Unicode
အခန်း(၁၄၄) - မွေးနေ့ပွဲ
ရိဟန်က ဒီတစ်ခေါက်မှာတော့ ကျင်းယွမ်၏ လက်ကို မရှောင်ခဲ့ပေ။ သို့သော်လည်း သူ့ဘက်က ပြန်လည်လှုပ်ရှားခြင်းလည်း မရှိခဲ့။ သူ့လက်ကောက်ဝတ်က ကျင်းယွမ်ရဲ့ ဆုပ်ကိုင်မှုအောက်မှာ ဒီအတိုင်းလေးသာ ရှိနေသည်။
အတွင်းစိတ် အနက်ရှိုင်းဆုံး တစ်နေရာမှာတော့ ကျင်းယွမ်က သူ့ကိုယ်သူ လှောင်ပြောင် ရှုံ့ချမိသည်။ သူဘယ်တုန်းက ဒီလိုမျိုးကိုယ်ပိုင် ခံစားချက်ထဲမှာ နစ်မွမ်းပြီး ဘာမဟုတ်တဲ့ကိစ္စလေးကို လိုက်ခံစားနေတတ်တဲ့ မိန်းကလေးတစ်ယောက်လို ဖြစ်လာရတာလဲ? ဟန်ဟန်က သူ့ကိုချစ်တယ်။ သူဒါကို ဟိုးတုန်းကတည်းက အတည်ပြုပြီးသား မဟုတ်ဘူးလား? ဒါနဲ့ ပတ်သတ်ပြီး ဘာမှ စိတ်မသက်မသာ ဖြစ်စရာ မရှိဘူး။ ဒါက သူ့ဟန်ဟန်လေ။ သူတို့က မကြာခင် လက်ထပ်တော့မှာပဲ
မင်္ဂလာဆောင်တဲ့ ကိစ္စကို တွေးမိတဲ့အခါ ကျင်းယွမ်ရဲ့ မျက်လုံးများ မှောင်မိုက်သွားရသည်။ သူ့ဟန်ဟန်က သူ့ကို ဒီလောက်မြန်မြန်ကြီး လက်မထပ်ချင်သေးဘူး။ ဟန်ဟန်ပြောတာတော့ သူက အရမ်းငယ်သေးလို့တဲ့။ သူတို့တွေ ဒီလောက်မြန်မြန်ကြီး လက်ထပ်စရာ မလိုဘူးတဲ့။ သူတို့က အခုဆို အတူတူ ရှိနေပြီး ပိုင်မိသားစုရဲ့ အသိအမှတ်ပြုပြီးသားလည်း ရပြီးသားလေ။ မင်္ဂလာဆောင်တယ် ဆိုတာက ဘာမှပြောင်းလဲမှာမှ မဟုတ်တာကို ဘာလို့ ဒီလိုစာရွက် အပိုင်းအစလေးကို စွဲလမ်းနေမိတာလဲ?
ဟန်ဟန်က လူငယ်လေးပဲ ရှိသေးတာ။ ဒီလောက် အစောကြီး လက်ထပ်ခြင်းဆိုတဲ့ အချုပ်အနှောင်ကို မခံချင်တာက နားလည်လို့ရပါတယ်။ ဒါပေမဲ့ ကျင်းယွမ်ကတော့ သူ့ရဲ့ propose ကျရှုံးသွားရခြင်းအပေါ် အတော်လေး စိတ်ပျက်မိဆဲပဲ။သူ့ဆုပ်ကိုင်ထားတဲ့ ချောမွေနေတဲ့ အသားအရည်က ခံစားချက်ကို သူ သဘောကျတယ်။ သူ ပိုစိတ်ရှည်သင့်တာပေါ့။ ဟန်ဟန်ကို အချိန်နည်းနည်းပေးသင့်တယ်။ဟန်ဟန်အဝ ပျော်ပြီးမှ လက်ထပ်လည်း နောက်မကျသေးပါဘူး။ သူတို့တွေ အနှေးနှင့်အမြန် လက်ထပ်ကြမှာပဲဟာ။
ကျင်းယွမ်က အခန်းထဲက တစ်ခြားသူများအား တစ်ချက် ဝေ့ကြည့်လိုက်သည်။ ဘယ်သူမှ ရိဟန်ရဲ့ ထူးဆန်းနေတဲ့ အပြုအမူများအား သတိမပြုမိကြပေ။ သူတို့အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေကြသည်။ သူပဲ အတွေးလွန်နေမိတာများလား
လူအိုကြီးပိုင်ကတော့ အတော်လေး စိတ်လှုပ်ရှားနေသည်။ သူက ရိဟန်နဲ့ စကားပြောရခြင်းအား အတော်လေး ပျော်ရွှင်နေပြီး အုပ်စုထဲမှာ သူ့အသံတစ်ခုတည်းသာ ကျယ်ကျယ်လောင်လောင် ကြားနေရသည်။ အခုချိန်မှာ သူပုံစံက ယခင်ကထပ်ပင် နုပျိုနေပုံပင်။ သူက သူ့သားနဲ့ မြေးတွေကိုတော့ ရိဟန်အား အလွန်အကျွံ မဆက်ဆံရန် အမြဲသတိပေးခဲ့သည်။ သူတို့က ထိုကောင်လေးကို ထောင်လွှားတဲ့ ကောင်စုတ်လေးအဖြစ် ပုတ်သိုးသွားစေနိုင်တယ်ဟု။
သို့သော်လည်း သူကိုယ်တိုင်ကတော့ ရိဟန်ကို အချစ်ဆုံးဖြစ်သည်။ သူ့အကြောင်းပြချက်ကတော့ ရိဟန်နဲ့ ကုန်ဆုံးရတဲ့ အချိန်က နည်းပါးလို့တဲ့။ ဒီအချိန်လေးမှာ၊ သူကြိုးစားအားထုတ်ထား၇တဲ့ အခွင့်အရေးလေးမှာ သူ့မြေးအငယ်ဆုံးကို ဆူပူကြိမ်းမောင်းပြီး သွန်သင်ဆုံးမရင်း ကုန်ဆုံးရမှာလား? ရိဟန်ကို သွန်သင်ဆုံးမဖို့က သူ့မိဘတွေနဲ့ ညီအစ်ကို မောင်နှမတွေ ရှိနေတာပဲ။ သူက အဘိုးတစ်ယောက်ပဲ ဖြစ်နေတဲ့ဟာ။ သူ့မှာ ရိဟန်ကို အလိုလိုက်ဖို့ တာဝန်ရှိတယ်။
ဒီနေ့ သူ့အဘိုးနဲ့ မတွေ့ဆုံခင်မှာ ရိဟန်သည် ရင်တုန်မှုကြောင့် ခုံအစွန်းလေးမှာသာ ဝင်ထိုင်နေမိတာဖြစ်သည်။ သူ့နှလုံးသားက အပြစ်ရှိမှု၊ ဝမ်းနည်းမှုနှင့် နောင်တရမှုတို့ ရောနှောကာ ပြိုကျပျက်စီးနေမိသည်။ယခုတွင် ကျန်းမာသန်စွမ်းနေသောအဘိုးနှင့် ရင်ဆိုင်ရသောအခါ တစ်ခုတည်းသော စိတ်ခံစားမှုမှာ ကျေးဇူးတင်မှုသာ ကျန်ရှိတော့ကြောင်း သူနားလည်ခဲ့သည်။
ပြန်လည်မွေးဖွားခြင်းနှင့် သူ့ရာဇဝတ်မှုများအတွက် အပြစ်ဖြေဖို့ အခွင့်အရေးပေးသည့်အတွက် ဘုရားသခင်နှင့် ကောင်းကင်ဘုံကို တစ်ဖန်ပြန်၍ ကျေးဇူးတင်ရှိမိသွားသည်။ သူ့အနေနဲ့ သူ့အဘိုးက တစ်ဘဝလုံး သားစဉ်မြေးဆက်အတွက် ပူပန်စရာ မလိုတော့သော ပျော်ရွှင်သည့် ကလေးအိုကြီး အဖြစ်သာ အသက်ရှင်သန် နေထိုင်ဖို့ တစ်ခုတည်းသာ မျှော်လင့်မိတော့တာပင်။
လူအိုကြီးပိုင်က ရိဟန်ကို အမိဖမ်းလို့ ပြီးသွားသောအခါ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေရင်းဖြင့်ပင် ပိုင်ယန်ဘက် လှည့်သွားသည်။
"ယန်, မင်းဘာလို့ ကျောင်းဟွာကိုပါ မင်းနဲ့အတူ ခေါ်မလာတာလဲ? သူက အခု မင်းအပိုင် ဖြစ်သွားပြီဆို? တမင်ချဲ့ကားပြောတာတော့ မဟုတ်ပါဘူးနော် ဟုတ်လား?"
"ဘိုးဘိုး" ပိုင်ယန်ရဲ့ အသံထဲမှာ သိသာထင်ရှားသည့် စိတ်တိုမှု ရှိနေသည်။
"အလုပ်တွေ ရှိသေးတယ်, သူမနက်ဖြန်မှ လာလို့ရမယ်"
အဘိုးကြီးပိုင်က သူ့မြေးအကြီးဆုံးကို စိုက်ကြည့်ရင်
"အိုး, မင်းက ဘယ်လောက်တောင် ကြီးမြတ်နေလို့လဲ? မင်းသူ့ကို အနိုင်ကျင့်ထားတာလား? အလုပ်တွေအားလုံး သူ့ကိုပဲ လွှဲချပေးခဲ့တာလား? အကြံပေးလိုက်မယ်နော် ယန်, ချစ်သူဆိုတာနဲ့ လိင်အမျိုးအစား ဘာပဲဖြစ်နေပါစေ ချစ်ခင်မြတ်နိုးပေးရမယ်, မင်းသူ့ကို အလိုလိုက်ပေးရမယ် ဂရုစိုက်ပေးရမယ်။ ဒါက 'ငါမင်းကိုချစ်တယ်' ဆိုတဲ့ ရိုးရှင်းတဲ့ စကားလုံးတွေ လက်ဆောင်တွေလောက်နဲ့ ပြီးမြောက်အောင် လုပ်လို့ရတဲ့ မစ်ရှင်တွေ ရှာဖွေမှုတွေ မဟုတ်ဘူး,ဟုတ်ပြီလား? မင်းအနေနဲ့ ဘဝရဲ့ အသေးစိတ်လေးကအစ သူ့ကိုပြပေးရမယ်, မင်းမရှိရင် သူမနေနိုင်တဲ့အထိ ချစ်ခြင်းမေတ္တာရဲ့ နွေးထွေးတဲ့ အလင်းရောင်ကို ခံစားရပါစေ, အဲ့ဒါမှ သူက မင်းနဲ့ တစ်သက်တာလုံး အခြေချ နေထိုင်မှာ, မင်းက အစောကတည်းက အဆင်မပြေတဲ့ လူငယ်တစ်ယောက်, မင်းဆီမှာရိုးရှင်းတဲ့ အချစ်ရေးရာ အရိုးတောင် ရှိမနေဘူး, အကယ်၍ မင်းသာ သူ့ကို ဘယ်လို အလိုလိုက်ရမလဲ မသိဘူးဆိုရင် အထီးကျန်တဲ့ ခွေးအိုကြီးတစ်ကောင်ဖြစ်ဖို့ အဆင်သင့်ပြင်ထားတော့ပဲ!"
