๐— ๐˜† ๐—ฃ๐—ฒ๐—ฟ๐—ณ๐—ฒ๐—ฐ๐˜ ๐—”๐—น๐—ฝ๐—ต๏ฟฝ...

By Iris-Hobaring

71.7K 5.4K 1.2K

๐‘ป๐’๐’‘ โžช ๐‘ป๐’‚๐’†๐’‰๐’š๐’–๐’๐’ˆ ๐‘ฉ๐’๐’•๐’•๐’๐’Ž โžช ๐‘ฑ๐’–๐’๐’ˆ๐’Œ๐’๐’๐’Œ ๐‘จ๐’๐’‘๐’‰๐’‚ & ๐‘ถ๐’Ž๐’†๐’ˆ๐’‚ ๐’•๐’š๐’‘๐’† More

ยซ 1 ยป
ยซ 2 ยป
ยซ 3 ยป
ยซ 4 ยป
ยซ 5 ยป
ยซ 6 ยป
ยซ 7 ยป
ยซ 8 ยป
ยซ 9 ยป
ยซ 10 ยป
ยซ 11 ยป
ยซ 12 ยป
ยซ 13 ยป
ยซ 14 ยป
ยซ 16 ยป
ยซ 17 ยป [ ๐—™๐—œ๐—ก๐—”๐—Ÿ]
EXTRA 1
EXTRA 2

ยซ 15 ยป

2.2K 209 3
By Iris-Hobaring


" ရှင်ဒီလိုလုပ်တာတော့မဟုတ်သေးဘူး
ကင်မ်ချာယောင်း "

ဇနီးဖြစ်သူ၏စကား‌ကြောင့်ကျေပေးကာ
နက်ခ်တိုင်ကိုဖြေနေရင်းမှအလိုမကျစွာ
ခါးထောက်၍ကြည့်သည်။

" ဘာကိုမဟုတ်သေးတာလဲ ...အလုပ်တွေ
ပိနေလို့စိတ်ရှုပ်ရတဲ့ထဲမင်းကတစ်မျိုး "

ညီးညီးညူညူပြောလာသောကင်မ်ချာယောင်း
၏စကားကြောင့်ဟွန်းကနဲ့တစ်ချက်ခနဲ့၍
ရယ်လိုက်မိသည်။

" စိတ်ရှုပ်လည်းပြောရမှာဘဲ ....
ထယ်ယောင်းကရှင့်ကိုဘာတွေများလုပ်နေလို့
ရှင်ကဒီလောက်ထိငြှိုးမာန်ဖွဲ့ပြီး ဆက်ဆံနေရတာလဲ "

" ဘာရယ် ! ငြိုးမာန်ဖွဲ့ပြီးဆက်ဆံတယ်
ဟုတ်သလား "

ဆက်ခနဲ့လည့်ရင်းလေသံမာမာနဲ့ပြန်ပြော
တဲ့ကင်မ်ချာယောင်းက အနာပေါ်တုတ်ကျသလိုဘဲ

" ဟုတ်တယ်လေ ရှင်ကပြောင်လိမ်ချင်တာလား
ထယ်ယောင်းက ကြိုးစားတဲ့ကလေးပါ...
ဒါကိုရှင်က အများကြီးမဟုတ်ရင်တောင်
နည်းနည်းတော့သိတတ်မှုရှိပြီး သူ့ကိုပံ့ပိုးသင့်တာပေါ့ "

ကင်မ်ထယ်ဆုရဲ့စကားကြောင့်ဟက်ဟက်ပက်ပက်
ရယ်မိသွားသည်။ သိတတ်မှုကလေးရှိပြီး ပံ့ပိုး
ပေးသင့်ပါတယ်တဲ့။ တတော်ကိုတစ်ကိုယ်ကောင်း
ဆန်တဲ့မျိုးရိုးကိုယ့်မိသားစုအတွက်ကျသိတတ်
လိုက်ကြတာ။

" ငါသိတတ်ပြီးပံ့ပို့းခဲ့လို့ဘဲ မင်းသားက
ဒီနေရာရောက်လာခဲ့တာဘဲလေ....
မဟုတ်ရင် အစောထဲကဒီကောင့်ကိုမိဘမဲ့
ဂေဟာပို့ပစ်ခဲ့တယ် မင်းနားလည်လား! "

" ရှင်မမိုက်ရိုင်းနဲ့ ! ကျွန်မသားကမိဘမဲ့မဟုတ်ဘူး! "

" ဒါဆိုလင်ကောင်မပေါ်တဲ့သားပေါ့ "

" ရှင်!!! "

ထိုလူ့ပါးစပ်ကထွက်ကျလာသောစကား
တစ်ခွန်းမှာ ထယ်ဆု မခံမရက်နိုင်အောင်ဖြစ်သွား
ရသည်။ ပြောရက်လိုင်လေခြင်း ယောင်္ကျားတန်မယ့်
တအားကို ရိုင်းစိုင်းလွန်း၏။

" ကဲ...ပြောပါဦး ဒီလိုတွေစဖြစ်အောင်
ဘယ်သူတွေကဖန်တီးခဲ့သလဲ၊ မင်းတို့
မိသားစုတွေဘဲလေ... ငါ့ကိုကျေးဇူးတရား
တွေနဲ့ချည်နှောင်ပြီး မင်းနဲ့မင်းရဲ့သားအတွက်
ငါ့မိသားစုဘဝကို‌စတေးခဲ့ရတာဘဲ...
အစောထဲကသာ မင်းအနေမှန်ရင် ဒါမျိုးတွေ
ဖြစ်လာစရာအကြောင်းကိုမရှိတာ...."

" ဪ...အဲ့ဒီ့တော့ရှင်ကဘဲရေတိမ်နစ်ခဲ့တာပေါ့
ရှင့်မိသားစုကိုစတေးခဲ့တာက ရှင့်လောဘတွေကြောင့်
လည်းပါတာကိုထည့်ပြောပါဦး ... ကျွန်မမိဘတွေက
ကျေးဇူးတရားနဲ့ချည်နှောင်ခဲ့ပေမယ့် လိုတာထက်ပိုတဲ့
တန်ကြေးစိည်းစိမ်နဲ့ ဂုဏ်သိက္ခာတွေကို‌ဟောသလို
အပုံလိုက်ချပေးခဲ့တာပါ ရှင့်လောဘစိတ်သာအတော
မသတ်ဘဲ ကျေကျေနပ်နပ်လက်ခံပြီးမှ စတေးရတယ်
ဆိုပြီး အသံကောင်းဟစ်မနေနဲ့! "

အသံဟစ်၍ လက်သီးတွေပါဆုပ်ကာတဆက်ဆက်
တုန်လို့ နှစ်တွေရှည်ကြာစွာမြိုသိပ်လာရသော
အစိုင်အခဲတွေကိုဖွင့်ချလာသူမှာတ‌ေတာ်ကိုစိတ်ထိန်း
ထားရပုံပေါ်သည်။

" ငါ့ချည်းဘဲပြောမနေဘဲ မင်းပါးစပ်ကရော
ဘာဖြစ်လို့ပိတ်နေခဲ့လဲ ပြောပါဦး ကင်မ်ထယ်ဆု "

" ဒါကကျွန်မသိက္ခာအတွက်- "

"အေး! အဲ့သလိုဘဲ  ငါလည်းငါမိသားစုတွက်
ငါရင်ငုံနှုတ်ပိတ်နေနေခဲ့တာ လခစားဝန်ထမ်းဘဝနဲ့
လုံးလည်ချာလည်လိုက်ပြီးတစ်ပဲနှစ်ပြားငွေလေးနဲ့
လောက်ငှမှုမရှိတဲ့ ငါ့မိသားစုကိုငါကအဆင့်မြင့်မြင့်
နေစေချင်လွန်းလို့  "

စကားမဆုံးခင်ဖြတ်ပြောသောချာယောင်းစကား
ကြောင့်နားမလည်နိုင်အောင်ဖြစ်သွားရသည်။
သူ့မှာလည်းသူရည်ရွယ်ချက်နဲ့သူ ကိုယ့်မှာလည်း
ကိုယ့်အကြောင်းပြချက်နဲ့၊ ကိုယ်စီရှိနေကြသော
အကျိုးအကြောင်းတွေအဖြစ်အပျက်တွေကအတော်
ကိုကြာနေခဲ့ပြီ။

သင်ပုန်းချေလို့အသစ်ကနေသူကသာပြန်စခဲ့ပေမယ့်
မလိုမုန်းထားနဲ့ ရန်ငြှိုးအဖြစ်သို့ဘယ်လိုဘယ်ပုံများ
ကူးပြောင်းသွားခဲ့သလဲဆိုတာလဲတွေးမတတ်တော့ပါ။
သူပြောသောစကားတွေကလည်းတစ်ယူသန်အတွေး
တစ်ကိုယ်ကောင်းစိတ်တွေသာဖုံးလွှမ်းလို့ တအား
အစွန်းရောက်လွန်းနေသည်ကို အံ့အံ့ဩဩနဲ့
ဘာမှဆက်မပြောနိုင်လောက်အောင်ငြိမ်နေမိ၏။

