" ကျွန်တော်ချစ်ခဲ့သော သူမအမျိ...
By YaeYint0310
3.2K 187 60
အရမ်းချစ်တက်ပြီး တစ်ယောက်ကိုတစ်ယောက် သိပ်ပြီးဂရုစိုက်ကြပေမဲ့ ချစ်တယ်ဆိုသော စကားလေးကို မဖွင့်ပြောကြပဲ သဝန်တိုမ... More
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL - Part 1 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 2 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 3 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL - Part 4 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 5 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 6 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 7 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 9 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 10 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 11 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part 12 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part -13 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part - 14 ) 🔞🔞🔞
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part-15 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part-16 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part 17 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 8 )
118 10 2
By YaeYint0310
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "
         အခန်း ( ၈ )
      အမူးလေးပြေပြီး တစ်ရေးနိုးတော့ ကောင်းညို့မာန်တစ်ယောက် သူ့ဘေးမှာ ကပ်ပြီးအိပ်ပျော်နေသော ဝန်းရံခကို သူတွေ့လေတော့သည်။ တွေ့တွေ့ချင်းတော့ ဒေါသလေးတွေက မပြေသေးတော့ ချက်ချင်းဆိုသလို ထပြီးသောင်းကျန်းလိုက်ချင်သော်လည်း မြစ်ကမ်းဘေးမှနေ အိမ်ထိပြန်ရောက်​နေပြီး အဝတ်အစားလဲကာ ရေပတ်ပါသုတ်ထားပေးသော အဖြစ်ကို ပြန်စဥ်းစားမိရင်း ဒေါသကပြေသွားပြန်သည်။
  " ဒါတွေကြောင့်ဘဲ ခင်ဗျားကြီးကို ကျွန်တော်က ကြွေနေရတာ အခုလိုကျတော့ စိုးရိမ်တက်သေးတယ်ဟုတ်လား "
" ကျွန်တော့်ကို ခင်ဗျားမချစ်တော့မှာ အသေကြောက်တာ ခင်ဗျားသိရဲ့လား ခင်ဗျားသိထားဖို့က ဒီမင်္ဂလာပွဲကို ဘယ်သူတွေ ဘယ်လိုစီစဥ်စီစဥ် ကျွန်တော်ရအောင်ဖျက်ပြမယ် ခင်ဗျားဟာ ကျွန်တော့်အပိုင်ဘဲ အဆုံးသတ်မှာ ခင်ဗျားကိုမရဘူးဆိုရင်တောင် အဲ့မိန်းမရဲ့သမီးလက်ထဲတော့ လုံးဝမပေးနိုင်ဘူး မေမေတုန်းကလည်း သူ့အမေကို ရှုံးခဲ့ရတယ် အခုသူ့သမီးလက်ထက်မှာတော့ ကျွန်တော်က နိုင်ကိုနိုင်ရမယ် ပြီးတော့ ခင်ဗျားသိထားရမှာက ခင်ဗျားကို ကျွန်တော် အသေချစ်တာ ခင်ဗျားလည်း ကျွန်တော့်ကိုပဲ ချစ်နေရမယ် "
     ပြောနေရင်း သေချာကြည့်တော့ မျက်နှာရိုးလေး အနည်းငယ်ကားသယောင်ထင်ရကာ ယောင်္ကျားဆန်သော မျက်နှာ၊ သိပ်ကိုကြည့်ကောင်းသော မျက်ခုံးတွေက သူ့ကိုဆွဲဆောင်စေသည်။
" ခင်ဗျား သိလား ကျွန်တော့်ရဲ့ပထမအနမ်းက ခင်ဗျားဖြစ်ခဲ့တာ ဟားဟား ဘယ်သိမလဲ ခင်ဗျားကြီးအိပ်နေတုန်း ကျုပ်ကခိုးနမ်းခဲ့လို့လေဗျာ နောက်လည်း နမ်းနေကျပဲလေ သိထားဖို့က အစကတည်းက ခင်ဗျားကို ကျုပ်ပိုင်ပြီးသားဆိုတာ "
       စကားလေးပြောလိုက် ဘေးနားမှာ အိပ်နေသော ဝန်းရံခကိုကြည့်လိုက်နှင့် အရမ်းတွေသဘောကျနေသည်။
" ညတိုင်းလိုလို ဘေးနာမှာ အိပ်စေချင်တာ မတက်နိုင်သေးလို့သာ ခင်ဗျားကို ကျုပ်ကလွတ်ထားတာ "
      ညဝတ်အိပ်အင်္ကျီလေးက ရင်ဘက်နေရာလေးက ဟနေတော့ အတွင်းက ရင်သားကို​မြင်​နေရသည်။
" ခင်ဗျားရဲ့ရင်က လှ​တော့မလှဘူး ဒါပေမဲ့ ဘယ်သူမှမပေးထိနဲ့ ကျွန်တော်မကြိုက်ဘူး "
      အိပ်ပျော်နေသောသူဘေးမှာ တစ်ယောက်တည်း အရူးပမာပြောနေသော သူ့အဖြစ်ကိုသူပြန်စဥ်းစားရင်း သဘောကျရယ်မိနေသေးသည်။
" နေပါဦး ကျွန်တော်ပေးထားတဲ့ လက်ပတ်လေးရော ခင်ဗျားဘာလို့ မပတ်တာလဲ "
  " တောက်..."
