10cm(Completed)

Від phoongonkhin

19.7K 1.2K 35

အကွာအဝေး 10cm Started Date-23.3.2022 Ended Date-25.3.2022 Більше

A/N
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10 (Final)

Part 1

3.7K 184 2
Від phoongonkhin

ကားလေးက ရှမ်းပြည်နယ် ကျိုင်းတုံမြို့ကိုကျော်လွန်လာပြီး ကြိုဆိုပါ၏ လွိုင်မွေမြို့ ဆိုသည့်ဆိုင်းပုဒ်လေးကိုမြင်ရသည်။ကျိုင်းတုံမှထွက်ခွာလာပြီး တစ်နာရီခွဲအကြာတွင်တော့ ပင်လယ်ရေမျက်နှာပြင်ထက် ၅၅၄၂ပေမြင့်သည့်လွိုင်မွေမြို့ကိုရောက်ရှိလာပြီ။လင်းလက်လုလင် လက်မှနာရီလေးကိုကြည့်လိုက်၏။နေ့လည်ဆယ့်နှစ်နာရီထိုးပြီ။

ဒီဇင်ဘာလဖြစ်၍နေ့လည်ခင်း အချိန်တွင်ပင် လေထုကအေးစိမ့်စိမ့်။လင်းလက်လုလင်အနွေးထည်ဇစ်ကို လည်ပင်းအထိဆွဲတင်လိုက်သည်။

လင်းလက်လုလင် ကားပြတင်းပေါက်မှ တောင်ပေါ်မြို့ငယ်လေးကိုငေးကြည့်သည်။လူဦး‌ရေနည်းပါးသည့် လွိုင်မွေမြို့လေးကတကယ့်ကိုအေးချမ်းပါသည်။လမ်းလေးတွေကသပ်ရပ်နေကာ ချယ်ရီပင်တွေကိုနေရာအနှံ့တွေ့နိုင်ပြီး သစ်သားအိမ်လေးတွေကလည်းသိပ်ကိုနွေးထွေးသည်။လွိုင်မွေမြို့ဈေးလေးက နေ့လည်ခင်းအချိန်ဖြစ်၍ လူသူနည်းပါးနေပြီးအေးချမ်းလျက်ရှိသည်။

ကားလေးက ပန်ဝိုင်နှစ်ချင်းဘုရားကျောင်းကိုကျော်လွန်လာကာ ခြံဝင်ပေါက်တွင်ပန်းရင့်
ရောင်စက္ကူပန်းပင်ကြီးနှစ်ပင် ခပ်ငိုက်ငိုက်စိုက်ထားသည့်အိမ်ရှေ့တွင်ရပ်လိုက်သည်။စက္ကူပန်းပင်တစ်ပင်၏ဘေးတွင် လမ်းဘက်ကိုမျက်နှာမူထားသည့်အညိုရောင်သစ်သားခုံတန်းရှည်လေးရှိသည်။

ပန်းရင့်ရောင်စက္ကူပန်းတချို့က ထိုခုံတန်းရှည်ပေါ်ကြွေကျနေ၍မြင်ကွင်းကနူးညံ့လို့နေသည်။လင်းလက်လုလင် Camera ထုတ်ကာ ခုံတန်းရှည်လေးကို ဓာတ်ပုံရိုက်လိုက်သည်။

လင်းလက်လုလင် ခရီးဆောင်အိတ်ကိုမကာ ခြံထဲဝင်ခဲ့၏။ခြံဝင်ပေါက်မှအိမ်တံခါးအထိ အုတ်ခဲများကိုလမ်းလေးသဖွယ် သပ်သပ်ရပ်ရပ်စီထားသည်။ခြံဝန်း‌လေးက အတော်ကျယ်ကာ အုတ်လမ်းလေးဘေးတွင်ကော်ဖီပင်များစိုက်ထား၏။လင်းလက်လုလင် အုတ်လမ်းလေးပေါ်လျှောက်သွားပြီး အိမ်ထဲဝင်လိုက်သည်။

အိမ်လေးက တိုက်အိမ်တစ်ထပ်တိုက်လေးဖြစ်ကာ နွေးထွေးမှုများဖြင့်ပြည့်နှက်နေသည်။လင်းလက်လုလင် အိမ်ထဲဝင်သွားသည်နှင့် ဒေါ်နန်းဟန်လီက လင်းလက်လုလင်ရင်ခွင်ထဲပြေးဝင်၏။

'0cm'

လင်းလက်လုလင်နှင့် ဒေါ်နန်းဟန်လီက 1cm‌ လေးတောင်မဝေးပေ။လင်းလက်လုလင် အသက်အောင့်လိုက်မိပြီး တစ်ကိုယ်လုံးတောင့်သွားကာ ခရီးဆောင်အိတ်လေးကိုချ၍ မိခင်ဖြစ်သူကိုအသာအယာပွေ့ဖက်လိုက်သည်။

