HANARY(S1+S2)

By greyvictor25

6.6M 434K 73.9K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories 💌
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ch-21(Uni/Zg)

50K 3.3K 1.5K
By greyvictor25

သက်ဆိုင်ရာ အပိုင်းကနောက်ကြောင်းတွေကိုပြန်ရှင်းထားတာပါ အနည်းငယ်ရှုပ်သွားလို့ နားမလည်ရင် ပြန်မေးနိုင်ပါတယ် 🤍

***********

" Boss ရှိန်းဘက်က ကျတော့်ကိုဆက်သွယ်လာပီ "

Samလက်ထဲမှ စာရွက်ကိုကြည့်ပီး ဟန်နရီသူ့မျက်ခုံးကိုပင့်တင်ကာ စာရွက်ကိုလုံးခြေလိုက်သည်

" ထင်တဲ့အတိုင်း ကောလဟာလေလေးလွှင့်ပေးလိုက်တာနဲ့ ငါ့တပည့်ကိုချက်ချင်းဆက်သွယ်လာတော့တာပဲ ခွေးသူတောင်းစား "

" ကျတော်တို့ဘာဆက်လုပ်ကြမလဲ "

" တဖက်လှည့်နည်းနဲ့သူ့ကိုချဥ်းကပ်ရမှာပဲ လောလောဆယ်တော့ ငါတို့လွှင့်လိုက်တဲ့ကောလဟာလေတွေကြောင့် ဟီရိုက မင်းအဖေကိုသတ်တယ်လို့ပဲသူ့စိတ်ထဲမှာထင်သွားပီ အဲ့တာကြောင့်လဲမင်းကိုငါ့ဆီကနေ ဆွဲထုတ်နေတာပေါ့ "

" သူ့စိတ်ထဲ ကျတော်က Bossအနားမှာလက်စားချေချင်လို့ ကပ်နေတယ်လို့ထင်သွားတဲ့ပုံပဲ "

" ဒီစာရင်းတွေနဲ့ မနက်ဖန်လဲမဲ့ပစ္စည်းတွေကို သူ့ဆီသွားပေးလိုက်
ဟီရိုကိုတော့ဘာမှမသိစေနဲ့ ငါတို့ဘာသာလှုပ်ရှားမယ် "

" ဟုတ်ကဲ့ Boss "

" မင်းကတကယ်ပဲ ငါ့ကိုသစ္စာဖောက်တဲ့ပုံမျိုးတော့လုပ်ရမှာနော် သူယုံကြည်သွားခါမှ အဲ့ကောင်ရဲ့လုပ်ငန်းအ၀င်အထွက်တွေကို ငါတို့သိလို့ရမှာ "

" ကျတော်ကောင်းကောင်းလုပ်နိုင်ပါတယ်ဗျာ "

ဟန်နရီသူ့လက်ထဲမှ ပစ္စည်းစာရင်းတွေကို Samလက်ထဲထည့်ပေးလိုက်ပီး သူ့တပည့်ခေါင်းကိုခပ်ဖွဖွလေးပုတ်လိုက်သည်

" ငါ့အနားမှာပဲအမြဲရှိနေပေးပါ Sam "

" ကျတော်က Bossနှင်လွှတ်ရင်တောင် အတင်းတွယ်ကပ်နေမဲ့သူမျိုးပါ "

**************

" သေနတ်ထဲကျည်ဖြည့်ပီးပီလား Sam "

" ဟုတ်ကဲ့ Boss "

Samလက်ထဲမှသေနတ်ကို ဟန်နရီဆွဲယူလိိုက်ပီး စစ်ဆေးလိုက်သည် သေနတ်ထဲမှ ကျည်တွေကိုဟန်နရီတခုချင်းစီပြန်ထုတ်ကာ သိမ်းထားလိုက်သည်

" ကျည်တွေဘာလို့ပြန်ထုတ်နေတာလဲ Boss "

" Sam "

" ဗျာ "

" ငါတို့ Gameလေးတခုကစားကြမလား "

" ...... "

" အခုချိန်ကစပီး ရှိန်းခန့်ပိုင်ကို ကောင်းကောင်းအရူးလုပ်တော့မှာမို့လို့ ငါခိုင်းတဲ့အတိုင်းလုပ်ပေးနိုင်မလား "

" ကျတော် Bossခိုင်းတာ ဘယ်တုန်းကမလုပ်ပေးဖူးလို့လဲ "

" အခု ရှိန်းခန့်ပိုင်က မင်းကနေတဆင့်ငါ့ကို သူ့ဆီမျှားခေါ်လာခိုင်းတယ်မှတ်လား အဲ့ဒီကိုရောက်ရင် ငါကသူ့ကိုသေနတ်နဲ့ပစ်မယ် ဒါပေမဲ့ ငါ့သေနတ်ထဲမှာကျည်ရှိမနေဘူး အဲ့ဒီအချိန်မှာ ငါကအံ့အောသွားပီး အနောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာ မင်းကငါ့ကိုသေနတ်နဲ့ချိန်ထားပီးသားဖြစ်နေမယ် အဲ့ဒီအခါ ရှိန်းခန့်ပိုင်ဘယ်လောက်များကျေနပ်သွားမလဲ မင်းက ငါ့ကိုတကယ်ပဲ သစ္စာဖောက်လိုက်ပီထင်သွားမှာပဲလေ အဟက် "

" ဒါပေမဲ့ သူက Bossကိုဖမ်းချုပ်ထားမှာနော် "

" အဲ့လောက်တော့ငါခံရမှာပဲ Sam... ဘာလို့ဆို သူရဲ့လုပ်ငန်းအကြောင်းတွေငါအကုန်သိရမှာဖြစ်မှာ "

" ကျတော် သူနဲ့အရော၀င်ပီး အကုန်စုံစမ်းထားပါ့မယ် "

" Sam "

" ဗျာ "

" ငါ့ကိုထိုးကြည့်စမ်း "

" ခင်ဗျာ "

" ဘာမှမဖြစ်ဘူး ထိုးကြည့်စမ်းပါ "

" အာ ကျတော် Bossကိုအသားနာအောင်တော့မလုပ်ချင်ပါဘူး "

" ရှိန်းခန့်ပိုင်ရဲ့ယုံကြည်မှုရဖို့အတွက် မင်းငါ့ကိုအသားနာအောင်လုပ်ရမယ် Sam "

တွန့်ဆုတ်နေတဲ့ Samရဲ့လက်လေးကို ဟန်နရီလှမ်းဆွဲလိုက်ပီး ပြုံးပြလိုက်သည်

" မင်းငါ့ကိုအကြောင်းမဲ့လက်သီးနဲ့ထိုးရင်တောင် ငါစိတ်ဆိုးမှာမဟုတ်လို့ ငါပြောတဲ့အတိုင်းသာလုပ်ပေးပါ Sam... ဘာလို့ဆို မင်းက ငါအယုံကြည်ရဆုံးသူဖြစ်နေလို့ပဲ "

****************

ထိုအခန်းငယ်အတွင်း cctvတပ်ဆင်ထားတာကြောင့် Sam ဟန်နရီကိုမသိမသာလေးမေးငေါ့ပြလိုက်သည် cctvကနေ သူတို့နှယောက်ရဲ့အခြေအနေကို ရှိန်းခန့်ပိုင်
စောင့်ကြည့်နေမှန်း ဟန်နရီရိပ်မိလိုက်တာကြောင့်ဥာဏ်ပြေးတဲ့ဟန်နရီက ၀မ်းနည်းနေတဲ့ပုံစံနဲ့ Samကိုလှမ်းကြည့်ကာ စကားတွေစပြောခဲ့ခြင်းပင်.....

