Unicode
အခန်း(၁၄၃) - "ပျော်ရွှင်စွာ" ဆက်နေမယ်
ဒါဆို ရွှယ်ချင်းကရော? သူမကရော တကယ်ပဲ ချန်ထျန်းယောင်နဲ့ ချစ်နေတာ ဟုတ်ရဲ့လား? သူမတကယ်ရော.....ပျော်ရွှင်ရရဲ့လား?
အားးးးး!
ဘာလို့ကိစ္စတွေက ဒီလိုဖြစ်လာရတာလဲ? သူ့တစ်သက်တာလုံးမှာ ပျော်ရွှင်မှုက အရမ်းကို မြန်မြန်ရောက်လာလို့ အရာအားလုံးက သူ့အတွက် အိမ်မက်လိုပဲ ခံစားခဲ့ရတာ။ တကယ်တော့ သူမှားယွင်းနေတာလည်း မဟုတ်သလို အကြောက်လွန်နေတာလည်း မဟုတ်ဘူး။ အရာအားလုံးက အတုအယောင် ဖြစ်နေတာမို့လို့ပဲ။ သူ့ပျော်ရွှင်မှုက သူ့မိသားစုရဲ့ အနစ်နာခံမှုကနေ ရောက်လာတာ။
ရိဟန်က သူ့ခေါင်းလေးအား လက်ဖြင့်အုပ်ထားမိသည်။
သူခံစားခဲ့ရတဲ့ ပျော်ရွှင်မှုတွေ၊ ခေါင်းမာမာနဲ့ ကျင်းယွမ်ကို တွယ်ကပ်ခဲ့မိတာတွေကို သူပြန်စဉ်းစားမိတယ်။ အထူးသဖြင့် သူတစ်ချိန်တုန်းက ခံစားခဲ့ရတဲ့ အထူးတလှယ် ချိုမြိန်မှုတွေ၊ သူ့ကို ရှက်သွေးဖြာလာစေပြီး နှလုံးခုန်နှုန်း မြန်ဆန်လာစေခဲ့တဲ့ အချစ်ကိစ္စတွေကို ပြန်စဉ်းစားမိတော့ စဉ်းစားမိတာနဲ့တင် အရှက်ကွဲပြီး အနေခက်ရှက်ရွံ့သလို ခံစားလာရတယ်လေ။
အိပ်ယာပေါ်က သူ့ရဲ့အလိုဆန္ဒတွေ၊ သူဘယ်လိုမျိုး ကျင်းယွမ်ကို စေ့စေ့စပ်စပ် ရှာဖွေခဲ့ပုံတွေ၊ သူဘယ်လိုမျိုး သာယာခဲ့ပုံတွေနဲ့ သူဘယ်လိုမျိုး ကျင်းယွမ်ရဲ့ လုပ်ရပ်တိုင်းကို လိုက်နာခဲ့ပုံတွေ – အခုတော့ အဲ့ဒီအရာတွေ အားလုံးက သူ့မျက်နှာကို အရှက်တရားများနဲ့သာ နီမြန်းလာစေသည်။ အခုချိန်မှာ နတ်ဘုရားတွေက သူ့ကို အပေါက်တစ်ခု ဖောက်ပေးပြီး သူအဲ့ဒီထဲမှာ သူ့ကိုယ်သူ မြှုပ်နှံလိုက်ရင်း ဘယ်တော့မှ ထွက်မလာချင်တော့ဘူး။
သူအခု ပြန်လည်မွေးဖွားလာတဲ့ အချိန်ပိုင်းလေးကို ပြန်ရောက်သွားချင်တယ်။ ဒါဆို အဲ့ဒီ ပထမဆုံး ရတဲ့ အခွင့်အရေးမှာ သူ့မိသားစုနဲ့ ဝေးရာမှာ ပုန်းအောင်းနေမယ်။ မတော်တဆမှုတစ်ခုခုကြောင့် သူသေသွားပြီလို့ သူတို့ကို ထင်မြင်စေတာကတောင် ပိုကောင်းဦးမယ်။ သူတို့တွေ အချိန်ခဏလေးပဲ နာကျင်ရပြီး သူကတော့ အရိပ်ထဲမှာ ပုန်းအောင်းရင်း သူနောင်တရမိတဲ့ အရာအားလုံးကို ပြောင်းလဲဖို့ အကောင်းဆုံး ကြိုးစားနေတဲ့အချိန်မှာ သူတို့တွေ ဘဝသစ် စနိုင်လိမ့်မယ်။
တကယ်တော့ လက်ရှိအခြေအနေအတိုင်းပဲ အားလုံးအဆင်ပြေတယ်။ ပိုင်ယန်နဲ့ ကျောင်းဟွာတို့လည်း ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်နေကြလိမ့်မယ်။ သူလည်း တောင်ဘက်ပိုင်းမှာ မြေနေရာတစ်ချို့ ဝယ်ထားနိုင်ပြီ။ ပိုင်အုပ်စုကလည်း အဆင်ပြေပြေသွားနေတယ်။ ပိုင်မိသားစုသာ မပြိုလဲသွားသ၍ နောက်ထပ် အဖြစ်ဆိုးတွေ ရှိလာတော့မှာ မဟုတ်ဘူး။
ရွှယ်ချင်း....အကယ်၍ သူမသာ ချန်ထျန်းယောင်နဲ့ တကယ်ချစ်နေတာ ဆိုရင် အဲ့ဒါက အံ့သြဖို့ကောင်းတာပေါ့, အဲ့ဒီလူကလည်း သူမကို ချစ်နေတာပဲလေ
အကယ်၍.....သူတို့ရဲ့ ချစ်ခြင်းမေတ္တာကသာ ဒီအတိုင်း အပေါ်ယံပြရုံလောက် ဆိုရင်တော့ အရာအားလုံးက ရိဟန်သာ မရှိဘူးဆိုရင် အားလုံး ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားလိမ့်မယ်
သူ့ရဲ့ နာကျင်နေတဲ့ မျက်လုံးများကသူ့အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်က စားပွဲခုံပေါ်က ဖန်ခွက်ပေါ်မှာ အခြေကျသွား၏။ ကျင်းယွမ်က ဒီအချိန်ဆို အခန်းထဲ မရောက်လာလောက်သေးဘူး။ သူသေချာပေါက် အောင်မြင်လိမ့်မယ် ဟုတ်တယ်မှတ်လား?
ရိဟန်က ထရပ်လိုက်ပြီး ဖန်ခွက်ရှိရာသို့ သူ့ကိုယ်သူ ဆွဲသွားသည်။ ၎င်းသည် လူစားထိုး ခံလိုက်ရသလိုပင်။ သူ့မျက်လုံးများက ဖန်ခွက်ကိုသာ စိုက်ကြည့်နေသည်မှာ ကျင်းယွမ်ကို ကြည့်နေသလိုမျိုးပဲ။ အေးခဲတောင့်တင်းနေသည့် လက်ချောင်းများက ချောမွေ့သည့် ဖန်ခွက်ဆီသို့ ရောက်သွားသည်။
သူ့ကိုယ်သူ လှောင်ပြောင်သည့် ရယ်သံခပ်တိုးတိုးက သူ့နှုတ်ခမ်းဆီမှ ထွက်ပေါ်လာလေ၏။ သူ့အခန်းထဲမှာ အခုချိန်ထိ အချွန်အထက် ပစ္စည်းတစ်ခုတောင် မတွေ့ရတာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒီတစ်ခန်းလုံးမှာ ဖန်နဲ့ လုပ်ထားတာဆိုလို့ သူသောက်ထားတဲ့ ဒီဖန်ခွက်တစ်ခုပဲရှိတယ်။ ဒါတွေအားလုံးက သူသတ်သေမှာကို သူတို့ကြောက်နေကြလို့ပေါ့။
သူတို့က သူသတ်သေမှာကို ကြောက်ကြတယ်။ ဟုတ်တယ်.... လူတိုင်းက သူသတ်သေဖို့ ကြိုးစားမှာကို ကြောက်လို့ လုပ်ခဲ့ကြတာ။ အခုချိန် သူ သေသွားခဲ့ရင် သူတို့လုပ်ခဲ့သမျှ အရာမရောက်ဘူး ဖြစ်သွားမှာ မဟုတ်ဘူးလား?
သူက ဖန်ခွက်အား ညင်ညင်သာသာ ပြန်ချထားလိုက်သည်။
သူသေလို့ မဖြစ်ဘူး။ သူနာကျင်လို့တောင် မဖြစ်ဘူး။ သူအသက်ဆက်ရှင်ရမယ်။ သူ့မိသားစုက သူဆက်ပြီး အသက်ရှင်နိုင်ဖို့၊ သူပျော်ရွှင်နိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လုပ်ခဲ့ကြရတာ။ ဒါကြောင့် သူ'ပျော်ရွှင်စွာ' ဆက်နေသင့်တယ်
သူကြားလိုက်ရတဲ့ စကားဝိုင်းကို ပြန်စဉ်းစားမိသည်။
သူပြန်ကောင်းလာပြီ ဆိုတာနဲ့ မကြာခင်လုံးဝကောင်းသွားတော့မယ်လို့ ဒေါက်တာကျိုးပြောတာကို သူ့အမေ၊သူ့အဖေနဲ့ ကျင်းယွမ်တို့ ကြားသွားတဲ့အချိန်မှာ သူတို့အရမ်းဝမ်းသာသွားကြတာ။ သူတို့ကလက်ရှိ အခြေအနေကို ပျော်နေကြတာ ဟုတ်တယ်မှတ်လား? သူကဒီအတိုင်း ပုပ်ပွနေတဲ့ အသားပိုင်းတစ်စပဲလေ။ အဲ့ဒါကြောင့် သူ့ကိုယ်သူ စတေးလိုက်တော့ရော ဘာဖြစ်မှာလဲ? ဘယ်လိုပဲဖြစ်ဖြစ် ကျင်းယွမ်နဲ့အတူ သရုပ်ဆောင်ရတာက ဂုဏ်ယူစရာပဲဟာ။ သူက ကျင်းယွမ်ကို အဓိကအသုံးချနေတာပဲ.....
