(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《133》

8.6K 1.4K 34
By Xiao_Yiii

Unicode

အခန်း(၁၃၃) - ပရောပရည်

သူ့ရင်ထဲမှာတော့ ပိုင်ယန်က ထိုအမျိုးသမီးအား ပြန်ပြောနေလေပြီ။

မင်းမှန်တယ် သူအများကြီး ပိုစားသင့်တယ် ဒါပေမဲ့ ပြီးပြည့်စုံတဲ့ ခန္တာကိုယ်ဆိုတာမျိုး မရှိဘူး ဟုတ်ပြီလား? သူက အခု ထွန်ခြစ်လို ပိန်ပါးနေတဲ့ဟာ ဘယ်လိုလုပ်လှမှာလဲ?

ထို့နောက်ယန်က ကျောင်းဟွာရဲ့ ပန်းကန်နေရာကို လှမ်းမျှော်ကြည့်လိုက်သည်။ ထိုလူက သူ့ပန်းကန်ထဲက အရာအများစုကို ထိတောင် မထိထားဘူးလေ

သူက ကြောင်လား? ကျောင်းဟွာ ဘာပြောမလဲ ကြည့်ကြသေးတာပေါ့!

"အခုတစ်လော ကျွန်တော့်အစာအိမ်က သိပ်မကောင်းလို့ အများကြီးမစားနိုင်တာပါ, မကြာခင် ကောင်းသွားပါလိမ့်မယ်"

ကျောင်းဟွာက ထိုအမျိုးသမီးအား အပြုံးဖြင့် ပြန်ဖြေသည်။

ပိုင်ယန်က မျက်မှောင်ကြုတ်လေသည်။

အစာအိမ် သိပ်မကောင်းဘူး? ဒါဆို မနေ့ညက ဘာလို့ဒီလောက် အလွန်အကျူး သောက်ရတာလဲ? သူက သေချင်နေတာလား? ဒီနေ့ ICU ကို သွားမတွေ့ရရင်တောင် ကံကောင်းပဲ!

လှပတဲ့ အမျိုးသမီးက ထိတ်လန့်တကြား အသက်ပြင်းပြင်းရှုလိုက်ပြီး ကျောင်းဟွာအား စိတ်ပူပန်စွာ မေးလာပြန်သည်။

"အစာအိမ်နာတာက အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်, ကျွန်မမှာ ဝမ်းထဲ အဆင်မပြောတာအတွက် ကောင်းတဲ့ လက်ဖက်ရည်ရှိတယ်, ပြီးရင် ယူပေးမယ်နော်"

ပိုင်ယန်က သူ့ပန်းကန်ထဲက ထမင်းအား ခပ်ပြင်းပြင်း ထိုးဆွနေမိသည်။

ဒီမိန်းမက ဒီလောက်ရုပ်ဆိုးတာတောင် ကျောင်းဟွာကို ချဉ်းကပ်ဖို့ ဆက်တိုက်ကြိုးစားနေတယ်, အလုပ်ကိုဆိုရင်တော့ ကောင်းကောင်းမွန်မွန်လုပ်တာမျိုး တစ်ခါမှ မမြင်ဘူးပါဘူး! အကယ်၍ ကျောင်းဟွာသာ သူ့အစာအိမ်မကောင်းတာအတွက် လက်ဖက်ရည်လိုချင်ရင် သူ့ဘာသာသူ ဝယ်မှာပေါ့! သူမရဲ့ အင်အားစိုက်ထုတ်မှုက လိုကိုမလိုတာ! ကျောင်းဟွာက သူမရဲ့ လက်ဖက်ရည်ကို လက်ခံမှာမဟုတ်ဘူး!

ပိုင်ယန်ဟောကိန်းထုတ်လိုက်သလိုပင် ကျောင်းဟွာက သူမအား ငြင်းဆန်လိုက်သည်။

"ကျေးဇူးပါပဲ ဒါပေမဲ့ မလိုတော့ပါဘူး, ကျွန်တော့်ညီလေး ပေးထားတာ တစ်ချို့ရှိသေးတယ်, အဲဒါက ကျွန်တော့်အတွက် လုံလောက်နေပါပြီ, အများကြီးဖြစ်နေရင် ဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ်"

ပိုင်ယန်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ့မေးကို မြင့်မြင့်မြှောက်လိုက်သည်။

ဟမ့်!

"ကျွန်မသိပါပြီ" ထိုအမျိုးသမီးက ပြောသည်။

"ကောင်းပြီ, ကျောင်းကော, ရေနွေးနွေးလေး များများသောက်ပေးဖို့ မမေ့နဲ့နော်"

ပိုင်ယန်က သူ့စိတ်ထဲမှာတော့ ဒေါသတကြီး အော်ဟစ်နေလေပြီ။

သူက မင်းသင်ပေးစရာ မလိုဘူးကွ!ထွက်သွားလိုက်ပါတော့!

"ကောင်းပါပြီ" ကျောင်းဟွာက တုန့်ပြန်သည်။

"ကျေးဇူးတင်ပါတယ်"

သို့သော်လည်း ထိုအမျိုးသမီးက ထိုနေရာမှာသာ ဆက်ရပ်နေ၍ ဟိုအကြောင်းဒီအကြောင်း စပ်မိစပ်ရာ ပြောနေပြန်သည်။ သူမက ထွက်သွားချင်တဲ့ အရိပ်အယောင်တစ်ခုလေးပင် ရှိမနေပေ။

ပိုင်ယန်က သူ့ပန်းကန်ကို ဘေးတွန်းထုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

သူထပ်မစားချင်တော့ဘူး အလုပ်သွားလုပ်တော့မယ်!

သူထွက်သွားပြီးနောက်မှာ ကျောင်းဟွာက ပိုင်ယန်ထိုင်နေခဲ့သည့်နေရာအား လှည့်ကြည့်မိသည်။ သူက ခါးသက်သက် ရယ်မောမိတော့သည်။

ယန်က ငါ့ကို အရမ်းမုန်းနေလို့များ သူ့မြင်ကွင်းမှာ ငါရှိနေတာနဲ့ ထမင်းတောင် မစားနိုင်တော့တာလား? မေ့လိုက်ပါတော့, ဘယ်လိုပဲဖြစ်ဖြစ် နောက်နှစ်ပတ်ဆိုရင် ထွက်သွားတော့မှာပဲဟာ

မိနစ်အနည်းငယ်ကြာပြီးနောက်မှာ ကျောင်းဟွာက သူ့စားပွဲဆီသို့ ပြန်လာခဲ့သည်။ သို့ပေမယ့် ပိုင်ယန်၏ ရုံးခန်းတံခါးက အက်ကွဲကြောင်းလေးကိုတော့ သတိမထားမိလိုက်ပေ။ အလုပ်မှာ လုံးဝစိတ်မပါတဲ့ ပိုင်ယန်ကတော့  ရုံးအပြင်ဘက်သို့သာ ချောင်းချောင်းကြည့်နေမိသည်။ ကျောင်းဟွာက သူ့စားပွဲမှာ ဝင်ထိုင်လိုက်တဲ့အချိန်မှာ ဒေါသတကြီး တွေးမိပြန်၏။

ဟမ့်! ဒီလူက သူကန်တန်းက ထွက်လာပြီး အတော်ကြာမှာ ပြန်ဝင်လာတယ်, အဲ့ဒီ ရုပ်ဆိုးပြီးကြည့်စရာ မရှိတဲ့ မိန်းမနဲ့ ဘာစကားတွေများ ပြောစရာ ရှိနေလို့လဲ?

ထိုအချိန်မှာပဲ ကျောင်းဟွာရဲ့ ဖုန်းမြည်လာသည်။ ခေါ်ဆိုသူရဲ့ နာမည်ကို ကြည့်လိုက်တာနဲ့တင် ကျောင်းဟွာရဲ့ မျက်နှာမှာ အပြုံးလေး ပေါ်လာရတော့လေသည်။

"ရိဟန်?" ထိုလူက ဖုန်းကို ပြန်ဖြေရင်း နှုတ်ဆက်သည်။

"တစ်ခုခု လိုချင်တာ ရှိလို့လား?"

ပိုင်-အထူး-အေးဂျင့်-ယန် ; အငယ်လေးလား? ဘာလို့သူက ကျင်းယွမ်နဲ့ အရမ်းရင်းနှီးနေရတာလဲ? ဒီနှစ်ယောက်က မနေ့ကမှ တွေ့ထားတဲ့ဟာကိုတောင် အခုတော့ ရိဟန်က ကျောင်းဟွာကို ဖုန်းခေါ်လာပြန်ပြီ!

"ငါ့အစာအိမ်က အခု အဆင်ပြေသွားပါပြီ" ကျောင်းဟွာက ဖုန်းထဲကို ပြန်ဖြေနေသည်။

"ထပ်ပြီး မနာတော့ဘူး စိတ်မပူနဲ့တော့"

ပိုင်ယန်က ရိဟန်ဘာပြောနေလဲ မကြားရပေမယ့် ပြန်ဖြေနေတဲ့ ကျောင်းဟွာရဲ့ အပြုံးကတော့ ပိုပိုပြီး ကြီးမားလာနေသည်။

"အစာအိမ်အတွက် လက်ဖက်ရည်လား? ဒီမနက်ပဲ ရလိုက်တယ်, တကယ်ပဲ, မင်းင့ါကိုပေးတာ အိတ်ကို အကြီးကြီးပဲ, အဲ့ဒါကို ဘယ်လောက်တောင် ကြာအောင် သောက်ရမှာလဲ?"

"......."

