Unicode
ငါ ကိုယ့်ဘာသာကိုယ် လှည့်ပတ်ပြီးတော့ ကိုယ့်အခြေအနေကို ပြန်တွေးကြည့်လို့ရတယ်။
တကယ်တော့ ကျောင်းကုန်းဇီက မလိုအပ်ဘဲ အတွေးလွန်နေတာ။ ငါက မစ္စယုနဲ့ ပိုမိုရင်းနှီးလာဖို့, မစ္စယုရဲ့ နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ ခံစားချက်ဟောင်းတစ်ချို့ကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် ကြည့်ကောင်းအောင် ၀တ်ဆင်ဖို့ ပြင်ဆင်ထားခဲ့တာလေ။ အဲ့အပြင် မစ္စယုက သမ္မတကြီးကို ကိုယ်စားပြုပြီးတော့ ဒီမြို့က သမ္မတ တည်ထောင်ထားတဲ့ အလယ်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားမှာလည်း ပါဝင်ဆင်နွှဲမှာဖြစ်တယ်။ ငါက ဆိုဖာအစွပ်အသစ်ဝယ်ချင်တာမို့ မစ္စယုက ဘတ်ဂျက်ကောင်းကောင်းရှိတဲ့ အဲ့အလယ်တန်းကျောင်းမှာ နည်းပြဆရာအဖြစ် ငါ့ကို အကြံပြုပေးနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာ။
ဒါပေမယ့် ငါ မစ္စယုနဲ့ ဘယ်တော့စကားပြောခွင့်ရမယ်ဆိုတာ မသိဘူး။
အချို့အမျိုးသမီးတွေက ငါ့အနားက ဖြတ်သွားပြီး ပြောနေကြတယ်, "မစ္စယုက ဧည့်သည်နားနေခန်းမှာ အဝတ်လဲဖို့အတွက် အပေါ်ထပ်ပြန်တက်သွားတာလား?"
"သူတို့ကတော့ အဝတ်လဲတာလို့ ပြောပေမယ့်..."
"ကျောင်းကုန်းဇီနဲ့မဟုတ်ဘူးလား...?"
"ဘာဖြစ်လဲ? တစ်ယောက်ယောက်က သက်သတ်လွတ်ဟင်းကို နည်းနည်းလောက် ပြောင်းစားကြည့်လို့မရဘူးလား?"
ငါ သူတို့ဆွေးနွေးနေတာကို စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် ပထမဆုံးအချက်အနေနဲ့ ဘာလို့ ငါက အသားဟင်းဖြစ်ပြီး မစ္စယုက ဘာလို့ သက်သတ်လွတ်ဟင်းဖြစ်ရတာလဲ? ဒုတိယအချက်အနေနဲ့ ငါက ဘာလို့ အသားဖြစ်ပြီး မစ္စယုက ဘာလို့ အသီးအရွက်ဖြစ်ရတာလဲ?
ငါ အပေါ်ထပ်ကို အမြန်တက်သွားလိုက်ပြီး ကျောင်းကုန်းဇီနဲ့ မစ္စယုတို့ အကြောင်းတစ်ခုခုကြောင့် ရန်ဖြစ်နေကြတာကို အဝေးကနေ လှမ်းမြင်လိုက်ရတယ်။
နှုတ်ဆက်ပါတယ်, ငါ့ရဲ့ဆရာလစာလေးရေ။
နှုတ်ဆက်ပါတယ်, ငါ့ရဲ့ဆိုဖာအစွပ်လေးရေ။
နှုတ်ဆက်ပါတယ်, ပြုစုပျိုးထောင်ပေးဖို့အတွက် နောက်ထပ် 8 လလောက် ထပ်စောင့်ရဦးမယ့် ငါ့ရဲ့ကြောင်လေးရေ။
ငါ အနားကို လျှောက်သွားလိုက်ပြီး သူတို့ ငါ့ကို သတိမထားမိခင်မှာ ကျောင်းကုန်းဇီပြောတာကို ငါ ကြားလိုက်ရတယ်, "ဒီတိုင်း ရပ်ပြီး လက်လျှော့လိုက်တော့, မင်း ကျောင်းမိသားစုထဲကို ဝင်နိုင်မှာမဟုတ်ဘူး!"
အကယ်၍ ဒုတိယစကားသာရှိခဲ့မယ်ဆိုရင် မစ္စယုက ဒီလိုပြောလာလိမ့်မယ်, "ရိရှင်က ငါ့ကို နားလည်ပါတယ်"
တတိယစကားသာ ရှိခဲ့မယ်ဆိုရင်တော့ ကျောင်းကုန်းဇီက ဒီလိုပြောလာလိမ့်မယ်, "သူ နားလည်တယ်ဆိုတာက ဘာအသုံးဝင်လို့လဲ?! သူနဲ့ ဘာမှမဆိုင်ဘူး!"
