Superstars Of Tomorrow ( Myan...
By C_Chilli69
14.9K 2K 74
Original author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Source: https://allnovelfull.com/ Status in COO : 507 c... More
Description
Chap 1.1 ကပ်ဘေးအဆုံးသတ်ပြီးနောက် ကမ္ဘာသစ်
Chap 1.2
Chap 2 အနက်ရောင်လမ်း(သို့)မှောင်ခိုလမ်း
Chap 3 မင်းသူငယ်ချင်းက အောင်မြင်သွားပြီ
Chap 4 ပုံရိပ်ယောင်အနုပညာရှင်များ
Chap 5 စွမ်းရည်သစ်ပြိုင်ပွဲ
Chap 6 အပြင်းအထန်ကြိုးစားရခြင်း
Chap 7 အရည်အချင်း
Chap 7 အရည်အချင်း
Chap 8 အမိုက်စားနိုးထမှု
Chap 9 ဒါဆို မင်းက ဒီလို အတွင်းရေးမှုးလေးပေါ့
Chap 10 ပြုတ်သွားပြီ
Chap 10- ပြုတ်သွားပြီ
Chap 11 ကျော်တက်သွားပြီ
Chap 12 ချောင်ထိုးခံထားရတဲ့ ပုံရိပ်ယောင်အနုပညာရှင် ပရောဂျက်
Chap 13 ဒီတာဝန်ကို မင်းဆီလွှဲထားလိုက်ပြီ
Chap 14.1 အရမ်းကြီးမမျှော်လင့်ထားနဲ့ ကောင်လေး
14.2
14. 2 Zawgyi
Chap 15 ကြယ်ပွင့်တွေနောက်လိုက်ဖူးလား
212 25 0
By C_Chilli69
ဇွန်လ 28 ရက်နေ့ ၊ 3:21 P.M
နံပါတ် 9- "Hehe, My Dear," ဒေါင်းလုဒ် 2,512,576 ခု။
ဇွန်လ 28 ရက်နေ့ ၊ 7:08 P.M
နံပါတ် 8- "Hehe, My Dear," ဒေါင်းလုဒ် 2,578,394 ခု။
ဇွန်လ 29 ရက်နေ့၊ 12:03 P.M
နံပါတ် 7- "Hehe, My Dear," ဒေါင်းလုဒ် 2,710,962 ခု။
ဇွန်လ 30 ရက်နေ့ ၊ 2:33 A.M
နံပါတ် 6- "Hehe, My Dear," ဒေါင်းလုဒ် 2,800,357 ခု။
ဇွန်လ 30 ရက်နေ့ ၊ 12:45 P.M
နံပါတ် 6- "Hehe, My Dear," ဒေါင်းလုဒ် 2,908,728 ခု။
ဇွန်လ 30 ရက်နေ့၊ 11:56 P.M
နံပါတ် 5- "Hehe, My Dear," ဒေါင်းလုဒ် 3,000,923 ခု။
ထိုညတွင် ရန်ကျိုးရှိ ပေါ့ပ် အဆိုတော်အားလုံးနီးပါး လူသစ်ဉီးဆောင်သူပြဇယားကို တစ်ညလုံးစောင့်ကြည့်နေခဲ့ကြသည်။
သူတို့သည် ပြိုင်ပွဲစချိန်ကတည်း သူ့အရှိန်ကိုဆက်လက်ထိန်းသိမ်းရင်း ဇယားကိုထိုးဖောက်လာသော မြင်းနက်ကိုသာစောင့်ကြည့်နေခဲ့ကြသည်။
နံပါတ် 10 ကိုဖြုတ်ချပြီးနောက် 3 ရက်အတွင်း နောက်ထပ် 4 ဆင့်တက်လာပြီး ထိပ်ဆုံး 4 နေရာကိုပါ ခြိမ်းခြောက်လာသည်။