"ဟားဟား, ကောင်းပါပြီ, ငါကတိပေးတယ်,အကယ်၍ သောက်လို့ မကုန်ရင်တောင် ဟိုကို အတူတူ ယူသွားမယ် ဟုတ်ပြီလား?"

"......."

"အင်း, အခု အလုပ်တွေ လွှဲပေးနေတာ, အင်း, ဟားဟား, တော်တော်လေးတော့ အလုပ်များနေပေမယ့် ဒီနှစ်ပတ်က အလုပ်တွေ လွှဲပေးရုံပဲရှိတာလေ, အခုက ပိုသက်တောင့်သက်သာရှိလာပါပြီ"

"........."

"နေ့လည်စာလား? စားပြီးပြီ, အင်း, အကုန်လုံး အဆင်ပြေပါတယ် စိတ်လျော့ထား"

"........."

အင်း, မင်းရော? နေ့လည်စာ ဘာစားလဲ?"

"........."

"ဟားဟား, Mr မုရဲ့နေရာမှာပဲလား? မင်းဒီလောက် စားတာတောင် ဝလာတာမျိုး လုံးဝမတွေ့ရဘူးနော်, junk food တွေပဲ စားမနေနဲ့, အသီးအနှံလေး ပိုစားပေး, အကယ်၍ မင်း junk food.တွေ ကြီးပဲ သရေစာလို ဆက်တိုက်စားနေမယ်ဆိုရင် အပူများလာလိမ့်မယ်, ဟုတ်တယ်, သစ်သီးလက်ဖက်ရည်ကို များများသောက်ပေး, ရေလည်း များများသောက်, အင်း....အင်း, အဲ့ဒါအတွက် ပိုင်ရှင်ကောင်းကောင်းလေး ရှာပေးနော်, အင်း, ဟုတ်ပြီ, ငါအခု ဖုန်းချလိုက်တော့မယ်, ငါ့ကိုလာရှာတဲ့သူရှိလို့"

ကျောင်းဟွာက သူ့နေရာကို ရောင်းတော့မှာလား? ဟုတ်သားပဲ, ဒီလူက မကြာခင် ထွက်သွားတော့မှာပဲ, နေရာက အလွတ်ကြီးကျန်ခဲ့မှာ, ဘာလို့ မရောင်းပဲ မနေတာလဲ? နှမြောစရာကြီး? ဒီလူက အဲ့ဒီနေရာကို အရမ်းကြိုက်လွန်းလို့ ကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီး ပြောင်းနေတာတောင် သိပ်မကြာသေးတဲ့ဟာကို!

ပိုင်ယန်က ကျောင်းဟွာ၏ တိုက်ခန်း ရောင်းလိုက်သည်နှင့် ပတ်သက်၍ တူးဖော်ရင်း အလုပ်ရှုပ်နေစဉ်မှာ ကျောင်းဟွာက ဖုန်းချလိုက်ပြီး သူ့စားပွဲရှေ့မှာ လာရပ်သည့် အမျိုးသမီးလုပ်ဖော်ကိုင်ဖက်လား မော့ကြည့်လိုက်သည်။

ကျောင်းဟွာက ထိုအမျိုးသမီးအား ယဉ်ယဉ်ကျေးကျေး ပြုံးပြပြီး မေးလိုက်သည်ကို ပိုင်ယန်က လှမ်းကြည့်နေသည်။

"လင်ဝေ, လိုအပ်တာ တစ်ခုခု ရှိလို့လား?"

"ကျောင်းကော, ရှင်တကယ်ပဲ အဝေးကို ပြောင်းသွားတော့မှာလား?" သူမက နှုတ်ခမ်းဆူနေသည်။

"နှစ်ပတ်အတွင်း သွားတော့မှာ" ကျောင်းဟွာက ခေါင်းညိတ်ပြီး ပြန်ဖြေ၏။

လင်ဝေက မျက်နှာပျက်သွားရသည်။

"ချောင်းချုန်းမှာရှိတဲ့ ဆောင်းရာသီက အရမ်းအေးတယ်လို့ ကြားတယ်, အဲ့ဒီမှာ တကယ်ပဲ အဆင်ပြေပါ့မလား? အကို ဖျားနာတာမျိုး ညီမတို့ မလိုချင်ဘူး"

ထိုစကားက ပိုင်ယန်ရဲ့ နှလုံးသားအား တင်းကြပ်သွားစေပြီး ဆက်လက်နားစွင့်နေပြန်သည်။

"အဆင်ပြေမှာပါ" ကျောင်းဟွာက ပြန်ဖြေသည်။

"ခဏလောက်နေရင် အသားကျသွားလိမ့်မယ်, ဟိုမှာ ရှိတဲ့သူတွေကိုလည်း ကြည့်လိုက်ဦး, အားလုံး အဆင်ပြေပြေ နေနေကြတာပဲလေ မဟုတ်ဘူးလား?"

"သူတို့က အဲ့ဒီမှာပဲ မွေးဖွား ကြီးပြင်းလာကြတာ" လင်ဝေက ခြေဆောင့်ရင်း ပြန်ပြောသည်။

"သူတို့က အအေးဓာတ်ကို အသားကျနေပြီ, အကိုက ဘယ်လိုလုပ် သူတို့နဲ့ ယှဉ်လို့ ရမှာလဲ?"

"အဆင်ပြေပါတယ်ဆို" ကျောင်းဟွာက ပြောသည်။

"ဘယ်လိုပဲဖြစ်ဖြစ် နေသားကျသွားမှာပါ, စိတ်ပူပေးတဲ့အတွက် ကျေးဇူးပဲနော်"

လင်ဝေက သူမ တစ်ချိန်လုံး ဖွက်ထားတဲ့ အိတ်ကို ထုတ်ယူလာသည်။

"ရော့, ဒါက ညီမ ကောင်လေးအတွက် ထိုးပေးထားတဲ့ လည်စည်း ဒါပေမဲ့ သူ့အတွက်က လွန်ခဲ့တဲ့ နှစ်တွေမှာ နှစ်တိုင်း ထိုးပေးထားပြီးပြီဆိုတော့ လုံလောက်နေပြီ, ဒါက အကို့အတွက်, ချောင်းချုန်းမှာ အေးတယ်, လူတိုင်းက အကိုနဲ့အတူ နွေးထွေးမှုတစ်ချို့လောက် ယူသွားဖို့ မျှော်လင့်နေကြတာ, ညီမတို့ကို မမေ့နဲ့နော်, ဒါကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ထိုးပြီးထားတာ, ဆိုင်တွေမှာ ရောင်းတာထက်တော့ အများကြီး ပိုနွေးတယ်, မပြည့်စုံမှုကိုတော့ ကျေးဇူးပြုပြီး လစ်လျုရှုပေးပါ"

သူက မတ်တပ်ရပ်လိုက်ပြီး အိတ်ကို လက်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

"ညီမက အပွင့်တွေ ဘယ်လို ထိုးရမလဲမသိဘူး" လင်ဝေက နှာတစ်ရှုံ့ရှုံ့နဲ့ စကားဆက်သည်။

"ဒီလည်စည်းက လုံးဝ အနက်ဗြောင်ပဲ, အကိုနဲ့ လိုက်တယ်"

သူက အိတ်ထဲ ချောင်းကြည့်လိုက်ပြီး တုန့်ပြန်၏။

"ကျေးဇူးတင်ပါတယ် ငါသဘောကျတယ်"

"ဒါဆို တော်သေးတာပေါ့" သူမရဲ့ မျက်လုံးများက အခုတော့ နီရဲနေလေပြီ။

"ညီမ အလုပ်ပြန်သွားလုပ်တော့မယ်နော်"

ကျောင်းဟွာက နှုတ်ဆက်သည့်ဟန် ခေါင်းညိတ်ပြလိုက်သည်

တံခါးရဲ့ အဟကြားမှာ တောက်လျှောက် ပုန်းနေသည့် ပိုင်ယန် ; ကျောင်းဟွာရေ, အိုး ကျောင်းဟွာရဲ့, အဲ့ဒီတော့ မင်းက ဘေးပတ်ဝန်းကျင်က လူတိုင်းကို ဆွဲဆောင်နိုင်တဲ့ သူကြီးပေါ့လေ!

သို့သော်လည်း နောက်ရက်များတွင် ဆက်ဖြစ်လာသည့်အရာများသည် ပိုင်ယန်အနေနဲ့ "ဟီးဟီး" ဆိုသော စကားလုံးမှလွဲ၍ ပြောစရာ စကားမရှိတော့ပေ။

ထို လည်စည်းက အစပဲ ရှိသေးတယ်။

နောက်နှစ်ပတ်အတွင်းမှာ ကျောင်းဟွာက လက်ဆောင်တစ်ခုပြီးတစ်ခု ရတော့တာပဲ, နေ့တိုင်း သူ့လက်ဆောင်တွေကို အိမ်ပြန်သယ်ဖို့ လက်ထောက်တောင် လိုအပ်နေတယ်!

ဒါက အကုန်မဟုတ်သေးဘူး....

