(Completed) Reborn as a good...

By Xiao_Yiii

1.9M 298K 9K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《147》

7.5K 1.2K 55
By Xiao_Yiii

Unicode

အခန်း(၁၄၇) - ပြန်ပြောင်းရွှေ့ခြင်း

ရိဟန်ရဲ့ ပါးစပ်လေးက ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေမိသည်။ သူက ဝမ်းနည်းစွာ ပြန်တုံ့ပြန်၏။

"ဘိုးဘိုး, နားမလည်ပါဘူး"

ကျွန်တော်တို့က တကယ့် ချစ်သူအစစ်တွေ မဖြစ်နိုင်ဘူး, အရာအားလုံးက အလိမ်အညာတွေမို့လို့

"မင်းတို့ကလေးတွေကြားထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာ ငါသေချာပေါက် နားမလည်ပါဘူး" လူအိုကြီးပိုင်က ကြားဖြတ်ပြောသည်။

"ဒါပေမဲ့ , မင်းသိသင့်တာက ဒီတစ်ချိန်လုံးမှာ ကျင်းယွမ်က မင်းကို ဘယ်လိုဆက်ဆံလဲဆိုတာကိုပဲ, ငါမြင်နေရတယ်, သူကမင်းကို ဆက်တိုက် နီးစပ်ဖို့ ကြိုးစားနေပေမယ့် မင်းဘက်က ဆက်တိုက်သူ့ကို ငြင်းဆန်နေခဲ့တာ, အဲ့ဒါက ကြေကွဲဖို့ကောင်းတယ်, အဲ့ဒါက အရမ်းလည်း နာကျင်ရတယ်, သူက အိမ်အပြင်ဘက်မှာ ဘယ်လောက်ပဲ သန်မာပြီး ခွန်အားကြီးနေပါစေ သူ့ရဲ့ အနူးညံ့ဆုံးအပိုင်းကတော့ အမြဲတမ်း မင်းရှေ့မှာပဲ ပေါ်ပေါက်ခဲ့တာ, မင်းလုပ်သမျှ လုပ်ရပ်တိုင်း၊ မင်းပြောသမျှ စကားတိုင်း သူ့ကိုနာကျင်စေနိုင်တယ်, ချစ်သူတစ်ယောက်အနေနဲ့ မင်းက သူ့ရဲ့ အနူးညံ့ဆုံး အားအနည်းဆုံး အပိုင်းကို ကာကွယ်ပေးသင့်တာ, မင်းရဲ့ အားသာချက်ကို အခွင့်ကောင်းယူပြီး သူ့ကိုနာကျင်အောင် မလုပ်သင့်ဘူး, ဟုတ်တယ်မှတ်လား? အင်း, သေချာပေါက် သူ့ဘက်က တစ်ခုခု အမှားလုပ်လိုက်ပြီး ငါ့ရဲ့ အဖိုးတန်တဲ့ အသေးလေးကို စိတ်မကောင်းဖြစ်အောင် လုပ်ထားတာဆိုရင်တော့ တစ်နည်းနည်းနဲ့ ဒါမှမဟုတ် တူညီတဲ့ နည်းလမ်းနဲ့ အပြစ်ပေးခံရမှာပေါ့လေ!"

ဒါပေမဲ့ ကျင်းယွမ်က ဘာမှ အမှားမလုပ်ထားဘူးလေ။ အဲ့ဒီလိုဆိုပေမယ့် လက်ရှိအခြေအနေက ဘယ်သူ့ကို အပြစ်တင်ရမှာလဲ?

ရိဟန်က သူ့အဘိုးရဲ့ ပုခုံးပေါ်ကို မှီတွယ်ထားလိုက်မိသည်။ သူ့ခေါင်းတစ်ခုလုံး ရှုပ်ထွေးနေမိ၏။ အမှန်တရားကို သိပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဝေဒနာက ပျောက်ကွယ်သွားပြီး သူ့စိတ်နှလုံး တစ်ဖြည်းဖြည်း တည်ငြိမ်လာတဲ့အခါမှာ သူသံသယ မဝင်ခဲ့တာတော့ မဟုတ်ခဲ့။

သူနဲ့ကျင်းယွမ်ရဲ့ ကြားထဲက ချစ်ခြင်းမေတ္တာက လက်တွေ့ဆန်လွန်းတယ်။ အကယ်၍ ကျင်းယွမ်သာဒီအတိုင်း သူ့ချစ်သူအဖြစ် ဟန်ဆောင်ရုံပဲဆိုရင် ဒီလူက သူ့သရုပ်ဆောင်မှုမှာ အရမ်းအားထည့်ထားတယ်လို့ ပြောရမှာပဲ။ သူ့လုပ်ရပ်တွေ၊ သူ့အကြည့်တွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ ပရောပရည် လုပ်ခြင်းတွေ၊ အိပ်ယာပေါ်မှာ ဖြစ်ပေါ်လာတဲ့ ပြင်းပြတဲ့ ရူးသွပ်မှုတွေ ဒါတွေအားလုံးက အတုအယောင်တွေလား? အကယ်၍ အဲ့ဒီလူသာ သူ့ကို တကယ်ပဲ ညီလေးတစ်ယောက်လိုပဲ သတ်မှတ်တယ်ဆိုရင် ဒါတွေအားလုံးကို လုပ်နေတဲ့အချိန် ဘယ်လိုများ သဘာဝကျကျ ဖြစ်နေမှာလဲ?

ကျင်းယွမ်က သူတို့လက်ထပ်ပွဲအကြောင်း ပြောနေတုန်းကဆိုရင် သူ့မျက်လုံးက တောက်ပတဲ့ကြယ်ပွင့်လေးတွေလိုမျိုး တစ်လက်လက် တောက်နေခဲ့တာ။ ရိဟန်ကသူ့ကို ငြင်းလိုက်တဲ့အချိန်မှာ ပိုင်ရှင်ရဲ့ စွန့်ပစ်ခြင်း ခံလိုက်ရတဲ့ ခွေးစုတ်ဖွားကြီးလိုပဲ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့တယ်။ အဲ့ဒီလူက အဲ့ဒီတုန့်ပြန်မှုတွေအားလုံးကို ဟန်ဆောင်ထားခဲ့တာလား?

ရိဟန်က ကျင်းယွမ်ရဲ့ အာရုံကို အလွယ်တကူ လွှဲပြောင်းနိုင်ပြီး သူ့ခံစားချက်တွေကို ထိန်းချုပ်နိုင်တယ်။ အဲ့ဒါက 'ညီငယ်လေးတစ်ယောက်' လုပ်နိုင်တဲ့ အရာမျိုးလား?

ရိဟန်အနေနဲ့ သူတို့ကြားမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်မတွေးပဲ မနေနိုင်ဘူး။ သူတို့လုပ်ခဲ့တဲ့အရာတိုင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်၊ အရာအားလုံးက မိနစ်ပိုင်းလောက်ထိ အသေးစိတ်ကျကျပဲ

သူအဲ့ဒီ မှတ်ဉာဏ်တွေကို ပြန်ခေါ်မိတိုင်းလည်း အဲ့ဒီနေ့က သူကြားခဲ့တာက ဒီအတိုင်း နောက်ပြောင်မှုတစ်ခုလို့ မထိန်းချုပ်နိုင်စွာနဲ့ စဉ်းစားမိတိုင်းပဲ။ ဘယ်လိုပဲဖြစ်နေပါစေ သူကြားခဲ့တာတွေက အမှန်တရားဆိုတာ သူသိတယ်။ အဲ့ဒီနေ့ကစပြီး သူ့အမေရဲ့ ခံစားချက်တွေကလည်း သတိပြုမိလောက်တဲ့အထိ တောက်ပလာခဲ့တာ။ သူမက နေ့တိုင်းနေ့တိုင်း ပြုံးနေလိမ့်မယ်။ သူ့အဖေလည်း အတူတူပဲ။ ပိုင်ဖုရဲန်ကလည်း မြင်နိုင်လောက်သည်အထိကို ပိုပြီး အေးအေးဆေးဆေး ဖြစ်လာတဲ့အပြင် ပိုပြီး သက်တောင့်သက်သာဖြစ်လာခဲ့တယ်။ ဒါတွေအားလုံးက သူ မကြာခင် 'ပြန်ကောင်း' သွားလိမ့်မယ်ဆိုတာကြောင့်ဆိုတာ ရိဟန်သိတာပေါ့။

အရင်တုန်းကတော့ သူ့ဦးနှောက်ကိုတောင် လုံးလုံးလျားလျား လက်လျော့စေနိုင်လောက်တဲ့ ပျော်ရွှင်တဲ့ဘဝလေး ရုတ်တရက် ရောက်လာခဲ့တာကြောင့် သူတုန်လှုပ်ခဲ့ရတယ်။ သူက အစောကတည်းက ဉာဏ်ကောင်းခဲ့တာတော့မ ဟုတ်ခဲ့ပေမယ့်ပေါ့။ အမှန်တရားကို သူသိတဲ့အချိန်မှာတော့ အမှတ်တရတွေအများကြီးကို ပြန်ခေါ်ဖို့ မိနစ်ပိုင်းလောက် အချိန်သုံးခဲ့တယ်။ အဲ့ဒီတော့မှ အရာအားလုံးက တမင်တကာ လုပ်ထားတယ်လို့ ခံစားရလောက်တဲ့အထိကို အရမ်းလွယ်ကူနေခဲ့တယ် ဆိုတာကို သူနားလည်ခဲ့ရတာ။

အခု ပြန်စဉ်းစားကြည့်မှသာ အဲ့ဒီတုန်းက သူအိမ်မက် မက်နေခဲ့တာများလားလို့ ထင်ရလောက်တဲ့အထိ ဖြစ်ခဲ့ရတဲ့ 'ပျော်ရွှင်ဖွယ်အချိန်' လေးတွေက အကုန်လုံး သူ့မိသားစုက စီစဉ်ပေးထားတဲ့ 'ကုသမှု' ပဲ ဖြစ်မှာ။

