ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၃)
မျက်မှောက်ခေတ်ကာလ
March 29,10:48AM
နန်းထိုက်တော်ဝင်ဆေးရုံကြီး၏ သီးသန့်အခန်းထဲတွင် လူလတ်ပိုင်းအရွယ် ကောင်လေးတစ်ယောက်ဟာဆိုလျှင် ကုတင်ပေါ်မှ ပိုက်များသွယ်တန်းလျှက်ရှိနေသော ကောင်ငယ်လေးအားကြည့်ရင်း မျက်ဝန်းပြာလေးများမှ မျက်ရည်လေးတွေဝေ့ဝဲလာရသည်။
ဦးညို သားကြီးကို တစိမ့်စိမ့်ကြည့်ရင်း စိုးရိမ်ပူပန်လာသည့်စိတ်များက ထိန်းမရ။
သားလေး သတိမလည်လာသေးတာ ဒီနေ့နှင့်ဆိုလျှင် 2လကျော် 3လနီးပါးထိ ရောက်နေပြီပဲဖြစ်သည်။
ဘယ်ဆီဘယ်ဝယ်ရောက်လို့ ဘယ်လိုတွေများ ခိုကိုးရာမဲ့ လွင့်မြောနေသလဲဆိုတာမသိရ။အေးစက်စက်နေရာတွေမှာများ အထီးကျန်နေမလား၊ကမ္ဘာကြီးရဲ့ ဘယ်နေရာထိကိုများ လွင့်မြောနေသလဲဆိုတာ မသိရသည့် အတွက် ပိုလို့စိတ်ပူမိသည်။
ကိုကိုနှင့်သားငယ်က အရေးကြီးအစည်းအဝေးရှိသည့်အတွက် ရုံးကိုသွားသောကြောင့် သားကြီးဘေးတွင် ဦးညိုတစ်ယောက်ထဲကျန်ခဲ့ခြင်းဖြစ်သည်။
“ပါးပါးသားလေး ဘယ်တွေရောက်နေတာလဲဟင်...လည်ပတ်လို့ဝရင်လည်း ပါးပါးတို့ဆီအမြန်ပြန်လာခဲ့တော့နော်...ပါးပါးတို့စောင့်နေတယ်....နော် ဧကလေး...ပါးပါးတို့ဆီ မြန်မြန်ပြန်လာခဲ့ပေးပါ...သားရယ်....”
ဦးညို တိုးတိတ်စွာပြောရင်း မျက်ရည်များက ကျဆင်းလာပြန်သည်။သားကို ပြင်းပြင်းထန်ထန်သတိရစိတ်ပူမိတိုင်း ကျဆင်းလာသည့် မျက်ရည်ပူများဟာဆိုလျှင် တစ်ရက်ထပ်တစ်ရက်ပိုများလာတာပဲရှိသည်။ သူငိုလျှင် ကိုကိုနှင့်သားငယ်လေးတို့ပို၍ ခံစားရသဖြင့် ကိုကိုတို့ရှေ့မငိုမိအောင် ထိန်းထားသော်လည်း ကိုကိုတို့မရှိသည့်အချိန်တိုင်း ခုလို သားကြီးမျက်နှာလေးကိုကြည့်ပြီးငိုမိသည်ကအခါခါပင်ဖြစ်သည်။
ထို့နောက်တွင်တော့ ဦးညို သား၏ပါးပြင်နုနုလေးကိုအသာပွတ်သပ်ရင်း နှဖူးပြင်လေးကိုဖွဖွလေးအနမ်းပေးလိုက်သည်။
အခန်းအပြင်တွင် အသာအယာဖွင့်ဟထားသော တံခါးပေါက်မှတစ်ဆင့် ထိုအချင်းအရာကိုကြည့်ပြီး တိတ်တိတ်လေး မျက်ရည်ဝဲနေသော လူတစ်ယောက်လည်းရှိလေသည်။ထိုလူ၏စိတ်ထဲတွင်တော့
ဒီမိသားစုလေးကိုကောင်းကောင်းမကာကွယ်ပေးနိုင်လို့ဆိုသည့် အပြစ်တင်စိတ်များကြီးစိုးနေခဲ့လေသည်။
*********
မျက်မှောက်ခေတ်ကာလ၊ရှမ်းပြည်နယ်
March 29,11:30AM
မင်းမဟာဟော်နန်း၏ စားဖိုဆောင်ထဲရှိ စာပွဲဝိုင်းကြီးတွင် လူသုံးယောက် တိတ်ဆိတ်စွာ နေ့လည်စာ စားသုံးနေကြသည်။
စားပွဲဝိုင်း၏ထိပ်တည့်တည့်တွင် ဟော်နန်း၏အရှင်သခင်ဖြစ်သူ စဝ်စံဦးခိုက်ထိုင်နေကာ ညာဘက်တွင် ဇနီးဖြစ်သူ စောဒေဝီနှင့်သမီးဖြစ်သူစောနန်းသက်လျာထိုင်နေပြီး ညဘက်တွင်တော့ နေရာလွတ်ထားထားသည်။
ထိုနေရာကား ဟော်နန်းရဲ့ဆက်ခံသူမင်းသားလေး စဝ်မင်းကမ္ဘာဦးခိုက်၏ နေရာဖြစ်သည်ပင်။
စားသောက်ဖွယ်ရာများအပြည့်တည်ခင်းထားသော်လည်း တို့တိတို့တိလောက်သာစားနေသော ဇနီးနဲ့သမီးငယ်ဖြစ်သူကိုကြည့်ရင်း စဝ်စံဦးခိုက် သက်ပြင်းအသာအယာချမိသည်။ဘေးတွင် မတ်တပ်ရက်လျှက် အသင့်အနေအထားစောင့်နေပါသော အလုပ်သမားများမှာလည်း သခင်တို့၏မျက်နှာအမူအယာကြောင့် အလိုက်တသိငြိမ်သက်စွာပဲ တိတ်ဆိတ်နေကြသည်။
သုံးလနီးပါး မရပ်မနားကျင့်ကြံကာနည်းလမ်းမျိုးစုံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့်အဆုံး စဝ်စံဦးခိုက် လမ်းစပျောက်ခဲ့လေသည်။ဆရာကိုယ်တိုင်က ခွင့်ပြုပေးခဲ့သည့်ကိစ္စဆိုပေမယ့် ဒီကိစ္စဟာ အန္တရာယ်များလွန်းသည့်အရာမို့ သူ မလုပ်စေချင်ခဲ့သည်ပဲမဟုတ်ပါလား။
တစ်ခုခုဖြစ်လျှင်ဆုံးရှုံးရမှာက သူတို့ရဲ့ရင်မှပေါက်ဖွားလာသော အဖိုးမဖြတ်နိုင်သည့်သား ၊ သားခေါ်သွားတဲ့ သူများအိမ်က အဖိုးတန်ကလေးလေး ၊ ရင်းနှီးခဲ့ရတာတွေနဲ့ တန်ပါ့မလားဟု အမြဲတွေးပူခဲ့ရသည်။
စဝ်စံဦးခိုက်ရဲ့ အတ္တတွေပဲ သူတို့မြင်ကြသည်။ဒီကကောင် ဘယ်လောက်ထိ စိုးရိမ်ပူပန်နေရသလဲဆိုတာ ဇနီးဖြစ်သူကတောင်သူ့စိတ်ကိုနားလည်မပေးနိုင်ပေ။မယ်မယ်ပြောခဲ့သလို အကျိုးကြောင့် အကြောင်းတရားဖြစ်လာပြီး အရာရာတိုင်းဟာကံစီမံရာအတိုင်း ဖြစ်မည်တဲ့။
ကမ္ဘာက ထိုကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားနေသည်ကိုတော့ သူမှလွဲ၍ မည်သူမှ နားလည်မည်မဟုတ်ပေ။
သုံးလေးဇွန်းခန့်စားသောက်ပြီးနောက် စားချင်စိတ်မရှိတော့သဖြင့် စားပွဲမှ ထကာ စဝ်စံဦးခိုက် ကျင့်ကြံခန်းဆီသို့ ဦးတည်လိုက်။
“မယ်မယ်....”
စောနန်းသက်လျာ မျက်နှာငယ်လေးနှင့် မယ်မယ်ဖြစ်သူကို ခေါ်လိုက်သည်။
“ဘာမှမဖြစ်ပါဘူး သမီးလေးရဲ့..သမီးတို့ခမည်းတော်က ကိုကို့ကိစ္စကြောင့် စိတ်ရှုပ်နေလို့ပါ....”
စောဒေဝီ ငိုမဲ့မဲ့ဖြစ်နေသော သမီးငယ်လေးကို နှစ်သိမ့်ပေးလိုက်သည်။
“ဟုတ်ကဲ့ မယ်မယ်....ပီအိုက်က အကြာကြီးအာ့လိုပဲ ရှိနေဦးမှာလားဟင်...”
“အင်း...သူပြန်လာချင်တဲ့အချိန်မရောက်သေးသ၍ပေါ့...စားစား သမီးငယ်လေး....”