ပိုင်ယန်ရဲ့ ပြင်းထန်တဲ့ စုံစမ်းစစ်ဆေးမှုအောက်မှာ သူနားလည်လိုက်ရတာက ကျောင်းဟွာကို နေ့စဉ်နေ့တိုင်း လက်ဆောင် ပို့ပေးနေတဲ့ လူတစ်ယောက် ရှိတယ်ဆိုတာပဲ... တစ်ခါတစ်လေဆို ပန်းတွေ၊ တစ်ခါတစ်လေဆို အစားအသောက်တွေ၊ တစ်ခါတစ်လေဆို လက်တွေ့ အသုံးဝင်တဲ့ ပစ္စည်းတွေ

အဲ့ဒီလူက ကြည့်ရတာ အဆောက်အဦးတစ်ခုထဲမှာ အလုပ်လုပ်နေတဲ့ပုံမပေါ်ဘူး... လက်ဆောင်တွေအားလုံးကို ကယ်ရီယာက တစ်ဆင့် ပို့လာတာတွေကြီးပဲ...ကျောင်းဟွာက အဲ့ဒီလူရဲ့ လက်ဆောင်တွေကို ဘယ်တုန်းကမှ လက်မခံပေမယ့် အဲ့ဒါတွေကတော့ ဆက်တိုက်ရောက်ရောက်လာတာ ဘယ်တုန်းကမှ မထပ်သွားခဲ့ဘူး!

ဟမ့်...ကျောင်းဟွာက မကြာခင် ထွက်သွားတော့မှာပဲ, အဲ့ဒီအခါဆို ဘယ်တော့မှ လက်ဆောင်တွေ ပို့လို့ရမှာ မဟုတ်တော့ဘူး!

***

ဟင်းချိုကိစ္စ ဖြစ်ပြီးနောက်တစ်နေ့မှာတွင် ချီမင်းယောင်သည် ကျောက်ဟောင်ကို ပိုင်မိသားစုအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့သည်။ ပိုင်မိသားစုက ဖြစ်ပျက်ခဲ့တာကို မကြားရသေးပေ။ ချီမင်းယောင်က အဖြစ်အပျက်ကို သူတို့အား ရှင်းပြခဲ့ပြီး အားလုံးက နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့သည်။

ကျောက်ဟောင်က ပိုင်ရိဟန်ကို ဒဏ်ရာရလုနီးပါး ဖြစ်စေခြင်းသည် ထိုသူက အရမ်းမောက်မာသောကြောင့်ဟု။ ချီမင်းယောင်က ရိဟန်အား တောင်းပန်စကား ပြောပြီး ကျောက်ဟောင်ကို ပိုင်မိသားစုလက်ထဲ ချန်ရစ်၍ အပြစ်ပေးစေမည်ဖြစ်ကြောင်း ဖော်ပြလာခဲ့သည်။

တကယ်တော့ ရိဟန်ကိုယ်တိုင်က အများကြီး မတွေးနေပေ။ သူက ဒီအတိုင်း ထားလိုက်ချင်ပေမယ့် သူ့မိသားစုနဲ့ ကျင်းယွမ်တို့က သူ့ဆန္ဒကို မကျေနပ်ကြ။ ကျင်းယွမ်ပြောစကား အရဆိုရင် အကယ်၍ ချီမင်းယောင်နဲ့ သူ့လူသာ တစ်ရက်လောက် နောက်ကျပြီးမှ လာခဲ့မယ်ဆိုရင် ကျင်းယွမ်က အစောကတည်းက ချီမိသားစုအိမ်ကို သူကိုယ်တိုင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် သွားလုပ်မည်ဟု။

ကျောင်းဟွာ မူးသွားတဲ့ ဖြစ်ရပ်က ကျင်းယွမ်ကို နှောင့်နှေး သွားစေခဲ့တာကြောင့်သာ ချီမင်းယောင်အနေနဲ့ သူဘာမှ မပြောရသေးခင် ထိုအလုပ်ကို အပြီးသတ်နိုင်ခဲ့တာ။ သူတို့အခု ချီမိသားစုကို ဘာမှဆက်လုပ်လို့ မရတော့ဘူး။ ကျောက်ဟောင် တစ်ယောက်ပဲ ကျန်တော့တယ်..အဲဒါက သူတို့အားလုံးကို ဒေါသတကြီး ဖြစ်စေဖို့ လုံလောက်တာထက်ပိုသေးတယ်

ချီမင်းယောင်က အပြုံးလေးနဲ့ ပြန်သွားတဲ့အချိန်မှာ ကျောင်ဟောင်ကတော့ အလောင်းကောင်လို ဖြူစုတ်ပြီး ကျန်ရစ်ခဲ့သည်။ ရိဟန်က ထိုလူကို အပြစ်ပေးဖို့ စိတ်ကူး မရှိတာကြောင့် ထိုကိစ္စကနေ လက်ရှောင်နေလိုက်တော့သည်။ကျင်းယွမ်သည် ထိုလူအား သုံ့ပန်းတွေကို စေ့စေ့စပ်စပ် ပြင်းထန်စွာ ရိုက်နှက်ဖို့ထားသည့် အလုံပိတ်အခန်းသို့ သူ့လူများကို ရွှေ့ခိုင်းလိုက်၏။

အခုတော့ သွားတွပျောက်နေပြီဖြစ်သည့် ကျောက်ဟောင်က ကြောက်လန့်တကြားဖြင့် တစ်စုံတစ်ခုကို ထုတ်ပြောလာတာကြောင့် ကျင်းယွမ်နဲ့ တစ်ခြားပိုင်မိသားစုဝင်အားလုံး ညလယ်ခေါင်ကြီး အပြင်းအထန် ဆွေးနွေးမှုတစ်ခုကို လုပ်လိုက်ကြရသည်။

ထို့နောက်မှာတော့ ခေါင်းဆောင်ချန်ကျင်းနဲ့ အရာရှိဖန်းရီတို့ ရောက်ရှိလာပြီး အာရုဏ်မတက်ခင်မှာပင် ကျောက်ဟောင်အား ရဲစခန်းသို့ ခေါ်သွားတော့လေသည်။ ကျောက်ဟောင်အတွက်ကတော့ သူအခု ခေါင်းဆောင်ချန်ကျင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာဖြစ်ပြီး နှစ်ဆယ့်လေးနာရီလုံး စောင့်ကြည့်ခံရတော့မှာပင်။ အကယ်၍သာ ထိုလူက ပိုင်မိသားစုဝင်များကို တစ်ချက်လောက် ငဲ့စောင်းကြည့်ရဲရင်တောင် နောက်တစ်ဖန် ရိုက်နှက်ခံရလိမ့်မည်။

***

ကျောင်းဟွာကို သေလောက်အောင် မူးရူးနေတဲ့ အခြေအနေနဲ့ အိမ်ပြန်ခေါ်သွားပြီးနောက်မှာ ရိဟန်က ကာကွယ်ပေးခဲ့သူ နှစ်ယောက်ရဲ့ အကြောင်းအား စုံစမ်းစစ်ဆေးခဲ့သည်။ လုဖုန်းယွီကတော့ သေချာပေါက် အံ့အားသင့်စရာ မဟုတ်ခဲ့ပေ။ သူက ဖုန်းယွမ်ကုမ္မဏီ၏ လူငယ်ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး ကျောင်းဟွာကို လိုက်နေသူတစ်ယောက်ဖြစ်သည်။

ထိုလူက ကျောင်းဟွာအား လက်ဆောင်ပေါင်းများစွာ ပို့ပေးခဲ့သည်။ သို့သော်လည်း အခုချိန်ထိ တစ်ခါလေးတောင် မအောင်မြင်သေးဘူး။ ကျောင်းဟွာက သူတို့နှစ်ယောက် လုံးဝမဖြစ်နိုင်တဲ့အတွက် လက်ဆောင်တွေ ထပ်မပေးပါနဲ့တော့လို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ဘူးသည်။ အဲ့ဒါတောင် ထိုလူက ခေါင်းမာနေဆဲပဲ။ သူက ဘယ်လိုပဲဖြစ်နေပါစေ နောက်ပြန်မဆုတ်ဘူး။ သူပေးတဲ့ လက်ဆောင် ပြန်ရောက်လာတာနဲ့ နောက်လက်ဆောင်ကို ရွေးဖို့အတွက် စိတ်အားထက်သန်နေပြန်ရော။

ဘားသမားလေးဖြစ်သည့် ကျူရွှင်ကတော့ Dusky Alleyမှာ လူသစ်တစ်ယောက်ဖြစ်သည်။ သူက မိဘတစ်ဦးတည်းရှိသည့် အိမ်မှာ နေထိုင်သော တက္ကသိုလ်ကျောင်းသားတစ်ယောက်ပင်။ သူ့အမေအပေါ် ငွေကြေးဆိုင်ရာ ဖိအားတွေကို သက်သာစေဖို့ သူတတ်နိုင်သလောက် အလုပ်လုပ်ခဲ့သည်။ သို့သော်လည်း ဘွဲ့မရသေးသဖြင့် လျှောက်ထားနိုင်သည့် အလုပ်များက ကန့်သတ်ချက် ရှိနေ၏။ Dusky Alley က မယုံကြည်ရတဲ့ နေရာတစ်ခု ဖြစ်ပေမယ့်လည်း ဝန်ဆောင်မှု ပေးသူများအတွက် အခကြေးငွေက အလွန်ကောင်းမွန်သည်။ ထို့ကြောင့်လည်း အံကြိတ်ကာ အလုပ်လျှောက်ခဲ့ခြင်းပင်။ ထိုညက သူအလုပ်လုပ်သည့် ဒုတိယညဖြစ်သည်။

ရိဟန်က အစကတော့ သိချင်မိခြင်းသာ။ သူ့နောက်ဆုံးဘဝက Dusky Alley ကို  မကြာခဏ ရောက်ဖူးပေမယ်လည်း ဒီလိုမျိုး ကြင်နာတတ်တဲ့ အလုပ်သမားမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူးလေ။ အကယ်၍ ထိုလူငယ်လေးသာ အဲ့ဒီက ညတစ်ညမှာ ကံမကောင်းခဲ့တာဆိုရင် ကျူရွှင်အနေနဲ့ ဆိုးဝါးတဲ့ အဆုံးသတ်တစ်ခုနဲ့ ရင်ဆိုင်ရပေလိမ့်မည်။ ထိုလူရဲ့ ပင်ကိုယ်စရိုက်ကလည်း Dusky Alley နဲ့ လုံးဝမလိုက်ဖက်ဘူး။ ရိဟန်ရဲ့ အတိတ်ဘဝမှာ ထိုလူငယ်လေး ဘာဖြစ်သွားခဲ့တာလဲ?

