“ပဲ ဟဲဟဲ ပဲဟဲဟဲ” [ဆိတ်အော်သံ]
(သားလေးရေ သားရေ)
“မဲဟဲဟဲဟဲ မဲဟဲဟဲ”
(ကျွန်တော်ဒီမှာ အမေ)
“ပဲဟဲဟဲ ပဲဟဲဟဲ”
(အိမ်ပြန်ကြရအောင် သား နေပူနေပြီ)
“မဲဟဲဟဲ မဲဟဲဟဲ”
(ဟုတ် လာပြီ အမေ)
“သား...”
“ဗျာ”
“ဘာတွေငေးနေတာလဲ?သားဇံနဲ့ တွေ့ရမှာ စိတ်လှုပ်ရှားနေလို့လား?”
“မဟုတ်ပါဘူးဗျာ”
စစ်ခွန်း ရွာတစ်လျှောက် စိမ်းစိုနေသော သစ်ပင်များနှင့် လတ်ဆတ်သော လေးများအား ရှုရှိုက်နေမိသည်။ ရွာသားတစ်ချို့က သူ့ကို ထူးဆန်းသည့် သတ္တဝါတစ်ကောင်လို ကြည့်ရင်း ရှောင်ဖယ်သွားကြသော်လည်း သူမမှု။ တကယ်ဂေးတာကသျှင်ဦးယာလေ၊ သူကတော့ဂျယ်လီပေတံအဖြောင့်လေ။
တပဲပဲ တမဲမဲဖြင့်အော်နေသော ဆိတ်နှစ်ကောင်အား ကြည့်နေတဲ့အချိန် စိတ်လှုပ်ရှားနေလားဟု မေးလာသော အမေ့၏အမေးကို ခေါင်းရမ်းကာ မဟုတ်ပါဘူးလို့ဖြေလိုက်သည်။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ သူ့လောက်စိတ်လှုပ်စားနေတာ သူပဲရှိမည်။ ဇာတ်လိုက်မ(shou)နဲ့ စေ့စပ်လမ်းကြောင်း ကမ်းလှမ်းမည့်အချိန်တွင် ဖြစ်လာမည့် ဇာတ်ကြောင်းအား စဥ်းစားရင်းပေါ့။ ဘာစိတ်ဝင်ရှားစရာလာမလဲဆိုတာ စပွိုင်း (spoil) ကြိုသိထားခဲ့သည်ကို။
‘စောင်စတစ် ဟေ့ စောင်စတစ် လိုင်းပေါ်ရှိလား?’
[ အချိန်မရွေးပါ လူကြီးမင်း ]
‘ငါ့ကို ဇာတ်လိုက်မ(shou)နဲ့စေ့စပ်လမ်းကြောင်း ကမ်းလှမ်းတဲ့နေရော ဇာတ်ကြောင်းလေး ပြပေးစမ်းပါဦးကွာ။ ရင်တုန်ပန်းတုန်နဲ့ ငါဇာတ်ကြောင်းကိုမေ့သွားပြီဟ!’
[ ပြပေးပါ့မယ်၊ ဇာတ်ကြောင်းစနစ် စတင် Downloadဆွဲနေပါသည်။ 1% 20% 50% 70% 100% ]
Systemရဲ့အသံလည်းဆုံးရော သူရှေ့တွင် အပြာရောင် ဖန်သားပြင်ကြီးတစ်ခု ပေါ်ပေါက်လာလေသည်။
[ သျှင်ဦးယာသည် ဧည့်ခန်းထဲတွင် စိတ်လှုပ်စားစွာ ထိုင်နေရင်း သူ၏ချစ်ရသူလေး ထွက်လာမှာကို စောင့်နေသည်။ သူသာ သူ့ကိုတွေ့ရင် ဘယ်လိုပြောလာမှာလဲ? အေးစက်စွာနဲ့