ဒေဝီ သမီးငယ်အား ချော့မော့ကျွေးလိုက်သည်။မောင်တော့်စိတ်ကို တစ်ခါတစ်လေ နားမလည်နိုင်ပေမယ့် သားကမ္ဘာကို အဘယ်မျှထိစိုးရိမ်နေလည်းဆိုတာ သိသည့်အတွက်ကြောင့် နည်းလမ်းမရှိသည့်ကြားက နေ့နေ့ညညကျင့်ကြံနေသည်ကို မတားရက်နိုင်ခဲ့ပေ။
တိတ်ဆိတ်မှုတွေသာကြီးစိုးနေသောဟော်နန်းထဲက အခန်းတစ်ခုထဲတွင် ပယင်းရောင်မျက်ဝန်းတစ်စုံနှင့်ကောင်လေးဟာလည်း ပကတိအေးချမ်းစွာ လွင့်မြောအိပ်စက်နေလေပြီး ချိတ်ပိတ်ထားသော စာကြည့်ခန်းလေးမှာလည်း သခင့်အလိုကျ တည်ရှိနေလေသည်။
*********
ပျူခေတ်၊သရေခေတ္တရာ(သာသနာ-၃၈၆)
တပေါင်းလပြည့်ကျော်၁၃ရက်နေ့
“အရှင်...”
ဒဝီဦးခိုက် တစ်ခုခုဆိုသူ့အား ခွင့်တောင်းသလိုလာကြည့်တတ်သော မျက်ဝန်းပြာလေးများကြောင့် သဘောတကျရယ်လိုက်ကာ...
“အဟွန်း!!!သျှင်းငယ်သဘော...”
“ဟုတ်ကဲ့ဗျ ဟီး...”
ဧကလေး ခွင့်ပြုချက်ရသွားသည်နှင့်တစ်ပြိုင်နက် ပြုံးပြရင်း အဘွားအိုနောက်မှ လိုက်သွားလိုက်သည်။
မြေအိုးပြုလုပ်သည့်နေရာတွင် လူအတော်အများရှိနေကာ တစ်ချို့မှာ မြေအိုးပေါ်ပုံဖော်နေကြပြီး တစ်ချို့မှာမူ မီးဖုတ်ခြင်းအမှုကို ပြုလုပ်နေကြသည်။
“သခင်လေး ဒီနားလာဆွဲလို့ရပါတယ် ... မြေအိုးက ဘယ်အရွယ်အစားလောက်လိုချင်ပါသလဲကွဲ့...”
“ဟို ဒီလောက်လောက်အရွယ်အစားလေး မေကြီး....လုံးလုံးဝိုင်းဝိုင်းလေး လိုချင်တယ်....အဝကျယ်ကျယ်လေးနဲ့...”
ဧကလေး အိုးအရွယ်အစားကို လက်အမူအယာဖြင့် ပြောပြလိုက်သည်။
“ဒီအရွယ်လောက်ဆို အဆင်ပြေရဲ့လား သခင်လေး....”
အဘွားအိုအရန်သင့် အရွယ်အစားရှိသည့် အိုးလေးကိုပြရင်း မေးလိုက်သည်။
ဧကလေးအဘွားအို ပြသည့်အိုးလေးကိုသေချာကြည့်ရင်း သူဆွဲမယ့်ဟာလေးနဲ့အဆင်ပြေနိုင်လောက်လား ချိန်ကြည့်လိုက်သည်။
“အင်း မဆိုးဘူး ဒီအရွယ်အစားလေးဆိုရပြီ...မေကြီး ဒီအရွယ်လေးပေါ်ပဲ ဆွဲမယ်နော်...”
“ဟုတ်ပြီကွယ်...လာ သခင်လေး...”
ထို့နောက်တွင်တော့ အဘွားအိုပြသည့်နေရာတွေထိုင်ပြီး မြေအိုးလေးပေါ်တွင် စတင်၍ ပုံလေးဆွဲလိုက်သည်။
တဖြည်းဖြည်းပုံပေါ်လာသည့် အရာလေးဟာဆိုလျှင့် သူလိုချင်သည်အတိုင်း ကွက်တိလေးဖြစ်နေကာ ဘေးပတ်ပတ်လည်တွင် ရေလှိုင်းလေးများ၊တိမ်စုလေးများပုံစံနှင့်အတူ သက်တန့်လေးကိုပါ ဆွဲလိုက်သည်။
ရွံစေးကို အိုးပြုလုပ်ရာတွင် ဘီးပုံစံ၊ကြာပန်းပုံစံခတ်လေ့ရှိသည်။လက်ဖြင့်ခတ်၍ များသောအားဖြင့် တြိဂံ၊တိရိစ္ဆာန်၊ရေလှိုင်း၊ပန်းပွင့်ပုံစံများ ပုံဖော်ကြသည်။
ထို့နောက်တွင်တော့ ပုံဖော်ပြီးသားမြေအိုးများကို အခြောက်ခံနေလှန်းကာ မီးဖိုကြီးများထဲတွင် သေချာစီကာဖုတ်ကျသည်။
အချိန်အားဖြင့် နေလှန်းရာတွင်သာနှစ်ရက်ခန့်ကြာသော်လည်း မီးဖုတ်ရာတွင် နာရီပိုင်းမျှသာ ကြာသည်။
(#အကိုမြတ်၊မီ၊မို့၊လင်းတို့ကူရှာပေးခြင်း🥺❤️ လိုင်းမရတာတိုင်ပတ်ಠ︵ಠ )
သေချာဂရုတစိုက် ကိုင်တွယ်ဆွဲနေသည့်ပုံစံလေးဟာဆို မာန်အပြည့်နှင့်ဖြစ်ကာ နှဖူးကျောလေးတွေတွန့်သွားလိုက် ပြေသွားလိုက် နှုတ်ခမ်းဖူးဖူးလေးက တင်းတင်းစေ့သွားလိုက် ပြုံးယောင်သန်းသွားလိုက်ဖြင့် အမူအယာအမျိုးမျိုးဖြစ်နေသည်မှာ ချစ်မြတ်နိုးဖွယ်ရာအတိပင်ဖြစ်သည်။
ဒဝီဦးခိုက် ထိုအချင်းအရာအား သဘောကျစွာအမြတ်တနိုးကြည့်နေမိသည်မှာ ပယင်းရောင်မျက်ဝန်းများနှင့် တွန့်ကွေးနေသည့် နှုတ်ခမ်းထောင့်စွန်းများကသက်သေပင်ဖြစ်သည်။
အဘွားအိုမှာလည်း ရှေ့မှ သခင်လေးနှစ်ဦး၏ နက်ရှိုင်းလွန်းလှသည့်အကြည့်တွေကို ကြည့်ရင်း ပြုံးမိသည်။
“ရသွားပြီ...ဟီး....ဖူးဖူး...”
ဧကလေး မခြောက်မှန်းသိသော်လည်း အကျင့်အရအိုးကို လေဖြင့် တဖူးဖူးမှုတ်လိုက်သည်။ထို့နောက်တွင်တော့ သေချာ နေပြအခြောက်ခံသည့်နေရာတွင် ဂရုတစိုက်ထားလိုက်သည်။
“မေကြီး...ဒီအိုးလေးရမှ ကျန်တဲ့ အိုးတွေနဲ့အတူတူပေါင်းပို့ပေးပါနော်...”
“ဟုတ်ပါပြီကွယ်...ဘယ်ကိုပို့ပေးရမလဲ သခင်လေး....”
“နန်းတွင်းကကံ့ကော်ဆောင်ကိုပို့ပေးပါဗျ...”
“ဟုတ်ကဲ့ သခင်လေး...အဘွားသေချာ ပို့ပေးလိုက်ပါ့မယ်...”
“ဟုတ်ကဲ့ဗျ....”
ဧကလေး ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။
ထို့နောက်
“သက္က...”
“ဗျာ သခင်လေး....”
သခင်လေးခေါ်သံကြောင့် နောက်နားခပ်လှမ်းလှမ်းတွင်ရပ်နေသော သက္က ကပြာကယာထူးလိုက်ကာ အနားလာလိုက်သည်။
“ဘာလုပ်ချင်လို့လဲ သျှင်းငယ်...”
“အိုးဖိုးတွေရှင်းပေးမလို့လေ...”
“ဟုတ် သခင်လေး ဘယ်လောက်....”
သက္ကမေးရင်း အရှင့်အကြည့်နှင့်ဆုံသည့်အခိုက် ပိတ်ကျသွားရသည်။
*ကိုယ့်သေတွင်းကိုယ်တူးမိပြန်တာလား...ငါလည်းဘာမှမလုပ်ရပါပဲ အရှင်ကဘာလို့ အာ့လိုကြီးပဲ လာလာကြည့်နေရတာလဲလို့...ငါကသခင်လေးခေါ်လို့လာတာကို...ငင့်....*
ဒဝီဦးခိုက်မှာတော့ အလိုက်ကမ်းဆိုးမသိလှသည့် သက္ကအား စူးစိုက်ကြည့်ရင်း
“ကိုယ်တော်ရှိတယ်လေ....ကိုယ်တော်ရှင်းပေးမှာပေါ့...သျှင်းငယ်...”
“အာ...ဟုတ် အာ့ဆို အရှင်...”
ဟုဆိုကာ ဧကလေး အရှင့်ရှေ့ လက်ဝါးဖြန့်ပြလိုက်သည်။
“အဟွန်း!!!”