ဒါပေမဲ့ အဲ့ဒီလူငယ်လေးက ဒီဘဝမှာ ကျောင်းဟွာကို ကယ်တင်ပေးခဲ့တဲ့အတွက် ရိဟန်အနေနဲ့ ထိုလူကို ဒုက္ခရောက်အောင် ဒီအတိုင်း လွှတ်မထားနိုင်ဘူး။

ရိဟန်က ပိုင်ယန်ကို ဖုန်းခေါ်လိုက်ပြီး ကျူရွှင်အား အာမခံပေးသူအဖြစ် သရုပ်ဆောင်ကာ ပိုင်အုပ်စုတွင် အလုပ်သင်အဖြစ် စီစဉ်ပေးလိုက်သည်။ ထိုကောင်လေး ဘွဲ့ယူပြီးတာနဲ့ ကုမ္မဏီက တရားဝင် လက်ခံမှာဖြစ်သည်။

ဒါက ဟာသတစ်ခု မဟုတ်သလို ရိဟန်အနေနဲ့လည်း သူ့ကုမ္မဏီကို သုံးပြီး ကျေးဇူးတရားကို ပြန်ပေးဆပ်ဖို့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ သူဒီလို လုပ်တယ်ဆိုတာ ကျူရွှင်က ထိပ်တန်းကျောင်းသား တစ်ယောက်ဖြစ်နေလို့ပဲ။ သူက တုန့်ပြန်မှုကောင်းပြီး မှတ်ဉာဏ်လည်းကောင်းတယ်...သူ့အလုပ်မှာလည်း အရမ်းကျွန်းကျင်မှု ရှိတယ်

အကယ်၍ သူ့မိသားစုကြောင့်သာ မဟုတ်ဘူးဆိုရင် ဘားတစ်ခုမှာ အလုပ်သွားလုပ်မှာ မဟုတ်ဘူး။ ရိဟန်ရဲ့ စီစဉ်မှုက ကျူရွှင်ရဲ့ အနာဂတ်အတွက်တင်မကပဲ ပိုင်အုပ်စုအတွက် အရည်အချင်းရှိ အလုပ်သမားတစ်ယောက်ရအောင်ကိုပါ အာမခံပေးလိုက်တာပဲ။ ငှက်နှစ်ကောင်ကို ကျောက်တုံးတစ်တုံးပေါ့

ကျောင်းဟွာရဲ့ အိမ်အတွက်ကတော့ ရိဟန်က မရောင်းရက်ဘူးလေ။ အဲ့ဒါကြောင့် သူ့ကိုယ်ပိုင်ငွေနဲ့ ပေးချေပြီး သူ့နာမည်အောက် သွင်းဖို့ ဆုံးဖြတ်ချက်ချလိုက်လေရဲ့။ နည်းပညာအရတော့ သူအဲ့ဒီနေရာကို ရောင်းလိုက်တာပဲပေါ့။

ရိဟန်က ကျောင်းဟွာနဲ့ လမ်းခွဲဖို့ တွန့်ဆုတ်နေပေမယ့်လည်း အချိန်တွေက ကုန်ဆုံးသွားသည်။ ကောင်းမွန်စွာ ခွဲခာရမယ့်နေ့က နီးကပ်လာလေပြီ။ ကျောင်းဟွာက သူ့အလုပ်တွေ လွှဲပေးခြင်း ပြီးဆုံးသွားတဲ့အချိန်မှာ ထွက်ခွာမယ့်နေ့ကို စောင့်ရုံမှတစ်ပါး တစ်ခြားဘာမှ လုပ်စရာ မရှိတော့။ ရိဟန်က ထိုယောကျာ်းနဲ့ ထာဝရ ခွဲခွာဖို့ ဆန္ဒမရှိတာကြောင့် ကျောင်းဟွာနဲ့ မကြာခဏ တွေ့ဆုံမှုတွေ ပိုမိုများပြားလာသည်။ ရိဟန်က ကျောင်းဟွာရဲ့ နေရာမှာပင် တစ်ညတစ်လေ နေတတ်လာသည်။ သေချာပေါက် ရိဟန်က သူ့ရဲ့ ထာဝရအဖော် မုကျင်းယွမ်ကိုတော့ ဘယ်တော့မှ မဖယ်ထုတ်နိုင်ဘူးပေါ့လေ။

ထူးဆန်းတာကတော့ ကျောင်းဟွာ ထွက်သွားဖို့ အချိန် ပိုပြီး နီးလာလေလေ ပိုင်ယန်တစ်ယောက် ပိုပြီး စိတ်လှုပ်ရှားလာလေပေဲ။ အသေးအဖွဲကိစ္စလေး တစ်ခုကတောင် သူ့ကို ပေါက်ကွဲထွက်စေနိုင်သည်။ အရမ်းကို ဆိုးဝါးလွန်းလို့ ရုံးမှာလည်း အကုန်လုံး စိတ်ဓာတ်တွေ ကျကုန်ကြပြီ။

ကျောင်းဟွာကတော့ ပိုင်ယန်က သူ့ကို ထိုနေရာက ထွက်သွားစေဖို့ စိတ်အားထက်သန်လွန်းနေတာကြောင့် တစ်ရက်တောင် မစောင့်နိုင်တော့ဘူးဟုသာ ထင်မိသည်။ ကျောင်းဟွာ လုပ်နိုင်သမျှက သက်ပြင်းချရင်းဖြင့် ထိုလူကို အတတ်နိုင်ဆုံး ရှောင်ရှားကာ သူ့ကိုမမြင်ရင် ပိုင်ယန်ရဲ့ စိတ်ထဲ သူမရှိတော့လောက်ဘူးဟုသာ မျှော်လင့်မိရန်သာ။

ကျောင်းဟွာ လေယာဉ်မစီးမီ ညမှာ ရိဟန်က ကျောင်းဟွာအား ညစာစားရန် ဖိတ်လိုက်သည်။ အရင်က သူတို့စားဘူးခဲ့တဲ့ Buddha Jumps Over the Wall ဆိုင်မှာပင်။ ဟင်းက သူနာမည် ညွှန်းထားတဲ့အတိုင်းပင် အရသာရှိလှသည်။ မွှေးပျံ့သောရနံ့သည် ချီးမွမ်းမှုအားလုံးကို ဖိတ်ခေါ်နေလေသည်။ ကံမကောင်းစွာပဲ၊ စားပွဲမှာ ရှိနေကြသည် စိတ်ခံစားချက်များက အလွန်လေးလံနေကြသဖြင့် အစားအသောက်ကို မည်သူမျှ အာရုံမစိုက်နိုင်ကြဘူးလေ။

29.4.2022

===============
Zawgyi

အခန္း(၁၃၃) - ပေရာပရည္

သူ႔ရင္ထဲမွာေတာ့ ပိုင္ယန္က ထိုအမ်ိဳးသမီးအား ျပန္ေျပာေနေလျပီ။

မင္းမွန္တယ္ သူအမ်ားၾကီး ပိုစားသင့္တယ္ ဒါေပမဲ့ ျပီးျပည့္စံုတဲ့ ခႏာၱကိုယ္ဆိုတာမ်ိဳး မရွိဘူး ဟုတ္ျပီလား? သူက အခု ထြန္ျခစ္လို ပိန္ပါးေနတဲ့ဟာ ဘယ္လုိလုပ္လွမွာလဲ?

ထို႔ေနာက္ယန္က ေက်ာင္းဟြာရဲ႔ ပန္းကန္ေနရာကို လွမ္းေမ်ွာ္ၾကည့္လုိက္သည္။ ထိုလူက သူ႔ပန္းကန္ထဲက အရာအမ်ားစုကို ထိေတာင္ မထိထားဘူးေလ

သူက ေၾကာင္လား? ေက်ာင္းဟြာ ဘာေျပာမလဲ ၾကည့္ၾကေသးတာေပါ့!

"အခုတစ္ေလာ က်ြန္ေတာ့္အစာအိမ္က သိပ္မေကာင္းလို႔ အမ်ားၾကီးမစားနုိင္တာပါ, မၾကာခင္ ေကာင္းသြားပါလိမ့္မယ္"

ေက်ာင္းဟြာက ထိုအမ်ိဳးသမီးအား အျပံဳးျဖင့္ ျပန္ေျဖသည္။

ပိုင္ယန္က မ်က္ေမွာင္ၾကဳတ္ေလသည္။

အစာအိမ္ သိပ္မေကာင္းဘူး? ဒါဆို မေန႔ညက ဘာလို႔ဒီေလာက္ အလြန္အက်ဴး ေသာက္ရတာလဲ? သူက ေသခ်င္ေနတာလား? ဒီေန႔ ICU ကို သြားမေတြ႔ရရင္ေတာင္ ကံေကာင္းပဲ!