ဒီအချိန်လေးကို တန်ဖိုးထား ပိုင်ရိဟန်။ မင်းသာ 'ကောင်း' သွားတာနဲ့ ကျင်းယွမ်က သူ့ 'ပုံမှန်' ဘဝကို ပြန်သွားတော့မှာ။ အဲ့ဒီအချိန်ရောက်မှ နာကျင်သလို မလုပ်ပြနဲ့။ ရယ်စရာကောင်းတဲ့ အငိုမျက်နှာနဲ့ သူတို့ကို ဝမ်းမနည်းစေသင့်ဘူး။ ပြုံးပြီးတော့ပဲ သူတို့အတူတူ နေနိုင်မယ့် ပျော်ရွှင်စရာ အနာဂတ်လေးကို ဆုတောင်းပေးရမယ် ဟုတ်ပြီလား? မင်းဘက်က အချိန်တွေ ယူထားတာ လုံလောက်နေခဲ့ပြီပဲ
သူထင်ထားတဲ့အတိုင်းပဲ အသက်ရှင်သန်နေတာက သူ့ရဲ့ အကြီးမားဆုံး အပြစ်ဒဏ်ပဲ။
ရိဟန်က စက်ရုပ်တစ်ရုပ်လိုမျိုး ငေးကြောင်ကြောင်ဖြင့် ကုတင်ဆီတက်သွားပြီး ထိုအပေါ်မှာ ဖြည်းညှင်းစွာ လှဲချလိုက်ကာ မျက်လုံးများ မှိတ်ထားလိုက်တော့သည်။ သူ့ကိုကြည့်ရတာ အခန်းထဲက ဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူးသလိုပင်။
ပိုင်ရိဟန်, မင်းကဘာကို သနားစရာကောင်းသလို လုပ်နေရတာလဲ? မင်းကိုလူတိုင်း ချစ်ကြတယ်လေ။ မင်းပျော်ရမှာ
ငါ....ပျော်ရွှင်တယ်
***
ကျင်းယွမ်က ဒေါက်တာကျိုးအား ပြန်ပို့ပြီးနောက်မှာ ပိုင်ဖုရဲန်၏ စာကြည့်ခန်းထဲ ပြန်သွားပြီး ရိဟန်၏ မိဘများနဲ့ မိနစ်အနည်းငယ် စကားပြောလိုက်သည်။ ထို့နောက် ရိဟန်ရဲ့ အခန်းဆီ ပြန်သွားသောအခါ လူငယ်လေးက အိပ်ပျော်နေဆဲဖြစ်ကြောင်းမြင်လိုက်ရ၏။ ကျင်းယွမ်သည် မနေ့ညက အရမ်းဆိုးမိသွားသည့် သူ့ကိုယ်သူ မနေနိုင်စွာ ဆူဆဲမိသည်။ သူတောင်းဆိုတာ အရမ်းများသွားခဲ့တယ်။
အခု သူ့အဖိုးတန်လေး ဘယ်လောက်တောင် ပင်ပန်းနေလဲ ကြည့်ပါဦး
သူက ကုတင်ပေါ်မှာ ထိုင်ချလိုက်သည်။ ရိဟန်ရဲ့ မျက်နှာပေါ် ဝဲကျနေသည် ဆံချည်မျှင်လေးများအား ဖယ်ရှားပေးရန် သူ့လက်အား ချစ်မြတ်နိုးစွာ ဆန့်ထုတ်လိုက်လေသည်။
သူတို့နောက်ဆုံးတော့ ရိဟန်ရဲ့ မိဘတွေဆီက ကောင်းချီးပေးမှုကို ရခဲ့ပြီ။ ကျင်းယွမ်ရဲ့ နှလုံးခုန်သံက မြန်ဆန်နေသည်။ အကယ်၍ ရိဟန်သာ နိုးနေရင် ကျင်းယွမ်က သူ့ကို propose လုပ်ဖို့ စိတ်အားထက်သန်နေခဲ့မှာ။ သူ့အနေနဲ့ အခုချက်ချင်း လက်ထပ်မှတ်ပုံ မတင်နိုင်သေးတာကိုတောင် မုန်းတီးမိတယ်။ သူ့ကို ရိဟန်ရဲ့ တရားဝင် လက်တွဲဖော်ဖြစ်စေမယ့် အဲ့ဒီ ခွင့်ပြုချက် စာရွက်ပိုင်းလေးကို သူအရမ်းလိုချင်နေပြီ။ သူတို့ကို မိသားစု အစစ်အဖြစ် ပြောင်းလဲပေးမယ့် အဲ့ဒီစာရွက်လေးကိုပေါ့။
သူ့လက်ချောင်းလေးများက ရိဟန်ရဲ့ နှာခေါင်းထိပ်လေးကို ထိလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"အသေးလေး, နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာပဲ, ပင်ပန်းနေတာလား?"
အရမ်း ပင်ပန်းနေတယ် ဆိုတော့လည်း ဒီညတော့ ကိုယ်လွှတ်ပေးလိုက်ပါ့မယ်လေ
ရိဟန်ရဲ့ မျက်နှာက ဖြူဖျော့သွားသည်။
သူ့ချစ်သူ အေးနေတာများလား? ကျင်းယွမ်က အဲယားကွန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး remote ဖြင့် အပူချိန်ကို နှစ်ဆင့်လောက် တိုးလိုက်သည်။ ထို့နောက် စောင်ကို ပိုမြင့်မြင့် ဆွဲယူကာ ရိဟန်ကို လုံလုံခြုံခြုံ ဖုံးအုပ်ပေးလိုက်လေသည်။ သူက အိပ်ယာပေါ်မှာ အချိန်ကြာမြင့်စွာ ထိုင်နေ၏။ နာရီကို တစ်ချက်ကြည့်လိုက်တော့ ရုံးသွားရတော့မည့် အချိန်ဖြစ်ကြောင်း ပြောနေလေပြီ။ ရိဟန်၏ ယနေ့ ကုထုံးကိစ္စကြောင့် အချိန်အေတာ်လေး နှောင့်နှေးခဲ့ရသည်။
ဒါပေမဲ့ ရိဟန်က အိပ်ပျော်နေတုန်းလေ။ သူ့ချစ်သူကို သူမနှိုးရက်ဘူး။ အကယ်၍ ကားထဲကို ချီပြီး သယ်သွားရင်လည်း ဒီလူက သေချာပေါက် နိုးလာမှာပဲ။ အဲ့ဒါက ရိဟန်ကို အခုနှိုးလိုက်တာနဲ့ ဘာများ ကွာခြားဦးမှာလဲ? ဒီနေ့ သူတစ်ယောက်တည်းပဲ အလုပ်သွားရတော့မှာလား?
ဟင့်အင်း မဟုတ်ဘူးလေ! အား! အားလုံး သူ့အမှားပဲ။ ဘာလို့မနေ့က သူ့ကိုယ်သူ မထိန်းချုပ်လိုက်နိုင်တာလဲ? ဘာလို့သူ ဟန်ဟန်ကို ပင်ပန်းသွားအောင် လုပ်လိုက်မိတာလဲ?
ဘယ်လိုပဲဖြစ်ဖြစ်ပါ ဆရာဝန်ကလည်း ဟန်ဟန်ကို ကိုယ်ပိုင် အချိန်နေရာလေး ပေးသင့်တယ်လို့ ပြောခဲ့တာပဲလေ။ သူ့ချစ်သူက ငယ်ရွယ်နေသေးပြီး လျှောက်ဆော့ရတာလည်း နှစ်သက်တယ်။ အကယ်၍ သူသာ အိမ်ထဲမှာပဲ တစ်ချိန်လုံး ချုပ်နှောင်ထားမယ် ဆိုရင် ဟန်ဟန်တစ်ယောက် စိတ်ရှုပ်နေမှာပဲ ဟုတ်တယ်မှတ်လား?
ဒါဆို.....ရိဟန်ကို မနက်ဖြန်မှပဲ ရုံးခေါ်သွားရတော့မှာပဲ။ဟား... သူအန်တီယန်းကိုတော့ ပြောခဲ့မှပဲ။ ဟန်ဟန်က နိုးလာတာနဲ့ သူ့ကိုရှာမှာ! အိုး, ငါက တော်တော်လေး သနားစရာပါလား။ တစ်ယောက်တည်း အထီးကျန်စွာနဲ့ အလုပ်သွားလုပ်ရတော့မယ်။ ဒါက ကြားရတဲ့သူတိုင်းကို စိတ်မကောင်းဖြစ်စေနိုင်တဲ့ ပုံပြင်တစ်ပုဒ်ပဲ။
သူက မသွားခင်မှာ ရိဟန်ကို နမ်းသွားချင်သော်လည်း တစ်ဖက်လူကို နှိုးမိသွားမှာစိုးရိမ်မိသည်။ သူလုပ်နိုင်သမျှက ရိဟန်ရဲ့ လည်တိုင်နားကို တိုးကပ်သွားပြီး သူ့ရနံ့ကို အဝရှုရှိုက်လိုက်ခြင်းသာ။
ဘာလို့ ဟန်ဟန်က ဒီလောက်မွှေးရတာလဲ? သူတို့က ရေချိုးဆပ်ပြာ အတူတူသုံးတာတောင်မှလေ! ရိဟန်က ရေမွှေးတွေ colognes တွေလည်း သုံးတာမဟုတ်ဘူး! ဒါက ဆွဲဆောင်မှု ပြည့်ဝတယ် ဆိုတဲ့ ဒဏ္ဍာရီလာ ရနံ့များလား? အာ, ဒီစွဲဆောင်မှု ရှိလွန်းနေတဲ့ အကောင်ပေါက်လေးကတော့ !
