Unicode
🌹 နေမာန်နရဲ့ ဆူးနှင်းဆီ 🌹
အပိုင်း၄
'သခင်လေး ကျနော်လိုက်သွားရမလား'
နေစိုးကမေးလိုက်ခြင်းဖြစ်သည်၊
'မလိုက်နဲ့ အနီးအနားကရန်စွယ်ကိုငါညွှန်ကြားလိုက်မယ် သူငါ့ဆီခေါ်လာလိမ့်မယ်'
သူ့ဆီကသူမ ပြေးမလွတ်ပါဘူးသူ့ရဲ့ ညာလက်ရုံး ရန်စွယ်ကိုသူအစောကြီးတည်းကဒီအိမ်ရဲ့မလှမ်းမကမ်းကနေစောင့်ကြည့်ကာလိုအပ်ရင်လှုပ်ရှားဖို့ညွှန်ကြားထားပီးသားဖြစ်သည်။ဒီကောင်မလေးပြေးလဲရန်စွယ်ဆီပဲရောက်မှာမို့။
'ကဲ ဒေါ်စန္ဒာချို ခင်ဗျားကတော့ကျုပ်လူတွေနဲ့လိုက်သွား ပြီးမှခင်ဗျားကိုဘာလုပ်ရမလဲ ဆိုတာကျုပ်စဉ်းစားမယ် ကဲနေစိုး ခေါ်သွားတော့'
'မောင် မောင်နေမာန်န အန်တီ့ကို'
'ကျုပ်ကိုအတွန့်မတက်နဲ့ဒေါ်စန္ဒာချို လိုက်သွားဆိုလိုက်သွား နေစိုး'
'ဗျာသခင်လေး'
'ဒီအိမ်ကိုချိတ်ပိတ်ပြီးလူစောင့်ချထားလိုက်'
'ဟုတ်ကဲ့သခင်လေး'.......၊
.....'ဟောဟဲ မမလေး ဟောဟဲ အိတုံမောတယ် မပြေးနိူင်တော့ဘူး'
အိမ်နဲ့တော်တော်လှမ်းလာပြီမို့သူမလဲမပြေးနိူင်တော့ပါ ကြောက်ကြောက်နဲ့ထွက်ပြေးလာတာခုတော့ဘယ်သွားလို့ ဘယ်လာရမှန်းမသိပါ။
'ဟင်း ဟင်း အိတုံ'
'ရှင် မမလေး'
'နှင်းဆီတို့ဘယ်သွားကြမှာလဲဟင်'
အိတုံလဲမဖြေနိူင်ပါ၊
ဆယ့်တစ်နှစ်သမီးအရွယ်တည်းကဖေဖေကြီးကခေါ်ယူမွေးစားခဲ့တာမို့သူမမှာလဲ ဆွေမျိုးရယ်လို့မရှိပါ။
'မသိဘူးမမလေးရယ် အီးဟီး အိတုံတို့လမ်းဘေးရောက်ပီလား'
'ဟင် မငိုပါနဲ့အိတုံရယ် လာဒီမှာခနထိုင်နေကြမယ်နော်'
နှစ်ယောက်သားလမ်းပလက်ဖောင်းပေါ်မှာဒူးတုတ်လေးထိုင်ချလိုက်ကြသည်၊
နှင်းဆီ သူမမှာလဲအပေါင်းသင်းမိတ်ဆွေဆိုတာမရှိ၊ဘာလုပ်ရမလဲ၊အန်တီရောဘာများဖြစ်ကျန်ခဲ့ပြီလဲတွေးရင်း သူမကြောက်လာသည်၊
ဘယ်မှသွားစရာမရှိ မိန်းကလေးနှစ်ယောက်တည်း၊ဖေဖေရယ်သမီးကိုကူပါဦး သမီးဘာလုပ်ရမလဲ။
'မမလေး အိတုံတို့ဘယ်လိုလုပ်ကြမလဲဟင်'
'မသိဘူးအိတုံရယ် နှင်းဆီတို့မှာသွားစရာအိမ်မှမရှိတာ'
'ဒါဆိုလဲ ကျွန်တော်နဲ့လိုက်ခဲ့ပါ သခင်မလေး'
'ဟင်'
အသံလာရာဘက်ကြည့်လိုက်ကြတော့ အရပ်မြင့်မြင့်နဲ့သန့်ပြန့်တဲ့လူတစ်ယောက်၊သူ့နောက်မှာလဲသူ့တပည့်တွေလို့ထင်ရတဲ့လူငါးယောက်။
'ရှင် ရှင် ရှင်တို့ကဘယ်သူတွေလဲ'
'ကျွန်တော်ကသခင်မလေးကိုလာခေါ်တာပါ'
'ဟင် ရှင့်ကိုနှင်းဆီတို့မသိဘူး ဘာလို့သခင်မလေးလို့ခေါ်နေတာလဲ ပြီးတော့နှင်းဆီတို့ကိုဘာလို့လာခေါ်တာလဲဟင်'
'သခင်မလေးမေးခွန်းတွေကိုကျွန်တော်ဖြေမပေးနိူင်ပါဘူး ခုတော့ကျွန်တော်နဲ့ ကောင်းကောင်းမွန်မွန် လိုက်ခဲ့ပါ သခင်လေးပြန်ရောက်လို့ သခင်မလေးအိမ်မှာရှိမနေရင် ဒေါ်စန္ဒာချိုရဲ့ အသက်ကို ကျွန်တော်လဲအာမမခံနိူင်ပါဘူး'
