Chapter(166)
မကောင်းဆိုးဝါးတွေလာနေပြီ(1)
ဝူရုန်သည် ဝူချွင်ချင်ကို ဂေါင်တုန်နှင့်ဝူရှိကို ဝူရှိကို အင်ပါယာမြို့တော်တွင် လေ့လာသင်ယူစေရန်အတွက် သူတို့က အင်ပါယာမြို့တော်ကိုသွားကြမည်ဆိုပြီး အယုံသွင်းခိုင်းလိုက်သည်။နောက်ဆုံးမှာတော့ သူတို့က ချင်အိမ်တော်မှတန်ဖိုးကြီးတဲ့ပစ္စည်းတွေကို ထုတ်ပိုးပြီးရထားလုံးပေါ်တင်ကြတယ်။
နှစ်နာရီကြာပြီးသည့်နောက်မှာတော့ ချင်အိမ်တော်နှင့်ဟေးအိမ်တော်တို့သည် ဂိုလင်းမြို့မှထွက်လာကြတယ်။
သူတို့က မြို့နှင့် ဆယ်မိုင်အကွာလောက်ကိုရောက်တဲ့အချိန်မှာတော့ ရုတ်တရက်ကြီးကောင်းကင်သည်မည်းမှောင်လာသည်။
ဝူရှိက စိတ်ရှုပ်သွားပြီးပြောလိုက်တယ် "ရုတ်တရက်ကြီးကောင်းကင်က ဘာလို့မှောင်မဲလာတာလဲ?မိုးရွာတော့မှာမလို့လား?"
"ဒါကမိုးကြောင့်မဟုတ်ဘူး။တစ်စုံတစ်ခုဖြစ်ပျက်တာဖြစ်နိုင်တယ်။ဖြစ်နိုင်တာက တစ်စုံတစ်ယောက်ကမဲမှောင်လာအောင် လုပ်လိုက်တာဘဲ"ရထားလုံးမောင်းနေတဲ့အစောင့်တစ်ယောက်ကပြောလိုက်တယ်။
"နင်ပြောတာ ဒါကလူသားတွေက ကောင်းကင်ကြီးကိုမဲမှောင်သွားအောင် ထိန်းချုပ်ထားတယ်ပေါ့။မြို့ထဲမှာဘယ်သူကများ ဒီလိုကြောက်စရာကောင်းတာကိုလုပ်နိုင်မလဲ?"ဝူရှိကမေးလိုက်တယ်။
ဝူပုဖန်ကတောင် ဒီလိုမျိုးမလုပ်နိုင်ဘူး။
ဝူရုန်က လိုက်ကာစကိုဖွင့်ပြီးကောင်းကင်ကို စစ်ဆေးကြည့်လိုက်သည်။ဟေးရွမ်ရီ ဒါမှမဟုတ် သူ့ရန်သူ တစ်ယောက်ယောက်က ကောင်းကင်ကိုမဲမှောင်သွားအောင် ထိန်းချုပ်ထားတာဖြစ်နိုင်တယ်။
ဝူချွင်ချင်က တစ်ခုခုမှားနေတယ်လို့ခံစားရတာကြောင့် အစောင့်တွေကို အရှိန်မြင့်ဖို့အမိန့်ပေးလိုက်တယ်။
ကောင်းကင်ကြီးသည် မဲမှောင်သထက်မဲမှောင်လာတယ်။မကောင်းဆိုးဝါးတွေငိုကြွေးတဲ့ ဆွဲဆွဲငင်အော်သံတွေနှင့် တစ္ဆေတွေရဲ့ဆွဲငင်ငင်အော်သံတွေသည် သိသာထင်ရှားစွာဘဲ ထွက်ပေါ်လာသည်။ဒါက လူတိုင်းကိုကြောက်ရွံ့လာစေပြီးကြက်သီးထလာစေတယ်။
"အမေ သမီးအေးတယ်"ဝူရှိသည် ဂေါင်တုန်ကိုဖက်ပြီးပြောလိုက်တယ်။
ဂေါင်တုန်သည် ဘေးမှာရှိနေတဲ့မွေ့ရာကို ဆွဲယူလိုက်ပြီးသူတို့နှစ်ယောက်လုံးကို ခြုံထားလိုက်တယ်။
ဒီရထားလုံးသည် ဝူရုန်၏မင်္ဂလာဆောင်တုန်းပြုလုပ်ထားသည့်ရထားလုံးဖြစ်သည်။ဒါကြောင့် လူအနည်းငယ်လောက်ကတော့ ကောင်းကောင်းဝင်ဆန့်သည်။ဒီရထားလုံးထဲမှာ ကျင်းရှင်က ဥကလေးကိုသူ့လက်မောင်းထဲမှာပွေ့ချီထားရင်းထိုင်နေပြီးပြောလိုက်တယ်"မကောင်းဆိုးဝါးတွေလာနေပြီ"