ဒေါ်နန်းဟန်လီက လင်းလက်လုလင်ကိုဖက်ထားရာမှ လွှတ်ပေးပြီး လင်းလက်လုလင်မျက်နှာကိုဂရုတစိုက်ကြည့်ရှုသည်။ပြီးမှ လင်းလက်လုလင်၏လက်များကို ကြင်ကြင်နာနာဆုပ်ကိုင်သည်။

"အမေ့သားရယ် အခုမှ အမေ့ဆီလာရလား ဆယ်နှစ်တောင်ရှိပြီ သားကအခုမှ အမေ့ကိုလာတွေ့တယ်"

လင်းလက်လုလင် မျက်စိရှေ့ကရင်းနှီးသယောင်နှင့် မရင်းနှီးသော မိခင်မျက်နှာကို အသေးစိတ်မှတ်မိ‌ရန်ကြည့်သည်။သူကလာမတွေ့ရင်တောင် မိခင်ဖြစ်သူကလာတွေ့၍ရကြောင်းကိုတော့ လင်းလက်လုလင်မပြောတော့ချေ။မိခင်ကသူ့ကိုစွန့်ပစ်သွားသည်မှာ ဆယ့်တစ်နှစ်၊သုံးလနှင့် ရက်နှစ်ဆယ် ရှိပြီ။

မိခင်က လင်းလက်လုလင် မှတ်ဉာဏ်ထဲကပုံရိပ်များနှင့် များစွာကွဲပြားနေသည်။မိခင်က များစွာပိုနူးညံ့နေကာ များစွာလည်းလှပနေသည်။လင်းလက်လုလင်နှင့်ခြားနားစွာ မိခင်ဖြစ်သူက စိတ်ချမ်းသာစွာ အပူအပင်ကင်းမဲ့စွာ နေရသည်မှာ ကြိမ်းသေပင်။

"ဟိုလူ ရော အိမ်မှာလား"

လင်းလက်လုလင် ဆိုလိုသည့် ဟိုလူဆိုသူကားမိခင်၏ခင်ပွန်း ဦးမြမောင်ကိုဆိုလိုခြင်း။

"မဟုတ်ဘူး တာဝန်ချိန်ဆိုတော့ ရုံးမှာ"

"ဟုတ်"

"သား ပင်ပန်းနေပြီလား ရေအရင်ချိုးလေ အမေ ထမင်းပွဲပြင်ထားလိုက်မယ် ဟိုအခန်းကသားနေရမယ့်အခန်း"

"ဟုတ်"

လင်းလက်လုလင် မိခင်ညွှန်ပြသည့်အခန်းထဲဝင်လာသည်။အခန်းလေးကနွေးထွေးကာ လင်းလက်လုလင် မျက်လုံးတွေကစိုစွတ်လာသည်။လင်းလက်လုလင် ကု‌တင်ပေါ်လှဲချလိုက်သည်။မွေ့ယာထူထူကနူးညံ့နေကာ လင်းလက်လုလင် မျက်လုံးတွေကိုပိတ်လိုက်သည်။

လင်းလက်လုလင် ဘဝတစ်လျှောက်လုံး ဒီလိုအခန်းလေးကိုမျှော်လင့်နေခဲ့တာဖြစ်သည်။ရန်ကုန်တွင် မိခင်ကဖခင်နဲ့ကွာရှင်းချိန်တွင် မိခင်ဖြစ်သူက ဆယ်နှစ်သားအရွယ်သူ့ကိုခေါ်သွားရန် လင်းလက်လုလင်မျှော်လင့်ခဲ့သည်။သို့သော် မိခင်ကသူ့ကိုအချိန်မရွေး လာလည်ရန်သာပြောပြီးစွန့်ပစ်သွားခဲ့သည်။

ဖခင်ကတစ်အိုးတစ်အိမ်ထူထောင်လိုက်သည့်အချိန်တွင်တော့ လင်းလက်လုလင်ထံတွင် မိခင်အသစ်ရလာ၏။မိခင်အသစ်က ဖခင်ရှေ့တွင်သာ သူ့အပေါ်‌ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ဖခင်ကွယ်ရာရောက်သည့်အချိန်များတွင် ရိုက်၏။ညှင်းဆဲ၏။မိခင်အသစ်ထံတွင် ကိုယ်ဝန်ရှိလာသောအခါ လင်းလက်လုလင်အတွက် ထိုအိမ်တွင်နေစရာ နေရာမရှိတော့ပေ။မိခင်ဖြစ်သူကိုနေ့ရက်တိုင်းစောင့်မျှော်ခဲ့ပေမယ့် မိခင်၏အရိပ်အယောင်လေးကိုမျှ လင်းလက်လုလင် ဖမ်းမမိချေ။

လင်းလက်လုလင်ဆိုသည့် နာမည်နှင့်မလိုက်ဖက်စွာ လင်းလက်လုလင် ဘဝကြီးကအလင်းရောင်ကင်းမဲ့နေသည်။