'ဘာ ဘာရယ် ဟင်အင့် အန်တီကိုဘာလုပ်ကြမလို့လဲ ရှင်တို့ကိုနှင်းဆီတို့လဲမသိဘူး မသိဘဲမလိုက်နိူင်ဘူး'
'ကျစ်'
ရန်စွယ်စိတ်မရှည်တော့၊ ကောင်းကောင်းခေါ်မရမှတော့။
'ဒါဆိုလဲ ကျွန်တော့်ကိုခွင့်လွှတ်ပါ'
ပြောပြောဆိုဆို နှင်းဆီကိုဆတ်ကနဲပွေ့ချီခေါ်ပြီးကားဆီလျှောက်လာကာကားနောက်ခန်းထဲထည့်လိုက်သည်။
'ဟင် ရှင်ဘာလုပ်တာလဲ အိတုံ နှင်းဆီညီမလေးအိတုံကျန်ခဲ့ပြီ အိတုံ အိတုံ'
'မ မမလေး မမလေး'
ရန်စွယ်စိတ်ရှိတိုင်းသာဆိုနှစ်ယောက်လုံး ပိတ်ရိုက်ပစ်လိုက်ချင်တော့သည်၊အိတုံဆိုတဲ့ ကောင်မလေးကလဲ အော်ငိုနေသေးသည်၊ သူကမှစိတ်မရှည်တတ်ပါဘူးဆိုမှ။
'အီးဟီး မမလေး အိတုံကိုမထားခဲ့ပါနဲ့ အီးဟီး'
'ဒီမှာ နှင်း နှင်းဆီညီမလေး'
'သူ့ကိုလဲခေါ်ခဲ့မှာပါ သခင်မလေးငြိမ်ငြိမ်ထိုင်နေပါ မဟုတ်ရင် သူ့ကိုထားခဲ့ရမလား'
သူစိတ်မရှည်စွာ ငေါက်ထည့်လိုက်မှ သူမပြူးကြောင်ကြောင်နဲ့ငြိမ်သွားတော့သည်။
'ကဲ မင်းငိုနေခဲ့မှာလား'
'ဟင်'
'မင်းကိုပါလာပွေ့ရမှာလား'
'မ မဟုတ်ပါဘူး'
'ဒါဆိုလာခဲ့ ကားထဲဝင်'
'ဟုတ် ဟုတ်ကဲ့'
အိတုံကြောက်ကြောက်နဲ့ကားဆီပြေးလာကာအထဲအပြေးလေးဝင်မလိုလဲကာမှ။
'အမေ့'
'ဟာ'
ကားနားရောက်မှလူကခြေချော်ကာနောက်လှန်ကျမလိုဖြစ်သွားပြီးသူမမျက်စိစုံမှိတ်ထားလိုက်သည်။
'ဟင်'
နောက်လှန်မြေကြီးပေါ်မကျဘဲ ရန်စွယ်ရင်ခွင်ထဲတည့်တည့်ကြီးကျသွားတော့သည်။
'တော်တော်နမော်နမဲ့နိူင်တာပဲကွာ'
ပြောပြီးအိတုံကိုပွေ့ကာ ကားထဲထည့်ပေးလိုက်ပြီး သူပါကားထဲဝင်ကာ။
'အောင်ကျော် မောင်းတော့'
'ဟုတ် အစ်ကိုလေး'
'အိတုံ'
'ဟင့် မမလေး'
အိတုံ သူ့မမလေးကိုဖက်ထားကာ ရှေ့ကလူကြီးကိုလှမ်းကြည့်ပြီး ကိုယ့်ရင်ဘတ်ထဲကအသံတစ်ချို့ကိုကြားလိုက်ရသည်၊
ဘယ်လိုကြီးလဲ ရင်တွေခုန်နေတာလား အမလေး ငါဘာဖြစ်နေတာလဲ။......
.....နာရီဝက်လောက်ကြာတော့ကြီးမားတဲ့ခြံကြီးတစ်ခြံရှေ့ရောက်ကာအထဲသို့ ကားလေးကွေ့ဝင်လိုက်သည်၊ဘေးမှာစိမ်းစိုနေတဲ့ ကျောက်ခက် ပန်းပင်တွေနဲ့ ခြံကြီးကအတော်လှသည်၊ ငါးမိနစ်လောက်မောင်းဝင်ပြီးမှ အဝေးကနေတောင်မြင်နေရတဲ့ ခမ်းနားထည်ဝါလှတဲ့ စံအိမ်ကြီးကိုတွေ့လိုက်ရသည်၊ စံအိမ်ဘေးပတ်လည်မှာလဲ ရောင်စုံနှင်းဆီပန်းတွေ နေကြာပန်းတွေနဲ့ ခြံရံထားသည်၊ ပြီးတော့ စံအိမ်ဝင်ပေါက်တည့်တည့်မှာ ရေတံခွန်အသေးစားလေးလဲရှိသည်၊ ကားပေါ်ကနှင်းဆီနဲ့အိတုံမှာ ပါးစပ်အဟောင်းသား၊ ခနကြာတော့ကြီးမားလှတဲ့စံပယ်ရုံကြီးနားမှာကားလေးရပ်သွားသည်။
ရန်စွယ်ကားပေါ်မှဆင်းလိုက်ပြီး ကားနောက်ခန်းတံခါးဖွင့်ပေးကာ၊
'သခင်မလေး ဆင်းလို့ရပါပြီ'
