(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《131》

8.2K 1.4K 14
By Xiao_Yiii

Unicode

အခန်း(၁၃၁) - သွားတော့မယ်

"မဟုတ်တာ ဘာလို့အဲ့ဒီလိုပြောရတာလဲ သခင်လေးရယ်?" လုဖုန်းယွီက ပြောသည်။

"အတွင်းရေးမှူးကျောင်းနဲ့ ကျွန်တော်က မိတ်ဆွေတွေပါ, သူ့ကို အဲ့ဒီ လူယုတ်မာတွေ ခေါ်သွားမှာကို ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူးလေ, ကူညီဖို့က ကျွန်တော့်တာဝန်ပါပဲ ကျေးဇူးတင်စရာ မလိုပါဘူး"

ကျင်းယွမ်က လုဖုန်းယွီအား ကြည့်ပြီး မေးလိုက်သည်.

"လုဖုန်းယွီဆိုတော့ ဖုန်းယွမ်ကုမ္မဏီရဲ့ ဆက်ခံသူလား?"

"ကုမ္မဏီ သေးသေးလေးပါပဲ ထည့်ပြောဖို့တောင် မရှိပါဘူးဗျာ" တစ်ဖက်လူက အနေခက် ရှက်ရွံ့နေဟန်ဖြင့် တုန့်ပြန်သည်။

"Mr လုက အရည်အချင်းရှိပြီး စွမ်းဆောင်နိုင်စွမ်းလည်း ရှိပါတယ်, ကျွန်တော်တို့တွေ အနာဂတ်မှာ အတူတူ အလုပ်လုပ်နိုင်ဖို့ အခွင့်အရေးရှိလာဖို့ပဲ မျှော်လင့်မိပါတယ်" ကျင်းယွမ်က ပြောလိုက်ပြီး လုဖုန်းယွီက ပြန်ဖြေဖို့ ပြင်နေတာကိုမြင်တော့ စကားဆက်၏။

"အဲ့ဒါက ဒီနေ့ဖြစ်ရပ်နဲ့ သက်ဆိုင်မှု မရှိပါဘူး ဒီအတိုင်း စီးပွားရေး သဘောတူညီချက် တစ်ခုပါပဲ, ကျွန်တော်လည်း ခင်ဗျားတို့ ကုမ္မဏီရဲ့ အလားအလာကို သဘောကျနေတာ, ခင်ဗျားတို့ကုမ္မဏီနဲ့ မကြာခင် စာချုပ် ချုပ်ဆိုဖို့တောင် စဉ်းစားထားသေးတယ်, ကံတရားက ကျွန်တော်တို့ဘက်မှာ ရှိနေမယ်လို့မထင်ထားမထင်ထားမိတာ တစ်ခုပါပဲ"

ထိုအချိန်မှာတော့ဖုန်းယွီအနေနဲ့ "အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Mr မု" ဟုပြောရုံသာ ရှိတော့သည်ပင်။

ကျင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။

"ကျောင်းဟွာက မူးနေတာဆိုတော့ ကျွန်တော်တို့သူ့ကို အိမ်အရင် ပြန်ခေါ်သွားလိုက်ဦးမယ်, နောက်ရက်မှ ပူးပေါင်းမှုအတွက် ချန်းဟုန်ကတစ်ဆင့် ဆက်သွယ်လိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ" ဖုန်းယွီက အလျင်စလို ခေါင်းညိတ်ပြမိ၏။

"နောက်ရက်မှ တွေ့ကြတာပေါ့ ခင်ဗျာ"

တစ်ဖက်မှ စကားပြောဆိုမှုသည်လည်း ရိဟန်က ကျူရွှင်းအား "နောက်မှဆက်သွယ်လိုက်မယ်နော်" ဆိုတာနဲ့ အဆုံးသတ်သွားလေပြီ။

ဘားသမားလေးက မလိုပါဘူးဟု ပြောချင်သော်လည်း ရိဟန်နဲ့ ကျင်းယွမ်တို့က ကျောင်းဟွာနဲ့အတူ ထွက်ခွာသွားပြီဖြစ်၏။ သူတို့သွားနေရင်း အဖမ်းခံထားရတဲ့ လူနဲ့ မနှစ်မြို့စရာ အလုပ်ကို လုပ်ခဲ့တဲ့သူများကို ကျော်ဖြတ်တဲ့အချိန်မှာ နှစ်ယောက်သားက ခဏတာ ရပ်တန့်လိုက်ကြသည်။

"ဒီလူတွေကို ခင်ဗျားနဲ့ လွှဲခဲ့လိုက်မယ်နော်" ရိဟန်က ချန်ဖုန်းအား ပြောလိုက်သည်။

"စိတ်မပူပါနဲ့, sir,"

သက်တော်စောင့် ဖြစ်သူက ပြန်ဖြေ၏။

ရိဟန်က နှုတ်ဆက်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးကျောင်းဟွာအား ကျင်းယွမ်နဲ့အတူ တွဲခေါ်ကာ ဘားထဲကနေ ထွက်ခွာသွားတော့လေသည်။

သူတို့တံခါးကနေ ဖြတ်ထွက်လာတဲ့အချိန် ကျင်းယွမ်က ရုတ်တရက် ရပ်တန့်သွားပြီး လမ်းပေါ်က တစ်နေရာကို လှမ်းကြည့်လိုက်သည်။ ရိဟန်က သူ့အကြည့်နောက်သို့ လိုက်ရန် ခေါင်းလေးစောင်း ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်ရပေ။

"ဘာလို့လဲ?" ရိဟန်က ခေါင်းပြန်လှည့်ပြီး မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး, ကိုယ်တစ်ခုခု မြင်လိုက်တယ် ထင်လို့" ကျင်းယွမ်က ပြန်ဖြေသည်။

ရိဟန်က ခေါင်းသာ ညိတ်ပြလိုက်တော့သည်။ ထို့နောက် နှစ်ယောက်သား ကျောင်းဟွာအား သူတို့ကားနောက်ခန်းထဲ ထည့်ပေးလိုက်သည်။ ရိဟန်ကတော့ ကားမောင်းနေတဲ့အချိန် ထိုအမူးသမားလေး ပြတင်းပေါက်မှန်နဲ့ ခေါင်းမရိုက်မိစေရန် ကျောင်းဟွာ၏ ခေါင်းအား ထိန်းပေးနိုင်ဖို့ အနောက်ခန်းထဲသို့ ဝင်လိုက်လေသည်။

"ကိုယ်တို့ ပိုင်မိသားစု အိမ်ကိုပဲ ပြန်ကြမလား?" ကျင်းယွမ်က ကားမောင်းသမား ထိုင်ခုံကို ဝင်ထိုင်ရင်း မေးလာသည်။

ရိဟန်က ခဏလောက် စဉ်းစားလိုက်ပြီးမှ ကျောင်းဟွာအား ငုံ့ကြည့်လိုက်ပြီး ထိုလူအားနှိုးရန် အနည်းငယ် တွန်းလိုက်သည်။ ကျောင်းဟွာ၏ မျက်လုံးများ ပွင့်ဟလာတာကိုမြင်တော့ သူက မေးလိုက်၏။

"ကျောင်းကော, အိမ်ပြန်ချင်လား ဒါမှမဟုတ် ပိုင်မိသားစု အိမ်ကိုပဲ သွားမလား?"

ဘာမေးနေတာလဲ နားလည်နိုင်ရန် ကျောင်းဟွာက အချိန်အနည်းငယ်လောက် ယူလိုက်ရသည်။ ထိုလူက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြန်ပြောလာသည်။

"ငါ ပိုင်မိသားစု အိမ်ကို မသွားချင်ဘူး, အိမ်ပဲပြန်ချင်တယ်"

"ကောင်းပြီ" ရိဟန်က ချော့ပြောသည်။

"ကျွန်တော်တို့ အိမ်ပြန်မယ်နော်"

"သူ့အိမ် ဘယ်မှာလဲသိလား?" ကျင်းယွမ်ကမေးသည်.။

ရိဟန်ကသူ့အား လိပ်စာပေးလိုက်ပြီး ဆက်ပြော၏။

"သူပြောင်းလာတာ မကြာသေးဘူး, အချိန်ရရင် သူ့အိမ်အသစ်ကို လာကြည့်ဖို့ တောင်းဆိုထားပေမယ့် အခုချိန်ထိ မရောက်ဘူးသေးဘူး"

ကျင်းယွမ်က နားလည်ကြောင်း ခေါင်းညိတ်ပြကာ ကားစက်နှိုးလိုက်သည်။ ထို့နောက် ယာဉ်သည် လမ်းပေါ်ရှိ ကားများကြားထဲသို့ ချောမွေ့စွာဝင်ရောက်သွားတော့လေသည်။ သွားနေဆဲလမ်းမှာ ကျင်းယွမ်က နောက်ကြည့်မှန်ကနေ တစ်ဆင့် ခိုးခိုးကြည့်လေသည်။ သူနဲ့ အကြည့်ချင်း ဆုံမိတိုင်း သူ့နှုတ်ခမ်းက အပြုံးတစ်ခု အဖြစ် ကွေးညွှတ်သွားလိမ့်မည်သာ။