ကောင်းပြီ, အဆင်ပြေတယ်, ဘုရားရေ, သူ့အဘိုးက 'အထီးကျန်တဲ့ ခွေးအိုကြီး' ဆိုတဲ့ ဟာသက ဘာလဲ ဆိုတာတောင် သိနေတယ်။ ပိုင်ယန်က သက်ပြင်းချမိသည်။
"မဟုတ်ပါဘူး ဘိုးဘိုးရယ် ကျွန်တော်က ဘာလို့ သူ့ကို အနိုင်ကျင့်ရမှာလဲ? ဒီလိုဆိုရင်ရော? ကျွန်တော်သူ့ကို အခုပဲခေါ်ပြီး ဒီလာခိုင်းလိုက်မယ်လေ နော်?"
ပိုင်ယန်ရဲ့ ပြန်ဖြေစကားကို ကြားတော့ လူအိုကြီးပိုင်မှာ အရမ်းကို ဒေါသထွက်ပြီး သူ့မျက်ခုံးများပင် V ပုံစံဖြစ်လာသည်။
"အဲ့ဒါတောင် မင်းက သူ့ကို အနိုင်မကျင့်ဘူးလို့ ပြောရဲသေးတယ်နော်? မင်းကသူ့ကို ဘာလို့ထင်နေတာလဲ? လိုချင်ရင်ခေါ်ပြီး မလိုချင်ရင် ဖယ်ရှားလို့ရတဲ့ လက်အောက်ငယ်သား တစ်ယောက်လား? သူ့အခန်းကဏ္ဍ ပြောင်းလဲသွားတာကို မင်းနားလည်ရမယ်လေ, သူက အခု မင်းရဲ့ ချစ်သူကွ! ရည်စားကောင်လေး! မင်းက သူ့စကားကိုနားထောင်ရမှာ သူပြောတာကို လိုက်နာရမှာ! မင်းက တော်တော်ကို အသုံးမကျတဲ့ကောင်ပဲ!"
"ဒါဆိုလည်း ကျွန်တော့ကို သင်ပေး" ပိုင်ယန်ကတော့ ခေါင်းကို အပစ်ခံလိုက်ရသလို ခံစားနေရသည်။
"ကျွန်တော် ဘယ်လိုလုပ်ရမလဲ?"
"မင်းဘာလို့ ဒီလောက် တုံးရတာလဲ?" လူအိုကြီးပိုင်က အထင်အမြင် သေးစွာနဲ့ သက်ပြင်းချသည်။
"တစ်စုံတစ်ယောက်အပေါ် မင်းရဲ့ စိုးရိမ်ပူပန်မှုကို ဘယ်လိုပြရမလဲ ဆိုတာတောင် မသိဘူးလား? ဒီလိုအချိန်မှာ သူဒီကို လာစရာ အကြောင်းကို မရှိဘူး, သူ့ကိုသွားခေါ်ပြီး သူညစာ စားပြီးသွားပြီလား မေးရမှာ, သူဘာစားပြီးပြီလဲ? သူဒီနေ့ ဘယ်လိုနေလဲ? အခုတစ်လော အေးလာတယ်, သူအပိုများ ထပ်ဝတ်ထားရဲ့လား? မင်းကိုငါ ဒါတွေက အစ သင်ပေးဖို့လိုလား? မင်းကတော့ မျှော်လင့်ချက် မရှိတော့ဘူး, ကျောင်းဟွာက တကယ့်ကို သနားစရာကောင်းပြီး ကံမကောင်းတဲ့ ကောင်လေးပဲ, ဘယ်လိုများ သူက မင်းလိုလူမျိုးကို သဘောကျခြင်းနဲ့ အဆုံးသတ်သွားရတာလဲ? အကယ်၍ မင်းအဘွားသာ ရှိသေးရင် မင်းတကိုယ်လုံး ပွန်းပဲ့သွားတဲ့အထိ ဆူပူကြိမ်းမောင်းနေလိမ့်မယ်!"
"ဘိုးဘိုး" ယန်က ကူကယ်ရာမဲ့စွာ ပြန်ဖြေသည်။
"သူက အရွယ်ရောက်နေပြီ, သူ့ဘာသာသူ ရှင်သန်လာတာ နှစ်ပေါက်နေပြီဟာကို, ဒီလို အေးတဲ့နေ့မျိုးမှာ တစ်စုံတစ်ယောက်က သူ့ကို အင်္ကျီအပို ထပ်ဝတ်လာဖို့ ပြောနေစရာ လိုသေးလို့လား?"
လူအိုကြီးပိုင်က ရိဟန်ဘက် လှည့်သွားသည်။
"ရိဟန်, မင်းအကိုကြီးကို ကြည့်စမ်းပါဦး, ဒီထုံလွန်းတဲ့ အရူးကို ကြည့်စမ်း, သူအင်္ကျီထပ်ဝတ်ထားလား မထားဘူးလားဆိုတာ ကျောင်းဟွာရဲ့ ကိစ္စ, မင်းဘက်ကနေ သူ့ကိုမေးတာ မမေးတာ စိတ်ပူတာ မပူတာက မင်းကိစ္စ! အဲ့ဒါက ဒီလို အထီးကျန်ခွေးအိုကြီးနဲ့ ချစ်သူရှိတဲ့ သူတွေကြားက ခြားနားချက်ကြီးပဲ! အကယ်၍ ငါတို့သာ ယုတ္တိဗေဒ နည်းအရ သွားမယ်ဆိုရင် ကျောင်းဟွာက ကိစ္စတွေကို သူ့ဘာသာစဉ်းစားနိုင်တယ်၊ အလုပ်တွေကို သူ့ဘာသာ လုပ်နိုင်တယ်, ဒါဆို မင်းကိုဘာလို့ လိုအပ်နေဦးမှာလဲ? သူက သူ့ကို ဝန်ဆောင်မှုပေးဖို့ အဖိုးတန် ကလေးလေး လိုအပ်နေလို့လား? ဟား...ဒီကောင်ကတော့ ငါ့ကို ဒေါသထွက်အောင် လုပ်နေတယ်! ရိဟန်, အကယ်၍ ငါသာ အရင်တုန်းက မင်းအဘွားကို လိုက်တုန်း သူ့လိုသာ တုံးအနေမယ်ဆိုရင် သူမက ငါ့ကို တစ်ချက်တောင် ကြည့်ခဲ့မှာမဟုတ်ဘူး! အဲ့ဒီတုန်းက ဆောင်းရာသီ အရမ်းအေးစိမ့်နေတာတောင် ငါက မင်းအဘွားဆီကို ပေါင်မုန့်ပူပူလေးနဲ့ ပဲနို့ယူပြီး အပြေးသွားခဲ့တုန်းပဲ"
"အဲ့ဒီပေါင်မုန့်တွေ ပဲနို့တွေ သူမလက်ထဲ ရောက်တဲ့အချိန်က နွေးနေတုန်းပဲ! မင်းအဘွားက အရမ်းကို ရင်ထဲထိသွားခဲ့တာ! ကောင်းပြီ, မင်းအဘွားလည်း အဲ့ဒီတုန်းက လူကြီးပဲလေ, အကယ်၍ သူမသာ လိုအပ်တယ်ဆိုရင် ပေါင်မုန့်နဲ့ ပဲနို့ကို သူ့မဘာသာ ဝယ်လို့မရဘူးလား? ဟန်? သူမက ငါသူမဆီကို အပြေးသွားခဲ့တဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကြောင့် ရင်ထဲထိသွားခဲ့ရတာ! ငါတို့လက်ထပ်တုန်းကဆိုရင် အဲ့ဒီတုန်းက ငါဝယ်ပေးခဲ့တဲ့ ပေါင်မုန့်က သူမဘဝမှာ စားဘူးသမျှထဲ အရသာအရှိဆုံး ပေါင်မုန့်ပဲလို့တောင် ငါ့ကိုပြောခဲ့တယ်!"
