Unicode
"ခွင့်လွှတ်ပေးရမယ်တဲ့လား……အခုကိုကို့အိမ်မှာမို့လို့ခင်ဗျားသက်သာသွားတယ်မှတ်……ခင်ဗျားစောက်သက်ကိုကျွန်တော်ချက်ချင်းနှုတ်ယူပစ်မှာ ရှင်းလား!……"
လက်ညှိုးငေါက်ငေါက်ထိုးကာပြောဆိုပြီးနောက် တောက်ခေါက်သံခပ်ကျယ်ကျယ်တစ်ချက်နှင့်အတူအိမ်အပြင်သို့ထွက်သွားလေတော့သောတမန်။
"မိုးခက်တမန်……"
ရောင်စဉ်တစ်ယောက်ဘာကိုမျှနားမလည်နိုင်ဖြစ်မိလေပေမယ့် ဒေါသတကြီးထွက်သွားလေသောတမန့်ကြောင့်အနောက်သို့အမြန်ပြေးလိုက်သွားမိသည်။
"မိုးခက်တမန်…ငါ့ကိုစောင့်အုံး……"
အနောက်မှအမြန်ပြေးလိုက်ကာအော်ခေါ်နေမိလေသော်လည်း တမန်ကတော့တစ်ချက်မျှပြန်လှည့်မကြည့်ဘဲအိမ်အဝတွင်ရပ်ထားသည့်ကားဆီသို့သာဦးတည်နေလေသောကြောင့်သူလည်းပို၍မြန်မြန်ပြေးလိုက်ကာလက်မောင်းလှမ်းဆွဲလိုက်လေတော့ရင်း
"ငါ့ကိုစောင့်ပါအုံးဆိုနေ……"
"အား……"
ကျန်လက်တစ်ဖက်ဖြင့်လက်မောင်းကိုအသာဖိနှိပ်ကာ အတော်လေးနာကျင်နေလေဟန်ရသည့်တမန့်ပုံစံကြောင့်ရောင်စဉ်လည်းကြောင်အ၍သာဆုပ်ကိုင်ထားမိသည်ကိုလွှတ်ပေးလိုက်မိလေ၏။
"မင်း……မင်းဘာဖြစ်နေတာလဲ……"
သူ့အမေးကိုပြန်မဖြေနိုင်လောက်အောင်ကိုပင် နာကျင်နေလေသောတမန်ကြောင့် သူလည်းလက်ကိုဆွဲယူကာအကျီ င်္စကိုခေါက်တင်ကြည့်လိုက်မိလေတော့ ရေနွေးပူလောင်ထားသကဲ့သို့လက်တစ်ခုလုံးမှာနီရဲနေလေတော့သည်ပင်။
"မင်းဒါဘာဖြစ်တာလဲ……"
"အဲ့……အဲ့ဒါက……"
အဖြေရခက်နေလေဟန်ရသောတမန့်ပုံစံကို ရောင်စဉ်တစ်ယောက်စိတ်မရှည်နိုင်ဖြစ်နေမိလေစဉ် ရုတ်တရက်အနားသို့ရောက်လာလေသူကLight……
"သခင်လေး အဆင်ပြေရဲ့လား……"
"ငါဘာမှမဖြစ်ဘူး……ခဏနေအဆင်ပြေသွားလိမ့်မယ်……"
"ဆေးမသောက်ရသေးဘဲနဲ့ဘယ်လိုလုပ်အဆင်ပြေမှာလဲ……"
"ငါရတယ်……စိတ်မပူနဲ့တော့……"
"သခင်လေးပုံစံကစိတ်မပူလို့မရဘူး……ပြန်ရအောင် သခင်လေး……"
အစိုးရိမ်လွန်နေလေသည့်ပုံစံဖြင့်ပြောဆိုနေလေသည့် Lightကြောင့်ရောင်စဉ်မှာနားမလည်နိုင်ဖြစ်နေမိလေတာတော့အမှန်။
"နေပါအုံး……မိုးခက်တမန်ကဘာဖြစ်နေလို့လဲ……"
"အဟင်း……သခင်လေးက ပင်လယ်စာနဲ့ဓါတ်မတည့်ဘူး…မင်းခုနကထည့်ပေးလိုက်တဲ့ ကင်းမွန်ကြောင့်အဲ့ဒီ့လိုဖြစ်နေတာလို့ပြောရင်ပိုမှန်မလားဘဲ……"
"Light!……"
လေသံခပ်မာမာဖြင့်ပြောဆိုရင်း တစ်ချက်စိုက်ကြည့်လိုက်လေသောသူ့ပုံစံမှာဆက်မပြောရန်ဟန့်တားနေလေမှန်းသိသာလွန်းနေပေ၏။