နှင်းဆီပြူးကြောင်ကြောင်လေးခေါင်းညိမ့်ပြကာအိတုံလက်ကိုဆွဲပြီး ကားပေါ်ကဆင်းလိုက်သည်၊သူမကားပေါ်ကဆင်းသည်နှင့် အသက်လေးဆယ်ခန့် အမျိုးသမီးကြီးနဲ့ ကောင်မလေးသုံးယောက်အနားရောက်လာကာ အရိုသေပေးကြသည်။
'မဂ်လာပါမမလေး နေတော်ဝင်စံအိမ်ကကြိုဆိုပါတယ်'
'ဟင်'
သူမကိုဦးညွှတ်ကြိုဆိုလိုက်တာကြောင့်နှင်းဆီကြောင်သွားရသည်၊ ဘာတွေလဲ ဒီအိမ်နဲ့သူမ ဘာပက်သက်လို့လဲ။
'ဟို အန် အန်တီတို့က'
'ကဲ ဒေါ်ခင် သခင်လေးဖုန်းဆက်ပြောတယ်မလား သခင်မလေးကိုအိမ်ထဲခေါ်သွားပါ ရေမိုးချိုးအဝတ်စားလဲဖို့ပါလုပ်ပေးလိုက်ပါ ပြီးရင်သခင်လေးအခန်းထဲလိုက်ပို့လိုက် မကြာခင်သခင်လေးရောက်လာတော့မယ်'
'ကောင်းပါပြီ သခင်မလေး ကျွန်မနဲ့လိုက်ခဲ့ပါ'
'ရှင် အိတုံ'
'လိုက်သွားပါ သခင်မလေး
သခင်မလေးညီမကို ကျွန်တော်နေရာစီစဉ်ပေးပါ့မယ်'
'ဟင့် အိတုံ မမလေးနဲ့လိုက်မယ်'
အိတုံ နှင်းဆီအနားပြေးသွားဖို့ ကြံရွယ်တုန်း ရန်စွယ်ဂုတ်ကနေဆွဲထားလိုက်သည်။
'မင်း သခင်လေးအမိန့်မရဘဲ ဝင်လို့မရသေးဘူး ငါမင်းအတွက်အခန်းစီစဉ်ပေးမယ် လာလိုက်ခဲ့'
'အ့ မမလေး မမလေး'
'ဟင် အိတုံ အိတုံ ညီမလေး'
'သခင်မလေး လာပါရှင်'
နောက်ကမိန်းမကြီးအသံကြောင့် နှင်းဆီတွန့်သွားရသည်၊
'သခင်လေးပြန်လာတော့မယ် လာနော်'
ဘယ်တတ်နိူင်မလဲ သူမလိုက်သွားရတော့သည်၊ ဘာတွေဖြစ်နေတာလဲဆိုတာတော့။.....
အချိန်ခဏအကြာ နေတော်ဝင်စံအိမ်ရဲ့ အရှင်သခင် နေမာန်န ပြန်ရောက်လာသည်။
'သခင်လေး ရောက်ပီလား'
'အင်း ရန်စွယ် မင်းတာဝန်ကျေတယ်'
'ဟုတ်ကဲ့ သခင်လေး'
'ဒေါ်ခင် '
'ပြောပါ သခင်လေး'
'နေ့လည်စာရော ညနေစာပါသေချာပြင်ထားပါ ဘာမှလိုလေသေးမရှိအောင် သေချာလုပ်ပေးပါ အပေါ်ထပ်ကိုကျွန်တော်မခေါ်ဘဲဘယ်သူမှမတက်လာပါစေနဲ့'
'ကောင်းပါပြီသခင်လေး'
'နေစိုး ရန်စွယ်'
'ဗျာ'
' ဗျာ သခင်လေး'
'မင်းတို့ ဒီနေ့ပင်ပန်းသွားပြီ နားလိုက်ကြတော့'
'ဟုတ်ကဲ့သခင်လေး'
နေမာန်န ပြောပြီး အပေါ်ထပ်တက်လာခဲ့သည်၊ သူ သူမကိုတွေ့ချင်လှပြီလေ၊
ဆူးနှင်းဆီ မင်းဆီ ကိုယ်လာနေပြီ။
ဟိုလျှောက် ဒီလျှောက်နဲ့ အခန်းထဲဗျာများနေရသူက နှင်းဆီပင်၊ သူမမှာ ဆိုဖာပေါ်လဲ မထိုင်ရဲ ကုတင်ပေါ်လဲမထိုင်ရဲပါ၊ ဒီအခန်းထဲနေရတာမွန်းကျပ်လာသည်၊ဒေါ်ခင်ဆိုသူ ပြောတာကတော့ မကြာခင်သခင်လေး ရောက်တော့မယ် ဒီထဲကစောင့်နေပါတဲ့၊ အဲဒါဘယ်သူလဲ သူမမသိပါ၊ ကျောချမ်းစွာနဲ့ တစ်စုံတစ်ယောက်ကိုစောင့်နေရသည်မှာတော်တော်ကြာနေပါပြီ၊ အတွေးတွေနဲ့ နောက်လှည့်လိုက်ချိန်။
'အမေ့ ဟင် ရှင် ရှင်'
ဘယ်ချိန်ထဲက နောက်မှာရောက်နေမှန်းမသိတဲ့သူကြောင့်သူမလန့်သွားရသည်။