မိခင်အသစ်ဖြစ်သူ၏နှိပ်စက်ညှင်းပန်းဒဏ်များကိုခါးစည်းခံကာ တက္ကသိုလ်မှ ဘွဲ့ရသည်အထိရုန်းကန်ခဲ့ရသည်။တက္ကသိုလ်မှဘွဲ့ရပြီးချိန်တွင် မိခင်ကပထမဆုံးအကြိမ် ဆက်သွယ်လာသည်။သူရှိရာ လွိုင်မွေမြို့လေးထံလာရောက်လည်ပတ်ပြီး သူ့နှင့်တွေ့ဆုံရန်တောင်းဆိုသည်။လင်းလက်လုလင် မိခင်နှင့်တွေ့ရန်ဆုံးဖြတ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် လွိုင်မွေမြို့လေးသို့ ခြေဆန့်ခဲ့သည်။

လင်းလက်လုလင် မျက်လုံးမှိတ်ကာ မွေ့ရာအနံ့လေးကိုရှူရှိုက်လိုက်သည်။မွေ့ရာလေးက မိခင်နေထုတ်လှမ်းထားဟန်တူသည်။နေရနံ့ဖျော့ဖျော့လေးက လင်းလက်လုလင်နှာခေါင်းလေးထံတိုးဝှေ့လာသည်။လင်းလက်လုလင် မွေ့ယာလေးထဲတိုးတင်ကာ အနွေးဓာတ်လေးကိုခိုလှုံနေလိုက်သည်။

လင်းလက်လုလင် နွေးထွေးမှုကိုခံစားရပေမယ့် စိတ်မလုံခြုံမှုကိုလည်းခံစားနေရသေးသည်။

_____

လင်းလက်လုလင် ရေချိုးအဝတ်အစားလဲပြီး မီးဖိုချောင်ထဲတင်လာ၏။မီးဖိုချောင်ထဲတွင် မိခင်ကထမင်းဝိုင်းပြင်ထားသည်။လင်းလက်လုလင် စားပွဲဝိုင်းတွင်ဝင်ထိုင်တော့ မိခင်ကလည်းဘေးတွင်ထိုင်၏။

"သား လင်းလက် အမေလို့ခေါ်ပါဦး"

ဒေါ်နန်းဟန်လီက မဝံ့မရဲဆိုသည်။လင်းလက်လုလင် ထမင်းစားနေရင်း တုံ့ပြန်မပြောပေ။လင်းလက်လုလင် စကားမပြောတော့ ဒေါ်နန်းဟန်လီလည်း ဆိတ်ဆိတ်သာနေလိုက်သည်။

လင်းလက်လုလင် ထမင်းစားပြီးနောက် ဧည့်ခန်းတွင်ထိုင်သည်။မိခင်က ကော်ဖီတစ်ခွက်ဖျော်ကာ လင်းလက်လုလင်ကိုပေးသည်။လင်းလက်လုလင် ကော်ဖီခွက်ကိုလက်ခံယူပြီး လက်ထဲတွင်ဆုပ်ကိုင်ထားသည်။ကော်ဖီခွက်လေးကနွေးထွေးနေပြီး ကော်ဖီရနံ့လေးကလေထုထဲတွင်သိမ်မွေ့စွာပျံ့နှံ့နေသည်။

"သား လင်းလက် ဒီမှာဘယ်လောက်ကြာကြာနေမှာလဲ"

"လေးလ မဟုတ်ရင် ငါးလ"

ဒေါ် နန်းဟန်လီ သက်ပျင်းလေးချလိုက်သည်။သားက လချီနေမည်ဖြစ်၍ ရင်းနှီးနိုင်သေးသည်။

"သား အလုပ်ကအဆင်ပြေလား"

"အင်း နောက်နှစ်ဓာတ်ပုံ ပြိုင်ပွဲမှာဝင်ပြိုင်မလို့"

"ဪ သားကတော်တာဘဲ  အဆင်ပြေမှာပါ"

"ဟုတ်"

လင်းလက်လုလင် ကော်ဖီခပ်နွေးနွေးကိုသောက်လိုက်သည်။မိခင်နှင့်သူ့ကြားတွင် ထွေထွေထူးထူးပြောစရာမရှိ၍ စကားဝိုင်းလေးကတိတ်ဆိတ်သွားသည်။နံရံပေါ်မှ နာရီလက်တံ၏ရွေ့လျားသံတချပ်ချပ်သာ ပုံမှန်ထွက်ပေါ်နေသည်။

"သား ရောက်တုန်း လည်စရာနေရာလေးတွေလည်ပါလား ဟိုဘက် အိမ်က စိုင်းမြတ်က သွက်သွက်လက်လက်ကလေး သူကျောင်းကပြန်လာရင် အမေလိုက်ပို့ဖို့ပြောမယ်လေ"

