"အိုး.. ဟုတ္သား.. ၿမိဳ႕အုပ္အတြက္ မနက္စာ ေမ့ခဲ့တာဘဲ.."
လက္ထဲ သစ္သားေယာက္မေလးကိုင္ခါ ျမတ္ၾကည္ ေခါင္းကိုပင္ ကုတ္ျခစ္မိေလသည္။
"ဘယ္လိုမ်ားလုပ္ရမလဲ ဆက္ၿပီးမသိခ်င္ေယာက္ေဆာင္လက္စနဲ႕ ဆက္ေဆာင္လိုက္သင့္လား.."
ၿမိဳ႕အုပ္တစ္ေယာက္ သူေပးတဲ့ ေငြစေတြနဲ႕ ျမတ္ၾကည္ ႐ြာေဈးအတြင္း ဗိုက္ေဖာင္းေအာင္ နင္းကန္စားပစ္တာမ်ားသိရင္ ဘယ္ေလာက္ေတာင္မ်ား စိတ္ဆိုးမလဲမသိ..
ျမတ္ၾကည္တေယာက္ ထမင္းခ်က္ၿပီးတာႏွင့္ အိမ္ေနာက္ေဖးဘက္မွ တိတ္တိတ္ကေလးခိုးဆင္းရသည္။ နို႔မို႔ စကားေတြဆက္မိရင္ ဘယ္လြယ္လိမ့္မတုန္း...
..................
" မင္းမွန္မွန္ေျဖစမ္း မင္းတို႔ေခါင္းေဆာင္ ဘယ္မလဲ..."
အိုက္ေအာင္ ခင္မ်ာ ေသြးအလူးလူးႏွင့္ ရိုက္ႏွက္ခံေနသည့္ၾကားမွ မထုံတက္ေသးမ်က္လုံးတို႔ႏွင့္ တပ္ၾကပ္ႀကီးအား မဲ့ၿပဳံးၿပဳံးျပလို႔ၾကည့္လာသည္။
တပ္ၾကပ္ႀကီးရဲ႕ ေနာက္လိုက္ တပ္သားသည္ ေအးစက္စက္အမူအရာတစ္ခ်ိဳ႕ႏွင့္ အိုက္ေအာင္ထံၾကည့္လာေလသည္။ အိုက္ေအာင္ကမူ ထိုတပ္သားအား မ်က္ေမွာင္ၾကဳတ္၍ တစ္ခ်က္ၾကည့္လွ်င္ ထိုတပ္သားေပါက္စနက ေနစရာမရွိစြာ သူ႕လက္ထဲကကိုင္ထားသည့္ စာအုပ္ထဲ ဘာေတြ ခ်ေရးေနမွန္းမသိ...။
" မင္းတို႔ေခါင္းေဆာင္က မင္းတို႔ကို ထားၿပီး ထြက္ေျပးသြားၿပီမဟုတ္လား.. မင္းတို႔ကို ေသေသရွင္ရွင္ပစ္ထားခဲ့တာ မင္းတို႔ မမုန္းဘူးလား..."
"ဟားဟား.. အဲ့တာ မင္းနဲ႕မဆိုင္ဘူး ေခြးမသား မ်က္ႏွာျဖဴၾကမ္းပိုးေကာင္ေတြ..."
တပ္ၾကပ္ႀကီး ဖရန႔္က အက်ဥ္းေထာင္သံတိုင္တံခါးဝမွေနခါ ျပန္ထြက္လာရင္း သူ႕ေဘးက တပ္သားကို တိုးတိုးတိတ္တိတ္အမွာတမ္းခ်ေနေလသည္။
ခ်ားဝစ္က ေအးစက္စက္မ်က္လုံးေတြနဲ႕ အိုက္ေအာင္ကိုတစ္ခ်က္ၾကည့္၏..။ သူတို႔ ဘာေတြေျပာလိုက္သလဲဆိုတာေတာ့ အိုက္ေအာင္မသိလိုက္ေပ...။ ထို႔ေနာက္ တပ္ၾကပ္ႀကီးက ထိုေနရာမွ ျပန္လည္ထြက္ခြာသြားေလၿပီ...။
"ဟိတ္ မ်က္ႏွာျဖဴေကာင္.."
