ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...

Από Juliexin__

1.9M 332K 9.6K

I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... Περισσότερα

Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး

*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း

9.3K 1.6K 96
Από Juliexin__

"ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ကျွန်တော်ထိန်းချုပ်ကြည့်လို့ရမလားမသိဘူး..ဟို.. ကျွန်တော်ပြောချင်တာက.. ကျွန်တော်က ခေါင်းထဲမှာ တစ်ခုခုကို စဥ်းစားလိုက်တာနဲ့ သူက ကျွန်တော့်အတွက် လုပ်ပေးလိမ့်မယ်ထင်တယ်"

ရုန်ယိ သူ့ခန္ဓာကိုယ်က ဆံပင်အရှည်ပြောင်းလိုက်ကာ သူတို့အဝတ်အစားတွေ ဝတ်ဆင်ထားတာကို တွေးကြည့်လိုက်မိသည်။ ယင်ကျင်းရဲ့က သူ့ခန္ဓာကိုယ်က ဒီအဝတ်အစားတွေ ဒီဆံပင်ပုံတွေနဲ့ ကြည့်ရတာ ထူးဆန်းနေတယ်ဟု တစ်ခါပြောဖူးလေသည်။ ဒါကြောင့်သာ သူ့ခန္ဓာကိုယ်က ယင်ကျင်းရဲ့ရဲ့ အကြိုက်ကို လိုက်ပြီး ပြောင်းလဲလိုက်တာ ဖြစ်ပေလိမ့်မည်။

ယင်ကျင်းရဲ့လည်း ဒီဖြစ်နိုင်ချေကို တွေးမိတာကြောင့်
"လျှို့ဝှက်ဂူလမ်းကြောင်းထဲမှာ မင်းခန္ဓာကိုယ်ကို တွေ့ခဲ့တုန်းက မင်းရဲ့ဝိညာဥ် ဒါမှမဟုတ် အသိစိတ်တစ်ပိုင်းတစ်စကို အမှုမှတ်အမှတ်မဲ့နဲ့ မင်းခန္ဓာကိုယ်ထဲကို လွှဲပြောင်းခဲ့မိတာဖြစ်လိမ့်မယ်.. ဒါကြောင့်သာ သူ့မှာ ဒီလိုလှုပ်ရှားနိုင်တဲ့ အသိစိတ်ရှိနေတာ"

"ဒါပေမဲ့ အကယ်၍ သူသာ ကျွန်တော် တွေးတောနေတဲ့အတိုင်း လိုက်လုပ်တယ်ဆိုရင် ကျွန်တော်တို့ သူ့ကို ဒီလောက်ခက်ခက်ခဲခဲ လိုက်ရှာဖမ်းနေစရာမလိုသလို သူလည်း ကျွန်တော်တို့ဆီကနေ ပုန်းကွယ်နေစရာမလိုဘူးလေ"

ယင်ကျင်းရဲ့က ခဏလောက်တွေးကြည့်ပြီး ပြန်ပြောလိုက်သည်။
"ကြည့်ရတာ မင်းခန္ဓာကိုယ်ထဲကို ပြန်သွားချင်တဲ့ မင်းရဲ့ ဆန္ဒက ခိုင်မာမှုမရှိသေးတာကြောင့်နေမှာပေါ့.. သူက မင်း စိတ်ရဲ့အနက်ရှိုင်းဆုံးနေရာက အတွေးတွေအရ ကိုယ်တို့ဆီကနေ ပုန်းကွယ်နေတာဘဲဖြစ်လိမ့်မယ်"

သူပြောတာ မှန်လေသည်။ ရုန်ယိမှာ စိတ်ထဲ၌ တစ်ကယ့်ကို ဝိရောဓိဖြစ်နေမိသည်။ သူ သူ့ခန္ဓာကိုယ်ထဲကို ပြန်သွားချင်ပေမဲ့ တစ်ချိန်တည်းမှာဘဲ သူ့မျက်စိရှေ့က အရာအားလုံးကို ဆုံးရှုံးသွားရပြီး ကလေးတွေက သူ့ကို လုံးဝမမှတ်မိတော့မှာကို ကြောက်နေမိ၏။

"သူ့ကို အရင်ဖမ်းရအောင်.. သူ့ကို ဖမ်းလို့မမိဘူးဆိုမှဘဲ ကျွန်တော့်အတွေးတွေနဲ့ သူ့ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်လို့ရမလားလို့ လုပ်ကြည့်လိုက်မယ်"

"အင်း.. ကိုယ့်လူတွေ ပြင်ဆင်ပြီးသွားလောက်ပြီ"
ယင်ကျင်းရဲ့က ရုန်ယိကို သူတို့ အစောက ရုန်ယိခန္ဓာကိုယ်နဲ့ တွေ့ခဲ့တဲ့လမ်းကို ပြန်ခေါ်သွား၏။

ကျင့်ကြံသူတွေမှာ ရုန်ယိခန္ဓာကိုယ်နောက်ကို အပူတပြင်းနဲ့ ကောက်ကောက်ပါအောင် လိုက်ဖမ်းနေကြတုန်းဖြစ်လေသည်။

ရုန်ယိခန္ဓာကိုယ်က ဝိညာဥ်မရှိတာကြောင့်ဖြစ်ပေလိမ့်မည်.. သူက ကြောက်ရကောင်းမှန်းလည်းမသိသလို အဖမ်းခံရမှာကိုလည်း စိုးရိမ်နေခြင်းမရှိဘဲ တစ်ဆိုင်ပြီး တစ်ဆိုင်ကနေသာ ပစ္စည်းတွေလိုက်ယူနေလေသည်။ သူ နောက်ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်တဲ့အချိန်မှာဘဲ စည်းတစ်ခုက ရုန်ယိခန္ဓာကိုယ် ပတ်ပတ်လည်မှာ ဖြစ်ပေါ်လာပြီး.သူ့ကို ပိတ်ထားလိုက်၏။

သူ့နောက်ကို လိုက်ဖမ်းနေကြတဲ့ ကျင့်ကြံသူတွေမှာ စတင်ရယ်မောလာကြကာ ပြောလာသည်။
"ဒီတစ်ကြိမ်တော့.. မင်း ငါတို့လက်ထဲကို ရောက်လာပြီကွ"

ရုန်ယိခန္ဓာကိုယ်က လက်ချောင်းလေးတစ်ချောင်းနဲ့ စည်းကို ထိကြည့်လိုက်တဲ့အခါ စည်းက ပြန်ကန်ထွက်သွားစေလေသည်။

အပြင်ဘက်က ကျင့်ကြံသူတွေလည်း အထဲကို ဝင်မရချေ။

ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။
"ဒီအစီအရင်ကို ဘယ်သူလုပ်ထားတာလဲ.. ဖွင့်လိုက်လေ... ပြိ်းရင် ကျုပ်တို့ သူ့ကို ဖမ်းကြရအောင်"

အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ ရှို့ကျို့က ယင်ကျင်းရဲ့နဲ့ ရုန်ယိတို့ကို တွေ့လိုက်တာကြောင့်
"သခင်.. ကျွန်တော်တို့ သူ့ကို အစီအရင်နဲ့ပိတ်ထားပြီးပြီ.. အခု ဘာဆက်လုပ်ကြမှာလဲ"

ယင်ကျင်းရဲ့က ရုန်ယိကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော်ကတော့ သူက ကျွန်တော်တို့ ဖမ်းတာခံလိုက်ရသလိုမျိုး ဟန်ဆောင်နေတာလို့ဘဲ ထင်တယ်.. ကျွန်တော်တို့ အစီအရင်ကို ပြန်ရုတ်သိမ်းလိုက်တာနဲ့ သူက အဲ့အခွင့်အရေးကို အမိအရအသုံးချပြီး ထွက်ပြေးသွားလိမ့်မယ်"
ရုန်ယိ ပြောလိုက်သည်။

အကယ်၍ သူသာဆိုရင်လည်း အပြင်ထွက်နိုင်တာနဲ့ အဝေးကို ထွက်ပြေးမှာဖြစ်၏။ ပြီးတော့ သူ့ရဲ့သိုလှောင်လက်စွပ်ထဲမှာလည်း ဘာမှော်လက်နက်တွေရှိနေမှန်း.သူတောင်မမှတ်မိနိုင်လောက်တဲ့အထိ ထူးဆန်းတဲ့ ပစ္စည်းတွေများပြားစွာရှိနေပြီး သူ့ခန္ဓာကိုယ်က အချိန်မရွေး ဒီစည်းကို ချိုးဖျက်ပြီး ထွက်ပြေးသွားနိုင်လေသည်။

ရှို့ကျို့က သုန်မှုန်စွာနဲ့ ပြောလာ၏။
"ဒီအစီအရင်က သခင် လုပ်ထားတဲ့ဟာလေ.. သူ့လို မသေမျိုးပြောင်းလဲမှုအဆင့်မှာဘဲ ရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ပိတ်မိနေသလို ဟန်ဆောင်နိုင်မှာလဲ"

ရုန်ယိ သူ့ကို ပြန်မေးလိုက်သည်။
"ကျင်းရဲ့က သူ့ကို အကြိမ်အနည်းငယ်လောက် ဖမ်းဖို့ ကြိုးစားခဲ့တာဘဲလေ... အောင်မြင်ခဲ့လို့လား.. သူက အမြဲတမ်း ထွက်ပြေးသွားတာဘဲမဟုတ်လား.."

ရှို့ကျို့ "......"

သူ့သခင်က တစ်ဖက်လူကို မဖမ်းနိုင်တာက ထိုသူ့ကို ထိခိုက်အောင်မလုပ်ချင်လို့ဟုသာ သူထင်သည်။ မဟုတ်ရင် ထိုသူက ဒီလိုမျိုး အလွယ်တကူနဲ့ လွတ်မြောက်သွားနိုင်မှာ မဟုတ်ပေ။

"စည်းကို ပြန်မရုတ်သိမ်းခင်.. ကျွန်တော်တို့ လုပ်......"
ရုန်ယိမှာ ပြောလက်စ စကားတောင်မဆုံးသေးခင်မှာဘဲ သူ့ခန္ဓာကိုယ်က စည်းအပြင်ဘက်က ကျင့်ကြံသူတွေကို စတင် ရန်စနေပြီး စာရွက်တစ်ရွက်ယူကာ 'မင်းတို့ ငါ့ကိုမရိုက်နိုင်ဘူး' လို့ ရေးပြနေတာကို တွေ့လိုက်ရ၏။

သူက ရိုးရှင်းတဲ့တရုတ်စာလုံးတွေနဲ့ ရေးလိုက်တာဖြစ်ပေမဲ့လည်း ဒီစာလုံးတွေက ရှေးဟောင်းတရုတ်စာလုံးတွေနဲ့ ဆင်တူတာကြောင့် သူဘာရေးထားတာလဲဆိုတာကို အလွယ်တကူ ခန့်မှန်းလို့ရလေသည်။

"ဒီကောင်စုတ်လေး!!..."
ကျင့်ကြံသူတွေမှာ ဒေါသတွေပေါက်ကွဲကာ သူတို့ မှော်လက်နက်တွေကို ဆွဲထုတ်လိုက်ကြပြီး
"ဒီအစီအရင်ကို ဘယ်သူလုပ်ထားတာလဲကွ!... မင်း မဖွင့်ပေးသေးဘူးဆိုရင် ငါတို့ ဖျက်ပစ်တော့မှာနော်!!..."