( ဟန်နရီကိုထိုအခန်းအတွင်းဖမ်းချုပ်ထားတဲ့အချိန်မှာ Samက ရှိန်းရဲ့ယုံကြည်မှုကိုရအောင်ယူပီး နောက်ကွယ်ကနေ ရှိန်းရဲ့လုပ်ငန်းတွေအကြောင်းကို စုံစမ်းခဲ့တာပါ )

************************************

                             (Ch -22)

" ဘယ်လိုလဲ အခုတော့ခင်ဗျားပဲပြန်ခံလိုက်ရတာမှတ်လား "

လက်ထဲကသေနတ်ကိုလှည့်ရင်း ဟန်နရီ ရှိန်းခန့်ပိုင်ကိုလှမ်းကြည့်လိုက်သည် ခြေထောက်တဖက်ထိထားတာကြောင့် သူ့ခြေထောက်ကိုလက်နဲ့ဖိထားရင်း ရှိန်းက ဟန်နရီကိုပြန်စိုက်ကြည့်လိုက်သည်

" ကျုပ် ခင်ဗျားကိုအရင်ထဲကအမိဖမ်းဖို့ကြိုးစားခဲ့တာ....ခင်ဗျားက အမြဲပုန်းရှောင်ပီးနောက်ကွယ်ကနေ တိုက်ခိုက်နေခဲ့တာလေ ကျုပ်သတိမထားမိလိုက်တာဆိုလို့ ခင်ဗျားလွန်းကို ကျုပ်အကြောင်းတွေပြောပြလိုက်တာပဲမသိခဲ့တာ ကျန်တာတွေအကုန်လုံးခင်ဗျားရဲ့အကြောင်းတွေသိပီးသား "

" ခင်ဗျားသိပ်သိချင်နေတဲ့မြေပုံအကြောင်းကောပြောပြရအုံးမလား? အဲ့မြေပုံဆိုတာလဲ တကယ်တော့ ခင်ဗျားကိုဖမ်းချင်လို့ တမင်သပ်သပ်ကောလဟာလတွေလွှင့်ခဲ့တာ ကျုပ်ဆီမှာမြေပုံတော့မရှိဘူး ခင်ဗျားအဖေရဲ့အရိုးပြာပဲရှိတယ် အဟက် "

" ငါ*ုံးမသား ဗစ်တာ!!!! "

သူ့ကိုကျိန်ဆဲနေတဲ့ ရှိန်းရဲ့အနားကိုဟန်နရီအမြန်ထသွားလိုက်ပီး ရှိန်းရဲ့ကျန်နေတဲ့ခြေထောက်တဖက်ကိိုပါသေနတ်ဖြင့် ထပ်ပစ်လိုက်သည်

" အာ့!!!!! "

" အခုဆို ခင်ဗျားဆီမှာဘာပိုင်ဆိုင်မှုမှမရှိတော့ဘူး ခင်ဗျားရဲ့တပည့်တွေလဲ ခင်ဗျားကျုပ်လက်ထဲရောက်သွားမှန်းသိလို့ အကုန်ဆုတ်ခွာသွားကြပီ ခင်ဗျားရဲ့ခြေထောက်တွေလဲ အကောင်းပကတိအတိုင်းပြန်မဖြစ်နိုင်တော့ဘူး အဲ့တာကြောင့် ခင်ဗျားဇာတ်မြုပ်ပီး ပျောက်ကွယ်သွားပေးပါ ကျုပ်မျက်စိရှေ့ကို ဘယ်သောအခါမှပြန်မပေါ်လာစေနဲ့ ဒါဟာ ခင်ဗျားကိုကျုပ်ဘက်ကပေးတဲ့ နောက်ဆုံးငဲ့ညာပေးခြင်းပဲ အခုချိန်ခင်ဗျားကို ကျုပ်အသာလေးသတ်ပစ်လိုက်လို့ရတယ်ဆိုတာ ခင်ဗျားလဲသိမှာပါ "

ခြေထောက်နှဖက်က ဒဏ်ရာကိုသာ သူ့လက်နဲ့ဖိထားရင်း ရှိန်း ဟန်နရီကိုစိုက်ကြည့်လိုက်သည်

" ကျုပ်ဘက်က ခင်ဗျားနဲ့ပတ်သတ်တဲ့အငြိုးတွေကို အကုန်ဖယ်ချလိုက်ပီမို့ ကျုပ်မျက်စိရှေ့ကိုထပ်ပေါ်မလာစေနဲ့ ခင်ဗျားကိုအသက်ရှင်ခွင့်ပေးလိုက်တာ ချစ်လွန်းလို့တော့မဟုတ်ဘူး ခင်ဗျားဘ၀နဲ့ကျုပ်ဘ၀နဲ့က ရွေးချယ်ခွင့်မရှိပဲဒီလောကထဲရောက်လာခဲ့တာမို့လို့ပဲ
ဒါပေမဲ့ ကျုပ်အလေးစားရဆုံးသူက ဟီရိုဖြစ်နေလို့ ဒီလောကထဲမှာပဲအမြဲကျင်လည်နေအုံးမှာပဲ ကျုပ်ဘေးမှာကျုပ်ကိုသတ်ချင်နေတဲ့ရန်သူတွေလဲအများကြီးရှိနေအုံးမှာပဲ ဒါပေမဲ့အဲ့ထဲမှာခင်ဗျားမပါစေနဲ့ ကျုပ်အပေါ်တင်နေတဲ့အသက်ကြွေးကို ခင်ဗျားအ၀ေးဆုံးမှာပဲနေပီး ဇာတ်မြုပ်နေလိိုက်ပါ ရှိန်းခန့်ပိုင် "

" သွားမယ် Sam "

ဟန်နရီသူ့သေနတ်ကို ခါးကြားထဲပြန်ထိုးထည့်ကာ ရှိန်းအရှေ့မှထွက်ခွာသွားလိုက်သည် ရှိန်းကတော့ တခုခုကိုခံစားသွားရတဲ့ပုံပါပဲ လက်သီးကိုဆုပ်ကာ အံကြိတ်ပီးငိုကြွေးလိုက်သည်

*******

" Boss မျက်နှာဒီဘက်ကိုလှည့် ကျတော်ဆေးလိမ်းပေးမယ် "

" မလိမ်းဘူး "

" မလိမ်းလို့မရဘူးလေ ဒဏ်ရာတွေနဲ့ဒီအတိုင်းနေမလို့လား "

" ဘာမှမဖြစ်ဘူးလို့!!! "

" တကိုယ်လုံးရိုက်နှက်ခံထားရတာ မနာဘူးလား "

" မနာဘူး "

" တကယ်မနာတာလား "

" Sam!! အရှေ့တည့်တည့်ကြည့်ပီးသာကားသေချာမောင်းစမ်းပါကွာ မင်းလုပ်ပုံနဲ့ နှကောင်လုံးမသာပေါ်ကုန်တော့မယ် "

" ကျတော်ကမောင်းသာမောင်းနေတာ ဘယ်မောင်းရမှန်းမသိဘူး Bossရဲ့"

" လွန်းဆီကိုသာသွား ငါအရမ်းလွမ်းနေပီ "

" တကယ်တော့လေ လွန်းက...."

" လွန်းကဘာဖြစ်လဲ "

" လွန်းကအခု သူငှားနေတဲ့အိမ်မှာမရှိဘူး "

" ဘာ!! ညဘက်တောင်ရောက်နေပီကို ဘယ်သွားနေတာလဲ "

" သူတို့ကျောင်းက စီနီယာတယောက်က Clubကိုခေါ်သွားတယ်လို့ပြောတာပဲ "

" အဲ့ clubကိုသာမောင်းတော့ Sam... ဒီအချိန်ကြီး clubကိုခေါ်သွားထဲက မရိုးသားဘူး "

ဟန်နရီသူ့မျက်နှာကဒဏ်ရာတွေကို သူများမမြင်အောင် သူအမြဲတပ်နေတဲ့ Maskကိုတပ်ပီး ဦးထုပ်အမဲဆောင်းထားလိုက်သည် အကြည့်တွေကတော့ တခုခုကိုအလိုမကျသလိုခက်ထန်နေသည်

**********

" လွန်း အကိုပြောတာဒီတယောက်လေ သူက Ruby Companyက CEO ထက်ရှားတဲ့ "

" အော် ဟုတ်ကဲ့တွေ့ရတာ၀မ်းသာပါတယ်ဗျ "