"ဒါဆိုလည်းပြန်ကြမယ်လေ……မင်းလက်ကဆေးလိမ်းလို့ရလား……"
သူလည်းအားနာစိတ်ဖြင့်အမေးထုတ်မိလေတော့ သူ့ကိုအနည်းငယ်ပြုံးပြကာခေါင်းညိတ်ပြလာလေသည့်ထိုကောင်လေး။
"ဒါဆိုလည်းမြန်မြန်ပြန်မယ်……"
"အင်း……ကိုကို့စိတ်တိုင်းကျဖြစ်စေရမယ်……"
_____________________________________________
ရောင်စဉ်တစ်ယောက်လမ်းတစ်လျှောက်လုံးလည်းဂနာမငြိမ်သလို ၊ ကျောမှီထိုင်၍မျက်လုံးအသာမှိတ်ထားလေသောတမန့်ကိုအရိပ်တကြည့်ကြည့်ဖြစ်နေလေသည်ပင်။
"မရောက်သေးဘူးလား…ကြာလိုက်တာ……"
စိတ်မရှည်သည့်လေသံလေးဖြင့်အမေးထုတ်လာလေသည့် ထိုကောင်လေးကိုတမန်လည်းအံ့သြသလိုအကြည့်တစ်ချို့ဖြင့်ပြန်စိုက်ကြည့်မိတော့ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည့်မျက်နှာထားလေး။
"မင်း…မင်းနိုးသွားတာလား……"
"ကျွန်တော်ကအိပ်ပျော်နေတာမှမဟုတ်တာ ကိုကိုရဲ့……"
"အင်း……ငါက ငါ့ကြောင့်နိုးသွားတာ့ဖစ်မှာစိုး……"
"ကိုကို ကျွန်တော့်ကိုစိတ်ပူနေတာလား……"
စကားမဆုံးခင်ပင်ဖြတ်ပြောလိုက်လေသော တမန်ကြောင့်သူလည်းဘာဆက်ပြောရမှန်းမသိအောင်ကိုစကားလုံးများရပ်တန့်သွားမိသည်။
"ဖြေပါအုံး…ကျွန်တော့်ကိုစိတ်ပူနေတာလား……"
"ငါကမင်းနဲ့ဘာပက်သက်လို့စိတ်ပူရမှာလဲ……တော်ကြာ မင်းသေသွားရင်ငါသတ်တာဖြစ်မှာစိုးလို့……"
စကားအဆုံးမှာပင်အနည်းငယ်စိတ်မကောင်းဖြစ်သွားသလို မျက်နှာထားနှင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်လေသည့်သူ။
"အဲ့ဒါဆိုရင်တော့…ကိုကိုစိတ်ပူစရာမလိုပါဘူး……ကျွန်တော်သေသွားရင် သူတို့ကကိုကို့ကိုစောင့်ရှောက်ပေးနေကြအုံးမှာပါ……"
တစ်ဖက်သို့မျက်နှာလွှဲကာပြောနေလေသော တမန့်ကိုကြည့်ရင်းရောင်စဉ်ကတော့တစ်ခွန်းမျှပြန်မပြောမိလေပေမယ့်စိတ်အလိုမကျဖြစ်မိလေတာတော့အမှန်။
("ဒီလိုအခြေအနေမှာ သေဖို့အကြောင်းလာပြောနေသေးတယ်…အရူးကောင်…ငါထုထည့်လိုက်ရမကောင်းရှိတော့မှာပဲ……")
စိတ်ကူးထဲကစကားများကိုနှုတ်ခမ်းလှုပ်ရုံမျှသာပြောမိပြီး မျက်စောင်းတစ်ချက်ထိုးကာတစ်ဖက်သို့လှည့်သွားမိလေစဉ် သူ့ပခုံးပေါ်ခေါင်းလေးအသာမှီထားလာလေသောတမန်။
"ကျွန်တော်ခဏလောက်မှီထားပါရစေ……"
ပခုံးပေါ်တွင်မှီအိပ်ရင်း ခါးလေးကိုပါတင်းတင်းကျပ်ကျပ်ဖက်ထားလေသောလက်တစ်စုံကိုသူလည်းမရုန်းကန်မိဘဲသာငြိမ်နေမိသည်။
