'ဝဲ'

By La_Yaung_Nge01

102K 3.8K 142

အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 အဝါေရာင္က်ဴးလစ္ပန္းေလးရဲ႕ အဓိပၸာယ္က Hopeless loveတဲ့💛 More

Intro
Part 1(U & Z)
Part 2(U & Z)
Part 3 (U & Z)
Part 4 (U & Z)
Part 5 (U & Z)
Part 6 (U & Z)
Part 7 (U & Z)
Part 8 ( U & Z )
Part 9 ( U & Z )
Part 11 ( U & Z )
Part 12 ( U & Z )
Part 13 ( U & Z )
Part 14 ( U & Z )
Part 15 ( U & Z )
Part 16 ( U & Z )
Part 17 ( U & Z )
Part 18 ( U & Z )
Part 19 ( U & Z )
Part 20 ( U & Z )
Part 21 ( U & Z )
Part 22 ( U & Z )
Part 23 ( U & Z )
Part 24 (Final)

Part 10 ( U & Z )

3K 162 3
By La_Yaung_Nge01

ကိုစိုင်းပြောလိုက်တဲ့စကားကြောင့် ကျနော်မှာ စိတ်လှုပ်ရှားလွန်းလို့ အိပ်တောင်မပျော်ခဲ့ဘူး။
"ကြွေရုပ် ကိုယ်တို့ လက်ထပ်ကြရအောင်" ပြောတော့ ကျနော်မှာ ခဏတာ ငြိမ်သက်သွားခဲ့တယ်။ ဒီလိုမျိုးပြောလာခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုပြောတော့ အရမ်းပျော်မိတယ်။

ဒေါက်!ဒေါက်!ဒေါက်!

မနက်အစောကြီးပဲရှိသေးတယ်။ ဘယ်သူလာတာလဲမသိဘူး။ ဒီနေ့အိမ်ကိုလာမယ့် ဧည့်သည် လဲမရှိပါဘူး။ပစ္စည်းလာပို့တာလား မှာထားတာလဲမရှိပဲနဲ့။ သူခိုးလား သူခိုးကတံခါးလာခေါက်
မလား။ဒေါ်ကျင်ကလည်း ဘုရားရှိခိုးနေတာ ငါပဲသွားဖွင့်လိုက်ရမလား။

အနီးနားက တံမြက်စည်းကိုကိုင်ပြီး တံခါးဆီ ခြေသံမကြားရအောင် ဖွဖွလေးလျှောက်သွားလိုက်တယ်။ တံခါးနားရောက်တာနဲ့ တံခါး
လက်ကိုင်ကိုဖွင့်လျက် မျက်နှာကိုမှတ်ပြီး
တံမြတ်စည်းရိုးနဲ့ ရိုက်ချလိုက်တယ်။

"အ့"

အသံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ တံခါးရှေ့မှာဒူးထောက်ပြီး လက်စွပ်ဘူး
ကိုင်ထားတဲ့ကိုစိုင်း...

"ဘာတွေဖြစ်နေကြတာလဲ"

အခန်းထဲမှာ ရေချိုးနေရင်း အပြင်ကအသံကြားလို့ ထွက်ကြည့်တော့ အိမ်တံခါးဖွင့်ပြီး မတ်တပ်ရပ်နေတဲ့သားကို တွေ့လိုက်ရတယ်။ သားရဲ့အနားကိုသွားလိုက်တော့ ဒူးထောက်နေတဲ့ သားစိုင်းကိုမြင်လိုက်ရတယ်။

"သားစိုင်း အဲ့မှာဘာလုပ်နေတာလဲ ထ..ထ အိမ်ထဲ
ဝင်"

ကိုစိုင်းကို အိမ်ထဲခေါ်ပြီး ကိုစိုင်းအတွက် ရေသွားယူလိုက်တယ်။ ရှက်လိုက်တာနော်
ဒီလိုပုံစံကို ပါးပါးမြင်သွားရတယ်လို့။

ကြွေရုပ်တစ်ယောက် ရှက်ရှက်နဲ့မီးဖိုချောင်ထဲကနေ ရေယူလာရင်း ဧည့်ခန်းထဲ ဝင်လာခဲ့သည်။ကိုစိုင်းနဲ့ ပါးပါးကတော့ ဧည့်ခန်းမှာထိုင်
ပြီး စကားကောင်းနေကြတယ်။

"သားစိုင်းရယ် မနက်အစောကြီး လာရတယ်လို့
အန်ကယ့်မှာ သားတို့နှစ်ယောက် ရန်ဖြစ်ထားကြ
တယ်ထင်နေတာ လက်စသတ်တော့
ဘယ်ဟုတ်မလဲ..."

ပါးပါးပြောရင်း ကျနော့်ကို မျက်ခုံးပင့်ပြတော့ ကျနော်လည်း...

