The Crown ✅

By Ciel_Zizawar

228K 15.6K 1K

Plundering The Crown. The Beginning of TawWin Nation. Own Universe. ✅ အပိုင်း ၃၂ နောက်ပိုင်း paid gp ရှိပါတ... More

အခန်း ၁။
အခန်း ၂။ ⚠
အခန်း ၃။
အခန်း ၄။
အခန်း ၅။ ⚠
အခန်း ၆။
အခန်း ၇။
အခန်း ၈။
အခန်း ၉။ ⚠
အခန်း ၁၀။
အခန်း ၁၁။
အခန်း ၁၂
အခန်း ၁၃။ ⚠
အခန်း ၁၄။
အခန်း ၁၅။ (ပထမပိုင်း)
အခန်း ၁၅။ (ဒုတိယပိုင်း)
အခန်း ၁၆။
အခန်း ၁၇။
အခန်း ၁၈။
အခန်း ၁၉။
အခန်း ၂၀။ ⚠
အခန်း ၂၁။
အခန်း ၂၂။
အခန်း ၂၃။
အခန်း ၂၄.၁။
အခန်း ၂၄။
အခန်း ၂၅။
အခန်း ၂၆။
အခန်း ၂၇။
အခန်း ၂၈။ ⚠
အခန်း ၃၀။
အခန်း ၃၁။ ⚠(Special Present)
အခန်း ၃၂။ (Final)
မုန့်ဖိုး
paid for fund

အခန်း ၂၉။

5.6K 433 22
By Ciel_Zizawar

Unicode

" ဘယ်နှရက်နေ့တဲ့လဲ "

" ဆေးရုံကတစ်ပါတ်လောက်ကြိုတက်ရမှာ ခွဲစိတ်တာ ရှေ့လ ၁၅ရက်နေ့ "

ကြက်တောင်ပံတစ်ချောင်းကို လက်နှစ်ဖက်နဲ့ပယ်ပယ်နယ်နယ်စားရင်း ဖရဲသီးဖျော်ရည်ခွက်ကိုလည်းသောက်မပြတ်ဘဲ သူကလှမ်းပြောသည်။

နိမိတ်ခွိခနဲရယ်မိတော့ ဘာလဲဟူသောအမေးဖြင့် လှမ်းကြည့်လာ၏။

" ၁၅ရက်နေ့ သေချာလား "

" အင်း ဘာလို့လဲ "

" သြော် မောင်စဥ်းစားမိတာပါ မောင်တို့အတွက်၁၅ ရက်နေ့က ရက်ရာဇာများဖြစ်နေသလားလို့ "

တကယ်တမ်းစဥ်းစားကြည့်ရင် နိမိတ်နဲ့မင်းသားတို့အကျဥ်းရုံးလက်ထပ်ဖြစ်ခဲ့တဲ့နေ့ကလည်း ၁၅ရက်နေ့ဆိုသလို မာနတွေကြောင့်တစ်ယောက်သိက္ခာတစ်ယောက်ဆွဲချဖို့ ​လုံးပမ်းရတဲ့ညတွေဟာလည်း ၁၅ရက်နေ့မဟုတ်ပါသလား။ တစ်နည်းပြောရရင် နိမိတ်အားကြိုးမာန်တက် ကြိုးစားခဲ့ရတဲ့ရလဒ်တွေဟာ ၁၅ရက်နေ့မွေးမှာပါပေါ့လေ။

" ခွေးကောင် မင်းဦးဏှောက်ပျက်နေတာလား "

တဟားဟားအော်ရယ်မိတော့ ကိုက်လက်စကြက်ရိုးတွေနဲ့လှမ်းပစ်သည်။ အဖြူရောင်ရှပ်ဖားဖားတစ်ထည်ကလွဲ အတွင်းခံတောင်မဝတ်ထားတာမို့ ဖွေးစွတ်နေတဲ့ပေါင်ရင်းတွေနဲ့ လှစ်ခနဲပေါ်လာတတ်တဲ့အတွင်းသားတွေကိုလည်း မြင်နေ၏။

" မင်းနှုတ်ခမ်းမွှေးရိတ်ပစ်လိုက် "

" မောင်ဒီညနေပဲရိတ်လိုက်ပါ့မယ် "

" အခင်းတွေ​ပါတစ်ခါတည်းလျှော် "

" ဖိုးကံကိုလျှော်ခိုင်းလိုက်မယ် "

" နိမိတ် "

" ဟား! ရေချိုးတာနဲ့တစ်ခါတည်းလျှော်လိုက်မယ်ကွာ "

အရမ်းကိုအဘွားကြီးဆန်လာသောယောက်ျားက တစ်မျိုးတစ်ဖုံတော့ချစ်ဖို့ကောင်းနေဆဲဖြစ်သည်။ နိမိတ်ထိုလူ့ပါးထဲသို့ နစ်ဝင်သွား​အောင်နှာခေါင်းချွန်ချွန်ကိုနှစ်လိုက်မိ၏။

မဟာမြတ်သူဘာလုပ်ချင်လဲဆိုတာသိတဲ့သူ့အဖို့ လက်ပိုက်ကြည့်နေရုံကလွဲရင် ဝင်မစွက်ဖက်ချင်။

ပြီးခဲ့တဲ့ကိစ္စတွေမှာ ဦးလှသောင်းပရောဂမကင်းတာသူသိပါတယ်။ ဒီလေးလလုံးမှာ တတိတိချင်းလှိုက်စားနေတဲ့ အောက်ခြေကကိစ္စတွေကိုရှင်းရင်း သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်ဆိုတာလက်ညှိုးထိုးမလွဲ။

ဒီလူ့ကိုတော့မပါစေချင်ဘူး။ သူနဲ့နောက်ကွယ်မှာဖြစ်ပျက်နေရတဲ့ကိစ္စတွေကြောင့် ကြွက်လိုလူကအခဲမကျေတော့ မဟာမြတ်သူရဲ့ယဥ်တန်းကိုပြဿနာရှာမှန်းလည်း သူသိသည်။

ကိုယ်ဝန်ကြောင့်နဲ့ နီးကပ်လာတဲ့နန်းသိမ်းပွဲမှာ မဟာမြတ်သူဘယ်သူ့ကိုတင်ပေးချင်မှန်းလဲသူသိ၏။

သူက Crown ကိုမသက်သာလို့လွှဲတာပဲဖြစ်စေ၊ စိတ်ရှိလို့လွှဲတာဖြစ်စေ နိမိတ်ကလည်းရအောင်ယူမှာဖြစ်သည်။ ဒီလူ့ကိုအပင်ပန်းမခံနိုင်ဘူး။

" မနက်ဖြန် ဆိပ်ကမ်းရုံးကိုထပ်သွားမယ် "

" အင်း မောင်လိုက်ခဲ့ရမလား "

" နိမိတ် "

" အင်း "

" ငါမင်းအကူအညီလိုတယ် "

" မောင်ကခင်ဗျားယောက်ျားပဲ၊ မောင်ရေ မင်းဒါလုပ်ပေးစမ်းပါလို့ အမိန့်ပေးလိုက်ရင်လည်း နာနာခံခံပါပဲအချစ်ရဲ့ "