မကြာခင်ပဲ ကျောင်းဟွာအိမ်သို့ ရောက်လာသည်။ ရိဟန်က ခဏတာ ရှာဖွေ မွှေနှောက်ပြီးနောက်မှာတော့ အမူးသမားလေး၏ အိတ်ကပ်ထဲကနေ အိမ်သော့ကို ရှာတွေ့သွားသည်။ ကျင်းယွမ်က ကျောင်းဟွာအား အဆောက်အဦးထဲ ထည့်ပေးနေတဲ့အချိန် ရိဟန်ကတော့ သူတို့နောက်က တံခါးကို ပိတ်လိုက်ပြီး မီးခလုတ် လိုက်ရှာရသည်။ မီးဖွင့်ပြီးတဲ့အချိန်မှာ ကျင်းယွမ်က ထိုလူအား ဧည့်ခန်းရှိ ဆိုဖာကျယ်ဆီသို့ ရွှေ့လိုက်သည်။

ထို့နောက် နှစ်ယောက်သား တိုက်ခန်းတစ်ဝိုက်ကို အကျဉ်းချုံးကြည့်ကြသည်။ ၎င်းသည် စတုရန်းမီတာတစ်ရာကျော်ရှိသည်။ အိပ်ခန်းနှစ်ခန်းနှင့် စာကြည့်ခန်းတစ်ခန်းရှိပြီး မီးဖိုချောင်မှာတော့ လိုအပ်တာမှန်သမျှ ရှိနေသည်။ ပိုင်ရှင်က မကြာခဏ ချက်သည့်ပုံပင်။ ရေချိုးခန်းကတော့ အိပ်ခန်းများကြားတွင် ထားထားသည်။

 တိုက်ခန်းတစ်ခုလုံးက နွေးထွေးသည့် အရောင်များဖြင့် လွှမ်းခြုံထား၏။ နေရာတစ်ခုလုံးက သန့်ရှင်းသပ်ရပ်လှပြီး အိမ်ဆိုတဲ့ နာမည်နှင့် လိုက်လျောညီထွေရှိလှတာကြောင့် လူပျိုကြီး တစ်ယောက်ပိုင်ဆိုင်သည်နှင့်ပင် မတူပေ။ ရိဟန်သည် ကျောင်းဟွာက သာမာန်လူများထက် ပိုပြီးတော့ပင်  မိသားစုတစ်ခုကို ပိုမိုလိုလားကြောင်း သိထားသည်။

ဒီတိုက်ခန်းရဲ့ အပြင်အဆင်က သူ့ကိုယ်သူ သက်တောင့်သက်သာရှိစေမယ့် နည်းလမ်းတစ်ခုများလား?

ရိဟန်က ရေချိုးခန်းထဲဝင်သွားပြီး မျက်နှာသုတ်ပုဝါတစ်ထည်ယူပြီး ရေနွေးနဲ့စိမ်လိုက်သည်။ ထို့နောက် သူက ခြောက်အောင်ညှစ်လိုက်ပြီး ကျင်းယွမ်ကို ကမ်းပေးကာ ထိုလူကြီးအား ကျောင်းဟွာရဲ့ မျက်နှာကို သုတ်ခိုင်းလိုက်လေသည်။ လူငယ်လေးကတော့ မီးဖိုချောင်ထဲ ဝင်သွားသည်။ အထဲမှာ ပျားရည်တစ်ချို့ကို ရှာတွေ့သောအခါ ရိဟန်က ကျောင်းဟွာအတွက် ရေနွေးနွေးလေးနဲ့ ဖျောပေးလိုက်သည်။

ထိုလူကို သုတ်သင်ပေးပြီး ပျားရည်တစ်ချို့ တိုက်ပြီးနောက် နှစ်ယောက်သား လက်ချင်းတွဲ၍ အိပ်ခန်းထဲ ဝင်သွားကြကာ ဗီဒိုထဲမှာ တွေ့သည့် ညအိပ်ဝတ်စုံကို လဲဝတ်ပေးလိုက်ပြီး အိပ်ယာပေါ် တင်ပေးလိုက်လေသည်။ 

ဒီမှာ ရှိနေတဲ့လူတိုင်းက gay တွေကြီးပဲ။ ဒီလူကို ရေချိုးပေးဖို့အထိတော့ သိပ်မသင့်တော်ဘူးလေ။ ဒါက သူတို့နှစ်ယောက် လုပ်နိုင်တာ အကုန်ပဲ

ညလယ်လောက် ထိုလူ နိုးလာပြီး ဂရုစိုက်မှု လိုအပ်မှာ စိုးရိမ်တာကြောင့် ရိဟန်က တစ်ညနေဖို့ ဆုံးဖြတ်လိုက်သည်။ မနက်ပိုင်း သူနိုးလာမှ အိမ်ပြန်မယ်လေ။ သဘာဝ ကျလှစွာပါပဲ ကျင်းယွမ်ကလည်း ရိဟန်ကို ဂရုစိုက်ပေးဖို့ နောက်ချန်နေခဲ့တာပေါ့

ရိဟန်က ကျောင်းဟွာအား စောင်ခြုံပေးပြီးနောက် အခန်းထဲက ထွက်ပြီး တံခါးပိတ်ပေးလိုက်သည်။ သူက ဆိုဖာပေါ်မှာ ထိုင်ချလိုက်လေသည်။ ပရမ်းပတာနဲ့ ပျာယာခတ်နေခဲ့တာကြီးက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။ ထိုအချိန်မှသာ ရိဟန်သည် ဖြစ်ပျက်သွားသည့်အရာအတွက် သူ့ရင်ထဲတွင် ကြောက်ရွံ့မှု တိုးလာသလို ခံစားလိုက်ရသည်။ သူ့ခေါင်းကို လက်နဲ့ အုပ်ကိုင်လိုက်မိပြီး သက်ပြင်းရှည်ကြီး ချကာ အိပ်ခန်းတံခါးကို တစ်ချက်ကြည့်လိုက်မိသည်။

"ငါနားမလည်ဘူး" ရိဟန်က အသံတိုးတိုးလေးနဲ့ ပြောလာသည်.

"ကျောင်းဟွာက အပြင်သွားပြီး ပါတီတွေ တက်တဲ့သူမျိုးမဟုတ်ဘူး, ဘာလို့သူက Dusky Alley  လိုနေရမျိုးကို တစ်ယောက်တည်း သွားရတာလဲ? ဘာလို့ ဒီလောက်မူးရူးနေအောင် သောက်ထားရတာလဲ? အကယ်၍ ဟို ဘားသမားလေးသာ ငါ့ကို ဖုန်းမခေါ်ခဲ့ဘူးဆိုရင် သူ့ဆီမှာ ဖြစ်သွားမယ့် ကိစ္စတွေက.....စဉ်းတောင် မစဉ်းစားနိုင်တော့ဘူး!"

ဒီနေ့ ဖြစ်ပျက်ခဲ့သည့် အရာများက သူဆေးခတ်ခံရပြီး ကလပ်ထဲ ပစ်ချခံခဲ့ရသည့် ညအား ပြန်သတိရမိစေသည်။ ထိုအိမ်မက်ဆိုးကြီးက သူ့ကိုဖျတ်ဆီးပစ်ခဲ့တာ။ အဲ့ဒီကိစ္စမျိုးက ကျောင်းဟွာဆီမှာပါ ဖြစ်ပျက်လုနီးပါး ဖြစ်ခဲ့တယ်ဆိုတဲ့ အတွေးက ရိဟန်ကို တစ်ခြားအရာတွေထက် ပိုပြီး တုန်လှုပ်စေခဲ့သည်လေ။ အဲ့ဒီ အမှိုက်ကောင်တွေကို တစ်ယောက်ချင်းဆီ အပိုင်းပိုင်း ဖြတ်ပစ်ဖို့အတွက် သူဘယ်လောက်တောင် ဆန္ဒရှိမိလဲလို့!

"ကျောင်းဟွာက အမြဲတမ်း ရင့်ကျက်တဲ့ သူတစ်ယောက်ပါ" ကျင်းယွမ်က ပြန်ပြောရင်း သူ့ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ချစ်သူလေးအား ပွေ့ဖက်လိုက်သည်။

"ဒီလိုနည်းလမ်းမျိုးကို အသုံးချပြီး သူ့ရဲ့ စိတ်ရှုပ်ထွေးမှုကို ဖြေဖျောက်ရလောက်တဲ့အထိ တစ်စုံတစ်ခု ဖြစ်ပျက်သွားတာ ဖြစ်လိမ့်မယ်, ဒါပေမဲ့ ကိုယ်တို့အနေနဲ့ သူနိုးလာတဲ့အထိ စောင့်ရုံပဲရှိတယ်, ပြီးတော့မှ သူ့ကိုမေးမြန်းပြီး ကူညီနိုင်တာ ရှိလား ကြည့်ကြတာပေါ့ ဟုတ်ပြီလား? ဆူပုတ်နေတာကို ကြည့်စမ်းပါဦး, စိတ်မပူနဲ့ ကိုယ်အဲ့ဒီ အပုတ်အသိုးကောင်တွေကို အချိန်ကောင်း မရှိစေရဘူး"

ထို့နောက် ကျင်းယွမ်က ရိဟန်အား အထက်အောက် စစ်ဆေးလိုက်ပြီး အငယ်လေး မထိခိုက်သွားတာ သေချာအောင် လုပ်လိုက်သည်။

"ငါအဆင်ပြေတယ်" ရိဟန်က ပြောသည်။

"မင်းငါ့ကို တစ်ချိန်လုံး ကာကွယ်ပေးထားတဲ့ဟာ, သူတို့ငါ့ကို လုံးဝ မထိနိုင်ကြဘူး, ဒါပေမဲ့ မင်းရော? မင်းထိသွားသေးလား?"

