50 Shades of Kim

Από Jinsoohyuk_0127

35.5K 2.9K 823

" ဦး ထင်နေသလိုမျိုး ထယ်က ပင်ကိုယ် အကျင့်စာရိတ္တဆိုးတဲ့ ကလေးတစ်ယောက် မဟုတ်ပါဘူး ဦးရယ်...ထယ့်ကို လွှမ်းမိုးထာ... Περισσότερα

Introduction
EPISODE - 1
EPISODE - 2
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11 ❗
EPISODE - 12
EPISODE - 13
EPISODE - 14

EPISODE - 3

1.7K 197 72
Από Jinsoohyuk_0127

EPISODE - 3 (Unicode)

တစ်လမ်းလုံး စကားတစ်ခွန်းမှမပြောဘဲ မေးကြောတွေထောင်တဲ့အထိ မျက်နှာထားတင်းမာလွန်းနေတဲ့ ဦးကို ကျွန်တော် စိတ်ထဲကနေပဲ တိတ်တိတ်လေး တောင်းပန်နေမိတယ်။ ကျွန်တော့်လုပ်ရပ်တွေက ဦးအတွက် အရမ်းကို စိ်တ်ဆိုးဒေါသဖြစ်စေလိမ့်မယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။

ဒါပေမယ့် အရာအားလုံးက ကျွန်တော့်အပြစ်တွေချည်းပဲ မဟုတ်ဘူး။ ကျွန်တော်တို့ပြိုင်ပွဲထဲကို ဘုမသိဘမသိ တိုးဝင်လာခဲ့တဲ့ ဦးအပြစ်လည်းပါတယ်။ စိတ်မကောင်းပေမယ့် ဦးရဲ့အတွင်းစိတ်ထဲက မကောင်းဆိုးဝါးကို ကျွန်တော် မရရအောင် အပြင်ခေါ်ထုတ်ရလိမ့်မယ်။

လူမှန်ရင်တော့ မကောင်းတဲ့ဘက်ခြမ်းဆိုတာ ရှိတတ်စမြဲပဲလေ။ ကျွန်တော် အရမ်းအတ္တကြီးမိသွားပြီလား မသိပေမယ့် ဦးရဲ့ dark sideကို လှုပ်နှိုးပြီး ပြဿနာတွေကို မီးမွှေးဖို့ အစီအစဥ်ချပြီးနေပြီ။ တကယ့်ကို စိတ်ရင်းနဲ့ ေတာင်းပန်ပါတယ်။

" ရောက်ပြီ!.. အခုချက်ချင်း ကားပေါ်က ဆင်းလာခဲ့။ မင်းနဲ့ငါ အခုချက်ချင်း စာရင်းရှင်းမယ် "

ပြောပြောဆိုဆို ကားပေါ်က အရင်ဆင်းသွားပြီး ကားတံခါးဆွဲဖွင့်ကာ ထယ်ယောင်းကို ကားပေါ်က အသည်းအသန် ဆင်းခိုင်းနေသော ဂျောင်ဂု။ ထယ်ယောင်း ကားပေါ်ကဆင်းနေသည်ကိုပင် စိတ်မရှည်နိုင်တော့ လက်ကိုဆောင့်ဆွဲပြီး အကြမ်းပတမ်းဆင်းစေလိုက်သည်။

ရုတ်တရက် ဆောင့်ဆွဲခံလိုက်ရ၍ ဟန်ချက်ပျက်သွားသောထယ်ယောင်း အရှေ့သို့ငိုက်စိုက်ယိုင်ကျလာတော့ ဂျောင်ဂုက အချိန်မှီဖမ်းယူလိုက်သည်။ ထယ်ယောင်း လဲပြိုကျလာသောအရှိန်ကြောင့် ဂျောင်ဂုလည်း ထယ်ယောင်းခန္ဓာကိုယ်လေးကို ဖမ်းမိသော်လည်း သူကိုယ်တိုင်ပါ ဟန်ချက်ပျက်ကာ အနောက်သို့အနည်းငယ်ယိုင်ကျသွားသည်။

အနောက်သို့ ဒီဂရီအနည်းငယ်ယိုင်သွားသော ဂျောင်ဂုရင်ခွင်ထဲ မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားခဲ့တော့ ထယ်ယောင်းတို့ အခွင့်အရေးကို အမိအရယူကာ ဂျောင်ဂုနှုတ်ခမ်းများဆီ လှမ်းနမ်းလိုက်သည်။ ရုတ်တရက်ကြီး ထပ်အနမ်းခံလိုက်ရ​သော ဂျောင်ဂုမှာတော့ အံ့သြခြင်းများစွာဖြင့် ကြောက်ရုပ်ဖြစ်သွားခဲ့ပြီ။

စနစ်စကျ အစီအစဥ်ချထားပြီးခဲ့သော ထယ်ယောင်းကတော့ တွန့်ဆုတ်လေးပင်ခြင်းမရှိဘဲ ဂျောင်ဂုမျက်ဝန်းတွေကို ညှို့ဓာတ်အပြည့်ဖြင့် ညှို့ယူဖမ်းစားပြန်သည်။ မျက်တောင်စိတ်စိတ်လေးများဖြင့် အနားသတ်ထားသည့် ရွှန်းစိုစိုမျက်ဝန်းများကို အသုံးပြုရင်းပေါ့။

" မင်း...တော်တော်လေးကို တရားလွန်လွန်းနေပြီပဲ ကင်ထယ်ယောင်း။ မင်းကို စကားပြောပြီး ဆုံးမနေရတာ ဒီလောက်နဲ့ရပ်သင့်ပြီ။ စကားလုံးတွေထက် လက်တွေ့ဆုံးမပြရတာပေါ့ "

ထယ်ယောင်းကို နေရာတကျ မတ်တပ်ပြန်ရပ်စေလိုက်ပြီး မျက်ဝန်းညိုလေးများအား တစ်ခဏငေးကြည့်မိပါသော သူ့အပြစ်ကို ဟန်ဆောင်ဖုံးကွယ်ကာ ဆူပူငေါက်ငမ်းလာပါသော ဦး...။ လူကြီးတွေက ကိုယ့်အပြစ်ကျ ကိုယ်မမြင်တတ်ဘူး ထင်သည်။

" မင်း သေဖို့သာ ပြင် "

