တစ်စုံတစ်ယောက် ကိုချစ်တယ်ဆိုရင် အဲ့ဒီ့ချစ်ခြင်းမှာရော ကန့်သတ်ချက်တွေ ရှိနေမလား။
'' ယောကျာ်းလေးမို့ မိန်းကလေးကိုပဲ ချစ်ရမယ် '' ဆိုတဲ့သဘောလား ဒါမှမဟုတ်ရင် '' မိန်းကလေးမို့ ယောကျာ်းတစ်ယောက်ကိုပဲ လက်ထက်သင့်တယ် '' ဆိုတာမျိူးလား။ ဒီပတ်ဝန်းကျင် ဒီ လူ့အသိုင်းအဝိုင်းမှာတော့ ဒါဟာ ပြောင်းလဲလို့မရတဲ့ ပညတ်ချက်တစ်ခုလိုပဲ။
ဒါ့ကြောင့် ယောကျာ်း တစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို မျက်စိမှိတ်ချစ်လိုက်ဖို့ဆိုတာ သိပ်ကို စွန့်စားလွန်းရာကျတယ် ချစ်သော....
ကိုယ်ကိုယ်တိုင်က ဘာအစွမ်းအစမှ မရှိသေးတဲ့အခါ
'' ဒါပဲ ဖြစ်သင့်တာ'' ဆိုတဲ့ စည်းတွေဘောင်တွေကြားမှာ လွတ်လွတ်လပ်လပ် တစ်ယောက်ကို တစ်ယောက်ချစ်နိုင်ဖို့ဆိုတာ လေထဲတိုက်အိမ်ဆောက်နေရသလိုပဲ။
ဘယ်အချိန် လွင့်ပြယ်သွားမလဲ ကြောက်နေရတာမျိူး....
ကိုယ်သတ္တိမရှိတာမျိူးမဟုတ်ဘူး တိမ်တိုက်.....
ကိုယ့်နှလုံးသားက မင်းကြောင့် ခုန်နေပါစေဦးတော့ အဆုံးထိ ကိုယ်တာဝန်ယူနိုင်မယ်လို့ အာမ မခံနိုင်တဲ့ လက်တစ်စုံကို ဆုပ်ကိုင်လိုက်ဖို့ရာ ကိုယ့်ဦးနှောက်က ခွင့်ပြုမနေဘူး
မင်းလက်ကို ရဲရဲတင်းတင်း ဆုပ်ကိုင်နိုင်ဖို့ဆိုရင် ကိုယ်အများကြီး ကြိုးစားရဦးမှာ...
'' မောင် '' လို့ အားကိုးတကြီး အခေါ်ခံလိုက်ရတဲ့ညက အိပ်ရေးတွေပျက်လိုက်တာ။ ကိုယ့်မှာ မင်းရဲ့ သီးသန့်အားကိုးရာလေး ဖြစ်ချင်မိသွားသည်။
ကကြီးကနေ အ အထိ မင်းရဲ့ အလုံးစုံသော မှီခိုမှုကို ကိုယ်ပဲ အပြည့်အဝ ရချင်မိတဲ့အထိ လောဘတက်မိတယ်
မောင့်တိမ်တိုက်လေးရယ်။
ရှေ့လျှောက် မင်းတော့ ကိုယ့်ကြောင့်စိတ်ညစ်ရတော့မှာပဲ ကွယ်။
'' မြောင် ~~~~ ''
အတွေး တွေလွင့်နေစဥ် ဘေးနားလေးတွင် လာပွတ်သပ်နေသော အဖြူရောင်ကြောင်မလေး။
ဟိုတစ်နေ့ညက ဆေးရုံကနေ ပြန်တော့ အိပ်လျက်သားလေး ပါလာသော ကြောင်မလေး။ ဒဏ်ရာတွေတောင် အတော်ကျက်နေပြီ ဖြစ်သည်။ ကယ်တင်လာသူ သခင်မှာတော့ သူကိုယ်တိုင်တောင် ဆေးရုံက မဆင်းသေးသဖြင့် ခွန်းပဲ တိုက်ခန်းထိ ခေါ်လာခြင်းဖြစ်သည်။ ယခုတော့ ကြောင်မလေးမှာ ခွန်းအိမ်တွင်သောင်တင်နေသည်။
ခွန်းရဲ့ ကျေးဇူးရှင်ကြောင်လေးဟုလည်းပြောလို့ရသည်ပေါ့။ သည် သတ္တဝါ လေးကြောင့် သူ့ရင်ခွင်မှာ ချစ်ရသူ ခေတ္တခိုနားသွားသည် မဟုတ်လား။
ဘေးက ကြောင်မလေးကို ကောက်ပွေ့လိုက်ပြီး ကျောလေးကို သပ်ပေးရင်း ပြတင်းပေါက် ဘက်သို့ လျှောက်သွားလိုက်သည်။ ဒီနေ့ ကောင်းကင်ကြီးကတော့ မနက်ကတည်းက တိမ်ညိုတိမ်မဲ တို့ဖြင့် ပြည့်လျက်ရှိနေပြီး မိုးနံ့များ ရနေသည်။ ဘယ်ချိန်ရွာမလဲတော့ မသိ။ နေရောင်မှာ ခုထိ မမြင်ရသေး။
တီ..တီ..တီ....
ဖုန်း contact တစ်ချက်ကြည့်ပြီး ခွန်းမျက်နှာ တည်တင်းသွားသည်။ ထို့နောက် မကိုင်ပဲ ဖုန်းကို ပြန်ချလိုက်ပြီး ကြောင်လေးအား အမွေးပြန်သပ်ပေးနေလိုက်သည်။ ဖုန်းက နောက်တစ်ခါ ထပ်လာသည်။ သည်တစ်ခါတော့ ခွန်းကိုင်လိုက်သည်။
'' အင်း ''
'' ဟယ်လို သားခွန်း အန်တီပါ ''
ဦးမာန်ခွန်းစစ် ရဲ့ ချစ်လှစွာသော ဒုတိယအမျိူးသမီး
ဒေါ် ဝင့်ထည်ဝါ ။
'' သား လို့ မခေါ်ဖို့ ခင်ဗျားကို ဘယ်နှခါ ထပ်ပြောဖို့လိုသလဲ ဒေါ်ဝင့်ဝါထည် ''
ခွန်းလက်ထဲမှ ကြောင်လေး ပြေးဆင်းသွားသည်။
'' အန်တီ့ကို တော်တော် မုန်းနေလားဟင် ''
'' အဲ့တာ ကျွန်တော့်ကိစ္စ ဖုန်းဆက်ရတဲ့ အကြောင်းရင်းကို ပြောပါ ''
'' ခငယ်လေး နေမကောင်းလို့ပါကွယ် အန်တီ ဘာကျွေးကျွေး မစားဘူးကွဲ့။ မင်းအားရင် တစ်ချက်လောက် လာကြည့်ပေးပါဦးကွယ် ဒီတိုင်းဆို အာဟာရပြတ်တော့မယ် ''
'' ကျွန်တော်လာခဲ့မယ် ဒါပဲမလား ဖုန်းချပြီ ''
ပြောပြီးတာနှင့် ဖုန်းတန်းချပလိုက်သည်။ ရာသီ အကူးအပြောင်းကာလ ရောက်နေပြီမို့ ခငယ်လေး နေမကောင်းဖြစ်တော့မှာကို ကြိုသိနေသည်။ မောင်နှမတွေထဲ ချန်ထားခံရသူက သူဖြစ်နေ၍ တော်သေးသည်ဟု တွေးမိသည်။ ထိုသို့ မဟုတ်ပဲ ချူချာလွန်းသည့် ခငယ်လေးသာဆို သူများ အိမ်မှာ ဘယ်လိုနေရပါ့မလဲ။ ၃ယောက်လုံး မထားခဲ့တာကိုပဲ တစ်ခါတလေ ကျေးဇူး တင်မိသည်။
အချိန်ကို ကြည့်တော့ စောသေးတာနဲ့ အဝတ်အစားလဲကာ ထွက်လာခဲ့သည်။ ကားပေါ်သို့ မတက်မှီ စူပါမားကတ် တစ်ခုကို ဝင်ကာ ခငယ်လေးအတွက် ဆန်ပြုတ်ပြုတ်ပေးရန် လိုအပ်သည်များကို တစ်ခါတည်းဝယ်သွားသည်။
ကားပေါ်ကဆင်းပြီး မသွားချင်သော အိမ်သို့ ဦးတည် လျှောက်ရတော့သည်။ ပကာသနတွေ ဂုဏ်တွေမှ သိပ်မက်မောသော
ဦးမာန်ခွန်းစစ်ရဲ့ အိမ်ကိုပေါ့။
ခြံဝရောက်တော့ လူခေါ်ဘဲလ် နှိပ်လိုက်သည်။ အရင်တစ်ခါ
ပြသာနာတက်ဖူးသော ခြံစောင့်လာဖွင့်သည်။ ဒီအခါတော့...
'' ဪ အကိုလေး ဝင်ဝင်။ လာလည်တာလား အဘက အစည်းအဝေး သွားတက် တယ် အကိုလေး ''
အကိုလေးဆိုပါလား.. လူကို မတူသလိုမတန်သလို ဆက်ဆံခဲ့သောလူမှ လွှတ်တော်အမတ်၏ သားဟု သိရသောအခါ ရိုရိုကျိူးကျိိူး နှင့် ခါးလေးကိုင်းကာ ကိုင်းကာ ဖြင့် ဆက်ဆံနေသည်။
ဟက်.. သိပ်ကို အရှိန်အဝါ ကြီးလှချည်လား ဦးမာန်ခွန်းစစ် ရဲ့။
အိမ်ထဲသို့ ဝင်လာလိုက်ပြီး ပထမဆုံး မြင်လိုက်ရသည့်မြင်ကွင်းမှာ ခွန်း၏ ဒေါသကို စမ်းသပ်နေသည့်အလား...။
ပင်လယ်စာနှင့်ဓာတ်မတည့်သော သူ၏ တစ်ဦးတည်းသော ညီမလေးအား မိထွေးဖြစ်သူမှ ပုဇွန်အကောင်လိုက်ကို ဆန်ပြုတ်နှင့် ရောခွံ့နေလေသည်။
ခငယ်လေးမှာ လည်း ဘာမှ ပြန်မပြောပဲ နွမ်းနွမ်းလျလျ ထိုင်နေသည်။
ဘယ်လိုပဲ သားသမီး အရင်း မဟုတ်စေဦးတော့ သည်လောက်နှစ်တွေအကြာကြီး အတူနေလာတာတောင် သည်အကြောင်းကိုမသိဘူးလား။
'' စားလိုက်ပါသမီးလေးရယ် ဒါစားမှ အားရှိမှာ ကွဲ့ ''
မစားချင်သော ကလေးကို အတင်းခွံ့နေသော အမျိူးသမီးအား ခွန်းအတော်ဒေါသထွက်နေပြီ ဖြစ်သည်။
'' ဟ သမီးလေးဟ ''
ခငယ်လေး မှာယောင်ပြီး ပါးစပ်ဟလိုက်သည်။ ခွန်းအမြန် လျှောက်သွားလိုက်ပြီး ပါးစပ်ထဲ ရောက်တော့မည့်ဇွန်းကို ပုတ်ချလိုက်ရာ တစ်ဖက်က ဒေါ်ဝင့်ဝါထည် ကိုင်ထားသော ဆန်ပြုတ်ပန်းကန်လုံးကိုပါ ချော်ပြီး ပုတ်မိသွားသည်။
'' ခလွမ်..ခွမ်..''
'' ခင်ဗျား ရူးနေလား ''
ခွန်း ဒေါသဖြင့် အသံကျယ်ကျယ်အော်မိသွားသည်။
'' ခွန်းမာနမောင်! ! ''
အနောက်က ဘယ်ချိန်ပြန်ရောက်လာမှန်းမသိသော ဦးမာန်ခွန်းစစ် ၏ အသံဟိန်းဟိန်းကြီး ထွက်လာသည်။
'' မင်းငါ့အိမ်ပေါ်ထိတက်ပြီး ဘာအချိူးချိုးတာလဲ ''
'' သားခွန်း.. ''
ထမင်းစားခန်းထဲမှ ကြီးကြီးနု ပြေးထွက်လာသည်။
အမှန်တော့ ဒီနေ့ ခွန်းလာမည်ဟု ဒေါ်ဝင့်ဝါထည် မှလွဲ၍ ဘယ်သူမှ သိမထား။
ဒေါ်ဝင့်ဝါထည် ကလည်း ခွန်းချက်ချင်းရောက်လာမည် မထင်၍ ဘယ်သူ့ကိုမှ အသိမပေးရသေးပေ။ ခငယ်လေးကလည်း ဘာမှ ကျွေးမရသည်မှာ နှစ်ရက်သုံးရက် ရှိနေပြီမို့ စိတ်ပူကာ ဦးမာန်ခွန်းစစ် နှင့်ပင် မပြောပဲ ခွန်းဆီဖုန်းဆက်လိုက်ရခြင်းဖြစ်သည်။
'' ဘာအချိူးချိုးတာလဲ ဟုတ်လား။ အဖေ့ မိန်းမက
ခငယ်လေးကို သေအောင်သတ်နေတာလေ ''
ခွန်း ဒေါ်ဝင့်ဝါထည် ကို လက်ညိုးထိုးကာ အံကြိတ်ပြီး ပြောသည်။
'' အန်တီ ဘာလုပ်မိလို့လဲ ခွန်းရယ် ''
'' ခွန်းခငယ် ပင်လယ်စာနဲ့ မတည့်တာ ခင်ဗျား မသိဘူးလား ကျွန်တော့် ညီမတစ်ခုခု သာ ဖြစ်ရင် ခင်ဗျား မလွယ်ဘူးမှတ် ''
ဒေါ်ဝင့်ဝါထည် အံ့ဩသွားသည်။ သူတကယ်ကို မသိခဲ့တာပင်။ အရင်က ပင်လယ်စာတွေ ချက်ရင် မကြိုက်လို့ မစားခဲ့တာလို့ပဲ ထင်ခဲ့သည်။ ပင်လယ်စာနှင့်ဓာတ်မတည့်လိမ့်မည်ဟု မတွေးမိခဲ့။
ကိုယ်ဝန်မဆောင်နိုင်သော သူမဖို့ ခငယ်လေးက ဘုရားပေးတဲ့လက်ဆောင်လိုပင်။ သွေးသားရင်း မဟုတ်ပေမယ့် သွေးသားရင်းထက် ခငယ်လေးကို ပိုချစ်သည်။ မိခင်ကောင်းတစ်ယောက်ဖြစ်အောင် အမြဲ ကြိုးစားနေသော အိမ်ထောင်ရှင်မ ကောင်းတစ်ယောက်လည်းဖြစ်သည်။ အခြေအနေ အကြောင်းကြောင့်သာ အချစ်ဦးဖြစ်သော ဦးမာန်ခွန်းစစ် ၏
ဒုတိယ အိမ်ထောင်ဖက် ဖြစ်လာခြင်းဖြစ်သည်။
'' အန်တီတကယ် တောင်းပန်ပါတယ်ကွယ် တကယ် မသိလို့ပါ ''
'' ဒီလောက်နှစ်တွေ အကြာကြီး အတူနေလာပြီးတော့ အခုမှ မသိလို့ပါဆိုတဲ့ စကားကို ကျွန်တော့်ကိုလာယုံခိုင်းနေတာလား ဒေါ်ဝင့်ဝါထည် ''
'' ခွန်းမာနမောင် မင်းမတော်သေးဘူးလား တောင်းပန်တယ်လို့ ပြောနေတယ်လေ ''
ဘေးမှ ရပ်နေသော ဦးမာန်ခွန်းစစ် က ဝင်ပြောသည်။ ခငယ်လေးကတော့ တိတ်တိတ်လေးနေပြီး လူကြီးတွေကိုမော့ကြည့်ကာ အခြေအနေများကို စောင့်ကြည့်နေသည်။ သူ ထ၍ ပြောချင်ရင်တောင် အားမရှိ၍ မထနိုင်ဖြစ်နေသည်။
'' ခင်ဗျားတို့တတွေက တောင်းပန်တယ်ဆိုတဲ့ စကားကို သိပ်သဘောကျ ကြတယ်နော် တောင်းပန်လိုက်တာနဲ့ အားလုံး အဆင်ပြေပြီးလို့များ ထင်နေကြတာလား လွန်ခဲ့တဲ့ ခုနစ်နှစ်ကရော အခုရော ခင်ဗျားတို့တောင်းပန်တယ်ကလွဲရင် ဘာလုပ်တတ်ကြလဲ ''
'' မင်းဘာဖြစ်ချင်နေတာလဲ ခွန်းမာနမောင် ''
'' ဟက် ကျွန်တော့်လိုကောင်ကများ ဘာဖြစ်ခွင့်ရှိဦးမှာမို့လဲ ''
ဖြစ်နေကျအတိုင်း ခွန်းတို့သားအဖ အကြည့်မုန်တိုင်းတို့ အစပျိူးနေပြီဖြစ်သည်။ အိမ်တွင်း ရာသီဥတုမှာ မသာယာတော့ ။ ခွန်းတစ်ခုခုထပ်ပြောမည်အလုပ်...
'' ကိုကို ''
ခငယ်လေး၏ အားမရှိသော အသံတိုးတိုးလေး ထွက်လာသည်။
တင်းထားသော ခွန်းမျက်နှာ ကို ချက်ချင်းလျော့လိုက်ပြီး
ခငယ်လေးကို ကောက်ချီလိုက်သည်။
'' ဗိုက်ဆာတယ် ''
ခွန်းလည်ပင်းကို လက်နှစ်ဖက် ဖြင့်သေချာ သိုင်းဖက်ထားပြီး တိုးတိုးလေးထပ်ပြောသည်။
'' လာလာ သားခွန်း ထမင်းစားခန်းထဲ သွားကြရအောင် ခငယ်လေး ဗိုက်ဆာနေလောက်ပြီ ''
မုန်တိုင်းမဝင်လာခင် ကြီးကြီးနု က ခွန်းတို့ မောင်နှမကို ဆွဲထုတ်သွားသည်။
'' ဝင့်ဝါ တကယ်မသိလို့ပါ ကိုရယ် မရည်ရွယ်ပါဘူး ''
'' ကိုယ်နားလည်ပါတယ် အခုတော့ သူတို့ မောင်နှမကို လွှတ်ထားပေးလိုက် မင်းလည်းနေလို့သိပ်မကောင်းဘူးဆို သွားနားလိုက်ဦး ''
ခငယ်လေးနေမကောင်း၍ ပြုစုနေရသည်နှင့် သူ့ကိုယ်သူတောင် ဂရုစိုက်ဖို့မေ့နေခဲ့သည်။
...........................