သူပြောတော့ မယုံသလိုလို ထေ့ကာ ပြုံးပြ၏။

" ဒါဖြင့်လည်း တော်ဝင်မိသားစုအတွက် Crown ကိုယူစမ်းပါ "

နိမိတ်ကတစ်ချက်မအံ့သြပေ။ အစောကြီးတည်းက သူရမှာလို့ယုံကြည်ထားသလိုမျိုး။ မျက်နှာထားကိုမော်ချီကာ နှာခေါင်းကိုရှုံ့ပွတ်လိုက်၏။

" မင်းမအံ့သြဘူးလား "

" ဘာအံ့သြစရာရှိလဲ မောင်ကရအောင်ယူဖို့လ​ည်းဆန္ဒရှိပြီးသားပါ "

မဟာမြတ်သူသည် ဒီယောက်ျား၏ဘဝင်မြင့်မှုကိုမခံနိုင်ဟန်ဖြင့် နှာရှုံ့လေသည်။ ထို့နောက် ဆိုဖာကနေခက်ခက်ခဲခဲထလာတာမို့ နိမိတ်ကသွားထူပေးလျှင် အပေါ်ပိုင်းဗလာကျင်းနေသည့်နိမိတ်ရင်ဘတ်ကနို့သီးဖျားတွေကို လိမ်ဆွဲပစ်လေ၏။

" အာ့! မောင့်အချစ်! "

" မင်းမုတ်ဆိတ်တွေသွားရိတ်တော့ "

" ခင်ဗျားကဘယ်လဲ "

" ဝရန်တာ "

" မောင်လိုက်ပို့မယ် "

" မလိုဘူး မင်းသွားစမ်းပါ "

အင်တင်တင်နဲ့ နှင်ထုတ်မရတဲ့လူက သူခပ်စူးစူးကြည့်ပေးမှ ရေချိုးခန်းထဲဝင်သွားသည်။ အိပ်ရာထဲမှာကတိုးနံ့လှိုင်နေကာ ငြီးစော်ပင်နံနေသည်မို့ အိပ်ခန်းထဲထပ်မနေနိုင်တာကြောင့် ဝရန်တာက dreambed ပေါ်ထွက်ထိုင်နေရသည်။

နိမိတ်ပြန်ရောက်လာတာကိုဝမ်းသာသော်လည်း ဒီထက်ပိုပြီးအများကြီးမပေးနိုင်သူအဖို့တော့ နိမိတ်ကိုအားနာမိသည်။ သို့သော်နိမိတ်နဲ့ထပ်တူခံစားရခြင်းမှာ မှားယွင်းတယ်လို့မခံစားရပါ။

ခါးတဘတ်ပိုင်းနှင့်ပတ်၍ ရေတွေစိုစိနေတဲ့ခေါင်းကို ဆတ်ခနဲခါလိုက်ရင်း သူ့ဝမ်းဗိုက်ကြွက်သားတွေပေါ်လက်မနှင့်ပွတ်ပြပြီး အလှပြတော့ dream bed ပေါ်ကနေ လက်ခလည်လှမ်းထောင်ပြသည်။ စိမ်းညှို့နေနှုတ်ခမ်းမွှေးတွေအစား ပြောင်ရှင်းနေတဲ့နေရာလွတ်နှင့် မေးရိုးကားများ၊ တလှုပ်လှုပ်ဖြစ်နေသည့် လည်စလုပ်၊ နိမိတ်ကခန့်သည်ထက်ပိုသည်။

သူ့နေရာနှင့်သူကချပ်ရပ်ကာ ထင်းကြွနေသောကြွက်သားများ ခါးကျဥ် mermaid line နှင့် တုတ်ခိုင်နေသည့် ပေါင်တံ၊ ခပ်ရေးရေးခြေသလုံးမွှေးများရှိသည့် ခြေသလုံးသားများ။ ပြီးတော့ရင်အုံပေါ်ဟိုတစ်စဒီတစ်စ စုနေသည့် ခြစ်ရာပြတ်ရာအမာရွတ်များလည်းရှိနေ၏။

ဟင်းခနဲသက်ပြင်းရှိုက်၍ နိမိတ်ကိုသူ့အနားခေါ်လိုက်လျှင်

" ငါဆေးရုံကဆင်းရင် party တစ်ခုလောက်လုပ်ရအောင် "

" အင်း မောင်ကအရှုပ်တွေအားလုံးရှင်းပေးထားမယ် "

လက်ဖဝါးအားပြွတ်ခနဲနမ်းရှိုက်၍ နိမိတ်ကသူ့တစ်ကိုယ်လုံးကိုဖက်ထားသည်။ ကြည့်ရတာဒီကောင် အပြင်ထွက်ဖို့အစီအစဥ်ရှိသေးသည့်ပုံပါပဲ။

ဒီကောင်ဘာလုပ်နေလဲမသိရလောက်အောင် ကိုယ်တိုင်လည်းညံ့မနေခဲ့ပါ။

//

ဆိပ်ကမ်းရုံးမှာ သူကနိမိတ်ကို ဆက်ခံသူဖြစ်ကြောင်းအတိအလင်းကြေညာခဲ့သည်။ ဦးလှသောင်းရဲ့မျက်နှာခပ်မှုန်မှုန်က သူ့တစ်သက် ကြည့်မဝဆုံးသော ရုပ်မျက်နှာပါဆိုလျှင်လည်းမမှား။
ဒီလူက အရာရာကိုလက်ဝါးကြီးအုပ်ချင်နေတာ။ ဘယ်အရူးက သူ့လက်ထဲလုပ်ပိုင်ခွင့်တွေထည့်ပေးမှာတဲ့လဲ။

တုန်လှုပ်လာတဲ့ ဝန်ကြီးများခုံရုံးမှာ ကိုယ့်နေရာကိုယ်မြဲဖို့ သူတို့အသည်းအသန်ကြိုးစားကြတော့မယ်။ နိမိတ်ကိုဖယ်ဖို့ သူတို့စလုပ်တော့မယ်ဆိုတာကို မဟာမြတ်သူကောင်းကောင်းသိသည်။

ဒီလူဒီလောက်နဲ့မရပ်ဘူးမှန်းသိနေပေမဲ့ ကိုယ့်ဘက်ကစိတ်သွားတိုင်းကိုယ်မပါခဲ့တော့ မပြီးပြတ်သေးတဲ့အလုပ်ကရှိသေး၏။

ဧကရာဇ်ခွင့်ပြုချက်နဲ့ စစ်ဆင်ရေးရုံးတစ်ခုလုံး ကိုယ့်လက်အောက်ရောက်လာလျှင်ပဲ နိမိတ်အကူအညီနဲ့ဦးလှသောင်းအချိတ်အဆက်တွေကို သူရှာတွေ့သည်။ လွယ်နေမယ်လို့မထင်ပေမဲ့ နိမိတ်အကူအညီကြောင့်ပဲခရီးကတော်တော်ပေါက်ပါတယ်။

ရုံးတစ်ခုလုံး စိမ်းလက်ထဲပစ်ထားခဲ့ရသည်အထိ နိုင်ငံရေးအပေါ်ပဲအာရုံစိုက်နေတော့ အသက်တောင်ဖြောင့်အောင်မရှူနိုင်ခဲ့။