" အဲ့လိုလုပ်ရပ်တွေကို မင်းဆိုလည်းလုပ်မိမှာဘဲ
ဒီပုပ်ထဲကဒီပဲဘဲ သာတယ်နာတယ်ဆိုတာတွေ
လိုက်တိုင်းမနေနဲ့ "

" တော်စမ်းပါ .... ရှင်နဲ့ဖက်ပြီးသာတယ်
နာတယ်တိုင်းနေရအောင် ကျွန်မကရှင့်လောက်မှ
အောက်တန်းမကျတာ...တိုင်းစရာလည်းမလိုဘူး "

" မင်း! "

" တော်လိုက်တော့ရှင်နဲ့ကျွန်မ‌ရှေ့ဆက်စကား
မများချင်ဘူး....ရှင်နဲ့လည်းဆက်မပေါင်းနိုင်ဘူး
ကျွန်မကိုကွာရှင်းပေး! "

မခံမရပ်နိုင်နဲ့ဒေါသအလိတ်လိတ်ထွက်နေသော
ကင်မ်ထယ်ဆု အသံကုန်ဟစ်၍ အော်ပစ်လိုက်သည်။
ဟုတ်တယ်ရှေ့ဆက်သည်းမခံနိုင်တော့ဘူး ဒီစကား
ကိုပြောချင်ခဲ့တာကြာလေရော့သလား။

ထယ်ယောင်းကြောင်းသာမဟုတ်ရင်ဒီလလိုလူ
ကိုသူဒီချိန်ထိဆက်ဆွဲထာမိမှာမဟုတ်ဘူး။
အခုတော့သည်းခံနိုင်စွမ်းတွေလည်းကုန်ပြီ
ရွံလည်းရွ့ရှာလာသည်။

" ဟား...အဲ့စကားကိုငါကပိုကြားချင်နေတာကွ
ကွာပေးမှာစိတ်ချ "

တဟားဟားရယ်လို့ ပြောလာသောစကားကြောင့်
အံတင်းတင်းကြိတ်ကာလှည့်ထွက်လာခဲ့သည်။

တစ်ကယ့်ကိုမှလူစုတ် ဒီလိုလူကိုဘယ်လိုများ
ရှင်ဘယ်လိုများ သူငယ်ချင်းတော်ခဲ့လဲ
ယောင်ရှင်းရယ် ဒယ်ဒီတို့မာမီတို့ကလည်း
ဒီလိုလူကိုဘာတွေမျာသဘောကျပြီး ငွေပုံ
ပေး၍သူ့ကိုအပ်ခဲ့သလဲ။ သူကရောဘာလို့များ
ချစ်သူရဲ့သူငယ်ချင်းဆိုတာနဲ့ မျက်စိစုံမှိတ်ယုံ
ခဲ့သလဲ။

နောင်တကြီးကြီးကိုရင်ဝယ်ပိုက်လို့အခုမှ
မဖြေနိုင်မဆည်နိုင်သူဖြစ်နေရသည်။

တွေ့ခဲ့ကြုံခဲ့တဲ့အတိတ်ကဒီလိုလူးစား၊
လက်ရှိ ပစ္စုပ္ပန်မှာဟိုလိုလူစား၊ နောက်လာမယ့်
အနာဂတ်မှာဘယ်လိုလူစားဖြစ်နေမယ်ဆိုတာကို
တော့ခန်မှန်းရခက်တယ်လေ။တစ်ချိန်ကသိခဲ့လူက
ဘယ်လိုလူစားဆိုတာကိုစွဲမြဲပြီးယုံစားနေရင်
သိပ်မိုက်မဲရာကြမယ်မဟုတ်လား။

ဟုတ်တာပေါ့သူမသိပ်ကိုမိုက်လုံးကြီးခဲ့တာပေါ့
တစ်နေရာကိုသာရှေးရှုပြီး ယုံစားမိခဲ့တာကိုး။

အခန်းထဲကျန်ရစ်ခဲ့သောကင်မ်ချာယောင်းမှာလဲ
ရှိတဲ့ဒေါသတို့ကိုမြိုသိပ်ကာသာကုတင်ပေါ်
ထိုင်ချပစ်လိုက်သည်။

ဂုဏ်သိက္ခာ...ဂုဏ်သိက္ခာဆိုတဲ့အရာက်ုသိပ်
ကိုးကွယ်ကာဆီးနေသောမိသားစုမှာသူဟာ
ဒီလိုတွေဝဋ်ကြွေးများဆပ်ရမယ်ဆိုတာ
ထင်ကိုမထားခဲ့တာ။

သားနဲ့ဇနီးဖြစ်သူကို ထိုနေ့ကဘယ်လိုပုံစံမျိုးနဲ့
ထားခဲ့ရသလဲသူအသိဆုံးပါ...မိဘတွေထားခဲ့တဲ့
ကျေးဇူးကြွေးကိုဆပ်ရတာကရောဘာလို့သူမှလာ
ဖြစ်နေရတာလဲ။ ကျေးဇူးဆိုပြီး သူတို့ဂုဏ်သိက္ခာ
သာကွာကွယ်ဖို့လောက်စဉ်းစားနေသည်မိသားစုကို
လည်းစိတ်နာသည်။

စိတ်နာသည်။ နာကျည်းမိသည် ဆိုသောအရာတို့က
အစပြု၍ မကျေနပ်ချက်များပုံအောလို့ အပြစ်မရှိ
သည့်ကလေးအပေါ် သူတအားကိုအနိုင်ယူခဲ့မိသည်။
အမှားကြီးကြီးမလုပ်ခင်ကမပြင်ဆင်တော့
အခုမှတော့ဘာတတ်နိုင်မလဲ သူထိုက်နဲ့သူကံပေါ့။

..........

လေအေးအေးတိုက်ရာ ဝ‌ရံတာမှာထိုင်ကာ
သူဟိုငေးဒီငေးနဲ့ မနေ့ညနေကကြားခဲ့ရသော
စကားအချို့ကိုပြန်တွေကြည့်မိသည်။

လင်ကောင်မပေါ်တဲ့သား ကိုသူကတာဝန်ယူ
လိုက်ရတာပေါ့ ... သူတတော်တော်သည်းခံခဲ့
ရာမှာဘဲ... မိသားစုအရင်းချာတွေကိုပစ်လို့
ဘာမှမဆိုင်တဲ့သူတွေကို တာဝန်ယူပြီး
သူအနစ်နာခံပြီး စောင့်ရှောက်ပေးခဲ့တာလဲ
သိပ်ပင်ပန်းခဲ့မှာဘဲ။ ကိုယ်ချင်းတောင်စာမိပါရဲ့

စီးကရက်တစ်လိပ်ကိုရှိုက်ဖွာလို့ရေးမိပါသေးသည်။
ဖခင်အရင်းမဟုတ်သည့်လူဆီက မေတ္တ‌ာတွေ
လိုချင်နေသောကိုယ့်အကြောင်ပြန်တွေးမိရင်
အခုတော့အားလုံးရယ်စရာဖြစ်နေပြန်ရော။

ထိုအချိန်နားထဲဝင်လာသောခပ်စူးစူးအသံလေး
ကြောင့် ခပ်မြန်မြန်ထိုင်ရာကထရပ်ကာအယောင်
ယောင်အမှားမှားနဲ့

" ကင်မ်! "

" ဟင်! အင်း ‌ငယ်ဘာဖြစ်လို့လဲ "

" တစ်ကတည်း ခေါ်လိုက်ရတာဆိုတာ
ဘာတွေတွေးငေးနေသလဲမသိဘူး "

မျက်မှောင်တွေကကျုံ့လိုစိတ်မရှည်သည့်နှယ်
ပြောနေသည့်ငယ်ပြောတာတွေသူမကြားတစ်ချက်
ကြားတစ်ချက်နဲ့၊ လက်ထဲကနားကြပ်ကိုလဲ လက်နောက်
ပစ်ကာဖွက်ပစ်လိုက်သည်။

" ငယ် လိုအပ်တာတွေသွားဝယ်မို့
ကင်မ်ဘာမှစရာရှိသေးလဲ "

" ငယ်တစ်ယောက်တည်းလား မာမီကရော "

သူပြန်မေးတော့ ထိုဟာကလေးကမျက်မှောင်
ကျုံ့ပြန်သည်။

" အန်တီကဘာလိုက်လုပ်မှာလဲ ... နားပါ့စေပေါ့
ငယ်တစ်ယောက်တည်းသွားတော့ရောဘာဖြစ်လဲ "