သူနားမလည်နိုင်တဲ့ တစ်ဦးတည်းသောလူက ကျင်းယွမ်ပဲ။ သူ့ရဲ့ စိတ်ပျက်အားငယ်မှုနဲ့ အံအားသင့်မှုတွေအားလုံးက အရမ်းကို စစ်မှန်လွန်းတယ်။ သူလွှမ်းခြုံပေးထားတဲ့ စေတနာနဲ့ ချစ်ခြင်းမေတ္တာတွေကလည်း စစ်မှန်လွန်းတယ်။ အရမ်းကို စစ်မှန်လွန်းလို့ ယုံချင်လောက်တဲ့အထိကိုဖြစ်နေခဲ့တာ။

ဒါပေမဲ့ သူမဝံ့ရဲဘူး။ ယုံကြည်ဖို့လည်း အရမ်းကြောက်မိတယ်။ သူပြန်ပြီး မွေးဖွားလာကစတုန်းက ကျင်းယွမ်ရဲ့ သဘောထားက သူမျှော်လင့်ထားတာတွေ အားလုံးကို ကျော်ဖြတ်သွားခဲ့တယ်။ သူထင်ခဲ့တာက အရင်ဘဝတုန်းက သူကသာ ရူးခဲ့တာလို့ပေါ့။ သူက အပေါ်ယံကိုပဲကြည့်ပြီး ဘဝမှာ သူချစ်ခဲ့ရတဲ့လူကို ဖြတ်ကျော်ခဲ့မိတယ်ပေါ့။

အဲ့ဒီနေ့က သူကြားခဲ့ရတာတွေက အဲ့ဒီခံယူချက်ကို နောက်တစ်ခေါက် ပြောင်းလဲသွားစေခဲ့တယ်။ သူကြားခဲ့ရတဲ့ အရာတွေက သူ့ကို ရက်ရက်စက်စက် ပြောပြနေခဲ့တာ သူ့မှာရှိခဲ့တဲ့ ပြီးပြည့်စုံတဲ့အချစ်ဆိုတာ ဒီအတိုင်း အလိမ်အညာ ထောင်ချောက်တစ်ခုပဲတဲ့။ အဲ့ဒါက သူစိတ်ဆိုးလို့တောင် မရနိုင်တဲ့ လှည့်စားခြင်း ဖြစ်နေခဲ့တယ်

ရိဟန်အပေါ် ချစ်တဲ့ ကျင်းယွမ်ရဲ့ ချစ်ခြင်းတရားတွေက ပင်လယ်လိုမျိုး အရမ်းကို နက်ရှိုင်းလွန်းလို့ လူတိုင်းက ပြောကြတယ်။ ဒါပေမဲ့ အဲ့ဒီစကားကို သူကြားလိုက်ရတိုင်း သူ့နှလုံးသားကို နောက်ထပ်ဓားတစ်ချောင်း ထပ်စိုက်တာပဲလေ။ သူယုံကြည်ချင်တယ် ဒါပေမဲ့ သတ္တိမရှိဘူး။ အကယ်၍ မျှော်လင့်ချက် မရှိဘူးဆိုရင် ဝမ်းနည်း စိတ်ပျက်ရခြင်းလည်း ရှိလာမှာ မဟုတ်ဘူး။

အကယ်၍သူသာ နောက်တစ်ခေါက် ဝမ်းနည်း စိတ်ပျက်မှုနဲ့ တွေ့ဆုံရမယ်ဆိုရင် စိတ်ပျက်အားငယ်ခြင်း စက်ဝန်းထဲကို ကျရောက်သွားလိမ့်မယ်။ အရာအားလုံးကို အနေခက်စွာနဲ့ ပြေလည်အောင် မြဖေရှင်းနိုင်ပဲ စကားလည်းမပြောနိုင် ဖြစ်မယ့်အပြင် နှစ်ဖက်လုံးကို စိတ်ညစ်ရစေမှာ။ အဲဒါကြောင့် သူတို့ကြားထဲက ကိစ္စတွေ အဆုံးသတ်သွားဖို့ပဲ သူမျှော်လင့်မိတယ်။ အဲ့ဒါက လမ်းခွဲဖို့ပဲဖြစ်ဖြစ် လက်ထပ်တာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။

ရိုးရိုးသားသားပြောရရင် သူကြားခဲ့တဲ့အရာတွေက ဒီအတိုင်း နားလည်မှု လွဲမှားခြင်းသာ ဖြစ်ဖို့အတွက် သူအရမ်းကို မျှော်လင့်ခဲ့ရတာ။ ဒါပေမဲ့ အဲ့ဒီလိုဖြစ်နိုင်ဖို့ အခွင့်အရေးက အရမ်းကို နည်းပါးလွန်းတယ်။ အရမ်းအရမ်းကို နည်းပါးလွန်းလို့ သေးငယ်တဲ့ မျှော်လင့်ချက်လေးကတောင် လင်းလက်တောက်ပဖို့ ထွက်ပေါ်လာဖို့ မဝံ့ရဲဘူး။

အဲဒါက အရမ်းကို နည်းပါးလွန်းလို့လည်း ရိဟန်က အဲ့ဒီအတွေးလေးကို ဖိနှိပ်ပြီး သူ့ခေါင်းနောက်ပဲ ပစ်ထည့်ထားလိုက်တာ။

"ကျွန်တော့်ကို အချိန်နည်းနည်းတော့ပေးပါ" ရိဟန်က သူ့အဘိုးအား တိုးတိုးလေး ပြောလိုက်သည်။ သူအခု အရမ်းကို စိတ်တွေပျောက်ဆုံးပြီး ပင်ပန်းနွမ်းနယ်နေမိတာပင်။

"တကယ်ပဲ ကျွန်တောတို့ဒါကို ဒီအတိုင်းဆက်သွားလို့တော့ မရဘူးပဲ"

လူအိုကြီးပိုင်သည် ရိဟန်ရဲ့ အသံထဲက ဝမ်းနည်းကြေကွဲမှုကို ခံစားရတာကြောင့် သူ့နှလုံးသားတစ်ခုလုံး တင်းကြပ်သွား၇သည်။ သူက ရိဟန်ရဲ့ နောက်ကျောလေးအား ညင်ညင်သာသာ ပုတ်ပေးရင်းပြန်ပြောလာလေသည်။

"ကောင်းပြီ, ဝမ်းမနည်းနဲ့တော့ ဘိုးဘိုးရဲ့ အချစ်ဆုံးလေး, ဘိုးဘိုးထပ် မမေးတော့ဘူး, မင်းတို့ကိစ္စကို မင်းတို့နှစ်ယောက် ဖြေရှင်းဖို့ပဲ လွှတ်ပေးထားမယ်, ဟန်ဟန် မင်းက အခု အရွယ်ရောက်လာပြီ, ကိစ္စအများစုကို မင်းဘာသာမင်း ဖြေရှင်းနိုင်တယ်, အကယ်၍ နားမလည်တာ တစ်ခုခု ရှိလာခဲ့ရင် ဘိုးဘိုးဆီလာပြီး မေးလို့ရတယ်, မင်းအဘွားနဲ့ငါက နှစ်ပေါင်းများစွာ ပျော်ရွှင်မှုနဲ့ ရှင်သန်ခဲ့ကြတာ, ငါက အရမ်းကို အတွေ့အကြုံရှိတယ်"

ရိဟန်က သူ့လက်မောင်းလေးများဖြင့် သူ့အဘိုးရဲ့ လည်ပင်းအား သိုင်းဖက်လိုက်တော့လေသည်။

"ဟုတ်ကဲ့ပါ"

***

ရိဟန်က ကျင်းယွမ်သူ့ အဖျားကနေ အပြည့်အဝ ပြန်သက်သာလာတဲ့အချိန်မှာ နှစ်ယောက်သား ဆွေးနွေးကြဖို့ စီစဉ်ထားခဲ့တာပင်။ သူက ထိုကိစ္စအား စောစီးစွာ အဆုံးသတ်ချင်မိသည်။ သူက တိတ်တဆိတ်ဖြင့် ဘယ်သူ့ကိုမှ မပြောပဲ အိမ်တစ်လုံးပါ ဝယ်ထားလိုက်သည်။ အရာအားလုံးပြီးသွားရင် သူမကြာခင်မှာ ထွက်သွားတော့မယ်လေ။

ဖြစ်နိုင်တာ အရင်တုန်းက ရွှယ်ချင်းနဲ့ ကျင်းယွမ်တို့ စေ့စပ်ပွဲကို ဖျတ်သိမ်းခဲ့သလိုမျိုး သူလည်း တစ်စုံတစ်ယောက်နဲ့ ချစ်မိသွားလို့ပါလို့ သက်သေပြဖို့အတွက် သူနဲ့အတူ ဟန်ဆောင်ပေးဖို့ တစ်ယောက်ယောက် ရှာရင်ရှာမှာပေါ့။ ပြီးရင် သူ့လက်တွဲဖော်အသစ်နဲ့ ကိုယ်ပိုင်အချိန်လေး လိုအပ်လို့ပါဆိုပြီး အကြောင်းပြချက်ပေးရင်း ထွက်သွားလို့ရမယ်။

ဒါက အချိန်ကြာလာတာနဲ့အမျှ နှုတ်ချော်ပြီး ပြောမိမှာမျိုးကို ရှောင်ရှားဖို့အတွက် အကောင်းဆုံး နည်းလမ်းပဲ။ လူတိုင်းလည်း ပျော်ရွှင်ရလိမ့်မယ်။ ဘယ်သူမှလည်း ဒုက္ခမရောက်တော့ဘူး။ ဒါပေမဲ့ ရွှယ်ချင်းနဲ့ ထျန်းယောင်ရဲ့ အချစ်က အစစ်အမှန် ဖြစ်နေတဲ့အချိန်မှာ သူကတော့ အတုအယောင်ပေါ့လေ။ အဲ့ဒီလိုဆိုရင်တောင် လူတိုင်းအဆင်ပြေနေသ၍ ဘာအရေးကြီးမှာလဲ?

