𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑�...

By Vante_Jeon_

68.6K 4K 62

Jeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim T... More

Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9(1)
Part 9(2)
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20(Final!)
တောင်းပန်စာ

Part 5

3.1K 203 0
By Vante_Jeon_


လက်တွဲဖော်ရှာတွေ့မှအမွေတစ်ဝက်ရမည်တဲ့လား။ အဟက် Kim Taehyung ကိုအဖိုးကသိပ်အထင်သေးသွားတာပဲ အမွေတစ်ဝက်မရလို့ကြုံရာမိန်းမကောက်ယူတဲ့အထဲ အဖိုးမြေးမပါဘူးအဖိုး။ ဒါပေမဲ့ပြဿနာဖြစ်နေတာက ဒယ်ဂူကအဆောက်အဦး။ ထိုမြေနေရာနှင့်ထိုအဆောက်အဦးကိုရဖို့ နေ့မအိပ်ညမအိပ်ကြိုးစားခဲ့ရတာ သူအသိဆုံး။ အဖိုးကသိပ်လည်သည်၊သူ့အမွေတစ်ဝက်အားမရလည်းကိစ္စမရှိသော မြေးဖြစ်သူအကြောင်းကိုသိနေ၍ ဒယ်ဂူကအဆောက်အဦးနဲ့ခြိမ်းခြောက်ခဲ့ခြင်း။ စိတ်ထဲဒေါသထွက်သွားပေမဲ့ အတက်နိုင်ဆုံးစိတ်ကိုထိန်းကိုထိန်း၍ရက်လည်အားပြုလုပ်ပေးလိုက်ပါသည်။ အဖိုးရက်လည်မှာဒေါသထွက်နေလို့မကောင်းဘူးမလား။

"CEO Kim shi ဒီဘက်ကတော့ Jeon Group ရဲ့ဥက္ကဌကြီးဂျွန်မိုယောင်း ဖြစ်ပြီး သူ့ဘေးကတော့ Jeon group ရဲ့သားအကြီးဆုံး Jeon Jungkook ပါ"

"တွေ့ရတာဝမ်းသာပါတယ် မောင်ရင်"

"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်"
ရက်လည်အခမ်းအနားပြီးဆုံးသွား၍ သိမ်းစရာရှိသည်များအားညွှန်ကြားနေတုန်းအနားသို့လာရောက်မိတ်ဆက်မှုကြောင့်ကြည့်လိုက်တော့ ဥက္ကဌကြီးဂျွန်မိုယောင်း။ အဖိုးဖြစ်သူနှင့်ရင်းနှီးသောဆက်ဆံရေးကြောင့်ပြန်လည်ကာလက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ့ပြောမည့်စကားတွေကိုသာနားထောင်ရန်မျက်နှာချင်းဆိုင်လိုက်သည်။ သူ့ဘေးကသူ့ရဲ့သားဆိုသည့်လူကိုတော့ တစ်ချက်မျှသာကြည့်လိုက်သည်။

Daddy နှင့်သာလက်ဆွဲနှုတ်ဆက်ပြီးသူ့ကိုတော့မသိချင်ယောင်ဆောင်နေသောမာနခဲလေးအားကြည့်၍ Jungkook နှုတ်ခမ်းတွန့်ရုံမျှပြုံးမိသည်။ တယ်လည်းချေနိုင်လွန်းတဲ့မာနခဲလေး။

"အင်း ယောင်းဆူကရုတ်တရက်ကြီးဒီလိုဖြစ်သွားတော့ဥက္ကဌကြီးလည်းဘာပြောရမှန်းတောင်မသိတော့ပါဘူးကွယ်"

"ဟုတ်တယ် အဖိုးရဲ့နှလုံးရုတ်တရက်ကြီးထဖောက်တာဆိုတော့ ပြင်ဆင်ချိန်လည်းမရလိုက်ဘူးလေ"
အင်းပြောလည်းပြောချင်စရာပဲလေ အဖိုးကအသက်ငယ်ငယ်နဲ့မိန်းမရသွား၍သာမြေးတစ်ယောက်ရှိနေတာ အခုမှအသက်၆၀ ကျော်စွန်းစွန်းပဲရှိသေးတာကိုး။

