Dare You Escape?[Completed]

By Daydream-fah

49.2K 3.6K 233

Run away from me,if you dare... {Present for my special one} More

แ€กแ€แ€”แ€บแ€ธ(แ)- แ€„แ€ซแ€ทแ€’แ€ฎแ€‡แ€ญแ€ฏแ€„แ€บแ€ธแ€€แ€ญแ€ฏ แ€แ€ญแ€ฏแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บ
แ€กแ€แ€”แ€บแ€ธ(แ‚)- แ€‘แ€•แ€บแ€•แ€ผแ€ฎแ€ธ แ€แ€™แ€บแ€›แ€ญแ€•แ€ฑแ€ซแ€บแ€•แ€ฒแ€œแ€ฌแ€ธ
แ€กแ€แ€”แ€บแ€ธ(แƒ)- แ€„แ€ซแ€œแ€ฐแ€žแ€แ€บแ€แ€ฌแ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฐแ€ธ..
แ€กแ€แ€”แ€บแ€ธ(แ…)- แ€›แ€”แ€บแ€„แ€ผแ€ญแ€ฏแ€ธ
แ€กแ€แ€”แ€บแ€ธ(แ†)- แ€แ€™แ€บแ€›แ€ญแ€•แ€ฑแ€ซแ€บแ€›แ€ฒแ€ทแ€•แ€ปแ€ฑแ€ฌแ€บแ€แ€ฑแ€ฌแ€บแ€†แ€€แ€บ
แ€กแ€แ€”แ€บแ€ธ(แ‡)- แ€•แ€ผแ€šแ€ฏแ€‚แ€บ
แ€กแ€แ€”แ€บแ€ธ(แˆ)- แ€›แ€„แ€บแ€ธแ€”แ€พแ€ฎแ€ธแ€”แ€ฑแ€แ€ฒแ€ท แ€žแ€ฐแ€…แ€ญแ€™แ€บแ€ธ
แ€กแ€แ€”แ€บแ€ธ(แ‰)- แ€œแ€€แ€บแ€แ€ฏแ€ถแ€ทแ€•แ€ผแ€”แ€บแ€แ€ผแ€„แ€บแ€ธ แ€”แ€ญแ€’แ€ซแ€”แ€บแ€ธ
แ€กแ€แ€”แ€บแ€ธ(แแ€)- แ€„แ€ซแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บแ€€แ€ญแ€ฏ แ€˜แ€šแ€บแ€žแ€ฐแ€‘แ€ญแ€›แ€ฒแ€œแ€ฒ....
แ€กแ€แ€”แ€บแ€ธ(แแ)- แ€œแ€€แ€บแ€…แ€–แ€ปแ€ฑแ€ฌแ€€แ€บแ€แ€ผแ€„แ€บแ€ธ
แ€กแ€แ€”แ€บแ€ธ(แแ‚)- แ€แ€™แ€บแ€žแ€แ€„แ€บแ€œแ€ฑแ€ธแ€›แ€ฒแ€ทแ€•แ€ฐแ€•แ€„แ€บแ€žแ€ฑแ€ฌแ€€
แ€กแ€แ€”แ€บแ€ธ(แแƒ)- แ€žแ€ฐแ€„แ€šแ€บแ€แ€ปแ€„แ€บแ€ธแ€แ€ฒแ€ทแ€œแ€ฌแ€ธ....
แ€กแ€แ€”แ€บแ€ธ(แแ„)- แ€แ€ฑแ€ซแ€„แ€บแ€ธแ€แ€ซแ€€แ€ฑแ€ฌแ€„แ€บ
แ€กแ€แ€”แ€บแ€ธ(แแ…)- แ€กแ€™แ€ฐแ€ธแ€žแ€™แ€ฌแ€ธแ€”แ€พแ€„แ€บแ€ทแ€แ€…แ€บแ€Šแ€แ€ฌ
แ€กแ€แ€”แ€บแ€ธ(แแ†)- แ€žแ€ฝแ€ฑแ€ธแ€…แ€ฝแ€”แ€บแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€ฒแ€ทแ€›แ€ฝแ€ฌแ€€แ€œแ€ฑแ€ธ
แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธแ€•แ€ญแ€ฏแ€„แ€บแ€ธ- แ€กแ€†แ€ฏแ€ถแ€ธแ€žแ€แ€บแ€™แ€™แ€Šแ€บแ€žแ€ฑแ€ฌ แ€กแ€†แ€ฏแ€ถแ€ธแ€žแ€แ€บแ€แ€ผแ€„แ€บแ€ธ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธแ€•แ€ญแ€ฏ

แ€กแ€แ€”แ€บแ€ธ(แ„)- แ€žแ€ฐแ€›แ€ฑแ€ฌแ€€แ€บแ€œแ€ฌแ€•แ€ผแ€ฎ

2.6K 254 12
By Daydream-fah

Uni

သူအိမ်တွင်းအောင်းနေမိတာ နှစ်ရက်ရှိပြီ။ နှစ်ရက်ဆိုတဲ့အချိန်က တကယ်ကိုခဏလေးပဲ။ ဒီနှစ်ရက်လုံး သူအိမ်ထဲက အိမ်ပြင်မထွက်မိသလို ဘယ်သူနဲ့မှလည်း အဆက်အသွယ်မလုပ်ဖြစ်ဘူး။

ဒေါ်လေးကလည်း အိမ်ကိုပြန်မလာတာမို့ အခန်းကိုသွားကြည့်တော့ ဗီရိုထဲမှာ အင်္ကျီအဝတ်အစားတွေအကုန် မရှိတော့ပုံအရ ကြည့်ရတာ အကြွေးရှင်တွေကို ခြေရာဖျောက်ပြေးပြန်ပြီထင်သည်။

အိပ်ယာကနိုးလာတိုင်း ဘားမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကို အိပ်မက်ဖြစ်ဖို့မျှော်လင့်မိပေမယ့် ကံဆိုးစွာနဲ့ပဲ သူကြုံတွေ့နေရတာက တကယ့်လက်တွေ့လောကမှာဖြစ်သည်။

အဲ့ဒီနေ့က ဝမ်ရိပေါ်နဲ့ပြဿနာဖြစ်ပြီးတော့ သူအလုပ်ထုတ်ခံရတော့မယ်ဆိုတာကို ကြိုသိနေတာမို့ သန့်စင်ခန်းထဲမှာ အဝတ်အစားလဲနေရင်း သေနတ်ပစ်သံနဲ့အတူ အော်ဟစ်ပြေးလွှားသံတွေ ကြားလိုက်ရတာမို့ အမြန်ပြေးထွက်လာရင်း ဘားတစ်ခုလုံးက မှောင်မဲသွားတာမို့ သူကြောင်ပြီး နေရာမှာရပ်နေမိသည်။

အဲ့အချိန် သူ့ဘေးနားတစ်ဝိုက်မှာ ရုန်းရင်းဆံခတ်အသံလိုတွေ ကြားနေရတာမို့ နားစွင့်နေရင်း ဒိုင်းခနဲသေနတ်သံနဲ့အတူ လူတစ်ယောက်က သူ့လက်ထဲကို သေနတ်ထည့်ပေးသွားတာမို့ ကြောင်အနေတုန်းမှာပင် မီးတွေပြန်လင်းလာတာဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ မီးပြန်လင်းလာတော့ သူ့အရှေ့မှာ ဝမ်ရိပေါ်ရောက်နေလေသည်။ ဒါကိုမှ တမင်ကြံစည်တာလို့မပြောရင် သူရူးနေလို့ပဲ။ သူ့ကို ပြန်ပြီးဒုက္ခပေးဖို့အတွက်နဲ့ လူတစ်ယောက်လုံးကိုတောင် သတ်ပြီး သူ့အပေါ်လွှဲချခဲ့တာ။