သို့သော်လည်း ထိုအစီအစဉ်က မကြာခင် အကောင်အထည်ပေါ်လာဖို့ မလွယ်ကူခဲ့ပေ။ ဖျားနာခဲတဲ့လူတွေက တကယ် ဖြစ်လာရင် ဆိုးဆိုးဝါးဝါး ခံစားရလိမ့်မယ်ဟုလူတိုင်းပြောကြသည်။ ဒါက မှန်ကန်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်လေ။ ကျင်းယွမ်ရဲ့ အဖျားက အရမ်းကို ပြင်းထန်လွန်းလို့ ပိုးအိမ်မှ ပိုးကြိုးကို တစ်ချောင်းချင်းဆီ ဆွဲထုတ်နေသလိုပင် အချိန်ကြာမြင့်လာခဲ့သည်။

နှစ်ပတ်လုံးလုံး ကြာသွားခဲ့တာတောင် ထိုလူက ဖျားနာနေဆဲပဲ။ ကျင်းယွမ်သည်လည်း အတော်လေးကို ပိန်ပါးသွားသည်။ သူ့ရဲ့ ဆွဲဆောင်မှုအားကောင်းလှသည့် ညှပ်ရိုးသည်လည်း အရေပြားအောက်ကနေ ထင်းထွက်နေလေပြီ။ ဒါသည် ကြည့်ဖို့ပင် ခက်ခဲလှသည့် မြင်ကွင်းတစ်ခုပင်။

အလုပ်နဲ့ ပတ်သတ်ရင်တေ့ အများစုက ချန်ဟုန်းသာ လုပ်နေရသည်။ ထိုလူက အရေးကြီး စာရွက်စာတမ်းများဆိုရင် ပိုင်မိသားစုအိမ်ဆီသို့ လာပို့ပေးသည်လေ။ ကျင်းယွမ်ကတော့ နေ့တိုင်းနေ့တိုင်းမှာ အားတင်းထ၍ ကုမ္မဏီပုံမှန်အတိုင်းလည်ပတ်စေရန် video conference ထိုင်ပေးရသည်။

ပိုင်မိသားစုအိမ်တွင်....

"ဟန်ဟန်, ကျင်းယွမ်အိပ်နေတုန်းလား?" အမေက မျက်မှောင်ကြုတ်ရင်း ပြောလာသည်။ သူမက ဧည့်ခန်းဆိုဖာပေါ်တွင် သူမရဲ့ ခင်ပွန်းသည်နှင့် အငယ်ဆုံးသားလေးနဲ့အတူ ထိုင်နေခြင်းပင်။

"ဟုတ်တယ်" ရိဟန်က သူ့နှဖူးကို နှိပ်နယ်ဖို့ လက်မြှောက်ရင်း ပြန်ဖြေသည်။

"သူတစ်ညလုံး ချောင်းတွေဆိုးနေတာ, မိုးလင်းခါနီးမှ ကောင်းကောင်းအိပ်ပျော်သွားတယ်, ဒီနေ့လည်း ကိုယ်က နွေးနေတုန်းပဲ"

"ငါတို့လည်း ဆေးရုံတွေစုံနေပြီ" အမေက သက်ပြင်းချသည်။

"မိသားစု ဆရာဝန်ကိုလည်း ထပ်တလဲလဲ စစ်ဆေးခိုင်းတယ်, ကျင်းယွမ်က ဆေးလည်းသောက်တယ်၊ အဖျားကျဆေးလည်း ထိုးပေးထားတယ်, ဘာလို့ အခုထိ မသက်သာသေးတာလဲ? မကြာခင် အရေခွံနဲ့ အရိုးပဲကျန်တော့မယ်"

ထို့နောက်သူမက သူမသားလေးရဲ့ စိုးရိမ်ပူပန်နေသော မျက်နှာလေးကို ပွတ်သပ်လိုက်သည်။

"သားလည်း ကောင်းကောင်းအိပ်မပျော်ဘူးမှတ်လား? သားက သူ့ကိုတစ်ချိန်လုံး ဂရုစိုက်ပေးနေတာ, ကြည့်စမ်းပါဦး သားလည်း တော်တော်ပိန်သွားတာပဲ, သူအိပ်နေတုန်း တစ်ရေးလောက် အိပ်လိုက်ပါလား? အကယ်၍ သူနိုးလာရင် အန်တီယန်းနဲ့ အမေတို့ သူ့ကို ဂရုစိုက်ပေးလို့ရတာပဲ"

"ကျွန်တော်အဆင်ပြေပါတယ်" ရိဟန်ကအပြုံးလေးနဲ့ ပြန်ဖြေသည်။

"ကျွန်တော် မပင်ပန်းပါဘူး"

"ငါ့သားလေးက အရွယ်ရောက်လာပြီပဲ" အမေက ချစ်ခင်မြတ်နိုးစွာဖြင့် ခပ်သောသောလေး ရယ်မောသည်။

"အခုဆို တစ်ယောက်ယောက်ကို ဘယ်လို ဂရုစိုက်ပေးရမလဲ ဆိုတာတောင် သိနေပြီ"

သူမရဲ့ အကြည့်က အခန်းထဲကို ဖြည်းညှင်းစွာ လှည့်ပတ်ရောက်သွားပြီးနောက် လှေကားနေရာသို့ အရောက်မှာ အေးခဲသွားရသည်။

"ကျင်းယွမ်," သူမက အံ့အားတစ်သင့် လှမ်းခေါ်သည်။

"နိုးလာပြီလား, ဘယ်လိုနေသေးလဲ?"

ကျင်းယွမ်က လှေကားထိပ်မှာ ရပ်နေတာပင်။ သူ့မျက်နှာက ဖြူစုတ်နေသည်။ သူ့နှုတ်ခမ်းများသည်လည်း တူညီစွာပင် ဖြူဖျော့နေ၏။ သူက အခန်းထဲက မထွက်လာခင်မှာ ပုံမှန် အဝတ်အစားဖြစ်သည့် အနက်ရောင် ကော်လာရှပ်နဲ့ အနက်ရောင် ဘောင်းဘီရှည်အားဝတ်လာသည်။ အဲ့ဒါက သူ့အား ပိုမိုပြီး ဖျားနာနေသလိုမျိုး ပိန်ပါးသွားစေ၏။ သူ့ရဲ့ အနည်းငယ် နိမ့်ကျနေသည့် မျက်လုံးများက ရိဟန်ကိုသာ တည့်တည့်စိုက်ကြည့်နေသည်။

"ကျွန်တော်အဆင်ပြေပါတယ်"

ကျင်းယွမ်က အပြုံးတစ်ခုကို ဖြစ်ညှစ်ထုတ်ပြီး အမေ့ကို ပြန်ပြောသည်။

"အခုတော်တော်လေး သက်သာနေပါပြီ"

"သားက အချိန်တိုင်း ဒီလိုပဲပြောနေပြီးတော့, ဗိုက်ဆာနေပြီလား? အန်တီယန်းက ဆန်ပြုတ် ပြုတ်ပေးထားတယ်, တစ်ပန်းကန်လောက်သောက်လိုက်နော်" အမေက ခပ်လေးလေး သက်ပြင်းချသည်။

ကျင်းယွမ်က သူ့လည်ချောင်းကို ညင်ညင်သာသာ တစ်ချက် ရှင်းလိုက်ပြီး ကွဲအက်နေသည့် အသံဖြင့် ခပ်ဖြည်းဖြည်းပြောလာသည်။

"ရပါတယ်, ကျွန်တော်ဗိုက်မဆာသေးပါဘူး"

တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် ဖုရဲန်က မျက်မှောင်ကြုတ်ပြီး ဝင်ပြောလာ၏။

"မင်းကိုလည်းကြည့်ဦး, မင်းဖျားနေတာလေ ဘယ်လိုလုပ် မစားလို့ဖြစ်မှာလဲ? မဟုတ်ရင် ဘယ်လိုလုပ် ပြန်ကောင်းလာနိုင်မှာလဲ?"