("နောက်တစ်ခါအဲ့ဒီ့လိုမပြောပါနဲ့ မိုးခက်တမန်……မင်းသေသွားရင်ဆိုတာမျိုးတွေးမိလိုက်တိုင်း…ငါ့ရင်ထဲအလိုလိုနာကျင်လာမိလို့ပါ……")
_____________________________________________
လမ်းမပေါ်တွင်မုန့်အတူစားရင်းလမ်းလျှောက်လာကြလေသော ကောင်လေးနှစ်ယောက်……
အနေတော်အရပ်လေးနှင့် ကျောပိုးအိတ်လေးကိုယ်လေးကိုယ်စီလွယ်ကာ သူ့ပုံစံနှင့်သူချစ်စရာကောင်းနေလေကြသည့်ကောင်လေးနှစ်ယောက်မှာ အသက်18နှစ်အရွယ်ခန့်သာရှိမည်။
"ဟေ့ကောင် ဆူးခက်…မင်းကလည်းငါ့ဆီကချည်းပဲယူစားနေတော့တာပဲ……ကိုယ့်မုန့်ကိုယ်စားအုံး……"
"မင်းဆီကမုန့်ကပိုစားကောင်းတယ်……"
"သောက်ပိုတွေမလုပ်နဲ့ဟေ့ကောင်…ဝယ်လာတဲ့မုန့်ကအရသာအတူတူပဲ……"
"မင်းကလည်းကွာ……ငါကစားချင်လို့စားတာလေ…ဘာလဲကပ်စေးနှဲတာလား……"
"ကပ်စေးနှဲတာတော့မဟုတ်ဘူး……ဒါပေမယ့် မင်းကိုပဲစေတနာသဒ္ဓါတရားမရှိတာ ရှင်းလား……"
"ခွေးကောင်……"
"ဟားဟား……ငါကခွေးဆို မင်းလည်းခွေးပဲ……"
"သေပါလား ငါကဘာလို့ခွေးဖြစ်ရမှာလဲ……"
"မင်းကငါ့သူငယ်ချင်းလေ…ဒီတော့ ငါခွေးဆို ခွေးသူငယ်ချင်းဖြစ်တဲ့မင်းကလည်းခွေး……"
သူ့စကားကြောင့် မုန့်ပလုတ်ပလောင်းနှင့်စူပုတ်သွားလေတော့သည့် ဆူးခက်၏မျက်နှာထား။
"ဟားဟား……လူပုစိတ်တိုခွေးပုရန်လို ဆိုတာတကယ်မှန်တာပဲ……"
"မင်း!……"
ဒေါသပုန်ထနေသည့်မျက်နှာထားဖြင့် အသံခပ်ကျယ်ကျယ်အော်ပြောရင်းရိုက်ရန်လက်ရွယ်လာလေသည့်ဆူးခက်ကြောင့် သူလည်းအနည်းငယ်ခပ်ဟဟရယ်မိသည်။
"လုပ်မနေနဲ့……မင်းအိမ်ကိုပြန်ရမယ့်လမ်းရောက်နေပြီ…ပြန်တော့……"
"အေးပါ…သက်သာသွားတယ်မှတ်……"
ကျိန်းဝါးကာလှည့်ပြန်သွားလေသော ဆူးခက်ကိုအတော်ကြာငေးကြည့်နေမိလေပြီးမှ ရှေ့သို့ဆက်လျှောက်လာမိလေစဉ်ရုတ်တရက်ကြားလိုက်ရလေသောအသံတစ်သံ။
"မင်းက မိုးခက်ရာလား……"
ထိုအသံကြောင့် သူလည်းအသံလာရာသို့လှည့်ကြည့်မိလေတော့ အရပ်မြင့်မြင့် ၊ ပခုံးကျယ်ကျယ်နှင့်လူတစ်ယောက်ပင်။
ဖြူဖွေးကြည်လင်နေသည့်အသားအရည် ၊ နှာတံဆင်းဆင်း ၊ ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းပါးလေးက ခံစားချက်မရှိသလိုအေးစက်စက်မျက်ဝန်းတစ်စုံနှင့်သိပ်လိုက်ဖက်လွန်းနေရုံသာမက မျက်ခုံးအစွန်းကျကျနားထင်မရောက်တရောက်နေရာလေးကမှဲ့လေးမှာလေးထင်ရှားနေသေး၏။
"ဟိတ်!……မေးနေတာဖြေလေကွာ……"