တစ်နေ့တခြားနိမိတ်ကိုယ်ပေါ်မှာဒဏ်ရာတွေပြည့်လာတာကို သတိထားမိပြီးနောက်မှာ ပထမဦးဆုံးအနေနဲ့ သူတုန်လှုပ်မိတာပါပဲ။

boxing club မှာ ကိုယ်ဝန်အရင့်မာနှင့်သွားသောင်းကျန်းတဲ့အထိ သူ့နောက်လိုက်တွေကလည်းသိပ်သစ္စာရှိတယ်။ အကိုလေးက မရီးကိုမပြောခိုင်းဘူးတဲ့လေ။ အဆုံးထိသူသောင်းကျန်းမှ လှုပ်တုပ်လှုပ်တုပ်ဖြစ်လာတဲ့သူ့အပေါင်းအပါတွေကြောင့် စိတ်လည်းတိုရသေး၏။

" မင်းငါ့ကိုဘာတွေလျှိုထားဦးမှာလဲ "

ပွင့်နေတဲ့အနာကို ဆေးသေချာထည့်ပြီး အုပ်ပေးတော့ မျက်နှာငယ်လေးနှင့်သူ့ကိုလှည့်ကြည့်သည်။

" မနက်ဖြန်ပဲ မောင်ဂတိပေးတယ် မနက်ဖြန်ပဲဘေဘီ "

စိတ်ကသိပ်ကြည်တာမဟုတ် ၊ သိန်းထွဋ်ပြောလို့ဒီကောင်ဘာဖြစ်ခဲ့လဲသူအကုန်သိပြီးပြီ။ ဦးလှသောင်းကအခုမှမဟုတ် အရင်ကတည်းက ကိုယ်နိမိတ်ကိုcrown အပ်မယ်ဆိုတာကို ရိပ်ဖမ်းမိပြီးသား။ အစတည်းကနိမိတ်ကိုသူဆွဲချနေခဲ့တာ။ တုံးအနေတဲ့သူကပဲမသိတာ။

စိတ်တိုစွာအနာပေါ်ဖိချလိုက်တော့ အားခနဲအော်ပြီး ချွေးတွေပျံလာသည်။

" ဖြေးဖြေးသက်သာလုပ်ပါ အချစ်ရယ် ခင်ဗျားလက်ကဟိုကောင်တွေထက်ပိုဆိုးနေတယ် "

" အေး ငါကမင်းကိုသတ်ပါသတ်ချင်တာ "

နိမိတ်သူ့မျက်နှာကို အရိပ်တကြည့်ကြည့်လိုက်ကြည့်ရသည်။ တကယ်ကြီးစိတ်တိုနေပုံရကာ မျက်ဝန်းတွေကခက်ထန်လို့။ မသိရင်ဘဲသူ့ကိုထရိုက်တော့မလိုနဲ့မို့ သူ့အထင်ဆို ဒီနေ့ရာသီဥတုသိပ်မကောင်းပါ။

နောက်တစ်နေ့မနက်ပဲ သတင်းချန်နယ်ကလွှင့်တဲ့သတင်းနှင့်အတူ သင်္ဘောတစ်စီးစာ ဆိပ်ကမ်းကွန်တိန်နာပုံးများအားဖမ်းမိခဲ့၏။ စစ်ဆေးမေးမြန်းချက်များအရ ဆက်စပ်မှုသည် ဦးလှသောင်းဖြစ်ခဲ့ကာ မနက်စာတောင်မစားနိုင်ဘဲ မဟာမြတ်သူခမျာ ဝန်ကြီးများရုံးကိုပြေးရသည်။

သူရောက်တော့ ရဲတွေကောသတင်းထောက်တွေကောအုံနေပြီ။ ကိုယ်ဝန်နဲ့သူ့ကိုဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်ကာ မေးမြန်းဖို့အလုအယက်တိုးလာကြပြီး တွန်းတိုက်ဖို့အထိဖြစ်ခါနီးပင်။

အထဲထိရောက်မှ ပျားပန်းခတ်လှုပ်ရှားသွားလာနေကာ သိပ်မကြာခင်ပဲ ဦးလှသောင်းကိုရုံးချုပ်ထဲမှဆွဲခေါ်လာလေသည်။

" ဟေ့ ဒီမယ် ခွေးမသား ငါမဟုတ်ဘူးလို့ ဟေ့ကောင်တွေ ငါ့ကိုလွှတ် လွှတ်ကြစမ်း "

​သူဒီတိုင်းရပ်ကြည့်နေတာဖြစ်သည်။ ပြီးတော့ဦးလှသောင်းကသူ့တည့်တည့်ကိုကြည့်လာ၏။ မဟုတ်ဘူး သူ့နောက်ကိုစိုက်ကြည့်နေတာ။

မဟာမြတ်သူလှည့်ကြည့်တော့သူ့နောက်တွင် မိုက်ကယ့်ကိုတွေ့သည်။ မိုက်ကယ့်မျက်နှာကတည်တည်ငြိမ်ငြိမ်။ ဦးလှသောင်းကိုခံစားချက်မရှိသလိုကြည့်ကာ သူ့အနားကိုတော့တ​ဖြေးဖြေးလှမ်းလာ၏။

" ကိုမြတ်သူ "

" မိုက်ကယ် အဆင်ပြေရဲ့လား "

ဗိုက်လေးနှင့်လုံးတစ်နေသည့်ဒီလူ့ကိုကြည့်ကာ မျက်ရည်တွေပင်ဝဲတက်လာရသည်။ မျက်တောင်ဖျားတွေပုတ်ခတ်လို့ ခေါင်းကိုမော့ပစ်တော့ ဦးလှသောင်းအဖမ်းခံရတာကြောင့်ဟုထင်ကာ မဟာမြတ်သူကသူ့ကိုဖက်၍ သူ့ကျောပြင်ကိုပွတ်သပ်သည်။

" တကယ်ဆို တကယ်ဆို ကိုယ်ဖြစ်နေသင့်တာ "

" ကိုယ်နားလည်ပါတယ် ကိုယ်မင်းစိတ်ကိုနားလည်ပါတယ် "

​ထိတွေ့ခံစားနေရသည့် ဝမ်းဗိုက်ပူပူလေးက သူ့ဗိုက်ကိုထိလို့နေသည်။ သူအသာအယာလက်တင်လိုက်ရင်းမှ ဝဲတက်လာသည့်မျက်ရည်တွေကိုပွတ်သုတ်လိုက်၏။

" ကိုမြတ်သူ "

" ကိုယ်ရှိတယ် မိုက်ကယ် ကိုယ်ရှိတယ် "

" ကိုယ့်အနားတစ်သက်လုံးရှိစေချင်တာ "

ဝိုးတဝါးအသံက သူ့နားထဲသို့ပင်ပီပြင်စွာဝင်မသွားလိုက်ရ။ သူ့လက်ထဲကနေ ရုတ်တရက်ဆွဲခွာခံလိုက်ရကာ မိုက်ကယ်သည်ကြမ်းပြင်ပေါ်တွင်ပက်လက်လဲနေချေသည်။

" မိုက်ကယ်! နိမိတ်! "

နိမိတ်ကသူ့တစ်ကိုယ်လုံးပေါ်တက်ဖိလို့ မိုက်ကယ့်ကို ပစ်ပစ်ခါခါထိုးသတ်နေတာဖြစ်သည်။ ရီဝေနေတဲ့မျက်ဝန်းနီတွေနဲ့နိမိတ်အောက်ကနေ မိုက်ကယ်ကသူ့ကိုလှမ်းကြည့်နေ၏။

