10 months before divorce
By Jeon___Kim
570K 49.5K 7.9K
Taekook Fanfiction Jeon Kim Own creation More
Intro
ONE
TWO
THREE
FOUR
FIVE
SIX
SEVEN
Eight
Nine
Ten
Eleven
Twelve
Thirteen
Fourteen
Fifteen
Seventeen
Eighteen
Nineteen
Twenty
Twenty One
Twenty Two
Twenty Three
Twenty Four
Epilogue
Thank you All
Extra
Book
Sixteen
20.1K 1.8K 351
By Jeon___Kim
(Unicode)
အဝေးပြေးလမ်းမတို့သဘာဝအတိုင်း မတော်တဆမှုတွေပေါများတာမလို့ ဂျောင်ကု ကားကိုထိန်းမောင်းနေရသည်။ဘေးနာမှာလဲ လက်ပိုက်ကာ သူ့ဗိုက်နည်းအတူ နှုတ်ခမ်းဆူနေတဲ့ ထမင်းလုံးလေးလဲပါတာမလို့ အရှိန်ကိုတတ်နိုင်မျှလျော့ထားရသည်။
ထယ်ယောင်း သူ့ဆီလိုက်သွားတာသိသိချင်းနဲ့ပဲပြန်လာခေါ်ခဲ့ပြီး PAဂွမ်ဂျီရဲ့ စကားတွေကြောင့်လဲ ထယ်ယောင်းနဲ့ လီဂျွန်ဝမ်းကြား တင်းမာ မှုကိုလည်း သိပြီးပြီဖြစ်တာကြောင့် ဘယ်လိုစကားမျိုးနဲ့ချော့ရမလဲစဉ်းစားနေရသည်။
ငြိမ်နေလဲဖြစ်မထူး..မပြောမပြီး မတီးမမြည်မလို့ သူချော့ဖို့သာစကားစလိုက်သည်။
"အဲ့ အင်္ကျီ ကိစ္စကလေ မောင်ရှင်းပြလို့ရပါတယ်...ထမင်းလုံးလေး ထင်သလို မဟုတ်ဘူး"
"......"
"သူ့ဆီကရေမလာလို့ မောင့် အခန်းလာချိုးတာ အဲ့ဒါပြီးတော့ မောင့် အင်္ကျီဝတ်ပြီး မောင့်ကို မြှူ မြှူ-"
"အဲ့ဒါနဲ့ပဲ မင်းနဲ့သူ-!!"
အသက်ရှုတွေမြန်လာကာ ဘာမှဆက်မပြောပဲ ဒေါသတွေစွတ်ထွက်နေတာမလို့ ဂျောင်ကု ကားကိုချက်ချင်းဘေးရပ်လိုက်ရသည်။
"မဟုတ်ဘူး!! မင်း ထင်သလို မဟုတ်ဘူး မောင်တကယ်ပြောတာ မောင့် သူ့ကိုအခန်းထဲကနှင်ထုတ်ပြီး အင်္ကျီကိုပါ ပစ်ခိုင်းလိုက်တာ တကယ် ထင်သလိုမဟုတ်ဘူး မောင့်ကိုယုံနော် မောင့်မှာ မင်းပဲ ရှိတာ အရင်က မောင် ပွေလီတယ်ဆိုတာလဲ တကယ်မဟုတ်ဘူး..သူတို့ ထမင်းစားခေါ်တိုင်း မောင်သွားတယ် ပြီးရင် မင်းအကြောင်းပဲပြောတာ မောင်ကျိန်ရဲတယ်..တကယ် တကယ်"
ကျိန်တာလိမ်တာနဲ့အတူတူပဲဆိုပေမဲ့ ရင်ဘက်ကို ကြက်ခြေခတ် မယ်လုပ်တော့ သူ့လက်ကိုတားလာသည်။ပြီးတော့ မလုပ်နဲ့တဲ့လေ။
".... မလုပ်နဲ့"
"ဟမ်"