နောက်တစ်ရက်လောက်ဆို နံပါတ်တို့ 3 နံပါတ် 4တို့ကိုကျော်တက်သွားလိမ့်မည်။နောက်ထပ်တစ်လလောက်သာထပ်ရရင် ဘယ်လိုဖြစ်သွားမလဲ ဘယ်သူမှပြောနိုင်တော့မည် မဟုတ်ပေ။
နာရီသည် သန်းခေါင်ယံချိန်သို့ ခုန်တက်သွားသောအခါ ဇယားကို ပိတ်သိမ်းပြီဖြစ်ကြောင်း ညွှန်ပြသည့် သင်္ကေတတစ်ခု မီးလင်းလာသည်။ ထိုအချိန်မှသာ ဇယားကို စောင့်ကြည့်နေသူများ သက်ပြင်းချနိုင်ကြသည်။  နောက်ဆုံးတော့ အားလုံးပြီးသွားပြီ။
အထူးသဖြင့် နံပါတ် 4 နေရာက Chu Guang (ချူကွောင်း) နှင့် နံပါတ် 3 နေရာက Rong Zeng (ရုန်ကျန်း) တို့ဖြစ်သည်။ သူတို့သည်လည်း ချီအန်း အကယ်ဒမီတေးရေးဌာနမှကျောင်းသားဟောင်းများဖြစ်ပြီး ငွေတောင်ပံနှင့်စာချုပ်ချုပ်ထားသူများလည်းဖြစ်သည်။သူတို့သည်ပြိုင်ပွဲကို အစကတည်းကဝင်ရောက်ခဲ့ကြပြီး ငွေတောင်ပံ၏ဉီးစားပေးခြင်းကိုလည်းခံခဲ့ရသည်။ သို့သော် Fang Zhao ပေါ်လာသောအခါ သူတို့ကို အမှန်ပင် ထိတ်လန့်လာစေသည်။
သူတို့ကိုပါကျော်တက်လုနီးပါးပဲ။
သူတို့သည်နံပါတ် 3 နှင့် နံပါတ် 4 နေရာတွင်ဆက်ရှိနေသော်လည်း ဒေါင်းလုဒ်ပမာဏမှာ သုံးသန်းလောက်သာရှိပြီး Fang Zhao နှင့် သိပ်မကွာပေ။လူတွေ​ထင်ကြသလိုနောက်တစ်ရက်လောက်သာကျန်သေးလျှင် နေ့တစ်ဝက်နှင့်ပင် သူတို့နေရာကိုယူသွားနိုင်လိမ့်မည်။
ကံကောင်းသည်မှာ သူတို့ ၃ ယောက်လုံးသည်ငွေတောင်ပံနှင့်လက်မှတ်ထိုးထားသူများဖြစ်ကြသည်။ သို့သော် တေးရေးတိုင်းက သူတို့အဆင့်ကို သတိထားစောင့်ကြည့်နေမိသည်။
ဒီရာသီပွဲပြီးသွားလို့ ကျေးဇူးတင်ရမယ်။
ပြီးသွားပြီ။
တကယ်ပြီးသွားတာရော ဟုတ်ရဲ့လား။
နောက်လစသည်နှင့် စွမ်းရည်သစ်ပြိုင်ပွဲ၏ ရာသီသစ်ကို စတင်လာခဲ့သည်။  ဒီရာသီပွဲမှာအရင်ပွဲလောက်  မပြင်းထန်ပေမယ့် စစ်ပွဲတစ်ကျော့ပြန်အဖြစ်သတ်မှတ်လို့ရသည်။
အရင်ရာသီပွဲမှာပြီးဆုံးသွားပြီး အရှုံးအနိုင်များလည်းကွဲပြားသွားကြပြီဖြစ်သည်။ပွဲမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့လူသစ်တွေအတွက် ပိုကောင်းတဲ့ အထောက်အပံ့အရင်းအနှီးနှင့် ပိုကောင်းတဲ့ တေးဂီတများပေးသလို မလုပ်နိုင်ခဲ့သူတွေဆီမှလည်း အရင်င်ကပေးထားသောအထောက်အပံ့များကို ပြန်လည်သိမ်းယူသွားသည်။