💬 ကိုခွန်း နေကောင်းလား
💬 ဘာလုပ်နေလဲ
💬 ကြောင်မလေးရော အနာတွေကောင်းသွားပြီလား
💬 ဆေးရုံက သဘက်ခါ ဆင်းလို့ရပြီလို့ပြောတယ် သိလား
ခွန်းဆီ အဆက်မပြတ် မက်ဆေ့ချ်တွေ တစ်စောင်ပြီးတစ်စောင် ပို့နေသော တိမ်တိုက်။
'' စောက်လုံးကြီးလည်း ဖုန်းထဲ ဝင်သွားဦးမယ် တိမ်တိုက်ရယ် ငါရောက်ကတည်းက မင်း ဖုန်းကြည့်နေတာ ''
ရောက်ကတည်းက ဖုန်းနဲ့ မျက်နှာနဲ့မခွာသော လူနာကို ရှန်မင်း ကြည့်မရတော့။
ပြောသာပြောနေရသည်။ သောက်ချိူးမပြေတဲ့ကောင်က ခုထိ ဖုန်းကို အကြည့်မပျက်။
'' အုန်း...ဟျောင့် ငါပြောနေတာကြားလား ''
'' အား...ငါလူး နာတယ်ကွ မင်းလူနာကို ဘယ်လိုဆက်ဆံနေတာလဲ ''
တိမ်တိုက်ကျောကုန်းသို့ ရှန်မင်း လက် အရှိန်ပြင်းပြင်း နဲ့ ဝင်သွားသည်။
အတော်နာသွားပုံရသော တိမ်တိုက် မှာ မျက်နှာကြီးကိုမဲ့လို့။
'' လူနာဆို လူနာလိုနေလေ ဘယ်လူနာက ဖုန်းကြီးပဲ ကြည့်နေလို့လဲ ''
'' မမြင်ဖူးရင်ကြည့်ထား အဲ့ဒီလူနာက ငါပဲ ''
'' ငါထပ်လုပ်လိုက်ရ ''
ရှန်မင်း လက်တစ်ဖက် ထပ်မြောက်လိုက်သည်။ ရိုက်ခါနီးမှ အခန်းတံခါးပွင့်သွားပြီး ကောင်ငယ်လေးတစ်ယောက် ဝင်လာသည်။ ဖြူဖြူသေးသေးလေးပင်ဖြစ်သည်။ ပေါင်လယ်လောက်ရှိသော အဖြူရောင် ဘောင်းဘီ တိုလေးဝတ်ကာ သူ့ရဲ့ သေးသွယ်လှပသော ခြေတံများကို ဖော်ထားသည်။ အသားဖြူဖြူနှင့် ခရမ်းအနုရောင် ဆံပင်တို့မှာလည်း အတော်ကြည့်ကောင်းသည်။
ယောကျာ်း ချင်းတောင် လည်ပြန်ကြည့်ရလောက်သည့် အလှမျိူးနှင့် လှသည်။ တိမ်တိုက်တောင် ငေးခနဲဖြစ်သွားသည်။
'' ဪ Bae ဘယ်လိုရောက်လာတာလဲ ''
'' ရှန် ဒီမှာ ရှိလောက်မယ်ထင်လို့လေ ရှန်ကပစ်ထားတာကို ''
ဪ bae တဲ့ ဒါ ရှန်မင်းကောင်လေးအသစ်ဖြစ်လိမ့်မယ်။ တော်တော်လှလှ ကိုမှ ရှာတွဲထားတာပဲ။
အမယ် သေချာကြည့်မှ ဒီကောင်လေးက သွားတက်နဲ့ဟ။ ဒီလောက်ချောရင်တော်ပြီးပေါ့ လောဘကြီးပြီး သွားတက်ပါ ပါလိုက်သေး။ သေချာပြန်စဥ်းစားကြည့်မှ ရောင်ဖြာငယ်လည်း သွားတက်ပါတာပဲ။
'' မဟုတ်ပါဘူး bae ရာ ကိုယ် ဒီတလော မအားသေးလို့ပါ။ ဪ bae ဒါက ကိုယ့်သူငယ်ချင်း တိမ်တိုက်ကြိုး လို့ခေါ်တယ် ''
'' ယူက ချစ်စရာလေးပဲ အဲ့တာကြောင့်လည်း ရှန်က စိတ်မချဖြစ်ဖြစ်နေတာ ထင်တယ်။ ဒါနဲ့ တို့နာမည်က သက်တန့်ရောင် ပါ ရှန့် ကောင်လေးပေါ့ ''
'' bae ရာဘယ်လိုတွေပြောနေတာလဲ ''
'' bae ပြောတာမှားလို့လား ''
ရှန်မင်းနဲ့ သက်တန့် ရောင်တို့ တိမ်တိုက်ရှေ့တွင် စကား အချေအတင်ဖြစ်နေကြသည်။ တိမ်တိုက်မှာတော့ လှရက်လွန်းသော သက်တန့်ရောင် ၏ အလှတွင် နစ်မြောနေတုန်း။ ယောကျာ်း လေးတစ်ယောက် ဖြစ်နေသော်လည်း အပြောအဆို အမူအရာနှင့် ဟန်ပန်တို့မှာ ပန်းလေးတစ်ပွင့်အလား သိမ်မွေ့လှသည်။
သက်တန့်ရောင်နှင့် ရှန်မင်းတို့ သင်္ကြန် တွင် စတင်ဆုံခဲ့ကြခြင်းဖြစ်ရာ ဤသည်မှစ၍ တဖြည်းဖြည်း ချစ်သူအဆင့်သို့ရောက်ခဲ့ကြသည်ဖြစ်သည်။ တိမ်တိုက်ဆေးရုံတက်သည့်နေ့မှ စ၍ ရှန်မင်းနဲ့ သက်တန့် တို့ သိပ်မတွေ့ဖြစ်ကြတော့ပေ။
မေးလိုက်တိုင်း သူငယ်ချင်းဆေးရုံ စောင့်ပေးနေတယ်ချည်းပဲ ပြောကာ တွေ့ဖို့ ငြင်းသည်။ မွေးနေ့တောင်မှ မလာရင် ပြတ်မယ်ဟု ခြိမ်းခြောက်မှသာ ရောက်လာခဲ့သည်။ ထိုကတည်းက သူငယ်ချင်း ဆိုသော ထိုသူကို သက်တန့်တွေ့ချင်နေခဲ့သည်။ ယခုတော့ သူ့သူငယ်ချင်း တက်သော ဆေးရုံကို စုံစမ်းပြီး ရောက်လာခြင်းဖြစ်သည်။
'' ဟျောင့် အဲ့တာ ငါ့ဟာနော် ဖြေးဖြေးကြည့် ''
ငေးလွန်းနေသော တိမ်တိုက်ကို ရှန်မင်းသတိပေးလိုက်သည်။ တိမ်တိုက်ငေးလည်းငေးချင်စရာကောင်းလောက်အောင် ဒီနေ့မှ သူ့ကောင်လေးက တစ်ခြားနေ့တွေထက် ပိုလှနေသည်။ ရှန်မင်းမှာလည်း အလှတွေအများကြီးကြားထဲမှ ထူးခြားစွာလှသော အလှလေးကို ပိုင်ဆိုင်ထားရ၍ လက်မလွှတ်နိုင်ဖြစ်နေသည်။ ပြီးတော့ သည်အလှလေးကလည်း သူ့ကို အလိုလိုက်သည်မဟုတ်လား အဟွန်းဟွန်း...။
'' ဪ အေး မင်းကလည်းကွာ အဲ့လိုမဟုတ်ပါဘူး။ သက်တန့်ရောင် ကိုအားနာစရာကြီး။ ဒီက ညီ စိတ်မဆိုးပါနဲ့ကွာ ဒီတိုင်း မင်းက တော်တော်လှ လို့ပါ ''
'' ဟင် ဪ ကျေးဇူးပါ ''
သက်တန့် ကြောင်သွားသည်။ ဝုန်းမလို့လာပါတယ်ဆိုနေမှကိုယ့်အလှကို ငေးမော ချီးကျူးနေတော့ ဘယ်အပေါက်က ဝုန်းရမှန်းမသိတော့။
'' ဒီည K pop Concept တစ်ခု လက်မှတ်ဖြတ်ထားပြီးပြီ အဲ့တာ ရှန်လိုက်ခဲ့ ''
'' ကိုယ်...''
ရှန်မင်းငြင်းရန် ပြင်လိုက်ပြီးမှ သက်တန့် မျက်နှာကိုတစ်ချက် ပြန်ကြည့်လိုက်တော့ သူငြင်းလိုက်ရင် အခုပဲ သည်နေရာမှာ ပွဲထဖြစ်တော့မည် အရိပ်ယောင်များကို သက်တန့် မျက်ဝန်းထဲတွင် တွေ့လိုက်သည်။ တိမ်တိုက်ကို ကြည့်လိုက်တော့ သွားလိုက် ဟူသော ထောက်ခံသည့်မျက်လုံးများဖြစ် ကြည့်နေသည်။
'' ကိုယ် လိုက်ခဲ့မယ် ဘယ်အချိန်လဲ ''
'' 7 နာရီလောက် bae ကို လာခေါ် ''
'' ဟုတ်ပါပြီ ဗျာ ''
'' အဲ့တာကြောင့် ရှန့်ကို ချစ်နေရတာ မွ ''
ရှန်မင်း ပါးတစ်ဖက်ကိုပါ ဖျတ်ခနဲ နမ်းလိုက်သေးသည်။ တိမ်တိုက်ကတော့ ခုထိ သက်တန့်ကို အငေးမပျက်။
'' တိမ်တိုက်.. ငါ... ''
'' ရတယ် သွားသွား မေမေ့ကို ငါပဲပြောလိုက်မယ် မင်းသာ ဖြေးဖြေးလုပ်...အဲလေ ဖြေးဖြေးသွား..ပြောတာ ''
'' မင်းနော် မင်း..မင်း.''
ထို့နောက် သက်တန့်ရောင်ပြန်သွားသည်။ ရှန်မင်းက လိုက်ပို့၍ အခန်းထဲတွင် သူတစ်ယောက်တည်း ကျန်ခဲ့သည်။
ဘေးနားချထားသော ဖုန်းကို ပြန်ယူလိုက်ပြီး Messages box ထဲဝင်ကြည့်သည်။ သို့သော် ဘာစာမှ ရောက်မလာ။ သူသာစာတွေ ဆက်တိုက်ပို့ထားပြီး ခွန်းက ခုထိ စာမပြန်။ ဖုန်းခေါ်ကြည့်သည် မကိုင်။ ၃ခါခေါ်သည် ၃ခါလုံး မကိုင်။
💬 ကိုခွန်း မအားဘူးလားဟင်
သူထပ်ပို့လိုက်သည်။ သို့သော် အတော်ကြာသည်အထိ reply ပြန်မလာသလို ။ ဖုန်းလည်းပြန်မခေါ် ။ စိတ်ညစ်ညစ်ဖြင့် နားကြပ်ကြီးကောက်တပ်ကာ အိပ်လိုက်တော့သည်။ ရှန်မင်းပြန်ဝင်လာတာတောင် မသိလိုက်။
.......................
ဦးမာန်ခွန်းစစ် တို့အိမ်ရဲ့ ထမင်းစားခန်းထဲ ရောက်တော့ ခငယ်လေးကို ထိုင်ခုံပေါ်ချပေးကာ ဝယ်လာသည်များကိုလည်း ဘေးတွင်ချကာ ခငယ်လေးဘေး ဝင်ထိုင်သည်။
'' ခငယ်လေး ကိုကို ဆန်ပြုတ် ပြုတ်ပေးမယ်နော် ကြီးကြီးနုနဲ့ ခနလေးစောင့် ''
'' ဟုတ် ''
ဝယ်လာသောပစ္စည်းများကို မီးဖိုချောင်ဘက်သို့ သယ်သွားပြီး ဆန်ပြုတ် စတင်ပြုတ်တော့သည်။ ခငယ်လေးက နေမကောင်းလျှင် ခွန်းပြုတ်ပေးသော ဆန်ပြုတ်ကိုသာ ကောင်းကောင်းစားသည်။ တခြားအစားအစာများ ဘယ်လောက်ပဲ ကောင်းကောင်း တစ်လုတ်ထက်ပိုမစားချေ။
ဆန်ပြုတ်ထဲ ကြက်သားတုံးသေးသေးလေးများနှင့် မုန်လာဥနီများကို သေးသေးလေးစီ နုတ်နုတ်စင်းကာ ထည့်ပြုတ်သည်။ ထို့နောက် ဝယ်လာသော ပြောင်းဖူးများကို ပြုတ်ထားပြီး ဆန်ပြုတ်ရလာလျှင် ပြောင်းဖူးလေးတွေကို တစ်စေ့ချင်းစီခြွေကာ ထည့်ပြီး ကြက်သွန်မိတ်လေးတွေ အပေါ်က ဖြူးထည့်ထားလိုက်သည်။ အကုန်လုံး ပြီးရင်တော့ ခငယ်လေးအတွက် ခွန်း၏ သီးသန့်လက်ရာ ပြောင်းဖူးကြက်သားဆန်ပြုတ် ရပြီဖြစ်သည်။
'' ကိုကိုခွံ့ ''
'' ကိုယ့်ဘာသာစားလေ ခငယ်လေးရဲ့ ခငယ်က အရွယ်ရောက်နေပြီကို ''
'' မရဘူး ကိုကို ခွံ့ ''
နေမကောင်း၍ ဂျစ်တိုက်နေသော ခငယ်လေး။
'' ကဲကဲ လာ အာ.....''
ခွန်း ဆန်ပြုတ် စခွံ့တော့သည်။ မကြာမှီ ဆန်ပြုတ် တစ်ပန်းကန်မှာ အကုန်ကုန်သွားသည်။ ဒီရက်တွေအတွင်း ပထမဆုံး အများကြီး စားခြင်းဖြစ်သည်။ တကယ်ကို ခငယ်လေးက သူ့အကို ရှိမှ ဖြစ်လိမ့်မည်။
စားသောက်ပြီးတော့.....
'' ကဲ ခငယ်လေး စားလို့လည်းပြီးပြီဆိုတော့ ဆေးသောက် ရမယ်နော် ကြီးကြီးနု ရေ ခငယ်သောက်ရမယ့်ဆေးပေးပါဦး ''
ကြီးကြီးနုယူလာပြီး ဆေးတိုက်တော့လည်း ခငယ်လေးက မငြင်း ရှောရှောရှူရှူ ပင်။ ထို့နောက် မောင်နှမနှစ်ယောက် ခငယ်အခန်းသို့ သွားကာ ခငယ်လေးကို ခွန်းက စာအုပ်ဖတ်ပြနေသည်။ ခငယ်လေးကတော့ ခွန်းလက်မောင်းပေါ်တွင် မှေးလျက် ခွန်းဖတ်ပြတာကို နားထောင်ရင်း ဆေးအရှိန်ကြောင့် အိပ်ပျော်သွားသည်။
'' သားခွန်းရေ..''