ထပ်မံ၍ လက်ကိုဆောင့်ဆွဲကာ ဧည့်ခန်းထဲခေါ်လာခဲ့သော ဂျောင်ဂုကို ထယ်​ယောင်းစိတ်ထဲ မသိမသာလန့်နေမိ​သော်လည်း မကြောက်ချင်​ယောင်ဆောင်နေဆဲ။ သူဖြစ်စေချင်တာကလည်း ဒီလိုတွေပဲမို့ ကြောက်နေရင်တောင် အကောင်းဆုံးကျော်ဖြတ်ဖို့ စိတ်အားတင်းထားမိတာ။

" ပြောမရဆိုမရတဲ့ ကလေးတွေကို ဘယ်လိုဆုံးမရသလဲဆိုတာ ငါပြပေးမယ် "

ဧည့်ခန်းထဲရောက်ရောက်ချင်း ထယ်ယောင်းကို ဆိုဖာပေါ်ဆောင့်တွန်းချရင်း ဒေါသမာန်ဟုန်ပြင်းစွာ စိုက်ကြည့်နေခဲ့သော ဂျောင်ဂုမျက်ဝန်းများက အလျှံညီးညီးတောက်နေသော မီးတောက်အလား ကြောက်မက်ဖွယ်အတိ။ လူကိုသတ်ပစ်တော့မလို အစိမ်းလိုက်ဝါးစားတော့မလို မျက်ဝန်းမျိုးလေ။

ချက်ချင်းဆိုသလို ေဂျာင်ဂုက ခါးပတ်ကိုချွတ်ဖို့ပြင်လာတော့ ထယ်ယောင်းတို့ စိုးရိမ်စိတ်ပိုကြီးလာသည်။ အိမ်ဖော်တွေကိုတောင် တစ်ယောက်မကျန် အလုပ်ထုတ်ပစ်ထားခဲ့သော အဒေါ်ဖြစ်သူကြောင့် တစ်အိမ်လုံးမှာ သူတို့နှစ်ယောက်သာရှိ၍ ထယ်ယောင်းအတွက် ကူကယ်ရာမဲ့နေခဲ့ပြီ။

သို့သော် ခေါင်းမာလွန်းသော ထိုလူသားငယ်က သူ့ကိုယ်သူထက် လက်စားချေဖို့အစီအစဥ်ကို ပိုအလေးထားနေခဲ့တော့ အခြေအနေပိုဆိုးစေဖို့သာ အကြံထုတ်နေခဲ့မိတာ။ ကြောက်ဖို့ကောင်းလောက်အောင် ဒေါသထွက်နေသူကြီးကို ဒေါသပိုထွက်လာစေဖို့ပေါ့။

" ဦးက အရိပ်ပြရင် အကောင်လိုက်မြင်တတ်တာပဲ။ ကျွန်တော့်ကို ဒီလိုနည်းလမ်းနဲ့ အပြစ်ပေးမယ်ဆိုလည်း ဧည့်ခန်းထဲမှာ မသင့်တော်ဘူးလေ ဦးရယ်။ အခန်းထဲတောင် မသွားနိုင်တော့တဲ့အထိ တော်တော်ဖြစ်နေပြီလား ဟွန့် "

သူ့ကို ခါးပတ်ဖြုတ်ပြီး ရိုက်တော့မည်ဆိုတာ ထယ်ယောင်း ကောင်းကောင်းသိနေပါသော်လည်း ဂျောင်ဂုဒေါသကို ပိုလောင်ကျွမ်းစေဖို့ အခြားအဓိပ္ပါယ်ထွက်သည့် စကားကိုသာ သူထုတ်ပြောမိသည်။ သူ့အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေခဲ့တယ်ဆိုတာ သိနေပါရက်နဲ့ ရန်ငြိုးအမိုက်မှောင်တွေကြောင့် ဆက်ရူးမိုက်နေခဲ့တာ။

" မင်း တော်တော်လေး ခံချင်နေတာလား။ ဒီအရွယ်လေးနဲ့ အရမ်းဆာနေတာလား ဟမ်!! "

သူ့မေးစေ့ကို ဆွဲကိုင်လှုပ်ရင်း လေသံမာမာဖြင့် ပြန်မေးလာ​သော ဦးရဲ့မေးခွန်းကြောင့် ထယ်ယောင်းရင်ထဲ ဆစ်ခနဲနာကျင်ရသည်။ ငိုချင်စိတ်ပေါက်သည်အထိ ထိခိုက်ခံစားသွားရသည့်တိုင် စိတ်ဓာတ်မာကျောဟန်ဆောင်နေသော ထယ်ယောင်းက လက်သီးကိုတင်းတင်းဆုပ်ရင်း မငိုမိအောင် အံကြိတ်ထားခဲ့သေးတာ။

သည်းခံစမ်း ကင်ထယ်ယောင်း...ဒီစကားလောက်လေးနဲ့ ခံစားပြီး ဝမ်းနည်းမသွားမိစေနဲ့။ ရန်ကြွေးတွေဆပ်နိုင်ဖို့ဆို မင်းက ဒီထပ်ပိုပြီး စိတ်ဓာတ်မာကျောနေမှဖြစ်မယ်။ ဦးကို သူပြောချင်သမျှ ပြောခွင့်ပေးလိုက်စမ်းပါ။

" ဟုတ်ကဲ့ ကျွန်တော်က ဒေါ်လေးနဲ့တူလို့ အရမ်းကိုယွတတ်ပါတယ် ဦး "

မှိုင်းညို့နေသော မျက်ဝန်းတို့ဖြင့် ငိုနေချင်သည်ကိုဖုံးကွယ်ထားမိပါသော ထယ်ယောင်းမှာ အတွင်းစိတ်ကိုဖုံးကွယ်ရင်း ဂျောင်ဂုကို အကြောတင်းစွာ ပြန်တုံ့ပြန်နေသည်။ သူ့ဇနီးလောင်းကိုပါ စကားထဲထည့်ပြောလိုက်တော့ ဦးတို့ ဆတ်ဆတ်ထိမခံ ဖြစ်ပေတော့မည်။

" ဒီလောက်ဆို မင်းကို စကားဆက်ပြောဖို့ မရှိတော့ဘူး။ ကိုယ့်အဒေါ်ကိုတောင် ေစာ်စော်ကားကား ပြောရဲနေမှတော့ မင်းလောက်ရိုင်းစိုင်းတဲ့ ကလေးမျိုးကို လက်လန်သွားပြီ။ မင်းရဲ့ အရမ်းတွေယားနေတဲ့နေရာလေးကို အယားပြေအောင် လုပ်ပေးမယ် "