"ဗျာ…ဗျာ……ဘာမေးလိုက်တာလဲဗျ……"
"အဟက်!……"
အူတူတူဖြစ်နေသည့်သူ့ပုံစံကိုကြည့်၍ ဘာကိုသဘောကျသွားလေသလဲတော့မသိ ၊ အနည်းငယ်ပင့်သက်သွားလေသည့်နှုတ်ခမ်းထောင့်လေးတစ်ဖက်ကလည်းတကယ့်ကိုစွဲမက်ချင်စရာ။
"မင်းက မိုးခက်ရာမဟုတ်လား……"
"ဟုတ်…ဟုတ်ပါတယ်……"
"ကောင်းပြီလေ……ဒါဆိုငါနဲ့ခဏလိုက်ခဲ့……"
"သားလိုက်လို့မရလောက်ဘူး……မေမေကသင်တန်းပြီးတာနဲ့ အိမ်တန်းပြန်ခဲ့ရမယ်တဲ့……"
"မင်းကိုငါလိုက်ခဲ့လို့ပြောနေတယ်လေ!……"
ခပ်ကျယ်ကျယ်လေသံနှင့်အတူ သူ့လက်ကိုဆုပ်ကိုင်လိုက်လေသောလက်က လက်ထဲကမုန့်ထုပ်ကိုပင်လွတ်ကျသွားစေသည်အထိ။
"ဦး…ဦးလေးကြီး……ဒါဘာလုပ်တာလဲ……"
"အဟား……မင်းကကောင်းကောင်းပြောလို့မှမရဘဲ……"
"မရဘူး……သားမလိုက်……"
စကားပင်ဆုံးအောင်မပြောရသေး ရုတ်တရက်သူ့မျက်နှာအပေါ်အုပ်လိုက်လေသောပုဝါတစ်ခု။
ထိုပုဝါကအနံ့ပြင်းပြင်းဆေးတစ်ခုကြောင့် မေ့လဲကျသွားလေတော့သည့်ထိုကောင်လေးကိုသူလည်းပွေ့ချီကာ မနီးမဝေးတွင်ရပ်ထားသည့်ကားပေါ်သို့ခေါ်သွားလိုက်လေတော့သည်။
("မိုးခက်တမန်……မင်းရဲ့ညီသာငါ့လက်ထဲရောက်နေတယ်ဆိုတာကိုသိရင် ဘယ်လောက်ပျာယာခတ်ပြီးထူပူသွားမလဲသိချင်မိသေးတယ်……")
_____________________________________________
"မိုးခက်တမန်!……ငါ့စကားနားမထောင်ဘူးလား ပြော!……"
အော်ငေါက်လိုက်လေတော့ ကုတင်ဘောင်ကိုကျောမှီထိုင်နေလေသည့်ကောင်လေးက မျက်နှာငယ်လေးနှင့်ခေါင်းလေးအသာငုံ့သွားလေ၏။
"ကိုကိုကလည်း……ကျွန်တော်ဘာမှမဖြစ်ပါဘူး…ဆေးမသောက်လည်းရနေတာပဲကို……"
"ငါပြောနေတယ်လေ……သောက်ဆိုသောက်!……"
ထိုအခါမှဆေးကိုယူသောက်လာလေသည့်တမန်ကိုကြည့်ရင်း အနည်းငယ်တော့ရယ်ချင်မိသား။
"ကိုကို……"
"အင်း……"
"ကျွန်တော်အိပ်ချင်လာလို့……"
"အဲ့ဒါဘာဖြစ်လဲ……"
"ကျွန်တော့်ကိုတစ်ခါလောက် ကိုကို့ကိုဖက်အိပ်ခွင့်ပြုပါလား……"
အမေးကိုမဖြေမိဘဲ ရောင်စဉ်လည်းအတော်ကြာငြိမ်နေမိပြီးမှသတိပြန်ဝင်ကာ စားပွဲပေါ်ကရေခွက်ကိုသာကောက်ယူ၍အခန်းအတွင်းမှထွက်သွားရန်ပြင်မိသည်။
"အိပ်တော့……"
"ကိုကို……"
အခန်းအတွင်းမှထွက်သွားသည့်ကောင်လေးကို တားရန်လှမ်းမိသည့်လက်တစ်စုံကပဲနောက်ကျသွားလေသည်လား ထိုကောင်လေးကပဲထွက်သွားချင်သည်ပဲလားတော့မသိ ၊ စကားတောင်စခွင့်မပေးဘဲထွက်သွားလေပေတော့၏။
("တကယ်ပဲ……ကျွန်တော်က ကိုကို့အတွက်ဘာမှမဟုတ်ဘူးဘဲ……")