'' ရှူးးးး ''
ခငယ်လေးအိပ်နေတုန်း ကြီးကြီးနုက သူ့အားခေါ်ရင်း ဝင်လာသဖြင့် နိုးသွားမည်စိုး၍ နှုတ်ခမ်းကို လက်ညိုးလေးဖြင့် ဖိကာ တိုးတိုးနေရန် အချက်ပြသည်။
ကြီးကြီးနုလည်း ထမင်းစားခန်းတွင် ကျန်ခဲ့သော ခွန်းဖုန်းကို ထောင်ပြကာ ဖြေးဖြေးလေး ကုတင်နားလျှောက်လာခဲ့သည်။
'' ဖုန်းနဲ့ မက်ဆေ့ချ် တွေ အများကြီးဝင်နေတယ်အရေးကြီးသလား မသိဘူး ''
ကြီးကြီးနုက တိုးတိုးလေး ပြောသည်။ ခွန်းယူကြည့်လိုက်တော့ တိမ်တိုက်ဆီက ဖုန်းနှင့် စာများဝင်ထားခြင်းဖြစ်သည်။ အခုမှ သတိရသည် သူ မအားတာကြောင့် သည်နေ့ စာမသင်ဖြစ်တော့ဘူးဟု ကိုစေလွန်းညို တို့ကိုသာ လှမ်းအကြောင်းကြားထားသည်။ တိမ်တိုက်ကိုတော့ မဆက်ဖြစ်ခဲ့။ပြန်ခေါ်မည် ဟု လုပ်ကာ တိမ်တိုက် contact ကို နှိပ်တုန်း ပါဝါ ပိတ်ကျသွားသည်။ အကြောင်းကတော့ ခွန်းအားသွင်းကြိုးကို ကြောင်မလေးမှ ကို ကိုက်ဖြတ်ထား၍ ခုထိ အားမသွင်းရသေးပေ။
'' ကြီးကြီးနုမှာ အားသွင်းကြိုးရှိလား ''
'' ဟယ် မရှိဘူး သားရဲ့ ဘာလို့လဲ အားကုန်သွားတာလား။ ကြီးကြီး သွားတောင်းပေးရမလား ''
'' ကြီးကြီးမှာ မရှိရင် ထားလိုက်တော့ အခန်းပြန်ရောက်မှ သွင်းလိုက်မယ် ''
ဒီမိသားစုဆီက အကူအညီဆိုရင် သေးသေးလေးကအစ မလိုချင်တာ အမှန်ဖြစ်သည်။ ကမ္ဘာ ကြီး အဆုံးသတ်သွားရင်တောင် သူတို့ဆီ ဘယ်သောအခါမှ အကူအညီတောင်းခံမည်မဟုတ်။ အဲ့တော့လည်း တိမ်တိုက်ဆီ ဆက်မရပဲ ဖြစ်တော့သည်ပေါ့။ ခုနေထသွားချင်လိုက်သော်လည်း ခငယ်လေးနိုးလာ၍ သူ့ကိုမတွေ့လျှင် ဝမ်းနည်းနေလိမ့်မည်။ ထို့ကြောင့် ညနေ မှပဲ ဆေးရုံသွားတွေ့တော့မည်ဟု ဆုံးဖြတ်လိုက်ပြီး
ခငယ်လေးနှင့်အတူ သူပါ တစ်ရေးမှေးလိုက်သည်။
ညနေစောင်းတော့ ခွန်းနိုးလာခဲ့သည်။ ခငယ်လေးကတော့ အိပ်ကောင်းတုန်းပင်။
နာရီလှမ်းကြည့်တော့ ၅နာရီပင်ထိုးတော့မည်ဖြစ်သည်။ ညနေစောင်းအိပ်လျှင် ပြန်ဖျားမည်စိုး၍ ခငယ်လေးကို မနှိုးချင်သော်လည်း နှိုးလိုက်ရသည်။
အကြာကြီးအိပ်ထား၍ အားများပြည့်နေသော်လည်း ခငယ်လေးမှာ နုံးနေသည်။ ဒါကြောင့် ကြီးကြီးနု ကို ရေနွေးလေးဖြင့် ခငယ်လေးကို ရေပတ်တိုက်ခိုင်းလိုက်သည်။
'' ခငယ်လေး ညစာကို သေချာစားပြီး ဆေးသောက်ရမယ်နော် ကိုကို အကုန်လုပ်ပေးထားခဲ့တယ် သိလား ''
'' ကိုကို ဒီည ဒီမှာ အိပ်လို့မရဘူးလားဟင် ''
အခန်းထဲတွင် ကြီးကြီးနု နှင့် သူတို့မောင်နှမ သာရှိသည်။ ခွန်းက မပြန်ခင် ခငယ်လေးအား သေချာမှာနေသည်။
'' ကိုကို က ကိုကိုတိမ်တိုက်ကို သွားကြည့်ရဦးမယ် ခငယ်လေးရဲ့။ ''
'' ကိုကိုတိမ်တိုက်က နေမကောင်းဘူးလား ''
'' ဟုတ်တယ် ခငယ်လေးရဲ့ ကိုကိုတိမ်တိုက်က အခုဆေးရုံမှာ တစ်ယောက် တည်းမို့ ကိုကိုသွားရမယ် ''
'' ဟယ် မောင်တိမ်တိုက်လေးက ဘာဖြစ်တာလဲ သားရယ် ''
'' နှလုံးရောဂါ တဲ့ ကြီးကြီးနုရဲ့ ဆေးရုံတက်နေရတာကြာပြီ။ ဒါနဲ့ သားကို ဆန်ပြုတ်ကို ဘူးလေးနဲ့ ထုတ်ပေးလိုက်ပါလား။ အိုးထဲမှာ ခငယ်အတွက်ဖယ်ပြီး ချန်ထားတာရှိတယ် ''
'' ဖြစ်ရလေကွယ် အဲ့တာကြောင့် ဒီကလေးက အကောင်သေးသေးလေးဖြစ်နေတာကို။ ကြီးကြီးနုကမေးတယ်လို့လည်း ပြောလိုက်ပါဦးကွယ် ''
ထို့နောက် ကြီးကြီးနု အခန်းထဲမှ ထွက်သွားပြီး ဆန်ပြုတ်ဘူး အကြည်လေးဖြင့် ပြန်ဝင်လာသည်။ ခွန်းလည်း ခငယ်လေးကို မှာစရာရှိတာ သေသေချာချာ မှာပြီး ထိုအိမ်မှ ပြန်ထွက်လာလိုက်သည်။ ဧည့်ခန်းတွင် ဦးမာန်ခွန်းစစ် ထိုင်နေသဖြင့် ပြန်တော့မည်ဟု မတတ်သာ၍ နှုတ်ဆက်ခဲ့ရသေးသည်။
ဆေးရုံတန်းမသွားသေးပဲ အခန်းကို အရင်ပြန်ကာ ရေမိုးချိူး ပြီး အေးနေသော ဆန်ပြုတ်ကို ပြန်နွှေးလိုက်သေးသည်။ နွှေးပြီး ဘူးလေးထဲ ပြန်ထည့်ကာ ဆေးရုံဘက်ထွက်လာလိုက်သည်။
ကောင်းကင်မှ နေလုံးကြီးတောင် ထွက်ခွာသွားပြီဖြစ်၍ မှောင်စပျိူးနေပြီဖြစ်သည်။ ခွန်းဖုန်းကတော့ ခုထိ အားမသွင်းရသေး။ ခငယ်အိမ်မှအပြန် ဝယ်ဖို့မေ့ခဲ့ခြင်းဖြစ်သည်။
.....................
တိမ်တိုက် အိပ်ရာက နိုးလာပြီး ခွန်းကို ဖုန်းထပ်ခေါ်သည်။ စက်ပါပိတ်သွားသည်။ စိတ်ပေါက်ပေါက်ဖြင့် သူ့ဖုန်းကိုပါ စက်ပိတ်ပစ်လိုက်သည်။ ဒေါ်ယုယမြိုင် ကို ဖုန်းခေါ်ရန်ပင် မေ့သွားသည်။
ရေထချိူးလိုက်ပြီး ညနေစောင်းတွင် ဆေးရုံ ရှေ့က ပန်းခြံလေးထဲတွင် စာအုပ်တောင်ဆင်းဖတ်လိုက်သေးသည်။ ရှန်မင်းကတော့ ၄နာရီလောက်ကတည်းက အိမ်ပြန်သွားပြီဖြစ်သည်။
စာဖတ်နေရင်းပျင်းလာကာ အပေါ်ပြန်တက်၍ ကုတင်ပေါ်ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း ထပ်အိပ်ပျော်သွားသည်။
လူကသာအိပ်ပျော်နေသာ်လည်း နှာခေါင်းကတော့ အိပ်ပျော်မနေပါ။ ကြက်သားဆန်ပြုတ်နံ့မွှေးမွှေးလေးက တိမ်တိုက်နှာခေါင်းကို လာကျီစယ်နေသည်။ ဆန်ပြုတ်အနံ့တွေကြားမှာ သူမှတ်မိနေသော ကိုယ်သင်းနံ့ပါ တစ်ချက်တစ်ချက် ရောရတတ်သည်။ သည် ကိုယ်သင်းနံ့ ဆိုတာ သူစွဲလမ်းဖူးသည့် အနံ့မဟုတ်လား။
မျက်လုံးကို မဖွင့်ပဲ နှာခေါင်း လေးကို တရှုံ့ရှုံ့ဖြင့် အနံ့ခံကာ ကျေနပ်နေသည်။ အိပ်နေသော လူရဲ့မျက်နှာကြီးမှာလည်း ပြုံးလို့ပင်။
သိပ်မကြာခင် ထိုကိုယ်သင်းနံ့က သူ့နှာခေါင်းနားသို့ တဖြည်းဖြည်း ကပ်လာသလို ဆန်ပြုတ်အနံ့ပျောက်ကာ ကိုယ်သင်းနံ့ တစ်ခုသာ ရတော့သည်။ ထို့နောက် သူ့နား နားသို့လေတိုးသံတစ်ခု ရောက်လာသည်။
'' ခုမထဘူးဆို ဆန်ပြုတ်ကို မောင်စားလိုက်တော့မှာနော် ''
ခွန်း တကယ် တိုးတိုးလေး တိမ်တိုက်နား နားသို့ကပ်ကာပြောလိုက်သည်။
တိမ်တိုက်မျက်လုံးတို့ တဖြည်းဖြည်း ပွင့်လာသည်။ ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ခွန်းကို မသိသလို ခပ်မှေးမှေးလေးကြည့်ကာ ပြန်ပိတ်သွားသည်။
တကယ်တော့ တိမ်တိုက်စိတ်ထဲတွင် အိမ်မက်ဟုသာ ထင်မှတ်ကာ ပြန်မှိတ်လိုက်ပြီး ဆက်အိပ်နေခြင်းဖြစ်သည်။ ဘာမှမပြောပဲ ခွန်းက သူ့ဆီ ရောက်လာစရာအကြောင်းမရှိဟု တထစ်ချတွေးထားသည်။ ထို့ပြင် အပြင်မှာ ခွန်းက သူ့ကိုယ်သူ မောင်လို့ သုံး၍ ကျီစယ်စရာလည်း အကြောင်းမရှိ။
'' ဖူး....''
ပြန်ပိတ်သွားသော မျက်ခွံလေးကို လေဖြင့် အသာမှုတ်လိုက်သည်။
တိမ်တိုက် မျက်လုံး ပြန်ပွင့်လာသည်။ ခဏသာ ခွန်းကို စိုက်ကြည့်ပြီး ပြန်မှိတ်သွားပြန်သည်။
ဘယ်လိုလုပ်လုပ်နိုးမလာသော တိမ်တိုက်ကို နှိုးရန် ခွန်းအကြံထုတ်တော့သည်။ နောက်တော့ ခွန်း တိမ်တိုက်အနားထပ်တိုးသွားကာ
'' သရဲကြီးလာနေပြီနော် ''
'' အားသရဲ သရဲ ''
အကြံအောင်မြင်ပါသည်။ သရဲဟူသောအသံကြားတာနဲ့ ငုတ်တုတ်ထထိုင်သော တိမ်တိုက်ကြိုး။
ဒီကောင်လေးအပေါ် အာဏာ သက်ရောက်တာဆိုလို့ မမြင်ရတဲ့ သရဲသာရှိသည်။
'' ကဲ ဘယ်လိုလဲ နိုးပြီလား ''
'' ဟာ မောင်က.... အဲ ကိုခွန်းကဗျာ ''
'' ကိုယ်နှိုးနေတာကြာပြီ ဘာလို့ ပြန်ပြန်အိပ်သွားတာလဲ ''
'' ဟီးးအိမ်မက်မက်နေတယ်လို့ထင်လိုက်တာ ''
သွားတက်ကြီး ကိုထုတ်ပြကာ အသေသတ်နေသော တိမ်တိုက်။
'' ဟောဗျာ ဟားးဟားး ''
ခွန်း သဘောကျကာ တိမ်တိုက်အုန်းမုက်ခွက်လေးကို အသာဖွရင်းရီသည်။
ထို့နောက် တိမ်တိုက်က ညစာ မစားရသေးဘူးဟု ဆိုသဖြင့် ခွန်း ယူလာသော ဆန်ပြုတ်ကို ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။ အရမ်းကြီးတော့ မပူတော့ စားရင်တော့ အဆင်ပြေသော အပူချိန်ဖြစ်သည်။ သို့သော် ခွန်းကတော့ ဆန်ပြုတ်ပန်းကန်ကို မွှေရင်း လေမှုတ်ပေးနေသည်။
တိမ်တိုက်မှာ တစ်နေကုန်အိပ်ပဲအိပ်နေသဖြင့် ဗိုက်ကအတော်လေး ဆာနေသဖြင့် ခွန်းမွှေနေသော ဆန်ပြုတ်ပန်းကန်ကို
ကြည့်ကာ တံတွေးများ မြိုချလျက်။
ခွန်းက တော့ခုထိမှုတ်လို့မပြီးသေး....ဆန်ပြုတ်ကိုနော် ဆန်ပြုတ်ကို။
'' ရပြီထင်တယ်နော် စားလိုက်တော့မယ် ''
ဟုပြောရင်းနဲ့ ဆန်ပြုတ်ပန်းကန်ကို ဆွဲယူကာ တစ်ဇွန်းစ စားသည်။ ဗိုက်ကဆာနေ၍ အရသာရှိသော ခွန်းရဲ့ ဆန်ပြုတ်မှာ ပို၍ပင်စားလို့ကောင်းနေသည်။
'' ကောင်းလိုက်တာ ပြောင်းဖူးလေးတွေတောင်ပါသေးတယ် ဘယ်ဆိုင်ကလဲ ကိုခွန်း ''
'' ဆိုင်ကမဟုတ်ဘူး ခငယ်လေးအတွက် ပြုတ်ပေးရင်း မင်းအတွက်ပါ ပိုပြုတ်လိုက်တာ ''
'' ခွန်းငယ်လေးက ဆန်ပြုတ်သောက်ရတယ် ဟုတ်လား နေမကောင်းဘူးလား ''
တိမ်တိုက် စားနေရင်းနဲ့ မေးသည်။ ဇွန်းကို ခုထိ တခါမှ မချရသေး။ ဆက်တိုက်စားနေခြင်းဖြစ်သည်။
'' အင်း ရိုးရိုး ဖျားတာပါ နေ့လည်ကိုယ် သူ့ဆီသွားနေလို့ မအားတာ ဖုန်းကလည်း အားကုန်သွားတာနဲ့ ''
ပြောရင်း တစ်ရှူးတစ်ရွက်ကိုထုတ်ကာ တိမ်တိုက်ကို ပေးလိုက်သည်။
'' ဪ..''
ပန်းကန်ထဲကြည့်တော့ ပြောင်သလင်းခါနေကာ
တင်စားနေသည့် ခုံလေးပေါ်တွင် ပြောင်းဖူးဝါဝါ တစ်စေ့ ထင်ထင်ရှားရှား ကျနေသည်။
ခွန်းကို တစ်ချက်ကြည့်ကာ ခွန်းအလစ်တွင် ထိုပြောင်းဖူးစေ့ကိုကောက်ကာ ပါးစပ်ထဲ အမြန်ထည့်လိုက်သည်။
နောက်ဆုံး တစ်ခုက စားလို့ အကောင်းဆုံးပဲ ဟုတောင် တွေးရင်း ပြုံးလိုက်သေးသည်။
ထို့နောက်သိမ်းဆည်းကာ တိမ်တိုက်ကို ဆေးတွေဘာတွေ တိုက်ပြီး နှစ်ယောက်သား အခန်းထဲ ငြိမ်ကျသွားပြန်သည်။
'' တိမ်တိုက် ''
'' ဗျာ ''
''ဆေးရုံက သဘက်ခါဆင်းရမှာလို့ ပြောတာလား ''
'' အင်း ဟုတ်တယ် ''
'' ဟိုတခေါက်က ညစျေးကို မရောက်လိုက်ဘူးမလား အခုသွားမလား ''
'' ဟင် တကယ်လား ''
တိမ်တိုက်ပျော်သွားသည်။ သို့သော် ချက်ချင်းပြန် ညှိုးကျသွားပြီး
'' ကိုခွန်းက ခိုးထွက်တာ မကြိုက်ဘူးမလား ဟိုတစ်ခါက တောင် ကျွန်တော့်ကို ဆူချင်နေတာလေ ''
'' ဒီတစ်ခါက ကိုယ်ပါတယ်လေ ''
'' ဟီးးတကယ်လား အဲ့လိုမှန်းသိ မနက်က အင်္ကျီ တွေပြန်မပေးလိုက်ပါဘူး ဒီဝတ်စုံနဲ့ထွက်ရတာ ခက်တယ် ''
တိမ်တိုက်သူ့ အင်္ကျီ သူငုံ့ကြည့်ကာပြောသည်။
'' ကိုယ်ယူလာတယ် '' ဟုပြောကာ ဘေးကအိတ်ထဲမှ အနက်ရောင် ရှပ်လက်ရှည် နဲ့ ဒူးအတိချည်ဘောင်းဘီ အဖြူလေးကို ထုတ်ပေးသည်။
ရှပ်အင်္ကျီ ကတော့ ခွန်းဟာဖြစ်ပြီး ဘောင်းဘီကတော့ ခွန်းတွင် မရှိ၍ လမ်းမှ ဝင်ဝယ်ခဲ့ခြင်းဖြစ်သည်။
ခွန်းအင်္ကျီ ကိုတိမ်တိုက်ဝတ်တော့ ဝါးခြမ်းပြားကို ဂုန်နီအိတ်အမဲ စွတ်ပေးသလိုပင် ။ သန်မာထွားကြိုင်းလှသော ခွန်း ဆိုဒ်နဲ့ သေးညှက်လှသော တိမ်တိုက် ဆိုဒ်တို့မှာ အကွာကြီးကွာသည်။ အင်္ကျီ လက်တို့မှာ အတော်လေးခေါက်တင်ပြီးမှ တိမ်တိုက် လက်ချောင်းလေးတွေကို မြင်ရသည်။ ခွန်း အင်္ကျီ အရှည်ကပင် တိမ်တိုက် ပေါင်အလယ်လောက်ထိရောက်နေပြီး
ဘောက်ဆာနဲ့ ဝတ်တောင် ရသည်။ ခွန်းအရပ်က အဲ့လောက်ရှည်သည်တဲ့။
အင်္ကျီ ဖိုးရိုးဖားရားဖြင့် အတော်လေးနန်းဆန်နေသော တိမ်တိုက်ကြိုး။
မသိတဲ့လူကြည့် လျှင် အဖေ့အင်္ကျီတွေကောက်စွပ်လာသော ကလေးဟု ထင်မိကြလိမ့်မည်။
ထို့နောက် ဆေးရုံမှ နှစ်ယောက်သာ ခပ်တည်တည်နဲ့ ထွက်လာခဲ့ကြသည်။ အဝတ်အစားကြားတွင် နစ်မြုပ်နေသော ကောင်ငယ်လေးကို အနီးကပ် လာကြည့်မှသာ တိမ်တိုက်မှန်း သိကြလိမ့်မည်။
မီးရောင်စုံနှင့် လှပနေသော ညစျေးတန်းအရှည်ကြီးကို ခွန်းတို့စလျှောက်ကြသည်။ ပိတ်ရက်မို့ထင်သည်။ လူအတော်စည်သည်။ ခန္ဓာ ကိုယ်ကြီးမားသော ခွန်းကအကြောင်းမဟုတ် ဘေးက အကောင်ပေါက်စလေးမှာ လူကြားထဲ ညှပ်ညှပ် ကျန်နေတတ်သည်။
နောက်ဆုံး မတတ်သာသည့်အဆုံး တိမ်တိုက်လက်ကို ကိုင်ကာ လျှောက်ရသည်။ ယခုဆို လက်ဖဝါးနုနုသေးသေးလေးမှာ ခွန်း၏ လက်ဖဝါးကြီးကြီးထဲတွင် ဖြစ်သည်။
လူတိုးနေရင်း နွေးခနဲဖြစ်သွားသော လက်တစ်ဖက်နဲ့အတူ ဘယ်ဘက် ရင်အုံမှ နှလုံးသားတို့ကလည်း တဟုန်ထိုး ခုန်တက်လာသည်။ သူ၏ ချစ်ရသော အမျိူးသားလေးက သူ့လက်အားဆုပ်ကိုင်ထားခြင်းဖြစ်သည်။ သည်နွေးထွေးမှုတွင် အားကိုးခြင်းနှင့် စိတ်လုံခြုံမှုတို့ ပါဝင်နေသည်။
အရင်က.... မင်းလက်ကိုသာ ဆုပ်ကိုင်ခွင့်ရရင် ငရဲဆိုလည်းသွားနိုင်သည် ဟူသောအပို စကားများကို မယုံမကြည် လှောင်ဖူးသည်။ အခုတော့သိပြီ..ငရဲမှ မဟုတ်ဘူး ဒီလက်ကိုသာ ဆုပ်ကိုင်ခွင့်ရရင် ဘယ်အရာမဆို ကျော်ဖြတ်နိုင်သော သတ္တိများ ပေါ်လာခဲ့သည်။ အဓိက က သည်အမျိူးသားလေးဖြစ်နေဖို့သာ လို၏
အဲ့ဒီနောက်တော့ ဒီအမျိူးသားလေးခေါ်ဆောင်ရာနောက်သို့ တိမ်တိုက်လေးမှာ ထပ်ကြပ်မကွာရွေ့လျား မျောပါသွားသည်။
ဒါဟာ အချစ်လား ဆိုတာမသိပေမယ့်....ဒီခံစားချက်ကို အရမ်းနှစ်သက်မိသည်။
'' မောနေပြီလား ''
လူရှင်းသည့်တစ်နေရာ ရောက်တော့ ခွန်းကမေးလာသည်။
ဟမ် မောတယ်ဆိုတာက ဘာလဲ ဟင်။
မောတယ်ဆိုတာဘာမှန်းမသိရတော့လောက်အောင် မောဖို့မေ့နေခဲ့ပြီ။
'' ဟင့်အင်း ''
ခေါင်းလေးအသာယမ်းရင်း ဖြေမိသည်။
မနက်ကတည်းက အုပ်နေသော မိုးတိမ်တို့ကြောင့်သာ ပူမနေပဲ အေးစိမ့်စိမ့်လေးဖြစ်နေသည်။ မဟုတ်လျှင် မတော်တရာ ကောက်စွပ်ထားသော ရှပ်လက်ရှည်နဲ့ တိမ်တိုက်တစ်ယောက် ဘဝတစ်ပါးကို လူအုပ်ထဲတွင် ကူးပြောင်းသွားရပေလိမ့်မယ်။
လျှောက်ရင်းလျှောက်ရင်း လူအနည်းငယ်ကျဲသွားချိန်တွင်တော့ ဘေးမှ မုန့်ဆိုင်တန်းများကို တိမ်တိုက် ကောင်းကောင်း မြင်နေရပြီဖြစ်သည်။ ပထမကတော့ လူတိုးနေရသည်နှင့် ဘေးက ဆိုင်တွေ အာရုံမရောက်။
မုန့်အမျိူးအစားစုံလင်လှစွာရောင်းနေသော စျေးသည်များက တိမ်တိုက်ကို ပြုံးပြနေသလို...ဆိုင်ခုံစားပွဲပေါ်တွင် တင်ရောင်းနေသော မုန့်တို့က တိမ်တိုက်အား လာစားလှည့်ပါဟု မြူစွယ်နေသလို....နှာခေါင်းကိုဖြတ်သွားသော မုန့်ဟင်းခါးအနံ့မွှေးမွှေးလေးတို့ ၊ ဝက်သားတုတ်ထိုးလှည်းမှ ထွက်လာသော အနံ့ချိူချိူတို့ က တိမ်တိုက်ကို လာပြောင်နေကြသည်။ လျှောက်ရင်း တံတွေးခနခန မြိုချနေရသည့်အဖြစ်။ အဘယ်ကြောင့်ဆိုသော် အပျော်လွန်ပြီး ပိုက်ဆံ ကျန်ခဲ့ခြင်းဖြစ်သည်။
ဪ မေ့သွားတာ ငါ့မှာ ပိုက်ဆံမှ မရှိတာပဲ.....
