NotWithStanding...(မည်သို့ပင်...

By Suu_KaNyar

528K 29.2K 1.5K

ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 ... More

မိတ်ဆက်စာ 👨‍🏫
Khoon🖤 & Tain Tyke 💛
Intro & Request
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54 🔞
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60 🔞
Episode - 61
Episode - 62
Episode - 63 🔞
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69
Episode - 70
Episode - 71 ( Ending)
ကျေးဇူးတင်လွှာ 💛💛
Extra - 2
Extra - 3 (End)
Extra - 4 (V day Special )
Extra ( 5)
Book Announcement 🌈☁️
Extra - 1

Episode - 12

5.7K 440 17
By Suu_KaNyar


အရက်ပြန်နံ့သင်းနေသော ဆေးရုံ၏ သီးသန့် လူနာအခန်းတစ်ခန်းထဲတွင်

📲 My heart is stereo It's beat for you so listen close .Here my though and every.

'' ပြော ''

'' ဘာစားဦးမှာလဲ ဘာဝယ်လာခဲ့ရဦးမလဲ ''

'' ကော်ဖီ ''

'' လိ့ကို ကော်ဖီ ''

'' မဟုတ်ဘူး Mocha ပဲဝယ်လာ လိ့ကော်ဖီ ငါမကြိုက်ဘူး ''

'' ဒီဖေ.... ''

ဘယ်နှယ့် နှလုံးရောဂါ ကြောင့်ဆေးရုံတက်နေရပါတယ်ဆိုမှ ကော်ဖီတဲ့။ ပထမတစ်ခေါက် နှလုံးဖောက်တည်းက အသက်ပါ ပါသွားရမှာ။

နောက်ဆုံးတစ်ခေါက် ခွန်းနဲ့ တွေ့ပြီးကတည်းက အဆက်အသွယ်မရတော့သည်မှာ ယခုထိဖြစ်သည်။ ဖုန်းလည်း ဆက်မလာတော့။ ဖုန်းခေါ်ကြည့်တော့လည်း
စက်က ပိတ်ထားသည်။ညနေတိုင်းလည်း ကားဂိတ်တွင် စောင့်နေသေးသည်။ သို့သော် နေဝင်သည့်အချိန်ထိ ခွန်းရောက်မလာ။ Facebook. အကောင့်ကိုလည်း deactivate
လုပ်ထားသဖြင့် လိုင်းပေါ်တွင်လည်း ဆက်သွယ်၍ မရ။

ကော်ဖီဆိုင်သွားမေးတော့လည်း ရောက်မလာတာ ကြာပြီဟုပြောသည်။
ခွန်းနဲ့ အဆက်အသွယ် လုံးဝကိုပြတ်သွားသည်။ ခွန်းတို့ စာမေးပွဲဖြေနေတုန်း တစ်ရက် အဒွေးနဲ့တွေ့သည်။ ခွန်းအကြောင်းမေးတော့ စာမေးပွဲတော့လာဖြေသည်ဟုသိရသည်။ အရင်ရက်တွေက ကျောင်းမတက်ပဲ အဆောင်တွင်သာ စာကျက်နေသည်ဟုလည်း ပြောသည်။

ရှန်မင်းကိုတော့ သွားမေးလို့မဖြစ်။ အဲ့သည့်နေ့က အိမ်ပြန်ရောက်တော့ ရှန်မင်း အကြီးအကျယ်သောင်းကျန်းကာ မေမေ နဲ့ပါ တိုင်ပြောသေးသည်။ ကော်ဖီတွေသောက်သည့်ကိစ္စနှင့် နေပူထဲလျှောက်သွားသည့် ကိစ္စကို သာပြောသည်။ ခွန်းအကြောင်းတော့မပါ။

သို့သော် ဒေါ်ယုယမြိုင် မှာ စိတ်ချလက်ချ အပ်ထားသော ရှန်မင်းဆီမှ တိုင်စာရောက်လာသဖြင့် တိမ်တိုက် အဖို့ မသက်သာခဲ့ပေ။

ရှန်မင်းဆိုတာလည်း ၂ပတ် ၃ပတ်လောက် စကားကောင်းကောင်းမပြောချေ။
သင်္ကြန် တောင် အဇူးတို့နဲ့ဆော့ရသည်။ ရှန်မင်းကတော့ တစ်ချက်လေးတောင် လာမခေါ် သူ့ဘာသာ လျှောက်လည်သည်။ ရှန်မင်းနဲ့မှ လွှတ်ချင်သော ဒေါ်ယုယမြိုင် ကြောင့် ဘယ်မှလည်း မသွားရ။ အိမ်တွင်သာအောင်းနေရပြီး အတက်နေ့ကျမှသာ အဇူးတို့လာခေါ်၍ ထွက်ရသည်။

တကယ်ကို စိတ်ဖိစီးမှုအများဆုံးရခဲ့သော လဖြစ်သည်။ ခွန်းကိုလည်း ဆက်သွယ်မရ ။ တစ်ဦးတည်းသော သူငယ်ချင်း မှာလည်း သူ့အား စိတ်ဆိုးနေသည်။

ပူပြင်းလှသော မေလ တစ်ရက်တွင်တော့ တိမ်တိုက် နှလုံးဖောက်ကာ ဆေးရုံတင်လိုက်ရသည်။အခြေအနေမငြိမ်သေး၍ ဆေးရုံတွင်အနည်းငယ် ကြာနေသည်။

အဲ့တော့မှ ရှန်မင်းလည်း ပုံမှန်လိုပဲ စကားပြန်ပြောတော့သည်။

ဆေးရုံကို မေမေတစ်လှည့် ရှန်မင်းတစ်လှည့်စောင့်ပေးသည်။

'' ဟ ဘယ်လိုလဲ မောင်တိမ်တိုက်ရဲ့ နှစ်တိုင်း အချိန်မှန်ကို ရောက်လာတာနော် ''

Round လှည့်ရင်းဝင်လာသော မေမေ့သူငယ်ချင်း နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ထင်လင်း ။

နှစ်တိုင်း မေလ ဆို ဆေးရုံသို့ ရောက်ရောက်လာတတ်သော တိမ်တိုက်ကို ဆေးရုံက တစ်ချိူ့ ဆရာဝန်တွေနှင့် သူနာပြုတစ်ချိူ့ တောင် မှတ်မိနေကြပြီဖြစ်သည်။

'' ဆရာမ pressure တိုင်းပြီးပြီလား ''

ဘေးက သူနာပြုလေးအား ဒေါက်တာ ထင်လင်း မေးလိုက်သည်။

'' ပြီးပြီ ဆရာ အောက်သွေးတော့ နည်းနည်း ကျနေတယ် ''

'' ဟုတ်ပြီ .....မင်းမလဲ တိမ်တိုက် ရယ် စိတ်ရောဂါသည်ကျနေတာပဲနော် ''

'' ဘာလို့တုန်း ဒေါက်တာ ရ ''

'' ဟော မင်းမကြားဖူးဘူးလား နေ မြင့်လေ အရူးရင့်လေတဲ့ ။ မင်းရောက်ရောက်လာတဲ့အချိန်ကို ကြည့်ဦး အမြဲ မေ လ။ ''

'' ဟာ ဒေါက်တာ ​ ကလည်း.....ဒါနဲ့ဒေါက်တာ သား အပြင်ခန လမ်းထွက်လျှောက်ချင်လို့ ၃ရက်တောင်ရှိပြီး အခန်းထဲပဲနေရတာ နော်နော် ''

မျက်နှာငယ်လေးဖြင့် ဒေါက်တာ့ကို သူ့ဘဲလို သွားချွဲနေသည်။

ဪ မေ့လို့ တိမ်တိုက် မှ ဘဲမရသေးတာ။

သည် မျက်ဝန်းလှလှလေးတွေနဲ့ အသနားခံနေသော သူ့ကို ဘယ်သူက မလိုက်လျောပေးပဲ နေပါ့မလဲနော်။

'' ခနပဲနော် ပြီးရင် ပြန်တက်လာ ''

'' ခေါရ်ခွန်ခ ဖီးးမော် ( ဒေါက်တာအကို) ''

နေသာမကောင်းတာ ထိုင်းလိုက ထထမှုတ်တတ်သေးတာ။

ဆေးရုံ အင်္ကျီ ပေါ်တွင် အနွေးထည် အပါးလေး တစ်ထည် ထပ်ဝတ်ကာ အောက်ဆုံးထပ်သို့ ဆင်းလာလိုက်သည်။ နှလုံးနဲ့ ကျောက်ကပ် အထူးကုဆေးရုံမို့ တခြား သွေးထွက်သံယို လူနာတွေတော့ မတွေ့ရပေ။

သို့သော် ဖြတ်လာသမျှ အခန်းတွေထဲ သို့ကြည့်လိုက်လျှင်တော့ စိတ်ချမ်းမြေ့စရာ တစ်ကွက်မှ မရှိ။ မျက်နှာမှာ သွေးမရှိ ဖြူဖတ်ဖြူရော်နိုင်သော လူနာများ။ ကင်ဆာ နောက်ဆုံး ဆင့် လူနာများ။ နှလုံးနှင့် ကျောက်ကပ် အစားထိုး ကုသဖို့စောင့်နေရသော လူနာများ။ စသည်ဖြင့် မျိူးစုံတွေ့ရသည်။ တိမ်တိုက် နှလုံးကိုတော့ ကျောင်းပြီးမှသာ ခွဲစိတ်ဖို့ လုပ်ထားကြသည်။

ယခုလည်း အမှန်ဆို တိမ်တိုက် နေကောင်းနေပြီဖြစ်သည်။ ဆရာဝန်မှ နှ​လုံးအခြေအနေ မှာ မငြိမ်သေးဘူးဟု ဆိုကာ ဆေးရုံအတင်းတက်ခိုင်းသည်။
ပျော်စရာ တစ်စက်ကလေးမှကို မရှိသော ဆေးရုံ ဆေးခန်းကို အတော် မုန်းသည်။ လာလည်း လာချင်စိတ်မရှိ။ သို့သော် နှစ်တိုင်း တစ်ခေါက်လောက်တော့ ဆေးရုံကို အခစား ဝင်နေရသည်။

ဆေးရုံရှေ့ရှိ ပန်းခြံ အသေးလေးတွင် လေညင်းထွက် ခံရန်ဆုံးဖြတ်လိုက်ပြီး အဝင်ပေါက် တံခါးဘက်သို့ လျှောက်နေရင်း အနောက်မှ

'' ကိုကိုတိမ်ကြိုး! ! ''

ဆေးရုံ အောက်ထပ်တစ်ခုလုံး တွင် ပုကြူးလေး၏ အသံစူးစူးလေး ထွက်လာသည်။ တိမ်တိုက် ကမန်ကတန်း လှည့်ကြည့်တော့ ပုကြူးလေးက သူ့ဆီပြေးလာနေသည်။ အနောက် မှာလည်း ဘယ်သူမှ မပါ တစ်ယောက်တည်းဖြစ်သည်။

ပုကြူးလေး သူ့နားရောက်တော့ တိမ်တိုက် ကောက်ချီလိုက်သည်။ ပုကြူးက အကောင်ညှက်၍ သိပ်မလေးပေ။

'' တစ်ယောက်တည်းလား ပုကြူး။ ပါးပါး တို့ရော မပါဘူးလား ''

'' ပါတယ် ကိုကိုတိမ်ကြိုးရဲ့။ ..... အခန်းရှေ့က ကိုကို ဖြတ်သွားတာ တွေ့လိုက်လို့ လိုက်လာတာ ကိုကိုက လမ်းလျှောက်တာ မြန်လိုက်တာ.. သားဖြင့် ပြေးလိုက်ရတာ မောနေရော ဟွန့် ။ ''

သူပြေးလိုက်ရလို့ မကျေနပ်သည့်သဘော။

'' ကိုကိုတိမ်ကြိုး က ပိန်သွားတယ်နော် နေလို့မကောင်းဘူးလား ။ ကိုကို့ ကိုကြည့်ရတာ အား ကိုမရဘူး ဖယ် ဖယ် ဆင်းမယ် ''

လက်ထဲမှ အတင်းဆင်း မယ်လုပ်နေသော ပုကြူး။ အသက်ကသာ ဘာမှမရှိသေးတာ အလိုက်တော့ သိရှာသား။ အမှန်တော့ တိမ်တိုက်လည်း ကြာကြာ မချီနိုင်ပေ။

ပုကြူးကို ထိုင်ခုံလေးတစ်ခုပေါ်တွင် ချပေးလိုက်ပြီး နောက်တစ်ခုံတွင် သူ ဝင်ထိုင်သည်။

'' ကဲ ပြောပါဦး ဘာလို့ တစ်ယောက်တည်း လိုက်လာတာလဲ လူကြီးတွေရော သိလား ''

'' ဟီးးဟီးးကိုကို ပျောက်သွားမှာစိုးလို့ မြန်မြန်လိုက်လာရင်းက ပြောဖို့ မေ့ခဲ့တယ် ''

'' ဟော ပါးပါးတို့ စိတ်ပူတော့မှာပဲ ကွာ။ လာလာ ပြန်လိုက်ပို့ပေးမယ် ဘယ်အခန်းလဲ မှတ်မိတယ်မလား ''

'' ဟုတ် ''

ပုကြူးလက်ကို ဆွဲကာ ဆေးရုံပေါ်သို့ ပြန်တက်လာခဲ့ကြသည်။ ဘေးမှ ပုကြူးလေးမှာတော့ ပေါက်ပေါက်ဖောက်သလို စကားတွေကို တောင်စဥ်ရေမရ ပြောနေသည်။ တိမ်တိုက်မှာတော့ တစ်ခုမှ နားမလည်။ သင်္ကြန် ကို ဘယ်လို ဆော့ခဲ့သည့်အကြောင်းပြောနေရင်းကနေ အိမ်နားမှာ ကြောင်လေးတစ်ကောင် သေသွားသည့် အကြောင်း ရောက်လိုရောက် ။ တိမ်တိုက် ခေါင်းလေး ငြိမ့်ပြီးတော့သာ လိုက်ခဲ့တော့သည်။ လှေကားထစ်သို့ တက်နေရင်း အပေါ်မှ ပြေးဆင်းလာသော ကိုစေလွန်းညို ။

'' သား! ! ''

ဟုခေါ်ကာ ပုကြူးကို ဒူးထောက်ကာ တင်းတင်းဆွဲဖက်ထားသည်။

'' ဘယ်တွေလျှောက်သွားနေတာလဲကွာ ။ Daddy ဘယ်လောက် စိတ်ပူနေလဲ သိလား ''

တင်းတင်းဖက်ထားရင်း ပြောသည်။ ချစ်ရသူ ခက်ခက်ခဲခဲ ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတာမို့ သည်လူသားလေးတော့ ဘာမှ ဖြစ်လို့မရ။ တစ်ခုခု ဖြစ်ခဲ့လျှင် သူ့ထက် လင်းရောင် က ပိုခံစားရလိမ့်မည်။