ရုန်ယိခန္ဓာကိုယ်က ထပ်ရေးပြလိုက်သည်။
'သတ္တိရှိရင် အထဲဝင်လာကြလေ'

သူက ခေတ်သစ်က ရန်စတဲ့နည်းလမ်းနဲ့ ရေးသားလိုက်ပေမဲ့လည်း ထိုကျင့်ကြံသူတွေမှာ.အကြမ်းဖျင်း အဓိပ္ပာယ်ကိုတော့ ခန့်မှန်းလိုက်နိုင်သေးသည်။ သူတို့အကုန်လုံးမှာ မှော်လက်နက်တွေနဲ့ စည်းကို ဖျက်ဆီးဖို့ ကြိုးစားကြတော့သည်။ စိတ်မကောင်းစရာကတော့ သူတို့ရဲ့စွမ်းအားအရဆိုရင် လေလွင့်မသေမျိူးတစ်ယောက် ပြုလုပ်ထားတဲ့ အစီအရင်ကို ဘယ်တော့မှ ချိုးဖျက်နိုင်မှာ မဟုတ်ပေ။

ယင်ကျင်းရဲ့က ရုန်ယိဘက်လှည့်ကာ မေးလိုက်သည်။
"သူ ဘာရေးလိုက်တာလဲ"

"သူက အဲ့လူတွေကို ဒေါသတွေထွက်လာအောင် လုပ်နေတာ.. အပြင်ဘက်က ကျင့်ကြံသူတွေကို သုံးပြီး စည်းကို ဖျက်ပစ်ချင်နေတာဘဲ ဖြစ်ရမယ်"

ယင်ကျင်းရဲ့ "......"

ရုန်ယိက ဆက်ပြောလိုက်၏။
"ခင်ဗျား စည်းကို ဖွင့်လိုက်တာနဲ့ သူ့ကို ဖမ်းမှရမယ်.. မဟုတ်ရင် သူထပ်ပြီး ထွက်ပြေးသွားလိမ့်မယ်"

သူ့စကားဆုံးသွားတာနဲ့ သူ့ခန္ဓာကိုယ်က သူ့ကို လှမ်းကြည့်နေတာကို တွေ့လိုက်ရ၏။

ရုန်ယိမှာ မျက်မှောင်ကြုတ်လိုက်မိပြီး
"ကြည့်ရတာ ကျွန်တော် ဘာတွေတွေးနေလဲဆိုတာကို သူသိနေတဲ့ပုံဘဲ"

ရုန်ယိခန္ဓာကိုယ်က ရုန်ယိရဲ့အတွေးတွေကို ထိုးဖောက်မြင်နေရတယ်လို့ ယင်ကျင်းရဲ့လည်း ခံစားနေရသည်။

ရုတ်တရက် ရုန်ယိခန္ဓာကိုယ်က ရုန်ယိကို ပြုံးပြကာ စာရွက်ကို ယူပြီး ရေးပြလာသည်။
'မင်း ငါ့ကို မဖမ်းနိုင်ဘူး'

ရုန်ယိ "....."

သူတော့ ဒါကိုမယုံပေ...

"ကလေးတွေအဖေ.. ခဏနေကျရင် ခင်ဗျားရဲ့စွမ်းအား ဒါမှမဟုတ် မှော်ပစ္စည်းတစ်မျိုးမျိုးသုံးပြီး.သူ့ရဲ့ ဝိညာဥ်စွမ်းအားကို ပိတ်ပစ်လိုက်... အာ.. မဟုတ်သေးဘူး.. ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး"

သူ့ရဲ့သိုလှောင်လက်စွပ်ထဲမှာ ဝိညာဥ်စွမ်းအားသုံးစရာမလိုတဲ့ မှော်လက်နက်တွေ တစ်ပုံကြီးရှိနေတာ သူသတိရသွားသည်။

ရှို့ကျို့မှာ ရုန်ယိကို ထူးဆန်းစွာကြည့်လိုက်မိသည်။ သူနဲ့ သူတို့ဖမ်းဖို့ကြိုးစားနေတဲ့လူနဲ့ကြားမှာ ဘယ်လိုပတ်သတ်မှုမျိုးရှိနေတာလဲဆိုတာ နဲ့ သခင်ကလည်း ဘာလို့ သူ့ကိုဖမ်းဖို့ ဒီလောက်စိတ်အားထက်သန်နေရတာလဲဆိုတာ သူ တစ်ကယ်ကို သိချင်နေမိသည်။

ပြီးခဲ့တဲ့အခေါက်တုန်းက တစ်ဖက်လူက ရုန်ယိကို နမ်းခဲ့တုန်းကလည်း သခင်က စိတ်မဆိုးခဲ့..။

ရုန်ယိခန္ဓာကိုယ်က ထိုလူတွေ စည်းကို အကြိမ်ပေါင်းများစွာ ရိုက်နှက်နေကြပေမဲ့ အက်ရာလေးတောင် ဖြစ်မလာသေးတာ တွေ့တဲ့အခါ သူ ရေးပြလိုက်သည်။
'တစ်ကယ့်ကို အသုံးမကျဘူး'

ထိုကျင့်ကြံသူတွေမှာ ဒေါသထွက်လွန်းတာကြောင့် အံတွေကြိတ်လိုက်မိကြသည်။ ရုန်ယိ ကိုယ်တိုင်တောင်မှ သူ့မျက်နှာကို သွားဖြတ်ရိုက်ပစ်လိုက်ချင်ပေမဲ့လည်း သူ့မှာ ဘာမှ မတတ်နိုင်ပေ။

ရုန်ယိခန္ဓာကိုယ်က အညောင်းဆန့်လိုက်ကာ သိုလှောင်လက်စွပ်ထဲကနေ ဇိမ်ရှိလှတဲ့အိပ်ယာတစ်ခုဆွဲထုတ်ကာ လှဲချလိုက်ပြီး ဂိမ်းစက်တစ်ခုထုတ်ကာ ကစားနေ၏။

ရုန်ယိက ခဏလောက်တွေးတောပြီးနောက် သူ့အတွေးနဲ့ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ရပါ့မလားဆိုတာကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ အရင်ဆုံး သူ့ကို ထိုဂိမ်းစက်ကို သိုလှောင်လက်စွပ်ထဲကို ပြန်သိမ်းခိုင်းဖို့ ကြိုးစားကြည့်လိုက်သည်။

အမွှေးတိုင်တစ်တိုင်စာလောက်ကြာတဲ့အခါ ရုန်ယိခန္ဓာကိုယ်က တစ်ကယ်ဘဲ ဂိမ်းစက်ကို သိုလှောင်လက်စွပ်ထဲ ပြန်သိမ်းလိုက်၏။

ရုန်ယိမှ မျက်ခုံးတွေပင့်သွားရသည်။
သူတစ်ကယ်ဘဲ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တာလား...။

သူ နောက်တစ်ခါထပ်ပြီး အိပ်ရာကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်တာကို တွေးဖို့ ကြိုးစားလိုက်သည်။

ဒီတစ်ကြိမ်တော့ အနည်းငယ် ပိုမြန်လာလေသည်။ အမွှေးတိုင်တစ်ဝက်စာအချိန်လောက်တည်းနဲ့ ရုန်ယိခန္ဓာကိုယ်က အိပ်ရာကို ပြန်သိမ်းလိုက်၏။

ရုန်ယိ ယင်ကျင်းရဲ့ကို တိုးတိုးလေးကပ်ပြောလိုက်သည်။
"ကြည့်ရတာလေ ကျွန်တော် သူ့ကို တစ်ကယ်ကြီး ထိန်းချုပ်နိုင်တဲ့ပုံဘဲ"

"မင်းသေချာရဲ့လား"
ယင်ကျင်းရဲ့က မျက်ဝန်းတွေ မှေးစင်းလိုက်ကာ
"သူက မင်းကို လှည့်စားဖို့အတွက် တမင်လုပ်နေတာလည်းဖြစ်နိုင်တယ်.. ဒါမှ ကိုယ်တို့က သတိလျှော့ချလိုက်မှာလေ"

ရုန်ယိ "......"

ဒါလည်း တစ်ကယ့်ကို ဖြစ်နိုင်ချေရှိလေသည်။

သောက်ချီးတဲ့မှ!!...

သူဘာတွေးနေလဲဆိုတာ သူ့ခန္ဓာကိုယ်က အကုန်သိနေပြီး သူကတော့ သူ့ခန္ဓာကိုယ် ဘာတွေတွေးနေလဲဆိုတာကို လုံးဝမသိရတဲ့အချက်က တော်တော့်ကို ဒုက္ခရောက်စေလေသည်။

ဒါပေမဲ့ ရုန်ယိ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ စဥ်းစားလိုက်ကတည်းက သူ့ခန္ဓာကိုယ်က လှုပ်ရှားမှုမှန်သမျှရပ်သွားကာ ထိုနေရာမှာဘဲ မျက်တောင်တောင်မခတ်တော့ဘဲ အရုပ်တစ်ရုပ်လို ရပ်နေ၏။

တစ်ခြားကျင့်ကြံသူတွေမှာလည်း သိချင်သွားရသည်။
"သူဘာဖြစ်သွားတာလဲ.. မလှုပ်တော့ဘူးဟ"

"အစီအရင်လုပ်ထားတဲ့တစ်ယောက်က သူ့ဝိညာဥ်ကို ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်သွားတာများလား.. ဒါမှမဟုတ် မှော်အတတ်တစ်မျိုးမျိုးနဲ့ သူ့ကို မလှုပ်ရှားနိုင်တော့အောင် လုပ်လိုက်တာလား"

"သခင်.."
ရှို့ကျို့က ပြောလာသည်။
"နန်ယွီမြို့သခင်ကလည် လေလွင့်မသေမျိူးအဆင့်ပါဘဲ.. သူလည်း ဒီစည်းကို ချိုးဖျက်နိုင်တယ်.. ကျွန်တော်တို့ သူ့ကို အခု မဖမ်းသေးဘူးဆိုရင် သူက အဲ့လူခေါ်သွားတာခံလိုက်ရပြီး ကိစ္စတွေက အရမ်းပြဿနာများလာလိမ့်မယ်"

ရုန်ယိက
"ကလေးတွေအဖေ.. ခုနကကျွန်တော်ပြောသလိုဘဲ စည်းကို ဖျက်လိုက်တာနဲ့ သူ့ကို ဖမ်းနော်"

ယင်ကျင်းရဲ့က ခေါင်းငြိမ့်ပြီး ခုန်ထွက်ကာ ရုန်ယိခန္ဓာကိုယ်ဆီကို ပျံသန်းသွားလိုက်သည်။

ကျင့်ကြံသူတွေက ယင်ကျင်းရဲ့ ပျံသန်းလာတာကို တွေ့လိုက်တဲ့အခါ လုပ်နေတာတွေအကုန်ရပ်ကာ သူ့ကို ကြည့်လာကြသည်။ ထို့နောက် တစ်ယောက်က ထအော်လိုက်သည်။
"ဒီလူက အထဲကကောင်နဲ့ တစ်ဖွဲ့တည်းဘဲ.. သူ့ကိုပါ ဖမ်းကြရအောင်!"

ထိုအခါ လူတိုင်းက ယင်ကျင်းရဲ့ကို ဝိုင်းလိုက်ကြသည်။

ယင်ကျင်းရဲ့ "......"

