HANARY(S1+S2)

By greyvictor25

6.6M 432K 73.3K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories πŸ’Œ
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ch -19( Uni/Zg)

41.9K 3.1K 737
By greyvictor25

ဘာစကားမှမပြောနိုင်တော့လောက်အောင် ဆွံ့အသွားပြီးလက်ထဲကသေနတ်ပင် လွတ်ကျသွားသည် လေးလံနေတဲ့ခြေလှမ်းတွေနဲ့အနောက်လှည့်ကြည့်လိုက်ပေမဲ့ သူ့ဦးခေါင်းတည့်တည့်ကို Samကသေနတ်နဲ့ချိန်ထားပီးသားပင်~~~~~

" Sam "

မယုံကြည်စွာခေါ်ဆိုလိုက်တဲ့အသံမှာ အနည်းငယ်တုန်ယင်နေပြီး ဟန်နရီရဲ့ခြေလှမ်းတွေပင်ရပ်တန့်သွားတော့သည်။

လဲကျနေတဲ့ရှိန်းက သဘောကျစွာထရပ်ရင်း ဟန်နရီအားလက်ခုပ်တီးကာ ပြက်ရယ်ပြုသည်။

" ဘယ်လိုလဲ မင်းရဲ့ချစ်လှစွာသောတပည့်ဆီက သစ္စာဖောက်ခံလိုက်ရတာ တော်တော်မှအီစိမ့်သွားရဲ့လား "

ဘေးနားမှပြက်ရယ်ပြုနေတဲ့အသံက သူ့နားထဲမ၀င်တော့ပေ။
နှုတ်ဆိတ်ကာသူ့အားသေနတ်ဖြင့်ချိန်ရွယ်ထားသည့် Samရဲ့မျက်နှာကိုပဲ ဦးတည်ကာငေးကြည့်မိသည်။ မယုံနိုင်စရာအဖြစ်အပျက်အား သူလက်ခံဖို့ခက်ခဲဆဲပင်~~~

" Sam "

" ကျတော့်နာမည်ကိုမခေါ်ပါနဲ့ "

လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့သေနတ်လေးက သူကိုယ်တိုင်ဒီဇိုင်းဆွဲပီး ကျေနပ်စွာပေးခဲ့တဲ့သေနတ်လေးဖြစ်နေတာကြောင့် ဘာတခွန်းမှပြောမထွက်တော့အထိဟန်နရီဆွံ့အသွားသည်

မလှမ်းမကမ်းကနေသူ့ကိုသေနတ်နဲ့ချိန်ထားတဲ့ Samအနား ဟန်နရီအမြန်သွားလိုက်ပီး Samရဲ့လက်ကိုလှမ်းဆွဲကာ သူ့နဖူးတည့်တည့်မှာချိန်ထားပေးလိုက်သည်

" တွေ၀ေမနေပဲ ငါ့ဦးခေါင်းတည့်တည့်ကိုပစ်လိုက်စမ်းပါ Sam "

နာကျည်းစွာကြည့်နေတဲ့မျက်၀န်းတွေအား သူတောင့်မခံနိုင်တော့ပေ။ တပည့်ဆိုသောဆက်ဆံရေးထက် ညီအစ်ကိုအရင်းတစ်ယောက်လို ချစ်ခင်ပေးခဲ့တာမို့ ရင်ဘတ်ထဲမှခံစားချက်ကပို၍နာကျင်ရသည်။

" ဘာကြောင့်လဲ ဘာကြောင့်ငါ့ကိုသစ္စာဖောက်ခဲ့ရတာလဲ "

" ခင်ဗျားကိုမုန်းလို့ "

တခါမှမခေါ်ဆိုဖူးတဲ့ " ခင်ဗျား " ဆိုတဲ့နာမ်စားကြောင့် ဟန်နရီမျက်၀န်းထဲ၀မ်းနည်းမှုတွေနဲ့ပြည့်လာသည် ရန်သူကိုသတ်ဖို့အခွင့်အရေးရပီးမှ အယုံကြည်ရဆုံးတပည့်က သစ္စာဖောက်ခဲ့တယ်တဲ့လား

" ပစ်လေ...မင်းငါ့ကိုမုန်းနေတယ်မှတ်လား အခုပစ်!!! "