ခ်ားဝစ္က ဆက္ခနဲ အိုက္ေအာင္ကိုလွည့္ၾကည့္လိုက္သည္။ထို႔ေနာက္ ေမးဆက္ျပခါ ဘာလဲဟူသည့္ အမူအရာႏွင့္ျပ၏။
"မင္းတို႔ အမ်ိဳးယုတ္ေတြအကုန္လုံးကို ငါတို႔ေခ်မႈန္းပစ္မယ္ ေခြးမသားေတြ.."
ထိုအခါ တင္းမာသြားသည့္ မ်က္ႏွာထားႏွင့္ ခ်ားဝစ္က သူ႕ခါးေစာင္းထဲက ေရဘူးႏွင့္ သံတိုင္ေတြၾကားကေန အိုက္ေအာင္ေခါင္းကို လွမ္း၍ပစ္ေပါက္ပစ္လိုက္သည္။ ဂြက္ခနဲ က်သြားေသာအရွိန္ကမေသးေပ..။ ေရဘူးထဲ ေရအျပည့္ ပါေနေၾကာင့္လည္း ျဖစ္လိမ့္မည္။
"အာ့...."
ေခါင္းကို ပြတ္သပ္ရင္း နာေနသည့္ အိုက္ေအာင္မွာ အျပင္က တပ္သားကို လက္ညွိုးထိုးရင္း ဆဲေရးျပဳမည့္အျပဳတြင္ ထိုတပ္သားက စိတ္တိုသည့္ အမူအယာႏွင့္ စခန္းထဲမွ ျပန္၍ ထြက္ခြာသြားေလၿပီျဖစ္သည္။
အိုက္ေအာင္တေယာက္ သူ႕ဆီပစ္ခြင္းလိုက္တဲ့ေရဘူးကိုသာ ၾကည့္ရင္း မ်က္ေမွာင္ေတြ ၾကဳတ္ထားမိလိုက္သည္။
"ဒီမ်က္ႏွာျဖဴေကာင္က ေစာက္႐ူးလား..."
ဟား... ဥေဒါင္း အဆင္မွ ေျပပါ့မလား.. စခန္းကိုေရာ ျပန္ေရာက္ရဲ႕လား... ဒီအခ်ိန္ဆို သူ အစီစဥ္တစ္ခုခုေတာ့ ဆြဲၿပီးေနေလာက္ၿပီ... အင္း သိပ္မၾကာခင္အတြင္းေတာ့ ငါတို႔ကို လာကယ္ေလာက္မွာပါ...။
အေျခအေနကို အကဲခက္ရင္းပင္ အိုက္ေအာင္တို႔ ေနာက္လိုက္တစ္ခ်ိဳ႕ သည္းခံ၍ ႀကိတ္မွိတ္ေနရသည္။ သူတို႔ေခါင္းေဆာင္က တာဝန္ အလြန္သိတက္သူမို႔ သူတို႔ေတြ မၾကာခင္အတြင္း ျပန္ေရာက္လိမ့္မည္ဟု ယုံၾကည္ၾကျခင္းျဖစ္သည္။
.........................
ေအာက္အီးအီးအြတ္...
ၾကက္ဖတြန္သံမၾကားမီကတည္းက ျမတ္ၾကည္တေယာက္ ျပာျပာသလဲ ျဖစ္ေနၿပီ..။ ခါတိုင္း ဆင္မယင္သာ ေလွ်ာက္တက္တဲ့ ျမတ္ၾကည္က ဒီေန႕ေတာ့ တမူထူးျခားစြာ အိမ္ထဲမယ္ ျမင္းကို ဒုန္းဆိုင္းစီးသလို ေတာင္ေျပးလိုက္ ေျမာက္ေျပးလိုက္ႏွင့္.. စာရင္းတြက္ခ်က္ေနေသာ ၿမိဳ႕အုပ္မင္းမွာပင္ စာၾကည့္မ်က္မွန္ႀကီးပင့္ခါ ပင့္ခါႏွင့္ ျမတ္ၾကည္ေျပးရာပင္ လိုက္ၾကည့္ေနရွာမိသည္။
"ဒုန္း.."
"အ့!.."