သူထောင်ထဲမသွားချင်ဘူး။ သူ့မှာ ရည်မှန်းချက်တွေအများကြီးရှိသေးတယ်။ သူမလုပ်ထားတဲ့ ကိစ္စကြောင့်နဲ့ သူ့အနာဂတ်ကို မစွန့်လွှတ်နိူင်ဘူး။ ပြီးတော့ လူ့လောကမှာမရှိတော့တဲ့ ပါးနဲ့မားကိုလည်း သူ့ကြောင့်နဲ့ သိက္ခာမကျစေချင်ဘူး။

ဒါဆို ဝမ်ရိပေါ်ပြောသွားတဲ့ နောက်တစ်နည်းကရော။ ဟင့်အင်း... သူသေရမယ်ဆိုရင်တောင် အဲ့ဒီနည်းလမ်းကို ဘယ်တော့မှရွေးချယ်မှာမဟုတ်ဘူး။ ဝမ်ရိပေါ်အလွယ်တကူ နင်းချေနိူင်ဖို့အတွက် သူ့မာနနဲ့သိက္ခာကို သူကိုယ်တိုင်ချခင်းပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိူင်တဲ့ကိစ္စ။

အတွေးများနေရင်း wechatကစာဝင်သံကြားလိုက်တာမို့ ယူကြည့်လိုက်တော့ အမည်မသိတဲ့ဖုန်းနံပါတ်တစ်ခုက ပို့လိုက်တဲ့ပုံကြောင့် သူမျက်လုံးတွေပြာဝေသွားမိသည်။

အဲ့ဒီနေ့က ဝမ်ရိပေါ်က ဓာတ်ပုံပါရိုက်ယူထားတာလား။ ယုတ်မာလိုက်တာ။ သူက အရမ်းနုံအနေသူတစ်ယောက်မဟုတ်တာမို့ ဝမ်ရိပေါ်ဘာကိုဆိုလိုချင်သလဲဆိုတာ သူကောင်းကောင်းသိသည်။

ကံတရားက ဒီလိုဖြစ်စေချင်မှတော့ သူကလည်းဘာကိုဆက်ပြီး တွေးပူနေရတော့မလဲ။

•••

နန်းတော်တစ်မျှကျယ်ဝန်းတဲ့ အိမ်ကြီးကို လှမ်းကြည့်ရင်း အံကိုတင်းတင်းကြိတ်ထားမိသည်။ ရွှမ်းလုပြောတဲ့ ဝမ်တွေရဲ့အရှိန်အဝါက ပေါ့သေးသေးမဟုတ်ဘူးဆိုတာ တကယ်မှန်နေတာပဲ။

ဝမ်အိမ်တော်ရဲ့ တည်နေရာကိုရှာဖို့ဆိုတာ ဒီနိူင်ငံမှာ အရမ်းကြီးခက်ခဲနေတဲ့ ကိစ္စတော့မဟုတ်ဘူး။ weiboမှာ clickတစ်ချက်နှိပ်လိုက်ရုံနဲ့ ဝမ်မျိုးရိုးရဲ့သမိုင်းအစဉ်အလာနဲ့အတူ ကြီးကျယ်ခမ်းနားမှုတွေက မမြင်ချင် မတွေ့ချင်မှအဆုံးရယ်။

လူခေါ်ဘဲလ်ကို လက်လှမ်းဖို့ကြံရွယ်နေစဉ်မှာပင် အသက်ကြီးကြီးလူကြီးတစ်ယောက်က ခြံထဲကထွက်လာပြီး

"မောင်ရင်က ရှောင်းကျန့်ဆိုတာထင်တယ်"

"ဦးလေးက ကျွန်တော့်ကိုသိလို့လားဗျ"

"သခင်လေးက လွန်ခဲ့တဲ့နှစ်ရက်လောက်ထဲက မောင်ရင်လာမယ့်အကြောင်း ကြိုပြောပြထားလို့ပါ"

သူ့စိတ်ထဲတင်းခနဲဖြစ်သွားပြီး လက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်လိုက်မိသည်။ ခြံထဲမဝင်ရသေးခင်မှာပင် ဝမ်ရိပေါ်က သူ့မာနကို တစ်ထစ်ချနင်းပြီးဖြစ်သည်။ ဝမ်ရိပေါ်က သူ့ကိုသိပ်ပြီး အထင်သေးထားပုံပင်။

•••

တိတ်ဆိတ်နေတဲ့အခန်းထဲ နာရီလက်တံရဲ့ တချပ်ချပ်မြည်သံကသာ ပဲ့တင်ထပ်လို့နေသည်။ စားပွဲခုံပေါ်ခြေထောက်တင်ကာ မျက်ဝန်းတွေကို မှေးစင်းထားရင်း ဆေးလိပ်ခဲထားတဲ့ နှုတ်ခမ်းတစ်စုံက ပြုံးနေသယောင်။

ရှပ်အင်္ကျီ အပေါ်ဆုံးက ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားတာမို့ ရှင်းလင်းစွာမြင်နေရတဲ့ ရင်ဘတ်ဖွေးဖွေးက ကြွက်သားခပ်ရေးရေးဖြင့် ပနံသင့်စွာ။

ထိုအချိန် အခန်းတံခါးခေါက်သံကြားလိုက်ရတာမို့ ဆေးလိပ်ကိုခပ်ပြင်းပြင်းရှိုက်ကာ အငွေ့တွေကိုဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်ရင်း

"ဝင်ခဲ့.."

"သူအောက်မှာရောက်နေပါတယ် သခင်လေး"

ကျင်းရီရဲ့စကားကြောင့် သူဟက်ခနဲရယ်လိုက်မိသည်။ နောက်ဆုံးတော့လည်း သူ့ဆီကိုရောက်လာရပြီပေါ့။

"ငါ့ဆီကို လွှတ်လိုက်"

ဧည့်ခန်းထဲမှာ မျက်နှာထားတင်းတင်းဖြင့် ထိုင်နေတဲ့ ရှောင်းကျန့်ဆိုသူကိုခေါ်ကာ အပေါ်ထပ်ကို ပြန်တက်လာလိုက်သည်။ သခင်လေးအခန်းရှေ့ရောက်တော့ တံခါးတစ်ချက်ခေါက်ကာ ရှောင်းကျန့်ကိုအခန်းထဲဝင်စေပြီး သူကတော့ တံခါးအသာစေ့ပေးခဲ့ကာ ပြန်ထွက်လာလိုက်သည်။

"ကျင်းရီ ဒီကိုအမြန်လာဦး.."

လှေကားပေါ်ကသူဆင်းလာတာနဲ့ ဖန်ရှင်းကသူ့လက်ကိုဆွဲကာ ခြံထဲကိုခေါ်သွားပြီး

"အခု သခင်လေးအခန်းထဲဝင်သွားတာ ဟိုတစ်ယောက်မလား"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲ ...မင်းဒီလောက် သခင်လေးနဲ့အနီးကပ်နေ,နေပြီး ဒါလေးတောင်သတိမထားမိဘူးလား .. ပုံမှန်ဆို သခင်လေးက သူနည်းနည်းလေးမကျေနပ်တာနဲ့ တစ်ခါထဲသေနတ်နဲ့ပစ်သတ်တာကို ဒီတစ်ယောက်ကျမှ သူ့ကိုကိုယ်ထိလက်ရောက်လုပ်တာတောင် ဘာလို့မသတ်ပစ်ပဲ သူ့အခန်းထဲခေါ်သွင်းတာလဲ.. အရမ်းထူးဆန်းနေတယ်လို့မထင်ဘူးလား"