"ဘိုးဘိုးက အရမ်းအံ့သြဖို့ကောင်းတာပဲ!" ရိဟန်က ပြုံးရယ်ရင်း ပြန်ဖြေသည်။
"ဘိုးဘိုးက ဘွားဘွားကို တကယ်ချစ်တာမို့လို့ ဘိုးဘိုးရဲ့ နှလုံးသားက သတိပြုမိပြီး လိုအပ်တာမှန်သမျှကို အသေးစိတ်ကအစ လိုက်လုပ်ပေးတာပေါ့, သူမက အဲ့ဒါကို မြင်နိုင်တယ်လေ သေချာပေါက် ရင်ထဲထိသွားမှာပေါ့။ တကယ်တော့ ကျွန်တော်ငယ်ငယ်တုန်းက သူမပြောခဲ့ဘူးတယ် ဘွားဘွားဘဝမှာ အကောင်းဆုံးလုပ်ခဲ့မိတဲ့ ဆုံးဖြတ်ချက်က ဘိုးဘိုးကို လက်ထပ်ခဲ့တာပဲတဲ့ "
လူအိုကြီးပိုင်သည် သူ့အချစ်ဆုံးမြေးပါးစပ်မှ ထွက်ပေါ်လာသော ချီးမွမ်းစကားတိုင်းအား ဂုဏ်ယူဝင့်ကြွားစွာ ခံစားနေရသော်လည်း နောက်ဆုံးစာကြောင်းကို ကြားလိုက်သောအခါမှာတော့ သူ့မျက်နှာပေါ်က အပြုံးက ပိုလို့ပင် ကျယ်ပြန့်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။
"တကယ်လား?" လူအိုကြီးပိုင်က မေးသည်။
"သူမက မင်းကို တကယ်ပဲ အဲ့ဒီလိုပြောတာလား? ဘာလို့ ငါ့ကိုတော့ တစ်ခါမှ မပြောခဲ့တာလဲ? ကြည့်ရတာ သူမက အရမ်းရှက်နေတယ်နဲ့တူတယ်, အိုး, ရိဟန်, မင်းသိလား?မင်းအဘွားကအရမ်းကို သန်မာပြီး အားကောင်းနေပေမယ့် ငါ့အတွက်တော့ သူမကအရမ်းနူးညံ့ပြီး ကြင်နာတတ်တယ်၊ နွေးထွေးတယ်..သူမက..."
ပိုင်ယန်သည် သူ့အဘိုးက သူ့အဘွားကြောင်း ပြောနေသည်အား နားထောင်ရင်း ရိဟန်အား ကျေးဇူးတင်ဟန် လှမ်းကြည့်သည်။ လူအိုကြီးပိုင်က သူ့ဇနီးသည်အကြောင်း ပြောလိုက်တိုင်း သူမအကြောင်း တရစက် ပြောတတ်သည်လေ။ ပိုင်ယန်က သူ့အဖေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အကြည့်ခြင်း ဖလှယ်လိုက်ပြီး အခန်းထဲကနေ တိတ်တိတ်လေး ခိုးထွက်တော့သည်။
လူအိုကြီးပိုင်ရဲ့ စူးရှတဲ့ မျက်လုံးများက ပိုင်ယန်၏ လုပ်ရပ်အား ဖမ်းမိတာကြောင့် ချက်ချင်းပင် ထအော်လေသည်။
"မင်းဘယ်သွားမလို့လဲ?"
ပိုင်ယန်က တစ်ဖက်ကို ပြန်လှည့်လာပြီး သူ့ဖုန်းအား သူ့အဘိုးကို ဝှေ့ယမ်းပြသည်။
"ကျွန်တော် ကျောင်းဟွာကို ဖုန်းခေါ်မလို့" ပိုင်ယန်က အပြုံးဖြင့် ပြန်ဖြေသည်။
"သူ့ကို...အမ်း....မေးမလို့"
လူအိုကြီးပိုင်က "မင်းနောက်ဆုံးတော့ နားလည်ပြီပေါ့" လို့ဖတ်လို့ရနိုင်သည့် အကြည့်ဖြင့် လှမ်းကြည့်သည်။
"မှန်တယ်" လူအိုကြီးပိုင်ကပြောသည်။
"သွားတော့, သူနဲ့ ပိုကြာကြာလေး စကားပြောပေးလိုက်"
***
နောက်တစ်နေ့မှာ ဧည့်သည်များ တစ်ဖွဲဖွဲ ရောက်ရှိလာကြသည်။ လူအုပ်က တိမ်တိုက်များကဲ့သို့ပင် ထူထပ်လှပေသည်။ ၎င်းသည် လူအိုကြီးပိုင်ရဲ့ (၇၇) နှစ်ပြည့် မွေးနေ့ပွဲပင်။ မြို့ထဲမှာရှိတဲ့ ဘယ်သူမဆို ဘယ်ကမဆို ရောက်လာကြသည်။ ကျောင်းဟွာသည်လည်း တတ်နိုင်သမျှ စောစော ရောက်လာ၏။ လူအိုကြီးပိုင်က သူ့ကို မြင်သောအခါ ဝမ်းသာအားရဖြင့် အနားကို ဆွဲခေါ်ထားလိုက်သည်။ သူတို့တွေ အချိန်အတော်ကြာအောင် စကားပြောပြီးမှသာ ကျောင်းဟွာခင်ဗျာ အနားပတ်ဝန်းကျင်ကို လျှောက်သွားခွင့် ရရှာလေသည်။
ကျောင်းဟွာက လူအိုကြီးပိုင်နဲ့ စကားပြောလို့ ပြီးတဲ့အချိန်မှာ ရိဟန်က သူ့ကို လက်လှမ်းပြနေသည်ကိုမြင်လိုက်ရသည်။
"ရိဟန်" ကျောင်းဟွာက လူငယ်လေးဆီ လျှောက်လာရင်း နှုတ်ဆက်သည်။
"ကျင်းယွမ်ရော ဘယ်မှာလဲ?"
ရိဟန်ရဲ့ မျက်နှာပေါ်က အပြုံးလေးက စက္ကန့်ပိုင်းလောက် တောင့်ခဲသွားပြီးမှ ပြန်လည် အသက်ဝင်လာသည်။
"သူက ဟိုးဘက်မှာလေ" ရိဟန်က လူအုပ်ကြီးနဲ့ ဝိုင်းရံခံထားရသည့် ကျင်းယွမ်အား လက်ညှိုးထိုးပြသည်။
"အကိုရော? အခုတစ်လော ဘယ်လိုနေလဲ?"
ကျောင်းဟွာက ပြန်ပြုံးပြသည်။ ထိုအပြုံးက နူးညံ့သိမ်မွေ့သော သူ့မျက်နှာကို အလွန်နွေးထွေးပြီး ကြင်နာပုံပေါက်စေသည်။
"ကောင်းပါတယ်" ကျောင်းဟွာက ပြန်ဖြေ၏။
"အင်း, ကျွန်တော်လည်း အကိုကောင်းမယ်လို့ ထင်ပါတယ်" ရိဟန်က အသံကို တိုးတိုးလေး ထိန်းပြောရင်း ပြန်ပြောလာသည်။
"ကျွန်တော့်အကိုက အချစ်ရေးရာမှာ လုံးဝမကောင်းပေမယ့် အနည်းဆုံးတော့ သူ့နှလုံးသားက စစ်မှန်ပါတယ်, လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အကို့နေရာကို ကျွန်တော့်ဆီက ပြန်ဝယ်ဖို့ ကြိုးစားနေသေးတယ်, ဒါပေမဲ့ ကျွန်တော် လက်မခံလိုက်ဘူး, အကိုအချိန်ရတာနဲ့ စာရွက်စာတမ်းတွေ ပြန်လုပ်ရအောင် အဲ့ဒါမှ ကျွန်တော်အကို့ကို ပြန်လွှဲပေးလို့ရမှာ, အဲ့ဒါနဲ့ သူ့ကိုပြရမယ်!"
"အကယ်၍ သူကြိုက်တယ်ဆိုရင်လည်း သူ့ကိုပဲ ပေးလိုက်ပါ" ကျောင်းဟွာက ရယ်မောမိသည်။
"မဖြစ်ပါဘူး" ရိဟန်ကပြန်ဖြေသည်။
"သူက တစ်ခြားတစ်နေရာကိုမှ မလိုအပ်တဲ့ဟာ, သူလိုချင်တယ်ဆိုတာက အကိုကိုယ်တိုင် ပြင်ဆင်ထားတဲ့ နေရာမို့လို့လေ, ကျွန်တော်သူ့ကို မပေးနိုင်ပါဘူး, ဘယ်လိုပဲဖြစ်ဖြစ်, သူက အကို့နေရာမှာပဲ နေနေတာမှတ်လား? ကျွန်တော့် အခန်းမှာ နေခွင့်ပေးလိုက်တာလား?"
"မဟုတ်ပါဘူး မဟုတ်ဘူး" ကျောင်းဟွာက ကမန်းကတန်း ပြန်ပြောသည်။
"မင်းအခန်းထဲကို ငါဘယ်သူ့ကိုမှ ခြေချခွင့် မပေးဘူး"
"သူ့အပေါ် အကိုထားတဲ့ စေတနာအရဆိုရင် ဆိုဖာပေါ်မှာ အိပ်ခိုင်းဖို့တော့ နှလုံးသား မမဲ့လောက်ဘူး" ရိဟန်က တစ်ခစ်ခစ်ရယ်ရင်း စကားဆက်သည်။
"ဒါဆို ဖြစ်နိုင်တာသူက...."
ကျောင်းဟွာရဲ့ ဖွေးသန့်နေသည့် ပါးပြင်လေးက ချက်ချင်းပင် နှင်းဆီရောင် သန်းသွားရသည်။
"ရိဟန်!" သူက ဒေါသတကြီးနဲ့ ပြော၏။
"မင်းင့ါကို တမင်လုပ်တာ!"