"......."ရထားလုံးပေါ်က လူတိုင်းကကြောင်အသွားသည်။
ဝူရုန်နှင့်ဝူချွင်ချင်က အပြင်ကအခြေအနေကို ကြည့်လိုက်တဲ့အချိန်မှာဘဲ ဟေးဂန်းသည် ထီးပုံသဏ္ဍာန်မှော်လက်နက်သုံးချောင်းကို အထက်ကိုပစ်တင်လိုက်တာတွေ့လိုက်ရသည်။
မှောက်လက်နက်သုံးခုသည် လေထဲမှာရပ်တန့်သွားပြီး သူ့အောက်မှာရှိသည့်နေရာအစုထဲမှာ မကောင်းဆိုးဝါးတွေ၏ငိုညည်းသံတွေသည် နိမ့်သွားသည်။အနည်းငယ်သော ထွင်းဖောက်မြင်ရတဲ့အရိပ်တွေသည် ရထားလုံး၏ဘေးနှစ်ဖက်လုံးကို ဖြတ်ကျော်သွားသည်။ဒီအရိပ်တွေကို ရေးရေးလေးမျှသာမြင်ရသာဖြစ်ပြီး ရှင်းလင်းနေသည်။ဒါပေမဲ့ဒီအရိပ်တွေသည် ပျံသန်းပြီးဖြတ်သွားတာကိုသူတို့က ခံစားလို့ရသည်။။
အဲဒီနောက်မှာတော့ အရိပ်တွေသည များသထက်များလာသည်။တစ်ရာ နှစ်ရာ သုံးရ တစ်ထောင် နှစ်ထောင် သုံးထောင် တစ်သောင်...ရေတွက်ရတာ ပိုပိုပြီးခက်ခဲလာသည်။သို့သော်လည်း အရိပ်တွေသည် ပိုပိုများလာတာကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။နောက်ဆုံးမှာတော့ ဒီအရိပ်တွေကို လက်ဆုတ်လက်ကိုင်မြင်နိုင်လာသည်။ဝူရုန်ရှေ့မှာမြင်နေရတဲ့မကောင်းဆိုးဝါးတွေသည် များပြားလာပြီး ရုပ်ဆိုးပြီးအရောင်စုံလာသည်။ဝူရုန်နှင့်သူ့မိသားစုသည် ဒီအချိန်မတိုင်ခင်တုန်းက ဒီလိုမျိုးစုံလင်လှတဲ့မကောင်းဆိုးဝါးတွေကို ဘယ်တော့မှမမြင်ဖူးခဲ့ဘူး။ဒီအချိန်မှာတော့ မြို့တွင်းဆင်ခြေဖုံးနေရာတွေတွင် မကောင်းဆိုးဝါးတွေကရောက်ရှိသွားပြီဖြစ်သည်။
မကောင်းဆိုးဝါးတွေသည် ပါတီတစ်ခုကိုသွားနေသလိုမျိုး နှေးကွေးစွာနှင့်ဂိုလင်မြို့ထဲကိုဝင်ရောက်သွားကြသည်။
ဝူရှိသည် မကောင်းဆိုးဝါးတွေက သတိထားမိသွားမှာကိုကြောက်တာကြောင့် သူမပါးစပ်ကို ကာထားပြီးအသံတစ်သံတောင်မထွက်ရဲဘူး။
ဝူချွင်ချင်သည် သူ့ဘဝမှာ ဒါကိုပထမဆုံးမြင်ဖူးတာကြောင့် အသက်ရှူဖို့တောင်မေ့လျော့နေသည်။
"မကောင်းဆိုးဝါးတွေအားလုံးကညမှထွက်တာလေ"ဂေါင်တုန်၏နှုတ်ခမ်းတွေက တုန်ရီနေပြီးတုန်လှုပ်စွာပြောလိုက်တယ်"ဘယ်လို ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?ဒီနေရာမှာဘယ်လိုဖြစ်ပြီးပေါ်လာရတာလဲ?"