" မပါဘူးဆိုမပါဘူးပေါ့ ငယ်ရာ...
ကိုယ့်ကိုဆိုရန်ဘဲတွေ့နေတာဘဲ လာ ....
ကိုယ်နဲ့အတူသွားမယ် "

ပခုံးကနေဆွဲလှည့်လို့ရှေ့ကနေတွန်း၍ခေါ်သွားတော့
သူကရုန်းပြန်သည်။

" ကင်မ်ကလည်း အန်တီတစ်ယောက်တည်း
ကျန်ခဲ့မှာပေါ့ ...ငယ်တစ်ယောက်တည်းသွား
လည်းဖြစ်ပါတယ်... ပြီးတော့ကင်မ့်အမေက
တစ်ယောက်တည်းကျန်ခဲ့ရင်စိတ်မကောင်း
ဖြစ်နေမှာပေါ့...အခုလည်းစိတ်ညစ်နေတာ
တစ်မှိုင်မှိုင်တထွေထွေနဲ့ သူ့အနားနေရင်း
ကင်မ်ကနှစ်သိမ့်ရင်ကျန်ခဲ့ နော်....
လိမ္မာတာကို ပြောတာနားထောင် "

ခေါင်းကလေးကိုဖွလိုက် ပါးကလေးဆွဲလိုက်နဲ့
သူချော့နေပုံက ကိုယ့်ကိုကလေးလို့မှတ်နေသလားဘဲ

မနေ့ညနေကတည်းကသူမာမီ့ကိုခေါ်လာတာ
မာမီက တစ်ခါခါမှိုင်ထွေနေပေမယ့်
အရမ်းကြီးစိတ်ထိခိုင်နေတာမျိုးတော့မဟုတ်
သူပြောမှလူမမာလိုဘဲဖြစ်နေပြီ။

" မလိမ္မာဘူး မလိမ္မာဘူး ကိုယ်လိုက်ခဲ့မယ်
ငယ့်ကိုစိတ်မချပါဘူး တစ်ယောက်တည်း
ကိုယ်မလိုက်ရင်ငယ်လည်းမသွားနဲ့
အိမ်ကအလုပ်သမားတွေကိုခိုင်းလိုက် "

" ဟာ... ခိုင်းလို့မရဘူးလေ ငယ်လိုတာတွေ
ဝယ်မှာပါဆို သူတို့ကိုဘယ်လိုမှာရမလဲ
ကိုယ်လိုချင်တာ ငယ်မျက်စိနဲ့မြင်မှ
ကြိုက်မှ လိုက်မှ ဝယ်မှာပေါ့ "

ခြေဟန်တွေလက်ဟန်တွေပါကုန်းပြီးမဲ့ကာ
ရွဲ့ကလေးနဲ့ပြောနေတဲ့ငယ့်ကိုကြည့်က
သူကတပြုံးပြုံးနဲ့

" မသိဘူး အဲ့ဒါဆိုမသွားနဲ့ "

တစ်ဖက်လှည့်၍ကျောပေးကာ သူ့ကို
စိတ်ဆိုးပြနေသော ကင်မ်ကဆိုးပါတယ်
တတော်ကိုဆိုးလာတာ

အခုကြည့် အမေဖြစ်သူစိတ်မကောင်းဖြစ်တာကို
နှစ်သိမ့်ဖို့ပြောနေတာကို ရစ်နေတာကြည့်

" ကင်မ်က ဆိုးတယ်ကွာ "

" မဆိုရပါဘူး ငယ့်ကိုမှစိတ်မချတာ
Heat cycleဖြစ်ဖို့ရက်ကတအားနီးနေပြီ
မဟုတ်ဘူးလား တစ်ယောက်တည်းမသွားပါနဲ့ကွာ "

ရင်ခွင်ထဲကိုဆွဲထည့်လို့ဖက်ထားရင်း
လေသံတိုးတိုးနဲ့သူပြောသည်။

" အခုလူကိုလာမြူဆွယ်နေတာလား "

" ဟင် "

ရင်ခွင်ထဲက ခေါင်းထွက်လို့မျက်လုံးဝိုင်းတွေနဲ့
ကြည့်ပြီးငယ်ပြောတော့ သူနားမလည်

" အခု...ကင်မ့် အနံ့တွေကတအားပြင်းနေတယ်
သိ ရဲ့ လား... "

" အာ့! "

သိရဲ့လားဆိုတာကို တစ်လုံးချင်းပြောလို့
မျက်နှာအပ်ထားရာ ရင်ဘတ်ကိုခပ်ဖွဖွကိုက်
၍ပြောနေသူက သိပ်ကိုဆွဲဆောင်မှုရှိနေသည်။

" အခုငယ်ကကိုယ့်ကိုပြုစားနေတာမဟုတ်ဘူးလား "

" ဟာဗျာ ....စွပ်စွပ်စွဲစွဲနဲ့ ဖယ်....
ငယ်သွားတော့မယ် "

" မသွားရဘူးလို့ပြောနေတယ်လေ "

ခါးကနေဆွဲဖက်ကချုပ်သူကချုပ်ရုန်းသူကရုန်းနဲ့
လွတ်ပါ ဖယ်ပါ။ မလွှတ်ဘူး မဖယ်ဘူးနဲ့
အသံစုံညံ့လို့ရုန်းရင်းစံခက်ဖြစ်နေကြသည်။

" ကင်မ်... လွှတ်ပါဦး ဒီမှာဖုန်းလာနေတယ် "

ဖုန်းလာတယ်ပြောမှလွှတ်ပေးတဲ့လူကြီးကို
တစ်ချက်စောင်ကြည့်ပြီး ဖုန်းကိုင်လိုက်သည်။

" ဟယ်လို အန်တီ... "

" ဂျောင်ဂု သားထွက်သွားပြီလား အန်တီမှာ
စရာလေးရှိလို့ ...သားလမ်းကြုံရင် ထယ်ယောင်း
အတွက်ဆေးပါဝင်ဝယ်ပေးပါလား "

" ကင်မ့် အတွက်ဆေး.... "

ကင်မ့်အတွက်ဆေးဆြိသောကြောင်သူဇဝေဇဝါ
သံယောင်လိုက်ကာ ပြောလို့ကင်မ့်ကိုတစ်ချက်ကြည့်
မိသည်။ တစ်ခုခုကိုပြောဖို့ကြိုးစားကာအနား
ရောင်လာသောကင်မ့်ကို သူတားလိုက်မိ၏။

" ဟုတ်တယ်... ယောင်းလေးရဲ့ နားထဲထည့်တဲ့
ဆေးရေည်လေအဲ့ဟာက ကုန်ခါနီးပြီ....
ပြီးတော့ ဆေးရုံဆင်းတုန်းကဆရာဝန်ပေးထားတဲ့
နားအတွက်လိုအပ်တဲ့ဆေးတွေရောဘဲ ...
အဲ့ဒါ အန်တီတစ်လကျော်စာလောက်ဝယ်လာတာ
အခုမှသတိရတယ်ကုန်ခါနီပြီထင်လို့
သတိလှန်းပေးတာ "

" ဟုတ်... ဟုတ်ကဲ့ ဝယ်ခဲ့ပါမယ် "

တုန်တုန်ရီရီပြန်ဖြေကာသူ ဖုန်းချလိုက်သည်။
ပျက်ပျက်ယွင်းယွင်းဖြစ်နေသော ကင်မ့်မျက်နှာ
ကရှင်းပြဖို့‌ကြိုးစားနေသလို ...