အနောက်ကနေ ရှိန်းခန့်ပိုင်က ဟန်နရီခြေထောက်ကို သံတုတ်နဲ့ရိုက်ချလိုက်တာမို့ ဒူးထောက်ရက်သားလဲကျသွားသည်
အသိစိတ်လွတ်နေတဲ့ဟန်နရီကို ဆံပင်ကနေကိုင်ဆွဲကာ မျက်နှာဆွဲမော့လိုက်သည်

" စိတ်မပူပါနဲ့ မင်းကိုငါ့လက်နဲ့ကိုယ်တိုင်သတ်ပေးမှာပါ "

သူ့ကိုပြက်ရယ်ပြုနေတဲ့ ရှိန်းခန့်ပိုင်ကိုဟန်နရီသူ့ခေါင်းနဲ့လှမ်းတိုက်လိုက်ပီး ဆွဲထိုးလိုက်သည်

" ခွေးသူတောင်းစား!!! ခင်ဗျားကိုကျုပ်အရင်သတ်မှာ "

ရှိန်းခန့်ပိုင်ပေါ်ကနေဟန်နရီတက်ခွကာ အဆက်မပြတ်ဆွဲထိုးလိုက်သည် ရှိန်းကိုအာရုံရောက်နေတုန်း Samကဟန်နရီကို ဆွဲမတ်ကာဟန်နရီရဲ့မျက်နှာကိုလှမ်းထိုးလိုက်သည်

နှာခေါင်းထဲကကျလာတဲ့သွေးတွေကို ဟန်နရီသုတ်လိုက်ပီး Samကိုလှမ်းကြည့်လိုက်သည် အခွင့်အရေးရသွားတဲ့ရှိန်းက ဟန်နရီပခုံးကို သံတုတ်နဲ့ရိုက်ချလိုက်တာကြောင့် ဟန်နရီလဲကျသွားသည်
အရင်ပုံစံအတိုင်းသာဆို Samကိုကော ရှိန်းကိုကောအသေသတ်လိုက်လို့ရပေမဲ့ တပည့်ရင်းက သစ္စာဖောက်ဖြစ်သွားခဲ့တာကြောင့် ဟန်နရိသည်းခံနေလိုက်သည်

" အဲ့ကောင်ကိုဟိုအခန်းထဲမှာ ကြိုးတုတ်ထားလိုက် "

ရှိန်းရဲ့အမိန့်ကြောင့် လဲကျနေတဲ့ဟန်နရီကို Samဆွဲထူကာ အခန်းကျဥ်းတခုထဲခေါ်သွားလိုက်သည် ထိုအခန်းထဲမှ ထိုင်ခုံတလုံးမှာ ဟန်နရီကိုထိုင်ခိုင်းလိုက်ပီး လက်နောက်ပြန်ကြိုးတုတ်ထားလိုက်သည်

" Sam "

ဖြည်းညင်းစွာခေါ်လိုက်တဲ့အသံလေးကြောင့် ဟန်နရီ့လက်တွေကိုကြိုးတုတ်နေရင်း Samမော့ကြည့်လိုက်သည်

" ဘယ်သူ့ကိုမှအယုံအကြည်မရှိခဲ့တဲ့ငါက မင်းကိုတော့ မျက်လုံးစုံမှိတ်ပီးယုံကြည်ခဲ့ဖူးတယ် ဟီရိုပြောခဲ့တာတောင် ငါလျစ်လျူရှုပီး မင်းကိုပဲယုံကြည်ခဲ့တာ "

" ..... "

" ငါ့ကိုဘယ်အချိန်ထဲက မုန်းတီးနေခဲ့တာလဲ "

" ...... "

" ဟီရိုကြောင့် ငါ့ကိုလက်စားချေလိုက်တာမှတ်လား Sam
မင်းဟီရိုကိုမုန်းနေခဲ့တယ်မှတ်လား မင်းရဲ့အဖေကိုဟီရိုသတ်ပစ်လိုက်တာမို့လို့လေ "

" ခင်ဗျားကျရှုံးသွားတဲ့ပုံကို ခင်ဗျားအဖိုးကိုမြင်စေချင်သေးတာ "

" ငါကမင်းကိုလဲစိတ်ဒုက္ခပေးမိပြန်ပီထင်တယ် မင်းကိုလဲဟီရိုအစားတောင်းပန်ပါတယ် ဒါပေမဲ့ငါမင်းကိုကယ်ခဲ့တဲ့အချိန်တုန်းက စိတ်ရင်းအမှန်နဲ့ကယ်ခဲ့တာပါ "

" အပိုစကားတွေနားမထောင်ချင်တော့ဘူး "