ရိဟန်က ဆက်လက်ရယ်မောရင်းဖြင့် ပြန်ပြောသည်။
"ကျွန်တော့်အကိုကြီးက အခုတစ်လော အရမ်းတောက်ပြောင်နေပါတယ်လို့ ထင်နေတာ, ဒါကြောင့်ကိုး, သူက အကို့ကို ဖမ်းမိသွားလို့ပေါ့လေ"
ကျောင်းဟွာရဲ့ ပါးပြင်ပေါ်က နီရဲမှုက ပိုမိုပြင်းထန်လာသည်။ သူကရိဟန်ကို တစ်ချက်စိုက်ကြည့်ပြီး ထွက်သွားဖို့ လှည့်ထွက်တော့၏။
ရိဟန်က ထိုလူ့ကို နောက်သို့ပြန်ဆွဲရန် ကမန်းကတန်း ရှေ့ကိုပြေးထွက်ရလေသည်။
"ဟုတ်ပြီ, ဟုတ်ပြီ စိတ်မဆိုးနဲ့တော့နော် နော်လို့?" သူက တောင်းတောင်းပန်ပန် စကားဆက်၏။
"ကျွန်တော်က ဒီအတိုင်း နောက်နေတာ, တကယ်တော့ ဒါက ကောင်းတယ်လေ, ကျွန်တော့်အကိုက ကျွန်တေ်ာတို့ မိဘတွေကိုတောင် အကိုနဲ့သေချာပေါက် လက်ထပ်မယ်လို့ ပြောနေတာ"
ကျောင်းဟွာက ပိုင်ယန်ကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူက သူတို့နှစ်ယောက်နဲ့ သိပ်မဝေးတဲ့နေရာမှာ မတ်တပ်ရပ်နေ၏။ ကျောင်းဟွာရဲ့ မျက်နှာက နူးညံ့သွားရလေသည်။
"ကျွန်တော့အဘိုးကလည်း ကျွန်တော့်အကို မကောင်းကြောင်းတွေ အကို့ကို ပြောလိုက်တယ် ဟုတ်တယ်မှတ်လား?" ရိဟန်က စကားဆက်သည်။
"သူက အသက်ပိုပြီး ကြီးလာလေလေ ပိုပြီး ကလေးဆန်လာလေလေပဲ"
ကျောင်းဟွာက နောက်တစ်ဖန် တောက်ပသည့် အပြုံးလေးဖြင့် နွေးထွေးစွာ ပြန်ဖြေလာသည်။
"မင်းအဘိုးက လူကောင်းတစ်ယောက်ပါ, ယန်က ကြည့်လိုက်ရင်တော့ သန်မာပုံပေါက်ပေမယ့် တကယ်တမ်းသူက တော်တော်လေး တုံးအပြီး သတိမမူတတ်ဘူးလို့ လူကြီးမင်းပိုင်ကပြောတယ်, အဲ့ဒီအတွက် ယန်ကို မမုန်းပါနဲ့လို့ သူက ငါ့ကိုပြောခဲ့တာ" ကျောင်းဟွာက ရိဟန်ကို ပြန်လှည့်ကြည့်လိုက်သည်။
"မင်းက အရမ်းကို ကံကောင်းလွန်းတယ် ပြီးတော့ ဒီလိုအရမ်းကောင်းတဲ့ မိသားစု ရှိတဲ့အတွက် မင်းအရမ်းပျော်နေမှာပဲနော် ရိဟန်"
ရိဟန်က ကျောင်းဟွာကို ပြန်ပြုံးပြသည်။ သူက လွင့်မျောနေသည့် တိမ်တိုက်များအား မော့ကြည့်ရင်း နူးညံ့စွာပြန်ဖြေလာ၏။
"ဟုတ်တယ်, ကျွန်တော်က အရမ်းကံကောင်းပြီး အရမ်းလည်း ပျော်ရွှင်ရတယ်, ကျွန်တော်လည်း သူတို့တွေကိုပါ ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်မှုတွေ ထပ်တူ ခံစားရအောင် အကောင်းဆုံးကြိုးစားနေတယ် "
ကျောင်းဟွာက လူငယ်လေးရဲ့ ပုခုံးလေးကို ပုတ်ပေးလိုက်ပြီး အပြုံးလေးဖြင် ပြန်ပြောသည်။
"မင်းအရွယ်ရောက်လာပြီပဲ ရိဟန်"
ရိဟန်က တစ်ဖက်လူအား ပြန်လှည့်ကြည့်သည်။ သူ့မျက်လုံးထဲမှာတော့ ထူးဆန်းတဲ့ အလင်းတစ်ချက် လင်းသားလေသည်။
"ဟုတ်တယ်, ကျွန်တော် အရွယ်ရောက်သင့်နေပြီလေ"
ကျောင်းဟွာသည် ထိုအကြည့်ထဲက တစ်စုံတစ်ခုအား မခွဲခြားနိုင်သေးခင်မှာပင် ပိုင်ယန်က သူ့ကိုလှမ်းခေါ်သည်အား ကြားလိုက်ရသည်။
"ဟွားရေ, ဒီဘက်" ပိုင်ယန်က လှမ်းခေါ်သည်။
"ကျွန်တော့အကို ခေါ်နေပြီ" ရိဟန်က ခပ်လွင်လွင်လေး ရယ်မောလိုက်သည်။
"သွားတော့လေ"
ကျောင်းဟွာက လူငယ်လေးအား သံသယဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် အသံတစ်ချက်ဖြင့် တုန့်ပြန်လိုက်ကာ ပိုင်ယန်ဆီသို့ လျှောက်သွားတော့သည်။
ရိဟန်က သူ့ဝိုင်ခွက်ကို မြှောက်လိုက်သည်။ သူ့မျက်လုံးများက ထိုအပေါ်မှာ အချိန်အတော် ကြာသည်အထိ ရှိနေပြီးမှ ဖြည်းညှင်းစွာဖြင့် နောက်တစ်ဖန် ပြန်ချလိုက်၏။
သူတကယ်ပဲ မမူးရဲဘူး
ရုတ်တရက် သစ်သီးဖျော်ရည်တစ်ခွက်က သူ့မျက်လုံးရှေ့မှာ ပေါ်လာသည်။ ရိဟန်ရဲ့ မေးခွန်းထုတ်သလို အကြည့်က ထိုလက်နောက်က လိုက်သွားသောအခါ သူ့ကို ပြုံးပြီး ကြည့်နေသည့် ချီမင်းယောင်ထံမှာ အဆုံးသတ်သွားသည်။
"ပိုင်သခင်ငယ်လေး" ချီမင်းယောင်သည် သူ့အပေါ် ကျရောက်နေသည့် ရိဟန်ရဲ့ မျက်လုံးများကို သတိပြုမိတာကြောင့် စကားစလိုက်သည်။
"ပြီးခဲ့တဲ့ အဖြစ်အပျက်အတွက် ကျွန်တော် အရိုးသားဆုံး တောင်းပန်ပါတယ်။ ဝိုင်သောက်ရင် မူးလွယ်တယ်။ လည်ချောင်းကို သက်သာစေဖို့ ဖျော်ရည်သောက်ပါ"
"အရင်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောနေစရာ မလိုဘူး" ရိဟန်က ဖျော်ရည်ခွက်ကို လက်ခံရင်း ပြန်ဖြေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်က ခင်ဗျားအပြစ်မဟုတ်ပါဘူး Mr ချီ"
"မင်းက သိပ်သဘောကောင်းတာပဲ သခင်ငယ်လေး"ချီမင်းယောင်က ပြောလာသည်။
"ဒါက ဘယ်လိုများ ကြင်နာမှု ဖြစ်မှာလဲ?" ရိဟန်က ခပ်လွင်လွင်လေး ရယ်လိုက်သည်။
"ဟင်? ဒီနေ့ အစောကြီး ရောက်လာတာပဲ Mr ချီ"
"ဒါက လူကြီးမင်းပိုင် ရဲ့ (၇၇) နှစ်မြောက် မွေးနေ့ပဲလေ" ချီမင်းယောင်က ပြန်ဖြေသည်။
"ဒါက အဓိက ပွဲကြီးပါဟာ။ ကျွန်တော့်ရဲ့ လေးစားမှုကို ပြသတဲ့ အနေနဲ့ စောစော လာရမှာပေါ့"
"ကျေးဇူးအများကြီးတင်ပါတယ်Mr ချီ"
"ဒါ ကျွန်တော် လုပ်သင့်တဲ့အရာပါ" ချီမင်းယောင်က ပြန်ပြောလာပြီး သူ့မျက်လုံးများက အပြုံးကြောင့် ကွေးညွှတ်နေသည်။
ရိဟန်က စကားဆက်ပြောဖို့ ပြင်လိုက်တဲ့အချိန်မှာ တစ်စုံတစ်ယောက်က သူ့ကိုဘေးသို့ လှမ်းဆွဲလိုက်ပြီး အနောက်ကို ပို့လိုက်၏။ ၎င်းသည် ကျင်းယွမ်ပင်။ သူ့ရဲ့ အရပ်ရှည်ရှည် ပုံရိပ်က ရိဟန်ရှေ့မှာ မတ်တပ်ရပ်နေပြီး လူငယ်လေးအား မြင်ကွင်းကနေ ကာဆီးထားသည်။
"Mr ချီ" ကျင်းယွမ်ဆီက အသံထွက်လာသည်။
"မတွေ့တာ ကြာပြီနော်"
30.5.2022
=============
Zawgyi
အခန္း(၁၄၄) - ေမြးေန႔ပြဲ
ရိဟန္က ဒီတစ္ေခါက္မွာေတာ့ က်င္းယြမ္၏ လက္ကို မေရွာင္ခဲ့ေပ။ သို႔ေသာ္လည္း သူ႔ဘက္က ျပန္လည္လွဳပ္ရွားျခင္းလည္း မရွိခဲ့။ သူ႔လက္ေကာက္ဝတ္က က်င္းယြမ္ရဲ႔ ဆုပ္ကိုင္မွုေအာက္မွာ ဒီအတိုင္းေလးသာ ရွိေနသည္။
အတြင္းစိတ္ အနက္ရွိုင္းဆံုး တစ္ေနရာမွာေတာ့ က်င္းယြမ္က သူ႔ကိုယ္သူ ေလွာင္ေျပာင္ ရွံဳ႔ခ်မိသည္။ သူဘယ္တုန္းက ဒီလိုမ်ိဳးကိုယ္ပိုင္ ခံစားခ်က္ထဲမွာ နစ္မြမ္းျပီး ဘာမဟုတ္တဲ့ကိစၥေလးကို လုိက္ခံစားေနတတ္တဲ့ မိန္းကေလးတစ္ေယာက္လို ျဖစ္လာရတာလဲ? ဟန္ဟန္က သူ႔ကိုခ်စ္တယ္။ သူဒါကို ဟိုးတုန္းကတည္းက အတည္ျပဳျပီးသား မဟုတ္ဘူးလား? ဒါနဲ႔ ပတ္သတ္ျပီး ဘာမွ စိတ္မသက္မသာ ျဖစ္စရာ မရွိဘူး။ ဒါက သူ႔ဟန္ဟန္ေလ။ သူတို႔က မၾကာခင္ လက္ထပ္ေတာ့မွာပဲ
မဂၤလာေဆာင္တဲ့ ကိစၥကို ေတြးမိတဲ့အခါ က်င္းယြမ္ရဲ႔ မ်က္လံုးမ်ား ေမွာင္မိုက္သြားရသည္။ သူ႔ဟန္ဟန္က သူ႔ကို ဒီေလာက္ျမန္ျမန္ၾကီး လက္မထပ္ခ်င္ေသးဘူး။ ဟန္ဟန္ေျပာတာေတာ့ သူက အရမ္းငယ္ေသးလို႔တဲ့။ သူတို႔ေတြ ဒီေလာက္ျမန္ျမန္ၾကီး လက္ထပ္စရာ မလိုဘူးတဲ့။ သူတို႔က အခုဆို အတူတူ ရွိေနျပီး ပိုင္မိသားစုရဲ႔ အသိအမွတ္ျပဳျပီးသားလည္း ရျပီးသားေလ။ မဂၤလာေဆာင္တယ္ ဆိုတာက ဘာမွေျပာင္းလဲမွာမွ မဟုတ္တာကို ဘာလို႔ ဒီလိုစာရြက္ အပိုင္းအစေလးကို စြဲလမ္းေနမိတာလဲ?