နားအတွက်လိုအပ်တဲ့ဆေး....
မယုံနိုင်ဖြစ်နေသော လူကချာကနဲကင်မ့်ရှေ့က
လှည့်ထွက်ကာ အခန်းထဲပြေးဝင်သည်။

" ငယ့်! "

နောက်ကနေခေါ်နေသောကင်မ်က သူ့‌နောက်
ပြေးလိုက်လာသည်။ ကုတင်ဘေးကရှိုးကေ့စ်
လေးရှိအံဆွဲတွေကိုလှန်လော၍သူရှာသည်။
အဝတ်ဗီရိုကို လည်းသူမွှေနှောက်လို့ နေရာမလှပ်
အတည်ပြုချင်နေသောအရာကိုရှာနေမိ၏။

" ငယ်....ကိုယ်ပြော- "

အခန်းအနှံ့ရှာလို့မတွေ့ချိန်မှာတော့ ငယ်ဟာ
အခန်းပြင်ကိုထွက်ဖို့ခြေလှမ်းတွေပြင်ချိန်သူ
ရှေ့ကပိတ်ရပ်ကထားလိုက်သည်။သို့ပေမယ့်

" မပြောနဲ့ကင်မ်... ငယ့်ကို ထပ်လိမ်မယ့်
စကားတွေငယ်မကြားချင်တော့ဘူး "

အံတင်းတင်းကြိတ်လို့ ငိုလုဆဲဆဲမျက်ရည်တွေထိန်း
ကာလက်သီးကလေးဆုပ်လို့ငယ့်ကသူ့ကိုပြောလာသည်။
သက်ပြင်းတစ်ချက်ပြင်းပြင်းချလို့ သူကျစ်ကျစ်ပါ
အောင်စုပ်ထားသောငယ့်လက်ကလေးကိုသူဆွဲယူ
လိုက်သည်။အလုမှတော့မထူးတော့

" ငယ်... ကိုယ်ပြောတာကိုနားထောင်ပါဦးကွာ "

" ဟင့်အင်း "

ခေါင်းတွေခါကာငြင်းပြန်တဲ့ငယ့်ကိုကြည့်ကာ
သူပါနာကျင်ရပြန်သည်။ ငယ်ဘယ်လိုခံစားနေရမလဲ
သူသိသည်။

" ပြော...ဒါဆို ကင်မ့်နားကဘာဖြစ်နေတာလဲ "

" ကိုယ့်နားတစ်ဖက်က မကြားရတော့တာ ငယ်... "

ခေါင်းငိုက်စိုက်ချလို့ သက်ပြင်းတချချနဲ့
အသံတွေကတုန်ရင်လို့ အားမရှိသည့်နှယ်
ဖြစ်နေတဲ့ သူ့ကိုငယ်ကမမှုန်မသုန်စိုက်ကြည့်နေ၏။

" အဲ့ဒါက ဖုံးကွယ်စရာလိုလို့လား ကင်မ်ရယ်
နှစ်ခါတောင်ရှိပြီ ဟန်းနီးမွန်းကိစ္စရော အခုရော
ကင်မ်နဲ့ပတ်သက်လို့ဘယ်လိုကိစ္စဘဲရင်ဆိုင်နေရရ
ကင်မ်ကငယ့်ကိုတောင်ပြောမပြနိုင်တော့ဘူးလား
ငယ်တို့ကအခုထိဘာမှမဆိုင်သေးတာလား "

" မဟုတ်ဘူးငယ် ... ကိုယ်ကတမင်ရည်ရွယ်ပြီး
ငယ်နဲ့မဆိုင်သလိုမျိုး သဘောထားပြီးမပြောတာ
မဟုတ်ပါဘူး... ကိုယ့်အားနည်းချက်တစ်ခုကြောင့်
ငယ်သိမ်ငယ်နေရမှာလည်းမလိုလားဘူး...
ကိုယ့်ချို့ယွင်းချက်ကြောင့်လူတွေကအားနည်းတယ်
မြင်မှာကိုလည်းမလိုချင်ဘူး၊ အထူးသဖြင့်
ကိုယ်ကအားနည်းချက်ရှိတဲ့ကောင်မို့ ...
ကိုယ့်ကိုဘေးဖယ်ထားမှာကိုပိုပြီးမလိုချင်တာ
ကိုယ်ကနားတစ်ဘက်ဘဲမကြားနိုင်တာပါ
ကျန်တာကိုယ်အကုန်လုပ်နိုင်တယ်... ကျန်တာ
ဘာချို့ယွင်းချက်မှမရှိဘူး... ဒီထက်ပိုပြီးငယ့်ကို
ကာကွယ်ပေးနိုင်တယ်... ငယ့်ကိုပိုပြီးပျော်အောင်
ထားနိုင်တယ်... ကိုယ့်ကိုအားနာနေတဲ့အကြည့်တွေ
သနားတဲ့အကြည့်တွေနဲ့ လူတွေကြည့်မှာလည်းမမြင်
ချင်ဘူး ငယ်....ဒီတိုင်း... ဒီတိုင်းလေးဘဲအဲ့ကိစ္စကို
မသိသလိုကျော်သွားပေးပါလား.... "

ပြာပြာသလဲမျက်ဝန်းတွေဝိုင်းစက်၍ တစ်သီတစ်တန်း
ပြောပြလာသောကင်မ့်ကိုကြည့်၍ သူဝမ်းနည်းစိတ်က
ပိုတိုးလာသည်။

ဒီတိုင်းအကြာကြီးလုပ်ယူနေရတာမပင်ပန်းဘူးလား
ကင်မ်ရယ်.... ထိုကိစ္စကိုသူကစိတ်ဆိုးတာထက်
စိတ်မကောင်းဖြစ်မိတာပါ။ နှစ်ကြိမ်တိတိမသိဘာသာ
နေတာကိုတစ်ကယ်စိတ်မကောင်းဖြစ်မိသည်။
အခုမြက်နေရသော ကင်မ့်ရဲ့စိတ်နဲ့လူမကပ်တဲ့
အခြေဆို မြင်ရတာနဲ့တင် ရင်မှာတစ်ဆစ်ဆစ်
နာကျင်လှ၏။

ဖခင်ရဲ့စွန့်ပစ်မှုမှာတင်နောက်ဆက်တွဲဖြစ်လာတဲ့
အကျိုးဆက်တွေကို ကင်မ်ကဘာမှမဖြစ်သလိုရင်
ဆိုင်လို့ ချို့ယွင်းချက်က်ုဖုံးဖိကာနေနေရတာ
ဘယ်လောက်ပင်ပန်းလိုက်မလဲ

ဆုပ်ကိုင်ထားသောလက်တို့ကိုဖယ်ချကာ
ခပ်တောင့်တောင့် ငေးငိုင်နေသောကင်မ့်
အားသူပွေ့ဖက်လိုက်မိသည်။

" ကင်မ်ဘယ်လိုချို့ယွင်းချက်ဘဲရှိနေပါစေ
ကင်မ်ကငယ့်အတွေက်တော့အပြည့်စုံဆုံး
လူတစ်ယောက်ပါ...၊ ကင်မ့်ရဲ့အခြေနေက
အခုထက်ပိုဆိုးသွားလည်းငယ်လက်ခံနိုင်တယ်
ကင်မ်ပျော်ရင်လည်း ငယ်ပျော်တယ်၊
ကင်မ်စိတ်ဆင်းရဲ့တာကိုလည်းမကြည့်ရက်ဘူး၊
ကင်မ့်ဆီမှာဖြစ်ပေါ်နေတဲ့ စိတ်အခြေအနေတွေက
ငယ့်အပေါ်လည်း တိုက်ရိုက်သက်ရောက်လို့
ကင်မ်ကအများကြီးမတွေးဘဲပျော်အောင်နေပါ။
ကင်မ့်စိတ်ချမ်းသာမှုလောက်ငယ့်ကိုဘယ်အရာကမှ
ပြည့်စုံအောင်မလုပ်ပေးနိုင်ဘူး အဲ့ဒါကို
ကင်မ်သိထားပေးမယ်မလား "

သူ့စကားဆုံး ခါးထက်ကလက်တွေကပို၍တိုး
ကြပ်ကာဖက်လာပြီး ကျောပြင်ကျယ်ကတုန်လှုပ်လို့
ပခုံးပေါ်အက်ထားတဲ့မျက်နှာကမျက်ရည်စတွေက
တစ်ဆဆသူ့အင်္ကျီပေါ်စွန်းထက်လာကာ အသံတိတ်
ငိုကျွေး၏။

" နောက်ဆိုအများကြီးမတွေးပါနဲ့ ကင်မ်
ဘယ်သူတွေဘယ်လိုမြင်မြင် ကင်မကဂရုစိုက်မနေဘဲ
အရင်လိုဘဲ ပျော်ရွင်တက်ကြွတဲ့ကင်မ့်ကိုပြန်လိုချင်တယ်
အဲ့ဒါဆို ငယ့်အတွက်ပြည့်စုံပါပြီ.... "




အဆုံးထိတင်ပေးထားပါတယ်ဆက်ဖတ်သွားလို့ရပါတယ်နော်





















" ရွင္ဒီလိုလုပ္တာေတာ့မဟုတ္ေသးဘူး
ကင္မ္ခ်ာေယာင္း "

ဇနီးျဖစ္သူ၏စကား‌ေၾကာင့္ေက်ေပးကာ
နက္ခ္တိုင္ကိုေျဖေနရင္းမွအလိုမက်စြာ
ခါးေထာက္၍ၾကည့္သည္။

" ဘာကိုမဟုတ္ေသးတာလဲ ...အလုပ္ေတြ
ပိေနလို႔စိတ္ရႈပ္ရတဲ့ထဲမင္းကတစ္မ်ိဳး "

ညီးညီးညဴညဴေျပာလာေသာကင္မ္ခ်ာေယာင္း
၏စကားေၾကာင့္ဟြန္းကနဲ႔တစ္ခ်က္ခနဲ႔၍
ရယ္လိုက္မိသည္။