တွဲထားသော လက်တို့က ချွေးများထွက်လာသည်ကိုတောင် သတိမထားမိ။ ဘေးက မုန့်တွေကိုသာ ငေးရင်း လိုက်လာခဲ့သည်။
'' တိမ်တိုက်.... တိမ်တိုက်....တိမ်တိုက် ''
ခွန်း အရှေ့ကသွားရင်း တိမ်တိုက်ကို ခေါ်သည်။ တစ်ခါခေါ်သည် မကြား။ နှစ်ခါခေါ်သည် မကြား။ ၃ခါခေါ်သည် မတုန့်ပြန်။
ခွန်းလှည့်ကြည့်လိုက်တော့ ဘေးက မုန့်သည်များဆီက
အကြည့် မခွာသော သူ့တိမ်တိုက်။
သူဝယ်ကျွေးချင်ပါသော်လည်း ညဥ့်နက်နေ၍ အစာမကြေဖြစ်မှာ စိုးမိသည်။ နည်းနည်းလေးစားရုံနှင့်တင်းတိမ်နိုင်သော လူစားထဲမှာ သူ့တိမ်တိုက်မပါမှန်းသိသည်။ စားဟုဆိုလိုက်လျှင် မဆန့်မပြဲစားလိမ့်မည်။ ပြီးမှ လူးလိမ့်နေအောင် ခံရလိမ့်မည်။ ဒီကလေး နာကျင်ရတာလောက် မုန်းတာမရှိ။
တစ်ချိူ့ မုန့်များကိုတော့ ဝယ်ကျွေးဖြစ်သည်။ သို့သော် တိမ်တိုက်မှာ တစ်ချိူ့မဟုတ်ပဲ မုန့်မှန်သမျှ အကုန်စားချင်နေသည်က ခက်သည်။
'' ကိုခွန်း ကျွန်တော့်ကိုလေ အာတာပူစီလေး ဝယ်ကျွေးပါလား ''
ကလေးနှင့် ကလေးမိဘတွေ အုံနေသည့်အာတာပူစီအသည်ကို လက်ညိုးလေးထိုးပြပြီး အသနားခံနေလေသည်။ မကြာ မကြာ သွားတက်ကိုလည်း ထုတ်ထုတ်ပြ၍ ခြိမ်းခြောက်တတ်သေး။
ဒေါက်တာထင်လင်းတစ်ယောက် သူ့လူနာ က ညစျေးတွင် လျှောက်စားနေသည်ကိုများ သိသွားခဲ့လျှင် သွေးတက်နေတော့မည် ဖြစ်သည်။
လျှောက်ပတ်စားလို့ဝသွားသည့်အခါမှာတော့ ကောင်းကင်မှာ လျှပ်စီးများ ပြက်နေသည်။ မိုးတော့မရွာသေး။ ဆေးရုံသို့ကားငှားပြန်ရန် လမ်းမပေါ်သို့ ပြန်ထွက်လာကြရင်း လမ်းတွင် မိုးများ ဝုန်းခနဲ ရွာချလာသည်။
ခွန်းတို့လည်း ချက်ချင်းဆိုသလို အနီးတွင်ရှိသော အမိုး ရှိရာသို့ မိုးဝင်ခိုလိုက်သည်။ ခွန်းတို့ဝင်ခိုလိုက်သောနေရာမှာ ထန်းရွက်များဖြင့် စနစ်တကျ သပ်သပ်ရပ်ပ် မိုးထားသော အမိုးအောက်တွင် စားပွဲခုံ အကြီးကြီး တစ်လုံးသာရှိသည်။ ထိုစားပွဲပေါ်တွင် အအေးပုလင်းလေးများထည့်လို့ရသော အကန့်လေးများပါရှ်ိသည်။ အအေးဆိုင် သို့မဟုတ် Bubble tea ဆိုင်လေးဖြစ်နိုင်သည်။
တဖြည်းဖြည်း သည်းလာသော မိုးများကြောင့် အမိုးသေးသေးလေးအောက်တွင် ဝင်ခိုနေသော လူနှစ်ယောက်မှာ ဘယ်လိုမှ မလုံတော့။
ခွန်း လေတိုက်လာရာဘက်ကိုတစ်ချက် ကြည့်လိုက်ပြီး လေတိုက်၍ မိုးများပတ်သော ဘက်ခြမ်းသို့ ကျောပေးရပ်လိုက်ကာ တိမ်တိုက်ကို သူ့ရှေ့တည့်တည့်တွင်ထားလိုက်သည်။ ခွန်းကျောပြင်တစ်ခုလုံးကတော့ မိုးရေများစိုရွှဲလျက်ပေါ့။
ဖြစ်ချင်တော့ Taxi ဟူ၍ တစ်စီးမှ ဖြတ်မလာသေး။ မိုးကလည်း ရပ်မည့်အရိပ်ယောင်မပေါ်။ သူ့ရှေ့မှ နေမကောင်းသော လူနာလေးကိုကြည့်ပြန်တော့လည်း ကြွက်စုတ်လေးဖြစ်တော့မည်။ သူဘယ်လိုပဲ ကာပေးသည်ပြောပြော ပြင်းထန်စွာသည်းနေသောမိုးများကိုတော့ ခွန်းလည်း မတတ်နိုင်ပေ။
သည်ပုံစံအတိုင်းဆို တိမ်တိုက် ဖျားတော့မှာ မြင်ယောင်မိသည်။
တစ်ယောက်တည်းထားခဲ့ပြီး တက်စီ ထွက်ရှာဖို့ကျတော့လည်း သရဲကြောက်တတ်လွန်းသော ကောင်လေးနဲ့ မဖြစ်။
ခေါ်သွားပြန်ရင်လည်း ဘယ်ချိန်လာမလဲ မသိတဲ့ တက်စီကို မိုးရေထဲ စောင့်နေရဦးမည်။
နာရီ ဝက်နီးပါးကြာသည်အထိ မိုးက မစဲ မိုးလင်းကတည်းက မရွာပဲ တေးထားသည့်မိုးမှာ ယခုမှ သည်းကြီးမဲကြီး ရွာနေသည်။
အရှေ့မှ အကောင်ငယ်လေးမှာ တိတ်သွားပြီ ငြိမ်သွားသည်။ ခွန်း စိတ်ပူသွားသည်။
'' တိမ်တိုက် ''
'' ဗျာ ''
ပြန်ထူးသံမှာ တိုး၍ တုန်နေပြီဖြစ်သည်။ မေးစေ့လေးကို ကိုင်ကာ မော့စေတော့ အနီရောင် နှုတ်ခမ်းများပင် ပြာနေပြီဖြစ်သည်။
'' အဆင်ပြေလား အရမ်းချမ်းနေလား ''
မိုးသံသည်းသည်းကြားတွင် ခွန်းအသံမှာ နွေးထွေးလျက်။
'' ဟင့်အင်း ကျွန်တော်အဆင်မပြေဘူး အရမ်းချမ်းတယ် ''
တုန်နေသောအသံလေးနှင့် သူအဆင်မပြေကြောင်း ဖော်ပြနေသည်။ နေမကောင်းသောလူကိုမှ သူက မိုးမိစေသည်။ ခေါ်ထုတ်လာမိတာကိုပင် နောင်တရချင်နေပြီဖြစ်သည်။
ခွန်း မျက်ဝန်းထဲတွင် အားနာစိတ် ဝမ်းနည်းစိတ် စိုးရိမ်စိတ်တို့ ရောထွေးနေသည်။ သူမှားများမှားသွားပြီလားဟုတွေးကာ တိမ်တိုက် ကို သနားသော မျက်လုံးများနှင့် ကြည့်နေမိသည်။ တိမ်တိုက်သာ တစ်ခုခုဖြစ်သွားရင် သူ့ကိုယ်သူလည်း ခွင့်လွှတ်နိုင်မည် ဟုမထင်။
'' ဒီလိုဖြစ်တာ ကိုခွန်း ကြောင့် မဟုတ်ဘူးနော် ။ ပြီးတော့ ဒီနေ့ ကျွန်တော်တကယ်ပျော်ခဲ့ရတာ ''
တိမ်တိုက် နားလည်သည်။ ခွန်း ကိုသူနားလည်သည်။ မှန်တစ်ချပ်လို ကြည့်လာရသော သူ သည် ခွန်းမျက်နှာလေးတွင် ဘယ်အပိုင်းက ဘယ်လိုဖြစ်နေတယ်ဆိုတာ သူကောင်းကောင်းကြီးဖတ်တတ်သည်။ အခုလည်း ခွန်းက သူ့ကြောင့် ဒီလိုဖြစ်တာဟု တွေးကာ ဝမ်းနည်းနေလိမ့်မည်။
တိမ်တိုက် ၏ တုန်ရီစွာပြောသောနှစ်သိမ့်စကားကြောင့် ခွန်းပို၍ အားနာသွားရသည်။
သည်ကောင်လေးကို ပျော်ရွှင်မှုချည်း သီးသန့်ဘာလို့ပေးခွင့်မပြုတာလဲ ကံကြမ္မာရယ်.....
ခွန်း တုန်ရီနေသော တိမ်တိုက် ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး တင်းတင်းဖက်ထားမိသည်။ တိမ်တိုက် ဆံပင်တွေကြားမျက်နှာအပ်ကာ တိုးတိုးလေး ပြောသည်။
'' မောင် တောင်းပန်ပါတယ် တိမ်တိုက် ရယ် .အဲ့တာ မောင့်ကြောင့်...''
ဘယ်လောက်မိုးသည်းသည်း ခွန်း ပြောသမျှကို တိမ်တိုက် အတိုင်းသားကြားနေရသည်။
တကယ်တမ်းတော့ သူတို့အချစ်တွေဆိုတာ ထိန်းထားနေသည့်ကြားထဲကပင် တစ်ချက်တစ်ချက် ထွက်ပေါ်လာတတ်ကြသည်။ ဘယ်လိုအချိန်တွေမှာလဲဆိုတော့ ခံစားချက်တွေ
အနက်ရှိုင်းဆုံးနေရာအထိရောက်သွားတဲ့ အချိန်မှာပေါ့။
ဒီတစ်ခါတော့ ပြန်ထိန်းချင်လိုတဲ့ဆန္ဒ မရှိတော့ ။
မိုးတိမ်တွေတောင် ဘယ်လိုပဲ မပြိုကျအောင်တင်းခံထား တင်းခံထား တစ်ချိန်ကျရင် အခုလို လွတ်လွတ်လပ်လပ် ပြိုဆင်းတတ်ကြသေးတာပဲ....
မောင်တို့ကဘာတွေမို့ လဲ တိမ်တိုက်ရယ်...
တိမ်တိုက်မျက်နှာအပ်ထားရာ ခွန်းရင်ဘတ်တွင် နွေးသွားသည်။
ငိုနေသည်။ မောင့်တိမ်တိုက်လေး ငိုနေသည်။ ဖက်ထားသော ကိုယ်လေးမှာလည်း တသိမ့်သိမ့် တုန်ကာနေသည်။
'' မောင့်ကို ချစ်တယ် ''
ရင်ခွင်ထဲမှ ငိုနေသော ကောင်လေးထံမှ အသံသေးသေးလေးထွက်လာသည်။
ထို့နောက်....
သည်းနေသော မိုးများလည်း စဲသွားတယ်.....
အေးနေသော ကိုယ်မှာလည်း နွေးသွားတယ်....
ပြာနေသော နှုတ်ခမ်းတို့မှာလည်း အကူအညီတစ်ခုကြောင့် ပန်းရောင်ပြန်သမ်းလာတယ်....
ကောင်းကင်မှ မိုးများ ရပ်တန့်သွားပေမယ့်လည်း အဲ့သည့် ထန်းရွက်အမိုးလေးအောက်မှာတော့ အခြားမိုးများ ထပ်မံ ရွာသွန်းပြန်သတဲ့.......
24.3.2022
(Zawgyi)
တစ္စုံတစ္ေယာက္ ကိုခ်စ္တယ္ဆိုရင္ အဲ့ဒီ့ခ်စ္ျခင္းမွာေရာ ကန့္သတ္ခ်က္ေတြ ရွိေနမလား။
'' ေယာက်ာ္းေလးမို႔ မိန္းကေလးကိုပဲ ခ်စ္ရမယ္ '' ဆိုတဲ့သေဘာလား ဒါမွမဟုတ္ရင္ '' မိန္းကေလးမို႔ ေယာက်ာ္းတစ္ေယာက္ကိုပဲ လက္ထက္သင့္တယ္ '' ဆိုတာမ်ိဴးလား။ ဒီပတ္ဝန္းက်င္ ဒီ လူ႕အသိုင္းအဝိုင္းမွာေတာ့ ဒါဟာ ေျပာင္းလဲလို႔မရတဲ့ ပညတ္ခ်က္တစ္ခုလိုပဲ။
ဒါ့ေၾကာင့္ ေယာက်ာ္း တစ္ေယာက္ဟာ ေယာက္်ားတစ္ေယာက္ကို မ်က္စိမွိတ္ခ်စ္လိုက္ဖို႔ဆိုတာ သိပ္ကို စြန့္စားလြန္းရာက်တယ္ ခ်စ္ေသာ....
ကိုယ္ကိုယ္တိုင္က ဘာအစြမ္းအစမွ မရွိေသးတဲ့အခါ
'' ဒါပဲ ျဖစ္သင့္တာ'' ဆိုတဲ့ စည္းေတြေဘာင္ေတြၾကားမွာ လြတ္လြတ္လပ္လပ္ တစ္ေယာက္ကို တစ္ေယာက္ခ်စ္နိုင္ဖို႔ဆိုတာ ေလထဲတိုက္အိမ္ေဆာက္ေနရသလိုပဲ။
ဘယ္အခ်ိန္ လြင့္ျပယ္သြားမလဲ ေၾကာက္ေနရတာမ်ိဴး....
ကိုယ္သတၱိမရွိတာမ်ိဴးမဟုတ္ဘူး တိမ္တိုက္.....
ကိုယ့္ႏွလုံးသားက မင္းေၾကာင့္ ခုန္ေနပါေစဦးေတာ့ အဆုံးထိ ကိုယ္တာဝန္ယူနိုင္မယ္လို႔ အာမ မခံနိုင္တဲ့ လက္တစ္စုံကို ဆုပ္ကိုင္လိုက္ဖို႔ရာ ကိုယ့္ဦးႏွောက္က ခြင့္ျပဳမေနဘူး
မင္းလက္ကို ရဲရဲတင္းတင္း ဆုပ္ကိုင္နိုင္ဖို႔ဆိုရင္ ကိုယ္အမ်ားႀကီး ႀကိဳးစားရဦးမွာ...