"ဟာ...ပါးပါးနော်"

"ဟေ..ပါးပါးဘာပြောလို့လဲ"

"ပါးပါးနော် ကျနော်သိတယ်နော်"

အန်ကယ်နဲ့ပြောနေရင်း စိတ်စိုးသွားသော
ကြွေရုပ်ကိုကြည့်ရင်း ခေါင်းသာခါမိတော့
သည်။

"အန်ကယ် ကျနော် နေ့လည်ကျရင် ကြွေရုပ်ကိုလာတောင်းမှာမလို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်
ရအောင် အခုပြန်တော့မယ်"

"ချက်ချင်းကြီးလား..နောက်မှလာတောင်းလဲရပါ
တယ် အန်ကယ့်သားကို ဘယ်သူနဲ့မှ မပေးစားပါဘူး"

"ပါးပါး..!"

"ကျွန်တော့်ဘက် က ဘယ်လိုမှမရတော့လို့ပါ စိတ်လဲမချတော့လို့ပါ၊ ပြီးတော့ အခုမှမရ ရင်
ကျွန်တော်သေမှာ..အန်ကယ်ရဲ့"

သားကောင်လေးရဲ့ ပြောစကားကြောင့်
ကျုပ်မှာရီရခက် ငိုရခက်ပါ။ သားကလည်း ရှက်ကိုးရှက်ကန်း နဲ့ ဆိုဖာပေါ်က ခေါင်းအုံးကို လက်နဲ့
ထုလိုက်၊ ဆုပ်လိုက် နဲ့ ခေါင်းအုံးကြီး ပေါက်ထွက်
သွားမှာကို မြင်ယောင်သေးတယ်။

​"ကိုစိုင်းနော် အရမ်းအကဲပိုတာပဲ နောက်နေ့မှ လာတောင်းလဲရတာပဲ"လို့ နားနားကပ်ပြီး ရှက်ကိုးရှက်ကန်းလေသံတိုးတိုးလေးနဲ့လာပြောတဲ့ ကြွေရုပ်
ကို ကြည့်ပြီး...
"ကိုယ့်စိတ်မထိန်းနိုင်လို့ပါ"ဆိုပြီး ပြန်ပြော
လိုက်တယ်။

ကိုစိုင်းတစ်ယောက်နော် တကယ်မလွယ်ဘူး။အခု
အိမ်ပြန်မယ်ပြောပြီး ကျနော့်ကိုမခွဲနိုင်လို့မပြန်ဘူး လုပ်နေပြန်ပြီ။ အတင်းပြန်လွှတ်ရတယ်။ အိမ်ပြန်
ခိုင်းတော့ ဘာပြောတယ်ထင်လဲ
"ကြွေရုပ်က ကိုယ့်ကိုမချစ်ဘူးတဲ့"ပြောပြီး
မျက်ရည်လေး စမ်းတမ်းစမ်းတမ်းနဲ့ အိမ်ပြန် သွားတယ်။ဒီနေ့ကျမှ သူတော်တော်ဖြစ်နေတာ။

ကိုစိုင်းပြန်သွားတုန်း အခန်းထဲသွားပြီး
နေ့လည်ကျရင် ဝတ်ဖို့ အကျီသွားရွေးရမယ်။

"ဟဲ့.ဟဲ့..ချော်လဲမယ် အို..ဒီကလေးနဲ့တော့"

ဒီနေ့လာတောင်းမယ်ဆိုတော့ အပျော်လွန်းပြီး အပေါ်ထပ်ကို မြန်မြန်ပြေးတက်သွားတော့
ဒေါ်ကျင်တစ်ယောက် စိတ်ပူ၍ လှမ်းသတိပေးနေရတယ်။ ဒီကလေးနဲ့တော့ တယ်ခက်ပါလား။
ငါလည်းဝတ်ဖို့အကျီသွားရွေးရအုန်းမယ်။
ဟိုတစ်ခါသားလေးကြွေရုပ်ဝယ်ပေးထားတဲ့ အဝါရောင်ပိတ်ဖောက်ဇာနဲ့ ပိတောက်ခြောက်
ရောင် ပါတိတ် ထမီလေးပဲဝတ်တော့မယ်။ တစ်ခါမှ အဲ့အကျီကိုမဝတ်ရသေးဘူး အခုမှပဲ ဝတ်ဖြစ်တော့တယ်။

"ဟာ ဒါမဟုတ်သေးဘူး..ဒါလဲမဟုတ်ဘူး.. ဒါလဲအဆင်မပြေဘူး..ဘာဝတ်ရမလဲ ဗီဒိုထဲမှာအကျီတွေအပြည့်ရှိပြီး ဝတ်စရာမရှိတာ
ငါတစ်ယောက်ထဲလား ကယ်ကြပါအုန်း.."

"သား တစ်ခန်းလုံးလဲရှုပ်ပွနေတာပဲ အခုထိ ဝတ်မယ့် ဝတ်စုံရှာမတွေ့သေးဘူးလား"

"ဟုတ်တယ် ဒေါ်ကျင်ရေ..သားကိုကူရှာပေးပါအုန်း"

ဗီဒိုတစ်ခုလုံးလဲ မွေနှောက်ထားပြီး အခန်းထဲမှာလဲ အကျီတွေ ပွနေတာပဲ။ခနနေရင်လဲ
ရောက်လာကြတော့မယ် အခုထိဝတ်မယ့် အကျီရှာမတွေ့သေးဘူးတဲ့။ သားနဲ့အတူတူ ရှာပေးရင်းနောက်ဆုံးတော့ အဆင်ပြေတဲ့ဝတ်စုံကို တွေ့ခဲ့ရပြီ။သားကလဲ ကြိုက်တယ်ဆိုတာနဲ့ ဒါလေးပဲ ဝတ်ဖို့ဆုံးဖြတ်လိုက်ရတယ်။