စောင်နဲ့ လုံးနေတဲ့ သူ့ချစ်သူကို ကြည့်ရင်း ကျင်းယွမ်မှာ သူ့ခြေထောက်များကို မရွှေ့ရှားနိုင်သည်အား ရှာတွေ့သွားရသည်။ သူက လှုပ်တုတ် လှုပ်တုတ်နဲ့သာ နေရာရွှေ့နေမိသည်။ ရိဟန်က အခုချက်ချင်း မနိုးလာနိုင်သေးဘူး ဆိုတာကို သိတဲ့အခါမှာတော့ နောက်ဆုံးမှာ ခြေတစ်လှမ်းကို သုံးကြိမ်လောက် ပြန်လှည့်ကြည့်သည့် ပုံစံဖြင့် အလွန်အမင်း တုံ့ဆိုင်းစွာ ထွက်သွားတော့သည်။
တံခါးက 'ချပ်' ဆိုတဲ့ အသံနဲ့ ပိတ်သွားသည်။ ၎င်းက အလွန်အမင်း တိုးညှင်းလှသည့် အသံလေးပင်။ အဲ့ဒါက ကျင်းယွမ်ရဲ့ ကြင်နာသော နွေးထွေးမှုလေးဖြစ်သည်။
ရိဟန်က မျက်လုံးများပွင့်လာသည်။ သူ့မျက်လုံးများထဲမှာ အခုမှ အိပ်ယာနိုးလာတဲ့ ပုံစံမျိုး လုံးဝရှိမနေ။ သူ့မျက်နှာကတော့ ပျော်ရွှင်မှုရော ဝမ်းနည်းမှုပါ မရှိပဲ ဗလာဖြစ်နေသည်။ သူ့ကို ကြည့်ရတာ အတော်လေး တည်ငြိမ်နေတာပင်။ သူက အိပ်ယာပေါ်မှာသာ တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ သူ့မျက်လုံးများက မျက်နှာကြက်မှ တွဲလောင်းကျနေသည့် မီးဆိုင်းကိုသာ စူးစိုက်ကြည့်နေသည်။ ကြွက်သားလေးတစ်ခုတောင် မလှုပ်လာဘူး။
တစ်နာရီလောက်ကြာမှ အိပ်ယာက ထလာသည်။ ဗလာဖြစ်နေသည့် အမူအယာဖြင့်ပင် သူ့ကိုယ်သူ ဆေးကြောသန့်စင်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်နေ၏။ သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပြီးမှသာ တံခါးကိုဖွင့်ပြီး အခန်းထဲက ထွက်လာသည်။
သူတံခါးဆွဲဖွင့်လိုက်သည့် တစ်ခဏမှာပင် ရိဟန်ရဲ့ မျက်နှာပေါ်မှာ တောက်ပသည့် အပြုံးလေးတစ်ခု ပေါ်လာသည်။ သူက သူ့အမေ TV ကြည့်နေသည့် နေရာသို့ အမြန်အဆန်ပင် ခုန်ဆင်းသွားသည်။
"ဟန်ဟန် နိုးလာပြီလား" အမေက ဝမ်းသာအားရဖြင့် လက်ကမ်းသည်။
"လာ, အမေ့ဘေးမှာထိုင်, တစ်ရေးတစ်မော အိပ်နေတာ တော်တော်ကြာတာပဲ, မနေ့ညက ကောင်းကောင်း မအိပ်ရလို့လား? ဗိုက်ဆာနေပြီလား?"
"အရမ်းအိပ်လို့ကောင်းသွားလို့" ရိဟန်က သူမဘေးမှာ ဝင်ထိုင်လိုက်ပြီး ယခင်သူလုပ်နေကြအတိုင်း သူမ လက်မောင်းကို ဖက်တွယ်လိုက်သည်။
"ကျွန်တော်လုံးဝ ဗိုက်မဆာသေးဘူး"
အမေက သူ့လက်လေးကို ပုတ်ပေးပြီး ပြန်ပြုံးပြသည်။
"လူကြီးဖြစ်နေပြီကို အခုထိ ငါ့ရှေ့မှာ ချစ်စရာကောင်းသလို လုပ်နေတုန်းပဲ, နေ့လည်စာ စားချိန်တောင် နီးနေပြီ, အကယ်၍ ဗိုက်မဆာသေးဘူးဆိုရင် နေ့လည်စာ အဆင်သင့်ဖြစ်တဲ့အထိ စောင့်လိုက်ကြတာပေါ့, အန်တီယန်းက ဒီမနက်က စွပ်ပြုတ်ချက်ပေးထားတယ်, နေ့လည်ထိ အစာခံအောင် တစ်ပန်းလောက် ယူလာခိုင်းလိုက်ရမလား?"
ရိဟန်က သူ့အမေရဲ့ လက်မောင်းကို မှီတွယ်ထားသည့် ပုံစံကို ထိန်းသိမ်းထားရင်း ပြန်ဖြေသည်။
"ရပါတယ်, နေ့လည်စာထိ စောင့်လို့ရတယ်, အခုချိန် စွပ်ပြုတ် သွားသောက်လိုက်ရင် ပြီးရင် နေ့လည်စာ မစားနိုင်ပဲ နေလိမ့်မယ်"
"အင်း,သားပြောတာမှန်တယ်" အမေက ခေါင်းညိတ်ထောက်ခံသည်။
"ဟုတ်သား, ကျင်းယွမ်က သားတစ်ရေး တစ်မောအိပ်နေတာကို မနှိုးရက်လို့ သူ့ဘာသာသူ ရုံးသွားလိုက်တယ်, သူပြောတာတော့ နိုးလာတာနဲ့ သားက သူ့ကိုရှာမှာတဲ့"
မနှိုးရက်ဘူး? ဟုတ်တာပေါ့လေ တကယ်တော့လည်း ကျင်းယွမ်က သူ့ကို အရမ်းချစ်တဲ့ဟာ။ ရိဟန်က သူ့အတွက် အချစ်ရဆုံး ညီလေးပဲမှတ်လား။ ဒါပေမဲ့ အဲ့ဒါက အကုန်မဟုတ်ဘူးလေ ဟုတ်တယ်မှတ်လား? ပိုပြီးအရေးကြီးတာက ကျင်းယွမ်က အခုဆို သူ့ကိုတစ်ချိန်လုံး ကပ်တွယ်နေပေးစရာ မလိုတော့ဘူးလို့ ဒေါက်တာကျိုး ပြောသွားခဲ့တာပဲ။ ကျင်းယွမ်က အခုဆို သူ့ကိုယ်ပိုင် နေရာ သူ့ကိုယ်ပိုင် အချိန်ကို ပိုင်ဆိုင်ရနိုင်ပြီ။ အခုဆို သူပိုပြီး စိတ်ဖိစီးမှု နည်းသွားမှာ မဟုတ်ဘူးလား?
စိတ်မပူပါနဲ့ ငါ မကြာခင် 'ပြန်ကောင်းလာမှာပါ'။ နည်းနည်းလောက်ပဲ သည်းခံပေး
နှစ်ပတ်တာက မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့ပြီး လူကြီးမင်းပိုင်၏ မွေးနေ့ပွဲကို ရောက်လာခဲ့သည်။ပိုင်မိသားစုသည် အနောက်ပိုင်းခရိုင်မှ အိမ်ကြီးသို့ ပါတီပွဲမစမီ တစ်ရက်အလိုတွင် ရောက်ရှိလာကြသည်။ တစ်မိသားစုလုံး စကားစမြည်ပြောဆိုရင်း တစ်ရုန်းရုန်းဖြစ်နေ၏။ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ပဲ။
ကျင်းယွမ်သည် သူ့ဘေးမှာ ပြုံးနေသည့် ရိဟန်ကိုကြည့်ရင်း သူ့မျက်ခုံးနှစ်ဖက်က အနည်းငယ် စုကြုံ့သွားရသည်။ သူခံစားနေရတဲ့ ထိတ်လန့်စရာ ခံစားချက်ကို ဘေးဖယ်မထားနိုင်ဘူး ဖြစ်နေတယ်။ လတ်တလောမှာ ရိဟန်နဲ့ ပတ်သတ်ပြီး တစ်ခုခု လွဲမှားနေတယ်လို့ သူ့ပင်ကိုယ်သိစိတ်က ပြောနေတယ်။ ဒါပေမဲ့ လူငယ်လေးကတော့ သူ့ပုံမှန် ပုံစံအတိုင်းပဲ ပြုမူပြောဆိုနေတာ။
သူက ဒေါသထွက်ပြတယ်၊ ပျော်ရွှင်နေတယ်၊ ကျင်းယွမ်အပေါ်မှာ ကျိုးနွံခြင်းတွေ ချစ်စရာကောင်းခြင်းတွေနဲ့ ချစ်ခင်နှစ်သက်စွာ ပြုမူပြောဆိုတယ်။ ဘယ်အရာကမှ ခြားနားမနေဘူး။ အနည်းဆုံးတော့ အရာအားလုံးက ကြည့်ရတာ ပုံမှန်အတိုင်းပဲ။ အဲ့ဒီလိုဆိုရင်တောင် သူ့အတွင်းစိတ် အနက်ရှိုင်းဆုံး တစ်နေရာမှာတော့ သူနဲ့ ဟန်ဟန်ကြားမှာ ပြောင်းလဲမှု နည်းနည်း ရှိနေတယ်လို့ ကျင်းယွမ် ခံစားနေရတယ်။