ကျင်းယွမ်က ရိဟန်ရဲ့ အကျီၤလေးကိုမပြီး တစ်ဖက်လူရဲ့ ရင်ဘက်နဲ့ကျောကုန်းမှာ ဒဏ်ရာမရတာ သေချာအောင် စေ့စေ့စပ်စပ် စစ်ဆေးပြီးမှသာ ရယ်မောရင်း ပြန်ဖြေသည်။

"သေချာပေါက် ကိုယ်အဆင်ပြေတာပေါ့, မင်းက ချင်ဖုန်းရဲ့ ပထမဆုရလောက်တဲ့ အရည်အချင်းကို တောက်လျှောက်ပြောနေတာ။ ဒီနေ့ ရန်ပွဲမှာကြတော့ ကိုယ့်ကို အာရုံမစိုက်ထားဘူးပေါ့လေ? ချန်ဖုန်းနဲ့ သူ့လူတွေ မရောက်လာခဲ့ရင်တောင် ကိုယ် အဲ့ဒီလူတွေကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ပါတယ်"

ထိုလူ စကားပြောနေတဲ့အချိန်မှာ ရိဟန်က ကျင်းယွမ်ရဲ့ အကျီၤကို မနေလက်စကြီးဖြစ်သည်။

"ဒါပေမ့ မင်းက အတော်ဆုံးပဲ" ရိဟန်က တစ်ခစ်ခစ်ရယ်မောမိသည်။ ကျင်းယွမ်ရဲ့ အနည်းငယ် ဆူပုတ်နေသည့် ပုံစံက သူ့ရဲ့ မွမ်းကျပ်နေသည့် ခံစားချက်များအား အဝေးသို့ လွင့်ပျယ်သွားစေသည်။ ရိဟန်က ကျင်းယွမ်အား ဂရုတစိုက် ကြည့်လိုက်သည်။ တကယ့်ကို ထိုလူ အဆင်ပြေသည်။ သူ့လက်ဆစ်တစ်လျှောက်မှာ ခြစ်ရာတစ်ချို့နဲ့ သူ့နောက်ကျောမှာ အညိုအမည်းတစ်ချို့ သာရှိသည်။ ဒါတွေက အပြင်းအထန်ကြီး မဟုတ်ပေ။

ရိဟန်က ထရပ်လိုက်ပြီး ဧည့်ခန်းထဲမှာ စတင်ရှာဖွေတော့၏။ TV စင်ရဲ့ အောက်မှာ first-aid kit ကို ရှာတွေပသောအခါ ကျင်းယွမ်ရဲ့ နောက်ကျောက ဒဏ်ရာများအတွက် spray ကို သုံးလိုက်ပြီး ထိုလူကြီး၏ ခြစ်ရာများအား ပလာစတာ ကပ်ပေးလိုက်သည်။

"ရပြီ" ကျင်းယွမ်က first-aid kit အား ရိဟန်ပြန်ထားပြီးသည်ကို မြင်သောအခါ သူ့ဘေးမှာ ထိုင်ဖို့ ဆွဲချလိုက်သည်။

"ထိုင်တော့, မင်းပင်ပန်းနေမှာပေါ့, ဧည့်သည်ခန်းထဲမှာ သွားနားလိုက်ရင်ရော? ကိုယ် ကျောင်းဟွာကို ကိုယ့်ဘာသာ ဂရုစိုက်နိုင်ပါတယ်"

ရိဟန်က ထိုလူကြီးအား မှီတွယ်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။

"ငါအဆင်ပြေပါတယ်" သူက ပြောသည်။

"မင်းတစ်ယောက်တည်း တစ်ညလုံး ထိုင်နေရမှာဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်လဲ, ငါတို့ အတူတူဆိုရင် အနည်းဆုံးတော့ စကားပြောလို့ရတာပေါ့"

ကျင်းယွမ်က ရိဟန်အား ပိုမိုလုံခြုံသည့် ပုံစံမျိုး ဖြစ်စေရန် သူ့လက်မောင်းများဖြင့် သိုင်းဖက်လိုက်ပြီး နှဖူးလေးကို နမ်းလိုက်သည်။

"ကောင်းပြီ, ဒီလူနဲ့ စကားစမြည် ပြောပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ပိုင်သခင်လေးခင်ဗျ"

"ပြဿနာမရှိပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ချစ်သူတွေလေ" ရိဟန်က အပြုံးလေးနဲ့ ပြန်ဖြေသည်။

အချစ်ငှက်နှစ်ကောင်က တစ်ယောက်နဲ့တစ်ယောက် ဖက်တွယ်ထားကြပြီး အသံတိုးတိုးနဲ့ စကားပြောနေကြသည်။ တစ်ယောက်ယောက်က ဟာသပြောလိုက်တာနဲ့ ရံဖန်ရံခါဆို နူးညံ့တဲ့ ရယ်သံလေးများကို ကြားနေရသည်။ နှစ်နာရီ ကြာပြီးနောက် နှစ်ယောက်သား စတင် ပင်ပန်းလာတဲ့အချိန်မှာ master bedroom ထဲကနေ ကျယ်လောင်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။

ရိဟန်က ဆတ်ခနဲ ထရပ်ပြီး အခန်းဆီသို့ ပြေးသွားသည်မှာ အခန်းထဲကနေ ထွက်လာသည့် ကျောင်းဟွာနဲ့ တိုက်မိလုနီးပါးပင်။ ပိုကြီးတဲ့ထိုလူက ခြေဗလာနဲ့ ဖြစ်နေပြီး လက်တစ်ဖက်က သူ့ပါးစပ်ကို အုပ်ထားသည်။ သူက ရိဟန်ကိုမြင်တော့ ခဏလောက် ထိတ်လန့်တကြား မျက်တောင်ခတ် ကြည့်လိုက်ပြီးနောက်မှာ ရေချိုးခန်းထဲကို တည့်တည့်ပြေး ဝင်သွားသည်။

ရိဟန်က သူ့နောက်ကနေ အလျင်စလို လိုက်ပါသွားလေသည်။ ထို့နောက် ကျင်းယွမ်နဲ့အတူ ကျောင်းဟွာရဲ့ နောက်ကျောလေးကို ပုတ်ပေးပြီး ပါးလုပ်ကျင်းရန်အတွက် ရေပေးလိုက်သည်။ နောက်ဆုံးတွင် အားလုံးပြီးစီးလို့ ထိုလူကို ရေချိုးခန်းထဲမှ ကယ်ထုတ်ပြီးသောအခါမှာ သူ့မျက်နှာက ဖြူဖျော့နေလေပြီ။ ချစ်သူနှစ်ဦးက သူ့ကို ဆိုဖာပေါ်တင်ပြီး ရေသောက်ဖို့ ဆက်ကူညီပေးကြသည်လေ။

ကျောင်းဟွာက ရေတစ်ကျိုက်လောက် သောက်ပြီးနောက် တစ်ဆစ်ဆစ် ကိုက်နေသည့် ခေါင်းအား နောက်မှီနဲ့ မှီထားလိုက်ရသည်။

"ရိဟန်, Mr မု, ဘယ်လိုဖြစ်လို့ ဒီရောက်နေကြတာလဲ?"

သူက အားလျော့စွာ မေးလိုက်ပြီး သူ့ခေါင်းကို လက်ဖြင့်ထုကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရင်း စကားဆက်သည်။

"အာ, ငါ့ကို အိမ်ပြန်လိုက်ပို့ထားတာလား?"

"ဘားသမားက အကို့ဖုန်းနဲ့ ကျွန်တော့်ကို ခေါ်လာတာ, ကျွန်တော်ပြောမယ် အကိုက Dusky Alley မှာ တော်တော်လေးကို အများကြီး သောက်ထားတာ, ကျွန်တော်နဲ့ ကျင်းယွမ်တို့က အကို့ကို ခေါ်ထုတ်လာတာလေ, ကျွန်တော်မှတ်မိသလောက် အကိုက တော်တော်လေး သောက်နိုင်ပါတယ်, တကယ်ပဲ ဘယ်လောက်တောင် သောက်လိုက်လို့ ဒီလိုမျိုး မူးသွားရတာလဲ?"

"ငါတောင်းပန်ပါတယ်" ကျောင်းဟွာက တောင်းပန်စကားပြောလာသည်။

"မင်းတို့နှစ်ယောက်ကို ညလယ်ခေါင်ကြီး ဒုက္ခပေးမိပြီ"

ထို့နောက် လက်တစ်ဖက်က သူ့ဝမ်းဗိုက်အားပွတ်လိုက်ပြီး တစ်ခြားတစ်ဖက်က ဆိုဖာလက်ရမ်းအား ကိုင်ကာ သူ့ကိုယ်သူ ထူမလိုက်သည်။

ရိဟန်က ထိုလူအား အလျင်စလို ပြန်ဖိချ၏။

"အကိုက မတ်မတ်တောင် မရပ်နိုင်သေးပဲနဲ့, ဘာထလုပ်တာလဲ?" ထို့နောက်သူက ကျောင်းဟွာရဲ့ ဗိုက်ပေါ်က လက်အား တစ်ချက်ကြည့်လိုက်သည်။

"အစာအိမ်လား?"