" စိတ္ရႈပ္လည္းေျပာရမွာဘဲ ....
ထယ္ေယာင္းကရွင့္ကိုဘာေတြမ်ားလုပ္ေနလို႔
ရွင္ကဒီေလာက္ထိျငႇိဳးမာန္ဖြဲ႕ၿပီး ဆက္ဆံေနရတာလဲ "

" ဘာရယ္ ! ၿငိဳးမာန္ဖြဲ႕ၿပီးဆက္ဆံတယ္
ဟုတ္သလား "

ဆက္ခနဲ႔လည့္ရင္းေလသံမာမာနဲ႔ျပန္ေျပာ
တဲ့ကင္မ္ခ်ာေယာင္းက အနာေပၚတုတ္က်သလိုဘဲ

" ဟုတ္တယ္ေလ ရွင္ကေျပာင္လိမ္ခ်င္တာလား
ထယ္ေယာင္းက ႀကိဳးစားတဲ့ကေလးပါ...
ဒါကိုရွင္က အမ်ားႀကီးမဟုတ္ရင္ေတာင္
နည္းနည္းေတာ့သိတတ္မႈရွိၿပီး သူ႔ကိုပံ့ပိုးသင့္တာေပါ့ "

ကင္မ္ထယ္ဆုရဲ႕စကားေၾကာင့္ဟက္ဟက္ပက္ပက္
ရယ္မိသြားသည္။ သိတတ္မႈကေလးရွိၿပီး ပံ့ပိုး
ေပးသင့္ပါတယ္တဲ့။ တေတာ္ကိုတစ္ကိုယ္ေကာင္း
ဆန္တဲ့မ်ိဳး႐ိုးကိုယ့္မိသားစုအတြက္က်သိတတ္
လိုက္ၾကတာ။

" ငါသိတတ္ၿပီးပံ့ပို႔းခဲ့လို႔ဘဲ မင္းသားက
ဒီေနရာေရာက္လာခဲ့တာဘဲေလ....
မဟုတ္ရင္ အေစာထဲကဒီေကာင့္ကိုမိဘမဲ့
ေဂဟာပို႔ပစ္ခဲ့တယ္ မင္းနားလည္လား! "

" ရွင္မမိုက္႐ိုင္းနဲ႔ ! ကြၽန္မသားကမိဘမဲ့မဟုတ္ဘူး! "

" ဒါဆိုလင္ေကာင္မေပၚတဲ့သားေပါ့ "

" ရွင္!!! "

ထိုလူ႔ပါးစပ္ကထြက္က်လာေသာစကား
တစ္ခြန္းမွာ ထယ္ဆု မခံမရက္ႏိုင္ေအာင္ျဖစ္သြား
ရသည္။ ေျပာရက္လိုင္ေလျခင္း ေယာက်ၤားတန္မယ့္
တအားကို ႐ိုင္းစိုင္းလြန္း၏။

" ကဲ...ေျပာပါဦး ဒီလိုေတြစျဖစ္ေအာင္
ဘယ္သူေတြကဖန္တီးခဲ့သလဲ၊ မင္းတို႔
မိသားစုေတြဘဲေလ... ငါ့ကိုေက်းဇူးတရား
ေတြနဲ႔ခ်ည္ေႏွာင္ၿပီး မင္းနဲ႔မင္းရဲ႕သားအတြက္
ငါ့မိသားစုဘဝကို‌စေတးခဲ့ရတာဘဲ...
အေစာထဲကသာ မင္းအေနမွန္ရင္ ဒါမ်ိဳးေတြ
ျဖစ္လာစရာအေၾကာင္းကိုမရွိတာ...."

" ဪ...အဲ့ဒီ့ေတာ့ရွင္ကဘဲေရတိမ္နစ္ခဲ့တာေပါ့
ရွင့္မိသားစုကိုစေတးခဲ့တာက ရွင့္ေလာဘေတြေၾကာင့္
လည္းပါတာကိုထည့္ေျပာပါဦး ... ကြၽန္မမိဘေတြက
ေက်းဇူးတရားနဲ႔ခ်ည္ေႏွာင္ခဲ့ေပမယ့္ လိုတာထက္ပိုတဲ့
တန္ေၾကးစိည္းစိမ္နဲ႔ ဂုဏ္သိကၡာေတြကို‌ေဟာသလို
အပုံလိုက္ခ်ေပးခဲ့တာပါ ရွင့္ေလာဘစိတ္သာအေတာ
မသတ္ဘဲ ေက်ေက်နပ္နပ္လက္ခံၿပီးမွ စေတးရတယ္
ဆိုၿပီး အသံေကာင္းဟစ္မေနနဲ႔! "

အသံဟစ္၍ လက္သီးေတြပါဆုပ္ကာတဆက္ဆက္
တုန္လို႔ ႏွစ္ေတြရွည္ၾကာစြာၿမိဳသိပ္လာရေသာ
အစိုင္အခဲေတြကိုဖြင့္ခ်လာသူမွာတ‌ေတာ္ကိုစိတ္ထိန္း
ထားရပုံေပၚသည္။

" ငါ့ခ်ည္းဘဲေျပာမေနဘဲ မင္းပါးစပ္ကေရာ
ဘာျဖစ္လို႔ပိတ္ေနခဲ့လဲ ေျပာပါဦး ကင္မ္ထယ္ဆု "

" ဒါကကြၽန္မသိကၡာအတြက္- "

"ေအး! အဲ့သလိုဘဲ  ငါလည္းငါမိသားစုတြက္
ငါရင္ငုံႏႈတ္ပိတ္ေနေနခဲ့တာ လခစားဝန္ထမ္းဘဝနဲ႔
လုံးလည္ခ်ာလည္လိုက္ၿပီးတစ္ပဲႏွစ္ျပားေငြေလးနဲ႔
ေလာက္ငွမႈမရွိတဲ့ ငါ့မိသားစုကိုငါကအဆင့္ျမင့္ျမင့္
ေနေစခ်င္လြန္းလို႔  "

စကားမဆုံးခင္ျဖတ္ေျပာေသာခ်ာေယာင္းစကား
ေၾကာင့္နားမလည္ႏိုင္ေအာင္ျဖစ္သြားရသည္။
သူ႔မွာလည္းသူရည္႐ြယ္ခ်က္နဲ႔သူ ကိုယ့္မွာလည္း
ကိုယ့္အေၾကာင္းျပခ်က္နဲ႔၊ ကိုယ္စီရွိေနၾကေသာ
အက်ိဳးအေၾကာင္းေတြအျဖစ္အပ်က္ေတြကအေတာ္
ကိုၾကာေနခဲ့ၿပီ။

သင္ပုန္းေခ်လို႔အသစ္ကေနသူကသာျပန္စခဲ့ေပမယ့္
မလိုမုန္းထားနဲ႔ ရန္ျငႇိဳးအျဖစ္သို႔ဘယ္လိုဘယ္ပုံမ်ား
ကူးေျပာင္းသြားခဲ့သလဲဆိုတာလဲေတြးမတတ္ေတာ့ပါ။
သူေျပာေသာစကားေတြကလည္းတစ္ယူသန္အေတြး
တစ္ကိုယ္ေကာင္းစိတ္ေတြသာဖုံးလႊမ္းလို႔ တအား
အစြန္းေရာက္လြန္းေနသည္ကို အံ့အံ့ဩဩနဲ႔
ဘာမွဆက္မေျပာႏိုင္ေလာက္ေအာင္ၿငိမ္ေနမိ၏။

" အဲ့လိုလုပ္ရပ္ေတြကို မင္းဆိုလည္းလုပ္မိမွာဘဲ
ဒီပုပ္ထဲကဒီပဲဘဲ သာတယ္နာတယ္ဆိုတာေတြ
လိုက္တိုင္းမေနနဲ႔ "

" ေတာ္စမ္းပါ .... ရွင္နဲ႔ဖက္ၿပီးသာတယ္
နာတယ္တိုင္းေနရေအာင္ ကြၽန္မကရွင့္ေလာက္မွ
ေအာက္တန္းမက်တာ...တိုင္းစရာလည္းမလိုဘူး "

" မင္း! "

" ေတာ္လိုက္ေတာ့ရွင္နဲ႔ကြၽန္မ‌ေရွ႕ဆက္စကား
မမ်ားခ်င္ဘူး....ရွင္နဲ႔လည္းဆက္မေပါင္းႏိုင္ဘူး
ကြၽန္မကိုကြာရွင္းေပး! "