" ကျွန်တော်ကတော့ အမြဲပတ်ထားတာလေဗျာ "
     မကျေနပ်ချက်တွေ ထပ်ပေါ်လာပြန်သည်။
" ဒီကောင်မလေးပေါ်လာမှ ခင်ဗျားချွတ်လိုက်တာလား မရဘူးနော် လုံးဝမရဘူး "
" ခင်ဗျား နိုးလာမှ အခုကိစ္စကိုရှင်းရမယ် "
     ရေခဲသေတ္တာထဲကဖွင့်တော့ ဝန်းရံခက အလိုက်သိစွာဖြင့် သောက်ဖို့ သစ်သီးဖျော်ရည်များဝယ်ထားပေးလေသည်။ ပြောနေကျစကားလည်း နားထဲကြားလာပြန်သည်။
" အရက်တွေဘီယာသောက်ပြီးရင် သစ်သီးဖျော်ရည်တွေ သောက်ပေးရတယ် အထူးသဖြင့် အသည်းကိုအားပြန်ဖြည့်ရတာ "
     ရေခဲသေတ္တာထဲမှ အချိုရည်အား ဖောက်သောက်လိုက်ပြီး နှာခေါင်းလေးအား မနာအောင်ဖွဖွလေး သွားလှုပ်ရင်း နဖူးလေးကို နမ်းလိုက်ပြန်သည်။
" အခုလိုကျတော့လေ ခင်ဗျားကြီးဟာ ကျုပ်ကိုပြုစားထားသလိုပဲ သိလား "
    ဖုန်းလေးထုတ်ပြီး ရင်ခွင်ထဲဝင်ကာ ဓာတ်ပုံလေးရိုက်လိုက်သည်။ ကျေနပ်သွားတော့ သူလည်း တစ်ရေးပြန်အိပ်လိုက်လေတော့သည်။ မနက်ကျလျှင် သူ့ကိုပြဿနာရှာဖို့ အားရှိနေဖို့ လိုတယ်မဟုတ်လား။
    နံနက်မိုးလင်းတော့ ကျောင်းသွားဖို့ ပြင်ဆင်လေတော့သည်။
" ကောင်း ဘာမှမစားတော့ဘူးလား "
     ဝန်းရံခမေးနေပေမဲ့ ကောင်းက မဖြေပေ။ အေးအေးဆေးဆေးနဲ့ သူ့ကိစ္စကိုသာ သူလုပ်နေလေတော့သည်။
" ကိုယ်မေးနေတယ်လေ ကောင်း "
" မစားဘူး "
" ဖြစ်မလားကွ ညကလည်း ဘာမှမစားထားဘူး အရက်တွေလည်း သောက်ထားသေးတာ ဒီမနက်လည်း ဘာမှမစားရင် အစာအိမ်ထိခိုက်မှာပေါ့ကွာ "
  " သေသွားလည်း ကောင်းတယ်မဟုတ်လား "
" ကောင်း စောစောစီးစီး ဘာတွေပြောနေတာလဲကွာ "
  " ဟုတ်တယ်လေ ကောင်းဘဝကြီးက ရှင်သန်နေလည်း ဘာထူးမှာလဲ အနားမှာဘယ်သူကမှ ရှိမနေချင်ကြတာလေဗျာ "
  " ကိုယ်ရှိနေတယ်လေကွာ "
" ခဏပါဗျာ ပြီးရင် သွားတာပါပဲ "
" ကောင်း ဘာတွေဖြစ်နေတာလဲ မနေ့ကဆို ကောင်းအတွက် ကိုယ်ဘယ်လောက်စိတ်ပူရလဲသိလား "
  " ဘယ်လောက်ပူရလဲပြော "
" ရွဲ့နေတာလား ကောင်း "
  " မရွဲ့ပါဘူးဗျာ အတည်မေးတာလေ "
" မင်းကို လိုက်ရှာရတာ ကျောင်းမှာလည်းမရှိ အခန်းလာတော့လည်း မရှိ ကိုယ့်ရင်ထဲ ဘယ်လောက်​တောင် မီးတောက်လည်း သိရဲ့လား "
  " ဒါဆိုကောင်းကရော ကောင်းရဲ့ရင်ထဲမှာ ပေါက်ကွဲနေတာ မွန်းကြပ်နေတာ ဘယ်သူသိလို့လဲ "
