ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး (အတြ...

By god-dess11

103K 12.2K 680

စာစဥ္ ၆၆ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ More

စာစဥ္ 66 (1 - 8)
စာစဥ္ ၆၆ (၉-၁၆)
စာစဥ္ ၆၆ (၁၇-၂၆)
စာစဥ္ ၆၇ (၁-၈)
စာစဥ္ ၆၇ (၉-၁၆)
စာစဥ္ ၆၇ (၁၇-၂၆)
စာစဥ္ ၆၈ (၁-၈)
စာစဥ္ ၆၈ (၉-၁၆)
စာစဥ္ ၆၈ (၁၇-၂၆)
စာစဥ္ ၆၉ (၁-၈)
စာစဥ္ ၆၉ (၉-၁၆)
စာစဥ္ ၆၉ (၁၇-၂၆)
စာစဥ္ ၇၀ (၁-၆)
စာစဥ္ ၇၀ (၇-၁၂)
စာစဥ္ ၇၀ (၁၃-၁၈)
စာစဥ္ ၇၀ (၁၉-၂၆)
စာစဥ္ ၇၁ (၁-၆)
စာစဥ္ ၇၁ (၇-၁၂)
စာစဥ္ ၇၁ (၁၃-၁၈)
စာစဥ္ ၇၁ (၁၉-၂၆)
စာစဥ္ ၇၂ (၁-၆)
စာစဥ္ ၇၂ (၇-၁၂)
စာစဥ္ ၇၂ (၁၃-၁၈)
စာစဥ္ ၇၂ (၁၉-၂၆)
စာစဥ္ ၇၃ (၁-၆)
စာစဥ္ ၇၃ (၇-၁၂)
စာစဥ္ ၇၃ (၁၃-၁၈)
စာစဥ္ ၇၄ (၁-၆)
စာစဥ္ ၇၄ (၇-၁၂)
စာစဥ္ ၇၄ (၁၃-၁၈)
စာစဥ္ ၇၄ (၁၉-၂၆)
စာစဥ္ ၇၅ (၁-၆)
စာစဥ္ ၇၅ (၇-၁၄)
စာစဥ္ ၇၅ (၁၅-၂၀)
စာစဥ္ ၇၅ (၂၁-၂၆)
စာစဥ္ ၇၆ (၁-၆)
စာစဥ္ ၇၆ (၇-၁၂)
စာစဥ္ ၇၆ (၁၃-၁၈)

စာစဥ္ ၇၃ (၁၉-၂၅)

2.4K 353 10
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  73
Chapter.          :  19 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၇၃၊ အခန္း ၁၉။  အားလံုး ငတံုးေတြ

စီပယင္သည္ ၿပံဳးေနရင္းကေန ရီ၀မ္၀မ္အား ၾကည့္လုိက္ကာ ရယ္လာသည္ ။

“ခယ္မေလး ဒါက ငါတုိ့ရဲ့မိသားစုကိစၥပါ ။
ဘာလို့ မဆီမဆုိင္ ၀င္ပါေနတာလဲ”

အီလဲဗင္း၏မ်က္၀န္းတို့မွာ ေအးစက္ရိပ္တုိ့ ၿဖာထြက္ေနၿပီး
စီပယင္အား ၾကည့္ကာ ေမးေလၿပီ ။

“အစ္ကုိၾကီး .. စီ ပ ယင္ .. လင္းယြင္ ေသသြားတဲ့အေၾကာင္းကုိ က်ြန္ေတာ္ အစ္ကုိၾကီးကို တစ္ခါမွ မေၿပာၿပခဲ့ဖူးဘူး ။
အစ္ကုိၾကီး ဘယ္လုိလုပ္ သိသြားခဲ့တာလဲ”

စီပယင္က ထရယ္လာသည္ ။

“၇ ၾကီး ရာ အဲ့ဒါက အေရးပါလုိ့လား ။ မိန္းမတစ္ေယာက္အတြက္နဲ့ ညီအစ္ကုိအခ်င္းခ်င္း စိတ္၀မ္းကြဲစရာအေၾကာင္း မရွိဘူးလို့ ထင္တာပဲ ဟုတ္တယ္မလား”

အီလဲဗင္း၏မ်က္နွာမွာ တင္းမာလာေလၿပီ ။

“အစ္ကုိၾကီးပဲ … လင္းယြင္ကုိ သတ္ခဲ့တာ အစ္ကုိၾကီး”

“ငါလား” စီပယင္သည္ တခနေလာက္ အံ့ၿသသြားၿပီး ကိုယ့္ကုိယ္ကုိ လက္ညွိဳးထုိးကာ ေခါင္းယမ္းသည္ ။
“မင္းေကာင္မေလးကို သတ္တဲ့သူက ဘယ္ကသာ
ငါရမွာလဲ ။ သူ ့ကို သတ္တဲ့သူေတြက ငါ လႊတ္လုိက္တဲ့သူေတြ”

“စီပယင္ … ေခြးသေတာင္းစား”

အီလဲဗင္း ေဒါသအလြန္အက်ဴး ထြက္သြားေလၿပီ ။

စီမိသားစုထဲက ညီအစ္ကုိ ၉ ေယာက္ထဲတြင္
အႏူးညံ့ဆံုး ၊ သူရဲေဘာအေၾကာင္ဆံုး ၊ အၿဖဴထည္အၿဖစ္ဆံုး
သူ ့အစ္ကုိၾကီးမွာ သူ ့ေကာင္မေလးကို သတ္ခဲ့သူ ၿဖစ္ေနၿပီး သူတုိ့၏ညီေလး ၉ စီရီဟန္အား တမင္ေခ်ာက္ခ်ခဲ့သူ ၿဖစ္ေနသည္ကို သူ လက္မခံနုိင္ပါေခ် ။

“ဟက္ ..” စီပယင္သည္ ေဒါသေစြ ့ေစြ ့ခုန္ေနသည့္ အီလဲဗင္းအား စိတ္ဆုိးၿခင္းမရွိဘဲ ၿပံဳးလာေလသည္ ။
“၇ ၾကီး ဘာပဲေၿပာေၿပာ ငါက မင္းရဲ့အစ္ကုိၾကီးပါ ။ မိန္းမတစ္ေယာက္ပဲကြာ ဘာၿဖစ္လဲ မင္းလုိခ်င္ရင္ တစ္ေယာက္မဟုတ္ဘူး အမ်ားၾကီး ၾကိဳက္သေလာက္ ယူလုိ့ရတယ္ ။ မိန္းမတစ္ေယာက္အတြက္နဲ့ေတာ့ မင္းရဲ့အစ္ကုိၾကီး ငါ့ကုိ သတ္မယ္လို့ေတာ့ မေၿပာနဲ့ေနာ္”

“မင္း …” စီပယင္ကုိ ၾကည့္ေနသည့္ အီလဲဗင္းမွာ မ်က္နွာၾကီး မည္းပုတ္ၿပာနွမ္းေနေလၿပီ ။
“စီပယင္ … စီမိသားစုရဲ့ အၾကီးအကဲဆုိတဲ့ ေနရာေလးအတြက္နဲ့
မင္း ငါ့ခ်စ္သူကို သတ္တယ္ ၊
ညီေလး ၉ ကုိ ေခ်ာက္ခ်တယ္ .. ငါတုိ့က ညီအစ္ကုိေတြ ဆုိတာ သတိမွ ရေသးရဲ့လား ။ မင္း လူမွ ဟုတ္ရဲ့လား”

စီပယင္သည္ ေအးေအးလူလူပင္ ငွက္စာကုိ ေကာက္ကုိင္လိုက္ၿပီး
သူ ့ေဘးနားက ငွက္မ်ားကုိ အစာေက်ြးေနေလသည္ ။
အမွန္တရားသည္ကား ဘြင္းဘြင္းၾကီး ရွင္းလင္းေနေခ်ၿပီ ။

“စီ ညီအစ္ကုိေတြအားလံုး … ၂ၾကီး ၊ ၃ ၾကီး ၊ ၄ ၾကီး ၊ ၅ ၾကီး
နဲ့ … ၈ ၾကီးေတာင္မွ … မင္းေသြးခြဲလုိက္လုိ့ အကုန္လံုး အသက္စေတးကုန္ၾကရတာ”
အီလဲဗင္းသည္ သူ ့အား ခက္ထန္ထန္ ေၿပာ၏ ။

“ဟက္ … ၇ ၾကီး .. မင္း အဲ့လို ေၿပာလို့ေတာ့ မရဘူးေလ ။
ငါက သူတို့ကုိ ဓားေထာက္ၿပီးေတာ့ စီရီဟန္ကုိ သြားသတ္လို့
ေၿပာတာမွ မဟုတ္တာ ။ သူတုိ့ဟာသူတုိ့ ေလာဘၾကီးလုိ့ ခံရတာေလ ။ ငါက သူတို့ေလာဘထဲ မီးစေလး ထပ္ထည့္ေပးလုိက္ရံုုေလးပဲ ။ ဒါေပမယ့္ မင္းကေတာ့ ထူးၿခားပါတယ္ ။ ဒီႏွစ္ေတြတစ္ေလ်ွာက္လံုး အၿပင္မွာ စီးပြားေရးလုပ္လာတဲ့သူဆုိေတာ့ မင္း ပိုင္တဲ့ စီးပြား ၊ အာဏာကလည္း စီ မိသားစုထက္ေတာ့ နည္းမွာ မဟုတ္ဘူး ။ ဒါေၾကာင့္မလို့သာ စီ အၾကီးအကဲဆုိတဲ့ ရာထူးက မင္းကုိ မဆြဲေဆာင္ထားနုိင္တာ ။ မင္းမွာ အားနည္ခ်က္ဆုိလို့ အဲ့ေကာင္မေလး လင္းယြင္ပဲ ရွိတာ ။ အဲ့ဒီေတာ့လဲ လင္းယြင္ကို သတ္ၿပီး စီရီဟန္က လုပ္တာပါလို့ ေၿပာရံုပဲ ရွိေတာ့တာေပါ့ ။ ဒါမွသာ မင္းလဲ စီရီဟန္ကုိ သတ္ခ်င္မွာ ေလ ။ မင္းက အားနည္းခ်က္ကုိ လူသိေအာင္ ၿပထားတာကိုး ဒီေတာ့ အစ္ကုိၾကီးကို လာအၿပစ္တင္လုိ့ မရဘူးေလ ေနာ္” စီပယင္က ေၿပာသည္ ။

“စီပယင္ .. ငါ မင္းကို သတ္မယ္”

လင္းယြင္သည္ စီပယင္လက္ထဲတြင္ ေသခဲ့ရသည္မွန္း သိလိုက္ရၿပီးေနာက္တြင္ အီလဲဗင္း ဘယ္လိုမွ စိတ္ကို မထိန္းခ်ဳပ္နုိင္ေတာ့ ။ ေၿမၾကီးေပၚက အုတ္နီခဲတစ္ခဲကို ေကာက္ကိုင္လုိက္ၿပီး စီပယင္၏ေခါင္းကို ေၿပးေပါက္ေလၿပီ။

“ငတံုးေကာင္”

စီပယင္သည္ အီလဲဗင္းအား ၾကည့္ကာ ညာလက္ကုိ အသာေလး ေၿမွာက္လုိက္၏ ။

တခနအၾကာတြင္ အီလဲဗင္းမွာ ေလထဲ ေၿမာက္တက္သြားၿပီး ဟုိးအေနာက္ကို လြင့္ပ်ံသြားေလၿပီ ။

အီလဲဗင္းသည္ ေၿမၾကီးေပၚ ၿပဳတ္က်သြားရာကေန ၿမန္ၿမန္ ၿပန္ထလုိက္ပါေသာ္လည္း မ်က္နွာမွာ ေဖ်ာ့ေတာ့သြားၿပီး
ႏႈတ္ခမ္းမွာ ညိဳမည္းစြဲေနေလၿပီ ။

ၾကယ္ခုနစ္နွင့္ခုနစ္စင္ၾကယ္တုိ့ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လုိက္မိၾက၏ ။ ပထမအၾကီးအကဲနွင့္ တတိယအၾကီးအကဲ သည္ပင္ စီပယင္အား အံ့ၿသစြာ လွည့္ၾကည့္မိၾကသည္ ။

တရုတ္ၿပည္မွာလဲ ဒီလိုဆရာၾကီးတစ္ေယာက္ တကယ္ရွိေနတာပါလား။

…………………………………………………………………….............

စာစဥ္ ၇၃၊ အခန္း ၂၀။  စီ မိသားစု သမုိင္းေၾကာင္း

စီပယင္သည္ အီလဲဗင္း ကုန္းထေနသည္ကုိ ၾကည့္ရင္း
ၿပံဳးရယ္လုိက္၏ ။

“တကယ့္ငတံုးေကာင္ … စီရီဟန္ကုိ သတ္တာေတာင္ က်ရႈံးလာတယ္ ။ မင္း ေသြးဆာဂုိဏ္းကို ငွားထားတုန္းက အဲ့ဒီအခ်ိန္က စီရီဟန္ နုိင္ငံၿခားမွာ ေရာဂါေဟာင္း ၿပန္ထလာတဲ့အခ်ိန္ သူ ့ကို သတ္ပစ္ဖို့ အေကာင္းဆံုး အခြင့္အေရးရထားတာကုိ … ရီ၀မ္၀မ္ ေသၿခင္းတရား၏ နွင္းဆီ ေယာင္ ေဆာင္တာကို ေဖာ္ထုတ္လုိက္တာနဲ့တင္ ကိစၥက ၿပတ္သြားမွာကုိ .. တံုးခ်က္ကေတာ့ ကမ္းကုန္တယ္ ငတံုး ..”

“စီပယင္ .. မင္း .. ။ စီမိသားစုရဲ့ အၾကီးအကဲေနရာက ငါတုိ့ညီအစ္ကုိေတြအားလံုး အသက္စေတးရေလာက္ေအာင္ အဖိုးထိုက္တန္လုိ့လားကြ”

အီလဲဗင္းသည္ သူ ့အား လက္ညွိဳးထိုးၿပီး ေအာ္ေၿပာေလ သည္ ။

စီပယင္သည္ မၿပံဳးခ်င့္ၿပံဳးခ်င္ ၿပံဳးလုိက္ရင္း ေခါင္းခါလိုက္သည္ ။

“၇ ၾကီးရာ မင္းတုိ့ေကာင္ေတြက ေရတြင္းထက္က ဖားသူငယ္ထက္ မပုိၾကဘူးကိုး ။ စီ မိသားစုက ငါ့အတြက္ေတာ့ ဘာမွကုိ မဟုတ္ဘူး”

“ဒါဆုိရင္ ဘာလို့ ဒီလုိနွလံုးသားမဲ့တဲ့ကိစၥေတြ လုပ္ထားခဲ့တာလဲ”

အီလဲဗင္းသည္ စီပယင္အား လံုး၀ကုိ နားမလည္ေတာ့ေပ ။

စီပယင္သည္ စီ မိသားစုအၾကီးအကဲေနရာအတြက္ သူတုိ့ညီအစ္ကုိမ်ားကုိ စေတးၿပီး စီရီဟန္ကုိ သတ္ဖို့လုပ္ၿခင္းကုိ
သူ နားလည္နုိင္ပါ၏ ။ သုိ့ေသာ္ စီပယင္သည္ စီ မိသားစုသည္
သူ ့အတြက္ ဘာမွ မဟုတ္ဟု ေၿပာေနေလသည္ ။
သုိ့ဆုိရင္ သူ ဘာေၾကာင့္ ထုိအရာအားလံုးကုိ လုပ္ခဲ့သနည္း ။

“ဟက္ … မင္းတုိ့လုိ ဖားသူငယ္ေတြက စီမိသားစုရဲ့ သမိုင္းေၾကာင္းကို သိမယ့္ပံုလဲ မေပၚဘူး”

စီပယင္က မဲ့ရြဲ ့၏ ။

“ထားပါေတာ့ေလ အစ္ကုိၾကီးတစ္ေယာက္အေနနဲ့
ငါကပဲ ေၿပာၿပရမွာေပါ့”

စီပယင္က ေအးေအးလူလူ စကားဆက္သည္ ။

“တကယ္ေတာ့ ‘စီ’ ဆုိတာက ေရွးေဟာင္းမိသားစုနာမည္ ၊
ငါတုိ့စီ မိသားစု ဆုိတာက ေရွးေဟာင္းစီကလန္ၾကီးရဲ့ အႏြယ္၀င္ေတြ ။ ဒါေပမယ့္ ေရွးေဟာင္း စီ ကလန္ က တရုတ္ၿပည္မွာ မရွိဘူး၊ လြတ္လပ္ေသာနယ္ေၿမလို့ ေခၚတဲ့ ေနရာမွာ ရွိတာ”

“ေရွးေဟာင္းစီကလန္ … ။ လြတ္လပ္ေသာနယ္ေၿမ …”

အီလဲဗင္း စိတ္ရႈပ္ေထြးသြား၏ ။

ေရွးေဟာင္းစီကလန္က ဘာၾကီးလဲ ။
လြတ္လပ္ေသာနယ္ေၿမကေရာ ဘာၾကီးလဲ ။

ေရွးေဟာင္းစီကလန္ဆုိသည္မွာ လြတ္လပ္ေသာနယ္ေၿမထဲတြင္ တန္ခုိးၿသဇာ လႊမ္းမိုးေသာ ကလန္ၾကီးတစ္ခု ၿဖစ္၏ ။ သုိ့ေသာ္လည္း ေရွးေဟာင္း စီကလန္ သည္ အလြန္အမင္း စည္းကမ္းတင္းက်ပ္သည္ ။ တကယ့္ကုိ ဥာဏ္ပညာထက္ၿမက္ထူးခ်ြန္သည့္ သုိင္းပညာေတာ္ၿပီး အလားအလာရွိသည့္ သူတုိ့စံနႈန္းမ်ားကို မွီသည့္ သားစဥ္ေၿမးဆက္မ်ားသာလ်ွင္ ေရွးေဟာင္းစီကလန္ ထဲ က်န္ရွိခြင့္ ရၾက၏ ။

“ငါတုိ့အေဖက မုိက္ရူးရဲဆန္လို့ ေရွးေဟာင္းစီကလန္ကေန ေမာင္းထုတ္ခံလုိက္ရတာ ။ တရုတ္ၿပည္ကို ေရာက္လာေတာ့
စီ မိသားစုကုိ တည္ေထာင္လုိက္ၿပီး ငါတုိ့ညီအစ္ကုိေတြကုိ ေမြးခဲ့တယ္”