ဥပမာအားဖြင့် - သူတို့ဆက်ဆံတဲ့ အခါမှာ
မတိုင်ခင်တုန်းကဆိုရင် သူတို့ တွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ခြင်းတရားကို ဖော်ကြူးကြတယ်။ ရိဟန်က သူ့ကို အိပ်ယာပေါ်မှာဆို ဆိုးသွမ်းအောင် အလိုလိုက်ထားတာ။ သူသာ တောင်းဆိုလိုက်ရင် ပြီးတော့ အလွန်အကျူးသာ မလုပ်ဘူးဆိုရင် ရိဟန်က သူ့ဆန္ဒအတိုင်း လိုက်လျောပေးတယ်။ အခုတစ်လောတော့ ရိဟန်က ရှိသမျှ အကြောင်းပြချက်တွေ အားလုံးသုံးပြီး သူ့ကိုငြင်းဆန်နေတယ်။
ဟုတ်ပါတယ်၊ နှစ်ဖက်စလုံးက ဆန္ဒရှိမှပဲ ဒီလိုကိစ္စတွေ လုပ်သင့်တယ်။ အဲဒါက ချစ်ခြင်းမေတ္တာရဲ့ အနှစ်သာရပဲလေ။ ရိဟန်ကို သူလုံးဝ အတင်းအကျပ် မလုပ်ချင်ဘူး။ တဖက်လူက မလိုချင်သ၍ ကျင်းယွမ်က ထိုလူကို အတင်းအကြပ် လုပ်ခြင်းထက် သူ့ဘာသူပဲ တောင့်ခံပြိး တစ်ဖက်လူရဲ့ ဆန္ဒအတိုင်း နေပေးမှာ။ နှစ်ပတ်ကြာပြီးတဲ့အချိန်မှာ သူတို့ တစ်ခါပဲ လုပ်ခဲ့တယ်။ အဲ့ဒါကလည်း သိပ်ပျော်စရာကောင်းတဲ့ အဖြစ်မဟုတ်ခဲ့ဘူး။ရိဟန်က ထိုလှုပ်ရှားမှုထဲမှာ သူ့နှလုံးသားတစ်ခုလုံး ထည့်မထားဘူးလေ။
ဒိလူက စိတ်လှုပ်ရှားနေပုံရပေမယ့် တစ်နည်းနည်းနဲ့ ငြင်းဆန်နေပုံရတယ်။ သူက အထွတ်အထိပ်ကိုတောင် မရောက်သွားဘူး။ အကယ်၍ ဆက်ဆံခြင်းသာ ဒီလိုပုံစံဆိုရင် သူတို့ မလုပ်ဘူး ဆိုရင်တောင် အရေးမကြီးတော့ဘူး။
တစ်ယောက်နဲ့တစ်ယောက် ဒီအတိုင်းဖက်ပြီး အတူတူအိပ်နေရရင်တောင် အဆင်ပြေနေပြီပဲ။ ရိဟန်က သူ့ဘေးမှာ ရှိနေပေးတယ်။ တစ်ဖက်လူက သူ့ရုံးကို လိုက်လာဖို့ တွန့်ဆုတ်နေခြင်းက တစ်ဖြည်းဖြည်း တိုးပွားလာပေမယ့် သူ့ကိုတော့ ပုံမှန်အတိုင်း ဆက်ဆံပေးနေတုန်းပဲ။ ရိဟန်က မကျေနပ်မှုတောင် လုံးဝမပြဘူး။ ဒါက စိတ်ဖိစီးမှုနဲ့ ပျင်းရိမှုကြောင့် ဒီလိုဖြစ်တာ နေမှာပါလို့ပဲ ကျင်းယွမ်က သူ့ကိုယ်သူ ဆက်တိုက် သတိပေးနေခဲ့ရတာ။ ဖြစ်နိုင်တာ ရိဟန်က အချိန်အကြာကြီး ထိန်းချုပ်ခံထားရပြီး အရမ်းတင်းကြပ် ခံထားရလို့ ဖြစ်မှာပါ။
ဟန်ဟန်အနေနဲ့ သူ့ကိုယ်ပိုင် နေရာကို လိုချင်တာ လွတ်လပ်မှု တစ်ခုခုကို ရရှိချင်တာက မထူးဆန်းဘူး။ ရုံးမှာဆိုရင် ကျင်းယွမ်က အလုပ်လုပ်နေရတာ။ အချိန်အများစုမှာ သူဟန်ဟန်နဲ့ အပြင်မထွက်ပေးနိုင်ခဲ့ဘူး။ သူ့ချစ်သူက ပျင်းလာတာ ဖြစ်ပါလိမ့်မယ်။ ဟန်ဟန် သူနဲ့ အလုပ်ကို မလိုက်ချင်ဘူး ဆိုတာက ပုံမှန်ပါပဲ။
အဲ့ဒီလိုဆိုရင်တောင် သူ့ရဲ့ စိတ်မသက်မသာ ဖြစ်မှုတွေက မဖယ်ရှားသွားဘူး။ ကျင်းယွမ်က အွန်လိုင်းပေါ်မှာတောင် နာမည်ဝှက်တစ်ခုနဲ့ သွားမမေးပဲ မနေနိုင်ခဲ့ဘူး။ ရလာတဲ့ အဖြေတွေ အားလုံးကတော့ အရမ်းဆိုးဝါးလွန်းတယ်လေ။ သူတို့အားလုံးက တူညီတဲ့ အရာတစ်ခုကိုပဲ ပြောကြတယ်;
-- မင်းချစ်သူက မင်းခန္တာကိုယ်ကို မတောင့်တတော့ဘူး ဆိုရင်မင်းကို မတွယ်ကပ်နေချင်တော့ဘူး ဆိုရင် အခြေခံအားဖြင်တော့ မင်းတော့သွားပြီ ဆိုတာပဲ
ကျင်းယွမ်က ထိုရလဒ်ကြောင့် အတော်လေး မပျော်မရွှင် ဖြစ်မိသည်။ သူ့ဟန်ဟန်က သူ့အပေါ် ကောင်းတာ သိသာနေတာကို။ ဟန်ဟန်ကသူ့ကို ဂရုစိုက်တယ်၊ သူ့ကိုမှီခိုတယ်၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆက်ဆံတဲ့အခါမှာလည်း ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဘာလို့ မသာယာမှုတွေ ပိုတိုးလာရတာလဲ?
ထိုအတွေးကြောင့် ကျင်းယွမ်သည် ရိဟန်ရဲ့ လက်ကို မထိန်းချုပ်နိုင်စွာဖြင့် ဆုပ်ကိုင်ချင်မိသွားသည်။ သို့သော်လည်း မတော်တဆ လှုပ်ရှားလိုက်ပုံပေါက်သည့် ရိဟန်ရဲ့ လက်လှုပ်ရှားမှုကြောင့် ကျင်းယွမ်ရဲ့ လက်က လွဲချော်သွားရ၏။
ဟုတ်သားပဲ, ရိဟန်ရဲ့ မိသားစုဝင်တွေ အကုန်လုံး ဒီမှာရှိနေတာ။ သူတို့က ချစ်သူတွေဆိုတာ သူတို့သိနေရင်တောင် တစ်ချိန်လုံး လက်ကိုင်ထားဖို့က မသင့်တော်ဘူးလေ။ ကျင်းယွမ်ရဲ့ လက်ချောင်းများက လက်သီးတစ်ခုအဖြစ် ဆုပ်သွားပြီးမှ ရိဟန်ကို ကြည့်ရင်း ပြန်ဖြေလျော့လိုက်သည်။
တစ်ဖက်လူရဲ့ မျက်နှာက အရင်အတိုင်းပင်။ ဘာမှန်းမသိသော အကြောင်းပြချက် တစ်ခုကြောင့် ကျင်းယွမ်၏ နှလုံးသားက ထိတ်လန့်တုန်လှုပ်လာသည်။ သူကလက်ချောင်းများကို ဆုပ်လိုက် ဖြေလျော့လိုက် လုပ်နေမိ၏။ ကြိမ်ဖန်များစွာ ထိုအပြုအမူကို ထပ်ခါတလဲလဲ လုပ်ခဲ့သော်လည်း သူ့ကိုယ်သူ မထိန်းထားနိုင်ပေ။ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ရိဟန်၏လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူ့စိတ်ထဲမှာ ရှိနေသည့် စိတ်ရှုပ်ထွေးမှုများနဲ့ စိတ်မသက်မသာ ဖြစ်ခြင်းကို သက်သာစေရန် တစ်ခုတည်းသောနည်းလမ်းမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှ ဖြစ်သည်ဟု ခံစားရသောကြောင့်သာ။
28.5.2022
===============
Zawgyi
အခန္း(၁၄၃) - "ေပ်ာ္႐ႊင္စြာ" ဆက္ေနမယ္
ဒါဆို ရႊယ္ခ်င္းကေရာ? သူမကေရာ တကယ္ပဲ ခ်န္ထ်န္းေယာင္နဲ႔ ခ်စ္ေနတာ ဟုတ္ရဲ႔လား? သူမတကယ္ေရာ.....ေပ်ာ္ရႊင္ရရဲ႔လား?
အားးးးး!