‌အရှေ့က စကားကိုမပီမသကြားလိုက်တာမလို့ နားမလည်တော့ မျက်လုံးက ဟိုကြည့်ဒီကြည့်ကာ မျက်လုံးချင်းတောင်မဆုံ။
"မောင် သူနဲ့ အလုပ်ဆက်မလုပ်နဲ့တော့-"
"အင်း-ဟမ်!! ဘယ်လို ခေါ်လိုက်တာလဲ!!ထယ်ယောင်း"
ကိုယ့်နားကိုယ်မယုံနိုင်တာမလို့မေးလိုက်ရသည်။ထိုအခါ ထပ်ခေါ်ဖို့ ပါးစပ် တပြင်ပြင်ဖြစ်နေပြီးမှ မခေါ်တော့ပဲ ကား Dashboardပေါ်က ရှုဘူး ကြီးကိုလှမ်းယူကာ သူ့နှာခေါင်းမှာ စွတ်လာသည်။
"ရှုမယ် ရှိုက်မယ် ထုတ်မယ်"
"မဟုတ်ဘူး ခုနက ခေါ်တာဘာလဲပြော"
ရှုဆေးတွေအတင်းရှုခိုင်းနေတဲ့လက်ကိုဆုတ်ကိုင်ကာမေးလိုက်တော့ သူ့ကို‌စိတ်ပူသလိုလာကြည့်သည်။
"‌မခေါ်ဘူး မင်းထပ်မူးလဲရင်ဘယ်လိုလုပ်မလဲ"
"ဟာ ထမင်းလုံးလေးကလဲ"
"မ ခေါ် ဘူး"
"ဒါဆိုလဲ လီဂျွန်ဝမ်းနဲ့-"
"မောင်!!!!"
တမင်ပင်အရွဲ့တိုက်ကာပြောလိုက်တော့ ဆူအောင့်အောင့်ကြီးခေါ်လာကာ ဟိုဘက်လှည့်သွားသည်။
ကြားချင်တာကြားလိုက်ရတော့သူရုပ်က စပ်ဖြဲဖြဲ...ပြတင်းပေါက်ဘက်မျက်နှာပေးထားတာမလို့ သူ့ဘက်လှည့်ကြည့်စေတော့ မျက်ရည်တွေက အသိုင်းသား....။
"ငိုနေတယ်!!မောင့် ထမင်းလုံးလေး ငိုနေတယ်??"
"မောင် မကောင်းဘူး!!ငါ အဲ့ကောင်ကို အမြင်ကတ်တာ သိတာနဲ့ မင်း က သူနဲ့ အလုပ်တူတူတွဲလုပ်ဦးမယ်ပေါ့!!ငါ့ကို တကယ် မချစ်ဘူးမလား!!ဟမ် ပြီး ပြီးတော့ အဲ့ကောင်အသံ ဖုန်းထဲမှာ ကြားတော့ ငါ ဘယ်လောက် ပူထူသွားလဲသိလား!! မင်း ကိုလွမ်းလို့ ယောင်းယောင်းကို တမင်း‌ဗန်းပြပြီး ဖုန်းဆက်တာကို မောင်က မောင်က..."
ရှိုက်သံတွေပါ တစ်စတစ်စ ကပ်ပါလာတာမို့သူ စမိတာတောင် နောင်တရသွားရသည်။
‌ထမင်းလုံးလေးရဲ့ခေါင်းကိုဆွဲဖက်ကာ ဖွဖွလေးပုတ်ပေးလိုက်တော့ သူ့ပုခုံးမှာပိုငိုတော့သည်။
"မောင်မှားပါတယ်ကွာ! မောင်‌ တောင်းပန်တယ်နော် မောင် အခုချက်ချင်းပဲ သူနဲ့လုပ်ထားတဲ့ စာချုပ်ကိုဖျက်လိုက်မယ် ဟုတ်ပြီလား..မောင်က ထယ်ယောင်းကိုပဲ ချစ်တာ"
မျက်နှာချင်းဆိုင်ကာယုံကြည်အောင်ပြောနေပေမဲ့ ထယ်ယောင်းက သူ့ကိုကျော်က ခပ်လှမ်းလှမ်းကို ငေးကြည့်နေတာမလို့ သူပါလှည့်ကြည့်တော့ ဓာတ်ဆီဆိုင်နဲ့ convenience store ဖြစ်နေသည်။
"မောင် ငါ အာလူးကြော်စားချင်တယ်"
"အဟား..."