" ကိုယ်တောင်းပန်ပါတယ်ကွာ နောက်ဆို အဲ့လိုတွေ မလုပ်ပါနဲ့ ကောင်းတစ်ယောက်တည်း ထွက်ထွက်မသွားပါနဲ့ ကောင်းကိုထိခိုက်လိမ့်မယ် "
" ကောင်းကို စိတ်ပူတယ်ပေါ့ "
" ပူတာပေါ့ ကိုယ့်မှာစိတ်ပူရမှာ ကောင်းဘဲရှိတာ "
" ဂရုစိုက်တယ်ပေါ့ "
" ဂရုစိုက်တာပေါ့ဗျ "
" ညာတာ ခင်ဗျားကြီးညာတာ ကောင်းကို အစ်ကိုညာတာ ကောင်းကိုဂရုမစိုက်ဘူး ကောင်းနဲ့ပက်သက်တာဆို အလေးမထားဘူးလေဗျာ "
" ဟောဗျာ ဘာများဖြစ်ရပြန်တာတုန်း "
" ဒါဆိုလက်က လက်ပတ်ဘယ်မှာလဲပြော ကောင်းကိုယ်တိုင် ဝတ်ထားပေးတာလေ "
" လက်ပတ်လား "
" မရှိတော့ဘူးလား ပစ်ထုတ်လိုက်ပြီမဟုတ်လား အဲ့တာအလေးထားတာလား အမြဲဝတ်ထားဖို့ပြောတာလေ ဘယ်မှာလဲ အဲ့လက်ပတ် "
     ကလေးတစ်ယောက်လို သူ့ကိုရန်တွေ့နေသော ကောင်းကို သူပိုပြီး အံ့သြမိသည်။
" ဖြေလေဗျာ မဖြေရင် ကောင်းအကြောင်းသိတယ်နော် ကောင်းပြဿနာရှာမှာနော် ဘယ်ကောင်မကြောင့် အဲ့လက်ပတ်ကိုဖြုတ်လိုက်တာလဲ "
" ကောင်မလေး မဟုတ်ပါဘူးကွာ "
  " ဒါဆိုကောင်လေးပေါ့ ဟုတ်လား "
" အင်း "
  " ဘာ အဲ့ကောင် ဘယ်ကကောင်လဲ ဘာကောင်မို့လို့ ကောင်းပေးထားတဲ့လက်ပတ်ကိုတောင် ဖြုတ်ပေးတာလဲ ပြောစမ်းဗျာ "
     အသံမာမာနဲ့ ဒေါသစွက်၍ပြောနေသော ကောင်းသည် ဝန်းရံခအဖို့တော့ ပို၍ပင် ချစ်ဖို့ကောင်းနေသည်။
" မရယ်နေနဲ့ ပြောနော် အေး မပြောလည်းရတယ် ကောင်းစုံစမ်းမယ် သိလို့ကတော့ အဲ့အကောင် အဲ့နေရာမှာတင် အပြီးဘဲ "
     ဝန်းရံခ တကယ့်ကိုပင် လန့်သွားသည် တကယ်လည်း လန့်စရာပါ ကောင်းသည် ပြောရင်ပြောတဲ့အတိုင်း လုပ်တက်သလို ဒေါသထွက်လာရင်လည်း တော်ရုံမပြေဘဲ လက်ကလည်း ယဥ်သလားမပြောနဲ့။ အထူးသဖြင့် သူနဲ့ပက်သက်သမျှတွေဆို ကောင်းကပိုဆိုးတက်သည်။ ဘာအရာကိုမှဂရုမစိုက်တက်သောကောင်းသည် ဝန်းရံခအဖို့ စိတ်ပူပန်ရတာလည်း အထူးပြောစရာမလိုတော့ပေ။
" ပြောဗျာ အဲ့ကောင်ဘယ်ကလဲ ဘယ်မှာနေလဲ "
" အဲ့ကောင်က....  "
" ရစ်မနေနဲ့ အဲ့ကောင်ကို သက်သာစေချင်ရင် မြန်မြန်ပြော "
"  ဘာမှမလုပ်ဖို့ ကတိပေးမလား "
" အဲ့တာတော့ မသေချာဘူး "
" ဒါဆို ကိုယ်လည်းမပြောတော့ဘူး "
" ခင်ဗျားကြီးနော် ပြောဗျာ ကတိပေးတယ် ဘာမှမလုပ်ဘူး "
" အဲ့ကောင်လေးက ကိုယ့်အရှေ့မှာ ရပ်နေတဲ့ မင်းဘဲ "
  " ဟင် ကောင်းဘဲ ဟုတ်လား "