ရိဟန်သည် ထိုလူကြီး လှေကားရင်းသို့ ရောက်သောအခါ ကူတွဲပေးရန်အတွက် ထသွားသည်။ ကျင်းယွမ်ရဲ့ ခေါင်းတစ်ခုလုံးက အဖျားကြောင့် မူးနောက်နေပေမယ့်လည်း ရိဟန်ကို သူ့ခန္တာကိုယ်အလေးချိန်ကြောင့် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် အတွက် သတိရှိနေဆဲပင်။

ကျင်းယွမ်က ကမ်းလှမ်းလာတဲ့လက်အား ဆုပ်ကိုင်ဖို့အတွက် အခွင့်အရေးလေး အသုံးချရုံသာရှိသည်။ နှစ်ယောက်သား ရိဟန်ထိုင်နေခဲ့သည့် ဆိုဖာဆီသို့သာ လျှောက်လာကြသည်။ အဲ့ဒီအချိန်ထိတောင် ကျင်းယွမ်က သူ့ကို မလွှတ်ပေးချင်ပေ။ သူက ရိဟန်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆက်ကိုင်ထားရင်းဖြင့် ဖုရဲန်ဘက်သို့ လှည့်လိုက်သည်။

"အခုမှ နိုးလာတာမို့လို့ ဖြစ်ပါလိမ့်မယ်" သူက ဖုရဲန်အား အပြုံးလေးဖြင့် ပြန်ဖြေသည်။

"ကျွန်တော်တကယ်ပဲ လုံးဝမဆာလို့ပါ, ပြီးမှ စားလိုက်မယ်လေ"

တကယ်တော့သူက ခဏလောက်သာ နိုးနေတာဖြစ်သည်။ အချိန်အများစုက ဒီအတိုင်း မှိန်းနေခဲ့တာပင်။

ရိဟန်ရဲ့လက်က သတိလက်လွတ်ဖြင့် ကျင်းယွမ်ကို ပြန်လည်ဆုပ်ကိုင်လိုက်မိသည်။

ထိုလူကြီးက သူ့ဘက်လှည့်ကာ မေးလာပြီး သူ့အသံထဲမှာ ပျော်ရွှင်မှု အနည်းငယ် ပါဝင်နေသည်။

"ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ပါဘူး" ရိဟန်က အဝေးကို အကြည့်လွှဲရင်း ပြန်ဖြေသည်။

ကျင်းယွမ်က မျက်လွှာချကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ထို့နောက် ညင်ညင်သာသာဖြင့် ချောင်းတစ်ချက်ဆိုးလိုက်၍ ရိဟန်ရဲ့ မိဘများဆီ ပြန်လှည့်သွား၏။

"ဦးလေး, အန်တီ, ကျွန်တော် မနက်ဖြန် ပြန်ဖို့ စီစဉ်ထားတယ်"

ရိဟန်ရဲ့ ခေါင်းလေးက ကျင်းယွမ်အား ဆတ်ခနဲလှည့်ကြည့်လာသည်။

"ဘာလို့ရုတ်တရက်ကြီး ပြန်ချင်ရတာလဲ?" အမေက အလန့်တကြား မေးသည်။

"အဲ့ဒီမှာ သားနဲ့ အိမ်ဖော်လေးတွေပဲ ရှိနေမှာလေ, ဘာအတွက် ပြန်မှာလဲ?ဘယ်လိုပဲဖြစ်ဖြစ် ဖျားလည်းဖျားနေတဲ့ဟာကို, အကယ်၍ ပြန်မယ်ဆိုရင် ဘယ်သူက သားကို ဂရုစိုက်ပေးမှာလဲ?"

"ကျွန်တော်က လူကြီးဖြစ်နေပါပြီ" ကျင်းယွမ်က နောက်တစ်ဖန်ပြုံးပြီးပြောလာသည်။

"ဒါက ဒီအတိုင်း အအေးမိတာလေးပါပဲ, အချိန်တိုင်း ဂရုစိုက်နေဖို့ မလိုဘူးလေ, ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီမှာလည်း အစေခံတစ်ချို့နဲ့ မိသားစုဆရာဝန် ရှိနေတာပဲ, သူတို့တွေ ကျွန်တော့်ကို မကြာခဏ ကြည့်ပေးလို့ရတာပဲ"

အမေက သူ့မသားထွေးလေးရဲ့ စိတ်မကောင်းဖြစ်နေသည့် အမူအယာကို တစ်ချက် ကြည့်လိုက်ပြီး ညင်ညင်သာသာ တုံ့ပြန်သည်။

"ဒီမှာလည်း အကုန်လုံးအဆင်ပြေနေတာပဲဟာကို, အခုချိန်ရောက်မှ ပြန်ပြောင်းဖို့ ဘာကြောင့်တွေးလိုကတာလဲ?"

"ချန်းဟုန်အနေနဲ့ ဒီကိုနေ့တိုင်းလာဖို့က တကယ်မလွယ်ဘူး" ကျင်းယွမ်က ပြန်ဖြေသည်

"အဲ့ဒါကလည်း အနှောင့်အယှက်တစ်ခုဖြစ်နေတယ်, ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က တစ်ညလုံး ချောင်းဆိုးနေတာ, ဟန်ဟန်က အအိပ်စက်တဲ့အပြင် တစ်ချိန်လုံး ကျွန်တော်နဲ့ တစ်အားနီးနေတာဆိုတော့ သူ့ကိုပါ အဖျားကူးသွားမှာစိုးလို့, ကောင်းကောင်းအိပ်ရအောင် ကိုယ့်အခန်းကိုယ်ပြန်အိပ်ပါလို့ ပြောတော့လည်း သူက ငြင်းတယ်, အခုဆို ညဘက်မှာ ချောင်းဆိုးဖို့တောင် ကြောက်နေပြီ ဒါပေမဲ့ ထိန်းထားလို့ကလည်း မရဘူး, သူက ကျွန်တော့်ချောင်းသံကြောင့် မကြာခဏ နှောင့်ယှက်ခံရပြီး အခုဆို အရမ်းပိန်လာပြီ,သူ့ခန္တာကိုယ်က အားနည်းတယ်, ဒီအတိုင်း ဘယ်လိုမှ ဆက်သွားလို့ မဖြစ်တော့ဘူး, ကျွန်တော် အိမ်ပြန်ချင်တယ်, ပြန်ကောင်းလာပြီဆိုမှ ပြီးတော့အကယ်၍.......ဟန်ဟန်ဆန္ဒရှိရင် ကျွန်တော်ဒီကို ပြန်ပြောင်းလာခဲ့မယ်"

ခဏတာ တိတ်ဆိတ်မှုတစ်ခု ပြီးသွားမှ ဖုရဲန်က ရုတ်တရက် ထမေးသည်။

"နှစ်ယောက်သား ရန်ဖြစ်ထားကြတာလား?"

ကျင်းယွမ်က ရိဟန်ရဲ့လက်ကို တင်းကြပ်စွာ ဆုပ်လိုက်မိသည်။ သူက ဆက်လက်နှုတ်ဆိတ်နေ၏။ မဟုတ်ပါဘူးဟုလည်း ပြောမလာပေ။

"သေချာပေါက် မဟုတ်ပါဘူး" ရိဟန်က တောင့်တင်းနေသည့် အပြုံးဖြင့် ဝင်ပြောသည်။

"ကျွန်တော်တို့ အဆင်ပြေကြပါတယ်, သူက ပြန်ပြောင်းချင်တဲ့ အကြောင်းလည်း ကျွန်တော်နဲ့ မတိုင်ပင်ဘူး"

"စုံတွဲတွေ ရန်ဖြစ်တယ်ဆိုတာ ဘာမှ မဆန်းဘူး, မကြာသေးခင်က မင်းတို့နစ်ယောက်ကြားမှာ တစ်ခုခုတော့ ဖြစ်ထားတယ်, အကယ်၍ ကျင်းယွမ် တကယ်ပဲ အိမ်ပြန်ချင်တယ်ဆိုရင် သူ့ကို ဂရုစိုက်ရအောင် ရိဟန်လည်း လိုက်သွားလို့ရတယ်, ကျင်းယွမ် တစ်ယောက်တည်းတော့ အိမ်ပြန်လို့မရဘူး, မင်းတို့နှစ်ယောက်လုံး အရွယ်ရောက်နေပြီ, ငါတို့က မင်းတို့ရဲ့ အကြီးအကဲတွေဆိုပေမယ့် ဆက်ဆံရေးဆိုတာမျိုးနဲ့ ပတ်သတ်ရင်တော့ ငါတို့လည်း မကူညီနိုင်ဘူး, ကိုယ့်ကိစ္စကို ကိုယ့်ဘာသာ ဆက်သွယ်ဖြေရှင်းလိုက်ကြ" ဖုရဲန်က ပြောသည်။

"ကောင်းပြီ, ရိဟန်, မင်းဘာမှ ရှင်းပြနေစရာ မလိုဘူး, မင်းအဖေက အရူးမဟုတ်ဘူး"

=============
Zaw Gyi

အခန္း(၁၄၇) - ျပန္ေျပာင္းေရႊ႔ျခင္း

ရိဟန္ရဲ႔ ပါးစပ္ေလးက ဖြင့္လုိက္ပိတ္လိုက္ ျဖစ္ေနမိသည္။ သူက ဝမ္းနည္းစြာ ျပန္တံု႔ျပန္၏။

"ဘိုးဘိုး, နားမလည္ပါဘူး"

က်ြန္ေတာ္တို႔က တကယ့္ ခ်စ္သူအစစ္ေတြ မျဖစ္နုိင္ဘူး, အရာအားလံုးက အလိမ္အညာေတြမို႔လို႔

"မင္းတို႔ကေလးေတြၾကားထဲမွာ ဘာေတြျဖစ္ေနလဲ ဆိုတာ ငါေသခ်ာေပါက္ နားမလည္ပါဘူး" လူအိုၾကီးပိုင္က ၾကားျဖတ္ေျပာသည္။

"ဒါေပမဲ့ , မင္းသိသင့္တာက ဒီတစ္ခ်ိန္လံုးမွာ က်င္းယြမ္က မင္းကို ဘယ္လိုဆက္ဆံလဲဆိုတာကိုပဲ, ငါျမင္ေနရတယ္, သူကမင္းကို ဆက္တိုက္ နီးစပ္ဖို႔ ၾကိဳးစားေနေပမယ့္ မင္းဘက္က ဆက္တိုက္သူ႔ကို ျငင္းဆန္ေနခဲ့တာ, အဲ့ဒါက ေၾကကြဲဖို႔ေကာင္းတယ္, အဲ့ဒါက အရမ္းလည္း နာက်င္ရတယ္, သူက အိမ္အျပင္ဘက္မွာ ဘယ္ေလာက္ပဲ သန္မာျပီး ခြန္အားၾကီးေနပါေစ သူ႔ရဲ႔ အႏူးည့ံဆံုးအပိုင္းကေတာ့ အျမဲတမ္း မင္းေရွ႔မွာပဲ ေပၚေပါက္ခဲ့တာ, မင္းလုပ္သမ်ွ လုပ္ရပ္တိုင္း၊ မင္းေျပာသမ်ွ စကားတိုင္း သူ႔ကိုနာက်င္ေစနုိင္တယ္, ခ်စ္သူတစ္ေယာက္အေနနဲ႔ မင္းက သူ႔ရဲ႔ အႏူးည့ံဆံုး အားအနည္းဆံုး အပိုင္းကို ကာကြယ္ေပးသင့္တာ, မင္းရဲ႔ အားသာခ်က္ကို အခြင့္ေကာင္းယူျပီး သူ႔ကိုနာက်င္ေအာင္ မလုပ္သင့္ဘူး, ဟုတ္တယ္မွတ္လား? အင္း, ေသခ်ာေပါက္ သူ႔ဘက္က တစ္ခုခု အမွားလုပ္လိုက္ျပီး ငါ့ရဲ႔ အဖိုးတန္တဲ့ အေသးေလးကို စိတ္မေကာင္းျဖစ္ေအာင္ လုပ္ထားတာဆိုရင္ေတာ့ တစ္နည္းနည္းနဲ႔ ဒါမွမဟုတ္ တူညီတဲ့ နည္းလမ္းနဲ႔ အျပစ္ေပးခံရမွာေပါ့ေလ!"