Fang Zhao ဟူသော နောက်ဆုံးချိန်မှပေါ်လာသည့် မြင်းနက်တစ်ကောင်သည် လူအများ၏အာရုံကိုဆွဲဆောင်သွားနိုင်ပြီး ဂီတနယ်ပယ်တွင်လည်း သူနဲ့ပတ်သက်ပြီးဆွေးနွေးစရာများအများအပြားပေါ်ပေါက်လာစေခဲ့သည်။
"Prairie Fire (မီးလွှမ်းလွင်ပြင်) " ဟု အမည်ရသောချီအန်းအခြေစိုက် ရှိုးပွဲသည် ဂီတနယ်ပယ်တွင် အလွန်လူသိများသောပွဲမျိုးဖြစ်သည်။သူတို့သည် ရန်ကျိုးရှိ အလွှာစုံမှအနုပညာရှင်များကို အဓိထားလေ့ရှိရာ ဒီတစ်ခေါက်စွမ်းရည်သစ်ပြိုင်ပွဲသည် သူတို့အတွက် မျက်စိကျစရာဖြစ်လာသည်။သူတို့သည် လူသစ်ဉီးဆောင်သူပြဇယား၏နောက်ဆုံးအဆင့်များနှင့်ပတ်သက်၍ လောင်းကြေးများပင်ထပ်ထားကြသေးသည်။
ဒီတစ်ခေါက် ရှိုးပွဲကိုဇူလိုင် ၁ ရက်နေ့တွင် ထုတ်လွှင့်မည်ဖြစ်သည်။
ဧည့်ခံတင်ဆက်သူများအဖြစ် အရင်အမျိုးသား၊ အမျိုးသမီးများမှ ခွဲဝေဆောင်ရွက်ကြမည်ဖြစ်သည်။
ရှိုးပွဲ စသည်နှင့် လှလှပပဝတ်ဆင်ထားသော အမျိုးသမီးတင်ဆက်သူက စနောက်လိုက်လိုက်သည်။
"ဇွန်လတော့ကုန်သွားပြီ။လကုန်ခါနီးလေ  အပူတွေများလာလေဆိုတော့ လူတော်တော်များများလည်း အိပ်ရေးပျက်သွားကြပုံပဲ"
ဂီတနယ်ပယ်တွင်းမှ လူများက ဝေဖန်ပြောဆိုလာကြသည်။
"ဒီပွဲက သူများအတွင်းရေးကိစ္စဘာညာကိုရေးကြီးခွင်ကျယ်ပြောတတ်တဲ့ ရှိုးပွဲသာသာပဲ။ ဒါပေမယ့် ငါတို့လို တကယ် ပြိုင်ပွဲဝင်သူတွေက မအိပ်ရတာ အတော်ကြာနေပြီ။နှစ်တစ်နှစ်ရဲ့ ဒုတိယမြောက်ရာသီက အရက်စက်ဆုံးလို့ လူတွေပြောကြတာ တကယ်အမှန်ပဲ။တကယ်လည်ဖြတ်ခံရသလို၊ တကယ်ကြီးမြေကြီးမှာ အမြှုပ်ခံလိုက်ရသလိုပဲ။ ဟန်ဆောင်နေဖို့အခန်းတောင်မရှိဘူး။မင်းဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်းနောက်ဆုံးဈေးကွက် အခြေအနေက မင်းရဲ့ရိုင်းစိုင်းတဲ့စိတ်ကို နိုးထလာစေလိမ့်မည်"
တင်ဆက်သူမှ ဆက်ပြောသည်။
"ဒီတစ်ခေါက် ရာသီပွဲက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်နော်"
အမျိုးသား တင်ဆက်သူမှ