" အခုချိန်မှာမင်းငါ့ကိုသစ္စာဖောက်ပြီး သေနတ်နဲ့ပစ်လိုက်ရင်တောင် ငါမင်းကိုအပြစ်တင်မှာမဟုတ်ဘူးSam ဘာဖြစ်လို့လဲဆိုတော့ငါမင်းကိုချစ်လို့.....ဘယ်တော့မှသွေးကွဲမှာမဟုတ်တဲ့ညီအစ်ကိုတွေလိုမျိုး "

ဟန်နရီကိုမျက်နှာလွှဲကာ Samမတ်တပ်ရပ်လိုက်သည် လက်ထဲကသေနတ်ကို coatအင်္ကျီထဲထည့်လိုက်ပီး အခန်းထဲမှထွက်ဖို့ပြင်လိုက်သည်

" Sam "

သူ့နာမည်ကို နောက်တကြိမ်ထပ်ခေါ်လိုက်တဲ့ဟန်နရီကြောင့် Samရဲ့ခြေလှမ်းတွေကရပ်တန့်သွားခဲ့သည်

" နောက်ဆုံးအနေနဲ့ မင်းငါ့ကိုအရင်ကဆက်ဆံခဲ့တာတွေက စိတ်ရင်းအမှန်လားဆိုတာ သိခွင့်ရှိမလား "

Samအံကိုကြိတ်ကာ ဟန်နရီကိုလှည့်ကြည့်လိုက်သည်

" စိတ်ရင်းအမှန်မဟုတ်ခဲ့ရင်တောင် ငါကျေနပ်သွားအောင် အမှန်လို့လိမ်ပြောပေးနိုင်မလား "

ပြတ်သားစွာပဲ ဟန်နရီကိုမျက်နှာလွဲကာ Samထိုအခန်းထဲမှထွက်လာလိုက်သည် ရှိန်းခန့်ပိုင်ကတော့ အခန်းတွင်း cctvကနေ ဟန်နရီကိုကြည့်ပီး သဘောကျစွာပြုံးရယ်လိုက်သည်

သူကိုယ်တိုင်မသတ်ခဲ့ပေမဲ့ အကုန်လုံးက သူ့ကိုပဲအပြစ်ပုံချနေတာကြောင့် ဟန်နရီသက်ပြင်းချကာ ထိုအခန်းငယ်အတွင်း မျက်လုံးမှိတ်ကာ ငြိမ်သက်နေလိုက်သည် အရင်ထဲကနာကျင်နေတဲ့နှလုံးသားက အယုံကြည်ရဆုံးတပည့်ကြောင့် နှစ်ခါပြန်နာကျင်ရပြန်သည်

" ကိုယ်တကယ်အဆင်မပြေဘူး အချစ်ရယ် ~~ "

******

မှောင်ပိတ်နေတဲ့အခန်းငယ်အတွင်း၀င်ရောက်လာတဲ့နေရောင်ကြောင့် သူမျက်လုံးကိုအသာအယာမှိတ်လိုက်သည်။

" ကို့အချစ်လေး ပျော်ရွှင်စွာနိုးထနိုင်ပါစေ "

တစုံတယောက်ကိုတမ်းတရင်း ဟန်နရီခေါင်းငုံ့ကာသက်ပြင်းချမိ၏။ ဘာကြောင့်များ ကံဆိုးမှုအလုံးစုံကသူ့ထံ၀င်ရောက်လာသလဲမတွေးတတ်တော့ပေမယ့် ထိုအချိန်ကာလတွေကိုသူအမြန်ဖြတ်ကျော်သွားချင်ပြီဖြစ်သည်။

" အဲ့ကောင်ကိုအပြင်ခေါ်ခဲ့ "

အပြင်ကနေအမိန့်ပေးလိုက်တဲ့ရှိန်းခန့်ပိုင်ကြောင့် အခန်းတွင်းကြိုးတုတ်ခံထားရတဲ့ဟန်နရီကို Samအပြင်ကိုဆွဲထုတ်လာကာ ထိုင်ခုံတလုံးပေါ်မှာထိုင်ခိုင်းလိုက်သည် ရှိန်းခန့်ပိုင်အနောက်မှာလဲ သူ့နောက်လိုက်တွေက လက်နောက်ပစ်ကာ တန်းစီရပ်နေကြသည်

" မင်းကိုတညအချိန်ပေးပီးပီ ဗစ်တာ...အဲ့တော့ ငါ့အဖေထားခဲ့တဲ့မြေပုံဘယ်မှာလဲ "