လွပတဲ့ အမ်ိဳးသမီးက ထိတ္လန္႔တၾကား အသက္ျပင္းျပင္းရွဳလိုက္ျပီး ေက်ာင္းဟြာအား စိတ္ပူပန္စြာ ေမးလာျပန္သည္။

"အစာအိမ္နာတာက အရမ္းစိတ္ရွဳပ္ဖို႔ေကာင္းတယ္, က်ြန္မမွာ ဝမ္းထဲ အဆင္မေျပာတာအတြက္ ေကာင္းတဲ့ လက္ဖက္ရည္ရွိတယ္, ျပီးရင္ ယူေပးမယ္ေနာ္"

ပိုင္ယန္က သူ႔ပန္းကန္ထဲက ထမင္းအား ခပ္ျပင္းျပင္း ထုိးဆြေနမိသည္။

ဒီမိန္းမက ဒီေလာက္ရုပ္ဆိုးတာေတာင္ ေက်ာင္းဟြာကို ခ်ဥ္းကပ္ဖို႔ ဆက္တိုက္ၾကိဳးစားေနတယ္, အလုပ္ကိုဆိုရင္ေတာ့ ေကာင္းေကာင္းမြန္မြန္လုပ္တာမ်ိဳး တစ္ခါမွ မျမင္ဘူးပါဘူး! အကယ္၍ ေက်ာင္းဟြာသာ သူ႔အစာအိမ္မေကာင္းတာအတြက္ လက္ဖက္ရည္လုိခ်င္ရင္ သူ႔ဘာသာသူ ဝယ္မွာေပါ့! သူမရဲ႔ အင္အားစိုက္ထုတ္မွုက လိုကိုမလိုတာ! ေက်ာင္းဟြာက သူမရဲ႔ လက္ဖက္ရည္ကို လက္ခံမွာမဟုတ္ဘူး!

ပိုင္ယန္ေဟာကိန္းထုတ္လုိက္သလိုပင္ ေက်ာင္းဟြာက သူမအား ျငင္းဆန္လုိက္သည္။

"ေက်းဇူးပါပဲ ဒါေပမဲ့ မလိုေတာ့ပါဘူး, က်ြန္ေတာ့္ညီေလး ေပးထားတာ တစ္ခ်ိဳ႔ရွိေသးတယ္, အဲဒါက က်ြန္ေတာ့္အတြက္ လံုေလာက္ေနပါျပီ, အမ်ားၾကီးျဖစ္ေနရင္ ျဖဳန္းတီးသလို ျဖစ္သြားလိမ့္မယ္"

ပိုင္ယန္က ဂုဏ္ယူဝ့ံၾကြားစြာျဖင့္ သူ႔ေမးကို ျမင့္ျမင့္ေျမွာက္လုိက္သည္။

ဟမ့္!

"က်ြန္မသိပါျပီ" ထိုအမ်ိဳးသမီးက ေျပာသည္။

"ေကာင္းျပီ, ေက်ာင္းေကာ, ေရေႏြးေနြးေလး မ်ားမ်ားေသာက္ေပးဖို႔ မေမ့နဲ႔ေနာ္"

ပိုင္ယန္က သူ႔စိတ္ထဲမွာေတာ့ ေဒါသတၾကီး ေအာ္ဟစ္ေနေလျပီ။

သူက မင္းသင္ေပးစရာ မလိုဘူးကြ!ထြက္သြားလိုက္ပါေတာ့!

"ေကာင္းပါျပီ" ေက်ာင္းဟြာက တုန္႔ျပန္သည္။

"ေက်းဇူးတင္ပါတယ္"

သို႔ေသာ္လည္း ထိုအမ်ိဳးသမီးက ထိုေနရာမွာသာ ဆက္ရပ္ေန၍ ဟိုအေၾကာင္းဒီအေၾကာင္း စပ္မိစပ္ရာ ေျပာေနျပန္သည္။ သူမက ထြက္သြားခ်င္တဲ့ အရိပ္အေယာင္တစ္ခုေလးပင္ ရွိမေနေပ။

ပိုင္ယန္က သူ႔ပန္းကန္ကို ေဘးတြန္းထုတ္လုိက္ျပီး မတ္တပ္ထရပ္လုိက္သည္။

သူထပ္မစားခ်င္ေတာ့ဘူး အလုပ္သြားလုပ္ေတာ့မယ္!

သူထြက္သြားျပီးေနာက္မွာ ေက်ာင္းဟြာက ပိုင္ယန္ထိုင္ေနခဲ့သည့္ေနရာအား လွည့္ၾကည့္မိသည္။ သူက ခါးသက္သက္ ရယ္ေမာမိေတာ့သည္။

ယန္က ငါ့ကို အရမ္းမုန္းေနလို႔မ်ား သူ႔ျမင္ကြင္းမွာ ငါရွိေနတာနဲ႔ ထမင္းေတာင္ မစားနုိင္ေတာ့တာလား? ေမ့လိုက္ပါေတာ့, ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္နွစ္ပတ္ဆိုရင္ ထြက္သြားေတာ့မွာပဲဟာ

မိနစ္အနည္းငယ္ၾကာၿပီးေနာက္မွာ ေက်ာင္းဟြာက သူ႔စားပြဲဆီသို႔ ျပန္လာခဲ့သည္။ သို႔ေပမယ့္ ပိုင္ယန္၏ ႐ုံးခန္းတံခါးက အက္ကြဲေၾကာင္းေလးကိုေတာ့ သတိမထားမိလိုက္ေပ။ အလုပ္မွာ လုံးဝစိတ္မပါတဲ့ ပိုင္ယန္ကေတာ့  ႐ုံးအျပင္ဘက္သို႔သာ ေခ်ာင္းေခ်ာင္းၾကည့္ေနမိသည္။ ေက်ာင္းဟြာက သူ႔စားပြဲမွာ ဝင္ထုိင္လုိက္တဲ့အခ်ိန္မွာ ေဒါသတၾကီး ေတြးမိျပန္၏။

ဟမ့္! ဒီလူက သူကန္တန္းက ထြက္လာျပီး အေတာ္ၾကာမွာ ျပန္ဝင္လာတယ္, အဲ့ဒီ ရုပ္ဆိုးျပီးၾကည့္စရာ မရွိတဲ့ မိန္းမနဲ႔ ဘာစကားေတြမ်ား ေျပာစရာ ရွိေနလို႔လဲ?

ထိုအခ်ိန္မွာပဲ ေက်ာင္းဟြာရဲ႔ ဖုန္းျမည္လာသည္။ ေခၚဆိုသူရဲ႔ နာမည္ကို ၾကည့္လုိက္တာနဲ႔တင္ ေက်ာင္းဟြာရဲ႔ မ်က္နွာမွာ အျပံဳးေလး ေပၚလာရေတာ့ေလသည္။

"ရိဟန္?" ထိုလူက ဖုန္းကို ျပန္ေျဖရင္း နွုတ္ဆက္သည္။

"တစ္ခုခု လိုခ်င္တာ ရွိလို႔လား?"

ပိုင္-အထူး-ေအးဂ်င့္-ယန္ ; အငယ္ေလးလား? ဘာလုိ႔သူက က်င္းယြမ္နဲ႔ အရမ္းရင္းနွီးေနရတာလဲ? ဒီနွစ္ေယာက္က မေန႔ကမွ ေတြ႔ထားတဲ့ဟာကိုေတာင္ အခုေတာ့ ရိဟန္က ေက်ာင္းဟြာကို ဖုန္းေခၚလာျပန္ျပီ!

"ငါ့အစာအိမ္က အခု အဆင္ေျပသြားပါျပီ" ေက်ာင္းဟြာက ဖုန္းထဲကို ျပန္ေျဖေနသည္။

"ထပ္ျပီး မနာေတာ့ဘူး စိတ္မပူနဲ႔ေတာ့"

ပိုင္ယန္က ရိဟန္ဘာေျပာေနလဲ မၾကားရေပမယ့္ ျပန္ေျဖေနတဲ့ ေက်ာင္းဟြာရဲ႔ အျပံဳးကေတာ့ ပိုပိုျပီး ၾကီးမားလာေနသည္။

"အစာအိမ္အတြက္ လက္ဖက္ရည္လား? ဒီမနက္ပဲ ရလိုက္တယ္, တကယ္ပဲ, မင္းင့ါကိုေပးတာ အိတ္ကို အၾကီးၾကီးပဲ, အဲ့ဒါကို ဘယ္ေလာက္ေတာင္ ၾကာေအာင္ ေသာက္ရမွာလဲ?"

"......."

"ဟားဟား, ေကာင္းပါျပီ, ငါကတိေပးတယ္,အကယ္၍ ေသာက္လို႔ မကုန္ရင္ေတာင္ ဟိုကို အတူတူ ယူသြားမယ္ ဟုတ္ျပီလား?"

"......."

"အင္း, အခု အလုပ္ေတြ လႊဲေပးေနတာ, အင္း, ဟားဟား, ေတာ္ေတာ္ေလးေတာ့ အလုပ္မ်ားေနေပမယ့္ ဒီနွစ္ပတ္က အလုပ္ေတြ လႊဲေပးရံုပဲရွိတာေလ, အခုက ပိုသက္ေတာင့္သက္သာရွိလာပါျပီ"

"........."

"ေန႔လည္စာလား? စားျပီးျပီ, အင္း, အကုန္လံုး အဆင္ေျပပါတယ္ စိတ္ေလ်ာ့ထား"

"........."

အင္း, မင္းေရာ? ေန႔လည္စာ ဘာစားလဲ?"

"........."

