The Crown ✅
By Ciel_Zizawar
228K 15.6K 1K
Plundering The Crown. The Beginning of TawWin Nation. Own Universe. ✅ အပိုင်း ၃၂ နောက်ပိုင်း paid gp ရှိပါတ... More
အခန်း ၁။
အခန်း ၂။ ⚠
အခန်း ၃။
အခန်း ၄။
အခန်း ၅။ ⚠
အခန်း ၆။
အခန်း ၇။
အခန်း ၈။
အခန်း ၉။ ⚠
အခန်း ၁၀။
အခန်း ၁၁။
အခန်း ၁၂
အခန်း ၁၃။ ⚠
အခန်း ၁၄။
အခန်း ၁၅။ (ပထမပိုင်း)
အခန်း ၁၅။ (ဒုတိယပိုင်း)
အခန်း ၁၆။
အခန်း ၁၇။
အခန်း ၁၈။
အခန်း ၁၉။
အခန်း ၂၀။ ⚠
အခန်း ၂၁။
အခန်း ၂၂။
အခန်း ၂၃။
အခန်း ၂၄.၁။
အခန်း ၂၄။
အခန်း ၂၅။
အခန်း ၂၆။
အခန်း ၂၈။ ⚠
အခန်း ၂၉။
အခန်း ၃၀။
အခန်း ၃၁။ ⚠(Special Present)
အခန်း ၃၂။ (Final)
မုန့်ဖိုး
paid for fund
အခန်း ၂၇။
5.2K 463 51
By Ciel_Zizawar
Unicode
" အကိုလေး "
ကိုသိန်းထွဋ်က ရေချိုးဆောင်ထဲထိဝင်လာပြီးတော့ နိမိတ်ကိုခေါ်တာဖြစ်သည်။ လက်ဝှေ့ရုံရဲ့ တခြားကစားသမားတွေအတွက် ဆောက်ထားတဲ့ရေချိုးရုံမို့လို့ ရေပန်းများကို တောက်လျှောက်စီထားကာ နိမိတ်ရေချိုးနေသည့်ဘေးတွင်လည်း ကောင်လေးနှစ်ယောက်ကရေချိုးနေသည်။
နိမိတ်ကသိန်းထွဋ်ဝင်လာတုန်းမှာ သူ့တင်ပါးညိုတွေပေါ် ပွတ်သပ်ဆေးကြောနေတာဖြစ်သည်။
" ဘာဖြစ်လို့လဲ သိန်းထွဋ် "
" အကိုကြီးက သူ့အစား တွေ့ဆုံပွဲတက်ပေးပါဦးတဲ့ "
" မဟူရာကလား ဒီကောင်ဘာဖြစ်လို့တဲ့လဲ "
" သူဌေးဘောစိက ဒီနေ့မှအကိုကြီးအိမ်ပြန်မလာရင် အိမ်ဝတောင်မနင်းနဲ့ပြောလိုက်လို့ပါ "
" သူဌေးဘောစိက.. "
" ကိုမိုးသားအိမ်ဖွဲ့ပါ "
နိမိတ်က တသောသောနေအောင်ကိုထရယ်သည်။ ဒီကောင့်မှာဒီလိုကြောက်ရမယ့်အချိန် ရှိလာပါလိမ့်မယ်လို့ တစ်သက်နဲ့တစ်ကိုယ်ထင်တောင်မထင်ထားခဲ့။ မဟူရာသည် သူနဲ့ဝေးကွာတဲ့နှစ်များမှာ အကြိုက်ကောအချိုးကောအပြင် ကြောက်တတ်တဲ့အရာတွေပါပြောင်းသွားချေပြီဖြစ်၏။
" အဆင်သင့်ပြင်ထား ကိုယ်ပြီးရင်ထွက်ခဲ့မယ် "
နိမိတ်က သူ့ချိုင်းကြားကိုပွတ်သပ်ပြီးနောက် ရေပန်းကိုဖွင့်ချကာ ဆပ်ပြာမြှုပ်တွေကို ရေမျောစေသည်။ ခြေသလုံးကျစ်ကျစ်များ ပေါင်လုံးကျစ်ကျစ်များနှင့် လိမ်ကောက်နေသည့်အမွှေးမျှင်တို့က သူ့ခြေသလုံးတွင် ညှို့နေအောင်ရှိသည်။ နောက်တော့ထိုမပြောအပ်သည့်နေရာသည်လည်း ညှိုးငယ်စွာပင် ငြိမ်ငြိမ်လေးရှိနေချေ၏။
" ဟုတ်ကဲ့ အကိုလေး "
သိန်းထွဋ်ထွက်သွားပြီးသိပ်မကြာခင် နိမိတ်ကသဘတ်ပိုင်းကိုခါးတွင်ပတ်ကာ ရေချိုးခန်းထဲကထွက်လာသည်။
စံအိမ်မှာမနေဘဲ အပြင်မှာထွက်နေပေမဲ့ ထိုအမျိုးသားကိုလွမ်းတဲ့စိတ်ကတစ်ထစ်မှလျှော့ချ၍မရ။ ဒီနေ့ညနေပဲပြန်ချော့ကြည့်ဖို့စဥ်းစားထားပေမဲ့ မဟူရာ့အလုပ်ကိုသွားပေးရဦးမည်။ ညသန်းခေါင်လောက်မှ အရက်ကို အာနည်းနည်းစွတ်ပြီး အိပ်ရာထဲအတင်းဝင်လုံးလို့လည်း နောက်မကျသေးပါ။