“ငါက သူတုိ့စံႏႈန္းထဲ ၀င္တဲ့အတြက္ေၾကာင့္ အရြယ္ေရာက္ေတာ့ လြတ္လပ္ေသာနယ္ေၿမကို ေခၚသြားခံရၿပီး ေရွးေဟာင္းစီကလန္ရဲ့ ေလ့က်င့္သင္ၾကားေပးတာကုိ ခံခဲ့ရတယ္”

စီပယင္ေၿပာေနသည့္ဇာတ္လမ္းကို နားေထာင္ရင္း
အီလဲဗင္း ထိတ္လန့္လာရ၏ ။

သူတုိ့စီမိသားစုမွာ ဒီလိုလ်ိဳ့၀ွက္ခ်က္မ်ိဳး ရွိေနတာလား ။

“အဟက္ ကံမေကာင္းခ်င္ေတာ့ ကလန္ရဲ့စည္းကမ္းေတြကုိ ခ်ိဳးေဖာက္မိလို့ ငါ ေရွးေဟာင္းစီကလန္ကေန ေမာင္းထုတ္ ခံလုိက္ရတယ္ ။ ငါ့မွာ ေရြးခ်ယ္စရာ မရွိေတာ့လို့ လြတ္လပ္ေသာနယ္ေၿမထဲမွာ ငါ့ကိုယ္ပုိင္အင္အားတစ္ခု တည္ေထာင္လုိက္ရတယ္ ။ ဒါေပမယ့္ ေရွးေဟာင္းစီကလန္က
ငါက သူတုိ့ဂုဏ္သိကၡာကုိ ဖ်က္ဆီး ေနတယ္လို့ ၿမင္ၿပီး ငါ့ကို လြတ္လပ္ေသာနယ္ေၿမကေန ကန္ထုတ္ပစ္လုိက္ၾကတယ္ေလ ။ ရယ္ရသား .. ။
ဒီလုိနဲ့ တရုတ္ၿပည္ကို ၿပန္ေရာက္လာေတာ့ လြတ္လပ္ေသာနယ္ေၿမမွာ က်န္ေနခဲ့တဲ့လူေတြကုိ ၿပန္စုၿပီး အၿပစ္သားေၾကးစားေတြကုိ လက္ခံခဲ့တယ္ ။ အဲ့ဒီ ေရွးေဟာင္း စီ ကလန္က အဘုိးၾကီးေတြ အကုန္လံုး သူတုိ့ဆံုးၿဖတ္ခ်က္ကုိ ေနာင္တရသြားေစခ်င္တယ္ဆုိရင္ ငါ့အင္အားတုိးလာဖုိ့အတြက္ ငါ ဘာၿဖစ္ၿဖစ္ လုပ္ရမယ္ ။ သူတုိ့
ငါ့ကို ေရွးေဟာင္းစီကလန္ကေန ေမာင္းထုတ္ပစ္ လိုက္တဲ့အတြက္ လြတ္လပ္ေသာနယ္ေၿမကေန ကန္ထုတ္ပစ္လုိက္တဲ့အတြက္ တစ္ေန့မွာ ေနာင္တရေစ ရမယ္ ။ ဒါေပမယ့္ .. ေနာက္နွစ္ေပါင္းမ်ားစြာ ၾကာေတာ့
၉ ၾကီး အေရြးခံလိုက္ရၿပီး လြတ္လပ္ေသာနယ္ေၿမကုိ အေခၚခံသြားရတာကုိ ငါ နားကိုမလည္နုိင္ဘူး ။
၉ၾကီးက်ေတာ့ ေရွးေဟာင္းစီကလန္ရဲ့ ေသေသခ်ာခ်ာကုိ ေလ့က်င့္သင္ၾကား ေပးတာေတာင္ ခံလုိက္ရေသးတယ္”

ထိုစကားတြင္မူ စီပယင္၏မ်က္လံုးတုိ့မွာ ေၾကာက္ခမန္းလိလိကုိ ေအးစက္လာေလၿပီ ။

“၇ ၾကီး ဘာလို့လဲဆုိတာ ငါ့ကို ေၿပာစမ္းပါ ။
ငါက အၾကီးဆံုး .. မင္းတုိ့အားလံုးထဲမွာ ငါက ပုိသန္မာၿပီး ပုိဥာဏ္ထက္ရဲ့သားနဲ့ ငါက်ေတာ့ လြတ္လပ္ေသာနယ္ေၿမရဲ့ အေမာင္းထုတ္ခံလုိက္ရၿပီး ၉ ၾကီးက်ေတာ့ ေသေသခ်ာခ်ာ ေလ့က်င့္သင္ၾကားေပး ခံရတယ္ ။ ေၿပာေလ .. သူ မေသသင့္ဘူးလား”

………………………………………………………………………….........

စာစဥ္ ၇၃၊ အခန္း ၂၁။ စီ၀ူထင္း

ရီ၀မ္၀မ္သည္ အၾကီးဆံုးအစ္ကုိၾကီး စီ အား အေ၀းကေန မသိမသာ အကဲခတ္ေန၏ ။ ေရွးေဟာင္းစီကလန္ကေန ေရြးခ်ယ္လုိက္ၿပီး လြတ္လပ္ေသာနယ္ေၿမကို ေခၚသြားကာ အသင္ေပးခံရသူမွာ
သူ အရင္ဆံုး ၿဖစ္လိမ့္မည္ဟု သူမ တစ္ခါမွ မထင္ခဲ့ဖူးပါေခ် ။
သူသည္ အခုထိတုိင္ ေရငံုႏႈတ္ပိတ္ ေနခဲ့ၿပီး ၿဖဴစင္ေသာ ၊ ႏူးညံ့ေသာ ၊ ေၾကာက္တတ္ေသာ ၊ ဘာအႏၱရာယ္မွ မေပးတတ္ေသာဟန္ ၿဖင့္
စီ မိသားစုထဲတြင္ သိုသိပ္စြာ ေနခဲ့ေလသည္ ။ သို့ေသာ္ တကယ္တြင္ေတာ့ လြတ္လပ္ေသာနယ္ေၿမကေန ၿပန္ေရာက္ လာသည့္ သုိင္းပညာရွင္ၾကီး ၿဖစ္ေနေလသည္ ။ သူ ့လုိလူမ်ိဳးသည္ အလြန္တရာကို ေၾကာက္စရာ ေကာင္းလြန္းေပသည္ ။

“လြတ္လပ္ေသာနယ္ေၿမထဲမွာ ေနတုန္းက ငါ နာမည္တစ္ခု ထပ္ရလာခဲ့တယ္ ။ အဲ့ဒီနာမည္က စီ ၀ူ ထင္း”

အရုိးထိတုိင္ေအာင္ ေအးစက္လြန္းသည့္ အၿပံဳးတစ္ပြင့္သည္ စီပယင္၏မ်က္နွာထက္တြင္ ၿဖစ္တည္လာၿပီး အီလဲဗင္းတို့အား ၾကည့္လာေလၿပီ ။

“စီ၀ူထင္းလား တစ္ခုမွလဲ မၾကားဖူးဘူး”

ခုနစ္စင္ၾကယ္က နွာေခါင္းကို ပြတ္သပ္လာ၏ ။

လြတ္လပ္ေသာနယ္ေၿမထဲတြင္ စီ၀ူထင္းဆိုသည့္နာမည္အား ၾကယ္ခုနစ္သည္လည္း မၾကားဖူးေပ ။ သူသည္ ဘာမဟုတ္သည့္သူေလးတစ္ေယာက္သာ ၿဖစ္လိမ့္ေပမည္ ။ သုိ့ေသာ္လည္း ပထမအၾကီးအကဲနွင့္တတိယအၾကီးအကဲ တုိ့ကေတာ့ မ်က္နွာပ်က္သြားၾက၏ ။

ၾကယ္ခုနစ္နွင့္ ခုနစ္စင္ၾကယ္တုိ့သည္ ငယ္ရြယ္ေသးေသာေၾကာင့္ စီ၀ူထင္းကို မၾကားဖူးၾကပါေပ ။ သို့ေသာ္ ပထမအၾကီးအကဲနွင့္ တတိယအၾကီးအကဲတုိ့သည္ ကေတာ့ ေကာင္းေကာင္းၾကီးကုိ သိေနပါ၏ ။

ဟုိတုန္းက ဖိန့္ဖိန့္တုန္ဂုိဏ္းဆုိၿပီး မၿဖစ္လာခင္
စီ၀ူထင္းသည္ လြတ္လပ္ေသာနယ္ေၿမထဲက ေရွးေဟာင္းစီကလန္က ဥာဏ္ၾကီးရွင္တစ္ဦး ၿဖစ္ခဲ့၏ ။ ေနာက္ပုိင္းတြင္ သူသည္ ကလန္စည္းကမ္းကို ေဖာက္ဖ်က္ မိေသာေၾကာင့္ ေရွးေဟာင္းစီကလန္ကေန ေမာင္းထုတ္ခံ လုိက္ရေလသည္ ။ သို့ေသာ္လည္း စီ၀ူထင္းသည္ ေသြးဆာဂုိဏ္းကုိ တည္ေထာင္ခဲ့ၿပီး အၿပစ္သားေၾကးစား မ်ားကုိ ေတာက္ေလ်ွာက္ေခၚယူပစ္ခဲ့ကာ အင္အားကုိ ခ်ဲ့ထြင္ခဲ့ေလသည္ ။

ေနာင္တြင္ ပုိင္ဖန္းသည္ ဖိန့္ဖိန့္တုန္ဂုိဏ္းအား တည္ေထာင္ခဲ့ၿပီး လြတ္လပ္ေသာနယ္ေၿမကို ၿဖန့္က်က္ခဲ့ခ်ိန္တြင္ ေသြးဆာဂုိဏ္းနွင့္တစ္ခါ အၾကီးအက်ယ္ ၿငိခဲ့ဖူး၏ ။ ပုိင္ဖန္း ေပ်ာက္ကြယ္သြားၿပီးေနာက္တြင္ ေသြးဆာဂုိဏ္း သည္ ဖိန့္ဖိန့္တုန္ဂုိဏ္းအား အေသအေက် ၿပန္တုိက္ေသာေၾကာင့္ ဖိန့္ဖိန့္တုန္ဂုိဏ္းမွာ အထိၾကီး အထိနာခဲ့ရၿပီး သူတုိ့ဂုိဏ္းသားမ်ားစြာလည္း ထိုဂုိဏ္း၏ဖမ္းဆီးသြားၿခင္း ခံခဲ့ရေလသည္ ။

သူတုိ့ ဒီတစ္ေခါက္ တရုတ္ၿပည္ကို လာၾကၿခင္းမွာ
ထိုဥပေဒမဲ့ ရမ္းကားေနေသာ ဂုိဏ္းတစ္ဂုိဏ္းသည္ တရုတ္ၿပည္တြင္ ေရာက္ေနသည္ဆုိသည့္ သတင္းအတိအက် ရလုိက္မိၾက၍ ထိုဂုိဏ္းအေၾကာင္း စံုစမ္းရင္း တစ္ခုခုလုပ္ဖုိ့ရာအတြက္
ဂုိဏ္းခ်ဳပ္သည္ သူတုိ့ကို ေခၚလာခဲ့ၿခင္းၿဖစ္၏ ။

အဖမ္းခံထားရသည့္ ဖိန့္ဖိန့္တုန္ဂိုဏ္းသားမ်ားသည္ တရုတ္ၿပည္တြင္ ရွိေနသည္ဟု သတင္းရထားေသာေၾကာင့္ သူတုိ့သည္ ထုိသတင္းကုိ ဂုိဏ္းခ်ဳပ္အား ေၿပာၿပခဲ့၏ ။ ဂုိဏ္းခ်ဳပ္သည္ သူတို့ကုိ ေခၚၿပီး တရုတ္ၿပည္ကို ဆင္းလာခဲ့ၿခင္းမွာ မီးလ်ွံေက်ာင္းေတာ္မစ္ရွင္ကိစၥအၿပင္ ထိုဂုိဏ္းကို လုိက္ရွာကာ သူတုိ့ဂုိဏ္းသားမ်ားကုိ ၿပန္ကယ္ နုိင္မလား လာေလ့လာၿခင္းလည္း ၿဖစ္ေခ်သည္ ။

သူတို့ေရွ့က ထိုလူသည္ ထုိဥပေဒမဲ့ ထင္ရာစုိင္းေနသာ ဂုိဏ္း၏ ေခါင္းေဆာင္ စီ၀ူထင္း ၿဖစ္လိမ့္မည္ဟု ဘယ္သူ သိလိမ့္မည္နည္း ။

ထိုဂုိဏ္းေခါင္းေဆာင္သည္ အင္မတန္ လိ်ဳ့၀ွက္ဆန္းၾကယ္ၿပီး လြတ္လပ္ေသာနယ္ေၿမတြင္ တစ္ခါမွ လူေရွ့ထြက္မၿပသၿဖင့္ ဘယ္သူကမွ စီ၀ူထင္းကို မၿမင္ဖူးၾကေပ ။ အခု ၾကည့္ရသည္မွာ စီ၀ူထင္းသည္ တရုတ္ၿပည္တြင္ ေနၿပီး ထိုဂုိဏ္းအား အေ၀းကေန လွမ္းခ်ဳပ္ကုိင္ေနၿခင္း ၿဖစ္ေခ်ၿပီ ။

“စီပယင္ မင္း ေၿပာေနတာေတြ ငါ မသိဘူး ။ ဒါေပမယ့္ တကယ္ပဲ
မင္း ေၿပာသြားတဲ့အတုိင္း မင္းက တကယ္ ေတာ္တယ္ဆုိရင္ ၉ ၾကီးကုိ ကိုယ့္ဘာသာကုိယ္ သြားခ် ပါလား ။ ဘာလုိ့ ငါတုိ့ ညီအစ္ကုိေတြကုိ ဒုကၡေပးရတာလဲ”
အီလဲဗင္းသည္ သူ ့အား လက္ညွိဳးထုိးကာ ေအာ္ဟစ္၏ ။

စီပယင္သည္ ၿပံဳးလုိက္ၿပီး သက္ၿပင္းခ်လုိက္ကာ ေခါင္းယမ္းသည္ ။

“၇ ၾကီး ရာ ဒီနွစ္ေတြတစ္ေလ်ွာက္လံုး အၿပင္မွာပဲ အဆင္ေၿပေၿပ ေနလာခဲ့ေတာ့ ငါ မင္းကုိ ၂ ၾကီးနဲ့ ၈ ၾကီးတုိ့ထက္ ပုိဥာဏ္ေကာင္းေလာက္မယ္လုိ့ ထင္ထားခဲ့တာ ။
လက္စသတ္ေတာ့ မင္းကလဲ ငတံုးပဲ ၿဖစ္ေနတာပါလား ။
၉ ၾကီး က ေရွးေဟာင္းစီကလန္ရဲ့ အေရးတယူလုပ္ၿပီး သင္ၾကား ေပးခံထားရတဲ့ေကာင္ သူ ့ကို အားလံုးက တန္ဖိုးထားၾကတယ္ ။ ၉ၾကီးသာ ငါ့လက္ထဲမွာ ေသသြားလုိ့ကေတာ့ ေရွးေဟာင္းစီကလန္က ငါ့ကို အလြတ္ေပးပါေတာ့မလား ။ ဒါေပမယ့္
၉ ၾကီးက သူ ့အစ္ကုိေတြရဲ့ လက္ထဲမွာ ေသသြားခဲ့ရင္ေတာ့
အဲ့ဒါက ငါနဲ့ ဘာမွ မဆုိင္ေတာ့ဘူးေလ မဟုတ္ဘူးလား”

“ေခြးသေတာင္းစားေကာင္ … ငါတုိ့ေသတာကုိေရာ ေရွးေဟာင္းစီကလန္က ဘာမွ မလုပ္ဘဲ ထုိင္ၾကည့္ေနမယ္လုိ့ ထင္လား”

အီလဲဗင္းက ေဒါသထြက္စြာ ေအာ္ေမး၏ ။

စီပယင္ ေၿပာေနတာေတြက အမွန္ေတြ ဆုိရင္ သူနွင့္သူ၏ညီအစ္ကုိမ်ားသည္လည္း ေရွးေဟာင္းစီကလန္၀င္မ်ားပင္ ၿဖစ္ၾကေလၿပီ မဟုတ္လား ။

……………………………………………………………....................

စာစဥ္ ၇၃၊ အခန္း ၂၂။  သူမကုိ သတ္

“ဟားဟားဟား ..”