ရုတ်ချည်းဆိုသလို ဂျောင်ဂုလက်တစ်ဖက်တည်းဖြင့် သူ့ လက်နှစ်ဖက်ကိုပူးကာ အပေါ်မြှောက်ချုပ်ကိုင်ခံလိုက်ရသော ထယ်ယောင်း...။ ကျားရဲတစ်ကောင်လို စူးရဲရဲအကြည့်တွေနဲ့ ဦးရဲ့မျက်ဝန်းတွေကလည်း ဒေါသမာန်ဟုန်ပြင်းစွာနဲ့ရယ်။

ထယ် ဦးကို အရမ်းကြောက်တယ်။ ဒါပေမယ့် ဟန်ဆောင်ပြီး အကြောတင်းပြရဦးမယ်။ ​စိုးထိတ်နေတဲ့မျက်ဝန်းတွေအစား စိန်ခေါ်သလို မျက်ဝန်းတွေကိုသာ ဦးကိုမြင်ခွင့်ပေးထားမယ်။

" အဟက် မင်းက တကယ် မထင်ရဘူးပဲ။ တကယ့်ကို မကြောက်တတ်ဘူးပဲ "

လှောင်သလိုပြုံးရင်း ခနဲ့နေသော ဂျောင်ဂုက ထယ်ယောင်း ခါးပတ်ကို ကျွမ်းကျင်စွာဖယ်ရှားရင်း ဘောင်းဘီကိုလျှောချလိုက်သည်။ ထိုအခါမှ စိုးထိတ်သလိုမျက်ဝန်းတွေနဲ့ ကြောက်လန့်ဟန်ပြလာတဲ့ ထယ်ယောင်းက တကယ့်ကို မာယာများလွန်းသည်။

" စိတ်မကောင်းပါဘူး မင်းကို အယားပြေအောင်လုပ်ပေးဖို့ ငါ့အသွေးအသားကိုတော့ မသုံးပေးနိုင်ဘူး။ ဒါပေမယ့် ဒီသားရေခါးပတ်ကတော့ အဲ့လိုလုပ်နိုင်မယ် ထင်တာပဲ "

ပြောပြောဆိုဆို ထယ်​ယောင်းကို မှောက်လျှက်သားဖြစ်အောင် ပြုပြင်ယူလိုက်ပြီး ခါးပတ်ကို အနေအထားချိန်ဆကာ အသင့်ပြင်လိုက်သည်။ ချုပ်ထားခံရသည့်လက်များ အားအင်ဆုတ်ယုတ်ကာ မရုန်းနိုင်တော့မှ အတွင်းခံတစ်ထည်သာ ကျန်ရှိတော့သော ထယ်ယောင်းတင်ပါးအား စတင်ရိုက်နှက်လိုက်သည်။

အ...
အသံမထွက်မိအောင် အံတင်းတင်းကြိတ်ရင်း စိတ်ထဲကသာ အော်ညည်းလိုက်သော ထယ်ယောင်း။ တင်သားနုနုလေးတွေပေါ် သားရေခါးပတ်ဖြင့်လွှဲရိုက်သည့်အရှိန်က အသည်းခိုက်လုအောင် နာကျင်ရသည့်တိုင် မငိုမိအောင် မာန်တင်းထားခဲ့တာ။

ပထမတစ်ချက်ရိုက်အပြီး မရပ်မနားကျရောက်လာပြန်သော ဒုတိယနှင့် တတိယမြောက်ရိုက်ချက်များ။ တော်ရုံတန်ရုံ ဒေါသမထွက်ဖူးသော ဂျောင်ဂုက ဒီနေ့မှ ဒေါသတွေပေါက်ကွဲထွက်ပြီး အကြင်နာတရားဆိုတာတွေ ဆိတ်သုန်းနေခဲ့တာ။

သည်းခံ...ဆက်ပြီး သည်းခံ။ မင်းအတွက် အချိန်ကောင်းမရောက်မချင်း ဒီနာကျင်မှုကို သည်းခံထားပေး။ သူ့စိတ်ကို အပိုင်သိမ်းယူဖို့ မျက်ရည်တွေကိုလည်း မငိုပစ်ဘဲ စုထား။

သုံးချက်မြောက်ရိုက်ချက်အပြီး ဂျောင်ဂုတို့ ခဏနားကာ ထယ်ယောင်းအ​ခြေအနေကို အကဲခတ်ပြန်သည်။ တင်ပါးမှာ သွေးခြေဥနေလောက်ပြီကို အခုထိ အော်သံတောင် မကြားရသေးတာက တကယ့်ကို မကျေနပ်ချင်စရာကောင်းသည်။

အကြောတင်းလွန်းသော ထိုကောင်လေးက ဒီလောက်ရိုက်ပေးရုံနှင့် မမှတ်လောက်သေးဘူးထင်သည်။ ဒီတော့ သူ့ဘက်ကလည်း မှတ်လောက်အောင် ဆက်ရိုက်ပေးရုံပေါ့။ ဒီလိုလက်တောင့်လောက်ကလေးက ဘယ်လောက်ထိ အကြောတင်းနိုင်မလဲ။

သုံးချက်ဆင့်ကာ ထပ်ရိုက်လာပြန်တော့ ရိုက်ချက်ပြင်းပြင်းများ။ မခံစားနိုင်တော့ဟန်ဖြင့် ညည်းသံခပ်သဲ့သဲ့ထွက်လာခဲ့သော်လည်း အခုထိ အလျှော့မပေးသေးဘဲ ပေကပ်နေပြန်သေးတာ။

" မင်းက တော်တော်လေး ခံနိုင်ရှိတာပဲ။ ဒီလောက်ရိုက်တာတောင် မင်းအတွက် အဆင်မပြေသေးဘူးထင်တယ် "

ဂျောင်ဂုစကားကို မကြားချင်ယောင်ဆောင်ရင်း ဆိုဖာပေါ်မျက်နှာအပ်ကာ မျက်ရည်စတို့ကို စတင်လွှတ်ထုတ်လိုက်သည်။ သို့သော် သူ့မျက်နှာကို မမြင်ရသော ဂျောင်ဂုကို ရှေ့ဆက်တိုးစေနိုင်ဖို့ ပေတေပြီး အကြောတင်းချင်ယောင်ဆောင်နေပြန်သေး၏။

ခဏလေး ထပ်စောင့်လိုက်ပါ။ မင်းရဲ့မာယာတွေကို ထုတ်ပြဖို့ အချိန်ကောင်းလာတော့မယ်။ ဒီတစ်ကြိမ်နောက်ဆုံးပဲ...အင့်...။