ဘာလုိ႔ကိစၥေတြက ဒီလိုျဖစ္လာရတာလဲ? သူ႔တစ္သက္တာလံုးမွာ ေပ်ာ္ရႊင္မွုက အရမ္းကို ျမန္ျမန္ေရာက္လာလုိ႔ အရာအားလံုးက သူ႔အတြက္ အိမ္မက္လိုပဲ ခံစားခဲ့ရတာ။ တကယ္ေတာ့ သူမွားယြင္းေနတာလည္း မဟုတ္သလို အေၾကာက္လြန္ေနတာလည္း မဟုတ္ဘူး။ အရာအားလံုးက အတုအေယာင္ ျဖစ္ေနတာမို႔လို႔ပဲ။ သူ႔ေပ်ာ္ရႊင္မွုက သူ႔မိသားစုရဲ႔ အနစ္နာခံမွုကေန ေရာက္လာတာ။
ရိဟန္က သူ႔ေခါင္းေလးအား လက္ျဖင့္အုပ္ထားမိသည္။
သူခံစားခဲ့ရတဲ့ ေပ်ာ္ရႊင္မွုေတြ၊ ေခါင္းမာမာနဲ႔ က်င္းယြမ္ကို တြယ္ကပ္ခဲ့မိတာေတြကို သူျပန္စဥ္းစားမိတယ္။ အထူးသျဖင့္ သူတစ္ခ်ိန္တုန္းက ခံစားခဲ့ရတဲ့ အထူးတလွယ္ ခ်ိဳျမိန္မွဳေတြ၊ သူ႔ကို ရွက္ေသြးျဖာလာေစျပီး နွလံုးခုန္နွုန္း ျမန္ဆန္လာေစခဲ့တဲ့ အခ်စ္ကိစၥေတြကို ျပန္စဥ္းစားမိေတာ့ စဥ္းစားမိတာနဲ႔တင္ အရွက္ကြဲျပီး အေနခက္ရွက္ရြံ႔သလို ခံစားလာရတယ္ေလ။
အိပ္ယာေပၚက သူ႔ရဲ႔အလိုဆႏၵေတြ၊ သူဘယ္လိုမ်ိဳး က်င္းယြမ္ကို ေစ့ေစ့စပ္စပ္ ရွာေဖြခဲ့ပံုေတြ၊ သူဘယ္လိုမ်ိဳး သာယာခဲ့ပံုေတြနဲ႔ သူဘယ္လိုမ်ိဳး က်င္းယြမ္ရဲ႔ လုပ္ရပ္တုိင္းကို လိုက္နာခဲ့ပံုေတြ – အခုေတာ့ အဲ့ဒီအရာေတြ အားလံုးက သူ႔မ်က္နွာကို အရွက္တရားမ်ားနဲ႔သာ နီျမန္းလာေစသည္။ အခုခ်ိန္မွာ နတ္ဘုရားေတြက သူ႔ကို အေပါက္တစ္ခု ေဖာက္ေပးျပီး သူအဲ့ဒီထဲမွာ သူ႔ကိုယ္သူ ျမွုပ္နွံလိုက္ရင္း ဘယ္ေတာ့မွ ထြက္မလာခ်င္ေတာ့ဘူး။
သူအခု ျပန္လည္ေမြးဖြားလာတဲ့ အခ်ိန္ပိုင္းေလးကို ျပန္ေရာက္သြားခ်င္တယ္။ ဒါဆို အဲ့ဒီ ပထမဆံုး ရတဲ့ အခြင့္အေရးမွာ သူ႔မိသားစုနဲ႔ ေဝးရာမွာ ပုန္းေအာင္းေနမယ္။ မေတာ္တဆမွုတစ္ခုခုုေၾကာင့္ သူေသသြားျပီလို႔ သူတို႔ကို ထင္ျမင္ေစတာကေတာင္ ပိုေကာင္းဦးမယ္။ သူတို႔ေတြ အခ်ိန္ခဏေလးပဲ နာက်င္ရျပီး သူကေတာ့ အရိပ္ထဲမွာ ပုန္းေအာင္းရင္း သူေနာင္တရမိတဲ့ အရာအားလံုးကို ေျပာင္းလဲဖို႔ အေကာင္းဆံုး ၾကိဳးစားေနတဲ့အခ်ိန္မွာ သူတို႔ေတြ ဘဝသစ္ စနုိင္လိမ့္မယ္။
တကယ္ေတာ့ လက္ရွိအေျခအေနအတိုင္းပဲ အားလုံးအဆင္ေျပတယ္။ ပိုင္ယန္နဲ႔ ေက်ာင္းဟြာတို႔လည္း ခ်စ္ျခင္းေမတၱာနဲ႔ ေပ်ာ္ရႊင္ေနၾကလိမ့္မယ္။ သူလည္း ေတာင္ဘက္ပိုင္းမွာ ေျမေနရာတစ္ခ်ိဳ႔ ဝယ္ထားနုိင္ျပီ။ ပိုင္အုပ္စုကလည္း အဆင္ေျပေျပသြားေနတယ္။ ပိုင္မိသားစုသာ မျပိဳလဲသြားသ၍ ေနာက္ထပ္ အျဖစ္ဆိုးေတြ ရွိလာေတာ့မွာ မဟုတ္ဘူး။
ရႊယ္ခ်င္း....အကယ္၍ သူမသာ ခ်န္ထ်န္းေယာင္နဲ႔ တကယ္ခ်စ္ေနတာ ဆိုရင္ အဲ့ဒါက အံ့ၾသဖို႔ေကာင္းတာေပါ့, အဲ့ဒီလူကလည္း သူမကို ခ်စ္ေနတာပဲေလ
အကယ္၍.....သူတို႔ရဲ႔ ခ်စ္ျခင္းေမတၱာကသာ ဒီအတိုင္း အေပၚယံျပရံုေလာက္ ဆိုရင္ေတာ့ အရာအားလံုးက ရိဟန္သာ မရွိဘူးဆိုရင္ အားလံုး ပံုမွန္အတိုင္းပဲ ျပန္ျဖစ္သြားလိမ့္မယ္
သူ႔ရဲ႔ နာက်င္ေနတဲ့ မ်က္လံုးမ်ားကသူ႔အခန္းကို တစ္ခ်က္ ေဝ့ၾကည့္လုိက္သည္။ သူ႔အၾကည့္က စားပြဲခံုေပၚက ဖန္ခြက္ေပၚမွာ အေျခက်သြား၏။ က်င္းယြမ္က ဒီအခ်ိန္ဆို အခန္းထဲ မေရာက္လာေလာက္ေသးဘူး။ သူေသခ်ာေပါက္ ေအာင္ျမင္လိမ့္မယ္ ဟုတ္တယ္မွတ္လား?
ရိဟန္က ထရပ္လုိက္ျပီး ဖန္ခြက္ရွိရာသို႔ သူ႔ကိုယ္သူ ဆြဲသြားသည္။ ၎သည္ လူစားထိုး ခံလုိက္ရသလိုပင္။ သူ႔မ်က္လံုးမ်ားက ဖန္ခြက္ကိုသာ စိုက္ၾကည့္ေနသည္မွာ က်င္းယြမ္ကို ၾကည့္ေနသလိုမ်ိဳးပဲ။ ေအးခဲေတာင့္တင္းေနသည့္ လက္ေခ်ာင္းမ်ားက ေခ်ာေမြ႔သည့္ ဖန္ခြက္ဆီသို႔ ေရာက္သြားသည္။
သူ႔ကိုယ္သူ ေလွာင္ေျပာင္သည့္ ရယ္သံခပ္တိုးတိုးက သူ႔နွုတ္ခမ္းဆီမွ ထြက္ေပၚလာေလ၏။ သူ႔အခန္းထဲမွာ အခုခ်ိန္ထိ အခ်ြန္အထက္ ပစၥည္းတစ္ခုေတာင္ မေတြ႔ရတာ အ့ံၾသစရာ မဟုတ္ေတာ့ဘူး။ ဒီတစ္ခန္းလံုးမွာ ဖန္နဲ႔ လုပ္ထားတာဆိုလို႔ သူေသာက္ထားတဲ့ ဒီဖန္ခြက္တစ္ခုပဲရွိတယ္။ ဒါေတြအားလံုးက သူသတ္ေသမွာကို သူတို႔ေၾကာက္ေနၾကလို႔ေပါ့။
သူတို႔က သူသတ္ေသမွာကို ေၾကာက္ၾကတယ္။ ဟုတ္တယ္.... လူတိုင္းက သူသတ္ေသဖို႔ ႀကိဳးစားမွာကို ေၾကာက္လို႔ လုပ္ခဲ့ၾကတာ။ အခုခ်ိန္ သူ ေသသြားခဲ့ရင္ သူတို႔လုပ္ခဲ့သမွ် အရာမေရာက္ဘူး ျဖစ္သြားမွာ မဟုတ္ဘူးလား?
သူက ဖန္ခြက္အား ညင္ညင္သာသာ ျပန္ခ်ထားလုိက္သည္။
သူေသလို႔ မျဖစ္ဘူး။ သူနာက်င္လို႔ေတာင္ မျဖစ္ဘူး။ သူအသက္ဆက္ရွင္ရမယ္။ သူ႔မိသားစုက သူဆက္ျပီး အသက္ရွင္နုိင္ဖို႔၊ သူေပ်ာ္ရႊင္နုိင္ဖို႔ ဆုိတဲ့ ေမ်ွာ္လင့္ခ်က္ေတြနဲ႔ လုပ္ခဲ့ၾကရတာ။ ဒါေၾကာင့္ သူ'ေပ်ာ္ရႊင္စြာ' ဆက္ေနသင့္တယ္
သူၾကားလိုက္ရတဲ့ စကားဝိုင္းကို ျပန္စဥ္းစားမိသည္။
သူျပန္ေကာင္းလာျပီ ဆိုတာနဲ႔ မၾကာခင္လံုးဝေကာင္းသြားေတာ့မယ္လို႔ ေဒါက္တာက်ိဳးေျပာတာကို သူ႔အေမ၊သူ႔အေဖနဲ႔ က်င္းယြမ္တို႔ ၾကားသြားတဲ့အခ်ိန္မွာ သူတို႔အရမ္းဝမ္းသာသြားၾကတာ။ သူတို႔ကလက္ရွိ အေျခအေနကို ေပ်ာ္ေနၾကတာ ဟုတ္တယ္မွတ္လား? သူကဒီအတိုင္း ပုပ္ပြေနတဲ့ အသားပိုင္းတစ္စပဲေလ။ အဲ့ဒါေၾကာင့္ သူ႔ကိုယ္သူ စေတးလိုက္ေတာ့ေရာ ဘာျဖစ္မွာလဲ? ဘယ္လိုပဲျဖစ္ျဖစ္ က်င္းယြမ္နဲ႔အတူ သရုပ္ေဆာင္ရတာက ဂုဏ္ယူစရာပဲဟာ။ သူက က်င္းယြမ္ကို အဓိကအသံုးခ်ေနတာပဲ.....