လင်းအင်္လကာရောင် ၏ မေမေကျောက်ကပ်ဆေးရ၍ ဆေးရုံသို့ တစ်မိသားစုလုံးရောက်လာကြခြင်းဖြစ်သည်။ ဆရာဝန်နဲ့ ခန စကားပြောနေတုန်း အနောက်လှည့်ကြည့်တော့ ပုကြူး မရှိတော့။ စေလွန်းညို လန့်သွားသည်။ လင်းအင်္လကာရောင် မရိပ်မိခင် အပြင်ထွက်ရှာရန် သားနဲ့အပြင်ခနဟု ပြောကာ အနောက်မှအသာလေး ထွက်လာခဲ့သည်။ လှည့်မကြည့်သော လင်းအင်္လကာရောင် ကတော့ ဘာမျှမသိလိုက်။

အပေါ်ထပ်အရင်သွားရှာသည် မတွေ့။ အောက်ဆင်းရှာဖို့လုပ်ရင်း လှေကားမှာ ပုကြူးကို အမျိူးသားတစ်ယောက် လက်ဆွဲထားလျက်တွေ့ရသည်။ ထိုအခါမှ သက်ပြင်းချကာ စိတ်အေးရတော့သည်။

'' ကိုကိုတိမ်ကြိုး ကိုတွေ့လိုက်လို့ daddy ရဲ့။ လူကြီးတွေစကားပြောရင် ဝင်မပြောရဘူးလို့ ပါးပါးကမှာထားတယ်လေ ။ အဲ့တာကြောင့် မပြောခဲ့လိုက်မိတာ ''

'' မင်းကတော့ကွာ ပြသာနာကို ဓာတ်မီးထွန်းပြီးရှာ သိလား ''

'' မီးခွက်ပါ Daddy ရယ် ''

'' မရှည်နဲ့ ငါ မင်းအဖေ့လင်။ ''

'' ကြွားပြန်ပြီ ''

'' တိတ်စမ်း အခု ဒီကိစ္စကို မင်းပါးပါး မသိစေနဲ့ ကြားလား သိသွားရင် ဟိုစက်ရုပ်ကား မဝယ်ပေးပဲနေမှာ ''

'' အိုကေ daddy ''

သားအဖနှစ်ယောက် အပေးအယူတည့်နေကြသည်။ တိမ်တိုက်ကတော့ နေရာတွင် ထိုသားအဖကိုကြည့်ရင်း ပြုံးနေရသည်။

'' ဪ တိမ်တိုက်ကြိုးပါလား ပိန်သွားလိုက်တာ။ အယ် လူနာအင်္ကျီကြီးနဲ့ ဘာနေရာ နေမကောင်းလို့လဲ ''

ကိုစေက အံ့ဩသလိုလေးမေးသည်။

'' ဒီလိုပါပဲဗျာ နှလုံး နည်းနည်း မကောင်းတာ ''

'' ဪ အဲ့တာကြောင့် တိမ်တိုက်ပျောက်နေတာကို။ လင်းရောင်ကတောင်ပြောနေတာ တိမ်တိုက်မလာတာကြာပြီတဲ့ ''

'' ဟုတ် ဒါနဲ့ ကိုစေ ဘယ်သူ ဘာဖြစ်လို့လဲ ''

'' ကိုယ့်ယောက္ခမ ကျောက်ကပ်ဆေးနေရတယ်လေ အဲ့တာကြောင့်ပါ။ လင်းရောင်လည်း ပါတယ် လိုက်တွေ့ပါဦးလား ''

'' ဟုတ်ဟုတ် ''

လိုက်ချင်လွန်းလို့တော့ မဟုတ်ပေ။ ခွန်းသတင်း တစ်ခုစ နှစ်ခုစ သိရလည်း အလွမ်းပြေလောက်သည်ဟု တွေးမိလိုက်လို့ဖြစ်သည်။

တိမ်တိုက်နေသည့်အခန်းလို အခန်းထဲတွင် ကုတင်ပေါ်လဲလျောင်းနေသောအသက်ကြီးကြီး အမျိူးသမီး တစ်ဦး။ ဘေးတွင် ကိုလင်းရောင် က ထိုင်နေသည်။ ပုကြူးလေးက ကိုလင်းရောင်နား အရင်သွားလိုက်သည်။

'' ချစ် ဘယ်သူပါလာလဲ ကြည့် ''

အခန်းထဲဝင်ရင်း ကိုစေက ပြောသည်။

'' ကလေးရှေ့ အဲ့လိုမခေါ်ဖို့ ခင်ဗျားကို ဘယ်နှခါ......အယ် တိမ်တိုက် ''

တိမ်တိုက်ကို မြင်တော့ ဝမ်းသာအားရဖြစ်သွားသည့် လင်းရောင်ရဲ့ မျက်နှာ။

'' ဟုတ် ကိုလင်းရောင် မတွေ့တာကြာပြီနော် ''

လင်းရောင်နား ကပ်သွားလိုက်သည်။ ကုတင်ပေါ်မှ အမျိူးသမီးကတော့ ဆေးရှိန်ဖြင့် အိပ်ပျော်နေသည်။

'' ပိန်သွားလိုက်တာ တိမ်တိုက်ရယ် နေမကောင်းဘူးလား ''

'' ဟုတ်တယ် ကိုလင်းရောင် နှလုံးနည်းနည်း မကောင်းတာ ''

'' ဖြစ်ရလေကွာ ''

ထိုစဥ်..

'' ဘာ နည်းနည်းမကောင်းတာလဲ။ များများမကောင်းပြီး နှစ်တိုင်း ဆေးရုံရောက်ရတယ်ဆိုတဲ့ အကြောင်းထည့်ပြောလေ တိမ်တိုက်ကြိုးရဲ့ ''

'' ဦးလေး ''

'' ဟင် ဒေါက်တာ ''

ဒေါက်တာထင်လင်းဝင်လာပြီးပြောတော့။ ကိုစေနှင့် တိမ်တိုက် အသံ တစ်ပြိုင်တည်းထွက်သွားသည်။ ဦးလေးဟု ခေါ်လိုက်သော ကိုစေ့ကို တိမ်တိုက် အံ့ဩသလို ကြည့်တော့

'' ဒေါက်တာထင်လင်း က ကိုစေ့ ဦးလေး လေ ''

လင်းရောင်က ဝင်ပြောသည်။

ဪ မသိစေချင်လို့ လျှော့ပြောခါမှ ဦးလေးတဲ့လား အင်းလေ အဆင်ပြေတာပေါ့။

'' စေလွန်း ငါနဲ့ ခနလိုက်ခဲ့ဦး ''

'' ဟုတ် ''

ဒေါက်တာက ကိုစေ ကို ခေါ်သွားသည်။ လင်းရောင် ယောက္ခမ အကြောင်း ပြောမို့နှင့်တူသည်။

အခန်းထဲတွင် လင်းရောင်၊ ပုကြူး နဲ့ တိမ်တိုက်သာ ကျန်ခဲ့သည်။

တိမ်တိုက် မေးချင်နေသည်။ ဒီအတောအတွင်း ခွန်းရောက်လာသေးလား။ ခွန်းနဲ့ရော အဆက်အသွယ် ရှိလား။ သူနေကောင်းလား။ စသည့် မေးခွန်းများစွာမေးချင်သည်။ မေးရမှာလည်း ကြောက်နေသည်။ ကိုလင်းရောင် သူ့ကို တစ်မျိူးထင်မှာလည်း စိုးရိမ်သည်။ အခန်းတွင် Air Fresher နံ့ရောသော လေထုမှာလည်း ငြိမ်လျက်။ ပုကြူးမှာလည်း ဘေးတွင် ကုပ်ကုပ်လေးထိုင်ကာ ဖုန်းကြည့်နေသည်။

ချီတုန်ချတုန်ဖြစ်ကာ မရှိတဲ့ လက်သည်းကို ကိုက်နေမိသည်။

'' တော်တော် မိုက်တာပဲ တိမ်တိုက်ရာ နှလုံးရောဂါ ရှိနေတာကို ကော်ဖီခနခန လာသောက်ရတယ်လို့ ''

လင်းရောင်က လေသံခပ်အေးအေးဖြင့် စကားစပြောသည်။

'' အဲ့ဒါ... ''

'' ခွန်းတောင် ရန်ကုန်ပြန်ရောက်နေတယ် ၃ရက်လောက်ရှိပြီ ''

ခွန်း ဆိုသော အသံကြားလိုက်သည်နှင့် တိမ်တိုက် မျက်လုံးလို့ လက်ခနဲ ဖြစ်သွားတော့သည်။ လင်းရောင်ဆက်ပြောမည့် စကားကို သာ ဆက်နားစွင့်နေမိသည်။

'' ကိုယ်ပြန်ခေါ်လိုက်တာ။ ကျောင်းတွေလည်း နောက်လဆိုဖွင့်ပြီလေ။ ပုကြူးသူငယ်ချင်းတွေ အတော်များများလည်း ခွန်းနဲ့ သင်မယ်ဆိုလို့ လူစုပြီးတာနဲ့ လှမ်းခေါ်လိုက်တာ။ သင်တာကတော့ ကိုယ်တို့ အိမ်မှာပဲ သင်တာ။ အကုန်အဆင်ပြေတဲ့ပုံပါပဲ။ နေလည်းကောင်းတယ် ''

တိမ်တိုက် မေးချင်နေသည်များကို တစ်ချက်ချင်းဖြေပေးသွားသောကြောင့် တိမ်တိုက်ပင် လန့်ချင်သွားသည်။ သူအဲ့သည့်လောက်တောင် သိသာနေသည်လား။

'' ပထမက ကိုယ့်အိမ်မှာပဲ နေလို့ပြောပါသေးတယ် ကျောင်းဖွင့်တော့မှ ကျောင်းကပေးတဲ့အဆောင် ပြန်ပြောင်းလို့...။ ဒါပေမယ့် မင်း သိတဲ့အတိုင်း မင်းရဲ့ ကိုယ်တော်က နာမည်အတိုင်းကို မာနတွေ အပြည့်နဲ့ မောင်လေ။ ထုံးစံအတိုင်း လက်မခံဘူးပေါ့ အဲ့တာနဲ့ အိမ်နားမှာ အခန်း တစ်ခန်း ကို သူမသိအောင် ပွဲစားနဲ့ တစ်ဆင့် ချိတ်ပေးလိုက်ရသေးတယ်။ ''

သူ သိတာပေါ့ သူရဲ့ ချစ်ရသူ ဘယ်လောက် မာန ကြီးသလဲ ဆိုတာ....

'' ဪ ဟုတ်ဟုတ် ''

'' မင်းသိချင်မယ်ထင်လို့ ပြောပြတာပါ။ ''

'' ဟုတ် ကိုလင်းရောင် ကျွန်တော် ကျေးဇူးတင်ပါတယ် အဆက်အသွယ် ကလည်း ပြတ်သွားတော့လေ ။ ကျွန်တော်လည်း ဘယ်သူ့ သွားမေးရမှန်းမသိဖြစ်နေတာ အဆင်ပြေတယ် ဆိုတာသိရရင်ပဲ အဆင်ပြေပါတယ် ''

'' ခွန်းကို အချိန်ပေးနည်းနည်းပေးလိုက်ပါကွာ။ သူက ကိုယ်တို့ထင်ထားတာထက် အမာရွတ်တွေပိုများတယ်။ စောင့်ပေးလိုက်ပါ။ သူလည်း ကြိုးစားနေပါတယ် ''

လင်းရောင် ပြောလာတော့ တိမ်တိုက် သိပ်နားမရှင်းခဲ့။ ခွန်းက ဘာကိုကြိုးစားနေတာလဲ။

တိမ်တိုက်အဖို့တော့ သူ့အတွက်ဆို အချိန်မှ မဟုတ်ဘူး ဘဝတစ်ခုလုံးဆိုလည်း ပေးရဲပါတယ်....

ဒေါက်တာနှင့် ကိုစေ တို့ ပြန်ဝင်လာကြ၍ စကားကို လက်စသတ်လိုက်တော့သည်။ လင်းရောင်ကတော့ နှစ်သိမ့်ခြင်း များစွာပါသော မျက်လုံးများနှင့် တိမ်တိုက်ကို တစ်ချက် ကြည့်ကာ ခေါင်းလေးအသာငြိမ့်ပြ သည်။

ဒေါက်တာက မင်းသူငယ်ချင်း အခန်းထဲ မှာစောင့်နေတယ် ဟုပြောလာတော့မှ ရှန်မင်းကို သတိရသည်။ အခုချိန်လောက်ဆို မျက်နှာရှစ်ခေါက်ချိူးနဲ့ သူ့ကို စောင့်ကြိုနေလောက်ပြီ။ အသက်ချင်းအတူတူ လယ်ဗယ်ချင်း အတူတူကို သူ့အား အထူးကြောက်နေရသည်မှာ အလုပ်တစ်လုပ် ။ တစ်ခါတလေ ဒေါ်ယုယမြိုင် ထက်ပိုကြောက်ဖို့တောင် ကောင်းနေသေးသည်။

အခန်းက တစ်ထပ်တည်း မှာမို့ ဝေးဝေး ထပ်မလျှောက်လိုက်ရ။ ၄ခန်းကျော် သူ့အခန်းကိုရောက်တော့ မှန်းထားသည့်အတိုင်းပင်။ လက်ဖြတ်ထားသော တီရှပ်အနက်နဲ့ ဂျင်းနက်ကို ဝတ်ကာ စတိုင်ကျကျ ဖြင့် မျက်မှောင်ကြီးကြုံ့ကာ သူ့ကို စောင့်နေသော ရှန်မင်းခက်။

'' ဪ ဒေါ်ယုယမြိုင် သားလေးတောင် ရောက်လာပါပေါ့လား လူနာ လာမေးတာလား ''

'' ပြောင်တာ နဖူးပဲကောင်းတယ် တိမ်တိုက်။ လူမမာက လူမမာလို မနေပဲ ဘယ်တွေ လျှောက်သွားနေတာလဲ ''

'' ဦးထင်လင်း ခွင့်ပြုလို့ထွက်တာကွ မယုံရင် မင်းသွားမေး ။ လူကိုများ ဟိန်းလား ဟောက်လားနဲ့ မင်းမွေးထားတဲ့ သားများမှတ်နေလား ''

'' အေး ငါမွေးထားတဲ့သားဆိုလည်း မင်းမလွယ်ဘူး ''

'' တော်ပြီကွာ မှာတာပါလား ဗိုက်ဆာနေပြီ ''

ဘေးမှာတင်ထားသော အထုတ်ကြီးကို ဖြည်ကာ သူကြိုက်သည်များကို ရွေးစားနေသည်။ ထို့နောက် ပလုပ်ပလောင်းဖြင့်....