မခံမရပ္ႏိုင္နဲ႔ေဒါသအလိတ္လိတ္ထြက္ေနေသာ
ကင္မ္ထယ္ဆု အသံကုန္ဟစ္၍ ေအာ္ပစ္လိုက္သည္။
ဟုတ္တယ္ေရွ႕ဆက္သည္းမခံႏိုင္ေတာ့ဘူး ဒီစကား
ကိုေျပာခ်င္ခဲ့တာၾကာေလေရာ့သလား။

ထယ္ေယာင္းေၾကာင္းသာမဟုတ္ရင္ဒီလလိုလူ
ကိုသူဒီခ်ိန္ထိဆက္ဆြဲထာမိမွာမဟုတ္ဘူး။
အခုေတာ့သည္းခံႏိုင္စြမ္းေတြလည္းကုန္ၿပီ
႐ြံလည္း႐ြ႕ရွာလာသည္။

" ဟား...အဲ့စကားကိုငါကပိုၾကားခ်င္ေနတာကြ
ကြာေပးမွာစိတ္ခ် "

တဟားဟားရယ္လို႔ ေျပာလာေသာစကားေၾကာင့္
အံတင္းတင္းႀကိတ္ကာလွည့္ထြက္လာခဲ့သည္။

တစ္ကယ့္ကိုမွလူစုတ္ ဒီလိုလူကိုဘယ္လိုမ်ား
ရွင္ဘယ္လိုမ်ား သူငယ္ခ်င္းေတာ္ခဲ့လဲ
ေယာင္ရွင္းရယ္ ဒယ္ဒီတို႔မာမီတို႔ကလည္း
ဒီလိုလူကိုဘာေတြမ်ာသေဘာက်ၿပီး ေငြပုံ
ေပး၍သူ႔ကိုအပ္ခဲ့သလဲ။ သူကေရာဘာလို႔မ်ား
ခ်စ္သူရဲ႕သူငယ္ခ်င္းဆိုတာနဲ႔ မ်က္စိစုံမွိတ္ယုံ
ခဲ့သလဲ။

ေနာင္တႀကီးႀကီးကိုရင္ဝယ္ပိုက္လို႔အခုမွ
မေျဖႏိုင္မဆည္ႏိုင္သူျဖစ္ေနရသည္။

ေတြ႕ခဲ့ႀကဳံခဲ့တဲ့အတိတ္ကဒီလိုလူးစား၊
လက္ရွိ ပစၥဳပၸန္မွာဟိုလိုလူစား၊ ေနာက္လာမယ့္
အနာဂတ္မွာဘယ္လိုလူစားျဖစ္ေနမယ္ဆိုတာကို
ေတာ့ခန္မွန္းရခက္တယ္ေလ။တစ္ခ်ိန္ကသိခဲ့လူက
ဘယ္လိုလူစားဆိုတာကိုစြဲၿမဲၿပီးယုံစားေနရင္
သိပ္မိုက္မဲရာၾကမယ္မဟုတ္လား။

ဟုတ္တာေပါ့သူမသိပ္ကိုမိုက္လုံးႀကီးခဲ့တာေပါ့
တစ္ေနရာကိုသာေရွးရႈၿပီး ယုံစားမိခဲ့တာကိုး။

အခန္းထဲက်န္ရစ္ခဲ့ေသာကင္မ္ခ်ာေယာင္းမွာလဲ
ရွိတဲ့ေဒါသတို႔ကိုၿမိဳသိပ္ကာသာကုတင္ေပၚ
ထိုင္ခ်ပစ္လိုက္သည္။

ဂုဏ္သိကၡာ...ဂုဏ္သိကၡာဆိုတဲ့အရာက္ုသိပ္
ကိုးကြယ္ကာဆီးေနေသာမိသားစုမွာသူဟာ
ဒီလိုေတြဝဋ္ေႂကြးမ်ားဆပ္ရမယ္ဆိုတာ
ထင္ကိုမထားခဲ့တာ။

သားနဲ႔ဇနီးျဖစ္သူကို ထိုေန႔ကဘယ္လိုပုံစံမ်ိဳးနဲ႔
ထားခဲ့ရသလဲသူအသိဆုံးပါ...မိဘေတြထားခဲ့တဲ့
ေက်းဇူးေႂကြးကိုဆပ္ရတာကေရာဘာလို႔သူမွလာ
ျဖစ္ေနရတာလဲ။ ေက်းဇူးဆိုၿပီး သူတို႔ဂုဏ္သိကၡာ
သာကြာကြယ္ဖို႔ေလာက္စဥ္းစားေနသည္မိသားစုကို
လည္းစိတ္နာသည္။

စိတ္နာသည္။ နာက်ည္းမိသည္ ဆိုေသာအရာတို႔က
အစျပဳ၍ မေက်နပ္ခ်က္မ်ားပုံေအာလို႔ အျပစ္မရွိ
သည့္ကေလးအေပၚ သူတအားကိုအႏိုင္ယူခဲ့မိသည္။
အမွားႀကီးႀကီးမလုပ္ခင္ကမျပင္ဆင္ေတာ့
အခုမွေတာ့ဘာတတ္ႏိုင္မလဲ သူထိုက္နဲ႔သူကံေပါ့။

..........

ေလေအးေအးတိုက္ရာ ဝ‌ရံတာမွာထိုင္ကာ
သူဟိုေငးဒီေငးနဲ႔ မေန႔ညေနကၾကားခဲ့ရေသာ
စကားအခ်ိဳ႕ကိုျပန္ေတြၾကည့္မိသည္။

လင္ေကာင္မေပၚတဲ့သား ကိုသူကတာဝန္ယူ
လိုက္ရတာေပါ့ ... သူတေတာ္ေတာ္သည္းခံခဲ့
ရာမွာဘဲ... မိသားစုအရင္းခ်ာေတြကိုပစ္လို႔
ဘာမွမဆိုင္တဲ့သူေတြကို တာဝန္ယူၿပီး
သူအနစ္နာခံၿပီး ေစာင့္ေရွာက္ေပးခဲ့တာလဲ
သိပ္ပင္ပန္းခဲ့မွာဘဲ။ ကိုယ္ခ်င္းေတာင္စာမိပါရဲ႕

စီးကရက္တစ္လိပ္ကိုရႈိက္ဖြာလို႔ေရးမိပါေသးသည္။
ဖခင္အရင္းမဟုတ္သည့္လူဆီက ေမတၱ‌ာေတြ
လိုခ်င္ေနေသာကိုယ့္အေၾကာင္ျပန္ေတြးမိရင္
အခုေတာ့အားလုံးရယ္စရာျဖစ္ေနျပန္ေရာ။

ထိုအခ်ိန္နားထဲဝင္လာေသာခပ္စူးစူးအသံေလး
ေၾကာင့္ ခပ္ျမန္ျမန္ထိုင္ရာကထရပ္ကာအေယာင္
ေယာင္အမွားမွားနဲ႔

" ကင္မ္! "

" ဟင္! အင္း ‌ငယ္ဘာျဖစ္လို႔လဲ "

" တစ္ကတည္း ေခၚလိုက္ရတာဆိုတာ
ဘာေတြေတြးေငးေနသလဲမသိဘူး "

မ်က္ေမွာင္ေတြကက်ဳံ႕လိုစိတ္မရွည္သည့္ႏွယ္
ေျပာေနသည့္ငယ္ေျပာတာေတြသူမၾကားတစ္ခ်က္
ၾကားတစ္ခ်က္နဲ႔၊ လက္ထဲကနားၾကပ္ကိုလဲ လက္ေနာက္
ပစ္ကာဖြက္ပစ္လိုက္သည္။

" ငယ္ လိုအပ္တာေတြသြားဝယ္မို႔
ကင္မ္ဘာမွစရာရွိေသးလဲ "

" ငယ္တစ္ေယာက္တည္းလား မာမီကေရာ "

သူျပန္ေမးေတာ့ ထိုဟာကေလးကမ်က္ေမွာင္
က်ဳံ႕ျပန္သည္။

" အန္တီကဘာလိုက္လုပ္မွာလဲ ... နားပါ့ေစေပါ့
ငယ္တစ္ေယာက္တည္းသြားေတာ့ေရာဘာျဖစ္လဲ "

" မပါဘူးဆိုမပါဘူးေပါ့ ငယ္ရာ...
ကိုယ့္ကိုဆိုရန္ဘဲေတြ႕ေနတာဘဲ လာ ....
ကိုယ္နဲ႔အတူသြားမယ္ "