လင်းလက်လုလင် မိခင်စကားများကိုနားထောင်ရင်းစိတ်ထဲမွန်းကြပ်လာသည်။ဖခင်အိမ်‌တွင် ဆယ်နှစ်ကျော်နေခဲ့ပြီးနောက်တွင် လင်းလက်လုလင် ရရှိခဲ့သည့်အရာက စိတ်ကျ‌ရောဂါပင်။လင်းလက်လုလင်က တိတ်ဆိတ်နေမှ နေတတ်သည်။မိခင်အသစ်၏ဆူပူစကားသံများကိုနေ့စဉ်ကြားခဲ့ရသည့် လင်းလက်လုလင်က စကားသံတွေကိုမနှစ်သက်ပေ။ စကားသံတွေကလင်းလက်လုလင်ကို မွန်းကြပ်ပိတ်လှောင်စေသည်။လင်းလက်လုလင် မိခင်ကိုကြည့်ကာ ခပ်အေးအေးပြောလိုက်သည်။

"ဟုတ်ကဲ့ အပြင်ထွက်ပြီး လေညှင်းခံဦးမယ်"

"အင်း သွားလေ"

လင်းလက်လုလင် ကော်ဖီခွက်လေးကိုကိုင်ကာ အိမ်အပြင်ထွက်ပြီး အုတ်လမ်းလေးအတိုင်းခြံအပြင်ထွက်လာခဲ့သည်။စက္ကူပန်းပင်ဘေးရှိ ခုံတန်းရှည်လေးတွင်ဝင်ထိုင်သည်။လင်းလက်လုလင် ခုံတန်းလေးပေါ်မှထိုင်ကာ မြို့ငယ်လေးကိုကြည့်နေသည်။မြို့ငယ်လေးက တိတ်ဆိတ်အေးချမ်းနေသည်။လင်းလက်လုလင် အခုမှစိတ်ထဲလေးလံမှုတွေကလျော့ပါးသွားသည်။

လင်းလက်လုလင် မိခင်ကိုစိမ်းမနေပေမယ့် စိတ်ထဲကလေးလံမှုတွေကိုတော့ဖြေဖျောက်မရပေ။ဆယ်နှစ်ဆိုသည့်အရွယ်ကအရာအားလုံးကိုနားလည်နေပြီဖြစ်သည်။အထူးသဖြင့် မိခင်က သူ့ကိုမလိုချင်ခဲ့ဘူးဆိုတာကို သေချာနားလည်နေသည်။

လင်းလက်လုလင် ခေါင်းငုံ့ကာကော်ဖီတစ်ငုံသောက်လိုက်သည်။လင်းလက်လုလင် ခေါင်းပြန်မော့လိုက်တော့ လှပလွန်းသည့်မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။မျက်ဝန်းလေးက မဟူရာရောင်နက်ရှိုင်းကာမျက်တောင်တိုများက ထိုနက်ရှိုင်းလွန်းသည့်မျက်ဝန်းများကို ဝန်းရံထားသည်။

ထိုမျက်ဝန်းများနှင့်အကြည့်ချင်းဆုံသည့်အခိုက် လင်းလက်လုလင်၏အာရုံထဲတွင် ပုံရိပ်လေးကတစ်သက်စာစွဲထင်သွားသည်။

လင်းလက်လုလင် နှလုံးသားတစ်ခုလုံးကိုလေညှင်းလေးတိုက်ခတ်သွားသလို အေးခနဲခံစားလိုက်ရသည်။

"ကျွန်တော်က စိုင်းမြတ်ထင်ပါ အကိုက ဒီအိမ်ကလား"

အသံဝဲဝဲလေးနှင့်ရှမ်းကောင်လေး။

'စိုင်းမြတ်ထင်'

'စိုင်းမြတ်ထင်'

'စိုင်းမြတ်ထင်'

'စိုင်းမြတ်ထင်'

လင်းလက်လုလင်ရဲ့စိတ်ထဲမှ အကြိမ်ပေါင်းများစွာရေရွတ်လိုက်မိသည်။

နာမည်လေးတစ်ခုသည် လင်းလက်လုလင်၏နှလုံးအိမ်ထဲအထိ ထိုးဖောက်ဝင်ရောက်သွားလေသည်။

___________

ကားေလးက ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕ကိုေက်ာ္လြန္လာၿပီး ႀကိဳဆိုပါ၏ လြိဳင္ေမြၿမိဳ႕ ဆိုသည့္ဆိုင္းပုဒ္ေလးကိုျမင္ရသည္။က်ိဳင္းတုံမွထြက္ခြာလာၿပီး တစ္နာရီခြဲအၾကာတြင္ေတာ့ ပင္လယ္ေရမ်က္ႏွာျပင္ထက္ ၅၅၄၂ေပျမင့္သည့္လြိဳင္ေမြၿမိဳ႕ကိုေရာက္ရွိလာၿပီ။လင္းလက္လုလင္ လက္မွနာရီေလးကိုၾကည့္လိုက္၏။ေန႔လည္ဆယ့္ႏွစ္နာရီထိုးၿပီ။

ဒီဇင္ဘာလျဖစ္၍ေန႔လည္ခင္း အခ်ိန္တြင္ပင္ ေလထုကေအးစိမ့္စိမ့္။လင္းလက္လုလင္အေႏြးထည္ဇစ္ကို လည္ပင္းအထိဆြဲတင္လိုက္သည္။