"အမှန်ပဲ။ ဒီတစ်ခေါက်လူကြိုက်များတဲ့သီချင်းက မင်းရဲ့ အိပ်ငိုက်တဲ့စိတ်ကို တကယ်ပြေပျောက်စေတယ်။ တကယ်ကျေးဇူးပါဗျာ ။ဟီးဟီး~"
အမျိုးသားတင်ဆက်သူ၏ဟာသကိုကြားသည့် လူသစ်များက လက်ပတ်များမှတစ်ဆင့်အားကုန်အော်ဟစ်လာကြသည်။
"မင်းဖင်ကြီးကိုဟီးဟီး၊ အဲ့'ဟီးဟီး'သံကြားတာနဲ့ခေါင်းပါကိုက်ချင်လာပြီ။"
အမျိုးသမီးတင်ဆက်သူက
"ပြီးခဲ့တဲ့ရာသီပွဲက ထင်ထားသလို သိပ်မဖြစ်လာပေမယ့် ထိပ်ဆုံးနှစ်နေရာကိုတော့ အားလုံးခန့်မှန်းထားတဲ့အတိုင်း ပုံရိပ်ယောင် အနုပညာရှင်တွေပဲရသွားကြတယ်နော်"
အမျိုးသားတင်ဆက်သူက
"Tongshan True Entertainment နဲ့ နီယွန် တို့အင်အားစု၂ခုက တောက်လျှောက် ငြိမ်နေခဲ့ပြီး ခုမှ ပုံရိပ်ယောင်အနုပညာရှင်ပရောဂျက်ကို ထုတ်ပြလာကြတယ်။"
တင်ဆက်သူ၏အသံနှင့်အတူ ဗီဒီယိုတစ်ခု ပေါ်လာသည်။
အဖြူရောင် hoodie ဝတ်ထားသော ပိန်ပိန်ပါးပါးပုံရိပ်လေးသည် ခပ်ထေ့ထေ့အပြုံးလေးတစ်ခုနှင့်ပေါ်ထွက်လာသည်။ခေါင်းလေးတစ်ချက်လှည့်ရုံနှင့် ဆယ်ကျော်သက် မိန်ကလေးများ၏ နှလုံးသားကို ဖမ်းစားနိုင်သည်။ထို့နောက် "Believe in me" သီချင်းကိုဖွင့်ပြလာသည်။
ပုံရိပ်ယောင်အဆိုတော် Xun Huai (ရွှမ်ဟွိုက်) သည် ဒီတစ်ခေါက်စွမ်းရည်သစ်ပြိုင်ပွဲ၏ပထမဆုရှင်ဖြစ်သည်။သူသည် လူသစ်ဉီးဆောင်သူပြဇယားတွင် ပထမနေရာယူထားသည်မှ နှစ်လကျော်ပြီဖြစ်သည်။သူ့သီချင်းမှာ ဒေါင်းလုဒ် အရေအတွက်မှာ ၅ သန်းကျော်ရှိနေပြီဖြစ်သည်။၎ကိုTongshan True Entertainmentမှ ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။
Xun Huai ပြီးနောက်တွင် အချိုးအဆကျနသော အမျိုးသမီးပုံရပ်တစ်ခုပေါ်လာသည်။၎မှာငယ်သေးပုံရသော်လည်း မျက်နှာလေးမှာ အပြစ်ဆိုစရာမရှိအောင်လှပသည်။သူမ၏ကျီစယ်ဟန်အပြုံးနှင့် ခံစားချက်ပြင်းပြသော မျက်လုံးများက အမှန်တကယ်ပင် နှစ်လိုဖွယ်ကောင်းလှသည်။
"Believe in me "၏နောက် နံပါတ် 2 နေရာ၌ ပုံရိပ်ယောင်အဆိုတော် Fei Lisi (ဖေးလီစီ) ၏ "Rainbow Candy" ရှိနေပြီး ပြီးခဲ့သောရာသီတွင် ဒေါင်းလုဒ် အရေအတွက် 4.8 သန်းကျော်ရရှိထားသည်။၎ကို နီယွန် အနုပညာလုပ်ငန်းစုမှဖန်တီးထားခြင်းဖြစ်သည်။