" နိမိတ်ရှိန်ဝါ! "

" ငါဠိုးမသား! မင်းကိုယ်မင်းဘာကောင်နေလဲ ဟမ်!! ဟေ့ကောင်! ခွေးမသား! "

" နိမိတ်ရှိန်ဝါ! ဖယ်လိုက်စမ်းအခုချက်ချင်း! ဟေ့ကောင် ငါပြောနေတယ်လေမင်းကို! "

" မအေဠိုး မင်းလိုကောင်ကများ! မဟာမြတ်သူကိုထိရအောင် မင်းဘာကောင်လဲကွ ဟမ်! ဟေ့ကောင်! "

တခွပ်ခွပ်ပစ်ထိုးနေတာများ နိမိတ်ကသူ့ကိုကော်ပတ်ရုပ်ထင်နေလားမသိ။ သိပ်မကြာခင်ပဲ ရုတ်ရုတ်သည်းသည်းဖြစ်လာကာ အစောင့်တွေကနိမိတ်ကိုဝိုင်းဆွဲသည်။

" သူငါ့ကိုဘာမှမလုပ်ဘူးလို့ ငါပြောနေတယ်လေ! ဒီကိစ္စကမိုက်ကယ်နဲ့မဆိုင်ဘူး! "

တရှူးရှူးတရှဲရှဲနဲ့နိမိတ်က အတင်းရုန်းးကာကော့ထိုးနေသေးတာမို့ ဆွဲချင်သော်လည်း သူ့မှာကကြားခံနယ်ရှိနေသေးသည်။ မိုက်ကယ်ကအစောင့်တွေလက်ပေါ်ပျော့ခွေလို့။

" ခေါ်သွား မိုက်ကယ့်ကိုဆေးရုံခေါ်သွားပေးပါ "

" ဒီကောင့်ကိုသတ်မှာ!! လွှတ်စမ်း! ငါဠိုးမသားတွေ!! မင်းတို့ပါသေချင်လို့လား ဟမ်! "

" နိမိတ်ရှိန်ဝါ! "

သူ့အသံစူးစူးက မီးကိုရေနှင့်သတ်လိုက်သလို နိမိတ်ကမေးရိုးကြီးတလှုပ်လှုပ်နှင့် အသက်ကိုပြင်းပြင်းရှူကာ တိတ်ကျသွားသည်။

တောက်ခ်!

တက်ခေါက်သံခပ်ပြင်းပြင်းက ခန်းမထဲစီခနဲထွက်လာကာ ခါးကြီးလက်ထောက်၍ ဒေါသမသေသေးသူက ဧည့်ကောင်တာရှိပစ္စည်းတွေကိုဆွဲချပြန်၏။

" ခင်ဗျားနားမလည်ပါဘူး မဟာ​မြတ်သူ! ခင်ဗျားမောင့်ကိုလုံးဝနားမလည်ဘူး "

" မင်းဘာစောက်ရူးထနေတာလဲ ဦးလှသောင်းကိစ္စတွေမိုက်ကယ်နဲ့မဆိုင်ဘူးကွ "

" ဒီကောင်မွှန်နေတာကွ! ခင်​ဗျားကိုမွှန်နေတာ! ခင်ဗျားဘာသိလဲ! "

နိမိတ်ဘယ်လိုစကားတွေပြောလိုက်တာလဲ။ ကိုယ်ကငယ်တည်းကထိန်းခဲ့ရတဲ့ကလေးမို့ မိုက်ကယ့်အပေါ်သံယောဇဥ်ထားခဲ့မိသည်က နိမိတ်ဒီလိုထင်ဖို့တဲ့လား။

မိုက်ကယ်နဲ့သူ့ကြားကရင်းနှီးမှုကို ဒီကောင်ကတလွဲကောက်ကာစော်ကားသည်။

" ကိုယ်အဖေတောင် ထောင်ထဲပြန်ထည့်တဲ့ကောင်မျိုး ခင်ဗျားကြပ်ကြပ်ယုံ "

နိမိတ်ကကြမ်းပြင်ပေါ်ပုံကျနေတဲ့ သူ့ဂျက်ကတ်ကိုကောက်ယူကာ မဟာမြတ်သူကိုလက်မောင်းကနေဆွဲ၍ ပွေ့ချီသည်။

သူ့ရင်ခွင်ထဲရန်တွေ့ဖို့တောင်အားမရှိတော့ သူ့မျက်နှာကိုသာလိုက်ကြည့်ရင်း ငြိမ်ငြိမ်လေးပါလာရ၏။

" မင်းကငါနဲ့ပတ်သတ်တဲ့ကောင်တိုင်းကို ငါ့ကိုကြိုက်တယ်ပဲထင်နေတာလား "

" အချစ် ခင်ဗျားမတုံးစမ်းပါနဲ့ "

သတင်းထောက်တွေကြား.အစောင့်အကူအညီနှင့်ထွက်လာကာ နိမိတ်ကသူ့ကိုကားထဲနေရာချပေးပြီးတာနဲ့ ကားငယ်သည်မောင်းထွက်လာပြီဖြစ်သည်။

ခင်ဗျားကိုကြိုက်တဲ့ကောင်တွေကိုက ခင်ဗျားနဲ့လာပတ်သတ်နေတာလေ။

အဲ့ဒီ့နေ့က နိမိတ်ကိုသူစိတ်ဆိုးနေတာများ တစ်ညလုံးချော့လို့တောင်မရပေ။ ဦးလှသောင်းကိစ္စတွေကချောချောချူချူပင်ပြီးသွားတာမို့ ရန်အေးပြီထင်နေကြပေမဲ့ နိမိတ်ကထိုသို့မထင်။

ဒီကောင်ကသူ့ကိုယ်သူနစ်မြှုပ်ခံလိုက်တာမှန်း နိမိတ်သိတယ်။ ဖအေကိုဆွဲချပြီး သူကိုယ်တိုင်ပါအမှောင်ထဲနစ်သွားတာ ယခုမိုက်ကယ်က ယခင်ကမဟာမြတ်သူသိသည့်မိုက်ကယ်နှင့် တူတော့မည်မဟုတ်ပါ။

//

Zawgyi

" ဘယ္ႏွရက္ေန႕တဲ့လဲ "

" ေဆး႐ုံကတစ္ပါတ္ေလာက္ႀကိဳတက္ရမွာ ခြဲစိတ္တာ ေရွ႕လ ၁၅ရက္ေန႕ "

ၾကက္ေတာင္ပံတစ္ေခ်ာင္းကို လက္ႏွစ္ဖက္နဲ႕ပယ္ပယ္နယ္နယ္စားရင္း ဖရဲသီးေဖ်ာ္ရည္ခြက္ကိုလည္းေသာက္မျပတ္ဘဲ သူကလွမ္းေျပာသည္။

နိမိတ္ခြိခနဲရယ္မိေတာ့ ဘာလဲဟူေသာအေမးျဖင့္ လွမ္းၾကည့္လာ၏။

" ၁၅ရက္ေန႕ ေသခ်ာလား "

" အင္း ဘာလို႔လဲ "

