Though We Are Different

By Jaemania_sandy

9.3K 918 14

Fic က Devil ​တွေ Angel ​တွေနဲ့ဆို​တော့ ရှုပ်​ကုန်​မှာစိုးလို့ အရင်​ ရှင်းပြ​ပေးထားတာပါ. Angel+Angel=Pure Ange... More

Though We are Different [Ep-2]
Though We are Different [Ep-3]
Though We Are Different [Ep-4]
Though We Wre Different [Ep-5]
Though We Are Different [Ep-6]
Though We Are Different (Ep-7)
Though We Are Different (Ep-8)

Though We Are Different [Ep-1]

2.5K 141 0
By Jaemania_sandy

ွ ရှင်​သန်​ ​နေထိုင်​​နေကြတဲ့.. လူသား​တွေထဲမှာ..သာမန်​ လူ​တွေ ရှိသလို.. ထူးခြားတဲ့စွမ်းအားပိုင်​ရှင်​..ရှိတဲ့သူတို့ လည်း.. ရှိ​နေပါတယ်​..

ဒါ​ပေမယ့်​ သူတို့ကလည်း သာမန်​ လူ​တွေလိုဘဲ ​နေထိုင်​ အသက်​ရှင်​ ​နေကြ​တော့.. ဘယ်​သူကမှလည်း သူတို့အာ့းစွမ်​​တွေ ပိုင်​ဆိုင်​.. နေကြတာ.​ မသိကြဘူး​လေ..

အရင်​တုန်းက ​တော့. လူသား​တွေ ထဲမှာ. အဲ့လို မျိုး​တွေမရှိ ခဲ့ပါဘူး..

ဒါ​ပေမယ့်​.. Devil ​တွေ က လူသား​တွေ ​ပေါ်မှာ.. အရမ်းလွှမ်းမိုးလာကြတယ်​..

သူတို့​တွေက. လူသား​တွေ အားလုံးကို ချုပ်​ကိုင်​ဖို့. ကြိုးစား​နေကြတာပါ..သူတို့ က သူတို့ရဲ့ စွမ်းအား​တွေနဲ့..လူ​​တွေ ကိုလည်း အမျိုးမျိုး ဒုက္ခ ​ပေးတတ်​တယ်​...

အဲ့ လို မျိုးဆိုရင်​​တော့.. Gardian Angel ​တွေ က လူသား​တွေ ဘက်​က ကာကွယ်​ ရတယ်​​လေ..

Devil ​​တွေ​ကော.. Angel ​တွေ ​ရော. နှစ်​ဖက်​လုံးက.ထူးခြားတဲ့စွမ်းအား​တွေကို ပိုင်​ဆိုင်​ ထားကြ​ပေမယ့်​.. တကယ်​တမ်း ထိပ်​တိုက်​ရင်​ဆိုင်​ လာရချိန်​မှာ​တော့.Devil ​တွေ ကပဲ အမြဲ ရှုံးနှိမ့်​ တတ်​ပါတယ်​..

ဒီ​တော့.. Devil ​တွေက.. Angel ​တွေကို.. ပုန်း​ရှောင်​​နေရင်း.လူသား​တွေ အ​ပေါ်မှာ.. ဆိုးသွမ်း​နေသူ​တွေ​ပေါ့..​နောက်​ပိုင်းမှာ.. လူသား​တွေနဲ့.. ဆက်​နွယ်​ရှင်​သန်​ ​နေရင်း..Devil ​တွေ က. သာမန်​ သူ​တွေနဲ့ ချစ်​ကြိုက်​တာ ​တွေ ဖြစ်​လာတယ်​..အဲ့ဒီနည်းတူပဲ.. Angel ​တွေကလည်း.. လူသား​တွေနဲ့ ချစ်​ကြိုက်​ တာ​တွေ ဖြစ်​လာတယ်​..

ဒါ​ပေမယ့်​. အဲ့လို ကိစ္စမျိုးကို..ပြင်းထန်​စွာတားမြစ်​တယ်​..အဲ့ လို ချစ်​ကြိုက်​လာရင်​.. သူတို့ ရဲ့ စွမ်းအင်​​တွေ ​ပျောက်​ကုန်​ပြီး.. သာမန်​လူသားဖြစ်​သွားတယ်​..ဒါ​ပေမယ့်​.. သူတို့က ​မွေးလာတဲ့.. က​လေး ​တွေမှာ​တော့စွမ်းအား ​တချို့တစ်​၀က်​ ပါလာတတ်​တယ်​...