ကောင်းပြီ။
စတုတ္ထမြောက်စကားမရှိတော့ဘူး။
စတုတ္ထမြောက်စကားသာရှိခဲ့မယ်ဆိုရင်တော့ အဲ့စတုတ္ထစကားကို နားထောင်မယ့်အစား ငါ တိတ်တဆိတ်ရောက်လာခဲ့သလိုမျိုး တိတ်တဆိတ်ထွက်သွားဖို့ကိုပဲ အချိန်ကို အသုံးပြုလိုက်တော့မယ်။ ကောင်းကင်က တိမ်တွေဟာ ငါ့ကို မသယ်ဆောင်နိုင်ဘဲ ငါ့ရဲ့လက်အနားတွေကိုပဲ တွန်းလှန်ပစ်လိုက်တယ်။
စတုတ္ထစကားသာရှိခဲ့မယ်ဆိုရင် မစ္စယုက အံ့သြတဲ့အသံနဲ့ "ရိရှင်?" ဆိုပြီးတော့ ငါ့ကို ခေါ်လိုက်မှာဖြစ်တယ်။
ပဉ္စမမြောက်စကားကိုတော့ ကျောင်းကုန်းဇီက မေးလာတယ်, "မင်း ဒီကို ဘာလို့လာတာလဲ?"
ဟုတ်တယ်, ငါ ဒီကို ဘာအတွက် လာတာလဲ? ဦးလေးတာ့လီရဲ့ သက်သေအဖြစ်နဲ့ ငါ ဒီကို လာခဲ့တာဖြစ်မယ်။
ကျောင်းကုန်းဇီ ငယ်စဉ်ကလေးဘဝတုန်းက မိသားစုနောက်ခံအရ သူနဲ့လိုက်ဖက်တဲ့, ကျောင်းကုန်းဇီ ဖြူဖြူစင်စင်နဲ့ ရင်းနှီးခဲ့ရတဲ့, ချစ်သူရှိခဲ့ပေမယ့် ငါက သူတို့ကြားကို မဖွယ်မရာဝင်ရောက်လာပြီး သူတို့ကို ခွဲထုတ်ကာ ကျောင်းကုန်းဇီကို လုယူသွားခဲ့တယ်ဆိုတဲ့သက်သေပေါ့။
ချစ်ခြင်းမေတ္တာနှင့်ပတ်သက်လာရင် အမှန်အမှားဆိုတာ မရှိပေမယ့် မင်းရဲ့အချစ်ကိုပြသတဲ့နည်းလမ်းမှာတော့ အမှန်နဲ့အမှားဆိုတာ ရှိတယ်။ တွေဝေမှုမရှိဘဲ အတင်းခိုးယူလိုက်တာက မှားတယ်လေ။
"လူတွေ မကြာခဏပြောကြတယ်, အချစ်က အရာအားလုံးကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်တယ်တဲ့, ငါ့ရဲ့နှလုံးခုန်နှုန်းနဲ့ သူရဲဘောကြောင်မှုတွေကိုကောပေါ့, ရိရှင်, နင် နားလည်လားဟင်?"
ဝမ်းနည်းပါတယ်။ မင်းက ကျောင်းလောင်အတွက် မင်းရဲ့ နှလုံးခုန်နှုန်းနဲ့ သူရဲဘောကြောင်တာတွေကို ဖျက်ဆီးပစ်နေမှန်း ငါ မသိခဲ့ဘူး။
"အခြေအနေတွေက လူမိုက်တွေ ကိုယ့်ကိုယ်ကို ထောင်ချဖို့အတွက် သုံးတဲ့ လှောင်အိမ်တစ်ခုလိုပဲ။ ဒါတောင် ငါတို့က လွတ်လွတ်လပ်လပ် မွေးဖွားလာတာ။ ရိရှင်, နင် ဘယ်လိုထင်လဲဟင်?"
တောင်းပန်ပါတယ်။ သမ္မတဖြစ်လာဖို့အတွက် အခြားသမ္မတကို ခိုင်ခိုင်မာမာထောက်ခံပေးနေတဲ့ သခင်ကြီးကျောင်းစီရဲ့ဘေးမှာ ကျောင်းကုန်းဇီရှိနေတဲ့ကိစ္စနဲ့ မင်း လှောင်အိမ်အကြောင်းတွေ ပြောနေတဲ့အချိန်တုန်းက သမ္မတဖြစ်မလာသေးတဲ့ သမ္မတကြီးရဲ့ဘေးမှာ မင်းရှိနေရတဲ့အကြောင်းကို ငါ နားလည်ပေးလို့ မရဘူး။
"ငါတို့က အချစ်ကို လွတ်လွတ်လပ်လပ်နဲ့ သတ္တိရှိရှိ မဖော်ပြနိုင်ဘူးဆိုရင် ဘာလို့ သူရဲဘောကြောင်ပြီးတော့ စည်းကမ်းတကျနေထိုင်ဖို့ကို စိတ်အားထက်သန်နေရသေးတာလဲ? ရိရှင်, ငါပြောတာ မှန်တယ်ထင်လားဟင်?"