ကျန်ခဲ့သောရက်များမှာ သူ့အတွက်အရေးကြီးပါတယ်ဆိုတဲ့အကြောင်းပြချက်က များများစားစားရယ်လို့မရှိ။ ဒီလူ့ခြေဖမိုးလေးကိုပဲ အရိပ်တကြည့်ကြည့်ဖြစ်ခွင့်ရချင်တာ။ သေချာခဲ့ပြီးသားမို့ ဒီထပ်ပိုပြီးလည်း ဝေးကွာခွင့်တွေမရှိချင်တော့ပါ။
" သွားရအောင် "
" ဟုတ်ကဲ့ အကိုလေး "
နိမိတ်နှင့် သူတို့၏ ကားသုံးစီးတန်းသည် boxing club ​ရှေ့မှ မောင်းထွက်သွားတော့သည်။ နိမိတ်က တီရှပ်အနက်ဆွေးပေါ်တွင် ဂျက်ကတ်တစ်ထည်ကိုထပ်ဝတ်ထားကာ လည်ပင်းတွင် သံချိန်းကြိုးလိုဆွဲကြိုးတစ်ကုံးကိုဆွဲထားသည်။ လုပ်ငန်းရှင်ကြီးကယခုမှ လူမိုက်ကြီးနှင့်တူစွာ။
ယောက်ျားဆန်သောရနံ့က သူ့ကိုယ်မှထုတ်လွှတ်နေကာ မဟူရာ့နီးတူပင် မိုက်ကန်းသောမျက်နှာထားက မော်ချီထားသည်ကိုတစ်ချက်မှမလျှော့ပေ။
" ဘာလုပ်ဖို့တွေ့တာလဲ "
" သင်္ဘောဆိပ်မှာ အန်ကယ်မောင်းတူရဲ့မွေးနေ့ပါ "
" ဘာရှိလို့တဲ့လဲ "
ဒီဘက်လောကရဲ့မွေးနေ့ပွဲတွေသည် ရိုးရှင်းသည်မဟုတ်တန်ရာပေ။ နိမိတ်က ဒုစရိုက်လုပ်တဲ့လူမဟုတ်တော့ပေမဲ့လို့ လွန်ခဲ့သောနှစ်များဆီမှာတော့ ဒီလောကမှာနစ်ဝင်ကျွံကျခဲ့သူသာဖြစ်သည်။
" လဲလှယ်ပွဲတွေပါပဲ တော်ရုံလည်းဦးမောင်းက ရုတ်ရုတ်သဲသဲမဖြစ်စေချင်ဘူးပြောထားတယ် "
သူခေါင်းငြိမ့်လိုက်ရင်း ​ကားပြတင်းအပြင်ကိုသာငေးမောရင်းလိုက်ခဲ့လေသည်။ ကားတန်းသည် ဆိပ်ကမ်းဘက်ကိုကွေ့ဝင်လာတာနဲ့ ကွန်တိန်နာပုံးကြီးများ ကြားသို့ တိုးဝှေ့ပျောက်ကွယ်သွားတော့သည်။
သူရောက်တော့ အပျော်စီးသင်္ဘောကြီးကထွက်ဖို့ပြင်နေပြီ။ စပိချ်ဘုတ်များ နှင့် ကိုယ်ပိုင်ဘုတ်တွဲများအပြင် အပျော်စီးသင်္ဘောများတန်းစီလျက်ဖြင့် ဆိပ်ကမ်းသည် မျက်စိတစ်ဆုံးရေပြာများဖုံးနေလေသည်။
သစ်ထောက်တိုင်ခင်းထားသည့်လမ်းပေါ် shoe ဖိနပ်ဖြင့်တဂွက်ဂွက်မြည်အောင်လျှောက်ရင်း ထွက်ခွာခါနီးအပျော်စီးသင်္ဘောပေါ်သို့သူတို့တစ်ဖွဲ့လုံး.တက်သွားတော့သည်။
သိန်းထွဋ်က ကျန်တဲ့လူတွေကိုအချက်ပြရာ ​မော်တာဘုတ်တစ်စီးယူပြီးနောက်ကနေလိုက်လာ၏။ နိမိတ်ကအကြာကြီးနေမှာမဟုတ်လို့ အပျော်စီးသင်္ဘောကမ်းကပ်မည့် မနက်ထိမစောင့်နိုင်ပေ။ ပြန်ချင်ပြီဆိုတာနဲ့အဆင်သင့်ဖြစ်ဖို့ ဘုတ်ကိုလုပ်ပေးထားတာဖြစ်သည်။
နိမိတ်က မွေးနေ့ရှင်ဖြစ်ပုံရသော လူငယ်လေးကိုကြည့်ကာ နှာတစ်ချက်ရှုံ့လိုက်သည်။ ကောင်မလေးများအားပေါင်ပေါ်ပွေ့တင်ထားကာ တင်းတင်းဖက်၍ ရင်သားများအပေါ်တွင်ပွတ်သပ်ကျီစယ်နေသောလက်တို့က ဒီကောင်လေးရဲ့ အလိုလိုက်ခံရကာ ကြောက်လန့်ခြင်းကိုမသိသေးသောဟူအဖြစ်သူမြင်မိသည်။