စီပယင္က မဲ့ရယ္ရယ္သြမ္း၏ ။

“ငါတုိ့လုိ အၿပင္ဘက္ကုိ ေရာက္ေနၾကတဲ့ ေသြးသားေတြက အမ်ားၾကီးပဲ ။ မင္းတုိ့ကို ေရွးေဟာင္းစီကလန္က မ်က္လံုးထဲေတာင္ မထည့္ဘူး ။ ဒါေပမယ့္ ၉ ၾကီးကေတာ့ မတူဘူး ။ ထားလုိက္ပါေတာ့ေလ ေၿပာၿပေနလဲ မင္းလုိငတံုးမ်ိဳးက နားလည္မွာမွ မဟုတ္တာ”

အီလဲဗင္းက ေဒါသထြက္စြာၿဖင့္ ၿပန္ေၿပာ၏ ။

“မင္းက ၉ ၾကီးက မင္းထက္ ေတာ္ေနလို့ကို မနာလုိမရႈစိမ့္ၿဖစ္ေနတာ ။ မင္းရဲ့မနာလုိစိတ္ေၾကာင့္ မငး္ရဲ့ညီအစ္ကုိေတြကို စေတးပစ္ခဲ့တာ ။ မင္းက မိစၧာတစ္ေကာင္နဲ့ ဘာကြာေသးလို့လဲ”

“မနာလုိတာလား” စီပယင္က ေခါင္းခါသည္ ။
“မင္း အၿပစ္တင္ခ်င္သပဆုိ ၉ ၾကီး ကံခ်ာတာကုိပဲ အၿပစ္တင္ေလ ။ ေရွးေဟာင္းစီကလန္က ငါ့ကို လြတ္လပ္ေသာနယ္ေၿမကေန ေမာင္းထုတ္မွေတာ့ ငါ သူတို့ကို ေနာင္တရေအာင္ လုပ္ၿပရမွာပဲ ။ သူတုိ့ေတြက ၉ၾကီးအေပၚမွာ ဒီေလာက္ေတာင္ သံေယာဇဥ္တြယ္ၿပေနမွ ေတာ့ ငါ ေသခ်ာေပါက္ ၉ ၾကီးကုိ သတ္ပစ္ရမွာေပ့ါ”

“ဒီေတာ့ စီရီဟန္က ရွင့္ထက္သာတယ္လို့ ရွင္ ၿမင္တာပဲ မလား” တံုဏွိဘာေ၀ ခပ္မဆိတ္သာေနေသာ ရီ၀မ္၀မ္က ရုတ္တရက္ ထေၿပာလာသည္ ။

စီပယင္က ခ်က္ခ်င္း ရီ၀မ္၀မ္ဘက္ကို လွည့္လုိက္၏ ။

“ဟက္ .. ဘာလဲ ခယ္မေလးက ၉ၾကီးက ငါ့ထက္ ပိုသန္မာတယ္လို့ ထင္ေနတာလား”

“အားက်ိဳက ပိုသန္မာတာလား ရွင္က ပုိသန္မာတာလား ဘယ္ဟာၿဖစ္ၿဖစ္ စိတ္မ၀င္စားဘူး ။ ဒါေပမယ့္ ၇ ၾကီးနဲ့ တၿခားညီအစ္ကုိေတြမွာ အားက်ိဳကုိ သတ္ပစ္နုိင္တဲ့ အရည္အခ်င္းရွိတယ္လုိ့ ရွင္ ဘယ္ကေန ယံုၾကည္ခ်က္ ရလာတာလဲကုိေတာ့ … တကယ္ သိခ်င္မိတယ္”

“အားက်ိဳက လြတ္လပ္ေသာနယ္ေၿမကေန ၿပန္လာတဲ့သူမွန္း ရွင္ သိေနမွေတာ့ .. တၿခားညီအစ္ကုိေတြ အားက်ိဳကို မယွဥ္နုိင္မွန္း ရွင္ ေကာင္းေကာင္းၾကီး သိမွာပဲ ။ ဒါနဲ့ေတာင္ ၇ ၾကီးနဲ့ တၿခားသူေတြကုိ အားက်ိဳကုိ သြားတုိက္ခုိင္းတယ္ ။ ဒါ မမ်ားလြန္းဘူးလား”

ရီ၀မ္၀မ္သည္ သူ ့မ်က္လံုးတု့ိကုိ စိုက္ၾကည့္ကာ ေမးလိုက္၏ ။

စီပယင္က ေခါင္းယမ္းကာ ေၿပာလာသည္ ။

“အဲ့ဒီကိစၥ မၿဖစ္ခင္ကဆုိရင္ေတာ့ ေသခ်ာေပါက္ ငါ့ညီေလးေတြ ရႈံးမွာေပါ့ ။ သူတုိ့ကုိ ၉ၾကီးကို သြားတုိက္ခုိင္းတာက ဟာသၾကီး ၿဖစ္ေနမွာပဲ”

“အဲ့ဒီကိစၥ က ..” ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္လိုက္မိ၏ ။

စီပယင္က ဘယ္ကိစၥကုိ ေၿပာေနတာလဲ ။

“ဘာလဲ .. မင္း မသိဘူးလား”

စီပယင္မွာ စိတ္ရႊင္သြားၿပီး သူမအား ၾကည့္လာသည္ ။

“ခယ္မေလး ၉ ၾကီး လြတ္လပ္ေသာနယ္ေၿမကေန ၿပန္လာရတာက မင္းေၾကာင့္ေလ”

စီပယင္၏စကားတြင္ လူတုိင္း အံ့ၿသသြားၾက၏ ။

“ဟားဟားဟား … ဟုိးတုန္းက လြတ္လပ္ေသာနယ္ေၿမမွာ
မင္းကို ကယ္ရရင္းနဲ့ ၉ ၾကီး ေသလုေမ်ာပါးဒဏ္ရာရ ခဲ့တာကို
မင္း မသိေသးဘူးကိုး”

“ၿပီးေတာ့ မင္း ၉ ၾကီးေနာက္ကေန စီ မိသားစုကုိ လုိက္လာေတာ့လဲ လူေသေကာင္ၾကီးအတုိင္းပဲ ေန့တုိင္း မ်က္ရည္နဲ့မ်က္ခြက္ ။ ေနာက္ဆံုးက်ေတာ့ မင္းပဲ မင္းမွတ္ဥာဏ္ေတြအကုန္လံုးကုိ ဖ်က္ပစ္ေပးဖုိ့ ၉ ၾကီးကုိ ေတာင္းပန္ခဲ့တာေလ”

“အင္းေပါ့ ၉ ၾကီးကလဲ မင္း ဒီလို ခံစားေနရတာမ်ိဳး
ၿမင္မွ မၿမင္ရက္တာ အဲ့ေတာ့ မင္း ဆႏၵရွိတဲ့အတုိင္းပဲ
သူ လုပ္ေပးတာေပါ့”

“အဲ့တုန္းက ၉ ၾကီးသာ ဒဏ္ရာမရခဲ့ရင္ သူ ့ကို သတ္ဖုိ့က မၿဖစ္နုိင္ဘူး .. ။ ဒါေပမယ့္ မင္းအတြက္နဲ့ ၉ ၾကီးက ဒဏ္ရာၿပင္းၿပင္းထန္ထန္ ရသြားလုိ့ သူ ့မွာ သုိင္းအစြမ္းက သုညနီးနီးေလာက္ပဲ ရွိေတာ့တာေလ ။ ငါ့ညီအစ္ကိုေတြနဲ့တင္
သူ ့ကုိ သတ္ဖို့ လံုေလာက္တာေပါ့”

“နွေမ်ာစရာ ေကာင္းလုိက္တာ ။ ၇ ၾကီးသာ ဟုိတုန္းက
မင္း ေသၿခင္းတရား၏နွင္းဆီ ေယာင္ ေဆာင္ခဲ့တာကို ေဖာ္ထုတ္ခဲ့လုိက္ရင္ အခုဆုိ ေသြးဆာဂုိဏ္းရဲ့လက္ခ်က္နဲ့
၉ ၾကီး နတ္ၿပည္ကုိ ၾကြသြားေလာက္ၿပီ ။
အခုထိ အသက္ရွင္ေနစရာကို မလိုဘူး”

စီပယင္က သက္ၿပင္းခ်ကာ ဆုိ၏ ။

စီပယင္၏စကားကို နားေထာင္ရင္း
ရီ၀မ္၀မ္ မ်က္နွာ ပ်က္ယြင္းလာမိေတာ့သည္ ။

သူမသည္ ထုိအေၾကာင္းကုိ ဘာဆုိဘာမွ မသိထားခဲ့ေပ ။

စီရီဟန္သည္ သူမကုိ ကယ္ရင္း ဒဏ္ရာရခဲ့တာတဲ့လား ။

ၿပီးေတာ့ မွတ္ဥာဏ္ဖ်က္ေပးဖုိ့ စီရီဟန္ကုိ ေတာင္းဆုိခဲ့သူက
သူမ လား .. ။ ဒါ ဘယ္လုိ ၿဖစ္နုိင္မွာလဲ ။

သို့ေသာ္ စီပယင္တြင္ လိမ္ေၿပာစရာ အေၾကာင္း မရွိေပ ။

“ထားလုိက္ပါေတာ့ စကားေၿပာလုိ့လဲ ၀ၿပီ”

စီပယင္သည္ အီလဲဗင္းအား ၿပံဳးၿပလုိက္ကာ ..

“၇ ၾကီး ငါ မင္းကို မသတ္ဘူး ။
ဒီေတာ့ ထြက္သြားလုိက္ေတာ့”

“ဒါေပမယ့္ သူကေတာ့ ၉ ၾကီးရဲ့ အခ်စ္ဆံုးမိန္းမဆိုေတာ့ ..
၉ၾကီး ခနေလာက္ စိတ္ဓာတ္က်ေအာင္ ငါ လုပ္လုိ့ရတယ္”

စီပယင္က ရီ၀မ္၀မ္ဘက္သုိ့ လွည့္လာသည္ ။

“တကယ္ေတာ့ မင္း ဘယ္သူလဲလုိ့ သိခ်င္မိသား .. ဒါေပမယ့္ အေရးေတာ့ မၾကီးပါဘူးေလ ။ ငါ့မ်က္လံုးထဲမွာေတာ့
မင္းက ၉ ၾကီးရဲ့ အခ်စ္ဆံုးေလး ၿဖစ္ေနတာနဲ့တင္ လံုေလာက္ၿပီ”

“စီပယင္ မင္း ဘာေၿပာလုိက္တာလဲ”

အီလဲဗင္းက ေအးစက္စြာ ထေအာ္သည္ ။

“ဟက္ … သူ ့ကုိ သတ္မယ္လုိ့ေလ”

စီပယင္က ခပ္ၿမဴးၿမဴးေလး ၿပန္ေၿဖေခ်သည္ ။

………………………………………………………………..................

စာစဥ္ ၇၃၊ အခန္း ၂၃။ ေသၿခင္းတရား၏နွင္းဆီရဲ့ ယခင္အဲရစ္

“လုပ္ရဲလား” အီလဲဗင္း ေဒါသထြက္သြား၏ ။

စီပယင္က ၿပံဳးလာကာ ခပ္ေအးေအး ေၿပာလာသည္ ။

“ငါက ဘယ္တုန္းကမွ ကုိယ္တုိင္ မသတ္ဘူး”

စီပယင္ ေၿပာလုိက္လ်ွင္ေၿပာလုိက္ခ်င္း ေအးစက္ေနသည့္မိန္းမတစ္ေယာက္သည္ အနားကေန တၿဖည္းၿဖည္းခ်င္း ေလ်ွာက္လာေလသည္ ။

“ခ်င္းရူရွီ …”

ထုိမိန္းမကို ၿမင္လိုက္ၿပီး အီလဲဗင္း မ်က္ေမွာင္ၾကဳတ္ သြားသည္ ။

“သခင္ၾကီး အဲရစ္”

ခ်င္းရူရွီသည္ အီလဲဗင္းအား လ်စ္လ်ဴရႈကာ
စီပယင္အား ၾကည့္လုိက္၏ ။

“အင္း …” စီပယင္သည္ ရယ္ေမာကာ ၿပန္ေၿဖသည္ ။

“ေသာက္က်ိဳးနည္း … မင္းက အဲရစ္မဟုတ္ဘူးလား ။
ဘယ္လုိလုပ္ၿပီး မင္းအစ္ကုိၾကီးက အဲရစ္ၿဖစ္သြားရတာလဲ”

ခုနစ္စင္ၾကယ္သည္ ခ်င္းရူရွီ စီပယင္ကုိ ေခၚလုိက္ပံုကုိ ၾကားလုိက္ၿပီး စိတ္ရႈပ္ေထြးသြားကာ အီလဲဗင္းဘက္ လွည့္ၾကည့္သည္ ။

“အဲရစ္က လူနာမည္ မဟုတ္ဘူး”

အီလဲဗင္းက ရွင္းၿပလာ၏ ။

“အဲရစ္ရဲ့ေနာက္ကြယ္မွာ အဓိပၸာယ္နွစ္ခု ရွိတယ္ ။ ပထမတစ္ခုက အဂၤလိပ္နာမည္ ‘အဲရစ္’ ။  ေနာက္တစ္ခုကေတာ့ .. ေခါင္းေဆာင္ … ။ ဟုိတုန္းက အစ္ကိုၾကီး စီပယင္ တရုတ္ၿပည္မွာ တိတ္တိတ္ေလး အင္အားတည္ေထာင္တုန္းက ငါ့ကုိ ၉ၾကီးကို သတ္ရတာလြယ္ေအာင္လုိ့ ဆုိၿပီး ေခါင္းေဆာင္လို့ အဓိပၸာယ္ရတဲ့ “အဲရစ္” လုိ့ နာမည္ေပးထားခဲ့တာ ။ တရုတ္ၿပည္မွာက
ငါ့နာမည္နဲ့ ထိပ္တန္းေၾကးစားေတြကုိ စုေဆာင္းလို့မရနုိင္ေပမယ့္လုိ့
အဲရစ္ဆုိတဲ့ ေခါင္းေဆာင္နာမည္ နဲ့ကေတာ့ အလုပ္ၿဖစ္တယ္”

“ေသာက္က်ိဳးနည္း ဒါဆုိ မင္းက အဲ့အဘိုးၾကီးရဲ့ အညာခံေနရတဲ့အၿပင္ကုိ သူ ့ရုပ္ေသးရုပ္ပါ ၿဖစ္ေနလိုက္ ေသးတာေပါ့ .. ေကာင္းတယ္ သိပ္ကုိ ေကာင္းတယ္”

ခုနစ္စင္ၾကယ္သည္ အီလဲဗင္းအား လက္မၾကီး ေထာင္ၿပလုိက္၏ ။

“ဟက္ .. အီလဲဗင္း မင္း ထပ္မွားၿပန္ၿပီ”

စီပယင္က အီလဲဗင္းအား ေၿပာေလၿပီ ။

“အဲရစ္ ဆုိတာက ေခါင္းေဆာင္လို့ ေခၚတဲ့အဓိပၸာယ္အၿပင္ကုိ လြတ္လပ္ေသာနယ္ေၿမမွာဆုိ ေနာက္ထပ္အဓိပၸာယ္တစ္ခု
ရွိေသးတယ္ … အၿငွိဳးနတ္ဆိုး …”

“အဲရစ္ .. အဲရစ္ … မဟုတ္မွလြဲ …”

ပထမအၾကီးအကဲမွာ မ်က္လံုးက်ဥ္းလာသည္ ။

တတိယအၾကီးအကဲသည္ပင္ အ့ံၿသမိသြား၏ ။

“အဲ့ဒါ ဘာအဓိပၸာယ္လဲ”

ရီ၀မ္၀မ္သည္ မ်က္ေမွာင္ၾကဳတ္ကာ ပထမအၾကီးအကဲအား ေမးလုိက္သည္ ။

အဲရစ္ဆုိုသည္က လူနာမည္ဟုသာ ရီ၀မ္၀မ္ အၿမဲတမ္း ထင္ထားခဲ့၏ ။

“ေသၿခင္းတရား၏နွင္းဆီ ပါ …”

ပထမအၾကီးအကဲသည္ ရီ၀မ္၀မ္နားနား ကပ္ကာ တုိးနုိင္သမွ် အတိုးဆံုးႏႈန္းၿဖင့္ ေၿပာေလသည္ ။

“ေသၿခင္းတရား၏နွင္းဆီလား”
ရီ၀မ္၀မ္ အံ့အားသင့္သြား၏ ။

သူတုိ့နဲ့ ေသၿခင္းတရား၏နွင္းဆီက ဘာဆုိင္လို့လဲ ။
ေသၿခင္းတရား၏နွင္းဆီက နန္ မိသားစုက ေရးထားတဲ့ ရုပ္ၿပဇာတ္လမ္းတစ္ပုဒ္ မဟုတ္ဘူးလား ။
မူပုိင္ခြင့္ေတြေတာင္ ေရာင္းထားၾကေသးတယ္ေလ ။

ရီ၀မ္၀မ္ စိတ္ရႈပ္ေထြးသြားေသာ္လည္း ထုတ္ေတာ့ မၿပေပ ။

“ဂုိဏ္းခ်ဳပ္ … ေသၿခင္းတရား၏နွင္းဆီကို သိတယ္မလား ။ ေသၿခင္းတရား၏နွင္းဆီ ရဲ့ အရင္တုန္းက နာမည္က အဲရစ္ပါ”

ပထမအၾကီးအကဲသည္ မေၿပာသင့္တာကို ေၿပာလုိက္မိသလို ၿဖစ္မွာကို ေၾကာက္ဟန္ၿဖင့္ ခပ္တုိးတုိးေလး ရွင္းၿပလာသည္ ။

ဒီေသာက္က်ိဳးနည္း ေသၿခင္းတရား၏နွင္းဆီက အရင္နာမည္ေတာင္ ရွိေနေသးတာလား ။ ဒါဆုိ အရင္နာမည္ရွိရင္ ဒုတိယနာမည္ တတိယနာမည္ ဆုိၿပီးလဲ ရွိဦးမွာလား ။

“ေသၿခင္းတရား၏နွင္းဆီ .. အားလံုးကေတာ့ လြတ္လပ္ေသာနယ္ေၿမရဲ့ အၿငွိဳးနတ္ဆုိးၾကီးေတြလို့ ေခၚၾကတယ္ ။ သူတို့အင္အားက ၾကီးလြန္းေတာ့ လြတ္လပ္ေသာနယ္ေၿမၾကီးကုိ ဟန္ခ်က္မညီနုိင္ ၿဖစ္သြားနုိင္ေစလုိ့ လြတ္လပ္ေသာနယ္ေၿမက ဒီတုိင္း ၿငိမ္မေနခဲ့ဘူး ။ အရင္ေသၿခင္းတရား၏နွင္းဆီကေတာ့ .. က်ြန္ေတာ္ သိပ္ၿပီး ရွင္းရွင္းလင္းလင္း မမွတ္မိေတာ့ဘူး ။ ဒါေပမယ့္ က်ြန္ေတာ့္အထင္ မမွားရင္ သူတို့ကို ေခၚတဲ့နာမည္က အဲရစ္ပဲ ။ လြတ္လပ္ေသာနယ္ေၿမထဲမွာ အရင္ေသၿခင္းတရား၏နွင္းဆီကုိ အၿငိွဳးနတ္ဆုိး လို့ ေခၚၾကတယ္ ။ အဲရစ္ဆုိတာကလဲ အဲ့ဒီအဓိပၸာယ္ပါပဲ”
ပထမအၾကီးအကဲသည္ မ်က္ေမွာင္ၾကီး ၾကဳတ္ေန၏ ။

လြတ္လပ္ေသာနယ္ေၿမထဲက ဘယ္သူကမွ ေသၿခင္းတရား၏နွင္းဆီအေၾကာင္းကို ထုတ္မေၿပာရဲၾကသလို ေသၿခင္းတရား၏နွင္းဆီ ေခ်မႈန္းခံရၿခင္း အေၾကာင္းရင္းကိုလည္း မေၿပာရဲၾကပါေခ် ။
ထို့ၿပင္ ေသၿခင္းတရား၏နွင္းဆီ ဘယ္လုိေခ်မႈန္းခံခဲ့ရသည္ ကို သိၾကသူမွာလည္း လူနည္းစု လူတစ္စုသာလွ်င္ ရွိ၏ ။

ရီ၀မ္၀မ္ ။ “…”

ဒါဆုိရင္ အမည္မရွိေသာနန္ ငါ့ကို ေပါက္ပန္းေလးဆယ္ေတြ ေလ်ွာက္ေၿပာသြားတာေပါ့ ။ သူ ေရးခဲ့တဲ့ဇာတ္လမ္းဆုိပဲ အဟြန္ ့ ။ ငါ့ဆီကေန ညာတာပါေတးနဲ့ မူပိုင္ခြင့္ခပါ ေတာင္းလုိက္ေသးတယ္ ။

……………………………………………………………………….........