"ငါပြောပြီးသားနော် နောက်၁၅မိနစ်အတွင်း ဒေါ်လေးကို အိမ်ရောက်အောင်ခေါ်လာခဲ့"

"ဟုတ်..ဟုတ်"

"ပြောလိုက်ရင် ဟုတ် လုပ်လိုက်ရင်
စောက်တစ်လွဲ ဒီတစ်ခါတော့ ငါမညှာဘူးနော် မခေါ်လာနိုင်ရင် မင်းအသေပဲ"

"ဟုတ်ကဲ့ပါ bossရယ် သဘောတိုင်းပါ"

bossတစ်ယောက်နဲ့တော့ မပြောလိုက်ချင်ဘူး။ ပြောတော့ ကြွေရုပ်လေးကိုတကယ်မချစ်ပါဘူးတဲ့ အခုတော့ သွားတောင်းဖို့ကို ပြာရာခက်နေ။ ငါမရီချင်
ဘူးနော်။ရီရင်လည်း အလုပ်ပြုတ်အုန်းမယ်။

"ဒေါ်လေးကလဲ ကြာလိုက်တာ မြန်မြန်မလာဘူး"

"ဟယ်..ဒီကောင်လေးနာတော့မယ် ငါက
အသက်ကြီးနေပြီ မြန်မြန်လာလို့မရဘူး
ငါအဝတ်လဲအုန်းမယ် စောင့်အုန်း"

"လဲမနေနဲ့တော့ လာတော့"

နောက်ကျတော့မယ်။လူတွေကစုံနေပြီ ဒေါ်လေးပဲကျန်တော့တာ။အသက်ပဲကြီးနေပြီ ခုထိအလှပြင်
တုန်း။

ဒီကောင်လေးတော့ ရိုက်မိတော့မယ်။အဝတ်လေး ခဏလဲမလို့ပါဆို ပွစိပွစိနဲ့ ထိုင်ခုံမှာထိုင်ပြီး ပြောနေတာ မိန်းမကြီးကျနေတာပဲ။
သူကျတော့သန့်ပြန့်နေပြီး ငါ့ကျတော့ အဝတ်မလဲနဲ့တဲ့။

​မြခွာညိုအိမ်ယာထဲသို့ ကားအမြောက်အမြား များစွာနဲ့ ဝင်လာကြသောကားတွေကို
ဘယ်အိမ်ကိုသွားမလဲဟု ကြည့်နေကြသော
လူတစ်ချို့တွေလဲရှိကြသည်။ခဏအကြာ
တိုက်အဖြူ​ရောင်၊ခြံစည်းရိုးအနက်ရောင်ရှိသော အိမ်ရှေ့တွင် ရပ်တန့်သွားကြသည်။

ကားပေါ်ကဆင်းလာသော အဖြူရောင် တိုက်ပုံနှင့် အနီရောင်အဆင်းရှိသော ယောပုဆိုးကို ဝတ်ထားတဲ့ကောင်လေးက အလွန်ခံ့ညားလွန်းသည်။

"သားစိုင်းတို့တောင် ရောက်လာပြီပဲ၊
ဒေါ်ကျင်ရေ သားကိုသွားခေါ်လိုက်ပါအုန်း"

အစ်ကိုလေးပြောသံကြောင့် အပေါ်ထပ်ကို တက်ပြီး ကြွေရုပ်ကိုသွားခေါ်ရတော့သည်။
သားလေးက စိတ်လှုပ်ရှားလို့ ထင်ပါရဲ့
ဒေါ်ကျင် ကမ်းပေးသောလက်ကို တုန်တုန်ရီရီနဲ့
ကိုင်ရှာသည်။

အပေါ်ထပ်က ဒေါ်ကျင်လက်ကို ကိုင်၍
ဆင်းလာသော ကောင်လေးကြောင့် ကျုပ်နှလုံးသားတစ်ခုလုံးပေါက်ထွက်မတတ်ဖြစ်ခဲ့ရပြီ။
ထိုကောင်လေးက အဝါရောင်တိုက်ပုံ နှင့်
ပိုးပုဆိုး အဝါရောင်အဆင်းကြား ကိုဝတ်ဆင်
ထားပြီး သူ့ရဲ့သွားတွေကို ပေါ်တဲ့အထိ ရှက်ပြုံးလေးပြုံးနေသည်။ ဒီနေ့ကျမှ ကျုပ်ရဲ့
သတို့သားလောင်းလေး အလှက တမူထူးခြား လွန်းလှသည်။