ထို့ကြောင့်ကောင်လေးအနားကိုမသွားတော့ဘဲ မျက်မှန်းတန်းမိဖြစ်သော အန်ကယ်ဦးလူမောင်းအနားသို့ ဦးတည်လျှောက်လှမ်းသွားလိုက်သည်။
" ရှိန်ဝါ! မောင်ရှိန်ဝါဟုတ်သလား "
နိမိတ်မျက်မှောင်တွေကျုံ့လိုက်ရင်း လက်ခလည်ဖြင့်နှာဖျားကိုတစ်ချက်ရှုံ့ပွတ်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ ဦးလူမောင်းက သူ့ကိုတစ်ခေါက်မြင်ဖူးတာမို့ ဘယ်သူဆိုတာသိနေကာ သူကလည်းသိပ်တော့မစိုးရိမ်ပေ။
" ရှိန်ဝါပြန်လာပြီလား "
" မဟုတ်ဘူး အန်ကယ် ကျွန်တော် မဟူရာ့ကိုယ်စား မဟူရာ့သူငယ်ချင်းအနေနဲ့ပွဲလာတက်တာ ရှိန်ဝါ့အနေနဲ့မဟုတ်ဘူး "
အောက်လေသံဖြင့် တိုးဖွဖွသူပြောတော့ ဦးလူမောင်းက အားပါးတရရယ်လေ၏။
" အဟား ဟားဟား ဘယ်လိုလာခြင်းပဲဖြစ်ဖြစ်ကွာ၊ ကြောင်အိုပြီထင်နေတဲ့ကောင်တွေတော့ မနက်ဖြန်ပြားပြားဝပ်တော့မှာပဲဟေ့ "
" ကျွန်တော့်အတွက် အန်ကယ်လုံမယ်မဟုတ်လား "
" ဒါပေါ့ကွာ လာဟေ့ ဒီဘက်ကို ခပ်ပြင်းပြင်းနှစ်ပုလင်းလောက်ဆွဲခဲ့ "
ညကနက်သထက်နက်လာသည်။ ကောင်မလေးတစ်ယောက်က Liberty ရဲ့ ဥက္ကဌကိုတွေ့တော့ ထောင့်ချိုးနားသို့ဆင်းကာဖုန်းဆက်သည်။ မည်သူကမှသတိမထားမိလိုက်ချိန်မှာပဲ dance floor သို့ပြန်ဝင်ကာ ခုန်ပေါက်ကတော့သည်။
" ကျွန်တော်ပြန်မယ် အန်ကယ် "
" ဟေ ပြန်တော့မလို့လား "
" ပြောင်းလဲသွားပြီလေ "
" ဟေ ဟားဟား၊ ဟုတ်ပြီကွာ ဒါဖြင့်လည်း နောင်များကျ အခါအခွင့်သင့်ချင်သေးသပ "
နိမိတ်ကခေါင်းတစ်ချက်ငြိမ့်ပြကာ အပျော်စီးသင်္ဘောပေါ်မှ မော်တာဘုတ်ပေါ်သို့ဆင်းသည်။ ထို့နောက်တော့ မဲမှောင်နေသည့်ပင်လယ်ပြာကြီးထဲတွင် စက်သံနှင့်အတူ လှိုင်းကြက်ခွပ်သံများ လေတိုးသံများသာကျန်ခဲ့တော့လေသည်။
" မြန်မြန်မောင်း သိန်းထွဋ် မင်းတို့မရီးကိုဒီနေ့ချော့ရမှာ "
လကျော်နေပြီဖြစ်ကာ မသန့်ရှင်းဖြစ်သော သူ့နှုတ်ခမ်းပေါ်မှာ ခပ်ရေးရေးသောနှုတ်ခမ်းမွှေးတွေကိုမြင်နေရချေပြီ။ ပို၍လူကြီးဆန်နေသောပုံရိပ်က အနည်းငယ်ပင်အစွန်းထွက်၍ လူမိုက်လည်းဆန်စေသည်။ ဝတ်ထားသောဂျက်ကတ်ကြောင့် ပို၍ပင် လူမိုက်အငွေ့အသက်တွေကိုရလေ၏။
မော်တာဘုတ်သည် ကမ်းကပ်ပြီးတာနဲ့ ကားတန်းဆီကိုလှမ်းကာ နိမိတ်တို့ကဆိပ်ကမ်းကနေစထွက်လာသည်။ နိမိတ်က လက်ထဲကစီးကရက်ကိုညှိဖို့ပြင်ပြီးမှ ကားအပြင်သို့တောက်ထုတ်လိုက်၏။
သူ့အမျိုးသားကစီးကရက်သောက်တာမကြိုက်ဘူး။
ဖျက်ခဲ့ပြီးတဲ့နောက်မှာ စီးကရက်ကိုသောက်ဖြစ်တာသိပ်မကြာသေးပေ။ သို့သော် များသောအားဖြင့်တော့ ထိုသို့လက်ကြားညှပ်ပြီးမှ တောက်ထုတ်လိုက်တဲ့အခေါက်တွေကများ၏။ သူ ကိုမြတ်သူစကားကို မြေဝယ်မကျနားထောင်ဖို့ဆန္ဒရှိပါသည်။
