Wrong Love [✔]

By jin-aj

13K 1K 43

ချစ်လွန်းလို့မှားတဲ့အမှားမို့ကျွန်တော်ဆက် မှားပါရစေ🍂 More

(1)
(2)
(3)
(4)
(5)
မေးမြန်းခြင်း
(7)
(8)
(9)

(6)

1K 95 2
By jin-aj

"ကိုယ်မင်းကိုအရမ်းချစ်တယ်"

seokjin ရဲ့မျက်ဝန်းလေးတွေကိုသေသေချာချာလေးကြည့်ကာ ပြောပြီး အိမ်ထဲကထွက်လာခဲ့သည်

အရမ်းချစ်တယ်လို့အပြောခံလိုက်ရသူမှာ ကျောက်ရုပ်တစ်ရုပ်လိုပင် ဘာမှလည်းပြန်မပြောနိုင် လက်သီးလေးကိုဆုပ်ထားပြီး ကျန်ရစ်ခဲ့သည်

" jin မင်းသေချာစဥ်းစားပါ ငါမင်းကိုအခုလိုပြောတာ မင်းကိုထပ်ပြီးစိတ်ညစ်စေချင်လို့မဟုတ်ပါဘူး အစက jungkook မင်းကိုမချစ်ခဲ့ဘူးလို့ငါထင်ခဲ့တာ ဒါပေမယ့် အခုငါတကယ်သိလိုက်ရပြီ jin သူမင်းကိုအရမ်းချစ်လို့ ဆုံးရှုံးရမှာကြောက်နေခဲ့တာ"

"joon ငါတောင်းပန်ပါတယ် ငါတစ်ယောက်ထဲနေချင်တယ်"

"ငါနားလည်ပါတယ် မင်းကိုနှုတ်ဆက်ခဲ့တယ်နော် သတင်းကောင်းကိုလည်း ငါမျှော်နေမယ်"

ပါးချိုင့်လေးချိုင့်ဝင်သွားအေင် ပြုံးလိုက်ကာ seokjin ပုခုံးလေးကို ပုတ်ပြီး ပြောလိုက်သည်

"joon  ငါလိုက်မပို့နိုင်လို့လည်းတောင်းပန်ပါတယ်"

"ရပါတယ် ငါ့ကိုလိုက်မပို့နိုင်တဲ့အနေနဲ့ ငါ့ကိုသတင်းကောင်းပဲလှမ်းပြောပေးပါjin ငါသွားတော့မယ် အစစအရာရာဂရုစိုက်ကြနော် bye"

"joon မင်းလည်းဂရုစိုက်"

namjoon ထွက်သွားတော့ seokjin sofa ပေါ်ထိုင်ချသွားသည်

*ငါဘာဆက်လုပ်ရမလဲ? *

"အကိုလေး ထွက်မသွားပါနဲ့ အကိုလေးရယ် အကိုလေးကမသိပေမယ့် အကိုလေးjungkookက အကိုလေးကိုတစ်ကယ်ချစ်တယ်ဆိုတာ ကျွန်မတို့ယုံ​ကြည်တယ်"

seokjin အနည်းငယ်စဥ်းစားပြီးအပေါ်ထပ်ကိုပြေးတက်သွားသည်

အကြောင်းကတော့ jungkook နဲ့ပတ်သတ်ပြီးသူရိပ်မိနေတဲ့အရာလေး အဲ့တာက ညဘက်အကုန်လုံးကအိပ်ပျော်နေချိန်ဆို jungkook အခန်းတံခါး ​ ​ေလးကနေ မီးရောင်မှိန်မှိန်လေးဖြာထွက်နေတာကို jinအိပ်မပျော်လို့ရေထသောက်တိုင်းတွေ့ရသည်

တစ်ခါကလည်းသူ့အခန်းထဲမတော်တဆရောက်သွားတော့ အလုပ်နဲ့ပတ်သတ်တဲ့စာအုပ်တွေထားတဲ့နေရာမှာ အလုပ်နဲ့ပတ်သတ်ပုံမပေါ်တဲ့ စာအုပ်အထူလေးတစ်အုပ်ကိုမမျှော်လင့်ပဲတွေ့ခဲ့ရသည်