ဖန်ရှင်းရဲ့အပြောကြောင့် ဟင်းခနဲသက်ပြင်းချလိုက်ရင်း

"ငါတို့အလုပ်က သခင်လေးအန္တရာယ်မဖြစ်အောင် ကာကွယ်စောင့်ရှောက်ပေးဖို့ပဲ ....ပြီးတော့သခင်လေးက ငါတို့ရဲ့ကျေးဇူးရှင် .. သခင်လေးရဲ့အကြောင်းကို ငါတို့ဒီလိုပြောမနေသင့်ဘူး"

သူ့ပခုံးကိုခပ်ဆတ်ဆတ်ပုတ်ရင်း ထွက်သွားတဲ့ကျင်းရီကြောင့် မျက်နှာကိုမဲ့ယွဲ့ပစ်လိုက်သည်။ သခင်လေးနဲ့အနီးကပ်နေပါများတော့ သခင်လေးဆီကအကျင့်တွေ ကူးသွားသလားမသိ။ အေးတိအေးစက်နဲ့။ အမြဲတမ်းဒီလိုချည်းပဲ။

•••

"ဒီအထိရောက်လာတယ်ဆိုတော့ ပြောစရာတစ်ခုခုများရှိလို့လား"

မသိသလိုလုပ်ပြီး ပြန်မေးနေတဲ့ဝမ်ရိပေါ်ကြောင့် မျက်နှာကိုပိုတည်တင်းထားလိုက်ရင်း

"မင်းပြောတာ ငါလက်ခံတယ်"

"ဘာများလဲ"

ဝမ်ရိပေါ်ဟာ မကျေနပ်သမျှ အတိုးချရင်း သူ့မာနတွေကို တစ်ထစ်ချင်းစီကို နင်းချေနေသည်။

"မင်းလွန်မလာနဲ့ ဝမ်ရိပေါ်.."

ဒေါသတကြီးပြောလာတဲ့လူကြောင့် သူသဘောတကျဖြင့် တဟားဟားအော်ရယ်လိုက်မိသည်။ ကြည့်လို့ကောင်းလိုက်တာ။ မာနကြီးလှပါတယ်ဆိုတဲ့ရှောင်းကျန့်ရဲ့ ခံပြင်းပြီးဒေါသထွက်နေဟန်က။

ထိုင်နေရာကနေ ဆတ်ခနဲထလိုက်ပြီး ဆေးလိပ်ငွေ့တွေကို ထိုလူ့မျက်နှာရှေ့ မှုတ်ထုတ်လိုက်တော့ နှာခေါင်းရှုံ့ကာ မျက်နှာလွှဲသွားတာမို့ ပါးနှစ်ဖက်ကို ညှစ်ကာ မော့စေရင်း ဆေးလိပ်ကိုရှိုက်ကာ နောက်ထပ်တစ်ကြိမ် မျက်နှာရှေ့မှုတ်ထုတ်လိုက်သည်။

"ကျုပ်အနားမှာနေချင်ရင် ဆေးလိပ်အနံ့ကိုလည်း ကျင့်သားရနေမှဖြစ်မှာပေါ့"

ပြောပြီးတာနဲ့ သူ့နှုတ်ခမ်းကို အကြမ်းပတမ်းဆွဲနမ်းလာတာမို့ အထိအတွေ့တွေကို မရင်းနှီးစွာနဲ့ သူရုန်းကန်မိတော့ မလွှတ်ပေးတဲ့အပြင် သူ့ခေါင်းအနောက်ဖက်ကို ထိန်းကိုင်ရင်း ပိုတိုးလို့ဖိနမ်းလေသည်။

အတန်ကြာ နမ်းလို့ဝတော့မှ သူ့ကိုလွှတ်ပေးလာတာမို့ ဝမ်ရိပေါ်ရဲ့ရင်ဘတ်ကိုတွန်းထုတ်ပစ်ရင်း နှုတ်ခမ်းကို လက်ခုံဖြင့်အကြမ်းပတမ်းသုတ်လိုက်မိသည်။ ခါးသက်သက် ဆေးလိပ်အရသာက သူ့လျှာဖျားတွင် ကပ်ငြိကျန်နေဆဲ။

ဝမ်ရိပေါ်က သူ့ဖြစ်အင်ကိုကြည့်ပြီး ခပ်မဲ့မဲ့ပြုံးကာ အရင်နေ့က သူထိုးလိုက်လို့ ကွဲသွားတဲ့ နှုတ်ခမ်းထောင့်နားကို လက်မဖြင့်ဖိသုတ်လိုက်ရင်း

"ခင်ဗျားကြောင့်ရခဲ့တဲ့ဒဏ်ရာက ခင်ဗျားနှုတ်ခမ်းနဲ့ထိတော့မှပဲ နေလို့ကောင်းသွားတော့တယ်"

သူဒေါသထွက်လွန်းလို့ အသားတွေပင်တဆတ်ဆတ်တုန်နေမိသည်။ မကျအောင်ထိန်းထားတဲ့ကြားက မျက်ရည်တစ်စက်က ပေါက်ခနဲပါးပြင်ပေါ်လိမ့်ဆင်းလာတာမို့ အလျင်အမြန်ဖိသုတ်လိုက်မိသည်။

ထို့နောက်ဝမ်ရိပေါ်က သူ့ကိုကျောပေးရပ်ကာ တစ်စုံတစ်ခုကိုပြင်ဆင်နေပုံရတာမို့ လှမ်းအကဲခတ်နေရင်း ကိုယ်ပေါ်က ရှပ်အင်္ကျီကိုဆွဲချွတ်လိုက်တာမို့ ကျောပြင်ကျယ်ကြီးပေါ်က ကြီးမားလှတဲ့ဖီးနစ်ငှက်ပုံသဏ္ဍာန်တက်တူးကို ကြောင်ပြီးကြည့်နေမိသည်။

အတောင်ပံတွေကို ဖြန့်ကားထားပြီး ဘယ်ဘက်ပခုံးကနေ ခါးစပ်အထိကြီးမားတဲ့ ဖီးနစ်ငှက်ပုံက အသက်ဝင်လွန်းနေတာမို့ ကျောပေါ်ကနေ ခုန်ထွက်ပြီး ထပျံတော့မယောင်။ သူငေးနေရင်း ဝမ်ရိပေါ်က သူ့ဘက်လှည့်လာပြီး နှုတ်ခမ်းနှစ်လွှာကြား ဆေးလိပ်ကိုခဲထားရင်း သူ့ကိုခေါင်းအစခြေအဆုံးကြည့်ကာ ခပ်ထေ့ထေ့ပြုံးပြလာတာမို့ အကြည့်အမြန်လွှဲလိုက်သည်။

ပြင်ဆင်စရာရှိတာတွေ ပြင်ပြီးတာနဲ့ သူ့အရှေ့မှာရပ်နေတဲ့လူကို ကုတင်ပေါ် တွန်းလှဲချလိုက်တော့ အနည်းငယ်ထိတ်လန့်သွားတာကလွဲပြီး ထိုလူ့မျက်ဝန်းထဲ ဘာအရိပ်အယောင်မှဖမ်းလို့မရ။

နောက်ဆုံးအနေနဲ့ ဆေးလိပ်ကိုခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ ပြာခွက်ထဲဖိချေရင်း ကုတင်ပေါ်ကို တစ်လှမ်းချင်းတက်လာလိုက်သည်။ ထိုလူက မျက်လုံးတွေကို အတင်းမှိတ်ချထားတာမို့ ကိုယ်ကိုကိုင်းကာ မျက်နှာနားကိုတိုးကပ်သွားလိုက်ရင်း

"စတောင်မစရသေးဘူး.. ခင်ဗျားက ကြောက်နေပြီလား"