ဒါေပမဲ့ က်င္းယြမ္က ဘာမွ အမွားမလုပ္ထားဘူးေလ။ အဲ့ဒီလိုဆိုေပမယ့္ လက္ရွိအေျခအေနက ဘယ္သူ႔ကို အျပစ္တင္ရမွာလဲ?

ရိဟန္က သူ႔အဘိုးရဲ႔ ပုခံုးေပၚကို မွီတြယ္ထားလုိက္မိသည္။ သူ႔ေခါင္းတစ္ခုလံုး ရွဳပ္ေထြးေနမိ၏။ အမွန္တရားကို သိျပီးေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ ေဝဒနာက ေပ်ာက္ကြယ္သြားျပီး သူ႔စိတ္နွလံုး တစ္ျဖည္းျဖည္း တည္ျငိမ္လာတဲ့အခါမွာ သူသံသယ မဝင္ခဲ့တာေတာ့ မဟုတ္ခဲ့။

သူနဲ႔က်င္းယြမ္ရဲ႔ ၾကားထဲက ခ်စ္ျခင္းေမတၱာက လက္ေတြ႔ဆန္လြန္းတယ္။ အကယ္၍ က်င္းယြမ္သာဒီအတိုင္း သူ႔ခ်စ္သူအျဖစ္ ဟန္ေဆာင္ရံုပဲဆိုရင္ ဒီလူက သူ႔သရုပ္ေဆာင္မွဳမွာ အရမ္းအားထည့္ထားတယ္လို႔ ေျပာရမွာပဲ။ သူ႔လုပ္ရပ္ေတြ၊ သူ႔အၾကည့္ေတြ၊ ခ်စ္ျခင္းေမတၱာေတြနဲ႔ ျပည့္နွက္ေနတဲ့ ပေရာပရည္ လုပ္ျခင္းေတြ၊ အိပ္ယာေပၚမွာ ျဖစ္ေပၚလာတဲ့ ျပင္းျပတဲ့ ရူးသြပ္မွဳေတြ ဒါေတြအားလံုးက အတုအေယာင္ေတြလား? အကယ္၍ အဲ့ဒီလူသာ သူ႔ကို တကယ္ပဲ ညီေလးတစ္ေယာက္လိုပဲ သတ္မွတ္တယ္ဆိုရင္ ဒါေတြအားလံုးကို လုပ္ေနတဲ့အခ်ိန္ ဘယ္လိုမ်ား သဘာဝက်က် ျဖစ္ေနမွာလဲ?

က်င္းယြမ္က သူတို႔လက္ထပ္ပြဲအေၾကာင္း ေျပာေနတုန္းကဆိုရင္ သူ႔မ်က္လံုးက ေတာက္ပတဲ့ၾကယ္ပြင့္ေလးေတြလိုမ်ိဳး တစ္လက္လက္ ေတာက္ေနခဲ့တာ။ ရိဟန္ကသူ႔ကို ျငင္းလုိက္တဲ့အခ်ိန္မွာ ပိုင္ရွင္ရဲ႔ စြန္႔ပစ္ျခင္း ခံလုိက္ရတဲ့ ေခြးစုတ္ဖြားၾကီးလိုပဲ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားခဲ့တယ္။ အဲ့ဒီလူက အဲ့ဒီတုန္႔ျပန္မွုေတြအားလံုးကို ဟန္ေဆာင္ထားခဲ့တာလား?

ရိဟန္က က်င္းယြမ္ရဲ႔ အာရံုကို အလြယ္တကူ လႊဲေျပာင္းနုိင္ျပီး သူ႔ခံစားခ်က္ေတြကို ထိန္းခ်ဳပ္နုိင္တယ္။ အဲ့ဒါက 'ညီငယ္ေလးတစ္ေယာက္' လုပ္နုိင္တဲ့ အရာမ်ိဳးလား?

ရိဟန္အေနနဲ႔ သူတို႔ၾကားမွာ ျဖစ္ပ်က္ခဲ့သမ်ွ အရာအားလံုးကို ျပန္မေတြးပဲ မေနနိုင္ဘူး။ သူတို႔လုပ္ခဲ့တဲ့အရာတုိင္းကို ရွင္းရွင္းလင္းလင္း မွတ္မိေနတယ္၊ အရာအားလံုးက မိနစ္ပိုင္းေလာက္ထိ အေသးစိတ္က်က်ပဲ

သူအဲ့ဒီ မွတ္ဉာဏ္ေတြကို ျပန္ေခၚမိတိုင္းလည္း အဲ့ဒီေန႔က သူၾကားခဲ့တာက ဒီအတိုင္း ေနာက္ေျပာင္မွုတစ္ခုလို႔ မထိန္းခ်ဳပ္နုိင္စြာနဲ႔ စဥ္းစားမိတိုင္းပဲ။ ဘယ္လိုပဲျဖစ္ေနပါေစ သူၾကားခဲ့တာေတြက အမွန္တရားဆုိတာ သူသိတယ္။ အဲ့ဒီေန႔ကစျပီး သူ႔အေမရဲ႔ ခံစားခ်က္ေတြကလည္း သတိျပဳမိေလာက္တဲ့အထိ ေတာက္ပလာခဲ့တာ။ သူမက ေန႔တိုင္းေန႔တုိင္း ျပံဳးေနလိမ့္မယ္။ သူ႔အေဖလည္း အတူတူပဲ။ ပိုင္ဖုရဲန္ကလည္း ျမင္နုိင္ေလာက္သည္အထိကို ပိုျပီး ေအးေအးေဆးေဆး ျဖစ္လာတဲ့အျပင္ ပိုျပီး သက္ေတာင့္သက္သာျဖစ္လာခဲ့တယ္။ ဒါေတြအားလံုးက သူ မၾကာခင္ 'ျပန္ေကာင္း' သြားလိမ့္မယ္ဆိုတာေၾကာင့္ဆိုတာ ရိဟန္သိတာေပါ့။

အရင္တုန္းကေတာ့ သူ႔ဦးေနွာက္ကိုေတာင္ လံုးလံုးလ်ားလ်ား လက္ေလ်ာ့ေစနုိင္ေလာက္တဲ့ ေပ်ာ္ရႊင္တဲ့ဘဝေလး ရုတ္တရက္ ေရာက္လာခဲ့တာေၾကာင့္ သူတုန္လွဳပ္ခဲ့ရတယ္။ သူက အေစာကတည္းက ဉာဏ္ေကာင္းခဲ့တာေတာ့မ ဟုတ္ခဲ့ေပမယ့္ေပါ့။ အမွန္တရားကို သူသိတဲ့အခ်ိန္မွာေတာ့ အမွတ္တရေတြအမ်ားၾကီးကို ျပန္ေခၚဖို႔ မိနစ္ပိုင္းေလာက္ အခ်ိန္သံုးခဲ့တယ္။ အဲ့ဒီေတာ့မွ အရာအားလံုးက တမင္တကာ လုပ္ထားတယ္လို႔ ခံစားရေလာက္တဲ့အထိကို အရမ္းလြယ္ကူေနခဲ့တယ္ ဆုိတာကို သူနားလည္ခဲ့ရတာ။

အခု ျပန္စဥ္းစားၾကည့္မွသာ အဲ့ဒီတုန္းက သူအိမ္မက္ မက္ေနခဲ့တာမ်ားလားလို႔ ထင္ရေလာက္တဲ့အထိ ျဖစ္ခဲ့ရတဲ့ 'ေပ်ာ္ရႊင္ဖြယ္အခ်ိန္' ေလးေတြက အကုန္လံုး သူ႔မိသားစုက စီစဥ္ေပးထားတဲ့ 'ကုသမွဳ' ပဲ ျဖစ္မွာ။

သူနားမလည္နုိင္တဲ့ တစ္ဦးတည္းေသာလူက က်င္းယြမ္ပဲ။ သူ႔ရဲ႔ စိတ္ပ်က္အားငယ္မႈနဲ႔ အံအားသင့္မွုေတြအားလံုးက အရမ္းကို စစ္မွန္လြန္းတယ္။ သူလႊမ္းျခံဳေပးထားတဲ့ ေစတနာနဲ႔ ခ်စ္ျခင္းေမတၱာေတြကလည္း စစ္မွန္လြန္းတယ္။ အရမ္းကို စစ္မွန္လြန္းလို႔ ယံုခ်င္ေလာက္တဲ့အထိကိုျဖစ္ေနခဲ့တာ။