'ကိုယ့်ယောကျာ်းကိုယ် လန့်စရာလားကွာ'
'ဘာ ဘာရယ် ရှင်ဘာပြောတာလဲဟင် နှင်းဆီမှာယောကျာ်းမရှိပါဘူး'
'အဟွန်း မကြာခင်ရှိလာတော့မယ်လေ'
'ဟင် နှင်းဆီနားမလည်ဘူး'
'ကိုယ်ကမင်းသတို့သားလောင်းလေ မင်းကိုခေါ်လာတာအပိုင်သိမ်းမလို့ခေါ်လာတာလေ'
'ဘယ် ဘယ်လို ရှင့်ကိုလဲနှင်းဆီမသိဘူး ရှင်ဘယ်သူလဲဟင်'
'အဟွန်း ကိုယ်ကတော့ မင်းကိုသိတယ်'
ဟင်
သူမကိုသိသည်တဲ့၊ သူမကဖြင့်သူ့ကိုဒီနေ့မနက်မှ မြင်ဖူးတာပင်။
'ရှင် ရှင်က အန်တီအကြွေးရှင်မလားဟင်'
'ကျစ် အကြွေးရှင်တဲ့လား အင်းလေအကြွေးရှင် မင်းကိုယ့်နာမည်တော့သိထားသင့်တာပေါ့ ကိုယ့်နာမည်နေမာန်န'
'နေမာန်န'
'အင်း ဟုတ်တယ် မင်းနဲ့လက်ထပ်မယ့်သူ'
'ဟင် လက်ထပ်မယ့်သူ နှင်းဆီနဲ့လားဟင်'
'ဟုတ်တယ်လေ'
'ဟင်အင့် နှင်းဆီလက်မထပ်နိူင်ဘူး'
'လက်မထပ်လို့မရဘူး မင်းကိုကိုယ့်ခေါ်လာတာ ကိုယ့်အမိန့်တွေကိုမင်းနာခံရမယ်'
'အဲဒါရှင့်လူတွေကဇွတ်ခေါ်လာတာ နှင်းဆီသဘောမပါဘူး နှင်းဆီမသိတဲ့လူကိုနှင်းဆီလက်မထပ်နိူင်ဘူး'
'မင်းငြင်းလို့မရဘူး မင်းကိုယ်နဲ့လက်ထပ်ရမယ်'
'ဟင်အင့် ရှင်နှင်းဆီကိုအကြွေးနဲ့သိမ်းလာတာမလား'
'ဘာ'
သူရဲ့ဘာဆိုတဲ့အသံကြောင့် နှင်းဆီကိုယ်လေ တုန်သွားသည်။
'မင်း မင်း ကျစ် တော်ပြီဆူးနှင်းဆီ ကိုယ်စကားတွေအများကြီးပြောရတာမကြိုက်ဘူး မင်းသိထားဖို့က ကိုယ်မင်းကိုအကြွေးနဲ့သိမ်းလာတာမဟုတ်ဘူး မင်းကိုမြင်မြင်ချင်းသဘောကျလို့ လိုချင်လို့ကိုရအောင်ယူလာတာ ပြီးတော့'
သူ သူမနားကပ်သွားကာ၊
'မင်းကိုအပြစ်ပေးရဦးမယ်'
နှင်းဆီလန့်သွားသည်။
'အ အပြစ် နှင်း နှင်းဆီဘာလုပ်လို့'
'မင်းမနက်ကကိုယ့်ကိုစိန်ခေါ်သွားတယ်လေ'
'ဟင်'
'အဲတွက်မင်းမှာအပြစ်ရှိတယ်'
ပြောပြီးသူမခါးလေးကိုဆွဲဖက်လိုက်ကာ၊
'ရှင် ရှင် ဘာလုပ်တာလဲ နှင်းဆီကိုလွှတ်ပေးပါ'
'လွှတ်ပေးမယ် အပြစ်တော့ခံရမယ်လေ'
'နှင်း နှင်းဆီ ဘာလုပ်ပေးရမှာလဲ'
သူမနားလေးနားကပ်ပြောလိုက်တာက၊
'မင်းနှုတ်ခမ်းလေး ပေးနမ်းပါ'
'ဟင် ဟင်အင့် နှင်းဆီကိုလွှတ် အွန့် အွန့်'
မာန် အငြင်းခံရမည်စိုး၍ သူမနှုတ်ခမ်းလေးထက်သူ့နှုတ်ခမ်းဖိကပ်လိုက်သည်၊
ယနေ့ချိန်ထိ ဘယ်မိန်းကလေးနဲ့မှအနမ်းမဖလှယ်ဖူးသည့်သူ့အတွက်ပထမဆုံးအနမ်းဟာ ဘယ်လိုစရမည်မသိသော်ငြား နိူင်ငံတကာခြေဆန့်ခဲ့သည်ဖြစ်လို့ သူများတွေအနမ်းဖလှယ်ကြသည်ဆိုတာကိုတော့မြင်တွေ့ဖူးခဲ့သည်၊
တဖြည်းဖြည်းစတင်လာသည့်အနမ်းတွေဟာ အရှိန်ရသည်နှင့် တစ်စထက်တစ်စပီပြင်လာကာ သူ့အနမ်းကြမ်းကြမ်းတွေအောက် သူမနှုတ်ခမ်းလေးထူပူသွားသည်အထိအသက်ရှူရပ်မတတ်အနမ်းကြမ်းတွေကြား ရင်ထဲမှာလဲ ဗရမ်းဗတာနဲ့...။