တောင်းပန်ပါတယ်။ မင်းက ဘယ်သူ့ကိုဆိုလိုတယ်ဆိုတာကို ငါ နားလည်မှုလွဲသွားတယ်။
မစ္စယုက ပြီးပြည့်စုံတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူမက သမ္မတရဲ့တူမဖြစ်ပြီး သူမရဲ့ ပင်ကိုယ်စရိုက်က ပွင့်ပွင့်လင်းလင်းနဲ့ ရွှင်လန်းတက်ကြွကာ, အမြော်အမြင်ရှိတဲ့သူလည်း ဖြစ်တယ်။ သူမက နိုင်ငံခြားမှာ ကျောင်းတက်ခဲ့ပြီး အလှမယ်ပြိုင်ပွဲတွေမှာလည်း ထိပ်ဆုံး (၃)ဦးနေရာမှာ ပါဝင်ခဲ့တယ်။ အဲ့အပြင် ဦးလေးတာ့လီက ကားကို နောက်ပြန်ဆုတ်လိုက်တဲ့အချိန်မှာ သူမက သတ္တိရှိရှိနဲ့ ငါ့ကို တွန်းထုတ်လိုက်ပြီး ကျောင်းကုန်းဇီနဲ့ သူမကြားကို ဝင်ဖို့အတွက် ငါ့ကို အခွင့်အရေးပေးလိုက်တယ်လေ။
ငါ ကျောင်းကုန်းဇီကို မုန်းလိုက်တာ။
ဘာလို့ လူတွေအများကြီးက သူ့ကို ကြိုက်ကြတာလဲ?! သူက ရုပ်ချောလို့လား? ငါ မရှိရင် သူက ခပ်ဝါးဝါးပုံသဏ္ဍာန်နဲ့ ဖက်တီးတစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။ သူက ငါ့ကြောင့် ချောတာဆိုတော့ သူ ချောတာကို ငါ ပိုင်တယ်။
ကျောင်းကုန်းဇီက မျက်မှောင်ကြုတ်ပြီး မေးတယ်, "ဟေ့, ငါ မင်းကို ပြောနေတာလေ, မင်း ဘာလို့ လာတာလဲ?"
မစ္စယုက ငါ့ကို ကြင်နာစွာမေးတယ်, "ရိရှင်, နင် တစ်ခုခုလိုအပ်လို့ ငါ့ဆီ လာတာလား?"
"အိုး, သူက ကျောင်းလို့ခေါ်တဲ့နေရာကို သွားပြီး ကျောင်းဆရာလုပ်ချင်နေတာ"
မစ္စယုက သူ ဘာကိုဆိုလိုတယ်ဆိုတာကို ရုတ်တရက်သိသွားတယ်, "ဟုတ်တာပေါ့! အဲ့တာ ကောင်းတယ်လေ, ငါတို့ သင့်တော်တဲ့ ဂီတဆရာကို ရှာမတွေ့ဘူး, အစက ရိရှင်ကို အကြံပြုဖို့ စိတ်ကူးထားပေမယ့် သူ့မှာ အလုပ်သုံးခုရှိတယ်လို့ နင်ပြောတယ်လေ, သူ ဒီ့ထက်ပိုပြီး မကိုင်တွယ်နိုင်တော့မှာကို ငါ စိုးရိမ်နေတာ"
ငါ ဒါကို ဟန်ဆောင်တယ်လို့ပြောရင်တော့ ဖြစ်နိုင်ပါတယ်။ ငါလိုချင်တဲ့လစာ, ငါ့ရဲ့ဆိုဖာအစွပ်အသစ်နဲ့ ငါ့ရဲ့၈လသားကြောင်လေးကိုရဖို့အတွက် တခြားသူတွေကို ငါ့ရဲ့ကိုယ်ပိုင်အဆက်အသွယ်တွေသုံးဖို့ စိတ်မရှိဘူးဆိုပေမယ့် ကျောင်းကုန်းဇီက ငါလိုချင်တဲ့လစာ, ငါ့ရဲ့ဆိုဖာအစွပ်အသစ်နဲ့ ငါ့ရဲ့၈လသားကြောင်လေးကို ရစေဖို့အတွက် သူ့ရဲ့အဆက်အသွယ်ကို သုံးတဲ့အခါမှာတော့ ငါ နည်းနည်းတော့ စိတ်ရှိမိတယ်။
အဲ့အပြင် ငါက မစ္စယုဆီကနေ သူမရဲ့အချစ်ကို လုယက်ခဲ့တယ်လေ။
ဒါပေမယ့် ငါက သဘောထားကြီးတဲ့လူမဟုတ်သလို မြင့်မြတ်တဲ့လူလည်း မဟုတ်ဘူး။ ငါက သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့လူလေ။
ဒါကြောင့် ငါလည်း အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်, "ကျေးဇူးအများကြီးတင်ပါတယ်"
အပြန်လမ်းမှာ ကျောင်းကုန်းဇီက မေးတယ်, "အခု ဘာဖြစ်နေတာလဲ?"