ရှိုက်သံတွေချက်ချင်းရပ်ကာ မုန့်ဆီ စိတ်ရောက်သွားသော ထမင်းလုံးလေး။
Moodမြန်ချက်‌ကတော့သူတောင်လိုက်မမှီတော့ပါ။
စားချင်နေတာဝယ်ကျွေးလိုက်တော့ ဘေးနားကနေ တဂျွမ်းဂျွမ်းဝါရင်းလိုက်လာခဲ့သည်။
"မောင်.."
"ဗျာ.."
ကားမောင်းနေတာမလို့ ကားလမ်းကိုပဲ ကြည့်ဖြေလိုက်ပေမဲ့ မျက်ထောင့်ကနေလှမ်းကြည့်မိတော့ အဆီတဝင်းဝင်းနှုတ်ခမ်းလေးကဆူလျက်။
"ဟိုတစ်ယောက်နဲ့မလုပ်တော့ရင် မောင်လျော်ရမှာပေါ့"
"အင်း ဟုတ်တယ်"
"‌မလျော်နဲ့"
"ဟမ်"
ထယ်ယောင်းပြောတာ နားမလည်တာမလို့ တစ်ချက်လှည့်ကြည့်လိုက်တော့ အာလူးကြော်ကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်သေးသည်။
"‌ဘာလို့လျော်မှာလဲမောင်ကလဲ..သူက ငါနဲ့မောင့်ကြားထဲ ခလောက်လဲဆန်သေးတယ် ပိုက်ဆံပါ ပေးရဦးမှာလား..သောက်ကျင့်ယုတ်မဲ့ယုတ်တော့အဆုံးထိယုတ်လေ ပိုက်ဆံမပေးနဲ့ ဒီအတိုင်းထုတ်လိုက်"
ကလေးဆန်ဆန် ပြောနေသော ထမင်းလုံးလေးကြောင့် ဂျောင်ကုမှာရယ်လိုက်ရသည်။
"အဲ့လိုဆို မောင်ထောင်ကျမှာပေါ့ စာချုပ်မှာ မောင်တို့လက်မှတ်ထိုးထားတာလေ..."
"မောင် ထောင်ကျနေပြီပဲလေ"
"??"
"ငါနဲ့လေ အိမ်ထောင်ကျနေတာ ဟီး"
နှုတ်ခမ်းပါးလေးတွေက လေးထောင့်ဆန်ဆန်ကော့ချိုးသွားကာ ပြုံးပြလာတာမလို့ သူပါမပြုံးပဲမနေနိုင်။
စကားတတ်နေတဲ့ အတတ်လေးကြောင့် ဗိုက်မယားပဲမနေနိုင်တော့ပါ...စိတ်ရှိတိုင်းသာဆိုရင် မျက်နှာတပြင်လုံး အနမ်းတွေစွန့်လိုက်ချင်သည်။ဒါပေမဲ့လဲ ကားမောင်းနေတာမလို့ဆံပင်ကိုသာဖွလိုက်ရသည်။
"မောင့် ထမင်းလုံးက အတတ်လေးကွာ"
.....