################################
Zawgyi
"ခြင့္လႊတ္ေပးရမယ္တဲ႕လား……အခုကိုကို႕အိမ္မွာမို႕လို႕ခင္ဗ်ားသက္သာသြားတယ္မွတ္……ခင္ဗ်ားေစာက္သက္ကိုကြ်န္ေတာ္ခ်က္ခ်င္းႏွဳတ္ယူပစ္မွာ ရွင္းလား!……"
လက္ညိွဳးေငါက္ေငါက္ထိုးကာေျပာဆိုျပီးေနာက္ ေတာက္ေခါက္သံခပ္က်ယ္က်ယ္တစ္ခ်က္ႏွင့္အတူအိမ္အျပင္သို႕ထြက္သြားေလေတာ့ေသာတမန္။
"မိုးခက္တမန္……"
ေရာင္စဥ္တစ္ေယာက္ဘာကိုမွ်နားမလည္နိုင္ျဖစ္မိေလေပမယ့္ ေဒါသတၾကီးထြက္သြားေလေသာတမန္႕ေၾကာင့္အေနာက္သို႕အျမန္ေျပးလိုက္သြားမိသည္။
"မိုးခက္တမန္…ငါ့ကိုေစာင့္အံုး……"
အေနာက္မွအျမန္ေျပးလိုက္ကာေအာ္ေခၚေနမိေလေသာ္လည္း တမန္ကေတာ့တစ္ခ်က္မွ်ျပန္လွည့္မၾကည့္ဘဲအိမ္အဝတြင္ရပ္ထားသည့္ကားဆီသို႕သာဦးတည္ေနေလေသာေၾကာင့္သူလည္းပို၍ျမန္ျမန္ေျပးလိုက္ကာလက္ေမာင္းလွမ္းဆြဲလိုက္ေလေတာ့ရင္း
"ငါ့ကိုေစာင့္ပါအံုးဆိုေန……"
"အား……"
က်န္လက္တစ္ဖက္ျဖင့္လက္ေမာင္းကိုအသာဖိႏွိပ္ကာ အေတာ္ေလးနာက်င္ေနေလဟန္ရသည့္တမန္႕ပံုစံေၾကာင့္ေရာင္စဥ္လည္းေၾကာင္အ၍သာဆုပ္ကုိင္ထားမိသည္ကိုလႊတ္ေပးလိုက္မိေလ၏။
"မင္း……မင္းဘာျဖစ္ေနတာလဲ……"
သူ႕အေမးကိုျပန္မေျဖနိုင္ေလာက္ေအာင္ကိုပင္ နာက်င္ေနေလေသာတမန္ေၾကာင့္ သူလည္းလက္ကိုဆြဲယူကာအက်ီ ၤစကိုေခါက္တင္ၾကည့္လိုက္မိေလေတာ့ ေရေႏြးပူေလာင္ထားသကဲ႕သို႕လက္တစ္ခုလံုးမွာနီရဲေနေလေတာ့သည္ပင္။
"မင္းဒါဘာျဖစ္တာလဲ……"
"အဲ႕……အဲ႕ဒါက……"
အေျဖရခက္ေနေလဟန္ရေသာတမန္႕ပံုစံကို ေရာင္စဥ္တစ္ေယာက္စိတ္မရွည္နိုင္ျဖစ္ေနမိေလစဥ္ ရုတ္တရက္အနားသို႕ေရာက္လာေလသူကLight……
"သခင္ေလး အဆင္ေျပရဲ႕လား……"
"ငါဘာမွမျဖစ္ဘူး……ခဏေနအဆင္ေျပသြားလိမ့္မယ္……"
"ေဆးမေသာက္ရေသးဘဲနဲ႕ဘယ္လိုလုပ္အဆင္ေျပမွာလဲ……"
"ငါရတယ္……စိတ္မပူနဲ႕ေတာ့……"
"သခင္ေလးပံုစံကစိတ္မပူလို႕မရဘူး……ျပန္ရေအာင္ သခင္ေလး……"
အစိုးရိမ္လြန္ေနေလသည့္ပံုစံျဖင့္ေျပာဆိုေနေလသည့္ Lightေၾကာင့္ေရာင္စဥ္မွာနားမလည္နိုင္ျဖစ္ေနမိေလတာေတာ့အမွန္။
"ေနပါအံုး……မိုးခက္တမန္ကဘာျဖစ္ေနလို႕လဲ……"
"အဟင္း……သခင္ေလးက ပင္လယ္စာနဲ႕ဓါတ္မတည့္ဘူး…မင္းခုနကထည့္ေပးလိုက္တဲ႕ ကင္းမြန္ေၾကာင့္အဲ႕ဒီ႕လိုျဖစ္ေနတာလို႕ေျပာရင္ပိုမွန္မလားဘဲ……"
"Light!……"
ေလသံခပ္မာမာျဖင့္ေျပာဆိုရင္း တစ္ခ်က္စိုက္ၾကည့္လိုက္ေလေသာသူ႕ပံုစံမွာဆက္မေျပာရန္ဟန္႕တားေနေလမွန္းသိသာလြန္းေနေပ၏။