"ဟုတ်တယ်, ငါဆေးသွားယူသောက်မလို့" ကျောင်းဟွာက ပြန်ဖြေသည်။

ရိဟန်က TV စင်အောက်က first-aid kit ကို သွားယူလိုက်သည်။ ထို့နောက် သူလိုချင်တာကို စေ့စေ့စပ်စပ် ရှာဖွေရင်း ခပ်သောသောလေး ရယ်မောမိသည်။

"အကိုအိပ်ပျော်နေတုန်း အကို့တစ်အိမ်လုံးကို ကျွန်တော်သိနေပြီ"

ခေါင်းတစ်ခုလုံး တစ်ဒိန်းဒိန်း ဖြစ်နေသော်လည်း ကျောင်းဟွာက ပြန်ပြုံးပြရှာသည်။

"ငါကမင်းကို လိုက်ပြရမှာ, အဲ့ဒါကို မင်းဘာသာ လိုက်ပြီး ကြည့်လိုက်ရတာ ငါ့အပြစ်ပါ"

"ဟုတ်တယ်" ရိဟန်က ဒေါသထွက်ချင်ယောင်ဆောင်သည်။

"အဲ့ဒါကြောင့် အကိုကျွန်တော့်ကို ပြန်ပေးဆပ်ရမယ်"

ထိုအချိန်မှာပဲ အစာအိမ်ဆေးဘူးကို ရှာတွေ့သွားတာကြောင့် နောက်ကျောက လမ်းညွှန်ချက်များအား ဖတ်လိုက်သည်။

"ကောင်းပြီလေ" ကျောင်းဟွာက နူးညံ့စွာ ပြန်ဖြေလာ၏။

"မင်းဘာအလိုရှိလဲ?"

ရိဟန်က ကျောင်းဟွာအား ဆေးနှစ်လုံး ကမ်းပေးလိုက်ပြီး ထိုလူ ရေနဲ့သောက်လိုက်သည်ကို ကြည့်ပြီးမှ တုန့်ပြန်၏။

"ဒါဆို Dusky Alley ကို ဘာလို့ တစ်ယောက်တည်း သွားတာလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်လား? ဘာလို့ဒီလောက် မူးသွားရတာလဲ? အဲ့ဒါက ဘယ်လောက် အန္တာရယ်များလဲ သိရဲ့လား?"

ကျောင်းဟွာက သူ့နှုတ်ခမ်းကို ကိုက်ထားပြီး ဘာမှပြန်မပြောပေ။

ရိဟန်က first-aid kit အား ဘေးမှာထားလိုက်ပြီး အရင်ကထက် လေးနက်သည့် လေသံဖြင့် စကားဆက်သည်။

"ကျွန်တော့်ကို ညီလေးလို သဘောထားတယ်လို့ မပြောခဲ့ဘူးလား? ဒါဆို ကျွန်တော့်ကို ပြောပြလို့ မရတာက ဘာလဲ?"

"အဲ့ဒါက ပိုင်ယန်နဲ့ သက်ဆိုင်နေတာလား?" ကျင်းယွမ်က အသက်ရှုသွင်းရင်း ဝင်ပြောလာသည်။

ကျောင်းဟွာက ထိတ်လန့်သွားရှာ၏။ မရည်ရွယ်ပါပဲ ရိဟန်အား တစ်ချက်ကြည့်မိသည်။ လူငယ်လေးဆီကနေ ရှိသမျှ ဒေါသတရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ယုံကြည်ချက် မရှိခြင်းများသာ ကျန်ရစ်ခဲ့သည်။

"ကျွန်တော်သူ့ကို မပြောခဲ့ပါဘူး ကျောင်းကော" ရိဟန်က အနေခက်စွာဖြင့် သူ့မျက်နှာလေးအား ကုတ်ခြစ်ရင်း ပြန်ပြောလေသည်။

"ဒီလူရဲ့ မျက်လုံးက အရမ်း စူးရှလွန်းတာ, သူက သူ့ဘာသာသူ ခန့်မှန်းမိသွားတာရယ်, စိတ်မပူပါနဲ့ သူနဲ့ကျွန်တော်က တစ်စိတ်တည်းတစ်ဝမ်းတည်းပါပဲ"

ရိဟန်ရဲ့ စကားကိုကြားတော့ ကျောင်းဟွာမှ မနေနိုင်စွာပင် ရယ်မောမိပြီး ရိဟန်ရဲ့ ဆံပင်လေးအား ပုတ်ပေးရန် လက်မြှောက်လိုက်လေသည်။

ကျောင်းဟွာက သက်ပြင်းချလိုက်ပြီး ခါးသက်သက်ပြုံးသည်။

"မေ့လိုက်ပါတော့, အခုတော့ ဘာမှ အရေးမကြီးတော့ပါဘူး,Dusky Alley က ဘာလဲဆိုတာလည်း ငါမသိပါဘူးကွာ ဒီအတိုင်း ပထမဆုံး တွေ့တဲ့ ဘားကို ဝင်သွားလိုက်မိတာပဲ"

"ကျွန်တော်သိသားပဲ" ရိဟန်က ဒေါသတကြီးပြောသည်။

"အဲ့ဒီလိုဘားမျိုးကို သွားဖို့ အကို ဘယ်လိုများ သိနေမှာလဲ? ကျွန်တော့်ကိုပြော, ဘာတွေဖြစ်ခဲ့တာလဲ? အလုပ်ကိစ္စနဲ့ ညစာစားဖို့ လိုအပ်တဲ့အချိန်တွေကလွဲလို့ တခြားအချိန်မှာ အစ်ကို အရက်မသောက်ဘူးဆိုတာ ကျွန်တော်သိတယ်။"

"ငါ ချောင်းချုန်းကို ပြောင်းရတော့မယ် ရိဟန်" ကျောင်းဟွာက သူ့နှဖူးအား လက်ဖြင့် နှိပ်နယ်ရင်း ပြန်ဖြေလာသည်။

"ဘာလို့လဲ?" ရိဟန်မှာ အသက်ပြင်းပြင်း ရှုမိသွား၏။

"အဲ့ဒါ ကုမ္မဏီရဲ့ ဆုံးဖြတ်ချက်ပဲ" ကျောင်းဟွာက ပြန်ပြောသည်။

"ငါအဲ့ဒီက ရုံးခွဲကို ပြောင်းရွှေ့ရမှာ, Mr ပိုင်က ဒီနေ့ပဲ အစည်းအဝေးမှာ ကိုယ်တိုင် ကြေညာလိုက်တာ, စာရွက်စာတမ်းတွေအားလုံးက ပြီးသွားပြီ, မနက်ဖြန်ကစပြီး ငါ့အလုပ်တွေ အကုန်လုံးကို လက်လွှဲပေးရတော့မယ်, နှစ်ပတ်အတွင်း ငါထွက်သွားရမှာ, ငါ....ဘယ်တော့မှ ပြန်မလာရတော့တာ ဖြစ်နိုင်တယ်"

ရိဟန်က အံ့အားသင့်သွားရသည်။

"ကျွန်တော့်အကိုက ပြောခဲ့တာပေါ့လေ?" သူက အချိန်အတော်လေး ကြာပြီးနောက်မှသာ ပြန်ပြောနိုင်တော့သည်။

"တကယ်ပဲ သူဘာတွေ စဉ်းစားနေတာလဲ?"

ကျောင်းဟွာက သူ့ကိုယ်သူ လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်သည်။

"ငါ့ခံစားချက်တွေကို သိသွားလို့ ငါ့ကို သူနဲ့အဝေးဆုံးဆီ ပြောင်းရွှေ့ပစ်လိုက်ချင်တာဖြစ်မှာပေါ့"

25.4.2022

==============
Zawgyi

အခန္း(၁၃၁) - သြားေတာ့မယ္

"မဟုတ္တာ ဘာလို႔အဲ့ဒီလိုေျပာရတာလဲ သခင္ေလးရယ္?" လုဖုန္းယြီက ေျပာသည္။

"အတြင္းေရးမွဴးေက်ာင္းနဲ႔ က်ြန္ေတာ္က မိတ္ေဆြေတြပါ, သူ႔ကို အဲ့ဒီ လူယုတ္မာေတြ ေခၚသြားမွာကို ဒီအတိုင္း ရပ္ၾကည့္မေနနုိင္ဘူးေလ, ကူညီဖို႔က က်ြန္ေတာ့္တာဝန္ပါပဲ ေက်းဇူးတင္စရာ မလိုပါဘူး"

က်င္းယြမ္က လုဖုန္းယြီအား ၾကည့္ျပီး ေမးလုိက္သည္.

"လုဖုန္းယြီဆိုေတာ့ ဖုန္းယြမ္ကုမၼဏီရဲ႔ ဆက္ခံသူလား?"