ဝူရုန်က သူမကိုလှည့်ကြည့်လိုက်တယ်။
သူ့အမေကိုကြည့်ရတာတစ်စုံတစ်ခုကိုသိနေတာဖြစ်နိုင်တယ်။
"ဘယ်လိုတောင်အံ့သြစရာကောင်းလိုက်သလဲ!မင်းကမကောင်းဆိုးဝါးတွေအားလုံးက ညမှာထွက်တာကိုသိနေတယ်"ကျင်းရှင်ကပြောလိုက်တယ်။
"......"ဂေါင်တုန်ကတိတ်ဆိတ်နေတယ်။
"အမေ မကောင်းဆိုးဝါးတွေအားလုံးကညမှာထွက်တယ်ဆိုတာဘာလဲ?"ဝူရှိကအသံတိုးတိုးလေးနှင့်မေးလိုက်တယ်။
ဂေါင်တုန်ကခေါင်းခါလိုက်တယ်။
"တိတ်တိတ်နေ"ဝူချွင်ချင်က.လေးလံစွာပြောလိုက်တယ်။
ဝူရှိကပါးစပ်ပိတ်ထားလိုက်တယ်။
သောင်းချီတဲ့မကောင်းဆိုးဝါးတွေက ဂိုလင်းမြို့ကိုနီးလာတာနှင့် သူတို့ကရုတ်တရက်စိတ်လှုပ်ရှားလာတော့တယ်။
"ဂိုလင်းမြို့ကျဆုံးသွားပြီ"ဝူချွင်ချင်ကနာကျင်စွာပြောလိုက်တယ်။
တစ်ခြားသော ဝူမိသားစုဝင်တွေက မြို့ထဲမှာရှိနေသေးတယ်။ဂိုလင်းမြို့သာ ကျဆုံးသွားရင်မြို့ထဲက လူသုံးသိန်းကျော်သည် သေဆုံးသွားလိမ့်မယ်။
ဝူရုန်သည် ဟေးရွမ်ရီနှင့်ဟေးရွမ်ထန်ကို စိုးရိမ်နေတာကြောင့် မျက်မှောင်ကြုတ်ထားလိုက်တယ်။ဒါပေမဲ့သူတို့ထွက်လာတုန်းကတော့ ဒီညီအကိုနှစ်ယောက်သည် တည်တည်ငြိမ်ငြိမ်ဘဲနေရစ်ခဲ့တာဖြစ်တယ်။သူတို့ကအဆင်ပြေနေတာဖြစ်နိုင်ပါတယ်။
**************************************************************************
Chapter(167)
မကောင်းဆိုးဝါးတွေလာနေပြီ(2)
အဲဒီနောက်တော့ ဝူရုန်က ဝူမိသားစုအကြောင်းကို တွေးမိတယ်။သူရဲ့နဂိုတုန်းက အစီအစဉ်က သူတို့ကိုမသတ်ခင်ကောင်းကောင်းကိုနှိပ်စက်ဖို့တွေးထားတာဖြစ်တယ်။
"ဂိုလင်းမြို့မှာရှိတဲ့မြို့သူမြို့သားတွေအားလုံးက အသတ်ခံရမှာလား?အဖေသူတို့ကို ကယ်ဖို့နည်းလမ်းမရှိဘူးလား?"ဝူရှိကစိုးရိမ်စွာပြောလိုက်တယ်။
ဝူချွင်ချင်ကခေါင်းခါလိုက်တယ်။