ဟန်နရီကသူ့ခေါင်းကိုစောင်းကာ ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ ရှိန်းကိုစိုက်ကြည့်လိုက်လိုက်သည် ဒူးတဖက်ကိုလဲလှုပ်ကာ မခန့်လေးစားပုံစံလုပ်ပြလိုက်သည်

" ငါ*ုးမသားဗစ်တာ !!! "

ရှိန်းက ဟန်နရီမျက်နှာကိုသူ့အားနဲ့လှမ်းထိုးလိုက်သည် နှာခေါင်းကနေသွေးတွေစီးကျလာပေမဲ့ ဟန်နရီမျက်နှာက ဘာမှမဖြစ်တဲ့အတိုင်း ရှိန်းကိုစိုက်ကြည့်နေလိုက်သည် လက်တွေကိုလဲကြိုးတုတ်ထားတာကြောင့် ဘာမှပြန်လုပ်မရဖြစ်နေသည်

" ခင်ဗျားသတ္တိရှိရင် ကျုပ်ကိုကြိုးဖြည်ပေးလိုက်လေ "

" ဒီလောက်ရိုက်နှက်ခံထားရတာတောင် သိပ်ခေါင်းမာနေတယ်ပေါ့ဟုတ်လား မင်းကိုအခုချက်ချင်းသတ်ပစ်လိုက်လို့ရတယ် နားလည်လား "

" ထွီ "

ဟန်နရီက သူ့ပါးစပ်ထဲကသွေးတွေကို ရှိန်းမျက်နှာပေါ်လှမ်းထွေးလိုက်သည် မျက်နှာတခုလုံးလဲအထိုးခံထားရတာကြောင့် ဖူးယောင်နေသည်

ရှိန်းကသူ့မျက်နှာပေါ်မှသွေးတွေအား အ၀တ်တခုနဲ့ယူသုတ်ရင်း ဟန်နရီရဲ့ခြေထောက်ကို လှမ်းကန်သည်

" လွန်းက တကယ်အလှလေးပဲနော် ငါ့ကိုကောမပေးချင်ဘူးလား "

မထိတထိပြောလိုက်တဲ့စကားကြောင့် ဟန်နရီအသက်ရှုသံတွေမြန်ဆန်လာကာ ထိုထိုင်ခုံပေါ်မှအတင်းရုန်းထွက်လိုက်သည်....တင်းကျပ်စွာချည်နှောင်ထားတဲ့ကြိုးတွေကြောင့် ဟန်နရီရဲ့ကြိုးစားမှုက အချည်းနှီးပင်

" ဒီကစားပွဲမှာ အနိုင်ရသွားတဲ့သူက ငါပဲ ဗစ်တာ "

*******
16.3.22
Grey

****

ဘာစကားမွမေျပာႏိုင္ေတာ့ေလာက္ေအာင္ ဆြံ႕အသြားပီးလက္ထဲကေသနတ္ပင္ လြတ္က်သြားသည္ ေလးလံေနတဲ့ေျခလွမ္းေတြနဲ႔အေနာက္လွည့္ၾကည့္လိုက္ေပမဲ့ သူ႔ဦးေခါင္းတည့္တည့္ကို Samကေသနတ္နဲ႔ခ်ိန္ထားပီးသားပင္~~~~~

" Sam "

မယုံႏိုင္တဲ့လုပ္ရပ္ေၾကာင့္ ဟန္နရီထိုေနရာမွာပဲရပ္ကာ Samရဲ႕နာမည္ေလးကိုျဖည္းညင္းစြာေခၚလိုက္သည္

လဲက်ေနတဲ့ရွိန္းက ျဖည္းျဖည္းခ်င္းထကာ လက္ခုပ္တီးလိုက္ပီး ဟန္နရီကိုပ်က္ရယ္ျပဳလိုက္သည္

" ဘယ္လိုလဲ မင္းရဲ႕ခ်စ္လွစြာေသာတပည့္ဆီက သစၥာေဖာက္ခံလိုက္ရတာ ေတာ္ေတာ္မွအီစိမ့္သြားရဲ႕လား "

ရွိန္းရဲ႕စကားကိုလ်စ္လ်ဴရႈကာ ဟန္နရီသူ႔တပည့္မ်က္ႏွာကိုပဲ အံ့ေအာစြာေငးၾကည့္ေနလိုက္သည္

" Sam "

" က်ေတာ့္နာမည္ကိုမေခၚပါနဲ႔ "