ရုတ်တရက် တဘုန်းဘုန်း အသံတွေကို ကြားလိုက်ကြရလေသည်။

ယင်ကျင်းရဲ့ရဲ့ အစီအရင်မှာ ဖျက်ဆီးခံလိုက်ရပြီး အပြာနုရောင်ပုံရိပ်တစ်ခုက ရုန်ယိခန္ဓာကိုယ်ရဲ့ ဘေးနားကို ပျံသန်းသွား၏။

ဒါကိုတွေ့လိုက်တဲ့အခါ ရုန်ယိမှာ ရေရွတ်လိုက်မိသည်။
"ဒီလူယုတ်မာက မြို့သခင်ဘဲ ဖြစ်ရမယ်"

ယင်ကျင်းရဲ့က သူ့ရဲ့မှော်လက်နက်ကို ချက်ချင်းထုတ်ကာ ရုန်ယိခန္ဓာကိုယ်ကို ချုပ်ထားဖို့လုပ်လိုက်ပြီး တစ်ချိန်တည်းမှာဘဲ နန်ယွီမြို့သခင်ကလည်း သူ့မှော်လက်နက်နဲ့ ရုန်ယိခန္ဓာကိုယ်ကို ချုပ်နှောင်ဖို့ ကြိုးစားလိုက်သည်။ ထိပ်တန်းလက်နက်နှစ်ခုမှာ ပြင်းထန်စွာထိမိသွားကြကာ ဘုန်း ခနဲဟူသော အသံနဲ့အတူ ပြင်းထန်လှတဲ့ စွမ်းအားလှိုင်းတွေက ပတ်ပတ်လည်က လူတိုင်းကို အနောက်ကို ခြေလှမ်းအနည်းငယ်ပြန်ဆုတ်ရတဲ့အထိ တွန်းထုတ်ပစ်လိုက်၏။

နန်ယွီမြို့သခင်မှာ မျက်မှောင်တွေ တွန့်ကုပ်သွားရသည်။

ထိုအချိန်မှာ.ရုန်ယိခန္ဓာကိုယ်က လှုပ်ရှားလာကာ သူလက်လှုပ်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံးကို အလင်းရောင်စူးစူးက ဖုံးလွှမ်းသွား၏။

"မကြည့်နဲ့!... အဲ့တာ အလင်းအင်းကွက်ဘဲ!"
ရုန်ယိမှာ ထိတ်လန့်သွားပြီး.သူ့မျက်လုံးသူ အုပ်ကာ ပစ်လိုက်ရ၏။

ဘယ်သူမဆို ကျင့်ကြံဆင့်က ဘယ်လောက်ဘဲ မြင့်မားနေပါစေ.. ဒါကို ခုခံနိုင်မှာမဟုတ်ပေ။

"အား... ငါ့မျက်လုံး... ငါ့မျက်လုံး.. မမြင်ရတော့ဘူးဟ!.."
ယင်ကျင်းရဲ့နဲ့ နန်ယွီမြို့သခင်တို့အပါအဝင် ထိုအလင်းရောင်ကို တည့်တည့်ကြည့်လိုက်မိတဲ့သူတိုင်းမှာ ဘာမှမမြင်ကြရတော့ပေ။

သူတို့နှစ်ယောက်လည်း မျက်လုံးတွေအမြန်ပိတ်ကာ ပွတ်လိုက်မိကြသည်။

သိပ်မဝေးတဲ့နေရာမှာ ရှိနေတဲ့ ရှို့ကျို့တောင်မှ ဒါကို မရှောင်လိုက်နိုင်ပေ။

ရုန်ယိက ပြောလိုက်၏။
"အာ... ငါတို့ သူ့ကို နောက်တစ်ခါ လွတ်သွားပြန်ပြီ"

ယင်ကျင်းရဲ့ ပြန်ကောင်းသွားတဲ့အခါ ရုန်ယိခန္ဓာကိုယ်မှာ ထွက်ပြေးသွားပြီးလေပြီ။ သူ ရုန်ယိဘေးကို အမြန်ပျံသွားကာ သူ့ကိုခေါ်ထုတ်လာပြီး အနီးအနားကမြို့လေးက တည်းခိုဆောင်အသေးလေးတစ်ခုမှာ တည်းလိုက်ကြ၏။

အနောက်က လိုက်လာတဲ့ ရှို့ကျို့က မေးလာသည်။
"သခင်လေး.. ခုနကပြောလိုက်တာ ဘာအင်းကွက်လဲ"

"အလင်းအင်းကွက်က ခင်ဗျားတို့ကို ယာယီ အမြင်အာရုံပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်.. အဲ့တာက ခင်ဗျားတို့ ပတ်ပတ်လည်ကို အဖြူရောင်လွင်ပြင်ကြီးအဖြစ်ပြောင်းပစ်ပြီး သူ့ကို ရှာမတွေ့နိုင်အောင်လည်း လုပ်နိုင်သေးတယ်.."
တစ်နေကုန် အလုပ်တွေရှုပ်နေတာကြောင့် ရုန်ယိမှာ အနည်းငယ် ပင်ပန်းနေလေပြီ။
"ဟုတ်ပြီလေ.. အရင်ဆုံး နည်းနည်းလောက် အနားယူကြရအောင်"

သူ့အခန်းကို ပြန်သွားလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က အိပ်ရာပေါ်မှာထိုင်ပြီး သူ့ကို ပြုံးဖြဲဖြဲရယ်ပြနေတာကို တွေ့လိုက်ရ၏။

ရုန်ယိ အမြန်အော်ခေါ်လိုက်မိသည်။
"ကလေးတွေအဖေ.. ကလေးတွေအဖေ..."

သူ့အသံကြားတာကြောင့် ယင်ကျင်းရဲ့နဲ့ ရှို့ကျို့တို့က အခန်းထဲကို ပြေးဝင်လာကြတဲ့အခါ သူတို့ အသည်းအသန်ဖမ်းဖို့ကြိုးစားနေရတဲ့ ထိုလူက ကုတင်အစွန်းမှာထိုင်ရင်းနဲ့ သူတို့ကို လက်ဝှေ့ယမ်းပြနေတာကို တွေ့လိုက်ကြရလေသည်။

ရှို့ကျို့က နှာခေါင်းရှုံ့လိုက်ကာ
"ကောင်းတယ်!... မင်းက ကိုယ့်ခြေထောက်နဲ့ကိုယ် ငါတို့ဆီ ရောက်လာတာဘဲ..."

"မင်း ဘာလိုချင်လို့လဲ"
ရုန်ယိ သူ့ခန္ဓာကိုယ်ကို မေးလိုက်သည်။

ရုန်ယိခန္ဓာကိုယ်က သိုလှောင်လက်စွပ်ထဲကနေ လှပလွန်းတဲ့ အနီရောင်ပန်းပွင့်အစည်းကြီးကို ထုတ်ယူလိုက်ကာ ယင်ကျင်းရဲ့ ရှေ့ကိုသွားပြီး ထိုပန်းတွေကို သူ့ဆီကမ်းပေးလိုက်သည်။

ရုန်ယိမှာ ကြက်သေသေသွားရသည်။
သူ့ခန္ဓာကိုယ် ဘာလုပ်နေတာလဲ... သူက ယင်ကျင်းရဲ့ကို ပိုးပန်းဖို့ကြိုးစားနေတာလား...။

ယင်ကျင်းရဲ့က ရုန်ယိကို မေးလိုက်၏။
"သူဘာကို ဆိုလိုချင်တာလဲ"

ရုန်ယိမှာ အနည်းငယ်မနာလိုဖြစ်မိသွားပြီး စိတ်တိုစွာနဲ့ ပြန်ဖြေလိုက်သည်။
"သူက ခင်ဗျားကို မုန်းတယ်တဲ့"

"အော်..."
ယင်ကျင်းရဲ့က သူပြောတာကိုမယုံပေ။ ဘာလို့လဲဆိုတော့ ရုန်ယိခန္ဓာကိုယ်ရဲ့ အမူအယာက ထိုကဲ့သို့ဟုတ်မနေပေ။
"ဒါဆို မင်းလည်း ကိုယ့်ကို မုန်းတယ်ပေါ့"

"အာ...မဟုတ်ပါဘူး.."
ရုန်ယိ သူ့ကို အမြန်ရှင်းပြလိုက်သည်။
"သူ ခင်ဗျားကို ပန်းတွေပေးတာက သူက ခင်ဗျားကို သဘောကျပြီး ဆွဲဆောင်ချင်တယ်လို့ ဆိုလိုတာ.."

ယင်ကျင်းရဲ့က အရင်ဆုံး ရှို့ကျို့ကို ထွက်သွားခိုင်းလိုက်ပြီး အပြုံးပါးပါးလေးတစ်ပွင့်နဲ့အတူ ဝမ်းသာစွာဘဲ ပန်းတွေကို လက်ခံယူလိုက်သည်။
"ကောင်းသားဘဲ...ဒီပန်းတွေက တစ်ယောက်သောသူပေးတဲ့ 'ကျွန်တော် ခင်ဗျားကိုအကြွေးတင်နေတယ်' ဆိုတဲ့စာထက်တော့ အများကြီးပိုကောင်းတယ်"

"......"
ရုန်ယိ သူ့ခန္ဓာကိုယ်ကို မေးလိုက်သည်။
"မင်းဘာလို့ ထွက်မပြေးတော့တာလဲ"

ရုန်ယိခန္ဓာကိုယ်က သူ့ကို ပြုံးသာပြပြီး ဘာမှပြန်မပြောပေ။

သူ့ခန္ဓာကိုယ်က ထွက်ပြေးနေရတာက ပျော်စရာမကောင်းတော့ဘူးလို့ ခံစားလာရလို့ဘဲ ဖြစ်မယ်လို့ ရုန်ယိ ခန့်မှန်းလိုက်မိသည်။ သူတို့နဲ့အတူနေတာကမှ ထို့ထက်ပိုကောင်းဦးမည်လေ.. အနည်းဆုံးတော့ စကားပြောစရာလူရှိတယ်မဟုတ်လား.. ပြီးတော့လည်း သူတို့က သူ့ကို ထိခိုက်အောင်လုပ်ကြမှာလည်းမဟုတ်ပေ။

ယင်ကျင်းရဲ့က ပန်းတွေကို ဘေးမှာချလိုက်ပြီး
"အခု သူထွက်မပြေးတော့ဘူးဆိုတော့.. မင်း မင်းကိုယ်ထဲကို ပြန်ဝင်နိုင်မလား ကြည့်ကြည့်ရအောင်"

ရုန်ယိခန္ဓာကိုယ်က စာရွက်ပေါ်မှာ ရေးပြလာသည်။
'အခုမရသေးဘူး'

ရုန်ယိက မေးလိုက်သည်။
"ဒါပေမဲ့ ဘာလို့လဲ"

ရုန်ယိခန္ဓာကိုယ်က ထပ်ရေးပြလာသည်။
'ဘာလို့လဲဆိုတော့ မင်းမှ ပြန်မလာချင်သေးတာ'

ရုန်ယိ "....."