ငါက ပေါ့ပေါ့ပါးပါးပြုံးပြီး ပြန်ဖြေလိုက်တယ်, "ဘာမှမဖြစ်ပါဘူး"
ကျောင်းကုန်းဇီက ပြောတယ်, "ဘာမှမဖြစ်ဘူးဆိုရင် ဆင်းတော့, သေစမ်း, မင်း ဝလာပြန်ပြီရော်, စားတယ်, စားတယ်, စားတယ်, မင်းတွေးနေတာ စားဖို့ချည်းပဲ, မင်းက ဝက်လား?"
ငါ သူ့လည်ပင်းကို တင်းကျပ်စွာ ဖက်ထားလိုက်တယ်။
"သေလိုက်ပါတော့, ငါတို့မှာ ကားတစ်စီးရှိသေးတယ်လေ, ယူမလာခဲ့ရဘူး, မင်းက အချီခံချင်နေတာ, ဟေ့ကောင်, မင်း ကလေးပဲရှိသေးတယ်လို့ ထင်နေတာလား?"
ငါ ငါတို့နောက်က ဖြည်းညှင်းစွာမောင်းလာတဲ့ကားကို မော့ကြည့်လိုက်ပြီး ပြောလိုက်တယ်, "ဟောင်တာ့ကို ပြန်ဖို့ ပြောလိုက်လေ, သူက မနက်ဖြန် ကုမ္ပဏီကို သွားပြီး အစည်းအဝေးလုပ်စရာရှိသေးတယ်"
ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "မင်း တစ်ခုခုဖြစ်နေတာလား? ငါတို့အိမ်မရောက်ခင် သုံးမှတ်တိုင်လောက်ကျန်သေးတယ်, ဟေ့ကောင်, မင်း ငါ့ကို တစ်လမ်းလုံး ကျောပေါ်တင်ခိုင်းဖို့ တကယ် ရည်ရွယ်ထားတာလား?"
"ကျောင်းလောင်, ငါ မင်းကို ချစ်တယ်"
"သေလိုက်ပါတော့, တင်းတင်းဆုပ်ကိုင်ထား, ပြုတ်မကျစေနဲ့, မင်း ဒီည ဖြည့်စွက်စာ မစားခဲ့ဘူးလား?"
T/N - ခရီးသွားနေလို့ update တော်တော်လေးနောက်ကျသွားတာ စိတ်မရှိပါနဲ့လို့, အိုင်လည်း ဒီနေ့မှ ပြန်ရောက်တာနဲ့ မနားဘဲ ချက်ချင်းတင်လိုက်တာ😁❤
Zawgyi
ငါ ကိုယ့္ဘာသာကိုယ္ လွည့္ပတ္ၿပီးေတာ့ ကိုယ့္အေျခအေနကို ျပန္ေတြးၾကည့္လို႔ရတယ္။
တကယ္ေတာ့ ေက်ာင္းကုန္းဇီက မလိုအပ္ဘဲ အေတြးလြန္ေနတာ။ ငါက မစၥယုနဲ႔ ပိုမိုရင္းႏွီးလာဖို႔, မစၥယုရဲ႕ ႏွလုံးသားထဲမွာ ဖုံးကြယ္ထားတဲ့ ခံစားခ်က္ေဟာင္းတစ္ခ်ိဳ႕ကို ျပန္လည္ေခၚေဆာင္ဖို႔အတြက္ ၾကည့္ေကာင္းေအာင္ ၀တ္ဆင္ဖို႔ ျပင္ဆင္ထားခဲ့တာေလ။ အဲ့အျပင္ မစၥယုက သမၼတႀကီးကို ကိုယ္စားျပဳၿပီးေတာ့ ဒီၿမိဳ႕က သမၼတ တည္ေထာင္ထားတဲ့ အလယ္တန္းေက်ာင္း ဖြင့္ပြဲအခမ္းအနားမွာလည္း ပါဝင္ဆင္ႏႊဲမွာျဖစ္တယ္။ ငါက ဆိုဖာအစြပ္အသစ္ဝယ္ခ်င္တာမို႔ မစၥယုက ဘတ္ဂ်က္ေကာင္းေကာင္း႐ွိတဲ့ အဲ့အလယ္တန္းေက်ာင္းမွာ နည္းျပဆရာအျဖစ္ ငါ့ကို အၾကံျပဳေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားခဲ့တာ။
ဒါေပမယ့္ ငါ မစၥယုနဲ႔ ဘယ္ေတာ့စကားေျပာခြင့္ရမယ္ဆိုတာ မသိဘူး။
အခ်ိဳ႕အမ်ိဳးသမီးေတြက ငါ့အနားက ျဖတ္သြားၿပီး ေျပာေနၾကတယ္, "မစၥယုက ဧည့္သည္နားေနခန္းမွာ အဝတ္လဲဖို႔အတြက္ အေပၚထပ္ျပန္တက္သြားတာလား?"