စာရင္းေလးထဲ စိတ္ႏွစ္မယ္ႀကံလိုက္တိုင္း ဒီခ်ာတိတ္ တစ္ခုၿပီးတစ္ခုျဖစ္ေနတာ.. တမင္သက္သက္မ်ား လုပ္ေနသလား ေအာက္ေမ့ရတယ္..။ ၿမိဳ႕အုပ္မင္းမယ္ ဒီကေန႕ ၿမိဳ႕တက္ရမည္ျဖစ္သည္ေၾကာင့္ သူ႕အလုပ္စာရင္းမ်ားကို ေစလုံႏွင့္ လႊတ္ထားမည္ျဖစ္ရာ...သို႔ေသာ္ျငား ျမတ္ၾကည္၏ တရားဝင္ ႏွောက္ယွက္ေနမႈေၾကာင့္ အလုပ္က မၿပီးနိုင္မစီးနိုင္... ထို႔ေနာက္ စာအုပ္ကို ပိတ္ခါ ျမတ္ၾကည္ရွိရာ အခန္းတြင္း အသံမေပးဘဲ ဝင္လာမိသည္။
"ျမတ္ၾကည္ မင္းၿပီး......အဲ..."
အကုန္လုံးကို ဝတ္လစ္စလစ္ခြၽတ္ခ်ၿပီး အက္်ီလဲရန္ျပင္ေနေသာ ျမတ္ၾကည္ရဲ႕ ေနာက္ေက်ာျပင္သားျဖဴျဖဴေဖြးေဖြး တစ္ခုလုံးကိုျမင္ၿပီးသကာလ ၿမိဳ႕အုပ္မင္းမယ္ ပါးေတြပင္ရဲတက္လာေပေတာ့သည္။
"အဟမ္း ျမတ္ ျမတ္ၾကည္ မင္း ဘာလုပ္ေနျပန္ပလဲ...အက္်ီေလး ဘာေလး ဝတ္ပါအုံး..."
အသံၾကားရာအေနာက္သို႔ လွည့္ၾကည့္မိေတာ့ ၿမိဳ႕အုပ္မင္းက သူ႕ကို ကိုယ္တေစာင္းအေနအထားႏွင့္ ေခါင္းကိုလွည့္ထားမိသည္။ ထိုအခါမွ အက်ျိီလဲတိုင်း ဝတ္လစ္လစ္ ခြၽတ္လဲတက္သည့္ ျမတ္ၾကည္မွာ ကိုယ့္အက်င့္နဲ႕ကိုယ္ပင္ အရွက္ကြဲေလေတာ့သည္။
"အာ့...ၿမိဳ႕ ၿမိဳ႕ ၿမိဳ႕အုပ္မင္း.. ခ ခဏ....အာ..."
"ဘယ္လိုဘဲ ေယာက္်ားခ်င္းခ်င္းျဖစ္ေနပါေစ တစ္အိမ္ထဲေနၿပီးအဲ့လိုေတာ့...."
"သိ သိၿပီမို႔ သြားပါေတာ့..."
ျမတ္ၾကည္က အာေလးလွ်ာေလးႏွင့္ စကားေတြပင္ အထစ္ထစ္အေငါ့ေငါ့ျဖစ္ကုန္ၿပီ။
ၿမိဳ႕အုပ္မင္းမွာလည္း ၿပဳံးစစႏွင့္ ဟိုေန႕မ်ားတုန္းက သူ႕ကိုေျပာခဲ့သည့္စကားတို႔ႏွင့္ ျပန္၍စေနာက္ေလေတာ့သည္။
"မဟုတ္ဘူးေလ..ကိုယ္ ေျပာစရာရွိ...."
ဆိုရင္း ေယာင္ယမ္းခါ ကိုယ္ကို လွည့္လာသည့္ ၿမိဳ႕အုပ္မင္းေၾကာင့္ ျမတ္ၾကည္ လက္ထဲက သနခါးတုံးႏွင့္ လွမ္း၍ေပါက္မိသည္အထိ...
"အား.. လွည့္မလာပါနဲ႕ဆိုေန..."
ဂြက္!
"ဘုရားႂကြ..ဟ မပစ္နဲ႕ေလ ျမတ္ၾကည္ရ.."
"အာ့ဆို ဘာလို႔လွည့္လာတာလဲ.."
"ေတာင္း ေတာင္းပန္တယ္..ကိုယ္ အျပင္ကဘဲေစာင့္ေနမယ္..."
ထိုအခါမွ အငယ္ေကာင္ေပၚမည္စိုး၍ အဝတ္ေတြကိုယ္ေပၚအုပ္ထားေသာ ျမတ္ၾကည္မွာ အရင္ဆုံး အခန္းတံခါးဂ်က္ကို ေျပးထိုးပစ္လိုက္သည္။ ၿပီးမွသာ အဝတ္ျမန္ျမန္ဝတ္ရင္း အိမ္ေရွ႕ထြက္လာခဲ့ရသည္။
"ဟို ဟို ျမတ္ၾကည္.."