ဝုန်းဒိုင်းကျဲချကာ တံခါးအား သူ့အပိုင်လိုဖွင့်လာသော လီဂျွန်ဝမ်း။
"ဂျွန်!!စာချုပ်ကို ဘာလို့ဖျက်သိမ်းတာလဲ..အလုပ်နဲ့ personalကိုရောထွေးတာ professionalမဆန်ဘူးနော်"
"အဲ့စကားက မင်းကိုပြောသင့်တာထင်တယ်"
နောက်ကျောပေးထားသောသူ့အားမောင်ထင်ကာစကားပြောလာသော လီ ဂျွန် ဝမ်း။ထယ်ယောင်းမှန်းလဲသိ‌ရော လန့်ဖြန့်သွားပေမဲ့ ခဏသာ။
"ကင်မ်ထယ်ယောင်း ဒါမင်းလုပ်ခိုင်းတာလား"
"လုပ်ခိုင်းတာ??အင်း ဟုတ်မှာပေါ့ မောင်ကငါ ဘာပြောပြော လုပ်ပေးတယ်လေ...ဘာလို့လဲသိလား..မောင်က ငါ့ကိုချစ်တာကို"
"ချစ်တယ်ဆိုတာနဲ့ ဂျွန်ရဲ့အလုပ်တွေမှာဝင်ပါဖို့မဟုတ်ဘူးဆိုတာရောမင်းသိလား"
‌မောင့်အခန်းထဲက ဘောပင်ကို ဆော့ကစားနေတုန်းဟာသတွေပြောလာသော လီဂျွန်ဝမ်း။
"ဟင့်အင်း ငါသိတာ မောင် က ငါ့ကိုချစ်တယ်ဆိုတာပဲ"
"မင်း!!"
ယောကျာ်းဖြစ်ပြီး လက်သီးတောင်မဟုတ် လက်ဝါး ရွယ်လာပေမဲ့ အနောက်ကနေ မောင်က တားလိုက်သည်။
"ထယ်ယောင်းကို မထိနဲ့လီဂျွန်ဝမ်း!!"
"အ့ ဂျွန်!! ဝမ်းကို သနားပါ စာချုပ်တာဖျက်သိမ်းရင် ဖေဖေစိတ်ဆိုးလိမ့်မယ် ဂျွန်!!"
"ပြန်တာ ကောင်းမယ် "
"ဂွမ်ဂျီ လုံခြုံရေးခေါ်ခဲ့"
ထယ်ယောင်းပြောလိုက်တော့ ဂွမ်ဂျီက ထွက်သွားတာ လုံခြုံရေးပြေးခေါ်လိုက်သည်။
သူ့ မောင်အား ဖက်ကာ အသနားခံနေသော လီဂျွန်‌ဝမ်းအား ထယ်ယောင်းတကယ်ပင် စမတ်ဒေါင်းတွေကျွေးချင်သည်။
ဗိုက်ထဲက‌ ကလေးရှိလို့ပေါ့။မဟုတ်ရင် သေမှာ။ခဏအကြာတော့ ဂွမ်ဂျီနဲ့အတူတူပါလာသောလုံခြုံရေးတွေကဆွဲခေါ်သွားတော့သည်။သူကိုယ်တိုင်လဲ ဂွမ်ဂျီကိုအချက်ပြ‌လိုက်တော့ခေါင်းငြိမ့်ပြလာသည်။
လီဂျွန်ဝမ်း ဆွဲခေါ်ခံလိုက်ရပြီးနောက်မှာတော့ ကုမ္ပဏီအပြင်ဘက်ကိုဆွဲထုတ်ခံလိုက်ရသည်။
သေတောင်မကျေဘူး ကင်မ်ထယ်-
"အား!!!"
‌အနောက်ကနေဆံပင်ခပ်ပြင်းပြင်းဆွဲခံလိုက်ရတာမလို့ သူ‌ငယ်သံပါအောင်အော်မိသည်။
"နင်လား ငါ့ယောကျာ်းနဲ့ ဖောက်ပြန်တာ"
"ဟုတ်တယ် ဟုတ်တယ် အဲ့အကောင်ပဲ"
"အခြောက်ကောင်ပေါ့!!ဖင်ခံချင်နေတာ သူများလင်မယားကိုဖျက်စီးတာ"
ဖြောင်း!!
ဖြောင်း!!
ဖြောင်း!!