လင္းလက္လုလင္ ကားျပတင္းေပါက္မွ ေတာင္ေပၚၿမိဳ႕ငယ္ေလးကိုေငးၾကည့္သည္။လူဦး‌ေရနည္းပါးသည့္ လြိဳင္ေမြၿမိဳ႕ေလးကတကယ့္ကိုေအးခ်မ္းပါသည္။လမ္းေလးေတြကသပ္ရပ္ေနကာ ခ်ယ္ရီပင္ေတြကိုေနရာအႏွံ႔ေတြ႕ႏိုင္ၿပီး သစ္သားအိမ္ေလးေတြကလည္းသိပ္ကိုေႏြးေထြးသည္။လြိဳင္ေမြၿမိဳ႕ေဈးေလးက ေန႔လည္ခင္းအခ်ိန္ျဖစ္၍ လူသူနည္းပါးေနၿပီးေအးခ်မ္းလ်က္ရွိသည္။

ကားေလးက ပန္ဝိုင္ႏွစ္ခ်င္းဘုရားေက်ာင္းကိုေက်ာ္လြန္လာကာ ၿခံဝင္ေပါက္တြင္ပန္းရင့္
ေရာင္စကၠဴပန္းပင္ႀကီးႏွစ္ပင္ ခပ္ငိုက္ငိုက္စိုက္ထားသည့္အိမ္ေရွ႕တြင္ရပ္လိုက္သည္။စကၠဴပန္းပင္တစ္ပင္၏ေဘးတြင္ လမ္းဘက္ကိုမ်က္ႏွာမူထားသည့္အညိဳေရာင္သစ္သားခုံတန္းရွည္ေလးရွိသည္။

ပန္းရင့္ေရာင္စကၠဴပန္းတခ်ိဳ႕က ထိုခုံတန္းရွည္ေပၚေႂကြက်ေန၍ျမင္ကြင္းကႏူးညံ့လို႔ေနသည္။လင္းလက္လုလင္ Camera ထုတ္ကာ ခုံတန္းရွည္ေလးကို ဓာတ္ပုံ႐ိုက္လိုက္သည္။

လင္းလက္လုလင္ ခရီးေဆာင္အိတ္ကိုမကာ ၿခံထဲဝင္ခဲ့၏။ၿခံဝင္ေပါက္မွအိမ္တံခါးအထိ အုတ္ခဲမ်ားကိုလမ္းေလးသဖြယ္ သပ္သပ္ရပ္ရပ္စီထားသည္။ၿခံဝန္း‌ေလးက အေတာ္က်ယ္ကာ အုတ္လမ္းေလးေဘးတြင္ေကာ္ဖီပင္မ်ားစိုက္ထား၏။လင္းလက္လုလင္ အုတ္လမ္းေလးေပၚေလွ်ာက္သြားၿပီး အိမ္ထဲဝင္လိုက္သည္။

အိမ္ေလးက တိုက္အိမ္တစ္ထပ္တိုက္ေလးျဖစ္ကာ ေႏြးေထြးမႈမ်ားျဖင့္ျပည့္ႏွက္ေနသည္။လင္းလက္လုလင္ အိမ္ထဲဝင္သြားသည္ႏွင့္ ေဒၚနန္းဟန္လီက လင္းလက္လုလင္ရင္ခြင္ထဲေျပးဝင္၏။

'0cm'

လင္းလက္လုလင္ႏွင့္ ေဒၚနန္းဟန္လီက 1cm‌ ေလးေတာင္မေဝးေပ။လင္းလက္လုလင္ အသက္ေအာင့္လိုက္မိၿပီး တစ္ကိုယ္လုံးေတာင့္သြားကာ ခရီးေဆာင္အိတ္ေလးကိုခ်၍ မိခင္ျဖစ္သူကိုအသာအယာေပြ႕ဖက္လိုက္သည္။

ေဒၚနန္းဟန္လီက လင္းလက္လုလင္ကိုဖက္ထားရာမွ လႊတ္ေပးၿပီး လင္းလက္လုလင္မ်က္ႏွာကိုဂ႐ုတစိုက္ၾကည့္ရႈသည္။ၿပီးမွ လင္းလက္လုလင္၏လက္မ်ားကို ၾကင္ၾကင္နာနာဆုပ္ကိုင္သည္။

"အေမ့သားရယ္ အခုမွ အေမ့ဆီလာရလား ဆယ္ႏွစ္ေတာင္ရွိၿပီ သားကအခုမွ အေမ့ကိုလာေတြ႕တယ္"

လင္းလက္လုလင္ မ်က္စိေရွ႕ကရင္းႏွီးသေယာင္ႏွင့္ မရင္းႏွီးေသာ မိခင္မ်က္ႏွာကို အေသးစိတ္မွတ္မိ‌ရန္ၾကည့္သည္။သူကလာမေတြ႕ရင္ေတာင္ မိခင္ျဖစ္သူကလာေတြ႕၍ရေၾကာင္းကိုေတာ့ လင္းလက္လုလင္မေျပာေတာ့ေခ်။မိခင္ကသူ့ကိုစြန္႔ပစ္သြားသည္မွာ ဆယ့္တစ္ႏွစ္၊သုံးလႏွင့္ ရက္ႏွစ္ဆယ္ ရွိၿပီ။