သူ့စကားအဆုံး မျက်ဝန်းတွေမှိတ်ချထားတဲ့ကြားက မျက်တောင်ရှည်တွေဆတ်ခနဲဖြစ်သွားပြီး မျက်ဝန်းထောင့်က မျက်ရည်တစ်စက်စီးကျလာတာမို့ ဟက်ခနဲရယ်လိုက်မိသည်။ ဒီလူပဲ ဆက်ပြီးမာနကြီးနိူင်မလား သူကပဲ အဲ့ဒီသုံးစားလို့မရတဲ့မာနတွေကို ရိုက်ချိုးပစ်နိူင်မလားဆိုတာ ကြည့်ရသေးတာပေါ့။

ဝမ်ရိပေါ်က ကုတင်ပေါ်ကဆင်းသွားပြီး ချက်ချင်းဆိုသလို သူ့အပေါ်ပြန်အုပ်မိုးကာ လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်ကာ မွေ့ယာပေါ်ဖိကပ်ထားရင်း နှုတ်ခမ်းကိုသည်းကြီးမည်းကြီးနမ်းနေတာမို့ အသက်ရှူပင်ကြပ်လာမိသည်။ နမ်းနေရင်း လျှာဖျားပေါ်မှာ ခါးသက်သက်ဆေးအရသာကို ခံစားလိုက်ရတာမို့ ရုန်းကန်ချင်ပေမယ့်လည်း လက်နှစ်ဖက်က အချုပ်ခံထားရတာမို့ လည်ချောင်းထဲမြိုချမိသွားသည်။

ခဏကြာတော့မှ ဝမ်ရိပေါ်က နှုတ်ခမ်းတွေကိုဖယ်ခွာသွားတာမို့ လူကမောဟိုက်စွာ ကျန်ခဲ့လေသည်။ သူ့ကိုအုပ်မိုးရင်း ခပ်လှောင်လှောင်ရယ်နေတဲ့ဝမ်ရိပေါ်ကို မုန်းတီးစွာကြည့်နေရင်း မျက်လုံးတွေပြာဝေကာ အရိပ်တွေထပ်လာတာမို့ ခေါင်းအသာခါကာ မျက်လုံးဖွင့်လိုက်ပိတ်လိုက်လုပ်ကြည့်ပေမယ့်လည်း သူ့ခန္ဓာကိုယ်က ထူးဆန်းနေဆဲဖြစ်သည်။

နောက်တစ်ကြိမ်ထပ်မံကျူးကျော်လာတဲ့ ဝမ်ရိပေါ်ရဲ့အနမ်းတွေက ပိုပြီးအရိုင်းဆန်လာသလို သူ့ကိုယ်တွင်းကလည်း ပူလောင်သထက်ပူလောင်လာကာ အားမလိုအားမရဖြင့် လက်နှစ်ဖက်က အိပ်ယာခင်းစကို လုံးချေနေမိသည်။ ဝမ်ရိပေါ်ကတော့ အလုပ်ရှုပ်နေတဲ့ကြားက သူ့အခြေအနေကိုကြည့်ပြီး တဟားဟားအော်ရယ်နေဆဲ။

ဒီလိုနဲ့ပဲ ဝမ်ရိပေါ်စိတ်လိုတိုင်းပြုမူသမျှကို အလူးအလဲခံရင်း ရှောင်းကျန့်တစ်ဘဝလုံးစောင့်ထိန်းသိမ်းလာခဲ့ရသမျှ သိက္ခာ မာနတွေအားလုံး ဝမ်ရိပေါ်ရဲ့လှောင်ပြောင်သံတွေအောက်မှာ စုန်းစုန်းမြှပ်ခဲ့ရသည်။

အဲ့ဒီညက နောက်ဆုံးအနေနဲ့ တစ်ညလုံးသူငိုနေမိသည်။ သေချာတယ် မနက်ဖြန်တိုင်းမှာ သူ့မျက်ဝန်းကထပ်ပြီး ငွေ့ရည်ဖွဲ့တော့မှာမဟုတ်ဘူး။ ဘာလို့ဆို ဘယ်လိုအခြေအနေမျိုးကမှ သူအခုခံစားနေရတဲ့ ခံစားချက်လောက်ဆိုးရွားမှာ မဟုတ်မှန်း သေချာပေါက်သိနေခဲ့လို့။

အမြဲတမ်းအတွက် ဝမ်ရိပေါ်ဆိုတာ သူ့ရင်ထဲမှာ အမုန်းဆုံးနဲ့အနာကြည်းဆုံးလူသားအဖြစ်နဲ့ စွဲထင်ကျန်နေတော့မှာ။ အကယ်၍ သူသေသွားမယ်ဆိုရင်တောင် ဒီနာကြည်းမှုကို ဆက်ဆက်နောက်ဘဝအထိ သယ်ဆောင်သွားမှာဖြစ်ပြီး ဒါဟာဝမ်ရိပေါ်အတွက် သူလုပ်နိူင်တဲ့ တစ်ခုတည်းသော လက်တုန့်ပြန်မှုပဲ။

Dare you escape?လေးကိုကလေ ဒီရက်ပိုင်းအတွင်း ဖျက်ပစ်ရမလားလို့ အကြိမ်ကြိမ်စဉ်းစားမိပေမယ့် ဒီကလေးက လွန်ခဲ့တဲ့၂နှစ်လောက်ထဲက plotချထားတဲ့ fahအရမ်းကြိုးစားကြည့်ချင်တဲ့ပုံစံလေးမို့ ဖျက်ပစ်လိုက်ဖို့ကို ဝန်လေးနေတာပေါ့နော်.. အဲ့တာကြောင့်လေ ဇာတ်သိမ်းအထိတင်ပေးပြီးရင်တော့ unpublishလုပ်မယ်ဆိုတဲ့အကြောင်း အသိပေးတာပါ
#fah🦄

Zawgyi

သူအိမ္​တြင္​း​ေအာင္​း​ေနမိတာ ႏွစ္​ရက္​႐ွိၿပီ။ ႏွစ္​ရက္​ဆိုတဲ့အခ်ိန္​က တကယ္​ကိုခဏ​ေလးပဲ။ ဒီႏွစ္​ရက္​လံုး သူအိမ္​ထဲက အိမ္​ျပင္​မထြက္​မိသလို ဘယ္​သူနဲ႔မွလည္​း အဆက္​အသြယ္​မလုပ္​ျဖစ္​ဘူး။

​ေဒၚ​ေလးကလည္​း အိမ္​ကိုျပန္​မလာတာမို႔ အခန္​းကိုသြားၾကည္​့​ေတာ့ ဗီ႐ိုထဲမွာ အက်ႌအဝတ္​အစား​ေတြအကုန္​ မ​႐ွိ​ေတာ့ပံုအရ ၾကည္​့ရတာ ​အ​ေႂကြး႐ွင္​​ေတြကို ​ေျခရာ​ေဖ်ာက္​​ေျပးျပန္​ၿပီထင္​သည္​။

အိပ္​ယာကႏိုးလာတိုင္​း ဘားမွာျဖစ္​ခဲ့တဲ့ ကိစၥ​ေတြကို အိပ္​မက္​ျဖစ္​ဖို႔​ေမွ်ာ္​လင္​့မိ​ေပမယ္​့ ကံဆိုးစြာနဲ႔ပဲ သူၾကံဳ​ေတြ႔​ေနရတာက တကယ္​့လက္​​ေတြ႔​ေလာကမွာျဖစ္​သည္​။ ​

အဲ့ဒီ​ေန႔က ဝမ္​ရိ​ေပၚနဲ႔ျပႆနာျဖစ္​ၿပီး​ေတာ့ သူအလုပ္​ထုတ္​ခံရ​ေတာ့မယ္​ဆိုတာကို ႀကိဳသိ​ေနတာမို႔ ​သန္​႔စင္​ခန္​းထဲမွာ အဝတ္​အစားလဲ​ေနရင္​း ​ေသနတ္​ပစ္​သံနဲ႔အတူ ​ေအာ္​ဟစ္​​ေျပးလႊားသံ​ေတြ ၾကားလိုက္​ရတာမို႔ အျမန္​​ေျပးထြက္​လာရင္​း ဘားတစ္​ခုလံုးက ​ေမွာင္​မဲသြားတာမို႔ ​သူ​ေၾကာင္​ၿပီး ​ေနရာမွာရပ္​​ေနမိသည္​။