ဟန္ဟန္က လူငယ္ေလးပဲ ရွိေသးတာ။ ဒီေလာက္ အေစာၾကီး လက္ထပ္ျခင္းဆိုတဲ့ အခ်ဳပ္အေနွာင္ကို မခံခ်င္တာက နားလည္လို႔ရပါတယ္။ ဒါေပမဲ့ က်င္းယြမ္ကေတာ့ သူ႔ရဲ႔ propose က်ရွံဳးသြားရျခင္းအေပၚ အေတာ္ေလး စိတ္ပ်က္မိဆဲပဲ။သူ႔ဆုပ္ကိုင္ထားတဲ့ ေခ်ာေမြေနတဲ့ အသားအရည္က ခံစားခ်က္ကို သူ သေဘာက်တယ္။ သူ ပိုစိတ္ရွည္သင့္တာေပါ့။ ဟန္ဟန္ကို အခ်ိန္နည္းနည္းေပးသင့္တယ္။ဟန္ဟန္အဝ ေပ်ာ္ျပီးမွ လက္ထပ္လည္း ေနာက္မက်ေသးပါဘူး။ သူတို႔ေတြ အေႏွးႏွင့္အျမန္ လက္ထပ္ၾကမွာပဲဟာ။
က်င္းယြမ္က အခန္းထဲက တစ္ျခားသူမ်ားအား တစ္ခ်က္ ေဝ့ၾကည့္လုိက္သည္။ ဘယ္သူမွ ရိဟန္ရဲ႔ ထူးဆန္းေနတဲ့ အျပဳအမူမ်ားအား သတိမျပဳမိၾကေပ။ သူတို႔အားလံုးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ စကားေျပာေနၾကသည္။ သူပဲ အေတြးလြန္ေနမိတာမ်ားလား
လူအိုၾကီးပိုင္ကေတာ့ အေတာ္ေလး စိတ္လွဳပ္ရွားေနသည္။ သူက ရိဟန္နဲ႔ စကားေျပာရျခင္းအား အေတာ္ေလး ေပ်ာ္ရႊင္ေနျပီး အုပ္စုထဲမွာ သူ႔အသံတစ္ခုတည္းသာ က်ယ္က်ယ္ေလာင္ေလာင္ ၾကားေနရသည္။ အခုခ်ိန္မွာ သူပံုစံက ယခင္ကထပ္ပင္ နုပ်ိဳေနပံုပင္။ သူက သူ႔သားနဲ႔ ေျမးေတြကိုေတာ့ ရိဟန္အား အလြန္အက်ြံ မဆက္ဆံရန္ အျမဲသတိေပးခဲ့သည္။ သူတို႔က ထိုေကာင္ေလးကို ေထာင္လႊားတဲ့ ေကာင္စုတ္ေလးအျဖစ္ ပုတ္သိုးသြားေစနုိင္တယ္ဟု။
သို႔ေသာ္လည္း သူကိုယ္တိုင္ကေတာ့ ရိဟန္ကို အခ်စ္ဆံုးျဖစ္သည္။ သူ႔အေၾကာင္းျပခ်က္ကေတာ့ ၇ိဟန္နဲ႔ ကုန္ဆံုးရတဲ့ အခ်ိန္က နည္းပါးလို႔တဲ့။ ဒီအခ်ိန္ေလးမွာ၊ သူၾကိဳးစားအားထုတ္ထား၇တဲ့ အခြင့္အေရးေလးမွာ သူ႔ေျမးအငယ္ဆုံးကို ဆူပူႀကိမ္းေမာင္းၿပီး သြန္သင္ဆုံးမရင္း ကုန္ဆံုးရမွာလား? ရိဟန္ကို သြန္သင္ဆံုးမဖို႔က သူ႔မိဘေတြနဲ႔ ညီအစ္ကို ေမာင္နွမေတြ ရွိေနတာပဲ။ သူက အဘိုးတစ္ေယာက္ပဲ ျဖစ္ေနတဲ့ဟာ။ သူ႔မွာ ရိဟန္ကို အလိုလိုက္ဖို႔ တာဝန္ရွိတယ္။
ဒီေန႔ သူ႔အဘိုးနဲ႔ မေတြ႔ဆံုခင္မွာ ရိဟန္သည္ ရင္တုန္မွုေၾကာင့္ ခံုအစြန္းေလးမွာသာ ဝင္ထုိင္ေနမိတာျဖစ္သည္။ သူ႔နွလံုးသားက အျပစ္ရွိမႈ၊ ဝမ္းနည္းမႈႏွင့္ ေနာင္တရမႈတို႔ ေရာေႏွာကာ ၿပိဳက်ပ်က္စီးေနမိသည္။ယခုတြင္ က်န္းမာသန္စြမ္းေနေသာအဘိုးႏွင့္ ရင္ဆိုင္ရေသာအခါ တစ္ခုတည္းေသာ စိတ္ခံစားမႈမွာ ေက်းဇူးတင္မွုသာ က်န္ရွိေတာ့ေၾကာင္း သူနားလည္ခဲ့သည္။
ျပန္လည္ေမြးဖြားျခင္းႏွင့္ သူ႔ရာဇ၀တ္မႈမ်ားအတြက္ အျပစ္ေျဖဖို႔ အခြင့္အေရးေပးသည့္အတြက္ ဘုရားသခင္ႏွင့္ ေကာင္းကင္ဘုံကို တစ္ဖန္ျပန္၍ ေက်းဇူးတင္ရွိမိသြားသည္။ သူ႔အေနနဲ႔ သူ႔အဘိုးက တစ္ဘဝလံုး သားစဥ္ေျမးဆက္အတြက္ ပူပန္စရာ မလိုေတာ့ေသာ ေပ်ာ္ရႊင္သည့္ ကေလးအိုၾကီး အျဖစ္သာ အသက္ရွင္သန္ ေနထိုင္ဖို႔ တစ္ခုတည္းသာ ေမ်ွာ္လင့္မိေတာ့တာပင္။
လူအိုၾကီးပိုင္က ရိဟန္ကို အမိဖမ္းလို႔ ျပီးသြားေသာအခါ သူ႔မ်က္နွာေပၚမွာ အျပံဳးတစ္ခု ရွိေနရင္းျဖင့္ပင္ ပိုင္ယန္ဘက္ လွည့္သြားသည္။
"ယန္, မင္းဘာလို႔ ေက်ာင္းဟြာကိုပါ မင္းနဲ႔အတူ ေခၚမလာတာလဲ? သူက အခု မင္းအပိုင္ ျဖစ္သြားျပီဆို? တမင္ခ်ဲ႔ကားေျပာတာေတာ့ မဟုတ္ပါဘူးေနာ္ ဟုတ္လား?"
"ဘိုးဘိုး" ပိုင္ယန္ရဲ႔ အသံထဲမွာ သိသာထင္ရွားသည့္ စိတ္တိုမွု ရွိေနသည္။
"အလုပ္ေတြ ရွိေသးတယ္, သူမနက္ျဖန္မွ လာလို႔ရမယ္"
အဘိုးႀကီးပိုင္က သူ႔ေျမးအႀကီးဆုံးကို စိုက္ၾကည့္ရင္
"အိုး, မင္းက ဘယ္ေလာက္ေတာင္ ၾကီးျမတ္ေနလို႔လဲ? မင္းသူ႔ကို အနုိင္က်င့္ထားတာလား? အလုပ္ေတြအားလံုး သူ႔ကိုပဲ လႊဲခ်ေပးခဲ့တာလား? အၾကံေပးလိုက္မယ္ေနာ္ ယန္, ခ်စ္သူဆိုတာနဲ႔ လိင္အမ်ိဳးအစား ဘာပဲျဖစ္ေနပါေစ ခ်စ္ခင္ျမတ္နိုးေပးရမယ္, မင္းသူ႔ကို အလိုလိုက္ေပးရမယ္ ဂရုစိုက္ေပးရမယ္။ ဒါက 'ငါမင္းကိုခ်စ္တယ္' ဆိုတဲ့ ရိုးရွင္းတဲ့ စကားလံုးေတြ လက္ေဆာင္ေတြေလာက္နဲ႔ ျပီးေျမာက္ေအာင္ လုပ္လုိ႔ရတဲ့ မစ္ရွင္ေတြ ရွာေဖြမွုေတြ မဟုတ္ဘူး,ဟုတ္ျပီလား? မင္းအေနနဲ႔ ဘဝရဲ႔ အေသးစိတ္ေလးကအစ သူ႔ကိုျပေပးရမယ္, မင္းမရွိရင္ သူမေနနိုင္တဲ့အထိ ခ်စ္ျခင္းေမတၱာရဲ႔ ေႏြးေထြးတဲ့ အလင္းေရာင္ကို ခံစားရပါေစ, အဲ့ဒါမွ သူက မင္းနဲ႔ တစ္သက္တာလံုး အေျခခ် ေနထိုင္မွာ, မင္းက အေစာကတည္းက အဆင္မေျပတဲ့ လူငယ္တစ္ေယာက္, မင္းဆီမွာရိုးရွင္းတဲ့ အခ်စ္ေရးရာ အရိုးေတာင္ ရွိမေနဘူး, အကယ္၍ မင္းသာ သူ႔ကို ဘယ္လို အလိုလိုက္ရမလဲ မသိဘူးဆိုရင္ အထီးက်န္တဲ့ ေခြးအိုၾကီးတစ္ေကာင္ျဖစ္ဖို႔ အဆင္သင့္ျပင္ထားေတာ့ပဲ!"