စာစဥ္ ၇၃၊ အခန္း ၂၄။  ေသၿခင္းတရား၏နွင္းဆီ၀င္

သို့ေသာ္ အမည္မရွိေသာနန္နွင့္ နန္မိသားစုသည္ ေသၿခင္းတရား၏နွင္းဆီအေၾကာင္း ေၿပာၿခင္းကို တားၿမစ္ထားရၿခင္းအေၾကာင္းကို ရီ၀မ္၀မ္ နားမလည္နုိင္ပါေပ ။

ပထမအၾကီးအကဲ ေၿပာသြားပံုအရဆုိ လြတ္လပ္ေသာနယ္ေၿမထဲတြင္ ေသၿခင္းတရား၏နွင္းဆီ ဆုိေသာနာမည္မွာ တားၿမစ္ထားသည့္နာမည္ၾကီး ၿဖစ္ၿပီး ဘယ္သူကမွ အစေဖာ္မေၿပာရဲၾကပါေခ် ။ သုိ့ဆုိရင္ အနက္ေရာင္မုဆိုးမေယာင္ ေဆာင္ၿပီး ေသၿခင္းတရား၏နွင္းဆီ ဂုိဏ္းသစ္ကို ထပ္ဖြဲ ့ထားၿခင္းက … သူမ ကိုယ့္ေသတြင္းကို ရွာတူးေနမိၿခင္းေပလား ။

“ပထမအၾကီးအကဲ .. ေသၿခင္းတရား၏နွင္းဆီက ေခ်မႈန္းခံလိုက္ရတယ္လုိ့ ေၿပာလုိက္တာလား”

ရီ၀မ္၀မ္ ၿပီးစလြယ္ေမးလုိက္သလိုေလး ဟန္လုပ္ကာ
ေမးၾကည့္လုိက္၏ ။

ပထမအၾကီးအကဲက ရီ၀မ္၀မ္ကုိ ၾကည့္လာၿပီး
ေခါင္းယမ္းၿပကာ သူမနားနား ကပ္ေၿပာလာသည္ ။

“သိပ္ေတာ့ မေသခ်ာဘူး ဂုိဏ္းခ်ဳပ္ ။ ေသၿခင္းတရား၏နွင္းဆီက … ေပ်ာက္သြားတာ .. ေတာ္ေတာ္ၾကာေနၿပီ ။ ဒါေၾကာင့္
သူတုိ့ အေခ်မႈန္းခံလိုက္ရတယ္လို့ ထင္လုိက္တာပါ ။
ဒါက .. က်ြန္ေတာ့္တစ္ေယာက္ထဲရဲ့အၿမင္ သက္သက္ပါ ။ ေသၿခင္းတရား၏နွင္းဆီ ဘာၿဖစ္သြားသလဲေတာ့
ဘယ္သူမွ မသိၾကဘူး ဂုိဏ္းခ်ဳပ္”

ရီ၀မ္၀မ္ ေတြးဆသြား၏ ။

သူမသည္ အနက္ေရာင္မုဆိုးမေယာင္ ေဆာင္ၿပီး ေသၿခင္းတရား၏နွင္းဆီဂုိဏ္းကို တည္ေထာင္ကာ လူစုေဆာင္းေနခဲ့ခ်ိန္တြင္ ေသၿခင္းတရား၏နွင္းဆီ၀င္မ်ားမွာ သိုင္းပညာအစည္းအရံုးထဲတြင္ အဖမ္းခံထားရသည္ဟု ဂုိဏ္းသားသစ္မ်ားက ေၿပာသည္ကို ၾကားခဲ့ရ၏ ။ မဟုတ္မွလြဲေရာ … ဒီေနာက္တြင္ ေနာက္ထပ္လ်ိဳ့၀ွက္ခ်က္ ၾကီးမ်ား ရွိေနေလမလား ။

ထို့အၿပင္ အမည္မရွိေသာနန္နွင့္ နန္ တစ္မိသားစုလံုးသည္ ေသၿခင္းတရား၏နွင္းဆီအေၾကာင္းကို ဘယ္သူ ့ကိုမွ ေၿပာခြင့္မၿပဳသည့္အၿပင္ ဘာမွမသိနားမလည္ၾကသူမ်ားကုိလည္း ေသၿခင္းတရား၏နွင္းဆီ နွင့္ အနက္ေရာင္မုဆုိးမမွာ ရုပ္ၿပဇာတ္လမ္းမ်ားသာၿဖစ္ေၾကာင္း ယံုမွားေအာင္ လီဆယ္ေၿပာၾကေသးသည္ ။ မဟုတ္မွလြဲေရာ .. ေသၿခင္းတရား၏နွင္းဆီမွာ နန္ မိသားစုနွင့္မ်ား တစ္နည္းတစ္ဖံု ပတ္သက္ေနသည္လား ။

ရီ၀မ္၀မ္ မ်က္ေမွာင္ၾကီးၾကဳတ္ကာ တခနေလာက္ ေတြးၾကည့္လုိက္ၿပီးေနာက္ ထိုအေတြးကို ေဘးဖယ္ပစ္လုိက္၏ ။ ထိုသည္က သူမနွင့္ မဆုိင္ပါေခ် ။

သူမသည္ အနက္ေရာင္မုဆိုးမေယာင္ ေဆာင္ၿပီး ေသၿခင္းတရား၏နွင္းဆီ အသစ္ကို ဖန္တီးထားလုိက္ၿပီ ၿဖစ္ေသာေၾကာင့္ သူမ ဟုိကုိ ၿပန္ေရာက္သြားရင္
အမည္မရွိေသာနန္ကုိ ေမးၾကည့္လုိက္ရင္ ရေပသည္ ။ မေတာ္အခန့္မသိလုိ့ အေၿခအေနဆုိးလာပါက သူမလည္း ေသၿခင္းတရား၏နွင္းဆီ နာမည္ကို ၿပန္ေၿပာင္းပစ္လိုက္ရံု ရွိ၏ ။

“အဲရစ္က ဘာကို ကိုယ္စားၿပဳသလဲ သိခ်င္လား”

စီပယင္က မဲ့ၿပံဳးၿပံဳးလာသည္ ။

“ဟိုးေရွးေရွးတုန္းက ငါတုိ့ရဲ့ လြတ္လပ္ေသာနယ္ေၿမၾကီးထဲမွာ အဲရစ္ဆုိတာက ေသြးနဲ့ေသၿခင္းတရားကို ကုိယ္စားၿပဳတယ္ ..
ၿပီးေတာ့ အမုန္းတရားနဲ့ အၿငိွဳးတရားကုိ ကုိယ္စားၿပဳတယ္ ။
မင္းတုိ့ေတြ လြတ္လပ္ေသာနယ္ေၿမကို မၾကားဖူးရင္ေတာင္မွ ေသၿခင္းတရား၏နွင္းဆီကုိေတာ့ ၾကားဖူးေလာက္မွာပါ”

“ငါ လြတ္လပ္ေသာနယ္ေၿမရဲ့ စီ ကလန္ ကေန ေမာင္းထုတ္ခံခဲ့ရတဲ့ အေၾကာင္းအရင္းက ေသၿခင္းတရား၏နွင္းဆီထဲကုိ တိတ္တိတ္ေလး သြား၀င္ထားခဲ့မိလုိ့ပဲ”

“ကံမေကာင္းခ်င္ေတာ့ ငါ အဲ့ဒီဂုိဏ္းထဲ ၀င္၀င္ၿပီးခ်င္း သိပ္မၾကာဘူး ေရွးေဟာင္းစီကလန္က သိသြားတယ္ ။ အဲ့ဒီေနာက္ ငါ လြတ္လပ္ေသာနယ္ေၿမကေန ထြက္လာခဲ့ရေတာ့ တစ္ခ်ိန္လံုး ေသၿခင္းတရား၏နွင္းဆီ ဆီကုိပဲ ၿပန္သြားခ်င္ေနတာ .. ဒါေပမယ့္ ကံမေကာင္းခ်င္ေတာ့ ေသၿခင္းတရား၏နွင္းဆီက ေၿခရာလက္ရာမက်န္ေအာင္ကုိ လံုး၀ ေပ်ာက္သြားခဲ့တယ္ ။ ဘယ္လိုမွ လုိက္ရွာလို့ မရေတာ့ဘူး ။ အဲ့ဒါေၾကာင့္ ေသၿခင္းတရား၏နွင္းဆီက ငါ့ကို ရွာေတြ ့ၿပီး အဖြဲ ့ထဲ ၿပန္၀င္ခြင့္ေပးေအာင္လို့ဆုိၿပီး ‘အဲရစ္’ ဆုိတဲ့ နာမည္ကို ငါ သံုးလုိက္တာ”

စီပယင္သည္ သူတုိ့ကို ၾကည့္လုိက္ၿပီး
အထီးက်န္သည့္ အမူအရာၿဖင့္ ေခါင္းခါလာသည္ ။

“ထားလုိက္ပါေတာ့ မင္းတုိ့လုိလူေတြက ေရတြင္းထဲက ဖားသူငယ္ေတြပဲ ဥစၥာ … လြပ္လပ္ေသာနယ္ေၿမကို
ဘယ္လုိလုပ္ သိမွာလဲ”

စီပယင္သည္ အီလဲဗင္းဘက္ကို ထပ္လွည့္လိုက္ၿပီး ခပ္ေရးေရးေလး ၿပံဳးလုိက္ေလသည္ ။

“၇ ၾကီး … မင္း သိလား ။ အဲရစ္ဆိုတဲ့နာမည္ကို မင္းအၿပင္ ၂ ၾကီး ၊ ၃ ၾကီး နဲ့ ၈ ၾကီးကုိပါ ငါ ေပးထားခဲ့တာ ။ ဒါေပမယ့္ ကံမေကာင္းခ်င္ေတာ့ မင္းတုိ့အားလံုးက ငါ့ကုိ စိတ္ပ်က္ေစတဲ့ေကာင္ေတြခ်ည္းပဲ ။ အဲရစ္ဆုိတဲ့နာမည္ေတာင္ မင္းတုိ့ေကာင္ေတြေၾကာင့္ အရွက္ရရတယ္”

ခ်င္းရူရွီ၏မ်က္၀န္းတုိ့ ၀င္းပသြားၿပီး စီပယင္ဘက္ကို လွည့္လုိက္၏ ။

“အဲရစ္ဆုိတဲ့နာမည္ကုိ က်ြန္မကို ေပးလုိက္ပါလား သခင္ၾကီး .. ။
လံုး၀ စိတ္မပ်က္ေစရပါဘူး”

စီပယင္ ၿပံဳးလာသည္ ။

“သူတုိ့ကုိ သတ္ၿပီး မင္း ဘယ္ေလာက္ လက္ရည္တက္လာလဲကို အရင္ၿပစမ္းပါဦး”

“စိတ္ခ်ပါ”

ခ်င္းရူရွီသည္ ရီ၀မ္၀မ္အား အမူအရာကင္းမဲ့စြာ ၾကည့္လိုက္၏ ။

ထို့ေနာက္တြင္ စကားတစ္ခြန္း မဆုိေတာ့ဘဲ ခ်င္းရူရွီ
ရီ၀မ္၀မ္ဆီကုိ ၿဖည္းၿဖည္းခ်င္း ေလ်ွာက္လာေလၿပီ ။

သူမသည္ အဲရစ္နွင့္အတူ ရွိေနခဲ့စဥ္အတြင္း သိုင္းပညာေတာ္ေတာ္မ်ားမ်ားကို ေလ့လာခဲ့ရေသာေၾကာင့္ တစ္ခ်က္ထိုးလုိက္တာနဲ့ ရီ၀မ္၀မ္ လဲက်သြားလိမ့္မည္ဟု ထင္ထားခဲ့၏ ။

……………………………………………………………......................

စာစဥ္ ၇၃၊ အခန္း ၂၅။  ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ရဲ့ ကုိၾကီး ဗိုလ္

“မင္းတို့ေလးေယာက္ ထြက္သြားၾကစမ္း”

ခ်င္းရူရွီသည္ ရီ၀မ္၀မ္၏နံေဘးတြင္ ရွိေနသည့္ ၾကယ္ခုနစ္ ၊ ခုနစ္စင္ၾကယ္ နွင့္ အဘိုးၾကီးနွစ္ေယာက္အား ၾကည့္လုိက္သည္ ။
ခုနစ္စင္ၾကယ္သည္ မ်က္ေမွာင္ၾကဳတ္လုိက္ၿပီး
ရီ၀မ္၀မ္ဘက္ လွည့္ၾကည့္လုိက္၏ ။

“အစ္မ ၀မ္၀မ္ .. အဲ့မိန္းမကို ေသေအာင္ ရုိက္သတ္ပစ္လဲ ၿဖစ္တယ္မလား”

“လုပ္ခ်င္သလိုသာ လုပ္” ရီ၀မ္၀မ္ ပုခံုးတြန္ ့ၿပလိုက္၏ ။

“ဟုတ္”

ရီ၀မ္၀မ္ဆီက ခြင့္ၿပဳခ်က္ကို ရလုိက္ေသာေၾကာင့္
ခုနစ္စင္ၾကယ္သည္ ခ်င္းရူရွီကုိ ၾကည့္လုိက္ၿပီး
ေထ့ေစာင္းေတာ့သည္ ။

“မင္းကုိယ္မင္း ဘာေအာက္ေမ့ေနတာလဲ ။ လမ္းေဘးေခြးတစ္ေကာင္ကမ်ား အစ္မ၀မ္၀မ္နဲ့ ယွဥ္ခ်ရေအာင္ တူလို့လား တန္လုိ့လား”

“နင္ ေသေပေတာ့”

ခ်င္းရူရွီ၏မ်က္၀န္းတုိ့ ေအးစက္လာၿပီးေနာက္ ညာဘက္လက္ကို ေၿမွာက္ကာ ခုနစ္စင္ၾကယ္ကို အားၾကီးၿဖင့္ ရုိက္ခ်ပစ္လိုက္၏ ။
သူမ၏လက္ မက်ရေသးခင္ ခုနစ္စင္ၾကယ္သည္ ခ်က္ခ်င္း တားပစ္လုိက္ေလသည္ ။

ခ်င္းရူရွီ အံ့ၿသမိသြားၿပီး ခုနစ္စင္ၾကယ္အား ၾကည့္လုိက္မိ၏ ။

ရီ၀မ္၀မ္မွာ ဒီလုိသုိင္းပညာရွင္မ်ိဳး ရွိေနတာလား ။

“အာ … မင္းလုိ မေလာက္ေလးမေလာက္စားေလးကမ်ား စကားၾကီးစကားက်ယ္ေတြ သိပ္ေၿပာတာပါလား”

ခုနစ္စင္ၾကယ္သည္ သူ ့ညာလက္ကို ခပ္ၾကမ္းၾကမ္း ေရွ့တြန္းထုတ္ပစ္လုိက္ရာ ခ်င္းရူရွီ အေနာက္ကို လြင့္ပ်ံတက္သြားေတာ့၏ ။

ခ်င္းရူရွီ ေၿမေပၚကုိ မက်ခင္ ခုနစ္စင္ၾကယ္သည္ အေရွ့ကို တက္လာၿပီး သူမ၏ေၿခက်င္း၀တ္ကို ဖမ္းဆုပ္ပစ္ကာ ေၿမၾကီးေပၚ အားၿပင္းၿပင္းၿဖင့္ ေမႊ ့ကာ ရုိက္ခ်ပစ္ၿပန္သည္ ။

ေဖာင္းခနဲအသံၾကီးထြက္လာၿပီး ေၿမၾကီးမွာ ဖုန္အလူးလူး ထသြားရ၏ ။

ခ်င္းရူရွီ၏အသားအေရမွာလည္း ေသေလာက္ေအာင္ ၿဖဴေလ်ာ္သြားၿပီး ႏႈတ္ခမ္းကေန ေသြးတုိ့ စီးက်လာေလၿပီ ။

“အိုး …”

စီပယင္သည္ ခုနစ္စင္ၾကယ္အား စိတ္၀င္စားစြာ ၾကည့္မိသြား၏ ။

ထိုငနဲေလး၏ သုိင္းပညာအစြမ္းမွာ ေသခ်ာေပါက္ကို တရုတ္သုိင္းပညာရွင္ မဟုတ္ပါေခ် ။

ခ်င္းရူရွီသည္ အားကုန္ထုတ္ကာ ၿပန္ထလုိက္ရင္း
ခုနစ္စင္ၾကယ္အား မယံုၾကည္နုိင္စြာ ၾကည့္လုိက္မိ၏ ။

ဒီလူက ဘယ္ကလာတာလဲ ။
ဘယ္လိုလုပ္ ဒီေလာက္ေတာင္ အစြမ္းထက္ေနရတာလဲ .. ။

“စီပယင္ တစ္ခုေလာက္ ေမးၾကည့္ပါရေစ ။ လြတ္လပ္ေသာနယ္ေၿမမွာတုန္းက မင္းတုိ့ရဲ့ ေသြးဆာဂုိဏ္းက ဖိန့္ဖိန့္တုန္ဂုိဏ္းနဲ့ တုိက္ပြဲၿဖစ္ၿပီးေတာ့ မင္းတုိ့ ဖိန့္ဖိန့္တုန္ဂုိဏ္းသားေတြကုိ ဓားစာခံအေနနဲ့ ဖမ္းေခၚသြားၾကတယ္မလား ။ အဲ့ဒီလူေတြ အခု ဘယ္မွာလဲ”