အဲ့ဒီ​တော့. လူ​လောက ထဲမှာ ကိုဘဲ..Pure Angel ​တွေ Pure Devil ​တွေ​ရော.. , သူတို့ ​သွေး တစ်​ချို့ တစ်​၀က်​သာပါ တဲ့ Half ​တွေ​ရော.. ​ရော​နေ ​နေတာ​ပေါ့..

ဒီကိစ္စ ​တွေကို. ဘာလို့.. ကျွန်​​တော်​က သိ​နေရတာလဲ..

ဒါက သိပ်​​တော့ မဆန်းပါဘူး.ကျွန်ေ​​တာ့်ရဲ့ ​Umma ​ကလည်း..Devil တစ်​​ယောက်​ ဖြစ်​​နေလို့ပါ...ဒါ​ပေမယ့်​ သူလည်းခု​တော့ လူသားတစ်​​ယောက်​ဖြစ်​​နေပါပြီ..သူ့လိုပဲ.. Appa လည်း ​Angel စွမ်းအင်း​တွေ ​ကွယ်​​ပျောက်​ပြီး..သာမန်​ လူသားတစ်​​ယောက်​ အ​နေနဲ့ပဲ​နေထိုင်​​နေတာပါ.

ထူးခြားတယ်​ပဲ ​ပြော ရမလား..Appa နဲ့ Umma နဲ့ဘယ်​လို မျိုး ​တွေ့ပြီး.. ချစ်​ ခဲ့တာလဲ​တော့ မသိဘူး..ဒါ​ပေမယ့်​ သူတို့နှစ်​​ယောက်​ကို ကြည့်​ပြီး. အမြဲအားကျတယ်​..​ပြောရရင်​.. Angel နဲ့ Devil နှစ်​ဦးတို့ရဲ့ အချစ်​ဇာတ်​လမ်း​ပေါ့...

ဘယ်​လိုမှ မဖြစ်​နိုင်​ဘူးလို့.. သက်​မှက်​ထားရ​နေ ဖြစ်​လာတဲ့စုံတွဲ တစ်​တွဲ​ပေါ့..

နှစ်​​ယောက်​လုံးက... စွမ်းအား ​တွေ ရှိခဲ့ကြ​ပေမယ့်​..ကျွန်​​တော်​ က​တော့ ​မွေးလာကတည်းက.. ​သာမန်​ ပါဘဲ ဘာစွမ်းအင်​မှ မရှိပါဘူး...ဒါ​ပေမယ့်​လည်း.. Appa နဲ့ Umma တိုရဲ့..အချစ်​နဲ့​မွေးဖွားလာနိုင်​တာကိုပဲ.. ဂုဏ်​ယူတယ်​...

ကျွန်​​တော်​တို့.. မိသားစုက. သာမန်​ပါပဲ..​အေး​အေးချမ်းချမ်းပဲ ​ဘာအပူပင်​မှ မရှိဘဲ.. ​နေထိုင်​ပါတယ်​..Appa.​ကော.. , Umma ​ကော က သူတို့ရဲ့.. အရင်​ကအတိတ်​​တွေ. ​မေ့ပြီး.. ဘ၀ သစ်​နဲ့ ပြန်​စ ခဲ့ကြတာပါ..ဒီ​တော့.. ကျွန်​​တော့်​ရဲ့ ဘ၀ ကလည်း သာမန်​အထက်​တန်း ​ကျောင်းသားတစ်​​ယောက်​ပဲ​ပေါ့....

..........................................................................

"Yunho..နဲ့ . Yoochun.. , ငါ မင်းတို့ နှစ်​​ယောက်​ကို.အ​ရေး ကြီးတဲ့ တာဝန်​ တစ်​ခု ​ပေးဖို့ .. ​ခေါ်လိုက်​တာပဲ..."

ထိုသူက.. Angel ​တွေ အားလုံးတို​ရဲ့..အကြီးအကဲ ​ခေါင်း​ဆောင်တစ်​​ယောက်​...

"အခု.. လူသား​တွေ ကြားထဲမှာ.. Double Half တစ်​​ယောက်​​ပေါ်​နေတယ်​.. ဆိုတယ့်​ သတင်းကြား​နေရတယ်​..."

"ဘယ်​လို.. Double Half.. ?..

"ဟုတ်​တယ်​.. အခု ဒီသတင်းက.. ဘယ်​သူမှ မ​ပေါက်​ကြား​သေးဘူး..ဒီ​တော့.. Devil ​တွေ . ဒီသတင်း မသိ​သေးခင်​.. ငါတို့ က

ဒီ Double Half ကို​တွေ့ ​အောင်​ ရှာမှ ဖြစ်​မယ်​...သူတို့ အရင်​​တွေ့သွားလို့.. မဖြစ်​ဘူး......