အဲ့အခ်ိန္​ သူ႔​ေဘးနားတစ္​ဝိုက္​မွာ ​႐ုန္​းရင္​းဆံခတ္​အသံ​လို​ေတြ ၾကား​ေနရတာမို႔ နားစြင္​့​ေနရင္​း ဒိုင္​းခနဲ​ေသနတ္​သံနဲ႔အတူ လူတစ္​​​ေယာက္​က သူ႔လက္​ထဲကို ​ေသနတ္​ထည္​့​ေပးသြားတာမို႔ ​ေၾကာင္​အ​ေနတုန္​းမွာပင္​ မီး​ေတြျပန္​လင္​းလာတာျဖစ္​သည္​။

တိုက္​တိုက္​ဆိုင္​ဆိုင္​ပဲ မီးျပန္​လင္​းလာ​ေတာ့ သူ႔​အ​ေ႐ွ႕မွာ ဝမ္​ရိ​ေပၚ​ေရာက္​​​ေ​န​ေလသည္​။ ဒါကိုမွ တမင္​ၾကံစည္​တာလို႔မ​ေျပာရင္​ သူ႐ူး​ေနလို႔ပဲ။ သူ႔ကို ျပန္​ၿပီးဒုကၡ​ေပးဖို႔အတြက္​နဲ႔ လူတစ္​​ေယာက္​လံုးကို​ေတာင္​ သတ္​ၿပီး သူ႔အ​ေပၚလႊဲခ်ခဲ့တာ။

သူ​ေထာင္​ထဲမသြားခ်င္​ဘူး။ သူ႔မွာ ရည္​မွန္​းခ်က္​​ေတြအမ်ားႀကီး႐ွိ​ေသးတယ္​။ သူမလုပ္​ထားတဲ့ ကိစၥ​ေၾကာင္​့နဲ႔ သူ႔အနာဂတ္​ကို မစြန္​႔လႊတ္​ႏိူင္​ဘူး။ ၿပီး​ေတာ့ လူ႔​ေလာကမွာမ႐ွိ​ေတာ့တဲ့ ပါးနဲ႔မားကိုလည္​း သူ႔​ေၾကာင္​့နဲ႔ သိကၡာမက်​ေစခ်င္​ဘူး။

ဒါဆို ​ဝမ္​ရိ​ေပၚ​ေျပာသြားတဲ့ ​ေနာက္​တစ္​နည္​းက​ေရာ။ ဟင္​့အင္​း... သူ​ေသရမယ္​ဆိုရင္​​ေတာင္​ အဲ့ဒီနည္​းလမ္​းကို ဘယ္​​ေတာ့မွ​ေရြးခ်ယ္​မွာမဟုတ္​ဘူး။ ဝမ္​ရိ​ေပၚအလြယ္​တကူ နင္​း​ေခ်ႏိူင္​ဖို႔အတြက္​ သူ႔မာနနဲ႔သိကၡာကို သူကိုယ္​တိုင္​ခ်ခင္​း​ေပးဖို႔ဆိုတာ ဘယ္​လိုမွမျဖစ္​ႏိူင္​တဲ့ကိစၥ။

အ​ေတြးမ်ား​ေနရင္​း wechatကစာဝင္​သံၾကားလိုက္​တာမို႔ ယူၾကည္​့လိုက္​​ေတာ့ အမည္​မသိတဲ့ဖုန္​းနံပါတ္​တစ္​ခုက ပို႔လိုက္​တဲ့ပံု​ေၾကာင္​့ သူမ်က္​လံုး​ေတြျပာ​ေဝသြားမိသည္​။

အဲ့ဒီ​ေန႔က ဝမ္​ရိ​ေပၚက ဓာတ္​ပံုပါ႐ိုက္​ယူထားတာလား။ ယုတ္​မာလိုက္​တာ။ သူက အရမ္​းႏံုအ​ေနသူတစ္​​ေယာက္​မဟုတ္​တာမို႔ ဝမ္​ရိ​ေပၚဘာကိုဆိုလိုခ်င္​သလဲဆိုတာ သူ​ေကာင္​း​ေကာင္​းသိသည္​။

ကံတရားက ဒီလိုျဖစ္​​ေစခ်င္​မွ​ေတာ့ သူကလည္​းဘာကိုဆက္​ၿပီး ​ေတြးပူ​ေနရ​ေတာ့မလဲ။

•••

နန္​း​ေတာ္​တစ္​မွ်က်ယ္​ဝန္​းတဲ့ အိမ္​ႀကီးကို လွမ္​းၾကည္​့ရင္​း အံကိုတင္းတင္းၾကိတ္ထားမိသည္​​​​။ ရႊမ္​းလု​ေျပာတဲ့ ဝမ္​​ေတြရဲ႕အ႐ွိန္​အဝါက ​ေပါ့​ေသး​ေသးမဟုတ္​ဘူးဆိုတာ တကယ္​မွန္​​ေနတာပဲ။

ဝမ္​အိမ္​​ေတာ္​ရဲ႕ တည္​​ေနရာကို႐ွာဖို႔ဆိုတာ ဒီႏိူင္​ငံမွာ အရမ္​းႀကီးခက္​ခဲ​ေနတဲ့ ကိစၥ​ေတာ့မဟုတ္​ဘူး။ weiboမွာ clickတစ္​ခ်က္​ႏွိပ္​လိုက္​ရံုနဲ႔ ဝမ္​မ်ိဳး႐ိုးရဲ႕သမိုင္​းအစဥ္​အလာနဲ႔အတူ ႀကီးက်ယ္​ခမ္​းနားမႈ​ေတြက မျမင္​ခ်င္​ မ​ေတြ႔ခ်င္​မွအဆံုးရယ္​။

လူ​ေခၚဘဲလ္​ကို လက္​လွမ္​းဖို႔ၾကံရြယ္​​ေနစဥ္​မွာပင္​ အသက္​ႀကီးႀကီးလူႀကီးတစ္​​ေယာက္​က ျခံထဲကထြက္​လာၿပီး

"​ေမာင္​ရင္​က ​ေ႐ွာင္​းက်န္​႔ဆိုတာထင္​တယ္​"

"ဦး​ေလးက ကြၽန္​​ေတာ္​့ကိုသိလို႔လားဗ်"

"သခင္​​ေလးက လြန္​ခဲ့တဲ့ႏွစ္​ရက္​​ေလာက္​ထဲက ​ေမာင္​ရင္​လာမယ္​့အ​ေၾကာင္​း ႀကိဳ​ေျပာျပထားလို႔ပါ"

သူ႔စိတ္​ထဲတင္​းခနဲျဖစ္​သြားၿပီး ​လက္​သီးႏွစ္​ဖက္​ကိုတင္​းတင္​းဆုပ္​လိုက္​မိသည္​။ ျခံထဲမဝင္​ရ​ေသးခင္​မွာပင္​ ဝမ္​ရိ​ေပၚက သူ႔မာနကို တစ္​ထစ္​ခ်နင္​းၿပီးျဖစ္​သည္​။ ဝမ္​ရိ​ေပၚက သူ႔ကိုသိပ္​ၿပီး အထင္​​ေသးထားပံုပင္​။