"အေးကွယ် ကံလိုပဲပြောရမှာပေါ့၊ ယောင်းဆူရဲ့မြေးဆိုတော့ ဥက္ကဌကြီးရဲ့မြေးပါပဲ အကူအညီဆက်သွယ်လိုက်ဟုတ်ပြီလား"

"ဟုတ်ကဲ့ ဥက္ကဌကြီးရဲ့စေတနာ ကိုကျွန်တော်ကျေးဇူးတင်ပါတယ်"

စေတနာကိုသာကျေးဇူးတင်တယ်ဟုဆိုတော့ အကူအညီလိုတောင်ကိုယ့်ဘာသာပဲဖြေရှင်းမည်ဟုတစ်ဖက်လှည့်နှင့်ပြောလိုက်ခြင်း။ ကာယကံရှင်ကထိုသို့ပြောတော့လည်း ဘယ်တက်နိုင်ပါ့မလဲ သူ့သဘောပဲပေါ့။

"ဒါဆို ခွင့်ပြုပါဦး"

"အာ ဟုတ်ကဲ့ ကောင်းကောင်းသွားပါ"
စကားပြောခြင်းအမှုပြီးဆုံးသည်နှင့် Kim Taehyung လည်းအိမ်သို့ပြန်ရန်သာပြင်မိသည်။ အင်းဘာလိုလိုနဲ့အိမ်မှာတစ်ယောက်ထပ်လျော့သွားပြန်ပြီ။ အထီးမကျန်ဘူးလားဆိုတော့ အထီးကျန်တာပေါ့ ဒါပေမဲ့စစ်မှန်ခြင်းမရှိတဲ့အတုအယောင်တွေထက်စာရင် တစ်ယောက်တည်းနေတာပိုအဆင်ပြေတယ်လေ။
-------
ရက်အနည်းငယ်ခန့်ကြာသော်
"ဒီနေ့ schedule ကိုပြောပြပါ"

"မနက်၉နာရီမှာ ရှယ်ယာရှင်အစည်းအဝေးရှိပါတယ်။ နေ့လည်၁၂ခွဲရင်တရုတ်ဘက်ကရှယ်ယာရှင်တစ်ချို့နဲ့နေ့လည်စာစားရန်ချိန်းထားပါတယ်။ည၇နာရီမှာတော့ Han group မှဖတ်ကြားထားတဲ့မွေးနေ့ပါတီကိုတက်ရောက်ရပါမယ် CEO Kim"

"မွေးနေ့ပါတီဆိုတာ?"

"Han group ရဲ့သမီးဟန်ယူနာရဲ့ မွေးနေ့ပါတီလို့ပြောသံကြားပါတယ် Ceo. Ceo မသွားချင်ရင် ကျွန်တော်ပဲ ကြည့်စီစဥ်လိုက်ပါ့မယ်"

ပါတီတွေစိတ်မဝင်စားတက်သော Ceo ရဲ့အကျင့်ကိုသိ၍ ကိုယ်တိုင်စီစဥ်ရန်ပြောမိတော့ အကြည့်တစ်ချက်ပေးကာ ခေါင်းခါပြသော Ceo ကြောင့် Seokjin လက်ဆောင်ပြင်ပေးရန်သာစီစဥ်လိုက်သည်။

"ဟုတ်ကဲ့ပါ အဲ့ဆိုလက်ဆောင်စီစဥ်ထားလိုက်ပါ့မယ်"
မျက်လုံးဖြင့်ပြောလိုက်သည်ကိုပင် နားလည်သဘောပေါက်လွယ်သော အတွင်းရေးမှုး Kim Seokjin ဆိုသောလူအား Taehyung စိတ်ထဲကနေပင်အမှတ်ပေးမိလိုက်သေးသည်။ ထို့နောက်ခန္ဓာကိုယ်ကိုကိုင်းညွှတ်ကာ အပြင်ထွက်ရန်ပြင်နေသောကြောင့်