" ဝိုး ! တစ်ရာသီထဲမှာ ပုံရိပ်ယောင် အနုပညာရှင်၂ယောက်တောင်ပါတာပဲ။ Xun Huai ရဲ့ ပါဝါကတော့ အငြင်းပွားစရာကိုမရှိဘူး။ကျွန်မဝမ်းကွဲတွေဆိုရင် သူ့ကို အမြဲစောင့်ကြည့်နေကျပဲ။ Fei Lisi လည်းမဆိုးပါဘူး။သကြားလုံးလေးက နီယွန်နဲ့လက်တွဲပြီး သကြားလုံးသက်တံ့နဲ့ သတ်ချသွားတာလို့တောင် ပြောကြသေးတယ်"
အမျိုးသမီးတင်ဆက်သူက နောက်ပြောင်ဟန်နှင့်ပြောလိုက်သည်။
"အဲဒီနှစ်ယောက်က တကယ့်ကို အားကောင်းတဲ့ ပြိုင်ဖက်တွေပါပဲ၊ ဒါပေမယ့် ကျွန်တော် ဇယားပေါ်က တစ်ခြားတစ်ယောက်ကိုလည်း သတိထားမိသေးတယ်"
လို့ အမျိုးသားတင်ဆက်သူက ဆိုပါတယ်။
"ဒီနေ့ကျွန်တော်ပရိတ်သတ်တစ်ယောက်ဖန်တီးထားတဲ့ Animation (ကာတွန်း) လေးတစ်ခုရထားတယ်ဗျ။ သူကဒီတစ်ခေါက် ပြိုင်ပွဲအကြောင်းကို ဖန်တီးထားတာလို့ပြောတယ်။"
ပရိတ်များလည်း အံ့အားသင့်သွားကြသည်။ ဘာကာတွန်းလဲ။
ထို့နောက် ဗီဒီယိုလေးတစ်ခုပေါ်လာသည်။
နံပါတ် 10 ဟု တပ်ထားသောဆူဖြိုးသွက်လက်သည့် ကြွက်တစ်ကောင်သည် ကြောင်အုပ်လက်မှ အသည်းအသန်ပြေးလွှားနေသည်။ကြောင်များ၏အမွှေးပုံစံမှာ တစ်ကောင်နှင့်တစ်ကောင်မတူကြပေ။ ကြွက်နှင့်ကြောင်အုပ်ကို အနီးကပ်ကြည့်ကြည့်လျှင် သူတို့ကိုယ်၌ ကုမ္ပဏီ နံမည်များပါ တွဲပါနေသည်ကိုတွေ့ရမည်ဖြစ်သည်။
ပြိုင်ပွဲကိုစောင့်ကြည့်ကြသူအားလုံးလည်း ချက်ချင်းသဘောပေါက်သွားကာပြုံးမိလိုက်ကြသည်။
အဲဒါရာသီကုန်ခါနီးတုန်းကဖြစ်သွားတဲ့ အကြောင်းမလား။
ကာတွန်းထဲတွင် ကြောင်အုပ်က ထိုဆူဖြိုးသောကြွက်နောက်ကိုပြေးလိုက်နေကြသည်။
"ငါ့ဟာ"
"ငါ့ဟာကွ"
"မင်းတို့အကုန်လုံးတိတ်စမ်း။ အဲဒီ့ကြွက်ကငါ့ဟာ"
"မင်းတို့အကုန်လုံးဖယ်စမ်းပါ။ အဲ့ကြွက်ကို ငါတစ်ချက်ထဲ ဖမ်းပြမယ်။"
ကြောင်များရန်ဖြစ်နေစဉ် ကျားသစ်တစ်ကောင်သည် ဆူဖြိုးနေသောကြွက်ကို တစ်ချက်ထဲအမိဖမ်းပြီးကြောင်တွေနားမှ ဖြတ်ကာ လေလိုအလျင်ဖြင့်ဆတ်ခနဲပြေးသွားသည်။၎မှာ ဆက်လက်ပြေးနေပြီး ပုံရိပ်အဖြစ်အလျှင်အမြန်ပျောက်ကွယ်သွားသည်။
ကာတွန်းကိုမြင်ပြီး နီယွန်အနုပညာ လူသစ်ဌာနမှဝန်ထမ်းများ၏ တုံ့ပြန်မှု- "......"
Fang Sheng ၏ အေးဂျင့်- "......"