•••

တိတ္​ဆိတ္​​ေနတဲ့အခန္​းထဲ နာရီလက္​တံရဲ႕ တခ်ပ္​ခ်ပ္​ျမည္​သံကသာ ပဲ့တင္​ထပ္​လို႔​ေနသည္​။ စားပြဲခံု​ေပၚ​ေျခ​ေထာက္​တင္​ကာ မ်က္ဝန္​း​ေတြကို ​ေမွးစင္​းထားရင္​း ​ေဆးလိပ္​ခဲထားတဲ့ ႏႈတ္​ခမ္​းတစ္​စံုက ျပံဳး​ေနသ​ေယာင္​။

႐ွပ္​အက်ႌ အ​ေပၚဆံုးက ၾကယ္​သီးသံုး​လံုး​ေလာက္​ျဖဳတ္​ထားတာမို႔ ႐ွင္​းလင္​းစြာျမင္​​ေနရတဲ့ ရင္​ဘတ္​​ေဖြး​ေဖြးက ႂကြက္​သားခပ္​​ေရး​ေရးျဖင္​့ ပနံသင္​့စြာ။

ထိုအခ်ိန္​ အခန္​းတံခါး​ေခါက္​သံၾကားလိုက္​ရတာမို႔ ​ေဆးလိပ္​ကိုခပ္​ျပင္​းျပင္​း႐ိႈက္​ကာ အ​ေငြ႔​ေတြကိုျဖည္​းျဖည္​းခ်င္​းမႈတ္​ထုတ္​လိုက္​ရင္​း

"ဝင္​ခဲ့.."

"သူ​​ေအာက္​မွာ​ေရာက္​​ေနပါတယ္​ သခင္​​ေလး"

က်င္​းရီရဲ႕စကား​ေၾကာင္​့ သူဟက္​ခနဲရယ္​လိုက္​မိသည္​။ ​ေနာက္​ဆံုး​ေတာ့လည္​း သူ႔ဆီကို​ေရာက္​လာရၿပီ​ေပါ့။

"ငါ့ဆီကို လႊတ္​လိုက္​"

ဧည္​့ခန္​းထဲမွာ မ်က္​ႏွာထားတင္​းတင္​းျဖင္​့ ထိုင္​​ေနတဲ့ ​ေ႐ွာင္​းက်န္​႔ဆိုသူကို​ေခၚကာ အ​ေပၚထပ္​ကို ျပန္​တက္​လာလိုက္​သည္​။ သခင္​​ေလးအခန္​း​ေ႐ွ႕​ေရာက္​​ေတာ့ တံခါးတစ္​ခ်က္​​ေခါက္​ကာ ​ေ႐ွာင္​းက်န္​႔ကို္​အခန္​းထဲဝင္​​ေစၿပီး သူက​ေတာ့ တံခါးအသာ​ေစ့​ေပးခဲ့ကာ ျပန္​ထြက္​လာလိုက္​သည္​။

"က်င္​းရီ ဒီကိုအျမန္​လာဦး.."

​ေလွကား​ေပၚကသူဆင္​းလာတာနဲ႔ ဖန္​႐ွင္​းကသူ႔လက္​ကိုဆြဲကာ ျခံထဲကို​ေခၚသြားၿပီး

"အခု သခင္​​ေလးအခန္​းထဲဝင္​သြားတာ ဟိုတစ္​​ေယာက္​မလား"

"ဟုတ္​တယ္​​ေလ ဘာျဖစ္​လို႔လဲ"

"ဘာျဖစ္​ရမွာလဲ ...မင္​းဒီ​ေလာက္​ သခင္​​ေလးနဲ႔အနီးကပ္​​ေန,​ေနၿပီး ဒါ​ေလး​ေတာင္​သတိမထားမိဘူးလား .. ပံုမွန္​ဆို သခင္​​ေလးက သူနည္​းနည္​း​ေလးမ​ေက်နပ္​တာနဲ႔ တစ္​ခါထဲ​ေသနတ္​နဲ႔ပစ္​သတ္​တာကို ဒီတစ္​​ေယာက္​က်မွ သူ႔ကိုကိုယ္​ထိလက္​​ေရာက္​လုပ္​တာ​ေတာင္​ ဘာလို႔မသတ္​ပစ္​ပဲ သူ႔အခန္​းထဲ​ေခၚသြင္​းတာလဲ.. အရမ္​းထူးဆန္​း​ေနတယ္​လို႔မထင္​ဘူးလား"

ဖန္​႐ွင္​းရဲ႕အ​ေျပာ​ေၾကာင္​့ ဟင္​းခနဲသက္​ျပင္​းခ်လိုက္​ရင္​း

"ငါတို႔အလုပ္​က သခင္​​ေလးအႏၱာရယ္​မျဖစ္​​ေအာင္​ ကာကြယ္​​ေစာင္​့​ေ႐ွာက္​​ေပးဖို႔ပဲ ....ျပီး​​ေတာ့သခင္​​ေလးက ငါတို႔ရဲ႕​ေက်းဇူး႐ွင္​ .. သခင္​​ေလးရဲ႕အ​ေၾကာင္​းကို ငါတို႔ဒီလို​ေျပာမ​ေနသင္​့ဘူး"

သူ႔ပခံုးကိုခပ္​ဆတ္​ဆတ္​ပုတ္​ရင္​း ထြက္​သြားတဲ့က်င္​းရီ​ေၾကာင္​့ မ်က္​ႏွာကိုမဲ့ယြဲ႔ပစ္​လိုက္​သည္​။ သခင္​​ေလးနဲ႔အနီးကပ္​​ေနပါမ်ား​ေတာ့ သခင္​​ေလးဆီကအက်င္​့​ေတြ ကူးသြားသလား​မသိ။ ​ေအးတိ​ေအးစက္​နဲ႔။ အျမဲတမ္​းဒီလိုခ်ည္​းပဲ။

•••

"ဒီအထိ​ေရာက္​လာတယ္​ဆို​ေတာ့ ​ေျပာစရာတစ္​ခုခုမ်ား႐ွိလို႔လား"

မသိသလိုလုပ္​ၿပီး ျပန္​​ေမး​ေနတဲ့ဝမ္​ရိ​ေပၚ​ေၾကာင္​့ မ်က္​ႏွာကိုပိုတည္​တင္​းထားလိုက္​ရင္​း

"မင္​း​ေျပာတာ ငါလက္​ခံတယ္​"

"ဘာမ်ားလဲ"

ဝမ္​ရိ​ေပၚဟာ မ​ေက်နပ္​သမွ် အတိုးခ်ရင္​း သူ႔မာန​ေတြကို တစ္​ထစ္​ခ်င္​းစီကို နင္​း​ေခ်​ေနသည္​။

"မင္​းလြန္​မလာနဲ႔ ဝမ္​ရိ​ေပၚ.."

​ေဒါသတႀကီး​ေျပာလာတဲ့လူ​ေၾကာင္​့ သူသ​ေဘာတက်ျဖင္​့ တဟားဟား​ေအာ္​ရယ္​လိုက္​မိသည္​။ ၾကည္​့လို႔​ေကာင္​းလိုက္​တာ။ ​မာနႀကီးလွပါတယ္​ဆိုတဲ့​ေ႐ွာင္​းက်န္​႔ရဲ႕ ခံျပင္​းၿပီး​ေဒါသထြက္​​ေနဟန္​က။

ထိုင္​​ေနရာက​ေန ဆတ္​ခနဲထလိုက္​ၿပီး ​ေဆးလိပ္​​ေငြ႔​ေတြကို ထိုလူ႔မ်က္​ႏွာ​ေ႐ွ႕ မႈတ္​ထုတ္​လိုက္​​ေတာ့ ႏွာ​ေခါင္​း႐ွံဳ႕ကာ မ်က္​ႏွာလႊဲသြားတာမို႔ ​ပါးႏွစ္​ဖက္​ကို ညႇစ္​ကာ ​ေမာ့​ေစရင္​း ​ေဆးလိပ္​ကို႐ိႈက္​ကာ ​ေနာက္​ထပ္​တစ္​ႀကိမ္​ မ်က္​ႏွာ​ေ႐ွ႕မႈတ္​ထုတ္​လိုက္​သည္​။