'' ေမာင္ '' လို႔ အားကိုးတႀကီး အေခၚခံလိုက္ရတဲ့ညက အိပ္ေရးေတြပ်က္လိုက္တာ။ ကိုယ့္မွာ မင္းရဲ႕ သီးသန့္အားကိုးရာေလး ျဖစ္ခ်င္မိသြားသည္။
ကႀကီးကေန အ အထိ မင္းရဲ႕ အလုံးစုံေသာ မွီခိုမႈကို ကိုယ္ပဲ အျပည့္အဝ ရခ်င္မိတဲ့အထိ ေလာဘတက္မိတယ္
ေမာင့္တိမ္တိုက္ေလးရယ္။
ေရွ႕ေလွ်ာက္ မင္းေတာ့ ကိုယ့္ေၾကာင့္စိတ္ညစ္ရေတာ့မွာပဲ ကြယ္။
'' ေျမာင္ ~~~~ ''
အေတြး ေတြလြင့္ေနစဥ္ ေဘးနားေလးတြင္ လာပြတ္သပ္ေနေသာ အျဖဴေရာင္ေၾကာင္မေလး။
ဟိုတစ္ေန႕ညက ေဆး႐ုံကေန ျပန္ေတာ့ အိပ္လ်က္သားေလး ပါလာေသာ ေၾကာင္မေလး။ ဒဏ္ရာေတြေတာင္ အေတာ္က်က္ေနၿပီ ျဖစ္သည္။ ကယ္တင္လာသူ သခင္မွာေတာ့ သူကိုယ္တိုင္ေတာင္ ေဆး႐ုံက မဆင္းေသးသျဖင့္ ခြန္းပဲ တိုက္ခန္းထိ ေခၚလာျခင္းျဖစ္သည္။ ယခုေတာ့ ေၾကာင္မေလးမွာ ခြန္းအိမ္တြင္ေသာင္တင္ေနသည္။
ခြန္းရဲ႕ ေက်းဇူးရွင္ေၾကာင္ေလးဟုလည္းေျပာလို႔ရသည္ေပါ့။ သည္ သတၱဝါ ေလးေၾကာင့္ သူ႕ရင္ခြင္မွာ ခ်စ္ရသူ ေခတၱခိုနားသြားသည္ မဟုတ္လား။
ေဘးက ေၾကာင္မေလးကို ေကာက္ေပြ႕လိုက္ၿပီး ေက်ာေလးကို သပ္ေပးရင္း ျပတင္းေပါက္ ဘက္သို႔ ေလွ်ာက္သြားလိုက္သည္။ ဒီေန႕ ေကာင္းကင္ႀကီးကေတာ့ မနက္ကတည္းက တိမ္ညိုတိမ္မဲ တို႔ျဖင့္ ျပည့္လ်က္ရွိေနၿပီး မိုးနံ႕မ်ား ရေနသည္။ ဘယ္ခ်ိန္႐ြာမလဲေတာ့ မသိ။ ေနေရာင္မွာ ခုထိ မျမင္ရေသး။
တီ..တီ..တီ....
ဖုန္း contact တစ္ခ်က္ၾကည့္ၿပီး ခြန္းမ်က္ႏွာ တည္တင္းသြားသည္။ ထို႔ေနာက္ မကိုင္ပဲ ဖုန္းကို ျပန္ခ်လိဳက္ၿပီး ေၾကာင္ေလးအား အေမြးျပန္သပ္ေပးေနလိုက္သည္။ ဖုန္းက ေနာက္တစ္ခါ ထပ္လာသည္။ သည္တစ္ခါေတာ့ ခြန္းကိုင္လိုက္သည္။
'' အင္း ''
'' ဟယ္လို သားခြန္း အန္တီပါ ''
ဦးမာန္ခြန္းစစ္ ရဲ႕ ခ်စ္လွစြာေသာ ဒုတိယအမ်ိဴးသမီး
ေဒၚ ဝင့္ထည္ဝါ ။
'' သား လို႔ မေခၚဖို႔ ခင္ဗ်ားကို ဘယ္ႏွခါ ထပ္ေျပာဖို႔လိုသလဲ ေဒၚဝင့္ဝါထည္ ''
ခြန္းလက္ထဲမွ ေၾကာင္ေလး ေျပးဆင္းသြားသည္။
'' အန္တီ့ကို ေတာ္ေတာ္ မုန္းေနလားဟင္ ''
'' အဲ့တာ ကြၽန္ေတာ့္ကိစၥ ဖုန္းဆက္ရတဲ့ အေၾကာင္းရင္းကို ေျပာပါ ''
'' ခငယ္ေလး ေနမေကာင္းလို႔ပါကြယ္ အန္တီ ဘာေကြၽးေကြၽး မစားဘူးကြဲ႕။ မင္းအားရင္ တစ္ခ်က္ေလာက္ လာၾကည့္ေပးပါဦးကြယ္ ဒီတိုင္းဆို အာဟာရျပတ္ေတာ့မယ္ ''
'' ကြၽန္ေတာ္လာခဲ့မယ္ ဒါပဲမလား ဖုန္းခ်ၿပီ ''
ေျပာၿပီးတာႏွင့္ ဖုန္းတန္းခ်ပလိုက္သည္။ ရာသီ အကူးအေျပာင္းကာလ ေရာက္ေနၿပီမို႔ ခငယ္ေလး ေနမေကာင္းျဖစ္ေတာ့မွာကို ႀကိဳသိေနသည္။ ေမာင္ႏွမေတြထဲ ခ်န္ထားခံရသူက သူျဖစ္ေန၍ ေတာ္ေသးသည္ဟု ေတြးမိသည္။ ထိုသို႔ မဟုတ္ပဲ ခ်ဴခ်ာလြန္းသည့္ ခငယ္ေလးသာဆို သူမ်ား အိမ္မွာ ဘယ္လိုေနရပါ့မလဲ။ ၃ေယာက္လုံး မထားခဲ့တာကိုပဲ တစ္ခါတေလ ေက်းဇူး တင္မိသည္။
အခ်ိန္ကို ၾကည့္ေတာ့ ေစာေသးတာနဲ႕ အဝတ္အစားလဲကာ ထြက္လာခဲ့သည္။ ကားေပၚသို႔ မတက္မွီ စူပါမားကတ္ တစ္ခုကို ဝင္ကာ ခငယ္ေလးအတြက္ ဆန္ျပဳတ္ျပဳတ္ေပးရန္ လိုအပ္သည္မ်ားကို တစ္ခါတည္းဝယ္သြားသည္။
ကားေပၚကဆင္းၿပီး မသြားခ်င္ေသာ အိမ္သို႔ ဦးတည္ ေလွ်ာက္ရေတာ့သည္။ ပကာသနေတြ ဂုဏ္ေတြမွ သိပ္မက္ေမာေသာ
ဦးမာန္ခြန္းစစ္ရဲ႕ အိမ္ကိုေပါ့။
ၿခံဝေရာက္ေတာ့ လူေခၚဘဲလ္ ႏွိပ္လိုက္သည္။ အရင္တစ္ခါ
ျပသာနာတက္ဖူးေသာ ၿခံေစာင့္လာဖြင့္သည္။ ဒီအခါေတာ့...
'' ဪ အကိုေလး ဝင္ဝင္။ လာလည္တာလား အဘက အစည္းအေဝး သြားတက္ တယ္ အကိုေလး ''
အကိုေလးဆိုပါလား.. လူကို မတူသလိုမတန္သလို ဆက္ဆံခဲ့ေသာလူမွ လႊတ္ေတာ္အမတ္၏ သားဟု သိရေသာအခါ ရိုရိုက်ိဴးက်ိိူး ႏွင့္ ခါးေလးကိုင္းကာ ကိုင္းကာ ျဖင့္ ဆက္ဆံေနသည္။
ဟက္.. သိပ္ကို အရွိန္အဝါ ႀကီးလွခ်ည္လား ဦးမာန္ခြန္းစစ္ ရဲ႕။
အိမ္ထဲသို႔ ဝင္လာလိုက္ၿပီး ပထမဆုံး ျမင္လိုက္ရသည့္ျမင္ကြင္းမွာ ခြန္း၏ ေဒါသကို စမ္းသပ္ေနသည့္အလား...။
ပင္လယ္စာႏွင့္ဓာတ္မတည့္ေသာ သူ၏ တစ္ဦးတည္းေသာ ညီမေလးအား မိေထြးျဖစ္သူမွ ပုဇြန္အေကာင္လိုက္ကို ဆန္ျပဳတ္ႏွင့္ ေရာခြံ႕ေနေလသည္။
ခငယ္ေလးမွာ လည္း ဘာမွ ျပန္မေျပာပဲ ႏြမ္းႏြမ္းလ်လ် ထိုင္ေနသည္။
ဘယ္လိုပဲ သားသမီး အရင္း မဟုတ္ေစဦးေတာ့ သည္ေလာက္ႏွစ္ေတြအၾကာႀကီး အတူေနလာတာေတာင္ သည္အေၾကာင္းကိုမသိဘူးလား။
'' စားလိုက္ပါသမီးေလးရယ္ ဒါစားမွ အားရွိမွာ ကြဲ႕ ''
မစားခ်င္ေသာ ကေလးကို အတင္းခြံ႕ေနေသာ အမ်ိဴးသမီးအား ခြန္းအေတာ္ေဒါသထြက္ေနၿပီ ျဖစ္သည္။
'' ဟ သမီးေလးဟ ''
ခငယ္ေလး မွာေယာင္ၿပီး ပါးစပ္ဟလိုက္သည္။ ခြန္းအျမန္ ေလွ်ာက္သြားလိုက္ၿပီး ပါးစပ္ထဲ ေရာက္ေတာ့မည့္ဇြန္းကို ပုတ္ခ်လိဳက္ရာ တစ္ဖက္က ေဒၚဝင့္ဝါထည္ ကိုင္ထားေသာ ဆန္ျပဳတ္ပန္းကန္လုံးကိုပါ ေခ်ာ္ၿပီး ပုတ္မိသြားသည္။
'' ခလြမ္..ခြမ္..''
'' ခင္ဗ်ား ႐ူးေနလား ''
ခြန္း ေဒါသျဖင့္ အသံက်ယ္က်ယ္ေအာ္မိသြားသည္။
'' ခြန္းမာနေမာင္! ! ''
အေနာက္က ဘယ္ခ်ိန္ျပန္ေရာက္လာမွန္းမသိေသာ ဦးမာန္ခြန္းစစ္ ၏ အသံဟိန္းဟိန္းႀကီး ထြက္လာသည္။
'' မင္းငါ့အိမ္ေပၚထိတက္ၿပီး ဘာအခ်ိဴးခ်ိဳးတာလဲ ''
'' သားခြန္း.. ''
ထမင္းစားခန္းထဲမွ ႀကီးႀကီးႏု ေျပးထြက္လာသည္။
အမွန္ေတာ့ ဒီေန႕ ခြန္းလာမည္ဟု ေဒၚဝင့္ဝါထည္ မွလြဲ၍ ဘယ္သူမွ သိမထား။
ေဒၚဝင့္ဝါထည္ ကလည္း ခြန္းခ်က္ခ်င္းေရာက္လာမည္ မထင္၍ ဘယ္သူ႕ကိုမွ အသိမေပးရေသးေပ။ ခငယ္ေလးကလည္း ဘာမွ ေကြၽးမရသည္မွာ ႏွစ္ရက္သုံးရက္ ရွိေနၿပီမို႔ စိတ္ပူကာ ဦးမာန္ခြန္းစစ္ ႏွင့္ပင္ မေျပာပဲ ခြန္းဆီဖုန္းဆက္လိုက္ရျခင္းျဖစ္သည္။
'' ဘာအခ်ိဴးခ်ိဳးတာလဲ ဟုတ္လား။ အေဖ့ မိန္းမက
ခငယ္ေလးကို ေသေအာင္သတ္ေနတာေလ ''
ခြန္း ေဒၚဝင့္ဝါထည္ ကို လက္ညိုးထိုးကာ အံႀကိတ္ၿပီး ေျပာသည္။
'' အန္တီ ဘာလုပ္မိလို႔လဲ ခြန္းရယ္ ''
'' ခြန္းခငယ္ ပင္လယ္စာနဲ႕ မတည့္တာ ခင္ဗ်ား မသိဘူးလား ကြၽန္ေတာ့္ ညီမတစ္ခုခု သာ ျဖစ္ရင္ ခင္ဗ်ား မလြယ္ဘူးမွတ္ ''
ေဒၚဝင့္ဝါထည္ အံ့ဩသြားသည္။ သူတကယ္ကို မသိခဲ့တာပင္။ အရင္က ပင္လယ္စာေတြ ခ်က္ရင္ မႀကိဳက္လို႔ မစားခဲ့တာလို႔ပဲ ထင္ခဲ့သည္။ ပင္လယ္စာႏွင့္ဓာတ္မတည့္လိမ့္မည္ဟု မေတြးမိခဲ့။
ကိုယ္ဝန္မေဆာင္နိုင္ေသာ သူမဖို႔ ခငယ္ေလးက ဘုရားေပးတဲ့လက္ေဆာင္လိုပင္။ ေသြးသားရင္း မဟုတ္ေပမယ့္ ေသြးသားရင္းထက္ ခငယ္ေလးကို ပိုခ်စ္သည္။ မိခင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ အၿမဲ ႀကိဳးစားေနေသာ အိမ္ေထာင္ရွင္မ ေကာင္းတစ္ေယာက္လည္းျဖစ္သည္။ အေျခအေန အေၾကာင္းေၾကာင့္သာ အခ်စ္ဦးျဖစ္ေသာ ဦးမာန္ခြန္းစစ္ ၏
ဒုတိယ အိမ္ေထာင္ဖက္ ျဖစ္လာျခင္းျဖစ္သည္။
'' အန္တီတကယ္ ေတာင္းပန္ပါတယ္ကြယ္ တကယ္ မသိလို႔ပါ ''
'' ဒီေလာက္ႏွစ္ေတြ အၾကာႀကီး အတူေနလာၿပီးေတာ့ အခုမွ မသိလို႔ပါဆိုတဲ့ စကားကို ကြၽန္ေတာ့္ကိုလာယုံခိုင္းေနတာလား ေဒၚဝင့္ဝါထည္ ''
'' ခြန္းမာနေမာင္ မင္းမေတာ္ေသးဘူးလား ေတာင္းပန္တယ္လို႔ ေျပာေနတယ္ေလ ''
ေဘးမွ ရပ္ေနေသာ ဦးမာန္ခြန္းစစ္ က ဝင္ေျပာသည္။ ခငယ္ေလးကေတာ့ တိတ္တိတ္ေလးေနၿပီး လူႀကီးေတြကိုေမာ့ၾကည့္ကာ အေျခအေနမ်ားကို ေစာင့္ၾကည့္ေနသည္။ သူ ထ၍ ေျပာခ်င္ရင္ေတာင္ အားမရွိ၍ မထနိုင္ျဖစ္ေနသည္။
'' ခင္ဗ်ားတို႔တေတြက ေတာင္းပန္တယ္ဆိုတဲ့ စကားကို သိပ္သေဘာက် ၾကတယ္ေနာ္ ေတာင္းပန္လိုက္တာနဲ႕ အားလုံး အဆင္ေျပၿပီးလို႔မ်ား ထင္ေနၾကတာလား လြန္ခဲ့တဲ့ ခုနစ္ႏွစ္ကေရာ အခုေရာ ခင္ဗ်ားတို႔ေတာင္းပန္တယ္ကလြဲရင္ ဘာလုပ္တတ္ၾကလဲ ''
'' မင္းဘာျဖစ္ခ်င္ေနတာလဲ ခြန္းမာနေမာင္ ''
'' ဟက္ ကြၽန္ေတာ့္လိုေကာင္ကမ်ား ဘာျဖစ္ခြင့္ရွိဦးမွာမို႔လဲ ''
ျဖစ္ေနက်အတိုင္း ခြန္းတို႔သားအဖ အၾကည့္မုန္တိုင္းတို႔ အစပ်ိဴးေနၿပီျဖစ္သည္။ အိမ္တြင္း ရာသီဥတုမွာ မသာယာေတာ့ ။ ခြန္းတစ္ခုခုထပ္ေျပာမည္အလုပ္...
'' ကိုကို ''
ခငယ္ေလး၏ အားမရွိေသာ အသံတိုးတိုးေလး ထြက္လာသည္။
တင္းထားေသာ ခြန္းမ်က္ႏွာ ကို ခ်က္ခ်င္းေလ်ာ့လိုက္ၿပီး
ခငယ္ေလးကို ေကာက္ခ်ီလိုက္သည္။
'' ဗိုက္ဆာတယ္ ''
ခြန္းလည္ပင္းကို လက္ႏွစ္ဖက္ ျဖင့္ေသခ်ာ သိုင္းဖက္ထားၿပီး တိုးတိုးေလးထပ္ေျပာသည္။
'' လာလာ သားခြန္း ထမင္းစားခန္းထဲ သြားၾကရေအာင္ ခငယ္ေလး ဗိုက္ဆာေနေလာက္ၿပီ ''
မုန္တိုင္းမဝင္လာခင္ ႀကီးႀကီးႏု က ခြန္းတို႔ ေမာင္ႏွမကို ဆြဲထုတ္သြားသည္။
'' ဝင့္ဝါ တကယ္မသိလို႔ပါ ကိုရယ္ မရည္႐ြယ္ပါဘူး ''
'' ကိုယ္နားလည္ပါတယ္ အခုေတာ့ သူတို႔ ေမာင္ႏွမကို လႊတ္ထားေပးလိုက္ မင္းလည္းေနလို႔သိပ္မေကာင္းဘူးဆို သြားနားလိုက္ဦး ''
ခငယ္ေလးေနမေကာင္း၍ ျပဳစုေနရသည္ႏွင့္ သူ႕ကိုယ္သူေတာင္ ဂ႐ုစိုက္ဖို႔ေမ့ေနခဲ့သည္။
...........................