" စံအိမ်ရှေ့ကိုမောင်း... "
" ဟုတ်ကဲ့ ဆရာ "
ကားတန်းသည် တလိမ့်လိမ့်ပြေးလွှားနေခဲ့သော်လည်း ကံတရားတော့ပြေးလွှားခွင့်ပေးလိမ့်မယ်လို့မထင်ပါချေ။
အနီရောင်အချက်ပြနေသောမီးပွိုင့်အားလျစ်လျူရှူကာ ဖြတ်မောင်းလာသောကုန်တင်ကားသည် ကားသုံးစီးကြားမှ အလယ်ကားအား ဒုန်းခနဲနေအောင် အရှိန်ဖြင့်ဖြတ်တိုက်လိုက်ပြီဖြစ်သည်။
မီးစများပွင့်ထွက်သွားပြီးနောက် မြောက်တက်သွားသော အနက်ရောက်ကားလေးသည် ခပ်ဝေးဝေးထိအောင်လွင့်ထွက်သွားတာဖြစ်သည်။
​​ကားမှန်များတစစီပြန့်ကျဲနေခဲ့ပြီး ဇောက်ထိုးဖြစ်နေသော ကားအတွင်းမှ နိမိတ်ကခွေခွေလေးလဲနေခဲ့သည်။ အသက်ရှူသံသည် ပြင်းပြင်းပြပြဖြစ်ကာ အမြင်အာရုံတို့ဝေဝါးနေ၏။
- ဘာလို့လိုက်လာပြန်တာလဲ
- မောင်မလိုက်လာတော့ ခင်ဗျားဘယ်နှဘူးတောင် စားပစ်မှာလဲ
- လိုက်ရှုပ်နေတာ စားကောင်းခြင်းမစားရဘူး
ထိုဖြူလွှလွှပုံရိပ်လေးသည် နာကျင်မှုများကြားမှ နိမိတ်အားအစွမ်းကုန်ပြုံးစေသည်။ ရူးမတတ်နစ်ဝင်ချင်ခဲ့ရတဲ့သူ့အချစ်အိုင်လေးက ဒီအချိန်ဆို သူ့လက်မောင်းပေါ်နှုတ်ခမ်းလေးပြီးအိပ်နေကြမဟုတ်လား။
တကယ်ဆို စံအိမ်ကိုအပြေးသွားပြီး အဲ့သည့်အမျိုးသားကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ ထိုစွာတာတာနှုတ်ခမ်းသားတွေကို အငမ်းမရငုံ့နမ်းချင်ခဲ့တာ။
မမြင်ရသေးတဲ့မျက်နှာသေးသေးလေးကိုလည်း သူအမက်တမောကြည့်ချင်သေးသည်။
" မောင့် အချစ်... "
မောင်က ခင်ဗျားကို သိပ်ချစ်တာ။
" အကိုလေးကို ဆွဲထုတ်ကြစမ်းဟေ့!! လာကူစမ်း! "
အသံများသည် သူ့နားထဲတွင်ဆူညံနေခဲ့ပြီး ခေါင်းတစ်ခုလုံးချာချာလည်လာသည်။ ထိုအဖြူရောင်ပုံရိပ်လေးသည် အသံတွေကြောင့်ပင်ဝေဝါးသွားကာ လှမ်းလက်စနိမိတ်လက်များသည်ပင် မှန်ကွဲစတွေအပေါ် ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။
//
" ဒေါက်တာ သူ့အသက်ရှူသံကဘာလို့ဖျော့နေတာလဲ "
" စိတ်မပူပါနဲ့ အဆိုးဆုံးအခြေအနေကို ဖြတ်ကျော်ခဲ့ပြီးပါပြီ ၂၄ နာရီအတွင်းသတိရဖို့ပဲဆုတောင်းရတော့မှာပါ မဟုတ်ရင် သူကိုမာဝင်သွားလိမ့်မယ် "
မဟူရာဆိုဖာပေါ်သို့ ပစ်ထိုင်ကျသွားခဲ့သည်။ နိမိတ်ကသူ့အစားခံလိုက်ရတာ။ သူ့အနေနဲ့တာဝန်မကင်းဘူးမဟုတ်လား။
နောက်ပြီးယောက်ဖက ကိုယ်ဝန်နဲ့။
သူဘယ်လိုလုပ်ပြီး ကိုမြတ်သူကိုဆက်သွယ်ပေးနိုင်မှာလဲ။
စောင့်ကြည့်ဖို့သာရှိသည်။ နိမိတ်နိုးလာဖို့သာသူဆု​တောင်းမိတော့တယ်။
နောက်ပြီးသူဒီကိစ္စကိုဒီတိုင်းကျော်သွားမှာမဟုတ်။ အပြီးပြတ်ဆုံးဖြစ်အောင်ကိုရှင်းထုတ်ပစ်ဦးမည်။ ဒီကောင်တွေကလွှတ်ထားလိုက်မိလို့ ဒီအခြေအနေထိကို လက်သရမ်းသွားတာ။ သူတစ်ယောက်မှပေးလွှတ်မှာမဟုတ်ပါချေ။