'' ကော်ဖီပါလား ''

'' ရော့ ''

လက်ထဲ တွင်ကိုင်ထားသော  ကော်ဖီဘူးအား ပေးလိုက်သည်။ ဘူး အပေါ်က အဖုံးနဲ့မို့ အထဲတွင် ဘာပါသည်ဆိုတာ မသိ။
တိမ်တိုက်တစ်ငုံ သောက်ပြီး ရှန်မင်းအား မျက်စောင်းဖြင့် လှမ်းထိုးသည်။

'' နှမပေးးးငါ့ကို ဂျင်းထည့်တယ် ''

'' ဟားးးဟားးးး ''

ရှန်မင်းအားရပါးရရီသည်။ တကယ်တော့ ဘူးထဲတွင် ပါသည်မှာ ကော်ဖီမဟုတ် အဆီထုတ်ထားသည့် နွားနို့များသာဖြစ်သည်။ ရှန်မင်းဆီက ကော်ဖီ အတိုက်ခံရတဲ့နေ့ ဆိုရင် ထီပြေးထိုးလိုက်မည်။

ဪ ထီတောင်မှ ပေါက်နိုင်ချေရှိသေး။

ရှန်မင်းရှိနေတုန်း ကိုစေလွန်းညို တို့သားအဖတွေ သူတို့ပြန်တော့မည့်အကြောင်း ဝင်လာပြီးနှုတ်ဆက်သေးသည်။

ရှန်မင်းက သူတို့ကို သိသည်ဟုပြောသည်။ Facebook ပေါ်တွင် သူတို့ သားအဖတွေအကြောင်း အင်တာဗျူးတစ်ခုမှာ တွေ့ဖူးသည်။ အဲ့ထဲက လင်းအင်္လကာရောင် ဆိုသော အမျိူးသားမှာ ကိုယ်တိုင် ကိုယ်ဝန်ဆောင်၍ ပုကြူးလေးအားမွေးခဲ့သည့်အကြောင်းပါပြောပြသည်။

'' ယောကျာ်း လေးက ကလေးမွေးလို့ရလို့လား ''

'' တုံးရန်ကော တိမ်တိုက်ရယ် အရာရာ တိုးတက်နေတဲ့ ဒီခေါတ်မှာ မရဘူး ဆိုတာ မရှိဘူး ခက်ခဲတာပဲ ရှိတာ သူတို့တောင် အတော်လေး ကြိုးစားလိုက်ရတယ်ပြောတယ် ''

ရှန်မင်းပြောပြီးတော့ တိမ်တိုက် သူ့ဗိုက်လေးကို သူကိုင်ကာ
'' ငါရော ကလေးမွေးနိုင်လား '' ဟု တွေးမိလိုက်သည်။

ဟမ်...ငါဘာတွေတွေးနေတာလဲ ။ ငါက ဘယ်သူ့ကလေးကို မွေးရမှာလဲ ။

ညနေစောင်းတော့ ညစာတွေဘာတွေ မှာပေးပြီး ရှန်မင်းပြန်သွားသည်။
ခါတိုင်း ညအိပ်ပေးလေ့ရှိသော်လည်း သည်နေ့ သူရဲ့ ရည်းစားကောင်လေး အသစ် birthday party ရှိ၍ မနက်မှ ပြန်လာခဲ့မည်ဟု ပြောသွားသည်။

ဒီတစ်ခေါက်ကောင်လေးကတော့ တိမ်တိုက်လည်း မသိ။ ဆေးကျောင်းက ဆိုတာပဲ သိသည်။ နာမည်လည်း မသိ။

ကိုယ်သာ ရည်းစား မရှိတာ ကိုယ့်သူငယ်ချင်းက ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ ရည်းစားနဲ့ လက်နဲ့ မပြတ်။

တောင်! !

💬 ဆေးသောက်ပြီးပြီလား

တိမ်တိုက် ထမင်းစားပြီး ဆေးသောက်ရန် ရေထယူနေစဥ် ရှန်မင်းဆီမှ စာဝင်လာသည်။ နောက်မှ စာပြန်မည် ဟုတွေးကာ ဆေးအရင်သောက်လိုက်သည်။

📲 My heart is stereo It's beat for you so listen close .Here my though and every not Oh. .oh. ..

'' ဘာလဲ ပြော ''

'' ဆေးသောက်ပြီးပြီလား ''

'' အေး ''

'' ဘာလို့ စာမပြန်တာ လဲ ''

'' အဲ့တာငါ့စောက်ကြောင်းလေ။ ဒါနဲ့ ဟေ့ကောင် ကောင်လေးကို ညင်သာနော် တော်ကြာ အန်တီခိုင် တစ်ပတ်လုံး ဆန်ပြုတ် ပြုတ်ပေးနေရမယ် ဟားးး ကိုယ့်အမေကိုယ် တခြားနည်းနဲ့ နှိပ်စက်လည်းရပါတယ်ကွာ ''

အခွင့်ကြုံတုန်း အပြီ သိပ်သည်။ မိန်းကလေးနဲ့တွဲရင် ဘာပြသာနာမှ မဖြစ်။ ယောကျာ်း လေးနဲ့များတွဲမိရင် ဆန်ပြုတ်က ရှယ်ပြုတ်ရသည်။သူ့အမေ အန်တီခိုင် အိမ်ရောက်လာလျှင် သူ့သား ပြုတ်ခိုင်းသော ဆန်ပြုတ် ကို တိမ်တိုက်ပါသောက် ရအောင်ဆိုပြီး ဒီဘက် သယ်သယ်လာပေးတတ်သေး သည်။

Play Boy ဆိုပေမယ့် သူ့စည်းနဲ့ သူတော့ ဖြစ်သည်။ ပစ်စလက်ခတ်တော့ ဘယ်တော့မှ မလုပ်။ နှစ်ဦးသဘောတူမှသာ ရှေ့ဆက်ဖြစ်ကြသည်။ မည်သူ့ကိုမှ အတင်းအဓမ္မ မဟုတ်ပေ။ ထို့ပြင် သူ့ဇာတ်လည်း သူနိုင်အောင် ကနိုင်သည်။ မနိုင်တာဆို၍ မြပိုးပန်းချီ နဲ့တုန်းက တစ်ခါပင်ဖြစ်လိမ့်မည်။ ရှန်မင်းပြန်ပြောပြတုန်းကဆို ရီလိုက်ရတာ အူပါတက်သည်။ သူပြောသော ကောင်လေးကိုလည်း တွေ့ဖူးချင်သေးသည်။

ဆေးသောက်ပြီးတော့ အိမ်မှ သယ်လာသော စာအုပ်တွေထဲမှ... ဆရာမဂျူးရဲ့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် စာအုပ်ကို ထုတ်ပြီး ကုတင်ပေါ် တက်ကာ လှဲရင်း ဖတ်သည်။ ခနကြာတော့ မျက်စိညောင်းလာကာ စာအုပ်လေးရင်ဘတ်ပေါ်တင်ရင်း မှေးကနဲ အိပ်ပျော်သွားသည်။ အချိန်အားဖြင့် ၇နာရီခွဲ ၈နာရီ လောက်ပင် ရှိသေးသည်။

သတိရှိတစ်ချက် မရှိတစ်ချက်ဖြင့် မှေးနေတုန်း တစ်စုံတစ်ယောက် က သူ့အား စိုက်ကြည့်နေသလို ခံစားရသည်။ မျက်လုံးကို ဖြည်းဖြည်း ချင်း ဖွင့်ကြည့်မိတော့ သူ့ဘေးတွင် သူ့အား စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံနဲ့ ဆုံသည်။ နာရီကြည့်တော့၉နာရီလောက်ရှိနေပြီဖြစ်သည်။

သည်မျက်ဝန်းမျိူးနှင့် သူကြုံဖူးသည်။ ဗိုက်ဆာနေသည်ကို မပြောပဲ ငါးကျွေးသည့် ပေါင်မုန့်တွေ စားခဲ့တုန်းက သူ့အား ကြည့်နေခဲ့သော မျက်ဝန်းမျိူး ဖြစ်သည်။

ခွန်း....

သူ့အား စိုက်ကြည့်နေသူက ခွန်း ။ အချိန်အတော်အကြာ အဆက်အသွယ် ပြတ်သွားသော သူ၏ ချစ်သော။

ဟုတ်ပါ့မလား ဟူသောစိတ်ဖြင့် မျက်လုံးအား လက်လေး တစ်ဖက်ဖြင့် အသာပွတ်ပြီး ပြန်ကြည့်လိုက်သေးသည်။

ဟုတ်ပါတယ် ခွန်းမာနမောင်ပါ။ ဘယ်လိုရောက်လာတာပါလိမ့်။

'' ကိုယ့်ကြောင့် နိုးသွားလားတိမ်တိုက် ''

ဒါဘယ်လောက်တောင် လွမ်းလိုက်ရတဲ့ အသံလဲ။ မကြားရတာ ဘယ်လောက်ကြာပြီလဲ ။

'' အီးး ဟင့်..အီးး..ဟီးး...အီးးး...ဟင့်.. ''

ရုတ်တရက်ထငိုသော တိမ်တိုက်ကြိုး။
ဘာတစ်ခုမှ မစဥ်းစားမိခင် ခွန်းအသံကြားလိုက်ကာ
တိမ်တိုက်စိတ်ထဲတွင် ငိုချင်သည်ကလွဲ၍ ဘာမှ မရှိ။

'' ဟင်...တိမ်တိုက်...ဘာဖြစ်လို့လဲ ''

ခွန်းလည်း လန့်သွားပြီး တိမ်တိုက် ပုခုံးလေး အသာလှုပ်ကိုင်ကာ ချော့သံ ဖြင့် မေးသည်။

'' အီးးး ဟင့်..အီးး..ဟီးး...ဟင့်...ရွှတ်..''

ခွန်းပြောလေ ပိုငိုလေ ဖြစ်နေတော့သည်။

ခွန်းဘယ်လိုမေးမေး ပြန်မဖြေပဲ ငိုသာငိုနေသည်။ ၅ မိနစ်လောက် မနားပဲ ငိုနေသောတိမ်တိုက်။

တိမ်တိုက်အစား မောလိုက်တာ။

ထို့နောက်

'' တိမ်တိုက်ကြိုး! ! ''

ခွန်း အသံ ဟိန်းခနဲ ထွက်လာသည်။

ထိုအခါမှ တိမ်တိုက်လည်း လန့်သွားပြီး ငိုနေတာကို တုန့်ခနဲရပ်လိုက်သည်။

'' ဟင့် ''

ရှိုက်သံ တစ်ချက်ပြုလိုက်ပြီး ခွန်းကို မျက်ရည်များဖြင့် စိုစွတ်နေသော မျက်လုံးဝိုင်းလေးများနှင့် ကြည့်သည်။ ထို့နောက် ငိုမဲ့မဲ့ထပ်ဖြစ်လာသည်။ သူငိုနေတာကို မာန်၍ ပိုပင် ငိုချင်သွားသည်။

'' မဟုတ်ဘူး ကိုယ်က မင်းပင်ပန်းမှာစိုးလို့။ မငိုနဲ့တော့နော် ခေါင်းကိုက်လိမ့်မယ်
အခု ဘာဖြစ်လဲ ကိုယ့်ကိုပြော ''

စောစောက ဟိန်းထွက်လာသည်မှာ သူ့အသံ မဟုတ်သည့်အတိုင်း နူးညံ့ပျော့ပျောင်းသွားလိုက်တာ။

ခွန်းတစ်ယောက် ဘာဖြစ်လဲ မေးပြီးတာနဲ့ ထငိုသော သူ့အသည်းအသက်လေးကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

ငိုနေတာတော့ တိမ်တိုက်ပင်။ သို့ပင်မယ့် ခွန်းရင်ထဲ မချိမဆန့် ပူလောင်ရသည်။

အငိုမှာ တော်တော်နဲ့ မတိတ်။ ပူလောင်သော နွေညမှာ သည်လောက်ငိုနေရင် ခေါင်းကိုက်လို့ ခံနိုင်မှာမဟုတ်။ ခန္ဓာ ကိုယ်မှာလည်း ခွေးပစ်သည့်တုတ်လောက်သာကျန်တော့သည်။ ဒီထက်ပိုပင်ပန်းလို့မဖြစ်။ နောက်ဆုံးကြံရာမရကာ ထမာန်လိုက်ခြင်းဖြစ်သည်။ သို့မှသာ လန့်ပြီး တိတ်သွားမည်ဟု တွက်လိုက်သည်။

သူတွက်တာ မှန်သည်။ တိမ်တိုက်လန့်သွားသည်။ ပြန်ချော့ရမည်။
တိမ်တိုက် နဖူးမှ ဆံပင်လေးတွေအား အသာသပ်ရင်း

'' ဘာဖြစ်လဲ လို့ ကိုယ်မေးနေတယ်လေ တိမ်တိုက်ရဲ့ ဘယ်နေရာက နာလို့ ဒီလောက်ငိုနေရတာလဲ ''

ဒီနေရာပေါ့ဟု ရင်ဘက်ကို ထိုးပြလိုက်ချင်သည်။ဪ မဖြစ်သေးပါဘူးလေ။

'' ဘယ်နေရာမှ မနာပါဘူး ဒီတိုင်း ငိုချင်လာလို့ ငိုချပလိုက်တာ ဟီးဟီးး ''

'' ဟောဗျာ ကိုယ်ဖြင့် လန့်သွားတာပဲ တိမ်တိုက်ရာ ။ မင်းတော်တော်ဆိုး ''

ဆံပင်များကို သပ်နေရင်း နဖူးကို ခပ်ဖွဖွ တောက်လိုက်သေးသည်။

'' ဟီးဟီးး ''

ခုကျပြန်တော့လည်း စပ်ဖြဲဖြဲ ရီနေပြန်ရော ။ တကယ်ကို နားလည်ရခက်သောကောင်လေးပါပဲလား။

'' ကိုခွန်း ဘာလို့ပျောက်သွားတာလဲ ဟင် ကျွန်တော်များတစ်ခုခု အမှား လုပ်မိလို့လား ''

တိမ်တိုက် အလွန်သိချင်နေသော မေးခွန်းကိုမေးလိုက်သည်။

'' ဒီလိုပါပဲ ကိုယ်ကိစ္စလေးတွေ ရှိနေလို့ ''

'' ဪ ''

အခန်းတွင်း နည်းနည်းပြန်ငြိမ်သွားပြန်သည်။ တိမ်တိုက်ကပဲ စကားပြန်စဖို့ကြိုးစားသည်။

'' နေ့လည်ကတောင် ပုကြူးလေးတို့နဲ့တွေ့သေးတယ် သိလား ကိုခွန်း ။ ပုကြူးလေးကို ဂိုက်ပြန်ပြဖို့ရောက်နေတယ်လို့တောင် ပြောသွားသေးတယ် အဲ့ဒါ ကျွန်တော်တောင် ဆေးရုံကဆင်းရင် လာတွေ့မလို့တွေးနေတာ ''

'' အင်း ''

'' ကျွန်တော်ဒီမှာလို့ ကိုလင်းရောင် ပြောလိုက်တာလား ''

သူ့ကိုပြောသည်မှာ လင်းရောင်မဟုတ် ။ ကိုစေဖြစ်သည်။
ကိုစေ ပြောပြသော အကြောင်းများ နားထဲ ပြန်ဝင်လာရင်း ခွန်းမျက်နှာပိုတင်းသွားသည်။
.....................

