My Lifeblood(complete)
By Mhaw_Eaint_Met
401K 27K 2.2K
"အချစ်ဆိုတဲ့အရာက မင်းနဲ့တွေ့မှငါ့နှလုံးသားတစ်ခုလုံးစုံလုံးကမ်းစေတာ ပေလွှာ" နိုင်းနတ်ဆေး+ခမ်းပေလွှာ More
My Lifeblood (Part 1)
My Lifeblood (Part 2)
My Lifeblood (Part 3)
My Lifeblood (Part 4)
My Lifeblood (Part 5)
My Lifeblood(Part 6)
My Lifeblood(Part 7)
My Lifeblood(Part 8)
My Lifeblood(Part 9)
My Lifeblood(Part 10)
My Lifeblood(Part 10 Zawgyi)
My Lifeblood(Part 11)
My Lifeblood(Part 12)
My Lifeblood(Part 13)
My Lifeblood(Part 14)
My Lifeblood(Part 15)
My Lifeblood(Part 16)
My Lifeblood(Part 17)
My Lifeblood(Part 18)
My Lifeblood(Part 20)
My Lifeblood(Final part)
My Lifeblood(Extra)
Book Accountment
Accountment
bl
My Lifeblood(Part 19)
10K 725 36
By Mhaw_Eaint_Met
(Unicode)
ကျွီ..........
ဖြည်းညင်းစွာဖွင့်လိုက်တဲ့ တံခါးလေးရဲ့အသံကတီးတိုးသာဆိုရတယ် အပြစ်ကင်းစင်စွာနဲ့ငြိမ်းချမ်းစွာအိပ်နေတဲ့ကောင်လေးကိုတော့နိုးသွားစေလေရဲ့။
ရင်းနှီးလှတဲ့ကိုယ်သင်းနံ့ယေးယေးလေးအပြင် တီးတိုးစွာထွက်ပေါ်လာတဲ့တံခါးဖွင့်သံလေးကြောင့်ပေလွှာအိပ်နေရာမှပင် နားစွင့်မိသည်။ဒါ့အပြင်သူအလွတ်ရနေတဲ့ကိုယ်သင်းနံ့လေးကြောင့် နိုင်းဖြစ်လေမလားတွေးတောမိလေရာ.........
"မောင်ကငါအသက်ရှင်နေတာတောင် သိပါ့မလား.....မရူးစမ်းပါနဲ့ခမ်းပေလွှာရယ်"ဟုသာ အတွေးတစ်ချို့တွေးထင်ရင်း ကိုယ့်စိတ်ကိုယ်​သာပြန်အပြစ်တင်ခဲ့မိ၏။
နောက်ပြီးပေလွှာ့စိတ်ထဲသာ အခန်းထဲဝင်လာသူကသူ့အနားပိုပြီးနီးကပ်လာတယ်ဟု ခံစားရသော်လည်း အခုချိန်ထိဘယ်သူဘယ်ဝါမှန်းရေရေရာရာမသိရသေး။ထို့နောက်ဝင်လာသူကအသံလဲမပြုသည်မို့ သူကိုယ်တိုင်ကဘဲ.........
"ဘယ်သူလဲ....ဖိုးသားလား".....ပထမဦးစွာမေးလိုက်ရသည်။
ကုတင်ပေါ်မှာတစောင်းလေးအိပ်နေရှာတဲ့ကောင်လေးက သူမှန်းမသိဘဲပြန်လည်မေးမြန်းနေသည်ကို နိုင်းအပြစ်ပင်ဆိုရလေမလား...အရင်ကဆိုသူ့ကိုယ်သင်းနံ့နဲ့သူ့ခြေလှမ်းတိုင်းကိုအလွတ်ရနေတက်တဲ့ကောင်လေးဆီက ကြားလိုက်ရတဲ့စကားက"ဘယ်သူလဲ"တဲ့လေ။
အခုအချိန်ထိသူပြန်ဖြေမဲ့စကားလေးကို နားစွင့်နားထောင်ဆဲပေလွှာ့အနားသို့ နိုင်းပိုပြီးနီးကပ်စွာသွားကာ ပတ်တီးအုပ်ထားတဲ့ပါးပြင်လေးတစ်ဖက်အားနိုင်းခပ်ဖွဖွထိတွေ့ရင်း မျက်ရည်များလည်းကျလို့သာ......။နာနေလို့ထင်ပါရဲ့....နိုင်းခပ်ဖွဖွလေးထိမိတာတောင်ပေလွှာ့ကိုယ်လေးတွန့်ကာ မျက်ရည်လေးများဝဲတက်လာပုံက နိုင်းရင်ကိုနာရသည်ထက်ပိုသည်။
နိုင်း သူထိတွေ့ထားတဲ့ပေလွှာ့ပါးပြင်လေးပေါ်ကသူ့လက်ကိုပြန်ရုတ်သိမ်းလျက် ပေလွှာ့လက်ခပ်နွေးနွေးလေးအားကိုင်လျက်...........
"မောင်ပါ...ပေလွှာ"
ပြတ်သားစွာထွက်ပေါ်လာတဲ့နိုင်းအသံကြောင့် ပေလွှာအံသြရသည်ထက်ပိုသည်။တစ်နည်း ပိုပြီးကြောက်မိတာအမှန်ပါ။ထို့ကြောင့်နိုင်းမှန်းသိသည်နှင့် နိုင်းဆုပ်ကိုင်လိုက်တဲ့သူ့လက်ကိုအတင်းရုန်းကန်ပြီး..........
"ငါ့လက်ကိုလွှတ် ငါမောင်နဲ့မတွေ့ချင်ဘူး"
ရုန်းနေတဲ့ပေလွှာ့လက်တွေကို နိုင်းအလွတ်မပေး။တင်းကြပ်စွာဆုပ်ကိုင်ရင်းဘဲပြန်လည်မေးခွန်းထုတ်မိသည်က.......