မိခင္က လင္းလက္လုလင္ မွတ္ဉာဏ္ထဲကပုံရိပ္မ်ားႏွင့္ မ်ားစြာကြဲျပားေနသည္။မိခင္က မ်ားစြာပိုႏူးညံ့ေနကာ မ်ားစြာလည္းလွပေနသည္။လင္းလက္လုလင္ႏွင့္ျခားနားစြာ မိခင္ျဖစ္သူက စိတ္ခ်မ္းသာစြာ အပူအပင္ကင္းမဲ့စြာ ေနရသည္မွာ ႀကိမ္းေသပင္။

"ဟိုလူ ေရာ အိမ္မွာလား"

လင္းလက္လုလင္ ဆိုလိုသည့္ ဟိုလူဆိုသူကားမိခင္၏ခင္ပြန္း ဦးျမေမာင္ကိုဆိုလိုျခင္း။

"မဟုတ္ဘူး တာဝန္ခ်ိန္ဆိုေတာ့ ႐ုံးမွာ"

"ဟုတ္"

"သား ပင္ပန္းေနၿပီလား ေရအရင္ခ်ိဳးေလ အေမ ထမင္းပြဲျပင္ထားလိုက္မယ္ ဟိုအခန္းကသားေနရမယ့္အခန္း"

"ဟုတ္"

လင္းလက္လုလင္ မိခင္ၫႊန္ျပသည့္အခန္းထဲဝင္လာသည္။အခန္းေလးကေႏြးေထြးကာ လင္းလက္လုလင္ မ်က္လုံးေတြကစိုစြတ္လာသည္။လင္းလက္လုလင္ ကု‌တင္ေပၚလွဲခ်လိုက္သည္။ေမြ႕ယာထူထူကႏူးညံ့ေနကာ လင္းလက္လုလင္ မ်က္လုံးေတြကိုပိတ္လိုက္သည္။

လင္းလက္လုလင္ ဘဝတစ္ေလွ်ာက္လုံး ဒီလိုအခန္းေလးကိုေမွ်ာ္လင့္ေနခဲ့တာျဖစ္သည္။ရန္ကုန္တြင္ မိခင္ကဖခင္နဲ႔ကြာရွင္းခ်ိန္တြင္ မိခင္ျဖစ္သူက ဆယ္ႏွစ္သားအရြယ္သူ့ကိုေခၚသြားရန္ လင္းလက္လုလင္ေမွ်ာ္လင့္ခဲ့သည္။သို႔ေသာ္ မိခင္ကသူ့ကိုအခ်ိန္မေရြး လာလည္ရန္သာေျပာၿပီးစြန္႔ပစ္သြားခဲ့သည္။

ဖခင္ကတစ္အိုးတစ္အိမ္ထူေထာင္လိုက္သည့္အခ်ိန္တြင္ေတာ့ လင္းလက္လုလင္ထံတြင္ မိခင္အသစ္ရလာ၏။မိခင္အသစ္က ဖခင္ေရွ႕တြင္သာ သူ့အေပၚ‌ေကာင္းေကာင္းမြန္မြန္ဆက္ဆံၿပီး ဖခင္ကြယ္ရာေရာက္သည့္အခ်ိန္မ်ားတြင္ ႐ိုက္၏။ညႇင္းဆဲ၏။မိခင္အသစ္ထံတြင္ ကိုယ္ဝန္ရွိလာေသာအခါ လင္းလက္လုလင္အတြက္ ထိုအိမ္တြင္ေနစရာ ေနရာမရွိေတာ့ေပ။မိခင္ျဖစ္သူကိုေန႔ရက္တိုင္းေစာင့္ေမွ်ာ္ခဲ့ေပမယ့္ မိခင္၏အရိပ္အေယာင္ေလးကိုမွ် လင္းလက္လုလင္ ဖမ္းမမိေခ်။

လင္းလက္လုလင္ဆိုသည့္ နာမည္ႏွင့္မလိုက္ဖက္စြာ လင္းလက္လုလင္ ဘဝႀကီးကအလင္းေရာင္ကင္းမဲ့ေနသည္။

မိခင္အသစ္ျဖစ္သူ၏ႏွိပ္စက္ညႇင္းပန္းဒဏ္မ်ားကိုခါးစည္းခံကာ တကၠသိုလ္မွ ဘြဲ႕ရသည္အထိ႐ုန္းကန္ခဲ့ရသည္။တကၠသိုလ္မွဘြဲ႕ရၿပီးခ်ိန္တြင္ မိခင္ကပထမဆုံးအႀကိမ္ ဆက္သြယ္လာသည္။သူရွိရာ လြိဳင္ေမြၿမိဳ႕ေလးထံလာေရာက္လည္ပတ္ၿပီး သူ့ႏွင့္ေတြ႕ဆုံရန္ေတာင္းဆိုသည္။လင္းလက္လုလင္ မိခင္ႏွင့္ေတြ႕ရန္ဆုံးျဖတ္ၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံခ႐ိုင္ လြိဳင္ေမြၿမိဳ႕ေလးသို႔ ေျခဆန္႔ခဲ့သည္။