​ကြွေရုပ်ရဲ့အလှအပေါ်မှာမျောပါသွားလို့ အနား
ရောက်နေတာတောင်မသိလိုက်ရဘူး။

"ဦးမြတ်မောင်ရဲ့သား ကြွေရုပ်လွှာကို ဒီကသားလေး စိုင်းထက်ဉာဏ်က အခုလို
မိသားဖသားပီပီ လာရောက်တောင်းယမ်းတာ
ဖြစ်ပါတယ်၊ သိကြတဲ့အတိုင်းပဲ သားစိုင်းမှာ အမေရော၊အဖေရောက မရှိတော့ကျတဲ့
အတွက် သားစိုင်းရဲ့အလုပ်အကြံပေးဖြစ်တဲ့
ကျုပ်နှင့် သားစိုင်းရဲ့ အဒေါ်ကပဲ လိုက်ပြီး
တောင်းပေးတာပဲဖြစ်ပါတယ်"

"သားစိုင်း ပြောထားလို့ ကျုပ်လည်း အလုံးစုံ သိထားပြီးပါပြီ"

"မင်္ဂလာရက်ရွေးပြီး အမြန်ဆုံးစီစဉ်ပေး
လိုက်တာကောင်းမယ်ထင်တယ် သားစိုင်းက
မြန်မြန်မင်္ဂလာဆောင်ချင်နေပြီတဲ့"

"ဟုတ်တာပေါ့ ဟား...ဟား"

လူကြီးတွေ အလာပသလာပ ပြောနေတဲ့အချိန် ကြွေရုပ်ကိုပဲ စိုက်ကြည့်မိနေတယ်။ ကြွေရုပ်ရဲ့ဆံနွယ်
တွေကို လက်နဲ့သပ်လိုက်တဲ့အခါတိုင်း ကျုပ်ဆိုတဲ့ ဒီကောင်ကြီးက အရည်တွေပျော်
လွန်းလို့ပါ။ မင်းရဲ့အပြုံးတွေကို လူမမြင်
အောင် ကိုယ့်ရင်ထဲမှာ ဖွက်ထားချင်လိုက်တာ။

အရှေ့မှာလူကြီးတွေစကားပြောနေတာကို ဘေးက ကိုစိုင်းကတော့ ကျနော့်ကိုစိုက်ကြည့်ပြီး ပြုံးနေ
တယ်။ နည်းနည်းပါးပါး အိန္ဒြေတောင်မဆောင်ဘူး။ ခုလည်း လူကြီးတွေရှိနေတာကို လက်လာကိုင်နေ
တယ်။ မှတ်လောက်သားလောက်ရှိအောင်
ခြေထောက်ကိုဆွဲစိတ်လိုက်ခါမှ ငြိမ်သွားတယ်။

"အဲ့တာဆို ကျုပ်တို့ပြန်တော့မယ်နော်
မင်္ဂလာဆောင်ကို နောက်အပတ်သောကြာနေ့မှာ လုပ်လိုက်ကြတာပေါ့ ရက်ရာဇာဖြစ်တဲ့အတွက် ပိုတောင်ကောင်းသွားသေးတယ်"

"ဟုတ်တာပေါ့ ဂရုစိုက်ပြန်ကြပါ"

လူကြီးတွေက ပြန်ဖို့နှုတ်ဆက်နေကြတဲ့အချိန်
ကိုစိုင်းကတော့ ကျနော့်လက်ကိုကိုင်ပြီး
နမ်းလိုက်၊ကြည့်လိုက်နဲ့ ပြီးတော့ပြောသေး
တယ်...

"ကလေး လက်က မှဲ့လေး ကိုယ့်အပိုင်"
တဲ့။အရင်က ကျနော့်ကို "ကြွေရုပ်"လို့ခေါ်ပေမယ့် အခုတော့ "ကလေး"ဆိုတဲ့ နာမ်စားလေး
သုံးပြီး ခေါ်လာတယ်။

"ကိုယ်အိမ်ရောက်ရင်ဖုန်းဆက်လိုက်မယ်နော်"

"ဟုတ် စောင့်နေမယ်"

အိမ်ထဲက တစ်ရွေ့ရွေ့ထွက်သွားသော ကားလေးကိုကြည့်ပြီး အိမ်ထဲဝင်လာခဲ့တော့သည်။ ဒီနေ့စိတ်
လှုပ်ရှားလွန်းလို့ ဘာမှတောင်မစားရသေးဘူး။အခုတောင်စားနိုင်ပါ့မလား။

ဘူးထဲက ကျူးလစ်ပန်းအညိုးလေးကို
ကြည့်ရင်း"ကျနော် ကိုစိုင်းကိုချစ်တယ်"လို့
ရေရွတ်နေမိသည်။

La Yaung Nge(23.3.2022)

vote တွေရှယ်နည်း စာရေးဖို့အားမရှိ ဒါပေမယ့် ဆက်ရေးမှာပါ။

ကိုစိုင္းေျပာလိုက္တဲ့စကားေၾကာင့္ က်ေနာ္မွာ စိတ္လႈပ္ရွားလြန္းလို႔ အိပ္ေတာင္မေပ်ာ္ခဲ့ဘူး။
"ေႂကြ႐ုပ္ ကိုယ္တို႔ လက္ထပ္ၾကရေအာင္" ေျပာေတာ့ က်ေနာ္မွာ ခဏတာ ၿငိမ္သက္သြားခဲ့တယ္။ ဒီလိုမ်ိဳးေျပာလာခဲ့လိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။ ဘာပဲျဖစ္ျဖစ္ ဒီလိုေျပာေတာ့ အရမ္းေပ်ာ္မိတယ္။

ေဒါက္!ေဒါက္!ေဒါက္!