အပိုင်း ၅ ဆက်ရန် စာရေးသူ ပုလဲသီ
Zawgyi
🌹 ေနမာန္နရဲ့ ဆူးႏွင္းဆီ 🌹
အပိုင္း၄
'သခင္ေလး က်ေနာ္လိုက္သြားရမလား'
ေနစိုးကေမးလိုက္ျခင္းျဖစ္သည္၊
'မလိုက္နဲ႔ အနီးအနားကရန္စြယ္ကိုငါၫႊန္ၾကားလိုက္မယ္ သူငါ့ဆီေခၚလာလိမ့္မယ္'
သူ႔ဆီကသူမ ေျပးမလြတ္ပါဘူးသူ႔ရဲ့ ညာလက္ရံုး ရန္စြယ္ကိုသူအေစာႀကီးတည္းကဒီအိမ္ရဲ့မလွမ္းမကမ္းကေနေစာင့္ၾကည့္ကာလိုအပ္ရင္လႈပ္ရွားဖို႔ၫႊန္ၾကားထားပီးသားျဖစ္သည္။ဒီေကာင္မေလးေျပးလဲရန္စြယ္ဆီပဲေရာက္မွာမို႔။
'ကဲ ေဒၚစႏၵာခ်ိဳ ခင္ဗ်ားကေတာ့က်ဳပ္လူေတြနဲ႔လိုက္သြား ၿပီးမွခင္ဗ်ားကိုဘာလုပ္ရမလဲ ဆိုတာက်ဳပ္စဉ္းစားမယ္ ကဲေနစိုး ေခၚသြားေတာ့'
'ေမာင္ ေမာင္ေနမာန္န အန္တီ့ကို'
'က်ဳပ္ကိုအတြန႔္မတက္နဲ႔ေဒၚစႏၵာခ်ိဳ လိုက္သြားဆိုလိုက္သြား ေနစိုး'
'ဗ်ာသခင္ေလး'
'ဒီအိမ္ကိုခ်ိတ္ပိတ္ၿပီးလူေစာင့္ခ်ထားလိုက္'
'ဟုတ္ကဲ့သခင္ေလး'.......၊
.....'ေဟာဟဲ မမေလး ေဟာဟဲ အိတံုေမာတယ္ မေျပးႏိူင္ေတာ့ဘူး'
အိမ္နဲ႔ေတာ္ေတာ္လွမ္းလာၿပီမို႔သူမလဲမေျပးႏိူင္ေတာ့ပါ ေၾကာက္ေၾကာက္နဲ႔ထြက္ေျပးလာတာခုေတာ့ဘယ္သြားလို႔ ဘယ္လာရမွန္းမသိပါ။
'ဟင္း ဟင္း အိတံု'
'ရွင္ မမေလး'
'ႏွင္းဆီတို႔ဘယ္သြားၾကမွာလဲဟင္'
အိတံုလဲမေျဖႏိူင္ပါ၊
ဆယ့္တစ္ႏွစ္သမီးအရြယ္တည္းကေဖေဖႀကီးကေခၚယူေမြးစားခဲ့တာမို႔သူမမွာလဲ ေဆြမ်ိဳးရယ္လို႔မရိွပါ။
'မသိဘူးမမေလးရယ္ အီးဟီး အိတံုတို႔လမ္းေဘးေရာက္ပီလား'
'ဟင္ မငိုပါနဲ႔အိတံုရယ္ လာဒီမွာခနထိုင္ေနၾကမယ္ေနာ္'
ႏွစ္ေယာက္သားလမ္းပလက္ေဖာင္းေပၚမွာဒူးတုတ္ေလးထိုင္ခ်လိုက္ၾကသည္၊
ႏွင္းဆီ သူမမွာလဲအေပါင္းသင္းမိတ္ေဆြဆိုတာမရိွ၊ဘာလုပ္ရမလဲ၊အန္တီေရာဘာမ်ားျဖစ္က်န္ခဲ့ၿပီလဲေတြးရင္း သူမေၾကာက္လာသည္၊
ဘယ္မွသြားစရာမရိွ မိန္းကေလးႏွစ္ေယာက္တည္း၊ေဖေဖရယ္သမီးကိုကူပါဦး သမီးဘာလုပ္ရမလဲ။
'မမေလး အိတံုတို႔ဘယ္လိုလုပ္ၾကမလဲဟင္'
'မသိဘူးအိတံုရယ္ ႏွင္းဆီတို႔မွာသြားစရာအိမ္မွမရိွတာ'
'ဒါဆိုလဲ ကြၽန္ေတာ္နဲ႔လိုက္ခဲ့ပါ သခင္မေလး'
'ဟင္'
အသံလာရာဘက္ၾကၫ့္လိုက္ၾကေတာ့ အရပ္ျမင့္ျမင့္နဲ႔သန႔္ျပန႔္တဲ့လူတစ္ေယာက္၊သူ႔ေနာက္မွာလဲသူ႔တပၫ့္ေတြလို႔ထင္ရတဲ့လူငါးေယာက္။
'ရွင္ ရွင္ ရွင္တို႔ကဘယ္သူေတြလဲ'
'ကြၽန္ေတာ္ကသခင္မေလးကိုလာေခၚတာပါ'
'ဟင္ ရွင့္ကိုႏွင္းဆီတို႔မသိဘူး ဘာလို႔သခင္မေလးလို႔ေခၚေနတာလဲ ၿပီးေတာ့ႏွင္းဆီတို႔ကိုဘာလို႔လာေခၚတာလဲဟင္'
'သခင္မေလးေမးခြန္းေတြကိုကြၽန္ေတာ္ေျဖမေပးႏိူင္ပါဘူး ခုေတာ့ကြၽန္ေတာ္နဲ႔ ေကာင္းေကာင္းမြန္မြန္ လိုက္ခဲ့ပါ သခင္ေလးျပန္ေရာက္လို႔ သခင္မေလးအိမ္မွာရိွမေနရင္ ေဒၚစႏၵာခ်ိဳရဲ့ အသက္ကို ကြၽန္ေတာ္လဲအာမမခံႏိူင္ပါဘူး'