" ထက်ရှားက  အရင်ကအကိုတို့ကျောင်းကိုလာရင်းနဲ့ လွန်းကိုတွေ့လိုက်တာ လွန်းကချစ်စရာမို့လို့ သဘောကျသွားတာတဲ့လေ အကိုက အောင်သွယ်လုပ်ပေးတဲ့သဘောမျိုးပေါ့ "

" ခင်ဗျာ "

" အရမ်းမလန့်သွားပါနဲ့ လွန်း...အကို့ကိုသေချာလေ့လာနိုင်ပါတယ် အကိုကလွန်းကို ရင်ထဲကနေတကယ်မြတ်နိုးတာပါ "

အခြေအနေတွေကို သိပ်သဘောမကျတာကြောင့် လွန်းထိုနေရာမှထွက်သွားဖို့ပြင်လိုက်သည် ဘေးနားက စီနီယာအကိုက လွန်းရဲ့လက်ကို လှမ်းဆွဲထားတာမို့ အားနာတတ်တဲ့ကလေးငယ်က ထိုနေရာမှာပဲ ခေါင်းလေးငုံ့ကာပြန်ထိုင်နေလိုက်သည်

" အကို ကျတော်ပြန်တော့မယ် "

" နေပါအုံးလွန်းရဲ့ ထက်ရှားနဲ့သေချာစကားပြောကြည့်ပါအုံး "

" အားတော့နာပါတယ်ဗျ ကျတော့်မှာပိုင်ရှင်ရှိပီးသားပါ "

လွန်းရဲ့စကားကိုအရေးမစိုက်ပဲ စီနီယာအကိိုက လွန်းရဲ့လက်ထဲဘီယာခွက်လှမ်းထည့်ပေးလိုက်သည် ထက်ရှားနဲ့ပေါင်းပီး လွန်းကိုတမင်သပ်သပ်အနိုင်ကျင့်နေတဲ့ပုံပင်

" ၀ုန်း!! "

Clubနံရံကို လက်သီးနဲ့ထိုးကာ သူတို့အရှေ့က မလှမ်းမကမ်းစားပွဲမှာလာထိုင်နေတဲ့ လူကြောင့် အကုန်လုံးရဲ့အကြည့်က ဟန်နရီဆီဦီးတည်သွားသည် ပေါင်ကိုပြဲကားပီးထိုင်နေတာကြောင့် တမင်အမြင်ကပ်အောင်လုပ်ပြနေသလားအောက်မေ့ရသည် ဦးထုပ်နဲ့ Maskတပ်ထားတာကြောင့် ထိုလူရဲ့မျက်နှာကိုတော့သေချာမမြင်ရနိုင်

ဟန်နရီကို စိတ်ဆိုးချင်သေးတာကြောင့် လွန်း ထက်ရှားကိုပြုံးပြကာ သူ့လက်ထဲမှ ဘီယာတွေကိုမော့သောက်လိုက်သည် ဟန်နရီကတော့ ဘာမှမတုံ့ပြန်ပဲ ဒူးတချောင်းကိုလှုပ်ကာ အေးဆေးထိုင်ကြည့်နေလိုက်သည်

" ပိုရင်းနှီးသွားအောင် ထက်ရှားက လွန်းဘေးကိုလာထိုင်လိုက်ပါလား "

ကြားထဲက အောင်သွယ်လုပ်ပေးနေတဲ့ လူကြောင့် ထက်ရှားကျေနပ်စွာပြုံးလိုက်ပီး လွန်းရဲ့ဘေးကို၀င်ထိုင်လိုက်သည်

" အကို ဘီယာထပ်ထည့်ပေးမယ်နော် လွန်း "

" မထည့်နဲ့တော့ဗျ ကျတော်အများကြီးမသောက်နိုင်လို့ပါ ပီးတော့ကျတော်ပြန်တော့မယ် "

" နေပါအုံး လွန်းရဲ့ ပီးကျရင် အကိုအိမ်ပြန်ပို့ပေးမှာပေါ့ "

ထက်ရှားရဲ့လက်တွေက လွန်းရဲ့ပေါင်ပေါ်ကိုရောက်လာသည်
လွန်းက short pantလေး၀တ်ထားတာကြောင့် ဖြူဖွေးနေတဲ့ပေါင်တံလေးက တဖက်လူကိုဆွဲဆောင်နေသယောင် ....

" ကျ...ကျတော့်ကိုအဲ့လိုတွေလာမထိပါနဲ့ မကြိုက်ဘူး "

" ခွမ်း "

ထက်ရှားရဲ့ခေါင်းပေါ်ကိုရောက်လာတဲ့ အရက်ပုလင်းကအစိတ်စိတ်အမွှာမွှာကွဲလျှက်ပင်....လွန်းကတော့ ထိုနေရာမှာတင်ပဲ ဟန်နရီရဲ့အပြုအမူတွေကြောင့် တဖက်လူကိုအားနာသွားသည်

" စောက်ရမ်းလက်သရမ်းချင်နေတယ်ဟုတ်လား သူ့ကိုကိုင်မဲ့အစား ကျုပ်ပေါင်ကိုလာကိုင်လိုက်ပါလား "

" မင်း ဘယ်သူလဲ "

" ကျုပ်ဘယ်သူလဲဆိုတော့ လွန်းတာနေဆန်းရဲ့လင်!!! "

ဘေးမှာတင် မျက်လုံးလေးပြူးပီးရပ်ကြည့်နေတဲ့ လွန်းရဲ့လက်ကို ဟန်နရီလှမ်းဆွဲပီး ထိုclubထဲမှ ထွက်လာလိုက်သည်

" ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ "

" လွန်းတာနေဆန်း!!!! "

အသံကျယ်ကြီးနဲ့သူ့ကိုစိုက်ကြည့်ပီးအော်လိုက်တာကြောင့် လွန်းအသံတိတ်ကာ မျက်ရည်လေးတွေ၀ဲလာသည်

" မင်းနဲ့ငါနဲ့အိမ်ကျမှတွေ့မယ် "

ဟန်နရီ လွန်းကိုပွေ့ချီကာ ကားထဲအတင်း၀င်ခိုင်းလိုက်သည်
တစ်ကိုယ်လုံးနာကျင်နေရသည့်အထဲ အခြားသူများနှင့်ပရောပရီလုပ်နေသည့်လွန်းကြောင့် သူပို၍စိတ်တိုမိ၏။
အိမ်ပြန်ရောက်တော့ ရုန်းကန်နေတဲ့လွန်းရဲ့ခန္ဓာကိုယ်အားတစ်ဖန်ပြန်ပွေ့ချီကာ ခေါ်လာလိုက်သည်။

" ကျတော့်ကိုလွှတ် !! ကျတော်ဒီမှာမနေဘူး "

" လွန်းတာနေဆန်း!!! မင်းငါ့ကိုအရွဲ့တိုက်ချင်တာနဲ့ပဲ ဟိုကောင်တွေနဲ့ပလူးနေရောပဲလား ဟမ် !! "

" ခင်ဗျားမမိုက်ရိုင်းနဲ့ "

" မိုက်ရိုင်းတာငါမဟုတ်ဘူး!! ခုနကမင်းကို အသားယူနေတဲ့ကောင်တွေကွ နားလည်လား "

" ကျတော် ခင်ဗျားကိုစိတ်ဆိုးပြေသေးတာမဟုတ်ဘူး "

ဟန်နရီချက်ချင်းပဲ သူ့အပေါ်အင်္ကျီကိုဆွဲချွတ်ကာ လွန်းရဲ့လက်ကိုလှမ်းယူလိုက်ပီး သူ့ခါးပေါ်က တက်တူးပေါ်တင်ထားလိုက်သည်

" မြင်လား!!! ဒီတက်တူးကိုသေချာကိုင်ကြည့်!!! အဲ့တာ မင်းကြောင့်ပဲထိုးထားတဲ့တက်တူး ငါ့ခန္ဓာကိုယ်မှာရှိတဲ့ တက်တူးတွေအကုန်လုံးက မင်းနဲ့သက်ဆိုင်တဲ့အရာတွေချည်းပဲ "