ဒဝီဦးခိုက် ကလေးများသဖွယ် လက်ဖဝါးဖြန့်လျှက် တောင်းသည့် သျှင်းငယ်၏အမူအယာလေးကြောင့် သဘောကျစွာရယ်ရင်း ခါးမှာချိတ်ထားသည့် ဒင်္ဂါးပြားထုတ်လေးကို သျှင်းငယ်လက်ထဲ ထည့်ပေးလိုက်သည်။
ဧကလေးလည်း လက်ထဲရောက်လာသည့် ဒင်္ဂါးထုတ်ထဲက အဘွားအိုအား ကျသင့်သည်ထက်ပိုပေးလိုက်သည်။
“ကျေးဇူးပါကွယ်...သခင်လေးတို့ ဘုန်းကြီးလို့ အသက်ရှည် ချစ်ချစ်ခင်ခင်ဖြင့် လိုရာဆန္ဒတွေ တစ်လုံးတစ်ဝထဲပြည့်စုံကြပါစေကွယ်....”
“ဟုတ် မေကြီး ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျ...”
ဧကလေး ပြုံးပြုံးလေးခံယူလိုက်သည်။
ဒဝီဦးခိုက်မှာတော့ ကြည်လင်သောမျက်နှာလေးမှ နူးနူးညံ့ညံ့ပြုံးနေသော မျက်ဝန်းပြာလေးနှင့်နှုတ်ခမ်းပါးလေးကို မြတ်နိုးမဝစွာ ပြုံးလျှက်ကြည့်နေမိသည်။
ဧကလေး ပြုံးလျှက် အနောက်လှည့်လိုက်ရာ မိမိအား မြတ်နိုးစွာပြုံးကြည့်နေပါသော ပယင်းရောင်မျက်ဝန်းများနှင့်စုံခိုက် အိုးတိုးအမ်းတမ်းဖြစ်သွားရကာ ပါးပြင်လေးများမှာ အနီရောင်သမ်းသွားရသည်။
*ဒီလူဘယ်ကတည်းကစိုက်ကြည့်နေတာတုန်း...*
“အဟမ်း!! ခုလို ရှင်းပေးလို့ ကျေးဇူးပါဗျ...”
ဧကလေး လည်ချောင်းတစ်ချက်ရှင်းလိုက်ကာ ဒင်္ဂါးထုပ်ကို အရှင့်ထံပေးလိုက်သည်။မျက်လုံးမှာမူ အရှင့်အားမကြည့်ပဲ အိုးတွေဆီအကြည့်လွှဲထားသည်။
ဒဝီဦးခိုက် မိမိအားမကြည့်ပါပဲ ဒင်္ဂါးထုပ်ထိုးပေးနေသော ရှက်သွေးကြွကာ ပန်းရောင်သန်းနေသည့် မျက်နှာတော်နုနုလေးအား စိုက်ကြည့်ရင်း
“အဟွန်း!!! သျှင်းငယ်ပဲယူထားလိုက်ပါ...ဝယ်ချင်စရာလေးတွေရှိရင်ဝယ်ရတာပေါ့....”
*ဪ....ရှူးဂါးဒယ်ဒီလုပ်ချင်တယ်ပေါ့ ရတယ်လေ ဟဟ...ဒီကမင်းမြတ်ဧကဦးမာန်ကပဲ သဘောထားကြီးစွာနဲ့ အရှင့်ရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့...*
“ဟုတ်ကဲ့ပါအရှင်...ကျွန်တော်ပဲ ယူထားလိုက်မယ်နော်... ဝယ်ချင်စရာတွေကများတော့ အရှင့်ငွေတွေကမလောက်ငှမှာပဲဆိုးရပါတယ်အရှင်...”
ဧကလေး ပြောင်စပ်စပ်ပြောလိုက်ရင်း ရှေ့မှ ထွက်လာခဲ့လိုက်သည်။
“အဟွန်း!!!အသည်းယားစရာလေး...”
*******
အိုးဆိုင်မှ ထွက်လာပြီးနောက် ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း စားသောက်ဖွယ်ရာရိုးရာမုန့်များ ၊ လည်ဆွဲပုတီးကုံးဆိုင်များနှင့်အတူ လက်မှုပညာမျိုးစုံကို လျှောက်ပတ်ကြည့်ဖြစ်သည်။
ဗိုက်ဆာလျှင် အနီးနားမှာရှိသည့် ဂျုံဖြင့်ပြုလုပ်ထားသောမုန့်များ၊မုန့်ဖြူ ၊မုန့်နီ စသည်များကို စားရင်း ခြေတိုအောင် မြို့ထဲ လျှောက်သွားဖြစ်သည်။
ရှေ့မှ နှစ်ယောက်သားခေါင်းချင်းဆိုင်လျှက် ဟိုဟာ ဒီဟာများကို အကုန်ဝယ် အကုန်စားနေကြသော နှစ်ယောက်အားကြည့်ရင်း ဒဝီဦးခိုက်နှင့် ဇမ္ဗူဒီရာဇ်တို့ အသည်းယားမိသည်မှာလည်း အခါခါပင်ဖြစ်သည်။
“ဦးခိုက်...”
“အင်း...”
“သူတို့နှစ်ယောက် အတော်လေးစားနိုင်တယ်နော်...”
“အင်း...”
“ကလေးတွေမို့လို့များလား...”
“ကလေးမဟုတ်တော့ပါဘူး... အရွယ်ရောက်နေပြီ...”
“မသိဘူး ငါ့မျက်လုံးထဲ ကလေးတွေလို့ပဲ မြင်တယ်...သျှင်းလေးက သွက်သလောက် ဟိုဘက်က သက္ကလေးက တည်ငြိမ်နေသလိုပဲ...”
“မင်း စိတ်ထင်လို့ပါ ...သျှင်းငယ်က အဲ့ဒီလိုပဲ နေတတ်တာ သူ့ပုံစံပဲ...ဟိုတစ်ယောက်ကတော့ မပြောတတ်ဘူး...”
“ဟက်!!!ဒဝီဦးခိုက်တို့ သေချာသိလှချည်လား...ဘယ်ကတည်းကကြိတ်စုံစမ်းနေတာလဲ...မင်းမရိုးသားတော့ဘူးနော်...ငါ့ဧကရာဇ်လို့လည်းပြောသေးတယ်...”
“အဟွန်း!!!ငါမရိုးသားတော့တာကြာပြီ...ငါ့ဧကရာဇ်ဆိုမှတော့ မင်းဘုရင်တစ်ပါးလုပ်နေပြီ မတုံးစမ်းနဲ့....”
“ဟ...ငါကတုံးတာမဟုတ်ဘူး အံ့ဩနေတာ...မင်းက ဒီလိုမျိုးရွေးလိမ့်မယ်လို့ ထင်မထားလို့လေ...”
“မင်း ..ဘယ်လိုထင်လို့လဲ....”
“မထင်ပါဘူး အံ့ဩရုံပဲ...ဆရာတော်ဘုရားကမိန့်ထားတယ်မလား....ကိစ္စတိုင်းဟာ ကံအကြောင်းတရားတွေနဲ့ ဆက်စပ်နေတာမို့
ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ မရှောင်လွှဲနိုင်ဘူးတဲ့...ရေစက်ထူးတွေလို့ပဲ တွေးတယ်....”
“အင်း....ပရောဟိတ်ကြီးကလည်း ပြောတယ်...သေချာနေပြီးသားအရာကို ထပ်ကာထပ်ကာစမ်းစစ်ပြီးမှ ငါလုပ်ခဲ့တာ...”
“ငါသိပါတယ်...ဒါပေမယ့် အများအမြင်မှာ မင်းဟာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ ဘုရင်တစ်ပါးဖြစ်တဲ့အတွက် ဒီလိုဆက်ဆံရေးကို သတိထားစေချင်တယ်...နံရံတိုင်းမှာနားတွေရှိတယ်...ဒီကိစ္စကို မင်းရဲ့အားနည်းချက်တစ်ခုအနေနဲ့ ဆုပ်ကိုင်ပြီး အကျပ်ကိုင်ကြလိမ့်မယ်...”
ဇမ္ဗူဒီရာဇ် ငယ်ပေါင်းကြီးကို သတိသေချာပေးလိုက်သည်။ရှင်ဘုရင်ဆိုသည့်နေရာဟာ အန္တရာယ်များလှသလို အမတ်တွေရဲ့စောင့်ကြည့်ခြင်းတွေခံရသည့်နေရာပင်မဟုတ်လား။ပုန်ကန်ရန်ကြံစည်နေသူများမှာလည်း မိမိနှင့်လက်တစ်ကမ်းအကွာတွင်ရှိနိုင်သလို မထင်မှတ်ထားသည့် လူများလည်းဖြစ်နေတတ်သည်။
“အင်း...ငါ သူ့ကိုသေချာကာကွယ်မှာပါ...”
“အေးပါ...တစ်ခုခုဆိုလျှင် မင်းနောက်မှာ ငါရယ် ငါ့ဟန်လင်းက စစ်တပ်ကြီးတစ်ခုလုံးရယ် ရှိနေတယ်ဆိုတာမမေ့နဲ့....”
“အဟွန်း!!!”