"ဒီ​တော့.. မင့်​တို့ နှစ်​​ယောက်​ရဲ့...အလုပ်​က.. Double Halfကို. မ​တွေ့ ​တွေ့ ​အောင်​ရှာပြီ... ခေါ်လာဖို့ဘဲ......

"စိတ်​ချပါ.. ကျွန်​​တော်​နှစ်​​ယောက်​. သူကို ရ​အောင်​ ရှာပါ့မယ်​....

.............................................................

"ဒီလို ဆို​တော့လည်း.. လူ​တွေကြားထဲ.သွားရဦးမှာ​ပေါ့....အ​တော်​ပဲ.. ငါလည်း..ဒီမှာ ​နေရတာ. ပျင်​​နေတာ.."

Yoochun.က သူ ထုံးစံအတိုင်း. ​ပေါ့​ပေါ့ပါးပါး ​ပြောလိုက်​သည်​။..

"မင်းကို ဟို ကို အ​ပျော်​သွားခိုင်းတာ. မဟုတ်​ဘူးကွ..အလုပ်​နဲ့ သွားရမှာ.....

Yoochun စကားကို Yunho က သ​ဘောမကျဟန်​နဲ့.ပြန်​ ​ပြောလိုက်​သည်​။...

"​အေးပါ.. ငါသိပါတယ်​....

"ဒါနဲ့.. Double Half ကို. ငါတို့က ဘယ်​လို ရှာကြမလဲ...

သူက.. ဘာလို ပုံစံရှိလဲ....

"မင်းကလည်း.. လူ​တွေကြားမှာ.. သွားရှာရမယ်​.. ဆိုတည်းက သူလည်း.. လူသားပုံစံဘဲ ​ပေါ့...."

"ဘယ်​လို များ ရှာ​တွေ့ မလဲ မသိဘူး...

"လူ​တွေကြား ​ရောက်​သွားရင်​... Devil နဲ့ Angel ​တွေ ​တောင်​ခွဲခြား လို့ ရ​တော့တာ မဟုတ်​ဘူး...."

Yoochun က စိတ်​ပျက်​ လက်​ပျက်​နဲ့ ​ပြော​လေ၏...

သူ​ပြောတာလည်း. အမှန်​ပဲ​လေ....

လူ​တွေ ကြားတည်း မှာ.သူတို့​တွေက.. ဟန်​​ဆောင်​ပြီး​နေ ​နေကြ​တော့.. ဘယ်​လို့မှ ခွဲခြားလို့မရ..သူတို့ အချင်းချင်း​တောင်​.. ဘယ်​သူက Angel , ဘယ်​သူကDevil ဆိုတာ.. မခွဲခြားနိုင်​...

သူတို့ရဲ့.. သွင်​ပြင်​ပုံစံ ​ပြောင်းလိုက်​တာဘဲဖြစ်​ဖြစ်​.စွမ်းအား ထုတ်​သုံးလိုက်​တာပဲ ဖြစ်​ဖြစ်​. အဲ့ဒီ့ အချိန်​ ​ရောက်​မှ.သူတို့  ဘယ်​သူဆိုတာ.. သိနိုင်​တာ​လေ...သူတို့ နှစ်​​ယောက်​ အခု အရင်​ဆုံး လုပ်​ရမှာက..ခု သူတို့မှာ ရှိ​နေတဲ့.. အဖြူ​ရောင်​ ​အ​တောင်​ပံ တစ်​စုံကို.ကွယ်​​ဖျောက်​ထားဖို့ဘဲ....​နောက်​တစ်​ခုက.. မျက်​၀န်း​တွေ​ပေါ့...သာမန်​လူ​တွေနဲ့. မတူတဲ့ အပြာ​ရောင်​.. မျက်​၀န်း​တွေကိုလည်း.​ပြောင်းလဲမှ ဖြစ်မယ်လေ..မဟုတ်ရင်  သူတို့် Angel ဆိုတာ. လွယ်​လွယ်​နဲ့..အခြားသူ​တွေသိကုန်​မှာ​ပေါ့..

.............

"Junsu ah.., ငါ ကို ​စောင့်​ပါဦး....."

Jaejoong ​ကျောင်းသွားဖို့ ထွက်​လာရင်း..လမ်းမှာ. Junsu နဲ့ ​တွေ့​တော့.. ၀မ်းသာအားရ.လှမ်း​အော်​​ခေါ်ရင်း.. သူ့ဆီ အ​ပြေးသွား​လေ၏...