"ဘာလို့လဲ မောင့်ကိုအဲ့လောက်တောင်မုန်းနေတာလား"
"မသိဘူးငါ့လက်ကိုဘဲလွှတ်ပါ....ဖြစ်နိုင်ရင်မောင်ငါ့အနားကကိုထွက်သွား"
ရင့်သီးစွာဘဲစကားတွေဆိုနေတဲ့ပေလွှာ့မျက်ခမ်းတစ်ဝိုက်မှာ မျက်ရည်များဖြင့်နေရာယူနေသည်။သူပိုရုန်းလေလေ နိုင်းသူ့လက်တွေကိုပိုတင်းကြပ်စွာကိုင်ထားလေလေနဲ့ ဤပုံနဲ့ဆိုသူနိုင်းလက်ကလွတ်မည်မထင်။ဒါတောင် အလျော့ပေးဖို့စိတ်ကူးမရှိတဲ့ကောင်လေးက......
"မဟုတ်ဘူး....ဒီတစ်ခါတော့ ငါမောင့်လက်ကလွတ်အောင်ရုန်းမှာ"
ဒဏ်ရာတွေနဲ့ကောင်လေးက သူ့ဒဏ်ရာတွေကိုမေ့လျော့သွားပုံပေါ်တယ်။နိုင်းရဲ့လက်တွေထဲကအတင်းရုန်းကန်နေတဲ့ကောင်လေးကို ထပ်ပြီးမပင်ပန်းစေလိုတာ​ကြောင့် သူဘဲလွှတ်ပေးလိုက်၏။
နှစ်ယောက်လုံးငြိမ်သွားသည့်တိုင် နှစ်ယောက်လုံးရဲ့မျက်နှာပေါ်ကမျက်ရည်တွေကတော့ခြောက်သွေ့ခြင်းမရှိ။တားဆီးမရအောင်ကျလို့နေတုန်း......။
ရုတ်တရက် တုန်ယင်နေတဲ့အသံဖြင့်နိုင်းထံမှ...........
"မောင့်အနားမှာနေရမှာကို မင်းအဲလောက်ထိမုန်းလားပေလွှာ"
ဤအခြေအနေနဲ့နိုင်းကိုပြန်တွေ့ခွင့်ရဖို့ ပေလွှာဘယ်တုန်းကမှမမျှော်လင့်ခဲ့ပါ။ထိုသူရဲ့အနားမှာ ပေလွှာရှိနေချင်ပေမဲ့ဤပုံနဲ့တော့မဟုတ်ချေ။မောင့်အနားမှာ ဒီပုံမျိုးနဲ့ငါသိမ်ငယ်မနေချင်ဘူးမောင်......
"မုန်းတယ်.....မောင့်အနားမှာနေရမှာကို အရမ်းကိုမုန်းလို့ငါ့အနားကထွက်သွားပါတော့"
အားတင်းပြောနေရတဲ့ပေလွှာ့စကားတွေမှာ အံကြိတ်သံကြီးများလည်းကြီးစိုးနေသည်။နိုင်းသာထွက်သွားမယ်ဆိုလျှင် ထိုစကားတွေကအမုန်းစကားတွေအဖြစ်ပြောင်းလဲသွားမည်ဆိုရင်တောင်အပြောင်းအလဲခံလိုက်မှာ။မုန်းလို့တော့မဟုတ်ဘူးမောင်......။
လိမ်နေမှန်းသိသာလှတဲ့ပေလွှာ့စကားတွေက နိုင်းကိုမလှည့်စားနိုင်။အထူးသဖြင့်လိမ်ပြောတဲ့စကားတွေကပေလွှာမပီပြင်ဘဲ ပြောနေတဲ့စကားတွေမို့နိုင်းစိတ်တိုရသည့်အဆုံး.......
ဒုန်း........ခွမ်း...........
အနားမှာရှိတဲ့အရွက်ကလေးများစိမ်းစိုကာ ပွင့်တော့မဲ့အဖူးအငုံလေးတွေဝေဆာနေတဲ့ပန်းအိုးလေးကိုသာ အားဖြင့်ကန်ချလိုက်လျှင်........
"မောင်ဘာတွေလျှောက်လုပ်နေတာလဲ"
ခွမ်းခနဲထွက်ပေါ်လာတဲ့ပန်းအိုးကွဲသံကြောင့် ပေလွှာအလန့်တကြားနဲ့သာထထိုင်မိ၏။သူမမြင်ရလို့ဘာတွေဖြစ်ကုန်ပြီလဲပေလွှာသေချာမသိသော်ငြား နိုင်းဒေါသကိုတော့ကောင်းကောင်းသိလေသည်။အခုအခြေအနေနဲ့ဆို တစ်စုံတစ်ရာတော့ပျက်စီးသွားသည်ကိုပေလွှာတက်အပ်​သိနိုင်သည်။
စိမ်းစိုနေတဲ့သစ်ပင်ပန်းအိုးလေးက လှပနေခဲ့ရာနိုင်းဒေါသကြား ဓားစာခံဖြစ်၍ကွဲကြေခဲ့ရပြန်သည်။အစိတ်အမွမွကွဲကြေနေတဲ့ပန်းအိုးကွဲစများကတော့ နိုင်းခြေရင်းမှာပြန့်ကျဲလျက်......။ပြီးလျှင် ဒေါသရဲ့အကျိုးဆက်ကြောင့်နိုင်းခြေထောက်မှာလဲနီရဲနေတဲ့သွေးများနေရာယူထားလျက်ပင်။ဒါတောင်ခြေထောက်ကသွေးများကိုနိုင်းအရေးမလုပ်သေးဘဲ.........