ဒဝီဦးခိုက် သဘောတကျပဲရယ်လိုက်သည်။ဇမ္ဗူဒီရာဇ်က ဘာကိုစိုးရိမ်ပြီး သတိပေးနေသည်လည်းဆိုတာ သူကောင်းကောင်းသိသည်။သူ့လိုလူက ထိုအရာတွေကိုထည့်မတွက်ပေမယ့် အဲ့အရာတွေက သျှင်းငယ်ကို ထိခိုက်လာနိုင်မည်ဆိုလျှင်တော့ သေချာပေါက်ထည့်တွက်ရပေလိမ့်မည်။
တိုင်းပြည်တစ်ခုလုံးနှင့်ယှဉ်ရွေးရမည်ဆိုခဲ့လျှင်တောင် သူ့ရွေးချယ်မှုကတစ်ခုထဲပင်။
“သခင်လေး...အဲ့ သစ်သီးယိုလေးတွေစားကောင်းတယ်...”
“ဟုတ်လား...အစ်မတော်အတွက်ပါဝယ်သွားရမယ်....”
“သခင်လေး ဟိုဆံထိုးလေးလှတယ်နော်...”
“ဟုတ်တယ်နော် အစ်မတော်နဲ့ဆို လိုက်မှာပဲ...”
“သခင်လေး....ဟိုပိုးထည်ပဝါလေး အတော်လှတာပဲ...”
“လှတယ်ဟ အစ်မတော် အသားအရည်နဲ့ဆို ဟပ်ထွက်နေမှာပဲ မိုက်တယ်....”
“သခင်လေး....”
“အစ်မတော်ဖို့ဘာတွေ့သေးလဲ....”
စသည်ဖြင့် ရှေ့မှ ဘာစားရင်ကောင်းမလဲ။ ဘာဝယ်ရင်ကောင်းမလဲ။အစ်မတော်နဲ့လိုက်လောက်လားကအစ တီးတိုးတိုင်ပင်နေကြသော နှစ်ယောက်မှာတော့ နောက်နားက ဆွေးနွေးမှုကြီးတစ်ခုအား သတိမထားမိလိုက်ကြပေ။သရေခေတ္တရာပြည်၏ ဈေး လမ်းမကြီးပေါ်တွင် နှစ်ယောက်ထဲရှိသည်အလား တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လေ့လာနေကြတော့သည်။
နောက်မှ တိုင်းပြည်ကြီးနှစ်ခုကို အုပ်ချုပ်မင်းလုပ်နေသော ဘုရင်နှစ်ပါးလက်ထဲတွင်တော့ ပိုးထည်စအတွဲများ၊ဖက်နှင့်ထုတ်ထားသောစားစရာအထုပ်လေးများဖြင့် ဗုံတောင်စီနေတော့သည်။
*********
သရေခေတ္တရာပြည်ရှိ ရေဝန်းငယ်ဟုအမည်ရသော စားသောက်ဆိုင်ငယ်လေးတစ်ခုထဲတွင် အိန္ဒိယသားတစ်ဦးပုံစံဝတ်ဆင်ထားသော လူတစ်ယောက်သည် စားစရာများကို တစ်ချက်လေးမျှမထိပဲ စူးရှနေသည့် မျက်ဝန်းများဟာ လမ်းမထက်ကသွားလာလှုပ်ရှားနေသူများကိုကြည့်နေသည်။
ထိုလူသည် ရောက်ကတည်းက စားစရာများကိုမှာထားပြီး ထိုင်နေသည်ကား အတော်လေးကြာမြင့်နေပြီဖြစ်သည်။
မျက်နှာအားဖုံးကွယ်ထားသည့် ပဝါစကိုတစ်ချက်လေးတောင်ဖယ်ခွာခြင်းမရှိပဲ အယောင်ပြသပ်သပ် ဟင်းပွဲများကိုလည်းမထိပေ။
ထိုအခိုက် သူ့နားသို့ အလားတူဝတ်စုံမျိုးဝတ်ထားသည့် လူတစ်ယောက် ရောက်လာပြီး ဦးညွှတ်လိုက်သည်။
ထိုလူက သူခေါင်းငြိမ့်ပြလိုက်သည်နှင့်ရှေ့ကခုံတွင်ဝင်ထိုင်လိုက်သည်။
“ဟိုဘက်က လက်စသတ်လိုက်ပြီလို့ကြားပါတယ် အရှင်...သတင်းတွေကပိရိလွန်းလို့ နေရာကိုတော့ မသိခဲ့ရသေးပါဘူးအရှင်...”
“အင်း...လွတ်သွားတဲ့လူတွေရောဘယ်မှာလဲ သိခဲ့လား...”
“တကောင်းမြို့ထဲလို့ ဒီဘက်ကအခိုင်အမာတွက်ဆထားပုံပဲအရှင်...ကျွန်တော်မျိုးတို့ မြို့ထဲပိုက်စိပ်တိုက်ရှာထားသည့်အတွက် တကောင်းမှာ မရှိတာက သေချာပါတယ်အရှင်....”
“အင်း...အပုန်းကောင်းကြတာပဲ...”
“ကျွန်တော်မျိုးရဲ့ညံ့ဖျင်းမှုကြောင့်ပါအရှင်...”
“ဟန်လင်းဘက်ကိုသူလျှိုလွှတ်လိုက်ပါ....ဒီကောင်တွေ ပြေးစရာနေရာများများမရှိပါဘူး...”
“ဟုတ်ကဲ့ အရှင်...”
“အင်း....”
ထို့နောက် ထရပ်လိုက်ပြီး အစားအသောက်များအတွက်ကျသင့်ငွေရှင်းကာ ဆိုင်ပြင်သို့ထွက်လာလိုက်သည်။
ဆိုင်အပြင်သို့ ခြေအချတွင် အပြင်မှ အထဲသို့ဝင်လာသော လူတစ်ယောက်က သူ့အားမမြင်ရပဲ ဝင်တိုက်မိရာ စိတ်ရှုပ်စွာကြည့်လိုက်မိသည်။
ထိုအခိုက်မှာပဲ စူးရှရှမျက်ဝန်းများဟာ တုန်တုန်လှုပ်လှုပ်ဖြစ်သွားပြီး တစ်ဖက်ကလူအား မျက်တောင်မခတ်ပဲကြည့်လိုက်မိသည်။
CHANGE 🍁
March 30,1:30PM
ထိုလူကဘယ်သူလို့ထင်ကြလဲဗျ...
🍁ဒီနေ့reviewပေးချင်တဲ့ficလေးကတော့
Black Zoneတဲ့...ကိုယ်ကတော့ အနဂ္ဂထည်ကြီးကို သိပ်ကြိုက်တယ် ဟီး...
စာရေးသူက စကားပုံအသုံးအနှုန်းကြွယ်တယ်ဆိုတာ အဲ့ficမှာသိနိုင်တယ်..
ဗဟုသုတအပြည့်ပဲ...side coupleအတွဲနှစ်တွဲကိုလည်း အသေအူယားတာ ချစ်စရာလေးတွေ...ကိုယ့်RLထဲမှာရှိပါတယ် သဘောကျရင်ဖတ်ကြည့်ကြပါ🍁
Zawgyi
ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း✨🍁(၂၃)
မ်က္ေမွာက္ေခတ္ကာလ
March 29,10:48AM
နန္းထိုက္ေတာ္ဝင္ေဆး႐ုံႀကီး၏ သီးသန႔္အခန္းထဲတြင္ လူလတ္ပိုင္းအ႐ြယ္ ေကာင္ေလးတစ္ေယာက္ဟာဆိုလွ်င္ ကုတင္ေပၚမွ ပိုက္မ်ားသြယ္တန္းလွ်က္ရွိေနေသာ ေကာင္ငယ္ေလးအားၾကည့္ရင္း မ်က္ဝန္းျပာေလးမ်ားမွ မ်က္ရည္ေလးေတြေဝ့ဝဲလာရသည္။
ဦးညိဳ သားႀကီးကို တစိမ့္စိမ့္ၾကည့္ရင္း စိုးရိမ္ပူပန္လာသည့္စိတ္မ်ားက ထိန္းမရ။
သားေလး သတိမလည္လာေသးတာ ဒီေန႔ႏွင့္ဆိုလွ်င္ 2လေက်ာ္ 3လနီးပါးထိ ေရာက္ေနၿပီပဲျဖစ္သည္။
ဘယ္ဆီဘယ္ဝယ္ေရာက္လို႔ ဘယ္လိုေတြမ်ား ခိုကိုးရာမဲ့ လြင့္ေျမာေနသလဲဆိုတာမသိရ။ေအးစက္စက္ေနရာေတြမွာမ်ား အထီးက်န္ေနမလား၊ကမာၻႀကီးရဲ႕ ဘယ္ေနရာထိကိုမ်ား လြင့္ေျမာေနသလဲဆိုတာ မသိရသည့္ အတြက္ ပိုလို႔စိတ္ပူမိသည္။
ကိုကိုႏွင့္သားငယ္က အေရးႀကီးအစည္းအေဝးရွိသည့္အတြက္ ႐ုံးကိုသြားေသာေၾကာင့္ သားႀကီးေဘးတြင္ ဦးညိဳတစ္ေယာက္ထဲက်န္ခဲ့ျခင္းျဖစ္သည္။
“ပါးပါးသားေလး ဘယ္ေတြေရာက္ေနတာလဲဟင္...လည္ပတ္လို႔ဝရင္လည္း ပါးပါးတို႔ဆီအျမန္ျပန္လာခဲ့ေတာ့ေနာ္...ပါးပါးတို႔ေစာင့္ေနတယ္....ေနာ္ ဧကေလး...ပါးပါးတို႔ဆီ ျမန္ျမန္ျပန္လာခဲ့ေပးပါ...သားရယ္....”