ပထမအၾကီးအကဲက စီပယင္အား ၿဗဳန္းစားၾကီး ထေမးလိုက္၏ ။

စီပယင္ အံ့ၿသသြား၏ ။

ဒီလူေတြက လြတ္လပ္ေသာနယ္ေၿမ နဲ့ ဖိန့္ဖိန့္တုန္ဂုိဏ္းအေၾကာင္းကုိ သိေနၾကတာလား ။

“စိတ္၀င္စားစရာပဲ”

စီပယင္သည္ ပထမအၾကီးအကဲတုိ့ကုိ ၾကည့္ရင္း ေရရြတ္လိုက္သည္ ။

“ေဟ်ာင့္ အဘိုးၾကီး ငါတုိ့ မင္းကို ေမးခြန္းေမးေနတာ .. နားမပါဘူးလား” ခုနစ္စင္ၾကယ္က ထေထ့လုိက္သည္ ။

“မင္းတုိ့က ဘယ္သူေတြလဲဆိုတာ အရမ္းသိခ်င္လာၿပီ ။ ဖိန့္ဖိန့္တုန္ဂုိဏ္းကို ဘယ္လုိလုပ္ၿပီး သိေနၾကတာလဲ”
စီပယင္ ေမးလိုက္၏ ။

“ဘယ္လို .. မင္းက ဖိန့္ဖိန့္တုန္ဂုိဏ္းကို တုိက္တုန္းက တုိက္ခုိင္းရဲၿပီး ငါတုိ့ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ကုိေတာင္မွ မမွတ္မိဘူးလား”

တတိယအၾကီးအကဲက ေအးစက္စြာ ေမးခြန္းထုတ္လိုက္၏ ။

“မင္း ေၿပာေနတာက .. သူက ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ လို့လား”

စီပယင္သည္ ခ်က္ခ်င္းပင္ ရီ၀မ္၀မ္ကုိ ၾကည့္လုိက္မိ၏ ။

၉ ၾကီး သည္ ရီ၀မ္၀မ္ကုိ လြတ္လပ္ေသာနယ္ေၿမကေန ေခၚလာခဲ့ၿခင္းၿဖစ္ေသာေၾကာင့္ ..
ရီ၀မ္၀မ္သည္ လြတ္လပ္ေသာနယ္ေၿမသားမွန္းကိုေတာ့
စီပယင္ သိထားပါ၏ ။

သို့ေသာ္ .. လြတ္လပ္ေသာနယ္ေၿမထဲတြင္ ရွိေနသည့္ ရီ၀မ္၀မ္၏ သရုပ္မွန္ကုိမူ စီပယင္ မသိပါေခ် ။ စီရီဟန္သည္ ရီ၀မ္၀မ္အား တရုတ္ၿပည္ စီ မိသားစုဆီကုိ ေခၚလာခဲ့စဥ္တြင္ သူသည္ ထုိဥပေဒမဲ့ဂုိဏ္းအား လိုက္စံုစမ္းခိုင္းခဲ့ေသာ္လည္း ဘာကုိမွ မသိလာခဲ့ရသလို ဘာသတင္းကိုမွလည္း ေရေရရာရာ မရခဲ့ပါေခ် ။

အခုေတာ့ သူမသည္ ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ ၿဖစ္သည္ဟု ရီ၀မ္၀မ္နံေဘးတြင္ ရွိေနသည့္ အဘိုးၾကီးက ေၿပာေနေလၿပီ ။

ကိုၾကီး ဗိုလ္ … ပုိင္ ဖန္း လား ။

“ဖိန့္ .. ဖိန့္ဖိန့္တုန္လား .. ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ”

ခ်င္းရူရွီ၏မ်က္နွာ ၿဖဴစုတ္သြားၿပီး ရီ၀မ္၀မ္ဘက္ကုိ အံ့အားသင့္စြာ လွည့္ၾကည့္လုိက္မိသည္ ။

ခ်င္းရူရွီသည္ လြတ္လပ္ေသာနယ္ေၿမအေၾကာင္းနွင့္ လြတ္လပ္ေသာနယ္ေၿမထဲက ဂုိဏ္းမ်ားအေၾကာင္းကို မသိပါေသာ္လည္း ဖိန့္ဖိန့္တုန္ဂုိဏ္းသည္ လြတ္လပ္ေသာနယ္ေၿမထဲတြင္ ထိပ္တန္းဂုိဏ္းၾကီး တစ္ဂုိဏ္း ၿဖစ္ေၾကာင္း စီပယင္ ေၿပာတာကို ၾကားခဲ့ဖူးပါ၏ ။ တရုတ္ၿပည္တြင္ ရွိေနသည့္ စီ မိသားစုလုိ မိသားစုၾကီး အခု ၁၀၀၀၀ ရွိေနရင္ေတာင္ ဖိန့္ဖိန့္တုန္ဂုိဏ္းအား မမွီနုိင္ပါေခ် ။

………………………………………………………………………...........
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

စာစဥ္ ၇၃ ၿပီးပါၿပီ ။
ေပ်ာ္ရႊင္ဖြယ္ေန့ေလး ၿဖစ္ပါေစ ။

ႀကိဳတင္ဖတ္႐ႈလိုပါက စာစဥ္တစ္ခုကို ၅၀ဝ နဲ႔ paid group မွာ ဖတ္႐ႈလို႔ ရပါၿပီရွင္ ။
ေဘလႊဲရမယ့္နံပတ္ေလးကေတာ့ 09402842937 ပါ ။ ေကာင္းေသာညခ်မ္းေလး ျဖစ္ၾကပါေစ 😘

.....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  73
Chapter.          :  19 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၇၃၊ အခန်း ၁၉။  အားလုံး ငတုံးတွေ

စီပယင်သည် ပြုံးနေရင်းကနေ ရီဝမ်ဝမ်အား ကြည့်လိုက်ကာ ရယ်လာသည် ။

“ခယ်မလေး ဒါက ငါတို့ရဲ့မိသားစုကိစ္စပါ ။
ဘာလို့ မဆီမဆိုင် ဝင်ပါနေတာလဲ”

အီလဲဗင်း၏မျက်ဝန်းတို့မှာ အေးစက်ရိပ်တို့ ဖြာထွက်နေပြီး
စီပယင်အား ကြည့်ကာ မေးလေပြီ ။

“အစ်ကိုကြီး .. စီ ပ ယင် .. လင်းယွင် သေသွားတဲ့အကြောင်းကို ကျွန်တော် အစ်ကိုကြီးကို တစ်ခါမှ မပြောပြခဲ့ဖူးဘူး ။
အစ်ကိုကြီး ဘယ်လိုလုပ် သိသွားခဲ့တာလဲ”

စီပယင်က ထရယ်လာသည် ။

“၇ ကြီး ရာ အဲ့ဒါက အရေးပါလို့လား ။ မိန်းမတစ်ယောက်အတွက်နဲ့ ညီအစ်ကိုအချင်းချင်း စိတ်ဝမ်းကွဲစရာအကြောင်း မရှိဘူးလို့ ထင်တာပဲ ဟုတ်တယ်မလား”

အီလဲဗင်း၏မျက်နှာမှာ တင်းမာလာလေပြီ ။

“အစ်ကိုကြီးပဲ … လင်းယွင်ကို သတ်ခဲ့တာ အစ်ကိုကြီး”

“ငါလား” စီပယင်သည် တခနလောက် အံ့သြသွားပြီး ကိုယ့်ကိုယ်ကို လက်ညှိုးထိုးကာ ခေါင်းယမ်းသည် ။
“မင်းကောင်မလေးကို သတ်တဲ့သူက ဘယ်ကသာ
ငါရမှာလဲ ။ သူ့ကို သတ်တဲ့သူတွေက ငါ လွှတ်လိုက်တဲ့သူတွေ”

“စီပယင် … ခွေးသတောင်းစား”

အီလဲဗင်း ဒေါသအလွန်အကျူး ထွက်သွားလေပြီ ။

စီမိသားစုထဲက ညီအစ်ကို ၉ ယောက်ထဲတွင်
အနူးညံ့ဆုံး ၊ သူရဲဘောအကြောင်ဆုံး ၊ အဖြူထည်အဖြစ်ဆုံး
သူ့အစ်ကိုကြီးမှာ သူ့ကောင်မလေးကို သတ်ခဲ့သူ ဖြစ်နေပြီး သူတို့၏ညီလေး ၉ စီရီဟန်အား တမင်ချောက်ချခဲ့သူ ဖြစ်နေသည်ကို သူ လက်မခံနိုင်ပါချေ ။

“ဟက် ..” စီပယင်သည် ဒေါသစွေ့စွေ့ခုန်နေသည့် အီလဲဗင်းအား စိတ်ဆိုးခြင်းမရှိဘဲ ပြုံးလာလေသည် ။
“၇ ကြီး ဘာပဲပြောပြော ငါက မင်းရဲ့အစ်ကိုကြီးပါ ။ မိန်းမတစ်ယောက်ပဲကွာ ဘာဖြစ်လဲ မင်းလိုချင်ရင် တစ်ယောက်မဟုတ်ဘူး အများကြီး ကြိုက်သလောက် ယူလို့ရတယ် ။ မိန်းမတစ်ယောက်အတွက်နဲ့တော့ မင်းရဲ့အစ်ကိုကြီး ငါ့ကို သတ်မယ်လို့တော့ မပြောနဲ့နော်”

“မင်း …” စီပယင်ကို ကြည့်နေသည့် အီလဲဗင်းမှာ မျက်နှာကြီး မည်းပုတ်ပြာနှမ်းနေလေပြီ ။
“စီပယင် … စီမိသားစုရဲ့ အကြီးအကဲဆိုတဲ့ နေရာလေးအတွက်နဲ့
မင်း ငါ့ချစ်သူကို သတ်တယ် ၊
ညီလေး ၉ ကို ချောက်ချတယ် .. ငါတို့က ညီအစ်ကိုတွေ ဆိုတာ သတိမှ ရသေးရဲ့လား ။ မင်း လူမှ ဟုတ်ရဲ့လား”

စီပယင်သည် အေးအေးလူလူပင် ငှက်စာကို ကောက်ကိုင်လိုက်ပြီး
သူ့ဘေးနားက ငှက်များကို အစာကျွေးနေလေသည် ။
အမှန်တရားသည်ကား ဘွင်းဘွင်းကြီး ရှင်းလင်းနေချေပြီ ။

“စီ ညီအစ်ကိုတွေအားလုံး … ၂ကြီး ၊ ၃ ကြီး ၊ ၄ ကြီး ၊ ၅ ကြီး
နဲ့ … ၈ ကြီးတောင်မှ … မင်းသွေးခွဲလိုက်လို့ အကုန်လုံး အသက်စတေးကုန်ကြရတာ”
အီလဲဗင်းသည် သူ့အား ခက်ထန်ထန် ပြော၏ ။

“ဟက် … ၇ ကြီး .. မင်း အဲ့လို ပြောလို့တော့ မရဘူးလေ ။
ငါက သူတို့ကို ဓားထောက်ပြီးတော့ စီရီဟန်ကို သွားသတ်လို့
ပြောတာမှ မဟုတ်တာ ။ သူတို့ဟာသူတို့ လောဘကြီးလို့ ခံရတာလေ ။ ငါက သူတို့လောဘထဲ မီးစလေး ထပ်ထည့်ပေးလိုက်ရုံလေးပဲ ။ ဒါပေမယ့် မင်းကတော့ ထူးခြားပါတယ် ။ ဒီနှစ်တွေတစ်လျှောက်လုံး အပြင်မှာ စီးပွားရေးလုပ်လာတဲ့သူဆိုတော့ မင်း ပိုင်တဲ့ စီးပွား ၊ အာဏာကလည်း စီ မိသားစုထက်တော့ နည်းမှာ မဟုတ်ဘူး ။ ဒါကြောင့်မလို့သာ စီ အကြီးအကဲဆိုတဲ့ ရာထူးက မင်းကို မဆွဲဆောင်ထားနိုင်တာ ။ မင်းမှာ အားနည်ချက်ဆိုလို့ အဲ့ကောင်မလေး လင်းယွင်ပဲ ရှိတာ ။ အဲ့ဒီတော့လဲ လင်းယွင်ကို သတ်ပြီး စီရီဟန်က လုပ်တာပါလို့ ပြောရုံပဲ ရှိတော့တာပေါ့ ။ ဒါမှသာ မင်းလဲ စီရီဟန်ကို သတ်ချင်မှာ လေ ။ မင်းက အားနည်းချက်ကို လူသိအောင် ပြထားတာကိုး ဒီတော့ အစ်ကိုကြီးကို လာအပြစ်တင်လို့ မရဘူးလေ နော်” စီပယင်က ပြောသည် ။

“စီပယင် .. ငါ မင်းကို သတ်မယ်”

လင်းယွင်သည် စီပယင်လက်ထဲတွင် သေခဲ့ရသည်မှန်း သိလိုက်ရပြီးနောက်တွင် အီလဲဗင်း ဘယ်လိုမှ စိတ်ကို မထိန်းချုပ်နိုင်တော့ ။ မြေကြီးပေါ်က အုတ်နီခဲတစ်ခဲကို ကောက်ကိုင်လိုက်ပြီး စီပယင်၏ခေါင်းကို ပြေးပေါက်လေပြီ။

“ငတုံးကောင်”

စီပယင်သည် အီလဲဗင်းအား ကြည့်ကာ ညာလက်ကို အသာလေး မြှောက်လိုက်၏ ။

တခနအကြာတွင် အီလဲဗင်းမှာ လေထဲ မြောက်တက်သွားပြီး ဟိုးအနောက်ကို လွင့်ပျံသွားလေပြီ ။

အီလဲဗင်းသည် မြေကြီးပေါ် ပြုတ်ကျသွားရာကနေ မြန်မြန် ပြန်ထလိုက်ပါသော်လည်း မျက်နှာမှာ ဖျော့တော့သွားပြီး
နှုတ်ခမ်းမှာ ညိုမည်းစွဲနေလေပြီ ။

ကြယ်ခုနစ်နှင့်ခုနစ်စင်ကြယ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏ ။ ပထမအကြီးအကဲနှင့် တတိယအကြီးအကဲ သည်ပင် စီပယင်အား အံ့သြစွာ လှည့်ကြည့်မိကြသည် ။

တရုတ်ပြည်မှာလဲ ဒီလိုဆရာကြီးတစ်ယောက် တကယ်ရှိနေတာပါလား။

…………………………………………………………………….............

စာစဉ် ၇၃၊ အခန်း ၂၀။  စီ မိသားစု သမိုင်းကြောင်း

စီပယင်သည် အီလဲဗင်း ကုန်းထနေသည်ကို ကြည့်ရင်း
ပြုံးရယ်လိုက်၏ ။

“တကယ့်ငတုံးကောင် … စီရီဟန်ကို သတ်တာတောင် ကျရှုံးလာတယ် ။ မင်း သွေးဆာဂိုဏ်းကို ငှားထားတုန်းက အဲ့ဒီအချိန်က စီရီဟန် နိုင်ငံခြားမှာ ရောဂါဟောင်း ပြန်ထလာတဲ့အချိန် သူ့ကို သတ်ပစ်ဖို့ အကောင်းဆုံး အခွင့်အရေးရထားတာကို … ရီဝမ်ဝမ် သေခြင်းတရား၏ နှင်းဆီ ယောင် ဆောင်တာကို ဖော်ထုတ်လိုက်တာနဲ့တင် ကိစ္စက ပြတ်သွားမှာကို .. တုံးချက်ကတော့ ကမ်းကုန်တယ် ငတုံး ..”