ဒီအခ်ိန္ေလးကို တန္ဖိုးထား ပိုင္ရိဟန္။ မင္းသာ 'ေကာင္း' သြားတာနဲ႔ က်င္းယြမ္က သူ႔ 'ပံုမွန္' ဘဝကို ျပန္သြားေတာ့မွာ။ အဲ့ဒီအခ်ိန္ေရာက္မွ နာက်င္သလို မလုပ္ျပနဲ႔။ ရယ္စရာေကာင္းတဲ့ အငိုမ်က္နွာနဲ႔ သူတို႔ကို ဝမ္းမနည္းေစသင့္ဘူး။ ျပံဳးျပီးေတာ့ပဲ သူတို႔အတူတူ ေနနုိင္မယ့္ ေပ်ာ္ရႊင္စရာ အနာဂတ္ေလးကို ဆုေတာင္းေပးရမယ္ ဟုတ္ျပီလား? မင္းဘက္က အခ်ိန္ေတြ ယူထားတာ လံုေလာက္ေနခဲ့ျပီပဲ
သူထင္ထားတဲ့အတိုင္းပဲ အသက္ရွင္သန္ေနတာက သူ႔ရဲ႔ အၾကီးမားဆံုး အျပစ္ဒဏ္ပဲ။
ရိဟန္က စက္ရုပ္တစ္ရုပ္လုိမ်ိဳး ေငးေၾကာင္ေၾကာင္ျဖင့္ ကုတင္ဆီတက္သြားျပီး ထိုအေပၚမွာ ျဖည္းညွင္းစြာ လွဲခ်လုိက္ကာ မ်က္လံုးမ်ား မွိတ္ထားလုိက္ေတာ့သည္။ သူ႔ကိုၾကည့္ရတာ အခန္းထဲက ဘယ္တုန္းကမွ ထြက္မသြားခဲ့ဘူးသလိုပင္။
ပိုင္ရိဟန္, မင္းကဘာကို သနားစရာေကာင္းသလို လုပ္ေနရတာလဲ? မင္းကိုလူတိုင္း ခ်စ္ၾကတယ္ေလ။ မင္းေပ်ာ္ရမွာ
ငါ....ေပ်ာ္ရႊင္တယ္
***
က်င္းယြမ္က ေဒါက္တာက်ိဳးအား ျပန္ပို႔ျပီးေနာက္မွာ ပိုင္ဖုရဲန္၏ စာၾကည့္ခန္းထဲ ျပန္သြားျပီး ရိဟန္၏ မိဘမ်ားနဲ႔ မိနစ္အနည္းငယ္ စကားေျပာလိုက္သည္။ ထို႔ေနာက္ ရိဟန္ရဲ႔ အခန္းဆီ ျပန္သြားေသာအခါ လူငယ္ေလးက အိပ္ေပ်ာ္ေနဆဲျဖစ္ေၾကာင္းျမင္လုိက္ရ၏။ က်င္းယြမ္သည္ မေန႔ညက အရမ္းဆိုးမိသြားသည့္ သူ႔ကိုယ္သူ မေနနုိင္စြာ ဆူဆဲမိသည္။ သူေတာင္းဆုိတာ အရမ္းမ်ားသြားခဲ့တယ္။
အခု သူ႔အဖိုးတန္ေလး ဘယ္ေလာက္ေတာင္ ပင္ပန္းေနလဲ ၾကည့္ပါဦး
သူက ကုတင္ေပၚမွာ ထိုင္ခ်လုိက္သည္။ ရိဟန္ရဲ႔ မ်က္နွာေပၚ ဝဲက်ေနသည္ ဆံခ်ည္မွ်င္ေလးမ်ားအား ဖယ္ရွားေပးရန္ သူ႔လက္အား ခ်စ္ျမတ္နိုးစြာ ဆန္႔ထုတ္လုိက္ေလသည္။
သူတို႔ေနာက္ဆံုးေတာ့ ရိဟန္ရဲ႔ မိဘေတြဆီက ေကာင္းခ်ီးေပးမွုကို ရခဲ့ျပီ။ က်င္းယြမ္ရဲ႔ နွလံုးခုန္သံက ျမန္ဆန္ေနသည္။ အကယ္၍ ရိဟန္သာ နိုးေနရင္ က်င္းယြမ္က သူ႔ကို propose လုပ္ဖို႔ စိတ္အားထက္သန္ေနခဲ့မွာ။ သူ႔အေနနဲ႔ အခုခ်က္ခ်င္း လက္ထပ္မွတ္ပံု မတင္နုိင္ေသးတာကိုေတာင္ မုန္းတီးမိတယ္။ သူ႔ကို ရိဟန္ရဲ႔ တရားဝင္ လက္တြဲေဖာ္ျဖစ္ေစမယ့္ အဲ့ဒီ ခြင့္ျပဳခ်က္ စာရြက္ပိုင္းေလးကို သူအရမ္းလိုခ်င္ေနျပီ။ သူတို႔ကို မိသားစု အစစ္အျဖစ္ ေျပာင္းလဲေပးမယ့္ အဲ့ဒီစာရြက္ေလးကိုေပါ့။
သူ႔လက္ေခ်ာင္းေလးမ်ားက ရိဟန္ရဲ႔ နွာေခါင္းထိပ္ေလးကို ထိလုိက္ျပီး တိုးတိုးေလး ေျပာလိုက္သည္။
"အေသးေလး, နွစ္နွစ္ျခိဳက္ျခိဳက္ကို အိပ္ေပ်ာ္ေနတာပဲ, ပင္ပန္းေနတာလား?"
အရမ္း ပင္ပန္းေနတယ္ ဆိုေတာ့လည္း ဒီညေတာ့ ကိုယ္လႊတ္ေပးလိုက္ပါ့မယ္ေလ
ရိဟန္ရဲ႔ မ်က္နွာက ျဖဴေဖ်ာ့သြားသည္။
သူ႔ခ်စ္သူ ေအးေနတာမ်ားလား? က်င္းယြမ္က အဲယားကြန္းကို တစ္ခ်က္လွမ္းၾကည့္လုိက္ျပီး remote ျဖင့္ အပူခ်ိန္ကို နွစ္ဆင့္ေလာက္ တိုးလိုက္သည္။ ထို႔ေနာက္ ေစာင္ကို ပိုျမင့္ျမင့္ ဆြဲယူကာ ရိဟန္ကို လံုလံုျခံဳျခံဳ ဖံုးအုပ္ေပးလုိက္ေလသည္။ သူက အိပ္ယာေပၚမွာ အခ်ိန္ၾကာျမင့္စြာ ထိုင္ေန၏။ နာရီကို တစ္ခ်က္ၾကည့္လုိက္ေတာ့ ရံုးသြားရေတာ့မည့္ အခ်ိန္ျဖစ္ေၾကာင္း ေျပာေနေလျပီ။ ရိဟန္၏ ယေန႔ ကုထံုးကိစၥေၾကာင့္ အခ်ိန္ေအတာ္ေလး ေနွာင့္ေနွးခဲ့ရသည္။
ဒါေပမဲ့ ရိဟန္က အိပ္ေပ်ာ္ေနတုန္းေလ။ သူ႔ခ်စ္သူကို သူမနွိဳးရက္ဘူး။ အကယ္၍ ကားထဲကို ခ်ီျပီး သယ္သြားရင္လည္း ဒီလူက ေသခ်ာေပါက္ နိုးလာမွာပဲ။ အဲ့ဒါက ရိဟန္ကို အခုနွိုးလုိက္တာနဲ႔ ဘာမ်ား ကြာျခားဦးမွာလဲ? ဒီေန႔ သူတစ္ေယာက္တည္းပဲ အလုပ္သြားရေတာ့မွာလား?
ဟင့္အင္း မဟုတ္ဘူးေလ! အား! အားလံုး သူ႔အမွားပဲ။ ဘာလို႔မေန႔က သူ႔ကိုယ္သူ မထိန္းခ်ဳပ္လိုက္နိုင္တာလဲ? ဘာလို႔သူ ဟန္ဟန္ကို ပင္ပန္းသြားေအာင္ လုပ္လုိက္မိတာလဲ?
ဘယ္လိုပဲျဖစ္ျဖစ္ပါ ဆရာဝန္ကလည္း ဟန္ဟန္ကို ကိုယ္ပိုင္ အခ်ိန္ေနရာေလး ေပးသင့္တယ္လုိ႔ ေျပာခဲ့တာပဲေလ။ သူ႔ခ်စ္သူက ငယ္ရြယ္ေနေသးျပီး ေလ်ွာက္ေဆာ့ရတာလည္း နွစ္သက္တယ္။ အကယ္၍ သူသာ အိမ္ထဲမွာပဲ တစ္ခ်ိန္လံုး ခ်ဳပ္ေနွာင္ထားမယ္ ဆိုရင္ ဟန္ဟန္တစ္ေယာက္ စိ္တ္ရွဳပ္ေနမွာပဲ ဟုတ္တယ္မွတ္လား?
ဒါဆို.....ရိဟန္ကို မနက္ျဖန္မွပဲ ရံုးေခၚသြားရေတာ့မွာပဲ။ဟား... သူအန္တီယန္းကိုေတာ့ ေျပာခဲ့မွပဲ။ ဟန္ဟန္က နိုးလာတာနဲ႔ သူ႔ကိုရွာမွာ! အိုး, ငါက ေတာ္ေတာ္ေလး သနားစရာပါလား။ တစ္ေယာက္တည္း အထီးက်န္စြာနဲ႔ အလုပ္သြားလုပ္ရေတာ့မယ္။ ဒါက ၾကားရတဲ့သူတိုင္းကို စိတ္မေကာင္းျဖစ္ေစနုိ္င္တဲ့ ပံုျပင္တစ္ပုဒ္ပဲ။
သူက မသြားခင္မွာ ရိဟန္ကို နမ္းသြားခ်င္ေသာ္လည္း တစ္ဖက္လူကို နွိဳးမိသြားမွာစိုးရိမ္မိသည္။ သူလုပ္နုိင္သမွ်က ရိဟန္ရဲ႔ လည္တိုင္နားကို တိုးကပ္သြားျပီး သူ႔ရနံ႔ကို အဝရွဳရွိဳက္လိုက္ျခင္းသာ။
ဘာလို႔ ဟန္ဟန္က ဒီေလာက္ေမႊးရတာလဲ? သူတို႔က ေရခ်ိဳးဆပ္ျပာ အတူတူသံုးတာေတာင္မွေလ! ရိဟန္က ေရေမႊးေတြ colognes ေတြလည္း သံုးတာမဟုတ္ဘူး! ဒါက ဆြဲေဆာင္မွု ျပည့္ဝတယ္ ဆိုတဲ့ ဒ႑ာရီလာ ရနံ႔မ်ားလား? အာ, ဒီစြဲေဆာင္မွဳ ရွိလြန္းေနတဲ့ အေကာင္ေပါက္ေလးကေတာ့ !