ကိုခြန္း ေနေကာင္းလား
ဘာလုပ္ေနလဲ
ေၾကာင္မေလးေရာ အနာေတြေကာင္းသြားၿပီလား
ေဆး႐ုံက သဘက္ခါ ဆင္းလို႔ရၿပီလို႔ေျပာတယ္ သိလား
ခြန္းဆီ အဆက္မျပတ္ မက္ေဆ့ခ်္ေတြ တစ္ေစာင္ၿပီးတစ္ေစာင္ ပို႔ေနေသာ တိမ္တိုက္။
'' ေစာက္လုံးႀကီးလည္း ဖုန္းထဲ ဝင္သြားဦးမယ္ တိမ္တိုက္ရယ္ ငါေရာက္ကတည္းက မင္း ဖုန္းၾကည့္ေနတာ ''
ေရာက္ကတည္းက ဖုန္းနဲ႕ မ်က္ႏွာနဲ႕မခြာေသာ လူနာကို ရွန္မင္း ၾကည့္မရေတာ့။
ေျပာသာေျပာေနရသည္။ ေသာက္ခ်ိဴးမေျပတဲ့ေကာင္က ခုထိ ဖုန္းကို အၾကည့္မပ်က္။
'' အုန္း...ေဟ်ာင့္ ငါေျပာေနတာၾကားလား ''
'' အား...ငါလူး နာတယ္ကြ မင္းလူနာကို ဘယ္လိုဆက္ဆံေနတာလဲ ''
တိမ္တိုက္ေက်ာကုန္းသို႔ ရွန္မင္း လက္ အရွိန္ျပင္းျပင္း နဲ႕ ဝင္သြားသည္။
အေတာ္နာသြားပုံရေသာ တိမ္တိုက္ မွာ မ်က္ႏွာႀကီးကိုမဲ့လို႔။
'' လူနာဆို လူနာလိုေနေလ ဘယ္လူနာက ဖုန္းႀကီးပဲ ၾကည့္ေနလို႔လဲ ''
'' မျမင္ဖူးရင္ၾကည့္ထား အဲ့ဒီလူနာက ငါပဲ ''
'' ငါထပ္လုပ္လိုက္ရ ''
ရွန္မင္း လက္တစ္ဖက္ ထပ္ေျမာက္လိုက္သည္။ ရိုက္ခါနီးမွ အခန္းတံခါးပြင့္သြားၿပီး ေကာင္ငယ္ေလးတစ္ေယာက္ ဝင္လာသည္။ ျဖဴျဖဴေသးေသးေလးပင္ျဖစ္သည္။ ေပါင္လယ္ေလာက္ရွိေသာ အျဖဴေရာင္ ေဘာင္းဘီ တိုေလးဝတ္ကာ သူ႕ရဲ႕ ေသးသြယ္လွပေသာ ေျခတံမ်ားကို ေဖာ္ထားသည္။ အသားျဖဴျဖဴႏွင့္ ခရမ္းအႏုေရာင္ ဆံပင္တို႔မွာလည္း အေတာ္ၾကည့္ေကာင္းသည္။
ေယာက်ာ္း ခ်င္းေတာင္ လည္ျပန္ၾကည့္ရေလာက္သည့္ အလွမ်ိဴးႏွင့္ လွသည္။ တိမ္တိုက္ေတာင္ ေငးခနဲျဖစ္သြားသည္။
'' ဪ Bae ဘယ္လိုေရာက္လာတာလဲ ''
'' ရွန္ ဒီမွာ ရွိေလာက္မယ္ထင္လို႔ေလ ရွန္ကပစ္ထားတာကို ''
ဪ bae တဲ့ ဒါ ရွန္မင္းေကာင္ေလးအသစ္ျဖစ္လိမ့္မယ္။ ေတာ္ေတာ္လွလွ ကိုမွ ရွာတြဲထားတာပဲ။
အမယ္ ေသခ်ာၾကည့္မွ ဒီေကာင္ေလးက သြားတက္နဲ႕ဟ။ ဒီေလာက္ေခ်ာရင္ေတာ္ၿပီးေပါ့ ေလာဘႀကီးၿပီး သြားတက္ပါ ပါလိုက္ေသး။ ေသခ်ာျပန္စဥ္းစားၾကည့္မွ ေရာင္ျဖာငယ္လည္း သြားတက္ပါတာပဲ။
'' မဟုတ္ပါဘူး bae ရာ ကိုယ္ ဒီတေလာ မအားေသးလို႔ပါ။ ဪ bae ဒါက ကိုယ့္သူငယ္ခ်င္း တိမ္တိုက္ႀကိဳး လို႔ေခၚတယ္ ''
'' ယူက ခ်စ္စရာေလးပဲ အဲ့တာေၾကာင့္လည္း ရွန္က စိတ္မခ်ျဖစ္ျဖစ္ေနတာ ထင္တယ္။ ဒါနဲ႕ တို႔နာမည္က သက္တန့္ေရာင္ ပါ ရွန့္ ေကာင္ေလးေပါ့ ''
'' bae ရာဘယ္လိုေတြေျပာေနတာလဲ ''
'' bae ေျပာတာမွားလို႔လား ''
ရွန္မင္းနဲ႕ သက္တန့္ ေရာင္တို႔ တိမ္တိုက္ေရွ႕တြင္ စကား အေခ်အတင္ျဖစ္ေနၾကသည္။ တိမ္တိုက္မွာေတာ့ လွရက္လြန္းေသာ သက္တန့္ေရာင္ ၏ အလွတြင္ နစ္ေျမာေနတုန္း။ ေယာက်ာ္း ေလးတစ္ေယာက္ ျဖစ္ေနေသာ္လည္း အေျပာအဆို အမူအရာႏွင့္ ဟန္ပန္တို႔မွာ ပန္းေလးတစ္ပြင့္အလား သိမ္ေမြ႕လွသည္။
သက္တန့္ေရာင္ႏွင့္ ရွန္မင္းတို႔ သၾကၤန္ တြင္ စတင္ဆုံခဲ့ၾကျခင္းျဖစ္ရာ ဤသည္မွစ၍ တျဖည္းျဖည္း ခ်စ္သူအဆင့္သို႔ေရာက္ခဲ့ၾကသည္ျဖစ္သည္။ တိမ္တိုက္ေဆး႐ုံတက္သည့္ေန႕မွ စ၍ ရွန္မင္းနဲ႕ သက္တန့္ တို႔ သိပ္မေတြ႕ျဖစ္ၾကေတာ့ေပ။
ေမးလိုက္တိုင္း သူငယ္ခ်င္းေဆး႐ုံ ေစာင့္ေပးေနတယ္ခ်ည္းပဲ ေျပာကာ ေတြ႕ဖို႔ ျငင္းသည္။ ေမြးေန႕ေတာင္မွ မလာရင္ ျပတ္မယ္ဟု ၿခိမ္းေျခာက္မွသာ ေရာက္လာခဲ့သည္။ ထိုကတည္းက သူငယ္ခ်င္း ဆိုေသာ ထိုသူကို သက္တန့္ေတြ႕ခ်င္ေနခဲ့သည္။ ယခုေတာ့ သူ႕သူငယ္ခ်င္း တက္ေသာ ေဆး႐ုံကို စုံစမ္းၿပီး ေရာက္လာျခင္းျဖစ္သည္။
'' ေဟ်ာင့္ အဲ့တာ ငါ့ဟာေနာ္ ေျဖးေျဖးၾကည့္ ''
ေငးလြန္းေနေသာ တိမ္တိုက္ကို ရွန္မင္းသတိေပးလိုက္သည္။ တိမ္တိုက္ေငးလည္းေငးခ်င္စရာေကာင္းေလာက္ေအာင္ ဒီေန႕မွ သူ႕ေကာင္ေလးက တစ္ျခားေန႕ေတြထက္ ပိုလွေနသည္။ ရွန္မင္းမွာလည္း အလွေတြအမ်ားႀကီးၾကားထဲမွ ထူးျခားစြာလွေသာ အလွေလးကို ပိုင္ဆိုင္ထားရ၍ လက္မလႊတ္နိုင္ျဖစ္ေနသည္။ ၿပီးေတာ့ သည္အလွေလးကလည္း သူ႕ကို အလိုလိုက္သည္မဟုတ္လား အဟြန္းဟြန္း...။
'' ဪ ေအး မင္းကလည္းကြာ အဲ့လိုမဟုတ္ပါဘူး။ သက္တန့္ေရာင္ ကိုအားနာစရာႀကီး။ ဒီက ညီ စိတ္မဆိုးပါနဲ႕ကြာ ဒီတိုင္း မင္းက ေတာ္ေတာ္လွ လို႔ပါ ''
'' ဟင္ ဪ ေက်းဇူးပါ ''
သက္တန့္ ေၾကာင္သြားသည္။ ဝုန္းမလို႔လာပါတယ္ဆိုေနမွကိုယ့္အလွကို ေငးေမာ ခ်ီးက်ဴးေနေတာ့ ဘယ္အေပါက္က ဝုန္းရမွန္းမသိေတာ့။
'' ဒီည K pop Concept တစ္ခု လက္မွတ္ျဖတ္ထားၿပီးၿပီ အဲ့တာ ရွန္လိုက္ခဲ့ ''
'' ကိုယ္...''
ရွန္မင္းျငင္းရန္ ျပင္လိုက္ၿပီးမွ သက္တန့္ မ်က္ႏွာကိုတစ္ခ်က္ ျပန္ၾကည့္လိုက္ေတာ့ သူျငင္းလိုက္ရင္ အခုပဲ သည္ေနရာမွာ ပြဲထျဖစ္ေတာ့မည္ အရိပ္ေယာင္မ်ားကို သက္တန့္ မ်က္ဝန္းထဲတြင္ ေတြ႕လိုက္သည္။ တိမ္တိုက္ကို ၾကည့္လိုက္ေတာ့ သြားလိုက္ ဟူေသာ ေထာက္ခံသည့္မ်က္လုံးမ်ားျဖစ္ ၾကည့္ေနသည္။
'' ကိုယ္ လိုက္ခဲ့မယ္ ဘယ္အခ်ိန္လဲ ''
'' 7 နာရီေလာက္ bae ကို လာေခၚ ''
'' ဟုတ္ပါၿပီ ဗ်ာ ''
'' အဲ့တာေၾကာင့္ ရွန့္ကို ခ်စ္ေနရတာ မြ ''
ရွန္မင္း ပါးတစ္ဖက္ကိုပါ ဖ်တ္ခနဲ နမ္းလိုက္ေသးသည္။ တိမ္တိုက္ကေတာ့ ခုထိ သက္တန့္ကို အေငးမပ်က္။
'' တိမ္တိုက္.. ငါ... ''
'' ရတယ္ သြားသြား ေမေမ့ကို ငါပဲေျပာလိုက္မယ္ မင္းသာ ေျဖးေျဖးလုပ္...အဲေလ ေျဖးေျဖးသြား..ေျပာတာ ''
'' မင္းေနာ္ မင္း..မင္း.''
ထို႔ေနာက္ သက္တန့္ေရာင္ျပန္သြားသည္။ ရွန္မင္းက လိုက္ပို႔၍ အခန္းထဲတြင္ သူတစ္ေယာက္တည္း က်န္ခဲ့သည္။
ေဘးနားခ်ထားေသာ ဖုန္းကို ျပန္ယူလိုက္ၿပီး Messages box ထဲဝင္ၾကည့္သည္။ သို႔ေသာ္ ဘာစာမွ ေရာက္မလာ။ သူသာစာေတြ ဆက္တိုက္ပို႔ထားၿပီး ခြန္းက ခုထိ စာမျပန္။ ဖုန္းေခၚၾကည့္သည္ မကိုင္။ ၃ခါေခၚသည္ ၃ခါလုံး မကိုင္။
ကိုခြန္း မအားဘူးလားဟင္
သူထပ္ပို႔လိုက္သည္။ သို႔ေသာ္ အေတာ္ၾကာသည္အထိ reply ျပန္မလာသလို ။ ဖုန္းလည္းျပန္မေခၚ ။ စိတ္ညစ္ညစ္ျဖင့္ နားၾကပ္ႀကီးေကာက္တပ္ကာ အိပ္လိုက္ေတာ့သည္။ ရွန္မင္းျပန္ဝင္လာတာေတာင္ မသိလိုက္။
.......................
ဦးမာန္ခြန္းစစ္ တို႔အိမ္ရဲ႕ ထမင္းစားခန္းထဲ ေရာက္ေတာ့ ခငယ္ေလးကို ထိုင္ခုံေပၚခ်ေပးကာ ဝယ္လာသည္မ်ားကိုလည္း ေဘးတြင္ခ်ကာ ခငယ္ေလးေဘး ဝင္ထိုင္သည္။
'' ခငယ္ေလး ကိုကို ဆန္ျပဳတ္ ျပဳတ္ေပးမယ္ေနာ္ ႀကီးႀကီးႏုနဲ႕ ခနေလးေစာင့္ ''
'' ဟုတ္ ''
ဝယ္လာေသာပစၥည္းမ်ားကို မီးဖိုေခ်ာင္ဘက္သို႔ သယ္သြားၿပီး ဆန္ျပဳတ္ စတင္ျပဳတ္ေတာ့သည္။ ခငယ္ေလးက ေနမေကာင္းလွ်င္ ခြန္းျပဳတ္ေပးေသာ ဆန္ျပဳတ္ကိုသာ ေကာင္းေကာင္းစားသည္။ တျခားအစားအစာမ်ား ဘယ္ေလာက္ပဲ ေကာင္းေကာင္း တစ္လုတ္ထက္ပိုမစားေခ်။
ဆန္ျပဳတ္ထဲ ၾကက္သားတုံးေသးေသးေလးမ်ားႏွင့္ မုန္လာဥနီမ်ားကို ေသးေသးေလးစီ ႏုတ္ႏုတ္စင္းကာ ထည့္ျပဳတ္သည္။ ထို႔ေနာက္ ဝယ္လာေသာ ေျပာင္းဖူးမ်ားကို ျပဳတ္ထားၿပီး ဆန္ျပဳတ္ရလာလွ်င္ ေျပာင္းဖူးေလးေတြကို တစ္ေစ့ခ်င္းစီေႁခြကာ ထည့္ၿပီး ၾကက္သြန္မိတ္ေလးေတြ အေပၚက ျဖဴးထည့္ထားလိုက္သည္။ အကုန္လုံး ၿပီးရင္ေတာ့ ခငယ္ေလးအတြက္ ခြန္း၏ သီးသန့္လက္ရာ ေျပာင္းဖူးၾကက္သားဆန္ျပဳတ္ ရၿပီျဖစ္သည္။
'' ကိုကိုခြံ႕ ''
'' ကိုယ့္ဘာသာစားေလ ခငယ္ေလးရဲ႕ ခငယ္က အ႐ြယ္ေရာက္ေနၿပီကို ''
'' မရဘူး ကိုကို ခြံ႕ ''
ေနမေကာင္း၍ ဂ်စ္တိုက္ေနေသာ ခငယ္ေလး။
'' ကဲကဲ လာ အာ.....''
ခြန္း ဆန္ျပဳတ္ စခြံ႕ေတာ့သည္။ မၾကာမွီ ဆန္ျပဳတ္ တစ္ပန္းကန္မွာ အကုန္ကုန္သြားသည္။ ဒီရက္ေတြအတြင္း ပထမဆုံး အမ်ားႀကီး စားျခင္းျဖစ္သည္။ တကယ္ကို ခငယ္ေလးက သူ႕အကို ရွိမွ ျဖစ္လိမ့္မည္။
စားေသာက္ၿပီးေတာ့.....
'' ကဲ ခငယ္ေလး စားလို႔လည္းၿပီးၿပီဆိုေတာ့ ေဆးေသာက္ ရမယ္ေနာ္ ႀကီးႀကီးႏု ေရ ခငယ္ေသာက္ရမယ့္ေဆးေပးပါဦး ''
ႀကီးႀကီးႏုယူလာၿပီး ေဆးတိုက္ေတာ့လည္း ခငယ္ေလးက မျငင္း ေရွာေရွာရႉရႉ ပင္။ ထို႔ေနာက္ ေမာင္ႏွမႏွစ္ေယာက္ ခငယ္အခန္းသို႔ သြားကာ ခငယ္ေလးကို ခြန္းက စာအုပ္ဖတ္ျပေနသည္။ ခငယ္ေလးကေတာ့ ခြန္းလက္ေမာင္းေပၚတြင္ ေမွးလ်က္ ခြန္းဖတ္ျပတာကို နားေထာင္ရင္း ေဆးအရွိန္ေၾကာင့္ အိပ္ေပ်ာ္သြားသည္။
'' သားခြန္းေရ..''