လင္းလက္လုလင္ မ်က္လုံးမွိတ္ကာ ေမြ႕ရာအနံ႔ေလးကို႐ွဴရႈိက္လိုက္သည္။ေမြ႕ရာေလးက မိခင္ေနထုတ္လွမ္းထားဟန္တူသည္။ေနရနံ႔ေဖ်ာ့ေဖ်ာ့ေလးက လင္းလက္လုလင္ႏွာေခါင္းေလးထံတိုးေဝွ႔လာသည္။လင္းလက္လုလင္ ေမြ႕ယာေလးထဲတိုးတင္ကာ အေႏြးဓာတ္ေလးကိုခိုလႈံေနလိုက္သည္။

လင္းလက္လုလင္ ေႏြးေထြးမႈကိုခံစားရေပမယ့္ စိတ္မလုံၿခဳံမႈကိုလည္းခံစားေနရေသးသည္။

_____

လင္းလက္လုလင္ ေရခ်ိဳးအဝတ္အစားလဲၿပီး မီးဖိုေခ်ာင္ထဲတင္လာ၏။မီးဖိုေခ်ာင္ထဲတြင္ မိခင္ကထမင္းဝိုင္းျပင္ထားသည္။လင္းလက္လုလင္ စားပြဲဝိုင္းတြင္ဝင္ထိုင္ေတာ့ မိခင္ကလည္းေဘးတြင္ထိုင္၏။

"သား လင္းလက္ အေမလို႔ေခၚပါဦး"

ေဒၚနန္းဟန္လီက မဝံ့မရဲဆိုသည္။လင္းလက္လုလင္ ထမင္းစားေနရင္း တုံ႔ျပန္မေျပာေပ။လင္းလက္လုလင္ စကားမေျပာေတာ့ ေဒၚနန္းဟန္လီလည္း ဆိတ္ဆိတ္သာေနလိုက္သည္။

လင္းလက္လုလင္ ထမင္းစားၿပီးေနာက္ ဧည့္ခန္းတြင္ထိုင္သည္။မိခင္က ေကာ္ဖီတစ္ခြက္ေဖ်ာ္ကာ လင္းလက္လုလင္ကိုေပးသည္။လင္းလက္လုလင္ ေကာ္ဖီခြက္ကိုလက္ခံယူၿပီး လက္ထဲတြင္ဆုပ္ကိုင္ထားသည္။ေကာ္ဖီခြက္ေလးကေႏြးေထြးေနၿပီး ေကာ္ဖီရနံ႔ေလးကေလထုထဲတြင္သိမ္ေမြ႕စြာပ်ံ႕ႏွံ႔ေနသည္။

"သား လင္းလက္ ဒီမွာဘယ္ေလာက္ၾကာၾကာေနမွာလဲ"

"ေလးလ မဟုတ္ရင္ ငါးလ"

ေဒၚ နန္းဟန္လီ သက္ပ်င္းေလးခ်လိုက္သည္။သားက လခ်ီေနမည္ျဖစ္၍ ရင္းႏွီးႏိုင္ေသးသည္။

"သား အလုပ္ကအဆင္ေျပလား"

"အင္း ေနာက္ႏွစ္ဓာတ္ပုံ ၿပိဳင္ပြဲမွာဝင္ၿပိဳင္မလို႔"

"ဪ သားကေတာ္တာဘဲ  အဆင္ေျပမွာပါ"

"ဟုတ္"

လင္းလက္လုလင္ ေကာ္ဖီခပ္ေႏြးေႏြးကိုေသာက္လိုက္သည္။မိခင္ႏွင့္သူ့ၾကားတြင္ ေထြေထြထူးထူးေျပာစရာမရွိ၍ စကားဝိုင္းေလးကတိတ္ဆိတ္သြားသည္။နံရံေပၚမွ နာရီလက္တံ၏ေရြ႕လ်ားသံတခ်ပ္ခ်ပ္သာ ပုံမွန္ထြက္ေပၚေနသည္။

"သား ေရာက္တုန္း လည္စရာေနရာေလးေတြလည္ပါလား ဟိုဘက္ အိမ္က စိုင္းျမတ္က သြက္သြက္လက္လက္ကေလး သူေက်ာင္းကျပန္လာရင္ အေမလိုက္ပို႔ဖို႔ေျပာမယ္ေလ"