ေစာင္နဲ႔ လံုးေနတဲ့ သူ႔ခ်စ္သူကို ၾကည့္ရင္း က်င္းယြမ္မွာ သူ႔ေျခေထာက္မ်ားကို မေရႊ႔ရွားနုိင္သည္အား ရွာေတြ႔သြားရသည္။ သူက လွုပ္တုတ္ လွဳပ္တုတ္နဲ႔သာ ေနရာေရႊ႔ေနမိသည္။ ရိဟန္က အခုခ်က္ခ်င္း မနိုးလာနုိင္ေသးဘူး ဆိုတာကို သိတဲ့အခါမွာေတာ့ ေနာက္ဆံုးမွာ ေျခတစ္လွမ္းကို သံုးၾကိမ္ေလာက္ ျပန္လွည့္ၾကည့္သည့္ ပံုစံျဖင့္ အလြန္အမင္း တံု႔ဆုိင္းစြာ ထြက္သြားေတာ့သည္။
တံခါးက 'ခ်ပ္' ဆိုတဲ့ အသံနဲ႔ ပိတ္သြားသည္။ ၎က အလြန္အမင္း တိုးညွင္းလွသည့္ အသံေလးပင္။ အဲ့ဒါက က်င္းယြမ္ရဲ႔ ၾကင္နာေသာ ေႏြးေထြးမွုေလးျဖစ္သည္။
ရိဟန္က မ်က္လံုးမ်ားပြင့္လာသည္။ သူ႔မ်က္လံုးမ်ားထဲမွာ အခုမွ အိပ္ယာနိုးလာတဲ့ ပံုစံမ်ိဳး လံုးဝရွိမေန။ သူ႔မ်က္နွာကေတာ့ ေပ်ာ္ရႊင္မွုေရာ ဝမ္းနည္းမွဳပါ မရွိပဲ ဗလာျဖစ္ေနသည္။ သူ႔ကို ၾကည့္ရတာ အေတာ္ေလး တည္ျငိမ္ေနတာပင္။ သူက အိပ္ယာေပၚမွာသာ တိတ္ဆိတ္စြာ လဲေလ်ာင္းေနသည္။ သူ႔မ်က္လံုးမ်ားက မ်က္နွာၾကက္မွ တြဲေလာင္းက်ေနသည့္ မီးဆိုင္းကိုသာ စူးစိုက္ၾကည့္ေနသည္။ ၾကြက္သားေလးတစ္ခုေတာင္ မလွုပ္လာဘူး။
တစ္နာရီေလာက္ၾကာမွ အိပ္ယာက ထလာသည္။ ဗလာျဖစ္ေနသည့္ အမူအယာျဖင့္ပင္ သူ႔ကုိယ္သူ ေဆးေၾကာသန္႔စင္ျပီး အဝတ္အစားမ်ားကို သပ္ရပ္ေအာင္ ျပဳျပင္ေန၏။ သူ႔ကိုယ္သူ သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ ျပဳျပင္ျပီးမွသာ တံခါးကိုဖြင့္ျပီး အခန္းထဲက ထြက္လာသည္။
သူတံခါးဆြဲဖြင့္လုိက္သည့္ တစ္ခဏမွာပင္ ရိဟန္ရဲ႔ မ်က္နွာေပၚမွာ ေတာက္ပသည့္ အျပံဳးေလးတစ္ခု ေပၚလာသည္။ သူက သူ႔အေမ TV ၾကည့္ေနသည့္ ေနရာသို႔ အျမန္အဆန္ပင္ ခုန္ဆင္းသြားသည္။
"ဟန္ဟန္ နိုးလာျပီလား" အေမက ဝမ္းသာအားရျဖင့္ လက္ကမ္းသည္။
"လာ, အေမ့ေဘးမွာထိုင္, တစ္ေရးတစ္ေမာ အိပ္ေနတာ ေတာ္ေတာ္ၾကာတာပဲ, မေန႔ညက ေကာင္းေကာင္း မအိပ္ရလို႔လား? ဗိုက္ဆာေနျပီလား?"
"အရမ္းအိပ္လို႔ေကာင္းသြားလုိ႔" ရိဟန္က သူမေဘးမွာ ဝင္ထုိင္လိုက္ျပီး ယခင္သူလုပ္ေနၾကအတုိင္း သူမ လက္ေမာင္းကို ဖက္တြယ္လိုက္သည္။
"က်ြန္ေတာ္လံုးဝ ဗိုက္မဆာေသးဘူး"
အေမက သူ႔လက္ေလးကို ပုတ္ေပးျပီး ျပန္ျပံဳးျပသည္။
"လူၾကီးျဖစ္ေနျပီိကို အခုထိ ငါ့ေရွ႔မွာ ခ်စ္စရာေကာင္းသလို လုပ္ေနတုန္းပဲ, ေန႔လည္စာ စားခ်ိန္ေတာင္ နီးေနျပီ, အကယ္၍ ဗုိက္မဆာေသးဘူးဆိုရင္ ေန႔လည္စာ အဆင္သင့္ျဖစ္တဲ့အထိ ေစာင့္လိုက္ၾကတာေပါ့, အန္တီယန္းက ဒီမနက္က စြပ္ျပဳတ္ခ်က္ေပးထားတယ္, ေန႔လည္ထိ အစာခံေအာင္ တစ္ပန္းေလာက္ ယူလာခိုင္းလုိက္ရမလား?"
ရိဟန္က သူ႔အေမရဲ႔ လက္ေမာင္းကို မွီတြယ္ထားသည့္ ပံုစံကို ထိန္းသိမ္းထားရင္း ျပန္ေျဖသည္။
"ရပါတယ္, ေန႔လည္စာထိ ေစာင့္လို႔ရတယ္, အခုခ်ိန္ စြပ္ျပဳတ္ သြားေသာက္လုိက္ရင္ ျပီးရင္ ေန႔လည္စာ မစားနိုင္ပဲ ေနလိမ့္မယ္"
"အင္း,သားေျပာတာမွန္တယ္" အေမက ေခါင္းညိတ္ေထာက္ခံသည္။
"ဟုတ္သား, က်င္းယြမ္က သားတစ္ေရး တစ္ေမာအိပ္ေနတာကို မနွိဳးရက္လို႔ သူ႔ဘာသာသူ ရံုးသြားလိုက္တယ္, သူေျပာတာေတာ့ နိုးလာတာနဲ႔ သားက သူ႔ကိုရွာမွာတဲ့"
မနွိဳးရက္ဘူး? ဟုတ္တာေပါ့ေလ တကယ္ေတာ့လည္း က်င္းယြမ္က သူ႔ကို အရမ္းခ်စ္တဲ့ဟာ။ ရိဟန္က သူ႔အတြက္ အခ်စ္ရဆံုး ညီေလးပဲမွတ္လား။ ဒါေပမဲ့ အဲ့ဒါက အကုန္မဟုတ္ဘူးေလ ဟုတ္တယ္မွတ္လား? ပိုျပီးအေရးၾကီးတာက က်င္းယြမ္က အခုဆို သူ႔ကိုတစ္ခ်ိန္လံုး ကပ္တြယ္ေနေပးစရာ မလိုေတာ့ဘူးလို႔ ေဒါက္တာက်ိဳး ေျပာသြားခဲ့တာပဲ။ က်င္းယြမ္က အခုဆို သူ႔ကိုယ္ပိုင္ ေနရာ သူ႔ကိုယ္ပိုင္ အခ်ိန္ကို ပိုင္ဆုိင္ရနုိင္ျပီ။ အခုဆို သူပိုျပီး စိတ္ဖိစီးမွု နည္းသြားမွာ မဟုတ္ဘူးလား?