အခုလိုအခြေအနေတွေဖြစ်တော့ seokjin ဘာဖြစ်မှန်းမသိ အဲ့စာအုပ်လေးထဲမှာ တစ်ခုခုရှိနေလောက်မယ်အထင်နဲ့ အပေါ်ထပ်ကိုပြေးတက်သွားပြီး jungkook အခန်းထဲဝင်ကာ ထိုစာအုပ်ကိုမွှေနှောက်ရှာနေတော့သည်

တွေ့ချင်ဇောနဲ့မို့လားမသိဘူး jungkook ကပဲစာအုပ်လေးကို သေချာသိမ်းဖို့မေ့နေခဲ့လို့လား ဒါမှမဟုတ် သူ့အခန်းထဲဘယ်သူမှမဝင်မှန်းသိလို့လားမသိဘူး သူ့ရဲ့စာကြည့်စားပွဲပေါ်က စာအုပ်လေးတွေကြား ညှပ်ထားခဲ့သည်

seokjin စာအုပ်လေးကိုမရဲတရဲကိုင်လိုက်ကာ စာအုပ်မျက်နှာဖုံးလေးကို ဖွင့်ဖတ်လိုက်သည်

📝 ဒီနေ့က ကျွန်တော်တို့နှစ်ယောက်ရဲ့ မဂ်လာဦးည ကျွန်တော့်အတွက်တော့ သာမန်ညတစ်ညလိုပါပဲ ဘာလို့ဆို ကျွန်တော်တို့နှစ်ယောက်က မိဘတွေရဲ့စီစဥ်ပေးမှုကြောင့်သာ လက်ထပ်ခဲ့ရတာလေ တစ်ယောက်အကြောင်းလည်းတစ်ယောက်သေ''ချာ'' မသိခဲ့ရဘူး အဲ့ဒီကောင်လေးကြည့်ရတာလည်း သူ့မိဘတွေကိုမလွန်ဆန်နိုင်လို့သာ လက်ခံခဲ့ရပုံပဲ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ကလက်ထပ်ပြီးသွားပြီ ဒီနေ့ကစ​ပြီးတရားဝင်အိမ်ထောင်တစ်ခုကိုအတူတူထူထောင်ရတော့မယ် သူနဲ့ကျွန်တော့်ကြားမှအချစ်ဆိုတဲ့အရာလည်းမရှိခဲ့ဘူးသူကလည်းကျွန်တော်နဲ့လက်ထပ်ခဲ့ရလို့ ကျွန်တော့်ကိုအမြင်ကြည်ပုံမရဘူး ဘယ်တတ်နိုင်မလဲဗျာ... မဂ်လာပွဲမှာထဲက ကျွန်တော့်ကိုမျက်စောင်းတခဲခဲနဲ့ကြည့်နေတာ ကျွန်တော်သိတာပေါ့ အခုလည်း သူ့အခန်းထဲဝင်ပြီးအစောကြီးအိပ်နေပြီလားမသိပါဘူး ကျွန်တော်ကတော့အိပ်မပျော်လို့ စာအုပ်လေးတစ်အုပ်နဲ့ဘောပင်​လေးတစ်ချောင်းကို ကောက်ကိုင်မိသွားတယ် ကျွန်တော်ပုံမှန်ဆို ဒီလိုမျိုးမရေးဖြစ်ပါဘူး အဟက်..နည်းနည်းတော့ရီစရာကောင်းမယ်ထင်တယ် ကျွန်တော်ဒီစာကိုကျွန်တော်တို့နှစ်ယောက်ရဲ့ မဂ်လာဦးညအထိမ်းအမှတ်လေးလို့သဘောထားလိုက်တော့မယ် ဟူး...မနက်ဖြန်ကျရင်သူနဲ့ဘယ်လိုရင်ဆိုင်ရမလဲ သူ့ကိုဘယ်လိုခေါ်ရမလဲ ကျွန်တော်မတွေးတက်တော့ဘူး ဒီအတိုင်းပဲ company ကိုသွားလိုက်ရမလား တစ်ခြားအတွဲတွေလို ပျားရည်ဆမ်းခရီးလေးထွက်ရင်ကောင်းမလား... ကျစ်...