‘မင်းကို ငါမကြိုက်ဘူး ဒီစေ့စပ်ပွဲကို ငါငြင်းတယ်’ ဒါမှမဟုတ် ပျော်ရွှင်စွာနဲ့ ‘အင်း ငါလက်ခံတယ်’ အဲဒီထဲကတစ်ခုကိုတော့ သူသေချာပေါက် ပြောလာမှာပါ။
သေချာပေါက် သူ့ရဲ့အဖြေက ဒုတိယတစ်ခုဖြစ်ပါစေဟူ၍သာ ဆုတောင်းမိ၏။ သိုပေမဲ့ သူ့ချစ်ရသူ၏ အဖြေကား အငြင်းဝါကျတစ်ခုသာ ဖြစ်နေခဲ့သည်။ ကြိုထင်နေခဲ့ပေမဲ့လည်း တကယ်တမ်း ငြင်းခံလိုက်ရသည့်အခါမှာတော့ သူ့ရဲ့ရင်ထဲကို အချွန်တစ်ခုနဲ့ ထိုးစိုက်လိုက်သကဲ့သို့ပင်။
သူဟာ အဆုံးမှာတော့ ထိုလူသားလေးကို ပိုင်ဆိုင်ချင်လွန်းလို့ ရွာသူကြီးရဲ့ အာဏာကိုအသုံးချခဲ့လေသည်။ သူချစ်ရတဲ့သူက သူ့ကို မုန်းပြီးရွံရှာနေပုံပါပဲ။ ဒါပေမဲ့ သူကျေနပ်ပါတယ် ထိုလူသားလေးကို သူပိုင်ဆိုင်ခဲ့ရပြီပဲ။ သူ့ရဲ့အချစ်ကိုတစ်နေ့ကျ မြင်လာပါမယ်လို့ သူမျှော်လင့်ရင်းနဲ့ပေါ့။
ထိုတွင် ဇာတ်လိုက်(Gong)ကို ဇာတ်လိုက်(shou)က အကူအညီတောင်းတော့ ဇာတ်လိုက်(Gong)က လျစ်လျှူသာ ရှု့သွားခဲ့သည်။ဇာတ်လိုက်(Shou)က ဇာတ်လိုက်(Gong)အားမမုန်းရက်ပါ။ သူတို့နှစ်ယောက်၏ ချစ်ခြင်းကိုသာ ခွဲခဲ့တဲ့ သျှင်ဦးယာအပေါ် အမုန်းနှစ်နဲ့မြှောက်ခဲ့လေသည်။
( ခေါင်းစဥ် — ‘စေ့စပ်လမ်းကြောင်း ကမ်းလှမ်းခြင်း’ အပိုင်း(—)၏ အကျဥ်းချုပ် ဤတွင်ပြီးဆုံး) ]
‘အာ! “သူကြီးရဲ့အာဏာကို အသုံးချပြီးတော့” ဆိုတော့ သူကြီးနဲ့သျှင်ဦးယာနဲ့က ဘာတော်တာလဲ?’
[ လူကြီးမင်း မူလဝတ္တုကို သေ²ချာ²ရော ဖတ်ခဲ့ရဲ့လား? ]
‘အမ်း၊ ဖတ်ခဲ့ပါတယ်၊ နည်းနည်းမေ့သွားတဲ့ပုံပဲ ဟီး။ ကာဆင်(ကင်ဆာ)ကြောင့်မေ့တာနေမှာ’
[ ရွာသူကြီးက သျှင်ဦးယာအမေရဲ့ မောင်ပါ၊ စေ့စပ်ပွဲက ရွေ့ဆိုင်းလိုက်ရပေမဲ့ မူလပိုင်ရှင်က အတင်းအကြပ် သူ့အမေကို ပူဆာတော့ ဟိုက သူ့မောင်ကိုအကူအညီတောင်းရင်း ပြန်စေ့စပ်တာပါ။ အဲဒါကြောင့် သူကြီးရဲ့ ဖိအားကြောင့်နဲ့ဇာတ်လိုက်မ(shou)က မစေ့စပ်ချင်ဘဲ စေ့စပ်ခဲ့ရတာပါ။ အဲဒီအကြောင်းအရာကြောင့်လည်း သျှင်ဦးယာကို သူမုန်းသွားခဲ့ရတာပါ။ ]
‘စောက်ဇာတ်လိုက်(Shou)ကိုက! နွားလိုကောင်!’