"Seokjin hyung... ကျေးဇူးပဲ"
ဒါပထမဆုံးပါ တစ်စိမ်းတစ်ယောက်အပေါ်ကျေးဇူးတင်စကားပြောမိတာ။

"မလိုပါဘူး Ceo ဒါကျွန်တော်လုပ်ရမဲ့တာဝန်တွေပါ"

Kim Seokjin ကိုမလေးစားပဲမနေနိုင်တာအဲ့ဒီအရာတွေကြောင့်။ အလုပ်ဝင်တာခဏပဲရှိနေသေးပေမဲ့ တာဝန်အပြည့်အဝယူနိုင်သူ၊ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုလည်းခွဲခြားစွာသိမြင်သေးသည့်အပြင် သူ(Taehyung)လိုအပ်တိုင်းလည်းအစ်ကိုတစ်ယောက်လိုရှိနေပေးသည်လေ။ မိသားစုမဟုတ်ပေမဲ့လည်းငါ့ကိုနားလည်ပေးသူတစ်ယောက်ရှိနေသေးတာပဲဆိုတဲ့အသိကဒီလိုပျော်ရွင်ရတာပါလားဟု Taehyung ကလေးဆန်ဆန်တွေးမိလိုက်ပါသေးသည်။

ထို့နောက်အတွေးတစ်ချို့အားရပ်တန့်ကာ Macbook အားကိုင်လျက် အစည်းအဝေးခန်းမထဲသို့။
-------

"Ceo ဒီနေ့ည၇နာရီမှာ Han group ကမွေးနေ့ပါတီကျင်းပရန်ဖိတ်ကြားထားပါတယ်"

အတွေးရေးမှုး Seo Woojin ပြောလာသောစကားအား Jungkook တစ်ခဏမျှစဥ်းစားလိုက်ပြီးနောက်,
"မသွားတော့ဘူး အတွင်းရေးမှုး Seo, လက်ဆောင်သာသေချာထုပ်ပိုးပြီးပို့ဆောင်ပေးလိုက်ပါ"

ကျန်ရှိနေသောစာရွက်စာတမ်းအားများလက်မှတ်ထိုးရင်း အရေးမပါသလိုပြောလိုက်တော့ အတွင်းရေးမှုးလည်းတစ်ဖြစ်၊ငယ်သူငယ်ချင်းလည်းဖြစ်သော Woojin ကခပ်နောက်နောက်ဆိုလာသည်။

"အိုဟိုး တကယ်မသွားတော့ဘူးလား Jeon Jungkook ကြီးရဲ့ အင်းသတင်းကြားရသလောက်မင်းစုံစမ်းခိုင်းထားတဲ့မာနခဲလေးကိုပါဖိတ်ကြားထားတယ်ဆိုပဲ"

မာနခဲလေး? သူပါတကယ်လာမှာလား။ နောက်ပြောင်ရင်သေမည် ဆိုသောအကြည့်ဖြင့် Woojin ကိုကြည့်လိုက်တော့ မထိတထိမျက်နှာပေးနှင့်အတူ မျက်ခုံးပါပင့်ပြလာသည်မို့နောက်ပြောင်တာတော့မဖြစ်နိုင်ချေ။

"အဟင်း သွားဖို့စီစဥ်ထားလိုက်ပါ အတွင်းရေးမှုး Seo"

"ကောင်းပါပြီ Ceo"
ချောင်းဟန့်သံဖြင့်ရှက်ဝဲဝဲပြောလာသော သူငယ်ချင်း Ceo ကြီးအားပြုံးစစဖြင့်သာအရိုအသေပေးရင်းထွက်လာခဲ့ရသည်။ တော်ကြာယနေ့အချိန်ထိဘယ်အမျိုးသမီး၊အမျိုးသားကိုမှ စိတ်မဝင်စားခဲ့သောလူပျိုသိုးကြီးရှက်နေမှဖြင့်။