ဒါေပမဲ့ သူမဝ့ံရဲဘူး။ ယံုၾကည္ဖို႔လည္း အရမ္းေၾကာက္မိတယ္။ သူျပန္ျပီး ေမြးဖြားလာကစတုန္းက က်င္းယြမ္ရဲ႔ သေဘာထားက သူေမ်ွာ္လင့္ထားတာေတြ အားလံုးကို ေက်ာ္ျဖတ္သြားခဲ့တယ္။ သူထင္ခဲ့တာက အရင္ဘဝတုန္းက သူကသာ ရူးခဲ့တာလို႔ေပါ့။ သူက အေပၚယံကိုပဲၾကည့္ျပီး ဘဝမွာ သူခ်စ္ခဲ့ရတဲ့လူကို ျဖတ္ေက်ာ္ခဲ့မိတယ္ေပါ့။

အဲ့ဒီေန႔က သူၾကားခဲ့ရတာေတြက အဲ့ဒီခံယူခ်က္ကို ေနာက္တစ္ေခါက္ ေျပာင္းလဲသြားေစခဲ့တယ္။ သူၾကားခဲ့ရတဲ့ အရာေတြက သူ႔ကို ရက္ရက္စက္စက္ ေျပာျပေနခဲ့တာ သူ႔မွာရွိခဲ့တဲ့ ျပီးျပည့္စံုတဲ့အခ်စ္ဆိုတာ ဒီအတိုင္း အလိမ္အညာ ေထာင္ေခ်ာက္တစ္ခုပဲတဲ့။ အဲ့ဒါက သူစိတ္ဆုိးလို႔ေတာင္ မရနုိင္တဲ့ လွည့္စားျခင္း ျဖစ္ေနခဲ့တယ္

ရိဟန္အေပၚ ခ်စ္တဲ့ က်င္းယြမ္ရဲ႔ ခ်စ္ျခင္းတရားေတြက ပင္လယ္လုိမ်ိဳး အရမ္းကို နက္ရွိုင္းလြန္းလို႔ လူတိုင္းက ေျပာၾကတယ္။ ဒါေပမဲ့ အဲ့ဒီစကားကို သူၾကားလိုက္ရတိုင္း သူ႔နွလံုးသားကို ေနာက္ထပ္ဓားတစ္ေခ်ာင္း ထပ္စိုက္တာပဲေလ။ သူယံုၾကည္ခ်င္တယ္ ဒါေပမဲ့ သတၱိမရွိဘူး။ အကယ္၍ ေမ်ွာ္လင့္ခ်က္ မရွိဘူးဆိုရင္ ဝမ္းနည္း စိတ္ပ်က္ရျခင္းလည္း ရွိလာမွာ မဟုတ္ဘူး။

အကယ္၍သူသာ ေနာက္တစ္ေခါက္ ဝမ္းနည္း စိတ္ပ်က္မွဳနဲ႔ ေတြ႔ဆံုရမယ္ဆိုရင္ စိတ္ပ်က္အားငယ္ျခင္း စက္ဝန္းထဲကို က်ေရာက္သြားလိမ့္မယ္။ အရာအားလံုးကို အေနခက္စြာနဲ႔ ေျပလည္ေအာင္ မျေဖရွင္းနုိင္ပဲ စကားလည္းမေျပာနုိင္ ျဖစ္မယ့္အျပင္ နွစ္ဖက္လံုးကို စိတ္ညစ္ရေစမွာ။ အဲဒါေၾကာင့္ သူတို႔ၾကားထဲက ကိစၥေတြ အဆံုးသတ္သြားဖို႔ပဲ သူေမ်ွာ္လင့္မိတယ္။ အဲ့ဒါက လမ္းခြဲဖို႔ပဲျဖစ္ျဖစ္ လက္ထပ္တာပဲျဖစ္ျဖစ္ ဂရုမစိုက္ဘူး။

ရိုးရိုးသားသားေျပာရရင္ သူၾကားခဲ့တဲ့အရာေတြက ဒီအတိုင္း နားလည္မွု လြဲမွားျခင္းသာ ျဖစ္ဖို႔အတြက္ သူအရမ္းကို ေမ်ွာ္လင့္ခဲ့ရတာ။ ဒါေပမဲ့ အဲ့ဒီလိုျဖစ္နုိင္ဖို႔ အခြင့္အေရးက အရမ္းကို နည္းပါးလြန္းတယ္။ အရမ္းအရမ္းကို နည္းပါးလြန္းလို႔ ေသးငယ္တဲ့ ေမ်ွာ္လင့္ခ်က္ေလးကေတာင္ လင္းလက္ေတာက္ပဖို႔ ထြက္ေပၚလာဖို႔ မဝ့ံရဲဘူး။

အဲဒါက အရမ္းကို နည္းပါးလြန္းလို႔လည္း ရိဟန္က အဲ့ဒီအေတြးေလးကို ဖိနွိပ္ျပီး သူ႔ေခါင္းေနာက္ပဲ ပစ္ထည့္ထားလုိက္တာ။

"က်ြန္ေတာ့္ကို အခ်ိန္နည္းနည္းေတာ့ေပးပါ" ရိဟန္က သူ႔အဘိုးအား တိုးတိုးေလး ေျပာလိုက္သည္။ သူအခု အရမ္းကို စိတ္ေတြေပ်ာက္ဆံုးျပီး ပင္ပန္းႏြမ္းနယ္ေနမိတာပင္။

"တကယ္ပဲ က်ြန္ေတာတို႔ဒါကို ဒီအတိုင္းဆက္သြားလို႔ေတာ့ မရဘူးပဲ"

လူအိုၾကီးပိုင္သည္ ရိဟန္ရဲ႔ အသံထဲက ဝမ္းနည္းေၾကကြဲမွုကို ခံစားရတာေၾကာင့္ သူ႔နွလံုးသားတစ္ခုလံုး တင္းၾကပ္သြား၇သည္။ သူက ရိဟန္ရဲ႔ ေနာက္ေက်ာေလးအား ညင္ညင္သာသာ ပုတ္ေပးရင္းျပန္ေျပာလာေလသည္။

"ေကာင္းျပီ, ဝမ္းမနည္းနဲ႔ေတာ့ ဘိုးဘုိးရဲ႔ အခ်စ္ဆံုးေလး, ဘိုးဘိုးထပ္ မေမးေတာ့ဘူး, မင္းတို႔ကိစၥကို မင္းတို႔နွစ္ေယာက္ ေျဖရွင္းဖို႔ပဲ လႊတ္ေပးထားမယ္, ဟန္ဟန္ မင္းက အခု အရြယ္ေရာက္လာျပီ, ကိစၥအမ်ားစုကို မင္းဘာသာမင္း ေျဖရွင္းနိုင္တယ္, အကယ္၍ နားမလည္တာ တစ္ခုခု ရွိလာခဲ့ရင္ ဘိုးဘိုးဆီလာျပီး ေမးလို႔ရတယ္, မင္းအဘြားနဲ႔ငါက နွစ္ေပါင္းမ်ားစြာ ေပ်ာ္ရႊင္မွုနဲ႔ ရွင္သန္ခဲ့ၾကတာ, ငါက အရမ္းကို အေတြ႔အၾကံဳရွိတယ္"

ရိဟန္က သူ႔လက္ေမာင္းေလးမ်ားျဖင့္ သူ႔အဘိုးရဲ႔ လည္ပင္းအား သိုင္းဖက္လုိက္ေတာ့ေလသည္။

"ဟုတ္ကဲ့ပါ"

***

ရိဟန္က က်င္းယြမ္သူ႔ အဖ်ားကေန အျပည့္အဝ ျပန္သက္သာလာတဲ့အခ်ိန္မွာ နွစ္ေယာက္သား ေဆြးေႏြးၾကဖို႔ စီစဥ္ထားခဲ့တာပင္။ သူက ထိုကိစၥအား ေစာစီးစြာ အဆံုးသတ္ခ်င္မိသည္။ သူက တိတ္တဆိတ္ျဖင့္ ဘယ္သူ႔ကိုမွ မေျပာပဲ အိမ္တစ္လံုးပါ ဝယ္ထားလုိက္သည္။ အရာအားလံုးျပီးသြားရင္ သူမၾကာခင္မွာ ထြက္သြားေတာ့မယ္ေလ။

ျဖစ္နုိင္တာ အရင္တုန္းက ရႊယ္ခ်င္းနဲ႔ က်င္းယြမ္တို႔ ေစ့စပ္ပြဲကို ဖ်တ္သိမ္းခဲ့သလိုမ်ိဳး သူလည္း တစ္စံုတစ္ေယာက္နဲ႔ ခ်စ္မိသြားလို႔ပါလို႔ သက္ေသျပဖို႔အတြက္ သူနဲ႔အတူ ဟန္ေဆာင္ေပးဖို႔ တစ္ေယာက္ေယာက္ ရွာရင္ရွာမွာေပါ့။ ျပီးရင္ သူ႔လက္တြဲေဖာ္အသစ္နဲ႔ ကိုယ္ပိုင္အခ်ိန္ေလး လိုအပ္လို႔ပါဆိုျပီး အေၾကာင္းျပခ်က္ေပးရင္း ထြက္သြားလို႔ရမယ္။

ဒါက အခ်ိန္ၾကာလာတာနဲ႔အမ်ွ နွုတ္ေခ်ာ္ျပီး ေျပာမိမွာမ်ိဳးကို ေရွာင္ရွားဖို႔အတြက္ အေကာင္းဆံုး နည္းလမ္းပဲ။ လူတိုင္းလည္း ေပ်ာ္ရႊင္ရလိမ့္မယ္။ ဘယ္သူမွလည္း ဒုကၡမေရာက္ေတာ့ဘူး။ ဒါေပမဲ့ ရႊယ္ခ်င္းနဲ႔ ထ်န္းေယာင္ရဲ႔ အခ်စ္က အစစ္အမွန္ ျဖစ္ေနတဲ့အခ်ိန္မွာ သူကေတာ့ အတုအေယာင္ေပါ့ေလ။ အဲ့ဒီလိုဆိုရင္ေတာင္ လူတိုင္းအဆင္ေျပေနသ၍ ဘာအေရးၾကီးမွာလဲ?