သူ့ပတ်ဝန်းကျင်မှ လူများထံမှ ကဲ့ရဲ့ခြင်း၊ သနားခြင်း၊ ရှုံ့ချခြင်းစသော အကြည့်များစုပြုံကျလာသောအခါ၊ Fang Sheng သည် သူ့လက်ပတ်အသစ်ကို ထပ်မံလွှင့်ပစ်လိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ငွေတောင်ပံမှ ဝန်ထမ်းများမှာ တခစ်ခစ်ရယ်မောနေကြသည်။အရင်က နီယွန်၏လှောင်ပြောင်မှုကိုသာခံခဲ့ကြရရာ ခုတော့ စားပွဲကိုလှန်ပစ် (အခြေအနေကိုပြောင်းပြန် ပြန်လှန်) လိုက်နိုင်ပြီဖြစ်သည်။
သူတို့သည် ၁၀ ယောက်စာရင်းမှ ထိပ်ဆုံး နှစ်နေရာနှင့်လွဲချော်ခဲ့သော်လည်း တတိယ၊ စတုတ္ထနှင့် ပဉ္စမအပြင် အဋ္ဌမ နေရာကိုပါရရှိခဲ့ပြီးဖြစ်သည်။ တကယ်ကို လေးနေရာတောင်ယူနိုင်ခဲ့ကြသည်။
၎သည် ဘယ်သူမှမမျှော်လင့်ထားသောရလဒ်ဖြစ်သည်။
Du Ang သည် ဇယားကို ညနက်ချိန်ထိစောင့်ကြည့်ပြီး စိတ်လှုပ်ရှားနေခဲ့သည်။နောက်တစ်နေ့ မနက်တွင် ဇနီးဖြစ်သူဆီမှ ခေါင်းအုံးနဲ့ ရိုက်ခံလိုက်ရသည့်တိုင် ကြောင်တောင်တောင်နှင့်ပြုံးနေဆဲဖြစ်သည်။သူရာထူးတိုးတော့မယ်။ရာထူးတိုးတော့မယ်။
အဆိုရှင် Bei Zhi မှာလည်းနောက်ဆုံးအဆင့်အခြေအနေကိုမြင်ပြီး စိတ်လှုပ်ရှားရင်းအိပ်ပျော်သွားသည်။
"နောက်ဆုံးတော့ ငါကြယ်ပွင့်ဖြစ်သွားပြီကွ"
Bei Zhi သည် ဇယားကို မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေသည်။
"ဟီးဟီးဟီး၊ ဟားဟားဟားဟား"
ကံကြမ္မာသည် စိတ်ပျက်အားငယ်မှု၏ အတိမ်အနက်ကိုလိုက်၍ ပြောင်းလဲတတ်သည်။ကောင်းချီးတစ်ခုကကံဆိုးမှုအဖြစ်ဟန်ဆောင်၍ရောက်လာတတ်သည်။
Bei Zhi သည် သီချင်းသီဆိုလိုက်ရပြီးနောက် ခက်ခဲသောအချိန်များကို ကျော်လွန်သွားပြီဖြစ်ကြောင်း သူ့အခန်းဖော်သုံးယောက်လုံးသဘောပေါက်သွားကြသည်။အရင်က သူ့မှာသီချင်းဆိုနိုင်မည့် အလားအလားမရှိပေ။သူတို့လည်း Bei Zhi ရဲ့စာချုပ် မကြာခင် ဖျက်သိမ်းခံရတော့မည်ဟုပင် ထင်ခဲ့ကြသည်။ဒါပေမယ့် Fang Zhao ပေါ်လာပြီးသူ့ကိုကယ်တင်သွားမယ်လို့ ဘယ်သူကထင်မှာလဲ။ဇွန်လမှာ Du Ang ဆီက ဖုန်းလက်ခံရပြီး ပြန်အဆင်ပြေသွားပြီဖြစ်သည်။သူ့တကယ်ကို ကံကောင်းသွားတာပဲ။
"ငါကြယ်ပွင့်ဖြစ်သွားပြီ ဟားဟားဟား"
အခန်းထဲတွင် Bei Zhi တစ်ယောက် ခုန်ပေါက်က နေလေသည်။
"ဟုတ်သားပဲ။ ငါ Fang Zhao ကို ကျေးဇူးတင်ရမယ်။"