ဦးညိဳ တိုးတိတ္စြာေျပာရင္း မ်က္ရည္မ်ားက က်ဆင္းလာျပန္သည္။သားကို ျပင္းျပင္းထန္ထန္သတိရစိတ္ပူမိတိုင္း က်ဆင္းလာသည့္ မ်က္ရည္ပူမ်ားဟာဆိုလွ်င္ တစ္ရက္ထပ္တစ္ရက္ပိုမ်ားလာတာပဲရွိသည္။ သူငိုလွ်င္ ကိုကိုႏွင့္သားငယ္ေလးတို႔ပို၍ ခံစားရသျဖင့္ ကိုကိုတို႔ေရွ႕မငိုမိေအာင္ ထိန္းထားေသာ္လည္း ကိုကိုတို႔မရွိသည့္အခ်ိန္တိုင္း ခုလို သားႀကီးမ်က္ႏွာေလးကိုၾကည့္ၿပီးငိုမိသည္ကအခါခါပင္ျဖစ္သည္။
ထို႔ေနာက္တြင္ေတာ့ ဦးညိဳ သား၏ပါးျပင္ႏုႏုေလးကိုအသာပြတ္သပ္ရင္း ႏွဖူးျပင္ေလးကိုဖြဖြေလးအနမ္းေပးလိုက္သည္။
အခန္းအျပင္တြင္ အသာအယာဖြင့္ဟထားေသာ တံခါးေပါက္မွတစ္ဆင့္ ထိုအခ်င္းအရာကိုၾကည့္ၿပီး တိတ္တိတ္ေလး မ်က္ရည္ဝဲေနေသာ လူတစ္ေယာက္လည္းရွိေလသည္။ထိုလူ၏စိတ္ထဲတြင္ေတာ့
ဒီမိသားစုေလးကိုေကာင္းေကာင္းမကာကြယ္ေပးႏိုင္လို႔ဆိုသည့္ အျပစ္တင္စိတ္မ်ားႀကီးစိုးေနခဲ့ေလသည္။
*********
မ်က္ေမွာက္ေခတ္ကာလ၊ရွမ္းျပည္နယ္
March 29,11:30AM
မင္းမဟာေဟာ္နန္း၏ စားဖိုေဆာင္ထဲရွိ စာပြဲဝိုင္းႀကီးတြင္ လူသုံးေယာက္ တိတ္ဆိတ္စြာ ေန႔လည္စာ စားသုံးေနၾကသည္။
စားပြဲဝိုင္း၏ထိပ္တည့္တည့္တြင္ ေဟာ္နန္း၏အရွင္သခင္ျဖစ္သူ စဝ္စံဦးခိုက္ထိုင္ေနကာ ညာဘက္တြင္ ဇနီးျဖစ္သူ ေစာေဒဝီႏွင့္သမီးျဖစ္သူေစာနန္းသက္လ်ာထိုင္ေနၿပီး ညဘက္တြင္ေတာ့ ေနရာလြတ္ထားထားသည္။
ထိုေနရာကား ေဟာ္နန္းရဲ႕ဆက္ခံသူမင္းသားေလး စဝ္မင္းကမာၻဦးခိုက္၏ ေနရာျဖစ္သည္ပင္။
စားေသာက္ဖြယ္ရာမ်ားအျပည့္တည္ခင္းထားေသာ္လည္း တို႔တိတို႔တိေလာက္သာစားေနေသာ ဇနီးနဲ႔သမီးငယ္ျဖစ္သူကိုၾကည့္ရင္း စဝ္စံဦးခိုက္ သက္ျပင္းအသာအယာခ်မိသည္။ေဘးတြင္ မတ္တပ္ရက္လွ်က္ အသင့္အေနအထားေစာင့္ေနပါေသာ အလုပ္သမားမ်ားမွာလည္း သခင္တို႔၏မ်က္ႏွာအမူအယာေၾကာင့္ အလိုက္တသိၿငိမ္သက္စြာပဲ တိတ္ဆိတ္ေနၾကသည္။
သုံးလနီးပါး မရပ္မနားက်င့္ႀကံကာနည္းလမ္းမ်ိဳးစုံရွာေဖြခဲ့ေသာ္လည္း မေတြ႕ရွိခဲ့သည့္အဆုံး စဝ္စံဦးခိုက္ လမ္းစေပ်ာက္ခဲ့ေလသည္။ဆရာကိုယ္တိုင္က ခြင့္ျပဳေပးခဲ့သည့္ကိစၥဆိုေပမယ့္ ဒီကိစၥဟာ အႏၲရာယ္မ်ားလြန္းသည့္အရာမို႔ သူ မလုပ္ေစခ်င္ခဲ့သည္ပဲမဟုတ္ပါလား။
တစ္ခုခုျဖစ္လွ်င္ဆုံးရႈံးရမွာက သူတို႔ရဲ႕ရင္မွေပါက္ဖြားလာေသာ အဖိုးမျဖတ္ႏိုင္သည့္သား ၊ သားေခၚသြားတဲ့ သူမ်ားအိမ္က အဖိုးတန္ကေလးေလး ၊ ရင္းႏွီးခဲ့ရတာေတြနဲ႔ တန္ပါ့မလားဟု အၿမဲေတြးပူခဲ့ရသည္။
စဝ္စံဦးခိုက္ရဲ႕ အတၱေတြပဲ သူတို႔ျမင္ၾကသည္။ဒီကေကာင္ ဘယ္ေလာက္ထိ စိုးရိမ္ပူပန္ေနရသလဲဆိုတာ ဇနီးျဖစ္သူကေတာင္သူ႔စိတ္ကိုနားလည္မေပးႏိုင္ေပ။မယ္မယ္ေျပာခဲ့သလို အက်ိဳးေၾကာင့္ အေၾကာင္းတရားျဖစ္လာၿပီး အရာရာတိုင္းဟာကံစီမံရာအတိုင္း ျဖစ္မည္တဲ့။
ကမာၻက ထိုကံၾကမၼာကို ေျပာင္းလဲဖို႔ႀကိဳးစားေနသည္ကိုေတာ့ သူမွလြဲ၍ မည္သူမွ နားလည္မည္မဟုတ္ေပ။
သုံးေလးဇြန္းခန႔္စားေသာက္ၿပီးေနာက္ စားခ်င္စိတ္မရွိေတာ့သျဖင့္ စားပြဲမွ ထကာ စဝ္စံဦးခိုက္ က်င့္ႀကံခန္းဆီသို႔ ဦးတည္လိုက္။
“မယ္မယ္....”
ေစာနန္းသက္လ်ာ မ်က္ႏွာငယ္ေလးႏွင့္ မယ္မယ္ျဖစ္သူကို ေခၚလိုက္သည္။
“ဘာမွမျဖစ္ပါဘူး သမီးေလးရဲ႕..သမီးတို႔ခမည္းေတာ္က ကိုကို႔ကိစၥေၾကာင့္ စိတ္ရႈပ္ေနလို႔ပါ....”
ေစာေဒဝီ ငိုမဲ့မဲ့ျဖစ္ေနေသာ သမီးငယ္ေလးကို ႏွစ္သိမ့္ေပးလိုက္သည္။
“ဟုတ္ကဲ့ မယ္မယ္....ပီအိုက္က အၾကာႀကီးအာ့လိုပဲ ရွိေနဦးမွာလားဟင္...”
“အင္း...သူျပန္လာခ်င္တဲ့အခ်ိန္မေရာက္ေသးသ၍ေပါ့...စားစား သမီးငယ္ေလး....”
ေဒဝီ သမီးငယ္အား ေခ်ာ့ေမာ့ေကြၽးလိုက္သည္။ေမာင္ေတာ့္စိတ္ကို တစ္ခါတစ္ေလ နားမလည္ႏိုင္ေပမယ့္ သားကမာၻကို အဘယ္မွ်ထိစိုးရိမ္ေနလည္းဆိုတာ သိသည့္အတြက္ေၾကာင့္ နည္းလမ္းမရွိသည့္ၾကားက ေန႔ေန႔ညညက်င့္ႀကံေနသည္ကို မတားရက္ႏိုင္ခဲ့ေပ။
တိတ္ဆိတ္မႈေတြသာႀကီးစိုးေနေသာေဟာ္နန္းထဲက အခန္းတစ္ခုထဲတြင္ ပယင္းေရာင္မ်က္ဝန္းတစ္စုံႏွင့္ေကာင္ေလးဟာလည္း ပကတိေအးခ်မ္းစြာ လြင့္ေျမာအိပ္စက္ေနေလၿပီး ခ်ိတ္ပိတ္ထားေသာ စာၾကည့္ခန္းေလးမွာလည္း သခင့္အလိုက် တည္ရွိေနေလသည္။
*********
ပ်ဴေခတ္၊သေရေခတၱရာ(သာသနာ-၃၈၆)
တေပါင္းလျပည့္ေက်ာ္၁၃ရက္ေန႔
“အရွင္...”