"က်ဳပ္​အနားမွာ​ေနခ်င္​ရင္​ ​ေဆးလိပ္​အနံ႔ကိုလည္​း က်င္​့သားရ​ေနမွျဖစ္​မွာ​ေပါ့"

​ေျပာၿပီးတာနဲ႔ သူ႔ႏႈတ္​ခမ္​းကို အၾကမ္​းပ​တမ္​းဆြဲနမ္​းလာတာမို႔ အထိအ​ေတြ႔​ေတြကို မရင္​းႏွီးစြာနဲ႔ သူ႐ုန္​းကန္​မိ​ေတာ့ မလႊတ္​​ေပးတဲ့အျပင္​ သူ႔​ေခါင္​းအ​ေနာက္​ဖက္​ကို ထိန္း​ကိုင္​ရင္​း ပိုတိုးလို႔ဖိနမ္​း​ေလသည္​။

အတန္​ၾကာ နမ္​းလို႔ဝ​ေတာ့မွ သူ႔ကိုလႊတ္​​ေပးလာတာမို႔ ဝမ္​ရိ​ေပၚရဲ႕ရင္​ဘတ္​ကိုတြန္​းထုတ္​ပစ္​ရင္​း ႏႈတ္​ခမ္​းကို လက္​ခံုျဖင္​့အၾကမ္​းပတမ္​းသုတ္​လိုက္​မိသည္​။ ခါးသက္​သက္​ ​​ေဆးလိပ္​အရသာက သူ႔လွ်ာဖ်ားတြင္​ ကပ္​ၿငိက်န္​​ေနဆဲ။

ဝမ္​ရိ​ေပၚက သူ႔ျဖစ္​အင္​ကိုၾကည္​့ၿပီး ခပ္​မဲ့မဲ့ျပံဳးကာ အရင္​​ေန႔က သူထိုးလိုက္​လို႔ ကြဲသြားတဲ့ ႏႈတ္​ခမ္​း​ေထာင္​့နားကို လက္​မျဖင္​့ဖိသုတ္​လိုက္​ရင္​း

"ခင္​ဗ်ား​ေၾကာင္​့ရခဲ့တဲ့ဒဏ္​ရာက ခင္​ဗ်ားႏႈ​တ္​ခမ္​းနဲ႔ထိ​ေတာ့မွပဲ ​ေနလို႔​ေကာင္​းသြား​ေတာ့တယ္​"

သူ​ေဒါသထြက္​လြန္​းလို႔ အသား​ေတြပင္​တဆတ္​ဆတ္​တုန္​​ေနမိသည္​။ မက်​ေအာင္​ထိန္​းထားတဲ့ၾကားက မ်က္​ရည္​တစ္​စက္​က ​ေပါက္​ခနဲပါးျပင္​​ေပၚလိမ္​့​ဆင္​းလာတာမို႔ အလ်င္​အျမန္​ဖိသုတ္​လိုက္​မိသည္​။

ထို႔​ေနာက္​ဝမ္​ရိ​ေပၚက သူ႔ကို​ေက်ာ​ေပးရပ္​ကာ တစ္​စံုတစ္​ခုကိုျပင္​ဆင္​​ေနပံုရတာမို႔ လွမ္​းအကဲခတ္​​ေနရင္​း ကိုယ္​​ေပၚက ႐ွပ္​အက်ႌကိုဆြဲခြၽတ္​လိုက္​တာမို႔ ​ေက်ာျပင္က်ယ္​ႀကီး​ေပၚက ႀကီးမားလွတဲ့ဖီးနစ္​ငွက္​ပံုသ႑ာန္​တက္​တူးကို ​ေၾကာင္​ၿပီးၾကည္​့​ေနမိသည္​။

အ​ေတာင္​ပံ​ေတြကို ျဖန္​႔ကားထားၿပီး ဘယ္​ဘက္​ပခံုးက​ေန ခါးစပ္​အထိႀကီးမားတဲ့ ဖီးနစ္​ငွက္​ပံုက အသက္​ဝင္​လြန္​း​ေနတာမို႔ ​ေက်ာ​ေပၚက​ေန ခုန္​ထြက္​ၿပီး ထပ်ံ​ေတာ့မ​ေယာင္​။ သူ​​ေငး​ေနရင္​း ဝမ္​ရိ​ေပၚက သူ႔ဘက္​လွည္​့လာၿပီး ႏႈတ္​ခမ္​းႏွစ္​လႊာၾကား ​ေဆးလိပ္​ကိုခဲထားရင္​း သူ႔ကို​ေခါင္​းအစ​ေျခအဆံုးၾကည္​့ကာ ခပ္​​ေထ့​ေထ့ျပံဳး​ျပလာတာမို႔ အၾကည္​့အျမန္​လႊဲလိုက္​သည္​။

ျပင္​ဆင္​စရာ​႐ွိတာ​ေတြ ျပင္​ၿပီးတာနဲ႔ ​သူ႔အ​ေ႐ွ႕မွာရပ္​​ေနတဲ့လူကို ကုတင္​​ေပၚ တြန္​းလွဲခ်လိုက္​​ေတာ့ အနည္​းငယ္​ထိတ္​လန္​႔သြားတာကလြဲၿပီး ထိုလူ႔မ်က္​ဝန္​းထဲ ဘာအရိပ္​အ​ေယာင္​မွဖမ္​းလို႔မရ။

​ေနာက္​ဆံုးအ​ေနနဲ႔ ​ေဆးလိပ္​ကိုခပ္​ျပင္​းျပင္​းတစ္​ခ်က္​႐ိႈက္​လိုက္​ကာ ျပာခြက္​ထဲဖိ​ေခ်ရင္​း ကုတင္​​ေပၚကို တစ္​လွမ္​းခ်င္​းတက္​လာလိုက္​သည္​။ ထိုလူက မ်က္​လံုး​ေတြကို အတင္​းမွိတ္​ခ်ထားတာမို႔ ကိုယ္​ကိုကိုင္​းကာ မ်က္​ႏွာနားကိုတိုးကပ္​သြားလိုက္​ရင္​း

"စ​ေတာင္​မစရ​ေသးဘူး.. ​ခင္​ဗ်ားက ​ေၾကာက္​​ေနၿပီလား"

သူ႔စကားအဆံုး မ်က္​ဝန္​း​ေတြမွိတ္​ခ်ထားတဲ့ၾကားက မ်က္​​ေတာင္​႐ွည္​​ေတြဆတ္​ခနဲျဖစ္​သြားၿပီး မ်က္​ဝန္​း​ေထာင္​့က မ်က္​ရည္​တစ္​စက္​စီးက်လာတာမို႔ ဟက္​ခနဲရယ္​လိုက္​မိသည္​။ ဒီလူပဲ ဆက္​ၿပီးမာနႀကီးႏိူင္​မလား သူကပဲ အဲ့ဒီသံုးစားလို႔မရတဲ့မာန​ေတြကို ႐ိုက္​ခ်ိဳးပစ္​ႏိူင္​မလားဆိုတာ ၾကည္​့ရ​ေသးတာ​ေပါ့။