"မင်းလိမ်နေသရွေ့မောင်ထင်တာတွေလျှောက်လုပ်နေမှာပေလွှာ....။မောင့်ဒေါသကိုမင်းကောင်းကောင်းသိပါတယ်"
"မောင်ရူးနေလား....ငါ့အတွက်နဲ့ဒီလိုတွေလျှောက်လုပ်ဖို့မတန်ဘူးဆိုတာ မောင်နားမလည်ဘူးလား.....ဟမ်"
"တန်တယ်....မင်းမောင့်အနားရှိဖို့ဆိုရင် ဒီ့ထက်ပိုတဲ့အရာတွေတောင်မောင်လုပ်ဖို့ဝန်မလေးဘူး။ပြီးတော့ မင်းကိုဒီလိုဖြစ်အောင်လုပ်တဲ့လူတွေကိုလည်း တစ်ယောက်မှမောင်အလွတ်မပေးဘူး"
​တားဆီးလေလေ ပိုပြီးဒေါသထွက်လေဖြစ်နေတဲ့နိုင်းကိုပေလွှာဘယ်လိုတားဆီးရမလဲတောင်မသိတော့ပါ။ကြံရာမရတဲ့အဆုံး လက်အုပ်လေးသာချီထားလျက်တုန်ယင်လို့နေသည်။
သူ့ရှေ့မှာလက်အုပ်လေးချီကာ ငိုနေတဲ့ပေလွှာ့လုပ်ရပ်ကြောင့်နိုင်းကြောင်အမ်းသွား၏။ပေလွှာ့လုပ်ရပ်ကသူတို့နှစ်ယောက်အခြေကို အခန်းတံခါးအနားမှစောင့်ဆိုင်းကြည့်နေတဲ့စိုင်းလူကိုပါမှင်သက်သွားစေသည်။
"တောင်းပန်ပါတယ်....မောင့်အနားမှာနေဖို့ကိုရှက်လွန်းလို့ ငါ့ကိုစွန့်ခွာသွားပေးပါတော့"
ပြောရင်းနဲ့လက်အုပ်ချီထားတဲ့ပေလွှာ့လက်တွေက ပါးပြင်ပေါ်ကပတ်တီးပေါ်သို့သာရောက်သွားသည်။ပတ်တီးအောက်ကဒဏ်ရာကို ပေလွှာထိတွေ့လို့မရပေမဲ့ခံစားလို့တော့ရသည်။နက်နဲတော့ဓားဒဏ်ရာက တစ်စုံတစ်ရာတော့ပေးခဲ့မှာမို့နဂိုအတိုင်းရှိဖို့မဖြစ်နိုင်သည်ကိုတွေးမိတိုင်း ကြောက်စိတ်တို့ကြီးစိုးရသည်မှာအခါခါပင်။
"အရာရာချို့ယွင်းချက်တွေနဲ့ပြည့်နေတဲ့ငါက မောင့်အတွက်အလုပ်တွေဘဲပိုစေမှာ....ဟင့်....လူကြားထဲထွက်မယ်ဆိုရင်တောင်မတင့်တယ်တဲ့ငါ့အနားက....အင့်....ဟင့် ထွက်သွားပါတော့"
နိုင်း ဒဏ်ရာပေါ်ကပေလွှာ့လက်ကလေးတွေကိုငြင်သာစွာကိုင်လိုက်ပြီး ကုတင်ဘေးမှာဒူးထောက်လျက်ထိုင်လိုက်သည်။ငိုနေမြဲငိုနေသေးတဲ့ပေလွှာ့ပါးပြင်က မျက်ရည်များကိုသာသုတ်၍နူးညံ့နေတဲ့ထိုပါးပြင်လေးကို သူ့လက်များဖြင့်ပွတ်သပ်ရင်း.......
"မောင့်မှာလည်းအားနည်းချက်တစ်ခုရှိတယ်ပေလွှာ"
"......."
"အဲ့ဒါမင်းဘဲ....မင်းသာမောင့်အနားမှာရှိရင်မောင်ရှင်လျက်နဲ့သေနေမှာ။မောင်မင်းကိုချစ်တာက မင်းရဲ့ရုပ်ကြောင့်လည်းမဟုတ်ဘူး...အကြောင်းပြချက်လည်းမရှိဘူးပေလွှာ။ဟင်း....မင်းကမောင့်အတွက်သွေးကြောလေးတစ်ခုကိုဘဲ မင်းမရှိရင်မဖြစ်နိုင်တဲ့အသက်သွေးကြောလေး"
"ဒါပေမဲ့"
"ရှူး....."
ပေလွှာ့ဆီကဘာစကားမှ ထပ်ထွက်မလာခင် နိုင်းဦးစွာဘဲနီရဲနေတဲ့နှုတ်ခမ်းသားလေးတွေအနားလက်ကလေးဖြင့်တားဆီးလေသည်။မျက်ခုံးလေးတွန့်ယုံကလွဲလို့ ဘာမှထပ်မပြောတော့တဲ့ပေလွှာလဲ သူ့တားဆီးမှုမှာငြိမ်ကျသွားခဲ့ပြီ။
"မင်းမျက်လုံးမမြင်လဲမောင့်အတွက်အရေးမကြီးဘူး၊မင်းမျက်နှာဘာဘဲဖြစ်သွားပါစေ မောင့်ဂရုမစိုက်ဘူးပေလွှာ။မင်းဘယ်လိုပုံဘဲဖြစ်ဖြစ် မင်းကိုမောင့်အနားမှာဘဲအမြဲရှိနေစေချင်တယ်၊မင်းရဲ့အပြုံးလေးတွေကိုမောင်အမြဲချင်တယ်၊မင်းကိုပျော်အောင်ထားချင်တယ်၊မင်းရဲ့ဖြစ်တည်မှုတိုင်းကိုမောင်ချစ်တယ်..မောင့်အနားမှာမင်းရှိမှဖြစ်မှာမိုလို့ မောင့်အနားမှာဘဲနေပါ၊မောင့်ကိုဘဲချစ်ပေးပါ၊မောင့်ကိုဘဲမှီခိုပါ၊မင်းရဲ့အားနည်းချက်တိုင်းက မင်းကိုပျော်ရွှင်စေတဲ့အရာတွေဖြစ်စေရမယ်လို့မောင်ကတိပေးတယ်"
"အရူး မောင်အရူးဘဲ"
"ဟုတ်တယ်မောင်ကအရူး...မင်းကိုမှဘာလို့ဒီလောက်အထိချစ်မိနေမှန်းမသိတဲ့အရူး၊မင်းတစ်ယောက်ထဲကိုဘဲချစ်သွားမဲ့အရူး....မင်းမှမင်းဖြစ်နေတဲ့အရူးကြီးမောင့်ကိုထားမသွားပါနဲ့"
ပေလွှာ သူ့နှုတ်ခမ်းပေါ်ကနိုင်းလက်ကိုဖယ်ချလိုက်သည်။ထို့အပြင် သူ့ပါးပြင်နဲ့မျက်ခမ်းတစ်ဝိုက်ကမျက်ရည်များကိုပါပေလွှာလက်ဖမိုးလေးဖြင့် ခပ်ကြမ်းကြမ်းသုတ်လိုက်ကာ.........