"ဟားဟား, Mr မုရဲ႔ေနရာမွာပဲလား? မင္းဒီေလာက္ စားတာေတာင္ ဝလာတာမ်ိဳး လံုးဝမေတြ႔ရဘူးေနာ္, junk food ေတြပဲ စားမေနနဲ႔, အသီးအနွံေလး ပိုစားေပး, အကယ္၍ မင္း junk food.ေတြ ၾကီးပဲ သေရစာလို ဆက္တုိက္စားေနမယ္ဆိုရင္ အပူမ်ားလာလိမ့္မယ္, ဟုတ္တယ္, သစ္သီးလက္ဖက္ရည္ကို မ်ားမ်ားေသာက္ေပး, ေရလည္း မ်ားမ်ားေသာက္, အင္း....အင္း, အဲ့ဒါအတြက္ ပိုင္ရွင္ေကာင္းေကာင္းေလး ရွာေပးေနာ္, အင္း, ဟုတ္ျပီ, ငါအခု ဖုန္းခ်လိုက္ေတာ့မယ္, ငါ့ကိုလာရွာတဲ့သူရွိလို႔"

ေက်ာင္းဟြာက သူ႔ေနရာကို ေရာင္းေတာ့မွာလား? ဟုတ္သားပဲ, ဒီလူက မၾကာခင္ ထြက္သြားေတာ့မွာပဲ, ေနရာက အလြတ္ၾကီးက်န္ခဲ့မွာ, ဘာလို႔ မေရာင္းပဲ မေနတာလဲ? နွေျမာစရာၾကီး? ဒီလူက အဲ့ဒီေနရာကို အရမ္းၾကိဳက္လြန္းလို႔ ကုိယ္တိုင္ ျပဳျပင္ေျပာင္းလဲမွုေတြ လုပ္ခဲ့ျပီး ေျပာင္းေနတာေတာင္ သိပ္မၾကာေသးတဲ့ဟာကို!

ပိုင္ယန္က ေက်ာင္းဟြာ၏ တိုက္ခန္း ေရာင္းလိုက္သည္ႏွင့္ ပတ္သက္၍ တူးေဖာ္ရင္း အလုပ္ရွဳပ္ေနစဥ္မွာ ေက်ာင္းဟြာက ဖုန္းခ်လုိက္ျပီး သူ႔စားပြဲေရွ႔မွာ လာရပ္သည့္ အမ်ိဳးသမီးလုပ္ေဖာ္ကိုင္ဖက္လား ေမာ့ၾကည့္လုိက္သည္။

ေက်ာင္းဟြာက ထိုအမ်ိဳးသမီးအား ယဥ္ယဥ္ေက်းေက်း ျပံဳးျပျပီး ေမးလုိက္သည္ကို ပိုင္ယန္က လွမ္းၾကည့္ေနသည္။

"လင္ေဝ, လိုအပ္တာ တစ္ခုခု ရွိလို႔လား?"

"ေက်ာင္းေကာ, ရွင္တကယ္ပဲ အေဝးကို ေျပာင္းသြားေတာ့မွာလား?" သူမက နွုတ္ခမ္းဆူေနသည္။

"နွစ္ပတ္အတြင္း သြားေတာ့မွာ" ေက်ာင္းဟြာက ေခါင္းညိတ္ျပီး ျပန္ေျဖ၏။

လင္ေဝက မ်က္နွာပ်က္သြားရသည္။

"ေခ်ာင္းခ်ဳန္းမွာရွိတဲ့ ေဆာင္းရာသီက အရမ္းေအးတယ္လို႔ ၾကားတယ္, အဲ့ဒီမွာ တကယ္ပဲ အဆင္ေျပပါ့မလား? အကို ဖ်ားနာတာမ်ိဳး ညီမတို႔ မလိုခ်င္ဘူး"

ထိုစကားက ပိုင္ယန္ရဲ႔ နွလံုးသားအား တင္းၾကပ္သြားေစျပီး ဆက္လက္နားစြင့္ေနျပန္သည္။

"အဆင္ေျပမွာပါ" ေက်ာင္းဟြာက ျပန္ေျဖသည္။

"ခဏေလာက္ေနရင္ အသားက်သြားလိမ့္မယ္, ဟိုမွာ ရွိတဲ့သူေတြကိုလည္း ၾကည့္လိုက္ဦး, အားလံုး အဆင္ေျပေျပ ေနေနၾကတာပဲေလ မဟုတ္ဘူးလား?"

"သူတို႔က အဲ့ဒီမွာပဲ ေမြးဖြား ၾကီးျပင္းလာၾကတာ" လင္ေဝက ေျခေဆာင့္ရင္း ျပန္ေျပာသည္။

"သူတို႔က အေအးဓာတ္ကို အသားက်ေနျပီ, အကိုက ဘယ္လိုလုပ္ သူတို႔နဲ႔ ယွဥ္လို႔ ရမွာလဲ?"

"အဆင္ေျပပါတယ္ဆို" ေက်ာင္းဟြာက ေျပာသည္။

"ဘယ္လိုပဲျဖစ္ျဖစ္ ေနသားက်သြားမွာပါ, စိတ္ပူေပးတဲ့အတြက္ ေက်းဇူးပဲေနာ္"

လင္ေဝက သူမ တစ္ခ်ိန္လံုး ဖြက္ထားတဲ့ အိတ္ကို ထုတ္ယူလာသည္။

"ေရာ့, ဒါက ညီမ ေကာင္ေလးအတြက္ ထိုးေပးထားတဲ့ လည္စည္း ဒါေပမဲ့ သူ႔အတြက္က လြန္ခဲ့တဲ့ နွစ္ေတြမွာ နွစ္တိုင္း ထိုးေပးထားျပီးျပီဆုိေတာ့ လံုေလာက္ေနျပီ, ဒါက အကို႔အတြက္, ေခ်ာင္းခ်ဳန္းမွာ ေအးတယ္, လူတုိင္းက အကိုနဲ႔အတူ ေႏြးေထြးမွုတစ္ခ်ိဳ႔ေလာက္ ယူသြားဖို႔ ေမ်ွာ္လင့္ေနၾကတာ, ညီမတို႔ကို မေမ့နဲ႔ေနာ္, ဒါကို လြန္ခဲ့တဲ့ ရက္အနည္းငယ္ကမွ ထိုးျပီးထားတာ, ဆုိင္ေတြမွာ ေရာင္းတာထက္ေတာ့ အမ်ားၾကီး ပိုေႏြးတယ္, မျပည့္စံုမွုကိုေတာ့ ေက်းဇူးျပဳျပီး လစ္လ်ဳရွဳေပးပါ"

သူက မတ္တပ္ရပ္လုိက္ျပီး အိတ္ကို လက္ခံလုိက္သည္။

"ေက်းဇူးတင္ပါတယ္"

"ညီမက အပြင့္ေတြ ဘယ္လို ထိုးရမလဲမသိဘူး" လင္ေဝက နွာတစ္ရွံဳ႔ရွံဳ႔နဲ႔ စကားဆက္သည္။

"ဒီလည္စည္းက လံုးဝ အနက္ေျဗာင္ပဲ, အကိုနဲ႔ လိုက္တယ္"

သူက အိတ္ထဲ ေခ်ာင္းၾကည့္လုိက္ျပီး တုန္႔ျပန္၏။

"ေက်းဇူးတင္ပါတယ္ ငါသေဘာက်တယ္"

"ဒါဆို ေတာ္ေသးတာေပါ့" သူမရဲ႔ မ်က္လံုးမ်ားက အခုေတာ့ နီရဲေနေလျပီ။

"ညီမ အလုပ္ျပန္သြားလုပ္ေတာ့မယ္ေနာ္"

ေက်ာင္းဟြာက နွဳတ္ဆက္သည့္ဟန္ ေခါင္းညိတ္ျပလိုက္သည္

တံခါးရဲ႔ အဟၾကားမွာ ေတာက္ေလ်ွာက္ ပုန္းေနသည့္ ပိုင္ယန္ ; ေက်ာင္းဟြာေရ, အိုး ေက်ာင္းဟြာရဲ႔, အဲ့ဒီေတာ့ မင္းက ေဘးပတ္ဝန္းက်င္က လူတိုင္းကို ဆြဲေဆာင္နိုင္တဲ့ သူၾကီးေပါ့ေလ!

သို႔ေသာ္လည္း ေနာက္ရက္မ်ားတြင္ ဆက္ျဖစ္လာသည့္အရာမ်ားသည္ ပိုင္ယန္အေနနဲ႔ "ဟီးဟီး" ဆိုေသာ စကားလုံးမွလြဲ၍ ေျပာစရာ စကားမရွိေတာ့ေပ။

ထို လည္စည္းက အစပဲ ရွိေသးတယ္။

ေနာက္နွစ္ပတ္အတြင္းမွာ ေက်ာင္းဟြာက လက္ေဆာင္တစ္ခုျပီးတစ္ခု ရေတာ့တာပဲ, ေန႔တိုင္း သူ႔လက္ေဆာင္ေတြကို အိမ္ျပန္သယ္ဖို႔ လက္ေထာက္ေတာင္ လိုအပ္ေနတယ္!

ဒါက အကုန္မဟုတ္ေသးဘူး....