မနက္အေစာႀကီးပဲရွိေသးတယ္။ ဘယ္သူလာတာလဲမသိဘူး။ ဒီေန႔အိမ္ကိုလာမယ့္ ဧည့္သည္ လဲမရွိပါဘူး။ပစၥည္းလာပို႔တာလား မွာထားတာလဲမရွိပဲနဲ႔။ သူခိုးလား သူခိုးကတံခါးလာေခါက္
မလား။ေဒၚက်င္ကလည္း ဘုရားရွိခိုးေနတာ ငါပဲသြားဖြင့္လိုက္ရမလား။

အနီးနားက တံျမက္စည္းကိုကိုင္ၿပီး တံခါးဆီ ေျခသံမၾကားရေအာင္ ဖြဖြေလးေလွ်ာက္သြားလိုက္တယ္။ တံခါးနားေရာက္တာနဲ႔ တံခါး
လက္ကိုင္ကိုဖြင့္လ်က္ မ်က္ႏွာကိုမွတ္ၿပီး
တံျမတ္စည္း႐ိုးနဲ႔ ႐ိုက္ခ်လိုက္တယ္။

"အ့"

အသံၾကားလို႔ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ တံခါးေရွ႕မွာဒူးေထာက္ၿပီး လက္စြပ္ဘူး
ကိုင္ထားတဲ့ကိုစိုင္း...

"ဘာေတြျဖစ္ေနၾကတာလဲ"

အခန္းထဲမွာ ေရခ်ိဳးေနရင္း အျပင္ကအသံၾကားလို႔ ထြက္ၾကည့္ေတာ့ အိမ္တံခါးဖြင့္ၿပီး မတ္တပ္ရပ္ေနတဲ့သားကို ေတြ႕လိုက္ရတယ္။ သားရဲ႕အနားကိုသြားလိုက္ေတာ့ ဒူးေထာက္ေနတဲ့ သားစိုင္းကိုျမင္လိုက္ရတယ္။

"သားစိုင္း အဲ့မွာဘာလုပ္ေနတာလဲ ထ..ထ အိမ္ထဲ
ဝင္"

ကိုစိုင္းကို အိမ္ထဲေခၚၿပီး ကိုစိုင္းအတြက္ ေရသြားယူလိုက္တယ္။ ရွက္လိုက္တာေနာ္
ဒီလိုပုံစံကို ပါးပါးျမင္သြားရတယ္လို႔။

ေႂကြ႐ုပ္တစ္ေယာက္ ရွက္ရွက္နဲ႔မီးဖိုေခ်ာင္ထဲကေန ေရယူလာရင္း ဧည့္ခန္းထဲ ဝင္လာခဲ့သည္။ကိုစိုင္းနဲ႔ ပါးပါးကေတာ့ ဧည့္ခန္းမွာထိုင္
ၿပီး စကားေကာင္းေနၾကတယ္။

"သားစိုင္းရယ္ မနက္အေစာႀကီး လာရတယ္လို႔
အန္ကယ့္မွာ သားတို႔ႏွစ္ေယာက္ ရန္ျဖစ္ထားၾက
တယ္ထင္ေနတာ လက္စသတ္ေတာ့
ဘယ္ဟုတ္မလဲ..."

ပါးပါးေျပာရင္း က်ေနာ့္ကို မ်က္ခုံးပင့္ျပေတာ့ က်ေနာ္လည္း...

"ဟာ...ပါးပါးေနာ္"

"ေဟ..ပါးပါးဘာေျပာလို႔လဲ"

"ပါးပါးေနာ္ က်ေနာ္သိတယ္ေနာ္"

အန္ကယ္နဲ႔ေျပာေနရင္း စိတ္စိုးသြားေသာ
ေႂကြ႐ုပ္ကိုၾကည့္ရင္း ေခါင္းသာခါမိေတာ့
သည္။

"အန္ကယ္ က်ေနာ္ ေန႔လည္က်ရင္ ေႂကြ႐ုပ္ကိုလာေတာင္းမွာမလို႔ ျပင္ဆင္စရာရွိတာ ျပင္ဆင္
ရေအာင္ အခုျပန္ေတာ့မယ္"

"ခ်က္ခ်င္းႀကီးလား..ေနာက္မွလာေတာင္းလဲရပါ
တယ္ အန္ကယ့္သားကို ဘယ္သူနဲ႔မွ မေပးစားပါဘူး"

"ပါးပါး..!"