သူ့ကိုယ်ပိုင် ခန္ဓာကိုယ်နဲ့ ဆက်သွယ်ပြောဆိုနေရတာက နည်းနည်းတော့ ထူးဆန်းနေတယ်လို့ သူတွေးလိုက်မိသည်။

သူ့ဝိညာဥ်က ဒီကိုယ်ထဲမှာ ရှိနေတဲ့အချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်က နောက်ထပ်တစ်ယောက်လိုမျိုး ခုန်ပေါက်လှုပ်ရှားနိုင်နေလေသည်။ ဒါကြီးက ရူးကြောင်ကြောင်နိုင်လှ၏။ သူ့မှာ ဒါက သူ့ခန္ဓာကိုယ်မဟုတ်ဘူးလို့တောင်မှ သံသယဝင်မိလေသည်။

ရုန်ယိက သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ဖို့ ရှေ့ကိုတိုးသွားကာ ဒါက တစ်ကယ့်ကို သူ့ခန္ဓာကိုယ်ဖြစ်ကြောင်း သေချာသွားမှ
"မင်းမှာ ဝိညာဥ်မရှိတာ.ငါ ရာနှုန်းပြည့်ကို သေချာတယ်.. ဒါကို မင်းက ဘာလို့လှုပ်ရှားနေနိုင်ရတာလဲ.. ပြီးတော့ မင်းကိုယ်ပိုင် အသိစိတ်လည်းရှိနေသေးတယ်"

ရုန်ယိခန္ဓာကိုယ်က စာရေးပြလာသည်။
'ငါ့ဆီမှာ မင်းရဲ့ဝိညာဥ်တစ်ခုနဲ့ စိတ်ဝိညာဥ်တစ်ခုရှိတယ်.. မင်း ဂူထဲမှာတုန်းက ငါ့ဆီကို မတော်တဆနဲ့ လွှဲပြောင်းပေးခဲ့တာ'

"မဖြစ်နိုင်တာ!.. အကယ်၍ ငါ့ဝိညာဥ်တစ်ခုနဲ့ စိတ်ဝိညာဥ်တစ်ခုသာ ဆုံးရှုံးထားရရင် ငါက အသိစိတ်မရှိသလို ဖြစ်နေမှာပေါ့"

ယင်ကျင်းရဲ့က ပြောလိုက်သည်။
"မင်းရဲ့ အခုလက်ရှိကိုယ်ထဲမှာ မူလရုန်ယိရဲ့ ဝိညာဥ်တစ်စိတ်တစ်ပိုင်း ကျန်နေသေးလို့ဖြစ်မယ်.. ဒါကြောင့် မင်း သာမန်လူတစ်ယောက်လို ပြုမူနေနိုင်တာ"

ရုန်ယိ "......"

ရုန်ယိခန္ဓာကိုယ်က ရေးပြလာသည်။
'ငါ့ဝိညာဥ်နဲ့ စိတ်ဝိညာဥ်က မပြည့်စုံတာကြောင့် ငါ စကားမပြောနိုင်ဘူး.. ပြီးတော့ အချိန်အများစုမှာ ငါက ဘာမှမတွေးနိုင်တဲ့ အရုပ်တစ်ရုပ်လိုဘဲ.. ဒါပေမဲ့ မင်းနဲ့ နီးသွားတဲ့အချိန်ဆိုရင် အဲ့လိုအခြေအနေမျိုးက မရှိတော့ဘူး.. ငါတို့ဝိညာဥ်တွေက အတူတကွ ဖြစ်ပေါ်နေသလိုမျိုး ဆင်တူနေလို့ဘဲ ဖြစ်မယ်'

ရုန်ယိ "....."

ယင်ကျင်းရဲ့က မေးလာသည်။
"သူဘာတွေ ရေးထားတာလဲ"

ရုန်ယိက သူ့ကို ရှင်းပြလိုက်သည်။

"ဒီလို မယုံကြည်နိုင်စရာကိစ္စမျိုးကို ဒါပထမဆုံး တွေ့ကြုံဖူးတာဘဲ"

"ကျွန်တော်ရောဘဲ"
ရုန်ယိမှာ.သူ့ရဲ့ ကိုက်ခဲနေတဲ့ ခေါင်းကို ပွတ်သပ်လိုက်မိပြီး သူ့ခန္ဓာကိုယ်ရဲ့ ကိစ္စတွေကို ထပ်ပြီး မပြောချင်တော့ပေ။
"ကျွန်တော် အိပ်ရေးဝဝအိပ်ဖို့ လိုနေပြီ"

ထို့နောက် သူ့ရဲ့အပြင်ဝတ်ရုံကို ချွတ်လိုက်ကာ ကုတင်ပေါ်လှဲချလိုက်လေသည်။

ရုန်ယိခန္ဓာကိုယ်က ချက်ချင်းဘဲ ယင်ကျင်းရဲ့နားကို ကပ်သွားကာ ခေါင်းထဲမှာ ဒီအမျိုးသားရဲ့ပုံရိပ်ကို စွဲနေအောင် မှတ်နေသလိုမျိုး သူ့ခန္ဓာကိုယ် တစ်လက်မချင်းစီကို သေချာကို လိုက်ကြည့်နေ၏။

ယင်ကျင်းရဲ့က သူ့ကိုမေးလိုက်သည်။
"မင်း ဘာတွေကြည့်နေတာလဲ"

ရုန်ယိခန္ဓာကိုယ်က ပြုံးလိုက်ကာ စာရွက်ပေါ်မှာ ရေးပြလာ၏။
'ကလေးတွေအဖေ'

ယင်ကျင်းရဲ့ "......"

တစ်ခြားရုန်ယိတစ်ယောက်က အိပ်ရာထဲမှာ လှဲနေတာသာမဟုတ်ရင် ရုန်ယိ သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားပြီလို့ သူတွေးမိလုနီးပါးပင်။

ရုန်ယိခန္ဓာကိုယ်က သူ့ရဲ့ လျစ်လျူရှုမှုကို ဂရုမစိုက်ဘဲ ရှေ့တိုးလာကာ သူ့မျက်နှာကို နမ်းလိုက်ပြီး စာရေးပြလာသည်။
'နောက်ဆုံးတော့ ကျွန်တော် ခင်ဗျားကို ဒီကိုယ်နဲ့ နမ်းနိုင်သွားပြီ'

ယင်ကျင်းရဲ့ "......"

အခုအချိန် သူ့မှာ လက်တွဲဖော်နှစ်ယောက်ရှိနေသလိုမျိုး သူခံစားနေရ၏။

ရုတ်တရက် ခေါင်းအုံးတစ်လုံးက သူ့ကို လာမှန်လေသည်။

"မင်းတို့ ငါ့ကို အသက်မရှိဘူးများ ထင်နေကြလား"
ရုန်ယိ ထထိုင်ကာ သူ့ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်ပြီး
"မင်း အိပ်ရာပေါ်လာလှဲရင်လှဲ မဟုတ်ရင် ထွက်သွားလိုက်တော့"

ရုန်ယိခန္ဓာကိုယ်က ရုန်ယိကို ကြည့်လိုက်ကာ ယင်ကျင်းရဲ့ကို ပြန်ကြည့်လိုက်ပြီး ရေးပြလာသည်။
'အရမ်းကပ်စေးနည်းတာဘဲ'

ရုန်ယိမှာ မျက်ဆံသာလှန်လိုက်မိသည်။ သူ့ခန္ဓာကိုယ်ထဲကို တတ်နိုင်သလောက်အမြန်ဆုံး ပြန်သွားတာ ပိုကောင်းမည်ဟု သူတွေးလိုက်မိသည်။ ဒီအတိုင်းသာ ဆက်သွားနေပါက ဒါကြီးက သူ့ကို ရူးသွားစေပေလိမ့်မည်။

သူ ယင်ကျင်းရဲ့ကို မေးလိုက်သည်။
"ခင်ဗျား သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်တစ်ခုနဲ့ စိတ်ဝိညာဥ်တစ်ခုကို ဆွဲထုတ်ပေးနိုင်လား"

ဒါကို ကြားတဲ့အခါ ရုန်ယိခန္ဓာကိုယ်က ချက်ချင်းပြတင်းပေါက်ဆီ ခုန်ထွက်သွားကာ စာရေးပြလာ၏။
'ငါသာ ဒီခန္ဓာကိုယ်ထဲက ထွက်သွားရရင်. မင်းခန္ဓာကိုယ် ပုပ်သွားလိမ့်မယ်'

ရုန်ယိ "......"

ရုန်ယိခန္ဓာကိုယ်က သူ့ရဲ့ဝိညာဥ်နဲ့ စိတ်ဝိညာဥ် တစ်ကယ်ကြီး ဆွဲထုတ်ခံလိုက်ရမှာ စိုးတာကြောင့် ထွက်ပြေးရန် ပြတင်းပေါက်ကနေ ခုန်ထွက်သွား၏။

ရုန်ယိမှာ မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်ပြီး
"ဘာမှမဖြစ်ဘူး.. သူ့ကို လွှတ်သာထားလိုက်.. ဘာဘဲဖြစ်ဖြစ် ကျွန်တော်သူ့ကို ထပ်ရှာနိုင်တယ်.. သူ့ဘာသာသူ ပြန်ရင်လည်း ပြန်လာလိမ့်မယ်"

"ထားလိုက်ပါတော့.. ကျွန်တော် အိပ်ရေးဝဝအိပ်ပြီး နားဖို့လိုနေပြီ.. မိုးလင်းရင်လည်း.. ကျွန်တော့်ကို ဘယ်သူမှလာမနှိုးကြနဲ့နော်"

သူအိပ်ပျော်သွားတာတွေ့တဲ့အခါ ယင်ကျင်းရဲ့ ပြတင်းပေါက်နားကိုသွားကြည့်လိုက်၏။ ထိုအခါ ရုန်ယိခန္ဓာကိုယ်ကလည်း ထိုနေရာမှာ အနည်းငယ်လေးတောင် မလှုပ်တော့ဘဲ တောင့်နေတာကို တွေ့လိုက်ရလေသည်။

**********

Zawgyi

"ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္ကို ကြၽန္ေတာ္ထိန္းခ်ဳပ္ၾကည့္လို႔ရမလားမသိဘူး..ဟို.. ကြၽန္ေတာ္ေျပာခ်င္တာက.. ကြၽန္ေတာ္က ေခါင္းထဲမွာ တစ္ခုခုကို စဥ္းစားလိုက္တာနဲ႕ သူက ကြၽန္ေတာ့္အတြက္ လုပ္ေပးလိမ့္မယ္ထင္တယ္"

႐ုန္ယိ သူ႕ခႏၶာကိုယ္က ဆံပင္အရွည္ေျပာင္းလိုက္ကာ သူတို႔အဝတ္အစားေတြ ဝတ္ဆင္ထားတာကို ေတြးၾကည့္လိုက္မိသည္။ ယင္က်င္းရဲ႕က သူ႕ခႏၶာကိုယ္က ဒီအဝတ္အစားေတြ ဒီဆံပင္ပုံေတြနဲ႕ ၾကည့္ရတာ ထူးဆန္းေနတယ္ဟု တစ္ခါေျပာဖူးေလသည္။ ဒါေၾကာင့္သာ သူ႕ခႏၶာကိုယ္က ယင္က်င္းရဲ႕ရဲ႕ အႀကိဳက္ကို လိုက္ၿပီး ေျပာင္းလဲလိုက္တာ ျဖစ္ေပလိမ့္မည္။

ယင္က်င္းရဲ႕လည္း ဒီျဖစ္နိုင္ေခ်ကိဳ ေတြးမိတာေၾကာင့္
"လွ်ို႔ဝွက္ဂူလမ္းေၾကာင္းထဲမွာ မင္းခႏၶာကိုယ္ကို ေတြ႕ခဲ့တုန္းက မင္းရဲ႕ဝိညာဥ္ ဒါမွမဟုတ္ အသိစိတ္တစ္ပိုင္းတစ္စကို အမႈမွတ္အမွတ္မဲ့နဲ႕ မင္းခႏၶာကိုယ္ထဲကို လႊဲေျပာင္းခဲ့မိတာျဖစ္လိမ့္မယ္.. ဒါေၾကာင့္သာ သူ႕မွာ ဒီလိုလႈပ္ရွားနိုင္တဲ့ အသိစိတ္ရွိေနတာ"

"ဒါေပမဲ့ အကယ္၍ သူသာ ကြၽန္ေတာ္ ေတြးေတာေနတဲ့အတိုင္း လိုက္လုပ္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ သူ႕ကို ဒီေလာက္ခက္ခက္ခဲခဲ လိုက္ရွာဖမ္းေနစရာမလိုသလို သူလည္း ကြၽန္ေတာ္တို႔ဆီကေန ပုန္းကြယ္ေနစရာမလိုဘူးေလ"