သို႔ေသာ္လည္း ထိုအစီအစဥ္က မၾကာခင္ အေကာင္အထည္ေပၚလာဖို႔ မလြယ္ကူခဲ့ေပ။ ဖ်ားနာခဲတဲ့လူေတြက တကယ္ ျဖစ္လာရင္ ဆိုးဆိုးဝါးဝါး ခံစားရလိမ့္မယ္ဟုလူတိုင္းေျပာၾကသည္။ ဒါက မွန္ကန္တာလည္း ျဖစ္ေကာင္းျဖစ္နုိင္သည္ေလ။ က်င္းယြမ္ရဲ႔ အဖ်ားက အရမ္းကို ျပင္းထန္လြန္းလို႔ ပိုးအိမ္မွ ပိုးၾကိဳးကို တစ္ေခ်ာင္းခ်င္းဆီ ဆြဲထုတ္ေနသလိုပင္ အခ်ိန္ၾကာျမင့္လာခဲ့သည္။

နွစ္ပတ္လံုးလံုး ၾကာသြားခဲ့တာေတာင္ ထိုလူက ဖ်ားနာေနဆဲပဲ။ က်င္းယြမ္သည္လည္း အေတာ္ေလးကို ပိန္ပါးသြားသည္။ သူ႔ရဲ႔ ဆြဲေဆာင္မွုအားေကာင္းလွသည့္ ညွပ္ရိုးသည္လည္း အေရျပားေအာက္ကေန ထင္းထြက္ေနေလျပီ။ ဒါသည္ ၾကည့္ဖို႔ပင္ ခက္ခဲလွသည့္ ျမင္ကြင္းတစ္ခုပင္။

အလုပ္နဲ႔ ပတ္သတ္ရင္ေတ့ အမ်ားစုက ခ်န္ဟုန္းသာ လုပ္ေနရသည္။ ထိုလူက အေရးၾကီး စာရြက္စာတမ္းမ်ားဆိုရင္ ပိုင္မိသားစုအိမ္ဆီသို႔ လာပို႔ေပးသည္ေလ။ က်င္းယြမ္ကေတာ့ ေန႔တိုင္းေန႔တိုင္းမွာ အားတင္းထ၍ ကုမၼဏီပံုမွန္အတိုင္းလည္ပတ္ေစရန္ video conference ထိုင္ေပးရသည္။

ပိုင္မိသားစုအိမ္တြင္....

"ဟန္ဟန္, က်င္းယြမ္အိပ္ေနတုန္းလား?" အေမက မ်က္ေမွာင္ၾကဳတ္ရင္း ေျပာလာသည္။ သူမက ဧည့္ခန္းဆိုဖာေပၚတြင္ သူမရဲ႔ ခင္ပြန္းသည္နွင့္ အငယ္ဆံုးသားေလးနဲ႔အတူ ထိုင္ေနျခင္းပင္။

"ဟုတ္တယ္" ရိဟန္က သူ႔နွဖူးကို နွိပ္နယ္ဖို႔ လက္ေျမွာက္ရင္း ျပန္ေျဖသည္။

"သူတစ္ညလံုး ေခ်ာင္းေတြဆိုးေနတာ, မိုးလင္းခါနီးမွ ေကာင္းေကာင္းအိပ္ေပ်ာ္သြားတယ္, ဒီေန႔လည္း ကို္ယ္က ေႏြးေနတုန္းပဲ"

"ငါတို႔လည္း ေဆးရံုေတြစံုေနျပီ" အေမက သက္ျပင္းခ်သည္။

"မိသားစု ဆရာဝန္ကိုလည္း ထပ္တလဲလဲ စစ္ေဆးခိုင္းတယ္, က်င္းယြမ္က ေဆးလည္းေသာက္တယ္၊ အဖ်ားက်ေဆးလည္း ထိုးေပးထားတယ္, ဘာလို႔ အခုထိ မသက္သာေသးတာလဲ? မၾကာခင္ အေရခြံနဲ႔ အရိုးပဲက်န္ေတာ့မယ္"

ထို႔ေနာက္သူမက သူမသားေလးရဲ႔ စိုးရိမ္ပူပန္ေနေသာ မ်က္နွာေလးကို ပြတ္သပ္လုိက္သည္။

"သားလည္း ေကာင္းေကာင္းအိပ္မေပ်ာ္ဘူးမွတ္လား? သားက သူ႔ကိုတစ္ခ်ိန္လံုး ဂရုစိုက္ေပးေနတာ, ၾကည့္စမ္းပါဦး သားလည္း ေတာ္ေတာ္ပိန္သြားတာပဲ, သူအိပ္ေနတုန္း တစ္ေရးေလာက္ အိပ္လုိက္ပါလား? အကယ္၍ သူနိုးလာရင္ အန္တီယန္းနဲ႔ အေမတို႔ သူ႔ကို ဂရုစိုက္ေပးလုိ႔ရတာပဲ"

"က်ြန္ေတာ္အဆင္ေျပပါတယ္" ရိဟန္ကအျပံဳးေလးနဲ႔ ျပန္ေျဖသည္။

"က်ြန္ေတာ္ မပင္ပန္းပါဘူး"

"ငါ့သားေလးက အရြယ္ေရာက္လာျပီပဲ" အေမက ခ်စ္ခင္ျမတ္နိုးစြာျဖင့္ ခပ္ေသာေသာေလး ရယ္ေမာသည္။

"အခုဆို တစ္ေယာက္ေယာက္ကို ဘယ္လို ဂရုစိုက္ေပးရမလဲ ဆုိတာေတာင္ သိေနျပီ"

သူမရဲ႔ အၾကည့္က အခန္းထဲကို ျဖည္းညွင္းစြာ လွည့္ပတ္ေရာက္သြားျပီးေနာက္ ေလွကားေနရာသို႔ အေရာက္မွာ ေအးခဲသြားရသည္။

"က်င္းယြမ္," သူမက အ့ံအားတစ္သင့္ လွမ္းေခၚသည္။

"နိုးလာျပီလား, ဘယ္လိုေနေသးလဲ?"

က်င္းယြမ္က ေလွကားထိပ္မွာ ရပ္ေနတာပင္။ သူ႔မ်က္နွာက ျဖဴစုတ္ေနသည္။ သူ႔နွုတ္ခမ္းမ်ားသည္လည္း တူညီစြာပင္ ျဖဴေဖ်ာ့ေန၏။ သူက အခန္းထဲက မထြက္လာခင္မွာ ပံုမွန္ အဝတ္အစားျဖစ္သည့္ အနက္ေရာင္ ေကာ္လာရွပ္နဲ႔ အနက္ေရာင္ ေဘာင္းဘီရွည္အားဝတ္လာသည္။ အဲ့ဒါက သူ႔အား ပိုမိုျပီး ဖ်ားနာေနသလိုမ်ိဳး ပိန္ပါးသြားေစ၏။ သူ႔ရဲ႔ အနည္းငယ္ နိမ့္က်ေနသည့္ မ်က္လံုးမ်ားက ရိဟန္ကိုသာ တည့္တည့္စိုက္ၾကည့္ေနသည္။

"က်ြန္ေတာ္အဆင္ေျပပါတယ္"

က်င္းယြမ္က အျပံဳးတစ္ခုကို ျဖစ္ညွစ္ထုတ္ျပီး အေမ့ကို ျပန္ေျပာသည္။

"အခုေတာ္ေတာ္ေလး သက္သာေနပါျပီ"

"သားက အခ်ိန္တိုင္း ဒီလိုပဲေျပာေနျပီးေတာ့, ဗိုက္ဆာေနျပီလား? အန္တီယန္းက ဆန္ျပဳတ္ ျပဳတ္ေပးထားတယ္, တစ္ပန္းကန္ေလာက္ေသာက္လုိက္ေနာ္" အေမက ခပ္ေလးေလး သက္ျပင္းခ်သည္။

က်င္းယြမ္က သူ႔လည္ေခ်ာင္းကို ညင္ညင္သာသာ တစ္ခ်က္ ရွင္းလိုက္ျပီး ကြဲအက္ေနသည့္ အသံျဖင့္ ခပ္ျဖည္းျဖည္းေျပာလာသည္။

"ရပါတယ္, က်ြန္ေတာ္ဗိုက္မဆာေသးပါဘူး"

တစ္ခ်ိန္လံုး နွုတ္ဆိတ္ေနသည့္ ဖုရဲန္က မ်က္ေမွာင္ၾကဳတ္ျပီး ဝင္ေျပာလာ၏။

"မင္းကိုလည္းၾကည့္ဦး, မင္းဖ်ားေနတာေလ ဘယ္လိုလုပ္ မစားလို႔ျဖစ္မွာလဲ? မဟုတ္ရင္ ဘယ္လုိလုပ္ ျပန္ေကာင္းလာနုိင္မွာလဲ?"