ကုတ္ေခ်ာင္း ကုတ္ေခ်ာင္း ထြက္လာတဲ့ ျမတ္ၾကည္က ၿမိဳ႕အုပ္ရဲ႕ေခၚသံေအာက္မွာ ကိုယ္ကေလး တစ္ခ်က္တြန႔္သြားရွာသည္။ ၿမိဳ႕အုပ္ကိုယ္တိုင္ကလည္း မ်က္ႏွာေတြနီေဆြးလို႔...
"အဟမ္း.. ေမာင္ ၿမိဳ႕တက္မလို႔..ညေနမွ ျပန္ေရာက္မယ္..အရီးခင္ျမင့္ကိုေတာ့ေျပာထားတယ္ သူ႕အိမ္မယ္ သြားေနလိုက္ ။ ညေန ျပန္ေရာက္ရင္ေတာ့ ေမာင္လာေခၚမယ္.."
အလို! ေမာင္တဲ့လား..
ျမတ္ၾကည္မွာ မရဲတရဲကေလး လွည့္ၾကည့္ေတာ့ အနက္ေရာင္တိုက္ပုံကို အညိုေရာင္ပုဆိုးႏွင့္တြဲဝတ္ထားသည့္ ဤလူသားသည္ ရွင္းသန႔္ေသာ မ်က္ႏွာအသြင္အျပင္ႏွင့္ ၾကည့္လိုက္တိုင္းမွာ ႏွစ္ခါျပန္၍ေငး၍ၾကည့္ခ်င္ဖြယ္ရာ..
"အင္း..."
"ေစလုံလာရင္ ေမာင္သြားေတာ့မွာ.."
"အင္း.."
ေစာသိုက္ေခတ္က စကားအခ်ိဳ႕အား ေျပာရနိုးနိုးပင္...ပါးစပ္ကို ဟလိုက္ စိလိုက္ႏွင့္...
"ဟို ေမာင္.. ေမာင့္မယ္ သည္လိုေခၚရတာ ႏႈတ္မက်ိဳးသလို မင္းအတြက္လည္း ေနသားၾကမယ္မထင္ဘူး.. ဒါေပမဲ့လည္း ေျပလည္တဲ့ ဆက္ဆံေရးရွိဖို႔အတြက္ ခုကတည္းက ႏႈတ္က်ိဳးေအာင္ ေနသားက်ေအာင္ ေလ့က်င့္ရမယ္ထင္တယ္..."
"ျမတ္ၾကည္ အဆင္ေျပတာမို႔ ရပါတယ္.."
"ဒါဆို ေမာင့္ကို ေမာင္လို႔ေခၚၾကည့္စမ္း.."
"ဟမ္..!"
ေစာသိုက္ေခတ္က ၿပဳံးၿပဳံးကေလးၾကည့္ခါ ျမည္ၾကည္ရဲ႕ အေျဖကို ေစာင့္ေနပုံ..။ ျမတ္ၾကည္မွာေတာ့ လည္ဂုတ္သားေဖြးေဖြးကို တစ္ခ်က္ဖိရင္း..."အင္း... ေ ေမာင္..."ဟု ျပန္ေျဖရွာသား..။
ထိုသို႔ တိုးေဖ်ာ့ေဖ်ာ့ ေလသံကေလးက အခါတစ္ရာမက နားေထာင္ခ်င္မိသည့္ ႏွစ္လိုဖြယ္ရာ ေတးသြားတစ္ပုဒ္ႏွယ္...
"ေမာင္ ၿမိဳ႕တက္မွာ ျမတ္ၾကည္ ဘာမွာခ်င္ေသးလဲ.."
"မွာခ်င္တာ..."
"အင္း..."
"ျမတ္..ျမတ္ၾကည္ ေျပာရင္ စိတ္ဆိုးမွာလားဟင္.."
ေစာသိုက္ေခတ္က စိတ္ဝင္စားသြားဟန္ မ်က္ခုံးကေလးၾကဳတ္လို႔ၾကည့္လာသည္။
"အမွန္ေတာ့ ျမတ္ၾကည္ ၿမိဳ႕အုပ္ဝတ္သလိုမ်ိဳး တိုက္ပုံနဲ႕ ပုဆိုး ဝတ္ၾကည့္ခ်င္တယ္.."
"ဘယ္လို....!.."
...................
ေၾကညာ.