//
ရက်များဟာတရွေ့ချင်းပင် ဖြတ်သန်းခဲ့ပြီးဖြစ်ကာ ဆောင်းရာသီ၏ အအေးလွန်ဆုံးကာလကိုကျော်ဖြတ်ခဲ့ပြီဖြစ်သည်။ သို့သော်အနွေးထည်ကိုတော့မချွတ်အားသေး။
အပြင်မှာနှင်းတွေအရည်မပျော်သေးဘူးမဟုတ်လား။
သို့သော်သူ့နှလုံးသားကတော့ အရည်ပျော်နှင့်ခဲ့ပြီးဖြစ်သည်။
" အာ့! "
TV ​ရှေ့ထိုင်ပြီး ဖရဲသီးဖျော်ရည်သောက်နေသူသည်ရုတ်တရက်ပင်ကို ဗိုက်ကိုဖိကာ အာ့ခနဲအော်သည်။
ဒီကလေးသူ့ကိုကန်ပြန်ပြီ။
ချက်ချင်းပင်တီရှပ်အားလှန်၍ ဗိုက်သားပေါ်ဖောင်းကြွနေသည့် ထိုခြေရာသေးသေးလေးကို ကြည့်ကာ ပွတ်သပ်ပေးမိ၏။
" ကောင်းကောင်းနေ ဖေဖေနာတယ် ကလေးတို့ရဲ့ "
ဒီလတွေမှာ နိမိတ်ကိုသူမမြင်ရတာ ၃လ ကျော် ၄လလောက်ရှိပြီထင်တာပါပဲ။ သူ့ကိုယ်ဝန် ၈ လထဲရောက်နေပြီဆိုပါတော့လေ။
ဒီကောင့်ရဲ့နေနိုင်ခြင်းကိုပဲ သူ့မှာသြချရပါတယ်။ စိတ်လည်းမဆိုးရက်တော့ပါ။ နားလည်လာပြီးတဲ့နောက်ပိုင်းမှာ နိမိတ်အပေါ်သူ့တမ်းတချက်တွေက တစ်နေ့မှလျော့မသွားဘူးမဟုတ်လား။ ဒီကောင်ပြန်လာမှာပါ။ သူယုံနေပါတယ်။ ပြန်လာဦးမှာ။
ထိုဗိုက်အား သူပြန်ဖုံးချလိုက်ပြီးနောက် အတွေးတို့ကတစ်စစီပြန့်ကျဲနေခဲ့သည်။
​ရှေ့အပါတ်ဆိုရင်ပဲ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပါတ်လည်ကိုရောက်ပြီ။ အိမ်ထောင်သက်တစ်နှစ်မှာ နိမိတ်နဲ့သူရှိခဲ့တဲ့ရက်ကလက်ချိုးရေ၍ပင်ရသည်။ ရှေ့လဆိုရင်ပဲ ကလေးတွေကိုမွေးတော့မှာမဟုတ်လား။
ကလေးနှစ်ယောက်လို့သိပြီးတဲ့နေ့မှာပဲ သူအပျော်ကြီးပျော်ခဲ့သည်။ ဘာလေးလဲလို့ပင်မကြည့်ရဲတဲ့အထိ သူ့စိတ်တွေလှိုက်မောခဲ့တာ။ ဒါပေမဲ့နိမိတ်ကတော့ပြန်မလာခဲ့ပါဘူး။
" ရှူး ငြိမ်ငြိမ်လေးအိပ်ကြတော့ "
ထို့အတူပင် သူသည်လည်းဆိုဖာလေးပေါ်တွင် ကွေးကွေးလေးအိပ်ပျော်သွားခဲ့တော့သည်။
ဦးမောင်နဲ့အတူ guard တစ်ယောက်ပင် သူ့ကိုယ်လုံးကိုအခန်းထဲသို့ ညင်ညင်သာသာရွှေ့ပေးခဲ့ရလေ၏။
အနည်းငယ်ပိုဝလာသောကိုယ်က အိပ်ရာထက်တွင်ပိုးလုံးသဖွယ်ကွေးနေသည်။ သက်သောင့်သက်သာရှိဖို့ အိပ်နေရင်းပင် သူကခေါင်းအုံးတစ်လုံးကို သူ့ဗိုက်အောက်ခုလိုက်ကာ ပေါင်ကြားသို့ဖက်လုံးကိုခွထားလိုက်သည်။
အိပ်မပျော်တာမျိုးရှိတတ်ပေမဲ့ သူကျိတ်မှိတ်သည်းခံပြီးအိပ်ခဲ့ရတာပါပဲ။ သူဘယ်လိုလုပ်ပြီးနိမိတ်ကိုအမိန့်တစ်ခုနဲ့ပြန်ခေါ်ခွင့်ရမှာလဲ။
မနက်ပိုင်းနိုးတော့ ဧကရာဇ်ကသူ့ကိုအလောတကြီးဖုန်းဆက်သည်။ ဒီနောက်ပိုင်းသူ့အပေါ်မှာကိုင်တွယ်ရတဲ့ဖိအားတွေအများကြီး။ crown နဲ့ပတ်သတ်ပြီးအများကြီးစိတ်ပူရသလို တတ်နိုင်သလောက်ထိန်းထားနိုင်ဖို့ကြိုးစားရသည်။ ယခုတွင်လည်းအခြေအနေက အဆိုးဆုံးမဟုတ်ပေမဲ့ အကောင်းကြီးလည်းမဟုတ်ပြန်ပါ။