Flash back

စာသင်ဖို့ ပုကြူးတို့အိမ်သွားတော့ တစ်မိသားစုလုံး ဆေးရုံသွားကြသည်ဟု အိမ်အကူကောင်မလေးမှ ပြောသည်။ အမှီပြန်လာမည် စောင့်နေပါဟုလည်း မှာသွားသေးသည်တဲ့။

ခြံထဲရှိ ဒန်းပေါ်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ထုတ်  ဖတ်ရင်း စောင့်သည်။ မကြာမီ ပုကြူးတို့ကားလေး ခြံထဲသို့ဝင်လာပြီး အိမ်၏ ဆင်ဝင်အောက်တွင် ရပ်သွားသည်။ ပုကြူးလေး ခွန်းဆီ အရင်ဆင်းပြေးလာသည်။

'' ဆရာ ဆရာ ကိုကို တိမ်ကြိုးကို တွေ့ခဲ့တယ်သိလား ''

ဝမ်းသာအားရ ဖြင့် ပြောသည်။

'' ဒါပေမယ့်လေ ကိုကိုတိမ်ကြိုးက သေးသေးလေးပဲ ရှိတော့တယ် ပြီးတော့ ဆေးရုံက လူနာတွေဝတ်တဲ့ ဝတ်စုံကြီးလည်း ဝတ်ထားသေးတယ် သိလား ''

ချက်ချင်းလေသံလေးမှာ ပြောင်းသွားပြီး တိမ်တိုက်ကို သနားသလိုလေး ပြောနေသည်။ ခွန်းဆီမှာတော့ စိုးရိမ်စိတ်များ တဖြည်းဖြည်း ဝင်ရောက်လာနေပြီ ဖြစ်သည်။

အဆက်အသွယ်ဖြတ်ထားခဲ့သော ကာလတစ်လျှောက်လုံး တိမ်တိုက်သတင်း အစအနတောင် သူမစုံစမ်းခဲ့။ ယခု ပထမဆုံး ကြားရသည့် သတင်းက နားထောင်လို့မကောင်း။

'' ပုကြူး သွား ရေသွားချိူးတော့ ဟိုမှာ မင်းပါးပါး စောင့်နေပြီ ''

ကိုစေ နောက်ကရောက်လာပြီးဝင်ပြောသည်။ ပုကြူးလည်း အိမ်ထဲသို့ ဝင်သွားပြီး ကိုစေက ခွန်းနား ဝင်ထိုင်သည်။

'' ဟို..ကိုစေ....ဘာမှ မဟုတ်တော့ဘူး ''

မေးမယ် ကြံပြီးမှ မသင့်တော်ဘူးဟု တွေးလိုက်မိသည်။

ဪ ဒီကလေးနှယ် မေးစရာရှိမမေးဘူး။ မာနက ခံနေသေးတယ်။

စေလွန်းညို က မနေနိုင်တော့ပဲ။

'' အင်း ကိုယ်တို့ တိမ်တိုက်ကို ဆေးရုံမှာ တွေ့ခဲ့တယ်။ သူ ဆေးရုံတက်နေရတယ် ခွန်း ''

'' ဗျာ ''

အစကတွေးထားမိသော်လည်း သေချာကြားလိုက်ရ၍ ခွန်းမျက်နှာ ပျက်သွားသည်။

'' တိမ်တိုက်ကြိုး မှာ မွေးရာပါ နှလုံးရောဂါ ရှိတာ သိလား ''

'' ဗျာ!! ''

ခွန်း ဝုန်းခနဲ ထရပ်မိသည်။ ဒါတော့ သူမတွေးထားမိ။ တကယ်ကို လန့်သွားတာဖြစ်သည်။ ဒါတွေ သူဘာလို့မသိခဲ့ရတာလဲ။

ထို့နောက် ပြီးခဲ့တဲ့ နွေဦးက အဖြစ်အပျက်များ တစ်ခုချင်းပြန်ပေါ်လာသည်။ အမောမခံနိုင်သော တိမ်တိုက်။ စလိုက်သည်ကို ချွေးများပြန်သည်အထိ လန့်သွားသော တိမ်တိုက်။ သို့လော သို့လော အကြောင်းအရာများ ပြန်ဝင်လာသည်။

'' ဒါ သူပြောပြတာမဟုတ်ဘူး သူ့ကို ကုပေးနေကျ ဆရာဝန်က ကိုယ့်ဦးလေး။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြလို့ ပြောပြလိုက်တာ ကိုယ်သိတယ်ဆိုတာတောင် တိမ်တိုက်မသိသေးဘူး။ သူက ဒီတိုင်း နှလုံးနည်းနည်းမကောင်းတာလို့ပဲ ကိုယ်တို့ကို ပြောထားတာ ''

'' ကျွန်တော်ဒီတစ်ရက် ခွင့်ယူလို့ရမလား နောက်နေ့မှ နှစ်ချိန်ပေါင်းသင်ပေးပါ့မယ် ''

ခွန်းအသံမှာ တည်တည်ငြိမ်ငြိမ် ပင်။ လက်သီးများတော့ဆုပ်ထားသည်ကို ထိုင်နေသော ကိုစေ မြင်နေရသည်။

'' %^@& နှလုံးနှင့် ကျောက်ကပ် အထူးကုဆေးရုံ။ အခန်းနံပါတ် #%^&& ''

'' ကျေးဇူးပါကိုစေ ကျွန်တော့်ကို သွားခွင့်ပြုပါဦး''

ခွန်းလည်း ဘာမှ သေချာမတွေးတော့ပဲ အဆောင်ပြန်ကာ ပိုက်ဆံအိတ်ယူပြီး ကားငှားကာ ကိုစေပြောသော ဆေးရုံသို့မောင်းလာခဲ့သည်။ အချိန်ကား ၅နာရီ ဝန်းကျင်လောက်သာ ရှိသေးသည်။

ဆေးရုံဝရောက်မှ အထဲ ဝင်ရန် စဥ်းစားရတော့သည်။ ဒီလောက်အဆက်အသွယ်ဖြတ်ထားခဲ့ပြီးမှ ပြန်တွေ့ရတာ ကောင်းပါ့မလား။
အမျိူးမျိူးတွေးကာ ဝင်ရန် မဝင်ရန် ဆုံးဖြတ်နေရင်း နေပင်ဝင်သွားသည်။ ခွန်းမှာ ခုထိ အထဲမရောက်သေး ဆေးရုံ ပန်းခြံ သေးသေးလေးထဲတွင် ထိုင်စဥ်းစားနေတုန်း။

၈နာရီ ခွဲကျော်တော့ ခွန်း ဝင်တွေ့ရန်ဆုံးဖြတ်လိုက်သည်။ အခန်းတံခါးမှာ လော့မချထားပဲ ရှိသည်။ အသာလေးတွန်းဟဖွင့်ကာ ဝင်သွားတော့။ သူ့တိမ်တိုက်လေးမှာ ညိုးနွမ်းလျက် မျက်နှာမှာလည်း ဖြူရော်နေကာ နဂိုကတည်းက မဝသော ခန္ဓာကိုယ်မှာ ပို၍ ပိန်သွားသည်။ စာဖတ်ရင်းအိပ်ပျော်နေပုံပင်။ ရင်ဘတ်ပေါ်စာအုပ်လေး ထပ်လျက် အိပ်ပျော်နေသည်။

မနှိုးရက်တာမို့ သည်တိုင်းလေးသာ ဝအောင်ကြည့်ပြီး ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အဲ့အချိန်မှာ နိုးလာပြီ ထငိုပါတော့သည်။

..................

တိမ်တိုက် စိတ်ထဲ သည်သားအဖတွေ ခွန်းကို ပြောပြလိမ့်မည် လို့တော့တွေး ခဲ့မိသေးသည်။ သို့သော် ဒီလောက် မြန်မြန်ဆန်ဆန် ခွန်းရောက်လာလိမ့်မယ်လို့တော့ မထင်ခဲ့။

'' ကိုခွန်း ကျွန်တော်မေးနေတယ်လေ ''

ငြိမ်သွားသော ခွန်း ကို တိမ်တိုက် အသံထပ်ပြုရသည်။

'' မင်းမှာ နှလုံးရောဂါရှိတာ ဘာလို့ ကိုယ့်ကို မပြောခဲ့တာလဲ တိမ်တိုက် ''

စိတ်ဆိုးနေပြီ ။ ခွန်းစိတ်ဆိုးနေပြီ။ သည်လေသံကို မှတ်မိသည်။ ထမင်းဆိုင်မှာ သူ့ကိုဘာလို့လိမ်တာလဲ ဟု မေးတုန်းက အသံမျိူး။

'' ကျွန်တော် က....''

'' ကျစ် ဒါတောင် မင်းက နေ့တိုင်းနီးပါး ကိုယ်နဲ့ ကော်ဖီလိုက်သောက်သေးတာ ''

ရှန်မင်းဘာလို့ တိမ်တိုက်ကို ကော်ဖီမတိုက်လဲ ခုမှ တွေးမိတော့သည်။ ယခုသူက ရှန်မင်း လောက်တောင် တိမ်တိုက်ကို မသိသော သူဖြစ်နေသည်။

တိမ်တိုက် ဆိုသော...သည်အရာလေးကို ကကြီးကနေအ အထိ အကုန်သိချင်သည်။

'' မဟုတ်ဘူး ကိုခွန်း ကျွန်တော်... ''

စောစောက ချော့နေသူက ခွန်းပေါ့ ။ အခုတော့ တိမ်တိုက်က ချော့နေသူ ဖြစ်နေပြီ။

မည်သို့ပင်ဖြစ်စေ သည်လူသားစိတ်ကျေနပ်သည်အထိ ချော့ရမှာ သူ့တာဝန်ဖြစ်သည်။

'' ​ပြော ကိုယ်မသိတာ မင်းမှာ ဘာရှိသေးလဲ ။ သူများပြောမှ ကိုယ့်ကို သိခွင့်ပေးဖို့များ စဥ်းစားထားသလား ''

သည်အခြေအနေကို တိမ်တိုက်လည်း နားမလည်တော့။

ဘာမှ မဆိုင်သော လူနှစ်ယောက်ကြားတွင် တစ်ယောက်အကြောင်းတစ်ယောက် ဂဃနဏ သိစရာလိုသလား။ မေးလိုက်ချင်သော်လည်း အခြေအနေမှာ ပိုဆိုးသွားနိုင်သည်။

'' အဲ့လိုမဟုတ်ပါဘူး ကိုခွန်းရယ် ''

'' တော်ပြီ မင်းနားတော့ အိပ်ချိန်ရောက်နေပြီ။ ကိုယ်ပြန်တော့မယ် ကိုယ့်ကိုယ်ကို ဂရုစိုက် ''

ပြောချင်တာပြောပြီး ထထွက်သွားသော ခွန်း။
လူကို စိတ်ကသိကအောက်ဖြစ်အောင် တန်းလန်းကြီး ထားသွားသည်။ ဒီစိတ်နဲ့ဘယ်လိုအိပ်ရပါ့မလဲ မောင် ရယ် ။

အပြင်ရောက်သည်နှင့် ခွန်းရဲ့လက်သီးတို့က ဆေးရုံရဲ့ အုတ်နံရံဆီသို့....
ဘယ်သူ့ကိုမှ စိတ်တို၍ မဟုတ်။ ကိုယ့်ကိုယ်ကို ဒေါသထွက်၍ ဖြစ်သည်။

သည်လူသားလေးနှင့်ပတ်သက်လာလျှင် သူသာ အရာရာ ဖြစ်ချင်မိသည်။
တိမ်တိုက်ရဲ့ ပထမဆုံး သောအကြောင်းအရာများကို သူသာ အရင်ဆုံးသိချင်သည်။ တိမ်တိုက် နေမကောင်းသည်မှ အစ ခလုတ်လေးတိုက်မိသည်ကအဆုံး သူသာ အရင်သိချင်သည်။ ဘယ်ကနေပေါ်လာမှန်းမသိသော ခွန်း၏ အတ္တတို့ တိမ်တိုက်အပေါ် သက်ရောက်စေတော့မည်လား။

ယခုလည်း သူ့ကိုသူ အားမရ။ ဒေါသဖြစ်နေရသည်။ နေမကောင်းသည့်လူနာကို ပြောချင်တာပြောပြီး သည်တိုင်းထွက်လာမိသော ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင်ကို မုန်းနေသည်။

ဘာလဲကွာ ဒီခံစားချက်က တောက်စ်.....

18.3.2022

( Zawgyi. )

အရက္ျပန္နံ႕သင္းေနေသာ ေဆး႐ုံ၏ သီးသန့္ လူနာအခန္းတစ္ခန္းထဲတြင္

My heart is stereo It's beat for you so listen close .Here my though and every.

'' ေျပာ ''

'' ဘာစားဦးမွာလဲ ဘာဝယ္လာခဲ့ရဦးမလဲ ''

'' ေကာ္ဖီ ''

'' လိ့ကို ေကာ္ဖီ ''

'' မဟုတ္ဘူး Mocha ပဲဝယ္လာ လိ့ေကာ္ဖီ ငါမႀကိဳက္ဘူး ''

'' ဒီေဖ.... ''

ဘယ္ႏွယ့္ ႏွလုံးေရာဂါ ေၾကာင့္ေဆး႐ုံတက္ေနရပါတယ္ဆိုမွ ေကာ္ဖီတဲ့။ ပထမတစ္ေခါက္ ႏွလုံးေဖာက္တည္းက အသက္ပါ ပါသြားရမွာ။

ေနာက္ဆုံးတစ္ေခါက္ ခြန္းနဲ႕ ေတြ႕ၿပီးကတည္းက အဆက္အသြယ္မရေတာ့သည္မွာ ယခုထိျဖစ္သည္။ ဖုန္းလည္း ဆက္မလာေတာ့။ ဖုန္းေခၚၾကည့္ေတာ့လည္း
စက္က ပိတ္ထားသည္။ညေနတိုင္းလည္း ကားဂိတ္တြင္ ေစာင့္ေနေသးသည္။ သို႔ေသာ္ ေနဝင္သည့္အခ်ိန္ထိ ခြန္းေရာက္မလာ။ Facebook. အေကာင့္ကိုလည္း deactivate
လုပ္ထားသျဖင့္ လိုင္းေပၚတြင္လည္း ဆက္သြယ္၍ မရ။

ေကာ္ဖီဆိုင္သြားေမးေတာ့လည္း ေရာက္မလာတာ ၾကာၿပီဟုေျပာသည္။
ခြန္းနဲ႕ အဆက္အသြယ္ လုံးဝကိုျပတ္သြားသည္။ ခြန္းတို႔ စာေမးပြဲေျဖေနတုန္း တစ္ရက္ အေဒြးနဲ႕ေတြ႕သည္။ ခြန္းအေၾကာင္းေမးေတာ့ စာေမးပြဲေတာ့လာေျဖသည္ဟုသိရသည္။ အရင္ရက္ေတြက ေက်ာင္းမတက္ပဲ အေဆာင္တြင္သာ စာက်က္ေနသည္ဟုလည္း ေျပာသည္။

ရွန္မင္းကိုေတာ့ သြားေမးလို႔မျဖစ္။ အဲ့သည့္ေန႕က အိမ္ျပန္ေရာက္ေတာ့ ရွန္မင္း အႀကီးအက်ယ္ေသာင္းက်န္းကာ ေမေမ နဲ႕ပါ တိုင္ေျပာေသးသည္။ ေကာ္ဖီေတြေသာက္သည့္ကိစၥႏွင့္ ေနပူထဲေလွ်ာက္သြားသည့္ ကိစၥကို သာေျပာသည္။ ခြန္းအေၾကာင္းေတာ့မပါ။

