My Lifeblood(complete)

By Mhaw_Eaint_Met

401K 27K 2.2K

"အချစ်ဆိုတဲ့အရာက မင်းနဲ့တွေ့မှငါ့နှလုံးသားတစ်ခုလုံးစုံလုံးကမ်းစေတာ ပေလွှာ" နိုင်းနတ်ဆေး+ခမ်းပေလွှာ More

My Lifeblood (Part 1)
My Lifeblood (Part 2)
My Lifeblood (Part 3)
My Lifeblood (Part 4)
My Lifeblood (Part 5)
My Lifeblood(Part 6)
My Lifeblood(Part 7)
My Lifeblood(Part 8)
My Lifeblood(Part 9)
My Lifeblood(Part 10)
My Lifeblood(Part 10 Zawgyi)
My Lifeblood(Part 11)
My Lifeblood(Part 12)
My Lifeblood(Part 13)
My Lifeblood(Part 14)
My Lifeblood(Part 15)
My Lifeblood(Part 16)
My Lifeblood(Part 17)
My Lifeblood(Part 18)
My Lifeblood(Part 19)
My Lifeblood(Final part)
My Lifeblood(Extra)
Book Accountment
Accountment
bl

My Lifeblood(Part 20)

10.2K 721 16
By Mhaw_Eaint_Met

(Unicode)

တီ........

သတိုးခေါင်ဖုန်းဆက်ချိန်းတဲ့နေရာကို ဦးသော်ကသတိုးခေါင်ဆီကဖုန်းရပြီးပြီးခြင်းထွက်လာခဲ့သည်။သူ့အလာကိုစားသောက်ပွဲအစုံအလင်နဲ့ စောင့်ဆိုင်းနေတဲ့သတိုးခေါင်က သူ့ကားကိုမြင်မြင်ခြင်းသူ့အားလက်ပြဆီးကြိုနေတာကြောင့် ဦးသော်ကကားထဲထွက်သည်နှင့်ပြန်ပြုံးပြလေသည်။

ကျွီ.......ဘမ်း.......

ဦးသော်က သတိုးခေါင်အနားရောက်တော့ သတိုးခေါင်ဝိုင်တစ်ခွက်ငှဲ့၍သာလက်ဟန်ဖြင့်သူ့အားထိုင်ဖို့ပြောနေသယောင်....။

ဦးသော်ကလည်းသတိုးခေါင်နဲ့မျက်နှာခြင်းဆိုင်မှာထိုင်လိုက်၏။လိုရင်းကိုမဆိုသေးဘဲ ဝိုင်ကိုဘဲဆက်ငှဲ့နေတဲ့သတိုးခေါင်ပုံကြောင့် ဦးသော်ကအနည်းငယ်တော့တွေဝေမိသည်။ခါတိုင်းလဲ နှစ်ယောက်ထဲဆုံတက်ပေမဲ့ ယွန်းမှီကိစ္စဖြစ်ပြီးကထဲကမဆုံတာကြာတော့ သူဘဲစိတ်ထဲတစ်မျိုးဖြစ်သည်လား တစ်စုံတစ်ရာကိုစိုးရိမ်ရမည်လားပင်ဦးသော်ကသေချာမသိတော့ပါ။

"အန်ကယ်နဲ့တွေ့ချင်တာ ဘာကိစ္စများပြောစရာရှိလို့လဲမောင်သတိုးခေါင်"

သတိုးခေါင် ဦးသော်ကအားစေ့စေ့ကြည့်၍သာပြုံးလေသည်။ဦးသော်ကလည်း သူ့ကိုကြည့်နေတဲ့သတိုးခေါင်ပုံကြောင့် နားမလည်နိုင်စွာဘဲပြန်ကြည့်မိလိုက်သည်။
သတိုးခေါင် သူ့အားရဲတင်းစွာပြန်ကြည့်နိုင်တဲ့ဦးသော်ကကို ဆက်ကြည့်နေရင်ထိန်းချုပ်ထားတဲ့ဒေါသများလည်းပေါက်ကွဲထွက်မည်တောင်စိုးရသည်။ဒါကြောင့် သူဘဲအကြည့်ခွာ၍လက်ထဲမှာကိုင်ထားတဲ့ဝိုင်ခွက်ကိုဘေးမှာလိုက်ကာ ရယ်သဲ့သဲ့ကပ်ပါလျက်.......

"အဟက် ဘာတွေလောနေတာလဲအန်ကယ်.....စားရင်းသောက်ရင်းနဲ့စကားပြောကြတာပေါ့"

"အင်း....လောစရာတော့မရှိပါဘူး၊ရုတ်တရက်ချိန်းတော့ မောင်သတိုးခေါင်ဘာများအရေးကြီးနေလဲမသိလို့ပါ"

ဦးသော်ကပြောရင်းဆိုရင်းဘဲ ဝိုင်ခွက်ကိုကောက်ကိုင်လိုက်၏။စကားဆုံးမှ ကိုင်ထားတဲ့ဝိုင်ခွက်ကိုတစ်ချိုင့်မော့ချလိုက်စဥ်........

"ကျွန်တော်တို့မဆုံတာတောင်ကြာပြီနော်"

ဦးသော်ကခေါင်းငြိမ့်လျက် ဝိုင်ခွက်ကိုသာဘေးမှာပြန်ချလိုက်ပြီး.....

"Sorryကွာ မှီ့ကိစ္စနဲ့အလုပ်များနေတာနဲ့ဘဲ မောင်သတိုးခေါင်နဲ့မဆုံဖြစ်တာ"

"ကျွန်တော်နားလည်ပါတယ်....သုံးဆောင်ပါအန်ကယ်"

"ကောင်းပါပြီ"

စုံလင်လှတဲ့အစားအသောက်တွေကိုသုံးဆောင်ရင်း စကားဝိုင်းလေးကတစ်ခဏမျှတိတ်ဆိတ်သွားခဲ့သည်။သူတို့နှစ်ယောက်ဘေးမှာရပ်နေတဲ့စိုင်းလူ သူတို့အခြေအနေကိုကြည့်ရင်း သတိုးခေါင်အနားကပ်သွား၍တီးတိုးစွာဘဲ........

"ကျွန်တော့်ကိုခဏခွင့်ပြုပါဦး...မမလေးဆီကဖုန်းဝင်လာလို့"

"အင်း....မင်းမမလေးကိုကြည့်ပြောထားလိုက်"

ခေါင်းငြိမ့်ပြယုံမျှသာငြိမ့်လိုက်ပြီး စိုင်းလူထိုနေရာမှထွက်ခွာသွားလေသည်။

ခဏအကြာ........

"ပေလွှာ့သတင်းကောဘာကြားသေးလဲအန်ကယ်"

သတိုးခေါင်ဆီကထင်မှတ်မထားတဲ့စကားကြောင့် ဦးသော်ကစားနေရင်းဘဲတီးသွား၏။

"အဟွတ်.....အဟွတ်"

ဓားနဲ့ခက်ရင်းကိုကိုင်ဆောင်ပြီး ပန်းကန်ထဲကအသားလှီးကာမေးနေတဲ့သတိုးခေါင်ပုံကတော့တည်ငြိမ်စွာနဲ့ပင်။ဦးသော်ကတီးသွားမှ အသားပြားလှီးနေသည်ကိုသတိုးခေါင်ရပ်လိုက်ပြီး ဦးသော်ကကိုမျက်ထောက်နီကြီးဖြင့်ကြည့်ပြီး.......

"အစာကိုဂရုစိုက်စားမှပေါ့အန်ကယ်....အစားမတော်ရင်ကိုယ်စားနေတဲ့အစာကကိုယ့်ကိုဒုက္ခပေးတက်တယ်"

ဦးသော်က သတိုးခေါင်ပုံစံနဲ့စကားတွေကြောင့် သူ့အနည်းငယ်တော့စိုးရိမ်စပြုလာသည်။လောလောဆယ်တော့သတိုးခေါင်ကို ပြန်ပြောနိုင်ဖို့လည်းအချိန်မရှိပေ။ဘေးနားမှာအသင့်ရှိနေတဲ့ရေကိုသာ သောက်လိုက်သည်။သက်သာစပြုလာမှသာ.......

"ပေလွှာကသေပြီလေ အန်ကယ်ကသူ့အကြောင်းဘာကြားရဦးမှာလဲ"

"ဟုတ်သားဘဲပေလွှာကသေပြီဘဲ၊ဒါနဲ့အန်ကယ့်ကိုတစ်ခုလောက်မေးလို့ရမလား"

အစာတီးသာသက်သာစပြုလာပေမဲ့ ဦးသော်ကခေါင်းများမကြည်တော့ပေ။မူးဝေလာသလိုခံစားရပြီး မျက်လုံးများလဲပြာကာနေရသည်မှာထူးဆန်းနေသည်။သို့ပေမဲ့ သူ့အခြေအနေသူထိန်းရင်းဘဲ သတိုးခေါင်အမေးကိုပြန်ဖြေဖို့ဘဲပြောလိုက်၏။

"ဘာများလဲ"

"ပေလွှာ့ကိုတွေ့ချင်ရင် ဘယ်ကိုသွားရှာရမလဲ၊သေတဲ့လူဆိုတော့နိဗ္ဗာန်လား ဒါမှမဟုတ်ငရဲလား"

သတိုးခေါင်ရဲ့စကားတွေကို ဦးသော်ကအာရုံမရောက်ပါ။ကြားတစ်ချက်မကြားတစ်ချက်နဲ့ မူးဝေနေတဲ့ခေါင်းကိုလက်ဖြင့်ဖိထားရင်းဘဲ လည်ပင်းတစ်ခုလုံးအစ်တောင့်လာသလိုဖြစ်နေသည်။ဒါ့အပြင့်........

"ဖလူး......အဟွတ်.....အဟွတ်"

ဦးသော်ကသွေးများအန်ရင်းသာ မြေကြီးပေါ်သို့လဲကျသွား၏။အောင့်သက်နေတဲ့ရင်ဘက်ကိုဦးသော်ကဖိနှိပ်ထားသော်လည်းအချည်းအနှီးပင်။အသက်ပင်ကောင်းကောင်းမရှုနိုင်တော့ဘဲ တစ်ဖြည်းဖြည်းနဲ့ပြာဝေနေတဲ့မျက်လုံးများကသတိုးခေါင်ကိုပါမြင်ကွင်းထဲကပျောက်ကွယ်သွား၏။

"အန်ကယ်.....အန်ကယ်..."

သွေးများအန်လျက်လဲကျသွားတဲ့ဦးသော်ကကြောင့် သတိုးခေါင်ထိုင်နေရင်းကပင်ထရပ်မိသွားသည်။သူဘယ်လောက်ဘဲခေါ်နေပါစေဦးသော်ကထံမှပြန်လည် ဖြေကြားခြင်းလဲမရှိ။ထိတ်ထိတ်လန့်လန့်ဖြင့်ဘဲ........

"အန်ကယ်.....ဦးသော်က....ဦးသော်က.....အာ့"

ဦးသော်ကနာမည်ကိုအဆက်မပြတ်ခေါ်ရင်း ဦးသော်ကကိုဘဲသူအာရုံရောက်နေချိန် အနောက်မှတစ်စုံတစ်ရာဖြင့်အရိုက်ခံလိုက်ရတာကြောင့်သတိုးခေါင်နေရာမှာတင်လဲကျသွားသည်။ခေါင်းကိုရိုက်ခံရသည့်ဒဏ်ကြောင့် သူ့ကိုရိုက်သည့်သူကိုမြင်နေပါသော်လည်းမည်သူမည်ဝါမှန်းမသဲကွဲတော့ပါ၊မျက်လုံးများမှေးစင်း၍သာ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့သည်။

သွေးများစွန်းထင်းနေတဲ့တုတ်ကိုကိုင်ဆောင်ထားလျက် သတိမေ့နေတဲ့သတိုးခေါင်နဲ့သွေးများဗလပွနဲ့လဲကျနေတဲ့ဦးသော်ကကိုကြည့်လျက် ထိုလူပြောသည်က...........