"သူတို႔ကေတာ့ အဝတ္လဲတာလို႔ ေျပာေပမယ့္..."
"ေက်ာင္းကုန္းဇီနဲ႔မဟုတ္ဘူးလား...?"
"ဘာျဖစ္လဲ? တစ္ေယာက္ေယာက္က သက္သတ္လြတ္ဟင္းကို နည္းနည္းေလာက္ ေျပာင္းစားၾကည့္လို႔မရဘူးလား?"
ငါ သူတို႔ေဆြးေႏြးေနတာကို စိတ္မ၀င္စားပါဘူး။ ဒါေပမယ့္ ပထမဆုံးအခ်က္အေနနဲ႔ ဘာလို႔ ငါက အသားဟင္းျဖစ္ၿပီး မစၥယုက ဘာလို႔ သက္သတ္လြတ္ဟင္းျဖစ္ရတာလဲ? ဒုတိယအခ်က္အေနနဲ႔ ငါက ဘာလို႔ အသားျဖစ္ၿပီး မစၥယုက ဘာလို႔ အသီးအ႐ြက္ျဖစ္ရတာလဲ?
ငါ အေပၚထပ္ကို အျမန္တက္သြားလိုက္ၿပီး ေက်ာင္းကုန္းဇီနဲ႔ မစၥယုတို႔ အေၾကာင္းတစ္ခုခုေၾကာင့္ ရန္ျဖစ္ေနၾကတာကို အေဝးကေန လွမ္းျမင္လိုက္ရတယ္။
ႏႈတ္ဆက္ပါတယ္, ငါ့ရဲ႕ဆရာလစာေလးေရ။
ႏႈတ္ဆက္ပါတယ္, ငါ့ရဲ႕ဆိုဖာအစြပ္ေလးေရ။
ႏႈတ္ဆက္ပါတယ္, ျပဳစုပ်ိဳးေထာင္ေပးဖို႔အတြက္ ေနာက္ထပ္ 8 လေလာက္ ထပ္ေစာင့္ရဦးမယ့္ ငါ့ရဲ႕ေၾကာင္ေလးေရ။
ငါ အနားကို ေလွ်ာက္သြားလိုက္ၿပီး သူတို႔ ငါ့ကို သတိမထားမိခင္မွာ ေက်ာင္းကုန္းဇီေျပာတာကို ငါ ၾကားလိုက္ရတယ္, "ဒီတိုင္း ရပ္ၿပီး လက္ေလွ်ာ့လိုက္ေတာ့, မင္း ေက်ာင္းမိသားစုထဲကို ဝင္ႏိုင္မွာမဟုတ္ဘူး!"
အကယ္၍ ဒုတိယစကားသာ႐ွိခဲ့မယ္ဆိုရင္ မစၥယုက ဒီလိုေျပာလာလိမ့္မယ္, "ရိ႐ွင္က ငါ့ကို နားလည္ပါတယ္"
တတိယစကားသာ ႐ွိခဲ့မယ္ဆိုရင္ေတာ့ ေက်ာင္းကုန္းဇီက ဒီလိုေျပာလာလိမ့္မယ္, "သူ နားလည္တယ္ဆိုတာက ဘာအသုံးဝင္လို႔လဲ?! သူနဲ႔ ဘာမွမဆိုင္ဘူး!"