ယင္က်င္းရဲ႕က ခဏေလာက္ေတြးၾကည့္ၿပီး ျပန္ေျပာလိုက္သည္။
"ၾကည့္ရတာ မင္းခႏၶာကိုယ္ထဲကို ျပန္သြားခ်င္တဲ့ မင္းရဲ႕ ဆႏၵက ခိုင္မာမႈမရွိေသးတာေၾကာင့္ေနမွာေပါ့.. သူက မင္း စိတ္ရဲ႕အနက္ရွိုင္းဆုံးေနရာက အေတြးေတြအရ ကိုယ္တို႔ဆီကေန ပုန္းကြယ္ေနတာဘဲျဖစ္လိမ့္မယ္"

သူေျပာတာ မွန္ေလသည္။ ႐ုန္ယိမွာ စိတ္ထဲ၌ တစ္ကယ့္ကို ဝိေရာဓိျဖစ္ေနမိသည္။ သူ သူ႕ခႏၶာကိုယ္ထဲကို ျပန္သြားခ်င္ေပမဲ့ တစ္ခ်ိန္တည္းမွာဘဲ သူ႕မ်က္စိေရွ႕က အရာအားလုံးကို ဆုံးရႈံးသြားရၿပီး ကေလးေတြက သူ႕ကို လုံးဝမမွတ္မိေတာ့မွာကို ေၾကာက္ေနမိ၏။

"သူ႕ကို အရင္ဖမ္းရေအာင္.. သူ႕ကို ဖမ္းလို႔မမိဘူးဆိုမွဘဲ ကြၽန္ေတာ့္အေတြးေတြနဲ႕ သူ႕ရဲ႕လႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္လို႔ရမလားလို႔ လုပ္ၾကည့္လိုက္မယ္"

"အင္း.. ကိုယ့္လူေတြ ျပင္ဆင္ၿပီးသြားေလာက္ၿပီ"
ယင္က်င္းရဲ႕က ႐ုန္ယိကို သူတို႔ အေစာက ႐ုန္ယိခႏၶာကိုယ္နဲ႕ ေတြ႕ခဲ့တဲ့လမ္းကို ျပန္ေခၚသြား၏။

က်င့္ႀကံသူေတြမွာ ႐ုန္ယိခႏၶာကိုယ္ေနာက္ကို အပူတျပင္းနဲ႕ ေကာက္ေကာက္ပါေအာင္ လိုက္ဖမ္းေနၾကတုန္းျဖစ္ေလသည္။

႐ုန္ယိခႏၶာကိုယ္က ဝိညာဥ္မရွိတာေၾကာင့္ျဖစ္ေပလိမ့္မည္.. သူက ေၾကာက္ရေကာင္းမွန္းလည္းမသိသလို အဖမ္းခံရမွာကိုလည္း စိုးရိမ္ေနျခင္းမရွိဘဲ တစ္ဆိုင္ၿပီး တစ္ဆိုင္ကေနသာ ပစၥည္းေတြလိုက္ယူေနေလသည္။ သူ ေနာက္ပစၥည္းတစ္ခုကို ေကာက္ကိုင္လိုက္တဲ့အခ်ိန္မွာဘဲ စည္းတစ္ခုက ႐ုန္ယိခႏၶာကိုယ္ ပတ္ပတ္လည္မွာ ျဖစ္ေပၚလာၿပီး.သူ႕ကို ပိတ္ထားလိုက္၏။

သူ႕ေနာက္ကို လိုက္ဖမ္းေနၾကတဲ့ က်င့္ႀကံသူေတြမွာ စတင္ရယ္ေမာလာၾကကာ ေျပာလာသည္။
"ဒီတစ္ႀကိမ္ေတာ့.. မင္း ငါတို႔လက္ထဲကို ေရာက္လာၿပီကြ"

႐ုန္ယိခႏၶာကိုယ္က လက္ေခ်ာင္းေလးတစ္ေခ်ာင္းနဲ႕ စည္းကို ထိၾကည့္လိုက္တဲ့အခါ စည္းက ျပန္ကန္ထြက္သြားေစေလသည္။

အျပင္ဘက္က က်င့္ႀကံသူေတြလည္း အထဲကို ဝင္မရေခ်။

က်င့္ႀကံသူတစ္ေယာက္က ေမးလိုက္သည္။
"ဒီအစီအရင္ကို ဘယ္သူလုပ္ထားတာလဲ.. ဖြင့္လိုက္ေလ... ၿပိ္းရင္ က်ဳပ္တို႔ သူ႕ကို ဖမ္းၾကရေအာင္"

အေမွာင္ထဲမွာ ပုန္းကြယ္ေနတဲ့ ရွို႔က်ိဳ႕က ယင္က်င္းရဲ႕နဲ႕ ႐ုန္ယိတို႔ကို ေတြ႕လိုက္တာေၾကာင့္
"သခင္.. ကြၽန္ေတာ္တို႔ သူ႕ကို အစီအရင္နဲ႕ပိတ္ထားၿပီးၿပီ.. အခု ဘာဆက္လုပ္ၾကမွာလဲ"

ယင္က်င္းရဲ႕က ႐ုန္ယိကို လွမ္းၾကည့္လိုက္သည္။

"ကြၽန္ေတာ္ကေတာ့ သူက ကြၽန္ေတာ္တို႔ ဖမ္းတာခံလိုက္ရသလိုမ်ိဳး ဟန္ေဆာင္ေနတာလို႔ဘဲ ထင္တယ္.. ကြၽန္ေတာ္တို႔ အစီအရင္ကို ျပန္႐ုတ္သိမ္းလိုက္တာနဲ႕ သူက အဲ့အခြင့္အေရးကို အမိအရအသုံးခ်ၿပီး ထြက္ေျပးသြားလိမ့္မယ္"
႐ုန္ယိ ေျပာလိုက္သည္။

အကယ္၍ သူသာဆိုရင္လည္း အျပင္ထြက္နိုင္တာနဲ႕ အေဝးကို ထြက္ေျပးမွာျဖစ္၏။ ၿပီးေတာ့ သူ႕ရဲ႕သိုေလွာင္လက္စြပ္ထဲမွာလည္း ဘာေမွာ္လက္နက္ေတြရွိေနမွန္း.သူေတာင္မမွတ္မိနိုင္ေလာက္တဲ့အထိ ထူးဆန္းတဲ့ ပစၥည္းေတြမ်ားျပားစြာရွိေနၿပီး သူ႕ခႏၶာကိုယ္က အခ်ိန္မေ႐ြး ဒီစည္းကို ခ်ိဳးဖ်က္ၿပီး ထြက္ေျပးသြားနိုင္ေလသည္။

ရွို႔က်ိဳ႕က သုန္မႈန္စြာနဲ႕ ေျပာလာ၏။
"ဒီအစီအရင္က သခင္ လုပ္ထားတဲ့ဟာေလ.. သူ႕လို မေသမ်ိဳးေျပာင္းလဲမႈအဆင့္မွာဘဲ ရွိေသးတဲ့ က်င့္ႀကံသူတစ္ေယာက္က ဘယ္လိုလုပ္ ပိတ္မိေနသလို ဟန္ေဆာင္နိုင္မွာလဲ"

႐ုန္ယိ သူ႕ကို ျပန္ေမးလိုက္သည္။
"က်င္းရဲ႕က သူ႕ကို အႀကိမ္အနည္းငယ္ေလာက္ ဖမ္းဖို႔ ႀကိဳးစားခဲ့တာဘဲေလ... ေအာင္ျမင္ခဲ့လို႔လား.. သူက အၿမဲတမ္း ထြက္ေျပးသြားတာဘဲမဟုတ္လား.."

ရွို႔က်ိဳ႕ "......"

သူ႕သခင္က တစ္ဖက္လူကို မဖမ္းနိုင္တာက ထိုသူ႕ကို ထိခိုက္ေအာင္မလုပ္ခ်င္လို႔ဟုသာ သူထင္သည္။ မဟုတ္ရင္ ထိုသူက ဒီလိုမ်ိဳး အလြယ္တကူနဲ႕ လြတ္ေျမာက္သြားနိုင္မွာ မဟုတ္ေပ။

"စည္းကို ျပန္မ႐ုတ္သိမ္းခင္.. ကြၽန္ေတာ္တို႔ လုပ္......"
႐ုန္ယိမွာ ေျပာလက္စ စကားေတာင္မဆုံးေသးခင္မွာဘဲ သူ႕ခႏၶာကိုယ္က စည္းအျပင္ဘက္က က်င့္ႀကံသူေတြကို စတင္ ရန္စေနၿပီး စာ႐ြက္တစ္႐ြက္ယူကာ 'မင္းတို႔ ငါ့ကိုမရိုက္နိုင္ဘူး' လို႔ ေရးျပေနတာကို ေတြ႕လိုက္ရ၏။

သူက ရိုးရွင္းတဲ့တ႐ုတ္စာလုံးေတြနဲ႕ ေရးလိုက္တာျဖစ္ေပမဲ့လည္း ဒီစာလုံးေတြက ေရွးေဟာင္းတ႐ုတ္စာလုံးေတြနဲ႕ ဆင္တူတာေၾကာင့္ သူဘာေရးထားတာလဲဆိုတာကို အလြယ္တကူ ခန့္မွန္းလို႔ရေလသည္။

"ဒီေကာင္စုတ္ေလး!!..."
က်င့္ႀကံသူေတြမွာ ေဒါသေတြေပါက္ကြဲကာ သူတို႔ ေမွာ္လက္နက္ေတြကို ဆြဲထုတ္လိုက္ၾကၿပီး
"ဒီအစီအရင္ကို ဘယ္သူလုပ္ထားတာလဲကြ!... မင္း မဖြင့္ေပးေသးဘူးဆိုရင္ ငါတို႔ ဖ်က္ပစ္ေတာ့မွာေနာ္!!..."

႐ုန္ယိခႏၶာကိုယ္က ထပ္ေရးျပလိုက္သည္။
'သတၱိရွိရင္ အထဲဝင္လာၾကေလ'

သူက ေခတ္သစ္က ရန္စတဲ့နည္းလမ္းနဲ႕ ေရးသားလိုက္ေပမဲ့လည္း ထိုက်င့္ႀကံသူေတြမွာ.အၾကမ္းဖ်င္း အဓိပၸာယ္ကိုေတာ့ ခန့္မွန္းလိုက္နိုင္ေသးသည္။ သူတို႔အကုန္လုံးမွာ ေမွာ္လက္နက္ေတြနဲ႕ စည္းကို ဖ်က္ဆီးဖို႔ ႀကိဳးစားၾကေတာ့သည္။ စိတ္မေကာင္းစရာကေတာ့ သူတို႔ရဲ႕စြမ္းအားအရဆိုရင္ ေလလြင့္မေသမ်ိဴးတစ္ေယာက္ ျပဳလုပ္ထားတဲ့ အစီအရင္ကို ဘယ္ေတာ့မွ ခ်ိဳးဖ်က္နိုင္မွာ မဟုတ္ေပ။

ယင္က်င္းရဲ႕က ႐ုန္ယိဘက္လွည့္ကာ ေမးလိုက္သည္။
"သူ ဘာေရးလိုက္တာလဲ"

"သူက အဲ့လူေတြကို ေဒါသေတြထြက္လာေအာင္ လုပ္ေနတာ.. အျပင္ဘက္က က်င့္ႀကံသူေတြကို သုံးၿပီး စည္းကို ဖ်က္ပစ္ခ်င္ေနတာဘဲ ျဖစ္ရမယ္"

ယင္က်င္းရဲ႕ "......"