စွပ်စွဲသံတစ်ချို့နဲ့အတူ သူ့ပါးတွေ အချက်ရေများစွာရိုက်ခံရပြီး ဆံပင်တွေလဲဆောင့်ဆွဲခံရလွန်းလို့ ကျိန်းစက်နေလေသည်။
"မဟုတ်ဘူး!!မဟုတ်ဘူး ဘာတွေပြောနေတာလဲ"
လမ်းမအလယ်မှာ အနိုင်ကျင့်ခံနေတာကို မကူညီကြတဲ့အပြင်ရွံရှာသောပုံစံနဲ့ပါ သူအကြည့်ခံနေရသည်။
"ဒီမှာကြည့်ကြပါ!!အဲ့ ယောကျာ်း-ာသည်က ကျွန်မယောကျာ်းနဲ့အိပ်ခဲ့တာပါ!!!"
အချုပ်ခံထားရကာ ရိုက်နှက်မှုတွေကြောင့်လဲ သူအားမရှ်ိသူနှယ်။ဒါပေမဲ့ သနားမဲ့သူမရှိတဲ့ အပြင်ဖုန်းတွေနဲ့ပါဓာတ်ပုံရိုက်နေကြသည်။
သွားပြီ..သူ့ဘဝရဲ့ ဂုဏ်သိက္ခာတွေတော့ရေစုန်မြောခဲ့ပြီ.....။
.....
"မယားကြီးများနဲ့ လင်ငယ်တစ်ယောက်ဆိုတဲ့ videoကအင်တာနက်စာမျက်နှာပေါ်တွင် လူပြောများခေတ်စားနေခဲ့ပါတယ်။videoထဲမှာတွေ့မြင်ရတဲ့အတိုင်း ကောင်လေးတစ်ယောက်ကို မိန်းမကြီးတွေ ရိုက်နှက်နေကြတဲ့ မြင်ကွင်းက တမြန်နေ့ ညနေ သုံးနာရီမှာဖြစ်ပွားခဲ့ပြီး SNSပေါ်တွင် video ရှုထောင့်အမျိုးမျိုးနဲ့ တင်ခဲ့ကြပါတယ်။ထိုvideoကိုကြည့်ရှုသူအများပြား သန်း နှစ်ဆယ်ကျော်က ကြည့်ရှုခဲ့ကြောင်းလဲသိရပါတယ်"
"ကျစ်! ကျက်သရေတုံးလိုက်တာ"
TV စခရင်အားပိတ်ကာပြောလာတဲ့ ထမင်းလုံးလေး။မသိရင်သူမလုပ်ခဲ့သလိုလိုဘာလိုလိုနဲ့..။
"မောင် တကယ်မထင်ခဲ့ဘူး ထမင်းလုံးလေး ဒီလိုလုပ်တတ်မှန်း"
"မထင်နဲ့ပေါ့ ကျွန်တော်ဟာ စိတ်ကောင်းရှိပါတယ်ဆိုပြီး ဂျိုပေါ်မှာရေးထားတာလဲမဟုတ်ဘူး  ကိုယ့်အပိုင်ကိုမထိသရွေ့ ငြိမ်ငြိမ်ပဲနေမှာ လောကမှာ..ဘယ်သူကများ အမြဲစိတ်ကောင်းထားနိုင်လို့လဲ..."