ေကာင္းျပီ, အဆင္ေျပတယ္, ဘုရားေရ, သူ႔အဘိုးက 'အထီးက်န္တဲ့ ေခြးအိုၾကီး' ဆိုတဲ့ ဟာသက ဘာလဲ ဆိုတာေတာင္ သိေနတယ္။ ပိုင္ယန္က သက္ျပင္းခ်မိသည္။
"မဟုတ္ပါဘူး ဘိုးဘိုးရယ္ က်ြန္ေတာ္က ဘာလုိ႔ သူ႔ကို အနိုင္က်င့္ရမွာလဲ? ဒီလိုဆိုရင္ေရာ? က်ြန္ေတာ္သူ႔ကို အခုပဲေခၚျပီး ဒီိလာခိုင္းလုိက္မယ္ေလ ေနာ္?"
ပိုင္ယန္ရဲ႔ ျပန္ေျဖစကားကို ၾကားေတာ့ လူအိုၾကီးပိုင္မွာ အရမ္းကို ေဒါသထြက္ျပီး သူ႔မ်က္ခံုးမ်ားပင္ V ပံုစံျဖစ္လာသည္။
"အဲ့ဒါေတာင္ မင္းက သူ႔ကို အနုိင္မက်င့္ဘူးလို႔ ေျပာရဲေသးတယ္ေနာ္? မင္းကသူ႔ကို ဘာလို႔ထင္ေနတာလဲ? လိုခ်င္ရင္ေခၚျပီး မလိုခ်င္ရင္ ဖယ္ရွားလို႔ရတဲ့ လက္ေအာက္ငယ္သား တစ္ေယာက္လား? သူ႔အခန္းက႑ ေျပာင္းလဲသြားတာကို မင္းနားလည္ရမယ္ေလ, သူက အခု မင္းရဲ႔ ခ်စ္သူကြ! ရည္စားေကာင္ေလး! မင္းက သူ႔စကားကိုနားေထာင္ရမွာ သူေျပာတာကို လိုက္နာရမွာ! မင္းက ေတာ္ေတာ္ကို အသံုးမက်တဲ့ေကာင္ပဲ!"
"ဒါဆိုလည္း က်ြန္ေတာ့ကို သင္ေပး" ပိုင္ယန္ကေတာ့ ေခါင္းကို အပစ္ခံလုိက္ရသလို ခံစားေနရသည္။
"က်ြန္ေတာ္ ဘယ္လုိလုပ္ရမလဲ?"
"မင္းဘာလို႔ ဒီေလာက္ တံုးရတာလဲ?" လူအိုၾကီးပိုင္က အထင္အျမင္ ေသးစြာနဲ႔ သက္ျပင္းခ်သည္။
"တစ္စံုတစ္ေယာက္အေပၚ မင္းရဲ႔ စိုးရိမ္ပူပန္မွုကို ဘယ္လိုျပရမလဲ ဆိုတာေတာင္ မသိဘူးလား? ဒီလိုအခ်ိန္မွာ သူဒီကို လာစရာ အေၾကာင္းကို မရွိဘူး, သူ႔ကိုသြားေခၚျပီး သူညစာ စားျပီးသြားျပီလား ေမးရမွာ, သူဘာစားျပီးျပီလဲ? သူဒီေန႔ ဘယ္လိုေနလဲ? အခုတစ္ေလာ ေအးလာတယ္, သူအပိုမ်ား ထပ္ဝတ္ထားရဲ႔လား? မင္းကိုငါ ဒါေတြက အစ သင္ေပးဖို႔လုိလား? မင္းကေတာ့ ေမ်ွာ္လင့္ခ်က္ မရွိေတာ့ဘူး, ေက်ာင္းဟြာက တကယ့္ကို သနားစရာေကာင္းျပီး ကံမေကာင္းတဲ့ ေကာင္ေလးပဲ, ဘယ္လိုမ်ား သူက မင္းလိုလူမ်ိဳးကို သေဘာက်ျခင္းနဲ႔ အဆံုးသတ္သြားရတာလဲ? အကယ္၍ မင္းအဘြားသာ ရွိေသးရင္ မင္းတကိုယ္လုံး ပြန္းပဲ့သြားတဲ့အထိ ဆူပူႀကိမ္းေမာင္းေနလိမ့္မယ္!"
"ဘိုးဘိုး" ယန္က ကူကယ္ရာမဲ့စြာ ျပန္ေျဖသည္။
"သူက အရြယ္ေရာက္ေနျပီ, သူ႔ဘာသာသူ ရွင္သန္လာတာ နွစ္ေပါက္ေနျပီဟာကို, ဒီလို ေအးတဲ့ေန႔မ်ိဳးမွာ တစ္စံုတစ္ေယာက္က သူ႔ကို အက်ၤီအပို ထပ္ဝတ္လာဖို႔ ေျပာေနစရာ လိုေသးလို႔လား?"
လူအိုၾကီးပိုင္က ရိဟန္ဘက္ လွည့္သြားသည္။
"ရိဟန္, မင္းအကိုၾကီးကို ၾကည့္စမ္းပါဦး, ဒီထံုလြန္းတဲ့ အရူးကို ၾကည့္စမ္း, သူအက်ၤီထပ္ဝတ္ထားလား မထားဘူးလားဆိုတာ ေက်ာင္းဟြာရဲ႔ ကိစၥ, မင္းဘက္ကေန သူ႔ကိုေမးတာ မေမးတာ စိတ္ပူတာ မပူတာက မင္းကိစၥ! အဲ့ဒါက ဒီလို အထီးက်န္ေခြးအိုၾကီးနဲ႔ ခ်စ္သူရွိတဲ့ သူေတြၾကားက ျခားနားခ်က္ၾကီးပဲ! အကယ္၍ ငါတို႔သာ ယုတၱိေဗဒ နည္းအရ သြားမယ္ဆိုရင္ ေက်ာင္းဟြာက ကိစၥေတြကို သူ႔ဘာသာစဥ္းစားနုိင္တယ္၊ အလုပ္ေတြကို သူ႔ဘာသာ လုပ္နုိင္တယ္, ဒါဆို မင္းကိုဘာလို႔ လိုအပ္ေနဦးမွာလဲ? သူက သူ႔ကို ဝန္ေဆာင္မွုေပးဖို႔ အဖိုးတန္ ကေလးေလး လိုအပ္ေနလို႔လား? ဟား...ဒီေကာင္ကေတာ့ ငါ့ကို ေဒါသထြက္ေအာင္ လုပ္ေနတယ္! ရိဟန္, အကယ္၍ ငါသာ အရင္တုန္းက မင္းအဘြားကို လိုက္တုန္း သူ႔လိုသာ တံုးအေနမယ္ဆိုရင္ သူမက ငါ့ကို တစ္ခ်က္ေတာင္ ၾကည့္ခဲ့မွာမဟုတ္ဘူး! အဲ့ဒီတုန္းက ေဆာင္းရာသီ အရမ္းေအးစိမ့္ေနတာေတာင္ ငါက မင္းအဘြားဆီကို ေပါင္မုန္႔ပူပူေလးနဲ႔ ပဲနို႔ယူျပီး အေျပးသြားခဲ့တုန္းပဲ"
"အဲ့ဒီေပါင္မုန္႔ေတြ ပဲနို႔ေတြ သူမလက္ထဲ ေရာက္တဲ့အခ်ိန္က ေႏြးေနတုန္းပဲ! မင္းအဘြားက အရမ္းကို ရင္ထဲထိသြားခဲ့တာ! ေကာင္းျပီ, မင္းအဘြားလည္း အဲ့ဒီတုန္းက လူၾကီးပဲေလ, အကယ္၍ သူမသာ လိုအပ္တယ္ဆိုရင္ ေပါင္မုန္႔နဲ႔ ပဲနို႔ကို သူ႔မဘာသာ ဝယ္လို႔မရဘူးလား? ဟန္? သူမက ငါသူမဆီကို အေျပးသြားခဲ့တဲ့ ေနာက္ကြယ္က ရည္ရြယ္ခ်က္္ေၾကာင့္ ရင္ထဲထိသြားခဲ့ရတာ! ငါတို႔လက္ထပ္တုန္းကဆိုရင္ အဲ့ဒီတုန္းက ငါဝယ္ေပးခဲ့တဲ့ ေပါင္မုန္႔က သူမဘဝမွာ စားဘူးသမ်ွထဲ အရသာအရွိဆံုး ေပါင္မုန္႔ပဲလို႔ေတာင္ ငါ့ကိုေျပာခဲ့တယ္!"
"ဘိုးဘိုးက အရမ္းအံ့ၾသဖို႔ေကာင္းတာပဲ!" ရိဟန္က ျပံဳးရယ္ရင္း ျပန္ေျဖသည္။
"ဘိုးဘိုးက ဘြားဘြားကို တကယ္ခ်စ္တာမို႔လို႔ ဘိုးဘိုးရဲ႔ နွလံုးသားက သတိျပဳမိျပီး လိုအပ္တာမွန္သမ်ွကို အေသးစိတ္ကအစ လုိက္လုပ္ေပးတာေပါ့, သူမက အဲ့ဒါကို ျမင္နုိင္တယ္ေလ ေသခ်ာေပါက္ ရင္ထဲထိသြားမွာေပါ့။ တကယ္ေတာ့ က်ြန္ေတာ္ငယ္ငယ္တုန္းက သူမေျပာခဲ့ဘူးတယ္ ဘြားဘြားဘဝမွာ အေကာင္းဆံုးလုပ္ခဲ့မိတဲ့ ဆံုးျဖတ္ခ်က္က ဘိုးဘိုးကို လက္ထပ္ခဲ့တာပဲတဲ့ "
လူအိုၾကီးပိုင္သည္ သူ႔အခ်စ္ဆုံးေျမးပါးစပ္မွ ထြက္ေပၚလာေသာ ခ်ီးမြမ္းစကားတိုင္းအား ဂုဏ္ယူဝင့္ႂကြားစြာ ခံစားေနရေသာ္လည္း ေနာက္ဆုံးစာေၾကာင္းကို ၾကားလိုက္ေသာအခါမွာေတာ့ သူ႔မ်က္နွာေပၚက အၿပဳံးက ပိုလုိ႔ပင္ က်ယ္ျပန္႔သြားခဲ့ျပီး သူ႔မ်က္နွာတစ္ခုလံုးကို ပ်ံ႔နွံ႔သြားေတာ့သည္။
"တကယ္လား?" လူအိုၾကီးပိုင္က ေမးသည္။
"သူမက မင္းကို တကယ္ပဲ အဲ့ဒီလိုေျပာတာလား? ဘာလို႔ ငါ့ကိုေတာ့ တစ္ခါမွ မေျပာခဲ့တာလဲ? ၾကည့္ရတာ သူမက အရမ္းရွက္ေနတယ္နဲ႔တူတယ္, အိုး, ရိဟန္, မင္းသိလား?မင္းအဘြားကအရမ္းကို သန္မာၿပီး အားေကာင္းေနေပမယ့္ ငါ့အတြက္ေတာ့ သူမကအရမ္းႏူးညံ့ၿပီး ၾကင္နာတတ္တယ္၊ ေႏြးေထြးတယ္..သူမက..."