System ရဲ့စကားအဆုံး သောက်ဦးနှောက်မရှိသော ဇာတ်လိုက်(shou)အား ခပ်တိုးတိုးဆဲရေမိသွားသည်။ တကယ့်နွားက သျှင်ဦးယာဆိုပေမဲ့ပေါ့။
[ လူကြီးမင်း သတိပြန်ကပ်ပါတော့၊ ဇာတ်လိုက်မ(shou)အိမ်ရောက်ပြီ ]
ရေနံချေးသုတ်ထားသော နှစ်ထပ်အိမ်ကလေးအားကြည့်ပြီး သူသက်ပြင်းခပ်ရေးရေးချမိသွားသည်။ ဘဝကလည်း မ.အ.လဘောလိုမျိုးပဲ။ လေးပင်စရာကောင်းလွန်းတယ်။ အဲဒါကြောင့်လည်းသူ့ဘောကို မတဲ့သူကရှိသကိုး။
“သား သွားမယ်၊ လာ”
“ဟုတ်”
သောက်သုံးမကျတဲ့စာရေးဆရာရဲ့ အရေးအသားကို တွေးမိရင်း သီချင်းလေးသာ စိတ်ထဲမှာညည်းမိပါအးရဲ့။
‘ကျွန်မက မှောင်နေတဲ့အခန်းဝယ်–
ကျွန်မမှာချစ်ရမဲ့သူ မရှိပေမဲ့ အသဲလေးကွဲခဲ့ဘူးတယ်
ကျွန်မရင်ထဲ~ အကုန်ဒဏ်ရာတွေနဲ့ ~ ပြည့်နေတယ်
လူတွေမရှိတဲ့အခန်းရဲ့ ထောင့်လေးထဲဝယ်~ ကြိတ်ငိုခဲ့ဘူးတယ်’
[ အားနာပေမဲ့ လူကြီးမင်းသီချင်းစာသားတွေက လွဲချော်နေသလိုပဲ ]
‘သူများ Feel နေတာကိုမဖျက်စီးစမ်းပါနဲ့၊ အကုသိုလ်ဖြစ်မယ်’
[ ... ]
တရားဘာဝနာပွားနေတာကို နှောက်ယှက်မိလို့ ဓမ္မမ္တရာယ်ထိုက်တယ်လို့ပြောရင် လက်ခံမိပါရဲ့။ အပေါက်အလမ်းမတည့်တဲ့ သီချင်းစာသားကို ထဆိုနေပြီးတော့!– ငါပရိုဂရမ် Error တက်သွားပြီဖြစ်မယ်။
[W/N - ဓမ္မမ္တရာယ် - တရားဘာဝနာအားထုတ်နေသောသူအား နှောက်ယှက်မိသောကြောင့် ကျရောက်တတ်သည့်အကုသိုလ်ကံ။ သာမန်အကုသိုလ်ထက်ကြီးလေးသည်။]
“အိုး ဆရာလေးတို့မိသားစုပဲ ၊ လာ လာ လာကြပါ”
ဟန်ဆောင်မှုကင်းမဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဖိတ်ခေါ်သံ။ ဇာတ်လိုက်ရှို့၏ အမေကလွဲ မည်သူရှိဦးမည်နည်း။ မူလပိုင်ရှင်၏အမေထက် ငယ်ရွယ်ပုံရသော ဇာတ်လိုက်ရှို့၏ အမေမှာ တက်ကြွ၊ ဖျက်လက်သည့် လူငယ်တွေရဲ့အသွင်ပြည့်နှက်ဟန်။ ခွန်းယံမှာအတွေးတွေ ပြည့်နှက်နေရင်းနှင့်ပင် ရေနံချေးသုတ်ထားတဲ့ လှေကားလက်ရန်းတွေသာကိုင်ရင်း ထိုအိမ်ပေါ်ကိုသာ ကတုန်ကရင်ဖြင့်တက်သွားမိသည်။
မူလပိုင်ရှင်က ဇာတ်လိုက်ရှို့၏အဖြေကြောင့်တုန်တာဆိုပေမဲ့ သူကတော့ ဖြစ်လာမည့်ဇာတ်ကြောင်းကြောင့်ပင်။
_ _ _ _ _ _ _
(သားလေးရေ သားရေ)
“မဲဟဲဟဲဟဲ မဲဟဲဟဲ”
(ကျွန်တော်ဒီမှာ အမေ)
“ပဲဟဲဟဲ ပဲဟဲဟဲ”
“မဲဟဲဟဲ မဲဟဲဟဲ”
(ဟုတ် လာပြီ အမေ)
“သား...”
“ဗျာ”
“မဟုတ်ပါဘူးဗျာ”
“သား သွားမယ်၊ လာ”
“ဟုတ်”
[ ... ]
_ _ _ _ _ _ _