"ကုမၼဏီ ေသးေသးေလးပါပဲ ထည့္ေျပာဖို႔ေတာင္ မရွိပါဘူးဗ်ာ" တစ္ဖက္လူက အေနခက္ ရွက္ရြံ႔ေနဟန္ျဖင့္ တုန္႔ျပန္သည္။

"Mr လုက အရည္အခ်င္းရွိျပီး စြမ္းေဆာင္နုိင္စြမ္းလည္း ရွိပါတယ္, က်ြန္ေတာ္တို႔ေတြ အနာဂတ္မွာ အတူတူ အလုပ္လုပ္နုိင္ဖို႔ အခြင့္အေရးရွိလာဖို႔ပဲ ေမ်ွာ္လင့္မိပါတယ္" က်င္းယြမ္က ေျပာလိုက္ျပီး လုဖုန္းယြီက ျပန္ေျဖဖို႔ ျပင္ေနတာကိုျမင္ေတာ့ စကားဆက္၏။

"အဲ့ဒါက ဒီေန႔ျဖစ္ရပ္နဲ႔ သက္ဆုိင္မွု မရွိပါဘူး ဒီအတိုင္း စီးပြားေရး သေဘာတူညီခ်က္ တစ္ခုပါပဲ, က်ြန္ေတာ္လည္း ခင္ဗ်ားတို႔ ကုမၼဏီရဲ႔ အလားအလာကို သေဘာက်ေနတာ, ခင္ဗ်ားတို႔ကုမၼဏီနဲ႔ မၾကာခင္ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ေတာင္ စဥ္းစားထားေသးတယ္, ကံတရားက က်ြန္ေတာ္တို႔ဘက္မွာ ရွိေနမယ္လို႔မထင္ထားမထင္ထားမိတာ တစ္ခုပါပဲ"

ထိုအခ်ိန္မွာေတာ့ဖုန္းယြီအေနနဲ႔ "အသိအမွတ္ျပဳေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ Mr မု" ဟုေျပာရံုသာ ရွိေတာ့သည္ပင္။

က်င္းယြမ္က ေခါင္းညိတ္ျပလိုက္သည္။

"ေက်ာင္းဟြာက မူးေနတာဆိုေတာ့ က်ြန္ေတာ္တို႔သူ႔ကို အိမ္အရင္ ျပန္ေခၚသြားလိုက္ဦးမယ္, ေနာက္ရက္မွ ပူးေပါင္းမွုအတြက္ ခ်န္းဟုန္ကတစ္ဆင့္ ဆက္သြယ္လုိက္ပါ့မယ္"

"ဟုတ္ကဲ့ပါ ဟုတ္ကဲ့ပါ" ဖုန္းယြီက အလ်င္စလို ေခါင္းညိတ္ျပမိ၏။

"ေနာက္ရက္မွ ေတြ႔ၾကတာေပါ့ ခင္ဗ်ာ"

တစ္ဖက္မွ စကားေျပာဆိုမွုသည္လည္း ရိဟန္က က်ဴရႊင္းအား "ေနာက္မွဆက္သြယ္လိုက္မယ္ေနာ္" ဆိုတာနဲ႔ အဆံုးသတ္သြားေလျပီ။

ဘားသမားေလးက မလိုပါဘူးဟု ေျပာခ်င္ေသာ္လည္း ရိဟန္နဲ႔ က်င္းယြမ္တို႔က ေက်ာင္းဟြာနဲ႔အတူ ထြက္ခြာသြားျပီျဖစ္၏။ သူတို႔သြားေနရင္း အဖမ္းခံထားရတဲ့ လူနဲ႔ မနွစ္ျမိဳ႔စရာ အလုပ္ကို လုပ္ခဲ့တဲ့သူမ်ားကို ေက်ာ္ျဖတ္တဲ့အခ်ိန္မွာ နွစ္ေယာက္သားက ခဏတာ ရပ္တန္႔လုိက္ၾကသည္။

"ဒီလူေတြကို ခင္ဗ်ားနဲ႔ လႊဲခဲ့လိုက္မယ္ေနာ္" ရိဟန္က ခ်န္ဖုန္းအား ေျပာလုိက္သည္။

"စိတ္မပူပါနဲ႔, sir,"

သက္ေတာ္ေစာင့္ ျဖစ္သူက ျပန္ေျဖ၏။

ရိဟန္က နွုတ္ဆက္သည့္ဟန္ျဖင့္ ေခါင္းညိတ္လိုက္ျပီးေက်ာင္းဟြာအား က်င္းယြမ္နဲ႔အတူ တြဲေခၚကာ ဘားထဲကေန ထြက္ခြာသြားေတာ့ေလသည္။

သူတို႔တံခါးကေန ျဖတ္ထြက္လာတဲ့အခ်ိန္ က်င္းယြမ္က ရုတ္တရက္ ရပ္တန္႔သြားျပီး လမ္းေပၚက တစ္ေနရာကို လွမ္းၾကည့္လုိက္သည္။ ရိဟန္က သူ႔အၾကည့္ေနာက္သို႔ လိုက္ရန္ ေခါင္းေလးေစာင္း ၾကည့္လိုက္ေသာ္လည္း ဘာကိုမွ မျမင္ရေပ။

"ဘာလုိ႔လဲ?" ရိဟန္က ေခါင္းျပန္လွည့္ျပီး ေမးလိုက္သည္။

"ဘာမွမဟုတ္ပါဘူး, ကိုယ္တစ္ခုခု ျမင္လုိက္တယ္ ထင္လို႔" က်င္းယြမ္က ျပန္ေျဖသည္။

ရိဟန္က ေခါင္းသာ ညိတ္ျပလိုက္ေတာ့သည္။ ထို႔ေနာက္ နွစ္ေယာက္သား ေက်ာင္းဟြာအား သူတို႔ကားေနာက္ခန္းထဲ ထည့္ေပးလိုက္သည္။ ရိဟန္ကေတာ့ ကားေမာင္းေနတဲ့အခ်ိန္ ထိုအမူးသမားေလး ျပတင္းေပါက္မွန္နဲ႔ ေခါင္းမရိုက္မိေစရန္ ေက်ာင္းဟြာ၏ ေခါင္းအား ထိန္းေပးနုိင္ဖို႔ အေနာက္ခန္းထဲသို႔ ဝင္လုိက္ေလသည္။

"ကိုယ္တို႔ ပိုင္မိသားစု အိမ္ကိုပဲ ျပန္ၾကမလား?" က်င္းယြမ္က ကားေမာင္းသမား ထိုင္ခံုကို ဝင္ထုိင္ရင္း ေမးလာသည္။

ရိဟန္က ခဏေလာက္ စဥ္းစားလိုက္ျပီးမွ ေက်ာင္းဟြာအား ငံု႔ၾကည့္လုိက္ျပီး ထိုလူအားနွိုးရန္ အနည္းငယ္ တြန္းလုိက္သည္။ ေက်ာင္းဟြာ၏ မ်က္လံုးမ်ား ပြင့္ဟလာတာကိုျမင္ေတာ့ သူက ေမးလုိက္၏။

"ေက်ာင္းေကာ, အိမ္ျပန္ခ်င္လား ဒါမွမဟုတ္ ပိုင္မိသားစု အိမ္ကိုပဲ သြားမလား?"

ဘာေမးေနတာလဲ နားလည္နုိင္ရန္ ေက်ာင္းဟြာက အခ်ိန္အနည္းငယ္ေလာက္ ယူလိုက္ရသည္။ ထိုလူက မ်က္ေမွာင္ၾကဳတ္ျပီး တိုးတိုးေလး ျပန္ေျပာလာသည္။

"ငါ ပိုင္မိသားစု အိမ္ကို မသြားခ်င္ဘူး, အိမ္ပဲျပန္ခ်င္တယ္"

"ေကာင္းျပီ" ရိဟန္က ေခ်ာ့ေျပာသည္။

"က်ြန္ေတာ္တို႔ အိမ္ျပန္မယ္ေနာ္"

"သူ႔အိမ္ ဘယ္မွာလဲသိလား?" က်င္းယြမ္ကေမးသည္.။

ရိဟန္ကသူ႔အား လိပ္စာေပးလိုက္ျပီး ဆက္ေျပာ၏။

"သူေျပာင္းလာတာ မၾကာေသးဘူး, အခ်ိန္ရရင္ သူ႔အိမ္အသစ္ကို လာၾကည့္ဖို႔ ေတာင္းဆိုထားေပမယ့္ အခုခ်ိန္ထိ မေရာက္ဘူးေသးဘူး"

က်င္းယြမ္က နားလည္ေၾကာင္း ေခါင္းညိတ္ျပကာ ကားစက္နွိဳးလိုက္သည္။ ထို႔ေနာက္ ယာဥ္သည္ လမ္းေပၚရွိ ကားမ်ားၾကားထဲသို႔ ေခ်ာေမြ႕စြာဝင္ေရာက္သြားေတာ့ေလသည္။ သြားေနဆဲလမ္းမွာ က်င္းယြမ္က ေနာက္ၾကည့္မွန္ကေန တစ္ဆင့္ ခိုးခိုးၾကည့္ေလသည္။ သူနဲ႔ အၾကည့္ခ်င္း ဆံုမိတိုင္း သူ႔နွဳတ္ခမ္းက အျပံဳးတစ္ခု အျဖစ္ ေကြးညႊတ္သြားလိမ့္မည္သာ။

မၾကာခင္ပဲ ေက်ာင္းဟြာအိမ္သို႔ ေရာက္လာသည္။ ရိဟန္က ခဏတာ ရွာေဖြ ေမႊေနွာက္ျပီးေနာက္မွာေတာ့ အမူးသမားေလး၏ အိတ္ကပ္ထဲကေန အိမ္ေသာ့ကို ရွာေတြ႔သြားသည္။ က်င္းယြမ္က ေက်ာင္းဟြာအား အေဆာက္အဦးထဲ ထည့္ေပးေနတဲ့အခ်ိန္ ရိဟန္ကေတာ့ သူတို႔ေနာက္က တံခါးကို ပိတ္လုိက္ျပီး မီးခလုတ္ လိုက္ရွာရသည္။ မီးဖြင့္ျပီးတဲ့အခ်ိန္မွာ က်င္းယြမ္က ထိုလူအား ဧည့္ခန္းရွိ ဆိုဖာက်ယ္ဆီသို႔ ေ႐ႊ႕လိုက္သည္။

ထို႔ေနာက္ ႏွစ္ေယာက္သား တိုက္ခန္းတစ္ဝိုက္ကို အက်ဥ္းခ်ဳံးၾကည့္ၾကသည္။ ၎သည္ စတုရန္းမီတာတစ္ရာေက်ာ္ရွိသည္။ အိပ္ခန္းႏွစ္ခန္းႏွင့္ စာၾကည့္ခန္းတစ္ခန္းရွိျပီး မီးဖိုေခ်ာင္မွာေတာ့ လိုအပ္တာမွန္သမွ် ရွိေနသည္။ ပိုင္ရွင္က မၾကာခဏ ခ်က္သည့္ပံုပင္။ ေရခ်ိဳးခန္းကေတာ့ အိပ္ခန္းမ်ားၾကားတြင္ ထားထားသည္။

 တိုက္ခန္းတစ္ခုလုံးက ေႏြးေထြးသည့္ အေရာင္မ်ားျဖင့္ လႊမ္းျခံဳထား၏။ ေနရာတစ္ခုလံုးက သန႔္ရွင္းသပ္ရပ္လွျပီး အိမ္ဆိုတဲ့ နာမည္ႏွင့္ လိုက္ေလ်ာညီေထြရွိလွတာေၾကာင့္ လူပ်ိဳႀကီး တစ္ေယာက္ပိုင္ဆိုင္သည္နွင့္ပင္ မတူေပ။ ရိဟန္သည္ ေက်ာင္းဟြာက သာမာန္လူမ်ားထက္ ပိုျပီးေတာ့ပင္  မိသားစုတစ္ခုကို ပိုမိုလိုလားေၾကာင္း သိထားသည္။

ဒီတိုက္ခန္းရဲ႕ အျပင္အဆင္က သူ႔ကိုယ္သူ သက္ေတာင့္သက္သာရွိေစမယ့္ နည္းလမ္းတစ္ခုမ်ားလား?