႐ုန္ယိက ဆက္ေျပာလိုက္၏။
"ခင္ဗ်ား စည္းကို ဖြင့္လိုက္တာနဲ႕ သူ႕ကို ဖမ္းမွရမယ္.. မဟုတ္ရင္ သူထပ္ၿပီး ထြက္ေျပးသြားလိမ့္မယ္"

သူ႕စကားဆုံးသြားတာနဲ႕ သူ႕ခႏၶာကိုယ္က သူ႕ကို လွမ္းၾကည့္ေနတာကို ေတြ႕လိုက္ရ၏။

႐ုန္ယိမွာ မ်က္ေမွာင္ၾကဳတ္လိုက္မိၿပီး
"ၾကည့္ရတာ ကြၽန္ေတာ္ ဘာေတြေတြးေနလဲဆိုတာကို သူသိေနတဲ့ပုံဘဲ"

႐ုန္ယိခႏၶာကိုယ္က ႐ုန္ယိရဲ႕အေတြးေတြကို ထိုးေဖာက္ျမင္ေနရတယ္လို႔ ယင္က်င္းရဲ႕လည္း ခံစားေနရသည္။

႐ုတ္တရက္ ႐ုန္ယိခႏၶာကိုယ္က ႐ုန္ယိကို ၿပဳံးျပကာ စာ႐ြက္ကို ယူၿပီး ေရးျပလာသည္။
'မင္း ငါ့ကို မဖမ္းနိုင္ဘူး'

႐ုန္ယိ "....."

သူေတာ့ ဒါကိုမယုံေပ...

"ကေလးေတြအေဖ.. ခဏေနက်ရင္ ခင္ဗ်ားရဲ႕စြမ္းအား ဒါမွမဟုတ္ ေမွာ္ပစၥည္းတစ္မ်ိဳးမ်ိဳးသုံးၿပီး.သူ႕ရဲ႕ ဝိညာဥ္စြမ္းအားကို ပိတ္ပစ္လိုက္... အာ.. မဟုတ္ေသးဘူး.. ဒါက အလုပ္ျဖစ္မွာ မဟုတ္ဘူး"

သူ႕ရဲ႕သိုေလွာင္လက္စြပ္ထဲမွာ ဝိညာဥ္စြမ္းအားသုံးစရာမလိုတဲ့ ေမွာ္လက္နက္ေတြ တစ္ပုံႀကီးရွိေနတာ သူသတိရသြားသည္။

ရွို႔က်ိဳ႕မွာ ႐ုန္ယိကို ထူးဆန္းစြာၾကည့္လိုက္မိသည္။ သူနဲ႕ သူတို႔ဖမ္းဖို႔ႀကိဳးစားေနတဲ့လူနဲ႕ၾကားမွာ ဘယ္လိုပတ္သတ္မႈမ်ိဳးရွိေနတာလဲဆိုတာ နဲ႕ သခင္ကလည္း ဘာလို႔ သူ႕ကိုဖမ္းဖို႔ ဒီေလာက္စိတ္အားထက္သန္ေနရတာလဲဆိုတာ သူ တစ္ကယ္ကို သိခ်င္ေနမိသည္။

ၿပီးခဲ့တဲ့အေခါက္တုန္းက တစ္ဖက္လူက ႐ုန္ယိကို နမ္းခဲ့တုန္းကလည္း သခင္က စိတ္မဆိုးခဲ့..။

႐ုန္ယိခႏၶာကိုယ္က ထိုလူေတြ စည္းကို အႀကိမ္ေပါင္းမ်ားစြာ ရိုက္ႏွက္ေနၾကေပမဲ့ အက္ရာေလးေတာင္ ျဖစ္မလာေသးတာ ေတြ႕တဲ့အခါ သူ ေရးျပလိုက္သည္။
'တစ္ကယ့္ကို အသုံးမက်ဘဴး'

ထိုက်င့္ႀကံသူေတြမွာ ေဒါသထြက္လြန္းတာေၾကာင့္ အံေတြႀကိတ္လိုက္မိၾကသည္။ ႐ုန္ယိ ကိုယ္တိုင္ေတာင္မွ သူ႕မ်က္ႏွာကို သြားျဖတ္ရိုက္ပစ္လိုက္ခ်င္ေပမဲ့လည္း သူ႕မွာ ဘာမွ မတတ္နိုင္ေပ။

႐ုန္ယိခႏၶာကိုယ္က အေညာင္းဆန့္လိုက္ကာ သိုေလွာင္လက္စြပ္ထဲကေန ဇိမ္ရွိလွတဲ့အိပ္ယာတစ္ခုဆြဲထုတ္ကာ လွဲခ်လိဳက္ၿပီး ဂိမ္းစက္တစ္ခုထုတ္ကာ ကစားေန၏။

႐ုန္ယိက ခဏေလာက္ေတြးေတာၿပီးေနာက္ သူ႕အေတြးနဲ႕ သူ႕ခႏၶာကိုယ္ကို ထိန္းခ်ဳပ္လို႔ရပါ့မလားဆိုတာကို စမ္းၾကည့္ဖို႔ ဆုံးျဖတ္လိုက္၏။ အရင္ဆုံး သူ႕ကို ထိုဂိမ္းစက္ကို သိုေလွာင္လက္စြပ္ထဲကို ျပန္သိမ္းခိုင္းဖို႔ ႀကိဳးစားၾကည့္လိုက္သည္။

အေမႊးတိုင္တစ္တိုင္စာေလာက္ၾကာတဲ့အခါ ႐ုန္ယိခႏၶာကိုယ္က တစ္ကယ္ဘဲ ဂိမ္းစက္ကို သိုေလွာင္လက္စြပ္ထဲ ျပန္သိမ္းလိုက္၏။

႐ုန္ယိမွ မ်က္ခုံးေတြပင့္သြားရသည္။
သူတစ္ကယ္ဘဲ သူ႕ခႏၶာကိုယ္ကို ထိန္းခ်ဳပ္နိုင္တာလား...။

သူ ေနာက္တစ္ခါထပ္ၿပီး အိပ္ရာကို သိုေလွာင္လက္စြပ္ထဲ ျပန္ထည့္တာကို ေတြးဖို႔ ႀကိဳးစားလိုက္သည္။

ဒီတစ္ႀကိမ္ေတာ့ အနည္းငယ္ ပိုျမန္လာေလသည္။ အေမႊးတိုင္တစ္ဝက္စာအခ်ိန္ေလာက္တည္းနဲ႕ ႐ုန္ယိခႏၶာကိုယ္က အိပ္ရာကို ျပန္သိမ္းလိုက္၏။

႐ုန္ယိ ယင္က်င္းရဲ႕ကို တိုးတိုးေလးကပ္ေျပာလိုက္သည္။
"ၾကည့္ရတာေလ ကြၽန္ေတာ္ သူ႕ကို တစ္ကယ္ႀကီး ထိန္းခ်ဳပ္နိုင္တဲ့ပုံဘဲ"

"မင္းေသခ်ာရဲ႕လား"
ယင္က်င္းရဲ႕က မ်က္ဝန္းေတြ ေမွးစင္းလိုက္ကာ
"သူက မင္းကို လွည့္စားဖို႔အတြက္ တမင္လုပ္ေနတာလည္းျဖစ္နိုင္တယ္.. ဒါမွ ကိုယ္တို႔က သတိေလွ်ာ့ခ်လိဳက္မွာေလ"

႐ုန္ယိ "......"

ဒါလည္း တစ္ကယ့္ကို ျဖစ္နိုင္ေခ်ရွိေလသည္။

ေသာက္ခ်ီးတဲ့မွ!!...

သူဘာေတြးေနလဲဆိုတာ သူ႕ခႏၶာကိုယ္က အကုန္သိေနၿပီး သူကေတာ့ သူ႕ခႏၶာကိုယ္ ဘာေတြေတြးေနလဲဆိုတာကို လုံးဝမသိရတဲ့အခ်က္က ေတာ္ေတာ့္ကို ဒုကၡေရာက္ေစေလသည္။

ဒါေပမဲ့ ႐ုန္ယိ သူ႕ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ဖို႔ စဥ္းစားလိုက္ကတည္းက သူ႕ခႏၶာကိုယ္က လႈပ္ရွားမႈမွန္သမွ်ရပ္သြားကာ ထိုေနရာမွာဘဲ မ်က္ေတာင္ေတာင္မခတ္ေတာ့ဘဲ အ႐ုပ္တစ္႐ုပ္လို ရပ္ေန၏။

တစ္ျခားက်င့္ႀကံသူေတြမွာလည္း သိခ်င္သြားရသည္။
"သူဘာျဖစ္သြားတာလဲ.. မလႈပ္ေတာ့ဘူးဟ"

"အစီအရင္လုပ္ထားတဲ့တစ္ေယာက္က သူ႕ဝိညာဥ္ကို ခႏၶာကိုယ္ထဲကေန ဆြဲထုတ္သြားတာမ်ားလား.. ဒါမွမဟုတ္ ေမွာ္အတတ္တစ္မ်ိဳးမ်ိဳးနဲ႕ သူ႕ကို မလႈပ္ရွားနိုင္ေတာ့ေအာင္ လုပ္လိုက္တာလား"

"သခင္.."
ရွို႔က်ိဳ႕က ေျပာလာသည္။
"နန္ယြီၿမိဳ႕သခင္ကလည္ ေလလြင့္မေသမ်ိဴးအဆင့္ပါဘဲ.. သူလည္း ဒီစည္းကို ခ်ိဳးဖ်က္နိုင္တယ္.. ကြၽန္ေတာ္တို႔ သူ႕ကို အခု မဖမ္းေသးဘူးဆိုရင္ သူက အဲ့လူေခၚသြားတာခံလိုက္ရၿပီး ကိစၥေတြက အရမ္းျပႆနာမ်ားလာလိမ့္မယ္"

႐ုန္ယိက
"ကေလးေတြအေဖ.. ခုနကကြၽန္ေတာ္ေျပာသလိုဘဲ စည္းကို ဖ်က္လိုက္တာနဲ႕ သူ႕ကို ဖမ္းေနာ္"

ယင္က်င္းရဲ႕က ေခါင္းၿငိမ့္ၿပီး ခုန္ထြက္ကာ ႐ုန္ယိခႏၶာကိုယ္ဆီကို ပ်ံသန္းသြားလိုက္သည္။

က်င့္ႀကံသူေတြက ယင္က်င္းရဲ႕ ပ်ံသန္းလာတာကို ေတြ႕လိုက္တဲ့အခါ လုပ္ေနတာေတြအကုန္ရပ္ကာ သူ႕ကို ၾကည့္လာၾကသည္။ ထို႔ေနာက္ တစ္ေယာက္က ထေအာ္လိုက္သည္။
"ဒီလူက အထဲကေကာင္နဲ႕ တစ္ဖြဲ႕တည္းဘဲ.. သူ႕ကိုပါ ဖမ္းၾကရေအာင္!"

ထိုအခါ လူတိုင္းက ယင္က်င္းရဲ႕ကို ဝိုင္းလိုက္ၾကသည္။

ယင္က်င္းရဲ႕ "......"