သူကမြို့ထဲမှာကျန်ရစ်ခဲ့တဲ့ ဝူမိသားစုဝင်တွေနှင့် မြို့သူမြို့သားတွေကိုကယ်တင်ဖို့ဆန္ဒရှိတယ်။ဒါပေမဲ့လည်း သူ့ရဲ့စွမ်းအားက မလုံလောက်ပါဘူး။တကယ်လို့အခုချိန်မှာ သူကမြို့ထဲကိုပြန်သွားခဲ့ရင်တောင် သူ့ကိုယ်သူလုံခြုံအောင်လုပ်နိုင်ပါ့မလားဆိုတာ အကြီးမားဆုံးမေးခွန်းဖြစ်တယ်။သူက ဟေးဂန်းရဲ့မှော်လက်နက်တွေရဲ့အောက်မှာသာ ရှေ့ဆက်တိုးနိုင်ပြီး မကောင်းဆိုးဝါးကိုသတ်နိုင်မယ်ဆိုရင်တောင် ဒါကအတတ်နိုင်ဆုံးသောအရာဖြစ်တယ်။
သူကမြို့ထဲမှာ သူ့မိဘတွေနဲ့သူ့ညီအကိုတွေ ကျန်ရစ်ခဲ့တာကြောင့် ဝမ်းနည်းမိတယ်။အတိတ်တုန်းကဆိုရင်တော့ သူကဘယ်လိုနည်းလမ်းနဲ့ဘဲဖြစ်ဖြစ် မြို့ထဲကိုပြန်သွားပြီး သူတို့ကိုကယ်တင်ဖို့လုပ်မှာဖြစ်တယ်။ဒါပေမဲ့ အခုချိန်မှာတော့ သူ့ရဲ့သေးငယ်တဲ့မိသားစုလေးကို ကာကွယ်ဖို့လိုအပ်တယ်။သူက ဘာကိစ္စဘဲရှိရှိ သူတို့ကိုထားပြီးတစ်ယောက်ထဲထွက်သွားဖို့မဖြစ်နိုင်ဘူး။
သူက ဆုံးဖြတ်ချက်ခိုင်မာစွာနှင့်သူတို့ဘက်ကို မကြည့်မိအောင်မျက်နှာလွှဲထားလိုက်တော့တယ်။
ဝူရုန်ကလည်း မျက်နှာလွှဲထားလိုက်တယ်။သူကအင်္ကျီအောက်မှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်တယ်။အရင်ဘဝတုန်းကလောက် သူစွမ်းအားရှိတယ်ဆိုရင်တောင် မကောင်းဆိုးဝါးတွေအများကြီးကို မဆင့်ခေါ်နိုင်သေးဘူး။ပထမဆုံးအနေနှင့်သူ့ကိုယ်သူ အားနည်းနေဆဲဆိုတာတွေးမိတယ်။
ဥကလေးက သိချင်စိတ်ဖြင့်လိုက်ကာစကို ဖွင့်ပြီးအပြင်ကိုကြည့်လိုက်တယ်။သူက စိတ်ဝင်တစားနှင့်မကောင်းဆိုးဝါးတစ်ကောင်ကို လက်သီးနှင့်ထိုးလိုက်ပြီးတခစ်ခစ်ရယ်မောလိုက်တယ်။
မျက်လုံးအနီနှင့်မကောင်းဆိုးဝါးက သူ့ကိုစူးရှစွာစိုက်ကြည့်လိုက်တယ်။ရထားလုံးက အခြားလူတွေက မကောင်းဆိုးဝါးကိုစိုက်ကြည့်လိုက်ကြပြီး ဥကလေးကိုနောက်ကိုဆွဲပြီး ကာကွယ်လိုက်တယ်။
ဝူရှိက ဥကလေးရဲ့ပါးကိုဖျစ်ညစ်လိုက်ပြီးပြောလိုက်တယ်"နင်က တော်တော်ရဲရင့်တာဘဲ"
"ဒီလိုလုပ်တာကို ရဲရင့်တယ်လို့မဆိုနိုင်ဘူး"ကျင်းရှင်ကပြောလိုက်တယ်။
ဥကလေးရဲ့မျက်လုံးထဲမှာ အန္တရာယ်ဆိုတာ ဘာမှန်းမသိဘူး။
ဝူရှိက တစ်စုံတစ်ခုပြောမလို့လုပ်လိုက်တဲ့အချိန်မှာဘဲ သူမကထူးဆန်းတဲ့ တစ်စုံတစ်ရာကိုကြားရပြီးပြောလိုက်တယ်"နင်တို့ အဲဒီအသံကိုကြားရလား?"