"အခုတော့မင်းတို့ငရဲအရင်သွားလိုက်ဦး"

~~~~~~~~~~~
~~~~~~~~~~~
တီ........တီ..........

နှိုင်းဧကရီ သတိုးခေါင်တို့ပြန်အလာကိုစောင့်နေခဲ့ရာ အိမ်ထဲသို့ဝင်လာတဲ့ကားကိုမြင်မှပြုံးနိုင်သည်။သူမလဲ သတိုးခေါင်တို့အိမ်ထဲရောက်သည့်အချိန်ကိုမစောင့်နိုင်သည့်အဆုံး အိမ်ထဲကသာအပြေးလေးထွက်လာခဲ့သည်။

ဘမ်း...........

စိုင်းလူကားနောက်ဖုံးထဲက လူတစ်ယောက်ဝင်စာအိတ်ဖြင့်ထုတ်လာတဲ့ထိုအိတ်ကိုပခုံးပေါ်ထမ်းကာ သူ့အားဆီးကြိုနေတဲ့နှိုင်းဧကရီဆီသို့မျက်နှာသေကြီးဖြင့်သွားလေသည်။

ဘုတ်.........

သူမအနားရောက်မှ သူထမ်းလာတဲ့အိတ်ကိုပစ်ချလိုက်ပြီး........

"ဆရာက ဦးသော်ကကိစ္စမပြီးပြတ်သေးလို့ကျန်နေခဲ့တယ်မမလေး၊ကျွန်တော့်ကိုတော့ မမလေးစိတ်မရှည်မှာဆိုးလို့ပေလွှာ့ကိုအရင်ဖမ်းပြီးပို့ခိုင်းလိုက်တာ"

နှိုင်းဧကရီ'နားလည်ပြီ'ဆိုသည့်ပုံမျိုးဖြင့်သာ စိုင်းလူအားလက်ဟန်ဖြင့်ပြလိုက်၏။ပေလွှာ့အားထည့်ထားတဲ့ သူမရှေ့ကအိတ်ကိုကြည့်ကာသူမညစ်ပြုံးပြုံးလျက် လက်ထဲမှာအသင့်ပါတဲ့သေနတ်အားမောင်းတင်လိုက်ပြီး ထိုအိတ်အားချိန်ထားသည်။

"ဘယ်လိုလုပ်ရမလဲမမလေး...အိတ်ကိုဖွင့်လိုက်ရမလား"

သူမချက်ချင်းဘဲငြင်းဆန်လေသည်။

"မလုပ်နဲ့...ဟင့် ငါကကျည်ဗလပွနဲ့ရုပ်ပျက်ဆင်းပျက်သေနေတဲ့ပုံကိုဘဲမြင်ချင်တာ"

အိတ်ကိုဖြည်ဖို့လုပ်နေတဲ့သူ့လက်တွေကို စိုင်းလူချက်ချင်းဘဲရုတ်သိမ်းကာပြန်ပြီးမတ်တပ်ရပ်လိုက်၏။

"ကောင်းပါပြီ"

"အွန်း.....အွန်း......"

ညီးတွားရင်စလှုပ်လာတဲ့အိတ်ကြောင့် နှိုင်းဧကရီစိတ်မရှည်စွာဖြင့်ဘဲ........

ဒိုင်း.......ဒိုင်း.......ဒိုင်း........

"သေစမ်း......ငါ့ကိုစိတ်အနှောက်အယှက်ပေးတဲ့အကောင်၊နင်သေမှငါ့ဘဝကြီးကအေးချမ်းမှာ"

ဒိုင်း.........ဒိုင်း........

အဆတ်မပြတ်ဘဲထိုအိတ်ကိုပစ်လိုက်၏။နောက်ဆုံးကျည်ကုန်သွားမှသာ သူမရဲ့ပစ်ခတ်နေတဲ့လက်တွေကရပ်တန့်သွားသလို သူမလက်ထဲကသေနတ်ကိုပါကျေနပ်စွာပစ်ချလိုက်၏။

ဂျောက်.....

သူမလက်ထဲကသေနတ်မြေပေါ်ကျနေသည်နှင့် မျက်နှာသေကြီးနဲ့ဖြစ်နေတဲ့စိုင်းလူရဲ့မျက်နှာကချက်ချင်းဘဲဝင်းပသွားသည်မှာဟန်မဆောင်နိုင်လောက်အောင်ပင်။ပြုံးနေတဲ့သူ့ရဲ့အပြုံးတွေထဲ မျက်ရည်များဝဲတက်နေပေမဲ့ ထိုအပြုံးကပျော်လွန်းလို့ပြုံးတဲ့အပြုံးတွေ.......။

နှိုင်းဧကရီ သူမထက်ပိုပျော်နေတဲ့သတိုးခေါင်ကြောင့်ပြုံးဖို့ပင်မေ့လျော့သွားသည်။ထို့ကြောင့်သူမစိုင်းလူဘက်သို့မျက်နှာမူရင်းဘဲ နားမလည်စွာဖြင့်.......

"နင်ကဘာလို့ပျော်နေရတာလဲ"

"ဟား......ဟား....."

ဖြောင်း.......ဖြောင်း......

သူမအားလှောင်ပြုံးပြုံးကာကြည့်နေတဲ့စိုင်းလူရဲ့မျက်ဝန်းအိမ်အတွင်း မျက်ရည်များလည်းစီးကျလျက်အားပါးတစ်ရရယ်လို့သာ.......။ဒါ့အပြင် မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာတဲ့လက်ခုပ်သံများကြောင့် အသံလာရာသို့ကြည့်လိုက်ချိန်........

"ပေလွှာ"

နိုင်းနဲ့ပေလွှာ့အပြင် သူမမသိတဲ့လူတစ်ယောက်ကသူမအားလက်ခုပ်များတီး၍လှောင်နေသည်ကိုတွေ့လိုက်ရသည်။ထူးခြားတာဆိုလို့လက်ခုပ်တီးနေတဲ့သူတွေထဲပေလွှာမပါတာနဲ့ သူမတစ်ခါမှမမြင်ဖူးတဲ့နိုင်းရဲ့အပြုံးချိုချိုတွေဘဲဖြစ်မှာ......။

"ပေလွှာကဒီမှာဆို.....အိတ်ထဲက"

အိတ်ထဲကပေလွှာမဟုတ်မှန်းသိသည်နှင့် နှိုင်းဧကရီထိတ်ထိတ်လန့်လန့်ဖြင့်သာ အိတ်ကိုအတင်းဆွဲဖွင့်နေသည်။သူမဘဲစိတ်လောနေလို့လား အိတ်မှာချည်ထားတဲ့ကြိုးကဘဲခိုင်လွန်းနေလားမသိ...နှိုင်းဧကရီမရမကပင်ဆွဲဖွင့်နေရသည်။

ြှဗိ...........

အိတ်ကိုသူမဖွင့်လို့ရသွားရာ တုန်ယင်နေတဲ့လက်များဖြင့်အိတ်ထဲကမှောက်လျက်ကျနေတဲ့လူရဲ့ပုံကိုဆွဲကြည့်လိုက်ချိန် သွေးအလူးအလဲနဲ့အသက်ငွေ့ငွေ့သာကျန်သည့်သတိုးခေါင်အားတွေ့လိုက်ရသည်။

"ကို.....ကို...ကိုကြီး"

ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေတဲ့သူမရဲ့အကြည့်တွေက သတိုးခေါင်ဆီမှာဘဲရောက်နေပြီးမျက်ရည်များလည်းအဆက်မပြတ်စီးဆင်းနေခဲ့သည်။
တုန်ယင်နေတဲ့လက်များကလည်း သတိုးခေါင်ပါးစပ်အားစည်းထားတဲ့အဝတ်စကိုဖြည်ပေးနေရင်း ငိုသံပင်မထွက်နိုင်လောက်အောင်ရင်ထဲဆို့နစ်နေခဲ့၏။

သတိုးခေါင် ညီမဖြစ်သူအားကြည့်ရင်းမျက်ရည်များလည်းကျလို့သာ၊တုန်ယင်နေတဲ့သူမရဲ့လက်တွေကိုဆုပ်ကိုင်ထားချင်ပေမဲ့ ထိုသို့ဆုပ်ကိုင်နိုင်လောက်အောင်လဲအားမရှိတော့ပြန်။သူမမျက်ရည်တွေကိုသုတ်ပေးပြီး နှစ်သိမ့်ချင်ပေမဲ့အသက်ပင်မရမကရှုနေရသောကြောင့် ညီမဖြစ်သူအားကြည့်ရင်းမျက်ရည်များသာစီးကျနေလေသည်။

နှိုင်းဧကရီ သွေးများပေကျံနေတဲ့သတိုးခေါင်ရဲ့ကိုယ်အားရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး သူမအားမျက်ရည်အရွှဲသားနဲ့ကြည့်နေတဲ့သတိုးခေါင်ရဲ့နဖူးပြင်အားနမ်းရှိုက်လျက်.......

"နှိုင်း.....နှိုင်းကြောင့်ဒီလိုဖြစ်ရတာ၊ဒီလိုညီမဆိုးမျိုးကို ဘယ်တော့မှခွင့်မလွတ်ပါနဲ့ကိုကြီးရယ်"

သတိုးခေါင်အားအင်ကုန်ခမ်းစွာဘဲ နှိုင်းဧကရီအားငြင်းဆန်စွာဖြင့်ခေါင်းရမ်းပြလေသည်။လက်မြှောက်ဖို့ပင်မတက်နိုင်သည့်တိုင်အောင် သတိုးခေါင်ကြိုးစား၍လက်မြှောက်ကာ သူမရဲ့မျက်ရည်လေးများအားသုတ်ပေးလို့နေသည်။လေးကန်နေတဲ့သူ့ရဲ့နှုတ်ဖျားမှလဲ...........

"မငို....အား...မငိုပါနဲ့၊ညီမလေး..ညီမလေးမျက်ရည်ကျတာ မမြင်...မမြင်ချင်ဘူး။နောင်ဘဝများရှိရင်....အား...ရှိရင်လည်း ညီမလေးရဲ့ကိုကြီးဘဲဆက်ဖြစ်နေချင်တာ"

"အဟင့်.....ဟင့်...နှိုင်း နှိုင်းဘယ်လိုဖြေဆည်ရမလဲကိုကြီးရယ်၊အား....အဟင့် ဟင့်"

"ကိုယ်ပြုတဲ့ကံက...အား....အရိပ်လိုဘဲကိုယ့်နောက်လိုက်နေတက်တာဘဲညီမလေးရယ်၊ကိုကြီးနောင်တမရပါဘူး...ဟင်း အနည်းဆုံးတော့ညီမလေးလက်ထဲမှာသေခွင့်ရတာဘဲ ကံ...ကံကောင်းလှပါပြီ"

နှိုင်းဧကရီ သူမပါးပြင်ပေါ်ကသတိုးခေါင်ရဲ့လက်ကိုဆွဲကိုင်လျက်ဘဲငိုကြွေးနေမိသည်။ဝမ်းနည်းမှုများပြည့်နှက်နေတာကြောင့် ဘာစကားမှပင်ဆက်မပြောနိုင်တော့သည့်အထိပင်။

"မင်းငိုလို့ဝရင်ငါနဲ့စခန်းလိုက်ခဲ့တော့နှိုင်းဧကရီ"

ပြတ်သားစွာပြောလိုက်တဲ့ စိုင်းလူရဲ့စကားတွေကအကြင်နာတရားကင်းမဲ့နေသလို၊သူ့ပုံစံမဟုတ်သည့်အတိုင်း။သူမကတော့မလှုပ်မယှက်ဘဲ သတိုးခေါင်အားဖက်တွယ်ထားလျက်ငိုနေတုန်းသာ။

မှိတ်လို့သွားတဲ့မျက်လုံးများ ခပ်ငွေ့ငွေ့တောင်မကြားရတော့တဲ့အသက်ရှုသံများကြောင့်နှိုင်းဧကရီ သတိုးခေါင်အားဖက်ထားရင်းငိုသံပါကြီးနဲ့........