သို႔ေသာ္ ေဒၚယုယၿမိဳင္ မွာ စိတ္ခ်လက္ခ် အပ္ထားေသာ ရွန္မင္းဆီမွ တိုင္စာေရာက္လာသျဖင့္ တိမ္တိုက္ အဖို႔ မသက္သာခဲ့ေပ။

ရွန္မင္းဆိုတာလည္း ၂ပတ္ ၃ပတ္ေလာက္ စကားေကာင္းေကာင္းမေျပာေခ်။
သၾကၤန္ ေတာင္ အဇူးတို႔နဲ႕ေဆာ့ရသည္။ ရွန္မင္းကေတာ့ တစ္ခ်က္ေလးေတာင္ လာမေခၚ သူ႕ဘာသာ ေလွ်ာက္လည္သည္။ ရွန္မင္းနဲ႕မွ လႊတ္ခ်င္ေသာ ေဒၚယုယၿမိဳင္ ေၾကာင့္ ဘယ္မွလည္း မသြားရ။ အိမ္တြင္သာေအာင္းေနရၿပီး အတက္ေန႕က်မွသာ အဇူးတို႔လာေခၚ၍ ထြက္ရသည္။

တကယ္ကို စိတ္ဖိစီးမႈအမ်ားဆုံးရခဲ့ေသာ လျဖစ္သည္။ ခြန္းကိုလည္း ဆက္သြယ္မရ ။ တစ္ဦးတည္းေသာ သူငယ္ခ်င္း မွာလည္း သူ႕အား စိတ္ဆိုးေနသည္။

ပူျပင္းလွေသာ ေမလ တစ္ရက္တြင္ေတာ့ တိမ္တိုက္ ႏွလုံးေဖာက္ကာ ေဆး႐ုံတင္လိုက္ရသည္။အေျခအေနမၿငိမ္ေသး၍ ေဆး႐ုံတြင္အနည္းငယ္ ၾကာေနသည္။

အဲ့ေတာ့မွ ရွန္မင္းလည္း ပုံမွန္လိုပဲ စကားျပန္ေျပာေတာ့သည္။

ေဆး႐ုံကို ေမေမတစ္လွည့္ ရွန္မင္းတစ္လွည့္ေစာင့္ေပးသည္။

'' ဟ ဘယ္လိုလဲ ေမာင္တိမ္တိုက္ရဲ႕ ႏွစ္တိုင္း အခ်ိန္မွန္ကို ေရာက္လာတာေနာ္ ''

Round လွည့္ရင္းဝင္လာေသာ ေမေမ့သူငယ္ခ်င္း ႏွလုံးအထူးကု ဆရာဝန္ႀကီး ေဒါက္တာ ထင္လင္း ။

ႏွစ္တိုင္း ေမလ ဆို ေဆး႐ုံသို႔ ေရာက္ေရာက္လာတတ္ေသာ တိမ္တိုက္ကို ေဆး႐ုံက တစ္ခ်ိဴ႕ ဆရာဝန္ေတြႏွင့္ သူနာျပဳတစ္ခ်ိဴ႕ ေတာင္ မွတ္မိေနၾကၿပီျဖစ္သည္။

'' ဆရာမ pressure တိုင္းၿပီးၿပီလား ''

ေဘးက သူနာျပဳေလးအား ေဒါက္တာ ထင္လင္း ေမးလိုက္သည္။

'' ၿပီးၿပီ ဆရာ ေအာက္ေသြးေတာ့ နည္းနည္း က်ေနတယ္ ''

'' ဟုတ္ၿပီ .....မင္းမလဲ တိမ္တိုက္ ရယ္ စိတ္ေရာဂါသည္က်ေနတာပဲေနာ္ ''

'' ဘာလို႔တုန္း ေဒါက္တာ ရ ''

'' ေဟာ မင္းမၾကားဖူးဘူးလား ေန ျမင့္ေလ အ႐ူးရင့္ေလတဲ့ ။ မင္းေရာက္ေရာက္လာတဲ့အခ်ိန္ကို ၾကည့္ဦး အၿမဲ ေမ လ။ ''

'' ဟာ ေဒါက္တာ  ကလည္း.....ဒါနဲ႕ေဒါက္တာ သား အျပင္ခန လမ္းထြက္ေလွ်ာက္ခ်င္လို႔ ၃ရက္ေတာင္ရွိၿပီး အခန္းထဲပဲေနရတာ ေနာ္ေနာ္ ''

မ်က္ႏွာငယ္ေလးျဖင့္ ေဒါက္တာ့ကို သူ႕ဘဲလို သြားခြၽဲေနသည္။

ဪ ေမ့လို႔ တိမ္တိုက္ မွ ဘဲမရေသးတာ။

သည္ မ်က္ဝန္းလွလွေလးေတြနဲ႕ အသနားခံေနေသာ သူ႕ကို ဘယ္သူက မလိုက္ေလ်ာေပးပဲ ေနပါ့မလဲေနာ္။

'' ခနပဲေနာ္ ၿပီးရင္ ျပန္တက္လာ ''

'' ေခါရ္ခြန္ခ ဖီးးေမာ္ ( ေဒါက္တာအကို) ''

ေနသာမေကာင္းတာ ထိုင္းလိုက ထထမႈတ္တတ္ေသးတာ။

ေဆး႐ုံ အကၤ်ီ ေပၚတြင္ အႏြေးထည္ အပါးေလး တစ္ထည္ ထပ္ဝတ္ကာ ေအာက္ဆုံးထပ္သို႔ ဆင္းလာလိုက္သည္။ ႏွလုံးနဲ႕ ေက်ာက္ကပ္ အထူးကုေဆး႐ုံမို႔ တျခား ေသြးထြက္သံယို လူနာေတြေတာ့ မေတြ႕ရေပ။

သို႔ေသာ္ ျဖတ္လာသမွ် အခန္းေတြထဲ သို႔ၾကည့္လိုက္လွ်င္ေတာ့ စိတ္ခ်မ္းေျမ့စရာ တစ္ကြက္မွ မရွိ။ မ်က္ႏွာမွာ ေသြးမရွိ ျဖဴဖတ္ျဖဴေရာ္နိုင္ေသာ လူနာမ်ား။ ကင္ဆာ ေနာက္ဆုံး ဆင့္ လူနာမ်ား။ ႏွလုံးႏွင့္ ေက်ာက္ကပ္ အစားထိုး ကုသဖို႔ေစာင့္ေနရေသာ လူနာမ်ား။ စသည္ျဖင့္ မ်ိဴးစုံေတြ႕ရသည္။ တိမ္တိုက္ ႏွလုံးကိုေတာ့ ေက်ာင္းၿပီးမွသာ ခြဲစိတ္ဖို႔ လုပ္ထားၾကသည္။

ယခုလည္း အမွန္ဆို တိမ္တိုက္ ေနေကာင္းေနၿပီျဖစ္သည္။ ဆရာဝန္မွ ႏွလုံးအေျခအေန မွာ မၿငိမ္ေသးဘူးဟု ဆိုကာ ေဆး႐ုံအတင္းတက္ခိုင္းသည္။
ေပ်ာ္စရာ တစ္စက္ကေလးမွကို မရွိေသာ ေဆး႐ုံ ေဆးခန္းကို အေတာ္ မုန္းသည္။ လာလည္း လာခ်င္စိတ္မရွိ။ သို႔ေသာ္ ႏွစ္တိုင္း တစ္ေခါက္ေလာက္ေတာ့ ေဆး႐ုံကို အခစား ဝင္ေနရသည္။

ေဆး႐ုံေရွ႕ရွိ ပန္းၿခံ အေသးေလးတြင္ ေလညင္းထြက္ ခံရန္ဆုံးျဖတ္လိုက္ၿပီး အဝင္ေပါက္ တံခါးဘက္သို႔ ေလွ်ာက္ေနရင္း အေနာက္မွ

'' ကိုကိုတိမ္ႀကိဳး! ! ''

ေဆး႐ုံ ေအာက္ထပ္တစ္ခုလုံး တြင္ ပုၾကဴးေလး၏ အသံစူးစူးေလး ထြက္လာသည္။ တိမ္တိုက္ ကမန္ကတန္း လွည့္ၾကည့္ေတာ့ ပုၾကဴးေလးက သူ႕ဆီေျပးလာေနသည္။ အေနာက္ မွာလည္း ဘယ္သူမွ မပါ တစ္ေယာက္တည္းျဖစ္သည္။

ပုၾကဴးေလး သူ႕နားေရာက္ေတာ့ တိမ္တိုက္ ေကာက္ခ်ီလိုက္သည္။ ပုၾကဴးက အေကာင္ညွက္၍ သိပ္မေလးေပ။

'' တစ္ေယာက္တည္းလား ပုၾကဴး။ ပါးပါး တို႔ေရာ မပါဘူးလား ''

'' ပါတယ္ ကိုကိုတိမ္ႀကိဳးရဲ႕။ ..... အခန္းေရွ႕က ကိုကို ျဖတ္သြားတာ ေတြ႕လိုက္လို႔ လိုက္လာတာ ကိုကိုက လမ္းေလွ်ာက္တာ ျမန္လိုက္တာ.. သားျဖင့္ ေျပးလိုက္ရတာ ေမာေနေရာ ဟြန့္ ။ ''

သူေျပးလိုက္ရလို႔ မေက်နပ္သည့္သေဘာ။

'' ကိုကိုတိမ္ႀကိဳး က ပိန္သြားတယ္ေနာ္ ေနလို႔မေကာင္းဘူးလား ။ ကိုကို႔ ကိုၾကည့္ရတာ အား ကိုမရဘူး ဖယ္ ဖယ္ ဆင္းမယ္ ''

လက္ထဲမွ အတင္းဆင္း မယ္လုပ္ေနေသာ ပုၾကဴး။ အသက္ကသာ ဘာမွမရွိေသးတာ အလိုက္ေတာ့ သိရွာသား။ အမွန္ေတာ့ တိမ္တိုက္လည္း ၾကာၾကာ မခ်ီနိုင္ေပ။

ပုၾကဴးကို ထိုင္ခုံေလးတစ္ခုေပၚတြင္ ခ်ေပးလိုက္ၿပီး ေနာက္တစ္ခုံတြင္ သူ ဝင္ထိုင္သည္။

'' ကဲ ေျပာပါဦး ဘာလို႔ တစ္ေယာက္တည္း လိုက္လာတာလဲ လူႀကီးေတြေရာ သိလား ''

'' ဟီးးဟီးးကိုကို ေပ်ာက္သြားမွာစိုးလို႔ ျမန္ျမန္လိုက္လာရင္းက ေျပာဖို႔ ေမ့ခဲ့တယ္ ''

'' ေဟာ ပါးပါးတို႔ စိတ္ပူေတာ့မွာပဲ ကြာ။ လာလာ ျပန္လိုက္ပို႔ေပးမယ္ ဘယ္အခန္းလဲ မွတ္မိတယ္မလား ''

'' ဟုတ္ ''

ပုၾကဴးလက္ကို ဆြဲကာ ေဆး႐ုံေပၚသို႔ ျပန္တက္လာခဲ့ၾကသည္။ ေဘးမွ ပုၾကဴးေလးမွာေတာ့ ေပါက္ေပါက္ေဖာက္သလို စကားေတြကို ေတာင္စဥ္ေရမရ ေျပာေနသည္။ တိမ္တိုက္မွာေတာ့ တစ္ခုမွ နားမလည္။ သၾကၤန္ ကို ဘယ္လို ေဆာ့ခဲ့သည့္အေၾကာင္းေျပာေနရင္းကေန အိမ္နားမွာ ေၾကာင္ေလးတစ္ေကာင္ ေသသြားသည့္ အေၾကာင္း ေရာက္လိုေရာက္ ။ တိမ္တိုက္ ေခါင္းေလး ၿငိမ့္ၿပီးေတာ့သာ လိုက္ခဲ့ေတာ့သည္။ ေလွကားထစ္သို႔ တက္ေနရင္း အေပၚမွ ေျပးဆင္းလာေသာ ကိုေစလြန္းညို ။

'' သား! ! ''

ဟုေခၚကာ ပုၾကဴးကို ဒူးေထာက္ကာ တင္းတင္းဆြဲဖက္ထားသည္။

'' ဘယ္ေတြေလွ်ာက္သြားေနတာလဲကြာ ။ Daddy ဘယ္ေလာက္ စိတ္ပူေနလဲ သိလား ''

တင္းတင္းဖက္ထားရင္း ေျပာသည္။ ခ်စ္ရသူ ခက္ခက္ခဲခဲ ဝမ္းနဲ႕လြယ္ၿပီး ေမြးခဲ့ရတာမို႔ သည္လူသားေလးေတာ့ ဘာမွ ျဖစ္လို႔မရ။ တစ္ခုခု ျဖစ္ခဲ့လွ်င္ သူ႕ထက္ လင္းေရာင္ က ပိုခံစားရလိမ့္မည္။

လင္းအလၤကာေရာင္ ၏ ေမေမေက်ာက္ကပ္ေဆးရ၍ ေဆး႐ုံသို႔ တစ္မိသားစုလုံးေရာက္လာၾကျခင္းျဖစ္သည္။ ဆရာဝန္နဲ႕ ခန စကားေျပာေနတုန္း အေနာက္လွည့္ၾကည့္ေတာ့ ပုၾကဴး မရွိေတာ့။ ေစလြန္းညို လန့္သြားသည္။ လင္းအလၤကာေရာင္ မရိပ္မိခင္ အျပင္ထြက္ရွာရန္ သားနဲ႕အျပင္ခနဟု ေျပာကာ အေနာက္မွအသာေလး ထြက္လာခဲ့သည္။ လွည့္မၾကည့္ေသာ လင္းအလၤကာေရာင္ ကေတာ့ ဘာမွ်မသိလိုက္။

အေပၚထပ္အရင္သြားရွာသည္ မေတြ႕။ ေအာက္ဆင္းရွာဖို႔လုပ္ရင္း ေလွကားမွာ ပုၾကဴးကို အမ်ိဴးသားတစ္ေယာက္ လက္ဆြဲထားလ်က္ေတြ႕ရသည္။ ထိုအခါမွ သက္ျပင္းခ်ကာ စိတ္ေအးရေတာ့သည္။

'' ကိုကိုတိမ္ႀကိဳး ကိုေတြ႕လိုက္လို႔ daddy ရဲ႕။ လူႀကီးေတြစကားေျပာရင္ ဝင္မေျပာရဘူးလို႔ ပါးပါးကမွာထားတယ္ေလ ။ အဲ့တာေၾကာင့္ မေျပာခဲ့လိုက္မိတာ ''

'' မင္းကေတာ့ကြာ ျပသာနာကို ဓာတ္မီးထြန္းၿပီးရွာ သိလား ''

'' မီးခြက္ပါ Daddy ရယ္ ''

'' မရွည္နဲ႕ ငါ မင္းအေဖ့လင္။ ''

'' ႂကြားျပန္ၿပီ ''