ပိုင္ယန္ရဲ႔ ျပင္းထန္တဲ့ စံုစမ္းစစ္ေဆးမွုေအာက္မွာ သူနားလည္လုိက္ရတာက ေက်ာင္းဟြာကို ေန႔စဥ္ေန႔တိုင္း လက္ေဆာင္ ပို႔ေပးေနတဲ့ လူတစ္ေယာက္ ရိွတယ္ဆိုတာပဲ... တစ္ခါတစ္ေလဆို ပန္းေတြ၊ တစ္ခါတစ္ေလဆို အစားအေသာက္ေတြ၊ တစ္ခါတစ္ေလဆို လက္ေတြ႔ အသံုးဝင္တဲ့ ပစၥည္းေတြ

အဲ့ဒီလူက ၾကည့္ရတာ အေဆာက္အဦးတစ္ခုထဲမွာ အလုပ္လုပ္ေနတဲ့ပံုမေပၚဘူး... လက္ေဆာင္ေတြအားလံုးကို ကယ္ရီယာက တစ္ဆင့္ ပို႔လာတာေတြၾကီးပဲ...ေက်ာင္းဟြာက အဲ့ဒီလူရဲ႔ လက္ေဆာင္ေတြကို ဘယ္တုန္းကမွ လက္မခံေပမယ့္ အဲ့ဒါေတြကေတာ့ ဆက္တိုက္ေရာက္ေရာက္လာတာ ဘယ္တုန္းကမွ မထပ္သြားခဲ့ဘူး!

ဟမ့္...ေက်ာင္းဟြာက မၾကာခင္ ထြက္သြားေတာ့မွာပဲ, အဲ့ဒီအခါဆို ဘယ္ေတာ့မွ လက္ေဆာင္ေတြ ပို႔လို႔ရမွာ မဟုတ္ေတာ့ဘူး!

***

ဟင္းခ်ိဳကိစၥ ျဖစ္ၿပီးေနာက္တစ္ေန႔မွာတြင္ ခ်ီမင္းေယာင္သည္ ေက်ာက္ေဟာင္ကို ပိုင္မိသားစုအိမ္သို႔ ကိုယ္တိုင္ကိုယ္က် ပို႔ေဆာင္ေပးခဲ့သည္။ ပိုင္မိသားစုက ျဖစ္ပ်က္ခဲ့တာကို မၾကားရေသးေပ။ ခ်ီမင္းေယာင္က အျဖစ္အပ်က္ကို သူတို႔အား ရွင္းျပခဲ့ၿပီး အားလုံးက နားလည္မႈလြဲမွားျခင္းသာျဖစ္ေၾကာင္း ထပ္ခါတလဲလဲ အေလးေပးေျပာၾကားခဲ့သည္။

ေက်ာက္ေဟာင္က ပိုင္ရိဟန္ကို ဒဏ္ရာရလုနီးပါး ျဖစ္ေစျခင္းသည္ ထိုသူက အရမ္းေမာက္မာေသာေၾကာင့္ဟု။ ခ်ီမင္းေယာင္က ရိဟန္အား ေတာင္းပန္စကား ေျပာျပီး ေက်ာက္ေဟာင္ကို ပိုင္မိသားစုလက္ထဲ ခ်န္ရစ္၍ အျပစ္ေပးေစမည္ျဖစ္ေၾကာင္း ေဖာ္ျပလာခဲ့သည္။

တကယ္ေတာ့ ရိဟန္ကိုယ္တိုင္က အမ်ားၾကီး မေတြးေနေပ။ သူက ဒီအတိုင္း ထားလိုက္ခ်င္ေပမယ့္ သူ႔မိသားစုနဲ႔ က်င္းယြမ္တို႔က သူ႔ဆႏၵကို မေက်နပ္ၾက။ က်င္းယြမ္ေျပာစကား အရဆိုရင္ အကယ္၍ ခ်ီမင္းေယာင္နဲ႔ သူ႔လူသာ တစ္ရက္ေလာက္ ေနာက္က်ျပီးမွ လာခဲ့မယ္ဆိုရင္ က်င္းယြမ္က အေစာကတည္းက ခ်ီမိသားစုအိမ္ကို သူကိုယ္တိုင္ ရုန္းရင္းဆန္ခတ္ျဖစ္ေအာင္ သြားလုပ္မည္ဟု။

ေက်ာင္းဟြာ မူးသြားတဲ့ ျဖစ္ရပ္က က်င္းယြမ္ကို ေနွာင့္ေႏွး သြားေစခဲ့တာေၾကာင့္သာ ခ်ီမင္းေယာင္အေနနဲ႔ သူဘာမွ မေျပာရေသးခင္ ထိုအလုပ္ကို အျပီးသတ္နုိင္ခဲ့တာ။ သူတို႔အခု ခ်ီမိသားစုကို ဘာမွဆက္လုပ္လို႔ မရေတာ့ဘူး။ ေက်ာက္ေဟာင္ တစ္ေယာက္ပဲ က်န္ေတာ့တယ္..အဲဒါက သူတို႔အားလုံးကို ေဒါသတၾကီး ျဖစ္ေစဖို႔ လုံေလာက္တာထက္ပိုေသးတယ္

ခ်ီမင္းေယာင္က အျပံဳးေလးနဲ႔ ျပန္သြားတဲ့အခ်ိန္မွာ ေက်ာင္ေဟာင္ကေတာ့ အေလာင္းေကာင္လို ျဖဴစုတ္ျပီး က်န္ရစ္ခဲ့သည္။ ရိဟန္က ထိုလူကို အျပစ္ေပးဖို႔ စိတ္ကူး မရွိတာေၾကာင့္ ထုိကိစၥကေန လက္ေရွာင္ေနလုိက္ေတာ့သည္။က်င္းယြမ္သည္ ထိုလူအား သုံ႔ပန္းေတြကို ေစ့ေစ့စပ္စပ္ ျပင္းထန္စြာ ႐ိုက္ႏွက္ဖို႔ထားသည့္ အလုံပိတ္အခန္းသို႔ သူ႔လူမ်ားကို ေ႐ႊ႕ခိုင္းလိုက္၏။

အခုေတာ့ သြားတြေပ်ာက္ေနျပီျဖစ္သည့္ ေက်ာက္ေဟာင္က ေၾကာက္လန္႔တၾကားျဖင့္ တစ္စံုတစ္ခုကို ထုတ္ေျပာလာတာေၾကာင့္ က်င္းယြမ္နဲ႔ တစ္ျခားပိုင္မိသားစုဝင္အားလံုး ညလယ္ေခါင္ၾကီး အျပင္းအထန္ ေဆြးေနြးမွုတစ္ခုကို လုပ္လုိက္ၾကရသည္။

ထို႔ေနာက္မွာေတာ့ ေခါင္းေဆာင္ခ်န္က်င္းနဲ႔ အရာရွိဖန္းရီတို႔ ေရာက္ရွိလာျပီး အာရုဏ္မတက္ခင္မွာပင္ ေက်ာက္ေဟာင္အား ရဲစခန္းသို႔ ေခၚသြားေတာ့ေလသည္။ ေက်ာက္ေဟာင္အတြက္ကေတာ့ သူအခု ေခါင္းေဆာင္ခ်န္က်င္းရဲ႔ ထိန္းခ်ဳပ္မွုေအာက္မွာ ရွိေနမွာျဖစ္ျပီး နွစ္ဆယ့္ေလးနာရီလံုး ေစာင့္ၾကည့္ခံရေတာ့မွာပင္။ အကယ္၍သာ ထိုလူက ပိုင္မိသားစုဝင္မ်ားကို တစ္ခ်က္ေလာက္ ငဲ့ေစာင္းၾကည့္ရဲရင္ေတာင္ ေနာက္တစ္ဖန္ ရိုက္နွက္ခံရလိမ့္မည္။

***

ေက်ာင္းဟြာကို ေသေလာက္ေအာင္ မူးရူးေနတဲ့ အေျခအေနနဲ႔ အိမ္ျပန္ေခၚသြားျပီးေနာက္မွာ ရိဟန္က ကာကြယ္ေပးခဲ့သူ နွစ္ေယာက္ရဲ႔ အေၾကာင္းအား စံုစမ္းစစ္ေဆးခဲ့သည္။ လုဖုန္းယြီကေတာ့ ေသခ်ာေပါက္ အ့ံအားသင့္စရာ မဟုတ္ခဲ့ေပ။ သူက ဖုန္းယြမ္ကုမၼဏီ၏ လူငယ္ေခါင္းေဆာင္ တစ္ေယာက္ျဖစ္ျပီး ေက်ာင္းဟြာကို လိုက္ေနသူတစ္ေယာက္ျဖစ္သည္။

ထိုလူက ေက်ာင္းဟြာအား လက္ေဆာင္ေပါင္းမ်ားစြာ ပို႔ေပးခဲ့သည္။ သို႔ေသာ္လည္း အခုခ်ိန္ထိ တစ္ခါေလးေတာင္ မေအာင္ျမင္ေသးဘူး။ ေက်ာင္းဟြာက သူတို႔နွစ္ေယာက္ လံုးဝမျဖစ္နုိင္တဲ့အတြက္ လက္ေဆာင္ေတြ ထပ္မေပးပါနဲ႔ေတာ့လို႔ အၾကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ဘူးသည္။ အဲ့ဒါေတာင္ ထိုလူက ေခါင္းမာေနဆဲပဲ။ သူက ဘယ္လိုပဲျဖစ္ေနပါေစ ေနာက္ျပန္မဆုတ္ဘူး။ သူေပးတဲ့ လက္ေဆာင္ ျပန္ေရာက္လာတာနဲ႔ ေနာက္လက္ေဆာင္ကို ေရြးဖို႔အတြက္ စိတ္အားထက္သန္ေနျပန္ေရာ။