" ကျွန်တော်အခုလာခဲ့မယ် ခမည်းတော် "
ဖြေးညှင်းစွာထထိုင်ပြီးမှ သူ့ကိုယ်သူသန့်ရှင်းကာ အိမ်လေးထဲမှထွက်ခဲ့သည်။ နောက်တော့အသင့်စောင့်နေသည့် ကားပေါ်သို့သူတက်ထိုင်လိုက်၏။
" တော်ဝင်ဆိပ်ကမ်းကိုမောင်း "
ကားလေးသည်တလိမ့်လိမ့်ပင် စံအိမ်ဝင်းထဲမှလိမ့်ထွက်လာသည်။ မဟာမြတ်သူက မပေါ့မပါးနဲ့ဆိုပေမဲ့ ပိုပြီးစိတ်ကပြတ်သားလာသည်။ ဒီနောက်ပိုင်းမှာ တွေဝေတာတွေသိပ်မရှိတော့။ သို့သော်အမြဲတမ်းတစ်စုံတစ်ယောက်ကိုတမ်းတနေတတ်သည်။
Ring Ring Ring
" hello "
" မောင့်အချစ် ကားကို လမ်းဘေးဆွဲရပ်လိုက်! "
" နိမိတ် နိမိတ်လား "
" ကိုယ့်စကားကိုနားထောင် အချစ် "
" ကားကိုဘေးမှာရ​ပ်လိုက်ပါ ဦးလေး "
" ကားပေါ်ကနှစ်ယောက်လုံးဆင်း "
" နိမိတ်! "
" မောင် ခင်​ဗျားဆီကိုအခုလာနေပြီ "
သူ အင်းခနဲခေါင်းငြိမ့်ကာ driver ကိုခေါ်၍ ကားပေါ်မှဆင်းလိုက်သည်။ သူ့နောက်က ကားတွေလည်းထိုးရပ်ကာ guard တွေက သူ့အနားတွင်လာဝိုင်းရပ်ပေးလေသည်။
" နိမိတ် ရှိသေးလား "
" အဲ့ဒီကားနဲ့ ခပ်ဝေးဝေးကိုသွား ဝေးနိုင်သမျှ ဝေးဝေးမှာနေ "
" ဟင်! "
" သွားလို့!! "
နိမိတ်အသံကလောလွန်းအားကြီးလည်း သူဘာမှမမေးနိုင်။ မောဟိုက်ကာပင် ပလက်ဖောင်းပေါ်မှ အနောက်ဘက်သို့လှမ်းလျှောက်သွားသည်။ ထိုစဥ်ကားတစ်စီးက အရှိန်ဖြင့်ပင်ခပ်လှမ်းလှမ်းမှာထိုးရပ်ပြီးတာနဲ့ နိမိတ်ကဖုန်းကိုကိုင်ကာကားပေါ်ကဆင်းလာလေ၏။
" မောင့်ဆီကိုမြန်မြန်လာ! "
" နိမိတ်! "
ဝုန်း!
လွင့်ပျံသွားသော ကားအစအနများကြား၌ အလန့်တကြားဖြင့်ပင် သူဖင်ထိုင်လျက်လဲကျကာ အနောက်တွင်ပေါက်ကွဲကျန်ခဲ့သည့်ကားကိုလှည့်ကြည့်မိသည်။
ဘုရားရေ။
နိမိတ်က မျက်ထောင့်နီကြီးနှင့်သူ့အနားသို့ ပြေးလွှားလာကာ သူ့တစ်ကိုယ်လုံးအားဆွဲဖက်ပစ်၏။
" အဆင်ပြေတယ် အချစ်အခုအဆင်ပြေတယ် အသက်ရှူပါဦး ဟင်! မောင့်ကိုကြည့်ဦး "
လန့်သွားတာကြောင့် အသက်ရှူရပ်နေမိသည်ကိုပင်သတိမထားသူကို သူလှုပ်ခါတော့ မျက်ရည်လည်ရွဲနှင့် အားကိုးတကြီးဖက်တွယ်လာသည်။
" သေ သေတော့မလို့ အင့်! ငါသေတော့မလို့ "
စီခနဲပင် ညံထွက်သွားကာ လူအများကဝရုန်းသုန်းကားပြေးလွှားကြပြီး guard များကသူ့တို့နားတွင်ဝန်းရံထားခဲ့လေသည်။
" ရှူး! မငိုပါနဲ့လား "
နိမိတ်က သူ့မျက်ရည်တွေကိုတယုတယပွတ်သုတ်ပေးကာ နှုတ်ခမ်းတွေနှင့်မျက်ခမ်းစပ်တွေကိုဖိနမ်းသည်။
" ဟင့်! မင်းဘယ်လိုသိလဲ အင့်! "
" မောင်ခဏနေအကုန်ရှင်းပြမယ် သွားရအောင် "