ခါးပေါ်ကိုရောက်နေတဲ့ လွန်းရဲ့လက်ကို ဟန်နရီပြန်ကိုင်လိုက်ပီး သူ့ရင်ဘတ်ပေါ်က တက်တူးနေရာကိုတင်ထားလိုက်သည်

" ဒီနှင်းဆီပန်းပုံတက်တူးက မင်းငါ့ကိုပထမဆုံးပေးခဲ့တဲ့ လက်ဆောင်ဖြစ်နေလို့ ငါ့ခန္ဓာကိုယ်မှာထိုးထားတာ မင်းကတော့ ဘာရယ်မဟုတ် လမ်းမှာတွေ့တဲ့ပန်းကို ငါ့ကိုပေးခဲ့ပေမဲ့ ငါ့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အရာမို့လို့အသားနာခံပီး သေရာပါအောင်ထိုးထားတာကွ အဲ့တာနားလည်လား "

အလေးထားကာ အမြတ်တနိုးထိုးခဲ့သည့်အရာအား ရှင်းပြလိုက်တော့ ငိုမဲ့မဲ့မျက်နှာဖြင့်သူ့အားမော့ကြည့်လာသည်။

" ဒီကျောက တက်တူးက မင်းရဲ့အမည်နာမလေးကို မြတ်နိုးလွန်းလို့ ထိုးထားတာ ငါ့အတွက်အစားထိုးမရတဲ့တဦးတည်းသောသူဖြစ်နေလို့!!! အဲ့တာတွေကော နားလည်လား!!! "

ဟန်နရီသက်ပြင်းချကာ သူ့မျက်နှာက ဒဏ်ရာတွေကို လွန်းမြင်အောင်ပြလိုက်သည်

" ဟင် ခင်ဗျားမျက်နှာကဘာဖြစ်တာလဲ "

" သူများထိုးလိုက်တာ ဒါပေမဲ့ဘာမှမဖြစ်ဘူး "

မျက်နှာတစ်ခုလုံးဒဏ်ရာတွေနဲ့ပြည့်နှက်နေတာကြောင့် လွန်းဟန်မဆောင်နိုင်အောင်ငိုမိ၏။

" ဘာလို့ငိုနေတာလဲ "

" ခင်ဗျားက ဒဏ်ရာတွေရလာတာကို....."

သူ့မျက်နှာက ဒဏ်ရာတွေကြောင့် ငိုနေတဲ့လွန်းကိုကြည့်ပီး ရယ်ချင်စိတ်တွေကိုထိန်းထားလိုက်သည် စိတ်ဆိုးတယ်ဆိုပီး အခုတော့စိတ်ပူလို့ ငိုနေတာမှတ်လား...

" ကျစ်!!! မငိုနဲ့တော့ ကိုဘာမှမဖြစ်ဘူး "

" ခင်ဗျားအရမ်းနာနေလားဟင် "

" အင်း အရမ်းနာနေတာ ရေတောင်သောက်လို့မရဘူး ကျွတ်ကျွတ် "

" ကျတော်ဆေးလိမ်းပေးမယ်နော် "

သူ့မျက်နှာပေါ်မှဒဏ်ရာတွေကြောင့် လွန်းလိိုအပ်မယ့်ဆေးတွေအမြန်သွားယူကာ သူ့မျက်နှာအားခပ်ဖွဖွထိတွေ့လာ၏။

" မျက်နှာတခုလုံးစုတ်ပြတ်နေတာပဲ အရမ်းနာနေတာလားဟင်"

" နာနေသေးတာ "

လွန်းဆီက ဂရုစိုက်မှုတွေကိုလိုချင်တာကြောင့် ဟန်နရီ လွန်းရဲ့ရင်ခွင်ထဲကို သူ့ခေါင်းကြီးတိုး၀င်ကာ လွန်းရဲ့ခါးကိုဖက်ထားလိုက်သည်

" ကျောတွေလဲနာနေသေးတာ ကို့ကို၀ိုင်းကန်ကြတာလေ "

" ကျတော်ဆေးလိမ်းပေးမယ်နော် ဘယ်သူတွေက ခင်ဗျားကိုဒီလောက်နှိပ်စက်ရတာလဲ "

" ကို့ကိုအမြင်မကြည်တဲ့သူတွေလုပ်လိုက်တာပါ ခြေထောက်ကိုလဲကန်သေးတယ် အခုခြေထောက်တွေပါနာနေတာ လမ်းတောင်သိပ်မလျှောက်နိုင်ဘူး "

" အဲ့တာဆို ဆေးခန်းသွားကြမလား "

" မသွားဘူး အချစ်ဆေးလိမ်းပေးရင်ရပီ "

" ဆေးလိမ်းပေးပြီးရင် ကျတော်ပြန်မှာနော် ခင်ဗျားကိုစိတ်ဆိုးမပြေသေးဘူး "

" ရပါတယ် အချစ်ပြန်တော့လဲ ကိုတယောက်ထဲပဲ ၀ေဒနာတွေကိုခံစားပါ့မယ် အခုတောင် ဗိုက်တအားအောင့်နေတာ အထဲက ကျောက်ကပ်တွေဘာတွေထိသွားတယ်ထင်ပါတယ် ကိုကဒီအတိုင်းပြောပြတာနော် အချစ်ပြန်ချင်ရင်လဲပြန်ပါ"

ဟန်နရီရဲ့အပြောတွေကြောင့် လွန်းတယောက်တွေ၀ေကာ သေချာစဥ်းစားနေလိုက်၏

" အဲ့တာဆိုလဲ ဒီနေ့တော့မပြန်တော့ဘူး ဒါပေမဲ့ ခင်ဗျားနဲ့တော့အတူတူမအိပ်နိုင်ဘူး ကျတော်က ဒီကုတင်အောက်မှာအိပ်မယ် "

စိတ်ပြန်ပျော့သွားတဲ့ ကလေးကြောင့် ဟန်နရီတဖက်ကိုလှည့်ကာ ကြိတ်ရယ်လိုက်သည်

" အချစ် "

" ဘာလဲ "

" ခေါင်းလေးပွတ်ပေးပါလား "

" ဘာကိစ္စပွတ်ပေးရမှာလဲ "

" ဒဏ်ရာတွေက တအားနာနေတော့ နှစ်သိမ့်မှုလေးလိုချင်လို့ပါ ဒါပေမဲ့ရပါတယ်လေ အချစ်ကကို့ကိုမှမချစ်တော့တာ ဘယ်တတ်နိုင်ပါ့မလဲ "

********
18.3.22
Grey

***

သက္ဆိုင္ရာ အပိုင္းကေနာက္ေၾကာင္းေတြကိုျပန္ရွင္းထားတာပါ အနည္းငယ္ရႈပ္သြားလို႔ နားမလည္ရင္ ျပန္ေမးႏိုင္ပါတယ္ 🤍

***********

" Boss ရွိန္းဘက္က က်ေတာ့္ကိုဆက္သြယ္လာပီ "

Samလက္ထဲမွ စာ႐ြက္ကိုၾကည့္ပီး ဟန္နရီသူ႔မ်က္ခုံးကိုပင့္တင္ကာ စာ႐ြက္ကိုလုံးေျခလိုက္သည္

" ထင္တဲ့အတိုင္း ေကာလဟာေလေလးလႊင့္ေပးလိုက္တာနဲ႔ ငါ့တပည့္ကိုခ်က္ခ်င္းဆက္သြယ္လာေတာ့တာပဲ ေခြးသူေတာင္းစား "

" က်ေတာ္တို႔ဘာဆက္လုပ္ၾကမလဲ "

" တဖက္လွည့္နည္းနဲ႔သူ႔ကိုခ်ဥ္းကပ္ရမွာပဲ ေလာေလာဆယ္ေတာ့ ငါတို႔လႊင့္လိုက္တဲ့ေကာလဟာေလေတြေၾကာင့္ ဟီ႐ိုက မင္းအေဖကိုသတ္တယ္လို႔ပဲသူ႔စိတ္ထဲမွာထင္သြားပီ အဲ့တာေၾကာင့္လဲမင္းကိုငါ့ဆီကေန ဆြဲထုတ္ေနတာေပါ့ "