ဘားသမားေလးျဖစ္သည့္ က်ဴရႊင္ကေတာ့ Dusky Alleyမွာ လူသစ္တစ္ေယာက္ျဖစ္သည္။ သူက မိဘတစ္ဦးတည္းရွိသည့္ အိမ္မွာ ေနထိုင္ေသာ တကၠသိုလ္ေက်ာင္းသားတစ္ေယာက္ပင္။ သူ႔အေမအေပၚ ေငြေၾကးဆိုင္ရာ ဖိအားေတြကို သက္သာေစဖို႔ သူတတ္ႏိုင္သေလာက္ အလုပ္လုပ္ခဲ့သည္။ သို႔ေသာ္လည္း ဘြဲ႕မရေသးသျဖင့္ ေလွ်ာက္ထားႏိုင္သည့္ အလုပ္မ်ားက ကန႔္သတ္ခ်က္ ရွိေန၏။ Dusky Alley က မယံုၾကည္ရတဲ့ ေနရာတစ္ခု ျဖစ္ေပမယ့္လည္း ဝန္ေဆာင္မွု ေပးသူမ်ားအတြက္ အခေၾကးေငြက အလြန္ေကာင္းမြန္သည္။ ထို႔ေၾကာင့္လည္း အံၾကိတ္ကာ အလုပ္ေလ်ွာက္ခဲ့ျခင္းပင္။ ထိုညက သူအလုပ္လုပ္သည့္ ဒုတိယညျဖစ္သည္။

ရိဟန္က အစကေတာ့ သိခ်င္မိျခင္းသာ။ သူ႔ေနာက္ဆံုးဘဝက Dusky Alley ကို  မၾကာခဏ ေရာက္ဖူးေပမယ္လည္း ဒီလိုမ်ိဳး ၾကင္နာတတ္တဲ့ အလုပ္သမားမ်ိဳးကို အရင္က တစ္ခါမွ မျမင္ဖူးဘူးေလ။ အကယ္၍ ထိုလူငယ္ေလးသာ အဲ့ဒီက ညတစ္ညမွာ ကံမေကာင္းခဲ့တာဆိုရင္ က်ဴရႊင္အေနနဲ႔ ဆိုးဝါးတဲ့ အဆံုးသတ္တစ္ခုနဲ႔ ရင္ဆုိင္ရေပလိမ့္မည္။ ထိုလူရဲ႔ ပင္ကိုယ္စရိုက္ကလည္း Dusky Alley နဲ႔ လံုးဝမလိုက္ဖက္ဘူး။ ရိဟန္ရဲ႔ အတိတ္ဘဝမွာ ထိုလူငယ္ေလး ဘာျဖစ္သြားခဲ့တာလဲ?

ဒါေပမဲ့ အဲ့ဒီလူငယ္ေလးက ဒီဘဝမွာ ေက်ာင္းဟြာကို ကယ္တင္ေပးခဲ့တဲ့အတြက္ ရိဟန္အေနနဲ႔ ထိုလူကို ဒုကၡေရာက္ေအာင္ ဒီအတိုင္း လႊတ္မထားနုိင္ဘူး။

ရိဟန္က ပိုင္ယန္ကို ဖုန္းေခၚလုိက္ျပီး က်ဴရႊင္အား အာမခံေပးသူအျဖစ္ သရုပ္ေဆာင္ကာ ပိုင္အုပ္စုတြင္ အလုပ္သင္အျဖစ္ စီစဥ္ေပးလုိက္သည္။ ထိုေကာင္ေလး ဘြဲ႔ယူျပီးတာနဲ႔ ကုမၼဏီက တရားဝင္ လက္ခံမွာျဖစ္သည္။

ဒါက ဟာသတစ္ခု မဟုတ္သလို ရိဟန္အေနနဲ႔လည္း သူ႔ကုမၼဏီကို သံုးျပီး ေက်းဇူးတရားကို ျပန္ေပးဆပ္ဖို႔ ဘယ္ေတာ့မွ လုပ္မွာမဟုတ္ဘူး။ သူဒီလို လုပ္တယ္ဆိုတာ က်ဴရႊင္က ထိပ္တန္းေက်ာင္းသား တစ္ေယာက္ျဖစ္ေနလို႔ပဲ။ သူက တုန္႔ျပန္မွုေကာင္းျပီး မွတ္ဉာဏ္လည္းေကာင္းတယ္...သူ႔အလုပ္မွာလည္း အရမ္းက်ြန္းက်င္မွု ရွိတယ္

အကယ္၍ သူ႔မိသားစုေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ဘားတစ္ခုမွာ အလုပ္သြားလုပ္မွာ မဟုတ္ဘူး။ ရိဟန္ရဲ႔ စီစဥ္မွုက က်ဴရႊင္ရဲ႔ အနာဂတ္အတြက္တင္မကပဲ ပိုင္အုပ္စုအတြက္ အရည္အခ်င္းရွိ အလုပ္သမားတစ္ေယာက္ရေအာင္ကိုပါ အာမခံေပးလိုက္တာပဲ။ ငွက္နွစ္ေကာင္ကို ေက်ာက္တံုးတစ္တံုးေပါ့

ေက်ာင္းဟြာရဲ႔ အိမ္အတြက္ကေတာ့ ရိဟန္က မေရာင္းရက္ဘူးေလ။ အဲ့ဒါေၾကာင့္ သူ႔ကိုယ္ပုိင္ေငြနဲ႔ ေပးေခ်ျပီး သူ႔နာမည္ေအာက္ သြင္းဖို႔ ဆံုးျဖတ္ခ်က္ခ်လုိက္ေလရဲ႔။ နည္းပညာအရေတာ့ သူအဲ့ဒီေနရာကို ေရာင္းလုိက္တာပဲေပါ့။

ရိဟန္က ေက်ာင္းဟြာနဲ႔ လမ္းခြဲဖို႔ တြန္႔ဆုတ္ေနေပမယ့္လည္း အခ်ိန္ေတြက ကုန္ဆံုးသြားသည္။ ေကာင္းမြန္စြာ ခြဲခာရမယ့္ေန႔က နီးကပ္လာေလျပီ။ ေက်ာင္းဟြာက သူ႔အလုပ္ေတြ လႊဲေပးျခင္း ျပီးဆံုးသြားတဲ့အခ်ိန္မွာ ထြက္ခြာမယ့္ေန႔ကို ေစာင့္ရံုမွတစ္ပါး တစ္ျခားဘာမွ လုပ္စရာ မရွိေတာ့။ ရိဟန္က ထိုေယာက်ာ္းနဲ႔ ထာဝရ ခြဲခြာဖို႔ ဆႏၵမရွိတာေၾကာင့္ ေက်ာင္းဟြာနဲ႔ မၾကာခဏ ေတြ႔ဆံုမွုေတြ ပိုမိုမ်ားျပားလာသည္။ ရိဟန္က ေက်ာင္းဟြာရဲ႔ ေနရာမွာပင္ တစ္ညတစ္ေလ ေနတတ္လာသည္။ ေသခ်ာေပါက္ ရိဟန္က သူ႔ရဲ႔ ထာဝရအေဖာ္ မုက်င္းယြမ္ကိုေတာ့ ဘယ္ေတာ့မွ မဖယ္ထုတ္နုိင္ဘူးေပါ့ေလ။

ထူးဆန္းတာကေတာ့ ေက်ာင္းဟြာ ထြက္သြားဖို႔ အခ်ိန္ ပိုျပီး နီးလာေလေလ ပိုင္ယန္တစ္ေယာက္ ပိုျပီး စိတ္လွဳပ္ရွားလာေလေပဲ။ အေသးအဖြဲကိစၥေလး တစ္ခုကေတာင္ သူ႔ကို ေပါက္ကြဲထြက္ေစနုိင္သည္။ အရမ္းကို ဆိုးဝါးလြန္းလို႔ ရံုးမွာလည္း အကုန္လံုး စိတ္ဓာတ္ေတြ က်ကုန္ၾကျပီ။

ေက်ာင္းဟြာကေတာ့ ပိုင္ယန္က သူ႔ကို ထိုေနရာက ထြက္သြားေစဖို႔ စိတ္အားထက္သန္လြန္းေနတာေၾကာင့္ တစ္ရက္ေတာင္ မေစာင့္နုိင္ေတာ့ဘူးဟုသာ ထင္မိသည္။ ေက်ာင္းဟြာ လုပ္နုိင္သမ်ွက သက္ျပင္းခ်ရင္းျဖင့္ ထိုလူကို အတတ္နုိင္ဆံုး ေရွာင္ရွားကာ သူ႔ကိုမျမင္ရင္ ပိုင္ယန္ရဲ႔ စိတ္ထဲ သူမရွိေတာ့ေလာက္ဘူးဟုသာ ေမ်ွာ္လင့္မိရန္သာ။

ေက်ာင္းဟြာ ေလယာဥ္မစီးမီ ညမွာ ရိဟန္က ေက်ာင္းဟြာအား ညစာစားရန္ ဖိတ္လိုက္သည္။ အရင္က သူတို႔စားဘူးခဲ့တဲ့ Buddha Jumps Over the Wall ဆုိင္မွာပင္။ ဟင္းက သူနာမည္ ညႊန္းထားတဲ့အတိုင္းပင္ အရသာရွိလွသည္။ ေမႊးပ်ံ႕ေသာရနံ႔သည္ ခ်ီးမြမ္းမွုအားလံုးကို ဖိတ္ေခၚေနေလသည္။ ကံမေကာင္းစြာပဲ၊ စားပြဲမွာ ရွိေနၾကသည္ စိတ္ခံစားခ်က္မ်ားက အလြန္ေလးလံေနၾကသျဖင့္ အစားအေသာက္ကို မည္သူမွ် အာ႐ုံမစိုက္ႏိုင္ၾကဘူးေလ။

===============

Continue Reading

You'll Also Like

1.2M 40.3K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
89.3K 14.9K 17
小花神和帝君 >> 大青Q3 Status - 15 chapters + 1 side story This is just a pure fan-translation.
794K 8.4K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
948K 172K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...