Bei Zhi သည် သူလက်ကိုမြှောက်၍ဖုန်းခေါ်လိုက်သည်။သူတော်ကောင်းလေးကို ဒီလိုချိန်မှ မွမွ မပေးရင် ဘယ်အချိန်ပေးမလဲ။သူက အဆိုတော်ပေါက်စရယ်ပါ။ အဆိုတော် တစ်ယောက်အနေနဲ့ တေးရေးဆရာတွေနဲ့ ရင်နှီးမှုယူထားသင့်တယ်။ဒါမှ သီချင်းကောင်းလေးတွေဆိုရပြီး သူ့အဆင့်လည်းမြင့်လာနိုင်မှာလေ။
အကုန်လုံးတော့ အောင်ပွဲကျင်းပနိုင်မည်မဟုတ်ပေ။ တစ်ခါတစ်လေမှာ မင်္ဂလာကိစ္စက အမင်္ဂလာကိစ္စလည်းဖြစ်သွားတတ်သည်။
Du Ang သည် နောက်နေ့ရာထူးတိုးချိန်၌စိတ်ပျက်သွားမိသည်။
Du Ang အရင်က တေးရေးဆရာအသစ်တွေကိုသာတာဝန်ယူရခြင်းဖြစ်သော်လည်း ခုတော့ငွေတောင်ပံက တေးရေးဆရာအားလုံးကို တာဝန်ခံနေရသည်။အရင်နှစ်ကပုံရိပ်ယောင်အနုပညာရှင်ပရောဂျက်ကို ဉီးဆောင်သူသည် ပရောဂျက် မအောင်သောကြောင့်နှုတ်ထွက်သွားသည်။ ခု ဒီကိစ္စက သူ့စားပွဲဆီရောက်လာခဲ့သည်။
ရာထူးတိုးတယ်ဆိုတာ ကောင်းတယ်ဆိုပေမယ့် သူလုပ်ရမယ့် အလုပ်စာရင်းကိုမြင်တွေ့ပြီးနောက် Du Ang အပြုံးမှာ ပျောက်ကွယ်သွားသည်။
ငွေတောင်ပံမှပုံရိပ်ယောင်အနုပညာရှင်ကို နှစ်တိုင်းဖန်တီးထုတ်လုပ်ပေမယ့် အောင်မြင်မှုတော့မရခဲ့ပေ။ ၄တို့ကို ဒုတိယတွင်ထားပြီးတခြားအဆိုတော်များကို ဉီးစားပေးလုပ်ကိုင်နေသော်လည်း ပုံရိပ်ယောင်အနုပညာရှင်လိုအပ်နေဆဲဖြစ်သောကြောင့် ငွေတောင်ပံအကြီးအကဲများမှာ စိုးရိမ်နေရဆဲဖြစ်သည်။ငွေတောင်ပံလိုပြိုင်ဘက်ကောင်းတစ်ခုက ပုံရိပ်ယောင် အနုပညာရှင် မဖန်တီးနိုင်ခြင်းမှာ မဖြစ်သင့်ပေ။ နာမည်ကြီးကြယ်ပွင့်ဖြစ်လာမဖြစ်လာကနောက်ကိစ္စဖြစ်သည်။
ဒါပေမယ့် မနှစ်က အပြတ်အသတ်ရှုံးနိမ့်ခဲ့ရပြီးနောက် ထိုပရောဂျက်အဖွဲ့မှာ ဖရိုဖရဲဖြစ်သွားသည်။ဝန်ထမ်းများမှာလည်း တစ်ချို့က တခြားပရောဂျက်များသို့ပြောင်းသွားသလို တစ်ချို့ကနှုတ်ထွက်သွားကြသည်။ထိုဌာနတစ်ခုလုံး သရဲခြောက်သည့်မြို့ပျက်လိုဖြစ်နေပြီဖြစ်သည်။
ရာထူးမြင့်လေဒုက္ခများလေပါပဲ။ဘယ်လိုပဲ မျှော်လင့်ချက်မဲ့နေသောတာဝန်ဖြစ်သော ထိုကိစ္စကို ဖြေရှင်းဖို့ အဖွဲ့ခေါင်းဆောင်ရွေးဖို့ လိုအပ်သည်။ပုံရိပ်ယောင် အနုပညာရှင်ပရောဂျက်သည် အနည်းဆုံးတစ်နှစ်တစ်ခုတော့ ရှိရမည်ဖြစ်သည်။အလုပ်ဖြစ်သည်ဖြစ်စေ မဖြစ်သည့်ဖြစ်စေ သူတို့ဖင်ထဲက တစ်ခုခုတော့ ဆွဲထုတ်ပြရမည်ဖြစ်သည်။ တစ်ခုခုပြနိုင်သရွေ့ အရည်အသွေးက ကိစ္စမဟုတ်ပေ။