ပိုင္ယန္သည္ သူ႔အဘိုးက သူ႔အဘြားေၾကာင္း ေျပာေနသည္အား နားေထာင္ရင္း ရိဟန္အား ေက်းဇူးတင္ဟန္ လွမ္းၾကည့္သည္။ လူအိုၾကီးပိုင္က သူ႔ဇနီးသည္အေၾကာင္း ေျပာလိုက္တုိင္း သူမအေၾကာင္း တရစက္ ေျပာတတ္သည္ေလ။ ပိုင္ယန္က သူ႔အေဖနဲ႔ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနသည့္ အၾကည့္ျခင္း ဖလွယ္လိုက္ျပီး အခန္းထဲကေန တိတ္တိတ္ေလး ခိုးထြက္ေတာ့သည္။
လူအုိၾကီးပိုင္ရဲ႔ စူးရွတဲ့ မ်က္လံုးမ်ားက ပိုင္ယန္၏ လုပ္ရပ္အား ဖမ္းမိတာေၾကာင့္ ခ်က္ခ်င္းပင္ ထေအာ္ေလသည္။
"မင္းဘယ္သြားမလို႔လဲ?"
ပိုင္ယန္က တစ္ဖက္ကို ျပန္လွည့္လာျပီး သူ႔ဖုန္းအား သူ႔အဘိုးကို ေဝွ႔ယမ္းျပသည္။
"က်ြန္ေတာ္ ေက်ာင္းဟြာကို ဖုန္းေခၚမလို႔" ပိုင္ယန္က အျပံဳးျဖင့္ ျပန္ေျဖသည္။
"သူ႔ကို...အမ္း....ေမးမလို႔"
လူအိုၾကီးပိုင္က "မင္းေနာက္ဆံုးေတာ့ နားလည္ျပီေပါ့" လို႔ဖတ္လို႔ရနုိ္င္သည့္ အၾကည့့္ျဖင့္ လွမ္းၾကည့္သည္။
"မွန္တယ္" လူအိုၾကီးပိုင္ကေျပာသည္။
"သြားေတာ့, သူနဲ႔ ပိုၾကာၾကာေလး စကားေျပာေပးလိုက္"
***
ေနာက္တစ္ေန႔မွာ ဧည့္သည္မ်ား တစ္ဖြဲဖြဲ ေရာက္ရွိလာၾကသည္။ လူအုပ္က တိမ္တိုက္မ်ားကဲ့သို႔ပင္ ထူထပ္လွေပသည္။ ၎သည္ လူအိုၾကီးပိုင္ရဲ႔ (၇၇) နွစ္ျပည့္ ေမြးေန႔ပြဲပင္။ ျမိဳ႔ထဲမွာရွိတဲ့ ဘယ္သူမဆို ဘယ္ကမဆို ေရာက္လာၾကသည္။ ေက်ာင္းဟြာသည္လည္း တတ္နုိင္သမ်ွ ေစာေစာ ေရာက္လာ၏။ လူအိုၾကီးပိုင္က သူ႔ကုိ ျမင္ေသာအခါ ဝမ္းသာအားရျဖင့္ အနားကို ဆြဲေခၚထားလိုက္သည္။ သူတို႔ေတြ အခ်ိန္အေတာ္ၾကာေအာင္ စကားေျပာျပီးမွသာ ေက်ာင္းဟြာခင္ဗ်ာ အနားပတ္ဝန္းက်င္ကို ေလ်ွာက္သြားခြင့္ ရရွာေလသည္။
ေက်ာင္းဟြာက လူအုိၾကီးပိုင္နဲ႔ စကားေျပာလို႔ ျပီးတဲ့အခ်ိန္မွာ ရိဟန္က သူ႔ကို လက္လွမ္းျပေနသည္ကိုျမင္လုိက္ရသည္။
"ရိဟန္" ေက်ာင္းဟြာက လူငယ္ေလးဆီ ေလ်ွာက္လာရင္း နွုတ္ဆက္သည္။
"က်င္းယြမ္ေရာ ဘယ္မွာလဲ?"
ရိဟန္ရဲ႔ မ်က္နွာေပၚက အျပံဳးေလးက စကၠန္႔ပိုင္းေလာက္ ေတာင့္ခဲသြားျပီးမွ ျပန္လည္ အသက္ဝင္လာသည္။
"သူက ဟိုးဘက္မွာေလ" ရိဟန္က လူအုပ္ၾကီးနဲ႔ ဝိုင္းရံခံထားရသည့္ က်င္းယြမ္အား လက္ညွိဳးထိုးျပသည္။
"အကိုေရာ? အခုတစ္ေလာ ဘယ္လိုေနလဲ?"
ေက်ာင္းဟြာက ျပန္ျပံဳးျပသည္။ ထိုအၿပဳံးက ႏူးညံ့သိမ္ေမြ႕ေသာ သူ႔မ်က္ႏွာကို အလြန္ေႏြးေထြးၿပီး ၾကင္နာပုံေပါက္ေစသည္။
"ေကာင္းပါတယ္" ေက်ာင္းဟြာက ျပန္ေျဖ၏။
"အင္း, က်ြန္ေတာ္လည္း အကိုေကာင္းမယ္လို႔ ထင္ပါတယ္" ရိဟန္က အသံကို တိုးတိုးေလး ထိန္းေျပာရင္း ျပန္ေျပာလာသည္။
"က်ြန္ေတာ့္အကိုက အခ်စ္ေရးရာမွာ လံုးဝမေကာင္းေပမယ့္ အနည္းဆံုးေတာ့ သူ႔နွလံုးသားက စစ္မွန္ပါတယ္, လြန္ခဲ့တဲ့ ရက္အနည္းငယ္တုန္းက အကို႔ေနရာကို က်ြန္ေတာ့္ဆီက ျပန္ဝယ္ဖို႔ ၾကိဳးစားေနေသးတယ္, ဒါေပမဲ့ က်ြန္ေတာ္ လက္မခံလိုက္ဘူး, အကိုအခ်ိန္ရတာနဲ႔ စာရြက္စာတမ္းေတြ ျပန္လုပ္ရေအာင္ အဲ့ဒါမွ က်ြန္ေတာ္အကို႔ကို ျပန္လႊဲေပးလို႔ရမွာ, အဲ့ဒါနဲ႔ သူ႔ကိုျပရမယ္!"
"အကယ္၍ သူၾကိဳက္တယ္ဆိုရင္လည္း သူ႔ကိုပဲ ေပးလိုက္ပါ" ေက်ာင္းဟြာက ရယ္ေမာမိသည္။
"မျဖစ္ပါဘူး" ရိဟန္ကျပန္ေျဖသည္။
"သူက တစ္ျခားတစ္ေနရာကိုမွ မလိုအပ္တဲ့ဟာ, သူလိုခ်င္တယ္ဆိုတာက အကိုကိုယ္တိုင္ ျပင္ဆင္ထားတဲ့ ေနရာမို႔လို႔ေလ, က်ြန္ေတာ္သူ႔ကို မေပးနုိင္ပါဘူး, ဘယ္လိုပဲျဖစ္ျဖစ္, သူက အကို႔ေနရာမွာပဲ ေနေနတာမွတ္လား? က်ြန္ေတာ့္ အခန္းမွာ ေနခြင့္ေပးလုိက္တာလား?"
"မဟုတ္ပါဘူး မဟုတ္ဘူး" ေက်ာင္းဟြာက ကမန္းကတန္း ျပန္ေျပာသည္။
"မင္းအခန္းထဲကို ငါဘယ္သူ႔ကိုမွ ေျခခ်ခြင့္ မေပးဘူး"
"သူ႔အေပၚ အကိုထားတဲ့ ေစတနာအရဆိုရင္ ဆိုဖာေပၚမွာ အိပ္ခုိင္းဖို႔ေတာ့ နွလံုးသား မမဲ့ေလာက္ဘူး" ရိဟန္က တစ္ခစ္ခစ္ရယ္ရင္း စကားဆက္သည္။
"ဒါဆို ျဖစ္နိုင္တာသူက...."
ေက်ာင္းဟြာရဲ႔ ေဖြးသန္႔ေနသည့္ ပါးျပင္ေလးက ခ်က္ခ်င္းပင္ နွင္းဆီေရာင္ သန္းသြားရသည္။
"ရိဟန္!" သူက ေဒါသတၾကီးနဲ႔ ေျပာ၏။
"မင္းင့ါကို တမင္လုပ္တာ!"