"မောင်ငါ့ကိုသနားလို့ ဒီလိုတွေပြောနေတာမဟုတ်လား"
ငိုနေတဲ့ကောင်လေးက မျက်ရည်များသုတ်ပြီး​ခပ်ဆူဆူလေးပြောလာတဲ့ စကားကြောင့်နိုင်းညစ်ပြုံးပြုံးမိ၏။ပြီးမှသူ့ရှေ့ကကောင်လေးရဲ့ လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်၍ ဆောင့်ဆွဲလိုက်ရာ.........
"အင့်......."
ရင်ခွင်ထဲသို့တိုက်ရိုက်ကျရောက်လာတဲ့ကောင်လေးရဲ့ ကိုယ်လေးကိုနိုင်းပွေ့ဖက်ထားလျက်ပင်။ပြီးမှ ကောင်လေးရဲ့နီရဲနေတဲ့နားလေးအနားကပ်သွား၍.........
"မောင်ကဘယ်သူ့မှသနားတက်တဲ့လူစားမျိုးမဟုတ်ဘူးပေလွှာ.....မောင့်စိတ်ထဲကမပါရင်လေတောင်မချွန်ဘူး၊ဒီစကားတွေကလဲမောင့်ရင်ထဲကစကားတွေ.....နောက်ပြီးစိတ်ချနေ မင်းကိုတစ်ချို့ကိစ္စတွေဆိုလုံးဝမသနားဘူး တစက်မှလဲညှာတာမှာမဟုတ်ဘူး မောင့်စိတ်ကြိုက်လုပ်မှာ...မောင်သနားတက်လားမသနားတက်လားသိချင်ရင်အမြန်ဆုံးနေကောင်းအောင်ဘဲကြိုးစား"
ဆေးရုံပေါ်ရောက်နေတဲ့သူတစ်ယောက်ကို ပြောနေတဲ့နိုင်းစကားတွေကြောင့် ပေလွှာခပ်လန့်လန့်ပင်။ခြိမ်းခြောက်နေသည်လား ဂရုစိုက်နေသည်လားမသဲကွဲတဲ့စကားတွေကြောင့် နေကောင်းချင်စိတ်တောင်ပျောက်သည်က ပေလွှာ့တသက်ဒီတစ်ခါဘဲရှိဦးမည်။ထို့ကြောင့်ငြိမ်သာငြိမ်နေယုံကလွဲလို့ ဘာမှပင်ပြန်မပြောမိခဲ့။
"မောင့်ကိုထားသွားဦးမှာလား"
"အင်း.....စောစောကတော့အဲ့စိတ်တွေပျောက်သွားပေမဲ့ အခုတော့မောင့်ကိုလန့်လို့ပြေးချင်စိတ်တွေပေါက်နေသလိုဘဲ"
ပြေးချင်တယ်သာပြောနေတယ် ရင်ခွင်ထဲကကောင်လေးကခေါင်းလေးပင်တစ်ချက်မခွာ။သူ့ရင်ခွင်ကျယ်ကျယ်မှာခေါင်းလေးထပ်လျက် သူ့အားပြန်လည်ဖက်တွယ်ထားသည်မို့......
"မောင့်ကိုလန့်လို့ပြေးချင်တယ်လဲပြောသေးတယ်....မောင့်ရင်ခွင်ထဲကကောထွက်ဖို့အစီအစဥ်ရှိသေးလားပေလွှာ"
"ထွက်မှာ.....ဖယ် ဖယ်ပေး"
ပေလွှာရှက်ရှက်ဖြင့် နိုင်ကိုတွန်း၍သာရင်ခွင်ထဲကထွက်ဖို့လုပ်ပြန်သည်။ဒီလိုဆိုတော့လည်း နိုင်းသူ့ရင်ခွင်ထဲကအထွက်ခံ။ပေလွှာတွန်းနေသော်လည်း သူကအလွတ်မပေးဘဲဖက်ထားသေးသည်။
စိုင်းလူ နိုင်းတို့အဆင်ပြေပုံပေါ်မှသာ အခန်းထဲသို့ဝင်လာခဲ့သည်။ပေလွှာ့ကိုဖက်ထားလျက် သူ့အားလက်မထောင်ပြနေတဲ့နိုင်းကြောင့် သူလည်းကျေနပ်ရပါသည်။သို့ပေမဲ့ အမည်မခံသိတဲ့ခံစားချက်ကြောင့်ရင်ထဲတော့ အောင့်သက်သက်နဲ့ပင်။ဒီလိုမြင်ကွင်းမျိုး သူချစ်ရတဲ့သူမလေးသာရှိခဲ့ရင်လည်း သူ့လိုဘဲကျေနပ်စွာကြည့်နေမှာ.....။
"မောင် အခန်းထဲလူဝင်လာသလိုဘဲ....ဖိုးသားတို့လား"
အခန်းထဲသို့ဝင်လာနေတဲ့ခြေသံကြောင့် ပေလွှာမေးမိခြင်းဖြစ်သည်။
စိုင်းလူ ပေလွှာတို့ကုတင်နားအရောက်မှာဘဲ ခြေလှမ်းများရပ်သွားပြီး.......