ရိဟန္သည္ ထိုလူၾကီး ေလွကားရင္းသို႔ ေရာက္ေသာအခါ ကူတြဲေပးရန္အတြက္ ထသြားသည္။ က်င္းယြမ္ရဲ႔ ေခါင္းတစ္ခုလံုးက အဖ်ားေၾကာင့္ မူးေနာက္ေနေပမယ့္လည္း ရိဟန္ကို သူ႔ခႏာၱကိုယ္အေလးခ်ိန္ေၾကာင့္ ဝန္ထုတ္ဝန္ပိုး မျဖစ္ေစရန္ အတြက္ သတိရွိေနဆဲပင္။

က်င္းယြမ္က ကမ္းလွမ္းလာတဲ့လက္အား ဆုပ္ကိုင္ဖုိ႔အတြက္ အခြင့္အေရးေလး အသံုးခ်ရံုသာရွိသည္။ နွစ္ေယာက္သား ရိဟန္ထိုင္ေနခဲ့သည့္ ဆိုဖာဆီသို႔သာ ေလ်ွာက္လာၾကသည္။ အဲ့ဒီအခ်ိန္ထိေတာင္ က်င္းယြမ္က သူ႔ကို မလႊတ္ေပးခ်င္ေပ။ သူက ရိဟန္ရဲ႔ လက္ကို တင္းတင္းၾကပ္ၾကပ္ ဆက္ကိုင္ထားရင္းျဖင့္ ဖုရဲန္ဘက္သို႔ လွည့္လိုက္သည္။

"အခုမွ နိုးလာတာမို႔လို႔ ျဖစ္ပါလိမ့္မယ္" သူက ဖုရဲန္အား အျပံုးေလးျဖင့္ ျပန္ေျဖသည္။

"က်ြန္ေတာ္တကယ္ပဲ လံုးဝမဆာလို႔ပါ, ျပီးမွ စားလိုက္မယ္ေလ"

တကယ္ေတာ့သူက ခဏေလာက္သာ နိုးေနတာျဖစ္သည္။ အခ်ိန္အမ်ားစုက ဒီအတုိင္း မွိန္းေနခဲ့တာပင္။

ရိဟန္ရဲ႔လက္က သတိလက္လြတ္ျဖင့္ က်င္းယြမ္ကို ျပန္လည္ဆုပ္ကိုင္လိုက္မိသည္။

ထိုလူၾကီးက သူ႔ဘက္လွည့္ကာ ေမးလာျပီး သူ႔အသံထဲမွာ ေပ်ာ္ရႊင္မွု အနည္းငယ္ ပါဝင္ေနသည္။

"ဘာျဖစ္လို႔လဲ?"

"ဘာမွမဟုတ္ပါဘူး" ရိဟန္က အေဝးကို အၾကည့္လႊဲရင္း ျပန္ေျဖသည္။

က်င္းယြမ္က မ်က္လႊာခ်ကာ နွုတ္ခမ္းကို တင္းတင္းေစ့လုိက္မိသည္။ ထို႔ေနာက္ ညင္ညင္သာသာျဖင့္ ေခ်ာင္းတစ္ခ်က္ဆိုးလုိက္၍ ရိဟန္ရဲ႔ မိဘမ်ားဆီ ျပန္လွည့္သြား၏။

"ဦးေလး, အန္တီ, က်ြန္ေတာ္ မနက္ျဖန္ ျပန္ဖို႔ စီစဥ္ထားတယ္"

ရိဟန္ရဲ႔ ေခါင္းေလးက က်င္းယြမ္အား ဆတ္ခနဲလွည့္ၾကည့္လာသည္။

"ဘာလုိ႔ရုတ္တရက္ၾကီး ျပန္ခ်င္ရတာလဲ?" အေမက အလန္႔တၾကား ေမးသည္။

"အဲ့ဒီမွာ သားနဲ႔ အိမ္ေဖာ္ေလးေတြပဲ ရွိေနမွာေလ, ဘာအတြက္ ျပန္မွာလဲ?ဘယ္လိုပဲျဖစ္ျဖစ္ ဖ်ားလည္းဖ်ားေနတဲ့ဟာကို, အကယ္၍ ျပန္မယ္ဆိုရင္ ဘယ္သူက သားကို ဂရုစိုက္ေပးမွာလဲ?"

"က်ြန္ေတာ္က လူၾကီးျဖစ္ေနပါျပီ" က်င္းယြမ္က ေနာက္တစ္ဖန္ျပံဳးျပီးေျပာလာသည္။

"ဒါက ဒီအတုိင္း အေအးမိတာေလးပါပဲ, အခ်ိန္တိုင္း ဂ႐ုစိုက္ေနဖို႔ မလိုဘူးေလ, ဘယ္လိုပဲျဖစ္ျဖစ္ အဲ့ဒီမွာလည္း အေစခံတစ္ခ်ိဳ႔နဲ႔ မိသားစုဆရာဝန္ ရွိေနတာပဲ, သူတို႔ေတြ က်ြန္ေတာ့္ကုိ မၾကာခဏ ၾကည့္ေပးလုိ႔ရတာပဲ"

အေမက သူ႔မသားေထြးေလးရဲ႔ စိတ္မေကာင္းျဖစ္ေနသည့္ အမူအယာကို တစ္ခ်က္ ၾကည့္လုိက္ျပီး ညင္ညင္သာသာ တံု႔ျပန္သည္။

"ဒီမွာလည္း အကုန္လံုးအဆင္ေျပေနတာပဲဟာကို, အခုခ်ိန္ေရာက္မွ ျပန္ေျပာင္းဖို႔ ဘာေၾကာင့္ေတြးလို္ကတာလဲ?"

"ခ်န္းဟုန္အေနနဲ႔ ဒီကိုေန႔တုိင္းလာဖို႔က တကယ္မလြယ္ဘူး" က်င္းယြမ္က ျပန္ေျဖသည္

"အဲ့ဒါကလည္း အေနွာင့္အယွက္တစ္ခုျဖစ္ေနတယ္, ျပီးေတာ့ဘယ္လိုပဲျဖစ္ျဖစ္ က်ြန္ေတာ္က တစ္ညလံုး ေခ်ာင္းဆိုးေနတာ, ဟန္ဟန္က အအိပ္စက္တဲ့အျပင္ တစ္ခ်ိန္လံုး က်ြန္ေတာ္နဲ႔ တစ္အားနီးေနတာဆိုေတာ့ သူ႔ကိုပါ အဖ်ားကူးသြားမွာစိုးလို႔, ေကာင္းေကာင္းအိပ္ရေအာင္ ကိုယ့္အခန္းကိုယ္ျပန္အိပ္ပါလို႔ ေျပာေတာ့လည္း သူက ျငင္းတယ္, အခုဆို ညဘက္မွာ ေခ်ာင္းဆိုးဖို႔ေတာင္ ေၾကာက္ေနျပီ ဒါေပမဲ့ ထိန္းထားလို႔ကလည္း မရဘူး, သူက က်ြန္ေတာ့္ေခ်ာင္းသံေၾကာင့္ မၾကာခဏ ေနွာင့္ယွက္ခံရျပီး အခုဆို အရမ္းပိန္လာျပီ,သူ႔ခႏာၱကိုယ္က အားနည္းတယ္, ဒီအတိုင္း ဘယ္လိုမွ ဆက္သြားလို႔ မျဖစ္ေတာ့ဘူး, က်ြန္ေတာ္ အိမ္ျပန္ခ်င္တယ္, ျပန္ေကာင္းလာျပီဆိုမွ ျပီးေတာ့အကယ္၍.......ဟန္ဟန္ဆႏၵရွိရင္ က်ြန္ေတာ္ဒီကို ျပန္ေျပာင္းလာခဲ့မယ္"

ခဏတာ တိတ္ဆိတ္မွုတစ္ခု ျပီးသြားမွ ဖုရဲန္က ရုတ္တရက္ ထေမးသည္။

"နွစ္ေယာက္သား ရန္ျဖစ္ထားၾကတာလား?"

က်င္းယြမ္က ရိဟန္ရဲ႔လက္ကို တင္းၾကပ္စြာ ဆုပ္လုိက္မိသည္။ သူက ဆက္လက္နွုတ္ဆိ္တ္ေန၏။ မဟုတ္ပါဘူးဟုလည္း ေျပာမလာေပ။

"ေသခ်ာေပါက္ မဟုတ္ပါဘူး" ရိဟန္က ေတာင့္တင္းေနသည့္ အျပံဳးျဖင့္ ဝင္ေျပာသည္။

"က်ြန္ေတာ္တို႔ အဆင္ေျပၾကပါတယ္, သူက ျပန္ေျပာင္းခ်င္တဲ့ အေၾကာင္းလည္း က်ြန္ေတာ္နဲ႔ မတိုင္ပင္ဘူး"

"စံုတြဲေတြ ရန္ျဖစ္တယ္ဆိုတာ ဘာမွ မဆန္းဘူး, မၾကာေသးခင္က မင္းတို႔နစ္ေယာက္ၾကားမွာ တစ္ခုခုေတာ့ ျဖစ္ထားတယ္, အကယ္၍ က်င္းယြမ္ တကယ္ပဲ အိမ္ျပန္ခ်င္တယ္ဆိုရင္ သူ႔ကို ဂရုစိုက္ရေအာင္ ရိဟန္လည္း လိုက္သြားလို႔ရတယ္, က်င္းယြမ္ တစ္ေယာက္တည္းေတာ့ အိမ္ျပန္လုိ႔မရဘူး, မင္းတို႔နွစ္ေယာက္လံုး အရြယ္ေရာက္ေနျပီ, ငါတုိ႔က မင္းတို႔ရဲ႔ အၾကီးအကဲေတြဆိုေပမယ့္ ဆက္ဆံေရးဆိုတာမ်ိဳးနဲ႔ ပတ္သတ္ရင္ေတာ့ ငါတို႔လည္း မကူညီနုိင္ဘူး, ကိုယ့္ကိစၥကို ကိုယ့္ဘာသာ ဆက္သြယ္ေျဖရွင္းလုိက္ၾက" ဖုရဲန္က ေျပာသည္။

"ေကာင္းျပီ, ရိဟန္, မင္းဘာမွ ရွင္းျပေနစရာ မလိုဘူး, မင္းအေဖက အရူးမဟုတ္ဘူး"

=============

Continue Reading

You'll Also Like

322K 41.1K 32
Chengchi family Extra Only ( 30 parts ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author...
335K 26.6K 29
Mini Story Uni Life Style Sweet Romance
80K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...