" ေၾသာ္ ေမာင္စဥ္းစားမိတာပါ ေမာင္တို႔အတြက္၁၅ ရက္ေန႕က ရက္ရာဇာမ်ားျဖစ္ေနသလားလို႔ "

တကယ္တမ္းစဥ္းစားၾကည့္ရင္ နိမိတ္နဲ႕မင္းသားတို႔အက်ဥ္း႐ုံးလက္ထပ္ျဖစ္ခဲ့တဲ့ေန႕ကလည္း ၁၅ရက္ေန႕ဆိုသလို မာနေတြေၾကာင့္တစ္ေယာက္သိကၡာတစ္ေယာက္ဆြဲခ်ဖိဳ႕ လုံးပမ္းရတဲ့ညေတြဟာလည္း ၁၅ရက္ေန႕မဟုတ္ပါသလား။ တစ္နည္းေျပာရရင္ နိမိတ္အားႀကိဳးမာန္တက္ ႀကိဳးစားခဲ့ရတဲ့ရလဒ္ေတြဟာ ၁၅ရက္ေန႕ေမြးမွာပါေပါ့ေလ။

" ေခြးေကာင္ မင္းဦးေဏွာက္ပ်က္ေနတာလား "

တဟားဟားေအာ္ရယ္မိေတာ့ ကိုက္လက္စၾကက္ရိုးေတြနဲ႕လွမ္းပစ္သည္။ အျဖဴေရာင္ရွပ္ဖားဖားတစ္ထည္ကလြဲ အတြင္းခံေတာင္မဝတ္ထားတာမို႔ ေဖြးစြတ္ေနတဲ့ေပါင္ရင္းေတြနဲ႕ လွစ္ခနဲေပၚလာတတ္တဲ့အတြင္းသားေတြကိုလည္း ျမင္ေန၏။

" မင္းႏႈတ္ခမ္းေမႊးရိတ္ပစ္လိုက္ "

" ေမာင္ဒီညေနပဲရိတ္လိုက္ပါ့မယ္ "

" အခင္းေတြပါတစ္ခါတည္းေလွ်ာ္ "

" ဖိုးကံကိုေလွ်ာ္ခိုင္းလိုက္မယ္ "

" နိမိတ္ "

" ဟား! ေရခ်ိဳးတာနဲ႕တစ္ခါတည္းေလွ်ာ္လိုက္မယ္ကြာ "

အရမ္းကိုအဘြားႀကီးဆန္လာေသာေယာက္်ားက တစ္မ်ိဳးတစ္ဖုံေတာ့ခ်စ္ဖို႔ေကာင္းေနဆဲျဖစ္သည္။ နိမိတ္ထိုလူ႕ပါးထဲသို႔ နစ္ဝင္သြားေအာင္ႏွာေခါင္းခြၽန္ခြၽန္ကိုႏွစ္လိုက္မိ၏။

မဟာျမတ္သူဘာလုပ္ခ်င္လဲဆိုတာသိတဲ့သူ႕အဖို႔ လက္ပိုက္ၾကည့္ေန႐ုံကလြဲရင္ ဝင္မစြက္ဖက္ခ်င္။

ၿပီးခဲ့တဲ့ကိစၥေတြမွာ ဦးလွေသာင္းပေရာဂမကင္းတာသူသိပါတယ္။ ဒီေလးလလုံးမွာ တတိတိခ်င္းလွိုက္စားေနတဲ့ ေအာက္ေျခကကိစၥေတြကိုရွင္းရင္း သူ႕ခႏၶာကိုယ္ေပၚမွာ ဒဏ္ရာဒဏ္ခ်က္ဆိုတာလက္ညွိုးထိုးမလြဲ။

ဒီလူ႕ကိုေတာ့မပါေစခ်င္ဘူး။ သူနဲ႕ေနာက္ကြယ္မွာျဖစ္ပ်က္ေနရတဲ့ကိစၥေတြေၾကာင့္ ႂကြက္လိုလူကအခဲမေက်ေတာ့ မဟာျမတ္သူရဲ႕ယဥ္တန္းကိုျပႆနာရွာမွန္းလည္း သူသိသည္။

ကိုယ္ဝန္ေၾကာင့္နဲ႕ နီးကပ္လာတဲ့နန္းသိမ္းပြဲမွာ မဟာျမတ္သူဘယ္သူ႕ကိုတင္ေပးခ်င္မွန္းလဲသူသိ၏။

သူက Crown ကိုမသက္သာလို႔လႊဲတာပဲျဖစ္ေစ၊ စိတ္ရွိလို႔လႊဲတာျဖစ္ေစ နိမိတ္ကလည္းရေအာင္ယူမွာျဖစ္သည္။ ဒီလူ႕ကိုအပင္ပန္းမခံနိုင္ဘူး။

" မနက္ျဖန္ ဆိပ္ကမ္း႐ုံးကိုထပ္သြားမယ္ "

" အင္း ေမာင္လိုက္ခဲ့ရမလား "

" နိမိတ္ "

" အင္း "

" ငါမင္းအကူအညီလိုတယ္ "

" ေမာင္ကခင္ဗ်ားေယာက္်ားပဲ၊ ေမာင္ေရ မင္းဒါလုပ္ေပးစမ္းပါလို႔ အမိန့္ေပးလိုက္ရင္လည္း နာနာခံခံပါပဲအခ်စ္ရဲ႕ "

သူေျပာေတာ့ မယုံသလိုလို ေထ့ကာ ၿပဳံးျပ၏။

" ဒါျဖင့္လည္း ေတာ္ဝင္မိသားစုအတြက္ Crown ကိုယူစမ္းပါ "

နိမိတ္ကတစ္ခ်က္မအံ့ၾသေပ။ အေစာႀကီးတည္းက သူရမွာလို႔ယုံၾကည္ထားသလိုမ်ိဳး။ မ်က္ႏွာထားကိုေမာ္ခ်ီကာ ႏွာေခါင္းကိုရႈံ႕ပြတ္လိုက္၏။

" မင္းမအံ့ၾသဘူးလား "

" ဘာအံ့ၾသစရာရွိလဲ ေမာင္ကရေအာင္ယူဖို႔လည္းဆႏၵရွိၿပီးသားပါ "

မဟာျမတ္သူသည္ ဒီေယာက္်ား၏ဘဝင္ျမင့္မႈကိုမခံနိုင္ဟန္ျဖင့္ ႏွာရႈံ႕ေလသည္။ ထို႔ေနာက္ ဆိုဖာကေနခက္ခက္ခဲခဲထလာတာမို႔ နိမိတ္ကသြားထူေပးလွ်င္ အေပၚပိုင္းဗလာက်င္းေနသည့္နိမိတ္ရင္ဘတ္ကနို႔သီးဖ်ားေတြကို လိမ္ဆြဲပစ္ေလ၏။

" အာ့! ေမာင့္အခ်စ္! "

" မင္းမုတ္ဆိတ္ေတြသြားရိတ္ေတာ့ "

" ခင္ဗ်ားကဘယ္လဲ "

" ဝရန္တာ "

" ေမာင္လိုက္ပို႔မယ္ "

" မလိုဘူး မင္းသြားစမ္းပါ "