'' တိတ္စမ္း အခု ဒီကိစၥကို မင္းပါးပါး မသိေစနဲ႕ ၾကားလား သိသြားရင္ ဟိုစက္႐ုပ္ကား မဝယ္ေပးပဲေနမွာ ''

'' အိုေက daddy ''

သားအဖႏွစ္ေယာက္ အေပးအယူတည့္ေနၾကသည္။ တိမ္တိုက္ကေတာ့ ေနရာတြင္ ထိုသားအဖကိုၾကည့္ရင္း ၿပဳံးေနရသည္။

'' ဪ တိမ္တိုက္ႀကိဳးပါလား ပိန္သြားလိုက္တာ။ အယ္ လူနာအကၤ်ီႀကီးနဲ႕ ဘာေနရာ ေနမေကာင္းလို႔လဲ ''

ကိုေစက အံ့ဩသလိုေလးေမးသည္။

'' ဒီလိုပါပဲဗ်ာ ႏွလုံး နည္းနည္း မေကာင္းတာ ''

'' ဪ အဲ့တာေၾကာင့္ တိမ္တိုက္ေပ်ာက္ေနတာကို။ လင္းေရာင္ကေတာင္ေျပာေနတာ တိမ္တိုက္မလာတာၾကာၿပီတဲ့ ''

'' ဟုတ္ ဒါနဲ႕ ကိုေစ ဘယ္သူ ဘာျဖစ္လို႔လဲ ''

'' ကိုယ့္ေယာကၡမ ေက်ာက္ကပ္ေဆးေနရတယ္ေလ အဲ့တာေၾကာင့္ပါ။ လင္းေရာင္လည္း ပါတယ္ လိုက္ေတြ႕ပါဦးလား ''

'' ဟုတ္ဟုတ္ ''

လိုက္ခ်င္လြန္းလို႔ေတာ့ မဟုတ္ေပ။ ခြန္းသတင္း တစ္ခုစ ႏွစ္ခုစ သိရလည္း အလြမ္းေျပေလာက္သည္ဟု ေတြးမိလိုက္လို႔ျဖစ္သည္။

တိမ္တိုက္ေနသည့္အခန္းလို အခန္းထဲတြင္ ကုတင္ေပၚလဲေလ်ာင္းေနေသာအသက္ႀကီးႀကီး အမ်ိဴးသမီး တစ္ဦး။ ေဘးတြင္ ကိုလင္းေရာင္ က ထိုင္ေနသည္။ ပုၾကဴးေလးက ကိုလင္းေရာင္နား အရင္သြားလိုက္သည္။

'' ခ်စ္ ဘယ္သူပါလာလဲ ၾကည့္ ''

အခန္းထဲဝင္ရင္း ကိုေစက ေျပာသည္။

'' ကေလးေရွ႕ အဲ့လိုမေခၚဖို႔ ခင္ဗ်ားကို ဘယ္ႏွခါ......အယ္ တိမ္တိုက္ ''

တိမ္တိုက္ကို ျမင္ေတာ့ ဝမ္းသာအားရျဖစ္သြားသည့္ လင္းေရာင္ရဲ႕ မ်က္ႏွာ။

'' ဟုတ္ ကိုလင္းေရာင္ မေတြ႕တာၾကာၿပီေနာ္ ''

လင္းေရာင္နား ကပ္သြားလိုက္သည္။ ကုတင္ေပၚမွ အမ်ိဴးသမီးကေတာ့ ေဆးရွိန္ျဖင့္ အိပ္ေပ်ာ္ေနသည္။

'' ပိန္သြားလိုက္တာ တိမ္တိုက္ရယ္ ေနမေကာင္းဘူးလား ''

'' ဟုတ္တယ္ ကိုလင္းေရာင္ ႏွလုံးနည္းနည္း မေကာင္းတာ ''

'' ျဖစ္ရေလကြာ ''

ထိုစဥ္..

'' ဘာ နည္းနည္းမေကာင္းတာလဲ။ မ်ားမ်ားမေကာင္းၿပီး ႏွစ္တိုင္း ေဆး႐ုံေရာက္ရတယ္ဆိုတဲ့ အေၾကာင္းထည့္ေျပာေလ တိမ္တိုက္ႀကိဳးရဲ႕ ''

'' ဦးေလး ''

'' ဟင္ ေဒါက္တာ ''

ေဒါက္တာထင္လင္းဝင္လာၿပီးေျပာေတာ့။ ကိုေစႏွင့္ တိမ္တိုက္ အသံ တစ္ၿပိဳင္တည္းထြက္သြားသည္။ ဦးေလးဟု ေခၚလိုက္ေသာ ကိုေစ့ကို တိမ္တိုက္ အံ့ဩသလို ၾကည့္ေတာ့

'' ေဒါက္တာထင္လင္း က ကိုေစ့ ဦးေလး ေလ ''

လင္းေရာင္က ဝင္ေျပာသည္။

ဪ မသိေစခ်င္လို႔ ေလွ်ာ့ေျပာခါမွ ဦးေလးတဲ့လား အင္းေလ အဆင္ေျပတာေပါ့။

'' ေစလြန္း ငါနဲ႕ ခနလိုက္ခဲ့ဦး ''

'' ဟုတ္ ''

ေဒါက္တာက ကိုေစ ကို ေခၚသြားသည္။ လင္းေရာင္ ေယာကၡမ အေၾကာင္း ေျပာမို႔ႏွင့္တူသည္။

အခန္းထဲတြင္ လင္းေရာင္၊ ပုၾကဴး နဲ႕ တိမ္တိုက္သာ က်န္ခဲ့သည္။

တိမ္တိုက္ ေမးခ်င္ေနသည္။ ဒီအေတာအတြင္း ခြန္းေရာက္လာေသးလား။ ခြန္းနဲ႕ေရာ အဆက္အသြယ္ ရွိလား။ သူေနေကာင္းလား။ စသည့္ ေမးခြန္းမ်ားစြာေမးခ်င္သည္။ ေမးရမွာလည္း ေၾကာက္ေနသည္။ ကိုလင္းေရာင္ သူ႕ကို တစ္မ်ိဴးထင္မွာလည္း စိုးရိမ္သည္။ အခန္းတြင္ Air Fresher နံ႕ေရာေသာ ေလထုမွာလည္း ၿငိမ္လ်က္။ ပုၾကဴးမွာလည္း ေဘးတြင္ ကုပ္ကုပ္ေလးထိုင္ကာ ဖုန္းၾကည့္ေနသည္။

ခ်ီတုန္ခ်တဳန္ျဖစ္ကာ မရွိတဲ့ လက္သည္းကို ကိုက္ေနမိသည္။

'' ေတာ္ေတာ္ မိုက္တာပဲ တိမ္တိုက္ရာ ႏွလုံးေရာဂါ ရွိေနတာကို ေကာ္ဖီခနခန လာေသာက္ရတယ္လို႔ ''

လင္းေရာင္က ေလသံခပ္ေအးေအးျဖင့္ စကားစေျပာသည္။

'' အဲ့ဒါ... ''

'' ခြန္းေတာင္ ရန္ကုန္ျပန္ေရာက္ေနတယ္ ၃ရက္ေလာက္ရွိၿပီ ''

ခြန္း ဆိုေသာ အသံၾကားလိုက္သည္ႏွင့္ တိမ္တိုက္ မ်က္လုံးလို႔ လက္ခနဲ ျဖစ္သြားေတာ့သည္။ လင္းေရာင္ဆက္ေျပာမည့္ စကားကို သာ ဆက္နားစြင့္ေနမိသည္။

'' ကိုယ္ျပန္ေခၚလိုက္တာ။ ေက်ာင္းေတြလည္း ေနာက္လဆိုဖြင့္ၿပီေလ။ ပုၾကဴးသူငယ္ခ်င္းေတြ အေတာ္မ်ားမ်ားလည္း ခြန္းနဲ႕ သင္မယ္ဆိုလို႔ လူစုၿပီးတာနဲ႕ လွမ္းေခၚလိုက္တာ။ သင္တာကေတာ့ ကိုယ္တို႔ အိမ္မွာပဲ သင္တာ။ အကုန္အဆင္ေျပတဲ့ပုံပါပဲ။ ေနလည္းေကာင္းတယ္ ''

တိမ္တိုက္ ေမးခ်င္ေနသည္မ်ားကို တစ္ခ်က္ခ်င္းေျဖေပးသြားေသာေၾကာင့္ တိမ္တိုက္ပင္ လန့္ခ်င္သြားသည္။ သူအဲ့သည့္ေလာက္ေတာင္ သိသာေနသည္လား။

'' ပထမက ကိုယ့္အိမ္မွာပဲ ေနလို႔ေျပာပါေသးတယ္ ေက်ာင္းဖြင့္ေတာ့မွ ေက်ာင္းကေပးတဲ့အေဆာင္ ျပန္ေျပာင္းလို႔...။ ဒါေပမယ့္ မင္း သိတဲ့အတိုင္း မင္းရဲ႕ ကိုယ္ေတာ္က နာမည္အတိုင္းကို မာနေတြ အျပည့္နဲ႕ ေမာင္ေလ။ ထုံးစံအတိုင္း လက္မခံဘူးေပါ့ အဲ့တာနဲ႕ အိမ္နားမွာ အခန္း တစ္ခန္း ကို သူမသိေအာင္ ပြဲစားနဲ႕ တစ္ဆင့္ ခ်ိတ္ေပးလိုက္ရေသးတယ္။ ''

သူ သိတာေပါ့ သူရဲ႕ ခ်စ္ရသူ ဘယ္ေလာက္ မာန ႀကီးသလဲ ဆိုတာ....

'' ဪ ဟုတ္ဟုတ္ ''

'' မင္းသိခ်င္မယ္ထင္လို႔ ေျပာျပတာပါ။ ''

'' ဟုတ္ ကိုလင္းေရာင္ ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္ အဆက္အသြယ္ ကလည္း ျပတ္သြားေတာ့ေလ ။ ကြၽန္ေတာ္လည္း ဘယ္သူ႕ သြားေမးရမွန္းမသိျဖစ္ေနတာ အဆင္ေျပတယ္ ဆိုတာသိရရင္ပဲ အဆင္ေျပပါတယ္ ''

'' ခြန္းကို အခ်ိန္ေပးနည္းနည္းေပးလိုက္ပါကြာ။ သူက ကိုယ္တို႔ထင္ထားတာထက္ အမာ႐ြတ္ေတြပိုမ်ားတယ္။ ေစာင့္ေပးလိုက္ပါ။ သူလည္း ႀကိဳးစားေနပါတယ္ ''

လင္းေရာင္ ေျပာလာေတာ့ တိမ္တိုက္ သိပ္နားမရွင္းခဲ့။ ခြန္းက ဘာကိုႀကိဳးစားေနတာလဲ။

တိမ္တိုက္အဖို႔ေတာ့ သူ႕အတြက္ဆို အခ်ိန္မွ မဟုတ္ဘူး ဘဝတစ္ခုလုံးဆိုလည္း ေပးရဲပါတယ္....

ေဒါက္တာႏွင့္ ကိုေစ တို႔ ျပန္ဝင္လာၾက၍ စကားကို လက္စသတ္လိုက္ေတာ့သည္။ လင္းေရာင္ကေတာ့ ႏွစ္သိမ့္ျခင္း မ်ားစြာပါေသာ မ်က္လုံးမ်ားႏွင့္ တိမ္တိုက္ကို တစ္ခ်က္ ၾကည့္ကာ ေခါင္းေလးအသာၿငိမ့္ျပ သည္။

ေဒါက္တာက မင္းသူငယ္ခ်င္း အခန္းထဲ မွာေစာင့္ေနတယ္ ဟုေျပာလာေတာ့မွ ရွန္မင္းကို သတိရသည္။ အခုခ်ိန္ေလာက္ဆို မ်က္ႏွာရွစ္ေခါက္ခ်ိဴးနဲ႕ သူ႕ကို ေစာင့္ႀကိဳေနေလာက္ၿပီ။ အသက္ခ်င္းအတူတူ လယ္ဗယ္ခ်င္း အတူတူကို သူ႕အား အထူးေၾကာက္ေနရသည္မွာ အလုပ္တစ္လုပ္ ။ တစ္ခါတေလ ေဒၚယုယၿမိဳင္ ထက္ပိုေၾကာက္ဖို႔ေတာင္ ေကာင္းေနေသးသည္။

အခန္းက တစ္ထပ္တည္း မွာမို႔ ေဝးေဝး ထပ္မေလွ်ာက္လိုက္ရ။ ၄ခန္းေက်ာ္ သူ႕အခန္းကိုေရာက္ေတာ့ မွန္းထားသည့္အတိုင္းပင္။ လက္ျဖတ္ထားေသာ တီရွပ္အနက္နဲ႕ ဂ်င္းနက္ကို ဝတ္ကာ စတိုင္က်က် ျဖင့္ မ်က္ေမွာင္ႀကီးႀကဳံ႕ကာ သူ႕ကို ေစာင့္ေနေသာ ရွန္မင္းခက္။

'' ဪ ေဒၚယုယၿမိဳင္ သားေလးေတာင္ ေရာက္လာပါေပါ့လား လူနာ လာေမးတာလား ''

'' ေျပာင္တာ နဖူးပဲေကာင္းတယ္ တိမ္တိုက္။ လူမမာက လူမမာလို မေနပဲ ဘယ္ေတြ ေလွ်ာက္သြားေနတာလဲ ''

'' ဦးထင္လင္း ခြင့္ျပဳလို႔ထြက္တာကြ မယုံရင္ မင္းသြားေမး ။ လူကိုမ်ား ဟိန္းလား ေဟာက္လားနဲ႕ မင္းေမြးထားတဲ့ သားမ်ားမွတ္ေနလား ''

'' ေအး ငါေမြးထားတဲ့သားဆိုလည္း မင္းမလြယ္ဘူး ''

'' ေတာ္ၿပီကြာ မွာတာပါလား ဗိုက္ဆာေနၿပီ ''

ေဘးမွာတင္ထားေသာ အထုတ္ႀကီးကို ျဖည္ကာ သူႀကိဳက္သည္မ်ားကို ေ႐ြးစားေနသည္။ ထို႔ေနာက္ ပလုပ္ပေလာင္းျဖင့္....