"ဒါဆိုလည္းျပန္ၾကမယ္ေလ……မင္းလက္ကေဆးလိမ္းလို႕ရလား……"
သူလည္းအားနာစိတ္ျဖင့္အေမးထုတ္မိေလေတာ့ သူ႕ကိုအနည္းငယ္ျပံဳးျပကာေခါင္းညိတ္ျပလာေလသည့္ထိုေကာင္ေလး။
"ဒါဆိုလည္းျမန္ျမန္ျပန္မယ္……"
"အင္း……ကိုကို႕စိတ္တိုင္းက်ျဖစ္ေစရမယ္……"
_____________________________________________
ေရာင္စဥ္တစ္ေယာက္လမ္းတစ္ေလွ်ာက္လံုးလည္းဂနာမျငိမ္သလို ၊ ေက်ာမွီထိုင္၍မ်က္လံုးအသာမွိတ္ထားေလေသာတမန္႕ကိုအရိပ္တၾကည့္ၾကည့္ျဖစ္ေနေလသည္ပင္။
"မေရာက္ေသးဘူးလား…ၾကာလိုက္တာ……"
စိတ္မရွည္သည့္ေလသံေလးျဖင့္အေမးထုတ္လာေလသည့္ ထိုေကာင္ေလးကိုတမန္လည္းအံ႕ၾသသလိုအၾကည့္တစ္ခ်ိဳ႕ျဖင့္ျပန္စိုက္ၾကည့္မိေတာ့ရွက္ကိုးရွက္ကန္းျဖစ္သြားေလသည့္မ်က္ႏွာထားေလး။
"မင္း…မင္းနိုးသြားတာလား……"
"ကြ်န္ေတာ္ကအိပ္ေပ်ာ္ေနတာမွမဟုတ္တာ ကိုကိုရဲ႕……"
"အင္း……ငါက ငါ့ေၾကာင့္နိုးသြားတာ့ဖစ္မွာစိုး……"
"ကိုကို ကြ်န္ေတာ့္ကိုစိတ္ပူေနတာလား……"
စကားမဆံုးခင္ပင္ျဖတ္ေျပာလိုက္ေလေသာ တမန္ေၾကာင့္သူလည္းဘာဆက္ေျပာရမွန္းမသိေအာင္ကိုစကားလံုးမ်ားရပ္တန္႕သြားမိသည္။
"ေျဖပါအံုး…ကြ်န္ေတာ့္ကိုစိတ္ပူေနတာလား……"
"ငါကမင္းနဲ႕ဘာပက္သက္လို႕စိတ္ပူရမွာလဲ……ေတာ္ၾကာ မင္းေသသြားရင္ငါသတ္တာျဖစ္မွာစိုးလို႕……"
စကားအဆံုးမွာပင္အနည္းငယ္စိတ္မေကာင္းျဖစ္သြားသလို မ်က္ႏွာထားႏွင့္ မဲ႕ျပံဳးတစ္ခ်က္ျပံဳးလိုက္ေလသည့္သူ။
"အဲ႕ဒါဆိုရင္ေတာ့…ကိုကိုစိတ္ပူစရာမလိုပါဘူး……ကြ်န္ေတာ္ေသသြားရင္ သူတို႕ကကိုကို႕ကိုေစာင့္ေရွာက္ေပးေနၾကအံုးမွာပါ……"
တစ္ဖက္သို႕မ်က္ႏွာလႊဲကာေျပာေနေလေသာ တမန္႕ကိုၾကည့္ရင္းေရာင္စဥ္ကေတာ့တစ္ခြန္းမွ်ျပန္မေျပာမိေလေပမယ့္စိတ္အလိုမက်ျဖစ္မိေလတာေတာ့အမွန္။
("ဒီလိုအေျခအေနမွာ ေသဖို႕အေၾကာင္းလာေျပာေနေသးတယ္…အရူးေကာင္…ငါထုထည့္လိုက္ရမေကာင္းရွိေတာ့မွာပဲ……")
စိတ္ကူးထဲကစကားမ်ားကိုႏွဳတ္ခမ္းလွဳပ္ရံုမွ်သာေျပာမိျပီး မ်က္ေစာင္းတစ္ခ်က္ထိုးကာတစ္ဖက္သို႕လွည့္သြားမိေလစဥ္ သူ႕ပခံုးေပၚေခါင္းေလးအသာမွီထားလာေလေသာတမန္။
"ကြ်န္ေတာ္ခဏေလာက္မွီထားပါရေစ……"
ပခံုးေပၚတြင္မွီအိပ္ရင္း ခါးေလးကိုပါတင္းတင္းက်ပ္က်ပ္ဖက္ထားေလေသာလက္တစ္စံုကိုသူလည္းမရုန္းကန္မိဘဲသာျငိမ္ေနမိသည္။