နောက်တစ်ကြိမ်ထပ်၍ လာပြန်သော ခပ်ပြင်းပြင်းခါးပတ်ရိုက်ချက်ကြောင့် တင်ပါးနေရာမှ စိုစွတ်မှုကိုခံစားလိုက်ရမှ ထယ်ယောင်းလည်း သူစောင့်နေသောအချိန်ရောက်ပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

" အား...ေတာ်ပါတော့ ဦးရယ်... ထယ် အရှုံးပေးပါတယ်။ နောက်တစ်ခါဆို ဦးပြောသမျှကို နာခံပေးမှာမို့ ကျေးဇူးပြုပြီး ဆက်မရိုက်ပါနဲ့တော့။ ထယ် အရမ်းနာတယ် ဦးရယ်။ ဦးကိုကြောက်ပါပြီ ဆက်မရိုက်ပါနဲ့တော့ "

မအော်ပဲ စုဆောင်းထားသမျှ အသံအားနှင့် အတတ်နိုင်ဆုံးထိန်းထားသော မျက်ရည်တို့ကို အဆုံးစွန်ထိလွှတ်ချကာ အသနားခံလာသော ထယ်ယောင်း၏ စကားသံအဆုံးမှ ဂျောင်ဂုလည်း စိတ်ကိုပြန်ဖြေလျှော့ရင်း နဖူးပြင်မှ ဇောချွေးတို့ကို လက်ခုံဖြင့်သုတ်လိုက်သည်။

အကြောတင်းတဲ့ ဒီကလေးဆီက အလျှော့ပေးတာခံရမှ သူလည်း စိတ်ကိုပြန်လျှော့နိုင်တော့သည်။ ဒေါသပြေပြီး ထယ်ယောင်း အခြေအနေကိုပြန်ကြည့်မိတော့ အတွင်းခံအဖြူရောင်လေးက အရိုက်ခံရသည့်ဒဏ်ရာမှ သွေးစို့ကာ စွန်းထင်းလျှက်။

ခုနကနှင့်မတူဘဲ သနားစရာယုန်သူငယ်လေးကို ငိုယိုနေတဲ့ မျက်ဝန်းလေးတွေကြောင့်လည်း ရင်ထဲမကောင်းဖြစ်မိသွားရသည်။ သူဒေါသထွက်နေရင်း စိတ်လိုက်မာန်ပါ ပွဲကြမ်းလိုက်မိတာ ဒီကလေး အတော်ခံလိုက်ရမည်ထင်သည်။

" အစောကြီးတည်းက ငါ့စကားနားမထောင်ရင် မင်းဒီလိုဖြစ်မှာ မဟုတ်ဘူး။ တော်ရုံဆို ငါ့လိုလူက ဒီလိုရက်ရက်စက်စက် လုပ်ရက်တာမဟုတ်ဘူး။ မင်းကြောင့် ဒေါသတွေ အရမ်းထွက်သွားခဲ့လို့သာ "

သူ့စကားသံကြားမှ ပိုတိုးလို့ငိုလာတဲ့ ထယ်ယောင်းဟာ မျက်လုံးလေးတွေ မို့လာတဲ့အထိ ဆက်တိုက်ငိုနေခဲ့တာ။ ဦးရဲ့ စိတ်နှလုံးကိုရဖို့ ဒီမျက်ရည်တွေက အကောင်းဆုံးစတင်ခြင်းတစ်ခုမို့ တစ်ဖက်လူ သနားလာတဲ့အထိ သူဆက်ငိုနေမှာ။

" ဦး တောင်းပန်ပါတယ် ထယ်ရာ။ မင်းသာ အမြဲလိမ္မာမယ်ဆို နောက်တစ်ခါ ဒီလိုထပ်မရိုက်တော့ဘူးလို့ ဦး ကတိပေးတယ် ဟုတ်ပြီလား။ ဦး မင်းကို မင်းအခန်းဆီလိုက်ပို့ပြီး မင်းဒဏ်ရာတွေကို ေဆးထည့်ပေးမယ်နော်...လာ  "

ရုတ်တရက်ဆိုသလို ထယ်ယောင်းကိုယ်လုံးလေးကို သွေ့ခနဲပွေ့ချီကာ အိမ်အပေါ်ထပ်ဆီ ခေါ်လာခဲ့ပါသော ဦး။ ေပွ့ချီလာပေးသော လမ်းတစ်လျှောက်လုံး အငိုမရပ်နိုင်သေးသော ထယ်ယောင်းထံမှ လျှပ်တစ်ပြက် အပြုံးတစ်ပွင့်ကိုတော့ ဦး မသိနိုင်ခဲ့ပါ။

Mission 1 Complete!
ဦးကြောင့် လိမ္မာသွားတဲ့ လူလိမ္မာလေးအဖြစ်နဲ့ ဦးကို တစ်ကွက်ချင်းအပိုင်သိမ်းဖို့ ခြေတစ်လှမ်းစနိုင်ခဲ့ပြီ။ အမြည်းကျွေးဖူးထားတဲ့ နှုတ်ခမ်းလေးတစ်စုံရဲ့ ချိုမြိန်မှုကိုသာ မမေ့ပစ်လိုက်ပါနဲ့ ဦးရေ...။

To be Continued....

EPISODE - 3 (Zawgyi)

တစ္လမ္းလုံး စကားတစ္ခြန္းမွမေျပာဘဲ ေမးေၾကာေတြေထာင္တဲ့အထိ မ်က္ႏွာထားတင္းမာလြန္းေနတဲ့ ဦးကို ကြၽန္ေတာ္ စိတ္ထဲကေနပဲ တိတ္တိတ္ေလး ေတာင္းပန္ေနမိတယ္။ ကြၽန္ေတာ္႕လုပ္ရပ္ေတြက ဦးအတြက္ အရမ္းကို စိ္တ္ဆိုးေဒါသျဖစ္ေစလိမ့္မယ္ဆိုတာ ႀကိဳတြက္ထားၿပီးသားပါ။

ဒါေပမယ့္ အရာအားလုံးက ကြၽန္ေတာ္႕အျပစ္ေတြခ်ည္းပဲ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ၿပိဳင္ပြဲထဲကို ဘုမသိဘမသိ တိုးဝင္လာခဲ့တဲ့ ဦးအျပစ္လည္းပါတယ္။ စိတ္မေကာင္းေပမယ့္ ဦးရဲ႕အတြင္းစိတ္ထဲက မေကာင္းဆိုးဝါးကို ကြၽန္ေတာ္ မရရေအာင္ အျပင္ေခၚထုတ္ရလိမ့္မယ္။