'' ေကာ္ဖီပါလား ''

'' ေရာ့ ''

လက္ထဲ တြင္ကိုင္ထားေသာ  ေကာ္ဖီဘူးအား ေပးလိုက္သည္။ ဘူး အေပၚက အဖုံးနဲ႕မို႔ အထဲတြင္ ဘာပါသည္ဆိုတာ မသိ။
တိမ္တိုက္တစ္ငုံ ေသာက္ၿပီး ရွန္မင္းအား မ်က္ေစာင္းျဖင့္ လွမ္းထိုးသည္။

'' ႏွမေပးးးငါ့ကို ဂ်င္းထည့္တယ္ ''

'' ဟားးးဟားးးး ''

ရွန္မင္းအားရပါးရရီသည္။ တကယ္ေတာ့ ဘူးထဲတြင္ ပါသည္မွာ ေကာ္ဖီမဟုတ္ အဆီထုတ္ထားသည့္ ႏြားနို႔မ်ားသာျဖစ္သည္။ ရွန္မင္းဆီက ေကာ္ဖီ အတိုက္ခံရတဲ့ေန႕ ဆိုရင္ ထီေျပးထိုးလိုက္မည္။

ဪ ထီေတာင္မွ ေပါက္နိုင္ေခ်ရွိေသး။

ရွန္မင္းရွိေနတုန္း ကိုေစလြန္းညို တို႔သားအဖေတြ သူတို႔ျပန္ေတာ့မည့္အေၾကာင္း ဝင္လာၿပီးႏႈတ္ဆက္ေသးသည္။

ရွန္မင္းက သူတို႔ကို သိသည္ဟုေျပာသည္။ Facebook ေပၚတြင္ သူတို႔ သားအဖေတြအေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေတြ႕ဖူးသည္။ အဲ့ထဲက လင္းအလၤကာေရာင္ ဆိုေသာ အမ်ိဴးသားမွာ ကိုယ္တိုင္ ကိုယ္ဝန္ေဆာင္၍ ပုၾကဴးေလးအားေမြးခဲ့သည့္အေၾကာင္းပါေျပာျပသည္။

'' ေယာက်ာ္း ေလးက ကေလးေမြးလို႔ရလို႔လား ''

'' တုံးရန္ေကာ တိမ္တိုက္ရယ္ အရာရာ တိုးတက္ေနတဲ့ ဒီေခါတ္မွာ မရဘူး ဆိုတာ မရွိဘူး ခက္ခဲတာပဲ ရွိတာ သူတို႔ေတာင္ အေတာ္ေလး ႀကိဳးစားလိုက္ရတယ္ေျပာတယ္ ''

ရွန္မင္းေျပာၿပီးေတာ့ တိမ္တိုက္ သူ႕ဗိုက္ေလးကို သူကိုင္ကာ
'' ငါေရာ ကေလးေမြးနိုင္လား '' ဟု ေတြးမိလိုက္သည္။

ဟမ္...ငါဘာေတြေတြးေနတာလဲ ။ ငါက ဘယ္သူ႕ကေလးကို ေမြးရမွာလဲ ။

ညေနေစာင္းေတာ့ ညစာေတြဘာေတြ မွာေပးၿပီး ရွန္မင္းျပန္သြားသည္။
ခါတိုင္း ညအိပ္ေပးေလ့ရွိေသာ္လည္း သည္ေန႕ သူရဲ႕ ရည္းစားေကာင္ေလး အသစ္ birthday party ရွိ၍ မနက္မွ ျပန္လာခဲ့မည္ဟု ေျပာသြားသည္။

ဒီတစ္ေခါက္ေကာင္ေလးကေတာ့ တိမ္တိုက္လည္း မသိ။ ေဆးေက်ာင္းက ဆိုတာပဲ သိသည္။ နာမည္လည္း မသိ။

ကိုယ္သာ ရည္းစား မရွိတာ ကိုယ့္သူငယ္ခ်င္းက ေဟာတစ္ေယာက္ ေဟာတစ္ေယာက္နဲ႕ ရည္းစားနဲ႕ လက္နဲ႕ မျပတ္။

ေတာင္! !

ေဆးေသာက္ၿပီးၿပီလား

တိမ္တိုက္ ထမင္းစားၿပီး ေဆးေသာက္ရန္ ေရထယူေနစဥ္ ရွန္မင္းဆီမွ စာဝင္လာသည္။ ေနာက္မွ စာျပန္မည္ ဟုေတြးကာ ေဆးအရင္ေသာက္လိုက္သည္။

My heart is stereo It's beat for you so listen close .Here my though and every not Oh. .oh. ..

'' ဘာလဲ ေျပာ ''

'' ေဆးေသာက္ၿပီးၿပီလား ''

'' ေအး ''

'' ဘာလို႔ စာမျပန္တာ လဲ ''

'' အဲ့တာငါ့ေစာက္ေၾကာင္းေလ။ ဒါနဲ႕ ေဟ့ေကာင္ ေကာင္ေလးကို ညင္သာေနာ္ ေတာ္ၾကာ အန္တီခိုင္ တစ္ပတ္လုံး ဆန္ျပဳတ္ ျပဳတ္ေပးေနရမယ္ ဟားးး ကိုယ့္အေမကိုယ္ တျခားနည္းနဲ႕ ႏွိပ္စက္လည္းရပါတယ္ကြာ ''

အခြင့္ႀကဳံတုန္း အၿပီ သိပ္သည္။ မိန္းကေလးနဲ႕တြဲရင္ ဘာျပသာနာမွ မျဖစ္။ ေယာက်ာ္း ေလးနဲ႕မ်ားတြဲမိရင္ ဆန္ျပဳတ္က ရွယ္ျပဳတ္ရသည္။သူ႕အေမ အန္တီခိုင္ အိမ္ေရာက္လာလွ်င္ သူ႕သား ျပဳတ္ခိုင္းေသာ ဆန္ျပဳတ္ ကို တိမ္တိုက္ပါေသာက္ ရေအာင္ဆိုၿပီး ဒီဘက္ သယ္သယ္လာေပးတတ္ေသး သည္။

Play Boy ဆိုေပမယ့္ သူ႕စည္းနဲ႕ သူေတာ့ ျဖစ္သည္။ ပစ္စလက္ခတ္ေတာ့ ဘယ္ေတာ့မွ မလုပ္။ ႏွစ္ဦးသေဘာတူမွသာ ေရွ႕ဆက္ျဖစ္ၾကသည္။ မည္သူ႕ကိုမွ အတင္းအဓမၼ မဟုတ္ေပ။ ထို႔ျပင္ သူ႕ဇာတ္လည္း သူနိုင္ေအာင္ ကနိုင္သည္။ မနိုင္တာဆို၍ ျမပိုးပန္းခ်ီ နဲ႕တုန္းက တစ္ခါပင္ျဖစ္လိမ့္မည္။ ရွန္မင္းျပန္ေျပာျပတုန္းကဆို ရီလိုက္ရတာ အူပါတက္သည္။ သူေျပာေသာ ေကာင္ေလးကိုလည္း ေတြ႕ဖူးခ်င္ေသးသည္။

ေဆးေသာက္ၿပီးေတာ့ အိမ္မွ သယ္လာေသာ စာအုပ္ေတြထဲမွ... ဆရာမဂ်ဴးရဲ႕ မိန္းမတစ္ေယာက္ရဲ႕ ဖြင့္ဟဝန္ခံခ်က္ စာအုပ္ကို ထုတ္ၿပီး ကုတင္ေပၚ တက္ကာ လွဲရင္း ဖတ္သည္။ ခနၾကာေတာ့ မ်က္စိေညာင္းလာကာ စာအုပ္ေလးရင္ဘတ္ေပၚတင္ရင္း ေမွးကနဲ အိပ္ေပ်ာ္သြားသည္။ အခ်ိန္အားျဖင့္ ၇နာရီခွဲ ၈နာရီ ေလာက္ပင္ ရွိေသးသည္။

သတိရွိတစ္ခ်က္ မရွိတစ္ခ်က္ျဖင့္ ေမွးေနတုန္း တစ္စုံတစ္ေယာက္ က သူ႕အား စိုက္ၾကည့္ေနသလို ခံစားရသည္။ မ်က္လုံးကို ျဖည္းျဖည္း ခ်င္း ဖြင့္ၾကည့္မိေတာ့ သူ႕ေဘးတြင္ သူ႕အား စိုက္ၾကည့္ေနေသာ မ်က္ဝန္းတစ္စုံနဲ႕ ဆုံသည္။ နာရီၾကည့္ေတာ့၉နာရီေလာက္ရွိေနၿပီျဖစ္သည္။

သည္မ်က္ဝန္းမ်ိဴးႏွင့္ သူႀကဳံဖူးသည္။ ဗိုက္ဆာေနသည္ကို မေျပာပဲ ငါးေကြၽးသည့္ ေပါင္မုန့္ေတြ စားခဲ့တုန္းက သူ႕အား ၾကည့္ေနခဲ့ေသာ မ်က္ဝန္းမ်ိဴး ျဖစ္သည္။

ခြန္း....

သူ႕အား စိုက္ၾကည့္ေနသူက ခြန္း ။ အခ်ိန္အေတာ္အၾကာ အဆက္အသြယ္ ျပတ္သြားေသာ သူ၏ ခ်စ္ေသာ။

ဟုတ္ပါ့မလား ဟူေသာစိတ္ျဖင့္ မ်က္လုံးအား လက္ေလး တစ္ဖက္ျဖင့္ အသာပြတ္ၿပီး ျပန္ၾကည့္လိုက္ေသးသည္။

ဟုတ္ပါတယ္ ခြန္းမာနေမာင္ပါ။ ဘယ္လိုေရာက္လာတာပါလိမ့္။

'' ကိုယ့္ေၾကာင့္ နိုးသြားလားတိမ္တိုက္ ''

ဒါဘယ္ေလာက္ေတာင္ လြမ္းလိုက္ရတဲ့ အသံလဲ။ မၾကားရတာ ဘယ္ေလာက္ၾကာၿပီလဲ ။

'' အီးး ဟင့္..အီးး..ဟီးး...အီးးး...ဟင့္.. ''

႐ုတ္တရက္ထငိုေသာ တိမ္တိုက္ႀကိဳး။
ဘာတစ္ခုမွ မစဥ္းစားမိခင္ ခြန္းအသံၾကားလိုက္ကာ
တိမ္တိုက္စိတ္ထဲတြင္ ငိုခ်င္သည္ကလြဲ၍ ဘာမွ မရွိ။

'' ဟင္...တိမ္တိုက္...ဘာျဖစ္လို႔လဲ ''

ခြန္းလည္း လန့္သြားၿပီး တိမ္တိုက္ ပုခုံးေလး အသာလႈပ္ကိုင္ကာ ေခ်ာ့သံ ျဖင့္ ေမးသည္။

'' အီးးး ဟင့္..အီးး..ဟီးး...ဟင့္...႐ႊတ္..''

ခြန္းေျပာေလ ပိုငိုေလ ျဖစ္ေနေတာ့သည္။

ခြန္းဘယ္လိုေမးေမး ျပန္မေျဖပဲ ငိုသာငိုေနသည္။ ၅ မိနစ္ေလာက္ မနားပဲ ငိုေနေသာတိမ္တိုက္။

တိမ္တိုက္အစား ေမာလိုက္တာ။

ထို႔ေနာက္

'' တိမ္တိုက္ႀကိဳး! ! ''

ခြန္း အသံ ဟိန္းခနဲ ထြက္လာသည္။

ထိုအခါမွ တိမ္တိုက္လည္း လန့္သြားၿပီး ငိုေနတာကို တုန့္ခနဲရပ္လိုက္သည္။

'' ဟင့္ ''

ရွိုက္သံ တစ္ခ်က္ျပဳလိုက္ၿပီး ခြန္းကို မ်က္ရည္မ်ားျဖင့္ စိုစြတ္ေနေသာ မ်က္လုံးဝိုင္းေလးမ်ားႏွင့္ ၾကည့္သည္။ ထို႔ေနာက္ ငိုမဲ့မဲ့ထပ္ျဖစ္လာသည္။ သူငိုေနတာကို မာန္၍ ပိုပင္ ငိုခ်င္သြားသည္။

'' မဟုတ္ဘူး ကိုယ္က မင္းပင္ပန္းမွာစိုးလို႔။ မငိုနဲ႕ေတာ့ေနာ္ ေခါင္းကိုက္လိမ့္မယ္
အခု ဘာျဖစ္လဲ ကိုယ့္ကိုေျပာ ''

ေစာေစာက ဟိန္းထြက္လာသည္မွာ သူ႕အသံ မဟုတ္သည့္အတိုင္း ႏူးညံ့ေပ်ာ့ေပ်ာင္းသြားလိုက္တာ။

ခြန္းတစ္ေယာက္ ဘာျဖစ္လဲ ေမးၿပီးတာနဲ႕ ထငိုေသာ သူ႕အသည္းအသက္ေလးေၾကာင့္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ။

ငိုေနတာေတာ့ တိမ္တိုက္ပင္။ သို႔ပင္မယ့္ ခြန္းရင္ထဲ မခ်ိမဆန့္ ပူေလာင္ရသည္။

အငိုမွာ ေတာ္ေတာ္နဲ႕ မတိတ္။ ပူေလာင္ေသာ ႏြေညမွာ သည္ေလာက္ငိုေနရင္ ေခါင္းကိုက္လို႔ ခံနိုင္မွာမဟုတ္။ ခႏၶာ ကိုယ္မွာလည္း ေခြးပစ္သည့္တုတ္ေလာက္သာက်န္ေတာ့သည္။ ဒီထက္ပိုပင္ပန္းလို႔မျဖစ္။ ေနာက္ဆုံးႀကံရာမရကာ ထမာန္လိုက္ျခင္းျဖစ္သည္။ သို႔မွသာ လန့္ၿပီး တိတ္သြားမည္ဟု တြက္လိုက္သည္။

သူတြက္တာ မွန္သည္။ တိမ္တိုက္လန့္သြားသည္။ ျပန္ေခ်ာ့ရမည္။
တိမ္တိုက္ နဖူးမွ ဆံပင္ေလးေတြအား အသာသပ္ရင္း

'' ဘာျဖစ္လဲ လို႔ ကိုယ္ေမးေနတယ္ေလ တိမ္တိုက္ရဲ႕ ဘယ္ေနရာက နာလို႔ ဒီေလာက္ငိုေနရတာလဲ ''

ဒီေနရာေပါ့ဟု ရင္ဘက္ကို ထိုးျပလိုက္ခ်င္သည္။ဪ မျဖစ္ေသးပါဘူးေလ။

'' ဘယ္ေနရာမွ မနာပါဘူး ဒီတိုင္း ငိုခ်င္လာလို႔ ငိုခ်ပလိုက္တာ ဟီးဟီးး ''

'' ေဟာဗ်ာ ကိုယ္ျဖင့္ လန့္သြားတာပဲ တိမ္တိုက္ရာ ။ မင္းေတာ္ေတာ္ဆိုး ''

ဆံပင္မ်ားကို သပ္ေနရင္း နဖူးကို ခပ္ဖြဖြ ေတာက္လိုက္ေသးသည္။

'' ဟီးဟီးး ''

ခုက်ျပန္ေတာ့လည္း စပ္ၿဖဲၿဖဲ ရီေနျပန္ေရာ ။ တကယ္ကို နားလည္ရခက္ေသာေကာင္ေလးပါပဲလား။

'' ကိုခြန္း ဘာလို႔ေပ်ာက္သြားတာလဲ ဟင္ ကြၽန္ေတာ္မ်ားတစ္ခုခု အမွား လုပ္မိလို႔လား ''

တိမ္တိုက္ အလြန္သိခ်င္ေနေသာ ေမးခြန္းကိုေမးလိုက္သည္။

'' ဒီလိုပါပဲ ကိုယ္ကိစၥေလးေတြ ရွိေနလို႔ ''

'' ဪ ''

အခန္းတြင္း နည္းနည္းျပန္ၿငိမ္သြားျပန္သည္။ တိမ္တိုက္ကပဲ စကားျပန္စဖို႔ႀကိဳးစားသည္။

'' ေန႕လည္ကေတာင္ ပုၾကဴးေလးတို႔နဲ႕ေတြ႕ေသးတယ္ သိလား ကိုခြန္း ။ ပုၾကဴးေလးကို ဂိုက္ျပန္ျပဖို႔ေရာက္ေနတယ္လို႔ေတာင္ ေျပာသြားေသးတယ္ အဲ့ဒါ ကြၽန္ေတာ္ေတာင္ ေဆး႐ုံကဆင္းရင္ လာေတြ႕မလို႔ေတြးေနတာ ''

'' အင္း ''

'' ကြၽန္ေတာ္ဒီမွာလို႔ ကိုလင္းေရာင္ ေျပာလိုက္တာလား ''

သူ႕ကိုေျပာသည္မွာ လင္းေရာင္မဟုတ္ ။ ကိုေစျဖစ္သည္။
ကိုေစ ေျပာျပေသာ အေၾကာင္းမ်ား နားထဲ ျပန္ဝင္လာရင္း ခြန္းမ်က္ႏွာပိုတင္းသြားသည္။
.....................