အင္တင္တင္နဲ႕ ႏွင္ထုတ္မရတဲ့လူက သူခပ္စူးစူးၾကည့္ေပးမွ ေရခ်ိဳးခန္းထဲဝင္သြားသည္။ အိပ္ရာထဲမွာကတိုးနံ႕လွိုင္ေနကာ ၿငီးေစာ္ပင္နံေနသည္မို႔ အိပ္ခန္းထဲထပ္မေနနိုင္တာေၾကာင့္ ဝရန္တာက dreambed ေပၚထြက္ထိုင္ေနရသည္။

နိမိတ္ျပန္ေရာက္လာတာကိုဝမ္းသာေသာ္လည္း ဒီထက္ပိုၿပီးအမ်ားႀကီးမေပးနိုင္သူအဖို႔ေတာ့ နိမိတ္ကိုအားနာမိသည္။ သို႔ေသာ္နိမိတ္နဲ႕ထပ္တူခံစားရျခင္းမွာ မွားယြင္းတယ္လို႔မခံစားရပါ။

ခါးတဘတ္ပိုင္းႏွင့္ပတ္၍ ေရေတြစိုစိေနတဲ့ေခါင္းကို ဆတ္ခနဲခါလိုက္ရင္း သူ႕ဝမ္းဗိုက္ႂကြက္သားေတြေပၚလက္မႏွင့္ပြတ္ျပၿပီး အလွျပေတာ့ dream bed ေပၚကေန လက္ခလည္လွမ္းေထာင္ျပသည္။ စိမ္းညွို႔ေနႏႈတ္ခမ္းေမႊးေတြအစား ေျပာင္ရွင္းေနတဲ့ေနရာလြတ္ႏွင့္ ေမးရိုးကားမ်ား၊ တလႈပ္လႈပ္ျဖစ္ေနသည့္ လည္စလုပ္၊ နိမိတ္ကခန့္သည္ထက္ပိုသည္။

သူ႕ေနရာႏွင့္သူကခ်ပ္ရပ္ကာ ထင္းႂကြေနေသာႂကြက္သားမ်ား ခါးက်ဥ္ mermaid line ႏွင့္ တုတ္ခိုင္ေနသည့္ ေပါင္တံ၊ ခပ္ေရးေရးေျခသလုံးေမႊးမ်ားရွိသည့္ ေျခသလုံးသားမ်ား။ ၿပီးေတာ့ရင္အုံေပၚဟိုတစ္စဒီတစ္စ စုေနသည့္ ျခစ္ရာျပတ္ရာအမာ႐ြတ္မ်ားလည္းရွိေန၏။

ဟင္းခနဲသက္ျပင္းရွိုက္၍ နိမိတ္ကိုသူ႕အနားေခၚလိုက္လွ်င္

" ငါေဆး႐ုံကဆင္းရင္ party တစ္ခုေလာက္လုပ္ရေအာင္ "

" အင္း ေမာင္ကအရႈပ္ေတြအားလုံးရွင္းေပးထားမယ္ "

လက္ဖဝါးအားႁပြတ္ခနဲနမ္းရွိုက္၍ နိမိတ္ကသူ႕တစ္ကိုယ္လုံးကိုဖက္ထားသည္။ ၾကည့္ရတာဒီေကာင္ အျပင္ထြက္ဖို႔အစီအစဥ္ရွိေသးသည့္ပုံပါပဲ။

ဒီေကာင္ဘာလုပ္ေနလဲမသိရေလာက္ေအာင္ ကိုယ္တိုင္လည္းညံ့မေနခဲ့ပါ။

//

ဆိပ္ကမ္း႐ုံးမွာ သူကနိမိတ္ကို ဆက္ခံသူျဖစ္ေၾကာင္းအတိအလင္းေၾကညာခဲ့သည္။ ဦးလွေသာင္းရဲ႕မ်က္ႏွာခပ္မႈန္မႈန္က သူ႕တစ္သက္ ၾကည့္မဝဆုံးေသာ ႐ုပ္မ်က္ႏွာပါဆိုလွ်င္လည္းမမွား။
ဒီလူက အရာရာကိုလက္ဝါးႀကီးအုပ္ခ်င္ေနတာ။ ဘယ္အ႐ူးက သူ႕လက္ထဲလုပ္ပိုင္ခြင့္ေတြထည့္ေပးမွာတဲ့လဲ။

တုန္လႈပ္လာတဲ့ ဝန္ႀကီးမ်ားခုံ႐ုံးမွာ ကိုယ့္ေနရာကိုယ္ၿမဲဖို႔ သူတို႔အသည္းအသန္ႀကိဳးစားၾကေတာ့မယ္။ နိမိတ္ကိုဖယ္ဖို႔ သူတို႔စလုပ္ေတာ့မယ္ဆိုတာကို မဟာျမတ္သူေကာင္းေကာင္းသိသည္။

ဒီလူဒီေလာက္နဲ႕မရပ္ဘူးမွန္းသိေနေပမဲ့ ကိုယ့္ဘက္ကစိတ္သြားတိုင္းကိုယ္မပါခဲ့ေတာ့ မၿပီးျပတ္ေသးတဲ့အလုပ္ကရွိေသး၏။

ဧကရာဇ္ခြင့္ျပဳခ်က္နဲ႕ စစ္ဆင္ေရး႐ုံးတစ္ခုလုံး ကိုယ့္လက္ေအာက္ေရာက္လာလွ်င္ပဲ နိမိတ္အကူအညီနဲ႕ဦးလွေသာင္းအခ်ိတ္အဆက္ေတြကို သူရွာေတြ႕သည္။ လြယ္ေနမယ္လို႔မထင္ေပမဲ့ နိမိတ္အကူအညီေၾကာင့္ပဲခရီးကေတာ္ေတာ္ေပါက္ပါတယ္။

႐ုံးတစ္ခုလုံး စိမ္းလက္ထဲပစ္ထားခဲ့ရသည္အထိ နိုင္ငံေရးအေပၚပဲအာ႐ုံစိုက္ေနေတာ့ အသက္ေတာင္ေျဖာင့္ေအာင္မရႉနိုင္ခဲ့။

တစ္ေန႕တျခားနိမိတ္ကိုယ္ေပၚမွာဒဏ္ရာေတြျပည့္လာတာကို သတိထားမိၿပီးေနာက္မွာ ပထမဦးဆုံးအေနနဲ႕ သူတုန္လႈပ္မိတာပါပဲ။

boxing club မွာ ကိုယ္ဝန္အရင့္မာႏွင့္သြားေသာင္းက်န္းတဲ့အထိ သူ႕ေနာက္လိုက္ေတြကလည္းသိပ္သစၥာရွိတယ္။ အကိုေလးက မရီးကိုမေျပာခိုင္းဘူးတဲ့ေလ။ အဆုံးထိသူေသာင္းက်န္းမွ လႈပ္တုပ္လႈပ္တုပ္ျဖစ္လာတဲ့သူ႕အေပါင္းအပါေတြေၾကာင့္ စိတ္လည္းတိုရေသး၏။

" မင္းငါ့ကိုဘာေတြလွ်ိုထားဦးမွာလဲ "

ပြင့္ေနတဲ့အနာကို ေဆးေသခ်ာထည့္ၿပီး အုပ္ေပးေတာ့ မ်က္ႏွာငယ္ေလးႏွင့္သူ႕ကိုလွည့္ၾကည့္သည္။