လူမွန္ရင္ေတာ့ မေကာင္းတဲ့ဘက္ျခမ္းဆိုတာ ႐ွိတတ္စၿမဲပဲေလ။ ကြၽန္ေတာ္ အရမ္းအတၱႀကီးမိသြားၿပီလား မသိေပမယ့္ ဦးရဲ႕ dark sideကို လႈပ္ႏိႈးၿပီး ျပႆနာေတြကို မီးေမႊးဖို႔ အစီအစဥ္ခ်ၿပီးေနၿပီ။ တကယ့္ကို စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္။

" ေရာက္ၿပီ!.. အခုခ်က္ခ်င္း ကားေပၚက ဆင္းလာခဲ့။ မင္းနဲ႔ငါ အခုခ်က္ခ်င္း စာရင္း႐ွင္းမယ္ "

ေျပာေျပာဆိုဆို ကားေပၚက အရင္ဆင္းသြားၿပီး ကားတံခါးဆြဲဖြင့္ကာ ထယ္ေယာင္းကို ကားေပၚက အသည္းအသန္ ဆင္းခိုင္းေနေသာ ေဂ်ာင္ဂု။ ထယ္ေယာင္း ကားေပၚကဆင္းေနသည္ကိုပင္ စိတ္မ႐ွည္ႏိုင္ေတာ့ လက္ကိုေဆာင့္ဆြဲၿပီး အၾကမ္းပတမ္းဆင္းေစလိုက္သည္။

႐ုတ္တရက္ ေဆာင့္ဆြဲခံလိုက္ရ၍ ဟန္ခ်က္ပ်က္သြားေသာထယ္ေယာင္း အေ႐ွ႕သို႔ငိုက္စိုက္ယိုင္က်လာေတာ့ ေဂ်ာင္ဂုက အခ်ိန္မွီဖမ္းယူလိုက္သည္။ ထယ္ေယာင္း လဲၿပိဳက်လာေသာအ႐ွိန္ေၾကာင့္ ေဂ်ာင္ဂုလည္း ထယ္ေယာင္းခႏၶာကိုယ္ေလးကို ဖမ္းမိေသာ္လည္း သူကိုယ္တိုင္ပါ ဟန္ခ်က္ပ်က္ကာ အေနာက္သို႔အနည္းငယ္ယိုင္က်သြားသည္။

အေနာက္သို႔ ဒီဂရီအနည္းငယ္ယိုင္သြားေသာ ေဂ်ာင္ဂုရင္ခြင္ထဲ မ်က္ႏွာခ်င္းဆိုင္ အေနအထားျဖစ္သြားခဲ့ေတာ့ ထယ္ေယာင္းတို႔ အခြင့္အေရးကို အမိအရယူကာ ေဂ်ာင္ဂုႏႈတ္ခမ္းမ်ားဆီ လွမ္းနမ္းလိုက္သည္။ ႐ုတ္တရက္ႀကီး ထပ္အနမ္းခံလိုက္ရ​ေသာ ေဂ်ာင္ဂုမွာေတာ့ အံ့ၾသျခင္းမ်ားစြာျဖင့္ ေၾကာက္႐ုပ္ျဖစ္သြားခဲ့ၿပီ။

စနစ္စက် အစီအစဥ္ခ်ထားၿပီးခဲ့ေသာ ထယ္ေယာင္းကေတာ့ တြန္႔ဆုတ္ေလးပင္ျခင္းမ႐ွိဘဲ ေဂ်ာင္ဂုမ်က္ဝန္းေတြကို ညိႇဳ႕ဓာတ္အျပည့္ျဖင့္ ညိႇဳ႕ယူဖမ္းစားျပန္သည္။ မ်က္ေတာင္စိတ္စိတ္ေလးမ်ားျဖင့္ အနားသတ္ထားသည့္ ႐ႊန္းစိုစိုမ်က္ဝန္းမ်ားကို အသုံးျပဳရင္းေပါ့။

" မင္း...ေတာ္ေတာ္ေလးကို တရားလြန္လြန္းေနၿပီပဲ ကင္ထယ္ေယာင္း။ မင္းကို စကားေျပာၿပီး ဆုံးမေနရတာ ဒီေလာက္နဲ႔ရပ္သင့္ၿပီ။ စကားလုံးေတြထက္ လက္ေတြ႕ဆုံးမျပရတာေပါ့ "

ထယ္ေယာင္းကို ေနရာတက် မတ္တပ္ျပန္ရပ္ေစလိုက္ၿပီး မ်က္ဝန္းညိဳေလးမ်ားအား တစ္ခဏေငးၾကည့္မိပါေသာ သူ႕အျပစ္ကို ဟန္ေဆာင္ဖုံးကြယ္ကာ ဆူပူေငါက္ငမ္းလာပါေသာ ဦး...။ လူႀကီးေတြက ကိုယ့္အျပစ္က် ကိုယ္မျမင္တတ္ဘူး ထင္သည္။

" မင္း ေသဖို႔သာ ျပင္ "

ထပ္မံ၍ လက္ကိုေဆာင့္ဆြဲကာ ဧည့္ခန္းထဲေခၚလာခဲ့ေသာ ေဂ်ာင္ဂုကို ထယ္​ေယာင္းစိတ္ထဲ မသိမသာလန္႔ေနမိ​ေသာ္လည္း မေၾကာက္ခ်င္​ေယာင္ေဆာင္ေနဆဲ။ သူျဖစ္ေစခ်င္တာကလည္း ဒီလိုေတြပဲမို႔ ေၾကာက္ေနရင္ေတာင္ အေကာင္းဆုံးေက်ာ္ျဖတ္ဖို႔ စိတ္အားတင္းထားမိတာ။

" ေျပာမရဆိုမရတဲ့ ကေလးေတြကို ဘယ္လိုဆုံးမရသလဲဆိုတာ ငါျပေပးမယ္ "

ဧည့္ခန္းထဲေရာက္ေရာက္ခ်င္း ထယ္ေယာင္းကို ဆိုဖာေပၚေဆာင့္တြန္းခ်ရင္း ေဒါသမာန္ဟုန္ျပင္းစြာ စိုက္ၾကည့္ေနခဲ့ေသာ ေဂ်ာင္ဂုမ်က္ဝန္းမ်ားက အလွ်ံညီးညီးေတာက္ေနေသာ မီးေတာက္အလား ေၾကာက္မက္ဖြယ္အတိ။ လူကိုသတ္ပစ္ေတာ့မလို အစိမ္းလိုက္ဝါးစားေတာ့မလို မ်က္ဝန္းမ်ိဳးေလ။