ေတာ္ေကာက္ျခင္းခံရေသာ ၿမိဳ႕အုပ္ကေတာ္ ficေလးက တစ္ဝက္တစ္ပ်က္ကေလးနဲ႕ ကမ္းလွမ္းခံရပါတယ္ သေဘာက်ရတဲ့ စာတိုက္ကေလးလည္းျဖစ္ေနလို႔VVလက္ခံလိုက္ပါတယ္😁
ေျဖာင္းေျဖာင္းေျဖာင္း
..........
ဒါကေတာ့ တစ္ဝက္ပါ ။
ေနာက္တစ္ဝက္ကို မနက္ျဖန္တင္ေပးပါ့မယ္ေနာ့
တစ္ပိုင္းကို စာလုံးေရ ၃၅၀၀ေလာက္ VVက ေရးေပးရတာမို႔ အခုက ၂၂၀၀ေက်ာ္ေက်ာ္ဘဲရွိေသးတာရယ္.. အဲ့ေတာ့ အပိုင္းခြဲတင္ေပးမယ္ေနာ္ ၁၁နာရီလဲခြဲၿပီ မနက္ အလုပ္သြားရမွာမို႔လို႔ပါ😘
28.3.2021.
11:41pm.
.................................
(U)
"အိုး.. ဟုတ်သား.. မြို့အုပ်အတွက် မနက်စာ မေ့ခဲ့တာဘဲ.."
လက်ထဲ သစ်သားယောက်မလေးကိုင်ခါ မြတ်ကြည် ခေါင်းကိုပင် ကုတ်ခြစ်မိလေသည်။
"ဘယ်လိုများလုပ်ရမလဲ ဆက်ပြီးမသိချင်ယောက်ဆောင်လက်စနဲ့ ဆက်ဆောင်လိုက်သင့်လား.."
မြို့အုပ်တစ်ယောက် သူပေးတဲ့ ငွေစတွေနဲ့ မြတ်ကြည် ရွာဈေးအတွင်း ဗိုက်ဖောင်းအောင် နင်းကန်စားပစ်တာများသိရင် ဘယ်လောက်တောင်များ စိတ်ဆိုးမလဲမသိ..
မြတ်ကြည်တယောက် ထမင်းချက်ပြီးတာနှင့် အိမ်နောက်ဖေးဘက်မှ တိတ်တိတ်ကလေးခိုးဆင်းရသည်။ နို့မို့ စကားတွေဆက်မိရင် ဘယ်လွယ်လိမ့်မတုန်း...
..................
" မင်းမှန်မှန်ဖြေစမ်း မင်းတို့ခေါင်းဆောင် ဘယ်မလဲ..."
အိုက်အောင် ခင်မျာ သွေးအလူးလူးနှင့် ရိုက်နှက်ခံနေသည့်ကြားမှ မထုံတက်သေးမျက်လုံးတို့နှင့် တပ်ကြပ်ကြီးအား မဲ့ပြုံးပြုံးပြလို့ကြည့်လာသည်။
တပ်ကြပ်ကြီးရဲ့ နောက်လိုက် တပ်သားသည် အေးစက်စက်အမူအရာတစ်ချို့နှင့် အိုက်အောင်ထံကြည့်လာလေသည်။ အိုက်အောင်ကမူ ထိုတပ်သားအား မျက်မှောင်ကြုတ်၍ တစ်ချက်ကြည့်လျှင် ထိုတပ်သားပေါက်စနက နေစရာမရှိစွာ သူ့လက်ထဲကကိုင်ထားသည့် စာအုပ်ထဲ ဘာတွေ ချရေးနေမှန်းမသိ...။
" မင်းတို့ခေါင်းဆောင်က မင်းတို့ကို ထားပြီး ထွက်ပြေးသွားပြီမဟုတ်လား.. မင်းတို့ကို သေသေရှင်ရှင်ပစ်ထားခဲ့တာ မင်းတို့ မမုန်းဘူးလား..."
"ဟားဟား.. အဲ့တာ မင်းနဲ့မဆိုင်ဘူး ခွေးမသား မျက်နှာဖြူကြမ်းပိုးကောင်တွေ..."