" မနက္ျဖန္ပဲ ေမာင္ဂတိေပးတယ္ မနက္ျဖန္ပဲေဘဘီ "

စိတ္ကသိပ္ၾကည္တာမဟုတ္ ၊ သိန္းထြဋ္ေျပာလို႔ဒီေကာင္ဘာျဖစ္ခဲ့လဲသူအကုန္သိၿပီးၿပီ။ ဦးလွေသာင္းကအခုမွမဟုတ္ အရင္ကတည္းက ကိုယ္နိမိတ္ကိုcrown အပ္မယ္ဆိုတာကို ရိပ္ဖမ္းမိၿပီးသား။ အစတည္းကနိမိတ္ကိုသူဆြဲခ်ေနခဲ့တာ။ တုံးအေနတဲ့သူကပဲမသိတာ။

စိတ္တိုစြာအနာေပၚဖိခ်လိဳက္ေတာ့ အားခနဲေအာ္ၿပီး ေခြၽးေတြပ်ံလာသည္။

" ေျဖးေျဖးသက္သာလုပ္ပါ အခ်စ္ရယ္ ခင္ဗ်ားလက္ကဟိုေကာင္ေတြထက္ပိုဆိုးေနတယ္ "

" ေအး ငါကမင္းကိုသတ္ပါသတ္ခ်င္တာ "

နိမိတ္သူ႕မ်က္ႏွာကို အရိပ္တၾကည့္ၾကည့္လိုက္ၾကည့္ရသည္။ တကယ္ႀကီးစိတ္တိုေနပုံရကာ မ်က္ဝန္းေတြကခက္ထန္လို႔။ မသိရင္ဘဲသူ႕ကိုထရိုက္ေတာ့မလိုနဲ႕မို႔ သူ႕အထင္ဆို ဒီေန႕ရာသီဥတုသိပ္မေကာင္းပါ။

ေနာက္တစ္ေန႕မနက္ပဲ သတင္းခ်န္နယ္ကလႊင့္တဲ့သတင္းႏွင့္အတူ သေဘၤာတစ္စီးစာ ဆိပ္ကမ္းကြန္တိန္နာပုံးမ်ားအားဖမ္းမိခဲ့၏။ စစ္ေဆးေမးျမန္းခ်က္မ်ားအရ ဆက္စပ္မႈသည္ ဦးလွေသာင္းျဖစ္ခဲ့ကာ မနက္စာေတာင္မစားနိုင္ဘဲ မဟာျမတ္သူခမ်ာ ဝန္ႀကီးမ်ား႐ုံးကိုေျပးရသည္။

သူေရာက္ေတာ့ ရဲေတြေကာသတင္းေထာက္ေတြေကာအုံေနၿပီ။ ကိုယ္ဝန္နဲ႕သူ႕ကိုဓာတ္ပုံေတြတဖ်တ္ဖ်တ္ရိုက္ကာ ေမးျမန္းဖို႔အလုအယက္တိုးလာၾကၿပီး တြန္းတိုက္ဖို႔အထိျဖစ္ခါနီးပင္။

အထဲထိေရာက္မွ ပ်ားပန္းခတ္လႈပ္ရွားသြားလာေနကာ သိပ္မၾကာခင္ပဲ ဦးလွေသာင္းကို႐ုံးခ်ဳပ္ထဲမွဆြဲေခၚလာေလသည္။

" ေဟ့ ဒီမယ္ ေခြးမသား ငါမဟုတ္ဘူးလို႔ ေဟ့ေကာင္ေတြ ငါ့ကိုလႊတ္ လႊတ္ၾကစမ္း "

သူဒီတိုင္းရပ္ၾကည့္ေနတာျဖစ္သည္။ ၿပီးေတာ့ဦးလွေသာင္းကသူ႕တည့္တည့္ကိုၾကည့္လာ၏။ မဟုတ္ဘူး သူ႕ေနာက္ကိုစိုက္ၾကည့္ေနတာ။

မဟာျမတ္သူလွည့္ၾကည့္ေတာ့သူ႕ေနာက္တြင္ မိုက္ကယ့္ကိုေတြ႕သည္။ မိုက္ကယ့္မ်က္ႏွာကတည္တည္ၿငိမ္ၿငိမ္။ ဦးလွေသာင္းကိုခံစားခ်က္မရွိသလိုၾကည့္ကာ သူ႕အနားကိုေတာ့တေျဖးေျဖးလွမ္းလာ၏။

" ကိုျမတ္သူ "

" မိုက္ကယ္ အဆင္ေျပရဲ႕လား "

ဗိုက္ေလးႏွင့္လုံးတစ္ေနသည့္ဒီလူ႕ကိုၾကည့္ကာ မ်က္ရည္ေတြပင္ဝဲတက္လာရသည္။ မ်က္ေတာင္ဖ်ားေတြပုတ္ခတ္လို႔ ေခါင္းကိုေမာ့ပစ္ေတာ့ ဦးလွေသာင္းအဖမ္းခံရတာေၾကာင့္ဟုထင္ကာ မဟာျမတ္သူကသူ႕ကိုဖက္၍ သူ႕ေက်ာျပင္ကိုပြတ္သပ္သည္။

" တကယ္ဆို တကယ္ဆို ကိုယ္ျဖစ္ေနသင့္တာ "

" ကိုယ္နားလည္ပါတယ္ ကိုယ္မင္းစိတ္ကိုနားလည္ပါတယ္ "

ထိေတြ႕ခံစားေနရသည့္ ဝမ္းဗိုက္ပူပူေလးက သူ႕ဗိုက္ကိုထိလို႔ေနသည္။ သူအသာအယာလက္တင္လိုက္ရင္းမွ ဝဲတက္လာသည့္မ်က္ရည္ေတြကိုပြတ္သုတ္လိုက္၏။

" ကိုျမတ္သူ "

" ကိုယ္ရွိတယ္ မိုက္ကယ္ ကိုယ္ရွိတယ္ "

" ကိုယ့္အနားတစ္သက္လုံးရွိေစခ်င္တာ "

ဝိုးတဝါးအသံက သူ႕နားထဲသို႔ပင္ပီျပင္စြာဝင္မသြားလိုက္ရ။ သူ႕လက္ထဲကေန ႐ုတ္တရက္ဆြဲခြာခံလိုက္ရကာ မိုက္ကယ္သည္ၾကမ္းျပင္ေပၚတြင္ပက္လက္လဲေနေခ်သည္။

" မိုက္ကယ္! နိမိတ္! "

နိမိတ္ကသူ႕တစ္ကိုယ္လုံးေပၚတက္ဖိလို႔ မိုက္ကယ့္ကို ပစ္ပစ္ခါခါထိုးသတ္ေနတာျဖစ္သည္။ ရီေဝေနတဲ့မ်က္ဝန္းနီေတြနဲ႕နိမိတ္ေအာက္ကေန မိုက္ကယ္ကသူ႕ကိုလွမ္းၾကည့္ေန၏။

" နိမိတ္ရွိန္ဝါ! "

" ငါဠိုးမသား! မင္းကိုယ္မင္းဘာေကာင္ေနလဲ ဟမ္!! ေဟ့ေကာင္! ေခြးမသား! "