("ေနာက္တစ္ခါအဲ႕ဒီ႕လိုမေျပာပါနဲ႕ မိုးခက္တမန္……မင္းေသသြားရင္ဆိုတာမ်ိဳးေတြးမိလိုက္တိုင္း…ငါ့ရင္ထဲအလိုလိုနာက်င္လာမိလို႕ပါ……")
_____________________________________________
လမ္းမေပၚတြင္မုန္႕အတူစားရင္းလမ္းေလွ်ာက္လာၾကေလေသာ ေကာင္ေလးႏွစ္ေယာက္……
အေနေတာ္အရပ္ေလးႏွင့္ ေက်ာပိုးအိတ္ေလးကိုယ္ေလးကိုယ္စီလြယ္ကာ သူ႕ပံုစံႏွင့္သူခ်စ္စရာေကာင္းေနေလၾကသည့္ေကာင္ေလးႏွစ္ေယာက္မွာ အသက္18ႏွစ္အရြယ္ခန္႕သာရွိမည္။
"ေဟ့ေကာင္ ဆူးခက္…မင္းကလည္းငါ့ဆီကခ်ည္းပဲယူစားေနေတာ့တာပဲ……ကိုယ့္မုန္႕ကိုယ္စားအံုး……"
"မင္းဆီကမုန္႕ကပိုစားေကာင္းတယ္……"
"ေသာက္ပိုေတြမလုပ္နဲ႕ေဟ့ေကာင္…ဝယ္လာတဲ႔မုန္႕ကအရသာအတူတူပဲ……"
"မင္းကလည္းကြာ……ငါကစားခ်င္လို႕စားတာေလ…ဘာလဲကပ္ေစးႏွဲတာလား……"
"ကပ္ေစးႏွဲတာေတာ့မဟုတ္ဘူး……ဒါေပမယ့္ မင္းကိုပဲေစတနာသဒၶါတရားမရွိတာ ရွင္းလား……"
"ေခြးေကာင္……"
"ဟားဟား……ငါကေခြးဆို မင္းလည္းေခြးပဲ……"
"ေသပါလား ငါကဘာလို႕ေခြးျဖစ္ရမွာလဲ……"
"မင္းကငါ့သူငယ္ခ်င္းေလ…ဒီေတာ့ ငါေခြးဆို ေခြးသူငယ္ခ်င္းျဖစ္တဲ႕မင္းကလည္းေခြး……"
သူ႕စကားေၾကာင့္ မုန္႕ပလုတ္ပေလာင္းႏွင့္စူပုတ္သြားေလေတာ့သည့္ ဆူးခက္၏မ်က္ႏွာထား။
"ဟားဟား……လူပုစိတ္တိုေခြးပုရန္လို ဆိုတာတကယ္မွန္တာပဲ……"
"မင္း!……"
ေဒါသပုန္ထေနသည့္မ်က္ႏွာထားျဖင့္ အသံခပ္က်ယ္က်ယ္ေအာ္ေျပာရင္းရိုက္ရန္လက္ရြယ္လာေလသည့္ဆူးခက္ေၾကာင့္ သူလည္းအနည္းငယ္ခပ္ဟဟရယ္မိသည္။
"လုပ္မေနနဲ႔……မင္းအိမ္ကိုျပန္ရမယ့္လမ္းေရာက္ေနျပီ…ျပန္ေတာ့……"
"ေအးပါ…သက္သာသြားတယ္မွတ္……"
က်ိန္းဝါးကာလွည့္ျပန္သြားေလေသာ ဆူးခက္ကိုအေတာ္ၾကာေငးၾကည့္ေနမိေလျပီးမွ ေရွ႕သို႕ဆက္ေလွ်ာက္လာမိေလစဥ္ရုတ္တရက္ၾကားလိုက္ရေလေသာအသံတစ္သံ။
"မင္းက မိုးခက္ရာလား……"
ထိုအသံေၾကာင့္ သူလည္းအသံလာရာသို႕လွည့္ၾကည့္မိေလေတာ့ အရပ္ျမင့္ျမင့္ ၊ ပခံုးက်ယ္က်ယ္ႏွင့္လူတစ္ေယာက္ပင္။
ျဖဴေဖြးၾကည္လင္ေနသည့္အသားအရည္ ၊ ႏွာတံဆင္းဆင္း ၊ ခပ္တင္းတင္းေစ့ထားေသာႏွဳတ္ခမ္းပါးေလးက ခံစားခ်က္မရွိသလိုေအးစက္စက္မ်က္ဝန္းတစ္စံုႏွင့္သိပ္လိုက္ဖက္လြန္းေနရံုသာမက မ်က္ခံုးအစြန္းက်က်နားထင္မေရာက္တေရာက္ေနရာေလးကမွဲ႕ေလးမွာေလးထင္ရွားေနေသး၏။
"ဟိတ္!……ေမးေနတာေျဖေလကြာ……"
"ဗ်ာ…ဗ်ာ……ဘာေမးလိုက္တာလဲဗ်……"
"အဟက္!……"