ဝမ္​ရိ​ေပၚက ကုတင္​​​ေပၚကဆင္​းသြားၿပီး ခ်က္​ခ်င္​းဆိုသလို သူ႔အ​ေပၚျပန္​အုပ္​မိုးကာ လက္​ႏွစ္​ဖက္​ကို ​ေခါင္​း​ေပၚ​ေျမႇာက္​ကာ ​ေမြ႔ယာ​ေပၚဖိကပ္​ထားရင္​း ႏႈတ္​ခမ္​း​ကိုသည္​းႀကီးမည္​းႀကီးနမ္​း​ေနတာမို႔ အသက္​႐ွဴပင္​ၾကပ္​လာမိသည္​။ နမ္​း​ေနရင္​း လွ်ာဖ်ား​ေပၚမွာ ခါးသက္​သက္​​ေဆးအရသာကို ခံစားလိုက္​ရတာမို႔ ႐ုန္​းကန္​ခ်င္​​ေပမယ္​့လည္​း လက္​ႏွစ္​ဖက္​က အခ်ဳပ္​ခံထားရတာမို႔ လည္​​ေခ်ာင္​းထဲၿမိဳခ်မိသြားသည္​။

ခဏၾကာ​ေတာ့မွ ဝမ္​ရိ​ေပၚက ႏႈတ္​ခမ္​း​ေတြကိုဖယ္​ခြာသြားတာမို႔ လူက​ေမာဟိုက္​စြာ က်န္​ခဲ့​ေလသည္​။ သူ႔ကိုအုပ္​မိုးရင္​း ခပ္​​ေလွာင္​​ေလွာင္​ရယ္​​ေနတဲ့ဝမ္​ရိ​ေပၚကို မုန္​းတီးစြာၾကည္​့​ေနရင္​း မ်က္​လံုး​ေတြျပာ​ေဝကာ အရိပ္​​ေတြထပ္​လာတာမို႔ ​ေခါင္​းအသာခါကာ မ်က္​လံုးဖြင္​့လိုက္​ပိ​တ္​လိုက္​လုပ္​ၾကည္​့​ေပမယ္​့လည္​း သူ႔ခႏၶာကိုယ္​က ထူးဆန္​း​ေနဆဲျဖစ္​သည္​။

​ေနာက္​​တစ္​ႀကိမ္​ထပ္​မံက်ဴး​ေက်ာ္​လာ​တဲ့ ဝမ္​ရိ​ေပၚရဲ႕အနမ္​း​ေတြကို ပိုၿပီးအ႐ိုင္​းဆန္​လာသလို သူ႔ကိုယ္​တြင္​းကလည္​း ပူ​ေလာင္​သထက္​ပူ​ေလာင္​လာကာ အားမလိုအားမရျဖင္​့ လက္​ႏွစ္​ဖက္​က အိပ္​ယာခင္​းစကို လံုး​ေခ်​ေနမိသည္​။ ဝမ္​ရိ​ေပၚက​ေတာ့ အလုပ္​႐ႈပ္​​ေနတဲ့ၾကားက သူ႔အ​ေျခအ​ေနကိုၾကည္​့ၿပီး တဟားဟား​ေအာ္​ရယ္​​ေနဆဲ။

ဒီလိုနဲ႔ပဲ ဝမ္​ရိ​ေပၚစိတ္​လိုတိုင္​းျပဳမူသမွ်ကို အလူးအလဲခံရင္​း ​ေ႐ွာင္​းက်န္​႔တစ္​ဘဝလံုး​ေစာင္​့ထိန္​းသိမ္​းလာခဲ့ရသမွ် သိကၡာ မာန​ေတြအားလံုး ဝမ္​ရိ​ေပၚရဲ႕​ေလွာင္​​ေျပာင္​သံ​ေတြ​ေအာက္​မွာ စုန္​းစုန္​းျမႇပ္​ခဲ့ရသည္​။

အဲ့ဒီညက ​ေနာက္​ဆံုးအ​ေနနဲ႔ တစ္​ညလံုးသူငို​ေနမိသည္​။ ​ေသခ်ာတယ္​ ​​မနက္​ျဖန္​တိုင္​းမွာ သူ႔မ်က္​ဝန္​းကထပ္​ၿပီး ​ေငြ႔ရည္​ဖြဲ႔​ေတာ့မွာမဟုတ္​ဘူး။ ဘာလို႔ဆို ဘယ္​လိုအ​ေျခအ​ေနမ်ိဳးကမွ သူအခုခံစား​ေနရတဲ့ ခံစားခ်က္​​ေလာက္​ဆိုးရြားမွာ မဟုတ္​​မွန္​း ​ေသခ်ာ​ေပါက္​သိ​ေနခဲ့လို႔။

အျမဲတမ္​းအတြက္​ ဝမ္​ရိ​ေပၚဆိုတာ သူ႔ရင္​ထဲမွာ အမုန္​းဆံုးနဲ႔အနာၾကည္​းဆံုးလူသားအျဖစ္​နဲ႔ စြဲထင္​က်န္​​ေန​ေတာ့မွာ။ အကယ္​၍ ​သူ​ေသသြားမယ္​ဆိုရင္​​ေတာင္​ ဒီနာၾကည္​းမႈကို ဆက္​ဆက္​​ေနာက္​ဘဝအထိ သယ္​​ေဆာင္​သြားမွာျဖစ္​ၿပီး ဒါဟာဝမ္​ရိ​ေပၚအတြက္​ သူလုပ္​ႏိူင္​တဲ့ တစ္​ခုတည္​း​ေသာ လက္​တုန္​႔ျပန္​မႈပဲ။

Dare you escape?​ေလးကိုက​ေလ ဒီရက္​ပိုင္​းအတြင္​း ဖ်က္​ပစ္​ရမလားလို႔ အႀကိမ္​ႀကိမ္​စဥ္​းစားမိ​ေပမယ္​့ ဒီက​ေလးက လြန္​ခဲ့တဲ့၂ႏွစ္​​ေလာက္​ထဲက plotခ်ထားတဲ့ fahအရမ္​းႀကိဳးစားၾကည္​့ခ်င္​တဲ့ပံုစံ​ေလးမို႔ ဖ်က္​ပစ္လိုက္​ဖို႔ကို ဝန္​​ေလး​ေနတာ​ေပါ့​ေနာ္​.. အဲ့တာ​ေၾကာင္​့​ေလ ဇာတ္​သိမ္​းအထိတင္​​ေပးၿပီးရင္​​ေတာ့ unpublishလုပ္​မယ္​ဆိုတဲ့အ​ေၾကာင္​း အသိ​ေပးတာပါ
#fah🦄

Continue Reading

You'll Also Like

1.9K 103 10
แ€’แ€ฎแ€แ€แ€ซแ€แ€แ€ญแ€šแ€™แ€ผแ€ฑแ€ฌแ€€แ€บFicแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€•แ€ปแ€ฑแ€ฌแ€บแ€›แ€ฝแ€พแ€„แ€บแ€›แ€šแ€บแ€™แ€ฑแ€ฌแ€…แ€›แ€ฌ แ€กแ€แ€ปแ€…แ€บแ€Ÿแ€ฌแ€žแ€‡แ€ฌแ€แ€บแ€™แ€ผแ€ฐแ€ธแ€œแ€ฑแ€ธแ€”แ€ฒแ€ทแ€™แ€ญแ€แ€บแ€†แ€€แ€บแ€•แ€ฑแ€ธแ€แ€ปแ€„แ€บแ€•แ€ซแ€แ€šแ€บ.... ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ๐ŸŽญ แ€•แ€ฑแ€ซแ€€แ€บแ€€แ€›แ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€žแ€ฌ แ€€แ€ผแ€ถแ€–แ€”แ€บแ€•แ€ผแ€ฎแ€ธ...
577K 31K 19
๐’๐ก๐ข๐ฏ๐š๐ง๐ฒ๐š ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ๐ฑ ๐‘๐ฎ๐๐ซ๐š๐ค๐ฌ๐ก ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ~By ๐Š๐š๐ฃ๐ฎ๊จ„๏ธŽ...
1.3M 31K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
15.3K 588 7
He wasn't supposed to feel this way.. He wasn't supposed to do this.. He wasn't supposed to love somebody other than her.. He wasn't ever even s...