“စီပယင် .. မင်း .. ။ စီမိသားစုရဲ့ အကြီးအကဲနေရာက ငါတို့ညီအစ်ကိုတွေအားလုံး အသက်စတေးရလောက်အောင် အဖိုးထိုက်တန်လို့လားကွ”

အီလဲဗင်းသည် သူ့အား လက်ညှိုးထိုးပြီး အော်ပြောလေ သည် ။

စီပယင်သည် မပြုံးချင့်ပြုံးချင် ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည် ။

“၇ ကြီးရာ မင်းတို့ကောင်တွေက ရေတွင်းထက်က ဖားသူငယ်ထက် မပိုကြဘူးကိုး ။ စီ မိသားစုက ငါ့အတွက်တော့ ဘာမှကို မဟုတ်ဘူး”

“ဒါဆိုရင် ဘာလို့ ဒီလိုနှလုံးသားမဲ့တဲ့ကိစ္စတွေ လုပ်ထားခဲ့တာလဲ”

အီလဲဗင်းသည် စီပယင်အား လုံးဝကို နားမလည်တော့ပေ ။

စီပယင်သည် စီ မိသားစုအကြီးအကဲနေရာအတွက် သူတို့ညီအစ်ကိုများကို စတေးပြီး စီရီဟန်ကို သတ်ဖို့လုပ်ခြင်းကို
သူ နားလည်နိုင်ပါ၏ ။ သို့သော် စီပယင်သည် စီ မိသားစုသည်
သူ့အတွက် ဘာမှ မဟုတ်ဟု ပြောနေလေသည် ။
သို့ဆိုရင် သူ ဘာကြောင့် ထိုအရာအားလုံးကို လုပ်ခဲ့သနည်း ။

“ဟက် … မင်းတို့လို ဖားသူငယ်တွေက စီမိသားစုရဲ့ သမိုင်းကြောင်းကို သိမယ့်ပုံလဲ မပေါ်ဘူး”

စီပယင်က မဲ့ရွဲ့၏ ။

“ထားပါတော့လေ အစ်ကိုကြီးတစ်ယောက်အနေနဲ့
ငါကပဲ ပြောပြရမှာပေါ့”

စီပယင်က အေးအေးလူလူ စကားဆက်သည် ။

“တကယ်တော့ ‘စီ’ ဆိုတာက ရှေးဟောင်းမိသားစုနာမည် ၊
ငါတို့စီ မိသားစု ဆိုတာက ရှေးဟောင်းစီကလန်ကြီးရဲ့ အနွယ်ဝင်တွေ ။ ဒါပေမယ့် ရှေးဟောင်း စီ ကလန် က တရုတ်ပြည်မှာ မရှိဘူး၊ လွတ်လပ်သောနယ်မြေလို့ ခေါ်တဲ့ နေရာမှာ ရှိတာ”

“ရှေးဟောင်းစီကလန် … ။ လွတ်လပ်သောနယ်မြေ …”

အီလဲဗင်း စိတ်ရှုပ်ထွေးသွား၏ ။

ရှေးဟောင်းစီကလန်က ဘာကြီးလဲ ။
လွတ်လပ်သောနယ်မြေကရော ဘာကြီးလဲ ။

ရှေးဟောင်းစီကလန်ဆိုသည်မှာ လွတ်လပ်သောနယ်မြေထဲတွင် တန်ခိုးသြဇာ လွှမ်းမိုးသော ကလန်ကြီးတစ်ခု ဖြစ်၏ ။ သို့သော်လည်း ရှေးဟောင်း စီကလန် သည် အလွန်အမင်း စည်းကမ်းတင်းကျပ်သည် ။ တကယ့်ကို ဉာဏ်ပညာထက်မြက်ထူးချွန်သည့် သိုင်းပညာတော်ပြီး အလားအလာရှိသည့် သူတို့စံနှုန်းများကို မှီသည့် သားစဉ်မြေးဆက်များသာလျှင် ရှေးဟောင်းစီကလန် ထဲ ကျန်ရှိခွင့် ရကြ၏ ။

“ငါတို့အဖေက မိုက်ရူးရဲဆန်လို့ ရှေးဟောင်းစီကလန်ကနေ မောင်းထုတ်ခံလိုက်ရတာ ။ တရုတ်ပြည်ကို ရောက်လာတော့
စီ မိသားစုကို တည်ထောင်လိုက်ပြီး ငါတို့ညီအစ်ကိုတွေကို မွေးခဲ့တယ်”

“ငါက သူတို့စံနှုန်းထဲ ဝင်တဲ့အတွက်ကြောင့် အရွယ်ရောက်တော့ လွတ်လပ်သောနယ်မြေကို ခေါ်သွားခံရပြီး ရှေးဟောင်းစီကလန်ရဲ့ လေ့ကျင့်သင်ကြားပေးတာကို ခံခဲ့ရတယ်”

စီပယင်ပြောနေသည့်ဇာတ်လမ်းကို နားထောင်ရင်း
အီလဲဗင်း ထိတ်လန့်လာရ၏ ။

သူတို့စီမိသားစုမှာ ဒီလိုလျို့ဝှက်ချက်မျိုး ရှိနေတာလား ။

“အဟက် ကံမကောင်းချင်တော့ ကလန်ရဲ့စည်းကမ်းတွေကို ချိုးဖောက်မိလို့ ငါ ရှေးဟောင်းစီကလန်ကနေ မောင်းထုတ် ခံလိုက်ရတယ် ။ ငါ့မှာ ရွေးချယ်စရာ မရှိတော့လို့ လွတ်လပ်သောနယ်မြေထဲမှာ ငါ့ကိုယ်ပိုင်အင်အားတစ်ခု တည်ထောင်လိုက်ရတယ် ။ ဒါပေမယ့် ရှေးဟောင်းစီကလန်က
ငါက သူတို့ဂုဏ်သိက္ခာကို ဖျက်ဆီး နေတယ်လို့ မြင်ပြီး ငါ့ကို လွတ်လပ်သောနယ်မြေကနေ ကန်ထုတ်ပစ်လိုက်ကြတယ်လေ ။ ရယ်ရသား .. ။
ဒီလိုနဲ့ တရုတ်ပြည်ကို ပြန်ရောက်လာတော့ လွတ်လပ်သောနယ်မြေမှာ ကျန်နေခဲ့တဲ့လူတွေကို ပြန်စုပြီး အပြစ်သားကြေးစားတွေကို လက်ခံခဲ့တယ် ။ အဲ့ဒီ ရှေးဟောင်း စီ ကလန်က အဘိုးကြီးတွေ အကုန်လုံး သူတို့ဆုံးဖြတ်ချက်ကို နောင်တရသွားစေချင်တယ်ဆိုရင် ငါ့အင်အားတိုးလာဖို့အတွက် ငါ ဘာဖြစ်ဖြစ် လုပ်ရမယ် ။ သူတို့
ငါ့ကို ရှေးဟောင်းစီကလန်ကနေ မောင်းထုတ်ပစ် လိုက်တဲ့အတွက် လွတ်လပ်သောနယ်မြေကနေ ကန်ထုတ်ပစ်လိုက်တဲ့အတွက် တစ်နေ့မှာ နောင်တရစေ ရမယ် ။ ဒါပေမယ့် .. နောက်နှစ်ပေါင်းများစွာ ကြာတော့
၉ ကြီး အရွေးခံလိုက်ရပြီး လွတ်လပ်သောနယ်မြေကို အခေါ်ခံသွားရတာကို ငါ နားကိုမလည်နိုင်ဘူး ။
၉ကြီးကျတော့ ရှေးဟောင်းစီကလန်ရဲ့ သေသေချာချာကို လေ့ကျင့်သင်ကြား ပေးတာတောင် ခံလိုက်ရသေးတယ်”

ထိုစကားတွင်မူ စီပယင်၏မျက်လုံးတို့မှာ ကြောက်ခမန်းလိလိကို အေးစက်လာလေပြီ ။

“၇ ကြီး ဘာလို့လဲဆိုတာ ငါ့ကို ပြောစမ်းပါ ။
ငါက အကြီးဆုံး .. မင်းတို့အားလုံးထဲမှာ ငါက ပိုသန်မာပြီး ပိုဉာဏ်ထက်ရဲ့သားနဲ့ ငါကျတော့ လွတ်လပ်သောနယ်မြေရဲ့ အမောင်းထုတ်ခံလိုက်ရပြီး ၉ ကြီးကျတော့ သေသေချာချာ လေ့ကျင့်သင်ကြားပေး ခံရတယ် ။ ပြောလေ .. သူ မသေသင့်ဘူးလား”

………………………………………………………………………….........

စာစဉ် ၇၃၊ အခန်း ၂၁။ စီဝူထင်း

ရီဝမ်ဝမ်သည် အကြီးဆုံးအစ်ကိုကြီး စီ အား အဝေးကနေ မသိမသာ အကဲခတ်နေ၏ ။ ရှေးဟောင်းစီကလန်ကနေ ရွေးချယ်လိုက်ပြီး လွတ်လပ်သောနယ်မြေကို ခေါ်သွားကာ အသင်ပေးခံရသူမှာ
သူ အရင်ဆုံး ဖြစ်လိမ့်မည်ဟု သူမ တစ်ခါမှ မထင်ခဲ့ဖူးပါချေ ။
သူသည် အခုထိတိုင် ရေငုံနှုတ်ပိတ် နေခဲ့ပြီး ဖြူစင်သော ၊ နူးညံ့သော ၊ ကြောက်တတ်သော ၊ ဘာအန္တရာယ်မှ မပေးတတ်သောဟန် ဖြင့်
စီ မိသားစုထဲတွင် သိုသိပ်စွာ နေခဲ့လေသည် ။ သို့သော် တကယ်တွင်တော့ လွတ်လပ်သောနယ်မြေကနေ ပြန်ရောက် လာသည့် သိုင်းပညာရှင်ကြီး ဖြစ်နေလေသည် ။ သူ့လိုလူမျိုးသည် အလွန်တရာကို ကြောက်စရာ ကောင်းလွန်းပေသည် ။

“လွတ်လပ်သောနယ်မြေထဲမှာ နေတုန်းက ငါ နာမည်တစ်ခု ထပ်ရလာခဲ့တယ် ။ အဲ့ဒီနာမည်က စီ ဝူ ထင်း”

အရိုးထိတိုင်အောင် အေးစက်လွန်းသည့် အပြုံးတစ်ပွင့်သည် စီပယင်၏မျက်နှာထက်တွင် ဖြစ်တည်လာပြီး အီလဲဗင်းတို့အား ကြည့်လာလေပြီ ။

“စီဝူထင်းလား တစ်ခုမှလဲ မကြားဖူးဘူး”

ခုနစ်စင်ကြယ်က နှာခေါင်းကို ပွတ်သပ်လာ၏ ။

လွတ်လပ်သောနယ်မြေထဲတွင် စီဝူထင်းဆိုသည့်နာမည်အား ကြယ်ခုနစ်သည်လည်း မကြားဖူးပေ ။ သူသည် ဘာမဟုတ်သည့်သူလေးတစ်ယောက်သာ ဖြစ်လိမ့်ပေမည် ။ သို့သော်လည်း ပထမအကြီးအကဲနှင့်တတိယအကြီးအကဲ တို့ကတော့ မျက်နှာပျက်သွားကြ၏ ။

ကြယ်ခုနစ်နှင့် ခုနစ်စင်ကြယ်တို့သည် ငယ်ရွယ်သေးသောကြောင့် စီဝူထင်းကို မကြားဖူးကြပါပေ ။ သို့သော် ပထမအကြီးအကဲနှင့် တတိယအကြီးအကဲတို့သည် ကတော့ ကောင်းကောင်းကြီးကို သိနေပါ၏ ။

ဟိုတုန်းက ဖိန့်ဖိန့်တုန်ဂိုဏ်းဆိုပြီး မဖြစ်လာခင်
စီဝူထင်းသည် လွတ်လပ်သောနယ်မြေထဲက ရှေးဟောင်းစီကလန်က ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ခဲ့၏ ။ နောက်ပိုင်းတွင် သူသည် ကလန်စည်းကမ်းကို ဖောက်ဖျက် မိသောကြောင့် ရှေးဟောင်းစီကလန်ကနေ မောင်းထုတ်ခံ လိုက်ရလေသည် ။ သို့သော်လည်း စီဝူထင်းသည် သွေးဆာဂိုဏ်းကို တည်ထောင်ခဲ့ပြီး အပြစ်သားကြေးစား များကို တောက်လျှောက်ခေါ်ယူပစ်ခဲ့ကာ အင်အားကို ချဲ့ထွင်ခဲ့လေသည် ။

နောင်တွင် ပိုင်ဖန်းသည် ဖိန့်ဖိန့်တုန်ဂိုဏ်းအား တည်ထောင်ခဲ့ပြီး လွတ်လပ်သောနယ်မြေကို ဖြန့်ကျက်ခဲ့ချိန်တွင် သွေးဆာဂိုဏ်းနှင့်တစ်ခါ အကြီးအကျယ် ငြိခဲ့ဖူး၏ ။ ပိုင်ဖန်း ပျောက်ကွယ်သွားပြီးနောက်တွင် သွေးဆာဂိုဏ်း သည် ဖိန့်ဖိန့်တုန်ဂိုဏ်းအား အသေအကျေ ပြန်တိုက်သောကြောင့် ဖိန့်ဖိန့်တုန်ဂိုဏ်းမှာ အထိကြီး အထိနာခဲ့ရပြီး သူတို့ဂိုဏ်းသားများစွာလည်း ထိုဂိုဏ်း၏ဖမ်းဆီးသွားခြင်း ခံခဲ့ရလေသည် ။

သူတို့ ဒီတစ်ခေါက် တရုတ်ပြည်ကို လာကြခြင်းမှာ
ထိုဥပဒေမဲ့ ရမ်းကားနေသော ဂိုဏ်းတစ်ဂိုဏ်းသည် တရုတ်ပြည်တွင် ရောက်နေသည်ဆိုသည့် သတင်းအတိအကျ ရလိုက်မိကြ၍ ထိုဂိုဏ်းအကြောင်း စုံစမ်းရင်း တစ်ခုခုလုပ်ဖို့ရာအတွက်
ဂိုဏ်းချုပ်သည် သူတို့ကို ခေါ်လာခဲ့ခြင်းဖြစ်၏ ။

အဖမ်းခံထားရသည့် ဖိန့်ဖိန့်တုန်ဂိုဏ်းသားများသည် တရုတ်ပြည်တွင် ရှိနေသည်ဟု သတင်းရထားသောကြောင့် သူတို့သည် ထိုသတင်းကို ဂိုဏ်းချုပ်အား ပြောပြခဲ့၏ ။ ဂိုဏ်းချုပ်သည် သူတို့ကို ခေါ်ပြီး တရုတ်ပြည်ကို ဆင်းလာခဲ့ခြင်းမှာ မီးလျှံကျောင်းတော်မစ်ရှင်ကိစ္စအပြင် ထိုဂိုဏ်းကို လိုက်ရှာကာ သူတို့ဂိုဏ်းသားများကို ပြန်ကယ် နိုင်မလား လာလေ့လာခြင်းလည်း ဖြစ်ချေသည် ။

သူတို့ရှေ့က ထိုလူသည် ထိုဥပဒေမဲ့ ထင်ရာစိုင်းနေသာ ဂိုဏ်း၏ ခေါင်းဆောင် စီဝူထင်း ဖြစ်လိမ့်မည်ဟု ဘယ်သူ သိလိမ့်မည်နည်း ။

ထိုဂိုဏ်းခေါင်းဆောင်သည် အင်မတန် လျို့ဝှက်ဆန်းကြယ်ပြီး လွတ်လပ်သောနယ်မြေတွင် တစ်ခါမှ လူရှေ့ထွက်မပြသဖြင့် ဘယ်သူကမှ စီဝူထင်းကို မမြင်ဖူးကြပေ ။ အခု ကြည့်ရသည်မှာ စီဝူထင်းသည် တရုတ်ပြည်တွင် နေပြီး ထိုဂိုဏ်းအား အဝေးကနေ လှမ်းချုပ်ကိုင်နေခြင်း ဖြစ်ချေပြီ ။

“စီပယင် မင်း ပြောနေတာတွေ ငါ မသိဘူး ။ ဒါပေမယ့် တကယ်ပဲ
မင်း ပြောသွားတဲ့အတိုင်း မင်းက တကယ် တော်တယ်ဆိုရင် ၉ ကြီးကို ကိုယ့်ဘာသာကိုယ် သွားချ ပါလား ။ ဘာလို့ ငါတို့ ညီအစ်ကိုတွေကို ဒုက္ခပေးရတာလဲ”
အီလဲဗင်းသည် သူ့အား လက်ညှိုးထိုးကာ အော်ဟစ်၏ ။

စီပယင်သည် ပြုံးလိုက်ပြီး သက်ပြင်းချလိုက်ကာ ခေါင်းယမ်းသည် ။

“၇ ကြီး ရာ ဒီနှစ်တွေတစ်လျှောက်လုံး အပြင်မှာပဲ အဆင်ပြေပြေ နေလာခဲ့တော့ ငါ မင်းကို ၂ ကြီးနဲ့ ၈ ကြီးတို့ထက် ပိုဉာဏ်ကောင်းလောက်မယ်လို့ ထင်ထားခဲ့တာ ။
လက်စသတ်တော့ မင်းကလဲ ငတုံးပဲ ဖြစ်နေတာပါလား ။
၉ ကြီး က ရှေးဟောင်းစီကလန်ရဲ့ အရေးတယူလုပ်ပြီး သင်ကြား ပေးခံထားရတဲ့ကောင် သူ့ကို အားလုံးက တန်ဖိုးထားကြတယ် ။ ၉ကြီးသာ ငါ့လက်ထဲမှာ သေသွားလို့ကတော့ ရှေးဟောင်းစီကလန်က ငါ့ကို အလွတ်ပေးပါတော့မလား ။ ဒါပေမယ့်
၉ ကြီးက သူ့အစ်ကိုတွေရဲ့ လက်ထဲမှာ သေသွားခဲ့ရင်တော့
အဲ့ဒါက ငါနဲ့ ဘာမှ မဆိုင်တော့ဘူးလေ မဟုတ်ဘူးလား”

“ခွေးသတောင်းစားကောင် … ငါတို့သေတာကိုရော ရှေးဟောင်းစီကလန်က ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေမယ်လို့ ထင်လား”

အီလဲဗင်းက ဒေါသထွက်စွာ အော်မေး၏ ။

စီပယင် ပြောနေတာတွေက အမှန်တွေ ဆိုရင် သူနှင့်သူ၏ညီအစ်ကိုများသည်လည်း ရှေးဟောင်းစီကလန်ဝင်များပင် ဖြစ်ကြလေပြီ မဟုတ်လား ။

……………………………………………………………....................

စာစဉ် ၇၃၊ အခန်း ၂၂။  သူမကို သတ်

“ဟားဟားဟား ..”