သူပြောနေတုန်းပင် တဝူးဝူးမောင်းလာသည့်ဆိုင်ကယ်တွေကြောင့် နိမိတ်ကသူ့ကိုယ်ကြီးနှင့် မဟာမြတ်သူတစ်ကိုယ်လုံးကိုပေါ်သို့မှောက်ချကာ ကာပေးသည်။
တဒိုင်းဒိုင်းညံနေသော သေနတ်သံများနောက် တုန်တက်နေသော ကိုယ်လုံးကကိုယ်ဝန်ကြောင့်ပင်အထိမခံ​ဖြစ်နေတာ။
" ​မောင့်! "
အလန့်တကြားအော်လာသည့် သူ့အသံသည် နိမိတ်ရင်ကိုဓားဖြင့်အထပ်ထပ်ဆွနေသည်။
" သွားရအောင် ထ "
ဆွဲထူပြီးတာနဲ့ နှစ်​ယောက်သားသည် ကားအနားသို့ ကုန်းကွ၍ လှမ်းသွားကာ နိမိတ်သူ့ကိုကားထဲထည့်လိုက်သည်။
" ငုံ့နေ "
" ဟင့်အင်း မင်း! "
" မောင်ကအဆင်ပြေတယ် ငုံ့နေ "
ကားကိုအကြမ်းပတမ်း မောင်းထွက်တော့ ယမ်းခါနေသည်မို့ နိမိတ်က သူ့လက်တွေကိုခပ်တင်းတင်းလာကိုင်သည်။ ပစ်ခတ်သံတွေကြား သူထိုလက်လေးကိုတင်းနေအောင်ကိုင်ထားရင်း ကားကိုယမ်းကာမောင်းထွက်သည်။
စိတ်ပူစွာသူ့ကိုကြည့်နေသူကို နှုတ်ခမ်းစွန်းတွေကော့တက်သွားအောင်ပြုံးပြလိုက်၏။ နှုတ်ခမ်းမွှေးတွေနှင့် ချိုင့်ကျနေတဲ့မျက်တွင်းတွေအပြင် နိမိတ်ပုံစံကအတော်ပင် လူမိုက်ရုပ်ပေါက်နေသော်လည်း သူမကြောက်မိ။ နွေးးနေသည့်လက်ဖဝါးကြီးကိုပင်အားကိုးတကြီးပြန်ဆုပ်ကိုင်ထားမိသည်။
" သေချာကိုင်ထား "
ကားသည် ထိုလမ်းမမှပင် ခွဲထွက်လာပြီးနောက် စံအိမ်ဝန်းဆီသို့ပြန်လှည့်သွား​တော့၏။
နောက်မှဆိုင်ကယ်သမားတွေကျန်ခဲ့ကာ စံအိမ်ဝန်းရှေ့ရောက်တာနှင့် ပွင့်လာသည့်တံခါးနောက် ကားကိုချက်ချင်းပင်မောင်းဝင်သွားတော့သည်။ အစောင့်တို့ပို၍ပြည့်ကျပ်နေသော အိမ်ဝန်းသည် သူထွက်လာစနှင့်မတူပေ။
သူ့ကားသည် ရေပန်းအုတ်ခုံရှေ့ထိုးရပ်သွားပြီးနောက် နိမိတ်ကခါးပတ်ကိုဖြုတ်ကာ ဘေးကလူကိုထူပေးရသည်။
" အဆင်ပြေရဲ့လား "
" အင်း "
နိမိတ်က ကားပေါ်ကဆင်းကာ တစ်ဖက်တံခါးအားဆွဲလှပ်ပြီး သူ့တစ်ကိုယ်လုံးကိုပွေ့ချီသည်။ ထို့နောက် စံအိမ်ထဲသို့ပွေ့ချီသွားတော့၏။
ဆိုဖာပေါ် ချပေးလိုက်ပြီးနောက် အနည်းငယ်ပေရေနေသည့် ပါးပြင်ကိုပွတ်သုတ်ပေးကာ နှဖူးကိုငုံ့နမ်းလိုက်သည်။
" မင်းနှုတ်ခမ်းမွှေးတွေတောင် ထားနေပြီ "
" မောင်မရိတ်ဖြစ်တာပါ "
" ဘာလို့ပြန်မလာတာလဲ "
သို့သော်သူကပြန်မဖြေပေ။ ပြုံးပြီးတော့သာသူ့ကိုကြည့်၏။
" လွမ်းသလား "
" ဟင်! "
" မောင့်ကိုလွမ်းသေးလား "
" အင့်! နိမိတ်! အီးဟီး! "
" ကိုမြတ်သူရယ်! ခင်ဗျားက အငိုလွယ်လာလိုက်တာ "
" အင့်ဟင့်! လွမ်းတယ် အင့်! ညဆိုအိပ်မပျော်လို့လွမ်းတယ် အီးဟီး! "
" မောင်မှားပါတယ် အချစ်ရယ် ရှူး မောလိမ့်မယ် "
နိမိတ်ကိုသူဆွဲဖက်ပြီးတော့ ကလေးလိုငိုမိသည်။ သယ်ပိုးထားရတဲ့အလွမ်းတွေက ရင်နှင့်ပင်မဆံ့။ သိပ်သတိရခဲ့ရသည်။ နိမိတ်ကိုသူလွမ်းခဲ့ရခြင်းတွေ။