"ကြၽန္ေတာ့္ဘက္ က ဘယ္လိုမွမရေတာ့လို႔ပါ စိတ္လဲမခ်ေတာ့လို႔ပါ၊ ၿပီးေတာ့ အခုမွမရ ရင္
ကြၽန္ေတာ္ေသမွာ..အန္ကယ္ရဲ႕"

သားေကာင္ေလးရဲ႕ ေျပာစကားေၾကာင့္
က်ဳပ္မွာရီရခက္ ငိုရခက္ပါ။ သားကလည္း ရွက္ကိုးရွက္ကန္း နဲ႔ ဆိုဖာေပၚက ေခါင္းအုံးကို လက္နဲ႔
ထုလိုက္၊ ဆုပ္လိုက္ နဲ႔ ေခါင္းအုံးႀကီး ေပါက္ထြက္
သြားမွာကို ျမင္ေယာင္ေသးတယ္။

​"ကိုစိုင္းေနာ္ အရမ္းအကဲပိုတာပဲ ေနာက္ေန႔မွ လာေတာင္းလဲရတာပဲ"လို႔ နားနားကပ္ၿပီး ရွက္ကိုးရွက္ကန္းေလသံတိုးတိုးေလးနဲ႔လာေျပာတဲ့ ေႂကြ႐ုပ္
ကို ၾကည့္ၿပီး...
"ကိုယ့္စိတ္မထိန္းႏိုင္လို႔ပါ"ဆိုၿပီး ျပန္ေျပာ
လိုက္တယ္။

ကိုစိုင္းတစ္ေယာက္ေနာ္ တကယ္မလြယ္ဘူး။အခု
အိမ္ျပန္မယ္ေျပာၿပီး က်ေနာ့္ကိုမခြဲႏိုင္လို႔မျပန္ဘူး လုပ္ေနျပန္ၿပီ။ အတင္းျပန္လႊတ္ရတယ္။ အိမ္ျပန္
ခိုင္းေတာ့ ဘာေျပာတယ္ထင္လဲ
"ေႂကြ႐ုပ္က ကိုယ့္ကိုမခ်စ္ဘူးတဲ့"ေျပာၿပီး
မ်က္ရည္ေလး စမ္းတမ္းစမ္းတမ္းနဲ႔ အိမ္ျပန္ သြားတယ္။ဒီေန႔က်မွ သူေတာ္ေတာ္ျဖစ္ေနတာ။

ကိုစိုင္းျပန္သြားတုန္း အခန္းထဲသြားၿပီး
ေန႔လည္က်ရင္ ဝတ္ဖို႔ အက်ီသြားေ႐ြးရမယ္။

"ဟဲ့.ဟဲ့..ေခ်ာ္လဲမယ္ အို..ဒီကေလးနဲ႔ေတာ့"

ဒီေန႔လာေတာင္းမယ္ဆိုေတာ့ အေပ်ာ္လြန္းၿပီး အေပၚထပ္ကို ျမန္ျမန္ေျပးတက္သြားေတာ့
ေဒၚက်င္တစ္ေယာက္ စိတ္ပူ၍ လွမ္းသတိေပးေနရတယ္။ ဒီကေလးနဲ႔ေတာ့ တယ္ခက္ပါလား။
ငါလည္းဝတ္ဖို႔အက်ီသြားေ႐ြးရအုန္းမယ္။
ဟိုတစ္ခါသားေလးေႂကြ႐ုပ္ဝယ္ေပးထားတဲ့ အဝါေရာင္ပိတ္ေဖာက္ဇာနဲ႔ ပိေတာက္ေျခာက္
ေရာင္ ပါတိတ္ ထမီေလးပဲဝတ္ေတာ့မယ္။ တစ္ခါမွ အဲ့အက်ီကိုမဝတ္ရေသးဘူး အခုမွပဲ ဝတ္ျဖစ္ေတာ့တယ္။

"ဟာ ဒါမဟုတ္ေသးဘူး..ဒါလဲမဟုတ္ဘူး.. ဒါလဲအဆင္မေျပဘူး..ဘာဝတ္ရမလဲ ဗီဒိုထဲမွာအက်ီေတြအျပည့္ရွိၿပီး ဝတ္စရာမရွိတာ
ငါတစ္ေယာက္ထဲလား ကယ္ၾကပါအုန္း.."

"သား တစ္ခန္းလုံးလဲရႈပ္ပြေနတာပဲ အခုထိ ဝတ္မယ့္ ဝတ္စုံရွာမေတြ႕ေသးဘူးလား"

"ဟုတ္တယ္ ေဒၚက်င္ေရ..သားကိုကူရွာေပးပါအုန္း"

ဗီဒိုတစ္ခုလုံးလဲ ေမြေႏွာက္ထားၿပီး အခန္းထဲမွာလဲ အက်ီေတြ ပြေနတာပဲ။ခနေနရင္လဲ
ေရာက္လာၾကေတာ့မယ္ အခုထိဝတ္မယ့္ အက်ီရွာမေတြ႕ေသးဘူးတဲ့။ သားနဲ႔အတူတူ ရွာေပးရင္းေနာက္ဆုံးေတာ့ အဆင္ေျပတဲ့ဝတ္စုံကို ေတြ႕ခဲ့ရၿပီ။သားကလဲ ႀကိဳက္တယ္ဆိုတာနဲ႔ ဒါေလးပဲ ဝတ္ဖို႔ဆုံးျဖတ္လိုက္ရတယ္။

"ငါေျပာၿပီးသားေနာ္ ေနာက္၁၅မိနစ္အတြင္း ေဒၚေလးကို အိမ္ေရာက္ေအာင္ေခၚလာခဲ့"

"ဟုတ္..ဟုတ္"