ပခုံးကေနဆြဲလွည့္လို႔ေရွ႕ကေနတြန္း၍ေခၚသြားေတာ့
သူက႐ုန္းျပန္သည္။

" ကင္မ္ကလည္း အန္တီတစ္ေယာက္တည္း
က်န္ခဲ့မွာေပါ့ ...ငယ္တစ္ေယာက္တည္းသြား
လည္းျဖစ္ပါတယ္... ၿပီးေတာ့ကင္မ့္အေမက
တစ္ေယာက္တည္းက်န္ခဲ့ရင္စိတ္မေကာင္း
ျဖစ္ေနမွာေပါ့...အခုလည္းစိတ္ညစ္ေနတာ
တစ္မႈိင္မႈိင္တေထြေထြနဲ႔ သူ႔အနားေနရင္း
ကင္မ္ကႏွစ္သိမ့္ရင္က်န္ခဲ့ ေနာ္....
လိမၼာတာကို ေျပာတာနားေထာင္ "

ေခါင္းကေလးကိုဖြလိုက္ ပါးကေလးဆြဲလိုက္နဲ႔
သူေခ်ာ့ေနပုံက ကိုယ့္ကိုကေလးလို႔မွတ္ေနသလားဘဲ

မေန႔ညေနကတည္းကသူမာမီ့ကိုေခၚလာတာ
မာမီက တစ္ခါခါမႈိင္ေထြေနေပမယ့္
အရမ္းႀကီးစိတ္ထိခိုင္ေနတာမ်ိဳးေတာ့မဟုတ္
သူေျပာမွလူမမာလိုဘဲျဖစ္ေနၿပီ။

" မလိမၼာဘူး မလိမၼာဘူး ကိုယ္လိုက္ခဲ့မယ္
ငယ့္ကိုစိတ္မခ်ပါဘူး တစ္ေယာက္တည္း
ကိုယ္မလိုက္ရင္ငယ္လည္းမသြားနဲ႔
အိမ္ကအလုပ္သမားေတြကိုခိုင္းလိုက္ "

" ဟာ... ခိုင္းလို႔မရဘူးေလ ငယ္လိုတာေတြ
ဝယ္မွာပါဆို သူတို႔ကိုဘယ္လိုမွာရမလဲ
ကိုယ္လိုခ်င္တာ ငယ္မ်က္စိနဲ႔ျမင္မွ
ႀကိဳက္မွ လိုက္မွ ဝယ္မွာေပါ့ "

ေျခဟန္ေတြလက္ဟန္ေတြပါကုန္းၿပီးမဲ့ကာ
႐ြဲ႕ကေလးနဲ႔ေျပာေနတဲ့ငယ့္ကိုၾကည့္က
သူကတၿပဳံးၿပဳံးနဲ႔

" မသိဘူး အဲ့ဒါဆိုမသြားနဲ႔ "

တစ္ဖက္လွည့္၍ေက်ာေပးကာ သူ႔ကို
စိတ္ဆိုးျပေနေသာ ကင္မ္ကဆိုးပါတယ္
တေတာ္ကိုဆိုးလာတာ

အခုၾကည့္ အေမျဖစ္သူစိတ္မေကာင္းျဖစ္တာကို
ႏွစ္သိမ့္ဖို႔ေျပာေနတာကို ရစ္ေနတာၾကည့္

" ကင္မ္က ဆိုးတယ္ကြာ "

" မဆိုရပါဘူး ငယ့္ကိုမွစိတ္မခ်တာ
Heat cycleျဖစ္ဖို႔ရက္ကတအားနီးေနၿပီ
မဟုတ္ဘူးလား တစ္ေယာက္တည္းမသြားပါနဲ႔ကြာ "

ရင္ခြင္ထဲကိုဆြဲထည့္လို႔ဖက္ထားရင္း
ေလသံတိုးတိုးနဲ႔သူေျပာသည္။

" အခုလူကိုလာျမဴဆြယ္ေနတာလား "

" ဟင္ "

ရင္ခြင္ထဲက ေခါင္းထြက္လို႔မ်က္လုံးဝိုင္းေတြနဲ႔
ၾကည့္ၿပီးငယ္ေျပာေတာ့ သူနားမလည္

" အခု...ကင္မ့္ အနံ႔ေတြကတအားျပင္းေနတယ္
သိ ရဲ႕ လား... "

" အာ့! "

သိရဲ႕လားဆိုတာကို တစ္လုံးခ်င္းေျပာလို႔
မ်က္ႏွာအပ္ထားရာ ရင္ဘတ္ကိုခပ္ဖြဖြကိုက္
၍ေျပာေနသူက သိပ္ကိုဆြဲေဆာင္မႈရွိေနသည္။

" အခုငယ္ကကိုယ့္ကိုျပဳစားေနတာမဟုတ္ဘူးလား "

" ဟာဗ်ာ ....စြပ္စြပ္စြဲစြဲနဲ႔ ဖယ္....
ငယ္သြားေတာ့မယ္ "

" မသြားရဘူးလို႔ေျပာေနတယ္ေလ "

ခါးကေနဆြဲဖက္ကခ်ဳပ္သူကခ်ဳပ္႐ုန္းသူက႐ုန္းနဲ႔
လြတ္ပါ ဖယ္ပါ။ မလႊတ္ဘူး မဖယ္ဘူးနဲ႔
အသံစုံညံ့လို႔႐ုန္းရင္းစံခက္ျဖစ္ေနၾကသည္။

" ကင္မ္... လႊတ္ပါဦး ဒီမွာဖုန္းလာေနတယ္ "

ဖုန္းလာတယ္ေျပာမွလႊတ္ေပးတဲ့လူႀကီးကို
တစ္ခ်က္ေစာင္ၾကည့္ၿပီး ဖုန္းကိုင္လိုက္သည္။

" ဟယ္လို အန္တီ... "

" ေဂ်ာင္ဂု သားထြက္သြားၿပီလား အန္တီမွာ
စရာေလးရွိလို႔ ...သားလမ္းႀကဳံရင္ ထယ္ေယာင္း
အတြက္ေဆးပါဝင္ဝယ္ေပးပါလား "

" ကင္မ့္ အတြက္ေဆး.... "

ကင္မ့္အတြက္ေဆးႀဆိေသာေၾကာင္သူဇေဝဇဝါ
သံေယာင္လိုက္ကာ ေျပာလို႔ကင္မ့္ကိုတစ္ခ်က္ၾကည့္
မိသည္။ တစ္ခုခုကိုေျပာဖို႔ႀကိဳးစားကာအနား
ေရာင္လာေသာကင္မ့္ကို သူတားလိုက္မိ၏။

" ဟုတ္တယ္... ေယာင္းေလးရဲ႕ နားထဲထည့္တဲ့
ေဆးေရည္ေလအဲ့ဟာက ကုန္ခါနီးၿပီ....
ၿပီးေတာ့ ေဆး႐ုံဆင္းတုန္းကဆရာဝန္ေပးထားတဲ့
နားအတြက္လိုအပ္တဲ့ေဆးေတြေရာဘဲ ...
အဲ့ဒါ အန္တီတစ္လေက်ာ္စာေလာက္ဝယ္လာတာ
အခုမွသတိရတယ္ကုန္ခါနီၿပီထင္လို႔
သတိလွန္းေပးတာ "

" ဟုတ္... ဟုတ္ကဲ့ ဝယ္ခဲ့ပါမယ္ "

တုန္တုန္ရီရီျပန္ေျဖကာသူ ဖုန္းခ်လိုက္သည္။
ပ်က္ပ်က္ယြင္းယြင္းျဖစ္ေနေသာ ကင္မ့္မ်က္ႏွာ
ကရွင္းျပဖို႔‌ႀကိဳးစားေနသလို ...

နားအတြက္လိုအပ္တဲ့ေဆး....
မယုံႏိုင္ျဖစ္ေနေသာ လူကခ်ာကနဲကင္မ့္ေရွ႕က
လွည့္ထြက္ကာ အခန္းထဲေျပးဝင္သည္။

" ငယ့္! "

ေနာက္ကေနေခၚေနေသာကင္မ္က သူ႔‌ေနာက္
ေျပးလိုက္လာသည္။ ကုတင္ေဘးကရႈိးေက့စ္
ေလးရွိအံဆြဲေတြကိုလွန္ေလာ၍သူရွာသည္။
အဝတ္ဗီ႐ိုကို လည္းသူေမႊေႏွာက္လို႔ ေနရာမလွပ္
အတည္ျပဳခ်င္ေနေသာအရာကိုရွာေနမိ၏။

" ငယ္....ကိုယ္ေျပာ- "

အခန္းအႏွံ႔ရွာလို႔မေတြ႕ခ်ိန္မွာေတာ့ ငယ္ဟာ
အခန္းျပင္ကိုထြက္ဖို႔ေျခလွမ္းေတြျပင္ခ်ိန္သူ
ေရွ႕ကပိတ္ရပ္ကထားလိုက္သည္။သို႔ေပမယ့္

" မေျပာနဲ႔ကင္မ္... ငယ့္ကို ထပ္လိမ္မယ့္
စကားေတြငယ္မၾကားခ်င္ေတာ့ဘူး "