"ကျွန်တော်ပါပေလွှာ....စိုင်းလူပါ"
"စိုင်း....စိုင်းလူ"
စိုင်းလူမှန်းသိသည်နှင့် ပေလွှာ့အသံတွေမူမမှန်တော့ချေ။တုန်ယင်စွာနဲ့ထစ်ထစ်ငေါ့ငေါ့ဖြစ်နေပုံက သူ့ကိုကြောက်နေသလိုဖြစ်နေတာကြောင့်.........
"ကျွန်တော်......"
"မကြောက်ပါနဲ့ပေလွှာ.....အကိုစိုင်းကပေလွှာ့ကိုဘာမှမလုပ်ပါဘူး"
ရုတ်တရက်အခန်းထဲဝင်လာပြီး အဂ္ဂစကားဖြတ်ပြောလိုက်တာကြောင့် စိုင်းလူစကားပင်မပြောဖြစ်တော့ပေ။ပြန်လည်ပြီးဘဲနှုတ်ဆိတ်သွား၏။
အဂ္ဂပါစိုင်းလူကိုသိနေသဖြင့် ပေလွှာဘာမှနားမလည်ပါ။နိုင်းကိုတွန်း၍သာအနည်းငယ်ခွာလိုက်ပြီး သူ့အာရုံတွေလဲအဂ္ဂနဲ့စိုင်းလူတို့ဆီမှာဘဲရောက်နေခဲ့သည်။
"အဂ္ဂပါစိုင်းလူကိုသိနေတာလား"
"သိတာမှအရမ်းကိုသိတာဗျ.....အကိုစိုင်းနဲ့ကျွန်တော်ကညီအစ်ကိုအရင်းတွေဘဲလေ၊အကိုစိုင်းတင်မဟုတ်ဘူးနော် အကိုနိုင်းကိုပါသိတာ....ဘာလို့လဲဆိုတော့ ကျွန်တော်တို့ညီအစ်ကိုနဲ့အကိုနိုင်းကညီအစ်ကိုဝမ်းကွဲတွေမိုလို့ဘဲ"
သူရှင်းပြမှ ပေလွှာပိုပြီးရှုပ်သွားသည်ဘဲဆိုရမလား။ခေါင်းလေးတရမ်းရမ်းနဲ့ မျက်ခုံးလေးများတွန့်ကာ စဥ်းစား၍အဖြေမထွက်ဖြစ်နေသည်။
"ငါတော့ဘာမှနားမလည်တော့ဘူး"
"အကိုတင်မဟုတ်ဘူး ကျွန်တော်လည်းဘာမှနားမလည်ဘူး၊ဒါဆိုအကိုအဂ္ဂက အကိုပေလွှာ့ကိုအရင်ကထဲကသိနေတာလား...သိနေရဲ့သားနဲ့ဘာလို့မပြောတာလဲ.....ဟာဗျာ ဘာတွေမှန်းကိုမသိဘူး"
နိုင်းတို့ညီအစ်ကိုတစ်တွေကလွဲရင် ဖိုးသားလည်းပေလွှာ့နည်းတူဘာမှနားမလည်နိုင်။ခေါင်းလေးကုတ်ပြီးဘဲ ညီးတွားနေရပြန်သည်။နိုင်းနဲ့ဖိုးသားတို့ကိုကြည့်ပြီး ရယ်နေနိုင်တဲ့ညီအစ်ကိုသုံးယောက်အနက် အဂ္ဂကတော့ခေါင်းလေးကုတ်ကာစဥ်းစားနေတဲ့ဖိုးသားပခုံးကိုရုတ်တရက်ဖက်လိုက်ပြီး.........
"မင်းနားမလည်ရင်အကိုပြောပြမှာပေါ့....အကို့ကိုရဲရဲကြီးသာအားကိုးလိုက်"
"ဟီးဟီး......"
သူ့အားလာဖက်ထားတဲ့အဂ္ဂကို ဖိုးသားစပ်ဖြဲဖြဲပြုံးပြနေရင်း သူ့​ခြေထောက်နဲ့မလှမ်းမကမ်းက အဂ္ဂခြေထောက်သားအသားကုန်နင်းချလိုက်စဥ်..............
"အား..........."
အဂ္ဂမျက်လုံးအပြူးသားဖြစ်ကာ အသံကုန်ဟစ်၍သာအော်တော့၏။
"မှတ်ပလား.....ခင်ဗျားကြီးကိုတော့ရဲရဲကြီးလည်းအားမကိုးဘူး၊ဝါဝါကြီးလည်းအားမကိုးဘူး၊ပြာပြာကြီးလည်းအားမကိုးဘူးနားလည်လား"
"အား...မင်း.....မင်းအနာဂါတ်ခင်ပွန်းလောင်းကိုဒီလိုဘဲဆက်ဆံရလား"
"ဘာ"
ဖိုးသားဒေါသတစ်ကြီးသူ့ဆီဦးတည်လာနေပြန်တော့လည်း အဂ္ဂအနောက်သို့ထော့နဲ့ထော့နဲ့ဖြင့်ဆုတ်သွားရရှာသည်။ပါးစပ်ကလည်း.......
"စတာ......စတာ....."
"ခင်ဗျားကြီးနော်..."