"ဟုတ်လား ဒါဆို မောင်က ထမင်းလုံး အပိုင်ပေါ့"
"ဘာလဲ မဟုတ်ဘူးလား"
မကျေနပ်သလိုကြည့်လာတာမလို့ ထမင်းလုံးလေးပါးအားဆွဲကာ
"ဒါပေါ့ မောင်ကထမင်းလုံးအပိုင် ထမင်းလုံးလေးက မောင့်အပိုင် သေချာအောင် တံဆိပ်ခတ်ကြမလား"
"ဟမ် -"
ထမင်လုံးလေးရဲ့ နှုတ်ခမ်းကိုဆွဲယူကာနမ်းလိုက်တော့ ဖြေးဖြေးချင်း တုံ့ပြန်လာသည်။
အောက်နှုတ်ခမ်းကိုဆွဲစုပ်လိုက်တော့သူ့အပေါ်နှုတ်ခမ်းကို နမ်းရှိုက်လာတာမို့ ဂျောင်ကု ဒီတစ်ခါ ဗိုက်မယားပဲရင်ဘက်ထဲကယားလာသည်။
နမ်းပြီးရင် နမ်းချင်လာတာမလို့ ဂျောင်ကုပိုတိုးနမ်းမယ်ပြင်တော့ခေါင်းအနောက်ဆုတ်ကာ
"အိပ်ချင်ပြီ"
"အင်းပါ ဟုတ်ပါပြီ...ကဲပါ ထ အိပ်ကြတော့မယ်"
သူ ထူပေးလိုက်တော့ နှစ်ယောက်အတူတူ။ရေချိုးခန်းထဲဝင်ကာ ခြေထောက်တွေပါဆေး သွားတိုက်လိုက်သည်။ထိုနောက် ပြန်ထွက်လာတော့ ပုံပြင်စာအုပ်နဲ့စောင့်နေသောယောင်းယောင်း....။
"ဖေဖေ ယောင်းယောင်း ကို ပုံပြင်ဖတ်ပြ"
သူ့ဗိုက်လုံးလုံးလေးကိုဖက်ကာ ပြောလာတာကြောင့် ထယ်ယောင်းလဲပြုံးလိုက်ကာ သုံးယောက်သား ကုတင်ပေါ်တက်ခဲ့ကြသည်။
"ဖေဖေ ယောင်းယောင်း ကလေးလေးနဲ့ အိပ်မယ်"
ဂျောင်ကုခရီးသွားတုန်းက ထယ်ယောင်းလုပ်ပေးသလို ဗိုက်နားမှာ ခေါင်းအုံးခံကာ အိပ်စေသည်။အခုလဲ ထိုသို့အိပ်ချင်တယ်ပြောတာကြောင့် ထယ်ယောင်းလဲ ကလေးအားသေချားလေပြင်ပေးတော့ သူ့ဆီခေါင်းအုံးပေးလာသောဂျောင်ကု...။
"မောင်လဲ အိပ်ချင်တယ် အဲ့လို"
"မောင်က ကလေးလား"
"‌ထမင်းလုံးလေးရဲ့ ကလေးလေး"
ဘာမှဆက်မပြောချင်တာမလို့ လက်မြှောက်အရှုံးပေးကာပင် ယောင်းယောင်းကိုလုပ်ပေးသလိုလုပ်ပေးလိုက်သည်။
ဘယ်တစ်ဖက် ညာတစ်ဖက်နဲ့ ထယ်ယောင်းက အလယ်မှာ ခေါင်းအုံးကိုမှီလျက်....။
"ဟိုးရှေးရှေးတုန်း....."
ပုံပြင်တွေရဲ့ အစတွေချီလိုက်ပြီး ဖြေးဖြေးချင်းပုံပြောပြရင်း သူလဲ‌တဖြေးဖြေးအိပ်ငိုက်လာသည်။ယောင်းယောင်းက မျက်လုံးတွေမငြိမ်သေးတာမလို့ သူ အဆုံးထိဆက်ပြောလိုက်သည်။
ပုံပြင်လဲဆုံးရောသူကြည့်လိုက်တော့ မောင်ရောယောင်းယောင်းရောက သူ့ဗိုက်ပေါ်မှာ အိပ်ပျော်နေလေသည်။
သူလဲ အိပ်ချင်နေပြီဖြစ်တာမလို့ သူတို့ကိုဒီအတိုင်းပဲထားကာ ထယ်ယောင်းလဲ ဖြစ်သလိုအိပ်ဖို့ပြင်လိုက်သည်။
Good Nightပါ ကျွန်တော့်ရဲ့ကလေးလေးနှစ်ယောက်....။
ညလေအေးပေမဲ့ထယ်ယောင်းရင်ထဲနွေးထွေးနေခဲ့သည်။
10 months before divorce
လီဂျွန်ဝမ်းအတွက်သာဓုခေါ်မယ် ကဲလိုက်ဆို..
ရောက်ရာဘုံဘဝငရဲလားပါစေ သာဓု သာဓု သာဓု🙏
အား​ပေးဖတ်​ရှုမှု​ကျေးဇူးအများကြီးတင်​ပါတယ်💜💜💜
.......
(Zawgyi)
"......"
"အဲ့ဒါနဲ့ပဲ မင်းနဲ့သူ-!!"