ခ်က္ခ်င္းဆိုသလို ေဂ်ာင္ဂုက ခါးပတ္ကိုခြၽတ္ဖို႔ျပင္လာေတာ့ ထယ္ေယာင္းတို႔ စိုးရိမ္စိတ္ပိုႀကီးလာသည္။ အိမ္ေဖာ္ေတြကိုေတာင္ တစ္ေယာက္မက်န္ အလုပ္ထုတ္ပစ္ထားခဲ့ေသာ အေဒၚျဖစ္သူေၾကာင့္ တစ္အိမ္လုံးမွာ သူတို႔ႏွစ္ေယာက္သာ႐ွိ၍ ထယ္ေယာင္းအတြက္ ကူကယ္ရာမဲ့ေနခဲ့ၿပီ။

သို႔ေသာ္ ေခါင္းမာလြန္းေသာ ထိုလူသားငယ္က သူ႕ကိုယ္သူထက္ လက္စားေခ်ဖို႔အစီအစဥ္ကို ပိုအေလးထားေနခဲ့ေတာ့ အေျခအေနပိုဆိုးေစဖို႔သာ အၾကံထုတ္ေနခဲ့မိတာ။ ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ ေဒါသထြက္ေနသူႀကီးကို ေဒါသပိုထြက္လာေစဖို႔ေပါ့။

" ဦးက အရိပ္ျပရင္ အေကာင္လိုက္ျမင္တတ္တာပဲ။ ကြၽန္ေတာ္႕ကို ဒီလိုနည္းလမ္းနဲ႔ အျပစ္ေပးမယ္ဆိုလည္း ဧည့္ခန္းထဲမွာ မသင့္ေတာ္ဘူးေလ ဦးရယ္။ အခန္းထဲေတာင္ မသြားႏိုင္ေတာ့တဲ့အထိ ေတာ္ေတာ္ျဖစ္ေနၿပီလား ဟြန္႔ "

သူ႕ကို ခါးပတ္ျဖဳတ္ၿပီး ႐ိုက္ေတာ့မည္ဆိုတာ ထယ္ေယာင္း ေကာင္းေကာင္းသိေနပါေသာ္လည္း ေဂ်ာင္ဂုေဒါသကို ပိုေလာင္ကြၽမ္းေစဖို႔ အျခားအဓိပၸါယ္ထြက္သည့္ စကားကိုသာ သူထုတ္ေျပာမိသည္။ သူ႕အတြက္ အႏၲရာယ္ကို ဖိတ္ေခၚေနခဲ့တယ္ဆိုတာ သိေနပါရက္နဲ႔ ရန္ၿငိဳးအမိုက္ေမွာင္ေတြေၾကာင့္ ဆက္႐ူးမိုက္ေနခဲ့တာ။

" မင္း ေတာ္ေတာ္ေလး ခံခ်င္ေနတာလား။ ဒီအ႐ြယ္ေလးနဲ႔ အရမ္းဆာေနတာလား ဟမ္!! "

သူ႕ေမးေစ့ကို ဆြဲကိုင္လႈပ္ရင္း ေလသံမာမာျဖင့္ ျပန္ေမးလာ​ေသာ ဦးရဲ႕ေမးခြန္းေၾကာင့္ ထယ္ေယာင္းရင္ထဲ ဆစ္ခနဲနာက်င္ရသည္။ ငိုခ်င္စိတ္ေပါက္သည္အထိ ထိခိုက္ခံစားသြားရသည့္တိုင္ စိတ္ဓာတ္မာေက်ာဟန္ေဆာင္ေနေသာ ထယ္ေယာင္းက လက္သီးကိုတင္းတင္းဆုပ္ရင္း မငိုမိေအာင္ အံႀကိတ္ထားခဲ့ေသးတာ။

သည္းခံစမ္း ကင္ထယ္ေယာင္း...ဒီစကားေလာက္ေလးနဲ႔ ခံစားၿပီး ဝမ္းနည္းမသြားမိေစနဲ႔။ ရန္ေႂကြးေတြဆပ္ႏိုင္ဖို႔ဆို မင္းက ဒီထပ္ပိုၿပီး စိတ္ဓာတ္မာေက်ာေနမွျဖစ္မယ္။ ဦးကို သူေျပာခ်င္သမွ် ေျပာခြင့္ေပးလိုက္စမ္းပါ။

" ဟုတ္ကဲ့ ကြၽန္ေတာ္က ေဒၚေလးနဲ႔တူလို႔ အရမ္းကိုယြတတ္ပါတယ္ ဦး "

မိႈင္းညိဳ႕ေနေသာ မ်က္ဝန္းတို႔ျဖင့္ ငိုေနခ်င္သည္ကိုဖုံးကြယ္ထားမိပါေသာ ထယ္ေယာင္းမွာ အတြင္းစိတ္ကိုဖုံးကြယ္ရင္း ေဂ်ာင္ဂုကို အေၾကာတင္းစြာ ျပန္တုံ႔ျပန္ေနသည္။ သူ႕ဇနီးေလာင္းကိုပါ စကားထဲထည့္ေျပာလိုက္ေတာ့ ဦးတို႔ ဆတ္ဆတ္ထိမခံ ျဖစ္ေပေတာ့မည္။

" ဒီေလာက္ဆို မင္းကို စကားဆက္ေျပာဖို႔ မ႐ွိေတာ့ဘူး။ ကိုယ့္အေဒၚကိုေတာင္ ေစာ္ေစာ္ကားကား ေျပာရဲေနမွေတာ့ မင္းေလာက္႐ိုင္းစိုင္းတဲ့ ကေလးမ်ိဳးကို လက္လန္သြားၿပီ။ မင္းရဲ႕ အရမ္းေတြယားေနတဲ့ေနရာေလးကို အယားေျပေအာင္ လုပ္ေပးမယ္ "

႐ုတ္ခ်ည္းဆိုသလို ေဂ်ာင္ဂုလက္တစ္ဖက္တည္းျဖင့္ သူ႕ လက္ႏွစ္ဖက္ကိုပူးကာ အေပၚေျမႇာက္ခ်ဳပ္ကိုင္ခံလိုက္ရေသာ ထယ္ေယာင္း...။ က်ားရဲတစ္ေကာင္လို စူးရဲရဲအၾကည့္ေတြနဲ႔ ဦးရဲ႕မ်က္ဝန္းေတြကလည္း ေဒါသမာန္ဟုန္ျပင္းစြာနဲ႔ရယ္။