"ေျပာလိုက္ရင္ ဟုတ္ လုပ္လိုက္ရင္
ေစာက္တစ္လြဲ ဒီတစ္ခါေတာ့ ငါမညႇာဘူးေနာ္ မေခၚလာႏိုင္ရင္ မင္းအေသပဲ"

"ဟုတ္ကဲ့ပါ bossရယ္ သေဘာတိုင္းပါ"

bossတစ္ေယာက္နဲ႔ေတာ့ မေျပာလိုက္ခ်င္ဘူး။ ေျပာေတာ့ ေႂကြ႐ုပ္ေလးကိုတကယ္မခ်စ္ပါဘူးတဲ့ အခုေတာ့ သြားေတာင္းဖို႔ကို ျပာရာခက္ေန။ ငါမရီခ်င္
ဘူးေနာ္။ရီရင္လည္း အလုပ္ျပဳတ္အုန္းမယ္။

"ေဒၚေလးကလဲ ၾကာလိုက္တာ ျမန္ျမန္မလာဘူး"

"ဟယ္..ဒီေကာင္ေလးနာေတာ့မယ္ ငါက
အသက္ႀကီးေနၿပီ ျမန္ျမန္လာလို႔မရဘူး
ငါအဝတ္လဲအုန္းမယ္ ေစာင့္အုန္း"

"လဲမေနနဲ႔ေတာ့ လာေတာ့"

ေနာက္က်ေတာ့မယ္။လူေတြကစုံေနၿပီ ေဒၚေလးပဲက်န္ေတာ့တာ။အသက္ပဲႀကီးေနၿပီ ခုထိအလွျပင္
တုန္း။

ဒီေကာင္ေလးေတာ့ ႐ိုက္မိေတာ့မယ္။အဝတ္ေလး ခဏလဲမလို႔ပါဆို ပြစိပြစိနဲ႔ ထိုင္ခုံမွာထိုင္ၿပီး ေျပာေနတာ မိန္းမႀကီးက်ေနတာပဲ။
သူက်ေတာ့သန႔္ျပန႔္ေနၿပီး ငါ့က်ေတာ့ အဝတ္မလဲနဲ႔တဲ့။

​ျမခြာညိဳအိမ္ယာထဲသို႔ ကားအေျမာက္အျမား မ်ားစြာနဲ႔ ဝင္လာၾကေသာကားေတြကို
ဘယ္အိမ္ကိုသြားမလဲဟု ၾကည့္ေနၾကေသာ
လူတစ္ခ်ိဳ႕ေတြလဲရွိၾကသည္။ခဏအၾကာ
တိုက္အျဖဴ​ေရာင္၊ၿခံစည္း႐ိုးအနက္ေရာင္ရွိေသာ အိမ္ေရွ႕တြင္ ရပ္တန႔္သြားၾကသည္။

ကားေပၚကဆင္းလာေသာ အျဖဴေရာင္ တိုက္ပုံႏွင့္ အနီေရာင္အဆင္းရွိေသာ ေယာပုဆိုးကို ဝတ္ထားတဲ့ေကာင္ေလးက အလြန္ခံ့ညားလြန္းသည္။

"သားစိုင္းတို႔ေတာင္ ေရာက္လာၿပီပဲ၊
ေဒၚက်င္ေရ သားကိုသြားေခၚလိုက္ပါအုန္း"

အစ္ကိုေလးေျပာသံေၾကာင့္ အေပၚထပ္ကို တက္ၿပီး ေႂကြ႐ုပ္ကိုသြားေခၚရေတာ့သည္။
သားေလးက စိတ္လႈပ္ရွားလို႔ ထင္ပါရဲ႕
ေဒၚက်င္ ကမ္းေပးေသာလက္ကို တုန္တုန္ရီရီနဲ႔
ကိုင္ရွာသည္။

အေပၚထပ္က ေဒၚက်င္လက္ကို ကိုင္၍
ဆင္းလာေသာ ေကာင္ေလးေၾကာင့္ က်ဳပ္ႏွလုံးသားတစ္ခုလုံးေပါက္ထြက္မတတ္ျဖစ္ခဲ့ရၿပီ။
ထိုေကာင္ေလးက အဝါေရာင္တိုက္ပုံ ႏွင့္
ပိုးပုဆိုး အဝါေရာင္အဆင္းၾကား ကိုဝတ္ဆင္
ထားၿပီး သူ႔ရဲ႕သြားေတြကို ေပၚတဲ့အထိ ရွက္ၿပဳံးေလးၿပဳံးေနသည္။ ဒီေန႔က်မွ က်ဳပ္ရဲ႕
သတို႔သားေလာင္းေလး အလွက တမူထူးျခား လြန္းလွသည္။

​ေႂကြ႐ုပ္ရဲ႕အလွအေပၚမွာေမ်ာပါသြားလို႔ အနား
ေရာက္ေနတာေတာင္မသိလိုက္ရဘူး။

"ဦးျမတ္ေမာင္ရဲ႕သား ေႂကြ႐ုပ္လႊာကို ဒီကသားေလး စိုင္းထက္ဉာဏ္က အခုလို
မိသားဖသားပီပီ လာေရာက္ေတာင္းယမ္းတာ
ျဖစ္ပါတယ္၊ သိၾကတဲ့အတိုင္းပဲ သားစိုင္းမွာ အေမေရာ၊အေဖေရာက မရွိေတာ့က်တဲ့
အတြက္ သားစိုင္းရဲ႕အလုပ္အႀကံေပးျဖစ္တဲ့
က်ဳပ္ႏွင့္ သားစိုင္းရဲ႕ အေဒၚကပဲ လိုက္ၿပီး
ေတာင္းေပးတာပဲျဖစ္ပါတယ္"