အပြုံးတစ်ခုအားဆင်မြန်းကာထွက်သွားသော သူငယ်ချင်းကိုလည်းရှက်၍မနေနိုင်တော့။ ဟိုနေ့ကရက်လည်ကပြန်လာလာပြီးချင်း ထိုမာနခဲလေးကိုပဲသတိနေမိတာ၊ မနေနိုင်တော့သဖြင့်အတွင်းရေးမှုးသူငယ်ချင်းအား သူ့အကြောင်းများကိုစုံစမ်းခိုင်းရသည့်အဖြစ်။ ကြည့်ရတာဘယ်သူတစ်ဦးတစ်ယောက်အပေါ်ကိုမှရင်မခုန်ဘူးတဲ့ ကိုယ့်နှလုံးသားက မင်းအပေါ်ကိုတော့ရင်ခုန်ရုံတင်မက နှလုံးသားတစ်ခုလုံးပါပုံအပ်စေချင်တယ်ထင်ပါရဲ့။

**Thanks For Reading**
----------------------
----------------------

လက္တြဲေဖာ္ရွာေတြ႕မွအေမြတစ္ဝက္ရမည္တဲ့လား။ အဟက္ Kim Taehyung ကိုအဖိုးကသိပ္အထင္ေသးသြားတာပဲ အေမြတစ္ဝက္မရလို႔ႀကဳံရာမိန္းမေကာက္ယူတဲ့အထဲ အဖိုးေျမးမပါဘူးအဖိုး။ ဒါေပမဲ့ျပႆနာျဖစ္ေနတာက ဒယ္ဂူကအေဆာက္အဦး။ ထိုေျမေနရာႏွင့္ထိုအေဆာက္အဦးကိုရဖို႔ ေန႕မအိပ္ညမအိပ္ႀကိဳးစားခဲ့ရတာ သူအသိဆုံး။ အဖိုးကသိပ္လည္သည္၊သူ႕အေမြတစ္ဝက္အားမရလည္းကိစၥမရွိေသာ ေျမးျဖစ္သူအေၾကာင္းကိုသိေန၍ ဒယ္ဂူကအေဆာက္အဦးနဲ႕ၿခိမ္းေျခာက္ခဲ့ျခင္း။ စိတ္ထဲေဒါသထြက္သြားေပမဲ့ အတက္နိုင္ဆုံးစိတ္ကိုထိန္းကိုထိန္း၍ရက္လည္အားျပဳလုပ္ေပးလိုက္ပါသည္။ အဖိုးရက္လည္မွာေဒါသထြက္ေနလို႔မေကာင္းဘူးမလား။

"CEO Kim shi ဒီဘက္ကေတာ့ Jeon Group ရဲ႕ဥကၠဌႀကီးဂြၽန္မိုေယာင္း ျဖစ္ၿပီး သူ႕ေဘးကေတာ့ Jeon group ရဲ႕သားအႀကီးဆုံး Jeon Jungkook ပါ"

"ေတြ႕ရတာဝမ္းသာပါတယ္ ေမာင္ရင္"

"ဟုတ္ကဲ့ေတြ႕ရတာဝမ္းသာပါတယ္"
ရက္လည္အခမ္းအနားၿပီးဆုံးသြား၍ သိမ္းစရာရွိသည္မ်ားအားၫႊန္ၾကားေနတုန္းအနားသို႔လာေရာက္မိတ္ဆက္မႈေၾကာင့္ၾကည့္လိုက္ေတာ့ ဥကၠဌႀကီးဂြၽန္မိုေယာင္း။ အဖိုးျဖစ္သူႏွင့္ရင္းႏွီးေသာဆက္ဆံေရးေၾကာင့္ျပန္လည္ကာလက္ဆြဲႏႈတ္ဆက္လိုက္ၿပီး သူ႕ေျပာမည့္စကားေတြကိုသာနားေထာင္ရန္မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ သူ႕ေဘးကသူ႕ရဲ႕သားဆိုသည့္လူကိုေတာ့ တစ္ခ်က္မွ်သာၾကည့္လိုက္သည္။