အံတင္းတင္းႀကိတ္လို႔ ငိုလုဆဲဆဲမ်က္ရည္ေတြထိန္း
ကာလက္သီးကေလးဆုပ္လို႔ငယ့္ကသူ႔ကိုေျပာလာသည္။
သက္ျပင္းတစ္ခ်က္ျပင္းျပင္းခ်လို႔ သူက်စ္က်စ္ပါ
ေအာင္စုပ္ထားေသာငယ့္လက္ကေလးကိုသူဆြဲယူ
လိုက္သည္။အလုမွေတာ့မထူးေတာ့

" ငယ္... ကိုယ္ေျပာတာကိုနားေထာင္ပါဦးကြာ "

" ဟင့္အင္း "

ေခါင္းေတြခါကာျငင္းျပန္တဲ့ငယ့္ကိုၾကည့္ကာ
သူပါနာက်င္ရျပန္သည္။ ငယ္ဘယ္လိုခံစားေနရမလဲ
သူသိသည္။

" ေျပာ...ဒါဆို ကင္မ့္နားကဘာျဖစ္ေနတာလဲ "

" ကိုယ့္နားတစ္ဖက္က မၾကားရေတာ့တာ ငယ္... "

ေခါင္းငိုက္စိုက္ခ်လို႔ သက္ျပင္းတခ်ခ်နဲ႔
အသံေတြကတုန္ရင္လို႔ အားမရွိသည့္ႏွယ္
ျဖစ္ေနတဲ့ သူ႔ကိုငယ္ကမမႈန္မသုန္စိုက္ၾကည့္ေန၏။

" အဲ့ဒါက ဖုံးကြယ္စရာလိုလို႔လား ကင္မ္ရယ္
ႏွစ္ခါေတာင္ရွိၿပီ ဟန္းနီးမြန္းကိစၥေရာ အခုေရာ
ကင္မ္နဲ႔ပတ္သက္လို႔ဘယ္လိုကိစၥဘဲရင္ဆိုင္ေနရရ
ကင္မ္ကငယ့္ကိုေတာင္ေျပာမျပႏိုင္ေတာ့ဘူးလား
ငယ္တို႔ကအခုထိဘာမွမဆိုင္ေသးတာလား "

" မဟုတ္ဘူးငယ္ ... ကိုယ္ကတမင္ရည္႐ြယ္ၿပီး
ငယ္နဲ႔မဆိုင္သလိုမ်ိဳး သေဘာထားၿပီးမေျပာတာ
မဟုတ္ပါဘူး... ကိုယ့္အားနည္းခ်က္တစ္ခုေၾကာင့္
ငယ္သိမ္ငယ္ေနရမွာလည္းမလိုလားဘူး...
ကိုယ့္ခ်ိဳ႕ယြင္းခ်က္ေၾကာင့္လူေတြကအားနည္းတယ္
ျမင္မွာကိုလည္းမလိုခ်င္ဘူး၊ အထူးသျဖင့္
ကိုယ္ကအားနည္းခ်က္ရွိတဲ့ေကာင္မို႔ ...
ကိုယ့္ကိုေဘးဖယ္ထားမွာကိုပိုၿပီးမလိုခ်င္တာ
ကိုယ္ကနားတစ္ဘက္ဘဲမၾကားႏိုင္တာပါ
က်န္တာကိုယ္အကုန္လုပ္ႏိုင္တယ္... က်န္တာ
ဘာခ်ိဳ႕ယြင္းခ်က္မွမရွိဘူး... ဒီထက္ပိုၿပီးငယ့္ကို
ကာကြယ္ေပးႏိုင္တယ္... ငယ့္ကိုပိုၿပီးေပ်ာ္ေအာင္
ထားႏိုင္တယ္... ကိုယ့္ကိုအားနာေနတဲ့အၾကည့္ေတြ
သနားတဲ့အၾကည့္ေတြနဲ႔ လူေတြၾကည့္မွာလည္းမျမင္
ခ်င္ဘူး ငယ္....ဒီတိုင္း... ဒီတိုင္းေလးဘဲအဲ့ကိစၥကို
မသိသလိုေက်ာ္သြားေပးပါလား.... "

ျပာျပာသလဲမ်က္ဝန္းေတြဝိုင္းစက္၍ တစ္သီတစ္တန္း
ေျပာျပလာေသာကင္မ့္ကိုၾကည့္၍ သူဝမ္းနည္းစိတ္က
ပိုတိုးလာသည္။

ဒီတိုင္းအၾကာႀကီးလုပ္ယူေနရတာမပင္ပန္းဘူးလား
ကင္မ္ရယ္.... ထိုကိစၥကိုသူကစိတ္ဆိုးတာထက္
စိတ္မေကာင္းျဖစ္မိတာပါ။ ႏွစ္ႀကိမ္တိတိမသိဘာသာ
ေနတာကိုတစ္ကယ္စိတ္မေကာင္းျဖစ္မိသည္။
အခုျမက္ေနရေသာ ကင္မ့္ရဲ႕စိတ္နဲ႔လူမကပ္တဲ့
အေျခဆို ျမင္ရတာနဲ႔တင္ ရင္မွာတစ္ဆစ္ဆစ္
နာက်င္လွ၏။

ဖခင္ရဲ႕စြန႔္ပစ္မႈမွာတင္ေနာက္ဆက္တြဲျဖစ္လာတဲ့
အက်ိဳးဆက္ေတြကို ကင္မ္ကဘာမွမျဖစ္သလိုရင္
ဆိုင္လို႔ ခ်ိဳ႕ယြင္းခ်က္က္ုဖုံးဖိကာေနေနရတာ
ဘယ္ေလာက္ပင္ပန္းလိုက္မလဲ

ဆုပ္ကိုင္ထားေသာလက္တို႔ကိုဖယ္ခ်ကာ
ခပ္ေတာင့္ေတာင့္ ေငးငိုင္ေနေသာကင္မ့္
အားသူေပြ႕ဖက္လိုက္မိသည္။

" ကင္မ္ဘယ္လိုခ်ိဳ႕ယြင္းခ်က္ဘဲရွိေနပါေစ
ကင္မ္ကငယ့္အေတြက္ေတာ့အျပည့္စုံဆုံး
လူတစ္ေယာက္ပါ...၊ ကင္မ့္ရဲ႕အေျခေနက
အခုထက္ပိုဆိုးသြားလည္းငယ္လက္ခံႏိုင္တယ္
ကင္မ္ေပ်ာ္ရင္လည္း ငယ္ေပ်ာ္တယ္၊
ကင္မ္စိတ္ဆင္းရဲ႕တာကိုလည္းမၾကည့္ရက္ဘူး၊
ကင္မ့္ဆီမွာျဖစ္ေပၚေနတဲ့ စိတ္အေျခအေနေတြက
ငယ့္အေပၚလည္း တိုက္႐ိုက္သက္ေရာက္လို႔
ကင္မ္ကအမ်ားႀကီးမေတြးဘဲေပ်ာ္ေအာင္ေနပါ။
ကင္မ့္စိတ္ခ်မ္းသာမႈေလာက္ငယ့္ကိုဘယ္အရာကမွ
ျပည့္စုံေအာင္မလုပ္ေပးႏိုင္ဘူး အဲ့ဒါကို
ကင္မ္သိထားေပးမယ္မလား "

သူ႔စကားဆုံး ခါးထက္ကလက္ေတြကပို၍တိုး
ၾကပ္ကာဖက္လာၿပီး ေက်ာျပင္က်ယ္ကတုန္လႈပ္လို႔
ပခုံးေပၚအက္ထားတဲ့မ်က္ႏွာကမ်က္ရည္စေတြက
တစ္ဆဆသူ႔အက်ႌေပၚစြန္းထက္လာကာ အသံတိတ္
ငိုေကြၽး၏။

" ေနာက္ဆိုအမ်ားႀကီးမေတြးပါနဲ႔ ကင္မ္
ဘယ္သူေတြဘယ္လိုျမင္ျမင္ ကင္မကဂ႐ုစိုက္မေနဘဲ
အရင္လိုဘဲ ေပ်ာ္႐ြင္တက္ႂကြတဲ့ကင္မ့္ကိုျပန္လိုခ်င္တယ္
အဲ့ဒါဆို ငယ့္အတြက္ျပည့္စုံပါၿပီ.... "

Continue Reading

You'll Also Like

40.2K 521 58
The silly with MY headcanons ๐Ÿ˜ธ DISCLAIMER: They are just headcanons and will not hurt you, it shouldn't have to be said but ppl will be ppl ๐Ÿ˜ž Credi...
17.5K 1.1K 25
It was a fight that lead to Sonic's disappearance. This wasn't a normal fight, it was floating over his weakness... water. When Sonic's friends can't...
789K 29.4K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...
207K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...