"သားစိုင္း ေျပာထားလို႔ က်ဳပ္လည္း အလုံးစုံ သိထားၿပီးပါၿပီ"

"မဂၤလာရက္ေ႐ြးၿပီး အျမန္ဆုံးစီစဥ္ေပး
လိုက္တာေကာင္းမယ္ထင္တယ္ သားစိုင္းက
ျမန္ျမန္မဂၤလာေဆာင္ခ်င္ေနၿပီတဲ့"

"ဟုတ္တာေပါ့ ဟား...ဟား"

လူႀကီးေတြ အလာပသလာပ ေျပာေနတဲ့အခ်ိန္ ေႂကြ႐ုပ္ကိုပဲ စိုက္ၾကည့္မိေနတယ္။ ေႂကြ႐ုပ္ရဲ႕ဆံႏြယ္
ေတြကို လက္နဲ႔သပ္လိုက္တဲ့အခါတိုင္း က်ဳပ္ဆိုတဲ့ ဒီေကာင္ႀကီးက အရည္ေတြေပ်ာ္
လြန္းလို႔ပါ။ မင္းရဲ႕အၿပဳံးေတြကို လူမျမင္
ေအာင္ ကိုယ့္ရင္ထဲမွာ ဖြက္ထားခ်င္လိုက္တာ။

အေရွ႕မွာလူႀကီးေတြစကားေျပာေနတာကို ေဘးက ကိုစိုင္းကေတာ့ က်ေနာ့္ကိုစိုက္ၾကည့္ၿပီး ၿပဳံးေန
တယ္။ နည္းနည္းပါးပါး အိေျႏၵေတာင္မေဆာင္ဘူး။ ခုလည္း လူႀကီးေတြရွိေနတာကို လက္လာကိုင္ေန
တယ္။ မွတ္ေလာက္သားေလာက္ရွိေအာင္
ေျခေထာက္ကိုဆြဲစိတ္လိုက္ခါမွ ၿငိမ္သြားတယ္။

"အဲ့တာဆို က်ဳပ္တို႔ျပန္ေတာ့မယ္ေနာ္
မဂၤလာေဆာင္ကို ေနာက္အပတ္ေသာၾကာေန႔မွာ လုပ္လိုက္ၾကတာေပါ့ ရက္ရာဇာျဖစ္တဲ့အတြက္ ပိုေတာင္ေကာင္းသြားေသးတယ္"

"ဟုတ္တာေပါ့ ဂ႐ုစိုက္ျပန္ၾကပါ"

လူႀကီးေတြက ျပန္ဖို႔ႏႈတ္ဆက္ေနၾကတဲ့အခ်ိန္
ကိုစိုင္းကေတာ့ က်ေနာ့္လက္ကိုကိုင္ၿပီး
နမ္းလိုက္၊ၾကည့္လိုက္နဲ႔ ၿပီးေတာ့ေျပာေသး
တယ္...

"ကေလး လက္က မွဲ႔ေလး ကိုယ့္အပိုင္"
တဲ့။အရင္က က်ေနာ့္ကို "ေႂကြ႐ုပ္"လို႔ေခၚေပမယ့္ အခုေတာ့ "ကေလး"ဆိုတဲ့ နာမ္စားေလး
သုံးၿပီး ေခၚလာတယ္။

"ကိုယ္အိမ္ေရာက္ရင္ဖုန္းဆက္လိုက္မယ္ေနာ္"

"ဟုတ္ ေစာင့္ေနမယ္"

အိမ္ထဲက တစ္ေ႐ြ႕ေ႐ြ႕ထြက္သြားေသာ ကားေလးကိုၾကည့္ၿပီး အိမ္ထဲဝင္လာခဲ့ေတာ့သည္။ ဒီေန႔စိတ္
လႈပ္ရွားလြန္းလို႔ ဘာမွေတာင္မစားရေသးဘူး။အခုေတာင္စားႏိုင္ပါ့မလား။

ဘူးထဲက က်ဴးလစ္ပန္းအညိဳးေလးကို
ၾကည့္ရင္း"က်ေနာ္ ကိုစိုင္းကိုခ်စ္တယ္"လို႔
ေရ႐ြတ္ေနမိသည္။

La Yaung Nge(23.3.2022)

vote ေတြရွယ္နည္း စာေရးဖို႔အားမရွိ ဒါေပမယ့္ ဆက္ေရးမွာပါ။

Continue Reading

You'll Also Like

84.6K 4.8K 21
ပြဿဒါးနေ့မှာ နှလုံးသားထဲ၀င်ရောက်လာပြီး ရက်ရာဇာမှာပြန်ထွက်မသွားဖို့ ဘုရားမှာအမြဲဆုတောင်းမယ်
2.9M 54.4K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
316K 4.4K 31
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
4.1M 259K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...