Daddy ႏွင့္သာလက္ဆြဲႏႈတ္ဆက္ၿပီးသူ႕ကိုေတာ့မသိခ်င္ေယာင္ေဆာင္ေနေသာမာနခဲေလးအားၾကည့္၍ Jungkook ႏႈတ္ခမ္းတြန့္႐ုံမွ်ၿပဳံးမိသည္။ တယ္လည္းေခ်နိဳင္လြန္းတဲ့မာနခဲေလး။

"အင္း ေယာင္းဆူက႐ုတ္တရက္ႀကီးဒီလိုျဖစ္သြားေတာ့ဥကၠဌႀကီးလည္းဘာေျပာရမွန္းေတာင္မသိေတာ့ပါဘူးကြယ္"

"ဟုတ္တယ္ အဖိုးရဲ႕ႏွလုံး႐ုတ္တရက္ႀကီးထေဖာက္တာဆိုေတာ့ ျပင္ဆင္ခ်ိန္လည္းမရလိုက္ဘူးေလ"
အင္းေျပာလည္းေျပာခ်င္စရာပဲေလ အဖိုးကအသက္ငယ္ငယ္နဲ႕မိန္းမရသြား၍သာေျမးတစ္ေယာက္ရွိေနတာ အခုမွအသက္၆၀ ေက်ာ္စြန္းစြန္းပဲရွိေသးတာကိုး။

"ေအးကြယ္ ကံလိုပဲေျပာရမွာေပါ့၊ ေယာင္းဆူရဲ႕ေျမးဆိုေတာ့ ဥကၠဌႀကီးရဲ႕ေျမးပါပဲ အကူအညီဆက္သြယ္လိုက္ဟုတ္ၿပီလား"

"ဟုတ္ကဲ့ ဥကၠဌႀကီးရဲ႕ေစတနာ ကိုကြၽန္ေတာ္ေက်းဇူးတင္ပါတယ္"

ေစတနာကိုသာေက်းဇူးတင္တယ္ဟုဆိုေတာ့ အကူအညီလိုေတာင္ကိုယ့္ဘာသာပဲေျဖရွင္းမည္ဟုတစ္ဖက္လွည့္ႏွင့္ေျပာလိုက္ျခင္း။ ကာယကံရွင္ကထိုသို႔ေျပာေတာ့လည္း ဘယ္တက္နိုင္ပါ့မလဲ သူ႕သေဘာပဲေပါ့။

"ဒါဆို ခြင့္ျပဳပါဦး"

"အာ ဟုတ္ကဲ့ ေကာင္းေကာင္းသြားပါ"
စကားေျပာျခင္းအမႈၿပီးဆုံးသည္ႏွင့္ Kim Taehyung လည္းအိမ္သို႔ျပန္ရန္သာျပင္မိသည္။ အင္းဘာလိုလိုနဲ႕အိမ္မွာတစ္ေယာက္ထပ္ေလ်ာ့သြားျပန္ၿပီ။ အထီးမက်န္ဘူးလားဆိုေတာ့ အထီးက်န္တာေပါ့ ဒါေပမဲ့စစ္မွန္ျခင္းမရွိတဲ့အတုအေယာင္ေတြထက္စာရင္ တစ္ေယာက္တည္းေနတာပိုအဆင္ေျပတယ္ေလ။
-------
ရက္အနည္းငယ္ခန့္ၾကာေသာ္
"ဒီေန႕ schedule ကိုေျပာျပပါ"

"မနက္၉နာရီမွာ ရွယ္ယာရွင္အစည္းအေဝးရွိပါတယ္။ ေန႕လည္၁၂ခြဲရင္တ႐ုတ္ဘက္ကရွယ္ယာရွင္တစ္ခ်ိဳ႕နဲ႕ေန႕လည္စာစားရန္ခ်ိန္းထားပါတယ္။ည၇နာရီမွာေတာ့ Han group မွဖတ္ၾကားထားတဲ့ေမြးေန႕ပါတီကိုတက္ေရာက္ရပါမယ္ CEO Kim"

"ေမြးေန႕ပါတီဆိုတာ?"