"ကိုကြီး ကိုကြီး....နှိုင်းကိုစကားပြောနေလေကိုကြီးရဲ့၊ဒီလိုကြီးမနေပါနဲ့ အဟင့်.....ဟင့်......"

"မင်းအကိုသေနေလောက်ပြီ မရှိတော့တဲ့လူထက်...ရှိသေးတဲ့ငါတို့နဲ့ဘဲစာရင်းရှင်း"

စိုင်းလူစိတ်မရှည်စွာဘဲ သူမရဲ့လက်အားဆောင့်ဆွဲလိုက်၏။ကြမ်းတမ်းလှတဲ့သူ့ရဲ့အပြုအမူကြား နှိုင်းဧကရီရုန်းကန်ချိန်ပင်မရလိုက်ဘဲပါသွားကာ......

"ရှင်ဘာလို့ဒီလိုလုပ်တာလဲ"

"ကျစ်"

သူဆွဲခေါ်လာတဲ့သူမရဲ့လက်တွေကိုစိုင်းလူလွှတ်ပေးပြီး နိုင်းတို့အနားသာဆောင့်တွန်းလိုက်၏။ပြီးလျှင် လဲကျမလိုယိုင်တိုင်တိုင်ဖြစ်သွားတဲ့သူမရဲ့ကိုယ်အားထိန်းပေးလျက်သူမရဲ့ပခုံးနှစ်ဖက်ကိုအားဖြင့်ဆုပ်ကိုင်ထားလေသည်။

သူ့အားမုန်းတီးစွာကြည့်နေတဲ့အကြည့်တွေကို စိုင်းလူရှောင်ရှားခြင်းမရှိ၊သူမရဲ့မျက်လုံးအားစေ့စေ့ကြည့်လျက် မဲ့ပြုံးတစ်ချက်ပြုံး၍.......

"ဟွန်း....ငါ့ရည်ရွယ်ချက်ကမင်းတို့မောင်နှမကိုဖမ်းဖို့ဘဲနှိုင်းဧကရီ၊မင်းတို့ရဲ့အကြောင်းတွေကိုဖော်ထုတ်ဖို့အတွက် မင်းတို့ဆီမှာအသွင်ယူစုံစမ်းနေတဲ့စုံထောက်တစ်ယောက်ဘဲ"

"လူယုတ်မာ....ရှင်ဖမ်းချင်ဖမ်းလို့ရရဲ့သားနဲ့ ဘာလို့ဒီလိုလုပ်တာလဲ"

"အင်း....တစ်ချို့ဆုံးရှုံးမှုတွေကျတော့ ဥပဒေကပေးတဲ့အပြစ်ဒဏ်နဲ့မတန်ဘူးကွ၊ကိုယ်တိုင်တုန့်ပြန်ရမှတရားမျှတမှုရှိတာ...ဥပမာ မင်းတို့ပယောဂနဲ့သေရတဲ့မှီ့အတွက်၊ငါ့ခံစားချက်တွေအတွက်နဲ့ ပေလွှာ့အတွက်ပေါ့"

"ရှင်တို့ ရှင်တို့ပြန်ပေးဆပ်စေရမယ်၊တရားဥပဒေကဒီအတိုင်းကြည့်နေမယ်ထင်လား"

"ဟုတ်လား ငါတို့ဘယ်လိုပေးဆပ်ရမှာလဲပြောပါဦး။မင်းအကိုကိုသတ်တာမင်းလေ၊ပြီးတော့ဦးသော်ကကိုအဆိပ်ခတ်တာလဲမင်းအကိုဘဲကို။မင်းတို့လိုမူးယစ်ဆေးရောင်းပြီး ကြိုက်သလိုလူသတ်နေတဲ့လူရဲ့ပါးစပ်က ဥပဒေအကြောင်းထွက်လာတာလေးစားဖို့တော့ကောင်းသား"

"ဘာ!...."

"သြော်...တစ်ခုကျန်သေးတာကပေလွှာ့ကိုကယ်တာဦးသော်ကမဟုတ်ဘူး၊ငါပြန်ကယ်ထားတာ ဒီလောက်ဆိုမင်းသဘောပေါက်လောက်ပြီပေါ့"

"အဆင့်မရှိတဲ့လူယုတ်မာ"

နှိုင်းဧကရီသူမရဲ့ပခုံးအားတင်းကြပ်စွာကိုင်ထားတဲ့ စိုငျးလူရဲ့လကျတှကေိုအတငျးရုနျး၍သူမနဲ့နီးကပျနတေဲ့စိုငျးလူရဲ့ပါးကိုရိုကျဖို့ကွံရှယျလိုကျစဉ်......

"ဟင်း....ရမယ်မထင်နဲ့"

စိုင်းလူသူမရဲ့လက်ကို အချိန်မှီဆွဲဖမ်း၍သာတင်းကြပ်စွာဆုပ်ကိုင်ပြီးအံကိုကြိတ်လျက်သာ......

"စကားမစပ်...ကိုယ်ချစ်ရတဲ့သူ ကိုယ့်အပြစ်မကင်းလို့သေသွားရတဲ့ခံစားချက်ကို မင်းနားလည်ပြီလား"

"......"

"ကြာပါတယ် မေးနေလဲဘာထူးမှာလဲ....နိုင်းနဲ့ဘဲစာရင်းရှင်းလိုက်"

စိုင်းလူ သူမအားနိုင်းတို့ဘက်သာဆွဲလှည့်လိုက်၏။အရာအားလုံးအဆင်ပြေသွားပြီဟုထင်ထားပေမဲ့ ဘာကိုစာရင်းရှင်းရမည်မှန်းတော့စိုင်းလူကလွဲရင်မည်သူမှမသိရချေ။

"ရော့...ဓား၊ဒီမျက်နှာလှလှလေးကိုဖျက်ဆီးပေးလိုက်"

စိုင်းလူ ချွန်ထက်နေတဲ့ဓားတစ်လက်အားနိုင်းကိုပစ်ပေးလိုက်၏။သူပေးတဲ့ဓားကိုအချိန်မှီဖမ်းယူနိုင်လိုက်တဲ့နိုင်းအပါအဝင် ပေလွှာကောအဂ္ဂပါမအူမလည်နဲ့သာ။

နိုင်းလက်ထဲကဓားကိုကြည့်၍ လန့်နေရှာတဲ့သူမကတော့စိုင်းလူလက်ကအတင်းရုန်းကန်နေရင်း.......

"ရှင်ဘာရူးနေတာလဲ...ကျွန်မကိုဘာလုပ်ခိုင်းနေတာလဲ"

"မင်းသိပါတယ် ငါဘာလုပ်ခိုင်းနေတာလဲဆိုတာ၊မင်းငါနဲ့ဦးသော်ကကို ပေလွှာ့ကိုသတ်ဖို့လာပြောတဲ့နေ့တုန်းက မင်းမပြန်ခင်ပြောခဲ့တဲ့စကားကိုမှတ်မိဦးမှာပါ"

အတွေးထဲပေါ်လာသည့် သူမပြောခဲ့တဲ့စကားတွေကြောင့်နှိုင်းဧကရီအသက်ရှုနှုန်းများပင်မမှန်တော့ချေ။ပြင်းလျနေတဲ့အသက်ရှုနှုန်းတွေနဲ့ အဲ့နေ့ကစကားတွေကိုပြန်ကြားနေမိသည်ကလဲ .....

"ဒါဆိုအဖိုးနဲ့ စိုင်းလူကိုဘဲအားကိုးတော့မယ်နော်"

"စိတ်ချသာနေပါသမီး....ပေလွှာဆိုတဲ့ကလေးကို အဖိုးတို့ဘယ်တော့မှပြန်မမြင်ရအောင် သေချာအပြတ်ရှင်းမယ်"

"ယုံပါတယ်အဖိုးရယ်....၊အခုတော့သမီးကိစ္စလေးတွေရှိလို့ပြန်လိုက်ပါဦးမယ်"

"ကောင်းပါပြီသမီး"

သူမဘေးကလက်ကိုင်အိတ်ကိုဆွဲ၍ နှိုင်းဧကရီပြန်ဖို့ထလိုက်ချိန် ရုတ်တရက်တစ်စုံတစ်ရာအားသတိရသွား၍........

"သမီးတစ်ခုလောက်တောင်းဆိုလို့ရမလားအဖိုး"

"ဘာများလဲသမီး"

"နိုင်းကိုအဲ့ကောင်ကသူ့မျက်နှာလှလှလေးနဲ့မြူဆွယ်ထားတာလေ....ဆိုတော့သူ့မျက်နှာကိုအပြစ်ပေးသင့်တယ်"

"သမီးဆိုလိုတဲ့သဘောက"

"သေရာပါသွားအောင်ဒဏ်ရာကြီးကြီးမားမားလေးတစ်ခုလောက်ပါဘဲအဖိုး"

"စိတ်ချနေသမီး"

ပြန်လည်ကြားယောင်နေတဲ့စကားတွေကြောင့်နှိုင်းဧကရီ ပေလွှာ့မျက်နှာကိုသာကြည့်မိသည်။ပတ်တီးလေးအုပ်ထားတဲ့မျက်နှာတစ်ခြမ်းကိုသူမမြင်ပြီး ကြောက်ကြောက်လန့်လန့်ဖြင့်သာရုန်းကန်နေလေသည်။

စိုင်းလူစိတ်မရှည်တော့တဲ့အဆုံး......

"မင်းထုတ်ပြောမှာလား ငါပြောရမှာလားနှိုင်းဧကရီ"

သူမအသံများတုန်ယင်စွာ.........

"မသိဘူး.....ကျွန်မဘာမှမသိဘူး"

"မင်းမပြောရင်ငါပြောမယ်၊ပေလွှာ့မျက်နှာကိုဒီလိုဖြစ်အောင်လုပ်ခိုင်းတာ ဒီမိန်းမဘဲနိုင်း၊မင်းအဖိုးက သူပြောလို့လုပ်တာ"

ထိုစကားတစ်ခွန်းကြောင့် နိုင်းသူမရဲ့အနားနီးကပ်စွာလာ၍ လက်များကလည်းသူမရဲ့လည်ပင်းအပေါ်နေရာယူသွားသည်။

အားဖြင့်သူမရဲ့လည်ပင်းအားဆုပ်ကိုင်ထားတဲ့ နိုင်းလက်တွေကြောင့်နှိုင်းဧကရီအသက်ရှုကြပ်လာကာ နိုင်းရဲ့လက်တွေအားအတင်းခွာချနေမိသည်။သို့ရာတွင်သူမဘယ်လိုဘဲခွာချချ အားချင်းမမျှသဖြင့်အရာမထင်ပါ။

နိုင်းလက်ထဲမှာအသင့်ပါလာတဲ့ဓားကို သူမရဲ့ပါးနုနုပေါ်တင်လိုက်၍.......