"စတာပါကွာ ဒေါသကလည်းကြီးလိုက်တာ ပေလွှာနဲ့တော့အကွာကြီးဘဲ"
နိုင်း သူ့ဘေးကကောင်လေးကိုကြည့်ရင်းခေါင်းသာရမ်းမိ၏။ဒီကောင်လေးလားဒေါသမကြီးဘူးဆိုတာ...တွေ့စကရိုက်ခံလိုက်ရတဲ့ပါးတစ်ဖက်အကြောင်းပြန်တွေးမိရင် အခုပင်ထကြိမ်းလိုသလိုလိုနဲမို့.......
"မထင်ပါနဲ့ အကိုလည်းစတွေ့တဲ့ညကရိုက်ခံလိုက်ရတာ ပါးကိုကြိမ်းပြီးပူထူသွားတာဘဲ၊အကို့ပါးကိုပထမဆုံးနဲ့နောက်ဆုံးရိုက်ဖူးတာပေလွှာဘဲ"
"အကိုစိတ်မတိုဘူးလား"
"အဟက် တိုတာပေါ့....အကိုလည်းဘယ်ရမလဲ စိတ်တိုတိုနဲ့အားရပါးရကိုဆွဲ.......အား....အား....."
နိုင်းစကားပင်ဆုံးအောင်ပြောခွင့်မရလိုက်ပါ၊ပေလွှာ့လက်ကသူ့ဗိုက်ပေါ်ရောက်လာပြီး လိမ်ထားတာကြောင့်ပြောလက်စနေရာမှာတင်ရပ်ကာထအော်မိသည်။
"အကိုလည်းစိတ်တိုတိုနဲ့ဘာဖြစ်လဲမောင်....ဆက်ပြောလေမောင်ရဲ့ ဆက်ပြောပါ"
နိုင်းနာကျင်နေသောကြောင့် ပေလွှာ့လက်ကိုဖယ်ချသော်လည်းမရချေ။လက်ကလေးသေးသလောက် အမိအရဆွဲလိမ်ထားနိုင်တဲ့ပေလွှာ့လက်ထဲနာကျင်မှုကရပ်တန့်မသွားပေ။
"အား......စိတ်တိုတိုနဲ့စားလိုက်တာ ပေလွှာခွေကျသွားတယ်လို့"
"ဘာပြောတယ်.......ဘာစားတာလဲ"
"မင်းချက်​ကျွေးတဲ့ကြက်ဂွေးပြောတာပါပေလွှာရယ်.....မောင့်ကိုလိမ်ဆွဲထားတာလွှတ်ပါတော့"'
"လွှတ်လိုက်ပါတော့ပေလွှာရယ် နိုင်းခြေထောက်မှာလဲသွေးတွေနဲ့"
ပေလွှာ အလန့်တစ်ကြားနဲ့ဘဲလက်ကိုလွှတ်လိုက်သည်။နိုင်းရဲ့ခြေထောက်ကိုငုံ့ကြည့်ရအောင်လည်း မြင်နိုင်တာမဟုတ်သဖြင့်ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိပါ။သူ​တက်နိုင်တာဆိုလို့........
"မောင်ဘာလုပ်နေတာလဲ ဆေးသွားထည့်လေ"....ဆေးထည့်ဖို့လောက်သာပြောနိုင်သည်။
"စိတ်မပူပါနဲ့ မောင်ဘာမှမဖြစ်ဘူး၊ဒီဒဏ်ရာလောက်တော့မောင်စာမဖွဲ့ပါဘူး...."
"မောင်ကဂျစ်ကန်ကန်နဲ့.....မောင်နဲ့ပတ်သက်ရင်ငါဘာမှနားမလည်နိုင်ဘူး၊အခုလည်းဘာတွေဖြစ်နေမှန်းငါနားမလည်တော့ဘူး"
"နောက်တော့မောင်အားလုံးရှင်းပြမယ်"
ပေလွှာခေါင်းငြိမ့်ယုံကလွဲလို့ဘာမှမတက်နိုင်ပါ။တစ်နေ့နိုင်းရှင်းပြမဲ့အကြောင်းတွေကို ထိုင်ပြီးစောင့်နေယုံသာရှိတော့သည။
~~~~~~~~~~~~~
~~~~~~~~~~~~~
စိုင်းလူဆေးရုံကအပြန် နိုင်းနဲ့လမ်းခွဲပြီးဘဲ နှိုင်းဧကရီတို့မောင်နှမရှိရာအိမ်သို့ပြန်လာခဲ့သည်။
ကျွီ.......ဘမ်း.........
ကားထဲကဆင်းဆင်းခြင်း စိုင်းလူအိမ်ထဲသို့ချက်ချင်းမဝင်နိုင်သေးဘဲသက်ပြင်းသာချမိသည်။
"ဟူး......."
နောက်မှလေးလံနေတဲ့ခြေလှမ်းများဖြင့် အိမ်ထဲသို့ညိုးငယ်စွာဝင်လာခဲ့သည်။ဧည့်ခန်းမှာထိုင်နေလေတဲ့ နှိုင်းဧကရီတို့မောင်နှမကတော့ ညိုးငယ်နေတဲ့သူ့ပုံစံ​ကိုစူးစမ်းနေသည့်ဟန်၊သူ့အားဝင်လာကထဲက သေချာစိုက်ကြည့်နေကြသည်။
စိုင်းလူ သူတို့အနားရောက်ရောက်ခြင်း........
"ပေလွှာမသေသေးဘူးဆရာ"
ဘုန်း........
"ဘာ!!...."
ပေလွှာ့အကြောင်းကြားလိုက်တာနဲ့ နဂိုကြည်လင်နေတဲ့နှိုင်းဧကရီမျက်နှာက သိသိသာသာပြောင်းလဲသွားပြီး ဒေါသဖြင့်ပင်သူမထိုင်နေတဲ့ဆိုဖာအားရိုက်လျက် ထိုင်နေရာမှပင်ရုတ်တရက်ထရပ်လိုက်၏။သူမနည်းတူ ဒေါသထွက်နေတဲ့သတိုးခေါင်ကတော့.......