ရိဟန္က ေရခ်ိဳးခန္းထဲဝင္သြားၿပီး မ်က္ႏွာသုတ္ပုဝါတစ္ထည္ယူၿပီး ေရေႏြးနဲ႔စိမ္လိုက္သည္။ ထို႔ေနာက္ သူက ေျခာက္ေအာင္ညွစ္လုိက္ၿပီး က်င္းယြမ္ကို ကမ္းေပးကာ ထိုလူၾကီးအား ေက်ာင္းဟြာရဲ႔ မ်က္နွာကို သုတ္ခိုင္းလိုက္ေလသည္။ လူငယ္ေလးကေတာ့ မီးဖိုေခ်ာင္ထဲ ဝင္သြားသည္။ အထဲမွာ ပ်ားရည္တစ္ခ်ိဳ႔ကို ရွာေတြ႔ေသာအခါ ရိဟန္က ေက်ာင္းဟြာအတြက္ ေရေႏြးေႏြးေလးနဲ႔ ေဖ်ာေပးလိုက္သည္။

ထိုလူကို သုတ္သင္ေပးျပီး ပ်ားရည္တစ္ခ်ိဳ႔ တိုက္ျပီးေနာက္ နွစ္ေယာက္သား လက္ခ်င္းတြဲ၍ အိပ္ခန္းထဲ ဝင္သြားၾကကာ ဗီဒိုထဲမွာ ေတြ႔သည့္ ညအိပ္ဝတ္စံုကို လဲဝတ္ေပးလိုက္ျပီး အိပ္ယာေပၚ တင္ေပးလိုက္ေလသည္။ 

ဒီမွာ ရွိေနတဲ့လူတိုင္းက gay ေတြၾကီးပဲ။ ဒီလူကို ေရခ်ိဳးေပးဖို႔အထိေတာ့ သိပ္မသင့္ေတာ္ဘူးေလ။ ဒါက သူတို႔နွစ္ေယာက္ လုပ္နုိင္တာ အကုန္ပဲ

ညလယ္ေလာက္ ထိုလူ နိုးလာျပီး ဂရုစိုက္မွဳ လိုအပ္မွာ စိုးရိမ္တာေၾကာင့္ ရိဟန္က တစ္ညေနဖို႔ ဆံုးျဖတ္လိုက္သည္။ မနက္ပိုင္း သူနိုးလာမွ အိမ္ျပန္မယ္ေလ။ သဘာဝ က်လွစြာပါပဲ က်င္းယြမ္ကလည္း ရိဟန္ကို ဂရုစိုက္ေပးဖို႔ ေနာက္ခ်န္ေနခဲ့တာေပါ့

ရိဟန္က ေက်ာင္းဟြာအား ေစာင္ျခံဳေပးျပီးေနာက္ အခန္းထဲက ထြက္ျပီး တံခါးပိတ္ေပးလိုက္သည္။ သူက ဆိုဖာေပၚမွာ ထိုင္ခ်လိုက္ေလသည္။ ပရမ္းပတာနဲ႔ ပ်ာယာခတ္ေနခဲ့တာၾကီးက ေနာက္ဆံုးေတာ့ ျပီးဆံုးသြားခဲ့ျပီ။ ထိုအခ်ိန္မွသာ ရိဟန္သည္ ျဖစ္ပ်က္သြားသည့္အရာအတြက္ သူ႔ရင္ထဲတြင္ ေၾကာက္႐ြံ႕မႈ တိုးလာသလို ခံစားလိုက္ရသည္။ သူ႔ေခါင္းကို လက္နဲ႔ အုပ္ကိုင္လုိက္မိျပီး သက္ျပင္းရွည္ႀကီး ခ်ကာ အိပ္ခန္းတံခါးကို တစ္ခ်က္ၾကည့္လိုက္မိသည္။

"ငါနားမလည္ဘူး" ရိဟန္က အသံတိုးတိုးေလးနဲ႔ ေျပာလာသည္.

"ေက်ာင္းဟြာက အျပင္သြားျပီး ပါတီေတြ တက္တဲ့သူမ်ိဳးမဟုတ္ဘူး, ဘာလို႔သူက Dusky Alley  လိုေနရမ်ိဳးကို တစ္ေယာက္တည္း သြားရတာလဲ? ဘာလို႔ ဒီေလာက္မူးရူးေနေအာင္ ေသာက္ထားရတာလဲ? အကယ္၍ ဟို ဘားသမားေလးသာ ငါ့ကို ဖုန္းမေခၚခဲ့ဘူးဆိုရင္ သူ႔ဆီမွာ ျဖစ္သြားမယ့္ ကိစၥေတြက.....စဥ္းေတာင္ မစဥ္းစားနုိင္ေတာ့ဘူး!"

ဒီေန႔ ျဖစ္ပ်က္ခဲ့သည့္ အရာမ်ားက သူေဆးခတ္ခံရျပီး ကလပ္ထဲ ပစ္ခ်ခံခဲ့ရသည့္ ညအား ျပန္သတိရမိေစသည္။ ထိုအိမ္မက္ဆိုးၾကီးက သူ႔ကိုဖ်တ္ဆီးပစ္ခဲ့တာ။ အဲ့ဒီကိစၥမ်ိဳးက ေက်ာင္းဟြာဆီမွာပါ ျဖစ္ပ်က္လုနီးပါး ျဖစ္ခဲ့တယ္ဆိုတဲ့ အေတြးက ရိဟန္ကို တစ္ျခားအရာေတြထက္ ပိုျပီး တုန္လွုပ္ေစခဲ့သည္ေလ။ အဲ့ဒီ အမွိုက္ေကာင္ေတြကို တစ္ေယာက္ခ်င္းဆီ အပိုင္းပိုင္း ျဖတ္ပစ္ဖို႔အတြက္ သူဘယ္ေလာက္ေတာင္ ဆႏၵရွိမိလဲလို႔!

"ေက်ာင္းဟြာက အျမဲတမ္း ရင့္က်က္တဲ့ သူတစ္ေယာက္ပါ" က်င္းယြမ္က ျပန္ေျပာရင္း သူ႔ရဲ႔ စိတ္ပ်က္လက္ပ်က္ျဖစ္ေနသည့္ ခ်စ္သူေလးအား ေပြ႔ဖက္လိုက္သည္။

"ဒီလိုနည္းလမ္းမ်ိဳးကို အသံုးခ်ျပီး သူ႔ရဲ႔ စိတ္ရွဳပ္ေထြးမွုကို ေျဖေဖ်ာက္ရေလာက္တဲ့အထိ တစ္စံုတစ္ခု ျဖစ္ပ်က္သြားတာ ျဖစ္လိမ့္မယ္, ဒါေပမဲ့ ကိုယ္တို႔အေနနဲ႔ သူနုိးလာတဲ့အထိ ေစာင့္ရံုပဲရွိတယ္, ျပီးေတာ့မွ သူ႔ကိုေမးျမန္းျပီး ကူညီနုိင္တာ ရွိလား ၾကည့္ၾကတာေပါ့ ဟုတ္ျပီလား? ဆူပုတ္ေနတာကို ၾကည့္စမ္းပါဦး, စိတ္မပူနဲ႔ ကိုယ္အဲ့ဒီ အပုတ္အသိုးေကာင္ေတြကို အခ်ိန္ေကာင္း မရွိေစရဘူး"

ထို႔ေနာက္ က်င္းယြမ္က ရိဟန္အား အထက္ေအာက္ စစ္ေဆးလိုက္ျပီး အငယ္ေလး မထိခိုက္သြားတာ ေသခ်ာေအာင္ လုပ္လုိက္သည္။

"ငါအဆင္ေျပတယ္" ရိဟန္က ေျပာသည္။

"မင္းငါ့ကို တစ္ခ်ိန္လံုး ကာကြယ္ေပးထားတဲ့ဟာ, သူတို႔ငါ့ကို လံုးဝ မထိနုိင္ၾကဘူး, ဒါေပမဲ့ မင္းေရာ? မင္းထိသြားေသးလား?"