      ရုတ်တရက်ကြီး ကြားလိုက်သော စကားကိုမယုံနိုင်သလို ဖြစ်သွားတာကတော့ ကောင်းပါ။
" ဟုတ်တယ်လေ မနေ့ညက မူးမူးနဲ့ ကိုယ့်ကိုဘယ်လောက်​တောင်ရစ်နေလဲ မမှတ်မိဘူးမဟုတ်လား လက်ပတ်ကိုလည်း ကိုယ့်ဘာသာကိုယ်စိတ်ဆိုးပြီး ပြန်ချွတ်ယူတာလေ အဲ့တာဘယ်သူလဲ ကောင်းဘဲမဟုတ်လား ပြောလေ "
" မဖြစ်နိုင်တာ "
" ကောင်းဘောင်းဘီအိတ်ထဲ သွားပြန်ကြည့်လေ "
     ကောင်းတစ်ယောက် ညကဝတ်ခဲ့သော ဘောင်းဘီအိတ်ကို လက်နှိုက်ကြည့်တော့ ထိုလက်ပတ်လေးက ထွက်လာသည်။ K တံဆိပ်သေးသေးလေးပါလေသည်။ ကောင်းဆိုသော အဓိပ္ပါယ်ပါ။ ကောင်းမှာရှိတဲ့ လက်ပတ်လေးကတော့ W တံဆိပ်လေးနဲ့ ဝန်း ဆိုတဲ့အဓိပ္ပါယ်လေးပါ။
" ကဲ ပြော "
     ကောင်းတစ်ယောက် မျက်နှာပိုးသတ်လေတော့သည်။ ညကမူးမူးနဲ့အသေကုန်ရစ်တာ သူမမှတ်မိတော့ဘူးလေ။ တကယ်တမ်းကောင်းရစ်လျှင်လည်း ခံနိုင်တာ သူပဲရှိလေတော့သည်။
" ကောင်းက အစ်ကို့ကို စိတ်ဆိုးပြီးပြောမိတာပါ အစ်ကိုကလည်း ကောင်းကိုညာတာကိုး "
" တော်ပါ အပိုတွေပြောမနေနဲတော့ ကျောင်းရောက်မှ စားမယ်မဟုတ်လား သွားတော့မယ် "
" လက်ပတ်ကရော "
" ကောင်းပြန်သိမ်းလိုက်ပြီးမဟုတ်လား ကောင်းဘဲယူထားပေါ့ ကိုယ့်ကိုမယုံတာကို ကိုယ်လည်း မယူထားချင်တော့ဘူး "
" ကို ကောင်းကိုအဲ့လိုမပြောပါနဲ့လားကွာ ကောင်းက အစ်ကို့ကို....  "
  " ဘာလဲကောင်း... "
" လက်ပတ်လေးတော့ ပြန်ပတ်ထားပေးပါလားဗျာ "
" ကောင်းသိမ်းထားတာ ပိုမကောင်းဘူးလား "
" ကို ကောင်းပြန်ပတ်ပေးမယ်လေကွာ ကိုနော် ကောင်းကိုစိတ်ဆိုးနေတာလား ကောင်းညက မူးနေလို့ တောင်းပန်ပါတယ်ဗျာ ကောင်းလက်ပတ်လေးကို ပြန်လက်ခံပါဗျာ "
" နောက်ကျနေပြိီး ကျောင်းသွားတော့မယ် "
     ဝန်းရံခတစ်ယောက် စိတ်ဆိုးဟန်နဲ့ အခန်းတံခါးဆွဲအဖွင့် ကောင်းကဝင်တား၍ တံခါးဆွဲပိတ်လေတော့သည်။
" ကို အဲ့လက်ပတ်လေးမဝတ်မချင်း ကောင်းမပေးသွားဘူးနော် "
" ကောင်း မင်းကတော့ကွာ နောက်ကျနေပြီး အရမ်းဂျစ်မနေနဲ့ "
" ဒါလေးဝတ်တာ ဘယ်လောက်ကြာမှာမို့လဲ ကိုလုပ်နေတာမှသာ ပိုကြာတာ "
" မင်းပဲ ပြန်ချွတ်ခဲ့တာလေ မင်းပဲပြန်သိမ်းမယ်ဆို "
" အဲ့တာမနေ့က ကောင်းမူးပြီးပြောချင်ရာလျှောက်ပြောမိတာပါ ပေးနော် ကောင်းပြန်ပတ်ပေးမယ် "