ရိဟန္က ဆက္လက္ရယ္ေမာရင္းျဖင့္ ျပန္ေျပာသည္။
"က်ြန္ေတာ့္အကိုၾကီးက အခုတစ္ေလာ အရမ္းေတာက္ေျပာင္ေနပါတယ္လို႔ ထင္ေနတာ, ဒါေၾကာင့္ကိုး, သူက အကို႔ကို ဖမ္းမိသြားလို႔ေပါ့ေလ"
ေက်ာင္းဟြာရဲ႔ ပါးျပင္ေပၚက နီရဲမွုက ပိုမိုျပင္းထန္လာသည္။ သူကရိဟန္ကို တစ္ခ်က္စိုက္ၾကည့္ျပီး ထြက္သြားဖို႔ လွည့္ထြက္ေတာ့၏။
ရိဟန္က ထိုလူ႔ကို ေနာက္သို႔ျပန္ဆြဲရန္ ကမန္းကတန္း ေရွ႔ကိုေျပးထြက္ရေလသည္။
"ဟုတ္ျပီ, ဟုတ္ျပီ စိတ္မဆိုးနဲ႔ေတာ့ေနာ္ ေနာ္လို႔?" သူက ေတာင္းေတာင္းပန္ပန္ စကားဆက္၏။
"က်ြန္ေတာ္က ဒီအတိုင္း ေနာက္ေနတာ, တကယ္ေတာ့ ဒါက ေကာင္းတယ္ေလ, က်ြန္ေတာ့္အကိုက က်ြန္ေတ္ာတို႔ မိဘေတြကိုေတာင္ အကိုနဲ႔ေသခ်ာေပါက္ လက္ထပ္မယ္လို႔ ေျပာေနတာ"
ေက်ာင္းဟြာက ပိုင္ယန္ကို လွမ္းၾကည့္လုိက္သည္။ တစ္ဖက္လူက သူတို႔နွစ္ေယာက္နဲ႔ သိပ္မေဝးတဲ့ေနရာမွာ မတ္တပ္ရပ္ေန၏။ ေက်ာင္းဟြာရဲ႔ မ်က္နွာက ႏူးည့ံသြားရေလသည္။
"က်ြန္ေတာ့အဘိုးကလည္း က်ြန္ေတာ့္အကို မေကာင္းေၾကာင္းေတြ အကို႔ကို ေျပာလိုက္တယ္ ဟုတ္တယ္မွတ္လား?" ရိဟန္က စကားဆက္သည္။
"သူက အသက္ပိုျပီး ၾကီးလာေလေလ ပိုျပီး ကေလးဆန္လာေလေလပဲ"
ေက်ာင္းဟြာက ေနာက္တစ္ဖန္ ေတာက္ပသည့္ အျပံဳးေလးျဖင့္ ေႏြးေထြးစြာ ျပန္ေျဖလာသည္။
"မင္းအဘိုးက လူေကာင္းတစ္ေယာက္ပါ, ယန္က ၾကည့္လုိက္ရင္ေတာ့ သန္မာပံုေပါက္ေပမယ့္ တကယ္တမ္းသူက ေတာ္ေတာ္ေလး တံုးအျပီး သတိမမူတတ္ဘူးလုိ႔ လူၾကီးမင္းပိုင္ကေျပာတယ္, အဲ့ဒီအတြက္ ယန္ကို မမုန္းပါနဲ႔လုိ႔ သူက ငါ့ကိုေျပာခဲ့တာ" ေက်ာင္းဟြာက ရိဟန္ကို ျပန္လွည့္ၾကည့္လုိက္သည္။
"မင္းက အရမ္းကို ကံေကာင္းလြန္းတယ္ ျပီးေတာ့ ဒီလိုအရမ္းေကာင္းတဲ့ မိသားစု ရွိတဲ့အတြက္ မင္းအရမ္းေပ်ာ္ေနမွာပဲေနာ္ ရိဟန္"
ရိဟန္က ေက်ာင္းဟြာကို ျပန္ျပံဳးျပသည္။ သူက လြင့္ေမ်ာေနသည့္ တိမ္တိုက္မ်ားအား ေမာ့ၾကည့္ရင္း ႏူးည့ံစြာျပန္ေျဖလာ၏။
"ဟုတ္တယ္, က်ြန္ေတာ္က အရမ္းကံေကာင္းျပီး အရမ္းလည္း ေပ်ာ္ရႊင္ရတယ္, က်ြန္ေတာ္လည္း သူတို႔ေတြကိုပါ ကံေကာင္းျခင္းေတြနဲ႔ ေပ်ာ္႐ႊင္မႈေတြ ထပ္တူ ခံစားရေအာင္ အေကာင္းဆံုးၾကိဳးစားေနတယ္ "
ေက်ာင္းဟြာက လူငယ္ေလးရဲ႔ ပုခံုးေလးကို ပုတ္ေပးလိုက္ျပီး အျပံဳးေလးျဖင္ ျပန္ေျပာသည္။
"မင္းအရြယ္ေရာက္လာျပီပဲ ရိဟန္"
ရိဟန္က တစ္ဖက္လူအား ျပန္လွည့္ၾကည့္သည္။ သူ႔မ်က္လံုးထဲမွာေတာ့ ထူးဆန္းတဲ့ အလင္းတစ္ခ်က္ လင္းသားေလသည္။
"ဟုတ္တယ္, က်ြန္ေတာ္ အရြယ္ေရာက္သင့္ေနျပီေလ"
ေက်ာင္းဟြာသည္ ထိုအၾကည့္ထဲက တစ္စံုတစ္ခုအား မခြဲျခားနုိင္ေသးခင္မွာပင္ ပိုင္ယန္က သူ႔ကိုလွမ္းေခၚသည္အား ၾကားလုိက္ရသည္။
"ဟြားေရ, ဒီဘက္" ပိုင္ယန္က လွမ္းေခၚသည္။
"က်ြန္ေတာ့အကို ေခၚေနျပီ" ရိဟန္က ခပ္လြင္လြင္ေလး ရယ္ေမာလုိက္သည္။
"သြားေတာ့ေလ"
ေက်ာင္းဟြာက လူငယ္ေလးအား သံသယျဖင့္ တစ္ခ်က္ၾကည့္လုိက္ျပီးေနာက္ အသံတစ္ခ်က္ျဖင့္ တုန္႔ျပန္လုိက္ကာ ပိုင္ယန္ဆီသို႔ ေလ်ွာက္သြားေတာ့သည္။
ရိဟန္က သူ႔ဝိုင္ခြက္ကို ေျမွာက္လိုက္သည္။ သူ႔မ်က္လံုးမ်ားက ထိုအေပၚမွာ အခ်ိန္အေတာ္ ၾကာသည္အထိ ရွိေနျပီးမွ ျဖည္းညွင္းစြာျဖင့္ ေနာက္တစ္ဖန္ ျပန္ခ်လုိက္၏။
သူတကယ္ပဲ မမူးရဲဘူး
ရုတ္တရက္ သစ္သီးေဖ်ာ္ရည္တစ္ခြက္က သူ႔မ်က္လံုးေရွ႔မွာ ေပၚလာသည္။ ရိဟန္ရဲ႔ ေမးခြန္းထုတ္သလို အၾကည့္က ထိုလက္ေနာက္က လိုက္သြားေသာအခါ သူ႔ကို ျပံဳးျပီး ၾကည့္ေနသည့္ ခ်ီမင္းေယာင္ထံမွာ အဆံုးသတ္သြားသည္။
"ပိုင္သခင္ငယ္ေလး" ခ်ီမင္းေယာင္သည္ သူ႔အေပၚ က်ေရာက္ေနသည့္ ရိဟန္ရဲ႔ မ်က္လံုးမ်ားကို သတိျပဳမိတာေၾကာင့္ စကားစလိုက္သည္။
"ၿပီးခဲ့တဲ့ အျဖစ္အပ်က္အတြက္ ကြၽန္ေတာ္ အ႐ိုးသားဆုံး ေတာင္းပန္ပါတယ္။ ဝိုင္ေသာက္ရင္ မူးလြယ္တယ္။ လည္ေခ်ာင္းကို သက္သာေစဖို႔ ေဖ်ာ္ရည္ေသာက္ပါ"
"အရင္တုန္းက ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ေျပာေနစရာ မလိုဘူး" ရိဟန္က ေဖ်ာ္ရည္ခြက္ကို လက္ခံရင္း ျပန္ေျဖသည္။
"ဘယ္လိုပဲျဖစ္ျဖစ္ ဒီအျဖစ္အပ်က္က ခင္ဗ်ားအျပစ္မဟုတ္ပါဘူး Mr ခ်ီ"
"မင္းက သိပ္သေဘာေကာင္းတာပဲ သခင္ငယ္ေလး"ခ်ီမင္းေယာင္က ေျပာလာသည္။
"ဒါက ဘယ္လိုမ်ား ၾကင္နာမွု ျဖစ္မွာလဲ?" ရိဟန္က ခပ္လြင္လြင္ေလး ရယ္လုိက္သည္။
"ဟင္? ဒီေန႔ အေစာၾကီး ေရာက္လာတာပဲ Mr ခ်ီ"
"ဒါက လူၾကီးမင္းပိုင္ ရဲ႕ (၇၇) ႏွစ္ေျမာက္ ေမြးေန႔ပဲေလ" ခ်ီမင္းေယာင္က ျပန္ေျဖသည္။
"ဒါက အဓိက ပြဲႀကီးပါဟာ။ က်ြန္ေတာ့္ရဲ႕ ေလးစားမႈကို ျပသတဲ့ အေနနဲ႔ ေစာေစာ လာရမွာေပါ့"
"ေက်းဇူးအမ်ားၾကီးတင္ပါတယ္Mr ခ်ီ"
"ဒါ က်ြန္ေတာ္ လုပ္သင့္တဲ့အရာပါ" ခ်ီမင္းေယာင္က ျပန္ေျပာလာျပီး သူ႔မ်က္လံုးမ်ားက အျပံုးေၾကာင့္ ေကြးညႊတ္ေနသည္။
ရိဟန္က စကားဆက္ေျပာဖို႔ ျပင္လုိက္တဲ့အခ်ိန္မွာ တစ္စံုတစ္ေယာက္က သူ႔ကိုေဘးသို႔ လွမ္းဆြဲလုိက္ျပီး အေနာက္ကို ပို႔လုိက္၏။ ၎သည္ က်င္းယြမ္ပင္။ သူ႔ရဲ႔ အရပ္ရွည္ရွည္ ပံုရိပ္က ရိဟန္ေရ႔ွမွာ မတ္တပ္ရပ္ေနျပီး လူငယ္ေလးအား ျမင္ကြင္းကေန ကာဆီးထားသည္။
"Mr ခ်ီ" က်င္းယြမ္ဆီက အသံထြက္လာသည္။
"မေတြ႔တာ ၾကာျပီေနာ္"
30.5.2022
=============