'ဘာ ဘာရယ္ ဟင္အင့္ အန္တီကိုဘာလုပ္ၾကမလို႔လဲ ရွင္တို႔ကိုႏွင္းဆီတို႔လဲမသိဘူး မသိဘဲမလိုက္ႏိူင္ဘူး'
'က်စ္'
ရန္စြယ္စိတ္မရွည္ေတာ့၊ ေကာင္းေကာင္းေခၚမရမွေတာ့။
'ဒါဆိုလဲ ကြၽန္ေတာ့္ကိုခြင့္လႊတ္ပါ'
ေျပာေျပာဆိုဆို ႏွင္းဆီကိုဆတ္ကနဲေပြ့ခ်ီေခၚၿပီးကားဆီေလ်ွာက္လာကာကားေနာက္ခန္းထဲထၫ့္လိုက္သည္။
'ဟင္ ရွင္ဘာလုပ္တာလဲ အိတံု ႏွင္းဆီညီမေလးအိတံုက်န္ခဲ့ၿပီ အိတံု အိတံု'
'မ မမေလး မမေလး'
ရန္စြယ္စိတ္ရိွတိုင္းသာဆိုႏွစ္ေယာက္လံုး ပိတ္ရိုက္ပစ္လိုက္ခ်င္ေတာ့သည္၊အိတံုဆိုတဲ့ ေကာင္မေလးကလဲ ေအာ္ငိုေနေသးသည္၊ သူကမွစိတ္မရွည္တတ္ပါဘူးဆိုမွ။
'အီးဟီး မမေလး အိတံုကိုမထားခဲ့ပါနဲ႔ အီးဟီး'
'ဒီမွာ ႏွင္း ႏွင္းဆီညီမေလး'
'သူ႔ကိုလဲေခၚခဲ့မွာပါ သခင္မေလးၿငိမ္ၿငိမ္ထိုင္ေနပါ မဟုတ္ရင္ သူ႔ကိုထားခဲ့ရမလား'
သူစိတ္မရွည္စြာ ေငါက္ထၫ့္လိုက္မွ သူမျပဴးေၾကာင္ေၾကာင္နဲ႔ၿငိမ္သြားေတာ့သည္။
'ကဲ မင္းငိုေနခဲ့မွာလား'
'ဟင္'
'မင္းကိုပါလာေပြ့ရမွာလား'
'မ မဟုတ္ပါဘူး'
'ဒါဆိုလာခဲ့ ကားထဲဝင္'
'ဟုတ္ ဟုတ္ကဲ့'
အိတံုေၾကာက္ေၾကာက္နဲ႔ကားဆီေျပးလာကာအထဲအေျပးေလးဝင္မလိုလဲကာမွ။
'အေမ့'
'ဟာ'
ကားနားေရာက္မွလူကေျခေခ်ာ္ကာေနာက္လွန္က်မလိုျဖစ္သြားၿပီးသူမမ်က္စိစံုမိွတ္ထားလိုက္သည္။
'ဟင္'
ေနာက္လွန္ေျမၾကီးေပၚမက်ဘဲ ရန္စြယ္ရင္ခြင္ထဲတၫ့္တၫ့္ႀကီးက်သြားေတာ့သည္။
'ေတာ္ေတာ္နေမာ္နမဲ့ႏိူင္တာပဲကြာ'
ေျပာၿပီးအိတံုကိုေပြ့ကာ ကားထဲထၫ့္ေပးလိုက္ၿပီး သူပါကားထဲဝင္ကာ။
'ေအာင္ေက်ာ္ ေမာင္းေတာ့'
'ဟုတ္ အစ္ကိုေလး'
'အိတံု'
'ဟင့္ မမေလး'
အိတံု သူ႔မမေလးကိုဖက္ထားကာ ေရ႔ွကလူႀကီးကိုလွမ္းၾကည့္ၿပီး ကိုယ့္ရင္ဘတ္ထဲကအသံတစ္ခ်ိဳ႕ကိုၾကားလိုက္ရသည္၊
ဘယ္လိုႀကီးလဲ ရင္ေတြခုန္ေနတာလား အမေလး ငါဘာျဖစ္ေနတာလဲ။......
.....နာရီဝက္ေလာက္ၾကာေတာ့ႀကီးမားတဲ့ၿခံႀကီးတစ္ၿခံေရ႔ွေရာက္ကာအထဲသို႔ ကားေလးေကြ့ဝင္လိုက္သည္၊ေဘးမွာစိမ္းစိုေနတဲ့ ေက်ာက္ခက္ ပန္းပင္ေတြနဲ႔ ၿခံႀကီးကအေတာ္လွသည္၊ ငါးမိနစ္ေလာက္ေမာင္းဝင္ၿပီးမွ အေဝးကေနေတာင္ျမင္ေနရတဲ့ ခမ္းနားထည္ဝါလွတဲ့ စံအိမ္ႀကီးကိုေတြ့လိုက္ရသည္၊ စံအိမ္ေဘးပတ္လည္မွာလဲ ေရာင္စံုႏွင္းဆီပန္းေတြ ေနၾကာပန္းေတြနဲ႔ ၿခံရံထားသည္၊ ၿပီးေတာ့ စံအိမ္ဝင္ေပါက္တၫ့္တၫ့္မွာ ေရတံခြန္အေသးစားေလးလဲရိွသည္၊ ကားေပၚကႏွင္းဆီနဲ႔အိတံုမွာ ပါးစပ္အေဟာင္းသား၊ ခနၾကာေတာ့ႀကီးမားလွတဲ့စံပယ္ရံုႀကီးနားမွာကားေလးရပ္သြားသည္။
ရန္စြယ္ကားေပၚမွဆင္းလိုက္ၿပီး ကားေနာက္ခန္းတံခါးဖြင့္ေပးကာ၊
'သခင္မေလး ဆင္းလို႔ရပါၿပီ'