"Han group ရဲ႕သမီးဟန္ယူနာရဲ႕ ေမြးေန႕ပါတီလို႔ေျပာသံၾကားပါတယ္ Ceo. Ceo မသြားခ်င္ရင္ ကြၽန္ေတာ္ပဲ ၾကည့္စီစဥ္လိုက္ပါ့မယ္"

ပါတီေတြစိတ္မဝင္စားတက္ေသာ Ceo ရဲ႕အက်င့္ကိုသိ၍ ကိုယ္တိုင္စီစဥ္ရန္ေျပာမိေတာ့ အၾကည့္တစ္ခ်က္ေပးကာ ေခါင္းခါျပေသာ Ceo ေၾကာင့္ Seokjin လက္ေဆာင္ျပင္ေပးရန္သာစီစဥ္လိုက္သည္။

"ဟုတ္ကဲ့ပါ အဲ့ဆိုလက္ေဆာင္စီစဥ္ထားလိုက္ပါ့မယ္"
မ်က္လုံးျဖင့္ေျပာလိုက္သည္ကိုပင္ နားလည္သေဘာေပါက္လြယ္ေသာ အတြင္းေရးမႈး Kim Seokjin ဆိုေသာလူအား Taehyung စိတ္ထဲကေနပင္အမွတ္ေပးမိလိုက္ေသးသည္။ ထို႔ေနာက္ခႏၶာကိုယ္ကိုကိုင္းၫႊတ္ကာ အျပင္ထြက္ရန္ျပင္ေနေသာေၾကာင့္

"Seokjin hyung... ေက်းဇူးပဲ"
ဒါပထမဆုံးပါ တစ္စိမ္းတစ္ေယာက္အေပၚေက်းဇူးတင္စကားေျပာမိတာ။

"မလိုပါဘူး Ceo ဒါကြၽန္ေတာ္လုပ္ရမဲ့တာဝန္ေတြပါ"

Kim Seokjin ကိုမေလးစားပဲမေနနိုင္တာအဲ့ဒီအရာေတြေၾကာင့္။ အလုပ္ဝင္တာခဏပဲရွိေနေသးေပမဲ့ တာဝန္အျပည့္အဝယူနိုင္သူ၊ အလုပ္နဲ႕ကိုယ္ေရးကိုယ္တာကိုလည္းခြဲျခားစြာသိျမင္ေသးသည့္အျပင္ သူ(Taehyung)လိုအပ္တိုင္းလည္းအစ္ကိုတစ္ေယာက္လိုရွိေနေပးသည္ေလ။ မိသားစုမဟုတ္ေပမဲ့လည္းငါ့ကိုနားလည္ေပးသူတစ္ေယာက္ရွိေနေသးတာပဲဆိုတဲ့အသိကဒီလိုေပ်ာ္႐ြင္ရတာပါလားဟု Taehyung ကေလးဆန္ဆန္ေတြးမိလိုက္ပါေသးသည္။

ထို႔ေနာက္အေတြးတစ္ခ်ိဳ႕အားရပ္တန့္ကာ Macbook အားကိုင္လ်က္ အစည္းအေဝးခန္းမထဲသို႔။
-------

"Ceo ဒီေန႕ည၇နာရီမွာ Han group ကေမြးေန႕ပါတီက်င္းပရန္ဖိတ္ၾကားထားပါတယ္"

အေတြးေရးမႈး Seo Woojin ေျပာလာေသာစကားအား Jungkook တစ္ခဏမွ်စဥ္းစားလိုက္ၿပီးေနာက္,
"မသြားေတာ့ဘူး အတြင္းေရးမႈး Seo, လက္ေဆာင္သာေသခ်ာထုပ္ပိုးၿပီးပို႔ေဆာင္ေပးလိုက္ပါ"