ဒဝီဦးခိုက္ တစ္ခုခုဆိုသူ႔အား ခြင့္ေတာင္းသလိုလာၾကည့္တတ္ေသာ မ်က္ဝန္းျပာေလးမ်ားေၾကာင့္ သေဘာတက်ရယ္လိုက္ကာ...
“အဟြန္း!!!သွ်င္းငယ္သေဘာ...”
“ဟုတ္ကဲ့ဗ် ဟီး...”
ဧကေလး ခြင့္ျပဳခ်က္ရသြားသည္ႏွင့္တစ္ၿပိဳင္နက္ ၿပဳံးျပရင္း အဘြားအိုေနာက္မွ လိုက္သြားလိုက္သည္။
ေျမအိုးျပဳလုပ္သည့္ေနရာတြင္ လူအေတာ္အမ်ားရွိေနကာ တစ္ခ်ိဳ႕မွာ ေျမအိုးေပၚပုံေဖာ္ေနၾကၿပီး တစ္ခ်ိဳ႕မွာမူ မီးဖုတ္ျခင္းအမႈကို ျပဳလုပ္ေနၾကသည္။
“သခင္ေလး ဒီနားလာဆြဲလို႔ရပါတယ္ ... ေျမအိုးက ဘယ္အ႐ြယ္အစားေလာက္လိုခ်င္ပါသလဲကြဲ႕...”
“ဟို ဒီေလာက္ေလာက္အ႐ြယ္အစားေလး ေမႀကီး....လုံးလုံးဝိုင္းဝိုင္းေလး လိုခ်င္တယ္....အဝက်ယ္က်ယ္ေလးနဲ႔...”
ဧကေလး အိုးအ႐ြယ္အစားကို လက္အမူအယာျဖင့္ ေျပာျပလိုက္သည္။
“ဒီအ႐ြယ္ေလာက္ဆို အဆင္ေျပရဲ႕လား သခင္ေလး....”
အဘြားအိုအရန္သင့္ အ႐ြယ္အစားရွိသည့္ အိုးေလးကိုျပရင္း ေမးလိုက္သည္။
ဧကေလးအဘြားအို ျပသည့္အိုးေလးကိုေသခ်ာၾကည့္ရင္း သူဆြဲမယ့္ဟာေလးနဲ႔အဆင္ေျပႏိုင္ေလာက္လား ခ်ိန္ၾကည့္လိုက္သည္။
“အင္း မဆိုးဘူး ဒီအ႐ြယ္အစားေလးဆိုရၿပီ...ေမႀကီး ဒီအ႐ြယ္ေလးေပၚပဲ ဆြဲမယ္ေနာ္...”
“ဟုတ္ၿပီကြယ္...လာ သခင္ေလး...”
ထို႔ေနာက္တြင္ေတာ့ အဘြားအိုျပသည့္ေနရာေတြထိုင္ၿပီး ေျမအိုးေလးေပၚတြင္ စတင္၍ ပုံေလးဆြဲလိုက္သည္။
တျဖည္းျဖည္းပုံေပၚလာသည့္ အရာေလးဟာဆိုလွ်င့္ သူလိုခ်င္သည္အတိုင္း ကြက္တိေလးျဖစ္ေနကာ ေဘးပတ္ပတ္လည္တြင္ ေရလႈိင္းေလးမ်ား၊တိမ္စုေလးမ်ားပုံစံႏွင့္အတူ သက္တန႔္ေလးကိုပါ ဆြဲလိုက္သည္။
႐ြံေစးကို အိုးျပဳလုပ္ရာတြင္ ဘီးပုံစံ၊ၾကာပန္းပုံစံခတ္ေလ့ရွိသည္။လက္ျဖင့္ခတ္၍ မ်ားေသာအားျဖင့္ ႀတိဂံ၊တိရိစာၦန္၊ေရလႈိင္း၊ပန္းပြင့္ပုံစံမ်ား ပုံေဖာ္ၾကသည္။
ထို႔ေနာက္တြင္ေတာ့ ပုံေဖာ္ၿပီးသားေျမအိုးမ်ားကို အေျခာက္ခံေနလွန္းကာ မီးဖိုႀကီးမ်ားထဲတြင္ ေသခ်ာစီကာဖုတ္က်သည္။
အခ်ိန္အားျဖင့္ ေနလွန္းရာတြင္သာႏွစ္ရက္ခန႔္ၾကာေသာ္လည္း မီးဖုတ္ရာတြင္ နာရီပိုင္းမွ်သာ ၾကာသည္။
(#အကိုျမတ္၊မီ၊မို႔၊လင္းတို႔ကူရွာေပးျခင္း🥺❤️ လိုင္းမရတာတိုင္ပတ္ಠ︵ಠ )
ေသခ်ာဂ႐ုတစိုက္ ကိုင္တြယ္ဆြဲေနသည့္ပုံစံေလးဟာဆို မာန္အျပည့္ႏွင့္ျဖစ္ကာ ႏွဖူးေက်ာေလးေတြတြန႔္သြားလိုက္ ေျပသြားလိုက္ ႏႈတ္ခမ္းဖူးဖူးေလးက တင္းတင္းေစ့သြားလိုက္ ၿပဳံးေယာင္သန္းသြားလိုက္ျဖင့္ အမူအယာအမ်ိဳးမ်ိဳးျဖစ္ေနသည္မွာ ခ်စ္ျမတ္ႏိုးဖြယ္ရာအတိပင္ျဖစ္သည္။
ဒဝီဦးခိုက္ ထိုအခ်င္းအရာအား သေဘာက်စြာအျမတ္တႏိုးၾကည့္ေနမိသည္မွာ ပယင္းေရာင္မ်က္ဝန္းမ်ားႏွင့္ တြန႔္ေကြးေနသည့္ ႏႈတ္ခမ္းေထာင့္စြန္းမ်ားကသက္ေသပင္ျဖစ္သည္။
အဘြားအိုမွာလည္း ေရွ႕မွ သခင္ေလးႏွစ္ဦး၏ နက္ရႈိင္းလြန္းလွသည့္အၾကည့္ေတြကို ၾကည့္ရင္း ၿပဳံးမိသည္။
“ရသြားၿပီ...ဟီး....ဖူးဖူး...”
ဧကေလး မေျခာက္မွန္းသိေသာ္လည္း အက်င့္အရအိုးကို ေလျဖင့္ တဖူးဖူးမႈတ္လိုက္သည္။ထို႔ေနာက္တြင္ေတာ့ ေသခ်ာ ေနျပအေျခာက္ခံသည့္ေနရာတြင္ ဂ႐ုတစိုက္ထားလိုက္သည္။
“ေမႀကီး...ဒီအိုးေလးရမွ က်န္တဲ့ အိုးေတြနဲ႔အတူတူေပါင္းပို႔ေပးပါေနာ္...”
“ဟုတ္ပါၿပီကြယ္...ဘယ္ကိုပို႔ေပးရမလဲ သခင္ေလး....”
“နန္းတြင္းကကံ့ေကာ္ေဆာင္ကိုပို႔ေပးပါဗ်...”
“ဟုတ္ကဲ့ သခင္ေလး...အဘြားေသခ်ာ ပို႔ေပးလိုက္ပါ့မယ္...”
“ဟုတ္ကဲ့ဗ်....”
ဧကေလး ေခါင္းၿငိမ့္ၿပီး ၿပဳံးျပလိုက္သည္။
ထို႔ေနာက္
“သကၠ...”
“ဗ်ာ သခင္ေလး....”
သခင္ေလးေခၚသံေၾကာင့္ ေနာက္နားခပ္လွမ္းလွမ္းတြင္ရပ္ေနေသာ သကၠ ကျပာကယာထူးလိုက္ကာ အနားလာလိုက္သည္။
“ဘာလုပ္ခ်င္လို႔လဲ သွ်င္းငယ္...”
“အိုးဖိုးေတြရွင္းေပးမလို႔ေလ...”
“ဟုတ္ သခင္ေလး ဘယ္ေလာက္....”
သကၠေမးရင္း အရွင့္အၾကည့္ႏွင့္ဆုံသည့္အခိုက္ ပိတ္က်သြားရသည္။
*ကိုယ့္ေသတြင္းကိုယ္တူးမိျပန္တာလား...ငါလည္းဘာမွမလုပ္ရပါပဲ အရွင္ကဘာလို႔ အာ့လိုႀကီးပဲ လာလာၾကည့္ေနရတာလဲလို႔...ငါကသခင္ေလးေခၚလို႔လာတာကို...ငင့္....*
ဒဝီဦးခိုက္မွာေတာ့ အလိုက္ကမ္းဆိုးမသိလွသည့္ သကၠအား စူးစိုက္ၾကည့္ရင္း
“ကိုယ္ေတာ္ရွိတယ္ေလ....ကိုယ္ေတာ္ရွင္းေပးမွာေပါ့...သွ်င္းငယ္...”
“အာ...ဟုတ္ အာ့ဆို အရွင္...”
ဟုဆိုကာ ဧကေလး အရွင့္ေရွ႕ လက္ဝါးျဖန႔္ျပလိုက္သည္။
“အဟြန္း!!!”