တပ်ကြပ်ကြီး ဖရန့်က အကျဉ်းထောင်သံတိုင်တံခါးဝမှနေခါ ပြန်ထွက်လာရင်း သူ့ဘေးက တပ်သားကို တိုးတိုးတိတ်တိတ်အမှာတမ်းချနေလေသည်။
ချားဝစ်က အေးစက်စက်မျက်လုံးတွေနဲ့ အိုက်အောင်ကိုတစ်ချက်ကြည့်၏..။ သူတို့ ဘာတွေပြောလိုက်သလဲဆိုတာတော့ အိုက်အောင်မသိလိုက်ပေ...။ ထို့နောက် တပ်ကြပ်ကြီးက ထိုနေရာမှ ပြန်လည်ထွက်ခွာသွားလေပြီ...။
"ဟိတ် မျက်နှာဖြူကောင်.."
ချားဝစ်က ဆက်ခနဲ အိုက်အောင်ကိုလှည့်ကြည့်လိုက်သည်။ထို့နောက် မေးဆက်ပြခါ ဘာလဲဟူသည့် အမူအရာနှင့်ပြ၏။
"မင်းတို့ အမျိုးယုတ်တွေအကုန်လုံးကို ငါတို့ချေမှုန်းပစ်မယ် ခွေးမသားတွေ.."
ထိုအခါ တင်းမာသွားသည့် မျက်နှာထားနှင့် ချားဝစ်က သူ့ခါးစောင်းထဲက ရေဘူးနှင့် သံတိုင်တွေကြားကနေ အိုက်အောင်ခေါင်းကို လှမ်း၍ပစ်ပေါက်ပစ်လိုက်သည်။ ဂွက်ခနဲ ကျသွားသောအရှိန်ကမသေးပေ..။ ရေဘူးထဲ ရေအပြည့် ပါနေကြောင့်လည်း ဖြစ်လိမ့်မည်။
"အာ့...."
ခေါင်းကို ပွတ်သပ်ရင်း နာနေသည့် အိုက်အောင်မှာ အပြင်က တပ်သားကို လက်ညှိုးထိုးရင်း ဆဲရေးပြုမည့်အပြုတွင် ထိုတပ်သားက စိတ်တိုသည့် အမူအယာနှင့် စခန်းထဲမှ ပြန်၍ ထွက်ခွာသွားလေပြီဖြစ်သည်။
အိုက်အောင်တယောက် သူ့ဆီပစ်ခွင်းလိုက်တဲ့ရေဘူးကိုသာ ကြည့်ရင်း မျက်မှောင်တွေ ကြုတ်ထားမိလိုက်သည်။
"ဒီမျက်နှာဖြူကောင်က စောက်ရူးလား..."
ဟား... ဥဒေါင်း အဆင်မှ ပြေပါ့မလား.. စခန်းကိုရော ပြန်ရောက်ရဲ့လား... ဒီအချိန်ဆို သူ အစီစဉ်တစ်ခုခုတော့ ဆွဲပြီးနေလောက်ပြီ... အင်း သိပ်မကြာခင်အတွင်းတော့ ငါတို့ကို လာကယ်လောက်မှာပါ...။
အခြေအနေကို အကဲခက်ရင်းပင် အိုက်အောင်တို့ နောက်လိုက်တစ်ချို့ သည်းခံ၍ ကြိတ်မှိတ်နေရသည်။ သူတို့ခေါင်းဆောင်က တာဝန် အလွန်သိတက်သူမို့ သူတို့တွေ မကြာခင်အတွင်း ပြန်ရောက်လိမ့်မည်ဟု ယုံကြည်ကြခြင်းဖြစ်သည်။
.........................
အောက်အီးအီးအွတ်...
ကြက်ဖတွန်သံမကြားမီကတည်းက မြတ်ကြည်တယောက် ပြာပြာသလဲ ဖြစ်နေပြီ..။ ခါတိုင်း ဆင်မယင်သာ လျှောက်တက်တဲ့ မြတ်ကြည်က ဒီနေ့တော့ တမူထူးခြားစွာ အိမ်ထဲမယ် မြင်းကို ဒုန်းဆိုင်းစီးသလို တောင်ပြေးလိုက် မြောက်ပြေးလိုက်နှင့်.. စာရင်းတွက်ချက်နေသော မြို့အုပ်မင်းမှာပင် စာကြည့်မျက်မှန်ကြီးပင့်ခါ ပင့်ခါနှင့် မြတ်ကြည်ပြေးရာပင် လိုက်ကြည့်နေရှာမိသည်။
"ဒုန်း.."
"အ့!.."