" သူ႔စိတ္ထဲ က်ေတာ္က Bossအနားမွာလက္စားေခ်ခ်င္လို႔ ကပ္ေနတယ္လို႔ထင္သြားတဲ့ပုံပဲ "

" ဒီစာရင္းေတြနဲ႔ မနက္ဖန္လဲမဲ့ပစၥည္းေတြကို သူ႔ဆီသြားေပးလိုက္
ဟီ႐ိုကိုေတာ့ဘာမွမသိေစနဲ႔ ငါတို႔ဘာသာလႈပ္ရွားမယ္ "

" ဟုတ္ကဲ့ Boss "

" မင္းကတကယ္ပဲ ငါ့ကိုသစၥာေဖာက္တဲ့ပုံမ်ိဳးေတာ့လုပ္ရမွာေနာ္ သူယုံၾကည္သြားခါမွ အဲ့ေကာင္ရဲ႕လုပ္ငန္းအ၀င္အထြက္ေတြကို ငါတို႔သိလို႔ရမွာ "

" က်ေတာ္ေကာင္းေကာင္းလုပ္ႏိုင္ပါတယ္ဗ်ာ "

ဟန္နရီသူ႔လက္ထဲမွ ပစၥည္းစာရင္းေတြကို Samလက္ထဲထည့္ေပးလိုက္ပီး သူ႔တပည့္ေခါင္းကိုခပ္ဖြဖြေလးပုတ္လိုက္သည္

" ငါ့အနားမွာပဲအၿမဲရွိေနေပးပါ Sam "

" က်ေတာ္က Bossႏွင္လႊတ္ရင္ေတာင္ အတင္းတြယ္ကပ္ေနမဲ့သူမ်ိဳးပါ "

**************

" ေသနတ္ထဲက်ည္ျဖည့္ပီးပီလား Sam "

" ဟုတ္ကဲ့ Boss "

Samလက္ထဲမွေသနတ္ကို ဟန္နရီဆြဲယူလိိုက္ပီး စစ္ေဆးလိုက္သည္ ေသနတ္ထဲမွ က်ည္ေတြကိုဟန္နရီတခုခ်င္းစီျပန္ထုတ္ကာ သိမ္းထားလိုက္သည္

" က်ည္ေတြဘာလို႔ျပန္ထုတ္ေနတာလဲ Boss "

" Sam "

" ဗ်ာ "

" ငါတို႔ Gameေလးတခုကစားၾကမလား "

" ...... "

" အခုခ်ိန္ကစပီး ရွိန္းခန္႔ပိုင္ကို ေကာင္းေကာင္းအ႐ူးလုပ္ေတာ့မွာမို႔လို႔ ငါခိုင္းတဲ့အတိုင္းလုပ္ေပးႏိုင္မလား "

" က်ေတာ္ Bossခိုင္းတာ ဘယ္တုန္းကမလုပ္ေပးဖူးလို႔လဲ "

" အခု ရွိန္းခန္႔ပိုင္က မင္းကေနတဆင့္ငါ့ကို သူ႔ဆီမွ်ားေခၚလာခိုင္းတယ္မွတ္လား အဲ့ဒီကိုေရာက္ရင္ ငါကသူ႔ကိုေသနတ္နဲ႔ပစ္မယ္ ဒါေပမဲ့ ငါ့ေသနတ္ထဲမွာက်ည္ရွိမေနဘူး အဲ့ဒီအခ်ိန္မွာ ငါကအံ့ေအာသြားပီး အေနာက္လွည့္ၾကည့္လိုက္တဲ့အခ်ိန္မွာ မင္းကငါ့ကိုေသနတ္နဲ႔ခ်ိန္ထားပီးသားျဖစ္ေနမယ္ အဲ့ဒီအခါ ရွိန္းခန္႔ပိုင္ဘယ္ေလာက္မ်ားေက်နပ္သြားမလဲ မင္းက ငါ့ကိုတကယ္ပဲ သစၥာေဖာက္လိုက္ပီထင္သြားမွာပဲေလ အဟက္ "

" ဒါေပမဲ့ သူက Bossကိုဖမ္းခ်ဳပ္ထားမွာေနာ္ "

" အဲ့ေလာက္ေတာ့ငါခံရမွာပဲ Sam... ဘာလို႔ဆို သူရဲ႕လုပ္ငန္းအေၾကာင္းေတြငါအကုန္သိရမွာျဖစ္မွာ "

" က်ေတာ္ သူနဲ႔အေရာ၀င္ပီး အကုန္စုံစမ္းထားပါ့မယ္ "

" Sam "

" ဗ်ာ "

" ငါ့ကိုထိုးၾကည့္စမ္း "

" ခင္ဗ်ာ "

" ဘာမွမျဖစ္ဘူး ထိုးၾကည့္စမ္းပါ "

" အာ က်ေတာ္ Bossကိုအသားနာေအာင္ေတာ့မလုပ္ခ်င္ပါဘူး "

" ရွိန္းခန္႔ပိုင္ရဲ႕ယုံၾကည္မႈရဖို႔အတြက္ မင္းငါ့ကိုအသားနာေအာင္လုပ္ရမယ္ Sam "

တြန္႔ဆုတ္ေနတဲ့ Samရဲ႕လက္ေလးကို ဟန္နရီလွမ္းဆြဲလိုက္ပီး ၿပဳံးျပလိုက္သည္

" မင္းငါ့ကိုအေၾကာင္းမဲ့လက္သီးနဲ႔ထိုးရင္ေတာင္ ငါစိတ္ဆိုးမွာမဟုတ္လို႔ ငါေျပာတဲ့အတိုင္းသာလုပ္ေပးပါ Sam... ဘာလို႔ဆို မင္းက ငါအယုံၾကည္ရဆုံးသူျဖစ္ေနလို႔ပဲ "

****************

ထိုအခန္းငယ္အတြင္း cctvတပ္ဆင္ထားတာေၾကာင့္ Sam ဟန္နရီကိုမသိမသာေလးေမးေငါ့ျပလိုက္သည္ cctvကေန သူတို႔ႏွေယာက္ရဲ႕အေျခအေနကို ရွိန္းခန္႔ပိုင္
ေစာင့္ၾကည့္ေနမွန္း ဟန္နရီရိပ္မိလိုက္တာေၾကာင့္ဥာဏ္ေျပးတဲ့ဟန္နရီက ၀မ္းနည္းေနတဲ့ပုံစံနဲ႔ Samကိုလွမ္းၾကည့္ကာ စကားေတြစေျပာခဲ့ျခင္းပင္.....

( ဟန္နရီကိုထိုအခန္းအတြင္းဖမ္းခ်ဳပ္ထားတဲ့အခ်ိန္မွာ Samက ရွိန္းရဲ႕ယုံၾကည္မႈကိုရေအာင္ယူပီး ေနာက္ကြယ္ကေန ရွိန္းရဲ႕လုပ္ငန္းေတြအေၾကာင္းကို စုံစမ္းခဲ့တာပါ )

************************************

                             (Ch -22)

" ဘယ္လိုလဲ အခုေတာ့ခင္ဗ်ားပဲျပန္ခံလိုက္ရတာမွတ္လား "

လက္ထဲကေသနတ္ကိုလွည့္ရင္း ဟန္နရီ ရွိန္းခန္႔ပိုင္ကိုလွမ္းၾကည့္လိုက္သည္ ေျခေထာက္တဖက္ထိထားတာေၾကာင့္ သူ႔ေျခေထာက္ကိုလက္နဲ႔ဖိထားရင္း ရွိန္းက ဟန္နရီကိုျပန္စိုက္ၾကည့္လိုက္သည္