"ငါ့ကိုလာထိရင်တောင် မိန်းကလေးတစ်ယောက်ကိုဒီလိုပြန်ပြုမူရလောက်တဲ့အထိငါမရက်စက်ဘူး၊ဒါပေမဲ့ငါချစ်တဲ့သူကိုထိရင်တော့ ဘာကြီးဘဲဖြစ်နေနေငါအလွတ်ပေးမှာမဟုတ်ဘူးနှိုင်းဧကရီ"

"မောင်"

သူမရဲ့ပါးပေါ်ထိုးစိုက်ဖို့ပြင်နေတဲဓားက သူ့အင်္ကျီစလေးအားဆွဲကိုင်လာတဲ့လက်တစ်စုံကြောင့်နိုင်းရပ်တန့်သွားလေသည်။အနောက်သို့ပြန်ကြည့်တော့ မျက်ရည်လေးအဝဲသားလေးနဲ့တားဆီးနေတဲ့ကောင်လေးကခေါင်းလေးလည်းရမ်းလို့သာ....။

"မလုပ်ပါနဲ့မောင်ရယ်...သူအရမ်းနာကျင်နေလိမ့်မယ်"

"မင်းကခွင့်လွတ်ပေမဲ့မောင်ခွင့်မလွတ်နိုင်ဘူး"

နိုင်း သူ့အင်္ကျီစအားဆွဲကိုင်ထားတဲ့ပေလွှာ့လက်တွေကိုဖယ်ချရင်းပြောလိုက်၏။အလျော့မပေးတဲ့ကောင်လေးကလဲ သူ့အင်္ကျီစကိုပိုပြီးမြဲမြံစွာပြန်ဆုပ်ကိုင်ရင်းဘဲ..........

"မောင်သူ့ကိုပြန်တုန့်ပြန်မယ်ဆိုရင် ငါမောင့်ကိုဘယ်တော့မှခွင့်မလွတ်ဘူး"

"တောက်"

"ငါတောင်းပန်ပါတယ်မောင်ရယ် ငါ့စကားကိုနားထောင်ပါ၊မောင်ပြောတော့ငါ့ကိုချစ်တယ်ဆို"

"ချစ်လို့...မင်းကိုချစ်လို့မိုလို့ကွ"

"ငါ့ကိုချစ်ရင်ငါ့စကားကိုနားထောင်နော်"

နိုင်း သူမအားမျက်ထောက်နီကြီးဖြင့်ကြည့်၍ဘဲ....

"ကောင်းပြီ မောင်မလုပ်တော့ဘူး"

နိုင်း ပေလွှာနဲ့ဆက်ပြီးငြင်းခုန်ချင်စိတ်မရှိတော့ပေ။နောက်ပြီးပေလွှာဆွဲကိုငိထားတာက သူ့လက်တွေမှမဟုတ်ဘဲ...အင်္ကျီစလေးဘဲလေ။

နိုင်း စိုင်းလူအားမျက်စပစ်လိုက်တော့အလိုက်သိလေတဲ့စိုင်းလူကလဲသူမရဲ့ကိုယ်အားချုပ်ထားလေသည်။နိုင်း သူမရဲ့အသံထွက်မလာခင်သူမရဲ့ပါးစပ်ဖျားအား လက်တစ်ဖက်ဖြင့်အုပ်၍သာ ချွန်ထက်နေတဲ့ဓားသွားအားသူမပါးပြင်ပေါ်ထိုးစိုက်ရင်းဆွဲချလိုက်၏။

နာကျင်နေတဲ့အရှိန်ကြောင့်မျက်ရည်များကျနေတဲ့သူမမျက်နှာကိုမြင်ပေမဲ့ နိုင်းသနားစိတ်မဝင်၊ပေလွှာ့မျက်နှာသာပြေးမြင်ပြီး ဒေါသထွက်ရလေလေပါ။ပြီးလျှင်........

"မင်းတရားခံကိုခေါ်သွားတော့စိုင်းလူ၊သူငါ့ရှေ့မှာရှိနေရင် ငါတကယ်လုပ်မိလိမ့်မယ်"

နိုင်းပြောပြီး စိုင်းလူသူမပါးစပ်ပိတ်ခေါ်သွားမှလက်ထဲကဓားကိုနိုင်းချလိုက်၏။မောင်လည်းမင်းနဲ့ပတ်သက်ရင် ရက်စက်တက်တယ်ပေလွှာ......

ချွမ်........

ထိုအခါမှသာပေလွှာကျေနပ်နိုင်သည်။ပိုပြီးစိတ်အေးရသည်က နိုင်းလက်ထဲကဓားချလိုက်တဲ့အသံနှင့် သူ့အားလာဖက်တဲ့နိုင်းရဲ့လက်တွေကြောင့်သာ....။

တီ.......တီ........တီ.......

စိုင်းလူသူမအားကားထဲလက်ထိပ်ခတ်ထည့်ပြီးပြီးခြင်း ရုတ်တရက်ထမြည်လာတဲ့ဖုန်းကြောင့်ကားတံခါးကိုပိတ်၍သာဖုန်းကိုထုတ်ကြည့်လိုက်ကာ.......

"ဟယ်လို"

"ဦးသော်ကဆုံးပြီဆရာ"

တစ်ဖက်လူရဲ့စကားကြောင့် စိုင်းလူအကြည့်များနိုင်းဆီရောက်သွား၍ ဖုန်းကိုချလိုက်ပြီး......

"မင်းအဖိုး ကယ်ဆယ်ရေးတွေဆေးရုံပို့တဲ့လမ်းမှာတင်ဆုံးသွားတယ်၊အဆိပ်ကပြင်းတော့ဆေးရုံတောင်မရောက်လိုက်ဘူးပြောတယ်...မင်းအဆင်ပြေရဲ့လားနိုင်း"

နိုင်းမျက်နှာတစ်ချက်မပျက်၊မျက်ရည်တစ်စက်မဝဲဘဲသာ စိုင်းလူအားခေါင်းငြိမ့်ပြလေသည်။ဦးသော်ကနဲ့ပတ်သက်ရင် သူလဲခံစားချက်မဲ့တာကြာခဲ့ပြီလေ.....။

"ငါအဆင်ပြေပါတယ်၊သူလုပ်တဲ့အပြစ်တွေရဲ့အကျိုးဆက်က သူ့ကိုဒဏ်ပြန်ခတ်လိုက်တာပါဘဲ"

"မင်းအဆင်ပြေရင်ပြီးတာပါဘဲ၊ငါတို့ဒီမိန်းမကိုစခန်းသွားပို့ဖို့နဲ့ အိပ်ဆေးအရှိန်မိနေတဲ့သတိုးခေါင်တပည့်တွေကိုဖမ်းဖို့အကူအညီခေါ်ရဦးမှာ....မင်းနဲ့ပေလွှာပြန်ရင်ပြန်တော့လေ"

"အင်း....."

ကြီးမားကျယ်ပြန့်လှတဲ့ခြံဝန်းအတွင်းနိုင်းတို့ကားလေးထွက်သွားပြီးသိပ်မကြာ၊အကူအညီခေါ်ထားတဲ့ရဲတွေရောက်မလာခင် အဂ္ဂနဲ့စိုင်းလူတို့သတိုးခေါင်အလောင်းနားမှာရပ်လျက်........

"ဒီအလုပ်ကထွက်ပြီး ကျွန်တော်နဲ့လာနေပါတော့အကိုစိုင်း၊ကျွန်တော်လည်းမိသားစုကိုလိုအပ်တာဘဲလေ"

"အကို့ထက်ပိုကောင်းတဲ့မိသားစုလေးမင်းရမှာပါအဂ္ဂ၊အကိုမင်းနဲ့လာနေဖို့တော့မဖြစ်နိုင်ဘူး"

"ဘာလို့လဲအကိုစိုင်း၊အခုဆိုအကိုလဲဒီတာဝန်ပြီးပြီ ဦးသော်ကကလဲသတိုးခေါင်လက်ချက်နဲ့သေပြီကို"

နိုင်းရယ်မိသည်...သတိုးခေါင်လက်ချက်နဲ့သေပြီတဲ့လား။ဘာဆိုဘာမှမသိဘဲ အရိုက်ခံလိုက်ရတဲ့လူရဲ့လက်ချက်နဲ့သေမည်တဲ့လား...။

"မင်းကသတိုးခေါင်လက်ချက်နဲ့ ဦးသော်ကသေတယ်ထင်နေတာလားအဂ္ဂ"

အဂ္ဂသဘောပေါက်စပြုလာပြီး......

"မဟုတ်မှ...အကို..."

"ဟုတ်တယ်ငါအဆိပ်ခတ်တာ....ဦးသော်ကကတစ်ခြားလူလက်ချက်နဲ့သေရင် ငါမေမေ့ကိုပေးခဲ့တဲ့ကတိမတည်ဘူးဖြစ်သွားမှာပေါ့။ငါတို့ဦးလေးခံစားခဲ့ရသလိုဆိုရင်....အဲ့လူကြီးကဒီ့ထက်ပိုခံစားသင့်တာ"

"Wow.....ငါ့အကိုက စုံထောက်မလုပ်ဘဲသွေးအေးလူသတ်သမားလုပ်ရမှာ"

"အပိုတွေပြောမနေနဲ့...ငါ့ရည်ရွယ်ချက်ကဦးသော်ကကိုသတ်ပြီးမေမေ့ကိုပေးထားတဲ့ကတိတည်ဖို့နဲ့ ဦးလေးနိုင်းမာန်အတွက်လက်တုန့်ပြန်ဖို့ဘဲ။နိုင်းကအဖိုးဆိုပြီးညှာနေနိုင်ပေမဲ့ ငါကတော့မညှာဘူး"

ဖြောင်း.....ဖြောင်း......

"Wow......Wow"

အဂ္ဂကတော့ အကိုဖြစ်သူအားလက်ခုပ်တစ်ဖြောင်းဖြောင်းတီး၍ပင်ချီးကျူးနေသည်။ကျေလည်းကျေနပ်သည်...မောင်ဖြစ်သူစိတ်နဲ့ဆုံးပါးသွားရတဲ့သူတို့မိခင်အဖြစ်နဲ့ယှဥ်ရင် ဦးသော်ကအဖြစ်ကပြောပစရာမရှိဟုပင်ဆိုရမည်။

~~~~~~~~~~~~~
~~~~~~~~~~~~~
မနက်ဖြန်လည်းထပ်Upပေးပါမယ်။😁ဒီနေ့အပိုင်းလည်သွားရင် မနက်ဖြန်အပိုင်းကျရှင်းသွားပါလိမ့်မယ်။ဒီအပိုင်းတော့သာသာအရမ်းရက်စက်မိသွားတယ်ထင်ပါရဲ့။

(Zawgyi )

တီ........

သတိုးေခါင္ဖုန္းဆက္ခ်ိန္းတဲ့ေနရာကို ဦးေသာ္ကသတိုးေခါင္ဆီကဖုန္းရၿပီးၿပီးျခင္းထြက္လာခဲ့သည္။သူ႕အလာကိုစားေသာက္ပြဲအစုံအလင္နဲ႕ ေစာင့္ဆိုင္းေနတဲ့သတိုးေခါင္က သူ႕ကားကိုျမင္ျမင္ျခင္းသူ႕အားလက္ျပဆီးႀကိဳေနတာေၾကာင့္ ဦးေသာ္ကကားထဲထြက္သည္ႏွင့္ျပန္ၿပဳံးျပေလသည္။

ကြၽီ.......ဘမ္း.......