ထယ္ ဦးကို အရမ္းေၾကာက္တယ္။ ဒါေပမယ့္ ဟန္ေဆာင္ၿပီး အေၾကာတင္းျပရဦးမယ္။ ​စိုးထိတ္ေနတဲ့မ်က္ဝန္းေတြအစား စိန္ေခၚသလို မ်က္ဝန္းေတြကိုသာ ဦးကိုျမင္ခြင့္ေပးထားမယ္။

" အဟက္ မင္းက တကယ္ မထင္ရဘူးပဲ။ တကယ့္ကို မေၾကာက္တတ္ဘူးပဲ "

ေလွာင္သလိုျပဳံးရင္း ခနဲ႔ေနေသာ ေဂ်ာင္ဂုက ထယ္ေယာင္း ခါးပတ္ကို ကြၽမ္းက်င္စြာဖယ္႐ွားရင္း ေဘာင္းဘီကိုေလွ်ာခ်လိုက္သည္။ ထိုအခါမွ စိုးထိတ္သလိုမ်က္ဝန္းေတြနဲ႔ ေၾကာက္လန္႔ဟန္ျပလာတဲ့ ထယ္ေယာင္းက တကယ့္ကို မာယာမ်ားလြန္းသည္။

" စိတ္မေကာင္းပါဘူး မင္းကို အယားေျပေအာင္လုပ္ေပးဖို႔ ငါ့အေသြးအသားကိုေတာ့ မသုံးေပးႏိုင္ဘူး။ ဒါေပမယ့္ ဒီသားေရခါးပတ္ကေတာ့ အဲ့လိုလုပ္ႏိုင္မယ္ ထင္တာပဲ "

ေျပာေျပာဆိုဆို ထယ္​ေယာင္းကို ေမွာက္လွ်က္သားျဖစ္ေအာင္ ျပဳျပင္ယူလိုက္ၿပီး ခါးပတ္ကို အေနအထားခ်ိန္ဆကာ အသင့္ျပင္လိုက္သည္။ ခ်ဳပ္ထားခံရသည့္လက္မ်ား အားအင္ဆုတ္ယုတ္ကာ မ႐ုန္းႏိုင္ေတာ့မွ အတြင္းခံတစ္ထည္သာ က်န္႐ွိေတာ့ေသာ ထယ္ေယာင္းတင္ပါးအား စတင္႐ိုက္ႏွက္လိုက္သည္။

အ...
အသံမထြက္မိေအာင္ အံတင္းတင္းႀကိတ္ရင္း စိတ္ထဲကသာ ေအာ္ညည္းလိုက္ေသာ ထယ္ေယာင္း။ တင္သားႏုႏုေလးေတြေပၚ သားေရခါးပတ္ျဖင့္လႊဲ႐ိုက္သည့္အ႐ွိန္က အသည္းခိုက္လုေအာင္ နာက်င္ရသည့္တိုင္ မငိုမိေအာင္ မာန္တင္းထားခဲ့တာ။

ပထမတစ္ခ်က္႐ိုက္အၿပီး မရပ္မနားက်ေရာက္လာျပန္ေသာ ဒုတိယႏွင့္ တတိယေျမာက္႐ိုက္ခ်က္မ်ား။ ေတာ္႐ုံတန္႐ုံ ေဒါသမထြက္ဖူးေသာ ေဂ်ာင္ဂုက ဒီေန႔မွ ေဒါသေတြေပါက္ကြဲထြက္ၿပီး အၾကင္နာတရားဆိုတာေတြ ဆိတ္သုန္းေနခဲ့တာ။

သည္းခံ...ဆက္ၿပီး သည္းခံ။ မင္းအတြက္ အခ်ိန္ေကာင္းမေရာက္မခ်င္း ဒီနာက်င္မႈကို သည္းခံထားေပး။ သူ႕စိတ္ကို အပိုင္သိမ္းယူဖို႔ မ်က္ရည္ေတြကိုလည္း မငိုပစ္ဘဲ စုထား။

သုံးခ်က္ေျမာက္႐ိုက္ခ်က္အၿပီး ေဂ်ာင္ဂုတို႔ ခဏနားကာ ထယ္ေယာင္းအ​ေျခအေနကို အကဲခတ္ျပန္သည္။ တင္ပါးမွာ ေသြးေျခဥေနေလာက္ၿပီကို အခုထိ ေအာ္သံေတာင္ မၾကားရေသးတာက တကယ့္ကို မေက်နပ္ခ်င္စရာေကာင္းသည္။

အေၾကာတင္းလြန္းေသာ ထိုေကာင္ေလးက ဒီေလာက္႐ိုက္ေပး႐ုံႏွင့္ မမွတ္ေလာက္ေသးဘူးထင္သည္။ ဒီေတာ့ သူ႕ဘက္ကလည္း မွတ္ေလာက္ေအာင္ ဆက္႐ိုက္ေပး႐ုံေပါ့။ ဒီလိုလက္ေတာင့္ေလာက္ကေလးက ဘယ္ေလာက္ထိ အေၾကာတင္းႏိုင္မလဲ။

သုံးခ်က္ဆင့္ကာ ထပ္႐ိုက္လာျပန္ေတာ့ ႐ိုက္ခ်က္ျပင္းျပင္းမ်ား။ မခံစားႏိုင္ေတာ့ဟန္ျဖင့္ ညည္းသံခပ္သဲ့သဲ့ထြက္လာခဲ့ေသာ္လည္း အခုထိ အေလွ်ာ့မေပးေသးဘဲ ေပကပ္ေနျပန္ေသးတာ။

" မင္းက ေတာ္ေတာ္ေလး ခံႏိုင္႐ွိတာပဲ။ ဒီေလာက္႐ိုက္တာေတာင္ မင္းအတြက္ အဆင္မေျပေသးဘူးထင္တယ္ "

ေဂ်ာင္ဂုစကားကို မၾကားခ်င္ေယာင္ေဆာင္ရင္း ဆိုဖာေပၚမ်က္ႏွာအပ္ကာ မ်က္ရည္စတို႔ကို စတင္လႊတ္ထုတ္လိုက္သည္။ သို႔ေသာ္ သူ႕မ်က္ႏွာကို မျမင္ရေသာ ေဂ်ာင္ဂုကို ေ႐ွ႕ဆက္တိုးေစႏိုင္ဖို႔ ေပေတၿပီး အေၾကာတင္းခ်င္ေယာင္ေဆာင္ေနျပန္ေသး၏။