" က်ဳပ္ ခင္ဗ်ားကိုအရင္ထဲကအမိဖမ္းဖို႔ႀကိဳးစားခဲ့တာ....ခင္ဗ်ားက အၿမဲပုန္းေရွာင္ပီးေနာက္ကြယ္ကေန တိုက္ခိုက္ေနခဲ့တာေလ က်ဳပ္သတိမထားမိလိုက္တာဆိုလို႔ ခင္ဗ်ားလြန္းကို က်ဳပ္အေၾကာင္းေတြေျပာျပလိုက္တာပဲမသိခဲ့တာ က်န္တာေတြအကုန္လုံးခင္ဗ်ားရဲ႕အေၾကာင္းေတြသိပီးသား "

" ခင္ဗ်ားသိပ္သိခ်င္ေနတဲ့ေျမပုံအေၾကာင္းေကာေျပာျပရအုံးမလား? အဲ့ေျမပုံဆိုတာလဲ တကယ္ေတာ့ ခင္ဗ်ားကိုဖမ္းခ်င္လို႔ တမင္သပ္သပ္ေကာလဟာလေတြလႊင့္ခဲ့တာ က်ဳပ္ဆီမွာေျမပုံေတာ့မရွိဘူး ခင္ဗ်ားအေဖရဲ႕အ႐ိုးျပာပဲရွိတယ္ အဟက္ "

" ငါ*ုံးမသား ဗစ္တာ!!!! "

သူ႔ကိုက်ိန္ဆဲေနတဲ့ ရွိန္းရဲ႕အနားကိုဟန္နရီအျမန္ထသြားလိုက္ပီး ရွိန္းရဲ႕က်န္ေနတဲ့ေျခေထာက္တဖက္ကိိုပါေသနတ္ျဖင့္ ထပ္ပစ္လိုက္သည္

" အာ့!!!!! "

" အခုဆို ခင္ဗ်ားဆီမွာဘာပိုင္ဆိုင္မႈမွမရွိေတာ့ဘူး ခင္ဗ်ားရဲ႕တပည့္ေတြလဲ ခင္ဗ်ားက်ဳပ္လက္ထဲေရာက္သြားမွန္းသိလို႔ အကုန္ဆုတ္ခြာသြားၾကပီ ခင္ဗ်ားရဲ႕ေျခေထာက္ေတြလဲ အေကာင္းပကတိအတိုင္းျပန္မျဖစ္ႏိုင္ေတာ့ဘူး အဲ့တာေၾကာင့္ ခင္ဗ်ားဇာတ္ျမဳပ္ပီး ေပ်ာက္ကြယ္သြားေပးပါ က်ဳပ္မ်က္စိေရွ႕ကို ဘယ္ေသာအခါမွျပန္မေပၚလာေစနဲ႔ ဒါဟာ ခင္ဗ်ားကိုက်ဳပ္ဘက္ကေပးတဲ့ ေနာက္ဆုံးငဲ့ညာေပးျခင္းပဲ အခုခ်ိန္ခင္ဗ်ားကို က်ဳပ္အသာေလးသတ္ပစ္လိုက္လို႔ရတယ္ဆိုတာ ခင္ဗ်ားလဲသိမွာပါ "

ေျခေထာက္ႏွဖက္က ဒဏ္ရာကိုသာ သူ႔လက္နဲ႔ဖိထားရင္း ရွိန္း ဟန္နရီကိုစိုက္ၾကည့္လိုက္သည္

" က်ဳပ္ဘက္က ခင္ဗ်ားနဲ႔ပတ္သတ္တဲ့အၿငိဳးေတြကို အကုန္ဖယ္ခ်လိုက္ပီမို႔ က်ဳပ္မ်က္စိေရွ႕ကိုထပ္ေပၚမလာေစနဲ႔ ခင္ဗ်ားကိုအသက္ရွင္ခြင့္ေပးလိုက္တာ ခ်စ္လြန္းလို႔ေတာ့မဟုတ္ဘူး ခင္ဗ်ားဘ၀နဲ႔က်ဳပ္ဘ၀နဲ႔က ေ႐ြးခ်ယ္ခြင့္မရွိပဲဒီေလာကထဲေရာက္လာခဲ့တာမို႔လို႔ပဲ
ဒါေပမဲ့ က်ဳပ္အေလးစားရဆုံးသူက ဟီ႐ိုျဖစ္ေနလို႔ ဒီေလာကထဲမွာပဲအၿမဲက်င္လည္ေနအုံးမွာပဲ က်ဳပ္ေဘးမွာက်ဳပ္ကိုသတ္ခ်င္ေနတဲ့ရန္သူေတြလဲအမ်ားႀကီးရွိေနအုံးမွာပဲ ဒါေပမဲ့အဲ့ထဲမွာခင္ဗ်ားမပါေစနဲ႔ က်ဳပ္အေပၚတင္ေနတဲ့အသက္ေႂကြးကို ခင္ဗ်ားအ၀ေးဆုံးမွာပဲေနပီး ဇာတ္ျမဳပ္ေနလိိုက္ပါ ရွိန္းခန္႔ပိုင္ "

" သြားမယ္ Sam "

ဟန္နရီသူ႔ေသနတ္ကို ခါးၾကားထဲျပန္ထိုးထည့္ကာ ရွိန္းအေရွ႕မွထြက္ခြာသြားလိုက္သည္ ရွိန္းကေတာ့ တခုခုကိုခံစားသြားရတဲ့ပုံပါပဲ လက္သီးကိုဆုပ္ကာ အံႀကိတ္ပီးငိုေႂကြးလိုက္သည္

*******

" Boss မ်က္ႏွာဒီဘက္ကိုလွည့္ က်ေတာ္ေဆးလိမ္းေပးမယ္ "

" မလိမ္းဘူး "

" မလိမ္းလို႔မရဘူးေလ ဒဏ္ရာေတြနဲ႔ဒီအတိုင္းေနမလို႔လား "

" ဘာမွမျဖစ္ဘူးလို႔!!! "

" တကိုယ္လုံး႐ိုက္ႏွက္ခံထားရတာ မနာဘူးလား "

" မနာဘူး "

" တကယ္မနာတာလား "

" Sam!! အေရွ႕တည့္တည့္ၾကည့္ပီးသာကားေသခ်ာေမာင္းစမ္းပါကြာ မင္းလုပ္ပုံနဲ႔ ႏွေကာင္လုံးမသာေပၚကုန္ေတာ့မယ္ "

" က်ေတာ္ကေမာင္းသာေမာင္းေနတာ ဘယ္ေမာင္းရမွန္းမသိဘူး Bossရဲ႕"

" လြန္းဆီကိုသာသြား ငါအရမ္းလြမ္းေနပီ "

" တကယ္ေတာ့ေလ လြန္းက...."

" လြန္းကဘာျဖစ္လဲ "

" လြန္းကအခု သူငွားေနတဲ့အိမ္မွာမရွိဘူး "

" ဘာ!! ညဘက္ေတာင္ေရာက္ေနပီကို ဘယ္သြားေနတာလဲ "

" သူတို႔ေက်ာင္းက စီနီယာတေယာက္က Clubကိုေခၚသြားတယ္လို႔ေျပာတာပဲ "

" အဲ့ clubကိုသာေမာင္းေတာ့ Sam... ဒီအခ်ိန္ႀကီး clubကိုေခၚသြားထဲက မ႐ိုးသားဘူး "

ဟန္နရီသူ႔မ်က္ႏွာကဒဏ္ရာေတြကို သူမ်ားမျမင္ေအာင္ သူအၿမဲတပ္ေနတဲ့ Maskကိုတပ္ပီး ဦးထုပ္အမဲေဆာင္းထားလိုက္သည္ အၾကည့္ေတြကေတာ့ တခုခုကိုအလိုမက်သလိုခက္ထန္ေနသည္

**********

" လြန္း အကိုေျပာတာဒီတေယာက္ေလ သူက Ruby Companyက CEO ထက္ရွားတဲ့ "

" ေအာ္ ဟုတ္ကဲ့ေတြ႕ရတာ၀မ္းသာပါတယ္ဗ် "

" ထက္ရွားက  အရင္ကအကိုတို႔ေက်ာင္းကိုလာရင္းနဲ႔ လြန္းကိုေတြ႕လိုက္တာ လြန္းကခ်စ္စရာမို႔လို႔ သေဘာက်သြားတာတဲ့ေလ အကိုက ေအာင္သြယ္လုပ္ေပးတဲ့သေဘာမ်ိဳးေပါ့ "