စာရင်းလေးထဲ စိတ်နှစ်မယ်ကြံလိုက်တိုင်း ဒီချာတိတ် တစ်ခုပြီးတစ်ခုဖြစ်နေတာ.. တမင်သက်သက်များ လုပ်နေသလား အောက်မေ့ရတယ်..။ မြို့အုပ်မင်းမယ် ဒီကနေ့ မြို့တက်ရမည်ဖြစ်သည်ကြောင့် သူ့အလုပ်စာရင်းများကို စေလုံနှင့် လွှတ်ထားမည်ဖြစ်ရာ...သို့သော်ငြား မြတ်ကြည်၏ တရားဝင် နှောက်ယှက်နေမှုကြောင့် အလုပ်က မပြီးနိုင်မစီးနိုင်... ထို့နောက် စာအုပ်ကို ပိတ်ခါ မြတ်ကြည်ရှိရာ အခန်းတွင်း အသံမပေးဘဲ ဝင်လာမိသည်။
"မြတ်ကြည် မင်းပြီး......အဲ..."
အကုန်လုံးကို ဝတ်လစ်စလစ်ချွတ်ချပြီး အက်ျီလဲရန်ပြင်နေသော မြတ်ကြည်ရဲ့ နောက်ကျောပြင်သားဖြူဖြူဖွေးဖွေး တစ်ခုလုံးကိုမြင်ပြီးသကာလ မြို့အုပ်မင်းမယ် ပါးတွေပင်ရဲတက်လာပေတော့သည်။
"အဟမ်း မြတ် မြတ်ကြည် မင်း ဘာလုပ်နေပြန်ပလဲ...အက်ျီလေး ဘာလေး ဝတ်ပါအုံး..."
အသံကြားရာအနောက်သို့ လှည့်ကြည့်မိတော့ မြို့အုပ်မင်းက သူ့ကို ကိုယ်တစောင်းအနေအထားနှင့် ခေါင်းကိုလှည့်ထားမိသည်။ ထိုအခါမှ အက်ျိီလဲတိုင်း ဝတ်လစ်လစ် ချွတ်လဲတက်သည့် မြတ်ကြည်မှာ ကိုယ့်အကျင့်နဲ့ကိုယ်ပင် အရှက်ကွဲလေတော့သည်။
"အာ့...မြို့ မြို့ မြို့အုပ်မင်း.. ခ ခဏ....အာ..."
"ဘယ်လိုဘဲ ယောက်ျားချင်းချင်းဖြစ်နေပါစေ တစ်အိမ်ထဲနေပြီးအဲ့လိုတော့...."
"သိ သိပြီမို့ သွားပါတော့..."
မြတ်ကြည်က အာလေးလျှာလေးနှင့် စကားတွေပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်ကုန်ပြီ။
မြို့အုပ်မင်းမှာလည်း ပြုံးစစနှင့် ဟိုနေ့များတုန်းက သူ့ကိုပြောခဲ့သည့်စကားတို့နှင့် ပြန်၍စနောက်လေတော့သည်။
"မဟုတ်ဘူးလေ..ကိုယ် ပြောစရာရှိ...."
ဆိုရင်း ယောင်ယမ်းခါ ကိုယ်ကို လှည့်လာသည့် မြို့အုပ်မင်းကြောင့် မြတ်ကြည် လက်ထဲက သနခါးတုံးနှင့် လှမ်း၍ပေါက်မိသည်အထိ...
"အား.. လှည့်မလာပါနဲ့ဆိုနေ..."
ဂွက်!
"ဘုရားကြွ..ဟ မပစ်နဲ့လေ မြတ်ကြည်ရ.."
"အာ့ဆို ဘာလို့လှည့်လာတာလဲ.."
"တောင်း တောင်းပန်တယ်..ကိုယ် အပြင်ကဘဲစောင့်နေမယ်..."
ထိုအခါမှ အငယ်ကောင်ပေါ်မည်စိုး၍ အဝတ်တွေကိုယ်ပေါ်အုပ်ထားသော မြတ်ကြည်မှာ အရင်ဆုံး အခန်းတံခါးဂျက်ကို ပြေးထိုးပစ်လိုက်သည်။ ပြီးမှသာ အဝတ်မြန်မြန်ဝတ်ရင်း အိမ်ရှေ့ထွက်လာခဲ့ရသည်။
"ဟို ဟို မြတ်ကြည်.."
ကုတ်ချောင်း ကုတ်ချောင်း ထွက်လာတဲ့ မြတ်ကြည်က မြို့အုပ်ရဲ့ခေါ်သံအောက်မှာ ကိုယ်ကလေး တစ်ချက်တွန့်သွားရှာသည်။ မြို့အုပ်ကိုယ်တိုင်ကလည်း မျက်နှာတွေနီဆွေးလို့...