ဦးေသာ္က သတိုးေခါင္အနားေရာက္ေတာ့ သတိုးေခါင္ဝိုင္တစ္ခြက္ငွဲ႕၍သာလက္ဟန္ျဖင့္သူ႕အားထိုင္ဖို႔ေျပာေနသေယာင္....။

ဦးေသာ္ကလည္းသတိုးေခါင္နဲ႕မ်က္ႏွာျခင္းဆိုင္မွာထိုင္လိုက္၏။လိုရင္းကိုမဆိုေသးဘဲ ဝိုင္ကိုဘဲဆက္ငွဲ႕ေနတဲ့သတိုးေခါင္ပုံေၾကာင့္ ဦးေသာ္ကအနည္းငယ္ေတာ့ေတြေဝမိသည္။ခါတိုင္းလဲ ႏွစ္ေယာက္ထဲဆုံတက္ေပမဲ့ ယြန္းမွီကိစၥျဖစ္ၿပီးကထဲကမဆုံတာၾကာေတာ့ သူဘဲစိတ္ထဲတစ္မ်ိဳးျဖစ္သည္လား တစ္စုံတစ္ရာကိုစိုးရိမ္ရမည္လားပင္ဦးေသာ္ကေသခ်ာမသိေတာ့ပါ။

"အန္ကယ္နဲ႕ေတြ႕ခ်င္တာ ဘာကိစၥမ်ားေျပာစရာရွိလို႔လဲေမာင္သတိုးေခါင္"

သတိုးေခါင္ ဦးေသာ္ကအားေစ့ေစ့ၾကည့္၍သာၿပဳံးေလသည္။ဦးေသာ္ကလည္း သူ႕ကိုၾကည့္ေနတဲ့သတိုးေခါင္ပုံေၾကာင့္ နားမလည္နိုင္စြာဘဲျပန္ၾကည့္မိလိုက္သည္။
သတိုးေခါင္ သူ႕အားရဲတင္းစြာျပန္ၾကည့္နိုင္တဲ့ဦးေသာ္ကကို ဆက္ၾကည့္ေနရင္ထိန္းခ်ဳပ္ထားတဲ့ေဒါသမ်ားလည္းေပါက္ကြဲထြက္မည္ေတာင္စိုးရသည္။ဒါေၾကာင့္ သူဘဲအၾကည့္ခြာ၍လက္ထဲမွာကိုင္ထားတဲ့ဝိုင္ခြက္ကိုေဘးမွာလိုက္ကာ ရယ္သဲ့သဲ့ကပ္ပါလ်က္.......

"အဟက္ ဘာေတြေလာေနတာလဲအန္ကယ္.....စားရင္းေသာက္ရင္းနဲ႕စကားေျပာၾကတာေပါ့"

"အင္း....ေလာစရာေတာ့မရွိပါဘူး၊႐ုတ္တရက္ခ်ိန္းေတာ့ ေမာင္သတိုးေခါင္ဘာမ်ားအေရးႀကီးေနလဲမသိလို႔ပါ"

ဦးေသာ္ကေျပာရင္းဆိုရင္းဘဲ ဝိုင္ခြက္ကိုေကာက္ကိုင္လိုက္၏။စကားဆုံးမွ ကိုင္ထားတဲ့ဝိုင္ခြက္ကိုတစ္ခ်ိဳင့္ေမာ့ခ်လိဳက္စဥ္........

"ကြၽန္ေတာ္တို႔မဆုံတာေတာင္ၾကာၿပီေနာ္"

ဦးေသာ္ကေခါင္းၿငိမ့္လ်က္ ဝိုင္ခြက္ကိုသာေဘးမွာျပန္ခ်လိဳက္ၿပီး.....

"Sorryကြာ မွီ့ကိစၥနဲ႕အလုပ္မ်ားေနတာနဲ႕ဘဲ ေမာင္သတိုးေခါင္နဲ႕မဆုံျဖစ္တာ"

"ကြၽန္ေတာ္နားလည္ပါတယ္....သုံးေဆာင္ပါအန္ကယ္"

"ေကာင္းပါၿပီ"

စုံလင္လွတဲ့အစားအေသာက္ေတြကိုသုံးေဆာင္ရင္း စကားဝိုင္းေလးကတစ္ခဏမွ်တိတ္ဆိတ္သြားခဲ့သည္။သူတို႔ႏွစ္ေယာက္ေဘးမွာရပ္ေနတဲ့စိုင္းလူ သူတို႔အေျခအေနကိုၾကည့္ရင္း သတိုးေခါင္အနားကပ္သြား၍တီးတိုးစြာဘဲ........

"ကြၽန္ေတာ့္ကိုခဏခြင့္ျပဳပါဦး...မမေလးဆီကဖုန္းဝင္လာလို႔"

"အင္း....မင္းမမေလးကိုၾကည့္ေျပာထားလိုက္"

ေခါင္းၿငိမ့္ျပယုံမွ်သာၿငိမ့္လိုက္ၿပီး စိုင္းလူထိုေနရာမွထြက္ခြာသြားေလသည္။

ခဏအၾကာ........

"ေပလႊာ့သတင္းေကာဘာၾကားေသးလဲအန္ကယ္"

သတိုးေခါင္ဆီကထင္မွတ္မထားတဲ့စကားေၾကာင့္ ဦးေသာ္ကစားေနရင္းဘဲတီးသြား၏။

"အဟြတ္.....အဟြတ္"

ဓားနဲ႕ခက္ရင္းကိုကိုင္ေဆာင္ၿပီး ပန္းကန္ထဲကအသားလွီးကာေမးေနတဲ့သတိုးေခါင္ပုံကေတာ့တည္ၿငိမ္စြာနဲ႕ပင္။ဦးေသာ္ကတီးသြားမွ အသားျပားလွီးေနသည္ကိုသတိုးေခါင္ရပ္လိုက္ၿပီး ဦးေသာ္ကကိုမ်က္ေထာက္နီႀကီးျဖင့္ၾကည့္ၿပီး.......

"အစာကိုဂ႐ုစိုက္စားမွေပါ့အန္ကယ္....အစားမေတာ္ရင္ကိုယ္စားေနတဲ့အစာကကိုယ့္ကိုဒုကၡေပးတက္တယ္"

ဦးေသာ္က သတိုးေခါင္ပုံစံနဲ႕စကားေတြေၾကာင့္ သူ႕အနည္းငယ္ေတာ့စိုးရိမ္စျပဳလာသည္။ေလာေလာဆယ္ေတာ့သတိုးေခါင္ကို ျပန္ေျပာနိုင္ဖို႔လည္းအခ်ိန္မရွိေပ။ေဘးနားမွာအသင့္ရွိေနတဲ့ေရကိုသာ ေသာက္လိုက္သည္။သက္သာစျပဳလာမွသာ.......

"ေပလႊာကေသၿပီေလ အန္ကယ္ကသူ႕အေၾကာင္းဘာၾကားရဦးမွာလဲ"

"ဟုတ္သားဘဲေပလႊာကေသၿပီဘဲ၊ဒါနဲ႕အန္ကယ့္ကိုတစ္ခုေလာက္ေမးလို႔ရမလား"

အစာတီးသာသက္သာစျပဳလာေပမဲ့ ဦးေသာ္ကေခါင္းမ်ားမၾကည္ေတာ့ေပ။မူးေဝလာသလိုခံစားရၿပီး မ်က္လုံးမ်ားလဲျပာကာေနရသည္မွာထူးဆန္းေနသည္။သို႔ေပမဲ့ သူ႕အေျခအေနသူထိန္းရင္းဘဲ သတိုးေခါင္အေမးကိုျပန္ေျဖဖို႔ဘဲေျပာလိုက္၏။

"ဘာမ်ားလဲ"

"ေပလႊာ့ကိုေတြ႕ခ်င္ရင္ ဘယ္ကိုသြားရွာရမလဲ၊ေသတဲ့လူဆိုေတာ့နိဗၺာန္လား ဒါမွမဟုတ္ငရဲလား"

သတိုးေခါင္ရဲ႕စကားေတြကို ဦးေသာ္ကအာ႐ုံမေရာက္ပါ။ၾကားတစ္ခ်က္မၾကားတစ္ခ်က္နဲ႕ မူးေဝေနတဲ့ေခါင္းကိုလက္ျဖင့္ဖိထားရင္းဘဲ လည္ပင္းတစ္ခုလုံးအစ္ေတာင့္လာသလိုျဖစ္ေနသည္။ဒါ့အျပင့္........

"ဖလူး......အဟြတ္.....အဟြတ္"

ဦးေသာ္ကေသြးမ်ားအန္ရင္းသာ ေျမႀကီးေပၚသို႔လဲက်သြား၏။ေအာင့္သက္ေနတဲ့ရင္ဘက္ကိုဦးေသာ္ကဖိႏွိပ္ထားေသာ္လည္းအခ်ည္းအႏွီးပင္။အသက္ပင္ေကာင္းေကာင္းမရႈနိုင္ေတာ့ဘဲ တစ္ျဖည္းျဖည္းနဲ႕ျပာေဝေနတဲ့မ်က္လုံးမ်ားကသတိုးေခါင္ကိုပါျမင္ကြင္းထဲကေပ်ာက္ကြယ္သြား၏။

"အန္ကယ္.....အန္ကယ္..."

ေသြးမ်ားအန္လ်က္လဲက်သြားတဲ့ဦးေသာ္ကေၾကာင့္ သတိုးေခါင္ထိုင္ေနရင္းကပင္ထရပ္မိသြားသည္။သူဘယ္ေလာက္ဘဲေခၚေနပါေစဦးေသာ္ကထံမွျပန္လည္ ေျဖၾကားျခင္းလဲမရွိ။ထိတ္ထိတ္လန့္လန့္ျဖင့္ဘဲ........

"အန္ကယ္.....ဦးေသာ္က....ဦးေသာ္က.....အာ့"

ဦးေသာ္ကနာမည္ကိုအဆက္မျပတ္ေခၚရင္း ဦးေသာ္ကကိုဘဲသူအာ႐ုံေရာက္ေနခ်ိန္ အေနာက္မွတစ္စုံတစ္ရာျဖင့္အရိုက္ခံလိုက္ရတာေၾကာင့္သတိုးေခါင္ေနရာမွာတင္လဲက်သြားသည္။ေခါင္းကိုရိုက္ခံရသည့္ဒဏ္ေၾကာင့္ သူ႕ကိုရိုက္သည့္သူကိုျမင္ေနပါေသာ္လည္းမည္သူမည္ဝါမွန္းမသဲကြဲေတာ့ပါ၊မ်က္လုံးမ်ားေမွးစင္း၍သာ ေလာကႀကီးနဲ႕အဆက္အသြယ္ျပတ္သြားေတာ့သည္။

ေသြးမ်ားစြန္းထင္းေနတဲ့တုတ္ကိုကိုင္ေဆာင္ထားလ်က္ သတိေမ့ေနတဲ့သတိုးေခါင္နဲ႕ေသြးမ်ားဗလပြနဲ႕လဲက်ေနတဲ့ဦးေသာ္ကကိုၾကည့္လ်က္ ထိုလူေျပာသည္က...........

"အခုေတာ့မင္းတို႔ငရဲအရင္သြားလိုက္ဦး"

~~~~~~~~~~~
~~~~~~~~~~~
တီ........တီ..........

ႏွိုင္းဧကရီ သတိုးေခါင္တို႔ျပန္အလာကိုေစာင့္ေနခဲ့ရာ အိမ္ထဲသို႔ဝင္လာတဲ့ကားကိုျမင္မွၿပဳံးနိုင္သည္။သူမလဲ သတိုးေခါင္တို႔အိမ္ထဲေရာက္သည့္အခ်ိန္ကိုမေစာင့္နိုင္သည့္အဆုံး အိမ္ထဲကသာအေျပးေလးထြက္လာခဲ့သည္။

ဘမ္း...........

စိုင္းလူကားေနာက္ဖုံးထဲက လူတစ္ေယာက္ဝင္စာအိတ္ျဖင့္ထုတ္လာတဲ့ထိုအိတ္ကိုပခုံးေပၚထမ္းကာ သူ႕အားဆီးႀကိဳေနတဲ့ႏွိုင္းဧကရီဆီသို႔မ်က္ႏွာေသႀကီးျဖင့္သြားေလသည္။

ဘုတ္.........

သူမအနားေရာက္မွ သူထမ္းလာတဲ့အိတ္ကိုပစ္ခ်လိဳက္ၿပီး........