" ခင္ဗ်ာ "

" အရမ္းမလန္႔သြားပါနဲ႔ လြန္း...အကို႔ကိုေသခ်ာေလ့လာႏိုင္ပါတယ္ အကိုကလြန္းကို ရင္ထဲကေနတကယ္ျမတ္ႏိုးတာပါ "

အေျခအေနေတြကို သိပ္သေဘာမက်တာေၾကာင့္ လြန္းထိုေနရာမွထြက္သြားဖို႔ျပင္လိုက္သည္ ေဘးနားက စီနီယာအကိုက လြန္းရဲ႕လက္ကို လွမ္းဆြဲထားတာမို႔ အားနာတတ္တဲ့ကေလးငယ္က ထိုေနရာမွာပဲ ေခါင္းေလးငုံ႔ကာျပန္ထိုင္ေနလိုက္သည္

" အကို က်ေတာ္ျပန္ေတာ့မယ္ "

" ေနပါအုံးလြန္းရဲ႕ ထက္ရွားနဲ႔ေသခ်ာစကားေျပာၾကည့္ပါအုံး "

" အားေတာ့နာပါတယ္ဗ် က်ေတာ့္မွာပိုင္ရွင္ရွိပီးသားပါ "

လြန္းရဲ႕စကားကိုအေရးမစိုက္ပဲ စီနီယာအကိိုက လြန္းရဲ႕လက္ထဲဘီယာခြက္လွမ္းထည့္ေပးလိုက္သည္ ထက္ရွားနဲ႔ေပါင္းပီး လြန္းကိုတမင္သပ္သပ္အႏိုင္က်င့္ေနတဲ့ပုံပင္

" ၀ုန္း!! "

Clubနံရံကို လက္သီးနဲ႔ထိုးကာ သူတို႔အေရွ႕က မလွမ္းမကမ္းစားပြဲမွာလာထိုင္ေနတဲ့ လူေၾကာင့္ အကုန္လုံးရဲ႕အၾကည့္က ဟန္နရီဆီဦီးတည္သြားသည္ ေပါင္ကိုၿပဲကားပီးထိုင္ေနတာေၾကာင့္ တမင္အျမင္ကပ္ေအာင္လုပ္ျပေနသလားေအာက္ေမ့ရသည္ ဦးထုပ္နဲ႔ Maskတပ္ထားတာေၾကာင့္ ထိုလူရဲ႕မ်က္ႏွာကိုေတာ့ေသခ်ာမျမင္ရႏိုင္

ဟန္နရီကို စိတ္ဆိုးခ်င္ေသးတာေၾကာင့္ လြန္း ထက္ရွားကိုၿပဳံးျပကာ သူ႔လက္ထဲမွ ဘီယာေတြကိုေမာ့ေသာက္လိုက္သည္ ဟန္နရီကေတာ့ ဘာမွမတုံ႔ျပန္ပဲ ဒူးတေခ်ာင္းကိုလႈပ္ကာ ေအးေဆးထိုင္ၾကည့္ေနလိုက္သည္

" ပိုရင္းႏွီးသြားေအာင္ ထက္ရွားက လြန္းေဘးကိုလာထိုင္လိုက္ပါလား "

ၾကားထဲက ေအာင္သြယ္လုပ္ေပးေနတဲ့ လူေၾကာင့္ ထက္ရွားေက်နပ္စြာၿပဳံးလိုက္ပီး လြန္းရဲ႕ေဘးကို၀င္ထိုင္လိုက္သည္

" အကို ဘီယာထပ္ထည့္ေပးမယ္ေနာ္ လြန္း "

" မထည့္နဲ႔ေတာ့ဗ် က်ေတာ္အမ်ားႀကီးမေသာက္ႏိုင္လို႔ပါ ပီးေတာ့က်ေတာ္ျပန္ေတာ့မယ္ "

" ေနပါအုံး လြန္းရဲ႕ ပီးက်ရင္ အကိုအိမ္ျပန္ပို႔ေပးမွာေပါ့ "

ထက္ရွားရဲ႕လက္ေတြက လြန္းရဲ႕ေပါင္ေပၚကိုေရာက္လာသည္
လြန္းက short pantေလး၀တ္ထားတာေၾကာင့္ ျဖဴေဖြးေနတဲ့ေပါင္တံေလးက တဖက္လူကိုဆြဲေဆာင္ေနသေယာင္ ....

" က်...က်ေတာ့္ကိုအဲ့လိုေတြလာမထိပါနဲ႔ မႀကိဳက္ဘူး "

" ခြမ္း "

ထက္ရွားရဲ႕ေခါင္းေပၚကိုေရာက္လာတဲ့ အရက္ပုလင္းကအစိတ္စိတ္အမႊာမႊာကြဲလွ်က္ပင္....လြန္းကေတာ့ ထိုေနရာမွာတင္ပဲ ဟန္နရီရဲ႕အျပဳအမူေတြေၾကာင့္ တဖက္လူကိုအားနာသြားသည္

" ေစာက္ရမ္းလက္သရမ္းခ်င္ေနတယ္ဟုတ္လား သူ႔ကိုကိုင္မဲ့အစား က်ဳပ္ေပါင္ကိုလာကိုင္လိုက္ပါလား "

" မင္း ဘယ္သူလဲ "

" က်ဳပ္ဘယ္သူလဲဆိုေတာ့ လြန္းတာေနဆန္းရဲ႕လင္!!! "

ေဘးမွာတင္ မ်က္လုံးေလးျပဴးပီးရပ္ၾကည့္ေနတဲ့ လြန္းရဲ႕လက္ကို ဟန္နရီလွမ္းဆြဲပီး ထိုclubထဲမွ ထြက္လာလိုက္သည္

" ခင္ဗ်ားဘယ္လိုလုပ္လိုက္တာလဲ "

" လြန္းတာေနဆန္း!!!! "

အသံက်ယ္ႀကီးနဲ႔သူ႔ကိုစိုက္ၾကည့္ပီးေအာ္လိုက္တာေၾကာင့္ လြန္းအသံတိတ္ကာ မ်က္ရည္ေလးေတြ၀ဲလာသည္

" မင္းနဲ႔ငါနဲ႔အိမ္က်မွေတြ႕မယ္ "

ဟန္နရီ လြန္းကိုေပြ႕ခ်ီကာ ကားထဲအတင္း၀င္ခိုင္းလိုက္သည္
ဟန္နရီပုံစံက ေဒါသေတြကိုအေတာ္ေလးထိန္းထားတဲ့ပုံပင္
ဘာစကားမွမေျပာပဲ အိမ္ကိုသာအျမန္ေမာင္းလာလိုက္သည္
အိမ္ေရာက္တာနဲ႔ လြန္းရဲ႕လက္ကို အၾကမ္းအတမ္းလွမ္းဆြဲလိုက္ပီး အခန္းထဲေခၚလာလိုက္သည္

" က်ေတာ့္ကိုလႊတ္ !! က်ေတာ္ဒီမွာမေနဘူး "

" လြန္းတာေနဆန္း!!! မင္းငါ့ကိုအ႐ြဲ႕တိုက္ခ်င္တာနဲ႔ပဲ ဟိုေကာင္ေတြနဲ႔ပလူးေနေရာပဲလား ဟမ္ !! "

" ခင္ဗ်ားမမိုက္႐ိုင္းနဲ႔ "

" မိုက္႐ိုင္းတာငါမဟုတ္ဘူး!! ခုနကမင္းကို အသားယူေနတဲ့ေကာင္ေတြကြ နားလည္လား "

" က်ေတာ္ ခင္ဗ်ားကိုစိတ္ဆိုးေျပေသးတာမဟုတ္ဘူး "

ဟန္နရီခ်က္ခ်င္းပဲ သူ႔အေပၚအက်ႌကိုဆြဲခြၽတ္ကာ လြန္းရဲ႕လက္ကိုလွမ္းယူလိုက္ပီး သူ႔ခါးနားက တက္တူးေပၚတင္ထားလိုက္သည္