"တောက်....."
ဒေါသများအား တောက်ခေါက်သံတစ်ချက်အဖြစ်သာပြောင်းလဲလိုက်ပုံရပြီး.....ဘာမှမပြောလေဘဲ ငြိမ်သက်စွာပင်......။
သတိုးခေါင်လိုတည်ငြိမ်မနေနိုင်ဘဲ အပူမီးတောက်နေရတဲ့နှိုင်းဧကရီကတော့ စိုင်းလူရှေ့မှာလက်သီးအစုံဆုပ်ကာရပ်လျက်..........
"နင်သူ့ကိုအသေသတ်လိုက်တယ်မဟုတ်ဘူးလား"
"ကျွန်တော်သတ်တုန်းကတော့အသေပါဘဲ....ဘယ်လိုဖြစ်လို့သူအသက်ရှင်နေသေးတာလဲဆိုတာတော့မပြောတက်ဘူး"
"တောက်"
နှိုင်းဧကရီဒေါသထွက်ထွက်ဖြင့် စိုင်းလူပါးကိုအားကုန်လွှဲ၍ရိုက်ချလိုက်၏။
ဖြန်း.......
နီမြန်းသွားတဲ့ပါးပြင်ကို စိုင်းလူထိကြည့်ခြင်းအလျဥ်းမရှိခဲ့။တည်ငြိမ်မှုအပြည့်နဲ့ဘဲ ခွန်းတုန့်ပြန်ခြင်းမရှိရပ်မြဲရပ်နေခဲ့သည်။
"တောက်.....အသုံးမကျတဲ့အကောင် အသက်ရှင်နေပါတယ်ဆိုမှတော့ နင်သေအောင်မသတ်မိလို့ပေါ့ဟဲ့၊ဒါနဲ့ နင်သူ့ကိုဘယ်မှာတွေ့ခဲ့တာလဲ"
"ဆေးရုံမှာတွေ့ခဲ့တာပါ.....ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကိုသတင်းသွားမေးရင်းနဲ့မထင်မှတ်ဘဲတွေ့ခဲ့တာ။ပုံစံကတော့ သူ့ကိုတစ်ယောက်ယောက်ကပြန်ကယ်ထားပုံပါဘဲ"
"ဟင်း....သေစေချင်တဲ့လူကမသေဘဲ ဘာမဟုတ်တဲ့လူကျထသေရတယ်လို့"
ခေါင်းငိုက်စိုက်ကျနေတဲ့စိုင်းလူ သူမစကားကြောင့်ချက်ချင်းမော့ကြည့်လေသည်။ပြီးမှ.......
"ဘယ်သူလဲမမလေး"
"မှီလေ....ဟွန့် သူ့လိုမျိုးဟိုအကောင်ကပွဲချင်းပြီးသေသွားရမှာ။အခုတော့နှောက်ယှက်မဲ့လူမရှိတော့လို့ ပျော်ရမလားမှတ်တယ် တကယ့်ကိုဒုက္ခပေးမဲ့အကောင်ကအသက်ရှင်နေသေးတာဘဲ"
သူမစကားတွေကို စိုင်းလူခေါင်းတငြိမ့်ငြိမ့်နဲသာထောက်ခံနေသယောင်ရှိပေမဲ့ သူ့ရဲ့တင်းနေအောင်ဆုပ်ထားမိတဲ့ လက်သီးများကတော့သူ့ရှေ့မှာရှိနေတဲ့ သူမအပေါ်မကျရောက်အောင်မနည်းထိန်းချုပ်ထားရသည်။
သတိုးခေါင် စိုင်းလူတို့စကားတွေကြားဘာမှဝင်ပြောခြင်းမရှိခဲ့ပါ။သူတို့​အပြန်အလှန်ပြောနေကြတဲ့ စကားတွေကိုသာအာရုံစိုက်နားထောင်နေရင်း တစ်စုံတစ်ရာအားစဥ်းစားမိ၍........
"နေဦး....ပေလွှာ့ကိစ္စကိုသိတာဆိုလို့ ငါတို့သုံးယောက်ရယ် ဦးသော်ကရယ်ဘဲရှိတယ်။မှီကလည်းသေပြီ...နိုင်းနတ်ဆေးကလည်းမှီ့နာရေးနေ့ကပြန်လာတာဆိုတော့ ပေလွှာ့ကိုကယ်တာဘယ်သူဖြစ်မလဲ"
နှိုင်းဧကရီနဲ့ သတိုးခေါင်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍စဥ်းစားနေကြသော်လည်း အဖြေမပေါ်ချေ။မည်သူမည်ဝါမှန်း စဥ်းစားလို့မရသည်မို့နှစ်ယောက်လုံးလည်းမျက်မှောင်ကျုံ့လျက်ပင်။
သတိုးခေါင်စဥ်းစားလို့မရသည့်အဆုံး........
"စိုင်းလူမင်းကောဘယ်လိုထင်လဲ"
"ကျွန်တော်ကတော့ဦးသော်ကကိုသိပ်မသင်္ကာဘူးဆရာ"
"မင်းပြောတာမှန်တယ် ဦးသော်ကကလည်းယုံရတဲ့လူမဟုတ်ဘူး၊အခုတောင်သူ့မြေးသေပြီးကထဲက တရားဘဲပေါက်သွားသလိုလိုဘာလိုလိုနဲ့ ဘယ်အချိန်ထဖောက်ပြီးငါတို့ကိစ္စတွေရဲစခန်းသွားဖော်မလည်းလန့်နေရတာ"
"ဟုတ်တယ်ကိုကြီး နှိုင်းလည်းသူ့ကိုမယုံဘူး၊အဲ့အဖိုးကြီးသာ မှီတို့လုပ်ငန်းကိစ္စတွေနဲ့ ပေလွှာ့အကြောင်းဖော်ကောင်လုပ်လိုက်ရင် မှီတို့ထောင်နန်းစံနေရမှာ"
စိုးရိမ်ပူပန်စွာပြောနေတဲ့နှိုင်းဧကရီအား သတိုးခေါင်ခပ်ပြုံးပြုံနဲ့သာကြည့်လေသည်။တစ်ခဏအကြာမှ ခုံပေါ်ကသေနတ်ကိုဆွဲကိုင်ပြီး ထိုင်နေရာမှထလိုပ်က်ကာ........