ေကာင္းၿပီ။
စတုတၳေျမာက္စကားမ႐ွိေတာ့ဘူး။
စတုတၳေျမာက္စကားသာ႐ွိခဲ့မယ္ဆိုရင္ေတာ့ အဲ့စတုတၳစကားကို နားေထာင္မယ့္အစား ငါ တိတ္တဆိတ္ေရာက္လာခဲ့သလိုမ်ိဳး တိတ္တဆိတ္ထြက္သြားဖို႔ကိုပဲ အခ်ိန္ကို အသုံးျပဳလိုက္ေတာ့မယ္။ ေကာင္းကင္က တိမ္ေတြဟာ ငါ့ကို မသယ္ေဆာင္ႏိုင္ဘဲ ငါ့ရဲ႕လက္အနားေတြကိုပဲ တြန္းလွန္ပစ္လိုက္တယ္။
စတုတၳစကားသာ႐ွိခဲ့မယ္ဆိုရင္ မစၥယုက အံ့ၾသတဲ့အသံနဲ႔ "ရိ႐ွင္?" ဆိုၿပီးေတာ့ ငါ့ကို ေခၚလိုက္မွာျဖစ္တယ္။
ပၪၥမေျမာက္စကားကိုေတာ့ ေက်ာင္းကုန္းဇီက ေမးလာတယ္, "မင္း ဒီကို ဘာလို႔လာတာလဲ?"
ဟုတ္တယ္, ငါ ဒီကို ဘာအတြက္ လာတာလဲ? ဦးေလးတာ့လီရဲ႕ သက္ေသအျဖစ္နဲ႔ ငါ ဒီကို လာခဲ့တာျဖစ္မယ္။
ေက်ာင္းကုန္းဇီ ငယ္စဥ္ကေလးဘဝတုန္းက မိသားစုေနာက္ခံအရ သူနဲ႔လိုက္ဖက္တဲ့, ေက်ာင္းကုန္းဇီ ျဖဴျဖဴစင္စင္နဲ႔ ရင္းႏွီးခဲ့ရတဲ့, ခ်စ္သူ႐ွိခဲ့ေပမယ့္ ငါက သူတို႔ၾကားကို မဖြယ္မရာဝင္ေရာက္လာၿပီး သူတို႔ကို ခြဲထုတ္ကာ ေက်ာင္းကုန္းဇီကို လုယူသြားခဲ့တယ္ဆိုတဲ့သက္ေသေပါ့။
ခ်စ္ျခင္းေမတၱာႏွင့္ပတ္သက္လာရင္ အမွန္အမွားဆိုတာ မ႐ွိေပမယ့္ မင္းရဲ႕အခ်စ္ကိုျပသတဲ့နည္းလမ္းမွာေတာ့ အမွန္နဲ႔အမွားဆိုတာ ႐ွိတယ္။ ေတြေဝမႈမ႐ွိဘဲ အတင္းခိုးယူလိုက္တာက မွားတယ္ေလ။
"လူေတြ မၾကာခဏေျပာၾကတယ္, အခ်စ္က အရာအားလုံးကို လြယ္လြယ္ကူကူ ဖ်က္ဆီးပစ္တယ္တဲ့, ငါ့ရဲ႕ႏွလုံးခုန္ႏႈန္းနဲ႔ သူရဲေဘာေၾကာင္မႈေတြကိုေကာေပါ့, ရိ႐ွင္, နင္ နားလည္လားဟင္?"
ဝမ္းနည္းပါတယ္။ မင္းက ေက်ာင္းေလာင္အတြက္ မင္းရဲ႕ ႏွလုံးခုန္ႏႈန္းနဲ႔ သူရဲေဘာေၾကာင္တာေတြကို ဖ်က္ဆီးပစ္ေနမွန္း ငါ မသိခဲ့ဘူး။
"အေျခအေနေတြက လူမိုက္ေတြ ကိုယ့္ကိုယ္ကို ေထာင္ခ်ဖို႔အတြက္ သုံးတဲ့ ေလွာင္အိမ္တစ္ခုလိုပဲ။ ဒါေတာင္ ငါတို႔က လြတ္လြတ္လပ္လပ္ ေမြးဖြားလာတာ။ ရိ႐ွင္, နင္ ဘယ္လိုထင္လဲဟင္?"
ေတာင္းပန္ပါတယ္။ သမၼတျဖစ္လာဖို႔အတြက္ အျခားသမၼတကို ခိုင္ခိုင္မာမာေထာက္ခံေပးေနတဲ့ သခင္ႀကီးေက်ာင္းစီရဲ႕ေဘးမွာ ေက်ာင္းကုန္းဇီ႐ွိေနတဲ့ကိစၥနဲ႔ မင္း ေလွာင္အိမ္အေၾကာင္းေတြ ေျပာေနတဲ့အခ်ိန္တုန္းက သမၼတျဖစ္မလာေသးတဲ့ သမၼတႀကီးရဲ႕ေဘးမွာ မင္း႐ွိေနရတဲ့အေၾကာင္းကို ငါ နားလည္ေပးလို႔ မရဘူး။
"ငါတို႔က အခ်စ္ကို လြတ္လြတ္လပ္လပ္နဲ႔ သတၱိ႐ွိ႐ွိ မေဖာ္ျပႏိုင္ဘူးဆိုရင္ ဘာလို႔ သူရဲေဘာေၾကာင္ၿပီးေတာ့ စည္းကမ္းတက်ေနထိုင္ဖို႔ကို စိတ္အားထက္သန္ေနရေသးတာလဲ? ရိ႐ွင္, ငါေျပာတာ မွန္တယ္ထင္လားဟင္?"