" ျမင္လား!!! ဒီတက္တူးကိုေသခ်ာကိုင္ၾကည့္!!! အဲ့တာ မင္းေၾကာင့္ပဲထိုးထားတဲ့တက္တူး ငါ့ခႏၶာကိုယ္မွာရွိတဲ့ တက္တူးသုံးခုလုံးက မင္းနဲ႔သက္ဆိုင္တဲ့အရာေတြခ်ည္းပဲ "

ခါးေပၚကိုေရာက္ေနတဲ့ လြန္းရဲ႕လက္ကို ဟန္နရီျပန္ကိုင္လိုက္ပီး သူ႔ရင္ဘတ္ေပၚက တက္တူးေနရာကိုတင္ထားလိုက္သည္

" ဒီႏွင္းဆီပန္းပုံတက္တူးက မင္းငါ့ကိုပထမဆုံးေပးခဲ့တဲ့ လက္ေဆာင္ျဖစ္ေနလို႔ ငါ့ခႏၶာကိုယ္မွာထိုးထားတာ မင္းကေတာ့ ဘာရယ္မဟုတ္ လမ္းမွာေတြ႕တဲ့ပန္းကို ငါ့ကိုေပးခဲ့ေပမဲ့ ငါ့အတြက္တန္ဖိုးမျဖတ္ႏိုင္တဲ့အရာမို႔လို႔အသားနာခံပီး ေသရာပါေအာင္ထိုးထားတာကြ အဲ့တာနားလည္လား "

လြန္းရဲ႕မ်က္ႏွာေလးက ငိုမဲ့မဲ့ျဖစ္ကာ ဟန္နရီကိုေမာ့ၾကည့္လိုက္သည္

" ဒီေက်ာက တက္တူးက မင္းရဲ႕အမည္နာမေလးကို ျမတ္ႏိုးလြန္းလို႔ ထိုးထားတာ ငါ့အတြက္အစားထိုးမရတဲ့တဦးတည္းေသာသူျဖစ္ေနလို႔!!! အဲ့တာေတြေကာ နားလည္လား!!! "

ဟန္နရီသက္ျပင္းခ်ကာ သူ႔မ်က္ႏွာက ဒဏ္ရာေတြကို လြန္းျမင္ေအာင္ျပလိုက္သည္

" ဟင္ ခင္ဗ်ားမ်က္ႏွာကဘာျဖစ္တာလဲ "

" သူမ်ားထိုးလိုက္တာ ဒါေပမဲ့ဘာမွမျဖစ္ဘူး "

ဟန္နရီ လြန္းကိုမ်က္ႏွာလႊဲကာ ေနာက္ေက်ာေပးထိုင္လိိုက္သည္ ခဏအတြင္းမွာတင္ ကေလးတေယာက္လိုအသံက်ယ္ႀကီးနဲ႔ ေအာ္ငိုလိုက္တဲ့လြန္းေၾကာင့္ ဟန္နရီမ်က္လုံးျပဴးကာ လြန္းအနားကိုအျမန္ေရာက္လာသည္

" ဘာလို႔ငိုေနတာလဲ "

" ခင္ဗ်ားက ဒဏ္ရာေတြရလာတာကို....."

သူ႔မ်က္ႏွာက ဒဏ္ရာေတြေၾကာင့္ ငိုေနတဲ့လြန္းကိုၾကည့္ပီး ရယ္ခ်င္စိတ္ေတြကိုထိန္းထားလိုက္သည္ စိတ္ဆိုးတယ္ဆိုပီး အခုေတာ့စိတ္ပူလို႔ ငိုေနတာမွတ္လား...

" က်စ္!!! မငိုနဲ႔ေတာ့ ကိုဘာမွမျဖစ္ဘူး "

" ခင္ဗ်ားအရမ္းနာေနလားဟင္ "

" အင္း အရမ္းနာေနတာ ေရေတာင္ေသာက္လို႔မရဘူး ကြၽတ္ကြၽတ္ "

" က်ေတာ္ေဆးလိမ္းေပးမယ္ေနာ္ "

ဗီ႐ိုေပၚကေဆးဘူးေလးကို လြန္းအျမန္သြားယူပီး ဟန္နရီ႕မ်က္ႏွာကိုေသခ်ာၾကည့္ကာ လိမ္းေပးလိုက္သည္

" မ်က္ႏွာတခုလုံးစုတ္ျပတ္သတ္ေနတာပဲ အရမ္းနာေနလား "

" နာေနေသးတာ "

လြန္းဆီက ဂ႐ုစိုက္မႈေတြကိုလိုခ်င္တာေၾကာင့္ ဟန္နရီ လြန္းရဲ႕ရင္ခြင္ထဲကို သူ႔ေခါင္းႀကီးတိုး၀င္ကာ လြန္းရဲ႕ခါးကိုဖက္ထားလိုက္သည္

" ေက်ာေတြလဲနာေနေသးတာ ကို႔ကို၀ိုင္းကန္ၾကတာေလ "

" က်ေတာ္ေဆးလိမ္းေပးမယ္ေနာ္ ဘယ္သူေတြက ခင္ဗ်ားကိုဒီေလာက္ႏွိပ္စက္ရတာလဲ "

" ကို႔ကိုအျမင္မၾကည္တဲ့သူေတြလုပ္လိုက္တာပါ ေျခေထာက္ကိုလဲကန္ေသးတယ္ အခုေျခေထာက္ေတြပါနာေနတာ လမ္းေတာင္သိပ္မေလွ်ာက္ႏိုင္ဘူး "

" အဲ့တာဆို ေဆးခန္းသြားၾကမလား "

" မသြားဘူး အခ်စ္ေဆးလိမ္းေပးရင္ရပီ "

" ေဆးလိမ္းေပးပီရင္ က်ေတာ္ျပန္မွာေနာ္ ခင္ဗ်ားကိုစိတ္ဆိုးမေျပေသးဘူး "

" ရပါတယ္ အခ်စ္ျပန္ေတာ့လဲ ကိုတေယာက္ထဲပဲ ၀ေဒနာေတြကိုခံစားပါ့မယ္ အခုေတာင္ ဗိုက္တအားေအာင့္ေနတာ အထဲက ေက်ာက္ကပ္ေတြဘာေတြထိသြားတယ္ထင္ပါတယ္ ကိုကဒီအတိုင္းေျပာျပတာေနာ္ အခ်စ္ျပန္ခ်င္ရင္လဲျပန္ပါ"

ဟန္နရီရဲ႕အေျပာေတြေၾကာင့္ လြန္းတေယာက္ေတြ၀ေကာ ေသခ်ာစဥ္းစားေနလိုက္သည္

" အဲ့တာဆိုလဲ ဒီေန႔ေတာ့မျပန္ေတာ့ဘူး ဒါေပမဲ့ ခင္ဗ်ားနဲ႔ေတာ့အတူတူမအိပ္ႏိုင္ဘူး က်ေတာ္က ဒီကုတင္ေအာက္မွာအိပ္မယ္ "

စိတ္ျပန္ေပ်ာ့သြားတဲ့ ကေလးေၾကာင့္ ဟန္နရီတဖက္ကိုလွည့္ကာ ႀကိတ္ရယ္လိုက္သည္

" အခ်စ္ "

" ဘာလဲ "

" ေခါင္းေလးပြတ္ေပးပါလား "

" ဘာကိစၥပြတ္ေပးရမွာလဲ "

" ဒဏ္ရာေတြက တအားနာေနေတာ့ ႏွစ္သိမ့္မႈေလးလိုခ်င္လို႔ပါ ဒါေပမဲ့ရပါတယ္ေလ အခ်စ္ကကို႔ကိုမွမခ်စ္ေတာ့တာ ဘယ္တတ္ႏိုင္ပါ့မလဲ "

********
18.3.22
Grey

Continue Reading

You'll Also Like

675K 7.1K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
177K 13.4K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1.1M 46K 58
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3.3M 212K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်