Flash back

စာသင္ဖို႔ ပုၾကဴးတို႔အိမ္သြားေတာ့ တစ္မိသားစုလုံး ေဆး႐ုံသြားၾကသည္ဟု အိမ္အကူေကာင္မေလးမွ ေျပာသည္။ အမွီျပန္လာမည္ ေစာင့္ေနပါဟုလည္း မွာသြားေသးသည္တဲ့။

ၿခံထဲရွိ ဒန္းေပၚတြင္ ထိုင္ကာ စာအုပ္တစ္အုပ္ကို ထုတ္  ဖတ္ရင္း ေစာင့္သည္။ မၾကာမီ ပုၾကဴးတို႔ကားေလး ၿခံထဲသို႔ဝင္လာၿပီး အိမ္၏ ဆင္ဝင္ေအာက္တြင္ ရပ္သြားသည္။ ပုၾကဴးေလး ခြန္းဆီ အရင္ဆင္းေျပးလာသည္။

'' ဆရာ ဆရာ ကိုကို တိမ္ႀကိဳးကို ေတြ႕ခဲ့တယ္သိလား ''

ဝမ္းသာအားရ ျဖင့္ ေျပာသည္။

'' ဒါေပမယ့္ေလ ကိုကိုတိမ္ႀကိဳးက ေသးေသးေလးပဲ ရွိေတာ့တယ္ ၿပီးေတာ့ ေဆး႐ုံက လူနာေတြဝတ္တဲ့ ဝတ္စုံႀကီးလည္း ဝတ္ထားေသးတယ္ သိလား ''

ခ်က္ခ်င္းေလသံေလးမွာ ေျပာင္းသြားၿပီး တိမ္တိုက္ကို သနားသလိုေလး ေျပာေနသည္။ ခြန္းဆီမွာေတာ့ စိုးရိမ္စိတ္မ်ား တျဖည္းျဖည္း ဝင္ေရာက္လာေနၿပီ ျဖစ္သည္။

အဆက္အသြယ္ျဖတ္ထားခဲ့ေသာ ကာလတစ္ေလွ်ာက္လုံး တိမ္တိုက္သတင္း အစအနေတာင္ သူမစုံစမ္းခဲ့။ ယခု ပထမဆုံး ၾကားရသည့္ သတင္းက နားေထာင္လို႔မေကာင္း။

'' ပုၾကဴး သြား ေရသြားခ်ိဴးေတာ့ ဟိုမွာ မင္းပါးပါး ေစာင့္ေနၿပီ ''

ကိုေစ ေနာက္ကေရာက္လာၿပီးဝင္ေျပာသည္။ ပုၾကဴးလည္း အိမ္ထဲသို႔ ဝင္သြားၿပီး ကိုေစက ခြန္းနား ဝင္ထိုင္သည္။

'' ဟို..ကိုေစ....ဘာမွ မဟုတ္ေတာ့ဘူး ''

ေမးမယ္ ႀကံၿပီးမွ မသင့္ေတာ္ဘူးဟု ေတြးလိုက္မိသည္။

ဪ ဒီကေလးႏွယ္ ေမးစရာရွိမေမးဘူး။ မာနက ခံေနေသးတယ္။

ေစလြန္းညို က မေနနိုင္ေတာ့ပဲ။

'' အင္း ကိုယ္တို႔ တိမ္တိုက္ကို ေဆး႐ုံမွာ ေတြ႕ခဲ့တယ္။ သူ ေဆး႐ုံတက္ေနရတယ္ ခြန္း ''

'' ဗ်ာ ''

အစကေတြးထားမိေသာ္လည္း ေသခ်ာၾကားလိုက္ရ၍ ခြန္းမ်က္ႏွာ ပ်က္သြားသည္။

'' တိမ္တိုက္ႀကိဳး မွာ ေမြးရာပါ ႏွလုံးေရာဂါ ရွိတာ သိလား ''

'' ဗ်ာ!! ''

ခြန္း ဝုန္းခနဲ ထရပ္မိသည္။ ဒါေတာ့ သူမေတြးထားမိ။ တကယ္ကို လန့္သြားတာျဖစ္သည္။ ဒါေတြ သူဘာလို႔မသိခဲ့ရတာလဲ။

ထို႔ေနာက္ ၿပီးခဲ့တဲ့ ႏြေဦးက အျဖစ္အပ်က္မ်ား တစ္ခုခ်င္းျပန္ေပၚလာသည္။ အေမာမခံနိုင္ေသာ တိမ္တိုက္။ စလိုက္သည္ကို ေခြၽးမ်ားျပန္သည္အထိ လန့္သြားေသာ တိမ္တိုက္။ သို႔ေလာ သို႔ေလာ အေၾကာင္းအရာမ်ား ျပန္ဝင္လာသည္။

'' ဒါ သူေျပာျပတာမဟုတ္ဘူး သူ႕ကို ကုေပးေနက် ဆရာဝန္က ကိုယ့္ဦးေလး။ ဒီေန႕မွ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕ၾကလို႔ ေျပာျပလိုက္တာ ကိုယ္သိတယ္ဆိုတာေတာင္ တိမ္တိုက္မသိေသးဘူး။ သူက ဒီတိုင္း ႏွလုံးနည္းနည္းမေကာင္းတာလို႔ပဲ ကိုယ္တို႔ကို ေျပာထားတာ ''

'' ကြၽန္ေတာ္ဒီတစ္ရက္ ခြင့္ယူလို႔ရမလား ေနာက္ေန႕မွ ႏွစ္ခ်ိန္ေပါင္းသင္ေပးပါ့မယ္ ''

ခြန္းအသံမွာ တည္တည္ၿငိမ္ၿငိမ္ ပင္။ လက္သီးမ်ားေတာ့ဆုပ္ထားသည္ကို ထိုင္ေနေသာ ကိုေစ ျမင္ေနရသည္။

'' %^@& ႏွလုံးႏွင့္ ေက်ာက္ကပ္ အထူးကုေဆး႐ုံ။ အခန္းနံပါတ္ #%^&& ''

'' ေက်းဇူးပါကိုေစ ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦး''

ခြန္းလည္း ဘာမွ ေသခ်ာမေတြးေတာ့ပဲ အေဆာင္ျပန္ကာ ပိုက္ဆံအိတ္ယူၿပီး ကားငွားကာ ကိုေစေျပာေသာ ေဆး႐ုံသို႔ေမာင္းလာခဲ့သည္။ အခ်ိန္ကား ၅နာရီ ဝန္းက်င္ေလာက္သာ ရွိေသးသည္။

ေဆး႐ုံဝေရာက္မွ အထဲ ဝင္ရန္ စဥ္းစားရေတာ့သည္။ ဒီေလာက္အဆက္အသြယ္ျဖတ္ထားခဲ့ၿပီးမွ ျပန္ေတြ႕ရတာ ေကာင္းပါ့မလား။
အမ်ိဴးမ်ိဴးေတြးကာ ဝင္ရန္ မဝင္ရန္ ဆုံးျဖတ္ေနရင္း ေနပင္ဝင္သြားသည္။ ခြန္းမွာ ခုထိ အထဲမေရာက္ေသး ေဆး႐ုံ ပန္းၿခံ ေသးေသးေလးထဲတြင္ ထိုင္စဥ္းစားေနတုန္း။

၈နာရီ ခြဲေက်ာ္ေတာ့ ခြန္း ဝင္ေတြ႕ရန္ဆုံးျဖတ္လိုက္သည္။ အခန္းတံခါးမွာ ေလာ့မခ်ထားပဲ ရွိသည္။ အသာေလးတြန္းဟဖြင့္ကာ ဝင္သြားေတာ့။ သူ႕တိမ္တိုက္ေလးမွာ ညိုးႏြမ္းလ်က္ မ်က္ႏွာမွာလည္း ျဖဴေရာ္ေနကာ နဂိုကတည္းက မဝေသာ ခႏၶာကိုယ္မွာ ပို၍ ပိန္သြားသည္။ စာဖတ္ရင္းအိပ္ေပ်ာ္ေနပုံပင္။ ရင္ဘတ္ေပၚစာအုပ္ေလး ထပ္လ်က္ အိပ္ေပ်ာ္ေနသည္။

မႏွိုးရက္တာမို႔ သည္တိုင္းေလးသာ ဝေအာင္ၾကည့္ၿပီး ျပန္သြားရန္ ဆုံးျဖတ္လိုက္သည္။ သို႔ေသာ္ အဲ့အခ်ိန္မွာ နိုးလာၿပီ ထငိုပါေတာ့သည္။

..................

တိမ္တိုက္ စိတ္ထဲ သည္သားအဖေတြ ခြန္းကို ေျပာျပလိမ့္မည္ လို႔ေတာ့ေတြး ခဲ့မိေသးသည္။ သို႔ေသာ္ ဒီေလာက္ ျမန္ျမန္ဆန္ဆန္ ခြန္းေရာက္လာလိမ့္မယ္လို႔ေတာ့ မထင္ခဲ့။

'' ကိုခြန္း ကြၽန္ေတာ္ေမးေနတယ္ေလ ''

ၿငိမ္သြားေသာ ခြန္း ကို တိမ္တိုက္ အသံထပ္ျပဳရသည္။

'' မင္းမွာ ႏွလုံးေရာဂါရွိတာ ဘာလို႔ ကိုယ့္ကို မေျပာခဲ့တာလဲ တိမ္တိုက္ ''

စိတ္ဆိုးေနၿပီ ။ ခြန္းစိတ္ဆိုးေနၿပီ။ သည္ေလသံကို မွတ္မိသည္။ ထမင္းဆိုင္မွာ သူ႕ကိုဘာလို႔လိမ္တာလဲ ဟု ေမးတုန္းက အသံမ်ိဴး။

'' ကြၽန္ေတာ္ က....''

'' က်စ္ ဒါေတာင္ မင္းက ေန႕တိုင္းနီးပါး ကိုယ္နဲ႕ ေကာ္ဖီလိုက္ေသာက္ေသးတာ ''

ရွန္မင္းဘာလို႔ တိမ္တိုက္ကို ေကာ္ဖီမတိုက္လဲ ခုမွ ေတြးမိေတာ့သည္။ ယခုသူက ရွန္မင္း ေလာက္ေတာင္ တိမ္တိုက္ကို မသိေသာ သူျဖစ္ေနသည္။

တိမ္တိုက္ ဆိုေသာ...သည္အရာေလးကို ကႀကီးကေနအ အထိ အကုန္သိခ်င္သည္။

'' မဟုတ္ဘူး ကိုခြန္း ကြၽန္ေတာ္... ''

ေစာေစာက ေခ်ာ့ေနသူက ခြန္းေပါ့ ။ အခုေတာ့ တိမ္တိုက္က ေခ်ာ့ေနသူ ျဖစ္ေနၿပီ။

မည္သို႔ပင္ျဖစ္ေစ သည္လူသားစိတ္ေက်နပ္သည္အထိ ေခ်ာ့ရမွာ သူ႕တာဝန္ျဖစ္သည္။

'' ေျပာ ကိုယ္မသိတာ မင္းမွာ ဘာရွိေသးလဲ ။ သူမ်ားေျပာမွ ကိုယ့္ကို သိခြင့္ေပးဖို႔မ်ား စဥ္းစားထားသလား ''

သည္အေျခအေနကို တိမ္တိုက္လည္း နားမလည္ေတာ့။

ဘာမွ မဆိုင္ေသာ လူႏွစ္ေယာက္ၾကားတြင္ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ဂဃနဏ သိစရာလိုသလား။ ေမးလိုက္ခ်င္ေသာ္လည္း အေျခအေနမွာ ပိုဆိုးသြားနိုင္သည္။

'' အဲ့လိုမဟုတ္ပါဘူး ကိုခြန္းရယ္ ''

'' ေတာ္ၿပီ မင္းနားေတာ့ အိပ္ခ်ိန္ေရာက္ေနၿပီ။ ကိုယ္ျပန္ေတာ့မယ္ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ ''

ေျပာခ်င္တာေျပာၿပီး ထထြက္သြားေသာ ခြန္း။
လူကို စိတ္ကသိကေအာက္ျဖစ္ေအာင္ တန္းလန္းႀကီး ထားသြားသည္။ ဒီစိတ္နဲ႕ဘယ္လိုအိပ္ရပါ့မလဲ ေမာင္ ရယ္ ။

အျပင္ေရာက္သည္ႏွင့္ ခြန္းရဲ႕လက္သီးတို႔က ေဆး႐ုံရဲ႕ အုတ္နံရံဆီသို႔....
ဘယ္သူ႕ကိုမွ စိတ္တို၍ မဟုတ္။ ကိုယ့္ကိုယ္ကို ေဒါသထြက္၍ ျဖစ္သည္။

သည္လူသားေလးႏွင့္ပတ္သက္လာလွ်င္ သူသာ အရာရာ ျဖစ္ခ်င္မိသည္။
တိမ္တိုက္ရဲ႕ ပထမဆုံး ေသာအေၾကာင္းအရာမ်ားကို သူသာ အရင္ဆုံးသိခ်င္သည္။ တိမ္တိုက္ ေနမေကာင္းသည္မွ အစ ခလုတ္ေလးတိုက္မိသည္ကအဆုံး သူသာ အရင္သိခ်င္သည္။ ဘယ္ကေနေပၚလာမွန္းမသိေသာ ခြန္း၏ အတၱတို႔ တိမ္တိုက္အေပၚ သက္ေရာက္ေစေတာ့မည္လား။

ယခုလည္း သူ႕ကိုသူ အားမရ။ ေဒါသျဖစ္ေနရသည္။ ေနမေကာင္းသည့္လူနာကို ေျပာခ်င္တာေျပာၿပီး သည္တိုင္းထြက္လာမိေသာ ကိုယ့္ကိုယ္ကို သတ္ပစ္ခ်င္ေလာက္ေအာင္ကို မုန္းေနသည္။

ဘာလဲကြာ ဒီခံစားခ်က္က ေတာက္စ္.....

18.3.2022

Continue Reading

You'll Also Like

11.1K 870 7
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
43.4K 4.1K 133
acc ထဲမှာ 1 ရှိပါတယ်
471K 42.1K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း