ဒဝီဦးခိုက္ ကေလးမ်ားသဖြယ္ လက္ဖဝါးျဖန႔္လွ်က္ ေတာင္းသည့္ သွ်င္းငယ္၏အမူအယာေလးေၾကာင့္ သေဘာက်စြာရယ္ရင္း ခါးမွာခ်ိတ္ထားသည့္ ဒဂၤါးျပားထုတ္ေလးကို သွ်င္းငယ္လက္ထဲ ထည့္ေပးလိုက္သည္။
ဧကေလးလည္း လက္ထဲေရာက္လာသည့္ ဒဂၤါးထုတ္ထဲက အဘြားအိုအား က်သင့္သည္ထက္ပိုေပးလိုက္သည္။
“ေက်းဇူးပါကြယ္...သခင္ေလးတို႔ ဘုန္းႀကီးလို႔ အသက္ရွည္ ခ်စ္ခ်စ္ခင္ခင္ျဖင့္ လိုရာဆႏၵေတြ တစ္လုံးတစ္ဝထဲျပည့္စုံၾကပါေစကြယ္....”
“ဟုတ္ ေမႀကီး ေပးတဲ့ဆုနဲ႔ျပည့္ပါေစဗ်...”
ဧကေလး ၿပဳံးၿပဳံးေလးခံယူလိုက္သည္။
ဒဝီဦးခိုက္မွာေတာ့ ၾကည္လင္ေသာမ်က္ႏွာေလးမွ ႏူးႏူးညံ့ညံ့ၿပဳံးေနေသာ မ်က္ဝန္းျပာေလးႏွင့္ႏႈတ္ခမ္းပါးေလးကို ျမတ္ႏိုးမဝစြာ ၿပဳံးလွ်က္ၾကည့္ေနမိသည္။
ဧကေလး ၿပဳံးလွ်က္ အေနာက္လွည့္လိုက္ရာ မိမိအား ျမတ္ႏိုးစြာၿပဳံးၾကည့္ေနပါေသာ ပယင္းေရာင္မ်က္ဝန္းမ်ားႏွင့္စုံခိုက္ အိုးတိုးအမ္းတမ္းျဖစ္သြားရကာ ပါးျပင္ေလးမ်ားမွာ အနီေရာင္သမ္းသြားရသည္။
*ဒီလူဘယ္ကတည္းကစိုက္ၾကည့္ေနတာတုန္း...*
“အဟမ္း!! ခုလို ရွင္းေပးလို႔ ေက်းဇူးပါဗ်...”
ဧကေလး လည္ေခ်ာင္းတစ္ခ်က္ရွင္းလိုက္ကာ ဒဂၤါးထုပ္ကို အရွင့္ထံေပးလိုက္သည္။မ်က္လုံးမွာမူ အရွင့္အားမၾကည့္ပဲ အိုးေတြဆီအၾကည့္လႊဲထားသည္။
ဒဝီဦးခိုက္ မိမိအားမၾကည့္ပါပဲ ဒဂၤါးထုပ္ထိုးေပးေနေသာ ရွက္ေသြးႂကြကာ ပန္းေရာင္သန္းေနသည့္ မ်က္ႏွာေတာ္ႏုႏုေလးအား စိုက္ၾကည့္ရင္း
“အဟြန္း!!! သွ်င္းငယ္ပဲယူထားလိုက္ပါ...ဝယ္ခ်င္စရာေလးေတြရွိရင္ဝယ္ရတာေပါ့....”
*ဪ....ရႉးဂါးဒယ္ဒီလုပ္ခ်င္တယ္ေပါ့ ရတယ္ေလ ဟဟ...ဒီကမင္းျမတ္ဧကဦးမာန္ကပဲ သေဘာထားႀကီးစြာနဲ႔ အရွင့္ရဲ႕လိုအင္ဆႏၵကို ျဖည့္ဆည္းေပးရမွာေပါ့...*
“ဟုတ္ကဲ့ပါအရွင္...ကြၽန္ေတာ္ပဲ ယူထားလိုက္မယ္ေနာ္... ဝယ္ခ်င္စရာေတြကမ်ားေတာ့ အရွင့္ေငြေတြကမေလာက္ငွမွာပဲဆိုးရပါတယ္အရွင္...”
ဧကေလး ေျပာင္စပ္စပ္ေျပာလိုက္ရင္း ေရွ႕မွ ထြက္လာခဲ့လိုက္သည္။
“အဟြန္း!!!အသည္းယားစရာေလး...”
*******
အိုးဆိုင္မွ ထြက္လာၿပီးေနာက္ ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ရင္း စားေသာက္ဖြယ္ရာ႐ိုးရာမုန႔္မ်ား ၊ လည္ဆြဲပုတီးကုံးဆိုင္မ်ားႏွင့္အတူ လက္မႈပညာမ်ိဳးစုံကို ေလွ်ာက္ပတ္ၾကည့္ျဖစ္သည္။
ဗိုက္ဆာလွ်င္ အနီးနားမွာရွိသည့္ ဂ်ဳံျဖင့္ျပဳလုပ္ထားေသာမုန႔္မ်ား၊မုန႔္ျဖဴ ၊မုန႔္နီ စသည္မ်ားကို စားရင္း ေျခတိုေအာင္ ၿမိဳ႕ထဲ ေလွ်ာက္သြားျဖစ္သည္။
ေရွ႕မွ ႏွစ္ေယာက္သားေခါင္းခ်င္းဆိုင္လွ်က္ ဟိုဟာ ဒီဟာမ်ားကို အကုန္ဝယ္ အကုန္စားေနၾကေသာ ႏွစ္ေယာက္အားၾကည့္ရင္း ဒဝီဦးခိုက္ႏွင့္ ဇမၺဴဒီရာဇ္တို႔ အသည္းယားမိသည္မွာလည္း အခါခါပင္ျဖစ္သည္။
“ဦးခိုက္...”
“အင္း...”
“သူတို႔ႏွစ္ေယာက္ အေတာ္ေလးစားႏိုင္တယ္ေနာ္...”
“အင္း...”
“ကေလးေတြမို႔လို႔မ်ားလား...”
“ကေလးမဟုတ္ေတာ့ပါဘူး... အ႐ြယ္ေရာက္ေနၿပီ...”
“မသိဘူး ငါ့မ်က္လုံးထဲ ကေလးေတြလို႔ပဲ ျမင္တယ္...သွ်င္းေလးက သြက္သေလာက္ ဟိုဘက္က သကၠေလးက တည္ၿငိမ္ေနသလိုပဲ...”
“မင္း စိတ္ထင္လို႔ပါ ...သွ်င္းငယ္က အဲ့ဒီလိုပဲ ေနတတ္တာ သူ႔ပုံစံပဲ...ဟိုတစ္ေယာက္ကေတာ့ မေျပာတတ္ဘူး...”
“ဟက္!!!ဒဝီဦးခိုက္တို႔ ေသခ်ာသိလွခ်ည္လား...ဘယ္ကတည္းကႀကိတ္စုံစမ္းေနတာလဲ...မင္းမ႐ိုးသားေတာ့ဘူးေနာ္...ငါ့ဧကရာဇ္လို႔လည္းေျပာေသးတယ္...”
“အဟြန္း!!!ငါမ႐ိုးသားေတာ့တာၾကာၿပီ...ငါ့ဧကရာဇ္ဆိုမွေတာ့ မင္းဘုရင္တစ္ပါးလုပ္ေနၿပီ မတုံးစမ္းနဲ႔....”
“ဟ...ငါကတုံးတာမဟုတ္ဘူး အံ့ဩေနတာ...မင္းက ဒီလိုမ်ိဳးေ႐ြးလိမ့္မယ္လို႔ ထင္မထားလို႔ေလ...”
“မင္း ..ဘယ္လိုထင္လို႔လဲ....”
“မထင္ပါဘူး အံ့ဩ႐ုံပဲ...ဆရာေတာ္ဘုရားကမိန႔္ထားတယ္မလား....ကိစၥတိုင္းဟာ ကံအေၾကာင္းတရားေတြနဲ႔ ဆက္စပ္ေနတာမို႔
ဘယ္လိုပုဂၢိဳလ္မ်ိဳးကမွ မေရွာင္လႊဲႏိုင္ဘူးတဲ့...ေရစက္ထူးေတြလို႔ပဲ ေတြးတယ္....”
“အင္း....ပေရာဟိတ္ႀကီးကလည္း ေျပာတယ္...ေသခ်ာေနၿပီးသားအရာကို ထပ္ကာထပ္ကာစမ္းစစ္ၿပီးမွ ငါလုပ္ခဲ့တာ...”
“ငါသိပါတယ္...ဒါေပမယ့္ အမ်ားအျမင္မွာ မင္းဟာ တိုင္းျပည္အုပ္ခ်ဳပ္မင္းလုပ္ေနတဲ့ ဘုရင္တစ္ပါးျဖစ္တဲ့အတြက္ ဒီလိုဆက္ဆံေရးကို သတိထားေစခ်င္တယ္...နံရံတိုင္းမွာနားေတြရွိတယ္...ဒီကိစၥကို မင္းရဲ႕အားနည္းခ်က္တစ္ခုအေနနဲ႔ ဆုပ္ကိုင္ၿပီး အက်ပ္ကိုင္ၾကလိမ့္မယ္...”