"ဆရာက ဦးေသာ္ကကိစၥမၿပီးျပတ္ေသးလို႔က်န္ေနခဲ့တယ္မမေလး၊ကြၽန္ေတာ့္ကိုေတာ့ မမေလးစိတ္မရွည္မွာဆိုးလို႔ေပလႊာ့ကိုအရင္ဖမ္းၿပီးပို႔ခိုင္းလိုက္တာ"

ႏွိုင္းဧကရီ'နားလည္ၿပီ'ဆိုသည့္ပုံမ်ိဳးျဖင့္သာ စိုင္းလူအားလက္ဟန္ျဖင့္ျပလိုက္၏။ေပလႊာ့အားထည့္ထားတဲ့ သူမေရွ႕ကအိတ္ကိုၾကည့္ကာသူမညစ္ၿပဳံးၿပဳံးလ်က္ လက္ထဲမွာအသင့္ပါတဲ့ေသနတ္အားေမာင္းတင္လိုက္ၿပီး ထိုအိတ္အားခ်ိန္ထားသည္။

"ဘယ္လိုလုပ္ရမလဲမမေလး...အိတ္ကိုဖြင့္လိုက္ရမလား"

သူမခ်က္ခ်င္းဘဲျငင္းဆန္ေလသည္။

"မလုပ္နဲ႕...ဟင့္ ငါကက်ည္ဗလပြနဲ႕႐ုပ္ပ်က္ဆင္းပ်က္ေသေနတဲ့ပုံကိုဘဲျမင္ခ်င္တာ"

အိတ္ကိုျဖည္ဖို႔လုပ္ေနတဲ့သူ႕လက္ေတြကို စိုင္းလူခ်က္ခ်င္းဘဲ႐ုတ္သိမ္းကာျပန္ၿပီးမတ္တပ္ရပ္လိုက္၏။

"ေကာင္းပါၿပီ"

"အြန္း.....အြန္း......"

ညီးတြားရင္စလႈပ္လာတဲ့အိတ္ေၾကာင့္ ႏွိုင္းဧကရီစိတ္မရွည္စြာျဖင့္ဘဲ........

ဒိုင္း.......ဒိုင္း.......ဒိုင္း........

"ေသစမ္း......ငါ့ကိုစိတ္အႏွောက္အယွက္ေပးတဲ့အေကာင္၊နင္ေသမွငါ့ဘဝႀကီးကေအးခ်မ္းမွာ"

ဒိုင္း.........ဒိုင္း........

အဆတ္မျပတ္ဘဲထိုအိတ္ကိုပစ္လိုက္၏။ေနာက္ဆုံးက်ည္ကုန္သြားမွသာ သူမရဲ႕ပစ္ခတ္ေနတဲ့လက္ေတြကရပ္တန့္သြားသလို သူမလက္ထဲကေသနတ္ကိုပါေက်နပ္စြာပစ္ခ်လိဳက္၏။

ေဂ်ာက္.....

သူမလက္ထဲကေသနတ္ေျမေပၚက်ေနသည္ႏွင့္ မ်က္ႏွာေသႀကီးနဲ႕ျဖစ္ေနတဲ့စိုင္းလူရဲ႕မ်က္ႏွာကခ်က္ခ်င္းဘဲဝင္းပသြားသည္မွာဟန္မေဆာင္နိုင္ေလာက္ေအာင္ပင္။ၿပဳံးေနတဲ့သူ႕ရဲ႕အၿပဳံးေတြထဲ မ်က္ရည္မ်ားဝဲတက္ေနေပမဲ့ ထိုအၿပဳံးကေပ်ာ္လြန္းလို႔ၿပဳံးတဲ့အၿပဳံးေတြ.......။

ႏွိုင္းဧကရီ သူမထက္ပိုေပ်ာ္ေနတဲ့သတိုးေခါင္ေၾကာင့္ၿပဳံးဖို႔ပင္ေမ့ေလ်ာ့သြားသည္။ထို႔ေၾကာင့္သူမစိုင္းလူဘက္သို႔မ်က္ႏွာမူရင္းဘဲ နားမလည္စြာျဖင့္.......

"နင္ကဘာလို႔ေပ်ာ္ေနရတာလဲ"

"ဟား......ဟား....."

ေျဖာင္း.......ေျဖာင္း......

သူမအားေလွာင္ၿပဳံးၿပဳံးကာၾကည့္ေနတဲ့စိုင္းလူရဲ႕မ်က္ဝန္းအိမ္အတြင္း မ်က္ရည္မ်ားလည္းစီးက်လ်က္အားပါးတစ္ရရယ္လို႔သာ.......။ဒါ့အျပင္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထြက္ေပၚလာတဲ့လက္ခုပ္သံမ်ားေၾကာင့္ အသံလာရာသို႔ၾကည့္လိုက္ခ်ိန္........

"ေပလႊာ"

နိုင္းနဲ႕ေပလႊာ့အျပင္ သူမမသိတဲ့လူတစ္ေယာက္ကသူမအားလက္ခုပ္မ်ားတီး၍ေလွာင္ေနသည္ကိုေတြ႕လိုက္ရသည္။ထူးျခားတာဆိုလို႔လက္ခုပ္တီးေနတဲ့သူေတြထဲေပလႊာမပါတာနဲ႕ သူမတစ္ခါမွမျမင္ဖူးတဲ့နိုင္းရဲ႕အၿပဳံးခ်ိဳခ်ိဳေတြဘဲျဖစ္မွာ......။

"ေပလႊာကဒီမွာဆို.....အိတ္ထဲက"

အိတ္ထဲကေပလႊာမဟုတ္မွန္းသိသည္ႏွင့္ ႏွိုင္းဧကရီထိတ္ထိတ္လန့္လန့္ျဖင့္သာ အိတ္ကိုအတင္းဆြဲဖြင့္ေနသည္။သူမဘဲစိတ္ေလာေနလို႔လား အိတ္မွာခ်ည္ထားတဲ့ႀကိဳးကဘဲခိုင္လြန္းေနလားမသိ...ႏွိုင္းဧကရီမရမကပင္ဆြဲဖြင့္ေနရသည္။

ျႇဗိ...........

အိတ္ကိုသူမဖြင့္လို႔ရသြားရာ တုန္ယင္ေနတဲ့လက္မ်ားျဖင့္အိတ္ထဲကေမွာက္လ်က္က်ေနတဲ့လူရဲ႕ပုံကိုဆြဲၾကည့္လိုက္ခ်ိန္ ေသြးအလူးအလဲနဲ႕အသက္ေငြ႕ေငြ႕သာက်န္သည့္သတိုးေခါင္အားေတြ႕လိုက္ရသည္။

"ကို.....ကို...ကိုႀကီး"

ေက်ာက္႐ုပ္တစ္႐ုပ္လိုၿငိမ္သက္ေနတဲ့သူမရဲ႕အၾကည့္ေတြက သတိုးေခါင္ဆီမွာဘဲေရာက္ေနၿပီးမ်က္ရည္မ်ားလည္းအဆက္မျပတ္စီးဆင္းေနခဲ့သည္။
တုန္ယင္ေနတဲ့လက္မ်ားကလည္း သတိုးေခါင္ပါးစပ္အားစည္းထားတဲ့အဝတ္စကိုျဖည္ေပးေနရင္း ငိုသံပင္မထြက္နိုင္ေလာက္ေအာင္ရင္ထဲဆို႔နစ္ေနခဲ့၏။

သတိုးေခါင္ ညီမျဖစ္သူအားၾကည့္ရင္းမ်က္ရည္မ်ားလည္းက်လိဳ႕သာ၊တုန္ယင္ေနတဲ့သူမရဲ႕လက္ေတြကိုဆုပ္ကိုင္ထားခ်င္ေပမဲ့ ထိုသို႔ဆုပ္ကိုင္နိုင္ေလာက္ေအာင္လဲအားမရွိေတာ့ျပန္။သူမမ်က္ရည္ေတြကိုသုတ္ေပးၿပီး ႏွစ္သိမ့္ခ်င္ေပမဲ့အသက္ပင္မရမကရႈေနရေသာေၾကာင့္ ညီမျဖစ္သူအားၾကည့္ရင္းမ်က္ရည္မ်ားသာစီးက်ေနေလသည္။

ႏွိုင္းဧကရီ ေသြးမ်ားေပက်ံေနတဲ့သတိုးေခါင္ရဲ႕ကိုယ္အားရင္ခြင္ထဲဆြဲသြင္းလိုက္ၿပီး သူမအားမ်က္ရည္အ႐ႊဲသားနဲ႕ၾကည့္ေနတဲ့သတိုးေခါင္ရဲ႕နဖူးျပင္အားနမ္းရွိုက္လ်က္.......

"ႏွိုင္း.....ႏွိုင္းေၾကာင့္ဒီလိုျဖစ္ရတာ၊ဒီလိုညီမဆိုးမ်ိဳးကို ဘယ္ေတာ့မွခြင့္မလြတ္ပါနဲ႕ကိုႀကီးရယ္"

သတိုးေခါင္အားအင္ကုန္ခမ္းစြာဘဲ ႏွိုင္းဧကရီအားျငင္းဆန္စြာျဖင့္ေခါင္းရမ္းျပေလသည္။လက္ျမႇောက္ဖို႔ပင္မတက္နိုင္သည့္တိုင္ေအာင္ သတိုးေခါင္ႀကိဳးစား၍လက္ျမႇောက္ကာ သူမရဲ႕မ်က္ရည္ေလးမ်ားအားသုတ္ေပးလို႔ေနသည္။ေလးကန္ေနတဲ့သူ႕ရဲ႕ႏႈတ္ဖ်ားမွလဲ...........

"မငို....အား...မငိုပါနဲ႕၊ညီမေလး..ညီမေလးမ်က္ရည္က်တာ မျမင္...မျမင္ခ်င္ဘူး။ေနာင္ဘဝမ်ားရွိရင္....အား...ရွိရင္လည္း ညီမေလးရဲ႕ကိုႀကီးဘဲဆက္ျဖစ္ေနခ်င္တာ"

"အဟင့္.....ဟင့္...ႏွိုင္း ႏွိုင္းဘယ္လိုေျဖဆည္ရမလဲကိုႀကီးရယ္၊အား....အဟင့္ ဟင့္"

"ကိုယ္ျပဳတဲ့ကံက...အား....အရိပ္လိုဘဲကိုယ့္ေနာက္လိုက္ေနတက္တာဘဲညီမေလးရယ္၊ကိုႀကီးေနာင္တမရပါဘူး...ဟင္း အနည္းဆုံးေတာ့ညီမေလးလက္ထဲမွာေသခြင့္ရတာဘဲ ကံ...ကံေကာင္းလွပါၿပီ"

ႏွိုင္းဧကရီ သူမပါးျပင္ေပၚကသတိုးေခါင္ရဲ႕လက္ကိုဆြဲကိုင္လ်က္ဘဲငိုေႂကြးေနမိသည္။ဝမ္းနည္းမႈမ်ားျပည့္ႏွက္ေနတာေၾကာင့္ ဘာစကားမွပင္ဆက္မေျပာနိုင္ေတာ့သည့္အထိပင္။

"မင္းငိုလို႔ဝရင္ငါနဲ႕စခန္းလိုက္ခဲ့ေတာ့ႏွိုင္းဧကရီ"

ျပတ္သားစြာေျပာလိုက္တဲ့ စိုင္းလူရဲ႕စကားေတြကအၾကင္နာတရားကင္းမဲ့ေနသလို၊သူ႕ပုံစံမဟုတ္သည့္အတိုင္း။သူမကေတာ့မလႈပ္မယွက္ဘဲ သတိုးေခါင္အားဖက္တြယ္ထားလ်က္ငိုေနတုန္းသာ။

မွိတ္လို႔သြားတဲ့မ်က္လုံးမ်ား ခပ္ေငြ႕ေငြ႕ေတာင္မၾကားရေတာ့တဲ့အသက္ရႈသံမ်ားေၾကာင့္ႏွိုင္းဧကရီ သတိုးေခါင္အားဖက္ထားရင္းငိုသံပါႀကီးနဲ႕........

"ကိုႀကီး ကိုႀကီး....ႏွိုင္းကိုစကားေျပာေနေလကိုႀကီးရဲ႕၊ဒီလိုႀကီးမေနပါနဲ႕ အဟင့္.....ဟင့္......"