     အခန်းတံခါးဝမှာ နှစ်ယောက်သား ကျောင်းသွားအံဆဲဆဲ လက်ပတ်လေးကို တယုတယပြန်ပတ်ပေးနေသော သူတို့နှစ်ယောက်ကို ဘေးချင်းကပ်က သုံးပန်လှနဲ့ အေမီတို့က ကြောင်ပြီးကြည့်နေမိတော့သည်။ ကောင်းသည် သုံးပန်လှ ကြည့်နေတာတွေ့တော့ ဘာကြောင့်မှန်းမသိပေမဲ့ လက်ပတ်လေးပတ်ပေးပြီးတော့ ဝန်းရံခရဲ့ လက်ဖမိုးလေးကို အသာလေးနမ်းလိုက်တော့သည်။
      ရုတ်တရက်နမ်းလိုက်သောကြောင့် ဝန်းရံခတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဘေးကိုကြည့်တော့ သုံးပန်လှနှင့် အေမီတို့က ရပ်ကြည့်နေကြသည်။ အေမီကတော့ အကျင့်အတိုင်း ပီတိဖြာ၍ ပြုံဖြာဝေနေလေတော့သည်။ သုံးပန်လှကတော့ တစ်ခုခုကို တွေးတောနေဟန်ပါ။ ဝန်းရံခလည်း ရှက်ရှက်နဲဲ့ အမြန်ထွက်လာလိုက်သည်။
" ကို ကောင်းကိုစောင့်ပါဦးဗျ "
     အနောက်ကနေ အော်ပြောနေရင်း ပြေးလိုက်လာသွားသော ကောင်းကိုကြည့်ပြီး သုံးပန်လှတစ်ချက်ပြုံးလိုက်မိသည်။
" နင်ဘာတွေကြံနေတယ်ဆိုတာ ငါမသိရင် သုံးပန်လှဆိုတဲ့ငါဟာ ရူးနေလို့ပဲ ကောင်းညို့မာန် "
  " အရမ်းအရမ်းကို အချိုတွေကျွေးနေပါလား မနက်စောစော "  အေမီကတော့ သဘောကျစွာဖြင့် ပြောဆိုနေလေတော့သည်။
ဆက်ရန်
အခန်း ( ၉ )
ချစ်ခြင်းအားဖြင့်
ရဲရင့်မာန်
Zawgyi
         အခန်း ( ၈ )
  " တောက်..."
" မစားဘူး "
  " ကိုယ်ရှိနေတယ်လေကွာ "
  " ဘယ်လောက်ပူရလဲပြော "
" ရွဲ့နေတာလား ကောင်း "
" ဂရုစိုက်တယ်ပေါ့ "
" ဂရုစိုက်တာပေါ့ဗျ "
" လက်ပတ်လား "
" အင်း "
" အဲ့ကောင်က....  "
" အဲ့တာတော့ မသေချာဘူး "
  " ဟင် ကောင်းဘဲ ဟုတ်လား "
" မဖြစ်နိုင်တာ "
" ကဲ ပြော "
" လက်ပတ်ကရော "
  " ဘာလဲကောင်း... "
" နောက်ကျနေပြီး ကျောင်းသွားတော့မယ် "
ဆက်ရန်
အခန်း ( ၉ )
ချစ်ခြင်းအားဖြင့်
ရဲရင့်မာန်
Continue Reading
You'll Also Like
1M 18.6K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
130K 7.4K 43
╰┈➤ *⋆❝ 𝐲𝐨𝐮 𝐭𝐡𝐢𝐧𝐤 𝐢'𝐝 𝐩𝐚𝐬𝐬 𝐮𝐩 𝐚 𝐟𝐫𝐞𝐞 𝐭𝐫𝐢𝐩 𝐭𝐨 𝐢𝐭𝐚𝐥𝐲? 𝐢 𝐥𝐢𝐭𝐞𝐫𝐚𝐥𝐥𝐲 𝐤𝐞𝐞𝐩 𝐦𝐲 𝐩𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐢𝐧 𝐦𝐲 �...
502K 18.2K 94
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
Fake Love By :)
Fanfiction
135K 3.1K 46
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...