".... မလုပ်နဲ့"
"ဟမ်"
"ဟာ ထမင်းလုံးလေးကလဲ"
"မ ခေါ် ဘူး"
"မောင်!!!!"
"အဟား..."
"မောင်.."
"ဗျာ.."
"အင်း ဟုတ်တယ်"
"‌မလျော်နဲ့"
"ဟမ်"
"??"
.....
"မင်း!!"
"ပြန်တာ ကောင်းမယ် "
"အား!!!"
ဖြောင်း!!
ဖြောင်း!!
ဖြောင်း!!
.....
"ဘာလဲ မဟုတ်ဘူးလား"
"ဟမ် -"
"အိပ်ချင်ပြီ"
"မောင်က ကလေးလား"
"ဟိုးရှေးရှေးတုန်း....."
Continue Reading
You'll Also Like
367K 37.4K 42
Inspire to "Boys Over Flowers" series. "แ€žแ€ฐแ€แ€ญแ€ฏแ€ทแ€€ แ€”แ€แ€บแ€†แ€ญแ€ฏแ€ธ แ„ แ€•แ€ซแ€ธแ€œแ€ญแ€ฏแ€ทแ€”แ€ฌแ€™แ€Šแ€บแ€€แ€ผแ€ฎแ€ธแ€แ€šแ€บ... แ€’แ€ซแ€•แ€ฑแ€™แ€šแ€บแ€ทแ€œแ€ฐแ€แ€ฝแ€ฑแ€€แ€žแ€ฐแ€แ€ญแ€ฏแ€ทแ€€แ€ญแ€ฏ แ€€แ€ญแ€ฏแ€ธแ€€แ€ฝแ€šแ€บแ€€แ€ผแ€แ€šแ€บ" Main OTP= Taekook Start date...
29.7K 4.6K 34
"แž แž„แŸ’แžŸแž˜แŸ‚แž“แž‘แŸ?โ€‹แžแŸ’แžšแžนแž˜แžแŸ‚แž˜แžฝแž™แž”แŸ‰แž”แŸ’แžšแžทแž…แž—แŸ’แž“แŸ‚แž€แž™แžพแž„แž“แžนแž„แž’แŸ’แžœแžพแžขแŸ„แž™แž แž„แŸ’แžŸแž˜แžฝแž™แž“แŸ„แŸ‡แž”แžถแž€แŸ‹แžŸแŸ’แž›แžถแž” แž แžพแž™แž แž„แŸ’แžŸแžŠแŸแžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž“แŸ„แŸ‡แžแŸ’แžšแžผแžœแžŸแŸ’แžแžทแžแž€แŸ’แž“แžปแž„แž€แž˜แŸ’แž˜แžŸแžทแž‘แŸ’แž’แž™แžพแž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹"แž‡แžปแž„แž แŸ’แž‚แžปแž€ "แž™แžพแž„แžŠแžนแž„แž–แžธแžขแŸ’แžœแžธแž‘...
80.7K 20.1K 62
๐Ÿ’šโค เถดเท™เถปเท€เถฏเถฑเทŠ เถšเท”เถธเถšเถงเถฏ...... เถดเทƒเท” เท€เถฏเถฑเท’เถฑเทŠ เถธเท”เถซเถœเทเทƒเท™เถฑ เถญเท”เถปเท”.......โค๐Ÿ’š ๐Ÿ†ƒ๏ธŽ๐Ÿ…ท๏ธŽ๐Ÿ…ด๏ธŽ ๐Ÿ…ธ๏ธŽ๐Ÿ…ฝ๏ธŽ๐Ÿ…ต๏ธŽ๐Ÿ…ธ๏ธŽ๐Ÿ…ฝ๏ธŽ๐Ÿ…ธ๏ธŽ๐Ÿ†ƒ๏ธŽ๐Ÿ†ˆ๏ธŽ...........โค๏ธโ€๐Ÿ”ฅโค๏ธโ€๐Ÿ”ฅ
93.9K 10.4K 18
Collaboration with JeonYiMon ๐Ÿ’œ