က်န္ရွိေနေသာစာ႐ြက္စာတမ္းအားမ်ားလက္မွတ္ထိုးရင္း အေရးမပါသလိုေျပာလိုက္ေတာ့ အတြင္းေရးမႈးလည္းတစ္ျဖစ္၊ငယ္သူငယ္ခ်င္းလည္းျဖစ္ေသာ Woojin ကခပ္ေနာက္ေနာက္ဆိုလာသည္။

"အိုဟိုး တကယ္မသြားေတာ့ဘူးလား Jeon Jungkook ႀကီးရဲ႕ အင္းသတင္းၾကားရသေလာက္မင္းစုံစမ္းခိုင္းထားတဲ့မာနခဲေလးကိုပါဖိတ္ၾကားထားတယ္ဆိုပဲ"

မာနခဲေလး? သူပါတကယ္လာမွာလား။ ေနာက္ေျပာင္ရင္ေသမည္ ဆိုေသာအၾကည့္ျဖင့္ Woojin ကိုၾကည့္လိုက္ေတာ့ မထိတထိမ်က္ႏွာေပးႏွင့္အတူ မ်က္ခုံးပါပင့္ျပလာသည္မို႔ေနာက္ေျပာင္တာေတာ့မျဖစ္နိုင္ေခ်။

"အဟင္း သြားဖို႔စီစဥ္ထားလိုက္ပါ အတြင္းေရးမႈး Seo"

"ေကာင္းပါၿပီ Ceo"
ေခ်ာင္းဟန့္သံျဖင့္ရွက္ဝဲဝဲေျပာလာေသာ သူငယ္ခ်င္း Ceo ႀကီးအားၿပဳံးစစျဖင့္သာအရိုအေသေပးရင္းထြက္လာခဲ့ရသည္။ ေတာ္ၾကာယေန႕အခ်ိန္ထိဘယ္အမ်ိဳးသမီး၊အမ်ိဳးသားကိုမွ စိတ္မဝင္စားခဲ့ေသာလူပ်ိဳသိုးႀကီးရွက္ေနမွျဖင့္။

အၿပဳံးတစ္ခုအားဆင္ျမန္းကာထြက္သြားေသာ သူငယ္ခ်င္းကိုလည္းရွက္၍မေနနိုင္ေတာ့။ ဟိုေန႕ကရက္လည္ကျပန္လာလာၿပီးခ်င္း ထိုမာနခဲေလးကိုပဲသတိေနမိတာ၊ မေနနိုင္ေတာ့သျဖင့္အတြင္းေရးမႈးသူငယ္ခ်င္းအား သူ႕အေၾကာင္းမ်ားကိုစုံစမ္းခိုင္းရသည့္အျဖစ္။ ၾကည့္ရတာဘယ္သူတစ္ဦးတစ္ေယာက္အေပၚကိုမွရင္မခုန္ဘူးတဲ့ ကိုယ့္ႏွလုံးသားက မင္းအေပၚကိုေတာ့ရင္ခုန္႐ုံတင္မက ႏွလုံးသားတစ္ခုလုံးပါပုံအပ္ေစခ်င္တယ္ထင္ပါရဲ႕။

**Thanks For Reading**
----------------------
----------------------

Continue Reading

You'll Also Like

4.5M 285K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.5M 131K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
11.9K 520 52
သူငယ်ချင်းနှစ်ယောက်ကနေချစ်သွားတဲ့ပုံစံလေးပါ.... ဂျောင်ကုကအရာရာကိုကာကွယ်ပေးပြီဂရုစိုက်တော့... ထယ်ယောင်ဟာကြီးလာတော့နှလုံးသားလေးကချစ်တက်သွားတယ်... တိတ်တ...
40.2K 344 15
Percy gets godhood is powerful multiple wives ,possible Shinto goddess crossover percy x Artremis X hestia XRhea X Hecate aphrodite X Hemara + perc...