" မငိုပါနဲ့တော့ မောင့်အချစ်ရယ် မောင်ပြန်ရောက်ပါပြီ "
" ငါက အင့် ငါကထွက်သွားဆိုတိုင်း ရွှတ်! မင်းသွားစရာလိုလား! "
" ဟား ဟားဟား မောင်မှားပါတယ်! "
" နောက်အကြာကြီးထွက်သွားကြည့် မင်းခြေထောက်တွေကို ငါရိုက်ချိုးပစ်မယ် "
ငိုနေသူက မျက်ရည်တွေကမမ်းကတမ်းသုတ်ပစ်ပြီး နိမိတ်အင်္ကျီကိုလည်ပင်းကနေဆွဲသည်။
ရွှတ်ခနဲရှိုက်လိုက်ရင်း မျက်နှာလေးမဲ့တဲ့တဲ့ဖြင့် နိမိတ်ပါးနှစ်ဖက်ကို သူ့လက်ဖဝါးဖွေးဖွေးဖြင့်အုပ်ကိုင်လာ၏။ ထို့နောက်
" ပြွတ်! "
နွေးသွားသည့် နှုတ်ခမ်းကြောင့် နိမိတ်လက်သီးတင်းတင်းဆုပ်လိုက်ရင်း ထိုလူ့ကိုကြည့်မိသည်။ ရဲနေသည့်မျက်ခမ်းသားတွေနှင့် နှာတံလုံးလုံးလေးသည် အသည်းယားစဖွယ်ပင်။
" မောင်နမ်းမယ်နော် "
ခေါင်းအားငြိမ့်ချလိုက်သည်မှာ ဆတ်ခနဲဆတ်ခနဲပင်နေကာ သူဟက်ခနဲပင်ရယ်ချမိသည်။ ထို့နောက်သူ့နှုတ်ခမ်းသားတွေအား အငမ်းမရပင်စုပ်နမ်းမိတော့၏။
မောင်ကလည်းလွမ်းနေခဲ့ရတာ။ အချစ်ရယ် မင်းထက်ပိုပါတယ်။
March 19
မီးလာပြီအခုမှလာတာ။ စိတ်တိုနေတာကျွန်တော်။ မီးကမမှန်လို့ အဲ့ဒီအပြင်လေးနာရီခြားတစ်ခါပျက်မယ်တဲ့။
//
Zawgyi
" အကိုလေး "
" သူဌေးဘောစိက.. "
" ဟုတ်ကဲ့ အကိုလေး "
" သွားရအောင် "
" ဟုတ်ကဲ့ အကိုလေး "
" ဘာလုပ်ဖို့တွေ့တာလဲ "
" ဘာရှိလို့တဲ့လဲ "
" ရှိန်ဝါပြန်လာပြီလား "
" ဟေ ပြန်တော့မလို့လား "
" ပြောင်းလဲသွားပြီလေ "
" စံအိမ်ရှေ့ကိုမောင်း... "
" ဟုတ်ကဲ့ ဆရာ "
" မောင့် အချစ်... "
//
//
" အာ့! "
Ring Ring Ring
" hello "
" နိမိတ် နိမိတ်လား "
" နိမိတ်! "
" နိမိတ် ရှိသေးလား "
" ဟင်! "
" သွားလို့!! "
" နိမိတ်! "
ဝုန်း!
ဘုရားရေ။
" ရှူး! မငိုပါနဲ့လား "
" မောင့်! "
" သွားရအောင် ထ "
" ငုံ့နေ "
" ဟင့်အင်း မင်း! "
" သေချာကိုင်ထား "
" အဆင်ပြေရဲ့လား "
" အင်း "
" မောင်မရိတ်ဖြစ်တာပါ "
" ဘာလို့ပြန်မလာတာလဲ "
" လွမ်းသလား "
" ဟင်! "
" အင့်! နိမိတ်! အီးဟီး! "
" ပြွတ်! "
" မောင်နမ်းမယ်နော် "
March 19
//
Continue Reading
You'll Also Like
27.7K 1.3K 8
This story contains mature contents, so read at your own risk
32.3K 2K 66
ᴛʜɪs ɪs ᴀ ᴡᴏʀᴋ ᴏғ ғɪᴄᴛɪᴏɴ. ᴀɴʏ ɴᴀᴍᴇs, ᴄʜᴀʀᴀᴄᴛᴇʀs ᴏʀ ᴇᴠᴇɴᴛs ᴀʀᴇ ғɪᴄᴛɪᴏɴᴀʟ.
45.8K 2.6K 17
ဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး
718K 62.7K 42
(Myanmar Boy Love Fiction-OC) Match Made In Clouds (ကြည်ညွှန်း Family) ရဲ့ Season 2 ပါ Match Made In Clouds ကို အရင်ဖတ်ပြီးမှ Wonderful Promise ကို ဖ...