ႏွင္းဆီျပဴးေၾကာင္ေၾကာင္ေလးေခါင္းညိမ့္ျပကာအိတံုလက္ကိုဆြဲၿပီး ကားေပၚကဆင္းလိုက္သည္၊သူမကားေပၚကဆင္းသည္ႏွင့္ အသက္ေလးဆယ္ခန႔္ အမ်ိဳးသမီးႀကီးနဲ႔ ေကာင္မေလးသံုးေယာက္အနားေရာက္လာကာ အရိုေသေပးၾကသည္။
'မဂ္လာပါမမေလး ေနေတာ္ဝင္စံအိမ္ကႀကိဳဆိုပါတယ္'
'ဟင္'
သူမကိုဦးၫႊတ္ႀကိဳဆိုလိုက္တာေၾကာင့္ႏွင္းဆီေၾကာင္သြားရသည္၊ ဘာေတြလဲ ဒီအိမ္နဲ႔သူမ ဘာပက္သက္လို႔လဲ။
'ဟို အန္ အန္တီတို႔က'
'ကဲ ေဒၚခင္ သခင္ေလးဖုန္းဆက္ေျပာတယ္မလား သခင္မေလးကိုအိမ္ထဲေခၚသြားပါ ေရမိုးခ်ိဳးအဝတ္စားလဲဖို႔ပါလုပ္ေပးလိုက္ပါ ၿပီးရင္သခင္ေလးအခန္းထဲလိုက္ပို႔လိုက္ မၾကာခင္သခင္ေလးေရာက္လာေတာ့မယ္'
'ေကာင္းပါၿပီ သခင္မေလး ကြၽန္မနဲ႔လိုက္ခဲ့ပါ'
'ရွင္ အိတံု'
'လိုက္သြားပါ သခင္မေလး
သခင္မေလးညီမကို ကြၽန္ေတာ္ေနရာစီစဉ္ေပးပါ့မယ္'
'ဟင့္ အိတံု မမေလးနဲ႔လိုက္မယ္'
အိတံု ႏွင္းဆီအနားေျပးသြားဖို႔ ႀကံရြယ္တုန္း ရန္စြယ္ဂုတ္ကေနဆြဲထားလိုက္သည္။
'မင္း သခင္ေလးအမိန႔္မရဘဲ ဝင္လို႔မရေသးဘူး ငါမင္းအတြက္အခန္းစီစဉ္ေပးမယ္ လာလိုက္ခဲ့'
'အ့ မမေလး မမေလး'
'ဟင္ အိတံု အိတံု ညီမေလး'
'သခင္မေလး လာပါရွင္'
ေနာက္ကမိန္းမႀကီးအသံေၾကာင့္ ႏွင္းဆီတြန႔္သြားရသည္၊
'သခင္ေလးျပန္လာေတာ့မယ္ လာေနာ္'
ဘယ္တတ္ႏိူင္မလဲ သူမလိုက္သြားရေတာ့သည္၊ ဘာေတျြဖစ္ေနတာလဲဆိုတာေတာ့။.....
အခ်ိန္ခဏအၾကာ ေနေတာ္ဝင္စံအိမ္ရဲ့ အရွင္သခင္ ေနမာန္န ျပန္ေရာက္လာသည္။
'သခင္ေလး ေရာက္ပီလား'
'အင္း ရန္စြယ္ မင္းတာဝန္ေက်တယ္'
'ဟုတ္ကဲ့ သခင္ေလး'
'ေဒၚခင္ '
'ေျပာပါ သခင္ေလး'
'ေန့လည္စာေရာ ညေနစာပါေသခ်ာျပင္ထားပါ ဘာမွလိုေလေသးမရိွေအာင္ ေသခ်ာလုပ္ေပးပါ အေပၚထပ္ကိုကြၽန္ေတာ္မေခၚဘဲဘယ္သူမွမတက္လာပါေစနဲ႔'
'ေကာင္းပါၿပီသခင္ေလး'
'ေနစိုး ရန္စြယ္'
'ဗ်ာ'
' ဗ်ာ သခင္ေလး'
'မင္းတို႔ ဒီေန့ပင္ပန္းသြားၿပီ နားလိုက္ၾကေတာ့'
'ဟုတ္ကဲ့သခင္ေလး'
ေနမာန္န ေျပာၿပီး အေပၚထပ္တက္လာခဲ့သည္၊ သူ သူမကိုေတြ့ခ်င္လွၿပီေလ၊
ဆူးႏွင္းဆီ မင္းဆီ ကိုယ္လာေနၿပီ။
ဟိုေလ်ွာက္ ဒီေလ်ွာက္နဲ႔ အခန္းထဲဗ်ာမ်ားေနရသူက ႏွင္းဆီပင္၊ သူမမွာ ဆိုဖာေပၚလဲ မထိုင္ရဲ ကုတင္ေပၚလဲမထိုင္ရဲပါ၊ ဒီအခန္းထဲေနရတာမြန္းက်ပ္လာသည္၊ေဒၚခင္ဆိုသူ ေျပာတာကေတာ့ မၾကာခင္သခင္ေလး ေရာက္ေတာ့မယ္ ဒီထဲကေစာင့္ေနပါတဲ့၊ အဲဒါဘယ္သူလဲ သူမမသိပါ၊ ေက်ာခ်မ္းစြာနဲ႔ တစ္စံုတစ္ေယာက္ကိုေစာင့္ေနရသည္မွာေတာ္ေတာ္ၾကာေနပါၿပီ၊ အေတြးေတြနဲ႔ ေနာက္လွၫ့္လိုက္ခ်ိန္။
'အေမ့ ဟင္ ရွင္ ရွင္'
ဘယ္ခ်ိန္ထဲက ေနာက္မွာေရာက္ေနမွန္းမသိတဲ့သူေၾကာင့္သူမလန႔္သြားရသည္။
'ကိုယ့္ေယာက်ာ္းကိုယ္ လန႔္စရာလားကြာ'