"အဟမ်း.. မောင် မြို့တက်မလို့..ညနေမှ ပြန်ရောက်မယ်..အရီးခင်မြင့်ကိုတော့ပြောထားတယ် သူ့အိမ်မယ် သွားနေလိုက် ။ ညနေ ပြန်ရောက်ရင်တော့ မောင်လာခေါ်မယ်.."
အလို! မောင်တဲ့လား..
မြတ်ကြည်မှာ မရဲတရဲကလေး လှည့်ကြည့်တော့ အနက်ရောင်တိုက်ပုံကို အညိုရောင်ပုဆိုးနှင့်တွဲဝတ်ထားသည့် ဤလူသားသည် ရှင်းသန့်သော မျက်နှာအသွင်အပြင်နှင့် ကြည့်လိုက်တိုင်းမှာ နှစ်ခါပြန်၍ငေး၍ကြည့်ချင်ဖွယ်ရာ..
"အင်း..."
"စေလုံလာရင် မောင်သွားတော့မှာ.."
"အင်း.."
စောသိုက်ခေတ်က စကားအချို့အား ပြောရနိုးနိုးပင်...ပါးစပ်ကို ဟလိုက် စိလိုက်နှင့်...
"ဟို မောင်.. မောင့်မယ် သည်လိုခေါ်ရတာ နှုတ်မကျိုးသလို မင်းအတွက်လည်း နေသားကြမယ်မထင်ဘူး.. ဒါပေမဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေးရှိဖို့အတွက် ခုကတည်းက နှုတ်ကျိုးအောင် နေသားကျအောင် လေ့ကျင့်ရမယ်ထင်တယ်..."
"မြတ်ကြည် အဆင်ပြေတာမို့ ရပါတယ်.."
"ဒါဆို မောင့်ကို မောင်လို့ခေါ်ကြည့်စမ်း.."
"ဟမ်..!"
စောသိုက်ခေတ်က ပြုံးပြုံးကလေးကြည့်ခါ မြည်ကြည်ရဲ့ အဖြေကို စောင့်နေပုံ..။ မြတ်ကြည်မှာတော့ လည်ဂုတ်သားဖွေးဖွေးကို တစ်ချက်ဖိရင်း..."အင်း... ေ မောင်..."ဟု ပြန်ဖြေရှာသား..။
ထိုသို့ တိုးဖျော့ဖျော့ လေသံကလေးက အခါတစ်ရာမက နားထောင်ချင်မိသည့် နှစ်လိုဖွယ်ရာ တေးသွားတစ်ပုဒ်နှယ်...
"မောင် မြို့တက်မှာ မြတ်ကြည် ဘာမှာချင်သေးလဲ.."
"မှာချင်တာ..."
"အင်း..."
"မြတ်..မြတ်ကြည် ပြောရင် စိတ်ဆိုးမှာလားဟင်.."
စောသိုက်ခေတ်က စိတ်ဝင်စားသွားဟန် မျက်ခုံးကလေးကြုတ်လို့ကြည့်လာသည်။
"အမှန်တော့ မြတ်ကြည် မြို့အုပ်ဝတ်သလိုမျိုး တိုက်ပုံနဲ့ ပုဆိုး ဝတ်ကြည့်ချင်တယ်.."
"ဘယ်လို....!.."
...................
ကြေညာ.🎉
တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် ficလေးက တစ်ဝက်တစ်ပျက်ကလေးနဲ့ ကမ်းလှမ်းခံရပါတယ် သဘောကျရတဲ့ စာတိုက်ကလေးလည်းဖြစ်နေလို့VVလက်ခံလိုက်ပါတယ်😁
ဖြောင်းဖြောင်းဖြောင်း👏
..........
ဒါကတော့ တစ်ဝက်ပါ ။
နောက်တစ်ဝက်ကို မနက်ဖြန်တင်ပေးပါ့မယ်နော့
တစ်ပိုင်းကို စာလုံးရေ ၃၅၀၀လောက် VVက ရေးပေးရတာမို့ အခုက ၂၂၀၀ကျော်ကျော်ဘဲရှိသေးတာရယ်.. အဲ့တော့ အပိုင်းခွဲတင်ပေးမယ်နော် ၁၁နာရီလဲခွဲပြီ မနက် အလုပ်သွားရမှာမို့လို့ပါ😘
28.3.2021.
11:41pm.