ေတာင္းပန္ပါတယ္။ မင္းက ဘယ္သူ႕ကိုဆိုလိုတယ္ဆိုတာကို ငါ နားလည္မႈလြဲသြားတယ္။
မစၥယုက ၿပီးျပည့္စုံတဲ့အမ်ိဳးသမီးတစ္ဦးျဖစ္တယ္။ သူမက သမၼတရဲ႕တူမျဖစ္ၿပီး သူမရဲ႕ ပင္ကိုယ္စ႐ိုက္က ပြင့္ပြင့္လင္းလင္းနဲ႔ ႐ႊင္လန္းတက္ႂကြကာ, အေျမာ္အျမင္႐ွိတဲ့သူလည္း ျဖစ္တယ္။ သူမက ႏိုင္ငံျခားမွာ ေက်ာင္းတက္ခဲ့ၿပီး အလွမယ္ၿပိဳင္ပြဲေတြမွာလည္း ထိပ္ဆုံး (၃)ဦးေနရာမွာ ပါဝင္ခဲ့တယ္။ အဲ့အျပင္ ဦးေလးတာ့လီက ကားကို ေနာက္ျပန္ဆုတ္လိုက္တဲ့အခ်ိန္မွာ သူမက သတၱိ႐ွိ႐ွိနဲ႔ ငါ့ကို တြန္းထုတ္လိုက္ၿပီး ေက်ာင္းကုန္းဇီနဲ႔ သူမၾကားကို ဝင္ဖို႔အတြက္ ငါ့ကို အခြင့္အေရးေပးလိုက္တယ္ေလ။
ငါ ေက်ာင္းကုန္းဇီကို မုန္းလိုက္တာ။
ဘာလို႔ လူေတြအမ်ားႀကီးက သူ႕ကို ႀကိဳက္ၾကတာလဲ?! သူက ႐ုပ္ေခ်ာလို႔လား? ငါ မ႐ွိရင္ သူက ခပ္ဝါးဝါးပုံသ႑ာန္နဲ႔ ဖက္တီးတစ္ေယာက္ပဲ ျဖစ္ေနလိမ့္မယ္။ သူက ငါ့ေၾကာင့္ ေခ်ာတာဆိုေတာ့ သူ ေခ်ာတာကို ငါ ပိုင္တယ္။
ေက်ာင္းကုန္းဇီက မ်က္ေမွာင္ၾကဳတ္ၿပီး ေမးတယ္, "ေဟ့, ငါ မင္းကို ေျပာေနတာေလ, မင္း ဘာလို႔ လာတာလဲ?"
မစၥယုက ငါ့ကို ၾကင္နာစြာေမးတယ္, "ရိ႐ွင္, နင္ တစ္ခုခုလိုအပ္လို႔ ငါ့ဆီ လာတာလား?"