'' ရႉးးးး ''
ခငယ္ေလးအိပ္ေနတုန္း ႀကီးႀကီးႏုက သူ႕အားေခၚရင္း ဝင္လာသျဖင့္ နိုးသြားမည္စိုး၍ ႏႈတ္ခမ္းကို လက္ညိုးေလးျဖင့္ ဖိကာ တိုးတိုးေနရန္ အခ်က္ျပသည္။
ႀကီးႀကီးႏုလည္း ထမင္းစားခန္းတြင္ က်န္ခဲ့ေသာ ခြန္းဖုန္းကို ေထာင္ျပကာ ေျဖးေျဖးေလး ကုတင္နားေလွ်ာက္လာခဲ့သည္။
'' ဖုန္းနဲ႕ မက္ေဆ့ခ်္ ေတြ အမ်ားႀကီးဝင္ေနတယ္အေရးႀကီးသလား မသိဘူး ''
ႀကီးႀကီးႏုက တိုးတိုးေလး ေျပာသည္။ ခြန္းယူၾကည့္လိုက္ေတာ့ တိမ္တိုက္ဆီက ဖုန္းႏွင့္ စာမ်ားဝင္ထားျခင္းျဖစ္သည္။ အခုမွ သတိရသည္ သူ မအားတာေၾကာင့္ သည္ေန႕ စာမသင္ျဖစ္ေတာ့ဘူးဟု ကိုေစလြန္းညို တို႔ကိုသာ လွမ္းအေၾကာင္းၾကားထားသည္။ တိမ္တိုက္ကိုေတာ့ မဆက္ျဖစ္ခဲ့။ျပန္ေခၚမည္ ဟု လုပ္ကာ တိမ္တိုက္ contact ကို ႏွိပ္တုန္း ပါဝါ ပိတ္က်သြားသည္။ အေၾကာင္းကေတာ့ ခြန္းအားသြင္းႀကိဳးကို ေၾကာင္မေလးမွ ကို ကိုက္ျဖတ္ထား၍ ခုထိ အားမသြင္းရေသးေပ။
'' ႀကီးႀကီးႏုမွာ အားသြင္းႀကိဳးရွိလား ''
'' ဟယ္ မရွိဘူး သားရဲ႕ ဘာလို႔လဲ အားကုန္သြားတာလား။ ႀကီးႀကီး သြားေတာင္းေပးရမလား ''
'' ႀကီးႀကီးမွာ မရွိရင္ ထားလိုက္ေတာ့ အခန္းျပန္ေရာက္မွ သြင္းလိုက္မယ္ ''
ဒီမိသားစုဆီက အကူအညီဆိုရင္ ေသးေသးေလးကအစ မလိုခ်င္တာ အမွန္ျဖစ္သည္။ ကမၻာ ႀကီး အဆုံးသတ္သြားရင္ေတာင္ သူတို႔ဆီ ဘယ္ေသာအခါမွ အကူအညီေတာင္းခံမည္မဟုတ္။ အဲ့ေတာ့လည္း တိမ္တိုက္ဆီ ဆက္မရပဲ ျဖစ္ေတာ့သည္ေပါ့။ ခုေနထသြားခ်င္လိုက္ေသာ္လည္း ခငယ္ေလးနိုးလာ၍ သူ႕ကိုမေတြ႕လွ်င္ ဝမ္းနည္းေနလိမ့္မည္။ ထို႔ေၾကာင့္ ညေန မွပဲ ေဆး႐ုံသြားေတြ႕ေတာ့မည္ဟု ဆုံးျဖတ္လိုက္ၿပီး
ခငယ္ေလးႏွင့္အတူ သူပါ တစ္ေရးေမွးလိုက္သည္။
ညေနေစာင္းေတာ့ ခြန္းနိုးလာခဲ့သည္။ ခငယ္ေလးကေတာ့ အိပ္ေကာင္းတုန္းပင္။
နာရီလွမ္းၾကည့္ေတာ့ ၅နာရီပင္ထိုးေတာ့မည္ျဖစ္သည္။ ညေနေစာင္းအိပ္လွ်င္ ျပန္ဖ်ားမည္စိုး၍ ခငယ္ေလးကို မႏွိုးခ်င္ေသာ္လည္း ႏွိုးလိုက္ရသည္။
အၾကာႀကီးအိပ္ထား၍ အားမ်ားျပည့္ေနေသာ္လည္း ခငယ္ေလးမွာ ႏုံးေနသည္။ ဒါေၾကာင့္ ႀကီးႀကီးႏု ကို ေရႏြေးေလးျဖင့္ ခငယ္ေလးကို ေရပတ္တိုက္ခိုင္းလိုက္သည္။
'' ခငယ္ေလး ညစာကို ေသခ်ာစားၿပီး ေဆးေသာက္ရမယ္ေနာ္ ကိုကို အကုန္လုပ္ေပးထားခဲ့တယ္ သိလား ''
'' ကိုကို ဒီည ဒီမွာ အိပ္လို႔မရဘူးလားဟင္ ''
အခန္းထဲတြင္ ႀကီးႀကီးႏု ႏွင့္ သူတို႔ေမာင္ႏွမ သာရွိသည္။ ခြန္းက မျပန္ခင္ ခငယ္ေလးအား ေသခ်ာမွာေနသည္။
'' ကိုကို က ကိုကိုတိမ္တိုက္ကို သြားၾကည့္ရဦးမယ္ ခငယ္ေလးရဲ႕။ ''
'' ကိုကိုတိမ္တိုက္က ေနမေကာင္းဘူးလား ''
'' ဟုတ္တယ္ ခငယ္ေလးရဲ႕ ကိုကိုတိမ္တိုက္က အခုေဆး႐ုံမွာ တစ္ေယာက္ တည္းမို႔ ကိုကိုသြားရမယ္ ''
'' ဟယ္ ေမာင္တိမ္တိုက္ေလးက ဘာျဖစ္တာလဲ သားရယ္ ''
'' ႏွလုံးေရာဂါ တဲ့ ႀကီးႀကီးႏုရဲ႕ ေဆး႐ုံတက္ေနရတာၾကာၿပီ။ ဒါနဲ႕ သားကို ဆန္ျပဳတ္ကို ဘူးေလးနဲ႕ ထုတ္ေပးလိုက္ပါလား။ အိုးထဲမွာ ခငယ္အတြက္ဖယ္ၿပီး ခ်န္ထားတာရွိတယ္ ''
'' ျဖစ္ရေလကြယ္ အဲ့တာေၾကာင့္ ဒီကေလးက အေကာင္ေသးေသးေလးျဖစ္ေနတာကို။ ႀကီးႀကီးႏုကေမးတယ္လို႔လည္း ေျပာလိုက္ပါဦးကြယ္ ''
ထို႔ေနာက္ ႀကီးႀကီးႏု အခန္းထဲမွ ထြက္သြားၿပီး ဆန္ျပဳတ္ဘူး အၾကည္ေလးျဖင့္ ျပန္ဝင္လာသည္။ ခြန္းလည္း ခငယ္ေလးကို မွာစရာရွိတာ ေသေသခ်ာခ်ာ မွာၿပီး ထိုအိမ္မွ ျပန္ထြက္လာလိုက္သည္။ ဧည့္ခန္းတြင္ ဦးမာန္ခြန္းစစ္ ထိုင္ေနသျဖင့္ ျပန္ေတာ့မည္ဟု မတတ္သာ၍ ႏႈတ္ဆက္ခဲ့ရေသးသည္။
ေဆး႐ုံတန္းမသြားေသးပဲ အခန္းကို အရင္ျပန္ကာ ေရမိုးခ်ိဴး ၿပီး ေအးေနေသာ ဆန္ျပဳတ္ကို ျပန္ႏႊေးလိုက္ေသးသည္။ ႏႊေးၿပီး ဘူးေလးထဲ ျပန္ထည့္ကာ ေဆး႐ုံဘက္ထြက္လာလိုက္သည္။
ေကာင္းကင္မွ ေနလုံးႀကီးေတာင္ ထြက္ခြာသြားၿပီျဖစ္၍ ေမွာင္စပ်ိဴးေနၿပီျဖစ္သည္။ ခြန္းဖုန္းကေတာ့ ခုထိ အားမသြင္းရေသး။ ခငယ္အိမ္မွအျပန္ ဝယ္ဖို႔ေမ့ခဲ့ျခင္းျဖစ္သည္။
.....................
တိမ္တိုက္ အိပ္ရာက နိုးလာၿပီး ခြန္းကို ဖုန္းထပ္ေခၚသည္။ စက္ပါပိတ္သြားသည္။ စိတ္ေပါက္ေပါက္ျဖင့္ သူ႕ဖုန္းကိုပါ စက္ပိတ္ပစ္လိုက္သည္။ ေဒၚယုယၿမိဳင္ ကို ဖုန္းေခၚရန္ပင္ ေမ့သြားသည္။
ေရထခ်ိဴးလိုက္ၿပီး ညေနေစာင္းတြင္ ေဆး႐ုံ ေရွ႕က ပန္းၿခံေလးထဲတြင္ စာအုပ္ေတာင္ဆင္းဖတ္လိုက္ေသးသည္။ ရွန္မင္းကေတာ့ ၄နာရီေလာက္ကတည္းက အိမ္ျပန္သြားၿပီျဖစ္သည္။
စာဖတ္ေနရင္းပ်င္းလာကာ အေပၚျပန္တက္၍ ကုတင္ေပၚဟိုလွိမ့္ဒီလွိမ့္လုပ္ရင္း ထပ္အိပ္ေပ်ာ္သြားသည္။
လူကသာအိပ္ေပ်ာ္ေနသာ္လည္း ႏွာေခါင္းကေတာ့ အိပ္ေပ်ာ္မေနပါ။ ၾကက္သားဆန္ျပဳတ္နံ႕ေမႊးေမႊးေလးက တိမ္တိုက္ႏွာေခါင္းကို လာက်ီစယ္ေနသည္။ ဆန္ျပဳတ္အနံ႕ေတြၾကားမွာ သူမွတ္မိေနေသာ ကိုယ္သင္းနံ႕ပါ တစ္ခ်က္တစ္ခ်က္ ေရာရတတ္သည္။ သည္ ကိုယ္သင္းနံ႕ ဆိုတာ သူစြဲလမ္းဖူးသည့္ အနံ႕မဟုတ္လား။
မ်က္လုံးကို မဖြင့္ပဲ ႏွာေခါင္း ေလးကို တရႈံ႕ရႈံ႕ျဖင့္ အနံ႕ခံကာ ေက်နပ္ေနသည္။ အိပ္ေနေသာ လူရဲ႕မ်က္ႏွာႀကီးမွာလည္း ၿပဳံးလို႔ပင္။
သိပ္မၾကာခင္ ထိုကိုယ္သင္းနံ႕က သူ႕ႏွာေခါင္းနားသို႔ တျဖည္းျဖည္း ကပ္လာသလို ဆန္ျပဳတ္အနံ႕ေပ်ာက္ကာ ကိုယ္သင္းနံ႕ တစ္ခုသာ ရေတာ့သည္။ ထို႔ေနာက္ သူ႕နား နားသို႔ေလတိုးသံတစ္ခု ေရာက္လာသည္။
'' ခုမထဘူးဆို ဆန္ျပဳတ္ကို ေမာင္စားလိုက္ေတာ့မွာေနာ္ ''
ခြန္း တကယ္ တိုးတိုးေလး တိမ္တိုက္နား နားသို႔ကပ္ကာေျပာလိုက္သည္။
တိမ္တိုက္မ်က္လုံးတို႔ တျဖည္းျဖည္း ပြင့္လာသည္။ ပုတ္ခတ္ ပုတ္ခတ္လုပ္ကာ ခြန္းကို မသိသလို ခပ္ေမွးေမွးေလးၾကည့္ကာ ျပန္ပိတ္သြားသည္။
တကယ္ေတာ့ တိမ္တိုက္စိတ္ထဲတြင္ အိမ္မက္ဟုသာ ထင္မွတ္ကာ ျပန္မွိတ္လိုက္ၿပီး ဆက္အိပ္ေနျခင္းျဖစ္သည္။ ဘာမွမေျပာပဲ ခြန္းက သူ႕ဆီ ေရာက္လာစရာအေၾကာင္းမရွိဟု တထစ္ခ်ေတြးထားသည္။ ထို႔ျပင္ အျပင္မွာ ခြန္းက သူ႕ကိုယ္သူ ေမာင္လို႔ သုံး၍ က်ီစယ္စရာလည္း အေၾကာင္းမရွိ။
'' ဖူး....''
ျပန္ပိတ္သြားေသာ မ်က္ခြံေလးကို ေလျဖင့္ အသာမႈတ္လိုက္သည္။
တိမ္တိုက္ မ်က္လုံး ျပန္ပြင့္လာသည္။ ခဏသာ ခြန္းကို စိုက္ၾကည့္ၿပီး ျပန္မွိတ္သြားျပန္သည္။
ဘယ္လိုလုပ္လုပ္နိုးမလာေသာ တိမ္တိုက္ကို ႏွိုးရန္ ခြန္းအႀကံထုတ္ေတာ့သည္။ ေနာက္ေတာ့ ခြန္း တိမ္တိုက္အနားထပ္တိုးသြားကာ
'' သရဲႀကီးလာေနၿပီေနာ္ ''
'' အားသရဲ သရဲ ''
အႀကံေအာင္ျမင္ပါသည္။ သရဲဟူေသာအသံၾကားတာနဲ႕ ငုတ္တုတ္ထထိုင္ေသာ တိမ္တိုက္ႀကိဳး။
ဒီေကာင္ေလးအေပၚ အာဏာ သက္ေရာက္တာဆိုလို႔ မျမင္ရတဲ့ သရဲသာရွိသည္။
'' ကဲ ဘယ္လိုလဲ နိုးၿပီလား ''
'' ဟာ ေမာင္က.... အဲ ကိုခြန္းကဗ်ာ ''
'' ကိုယ္ႏွိုးေနတာၾကာၿပီ ဘာလို႔ ျပန္ျပန္အိပ္သြားတာလဲ ''
'' ဟီးးအိမ္မက္မက္ေနတယ္လို႔ထင္လိုက္တာ ''
သြားတက္ႀကီး ကိုထုတ္ျပကာ အေသသတ္ေနေသာ တိမ္တိုက္။
'' ေဟာဗ်ာ ဟားးဟားး ''
ခြန္း သေဘာက်ကာ တိမ္တိုက္အုန္းမုက္ခြက္ေလးကို အသာဖြရင္းရီသည္။
ထို႔ေနာက္ တိမ္တိုက္က ညစာ မစားရေသးဘူးဟု ဆိုသျဖင့္ ခြန္း ယူလာေသာ ဆန္ျပဳတ္ကို ပန္းကန္လုံးထဲ ထည့္ေပးလိုက္သည္။ အရမ္းႀကီးေတာ့ မပူေတာ့ စားရင္ေတာ့ အဆင္ေျပေသာ အပူခ်ိန္ျဖစ္သည္။ သို႔ေသာ္ ခြန္းကေတာ့ ဆန္ျပဳတ္ပန္းကန္ကို ေမႊရင္း ေလမႈတ္ေပးေနသည္။
တိမ္တိုက္မွာ တစ္ေနကုန္အိပ္ပဲအိပ္ေနသျဖင့္ ဗိုက္ကအေတာ္ေလး ဆာေနသျဖင့္ ခြန္းေမႊေနေသာ ဆန္ျပဳတ္ပန္းကန္ကို
ၾကည့္ကာ တံေတြးမ်ား ၿမိဳခ်လ်က္။
ခြန္းက ေတာ့ခုထိမႈတ္လို႔မၿပီးေသး....ဆန္ျပဳတ္ကိုေနာ္ ဆန္ျပဳတ္ကို။
'' ရၿပီထင္တယ္ေနာ္ စားလိုက္ေတာ့မယ္ ''
ဟုေျပာရင္းနဲ႕ ဆန္ျပဳတ္ပန္းကန္ကို ဆြဲယူကာ တစ္ဇြန္းစ စားသည္။ ဗိုက္ကဆာေန၍ အရသာရွိေသာ ခြန္းရဲ႕ ဆန္ျပဳတ္မွာ ပို၍ပင္စားလို႔ေကာင္းေနသည္။
'' ေကာင္းလိုက္တာ ေျပာင္းဖူးေလးေတြေတာင္ပါေသးတယ္ ဘယ္ဆိုင္ကလဲ ကိုခြန္း ''
'' ဆိုင္ကမဟုတ္ဘူး ခငယ္ေလးအတြက္ ျပဳတ္ေပးရင္း မင္းအတြက္ပါ ပိုျပဳတ္လိုက္တာ ''
'' ခြန္းငယ္ေလးက ဆန္ျပဳတ္ေသာက္ရတယ္ ဟုတ္လား ေနမေကာင္းဘူးလား ''
တိမ္တိုက္ စားေနရင္းနဲ႕ ေမးသည္။ ဇြန္းကို ခုထိ တခါမွ မခ်ရေသး။ ဆက္တိုက္စားေနျခင္းျဖစ္သည္။
'' အင္း ရိုးရိုး ဖ်ားတာပါ ေန႕လည္ကိုယ္ သူ႕ဆီသြားေနလို႔ မအားတာ ဖုန္းကလည္း အားကုန္သြားတာနဲ႕ ''
ေျပာရင္း တစ္ရႉးတစ္႐ြက္ကိုထုတ္ကာ တိမ္တိုက္ကို ေပးလိုက္သည္။
'' ဪ..''