က်င္းယြမ္က ရိဟန္ရဲ႔ အက်ီၤေလးကိုမျပီး တစ္ဖက္လူရဲ႔ ရင္ဘက္နဲ႔ေက်ာကုန္းမွာ ဒဏ္ရာမရတာ ေသခ်ာေအာင္ ေစ့ေစ့စပ္စပ္ စစ္ေဆးျပီးမွသာ ရယ္ေမာရင္း ျပန္ေျဖသည္။

"ေသခ်ာေပါက္ ကိုယ္အဆင္ေျပတာေပါ့, မင္းက ခ်င္ဖုန္းရဲ႔ ပထမဆုရေလာက္တဲ့ အရည္အခ်င္းကို ေတာက္ေလွ်ာက္ေျပာေနတာ။ ဒီေန႔ ရန္ပြဲမွာၾကေတာ့ ကိုယ့္ကို အာရံုမစိုက္ထားဘူးေပါ့ေလ? ခ်န္ဖုန္းနဲ႔ သူ႔လူေတြ မေရာက္လာခဲ့ရင္ေတာင္ ကိုယ္ အဲ့ဒီလူေတြကို လြယ္လြယ္ကူကူ ကိုင္တြယ္နုိင္ပါတယ္"

ထိုလူ စကားေျပာေနတဲ့အခ်ိန္မွာ ရိဟန္က က်င္းယြမ္ရဲ႔ အက်ီၤကို မေနလက္စၾကီးျဖစ္သည္။

"ဒါေပမ့ မင္းက အေတာ္ဆံုးပဲ" ရိဟန္က တစ္ခစ္ခစ္ရယ္ေမာမိသည္။ က်င္းယြမ္ရဲ႔ အနည္းငယ္ ဆူပုတ္ေနသည့္ ပံုစံက သူ႔ရဲ႔ မြမ္းက်ပ္ေနသည့္ ခံစားခ်က္မ်ားအား အေဝးသို႔ လြင့္ပ်ယ္သြားေစသည္။ ရိဟန္က က်င္းယြမ္အား ဂရုတစိုက္ ၾကည့္လုိက္သည္။ တကယ့္ကို ထိုလူ အဆင္ေျပသည္။ သူ႔လက္ဆစ္တစ္ေလ်ွာက္မွာ ျခစ္ရာတစ္ခ်ိဳ႔နဲ႔ သူ႔ေနာက္ေက်ာမွာ အညိဳအမည္းတစ္ခ်ိဳ႔ သာရွိသည္။ ဒါေတြက အျပင္းအထန္ၾကီး မဟုတ္ေပ။

ရိဟန္က ထရပ္လိုက္ျပီး ဧည့္ခန္းထဲမွာ စတင္ရွာေဖြေတာ့၏။ TV စင္ရဲ႔ ေအာက္မွာ first-aid kit ကို ရွာေတြပေသာအခါ က်င္းယြမ္ရဲ႔ ေနာက္ေက်ာက ဒဏ္ရာမ်ားအတြက္ spray ကို သံုးလိုက္ျပီး ထိုလူၾကီး၏ ျခစ္ရာမ်ားအား ပလာစတာ ကပ္ေပးလိုက္သည္။

"ရျပီ" က်င္းယြမ္က first-aid kit အား ရိဟန္ျပန္ထားျပီးသည္ကို ျမင္ေသာအခါ သူ႔ေဘးမွာ ထိုင္ဖို႔ ဆြဲခ်လိုက္သည္။

"ထိုင္ေတာ့, မင္းပင္ပန္းေနမွာေပါ့, ဧည့္သည္ခန္းထဲမွာ သြားနားလုိက္ရင္ေရာ? ကိုယ္ ေက်ာင္းဟြာကို ကိုယ့္ဘာသာ ဂရုစိုက္နုိင္ပါတယ္"

ရိဟန္က ထုိလူၾကီးအား မွီတြယ္လုိက္ျပီး ပ်င္းရိစြာ အေၾကာဆန္႔လိုက္သည္။

"ငါအဆင္ေျပပါတယ္" သူက ေျပာသည္။

"မင္းတစ္ေယာက္တည္း တစ္ညလံုး ထုိင္ေနရမွာဘယ္ေလာက္ေတာင္ ပ်င္းစရာ ေကာင္းလုိက္လဲ, ငါတုိ႔ အတူတူဆိုရင္ အနည္းဆံုးေတာ့ စကားေျပာလို႔ရတာေပါ့"

က်င္းယြမ္က ရိဟန္အား ပိုမိုလံုျခံဳသည့္ ပံုစံမ်ိဳး ျဖစ္ေစရန္ သူ႔လက္ေမာင္းမ်ားျဖင့္ သိုင္းဖက္လုိက္ျပီး နွဖူးေလးကို နမ္းလုိက္သည္။

"ေကာင္းျပီ, ဒီလူနဲ႔ စကားစျမည္ ေျပာေပးတဲ့အတြက္ ေက်းဇူးအမ်ားၾကီး တင္ပါတယ္ ပိုင္သခင္ေလးခင္ဗ်"

"ျပႆနာမရွိပါဘူး ဘယ္လိုပဲျဖစ္ျဖစ္ ငါတို႔က ခ်စ္သူေတြေလ" ရိဟန္က အျပံဳးေလးနဲ႔ ျပန္ေျဖသည္။

အခ်စ္ငွက္နွစ္ေကာင္က တစ္ေယာက္နဲ႔တစ္ေယာက္ ဖက္တြယ္ထားၾကျပီး အသံတိုးတိုးနဲ႔ စကားေျပာေနၾကသည္။ တစ္ေယာက္ေယာက္က ဟာသေျပာလိုက္တာနဲ႔ ရံဖန္ရံခါဆို ႏူးည့ံတဲ့ ရယ္သံေလးမ်ားကို ၾကားေနရသည္။ နွစ္နာရီ ၾကာျပီးေနာက္ နွစ္ေယာက္သား စတင္ ပင္ပန္းလာတဲ့အခ်ိန္မွာ master bedroom ထဲကေန က်ယ္ေလာင္သည့္ အသံတစ္ခုကို ၾကားလိုက္ရသည္။

ရိဟန္က ဆတ္ခနဲ ထရပ္ျပီး အခန္းဆီသို႔ ေျပးသြားသည္မွာ အခန္းထဲကေန ထြက္လာသည့္ ေက်ာင္းဟြာနဲ႔ တိုက္မိလုနီးပါးပင္။ ပိုၾကီးတဲ့ထိုလူက ေျခဗလာနဲ႔ ျဖစ္ေနျပီး လက္တစ္ဖက္က သူ႔ပါးစပ္ကို အုပ္ထားသည္။ သူက ရိဟန္ကိုျမင္ေတာ့ ခဏေလာက္ ထိတ္လန႔္တၾကား မ်က္ေတာင္ခတ္ ၾကည့္လိုက္ၿပီးေနာက္မွာ ေရခ်ိဳးခန္းထဲကို တည့္တည့္ေျပး ဝင္သြားသည္။

ရိဟန္က သူ႔ေနာက္ကေန အလ်င္စလို လိုက္ပါသြားေလသည္။ ထို႔ေနာက္ က်င္းယြမ္နဲ႔အတူ ေက်ာင္းဟြာရဲ႔ ေနာက္ေက်ာေလးကို ပုတ္ေပးျပီး ပါးလုပ္က်င္းရန္အတြက္ ေရေပးလိုက္သည္။ ေနာက္ဆုံးတြင္ အားလံုးျပီးစီးလို႔ ထိုလူကို ေရခ်ိဳးခန္းထဲမွ ကယ္ထုတ္ၿပီးေသာအခါမွာ သူ႔မ်က္ႏွာက ျဖဴေဖ်ာ့ေနေလျပီ။ ခ်စ္သူႏွစ္ဦးက သူ႔ကို ဆိုဖာေပၚတင္ၿပီး ေရေသာက္ဖို႔ ဆက္ကူညီေပးၾကသည္ေလ။

ေက်ာင္းဟြာက ေရတစ္က်ိဳက္ေလာက္ ေသာက္ျပီးေနာက္ တစ္ဆစ္ဆစ္ ကိုက္ေနသည့္ ေခါင္းအား ေနာက္မွီနဲ႔ မွီထားလုိက္ရသည္။

"ရိဟန္, Mr မု, ဘယ္လိုျဖစ္လို႔ ဒီေရာက္ေနၾကတာလဲ?"

သူက အားေလ်ာ့စြာ ေမးလုိက္ျပီး သူ႔ေခါင္းကို လက္ျဖင့္ထုကာ ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္လိုက္ရင္း စကားဆက္သည္။

"အာ, ငါ့ကို အိမ္ျပန္လုိက္ပို႔ထားတာလား?"

"ဘားသမားက အကို႔ဖုန္းနဲ႔ က်ြန္ေတာ့္ကို ေခၚလာတာ, က်ြန္ေတာ္ေျပာမယ္ အကိုက Dusky Alley မွာ ေတာ္ေတာ္ေလးကို အမ်ားၾကီး ေသာက္ထားတာ, က်ြန္ေတာ္နဲ႔ က်င္းယြမ္တို႔က အကို႔ကို ေခၚထုတ္လာတာေလ, က်ြန္ေတာ္မွတ္မိသေလာက္ အကိုက ေတာ္ေတာ္ေလး ေသာက္နုိင္ပါတယ္, တကယ္ပဲ ဘယ္ေလာက္ေတာင္ ေသာက္လုိက္လို႔ ဒီလိုမ်ိဳး မူးသြားရတာလဲ?"