သို့ထိတိုင် စိတ်ပျက်စရာကျရှုံးမှုသည် အဓိကရင်ဆိုင်ရမည့်ဆုံးရှုံးမှုဖြစ်နေသေးသည်။
လက်လွှဲခံရပြီးနောက် ထိုအာလူးပူကြီးမှာ သူ့စားပွဲဆီသို့ရောက်လာပြီဖြစ်သည်။သူ့ရာထူးအသစ်မှာ အတန်ကြာလစ်လပ်နေသောနေရာဖြစ်သော်လည်း အားလုံးက ဘာပြဿနာမှမရှိသလို ဟန်ဆောင်နေကြသည်။အခု Du Ang ဆီလက်လွှဲပြီး တခြားမန်နေဂျာများက အေးဆေးအနားယူနေကြသည်။
"အဖိုးကြီး Du"
စီစဉ်ဖန်တီးရေးရာဌာနမှ ဌာနမှူး Ya ErLin (ယာအာ့လင်) သည် သူ့လုပ်ဖော်ကိုင်ဖက်ကိုလက်ညှိုးထိုးပြလိုက်သည်။
"အဖိုး မကြီးနဲ့။ ပျမ်းမျှသက်တမ်း ၁၈၀မှာ ငါ့အသက်ကအခုမှ အသက် ၄၀ ပဲရှိသေးတာ။သက်တမ်းရဲ့ လေးပုံတစ်ပုံတောင်မရှိသေးဘူး။"
Du Ang က ခေါင်းမမော့ဘဲပြန်ပြောလိုက်သည်။Ya ErLin က ဂရုမစိုက်ဘဲ
"အဖိုးကြီး Du ဘယ်လိုဖြစ်တာလဲ။မင်းရာထူးတိုးတာ ဒုက္ခခံဖို့ဖြစ်နေပြီ။"
သူဒီပရောဂျက်ကို တာဝန်ယူနိုင်ပါ့မလား။
Du Ang လည်း ဒီပုံရိပ်ယောင်အနုပညာရှင်ကိစ္စက သူကျွမ်းကျင်တဲ့ အပိုင်းမဟုတ်ကြောင်း သူ့အထက်လူကြီးများကို ပြောဖို့ကြိုးစားသေးသည်။ သို့သော် ဘယ်သူမှထိုနေရာကို တာဝန်မယူရဲပေ။သူ့အထက်လူကြီးပြောလိုက်သည်မှာ 'ခုလိုချိန်မှာမင်းကရာထူးတိုးလာမှတော့ မင်းပဲတာဝန်ယူရတော့မှာပေါ့' ဟူ၍သာဖြစ်သည်။
Du Ang သွေးတောင်အန်ချင်လာသည်။ ကြိုသာသိခဲ့လျှင် သူရာထူးတိုးဖို့ လက်လျှော့လိုက်မည်ဖြစ်သည်။ ထိုပရောဂျက်ကိုတခြားသူယူပြီးနောက်မှ တခြားသို့ပြောင်းရွှေ့မိန့်လျှောက်ထားမည်ဖြစ်သည်။
ခုတော့လွန်ကုန်ပြီလေ။ဘာတတ်နိုင်မှာလဲ။
ဆေးရုံမှာ လှဲနေတဲ့ မန်နေဂျာကလည်း နောက်လာမယ့် ကိစ္စတွေကို စောင့်ကြည့်နေဉီးမှာပဲ။
Du Ang မှာမကျေနပ်သော်လည်း သူကြီးကြပ်နေသောတေးရေးတွေဆီ လက်လွှဲဖို့သာတတ်နိုင်တော့သည်။လူတွေကို လိုက်လံဆွဲဆောင်အားပေးနေဖို့ သူမှာ အချိန်မရှိပေ။
"ဒီကိစ္စကို တာဝန်ယူတဲ့ ဘယ်သူမဆို ရာထူးမြန်မြန်တိုးလိမ့်မယ်"
Continue Reading
You'll Also Like
622K 70K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
1.1M 129K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
220K 25.6K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
408K 8.9K 36