"ဒါညီမလေးစိတ်ပူရမဲ့ကိစ္စမဟုတ်ဘူး"
အကိုဖြစ်သူစကားကို နှိုင်းဧကရီလုံးဝနားမလည်ပါ။သူမတို့လုပ်နေတဲ့မူးယစ်ဆေးကိစ္စတွေနဲ့ ပေလွှာ့အကြောင်းတွေသာပေါ်ခဲ့လျှင် ထောင်နန်းစံရမည့်အရေးကို စိတ်ပူစရာမလိုဘူးဆိုတော့.......
"စိတ်ပူရတာပေါ့ကိုကြီးရယ် ဒီလူကြီးအရူးထတာနဲ့ဘဲနှိုင်းတို့ထောင်ကျမခံနိုင်ဘူး"
သတိုးခေါင်လည်းထိုသို့အဖြစ်မခံပါ။ကိုယ့်ကိုယ်ကိုယ်ထက်ပိုချစ်ရတဲ့ညီမလေးမို့ သူမလေးဘေးကင်းဖို့အတွက်ဆိုဘာမဆိုလုပ်မှာ....။
သူနဲ့မလှမ်းမကမ်းမှာရှိနေတဲ့သူမဆီ သတိုးခေါင်လျှောက်လှမ်းသွားပြီး စိုးရိမ်ပူပန်မှုပြည့်နှက်နေတဲ့သူမမျက်နှာလေးကို ညင်သာစွာကိုင်ထားလျက်.......
"ကိုကြီးလည်းညီမလေးကို အဲ့လိုအဖြစ်မျိုးအဖြစ်မခံပါဘူး၊ဦးသော်ကကိုကိုကြီး ဒီညဘဲအပြတ်ရှင်းမှာ....ဦးသော်ကကိုရှင်းပြီးတာနဲ့ပေလွှာ့ကိုပါညီမလေးရှေ့အရောက်ခေါ်ခဲ့မယ်....ဒီတစ်ခါညီမလေးကိုယ်တိုင်သတ်"
ကျေနပ်စွာဖြင့်ညစ်ပြုံးပြုံးနေတဲ့နှိုင်းဧကရီမျက်နှာက စောစောကပုံနဲ့တော့အကွာကြီးကွာသည်။အမြဲသူမအတွက်ဦးစားပေးတက်တဲ့သတိုးခေါင်ကို နှိုင်းဧကရီစိတ်ပျက်ရသည်လည်းမရှိခဲသလို သူမအလိုကျဖြစ်စေခဲ့တဲ့အကိုဖြစ်သူအား ဝမ်းသာစွာဖြင့်ပင်ဖက်ထားလိုက်ပြီး.........
"ဒီတစ်ခါတော့နှိုင်းလက်နဲ့ကို သူ့ကိုအသေသတ်မယ်"
~~~~~~~~~~~~
~~~~~~~~~~~
မနက်ဖြန်လည်းနောက်တစ်ပိုင်းထပ်upပါမယ်☺️။
(Zawgyi)
(Unicode)
ကြၽီ..........
"မောင်ပါ...ပေလွှာ"
ဒုန်း........ခွမ်း...........
"......."
"ဒါပေမဲ့"
"ရှူး....."
"အရူး မောင်အရူးဘဲ"
"အင့်......."
"ထွက်မှာ.....ဖယ် ဖယ်ပေး"
"စိုင်း....စိုင်းလူ"
"ကျွန်တော်......"
"ဟီးဟီး......"
"အား..........."
"ဘာ"
"စတာ......စတာ....."
"ခင်ဗျားကြီးနော်..."
"အကိုစိတ်မတိုဘူးလား"
"ဘာပြောတယ်.......ဘာစားတာလဲ"
~~~~~~~~~~~~~
~~~~~~~~~~~~~
ကျွီ.......ဘမ်း.........
"ဟူး......."
"ပေလွှာမသေသေးဘူးဆရာ"
ဘုန်း........
"ဘာ!!...."
"တောက်....."
"တောက်"
ဖြန်း.......
"ဘယ်သူလဲမမလေး"
"စိတ်ပူရတာပေါ့ကိုကြီးရယ် ဒီလူကြီးအရူးထတာနဲ့ဘဲမှီတို့ထောင်ကျမခံနိုင်ဘူး"
~~~~~~~~~~~~
~~~~~~~~~~~
Continue Reading
You'll Also Like
3.4K 233 19
Unicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ...
5.6K 177 5
" There are no happy endings. Endings are the saddest part "~ Once focused, the arrow flies out of the bow's grasp towards its target. But, what afte...
8.4K 288 21
ဥဩ က စာမတတ်ပါဘူး ကိုမင်းမာန်ထွဋ်ခေါင် လူ့ အသိုင်းအဝိုင်းရဲ့မျက်နှာစာ ငွေဆိုတာလဲ ဥဩမှာ မရှိနေပါဘူး.. ဥဩကို ခွင့်လွှတ်ပေးပါ..
16.6K 341 20
It's Lance's first day at Kerberos College and he's excited to meet his new roommate. Upon seeing it's the rude boy from the stairwell, he learns to...