အူတူတူျဖစ္ေနသည့္သူ႕ပံုစံကိုၾကည့္၍ ဘာကိုသေဘာက်သြားေလသလဲေတာ့မသိ ၊ အနည္းငယ္ပင့္သက္သြားေလသည့္ႏွဳတ္ခမ္းေထာင့္ေလးတစ္ဖက္ကလည္းတကယ့္ကိုစြဲမက္ခ်င္စရာ။
"မင္းက မိုးခက္ရာမဟုတ္လား……"
"ဟုတ္…ဟုတ္ပါတယ္……"
"ေကာင္းျပီေလ……ဒါဆိုငါနဲ႕ခဏလိုက္ခဲ႕……"
"သားလိုက္လို႕မရေလာက္ဘူး……ေမေမကသင္တန္းျပီးတာနဲ႕ အိမ္တန္းျပန္ခဲ႕ရမယ္တဲ႕……"
"မင္းကိုငါလိုက္ခဲ႕လို႕ေျပာေနတယ္ေလ!……"
ခပ္က်ယ္က်ယ္ေလသံႏွင့္အတူ သူ႕လက္ကိုဆုပ္ကိုင္လိုက္ေလေသာလက္က လက္ထဲကမုန္႕ထုပ္ကိုပင္လြတ္က်သြားေစသည္အထိ။
"ဦး…ဦးေလးၾကီး……ဒါဘာလုပ္တာလဲ……"
"အဟား……မင္းကေကာင္းေကာင္းေျပာလို႕မွမရဘဲ……"
"မရဘူး……သားမလိုက္……"
စကားပင္ဆံုးေအာင္မေျပာရေသး ရုတ္တရက္သူ႕မ်က္ႏွာအေပၚအုပ္လိုက္ေလေသာပုဝါတစ္ခု။
ထိုပုဝါကအနံ႕ျပင္းျပင္းေဆးတစ္ခုေၾကာင့္ ေမ့လဲက်သြားေလေတာ့သည့္ထိုေကာင္ေလးကိုသူလည္းေပြ႕ခ်ီကာ မနီးမေဝးတြင္ရပ္ထားသည့္ကားေပၚသို႕ေခၚသြားလိုက္ေလေတာ့သည္။
("မိုးခက္တမန္……မင္းရဲ႕ညီသာငါ့လက္ထဲေရာက္ေနတယ္ဆိုတာကိုသိရင္ ဘယ္ေလာက္ပ်ာယာခတ္ျပီးထူပူသြားမလဲသိခ်င္မိေသးတယ္……")
_____________________________________________
"မိုးခက္တမန္!……ငါ့စကားနားမေထာင္ဘူးလား ေျပာ!……"
ေအာ္ေငါက္လိုက္ေလေတာ့ ကုတင္ေဘာင္ကိုေက်ာမွီထိုင္ေနေလသည့္ေကာင္ေလးက မ်က္ႏွာငယ္ေလးႏွင့္ေခါင္းေလးအသာငံု႕သြားေလ၏။
"ကိုကိုကလည္း……ကြ်န္ေတာ္ဘာမွမျဖစ္ပါဘူး…ေဆးမေသာက္လည္းရေနတာပဲကို……"
"ငါေျပာေနတယ္ေလ……ေသာက္ဆိုေသာက္!……"
ထိုအခါမွေဆးကိုယူေသာက္လာေလသည့္တမန္ကိုၾကည့္ရင္း အနည္းငယ္ေတာ့ရယ္ခ်င္မိသား။
"ကိုကို……"
"အင္း……"
"ကြ်န္ေတာ္အိပ္ခ်င္လာလို႕……"
"အဲ႕ဒါဘာျဖစ္လဲ……"
"ကြ်န္ေတာ့္ကိုတစ္ခါေလာက္ ကိုကို႕ကိုဖက္အိပ္ခြင့္ျပဳပါလား……"
အေမးကိုမေျဖမိဘဲ ေရာင္စဥ္လည္းအေတာ္ၾကာျငိမ္ေနမိျပီးမွသတိျပန္ဝင္ကာ စားပြဲေပၚကေရခြက္ကိုသာေကာက္ယူ၍အခန္းအတြင္းမွထြက္သြားရန္ျပင္မိသည္။
"အိပ္ေတာ့……"
"ကိုကို……"
အခန္းအတြင္းမွထြက္သြားသည့္ေကာင္ေလးကို တားရန္လွမ္းမိသည့္လက္တစ္စံုကပဲေနာက္က်သြားေလသည္လား ထိုေကာင္ေလးကပဲထြက္သြားခ်င္သည္ပဲလားေတာ့မသိ ၊ စကားေတာင္စခြင့္မေပးဘဲထြက္သြားေလေပေတာ့၏။
("တကယ္ပဲ……ကြ်န္ေတာ္က ကိုကို႕အတြက္ဘာမွမဟုတ္ဘူးဘဲ……")
################################