စီပယင်က မဲ့ရယ်ရယ်သွမ်း၏ ။

“ငါတို့လို အပြင်ဘက်ကို ရောက်နေကြတဲ့ သွေးသားတွေက အများကြီးပဲ ။ မင်းတို့ကို ရှေးဟောင်းစီကလန်က မျက်လုံးထဲတောင် မထည့်ဘူး ။ ဒါပေမယ့် ၉ ကြီးကတော့ မတူဘူး ။ ထားလိုက်ပါတော့လေ ပြောပြနေလဲ မင်းလိုငတုံးမျိုးက နားလည်မှာမှ မဟုတ်တာ”

အီလဲဗင်းက ဒေါသထွက်စွာဖြင့် ပြန်ပြော၏ ။

“မင်းက ၉ ကြီးက မင်းထက် တော်နေလို့ကို မနာလိုမရှုစိမ့်ဖြစ်နေတာ ။ မင်းရဲ့မနာလိုစိတ်ကြောင့် မင်းရဲ့ညီအစ်ကိုတွေကို စတေးပစ်ခဲ့တာ ။ မင်းက မိစ္ဆာတစ်ကောင်နဲ့ ဘာကွာသေးလို့လဲ”

“မနာလိုတာလား” စီပယင်က ခေါင်းခါသည် ။
“မင်း အပြစ်တင်ချင်သပဆို ၉ ကြီး ကံချာတာကိုပဲ အပြစ်တင်လေ ။ ရှေးဟောင်းစီကလန်က ငါ့ကို လွတ်လပ်သောနယ်မြေကနေ မောင်းထုတ်မှတော့ ငါ သူတို့ကို နောင်တရအောင် လုပ်ပြရမှာပဲ ။ သူတို့တွေက ၉ကြီးအပေါ်မှာ ဒီလောက်တောင် သံယောဇဉ်တွယ်ပြနေမှ တော့ ငါ သေချာပေါက် ၉ ကြီးကို သတ်ပစ်ရမှာပေ့ါ”

“ဒီတော့ စီရီဟန်က ရှင့်ထက်သာတယ်လို့ ရှင် မြင်တာပဲ မလား” တုံဏှိဘာေ၀ ခပ်မဆိတ်သာနေသော ရီဝမ်ဝမ်က ရုတ်တရက် ထပြောလာသည် ။

စီပယင်က ချက်ချင်း ရီဝမ်ဝမ်ဘက်ကို လှည့်လိုက်၏ ။

“ဟက် .. ဘာလဲ ခယ်မလေးက ၉ကြီးက ငါ့ထက် ပိုသန်မာတယ်လို့ ထင်နေတာလား”

“အားကျိုက ပိုသန်မာတာလား ရှင်က ပိုသန်မာတာလား ဘယ်ဟာဖြစ်ဖြစ် စိတ်မဝင်စားဘူး ။ ဒါပေမယ့် ၇ ကြီးနဲ့ တခြားညီအစ်ကိုတွေမှာ အားကျိုကို သတ်ပစ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ရှင် ဘယ်ကနေ ယုံကြည်ချက် ရလာတာလဲကိုတော့ … တကယ် သိချင်မိတယ်”

“အားကျိုက လွတ်လပ်သောနယ်မြေကနေ ပြန်လာတဲ့သူမှန်း ရှင် သိနေမှတော့ .. တခြားညီအစ်ကိုတွေ အားကျိုကို မယှဉ်နိုင်မှန်း ရှင် ကောင်းကောင်းကြီး သိမှာပဲ ။ ဒါနဲ့တောင် ၇ ကြီးနဲ့ တခြားသူတွေကို အားကျိုကို သွားတိုက်ခိုင်းတယ် ။ ဒါ မများလွန်းဘူးလား”

ရီဝမ်ဝမ်သည် သူ့မျက်လုံးတု့ိကို စိုက်ကြည့်ကာ မေးလိုက်၏ ။

စီပယင်က ခေါင်းယမ်းကာ ပြောလာသည် ။

“အဲ့ဒီကိစ္စ မဖြစ်ခင်ကဆိုရင်တော့ သေချာပေါက် ငါ့ညီလေးတွေ ရှုံးမှာပေါ့ ။ သူတို့ကို ၉ကြီးကို သွားတိုက်ခိုင်းတာက ဟာသကြီး ဖြစ်နေမှာပဲ”

“အဲ့ဒီကိစ္စ က ..” ရီဝမ်ဝမ် မျက်မှောင်ကြုတ်လိုက်မိ၏ ။

စီပယင်က ဘယ်ကိစ္စကို ပြောနေတာလဲ ။

“ဘာလဲ .. မင်း မသိဘူးလား”

စီပယင်မှာ စိတ်ရွှင်သွားပြီး သူမအား ကြည့်လာသည် ။

“ခယ်မလေး ၉ ကြီး လွတ်လပ်သောနယ်မြေကနေ ပြန်လာရတာက မင်းကြောင့်လေ”

စီပယင်၏စကားတွင် လူတိုင်း အံ့သြသွားကြ၏ ။

“ဟားဟားဟား … ဟိုးတုန်းက လွတ်လပ်သောနယ်မြေမှာ
မင်းကို ကယ်ရရင်းနဲ့ ၉ ကြီး သေလုမျောပါးဒဏ်ရာရ ခဲ့တာကို
မင်း မသိသေးဘူးကိုး”

“ပြီးတော့ မင်း ၉ ကြီးနောက်ကနေ စီ မိသားစုကို လိုက်လာတော့လဲ လူသေကောင်ကြီးအတိုင်းပဲ နေ့တိုင်း မျက်ရည်နဲ့မျက်ခွက် ။ နောက်ဆုံးကျတော့ မင်းပဲ မင်းမှတ်ဉာဏ်တွေအကုန်လုံးကို ဖျက်ပစ်ပေးဖို့ ၉ ကြီးကို တောင်းပန်ခဲ့တာလေ”

“အင်းပေါ့ ၉ ကြီးကလဲ မင်း ဒီလို ခံစားနေရတာမျိုး
မြင်မှ မမြင်ရက်တာ အဲ့တော့ မင်း ဆန္ဒရှိတဲ့အတိုင်းပဲ
သူ လုပ်ပေးတာပေါ့”

“အဲ့တုန်းက ၉ ကြီးသာ ဒဏ်ရာမရခဲ့ရင် သူ့ကို သတ်ဖို့က မဖြစ်နိုင်ဘူး .. ။ ဒါပေမယ့် မင်းအတွက်နဲ့ ၉ ကြီးက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလို့ သူ့မှာ သိုင်းအစွမ်းက သုညနီးနီးလောက်ပဲ ရှိတော့တာလေ ။ ငါ့ညီအစ်ကိုတွေနဲ့တင်
သူ့ကို သတ်ဖို့ လုံလောက်တာပေါ့”

“နှမျောစရာ ကောင်းလိုက်တာ ။ ၇ ကြီးသာ ဟိုတုန်းက
မင်း သေခြင်းတရား၏နှင်းဆီ ယောင် ဆောင်ခဲ့တာကို ဖော်ထုတ်ခဲ့လိုက်ရင် အခုဆို သွေးဆာဂိုဏ်းရဲ့လက်ချက်နဲ့
၉ ကြီး နတ်ပြည်ကို ကြွသွားလောက်ပြီ ။
အခုထိ အသက်ရှင်နေစရာကို မလိုဘူး”

စီပယင်က သက်ပြင်းချကာ ဆို၏ ။

စီပယင်၏စကားကို နားထောင်ရင်း
ရီဝမ်ဝမ် မျက်နှာ ပျက်ယွင်းလာမိတော့သည် ။

သူမသည် ထိုအကြောင်းကို ဘာဆိုဘာမှ မသိထားခဲ့ပေ ။

စီရီဟန်သည် သူမကို ကယ်ရင်း ဒဏ်ရာရခဲ့တာတဲ့လား ။

ပြီးတော့ မှတ်ဉာဏ်ဖျက်ပေးဖို့ စီရီဟန်ကို တောင်းဆိုခဲ့သူက
သူမ လား .. ။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ ။

သို့သော် စီပယင်တွင် လိမ်ပြောစရာ အကြောင်း မရှိပေ ။

“ထားလိုက်ပါတော့ စကားပြောလို့လဲ ဝပြီ”

စီပယင်သည် အီလဲဗင်းအား ပြုံးပြလိုက်ကာ ..

“၇ ကြီး ငါ မင်းကို မသတ်ဘူး ။
ဒီတော့ ထွက်သွားလိုက်တော့”

“ဒါပေမယ့် သူကတော့ ၉ ကြီးရဲ့ အချစ်ဆုံးမိန်းမဆိုတော့ ..
၉ကြီး ခနလောက် စိတ်ဓာတ်ကျအောင် ငါ လုပ်လို့ရတယ်”

စီပယင်က ရီဝမ်ဝမ်ဘက်သို့ လှည့်လာသည် ။

“တကယ်တော့ မင်း ဘယ်သူလဲလို့ သိချင်မိသား .. ဒါပေမယ့် အရေးတော့ မကြီးပါဘူးလေ ။ ငါ့မျက်လုံးထဲမှာတော့
မင်းက ၉ ကြီးရဲ့ အချစ်ဆုံးလေး ဖြစ်နေတာနဲ့တင် လုံလောက်ပြီ”

“စီပယင် မင်း ဘာပြောလိုက်တာလဲ”

အီလဲဗင်းက အေးစက်စွာ ထအော်သည် ။

“ဟက် … သူ့ကို သတ်မယ်လို့လေ”

စီပယင်က ခပ်မြူးမြူးလေး ပြန်ဖြေချေသည် ။

………………………………………………………………..................

စာစဉ် ၇၃၊ အခန်း ၂၃။ သေခြင်းတရား၏နှင်းဆီရဲ့ ယခင်အဲရစ်

“လုပ်ရဲလား” အီလဲဗင်း ဒေါသထွက်သွား၏ ။

စီပယင်က ပြုံးလာကာ ခပ်အေးအေး ပြောလာသည် ။

“ငါက ဘယ်တုန်းကမှ ကိုယ်တိုင် မသတ်ဘူး”

စီပယင် ပြောလိုက်လျှင်ပြောလိုက်ချင်း အေးစက်နေသည့်မိန်းမတစ်ယောက်သည် အနားကနေ တဖြည်းဖြည်းချင်း လျှောက်လာလေသည် ။

“ချင်းရူရှီ …”

ထိုမိန်းမကို မြင်လိုက်ပြီး အီလဲဗင်း မျက်မှောင်ကြုတ် သွားသည် ။

“သခင်ကြီး အဲရစ်”

ချင်းရူရှီသည် အီလဲဗင်းအား လျစ်လျူရှုကာ
စီပယင်အား ကြည့်လိုက်၏ ။

“အင်း …” စီပယင်သည် ရယ်မောကာ ပြန်ဖြေသည် ။

“သောက်ကျိုးနည်း … မင်းက အဲရစ်မဟုတ်ဘူးလား ။
ဘယ်လိုလုပ်ပြီး မင်းအစ်ကိုကြီးက အဲရစ်ဖြစ်သွားရတာလဲ”

ခုနစ်စင်ကြယ်သည် ချင်းရူရှီ စီပယင်ကို ခေါ်လိုက်ပုံကို ကြားလိုက်ပြီး စိတ်ရှုပ်ထွေးသွားကာ အီလဲဗင်းဘက် လှည့်ကြည့်သည် ။

“အဲရစ်က လူနာမည် မဟုတ်ဘူး”

အီလဲဗင်းက ရှင်းပြလာ၏ ။

“အဲရစ်ရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်နှစ်ခု ရှိတယ် ။ ပထမတစ်ခုက အင်္ဂလိပ်နာမည် ‘အဲရစ်’ ။  နောက်တစ်ခုကတော့ .. ခေါင်းဆောင် … ။ ဟိုတုန်းက အစ်ကိုကြီး စီပယင် တရုတ်ပြည်မှာ တိတ်တိတ်လေး အင်အားတည်ထောင်တုန်းက ငါ့ကို ၉ကြီးကို သတ်ရတာလွယ်အောင်လို့ ဆိုပြီး ခေါင်းဆောင်လို့ အဓိပ္ပာယ်ရတဲ့ “အဲရစ်” လို့ နာမည်ပေးထားခဲ့တာ ။ တရုတ်ပြည်မှာက
ငါ့နာမည်နဲ့ ထိပ်တန်းကြေးစားတွေကို စုဆောင်းလို့မရနိုင်ပေမယ့်လို့
အဲရစ်ဆိုတဲ့ ခေါင်းဆောင်နာမည် နဲ့ကတော့ အလုပ်ဖြစ်တယ်”

“သောက်ကျိုးနည်း ဒါဆို မင်းက အဲ့အဘိုးကြီးရဲ့ အညာခံနေရတဲ့အပြင်ကို သူ့ရုပ်သေးရုပ်ပါ ဖြစ်နေလိုက် သေးတာပေါ့ .. ကောင်းတယ် သိပ်ကို ကောင်းတယ်”

ခုနစ်စင်ကြယ်သည် အီလဲဗင်းအား လက်မကြီး ထောင်ပြလိုက်၏ ။

“ဟက် .. အီလဲဗင်း မင်း ထပ်မှားပြန်ပြီ”

စီပယင်က အီလဲဗင်းအား ပြောလေပြီ ။

“အဲရစ် ဆိုတာက ခေါင်းဆောင်လို့ ခေါ်တဲ့အဓိပ္ပာယ်အပြင်ကို လွတ်လပ်သောနယ်မြေမှာဆို နောက်ထပ်အဓိပ္ပာယ်တစ်ခု
ရှိသေးတယ် … အငြှိုးနတ်ဆိုး …”

“အဲရစ် .. အဲရစ် … မဟုတ်မှလွဲ …”

ပထမအကြီးအကဲမှာ မျက်လုံးကျဉ်းလာသည် ။

တတိယအကြီးအကဲသည်ပင် အံ့သြမိသွား၏ ။

“အဲ့ဒါ ဘာအဓိပ္ပာယ်လဲ”

ရီဝမ်ဝမ်သည် မျက်မှောင်ကြုတ်ကာ ပထမအကြီးအကဲအား မေးလိုက်သည် ။

အဲရစ်ဆိုသည်က လူနာမည်ဟုသာ ရီဝမ်ဝမ် အမြဲတမ်း ထင်ထားခဲ့၏ ။

“သေခြင်းတရား၏နှင်းဆီ ပါ …”

ပထမအကြီးအကဲသည် ရီဝမ်ဝမ်နားနား ကပ်ကာ တိုးနိုင်သမျှ အတိုးဆုံးနှုန်းဖြင့် ပြောလေသည် ။

“သေခြင်းတရား၏နှင်းဆီလား”
ရီဝမ်ဝမ် အံ့အားသင့်သွား၏ ။

သူတို့နဲ့ သေခြင်းတရား၏နှင်းဆီက ဘာဆိုင်လို့လဲ ။
သေခြင်းတရား၏နှင်းဆီက နန် မိသားစုက ရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူးလား ။
မူပိုင်ခွင့်တွေတောင် ရောင်းထားကြသေးတယ်လေ ။

ရီဝမ်ဝမ် စိတ်ရှုပ်ထွေးသွားသော်လည်း ထုတ်တော့ မပြပေ ။

“ဂိုဏ်းချုပ် … သေခြင်းတရား၏နှင်းဆီကို သိတယ်မလား ။ သေခြင်းတရား၏နှင်းဆီ ရဲ့ အရင်တုန်းက နာမည်က အဲရစ်ပါ”

ပထမအကြီးအကဲသည် မပြောသင့်တာကို ပြောလိုက်မိသလို ဖြစ်မှာကို ကြောက်ဟန်ဖြင့် ခပ်တိုးတိုးလေး ရှင်းပြလာသည် ။

ဒီသောက်ကျိုးနည်း သေခြင်းတရား၏နှင်းဆီက အရင်နာမည်တောင် ရှိနေသေးတာလား ။ ဒါဆို အရင်နာမည်ရှိရင် ဒုတိယနာမည် တတိယနာမည် ဆိုပြီးလဲ ရှိဦးမှာလား ။

“သေခြင်းတရား၏နှင်းဆီ .. အားလုံးကတော့ လွတ်လပ်သောနယ်မြေရဲ့ အငြှိုးနတ်ဆိုးကြီးတွေလို့ ခေါ်ကြတယ် ။ သူတို့အင်အားက ကြီးလွန်းတော့ လွတ်လပ်သောနယ်မြေကြီးကို ဟန်ချက်မညီနိုင် ဖြစ်သွားနိုင်စေလို့ လွတ်လပ်သောနယ်မြေက ဒီတိုင်း ငြိမ်မနေခဲ့ဘူး ။ အရင်သေခြင်းတရား၏နှင်းဆီကတော့ .. ကျွန်တော် သိပ်ပြီး ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး ။ ဒါပေမယ့် ကျွန်တော့်အထင် မမှားရင် သူတို့ကို ခေါ်တဲ့နာမည်က အဲရစ်ပဲ ။ လွတ်လပ်သောနယ်မြေထဲမှာ အရင်သေခြင်းတရား၏နှင်းဆီကို အငြှိုးနတ်ဆိုး လို့ ခေါ်ကြတယ် ။ အဲရစ်ဆိုတာကလဲ အဲ့ဒီအဓိပ္ပာယ်ပါပဲ”
ပထမအကြီးအကဲသည် မျက်မှောင်ကြီး ကြုတ်နေ၏ ။

လွတ်လပ်သောနယ်မြေထဲက ဘယ်သူကမှ သေခြင်းတရား၏နှင်းဆီအကြောင်းကို ထုတ်မပြောရဲကြသလို သေခြင်းတရား၏နှင်းဆီ ချေမှုန်းခံရခြင်း အကြောင်းရင်းကိုလည်း မပြောရဲကြပါချေ ။
ထို့ပြင် သေခြင်းတရား၏နှင်းဆီ ဘယ်လိုချေမှုန်းခံခဲ့ရသည် ကို သိကြသူမှာလည်း လူနည်းစု လူတစ်စုသာလျှင် ရှိ၏ ။

ရီဝမ်ဝမ် ။ “…”

ဒါဆိုရင် အမည်မရှိသောနန် ငါ့ကို ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောသွားတာပေါ့ ။ သူ ရေးခဲ့တဲ့ဇာတ်လမ်းဆိုပဲ အဟွန့် ။ ငါ့ဆီကနေ ညာတာပါတေးနဲ့ မူပိုင်ခွင့်ခပါ တောင်းလိုက်သေးတယ် ။

……………………………………………………………………….........