"ငါေတာင္းပန္ပါတယ္" ေက်ာင္းဟြာက ေတာင္းပန္စကားေျပာလာသည္။

"မင္းတို႔နွစ္ေယာက္ကို ညလယ္ေခါင္ၾကီး ဒုကၡေပးမိျပီ"

ထို႔ေနာက္ လက္တစ္ဖက္က သူ႔ဝမ္းဗိုက္အားပြတ္လိုက္ျပီး တစ္ျခားတစ္ဖက္က ဆိုဖာလက္ရမ္းအား ကိုင္ကာ သူ႔ကိုယ္သူ ထူမလိုက္သည္။

ရိဟန္က ထုိလူအား အလ်င္စလုိ ျပန္ဖိခ်၏။

"အကိုက မတ္မတ္ေတာင္ မရပ္နုိင္ေသးပဲနဲ႔, ဘာထလုပ္တာလဲ?" ထို႔ေနာက္သူက ေက်ာင္းဟြာရဲ႔ ဗိုက္ေပၚက လက္အား တစ္ခ်က္ၾကည့္လုိက္သည္။

"အစာအိမ္လား?"

"ဟုတ္တယ္, ငါေဆးသြားယူေသာက္မလို႔" ေက်ာင္းဟြာက ျပန္ေျဖသည္။

ရိဟန္က TV စင္ေအာက္က first-aid kit ကို သြားယူလိုက္သည္။ ထို႔ေနာက္ သူလုိခ်င္တာကို ေစ့ေစ့စပ္စပ္ ရွာေဖြရင္း ခပ္ေသာေသာေလး ရယ္ေမာမိသည္။

"အကိုအိပ္ေပ်ာ္ေနတုန္း အကို႔တစ္အိမ္လံုးကို က်ြန္ေတာ္သိေနျပီ"

ေခါင္းတစ္ခုလံုး တစ္ဒိန္းဒိန္း ျဖစ္ေနေသာ္လည္း ေက်ာင္းဟြာက ျပန္ျပံဳးျပရွာသည္။

"ငါကမင္းကို လိုက္ျပရမွာ, အဲ့ဒါကို မင္းဘာသာ လုိက္ျပီး ၾကည့္လိုက္ရတာ ငါ့အျပစ္ပါ"

"ဟုတ္တယ္" ရိဟန္က ေဒါသထြက္ခ်င္ေယာင္ေဆာင္သည္။

"အဲ့ဒါေၾကာင့္ အကိုက်ြန္ေတာ့္ကို ျပန္ေပးဆပ္ရမယ္"

ထိုအခ်ိန္မွာပဲ အစာအိမ္ေဆးဘူးကို ရွာေတြ႔သြားတာေၾကာင့္ ေနာက္ေက်ာက လမ္းညႊန္ခ်က္မ်ားအား ဖတ္လိုက္သည္။

"ေကာင္းျပီေလ" ေက်ာင္းဟြာက ႏူးည့ံစြာ ျပန္ေျဖလာ၏။

"မင္းဘာအလိုရွိလဲ?"

ရိဟန္က ေက်ာင္းဟြာအား ေဆးနွစ္လံုး ကမ္းေပးလိုက္ျပီး ထိုလူ ေရနဲ႔ေသာက္လုိက္သည္ကို ၾကည့္ျပီးမွ တုန္႔ျပန္၏။

"ဒါဆို Dusky Alley ကို ဘာလို႔ တစ္ေယာက္တည္း သြားတာလဲဆိုတာ က်ြန္ေတာ့္ကို ေျပာျပနုိင္လား? ဘာလုိ႔ဒီေလာက္ မူးသြားရတာလဲ? အဲ့ဒါက ဘယ္ေလာက္ အႏာၱရယ္မ်ားလဲ သိရဲ႔လား?"

ေက်ာင္းဟြာက သူ႔နွုတ္ခမ္းကို ကုိက္ထားျပီး ဘာမွျပန္မေျပာေပ။

ရိဟန္က first-aid kit အား ေဘးမွာထားလုိက္ျပီး အရင္ကထက္ ေလးနက္သည့္ ေလသံျဖင့္ စကားဆက္သည္။

"က်ြန္ေတာ့္ကို ညီေလးလို သေဘာထားတယ္လို႔ မေျပာခဲ့ဘူးလား? ဒါဆို က်ြန္ေတာ့္ကို ေျပာျပလို႔ မရတာက ဘာလဲ?"

"အဲ့ဒါက ပိုင္ယန္နဲ႔ သက္ဆုိင္ေနတာလား?" က်င္းယြမ္က အသက္ရွဳသြင္းရင္း ဝင္ေျပာလာသည္။

ေက်ာင္းဟြာက ထိတ္လန္႔သြားရွာ၏။ မရည္ရြယ္ပါပဲ ရိဟန္အား တစ္ခ်က္ၾကည့္မိသည္။ လူငယ္ေလးဆီကေန ရွိသမွ် ေဒါသတရာအားလံုး ေပ်ာက္ကြယ္သြားခဲ့ျပီး ယံုၾကည္ခ်က္ မရွိျခင္းမ်ားသာ က်န္ရစ္ခဲ့သည္။

"က်ြန္ေတာ္သူ႔ကို မေျပာခဲ့ပါဘူး ေက်ာင္းေကာ" ရိဟန္က အေနခက္စြာျဖင့္ သူ႔မ်က္နွာေလးအား ကုတ္ျခစ္ရင္း ျပန္ေျပာေလသည္။

"ဒီလူရဲ႔ မ်က္လံုးက အရမ္း စူးရွလြန္းတာ, သူက သူ႔ဘာသာသူ ခန္႔မွန္းမိသြားတာရယ္, စိတ္မပူပါနဲ႔ သူနဲ႔က်ြန္ေတာ္က တစ္စိတ္တည္းတစ္ဝမ္းတည္းပါပဲ"

ရိဟန္ရဲ႔ စကားကိုၾကားေတာ့ ေက်ာင္းဟြာမွ မေနနုိင္စြာပင္ ရယ္ေမာမိျပီး ရိဟန္ရဲ႔ ဆံပင္ေလးအား ပုတ္ေပးရန္ လက္ေျမွာက္လုိက္ေလသည္။

ေက်ာင္းဟြာက သက္ျပင္းခ်လုိက္ျပီး ခါးသက္သက္ျပံဳးသည္။

"ေမ့လိုက္ပါေတာ့, အခုေတာ့ ဘာမွ အေရးမၾကီးေတာ့ပါဘူး,Dusky Alley က ဘာလဲဆုိတာလည္း ငါမသိပါဘူးကြာ ဒီအတိုင္း ပထမဆံုး ေတြ႔တဲ့ ဘားကို ဝင္သြားလိုက္မိတာပဲ"

"က်ြန္ေတာ္သိသားပဲ" ရိဟန္က ေဒါသတၾကီးေျပာသည္။

"အဲ့ဒီလိုဘားမ်ိဳးကို သြားဖို႔ အကို ဘယ္လိုမ်ား သိေနမွာလဲ? က်ြန္ေတာ့္ကိုေျပာ, ဘာေတြျဖစ္ခဲ့တာလဲ? အလုပ္ကိစၥနဲ႔ ညစာစားဖို႔ လိုအပ္တဲ့အခ်ိန္ေတြကလြဲလို႔ တျခားအခ်ိန္မွာ အစ္ကို အရက္မေသာက္ဘူးဆိုတာ က်ြန္ေတာ္သိတယ္။"

"ငါ ေခ်ာင္းခ်ဳန္းကို ေျပာင္းရေတာ့မယ္ ရိဟန္" ေက်ာင္းဟြာက သူ႔နွဖူးအား လက္ျဖင့္ နွိပ္နယ္ရင္း ျပန္ေျဖလာသည္။

"ဘာလို႔လဲ?" ရိဟန္မွာ အသက္ျပင္းျပင္း ရွဳမိသြား၏။

"အဲ့ဒါ ကုမၼဏီရဲ႔ ဆံုးျဖတ္ခ်က္ပဲ" ေက်ာင္းဟြာက ျပန္ေျပာသည္။

"ငါအဲ့ဒီက ရံုးခြဲကို ေျပာင္းေရႊ႔ရမွာ, Mr ပိုင္က ဒီေန႔ပဲ အစည္းအေဝးမွာ ကိုယ္တိုင္ ေၾကညာလိုက္တာ, စာရြက္စာတမ္းေတြအားလံုးက ျပီးသြားျပီ, မနက္ျဖန္ကစျပီး ငါ့အလုပ္ေတြ အကုန္လံုးကို လက္လႊဲေပးရေတာ့မယ္, နွစ္ပတ္အတြင္း ငါထြက္သြားရမွာ, ငါ....ဘယ္ေတာ့မွ ျပန္မလာရေတာ့တာ ျဖစ္နုိင္တယ္"

ရိဟန္က အံ့အားသင့္သြားရသည္။

"က်ြန္ေတာ့္အကိုက ေျပာခဲ့တာေပါ့ေလ?" သူက အခ်ိန္အေတာ္ေလး ၾကာျပီးေနာက္မွသာ ျပန္ေျပာနုိင္ေတာ့သည္။

"တကယ္ပဲ သူဘာေတြ စဥ္းစားေနတာလဲ?"

ေက်ာင္းဟြာက သူ႔ကိုယ္သူ ေလွာင္ေျပာင္ဟန္ျဖင့္ ရယ္ေမာလုိက္သည္။

"ငါ့ခံစားခ်က္ေတြကို သိသြားလုိ႔ ငါ့ကို သူနဲ႔အေဝးဆံုးဆီ ေျပာင္းေရႊ႔ပစ္လုိက္ခ်င္တာျဖစ္မွာေပါ့"

==============

Continue Reading

You'll Also Like

600K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
341K 27.1K 29
Mini Story Uni Life Style Sweet Romance
568K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
80.1K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...