စိတ္မပူပါနဲ႔ ငါ မၾကာခင္ 'ျပန္ေကာင္းလာမွာပါ'။ နည္းနည္းေလာက္ပဲ သည္းခံေပး
နွစ္ပတ္တာက ျမန္ဆန္စြာ ကုန္ဆံုးသြားခဲ့ျပီး လူၾကီးမင္းပိုင္၏ ေမြးေန႔ပြဲကို ေရာက္လာခဲ့သည္။ပိုင္မိသားစုသည္ အေနာက္ပိုင္းခ႐ိုင္မွ အိမ္ႀကီးသို႔ ပါတီပြဲမစမီ တစ္ရက္အလိုတြင္ ေရာက္ရွိလာၾကသည္။ တစ္မိသားစုလုံး စကားစျမည္ေျပာဆိုရင္း တစ္ရုန္းရုန္းျဖစ္ေန၏။ ေပ်ာ္႐ႊင္မႈေတြ ျပည့္ႏွက္ေနတဲ့ ေန႔တစ္ေန႔ပဲ။
က်င္းယြမ္သည္ သူ႔ေဘးမွာ ျပံဳးေနသည့္ ရိဟန္ကိုၾကည့္ရင္း သူ႔မ်က္ခံုးနွစ္ဖက္က အနည္းငယ္ စုၾကံဳ႔သြားရသည္။ သူခံစားေနရတဲ့ ထိတ္လန္႔စရာ ခံစားခ်က္ကို ေဘးဖယ္မထားနုိင္ဘူး ျဖစ္ေနတယ္။ လတ္တေလာမွာ ရိဟန္နဲ႔ ပတ္သတ္ျပီး တစ္ခုခု လြဲမွားေနတယ္လို႔ သူ႔ပင္ကိုယ္သိစိတ္က ေျပာေနတယ္။ ဒါေပမဲ့ လူငယ္ေလးကေတာ့ သူ႔ပံုမွန္ ပံုစံအတုိင္းပဲ ျပဳမူေျပာဆိုေနတာ။
သူက ေဒါသထြက္ျပတယ္၊ ေပ်ာ္ရႊင္ေနတယ္၊ က်င္းယြမ္အေပၚမွာ က်ိဳးႏြံျခင္းေတြ ခ်စ္စရာေကာင္းျခင္းေတြနဲ႔ ခ်စ္ခင္နွစ္သက္စြာ ျပဳမူေျပာဆိုတယ္။ ဘယ္အရာကမွ ျခားနားမေနဘူး။ အနည္းဆံုးေတာ့ အရာအားလံုးက ၾကည့္ရတာ ပံုမွန္အတိုင္းပဲ။ အဲ့ဒီလိုဆိုရင္ေတာင္ သူ႔အတြင္းစိတ္ အနက္ရွိုင္းဆံုး တစ္ေနရာမွာေတာ့ သူနဲ႔ ဟန္ဟန္ၾကားမွာ ေျပာင္းလဲမွဳ နည္းနည္း ရွိေနတယ္လို႔ က်င္းယြမ္ ခံစားေနရတယ္။
ဥပမာအားျဖင့္ - သူတို႔ဆက္ဆံတဲ့ အခါမွာ
မတိုင္ခင္တုန္းကဆိုရင္ သူတို႔ ေတြက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ခ်စ္ျခင္းတရားကို ေဖာ္ၾကဴးၾကတယ္။ ရိဟန္က သူ႔ကုိ အိပ္ယာေပၚမွာဆို ဆိုးသြမ္းေအာင္ အလိုလိုက္ထားတာ။ သူသာ ေတာင္းဆိုလုိက္ရင္ ျပီးေတာ့ အလြန္အက်ဴးသာ မလုပ္ဘူးဆိုရင္ ရိဟန္က သူ႔ဆႏၵအတိုင္း လိုက္ေလ်ာေပးတယ္။ အခုတစ္ေလာေတာ့ ရိဟန္က ရွိသမ်ွ အေၾကာင္းျပခ်က္ေတြ အားလံုးသံုးျပီး သူ႔ကိုျငင္းဆန္ေနတယ္။
ဟုတ္ပါတယ္၊ ႏွစ္ဖက္စလုံးက ဆႏၵရွိမွပဲ ဒီလိုကိစၥေတြ လုပ္သင့္တယ္။ အဲဒါက ခ်စ္ျခင္းေမတၱာရဲ႕ အႏွစ္သာရပဲေလ။ ရိဟန္ကို သူလုံးဝ အတင္းအက်ပ္ မလုပ္ခ်င္ဘူး။ တဖက္လူက မလိုခ်င္သ၍ က်င္းယြမ္က ထိုလူကို အတင္းအၾကပ္ လုပ္ျခင္းထက္ သူ႔ဘာသူပဲ ေတာင့္ခံျပိး တစ္ဖက္လူရဲ႔ ဆႏၵအတိုင္း ေနေပးမွာ။ နွစ္ပတ္ၾကာျပီးတဲ့အခ်ိန္မွာ သူတို႔ တစ္ခါပဲ လုပ္ခဲ့တယ္။ အဲ့ဒါကလည္း သိပ္ေပ်ာ္စရာေကာင္းတဲ့ အျဖစ္မဟုတ္ခဲ့ဘူး။ရိဟန္က ထိုလွုပ္ရွားမွဳထဲမွာ သူ႔နွလံုးသားတစ္ခုလံုး ထည့္မထားဘူးေလ။
ဒိလူက စိတ္လွုပ္ရွားေနပံုရေပမယ့္ တစ္နည္းနည္းနဲ႔ ျငင္းဆန္ေနပံုရတယ္။ သူက အထြတ္အထိပ္ကိုေတာင္ မေရာက္သြားဘူး။ အကယ္၍ ဆက္ဆံျခင္းသာ ဒီလိုပံုစံဆိုရင္ သူတို႔ မလုပ္ဘူး ဆိုရင္ေတာင္ အေရးမၾကီးေတာ့ဘူး။
တစ္ေယာက္နဲ႔တစ္ေယာက္ ဒီအတိုင္းဖက္ျပီး အတူတူအိပ္ေနရရင္ေတာင္ အဆင္ေျပေနျပီပဲ။ ရိဟန္က သူ႔ေဘးမွာ ရွိေနေပးတယ္။ တစ္ဖက္လူက သူ႔ရံုးကို လုိက္လာဖုိ႔ တြန္႔ဆုတ္ေနျခင္းက တစ္ျဖည္းျဖည္း တိုးပြားလာေပမယ့္ သူ႔ကိုေတာ့ ပံုမွန္အတိုင္း ဆက္ဆံေပးေနတုန္းပဲ။ ရိဟန္က မေက်နပ္မွုေတာင္ လံုးဝမျပဘူး။ ဒါက စိတ္ဖိစီးမွုနဲ႔ ပ်င္းရိမွုေၾကာင့္ ဒီလုိျဖစ္တာ ေနမွာပါလို႔ပဲ က်င္းယြမ္က သူ႔ကိုယ္သူ ဆက္တိုက္ သတိေပးေနခဲ့ရတာ။ ျဖစ္နုိင္တာ ရိဟန္က အခ်ိန္အၾကာၾကီး ထိန္းခ်ဳပ္ခံထားရျပီး အရမ္းတင္းၾကပ္ ခံထားရလို႔ ျဖစ္မွာပါ။
ဟန္ဟန္အေနနဲ႔ သူ႔ကိုယ္ပိုင္ ေနရာကို လိုခ်င္တာ လြတ္လပ္မွု တစ္ခုခုကို ရရွိခ်င္တာက မထူးဆန္းဘူး။ ရံုးမွာဆိုရင္ က်င္းယြမ္က အလုပ္လုပ္ေနရတာ။ အခ်ိန္အမ်ားစုမွာ သူဟန္ဟန္နဲ႔ အျပင္မထြက္ေပးနုိင္ခဲ့ဘူး။ သူ႔ခ်စ္သူက ပ်င္းလာတာ ျဖစ္ပါလိမ့္မယ္။ ဟန္ဟန္ သူနဲ႔ အလုပ္ကို မလိုက္ခ်င္ဘူး ဆိုတာက ပံုမွန္ပါပဲ။
အဲ့ဒီလိုဆိုရင္ေတာင္ သူ႔ရဲ႔ စိတ္မသက္မသာ ျဖစ္မွုေတြက မဖယ္ရွားသြားဘူး။ က်င္းယြမ္က အြန္လိုင္းေပၚမွာေတာင္ နာမည္ဝွက္တစ္ခုနဲ႔ သြားမေမးပဲ မေနနုိင္ခဲ့ဘူး။ ရလာတဲ့ အေျဖေတြ အားလံုးကေတာ့ အရမ္းဆိုးဝါးလြန္းတယ္ေလ။ သူတို႔အားလံုးက တူညီတဲ့ အရာတစ္ခုကိုပဲ ေျပာၾကတယ္;
-- မင္းခ်စ္သူက မင္းခႏာၱကိုယ္ကို မေတာင့္တေတာ့ဘူး ဆိုရင္မင္းကို မတြယ္ကပ္ေနခ်င္ေတာ့ဘူး ဆိုရင္ အေျခခံအားျဖင္ေတာ့ မင္းေတာ့သြားျပီ ဆိုတာပဲ
က်င္းယြမ္က ထိုရလဒ္ေၾကာင့္ အေတာ္ေလး မေပ်ာ္မရႊင္ ျဖစ္မိသည္။ သူ႔ဟန္ဟန္က သူ႔အေပၚ ေကာင္းတာ သိသာေနတာကို။ ဟန္ဟန္ကသူ႔ကို ဂရုစိုက္တယ္၊ သူ႔ကိုမွီခိုတယ္၊ ျပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ဆက္ဆံတဲ့အခါမွာလည္း ဘာျပႆနာမွ မရွိဘူး။ ဒါေပမဲ့ သူ႔စိတ္ထဲမွာ ဘာလို႔ မသာယာမႈေတြ ပိုတိုးလာရတာလဲ?
ထိုအေတြးေၾကာင့္ က်င္းယြမ္သည္ ရိဟန္ရဲ႔ လက္ကို မထိန္းခ်ဳပ္နုိင္စြာျဖင့္ ဆုပ္ကိုင္ခ်င္မိသြားသည္။ သို႔ေသာ္လည္း မေတာ္တဆ လွုပ္ရွားလိုက္ပံုေပါက္သည့္ ရိဟန္ရဲ႔ လက္လွုပ္ရွားမွုေၾကာင့္ က်င္းယြမ္ရဲ႔ လက္က လြဲေခ်ာ္သြားရ၏။
ဟုတ္သားပဲ, ရိဟန္ရဲ႔ မိသားစုဝင္ေတြ အကုန္လံုး ဒီမွာရွိေနတာ။ သူတို႔က ခ်စ္သူေတြဆိုတာ သူတို႔သိေနရင္ေတာင္ တစ္ခ်ိန္လံုး လက္ကိုင္ထားဖို႔က မသင့္ေတာ္ဘူးေလ။ က်င္းယြမ္ရဲ႔ လက္ေခ်ာင္းမ်ားက လက္သီးတစ္ခုအျဖစ္ ဆုပ္သြားျပီးမွ ရိဟန္ကို ၾကည့္ရင္း ျပန္ေျဖေလ်ာ့လိုက္သည္။
တစ္ဖက္လူရဲ႕ မ်က္ႏွာက အရင္အတိုင္းပင္။ ဘာမွန္းမသိေသာ အေၾကာင္းျပခ်က္ တစ္ခုေၾကာင့္ က်င္းယြမ္၏ ႏွလုံးသားက ထိတ္လန႔္တုန္လွဳပ္လာသည္။ သူကလက္ေခ်ာင္းမ်ားကို ဆုပ္လုိက္ ေျဖေလ်ာ့လိုက္ လုပ္ေနမိ၏။ ႀကိမ္ဖန္မ်ားစြာ ထိုအျပဳအမူကို ထပ္ခါတလဲလဲ လုပ္ခဲ့ေသာ္လည္း သူ႔ကိုယ္သူ မထိန္းထားနုိင္ေပ။ သူ႔လက္ကိုဆန္႔ထုတ္လိုက္ျပီး ရိဟန္၏လက္ေကာက္ဝတ္ကို ညင္သာစြာ ဆုပ္ကိုင္လိုက္သည္။ သူ႔စိတ္ထဲမွာ ရွိေနသည့္ စိတ္ရွဳပ္ေထြးမွဳမ်ားနဲ႔ စိတ္မသက္မသာ ျဖစ္ျခင္းကို သက္သာေစရန္ တစ္ခုတည္းေသာနည္းလမ္းမွာ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈမွ ျဖစ္သည္ဟု ခံစားရေသာေၾကာင့္သာ။
28.5.2022
===============