"မင္းအကိုေသေနေလာက္ၿပီ မရွိေတာ့တဲ့လူထက္...ရွိေသးတဲ့ငါတို႔နဲ႕ဘဲစာရင္းရွင္း"

စိုင္းလူစိတ္မရွည္စြာဘဲ သူမရဲ႕လက္အားေဆာင့္ဆြဲလိုက္၏။ၾကမ္းတမ္းလွတဲ့သူ႕ရဲ႕အျပဳအမူၾကား ႏွိုင္းဧကရီ႐ုန္းကန္ခ်ိန္ပင္မရလိုက္ဘဲပါသြားကာ......

"ရွင္ဘာလို႔ဒီလိုလုပ္တာလဲ"

"က်စ္"

သူဆြဲေခၚလာတဲ့သူမရဲ႕လက္ေတြကိုစိုင္းလူလႊတ္ေပးၿပီး နိုင္းတို႔အနားသာေဆာင့္တြန္းလိုက္၏။ၿပီးလွ်င္ လဲက်မလိုယိုင္တိုင္တိုင္ျဖစ္သြားတဲ့သူမရဲ႕ကိုယ္အားထိန္းေပးလ်က္သူမရဲ႕ပခုံးႏွစ္ဖက္ကိုအားျဖင့္ဆုပ္ကိုင္ထားေလသည္။

သူ႕အားမုန္းတီးစြာၾကည့္ေနတဲ့အၾကည့္ေတြကို စိုင္းလူေရွာင္ရွားျခင္းမရွိ၊သူမရဲ႕မ်က္လုံးအားေစ့ေစ့ၾကည့္လ်က္ မဲ့ၿပဳံးတစ္ခ်က္ၿပဳံး၍.......

"ဟြန္း....ငါ့ရည္႐ြယ္ခ်က္ကမင္းတို႔ေမာင္ႏွမကိုဖမ္းဖို႔ဘဲႏွိုင္းဧကရီ၊မင္းတို႔ရဲ႕အေၾကာင္းေတြကိုေဖာ္ထုတ္ဖို႔အတြက္ မင္းတို႔ဆီမွာအသြင္ယူစုံစမ္းေနတဲ့စုံေထာက္တစ္ေယာက္ဘဲ"

"လူယုတ္မာ....ရွင္ဖမ္းခ်င္ဖမ္းလို႔ရရဲ႕သားနဲ႕ ဘာလို႔ဒီလိုလုပ္တာလဲ"

"အင္း....တစ္ခ်ိဳ႕ဆုံးရႈံးမႈေတြက်ေတာ့ ဥပေဒကေပးတဲ့အျပစ္ဒဏ္နဲ႕မတန္ဘူးကြ၊ကိုယ္တိုင္တုန့္ျပန္ရမွတရားမွ်တမႈရွိတာ...ဥပမာ မင္းတို႔ပေယာဂနဲ႕ေသရတဲ့မွီ့အတြက္၊ငါ့ခံစားခ်က္ေတြအတြက္နဲ႕ ေပလႊာ့အတြက္ေပါ့"

"ရွင္တို႔ ရွင္တို႔ျပန္ေပးဆပ္ေစရမယ္၊တရားဥပေဒကဒီအတိုင္းၾကည့္ေနမယ္ထင္လား"

"ဟုတ္လား ငါတို႔ဘယ္လိုေပးဆပ္ရမွာလဲေျပာပါဦး။မင္းအကိုကိုသတ္တာမင္းေလ၊ၿပီးေတာ့ဦးေသာ္ကကိုအဆိပ္ခတ္တာလဲမင္းအကိုဘဲကို။မင္းတို႔လိုမူးယစ္ေဆးေရာင္းၿပီး ႀကိဳက္သလိုလူသတ္ေနတဲ့လူရဲ႕ပါးစပ္က ဥပေဒအေၾကာင္းထြက္လာတာေလးစားဖို႔ေတာ့ေကာင္းသား"

"ဘာ!...."

"ေၾသာ္...တစ္ခုက်န္ေသးတာကေပလႊာ့ကိုကယ္တာဦးေသာ္ကမဟုတ္ဘူး၊ငါျပန္ကယ္ထားတာ ဒီေလာက္ဆိုမင္းသေဘာေပါက္ေလာက္ၿပီေပါ့"

"အဆင့္မရွိတဲ့လူယုတ္မာ"

ႏွိုင္းဧကရီသူမရဲ႕ပခုံးအားတင္းၾကပ္စြာကိုင္ထားတဲ့ စိုင်းလူရဲ့လက်တွေကိုအတင်းရုန်း၍သူမနဲ့နီးကပ်နေတဲ့စိုင်းလူရဲ့ပါးကိုရိုက်ဖို့ကြံရွယ်လိုက်စဥ္......

"ဟင္း....ရမယ္မထင္နဲ႕"

စိုင္းလူသူမရဲ႕လက္ကို အခ်ိန္မွီဆြဲဖမ္း၍သာတင္းၾကပ္စြာဆုပ္ကိုင္ၿပီးအံကိုႀကိတ္လ်က္သာ......

"စကားမစပ္...ကိုယ္ခ်စ္ရတဲ့သူ ကိုယ့္အျပစ္မကင္းလို႔ေသသြားရတဲ့ခံစားခ်က္ကို မင္းနားလည္ၿပီလား"

"......"

"ၾကာပါတယ္ ေမးေနလဲဘာထူးမွာလဲ....နိုင္းနဲ႕ဘဲစာရင္းရွင္းလိုက္"

စိုင္းလူ သူမအားနိုင္းတို႔ဘက္သာဆြဲလွည့္လိုက္၏။အရာအားလုံးအဆင္ေျပသြားၿပီဟုထင္ထားေပမဲ့ ဘာကိုစာရင္းရွင္းရမည္မွန္းေတာ့စိုင္းလူကလြဲရင္မည္သူမွမသိရေခ်။

"ေရာ့...ဓား၊ဒီမ်က္ႏွာလွလွေလးကိုဖ်က္ဆီးေပးလိုက္"

စိုင္းလူ ခြၽန္ထက္ေနတဲ့ဓားတစ္လက္အားနိုင္းကိုပစ္ေပးလိုက္၏။သူေပးတဲ့ဓားကိုအခ်ိန္မွီဖမ္းယူနိုင္လိုက္တဲ့နိုင္းအပါအဝင္ ေပလႊာေကာအဂၢပါမအူမလည္နဲ႕သာ။

နိုင္းလက္ထဲကဓားကိုၾကည့္၍ လန့္ေနရွာတဲ့သူမကေတာ့စိုင္းလူလက္ကအတင္း႐ုန္းကန္ေနရင္း.......

"ရွင္ဘာ႐ူးေနတာလဲ...ကြၽန္မကိုဘာလုပ္ခိုင္းေနတာလဲ"

"မင္းသိပါတယ္ ငါဘာလုပ္ခိုင္းေနတာလဲဆိုတာ၊မင္းငါနဲ႕ဦးေသာ္ကကို ေပလႊာ့ကိုသတ္ဖို႔လာေျပာတဲ့ေန႕တုန္းက မင္းမျပန္ခင္ေျပာခဲ့တဲ့စကားကိုမွတ္မိဦးမွာပါ"

အေတြးထဲေပၚလာသည့္ သူမေျပာခဲ့တဲ့စကားေတြေၾကာင့္ႏွိုင္းဧကရီအသက္ရႈႏႈန္းမ်ားပင္မမွန္ေတာ့ေခ်။ျပင္းလ်ေနတဲ့အသက္ရႈႏႈန္းေတြနဲ႕ အဲ့ေန႕ကစကားေတြကိုျပန္ၾကားေနမိသည္ကလဲ .....

"ဒါဆိုအဖိုးနဲ႕ စိုင္းလူကိုဘဲအားကိုးေတာ့မယ္ေနာ္"

"စိတ္ခ်သာေနပါသမီး....ေပလႊာဆိုတဲ့ကေလးကို အဖိုးတို႔ဘယ္ေတာ့မွျပန္မျမင္ရေအာင္ ေသခ်ာအျပတ္ရွင္းမယ္"

"ယုံပါတယ္အဖိုးရယ္....၊အခုေတာ့သမီးကိစၥေလးေတြရွိလို႔ျပန္လိုက္ပါဦးမယ္"

"ေကာင္းပါၿပီသမီး"

သူမေဘးကလက္ကိုင္အိတ္ကိုဆြဲ၍ ႏွိုင္းဧကရီျပန္ဖို႔ထလိုက္ခ်ိန္ ႐ုတ္တရက္တစ္စုံတစ္ရာအားသတိရသြား၍........

"သမီးတစ္ခုေလာက္ေတာင္းဆိုလို႔ရမလားအဖိုး"

"ဘာမ်ားလဲသမီး"

"နိုင္းကိုအဲ့ေကာင္ကသူ႕မ်က္ႏွာလွလွေလးနဲ႕ျမဴဆြယ္ထားတာေလ....ဆိုေတာ့သူ႕မ်က္ႏွာကိုအျပစ္ေပးသင့္တယ္"

"သမီးဆိုလိုတဲ့သေဘာက"

"ေသရာပါသြားေအာင္ဒဏ္ရာႀကီးႀကီးမားမားေလးတစ္ခုေလာက္ပါဘဲအဖိုး"

"စိတ္ခ်ေနသမီး"

ျပန္လည္ၾကားေယာင္ေနတဲ့စကားေတြေၾကာင့္ႏွိုင္းဧကရီ ေပလႊာ့မ်က္ႏွာကိုသာၾကည့္မိသည္။ပတ္တီးေလးအုပ္ထားတဲ့မ်က္ႏွာတစ္ျခမ္းကိုသူမျမင္ၿပီး ေၾကာက္ေၾကာက္လန့္လန့္ျဖင့္သာ႐ုန္းကန္ေနေလသည္။

စိုင္းလူစိတ္မရွည္ေတာ့တဲ့အဆုံး......

"မင္းထုတ္ေျပာမွာလား ငါေျပာရမွာလားႏွိုင္းဧကရီ"

သူမအသံမ်ားတုန္ယင္စြာ.........

"မသိဘူး.....ကြၽန္မဘာမွမသိဘူး"

"မင္းမေျပာရင္ငါေျပာမယ္၊ေပလႊာ့မ်က္ႏွာကိုဒီလိုျဖစ္ေအာင္လုပ္ခိုင္းတာ ဒီမိန္းမဘဲနိုင္း၊မင္းအဖိုးက သူေျပာလို႔လုပ္တာ"

ထိုစကားတစ္ခြန္းေၾကာင့္ နိုင္းသူမရဲ႕အနားနီးကပ္စြာလာ၍ လက္မ်ားကလည္းသူမရဲ႕လည္ပင္းအေပၚေနရာယူသြားသည္။

အားျဖင့္သူမရဲ႕လည္ပင္းအားဆုပ္ကိုင္ထားတဲ့ နိုင္းလက္ေတြေၾကာင့္ႏွိုင္းဧကရီအသက္ရႈၾကပ္လာကာ နိုင္းရဲ႕လက္ေတြအားအတင္းခြာခ်ေနမိသည္။သို႔ရာတြင္သူမဘယ္လိုဘဲခြာခ်ခ် အားခ်င္းမမွ်သျဖင့္အရာမထင္ပါ။

နိုင္းလက္ထဲမွာအသင့္ပါလာတဲ့ဓားကို သူမရဲ႕ပါးႏုႏုေပၚတင္လိုက္၍.......