'ဘာ ဘာရယ္ ရွင္ဘာေျပာတာလဲဟင္ ႏွင္းဆီမွာေယာက်ာ္းမရိွပါဘူး'
'အဟြန္း မၾကာခင္ရိွလာေတာ့မယ္ေလ'
'ဟင္ ႏွင္းဆီနားမလည္ဘူး'
'ကိုယ္ကမင္းသတို႔သားေလာင္းေလ မင္းကိုေခၚလာတာအပိုင္သိမ္းမလို႔ေခၚလာတာေလ'
'ဘယ္ ဘယ္လို ရွင့္ကိုလဲႏွင္းဆီမသိဘူး ရွင္ဘယ္သူလဲဟင္'
'အဟြန္း ကိုယ္ကေတာ့ မင္းကိုသိတယ္'
ဟင္
သူမကိုသိသည္တဲ့၊ သူမကျဖင့္သူ႔ကိုဒီေန့မနက္မွ ျမင္ဖူးတာပင္။
'ရွင္ ရွင္က အန္တီအေႂကြးရွင္မလားဟင္'
'က်စ္ အေႂကြးရွင္တဲ့လား အင္းေလအေႂကြးရွင္ မင္းကိုယ့္နာမည္ေတာ့သိထားသင့္တာေပါ့ ကိုယ့္နာမည္ေနမာန္န'
'ေနမာန္န'
'အင္း ဟုတ္တယ္ မင္းနဲ႔လက္ထပ္မယ့္သူ'
'ဟင္ လက္ထပ္မယ့္သူ ႏွင္းဆီနဲ႔လားဟင္'
'ဟုတ္တယ္ေလ'
'ဟင္အင့္ ႏွင္းဆီလက္မထပ္ႏိူင္ဘူး'
'လက္မထပ္လို႔မရဘူး မင္းကိုကိုယ့္ေခၚလာတာ ကိုယ့္အမိန႔္ေတြကိုမင္းနာခံရမယ္'
'အဲဒါရွင့္လူေတြကဇြတ္ေခၚလာတာ ႏွင္းဆီသေဘာမပါဘူး ႏွင္းဆီမသိတဲ့လူကိုႏွင္းဆီလက္မထပ္ႏိူင္ဘူး'
'မင္းျငင္းလို႔မရဘူး မင္းကိုယ္နဲ႔လက္ထပ္ရမယ္'
'ဟင္အင့္ ရွင္ႏွင္းဆီကိုအေႂကြးနဲ႔သိမ္းလာတာမလား'
'ဘာ'
သူရဲ့ဘာဆိုတဲ့အသံေၾကာင့္ ႏွင္းဆီကိုယ္ေလ တုန္သြားသည္။
'မင္း မင္း က်စ္ ေတာ္ၿပီဆူးႏွင္းဆီ ကိုယ္စကားေတြအမ်ားႀကီးေျပာရတာမႀကိဳက္ဘူး မင္းသိထားဖို႔က ကိုယ္မင္းကိုအေႂကြးနဲ႔သိမ္းလာတာမဟုတ္ဘူး မင္းကိုျမင္ျမင္ခ်င္းသေဘာက်လို႔ လိုခ်င္လို႔ကိုရေအာင္ယူလာတာ ၿပီးေတာ့'
သူ သူမနားကပ္သြားကာ၊
'မင္းကိုအျပစ္ေပးရဦးမယ္'
ႏွင္းဆီလန႔္သြားသည္။
'အ အျပစ္ ႏွင္း ႏွင္းဆီဘာလုပ္လို႔'
'မင္းမနက္ကကိုယ့္ကိုစိန္ေခၚသြားတယ္ေလ'
'ဟင္'
'အဲတြက္မင္းမွာအျပစ္ရိွတယ္'
ေျပာၿပီးသူမခါးေလးကိုဆြဲဖက္လိုက္ကာ၊
'ရွင္ ရွင္ ဘာလုပ္တာလဲ ႏွင္းဆီကိုလႊတ္ေပးပါ'
'လႊတ္ေပးမယ္ အျပစ္ေတာ့ခံရမယ္ေလ'
'ႏွင္း ႏွင္းဆီ ဘာလုပ္ေပးရမွာလဲ'
သူမနားေလးနားကပ္ေျပာလိုက္တာက၊
'မင္းႏႈတ္ခမ္းေလး ေပးနမ္းပါ'
'ဟင္ ဟင္အင့္ ႏွင္းဆီကိုလႊတ္ အြန႔္ အြန႔္'
မာန္ အျငင္းခံရမည္စိုး၍ သူမႏႈတ္ခမ္းေလးထက္သူ႔ႏႈတ္ခမ္းဖိကပ္လိုက္သည္၊
ယေန့ခ်ိန္ထိ ဘယ္မိန္းကေလးနဲ႔မွအနမ္းမဖလွယ္ဖူးသည့္သူ႔အတြက္ပထမဆံုးအနမ္းဟာ ဘယ္လိုစရမည္မသိေသာ္ျငား ႏိူင္ငံတကာေျခဆန္႔ခဲ့သည္ျဖစ္လို႔ သူမ်ားေတြအနမ္းဖလွယ္ၾကသည္ဆိုတာကိုေတာ့ျမင္ေတြ့ဖူးခဲ့သည္၊
တျဖည္းျဖည္းစတင္လာသည့္အနမ္းေတြဟာ အရိွန္ရသည္ႏွင့္ တစ္စထက္တစ္စပီျပင္လာကာ သူ႔အနမ္းၾကမ္းၾကမ္းေတြေအာက္ သူမႏႈတ္ခမ္းေလးထူပူသြားသည္အထိအသက္ရႉရပ္မတတ္အနမ္းၾကမ္းေတြၾကား ရင္ထဲမွာလဲ ဗရမ္းဗတာနဲ႔...။
အပိုင္း ၅ ဆက္ရန္ စာေရးသူ ပုလဲသီ