ကျွန်တော်အတွေးလွန်သွားတယ် သူနဲ့ကျွန်တော်ကတစ်ယောက်နဲ့တစ်ယောက်မှမချစ်ခဲ့ကြတာ ဘယ်လိုလုပ်ပျားရည်ဆမ်းခရီးထွက်မလဲ ဟူး... စာထဲမှာသက်ပြင်းချရတာတောင်အားနာလာပြီ ကျွန်တော်သူနဲ့စစတွေ့တုန်းက ကျွန်တော်တကယ်မယုံနိုင်ဖြစ်ခဲ့ရတာတစ်ခုရှိတယ် အဲ့တုန်းက ကျွန်တော်တွေ့ခဲ့ရတဲ့ အရပ်ရှည်ရှည် အသားဖြူဖြူ ပုခုံးကျယ်ကျယ် လှပတဲ့မျက်ဝန်းရယ် နှာတံလေးရယ်မျက်ခုံးလေးရယ်ကို ပိုင်ဆိုင်ထားတဲ့သူ ပြီးတော့သူရဲ့ပန်းနုရောင်သန်းနေတဲ့နှုတ်ခမ်းလေး ဂျယ်လီတုံးလေးတွေလိုအိအိလေးဖြစ်နေမှာ ယောကျာ်း လေးတစ်ယောက်ကဘာလို့ဒီလောက်တောင် ပြည့်စုံလွန်းအောင် ချောမောနေရတာလဲ ကျွန်တော်မယုံနိုင်ဖြစ်သွားတယ် ကျွန်တော်ကတော့ဒီကောင်လေးကိုမြင်မြင်ချင်းတည်းက အကုန်လုံးကိုသတိထားမိခဲ့ပေမယ့် အဲ့ဒီကောင်လေးကတော့ ကျွန်တော်နဲ့ ပတ်သတ်ပြီးဘာမှသတိထားမိမယ့်ပုံမပေါ်ဘူး ဘာလို့ဆိုသူကျွန်တော့်ကိုဒေါသထွက်နေတာကိုး...
ကျွန်တော်အဲ့ဒီကောင်လေးကိုလက်ထပ်ရမှာသိတုန်းက ဘယ်လိုလုပ်ယောကျာ်းလေးတစ်ယောက်ကိုချစ်နိုင်မှာလဲလို့တွေးမိတယ် အဟက်...အခုတော့သူ့ကိုချစ်မိသွားတာလားဘာလားတော့ကျွန်တော်မသိဘူး သေချာတာကတော့ကျွန်တော်သူ့ကိုမဆုံးရှုံးချင်​ေတာ့ဘူး ကျွန်တော်အဲ့ဒီကောင်လေးနဲ့တစ်ခါမှရင်းရင်းနှီးနှီးစကားမပြောဖူးပေမယ့် ကျွန်တော်အဲ့ဒီကောင်လေးနဲ့ ပတ်သတ်ပြီး လောဘတက်လာသလိုပဲ ဟင်း...📝

seokjin စာမျက်နှာနောက်တစ်ရွက်ကိုမဝံ့မရဲထပ်လှန်ခဲ့သည်

Continue Reading

You'll Also Like

6K 325 16
Writing ⚠️ 18+ မို့ကြိုက်မှ ဖက်ပါ ( U+Z )
214K 15.2K 21
❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_13.6.2020 End __25.11.2020
1K 189 14
Kim Jong In_ ကျနော့်စိတ်တွေ‌က်ိုပြောင်းလဲပြီး အရင်တစ်နှစ်ကိုသာပြန်သွားခဲ့လို့ရရင် ကျနော်တို့ ဒီChristmasမှာအတူတူရှိနေနိုင်မယ်ထင်တယ် Hyung ..... Do K...
3.5K 300 11
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ သိပ်ချစ်စရာကောင်းလို့ ချစ်ခဲ့မိဒါပါ အငယ်လေးးးး