႐ုတ္တရက္ တဘုန္းဘုန္း အသံေတြကို ၾကားလိုက္ၾကရေလသည္။

ယင္က်င္းရဲ႕ရဲ႕ အစီအရင္မွာ ဖ်က္ဆီးခံလိုက္ရၿပီး အျပာႏုေရာင္ပုံရိပ္တစ္ခုက ႐ုန္ယိခႏၶာကိုယ္ရဲ႕ ေဘးနားကို ပ်ံသန္းသြား၏။

ဒါကိုေတြ႕လိုက္တဲ့အခါ ႐ုန္ယိမွာ ေရ႐ြတ္လိုက္မိသည္။
"ဒီလူယုတ္မာက ၿမိဳ႕သခင္ဘဲ ျဖစ္ရမယ္"

ယင္က်င္းရဲ႕က သူ႕ရဲ႕ေမွာ္လက္နက္ကို ခ်က္ခ်င္းထုတ္ကာ ႐ုန္ယိခႏၶာကိုယ္ကို ခ်ဳပ္ထားဖို႔လုပ္လိုက္ၿပီး တစ္ခ်ိန္တည္းမွာဘဲ နန္ယြီၿမိဳ႕သခင္ကလည္း သူ႕ေမွာ္လက္နက္နဲ႕ ႐ုန္ယိခႏၶာကိုယ္ကို ခ်ဳပ္ႏွောင္ဖို႔ ႀကိဳးစားလိုက္သည္။ ထိပ္တန္းလက္နက္ႏွစ္ခုမွာ ျပင္းထန္စြာထိမိသြားၾကကာ ဘုန္း ခနဲဟူေသာ အသံနဲ႕အတူ ျပင္းထန္လွတဲ့ စြမ္းအားလွိုင္းေတြက ပတ္ပတ္လည္က လူတိုင္းကို အေနာက္ကို ေျခလွမ္းအနည္းငယ္ျပန္ဆုတ္ရတဲ့အထိ တြန္းထုတ္ပစ္လိုက္၏။

နန္ယြီၿမိဳ႕သခင္မွာ မ်က္ေမွာင္ေတြ တြန့္ကုပ္သြားရသည္။

ထိုအခ်ိန္မွာ.႐ုန္ယိခႏၶာကိုယ္က လႈပ္ရွားလာကာ သူလက္လႈပ္လိုက္တာနဲ႕ သူ႕တစ္ကိုယ္လုံးကို အလင္းေရာင္စူးစူးက ဖုံးလႊမ္းသြား၏။

"မၾကည့္နဲ႕!... အဲ့တာ အလင္းအင္းကြက္ဘဲ!"
႐ုန္ယိမွာ ထိတ္လန့္သြားၿပီး.သူ႕မ်က္လုံးသူ အုပ္ကာ ပစ္လိုက္ရ၏။

ဘယ္သူမဆို က်င့္ႀကံဆင့္က ဘယ္ေလာက္ဘဲ ျမင့္မားေနပါေစ.. ဒါကို ခုခံနိုင္မွာမဟုတ္ေပ။

"အား... ငါ့မ်က္လုံး... ငါ့မ်က္လုံး.. မျမင္ရေတာ့ဘူးဟ!.."
ယင္က်င္းရဲ႕နဲ႕ နန္ယြီၿမိဳ႕သခင္တို႔အပါအဝင္ ထိုအလင္းေရာင္ကို တည့္တည့္ၾကည့္လိုက္မိတဲ့သူတိုင္းမွာ ဘာမွမျမင္ၾကရေတာ့ေပ။

သူတို႔ႏွစ္ေယာက္လည္း မ်က္လုံးေတြအျမန္ပိတ္ကာ ပြတ္လိုက္မိၾကသည္။

သိပ္မေဝးတဲ့ေနရာမွာ ရွိေနတဲ့ ရွို႔က်ိဳ႕ေတာင္မွ ဒါကို မေရွာင္လိုက္နိုင္ေပ။

႐ုန္ယိက ေျပာလိုက္၏။
"အာ... ငါတို႔ သူ႕ကို ေနာက္တစ္ခါ လြတ္သြားျပန္ၿပီ"

ယင္က်င္းရဲ႕ ျပန္ေကာင္းသြားတဲ့အခါ ႐ုန္ယိခႏၶာကိုယ္မွာ ထြက္ေျပးသြားၿပီးေလၿပီ။ သူ ႐ုန္ယိေဘးကို အျမန္ပ်ံသြားကာ သူ႕ကိုေခၚထုတ္လာၿပီး အနီးအနားကၿမိဳ႕ေလးက တည္းခိုေဆာင္အေသးေလးတစ္ခုမွာ တည္းလိုက္ၾက၏။

အေနာက္က လိုက္လာတဲ့ ရွို႔က်ိဳ႕က ေမးလာသည္။
"သခင္ေလး.. ခုနကေျပာလိုက္တာ ဘာအင္းကြက္လဲ"

"အလင္းအင္းကြက္က ခင္ဗ်ားတို႔ကို ယာယီ အျမင္အာ႐ုံေပ်ာက္ကြယ္သြားေအာင္ လုပ္နိုင္တယ္.. အဲ့တာက ခင္ဗ်ားတို႔ ပတ္ပတ္လည္ကို အျဖဴေရာင္လြင္ျပင္ႀကီးအျဖစ္ေျပာင္းပစ္ၿပီး သူ႕ကို ရွာမေတြ႕နိုင္ေအာင္လည္း လုပ္နိုင္ေသးတယ္.."
တစ္ေနကုန္ အလုပ္ေတြရႈပ္ေနတာေၾကာင့္ ႐ုန္ယိမွာ အနည္းငယ္ ပင္ပန္းေနေလၿပီ။
"ဟုတ္ၿပီေလ.. အရင္ဆုံး နည္းနည္းေလာက္ အနားယူၾကရေအာင္"

သူ႕အခန္းကို ျပန္သြားလိုက္တဲ့အခါ သူ႕ခႏၶာကိုယ္က အိပ္ရာေပၚမွာထိုင္ၿပီး သူ႕ကို ၿပဳံးၿဖဲၿဖဲရယ္ျပေနတာကို ေတြ႕လိုက္ရ၏။

႐ုန္ယိ အျမန္ေအာ္ေခၚလိုက္မိသည္။
"ကေလးေတြအေဖ.. ကေလးေတြအေဖ..."

သူ႕အသံၾကားတာေၾကာင့္ ယင္က်င္းရဲ႕နဲ႕ ရွို႔က်ိဳ႕တို႔က အခန္းထဲကို ေျပးဝင္လာၾကတဲ့အခါ သူတို႔ အသည္းအသန္ဖမ္းဖို႔ႀကိဳးစားေနရတဲ့ ထိုလူက ကုတင္အစြန္းမွာထိုင္ရင္းနဲ႕ သူတို႔ကို လက္ေဝွ႕ယမ္းျပေနတာကို ေတြ႕လိုက္ၾကရေလသည္။

ရွို႔က်ိဳ႕က ႏွာေခါင္းရႈံ႕လိုက္ကာ
"ေကာင္းတယ္!... မင္းက ကိုယ့္ေျခေထာက္နဲ႕ကိုယ္ ငါတို႔ဆီ ေရာက္လာတာဘဲ..."

"မင္း ဘာလိုခ်င္လို႔လဲ"
႐ုန္ယိ သူ႕ခႏၶာကိုယ္ကို ေမးလိုက္သည္။

႐ုန္ယိခႏၶာကိုယ္က သိုေလွာင္လက္စြပ္ထဲကေန လွပလြန္းတဲ့ အနီေရာင္ပန္းပြင့္အစည္းႀကီးကို ထုတ္ယူလိုက္ကာ ယင္က်င္းရဲ႕ ေရွ႕ကိုသြားၿပီး ထိုပန္းေတြကို သူ႕ဆီကမ္းေပးလိုက္သည္။

႐ုန္ယိမွာ ၾကက္ေသေသသြားရသည္။
သူ႕ခႏၶာကိုယ္ ဘာလုပ္ေနတာလဲ... သူက ယင္က်င္းရဲ႕ကို ပိုးပန္းဖို႔ႀကိဳးစားေနတာလား...။

ယင္က်င္းရဲ႕က ႐ုန္ယိကို ေမးလိုက္၏။
"သူဘာကို ဆိုလိုခ်င္တာလဲ"

႐ုန္ယိမွာ အနည္းငယ္မနာလိုျဖစ္မိသြားၿပီး စိတ္တိုစြာနဲ႕ ျပန္ေျဖလိုက္သည္။
"သူက ခင္ဗ်ားကို မုန္းတယ္တဲ့"

"ေအာ္..."
ယင္က်င္းရဲ႕က သူေျပာတာကိုမယုံေပ။ ဘာလို႔လဲဆိုေတာ့ ႐ုန္ယိခႏၶာကိုယ္ရဲ႕ အမူအယာက ထိုကဲ့သို႔ဟုတ္မေနေပ။
"ဒါဆို မင္းလည္း ကိုယ့္ကို မုန္းတယ္ေပါ့"

"အာ...မဟုတ္ပါဘူး.."
႐ုန္ယိ သူ႕ကို အျမန္ရွင္းျပလိုက္သည္။
"သူ ခင္ဗ်ားကို ပန္းေတြေပးတာက သူက ခင္ဗ်ားကို သေဘာက်ၿပီး ဆြဲေဆာင္ခ်င္တယ္လို႔ ဆိုလိုတာ.."

ယင္က်င္းရဲ႕က အရင္ဆုံး ရွို႔က်ိဳ႕ကို ထြက္သြားခိုင္းလိုက္ၿပီး အၿပဳံးပါးပါးေလးတစ္ပြင့္နဲ႕အတူ ဝမ္းသာစြာဘဲ ပန္းေတြကို လက္ခံယူလိုက္သည္။
"ေကာင္းသားဘဲ...ဒီပန္းေတြက တစ္ေယာက္ေသာသူေပးတဲ့ 'ကြၽန္ေတာ္ ခင္ဗ်ားကိုအေႂကြးတင္ေနတယ္' ဆိုတဲ့စာထက္ေတာ့ အမ်ားႀကီးပိုေကာင္းတယ္"

"......"
႐ုန္ယိ သူ႕ခႏၶာကိုယ္ကို ေမးလိုက္သည္။
"မင္းဘာလို႔ ထြက္မေျပးေတာ့တာလဲ"

႐ုန္ယိခႏၶာကိုယ္က သူ႕ကို ၿပဳံးသာျပၿပီး ဘာမွျပန္မေျပာေပ။

သူ႕ခႏၶာကိုယ္က ထြက္ေျပးေနရတာက ေပ်ာ္စရာမေကာင္းေတာ့ဘူးလို႔ ခံစားလာရလို႔ဘဲ ျဖစ္မယ္လို႔ ႐ုန္ယိ ခန့္မွန္းလိုက္မိသည္။ သူတို႔နဲ႕အတူေနတာကမွ ထို႔ထက္ပိုေကာင္းဦးမည္ေလ.. အနည္းဆုံးေတာ့ စကားေျပာစရာလူရွိတယ္မဟုတ္လား.. ၿပီးေတာ့လည္း သူတို႔က သူ႕ကို ထိခိုက္ေအာင္လုပ္ၾကမွာလည္းမဟုတ္ေပ။

ယင္က်င္းရဲ႕က ပန္းေတြကို ေဘးမွာခ်လိဳက္ၿပီး
"အခု သူထြက္မေျပးေတာ့ဘူးဆိုေတာ့.. မင္း မင္းကိုယ္ထဲကို ျပန္ဝင္နိုင္မလား ၾကည့္ၾကည့္ရေအာင္"

႐ုန္ယိခႏၶာကိုယ္က စာ႐ြက္ေပၚမွာ ေရးျပလာသည္။
'အခုမရေသးဘူး'

႐ုန္ယိက ေမးလိုက္သည္။
"ဒါေပမဲ့ ဘာလို႔လဲ"

႐ုန္ယိခႏၶာကိုယ္က ထပ္ေရးျပလာသည္။
'ဘာလို႔လဲဆိုေတာ့ မင္းမွ ျပန္မလာခ်င္ေသးတာ'

႐ုန္ယိ "....."