ဇမၺဴဒီရာဇ္ ငယ္ေပါင္းႀကီးကို သတိေသခ်ာေပးလိုက္သည္။ရွင္ဘုရင္ဆိုသည့္ေနရာဟာ အႏၲရာယ္မ်ားလွသလို အမတ္ေတြရဲ႕ေစာင့္ၾကည့္ျခင္းေတြခံရသည့္ေနရာပင္မဟုတ္လား။ပုန္ကန္ရန္ႀကံစည္ေနသူမ်ားမွာလည္း မိမိႏွင့္လက္တစ္ကမ္းအကြာတြင္ရွိႏိုင္သလို မထင္မွတ္ထားသည့္ လူမ်ားလည္းျဖစ္ေနတတ္သည္။
“အင္း...ငါ သူ႔ကိုေသခ်ာကာကြယ္မွာပါ...”
“ေအးပါ...တစ္ခုခုဆိုလွ်င္ မင္းေနာက္မွာ ငါရယ္ ငါ့ဟန္လင္းက စစ္တပ္ႀကီးတစ္ခုလုံးရယ္ ရွိေနတယ္ဆိုတာမေမ့နဲ႔....”
“အဟြန္း!!!”
ဒဝီဦးခိုက္ သေဘာတက်ပဲရယ္လိုက္သည္။ဇမၺဴဒီရာဇ္က ဘာကိုစိုးရိမ္ၿပီး သတိေပးေနသည္လည္းဆိုတာ သူေကာင္းေကာင္းသိသည္။သူ႔လိုလူက ထိုအရာေတြကိုထည့္မတြက္ေပမယ့္ အဲ့အရာေတြက သွ်င္းငယ္ကို ထိခိုက္လာႏိုင္မည္ဆိုလွ်င္ေတာ့ ေသခ်ာေပါက္ထည့္တြက္ရေပလိမ့္မည္။
တိုင္းျပည္တစ္ခုလုံးႏွင့္ယွဥ္ေ႐ြးရမည္ဆိုခဲ့လွ်င္ေတာင္ သူ႔ေ႐ြးခ်ယ္မႈကတစ္ခုထဲပင္။
“သခင္ေလး...အဲ့ သစ္သီးယိုေလးေတြစားေကာင္းတယ္...”
“ဟုတ္လား...အစ္မေတာ္အတြက္ပါဝယ္သြားရမယ္....”
“သခင္ေလး ဟိုဆံထိုးေလးလွတယ္ေနာ္...”
“ဟုတ္တယ္ေနာ္ အစ္မေတာ္နဲ႔ဆို လိုက္မွာပဲ...”
“သခင္ေလး....ဟိုပိုးထည္ပဝါေလး အေတာ္လွတာပဲ...”
“လွတယ္ဟ အစ္မေတာ္ အသားအရည္နဲ႔ဆို ဟပ္ထြက္ေနမွာပဲ မိုက္တယ္....”
“သခင္ေလး....”
“အစ္မေတာ္ဖို႔ဘာေတြ႕ေသးလဲ....”
စသည္ျဖင့္ ေရွ႕မွ ဘာစားရင္ေကာင္းမလဲ။ ဘာဝယ္ရင္ေကာင္းမလဲ။အစ္မေတာ္နဲ႔လိုက္ေလာက္လားကအစ တီးတိုးတိုင္ပင္ေနၾကေသာ ႏွစ္ေယာက္မွာေတာ့ ေနာက္နားက ေဆြးေႏြးမႈႀကီးတစ္ခုအား သတိမထားမိလိုက္ၾကေပ။သေရေခတၱရာျပည္၏ ေဈး လမ္းမႀကီးေပၚတြင္ ႏွစ္ေယာက္ထဲရွိသည္အလား တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ ေလ့လာေနၾကေတာ့သည္။
ေနာက္မွ တိုင္းျပည္ႀကီးႏွစ္ခုကို အုပ္ခ်ဳပ္မင္းလုပ္ေနေသာ ဘုရင္ႏွစ္ပါးလက္ထဲတြင္ေတာ့ ပိုးထည္စအတြဲမ်ား၊ဖက္ႏွင့္ထုတ္ထားေသာစားစရာအထုပ္ေလးမ်ားျဖင့္ ဗုံေတာင္စီေနေတာ့သည္။
*********
သေရေခတၱရာျပည္ရွိ ေရဝန္းငယ္ဟုအမည္ရေသာ စားေသာက္ဆိုင္ငယ္ေလးတစ္ခုထဲတြင္ အိႏၵိယသားတစ္ဦးပုံစံဝတ္ဆင္ထားေသာ လူတစ္ေယာက္သည္ စားစရာမ်ားကို တစ္ခ်က္ေလးမွ်မထိပဲ စူးရွေနသည့္ မ်က္ဝန္းမ်ားဟာ လမ္းမထက္ကသြားလာလႈပ္ရွားေနသူမ်ားကိုၾကည့္ေနသည္။
ထိုလူသည္ ေရာက္ကတည္းက စားစရာမ်ားကိုမွာထားၿပီး ထိုင္ေနသည္ကား အေတာ္ေလးၾကာျမင့္ေနၿပီျဖစ္သည္။
မ်က္ႏွာအားဖုံးကြယ္ထားသည့္ ပဝါစကိုတစ္ခ်က္ေလးေတာင္ဖယ္ခြာျခင္းမရွိပဲ အေယာင္ျပသပ္သပ္ ဟင္းပြဲမ်ားကိုလည္းမထိေပ။
ထိုအခိုက္ သူ႔နားသို႔ အလားတူဝတ္စုံမ်ိဳးဝတ္ထားသည့္ လူတစ္ေယာက္ ေရာက္လာၿပီး ဦးၫႊတ္လိုက္သည္။
ထိုလူက သူေခါင္းၿငိမ့္ျပလိုက္သည္ႏွင့္ေရွ႕ကခုံတြင္ဝင္ထိုင္လိုက္သည္။
“ဟိုဘက္က လက္စသတ္လိုက္ၿပီလို႔ၾကားပါတယ္ အရွင္...သတင္းေတြကပိရိလြန္းလို႔ ေနရာကိုေတာ့ မသိခဲ့ရေသးပါဘူးအရွင္...”
“အင္း...လြတ္သြားတဲ့လူေတြေရာဘယ္မွာလဲ သိခဲ့လား...”
“တေကာင္းၿမိဳ႕ထဲလို႔ ဒီဘက္ကအခိုင္အမာတြက္ဆထားပုံပဲအရွင္...ကြၽန္ေတာ္မ်ိဳးတို႔ ၿမိဳ႕ထဲပိုက္စိပ္တိုက္ရွာထားသည့္အတြက္ တေကာင္းမွာ မရွိတာက ေသခ်ာပါတယ္အရွင္....”
“အင္း...အပုန္းေကာင္းၾကတာပဲ...”
“ကြၽန္ေတာ္မ်ိဳးရဲ႕ညံ့ဖ်င္းမႈေၾကာင့္ပါအရွင္...”
“ဟန္လင္းဘက္ကိုသူလွ်ိဳလႊတ္လိုက္ပါ....ဒီေကာင္ေတြ ေျပးစရာေနရာမ်ားမ်ားမရွိပါဘူး...”
“ဟုတ္ကဲ့ အရွင္...”
“အင္း....”
ထို႔ေနာက္ ထရပ္လိုက္ၿပီး အစားအေသာက္မ်ားအတြက္က်သင့္ေငြရွင္းကာ ဆိုင္ျပင္သို႔ထြက္လာလိုက္သည္။
ဆိုင္အျပင္သို႔ ေျခအခ်တြင္ အျပင္မွ အထဲသို႔ဝင္လာေသာ လူတစ္ေယာက္က သူ႔အားမျမင္ရပဲ ဝင္တိုက္မိရာ စိတ္ရႈပ္စြာၾကည့္လိုက္မိသည္။
ထိုအခိုက္မွာပဲ စူးရွရွမ်က္ဝန္းမ်ားဟာ တုန္တုန္လႈပ္လႈပ္ျဖစ္သြားၿပီး တစ္ဖက္ကလူအား မ်က္ေတာင္မခတ္ပဲၾကည့္လိုက္မိသည္။
CHANGE 🍁
March 30,1:30PM
ထိုလူကဘယ္သူလို႔ထင္ၾကလဲဗ်...
🍁ဒီေန႔reviewေပးခ်င္တဲ့ficေလးကေတာ့
Black Zoneတဲ့...ကိုယ္ကေတာ့ အနဂၢထည္ႀကီးကို သိပ္ႀကိဳက္တယ္ ဟီး...
စာေရးသူက စကားပုံအသုံးအႏႈန္းႂကြယ္တယ္ဆိုတာ အဲ့ficမွာသိႏိုင္တယ္..
ဗဟုသုတအျပည့္ပဲ...side coupleအတြဲႏွစ္တြဲကိုလည္း အေသအူယားတာ ခ်စ္စရာေလးေတြ...ကိုယ့္RLထဲမွာရွိပါတယ္ သေဘာက်ရင္ဖတ္ၾကည့္ၾကပါ🍁