၡာအရ အေရးႀကီးတဲ့ၿပိဳင္ပြဲကို ထယ္ေယာင္းက လက္လြတ္ခံမယ္ဆိုတာ တကယ္ shockရစရာပင္။

" ေဟး ဝင္မၿပိဳင္တဲ့ပြဲမွာ မင္းၿပိဳင္ဘက္ ဆိုဟီးႏိုင္သြားရင္ မင္းကို သူ႕ဘက္ပ ႐ွယ္ေလွာင္ေနေတာ့မွာေနာ္။ အပြဲပြဲႏႊဲလာၿပီးမွ ဒီတစ္ႀကိမ္ကို အ႐ႈံးေပးေတာ့မလို႔လား "

Emojiေတြပါသုံးၿပီး စိုးရိမ္တႀကီးေမးလာေသာ ဂ်ီမင္ေၾကာင့္ ထယ္ေယာင္း ေလးလံစြာ သက္ျပင္းခ်ရင္း စာ႐ိုက္ေနသည္။ အႀကိမ္ႀကိမ္ သူႏိုင္ကိုယ္ႏိုင္ ၿပိဳင္ခဲ့သည့္ ၿပိဳင္ဘက္ကို လြယ္လြယ္ကူကူ အ႐ႈံးမေပးခ်င္ေသာ္လည္း လက္႐ွိအ​ေျခအေနအရ မတတ္ႏိုင္ေတာ့ၿပီ။

" မတတ္ႏိုင္ေတာ့ဘူး အဂ်ီေရ...အခု ငါ့ဦး႐ိုက္ထားတာ ငါ့တင္ပါးတစ္ခုလုံး နာက်င္ကိုက္ေနတယ္။ မနက္ျဖန္အထိလည္း မသက္သာႏိုင္ေသးေတာ့ လက္ေလွ်ာ့လိုက္ေတာ့မယ္ကြာ "

ထယ္ေယာင္းစာကို Wowခနဲ Reactionျပန္လာပါေသာ ဂ်ီမင္။ သူ႕ဦးအတြက္နဲ႔ မာနထိခိုက္ခံၿပီး တစ္သက္လုံးၿပိဳင္လာတဲ့ ဆိုဟီးကိုေတာင္ အေလွ်ာ့ေပးေတာ့မည္ဆိုပဲ။ အရင္ ထယ္ေယာင္းသာဆို အိပ္ရာထဲဘုံးဘုံးလဲၿပီး ကိုမာဝင္သြားရင္ေတာင္ ဆိုဟီးနဲ႔ၿပိဳင္ရဖို႔ ေငါက္ခနဲထလာမယ့္သူမ်ိဳး။

" ဦးဆီက အေခ်ာ့ခံရဖို႔ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး တင္ပါးကို ေဆာ္ပေလာ္တီးခံလိုက္တယ္ေပါ့ေလ။ ၿပီးေတာ့ ဂႏၲဝင္ၿပိဳင္ဘက္ကိုေတာင္ ဦးေၾကာင့္ အ႐ႈံးေပးလိုက္တယ္ဆိုၿပီး Drama႐ိုက္ဦးမယ္။ မင္းေတာ္ေတာ္ ညဏ္မ်ားတာပဲ ထယ္ေယာင္း "

အတြင္းသိအဆင္းသိ သူငယ္ခ်င္း ဂ်ီမင္ေၾကာင့္ ထယ္ေယာင္း စာဖတ္ရင္း ရယ္ေနမိသည္။ သူ႕ဘဝတစ္ေလွ်ာက္လုံး ဒီသူငယ္ခ်င္းေလးက သူ႕အေပၚအျပည့္အဝနားလည္ေပးခဲ့ၿပီး ေျပာစရာ႐ွိရင္လည္း အခုလို တည့္တိုးေျပာတတ္သည္။

" ညဏ္မ်ားရမယ္ေလ အဂ်ီရဲ႕။ ဦးလိုလူမ်ိဳးကို အပိုင္သိမ္းဖို႔ဆို ငါ့ဘက္က ေထာင့္ေစ့ေအာင္ေတြးၿပီး ညဏ္နီညဏ္နက္ အၿမဲထုတ္ေနႏိုင္မွ အဆင္ေျပမယ္ မဟုတ္လား။ မင္းလည္း စာၾကည့္စရာ႐ွိမွာေပါ့ ဒီေန႔ေတာ့ ဒီေလာက္ပဲ "

ဂ်ီမင္ကို စကားစျဖတ္ၿပီး ဖုန္းျပန္ခ်လိုက္သည္။ အလယ္တန္းကတည္းက သူ႕ၿပိဳင္ဘက္ျဖစ္လာသည့္ ဆိုဟီးအေၾကာင္းကို သူသိၿပီးသားမို႔ ၿပိဳင္ပြဲကို ဝင္မၿပိဳင္ျဖစ္ျခင္းအတြက္ ေနာင္တမရခဲ့။

သူ႕အတြက္က ပိုအေရးႀကီးသည့္ ၿပိဳင္ပြဲကို ဆင္ႏြဲရေတာ့မည္မို႔ အက်ိဳးမ႐ွိေသာ ကေလးဆန္ဆန္ၿပိဳင္ဆိုင္ျခင္းမ်ိဳးကို သိပ္ၿပီး စိတ္မပါခ်င္။ မာနေၾကာင့္သာ သူနဲ႔ဆိုဟီးၾကား ၿပိဳင္ပြဲေတြ ဆက္ခဲ့ရတာ။

မနက္ျဖန္ပြဲမွာ ငါသာဝင္မၿပိဳင္ခဲ့ရင္ နင္လည္း ဝင္ၿပိဳင္မွာမဟုတ္ဘူးဆိုတာ ငါသိတယ္။ နင္က ငါနဲ႔ပဲၿပိဳင္ၿပီး ငါ့ကိုပဲ ႏိုင္ခ်င္ေနတာဆိုေတာ့ ငါမပါတဲ့ပြဲကို နင္ၿပိဳင္ေတာ့မွာမဟုတ္ဘူးေလ။

အရင္က နင္နဲ႔ၿပိဳင္ဖို႔အတြက္ စိတ္အားထက္သန္ခဲ့ေပမယ့္ အခုေတာ့ ငါ့ရင္ထဲမွာ ဦးပဲ႐ွိေတာ့တယ္။ ငါ့ရဲ႕အာ႐ုံစိုက္မႈေတြကို ဦးဆီ အျပည့္အဝေပးထားရတာမို႔ နင္နဲ႔ အရင္လို စိတ္ႏွစ္ၿပီး ၿပိဳင္ဆိုင္ႏိုင္ေတာ့မယ္ မထင္ဘူး။

To be Continued...

Continue Reading

You'll Also Like

9.4M 307K 52
"you're all mine; the hair, the lips, the body, it's all mine." highest previous rankings: - #1 in jimin - #1 in pjm - #1 in btsfanfic cover by: @T...
177K 4.6K 20
Your daughter runs off while you were in the middle of grocery shopping because she spotted Max, her favourite driver. Meeting you, Max wants to know...
438K 15.5K 93
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
276K 8.3K 63
❝ Shut up,❞ ❝ Make me, 𝐩𝐫𝐢𝐧𝐜𝐞𝐬𝐬.❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 no matter how hard she tries to resist, the daughter of Hades ends up falling for Percy Jac...