သူ႕ကိုယ္ပိုင္ ခႏၶာကိုယ္နဲ႕ ဆက္သြယ္ေျပာဆိုေနရတာက နည္းနည္းေတာ့ ထူးဆန္းေနတယ္လို႔ သူေတြးလိုက္မိသည္။

သူ႕ဝိညာဥ္က ဒီကိုယ္ထဲမွာ ရွိေနတဲ့အခ်ိန္မွာ သူ႕ရဲ႕ခႏၶာကိုယ္က ေနာက္ထပ္တစ္ေယာက္လိုမ်ိဳး ခုန္ေပါက္လႈပ္ရွားနိုင္ေနေလသည္။ ဒါႀကီးက ႐ူးေၾကာင္ေၾကာင္နိုင္လွ၏။ သူ႕မွာ ဒါက သူ႕ခႏၶာကိုယ္မဟုတ္ဘူးလို႔ေတာင္မွ သံသယဝင္မိေလသည္။

႐ုန္ယိက သူ႕ခႏၶာကိုယ္ကို စစ္ေဆးၾကည့္ဖို႔ ေရွ႕ကိုတိုးသြားကာ ဒါက တစ္ကယ့္ကို သူ႕ခႏၶာကိုယ္ျဖစ္ေၾကာင္း ေသခ်ာသြားမွ
"မင္းမွာ ဝိညာဥ္မရွိတာ.ငါ ရာႏႈန္းျပည့္ကို ေသခ်ာတယ္.. ဒါကို မင္းက ဘာလို႔လႈပ္ရွားေနနိုင္ရတာလဲ.. ၿပီးေတာ့ မင္းကိုယ္ပိုင္ အသိစိတ္လည္းရွိေနေသးတယ္"

႐ုန္ယိခႏၶာကိုယ္က စာေရးျပလာသည္။
'ငါ့ဆီမွာ မင္းရဲ႕ဝိညာဥ္တစ္ခုနဲ႕ စိတ္ဝိညာဥ္တစ္ခုရွိတယ္.. မင္း ဂူထဲမွာတုန္းက ငါ့ဆီကို မေတာ္တဆနဲ႕ လႊဲေျပာင္းေပးခဲ့တာ'

"မျဖစ္နိုင္တာ!.. အကယ္၍ ငါ့ဝိညာဥ္တစ္ခုနဲ႕ စိတ္ဝိညာဥ္တစ္ခုသာ ဆုံးရႈံးထားရရင္ ငါက အသိစိတ္မရွိသလို ျဖစ္ေနမွာေပါ့"

ယင္က်င္းရဲ႕က ေျပာလိုက္သည္။
"မင္းရဲ႕ အခုလက္ရွိကိုယ္ထဲမွာ မူလ႐ုန္ယိရဲ႕ ဝိညာဥ္တစ္စိတ္တစ္ပိုင္း က်န္ေနေသးလို႔ျဖစ္မယ္.. ဒါေၾကာင့္ မင္း သာမန္လူတစ္ေယာက္လို ျပဳမူေနနိုင္တာ"

႐ုန္ယိ "......"

႐ုန္ယိခႏၶာကိုယ္က ေရးျပလာသည္။
'ငါ့ဝိညာဥ္နဲ႕ စိတ္ဝိညာဥ္က မျပည့္စုံတာေၾကာင့္ ငါ စကားမေျပာနိုင္ဘူး.. ၿပီးေတာ့ အခ်ိန္အမ်ားစုမွာ ငါက ဘာမွမေတြးနိုင္တဲ့ အ႐ုပ္တစ္႐ုပ္လိုဘဲ.. ဒါေပမဲ့ မင္းနဲ႕ နီးသြားတဲ့အခ်ိန္ဆိုရင္ အဲ့လိုအေျခအေနမ်ိဳးက မရွိေတာ့ဘူး.. ငါတို႔ဝိညာဥ္ေတြက အတူတကြ ျဖစ္ေပၚေနသလိုမ်ိဳး ဆင္တူေနလို႔ဘဲ ျဖစ္မယ္'

႐ုန္ယိ "....."

ယင္က်င္းရဲ႕က ေမးလာသည္။
"သူဘာေတြ ေရးထားတာလဲ"

႐ုန္ယိက သူ႕ကို ရွင္းျပလိုက္သည္။

"ဒီလို မယုံၾကည္နိုင္စရာကိစၥမ်ိဳးကို ဒါပထမဆုံး ေတြ႕ႀကဳံဖူးတာဘဲ"

"ကြၽန္ေတာ္ေရာဘဲ"
႐ုန္ယိမွာ.သူ႕ရဲ႕ ကိုက္ခဲေနတဲ့ ေခါင္းကို ပြတ္သပ္လိုက္မိၿပီး သူ႕ခႏၶာကိုယ္ရဲ႕ ကိစၥေတြကို ထပ္ၿပီး မေျပာခ်င္ေတာ့ေပ။
"ကြၽန္ေတာ္ အိပ္ေရးဝဝအိပ္ဖို႔ လိုေနၿပီ"

ထို႔ေနာက္ သူ႕ရဲ႕အျပင္ဝတ္႐ုံကို ခြၽတ္လိုက္ကာ ကုတင္ေပၚလွဲခ်လိဳက္ေလသည္။

႐ုန္ယိခႏၶာကိုယ္က ခ်က္ခ်င္းဘဲ ယင္က်င္းရဲ႕နားကို ကပ္သြားကာ ေခါင္းထဲမွာ ဒီအမ်ိဳးသားရဲ႕ပုံရိပ္ကို စြဲေနေအာင္ မွတ္ေနသလိုမ်ိဳး သူ႕ခႏၶာကိုယ္ တစ္လက္မခ်င္းစီကို ေသခ်ာကို လိုက္ၾကည့္ေန၏။

ယင္က်င္းရဲ႕က သူ႕ကိုေမးလိုက္သည္။
"မင္း ဘာေတြၾကည့္ေနတာလဲ"

႐ုန္ယိခႏၶာကိုယ္က ၿပဳံးလိုက္ကာ စာ႐ြက္ေပၚမွာ ေရးျပလာ၏။
'ကေလးေတြအေဖ'

ယင္က်င္းရဲ႕ "......"

တစ္ျခား႐ုန္ယိတစ္ေယာက္က အိပ္ရာထဲမွာ လွဲေနတာသာမဟုတ္ရင္ ႐ုန္ယိ သူ႕ခႏၶာကိုယ္ထဲ ျပန္ေရာက္သြားၿပီလို႔ သူေတြးမိလုနီးပါးပင္။

႐ုန္ယိခႏၶာကိုယ္က သူ႕ရဲ႕ လ်စ္လ်ဴရႈမႈကို ဂ႐ုမစိုက္ဘဲ ေရွ႕တိုးလာကာ သူ႕မ်က္ႏွာကို နမ္းလိုက္ၿပီး စာေရးျပလာသည္။
'ေနာက္ဆုံးေတာ့ ကြၽန္ေတာ္ ခင္ဗ်ားကို ဒီကိုယ္နဲ႕ နမ္းနိုင္သြားၿပီ'

ယင္က်င္းရဲ႕ "......"

အခုအခ်ိန္ သူ႕မွာ လက္တြဲေဖာ္ႏွစ္ေယာက္ရွိေနသလိုမ်ိဳး သူခံစားေနရ၏။

႐ုတ္တရက္ ေခါင္းအုံးတစ္လုံးက သူ႕ကို လာမွန္ေလသည္။

"မင္းတို႔ ငါ့ကို အသက္မရွိဘူးမ်ား ထင္ေနၾကလား"
႐ုန္ယိ ထထိုင္ကာ သူ႕ခႏၶာကိုယ္ကို စိုက္ၾကည့္လိုက္ၿပီး
"မင္း အိပ္ရာေပၚလာလွဲရင္လွဲ မဟုတ္ရင္ ထြက္သြားလိုက္ေတာ့"

႐ုန္ယိခႏၶာကိုယ္က ႐ုန္ယိကို ၾကည့္လိုက္ကာ ယင္က်င္းရဲ႕ကို ျပန္ၾကည့္လိုက္ၿပီး ေရးျပလာသည္။
'အရမ္းကပ္ေစးနည္းတာဘဲ'

႐ုန္ယိမွာ မ်က္ဆံသာလွန္လိုက္မိသည္။ သူ႕ခႏၶာကိုယ္ထဲကို တတ္နိုင္သေလာက္အျမန္ဆုံး ျပန္သြားတာ ပိုေကာင္းမည္ဟု သူေတြးလိုက္မိသည္။ ဒီအတိုင္းသာ ဆက္သြားေနပါက ဒါႀကီးက သူ႕ကို ႐ူးသြားေစေပလိမ့္မည္။

သူ ယင္က်င္းရဲ႕ကို ေမးလိုက္သည္။
"ခင္ဗ်ား သူ႕ခႏၶာကိုယ္ထဲက ဝိညာဥ္တစ္ခုနဲ႕ စိတ္ဝိညာဥ္တစ္ခုကို ဆြဲထုတ္ေပးနိုင္လား"

ဒါကို ၾကားတဲ့အခါ ႐ုန္ယိခႏၶာကိုယ္က ခ်က္ခ်င္းျပတင္းေပါက္ဆီ ခုန္ထြက္သြားကာ စာေရးျပလာ၏။
'ငါသာ ဒီခႏၶာကိုယ္ထဲက ထြက္သြားရရင္. မင္းခႏၶာကိုယ္ ပုပ္သြားလိမ့္မယ္'

႐ုန္ယိ "......"

႐ုန္ယိခႏၶာကိုယ္က သူ႕ရဲ႕ဝိညာဥ္နဲ႕ စိတ္ဝိညာဥ္ တစ္ကယ္ႀကီး ဆြဲထုတ္ခံလိုက္ရမွာ စိုးတာေၾကာင့္ ထြက္ေျပးရန္ ျပတင္းေပါက္ကေန ခုန္ထြက္သြား၏။

႐ုန္ယိမွာ မ်က္ေမွာင္ၾကဳတ္ကာ စဥ္းစားလိုက္ၿပီး
"ဘာမွမျဖစ္ဘူး.. သူ႕ကို လႊတ္သာထားလိုက္.. ဘာဘဲျဖစ္ျဖစ္ ကြၽန္ေတာ္သူ႕ကို ထပ္ရွာနိုင္တယ္.. သူ႕ဘာသာသူ ျပန္ရင္လည္း ျပန္လာလိမ့္မယ္"

"ထားလိုက္ပါေတာ့.. ကြၽန္ေတာ္ အိပ္ေရးဝဝအိပ္ၿပီး နားဖို႔လိုေနၿပီ.. မိုးလင္းရင္လည္း.. ကြၽန္ေတာ့္ကို ဘယ္သူမွလာမႏွိုးၾကနဲ႕ေနာ္"

သူအိပ္ေပ်ာ္သြားတာေတြ႕တဲ့အခါ ယင္က်င္းရဲ႕ ျပတင္းေပါက္နားကိုသြားၾကည့္လိုက္၏။ ထိုအခါ ႐ုန္ယိခႏၶာကိုယ္ကလည္း ထိုေနရာမွာ အနည္းငယ္ေလးေတာင္ မလႈပ္ေတာ့ဘဲ ေတာင့္ေနတာကို ေတြ႕လိုက္ရေလသည္။

**********
18.3.2022

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

108K 13.3K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
53K 3.6K 48
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
49.8K 5.5K 84
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
23.6K 3K 14
လုကျင်းမင်...ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...အိမ်မက်ထဲမှာတောင်မှပဲ။ လုက်င္းမင္...ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထပ္မေတြ႕ေတာ့ဘူး...အိ...