"အိုး, သူက ေက်ာင္းလို႔ေခၚတဲ့ေနရာကို သြားၿပီး ေက်ာင္းဆရာလုပ္ခ်င္ေနတာ"
မစၥယုက သူ ဘာကိုဆိုလိုတယ္ဆိုတာကို ႐ုတ္တရက္သိသြားတယ္, "ဟုတ္တာေပါ့! အဲ့တာ ေကာင္းတယ္ေလ, ငါတို႔ သင့္ေတာ္တဲ့ ဂီတဆရာကို ႐ွာမေတြ႕ဘူး, အစက ရိ႐ွင္ကို အၾကံျပဳဖို႔ စိတ္ကူးထားေပမယ့္ သူ႕မွာ အလုပ္သုံးခု႐ွိတယ္လို႔ နင္ေျပာတယ္ေလ, သူ ဒီ့ထက္ပိုၿပီး မကိုင္တြယ္ႏိုင္ေတာ့မွာကို ငါ စိုးရိမ္ေနတာ"
ငါ ဒါကို ဟန္ေဆာင္တယ္လို႔ေျပာရင္ေတာ့ ျဖစ္ႏိုင္ပါတယ္။ ငါလိုခ်င္တဲ့လစာ, ငါ့ရဲ႕ဆိုဖာအစြပ္အသစ္နဲ႔ ငါ့ရဲ႕၈လသားေၾကာင္ေလးကိုရဖို႔အတြက္ တျခားသူေတြကို ငါ့ရဲ႕ကိုယ္ပိုင္အဆက္အသြယ္ေတြသုံးဖို႔ စိတ္မ႐ွိဘူးဆိုေပမယ့္ ေက်ာင္းကုန္းဇီက ငါလိုခ်င္တဲ့လစာ, ငါ့ရဲ႕ဆိုဖာအစြပ္အသစ္နဲ႔ ငါ့ရဲ႕၈လသားေၾကာင္ေလးကို ရေစဖို႔အတြက္ သူ႕ရဲ႕အဆက္အသြယ္ကို သုံးတဲ့အခါမွာေတာ့ ငါ နည္းနည္းေတာ့ စိတ္႐ွိမိတယ္။
အဲ့အျပင္ ငါက မစၥယုဆီကေန သူမရဲ႕အခ်စ္ကို လုယက္ခဲ့တယ္ေလ။
ဒါေပမယ့္ ငါက သေဘာထားႀကီးတဲ့လူမဟုတ္သလို ျမင့္ျမတ္တဲ့လူလည္း မဟုတ္ဘူး။ ငါက သူတို႔ရဲ႕ ပန္းတိုင္ကို ေရာက္ဖို႔အတြက္ ဘာမဆိုလုပ္ရဲတဲ့လူေလ။
ဒါေၾကာင့္ ငါလည္း အျပဳံးတစ္ခုနဲ႔ ေျပာလိုက္တယ္, "ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
အျပန္လမ္းမွာ ေက်ာင္းကုန္းဇီက ေမးတယ္, "အခု ဘာျဖစ္ေနတာလဲ?"
ငါက ေပါ့ေပါ့ပါးပါးျပဳံးၿပီး ျပန္ေျဖလိုက္တယ္, "ဘာမွမျဖစ္ပါဘူး"
ေက်ာင္းကုန္းဇီက ေျပာတယ္, "ဘာမွမျဖစ္ဘူးဆိုရင္ ဆင္းေတာ့, ေသစမ္း, မင္း ဝလာျပန္ၿပီေရာ္, စားတယ္, စားတယ္, စားတယ္, မင္းေတြးေနတာ စားဖို႔ခ်ည္းပဲ, မင္းက ဝက္လား?"
ငါ သူ႕လည္ပင္းကို တင္းက်ပ္စြာ ဖက္ထားလိုက္တယ္။
"ေသလိုက္ပါေတာ့, ငါတို႔မွာ ကားတစ္စီး႐ွိေသးတယ္ေလ, ယူမလာခဲ့ရဘူး, မင္းက အခ်ီခံခ်င္ေနတာ, ေဟ့ေကာင္, မင္း ကေလးပဲ႐ွိေသးတယ္လို႔ ထင္ေနတာလား?"
ငါ ငါတို႔ေနာက္က ျဖည္းညႇင္းစြာေမာင္းလာတဲ့ကားကို ေမာ့ၾကည့္လိုက္ၿပီး ေျပာလိုက္တယ္, "ေဟာင္တာ့ကို ျပန္ဖို႔ ေျပာလိုက္ေလ, သူက မနက္ျဖန္ ကုမၸဏီကို သြားၿပီး အစည္းအေဝးလုပ္စရာ႐ွိေသးတယ္"
ေက်ာင္းကုန္းဇီက ငါ့ကို က်ိန္ဆဲတယ္, "မင္း တစ္ခုခုျဖစ္ေနတာလား? ငါတို႔အိမ္မေရာက္ခင္ သုံးမွတ္တိုင္ေလာက္က်န္ေသးတယ္, ေဟ့ေကာင္, မင္း ငါ့ကို တစ္လမ္းလုံး ေက်ာေပၚတင္ခိုင္းဖို႔ တကယ္ ရည္႐ြယ္ထားတာလား?"
"ေက်ာင္းေလာင္, ငါ မင္းကို ခ်စ္တယ္"
"ေသလိုက္ပါေတာ့, တင္းတင္းဆုပ္ကိုင္ထား, ျပဳတ္မက်ေစနဲ႔, မင္း ဒီည ျဖည့္စြက္စာ မစားခဲ့ဘူးလား?"
T/N - ခရီးသြားေနလို႔ update ေတာ္ေတာ္ေလးေနာက္က်သြားတာ စိတ္မ႐ွိပါနဲ႔လို႔, အိုင္လည္း ဒီေန႔မွ ျပန္ေရာက္တာနဲ႔ မနားဘဲ ခ်က္ခ်င္းတင္လိုက္တာ😁❤