ခဏေလး ထပ္ေစာင့္လိုက္ပါ။ မင္းရဲ႕မာယာေတြကို ထုတ္ျပဖို႔ အခ်ိန္ေကာင္းလာေတာ့မယ္။ ဒီတစ္ႀကိမ္ေနာက္ဆုံးပဲ...အင့္...။

ေနာက္တစ္ႀကိမ္ထပ္၍ လာျပန္ေသာ ခပ္ျပင္းျပင္းခါးပတ္႐ိုက္ခ်က္ေၾကာင့္ တင္ပါးေနရာမွ စိုစြတ္မႈကိုခံစားလိုက္ရမွ ထယ္ေယာင္းလည္း သူေစာင့္ေနေသာအခ်ိန္ေရာက္ၿပီျဖစ္ေၾကာင္း သတိျပဳမိလိုက္သည္။

" အား...ေတာ္ပါေတာ့ ဦးရယ္... ထယ္ အ႐ႈံးေပးပါတယ္။ ေနာက္တစ္ခါဆို ဦးေျပာသမွ်ကို နာခံေပးမွာမို႔ ေက်းဇူးျပဳၿပီး ဆက္မ႐ိုက္ပါနဲ႔ေတာ့။ ထယ္ အရမ္းနာတယ္ ဦးရယ္။ ဦးကိုေၾကာက္ပါၿပီ ဆက္မ႐ိုက္ပါနဲ႔ေတာ့ "

မေအာ္ပဲ စုေဆာင္းထားသမွ် အသံအားႏွင့္ အတတ္ႏိုင္ဆုံးထိန္းထားေသာ မ်က္ရည္တို႔ကို အဆုံးစြန္ထိလႊတ္ခ်ကာ အသနားခံလာေသာ ထယ္ေယာင္း၏ စကားသံအဆုံးမွ ေဂ်ာင္ဂုလည္း စိတ္ကိုျပန္ေျဖေလွ်ာ့ရင္း နဖူးျပင္မွ ေဇာေခြၽးတို႔ကို လက္ခုံျဖင့္သုတ္လိုက္သည္။

အေၾကာတင္းတဲ့ ဒီကေလးဆီက အေလွ်ာ့ေပးတာခံရမွ သူလည္း စိတ္ကိုျပန္ေလွ်ာ့ႏိုင္ေတာ့သည္။ ေဒါသေျပၿပီး ထယ္ေယာင္း အေျခအေနကိုျပန္ၾကည့္မိေတာ့ အတြင္းခံအျဖဴေရာင္ေလးက အ႐ိုက္ခံရသည့္ဒဏ္ရာမွ ေသြးစို႔ကာ စြန္းထင္းလွ်က္။

ခုနကႏွင့္မတူဘဲ သနားစရာယုန္သူငယ္ေလးကို ငိုယိုေနတဲ့ မ်က္ဝန္းေလးေတြေၾကာင့္လည္း ရင္ထဲမေကာင္းျဖစ္မိသြားရသည္။ သူေဒါသထြက္ေနရင္း စိတ္လိုက္မာန္ပါ ပြဲၾကမ္းလိုက္မိတာ ဒီကေလး အေတာ္ခံလိုက္ရမည္ထင္သည္။

" အေစာႀကီးတည္းက ငါ့စကားနားမေထာင္ရင္ မင္းဒီလိုျဖစ္မွာ မဟုတ္ဘူး။ ေတာ္႐ုံဆို ငါ့လိုလူက ဒီလိုရက္ရက္စက္စက္ လုပ္ရက္တာမဟုတ္ဘူး။ မင္းေၾကာင့္ ေဒါသေတြ အရမ္းထြက္သြားခဲ့လို႔သာ "

သူ႕စကားသံၾကားမွ ပိုတိုးလို႔ငိုလာတဲ့ ထယ္ေယာင္းဟာ မ်က္လုံးေလးေတြ မို႔လာတဲ့အထိ ဆက္တိုက္ငိုေနခဲ့တာ။ ဦးရဲ႕ စိတ္ႏွလုံးကိုရဖို႔ ဒီမ်က္ရည္ေတြက အေကာင္းဆုံးစတင္ျခင္းတစ္ခုမို႔ တစ္ဖက္လူ သနားလာတဲ့အထိ သူဆက္ငိုေနမွာ။

" ဦး ေတာင္းပန္ပါတယ္ ထယ္ရာ။ မင္းသာ အၿမဲလိမၼာမယ္ဆို ေနာက္တစ္ခါ ဒီလိုထပ္မ႐ိုက္ေတာ့ဘူးလို႔ ဦး ကတိေပးတယ္ ဟုတ္ၿပီလား။ ဦး မင္းကို မင္းအခန္းဆီလိုက္ပို႔ၿပီး မင္းဒဏ္ရာေတြကို ေဆးထည့္ေပးမယ္ေနာ္...လာ  "

႐ုတ္တရက္ဆိုသလို ထယ္ေယာင္းကိုယ္လုံးေလးကို ေသြ႕ခနဲေပြ႕ခ်ီကာ အိမ္အေပၚထပ္ဆီ ေခၚလာခဲ့ပါေသာ ဦး။ ေပြ႕ခ်ီလာေပးေသာ လမ္းတစ္ေလွ်ာက္လုံး အငိုမရပ္ႏိုင္ေသးေသာ ထယ္ေယာင္းထံမွ လွ်ပ္တစ္ျပက္ အျပဳံးတစ္ပြင့္ကိုေတာ့ ဦး မသိႏိုင္ခဲ့ပါ။

Mission 1 Complete!
ဦးေၾကာင့္ လိမၼာသြားတဲ့ လူလိမၼာေလးအျဖစ္နဲ႔ ဦးကို တစ္ကြက္ခ်င္းအပိုင္သိမ္းဖို႔ ေျခတစ္လွမ္းစႏိုင္ခဲ့ၿပီ။ အျမည္းေကြၽးဖူးထားတဲ့ ႏႈတ္ခမ္းေလးတစ္စုံရဲ႕ ခ်ိဳၿမိန္မႈကိုသာ မေမ့ပစ္လိုက္ပါနဲ႔ ဦးေရ...။

To be Continued....

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

177K 4.6K 20
Your daughter runs off while you were in the middle of grocery shopping because she spotted Max, her favourite driver. Meeting you, Max wants to know...
146K 2.8K 31
In the whirlwind world of basketball and broken promises, Nailea finds herself at a crossroads as she prepares to transfer to the same college as Pai...
566K 34.7K 99
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
129K 4.7K 87
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...