လင္းလက္လုလင္ မိခင္စကားမ်ားကိုနားေထာင္ရင္းစိတ္ထဲမြန္းၾကပ္လာသည္။ဖခင္အိမ္‌တြင္ ဆယ္ႏွစ္ေက်ာ္ေနခဲ့ၿပီးေနာက္တြင္ လင္းလက္လုလင္ ရရွိခဲ့သည့္အရာက စိတ္က်‌ေရာဂါပင္။လင္းလက္လုလင္က တိတ္ဆိတ္ေနမွ ေနတတ္သည္။မိခင္အသစ္၏ဆူပူစကားသံမ်ားကိုေန႔စဉ္ၾကားခဲ့ရသည့္ လင္းလက္လုလင္က စကားသံေတြကိုမႏွစ္သက္ေပ။ စကားသံေတြကလင္းလက္လုလင္ကို မြန္းၾကပ္ပိတ္ေလွာင္ေစသည္။လင္းလက္လုလင္ မိခင္ကိုၾကည့္ကာ ခပ္ေအးေအးေျပာလိုက္သည္။

"ဟုတ္ကဲ့ အျပင္ထြက္ၿပီး ေလညႇင္းခံဦးမယ္"

"အင္း သြားေလ"

လင္းလက္လုလင္ ေကာ္ဖီခြက္ေလးကိုကိုင္ကာ အိမ္အျပင္ထြက္ၿပီး အုတ္လမ္းေလးအတိုင္းၿခံအျပင္ထြက္လာခဲ့သည္။စကၠဴပန္းပင္ေဘးရွိ ခုံတန္းရွည္ေလးတြင္ဝင္ထိုင္သည္။လင္းလက္လုလင္ ခုံတန္းေလးေပၚမွထိုင္ကာ ၿမိဳ႕ငယ္ေလးကိုၾကည့္ေနသည္။ၿမိဳ႕ငယ္ေလးက တိတ္ဆိတ္ေအးခ်မ္းေနသည္။လင္းလက္လုလင္ အခုမွစိတ္ထဲေလးလံမႈေတြကေလ်ာ့ပါးသြားသည္။

လင္းလက္လုလင္ မိခင္ကိုစိမ္းမေနေပမယ့္ စိတ္ထဲကေလးလံမႈေတြကိုေတာ့ေျဖေဖ်ာက္မရေပ။ဆယ္ႏွစ္ဆိုသည့္အရြယ္ကအရာအားလုံးကိုနားလည္ေနၿပီျဖစ္သည္။အထူးသျဖင့္ မိခင္က သူ့ကိုမလိုခ်င္ခဲ့ဘူးဆိုတာကို ေသခ်ာနားလည္ေနသည္။

လင္းလက္လုလင္ ေခါင္းငုံ႔ကာေကာ္ဖီတစ္ငုံေသာက္လိုက္သည္။လင္းလက္လုလင္ ေခါင္းျပန္ေမာ့လိုက္ေတာ့ လွပလြန္းသည့္မ်က္ဝန္းတစ္စုံႏွင့္ အၾကည့္ခ်င္းဆုံသြားသည္။မ်က္ဝန္းေလးက မဟူရာေရာင္နက္ရႈိင္းကာမ်က္ေတာင္တိုမ်ားက ထိုနက္ရႈိင္းလြန္းသည့္မ်က္ဝန္းမ်ားကို ဝန္းရံထားသည္။

ထိုမ်က္ဝန္းမ်ားႏွင့္အၾကည့္ခ်င္းဆုံသည့္အခိုက္ လင္းလက္လုလင္၏အာ႐ုံထဲတြင္ ပုံရိပ္ေလးကတစ္သက္စာစြဲထင္သြားသည္။

လင္းလက္လုလင္ ႏွလုံးသားတစ္ခုလုံးကိုေလညႇင္းေလးတိုက္ခတ္သြားသလို ေအးခနဲခံစားလိုက္ရသည္။

"ကြၽန္ေတာ္က စိုင္းျမတ္ထင္ပါ အကိုက ဒီအိမ္ကလား"

အသံဝဲဝဲေလးႏွင့္ရွမ္းေကာင္ေလး။

'စိုင္းျမတ္ထင္'

'စိုင္းျမတ္ထင္'

'စိုင္းျမတ္ထင္'

'စိုင္းျမတ္ထင္'

လင္းလက္လုလင္ရဲ႕စိတ္ထဲမွ အႀကိမ္ေပါင္းမ်ားစြာေရရြတ္လိုက္မိသည္။

နာမည္ေလးတစ္ခုသည္ လင္းလက္လုလင္၏ႏွလုံးအိမ္ထဲအထိ ထိုးေဖာက္ဝင္ေရာက္သြားေလသည္။

Продовжити читання

Вам також сподобається

202K 15.7K 33
fudanshiကလေး သွင်ယသော်နိုင်က သူ့အလုပ်ရှင် ဥက္ကဌ မြူမင်းလွင်ပြင်ကို ဘယ်လိုတွေ ယောက်ျားပေးစားရင်း ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ..... ကိုယ့်ကို ယောက်ျားပေးစားန...
96.2K 5.8K 34
Vampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်သူတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိ...
808K 60K 52
မင်းနဲ့ဆိုရင် သေမင်းကိုတောင် နားရင်းအုပ်ရဲတယ်။ မင္းနဲ႔ဆိုရင္ ေသမင္းကိုေတာင္ နားရင္းအုပ္ရဲတယ္။ Book Cover by Lucy Xellies
672K 39.5K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...