" နိမိတ္ရွိန္ဝါ! ဖယ္လိုက္စမ္းအခုခ်က္ခ်င္း! ေဟ့ေကာင္ ငါေျပာေနတယ္ေလမင္းကို! "

" မေအဠိုး မင္းလိုေကာင္ကမ်ား! မဟာျမတ္သူကိုထိရေအာင္ မင္းဘာေကာင္လဲကြ ဟမ္! ေဟ့ေကာင္! "

တခြပ္ခြပ္ပစ္ထိုးေနတာမ်ား နိမိတ္ကသူ႕ကိုေကာ္ပတ္႐ုပ္ထင္ေနလားမသိ။ သိပ္မၾကာခင္ပဲ ႐ုတ္႐ုတ္သည္းသည္းျဖစ္လာကာ အေစာင့္ေတြကနိမိတ္ကိုဝိုင္းဆြဲသည္။

" သူငါ့ကိုဘာမွမလုပ္ဘူးလို႔ ငါေျပာေနတယ္ေလ! ဒီကိစၥကမိုက္ကယ္နဲ႕မဆိုင္ဘူး! "

တရႉးရႉးတရွဲရွဲနဲ႕နိမိတ္က အတင္း႐ုန္းးကာေကာ့ထိုးေနေသးတာမို႔ ဆြဲခ်င္ေသာ္လည္း သူ႕မွာကၾကားခံနယ္ရွိေနေသးသည္။ မိုက္ကယ္ကအေစာင့္ေတြလက္ေပၚေပ်ာ့ေခြလို႔။

" ေခၚသြား မိုက္ကယ့္ကိုေဆး႐ုံေခၚသြားေပးပါ "

" ဒီေကာင့္ကိုသတ္မွာ!! လႊတ္စမ္း! ငါဠိုးမသားေတြ!! မင္းတို႔ပါေသခ်င္လို႔လား ဟမ္! "

" နိမိတ္ရွိန္ဝါ! "

သူ႕အသံစူးစူးက မီးကိုေရႏွင့္သတ္လိုက္သလို နိမိတ္ကေမးရိုးႀကီးတလႈပ္လႈပ္ႏွင့္ အသက္ကိုျပင္းျပင္းရႉကာ တိတ္က်သြားသည္။

ေတာက္ခ္!

တက္ေခါက္သံခပ္ျပင္းျပင္းက ခန္းမထဲစီခနဲထြက္လာကာ ခါးႀကီးလက္ေထာက္၍ ေဒါသမေသေသးသူက ဧည့္ေကာင္တာရွိပစၥည္းေတြကိုဆြဲခ်ျပန္၏။

" ခင္ဗ်ားနားမလည္ပါဘူး မဟာျမတ္သူ! ခင္ဗ်ားေမာင့္ကိုလုံးဝနားမလည္ဘူး "

" မင္းဘာေစာက္႐ူးထေနတာလဲ ဦးလွေသာင္းကိစၥေတြမိုက္ကယ္နဲ႕မဆိုင္ဘူးကြ "

" ဒီေကာင္မႊန္ေနတာကြ! ခင္ဗ်ားကိုမႊန္ေနတာ! ခင္ဗ်ားဘာသိလဲ! "

နိမိတ္ဘယ္လိုစကားေတြေျပာလိုက္တာလဲ။ ကိုယ္ကငယ္တည္းကထိန္းခဲ့ရတဲ့ကေလးမို႔ မိုက္ကယ့္အေပၚသံေယာဇဥ္ထားခဲ့မိသည္က နိမိတ္ဒီလိုထင္ဖို႔တဲ့လား။

မိုက္ကယ္နဲ႕သူ႕ၾကားကရင္းႏွီးမႈကို ဒီေကာင္ကတလြဲေကာက္ကာေစာ္ကားသည္။

" ကိုယ္အေဖေတာင္ ေထာင္ထဲျပန္ထည့္တဲ့ေကာင္မ်ိဳး ခင္ဗ်ားၾကပ္ၾကပ္ယုံ "

နိမိတ္ကၾကမ္းျပင္ေပၚပုံက်ေနတဲ့ သူ႕ဂ်က္ကတ္ကိုေကာက္ယူကာ မဟာျမတ္သူကိုလက္ေမာင္းကေနဆြဲ၍ ေပြ႕ခ်ီသည္။

သူ႕ရင္ခြင္ထဲရန္ေတြ႕ဖို႔ေတာင္အားမရွိေတာ့ သူ႕မ်က္ႏွာကိုသာလိုက္ၾကည့္ရင္း ၿငိမ္ၿငိမ္ေလးပါလာရ၏။

" မင္းကငါနဲ႕ပတ္သတ္တဲ့ေကာင္တိုင္းကို ငါ့ကိုႀကိဳက္တယ္ပဲထင္ေနတာလား "

" အခ်စ္ ခင္ဗ်ားမတုံးစမ္းပါနဲ႕ "

သတင္းေထာက္ေတြၾကား.အေစာင့္အကူအညီႏွင့္ထြက္လာကာ နိမိတ္ကသူ႕ကိုကားထဲေနရာခ်ေပးၿပီးတာနဲ႕ ကားငယ္သည္ေမာင္းထြက္လာၿပီျဖစ္သည္။

ခင္ဗ်ားကိုႀကိဳက္တဲ့ေကာင္ေတြကိုက ခင္ဗ်ားနဲ႕လာပတ္သတ္ေနတာေလ။

အဲ့ဒီ့ေန႕က နိမိတ္ကိုသူစိတ္ဆိုးေနတာမ်ား တစ္ညလုံးေခ်ာ့လို႔ေတာင္မရေပ။ ဦးလွေသာင္းကိစၥေတြကေခ်ာေခ်ာခ်ဴခ်ဴပင္ၿပီးသြားတာမို႔ ရန္ေအးၿပီထင္ေနၾကေပမဲ့ နိမိတ္ကထိုသို႔မထင္။

ဒီေကာင္ကသူ႕ကိုယ္သူနစ္ျမႇုပ္ခံလိုက္တာမွန္း နိမိတ္သိတယ္။ ဖေအကိုဆြဲခ်ၿပီး သူကိုယ္တိုင္ပါအေမွာင္ထဲနစ္သြားတာ ယခုမိုက္ကယ္က ယခင္ကမဟာျမတ္သူသိသည့္မိုက္ကယ္ႏွင့္ တူေတာ့မည္မဟုတ္ပါ။

Continue Reading

You'll Also Like

45.9K 2.6K 17
ဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး
372K 20.1K 35
No Expire , Full Warranty
5.5K 353 37
မောင်က အဲ့ဒီမျက်ဝန်းညိုတွေအတွက်ကြောင့်ပဲ ဒီသံသရာမှာ ခုံမင်စွာ ကျင်လည်ပေးခဲ့ပါတယ်။ စေလိုရာ စေပါစေ..လွမ်းဟာ မောင့်ရဲ့ အရှင်သခင်ပါပဲ။
126K 5.6K 66
မောင်.....!! ငါ့ကို ရွေးချယ်ပေးလို့ရမလား နောက်ဆုံးတစ်ကြိမ်လောက်ဖြစ်ဖြစ် ငါ့ဘက်ကို ငဲ့ညှာပေးလို့ရမလား ဟူးးးးမောင် ငါသိလိုက်ပါပြီ အမြဲ ငါက အစားထိုးတစ်...