လူတိုင်းက သူမကိုကြည့်လိုက်ကြတယ်။
"ငါငိုပြီးတော့ အကူအညီတောင်းသံကိုကြားရတယ်"
လူတိုင်းက ဒီအချိန်မှာတော့ တိတ်ဆိတ်သွားတယ်။ဂေါင်တုန်ကလွှဲပြီး တခြားလူတွေအားလုံးက စိတ်စွမ်းအင်ရှိတာကြောင့် သူတို့က အသတ်မခံရခင်ငိုကြွးပြီးအကူအညီတောင်းသံတွေကိုကြားရတယ်။ကြည့်စရာမလိုဘဲနဲ့တောင် မြို့ထဲမှာ သားသတ်ရုံလိုဖြစ်နေတာကို သိနိုင်တယ်။
ဝူရှိက ဂေါင်တုန်ကို ဖက်ထားလိုက်တယ်။
"ဘာမှမဖြစ်ပါဘူး"ဂေါင်တုန်ကသူမရဲ့နောက်ကျောကိုပွတ်သပ်ပေးလိုက်တယ်။
"အင်း"သူမက ဒီအသံတွေကို ဆက်မကြားချင်ဘူး။သူမကမျက်လုံးတွေကို ပိတ်ထားလိုက်တယ်။အခြားလူတွေကလည်း သူမလိုလုပ်လိုက်ကြတယ်။
ဒီအချိန်မှာတော့ တစ်ယောက်ကမှစကားမပြောကြတော့ဘူး။
ဒါက သူတို့ကဟသေးငယ်တဲ့မြို့လေးမှတည်းခိုခန်းကိုရောက်တဲ့ညသန်းခေါင်အချိန်ထိတိုင်အောင်ဖြစ်တယ်။
သူတို့က တည်းခိုခန်းအတွင်းကိုဝင်လာတဲ့တစ်ခါမှာတော့ လူတစ်ချို့က ဆွေးနွေးနေတဲ့အသံတွေကိုကြားလိုက်ရတယ်။
"ငါကြားတာတော့ဂိုလင်းမြို့က သိန်းချီတဲ့မကောင်းဆိုးဝါးတွေရဲ့သက်ရောက်ခြင်းခံရတယ်တဲ့။မြို့ထဲက သိန်းချီတဲ့လူတွေက တစ်နေ့ခင်းထဲနဲ့သေသွားတယ်"
"သိန်းချီတဲ့မကောင်းဆိုးဝါးတွေလား?မင်းဒီအကြောင်းကို ဘယ်ကနေကြားလာတာလဲ?"
"ကျင့်ကြံသူတစ်ယောက်က ငါ့ကိုပြောပြတာ။အဲဒီအချိန်တုန်းက သူဂိုလင်းမြို့နားကနေဖြတ်သွားတဲ့အချိန်တဲ့။သူငါ့ကိုပြောပြတာတော့ နေ့လယ်တစ်နာရီလောက်မှာ ကောင်းကင်ကြီးက ရုတ်တရက်မဲမှောင်သွားတယ်။အဲဒီနောက်မှာ သောင်းချီတဲ့မကောင်းဆိုးဝါးတွေ ရောက်လာတယ်။ဒါကြောင့်သူကလည်း ကြောက်လန့်တကြား ထွက်ပြေးလာခဲ့တယ်။နောက်တော့ သူက နာကျင်စွာအော်တဲ့အသံတွေ အများကြီးကိုလည်း ကြားခဲ့ရတယ်။ဒါပေမဲ့ သူကအတိအကျဘာဖြစ်တာလဲတော့ ရှင်းရှင်းလင်းလင်းမသိဘူးလို့ပြောတယ်။ဒါပေမဲ့ သူလုံးဝသေချာပြောခဲ့တာက တစ်မြို့လုံးသေသွားတယ်လို့ပြောခဲ့တာဘဲ"
နားထောင်နေကြတဲ့လူတွေက မေးလိုက်တယ်"မြို့ထဲမှာကျင့်ကြံသူတွေရှိတယ်မဟုတ်လား?ငါကြားတာတော့ အဲဒီမြို့မှာ ဝူမိသားစုတွေရှိတယ်ဆို။သူတို့က မကောင်းဆိုးဝါးတွေကိုမနိုင်ဘူးလား?"
"မကောင်းဆိုးဝါးတွေက ကျင့်ကြံသူတွေထက်စွမ်းအားကြီးတယ်လို့ပြောတာဘဲ"အဲဒီလူက သက်ပြင်းချပြီးပြောလိုက်တယ်။
***************************************************************