Junsu တဲ့.. သူက.​တော့ Jaejoong ရဲ့အရင်းနှီးဆုံး သူငယ်​ချင်း. တစ်​​ယောက်​ ဖြစ်​သည်​။သူက Half Devil တစ်​​ယောက်​ပဲ​လေ..ဒါ​ပေမယ့်​..သူက ဘယ်​​တော့မှ..သူ့  အစွမ်းကို ထုတ်မသုံးတတ်​​တော့.သာမန်​ လူ အတိုင်းပါဘဲ.... ဒါ​ပေမယ့်​သူ အရမ်း စိတ်​ဆိုးရင်​ ဖြစ်​ဖြစ်​. စိတ်​လှုပ်​ရှားရင်​ ဖြစ်​ဖြစ်​တစ်​ချက်​ တစ်​ချက်​ သူ့မျက်​လုံး အ​ရောင်​​တွေက.. အနီ​ရောင်​..သန်းလာတတ်​တယ်..​​။..

ပြီး​တော့. ​နောက်​တစ်​​ယောက်​ က.. Changmin..သူက​တော့.. Jaejoong ထက်​ နှစ်​နှစ်​​လောက်​ ငယ်​တယ်​​ပြောရရင်​.. Jaejoong နဲ့ ညီဝမ်းကွဲ တော်လေ၏..သူက Pure Devil တစ်​​ယောက်​ပါ..သူတို့ တစ်​မိသားစုလုံးက Devil ​တွေဆို​ပေမယ့်​..ဘယ်​သူမှ ရန်​မမူ ပဲ ​အေး​အေးချမ်းချမ်းသာ ​နေထိုင်​​နေကြသည်​။.

Jaejoong ရဲ့ အ​မေနဲ့ Changmin ရဲ့ အ​မေ တို့က..ညီ အစ်​မ​တွေ​လေ... Jaejoong အ​မေက.. လက်​ထပ်​ပြီးတဲ့ ​နောက်​.စွမ်းအား​တွေ ​ပျောက်​ကွယ်​ပြီး.. လူသားတစ်​​ယောက်​ဖြစ်​သွား​ပေမယ့်​..
Changmin အ​မေက​တော့.. Devil အချင်းချင်း လက်​ထပ်ထားတာ ဆို​တော့..Changmin ​မွေးလာ​တော့လည်း Pure Devil အ​နေနဲ့ ​မွေးဖွားလာတာ​ပေါ့...သူက ​တော့.. Pure Devil ဆို​တော့. စွမ်းအင်​ ကလည်း.အ​တော်​ရှိတယ်​​လေ..  သူ့ အစ်​ကို.Jaejoong ကို အရမ်းချစ်​ပြီး. အမြဲ ကာကွယ်​​ပေးတတ်​တယ်​...Jaejoongက အရမ်း ​အေး ပြီး​တော့. သူရဲ့ ​ပျော့​ပျောင်းနူးညံ့လှတဲ့ သူ့ပုံစံ​ကြောင့်​.. အနိုင်​ကျင့်​ချင်​သူ​တွေ ​ပေါ​ပေမယ့်​Junsu နဲ့ Changmin တို့က အမြဲ သူ့​ရှေ့ က ကာကွယ်​​ပေး​နေကြ​ပေါ့.....

.................................................

Yunho နဲ့ Yoochun နှစ်​​ယောက်​သား ရဲ့ Double Halfရှာပုံ​တော်​ ခရီးစဉ်​ က ​တော့ စတင်​​လေ​တော့၏..တစ်​​ယောက်​ တစ်​​နေရာစီ.ခွဲရှာကြမယ်​ဆိုပြီး.လမ်းခွဲ ခဲ့ကြသည်​။ဒါ​ပေမယ့်​ အဆက်​အသွယ်​ မပြက်​​အောင်​ ​တော့တစ်​​ယောက်​နဲ့ တစ်​​ယောက်​ သတင်းပို့ ကြရတာ​ပေါ့...

ညက..တိတ်​ဆိတ်​ငြိမ်​သက်​.. လျှက်​...

သူ သတိထားမိလိုက်​တာက.အ​မှောင်​ထဲ. လူနှစ်​​ယောက်​...

တစ်​​ယောက်​ က. အခြားတစ်​​ယောက်​ကို စူးစူးရှရှ စိုက်​ကြည့်​လျှက်​....အခြားတစ်​​ယောက်​ က သူကြည့်​ နေစဉ်မှာဘဲ. တစ်​ဖြည်းဖြည်း
း​ပျော့​ခွေလဲ ကျသွားသည်

.....TBC.......

Continue Reading

You'll Also Like

89.8K 12K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
484K 66.1K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
946K 107K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK
52.5K 4.4K 22
ငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!