ပန္းကန္ထဲၾကည့္ေတာ့ ေျပာင္သလင္းခါေနကာ
တင္စားေနသည့္ ခုံေလးေပၚတြင္ ေျပာင္းဖူးဝါဝါ တစ္ေစ့ ထင္ထင္ရွားရွား က်ေနသည္။
ခြန္းကို တစ္ခ်က္ၾကည့္ကာ ခြန္းအလစ္တြင္ ထိုေျပာင္းဖူးေစ့ကိုေကာက္ကာ ပါးစပ္ထဲ အျမန္ထည့္လိုက္သည္။
ေနာက္ဆုံး တစ္ခုက စားလို႔ အေကာင္းဆုံးပဲ ဟုေတာင္ ေတြးရင္း ၿပဳံးလိုက္ေသးသည္။
ထို႔ေနာက္သိမ္းဆည္းကာ တိမ္တိုက္ကို ေဆးေတြဘာေတြ တိုက္ၿပီး ႏွစ္ေယာက္သား အခန္းထဲ ၿငိမ္က်သြားျပန္သည္။
'' တိမ္တိုက္ ''
'' ဗ်ာ ''
''ေဆး႐ုံက သဘက္ခါဆင္းရမွာလို႔ ေျပာတာလား ''
'' အင္း ဟုတ္တယ္ ''
'' ဟိုတေခါက္က ညေစ်းကို မေရာက္လိုက္ဘူးမလား အခုသြားမလား ''
'' ဟင္ တကယ္လား ''
တိမ္တိုက္ေပ်ာ္သြားသည္။ သို႔ေသာ္ ခ်က္ခ်င္းျပန္ ညွိုးက်သြားၿပီး
'' ကိုခြန္းက ခိုးထြက္တာ မႀကိဳက္ဘူးမလား ဟိုတစ္ခါက ေတာင္ ကြၽန္ေတာ့္ကို ဆူခ်င္ေနတာေလ ''
'' ဒီတစ္ခါက ကိုယ္ပါတယ္ေလ ''
'' ဟီးးတကယ္လား အဲ့လိုမွန္းသိ မနက္က အကၤ်ီ ေတြျပန္မေပးလိုက္ပါဘူး ဒီဝတ္စုံနဲ႕ထြက္ရတာ ခက္တယ္ ''
တိမ္တိုက္သူ႕ အကၤ်ီ သူငုံ႕ၾကည့္ကာေျပာသည္။
'' ကိုယ္ယူလာတယ္ '' ဟုေျပာကာ ေဘးကအိတ္ထဲမွ အနက္ေရာင္ ရွပ္လက္ရွည္ နဲ႕ ဒူးအတိခ်ည္ေဘာင္းဘီ အျဖဴေလးကို ထုတ္ေပးသည္။
ရွပ္အကၤ်ီ ကေတာ့ ခြန္းဟာျဖစ္ၿပီး ေဘာင္းဘီကေတာ့ ခြန္းတြင္ မရွိ၍ လမ္းမွ ဝင္ဝယ္ခဲ့ျခင္းျဖစ္သည္။
ခြန္းအကၤ်ီ ကိုတိမ္တိုက္ဝတ္ေတာ့ ဝါးျခမ္းျပားကို ဂုန္နီအိတ္အမဲ စြတ္ေပးသလိုပင္ ။ သန္မာထြားႀကိဳင္းလွေသာ ခြန္း ဆိုဒ္နဲ႕ ေသးညွက္လွေသာ တိမ္တိုက္ ဆိုဒ္တို႔မွာ အကြာႀကီးကြာသည္။ အကၤ်ီ လက္တို႔မွာ အေတာ္ေလးေခါက္တင္ၿပီးမွ တိမ္တိုက္ လက္ေခ်ာင္းေလးေတြကို ျမင္ရသည္။ ခြန္း အကၤ်ီ အရွည္ကပင္ တိမ္တိုက္ ေပါင္အလယ္ေလာက္ထိေရာက္ေနၿပီး
ေဘာက္ဆာနဲ႕ ဝတ္ေတာင္ ရသည္။ ခြန္းအရပ္က အဲ့ေလာက္ရွည္သည္တဲ့။
အကၤ်ီ ဖိုးရိုးဖားရားျဖင့္ အေတာ္ေလးနန္းဆန္ေနေသာ တိမ္တိုက္ႀကိဳး။
မသိတဲ့လူၾကည့္ လွ်င္ အေဖ့အကၤ်ီေတြေကာက္စြပ္လာေသာ ကေလးဟု ထင္မိၾကလိမ့္မည္။
ထို႔ေနာက္ ေဆး႐ုံမွ ႏွစ္ေယာက္သာ ခပ္တည္တည္နဲ႕ ထြက္လာခဲ့ၾကသည္။ အဝတ္အစားၾကားတြင္ နစ္ျမဳပ္ေနေသာ ေကာင္ငယ္ေလးကို အနီးကပ္ လာၾကည့္မွသာ တိမ္တိုက္မွန္း သိၾကလိမ့္မည္။
မီးေရာင္စုံႏွင့္ လွပေနေသာ ညေစ်းတန္းအရွည္ႀကီးကို ခြန္းတို႔စေလွ်ာက္ၾကသည္။ ပိတ္ရက္မို႔ထင္သည္။ လူအေတာ္စည္သည္။ ခႏၶာ ကိုယ္ႀကီးမားေသာ ခြန္းကအေၾကာင္းမဟုတ္ ေဘးက အေကာင္ေပါက္စေလးမွာ လူၾကားထဲ ညွပ္ညွပ္ က်န္ေနတတ္သည္။
ေနာက္ဆုံး မတတ္သာသည့္အဆုံး တိမ္တိုက္လက္ကို ကိုင္ကာ ေလွ်ာက္ရသည္။ ယခုဆို လက္ဖဝါးႏုႏုေသးေသးေလးမွာ ခြန္း၏ လက္ဖဝါးႀကီးႀကီးထဲတြင္ ျဖစ္သည္။
လူတိုးေနရင္း ႏြေးခနဲျဖစ္သြားေသာ လက္တစ္ဖက္နဲ႕အတူ ဘယ္ဘက္ ရင္အုံမွ ႏွလုံးသားတို႔ကလည္း တဟုန္ထိုး ခုန္တက္လာသည္။ သူ၏ ခ်စ္ရေသာ အမ်ိဴးသားေလးက သူ႕လက္အားဆုပ္ကိုင္ထားျခင္းျဖစ္သည္။ သည္ႏြေးေထြးမႈတြင္ အားကိုးျခင္းႏွင့္ စိတ္လုံၿခဳံမႈတို႔ ပါဝင္ေနသည္။
အရင္က.... မင္းလက္ကိုသာ ဆုပ္ကိုင္ခြင့္ရရင္ ငရဲဆိုလည္းသြားနိုင္သည္ ဟူေသာအပို စကားမ်ားကို မယုံမၾကည္ ေလွာင္ဖူးသည္။ အခုေတာ့သိၿပီ..ငရဲမွ မဟုတ္ဘူး ဒီလက္ကိုသာ ဆုပ္ကိုင္ခြင့္ရရင္ ဘယ္အရာမဆို ေက်ာ္ျဖတ္နိုင္ေသာ သတၱိမ်ား ေပၚလာခဲ့သည္။ အဓိက က သည္အမ်ိဴးသားေလးျဖစ္ေနဖို႔သာ လို၏
အဲ့ဒီေနာက္ေတာ့ ဒီအမ်ိဴးသားေလးေခၚေဆာင္ရာေနာက္သို႔ တိမ္တိုက္ေလးမွာ ထပ္ၾကပ္မကြာေ႐ြ႕လ်ား ေမ်ာပါသြားသည္။
ဒါဟာ အခ်စ္လား ဆိုတာမသိေပမယ့္....ဒီခံစားခ်က္ကို အရမ္းႏွစ္သက္မိသည္။
'' ေမာေနၿပီလား ''
လူရွင္းသည့္တစ္ေနရာ ေရာက္ေတာ့ ခြန္းကေမးလာသည္။
ဟမ္ ေမာတယ္ဆိုတာက ဘာလဲ ဟင္။
ေမာတယ္ဆိုတာဘာမွန္းမသိရေတာ့ေလာက္ေအာင္ ေမာဖို႔ေမ့ေနခဲ့ၿပီ။
'' ဟင့္အင္း ''
ေခါင္းေလးအသာယမ္းရင္း ေျဖမိသည္။
မနက္ကတည္းက အုပ္ေနေသာ မိုးတိမ္တို႔ေၾကာင့္သာ ပူမေနပဲ ေအးစိမ့္စိမ့္ေလးျဖစ္ေနသည္။ မဟုတ္လွ်င္ မေတာ္တရာ ေကာက္စြပ္ထားေသာ ရွပ္လက္ရွည္နဲ႕ တိမ္တိုက္တစ္ေယာက္ ဘဝတစ္ပါးကို လူအုပ္ထဲတြင္ ကူးေျပာင္းသြားရေပလိမ့္မယ္။
ေလွ်ာက္ရင္းေလွ်ာက္ရင္း လူအနည္းငယ္က်ဲသြားခ်ိန္တြင္ေတာ့ ေဘးမွ မုန့္ဆိုင္တန္းမ်ားကို တိမ္တိုက္ ေကာင္းေကာင္း ျမင္ေနရၿပီျဖစ္သည္။ ပထမကေတာ့ လူတိုးေနရသည္ႏွင့္ ေဘးက ဆိုင္ေတြ အာ႐ုံမေရာက္။
မုန့္အမ်ိဴးအစားစုံလင္လွစြာေရာင္းေနေသာ ေစ်းသည္မ်ားက တိမ္တိုက္ကို ၿပဳံးျပေနသလို...ဆိုင္ခုံစားပြဲေပၚတြင္ တင္ေရာင္းေနေသာ မုန့္တို႔က တိမ္တိုက္အား လာစားလွည့္ပါဟု ျမဴစြယ္ေနသလို....ႏွာေခါင္းကိုျဖတ္သြားေသာ မုန့္ဟင္းခါးအနံ႕ေမႊးေမႊးေလးတို႔ ၊ ဝက္သားတုတ္ထိုးလွည္းမွ ထြက္လာေသာ အနံ႕ခ်ိဴခ်ိဴတို႔ က တိမ္တိုက္ကို လာေျပာင္ေနၾကသည္။ ေလွ်ာက္ရင္း တံေတြးခနခန ၿမိဳခ်ေနရသည့္အျဖစ္။ အဘယ္ေၾကာင့္ဆိုေသာ္ အေပ်ာ္လြန္ၿပီး ပိုက္ဆံ က်န္ခဲ့ျခင္းျဖစ္သည္။
ဪ ေမ့သြားတာ ငါ့မွာ ပိုက္ဆံမွ မရွိတာပဲ.....
တြဲထားေသာ လက္တို႔က ေခြၽးမ်ားထြက္လာသည္ကိုေတာင္ သတိမထားမိ။ ေဘးက မုန့္ေတြကိုသာ ေငးရင္း လိုက္လာခဲ့သည္။
'' တိမ္တိုက္.... တိမ္တိုက္....တိမ္တိုက္ ''
ခြန္း အေရွ႕ကသြားရင္း တိမ္တိုက္ကို ေခၚသည္။ တစ္ခါေခၚသည္ မၾကား။ ႏွစ္ခါေခၚသည္ မၾကား။ ၃ခါေခၚသည္ မတုန့္ျပန္။
ခြန္းလွည့္ၾကည့္လိုက္ေတာ့ ေဘးက မုန့္သည္မ်ားဆီက
အၾကည့္ မခြာေသာ သူ႕တိမ္တိုက္။
သူဝယ္ေကြၽးခ်င္ပါေသာ္လည္း ညဥ့္နက္ေန၍ အစာမေၾကျဖစ္မွာ စိုးမိသည္။ နည္းနည္းေလးစား႐ုံႏွင့္တင္းတိမ္နိုင္ေသာ လူစားထဲမွာ သူ႕တိမ္တိုက္မပါမွန္းသိသည္။ စားဟုဆိုလိုက္လွ်င္ မဆန့္မၿပဲစားလိမ့္မည္။ ၿပီးမွ လူးလိမ့္ေနေအာင္ ခံရလိမ့္မည္။ ဒီကေလး နာက်င္ရတာေလာက္ မုန္းတာမရွိ။
တစ္ခ်ိဴ႕ မုန့္မ်ားကိုေတာ့ ဝယ္ေကြၽးျဖစ္သည္။ သို႔ေသာ္ တိမ္တိုက္မွာ တစ္ခ်ိဴ႕မဟုတ္ပဲ မုန့္မွန္သမွ် အကုန္စားခ်င္ေနသည္က ခက္သည္။
'' ကိုခြန္း ကြၽန္ေတာ့္ကိုေလ အာတာပူစီေလး ဝယ္ေကြၽးပါလား ''
ကေလးႏွင့္ ကေလးမိဘေတြ အုံေနသည့္အာတာပူစီအသည္ကို လက္ညိုးေလးထိုးျပၿပီး အသနားခံေနေလသည္။ မၾကာ မၾကာ သြားတက္ကိုလည္း ထုတ္ထုတ္ျပ၍ ၿခိမ္းေျခာက္တတ္ေသး။
ေဒါက္တာထင္လင္းတစ္ေယာက္ သူ႕လူနာ က ညေစ်းတြင္ ေလွ်ာက္စားေနသည္ကိုမ်ား သိသြားခဲ့လွ်င္ ေသြးတက္ေနေတာ့မည္ ျဖစ္သည္။
ေလွ်ာက္ပတ္စားလို႔ဝသြားသည့္အခါမွာေတာ့ ေကာင္းကင္မွာ လွ်ပ္စီးမ်ား ျပက္ေနသည္။ မိုးေတာ့မ႐ြာေသး။ ေဆး႐ုံသို႔ကားငွားျပန္ရန္ လမ္းမေပၚသို႔ ျပန္ထြက္လာၾကရင္း လမ္းတြင္ မိုးမ်ား ဝုန္းခနဲ ႐ြာခ်လာသည္။
ခြန္းတို႔လည္း ခ်က္ခ်င္းဆိုသလို အနီးတြင္ရွိေသာ အမိုး ရွိရာသို႔ မိုးဝင္ခိုလိုက္သည္။ ခြန္းတို႔ဝင္ခိုလိုက္ေသာေနရာမွာ ထန္း႐ြက္မ်ားျဖင့္ စနစ္တက် သပ္သပ္ရပ္ပ္ မိုးထားေသာ အမိုးေအာက္တြင္ စားပြဲခုံ အႀကီးႀကီး တစ္လုံးသာရွိသည္။ ထိုစားပြဲေပၚတြင္ အေအးပုလင္းေလးမ်ားထည့္လို႔ရေသာ အကန့်လေးများပါရှ်ိသည်။ အေအးဆိုင္ သို႔မဟုတ္ Bubble tea ဆိုင္ေလးျဖစ္နိုင္သည္။
တျဖည္းျဖည္း သည္းလာေသာ မိုးမ်ားေၾကာင့္ အမိုးေသးေသးေလးေအာက္တြင္ ဝင္ခိုေနေသာ လူႏွစ္ေယာက္မွာ ဘယ္လိုမွ မလုံေတာ့။
ခြန္း ေလတိုက္လာရာဘက္ကိုတစ္ခ်က္ ၾကည့္လိုက္ၿပီး ေလတိုက္၍ မိုးမ်ားပတ္ေသာ ဘက္ျခမ္းသို႔ ေက်ာေပးရပ္လိုက္ကာ တိမ္တိုက္ကို သူ႕ေရွ႕တည့္တည့္တြင္ထားလိုက္သည္။ ခြန္းေက်ာျပင္တစ္ခုလုံးကေတာ့ မိုးေရမ်ားစို႐ႊဲလ်က္ေပါ့။
ျဖစ္ခ်င္ေတာ့ Taxi ဟူ၍ တစ္စီးမွ ျဖတ္မလာေသး။ မိုးကလည္း ရပ္မည့္အရိပ္ေယာင္မေပၚ။ သူ႕ေရွ႕မွ ေနမေကာင္းေသာ လူနာေလးကိုၾကည့္ျပန္ေတာ့လည္း ႂကြက္စုတ္ေလးျဖစ္ေတာ့မည္။ သူဘယ္လိုပဲ ကာေပးသည္ေျပာေျပာ ျပင္းထန္စြာသည္းေနေသာမိုးမ်ားကိုေတာ့ ခြန္းလည္း မတတ္နိုင္ေပ။
သည္ပုံစံအတိုင္းဆို တိမ္တိုက္ ဖ်ားေတာ့မွာ ျမင္ေယာင္မိသည္။
တစ္ေယာက္တည္းထားခဲ့ၿပီး တက္စီ ထြက္ရွာဖို႔က်ေတာ့လည္း သရဲေၾကာက္တတ္လြန္းေသာ ေကာင္ေလးနဲ႕ မျဖစ္။
ေခၚသြားျပန္ရင္လည္း ဘယ္ခ်ိန္လာမလဲ မသိတဲ့ တက္စီကို မိုးေရထဲ ေစာင့္ေနရဦးမည္။
နာရီ ဝက္နီးပါးၾကာသည္အထိ မိုးက မစဲ မိုးလင္းကတည္းက မ႐ြာပဲ ေတးထားသည့္မိုးမွာ ယခုမွ သည္းႀကီးမဲႀကီး ႐ြာေနသည္။
အေရွ႕မွ အေကာင္ငယ္ေလးမွာ တိတ္သြားၿပီ ၿငိမ္သြားသည္။ ခြန္း စိတ္ပူသြားသည္။
'' တိမ္တိုက္ ''
'' ဗ်ာ ''
ျပန္ထူးသံမွာ တိုး၍ တုန္ေနၿပီျဖစ္သည္။ ေမးေစ့ေလးကို ကိုင္ကာ ေမာ့ေစေတာ့ အနီေရာင္ ႏႈတ္ခမ္းမ်ားပင္ ျပာေနၿပီျဖစ္သည္။
'' အဆင္ေျပလား အရမ္းခ်မ္းေနလား ''
မိုးသံသည္းသည္းၾကားတြင္ ခြန္းအသံမွာ ႏြေးေထြးလ်က္။
'' ဟင့္အင္း ကြၽန္ေတာ္အဆင္မေျပဘူး အရမ္းခ်မ္းတယ္ ''
တုန္ေနေသာအသံေလးႏွင့္ သူအဆင္မေျပေၾကာင္း ေဖာ္ျပေနသည္။ ေနမေကာင္းေသာလူကိုမွ သူက မိုးမိေစသည္။ ေခၚထုတ္လာမိတာကိုပင္ ေနာင္တရခ်င္ေနၿပီျဖစ္သည္။
ခြန္း မ်က္ဝန္းထဲတြင္ အားနာစိတ္ ဝမ္းနည္းစိတ္ စိုးရိမ္စိတ္တို႔ ေရာေထြးေနသည္။ သူမွားမ်ားမွားသြားၿပီလားဟုေတြးကာ တိမ္တိုက္ ကို သနားေသာ မ်က္လုံးမ်ားႏွင့္ ၾကည့္ေနမိသည္။ တိမ္တိုက္သာ တစ္ခုခုျဖစ္သြားရင္ သူ႕ကိုယ္သူလည္း ခြင့္လႊတ္နိုင္မည္ ဟုမထင္။
'' ဒီလိုျဖစ္တာ ကိုခြန္း ေၾကာင့္ မဟုတ္ဘူးေနာ္ ။ ၿပီးေတာ့ ဒီေန႕ ကြၽန္ေတာ္တကယ္ေပ်ာ္ခဲ့ရတာ ''
တိမ္တိုက္ နားလည္သည္။ ခြန္း ကိုသူနားလည္သည္။ မွန္တစ္ခ်ပ္လို ၾကည့္လာရေသာ သူ သည္ ခြန္းမ်က္ႏွာေလးတြင္ ဘယ္အပိုင္းက ဘယ္လိုျဖစ္ေနတယ္ဆိုတာ သူေကာင္းေကာင္းႀကီးဖတ္တတ္သည္။ အခုလည္း ခြန္းက သူ႕ေၾကာင့္ ဒီလိုျဖစ္တာဟု ေတြးကာ ဝမ္းနည္းေနလိမ့္မည္။
တိမ္တိုက္ ၏ တုန္ရီစြာေျပာေသာႏွစ္သိမ့္စကားေၾကာင့္ ခြန္းပို၍ အားနာသြားရသည္။
သည္ေကာင္ေလးကို ေပ်ာ္႐ႊင္မႈခ်ည္း သီးသန့္ဘာလို႔ေပးခြင့္မျပဳတာလဲ ကံၾကမၼာရယ္.....
ခြန္း တုန္ရီေနေသာ တိမ္တိုက္ ခႏၶာကိုယ္ေလးကို သူ႕ရင္ခြင္ထဲ ဆြဲသြင္းလိုက္ၿပီး တင္းတင္းဖက္ထားမိသည္။ တိမ္တိုက္ ဆံပင္ေတြၾကားမ်က္ႏွာအပ္ကာ တိုးတိုးေလး ေျပာသည္။
'' ေမာင္ ေတာင္းပန္ပါတယ္ တိမ္တိုက္ ရယ္ .အဲ့တာ ေမာင့္ေၾကာင့္...''
ဘယ္ေလာက္မိုးသည္းသည္း ခြန္း ေျပာသမွ်ကို တိမ္တိုက္ အတိုင္းသားၾကားေနရသည္။
တကယ္တမ္းေတာ့ သူတို႔အခ်စ္ေတြဆိုတာ ထိန္းထားေနသည့္ၾကားထဲကပင္ တစ္ခ်က္တစ္ခ်က္ ထြက္ေပၚလာတတ္ၾကသည္။ ဘယ္လိုအခ်ိန္ေတြမွာလဲဆိုေတာ့ ခံစားခ်က္ေတြ
အနက္ရွိုင္းဆုံးေနရာအထိေရာက္သြားတဲ့ အခ်ိန္မွာေပါ့။
ဒီတစ္ခါေတာ့ ျပန္ထိန္းခ်င္လိုတဲ့ဆႏၵ မရွိေတာ့ ။
မိုးတိမ္ေတြေတာင္ ဘယ္လိုပဲ မၿပိဳက်ေအာင္တင္းခံထား တင္းခံထား တစ္ခ်ိန္က်ရင္ အခုလို လြတ္လြတ္လပ္လပ္ ၿပိဳဆင္းတတ္ၾကေသးတာပဲ....
ေမာင္တို႔ကဘာေတြမို႔ လဲ တိမ္တိုက္ရယ္...
တိမ္တိုက္မ်က္ႏွာအပ္ထားရာ ခြန္းရင္ဘတ္တြင္ ႏြေးသြားသည္။
ငိုေနသည္။ ေမာင့္တိမ္တိုက္ေလး ငိုေနသည္။ ဖက္ထားေသာ ကိုယ္ေလးမွာလည္း တသိမ့္သိမ့္ တုန္ကာေနသည္။
'' ေမာင့္ကို ခ်စ္တယ္ ''
ရင္ခြင္ထဲမွ ငိုေနေသာ ေကာင္ေလးထံမွ အသံေသးေသးေလးထြက္လာသည္။
ထို႔ေနာက္....
သည္းေနေသာ မိုးမ်ားလည္း စဲသြားတယ္.....
ေအးေနေသာ ကိုယ္မွာလည္း ႏြေးသြားတယ္....
ျပာေနေသာ ႏႈတ္ခမ္းတို႔မွာလည္း အကူအညီတစ္ခုေၾကာင့္ ပန္းေရာင္ျပန္သမ္းလာတယ္....
ေကာင္းကင္မွ မိုးမ်ား ရပ္တန့္သြားေပမယ့္လည္း အဲ့သည့္ ထန္း႐ြက္အမိုးေလးေအာက္မွာေတာ့ အျခားမိုးမ်ား ထပ္မံ ႐ြာသြန္းျပန္သတဲ့.......
24.3.2022