စာစဉ် ၇၃၊ အခန်း ၂၄။  သေခြင်းတရား၏နှင်းဆီဝင်

သို့သော် အမည်မရှိသောနန်နှင့် နန်မိသားစုသည် သေခြင်းတရား၏နှင်းဆီအကြောင်း ပြောခြင်းကို တားမြစ်ထားရခြင်းအကြောင်းကို ရီဝမ်ဝမ် နားမလည်နိုင်ပါပေ ။

ပထမအကြီးအကဲ ပြောသွားပုံအရဆို လွတ်လပ်သောနယ်မြေထဲတွင် သေခြင်းတရား၏နှင်းဆီ ဆိုသောနာမည်မှာ တားမြစ်ထားသည့်နာမည်ကြီး ဖြစ်ပြီး ဘယ်သူကမှ အစဖော်မပြောရဲကြပါချေ ။ သို့ဆိုရင် အနက်ရောင်မုဆိုးမယောင် ဆောင်ပြီး သေခြင်းတရား၏နှင်းဆီ ဂိုဏ်းသစ်ကို ထပ်ဖွဲ့ထားခြင်းက … သူမ ကိုယ့်သေတွင်းကို ရှာတူးနေမိခြင်းပေလား ။

“ပထမအကြီးအကဲ .. သေခြင်းတရား၏နှင်းဆီက ချေမှုန်းခံလိုက်ရတယ်လို့ ပြောလိုက်တာလား”

ရီဝမ်ဝမ် ပြီးစလွယ်မေးလိုက်သလိုလေး ဟန်လုပ်ကာ
မေးကြည့်လိုက်၏ ။

ပထမအကြီးအကဲက ရီဝမ်ဝမ်ကို ကြည့်လာပြီး
ခေါင်းယမ်းပြကာ သူမနားနား ကပ်ပြောလာသည် ။

“သိပ်တော့ မသေချာဘူး ဂိုဏ်းချုပ် ။ သေခြင်းတရား၏နှင်းဆီက … ပျောက်သွားတာ .. တော်တော်ကြာနေပြီ ။ ဒါကြောင့်
သူတို့ အချေမှုန်းခံလိုက်ရတယ်လို့ ထင်လိုက်တာပါ ။
ဒါက .. ကျွန်တော့်တစ်ယောက်ထဲရဲ့အမြင် သက်သက်ပါ ။ သေခြင်းတရား၏နှင်းဆီ ဘာဖြစ်သွားသလဲတော့
ဘယ်သူမှ မသိကြဘူး ဂိုဏ်းချုပ်”

ရီဝမ်ဝမ် တွေးဆသွား၏ ။

သူမသည် အနက်ရောင်မုဆိုးမယောင် ဆောင်ပြီး သေခြင်းတရား၏နှင်းဆီဂိုဏ်းကို တည်ထောင်ကာ လူစုဆောင်းနေခဲ့ချိန်တွင် သေခြင်းတရား၏နှင်းဆီဝင်များမှာ သိုင်းပညာအစည်းအရုံးထဲတွင် အဖမ်းခံထားရသည်ဟု ဂိုဏ်းသားသစ်များက ပြောသည်ကို ကြားခဲ့ရ၏ ။ မဟုတ်မှလွဲရော … ဒီနောက်တွင် နောက်ထပ်လျို့ဝှက်ချက် ကြီးများ ရှိနေလေမလား ။

ထို့အပြင် အမည်မရှိသောနန်နှင့် နန် တစ်မိသားစုလုံးသည် သေခြင်းတရား၏နှင်းဆီအကြောင်းကို ဘယ်သူ့ကိုမှ ပြောခွင့်မပြုသည့်အပြင် ဘာမှမသိနားမလည်ကြသူများကိုလည်း သေခြင်းတရား၏နှင်းဆီ နှင့် အနက်ရောင်မုဆိုးမမှာ ရုပ်ပြဇာတ်လမ်းများသာဖြစ်ကြောင်း ယုံမှားအောင် လီဆယ်ပြောကြသေးသည် ။ မဟုတ်မှလွဲရော .. သေခြင်းတရား၏နှင်းဆီမှာ နန် မိသားစုနှင့်များ တစ်နည်းတစ်ဖုံ ပတ်သက်နေသည်လား ။

ရီဝမ်ဝမ် မျက်မှောင်ကြီးကြုတ်ကာ တခနလောက် တွေးကြည့်လိုက်ပြီးနောက် ထိုအတွေးကို ဘေးဖယ်ပစ်လိုက်၏ ။ ထိုသည်က သူမနှင့် မဆိုင်ပါချေ ။

သူမသည် အနက်ရောင်မုဆိုးမယောင် ဆောင်ပြီး သေခြင်းတရား၏နှင်းဆီ အသစ်ကို ဖန်တီးထားလိုက်ပြီ ဖြစ်သောကြောင့် သူမ ဟိုကို ပြန်ရောက်သွားရင်
အမည်မရှိသောနန်ကို မေးကြည့်လိုက်ရင် ရပေသည် ။ မတော်အခန့်မသိလို့ အခြေအနေဆိုးလာပါက သူမလည်း သေခြင်းတရား၏နှင်းဆီ နာမည်ကို ပြန်ပြောင်းပစ်လိုက်ရုံ ရှိ၏ ။

“အဲရစ်က ဘာကို ကိုယ်စားပြုသလဲ သိချင်လား”

စီပယင်က မဲ့ပြုံးပြုံးလာသည် ။

“ဟိုးရှေးရှေးတုန်းက ငါတို့ရဲ့ လွတ်လပ်သောနယ်မြေကြီးထဲမှာ အဲရစ်ဆိုတာက သွေးနဲ့သေခြင်းတရားကို ကိုယ်စားပြုတယ် ..
ပြီးတော့ အမုန်းတရားနဲ့ အငြှိုးတရားကို ကိုယ်စားပြုတယ် ။
မင်းတို့တွေ လွတ်လပ်သောနယ်မြေကို မကြားဖူးရင်တောင်မှ သေခြင်းတရား၏နှင်းဆီကိုတော့ ကြားဖူးလောက်မှာပါ”

“ငါ လွတ်လပ်သောနယ်မြေရဲ့ စီ ကလန် ကနေ မောင်းထုတ်ခံခဲ့ရတဲ့ အကြောင်းအရင်းက သေခြင်းတရား၏နှင်းဆီထဲကို တိတ်တိတ်လေး သွားဝင်ထားခဲ့မိလို့ပဲ”

“ကံမကောင်းချင်တော့ ငါ အဲ့ဒီဂိုဏ်းထဲ ဝင်ဝင်ပြီးချင်း သိပ်မကြာဘူး ရှေးဟောင်းစီကလန်က သိသွားတယ် ။ အဲ့ဒီနောက် ငါ လွတ်လပ်သောနယ်မြေကနေ ထွက်လာခဲ့ရတော့ တစ်ချိန်လုံး သေခြင်းတရား၏နှင်းဆီ ဆီကိုပဲ ပြန်သွားချင်နေတာ .. ဒါပေမယ့် ကံမကောင်းချင်တော့ သေခြင်းတရား၏နှင်းဆီက ခြေရာလက်ရာမကျန်အောင်ကို လုံး၀ ပျောက်သွားခဲ့တယ် ။ ဘယ်လိုမှ လိုက်ရှာလို့ မရတော့ဘူး ။ အဲ့ဒါကြောင့် သေခြင်းတရား၏နှင်းဆီက ငါ့ကို ရှာတွေ့ပြီး အဖွဲ့ထဲ ပြန်ဝင်ခွင့်ပေးအောင်လို့ဆိုပြီး ‘အဲရစ်’ ဆိုတဲ့ နာမည်ကို ငါ သုံးလိုက်တာ”

စီပယင်သည် သူတို့ကို ကြည့်လိုက်ပြီး
အထီးကျန်သည့် အမူအရာဖြင့် ခေါင်းခါလာသည် ။

“ထားလိုက်ပါတော့ မင်းတို့လိုလူတွေက ရေတွင်းထဲက ဖားသူငယ်တွေပဲ ဥစ္စာ … လွပ်လပ်သောနယ်မြေကို
ဘယ်လိုလုပ် သိမှာလဲ”

စီပယင်သည် အီလဲဗင်းဘက်ကို ထပ်လှည့်လိုက်ပြီး ခပ်ရေးရေးလေး ပြုံးလိုက်လေသည် ။

“၇ ကြီး … မင်း သိလား ။ အဲရစ်ဆိုတဲ့နာမည်ကို မင်းအပြင် ၂ ကြီး ၊ ၃ ကြီး နဲ့ ၈ ကြီးကိုပါ ငါ ပေးထားခဲ့တာ ။ ဒါပေမယ့် ကံမကောင်းချင်တော့ မင်းတို့အားလုံးက ငါ့ကို စိတ်ပျက်စေတဲ့ကောင်တွေချည်းပဲ ။ အဲရစ်ဆိုတဲ့နာမည်တောင် မင်းတို့ကောင်တွေကြောင့် အရှက်ရရတယ်”

ချင်းရူရှီ၏မျက်ဝန်းတို့ ဝင်းပသွားပြီး စီပယင်ဘက်ကို လှည့်လိုက်၏ ။

“အဲရစ်ဆိုတဲ့နာမည်ကို ကျွန်မကို ပေးလိုက်ပါလား သခင်ကြီး .. ။
လုံး၀ စိတ်မပျက်စေရပါဘူး”

စီပယင် ပြုံးလာသည် ။

“သူတို့ကို သတ်ပြီး မင်း ဘယ်လောက် လက်ရည်တက်လာလဲကို အရင်ပြစမ်းပါဦး”

“စိတ်ချပါ”

ချင်းရူရှီသည် ရီဝမ်ဝမ်အား အမူအရာကင်းမဲ့စွာ ကြည့်လိုက်၏ ။

ထို့နောက်တွင် စကားတစ်ခွန်း မဆိုတော့ဘဲ ချင်းရူရှီ
ရီဝမ်ဝမ်ဆီကို ဖြည်းဖြည်းချင်း လျှောက်လာလေပြီ ။

သူမသည် အဲရစ်နှင့်အတူ ရှိနေခဲ့စဉ်အတွင်း သိုင်းပညာတော်တော်များများကို လေ့လာခဲ့ရသောကြောင့် တစ်ချက်ထိုးလိုက်တာနဲ့ ရီဝမ်ဝမ် လဲကျသွားလိမ့်မည်ဟု ထင်ထားခဲ့၏ ။

……………………………………………………………......................

စာစဉ် ၇၃၊ အခန်း ၂၅။  ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ်ရဲ့ ကိုကြီး ဗိုလ်

“မင်းတို့လေးယောက် ထွက်သွားကြစမ်း”

ချင်းရူရှီသည် ရီဝမ်ဝမ်၏နံဘေးတွင် ရှိနေသည့် ကြယ်ခုနစ် ၊ ခုနစ်စင်ကြယ် နှင့် အဘိုးကြီးနှစ်ယောက်အား ကြည့်လိုက်သည် ။
ခုနစ်စင်ကြယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး
ရီဝမ်ဝမ်ဘက် လှည့်ကြည့်လိုက်၏ ။

“အစ်မ ဝမ်ဝမ် .. အဲ့မိန်းမကို သေအောင် ရိုက်သတ်ပစ်လဲ ဖြစ်တယ်မလား”

“လုပ်ချင်သလိုသာ လုပ်” ရီဝမ်ဝမ် ပုခုံးတွန့်ပြလိုက်၏ ။

“ဟုတ်”

ရီဝမ်ဝမ်ဆီက ခွင့်ပြုချက်ကို ရလိုက်သောကြောင့်
ခုနစ်စင်ကြယ်သည် ချင်းရူရှီကို ကြည့်လိုက်ပြီး
ထေ့စောင်းတော့သည် ။

“မင်းကိုယ်မင်း ဘာအောက်မေ့နေတာလဲ ။ လမ်းဘေးခွေးတစ်ကောင်ကများ အစ်မဝမ်ဝမ်နဲ့ ယှဉ်ချရအောင် တူလို့လား တန်လို့လား”

“နင် သေပေတော့”

ချင်းရူရှီ၏မျက်ဝန်းတို့ အေးစက်လာပြီးနောက် ညာဘက်လက်ကို မြှောက်ကာ ခုနစ်စင်ကြယ်ကို အားကြီးဖြင့် ရိုက်ချပစ်လိုက်၏ ။
သူမ၏လက် မကျရသေးခင် ခုနစ်စင်ကြယ်သည် ချက်ချင်း တားပစ်လိုက်လေသည် ။

ချင်းရူရှီ အံ့သြမိသွားပြီး ခုနစ်စင်ကြယ်အား ကြည့်လိုက်မိ၏ ။

ရီဝမ်ဝမ်မှာ ဒီလိုသိုင်းပညာရှင်မျိုး ရှိနေတာလား ။

“အာ … မင်းလို မလောက်လေးမလောက်စားလေးကများ စကားကြီးစကားကျယ်တွေ သိပ်ပြောတာပါလား”

ခုနစ်စင်ကြယ်သည် သူ့ညာလက်ကို ခပ်ကြမ်းကြမ်း ရှေ့တွန်းထုတ်ပစ်လိုက်ရာ ချင်းရူရှီ အနောက်ကို လွင့်ပျံတက်သွားတော့၏ ။

ချင်းရူရှီ မြေပေါ်ကို မကျခင် ခုနစ်စင်ကြယ်သည် အရှေ့ကို တက်လာပြီး သူမ၏ခြေကျင်းဝတ်ကို ဖမ်းဆုပ်ပစ်ကာ မြေကြီးပေါ် အားပြင်းပြင်းဖြင့် မွှေ့ကာ ရိုက်ချပစ်ပြန်သည် ။

ဖောင်းခနဲအသံကြီးထွက်လာပြီး မြေကြီးမှာ ဖုန်အလူးလူး ထသွားရ၏ ။

ချင်းရူရှီ၏အသားအရေမှာလည်း သေလောက်အောင် ဖြူလျော်သွားပြီး နှုတ်ခမ်းကနေ သွေးတို့ စီးကျလာလေပြီ ။

“အိုး …”

စီပယင်သည် ခုနစ်စင်ကြယ်အား စိတ်ဝင်စားစွာ ကြည့်မိသွား၏ ။

ထိုငနဲလေး၏ သိုင်းပညာအစွမ်းမှာ သေချာပေါက်ကို တရုတ်သိုင်းပညာရှင် မဟုတ်ပါချေ ။

ချင်းရူရှီသည် အားကုန်ထုတ်ကာ ပြန်ထလိုက်ရင်း
ခုနစ်စင်ကြယ်အား မယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏ ။

ဒီလူက ဘယ်ကလာတာလဲ ။
ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ .. ။

“စီပယင် တစ်ခုလောက် မေးကြည့်ပါရစေ ။ လွတ်လပ်သောနယ်မြေမှာတုန်းက မင်းတို့ရဲ့ သွေးဆာဂိုဏ်းက ဖိန့်ဖိန့်တုန်ဂိုဏ်းနဲ့ တိုက်ပွဲဖြစ်ပြီးတော့ မင်းတို့ ဖိန့်ဖိန့်တုန်ဂိုဏ်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းခေါ်သွားကြတယ်မလား ။ အဲ့ဒီလူတွေ အခု ဘယ်မှာလဲ”

ပထမအကြီးအကဲက စီပယင်အား ဗြုန်းစားကြီး ထမေးလိုက်၏ ။

စီပယင် အံ့သြသွား၏ ။

ဒီလူတွေက လွတ်လပ်သောနယ်မြေ နဲ့ ဖိန့်ဖိန့်တုန်ဂိုဏ်းအကြောင်းကို သိနေကြတာလား ။

“စိတ်ဝင်စားစရာပဲ”

စီပယင်သည် ပထမအကြီးအကဲတို့ကို ကြည့်ရင်း ရေရွတ်လိုက်သည် ။

“ဟျောင့် အဘိုးကြီး ငါတို့ မင်းကို မေးခွန်းမေးနေတာ .. နားမပါဘူးလား” ခုနစ်စင်ကြယ်က ထထေ့လိုက်သည် ။

“မင်းတို့က ဘယ်သူတွေလဲဆိုတာ အရမ်းသိချင်လာပြီ ။ ဖိန့်ဖိန့်တုန်ဂိုဏ်းကို ဘယ်လိုလုပ်ပြီး သိနေကြတာလဲ”
စီပယင် မေးလိုက်၏ ။

“ဘယ်လို .. မင်းက ဖိန့်ဖိန့်တုန်ဂိုဏ်းကို တိုက်တုန်းက တိုက်ခိုင်းရဲပြီး ငါတို့ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ်ကိုတောင်မှ မမှတ်မိဘူးလား”

တတိယအကြီးအကဲက အေးစက်စွာ မေးခွန်းထုတ်လိုက်၏ ။

“မင်း ပြောနေတာက .. သူက ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် လို့လား”

စီပယင်သည် ချက်ချင်းပင် ရီဝမ်ဝမ်ကို ကြည့်လိုက်မိ၏ ။

၉ ကြီး သည် ရီဝမ်ဝမ်ကို လွတ်လပ်သောနယ်မြေကနေ ခေါ်လာခဲ့ခြင်းဖြစ်သောကြောင့် ..
ရီဝမ်ဝမ်သည် လွတ်လပ်သောနယ်မြေသားမှန်းကိုတော့
စီပယင် သိထားပါ၏ ။

သို့သော် .. လွတ်လပ်သောနယ်မြေထဲတွင် ရှိနေသည့် ရီဝမ်ဝမ်၏ သရုပ်မှန်ကိုမူ စီပယင် မသိပါချေ ။ စီရီဟန်သည် ရီဝမ်ဝမ်အား တရုတ်ပြည် စီ မိသားစုဆီကို ခေါ်လာခဲ့စဉ်တွင် သူသည် ထိုဥပဒေမဲ့ဂိုဏ်းအား လိုက်စုံစမ်းခိုင်းခဲ့သော်လည်း ဘာကိုမှ မသိလာခဲ့ရသလို ဘာသတင်းကိုမှလည်း ရေရေရာရာ မရခဲ့ပါချေ ။

အခုတော့ သူမသည် ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် ဖြစ်သည်ဟု ရီဝမ်ဝမ်နံဘေးတွင် ရှိနေသည့် အဘိုးကြီးက ပြောနေလေပြီ ။

ကိုကြီး ဗိုလ် … ပိုင် ဖန်း လား ။

“ဖိန့် .. ဖိန့်ဖိန့်တုန်လား .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချင်းရူရှီ၏မျက်နှာ ဖြူစုတ်သွားပြီး ရီဝမ်ဝမ်ဘက်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်မိသည် ။

ချင်းရူရှီသည် လွတ်လပ်သောနယ်မြေအကြောင်းနှင့် လွတ်လပ်သောနယ်မြေထဲက ဂိုဏ်းများအကြောင်းကို မသိပါသော်လည်း ဖိန့်ဖိန့်တုန်ဂိုဏ်းသည် လွတ်လပ်သောနယ်မြေထဲတွင် ထိပ်တန်းဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ကြောင်း စီပယင် ပြောတာကို ကြားခဲ့ဖူးပါ၏ ။ တရုတ်ပြည်တွင် ရှိနေသည့် စီ မိသားစုလို မိသားစုကြီး အခု ၁၀၀၀၀ ရှိနေရင်တောင် ဖိန့်ဖိန့်တုန်ဂိုဏ်းအား မမှီနိုင်ပါချေ ။

………………………………………………………………………...........
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

စာစဉ် ၇၃ ပြီးပါပြီ ။
ပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ပါစေ ။

ကြိုတင်ဖတ်ရှုလိုပါက စာစဉ်တစ်ခုကို ၅၀ဝ နဲ့ paid group မှာ ဖတ်ရှုလို့ ရပါပြီရှင် ။
ဘေလွှဲရမယ့်နံပတ်လေးကတော့ 09402842937 ပါ ။ ကောင်းသောညချမ်းလေး ဖြစ်ကြပါစေ 😘

Continue Reading

You'll Also Like

1.3M 136K 70
Love has no race!
159K 16.5K 67
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1M 85.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
5.3M 349K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...