"ငါ့ကိုလာထိရင္ေတာင္ မိန္းကေလးတစ္ေယာက္ကိုဒီလိုျပန္ျပဳမူရေလာက္တဲ့အထိငါမရက္စက္ဘူး၊ဒါေပမဲ့ငါခ်စ္တဲ့သူကိုထိရင္ေတာ့ ဘာႀကီးဘဲျဖစ္ေနေနငါအလြတ္ေပးမွာမဟုတ္ဘူးႏွိုင္းဧကရီ"

"ေမာင္"

သူမရဲ႕ပါးေပၚထိုးစိုက္ဖို႔ျပင္ေနတဲဓားက သူ႕အကၤ်ီစေလးအားဆြဲကိုင္လာတဲ့လက္တစ္စုံေၾကာင့္နိုင္းရပ္တန့္သြားေလသည္။အေနာက္သို႔ျပန္ၾကည့္ေတာ့ မ်က္ရည္ေလးအဝဲသားေလးနဲ႕တားဆီးေနတဲ့ေကာင္ေလးကေခါင္းေလးလည္းရမ္းလို႔သာ....။

"မလုပ္ပါနဲ႕ေမာင္ရယ္...သူအရမ္းနာက်င္ေနလိမ့္မယ္"

"မင္းကခြင့္လြတ္ေပမဲ့ေမာင္ခြင့္မလြတ္နိုင္ဘူး"

နိုင္း သူ႕အကၤ်ီစအားဆြဲကိုင္ထားတဲ့ေပလႊာ့လက္ေတြကိုဖယ္ခ်ရင္းေျပာလိုက္၏။အေလ်ာ့မေပးတဲ့ေကာင္ေလးကလဲ သူ႕အကၤ်ီစကိုပိုၿပီးၿမဲၿမံစြာျပန္ဆုပ္ကိုင္ရင္းဘဲ..........

"ေမာင္သူ႕ကိုျပန္တုန့္ျပန္မယ္ဆိုရင္ ငါေမာင့္ကိုဘယ္ေတာ့မွခြင့္မလြတ္ဘူး"

"ေတာက္"

"ငါေတာင္းပန္ပါတယ္ေမာင္ရယ္ ငါ့စကားကိုနားေထာင္ပါ၊ေမာင္ေျပာေတာ့ငါ့ကိုခ်စ္တယ္ဆို"

"ခ်စ္လို႔...မင္းကိုခ်စ္လို႔မိုလို႔ကြ"

"ငါ့ကိုခ်စ္ရင္ငါ့စကားကိုနားေထာင္ေနာ္"

နိုင္း သူမအားမ်က္ေထာက္နီႀကီးျဖင့္ၾကည့္၍ဘဲ....

"ေကာင္းၿပီ ေမာင္မလုပ္ေတာ့ဘူး"

နိုင္း ေပလႊာနဲ႕ဆက္ၿပီးျငင္းခုန္ခ်င္စိတ္မရွိေတာ့ေပ။ေနာက္ၿပီးေပလႊာဆြဲကိုငိထားတာက သူ႕လက္ေတြမွမဟုတ္ဘဲ...အကၤ်ီစေလးဘဲေလ။

နိုင္း စိုင္းလူအားမ်က္စပစ္လိုက္ေတာ့အလိုက္သိေလတဲ့စိုင္းလူကလဲသူမရဲ႕ကိုယ္အားခ်ဳပ္ထားေလသည္။နိုင္း သူမရဲ႕အသံထြက္မလာခင္သူမရဲ႕ပါးစပ္ဖ်ားအား လက္တစ္ဖက္ျဖင့္အုပ္၍သာ ခြၽန္ထက္ေနတဲ့ဓားသြားအားသူမပါးျပင္ေပၚထိုးစိုက္ရင္းဆြဲခ်လိဳက္၏။

နာက်င္ေနတဲ့အရွိန္ေၾကာင့္မ်က္ရည္မ်ားက်ေနတဲ့သူမမ်က္ႏွာကိုျမင္ေပမဲ့ နိုင္းသနားစိတ္မဝင္၊ေပလႊာ့မ်က္ႏွာသာေျပးျမင္ၿပီး ေဒါသထြက္ရေလေလပါ။ၿပီးလွ်င္........

"မင္းတရားခံကိုေခၚသြားေတာ့စိုင္းလူ၊သူငါ့ေရွ႕မွာရွိေနရင္ ငါတကယ္လုပ္မိလိမ့္မယ္"

နိုင္းေျပာၿပီး စိုင္းလူသူမပါးစပ္ပိတ္ေခၚသြားမွလက္ထဲကဓားကိုနိုင္းခ်လိဳက္၏။ေမာင္လည္းမင္းနဲ႕ပတ္သက္ရင္ ရက္စက္တက္တယ္ေပလႊာ......

ခြၽမ္........

ထိုအခါမွသာေပလႊာေက်နပ္နိုင္သည္။ပိုၿပီးစိတ္ေအးရသည္က နိုင္းလက္ထဲကဓားခ်လိဳက္တဲ့အသံႏွင့္ သူ႕အားလာဖက္တဲ့နိုင္းရဲ႕လက္ေတြေၾကာင့္သာ....။

တီ.......တီ........တီ.......

စိုင္းလူသူမအားကားထဲလက္ထိပ္ခတ္ထည့္ၿပီးၿပီးျခင္း ႐ုတ္တရက္ထျမည္လာတဲ့ဖုန္းေၾကာင့္ကားတံခါးကိုပိတ္၍သာဖုန္းကိုထုတ္ၾကည့္လိုက္ကာ.......

"ဟယ္လို"

"ဦးေသာ္ကဆုံးၿပီဆရာ"

တစ္ဖက္လူရဲ႕စကားေၾကာင့္ စိုင္းလူအၾကည့္မ်ားနိုင္းဆီေရာက္သြား၍ ဖုန္းကိုခ်လိဳက္ၿပီး......

"မင္းအဖိုး ကယ္ဆယ္ေရးေတြေဆး႐ုံပို႔တဲ့လမ္းမွာတင္ဆုံးသြားတယ္၊အဆိပ္ကျပင္းေတာ့ေဆး႐ုံေတာင္မေရာက္လိုက္ဘူးေျပာတယ္...မင္းအဆင္ေျပရဲ႕လားနိုင္း"

နိုင္းမ်က္ႏွာတစ္ခ်က္မပ်က္၊မ်က္ရည္တစ္စက္မဝဲဘဲသာ စိုင္းလူအားေခါင္းၿငိမ့္ျပေလသည္။ဦးေသာ္ကနဲ႕ပတ္သက္ရင္ သူလဲခံစားခ်က္မဲ့တာၾကာခဲ့ၿပီေလ.....။

"ငါအဆင္ေျပပါတယ္၊သူလုပ္တဲ့အျပစ္ေတြရဲ႕အက်ိဳးဆက္က သူ႕ကိုဒဏ္ျပန္ခတ္လိုက္တာပါဘဲ"

"မင္းအဆင္ေျပရင္ၿပီးတာပါဘဲ၊ငါတို႔ဒီမိန္းမကိုစခန္းသြားပို႔ဖို႔နဲ႕ အိပ္ေဆးအရွိန္မိေနတဲ့သတိုးေခါင္တပည့္ေတြကိုဖမ္းဖို႔အကူအညီေခၚရဦးမွာ....မင္းနဲ႕ေပလႊာျပန္ရင္ျပန္ေတာ့ေလ"

"အင္း....."

ႀကီးမားက်ယ္ျပန့္လွတဲ့ၿခံဝန္းအတြင္းနိုင္းတို႔ကားေလးထြက္သြားၿပီးသိပ္မၾကာ၊အကူအညီေခၚထားတဲ့ရဲေတြေရာက္မလာခင္ အဂၢနဲ႕စိုင္းလူတို႔သတိုးေခါင္အေလာင္းနားမွာရပ္လ်က္........

"ဒီအလုပ္ကထြက္ၿပီး ကြၽန္ေတာ္နဲ႕လာေနပါေတာ့အကိုစိုင္း၊ကြၽန္ေတာ္လည္းမိသားစုကိုလိုအပ္တာဘဲေလ"

"အကို႔ထက္ပိုေကာင္းတဲ့မိသားစုေလးမင္းရမွာပါအဂၢ၊အကိုမင္းနဲ႕လာေနဖို႔ေတာ့မျဖစ္နိုင္ဘူး"

"ဘာလို႔လဲအကိုစိုင္း၊အခုဆိုအကိုလဲဒီတာဝန္ၿပီးၿပီ ဦးေသာ္ကကလဲသတိုးေခါင္လက္ခ်က္နဲ႕ေသၿပီကို"

နိုင္းရယ္မိသည္...သတိုးေခါင္လက္ခ်က္နဲ႕ေသၿပီတဲ့လား။ဘာဆိုဘာမွမသိဘဲ အရိုက္ခံလိုက္ရတဲ့လူရဲ႕လက္ခ်က္နဲ႕ေသမည္တဲ့လား...။

"မင္းကသတိုးေခါင္လက္ခ်က္နဲ႕ ဦးေသာ္ကေသတယ္ထင္ေနတာလားအဂၢ"

အဂၢသေဘာေပါက္စျပဳလာၿပီး......

"မဟုတ္မွ...အကို..."

"ဟုတ္တယ္ငါအဆိပ္ခတ္တာ....ဦးေသာ္ကကတစ္ျခားလူလက္ခ်က္နဲ႕ေသရင္ ငါေမေမ့ကိုေပးခဲ့တဲ့ကတိမတည္ဘူးျဖစ္သြားမွာေပါ့။ငါတို႔ဦးေလးခံစားခဲ့ရသလိုဆိုရင္....အဲ့လူႀကီးကဒီ့ထက္ပိုခံစားသင့္တာ"

"Wow.....ငါ့အကိုက စုံေထာက္မလုပ္ဘဲေသြးေအးလူသတ္သမားလုပ္ရမွာ"

"အပိုေတြေျပာမေနနဲ႕...ငါ့ရည္႐ြယ္ခ်က္ကဦးေသာ္ကကိုသတ္ၿပီးေမေမ့ကိုေပးထားတဲ့ကတိတည္ဖို႔နဲ႕ ဦးေလးနိုင္းမာန္အတြက္လက္တုန့္ျပန္ဖို႔ဘဲ။နိုင္းကအဖိုးဆိုၿပီးညွာေနနိုင္ေပမဲ့ ငါကေတာ့မညွာဘူး"

ေျဖာင္း.....ေျဖာင္း......

"Wow......Wow"

အဂၢကေတာ့ အကိုျဖစ္သူအားလက္ခုပ္တစ္ေျဖာင္းေျဖာင္းတီး၍ပင္ခ်ီးက်ဴးေနသည္။ေက်လည္းေက်နပ္သည္...ေမာင္ျဖစ္သူစိတ္နဲ႕ဆုံးပါးသြားရတဲ့သူတို႔မိခင္အျဖစ္နဲ႕ယွဥ္ရင္ ဦးေသာ္ကအျဖစ္ကေျပာပစရာမရွိဟုပင္ဆိုရမည္။

~~~~~~~~~~~~~
~~~~~~~~~~~~~
မနက္ျဖန္လည္းထပ္Upေပးပါမယ္။😁ဒီေန႕အပိုင္းလည္သြားရင္ မနက္ျဖန္အပိုင္းက်ရွင္းသြားပါလိမ့္မယ္။ဒီအပိုင္းေတာ့သာသာအရမ္းရက္စက္မိသြားတယ္ထင္ပါရဲ႕။

Continue Reading

You'll Also Like

2M 135K 79
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
97K 4.2K 33
မိုရ် ရယ် ၊ အညို ရယ်၊ ချစ်သောပင်လယ်ကြီးရယ် ၊ တော်ပြီလေ ဘဝက ဒီလောက်ဆိုရင်ကို နေပျော်စရာကောင်းနေပါပြီ ။ မိုရ္ ရယ္ ၊ အညိဳ ရယ္၊ ခ်စ္ေသာပင္လယ္ႀကီးရယ္ ၊...
1.3M 79.6K 36
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
16.6K 341 20
It's Lance's first day at Kerberos College and he's excited to meet his new roommate. Upon seeing it's the rude boy from the stairwell, he learns to...