လက္ထဲက်စ္က်စ္ပါေအာင္ဆုပ္ထားတဲ့ေသနတ္ေလးက သူကိုယ္တိုင္ဒီဇိုင္းဆြဲပီး ေက်နပ္စြာေပးခဲ့တဲ့ေသနတ္ေလးျဖစ္ေနတာေၾကာင့္ ဘာတခြန္းမွေျပာမထြက္ေတာ့အထိဟန္နရီဆြံ႕အသြားသည္

မလွမ္းမကမ္းကေနသူ႔ကိုေသနတ္နဲ႔ခ်ိန္ထားတဲ့ Samအနား ဟန္နရီအျမန္သြားလိုက္ပီး Samရဲ႕လက္ကိုလွမ္းဆြဲကာ သူ႔နဖူးတည့္တည့္မွာခ်ိန္ထားေပးလိုက္သည္

" ေတြ၀ေမေနပဲ ငါ့ဦးေခါင္းတည့္တည့္ကိုပစ္လိုက္စမ္းပါ Sam "

သူ႔ကိုနာက်ဥ္းတဲ့အၾကည့္ေတြနဲ႔ၾကည့္ေနတဲ့ Samရဲ႕မ်က္၀န္းေတြေၾကာင့္ ဟန္နရီပိုခံစားလာရသည္

" ဘာေၾကာင့္လဲ ဘာေၾကာင့္ငါ့ကိုသစၥာေဖာက္ခဲ့ရတာလဲ "

" ခင္ဗ်ားကိုမုန္းလို႔ "

တခါမွမေခၚဆိုဖူးတဲ့ " ခင္ဗ်ား " ဆိုတဲ့နာမ္စားေၾကာင့္ ဟန္နရီမ်က္၀န္းထဲ၀မ္းနည္းမႈေတြနဲ႔ျပည့္လာသည္ ရန္သူကိုသတ္ဖို႔အခြင့္အေရးရပီးမွ အယုံၾကည္ရဆုံးတပည့္က သစၥာေဖာက္ခဲ့တယ္တဲ့လား

" ပစ္ေလ...မင္းငါ့ကိုမုန္းေနတယ္မွတ္လား အခုပစ္!!! "

အေနာက္ကေန ရွိန္းခန္႔ပိုင္က ဟန္နရီေျခေထာက္ကို သံတုတ္နဲ႔႐ိုက္ခ်လိုက္တာမို႔ ဒူးေထာက္ရက္သားလဲက်သြားသည္
အသိစိတ္လြတ္ေနတဲ့ဟန္နရီကို ဆံပင္ကေနကိုင္ဆြဲကာ မ်က္ႏွာဆြဲေမာ့လိုက္သည္

" စိတ္မပူပါနဲ႔ မင္းကိုငါ့လက္နဲ႔ကိုယ္တိုင္သတ္ေပးမွာပါ "

သူ႔ကိုပ်က္ရယ္ျပဳေနတဲ့ ရွိန္းခန္႔ပိုင္ကိုဟန္နရီသူ႔ေခါင္းနဲ႔လွမ္းတိုက္လိုက္ပီး ဆြဲထိုးလိုက္သည္

" ေခြးသူေတာင္းစား!!! ခင္ဗ်ားကိုက်ဳပ္အရင္သတ္မွာ "

ရွိန္းခန္႔ပိုင္ေပၚကေနဟန္နရီတက္ခြကာ အဆက္မျပတ္ဆြဲထိုးလိုက္သည္ ရွိန္းကိုအာ႐ုံေရာက္ေနတုန္း Samကဟန္နရီကို ဆြဲမတ္ကာဟန္နရီရဲ႕မ်က္ႏွာကိုလွမ္းထိုးလိုက္သည္

ႏွာေခါင္းထဲကက်လာတဲ့ေသြးေတြကို ဟန္နရီသုတ္လိုက္ပီး Samကိုလွမ္းၾကည့္လိုက္သည္ အခြင့္အေရးရသြားတဲ့ရွိန္းက ဟန္နရီပခုံးကို သံတုတ္နဲ႔႐ိုက္ခ်လိုက္တာေၾကာင့္ ဟန္နရီလဲက်သြားသည္
အရင္ပုံစံအတိုင္းသာဆို Samကိုေကာ ရွိန္းကိုေကာအေသသတ္လိုက္လို႔ရေပမဲ့ တပည့္ရင္းက သစၥာေဖာက္ျဖစ္သြားခဲ့တာေၾကာင့္ ဟန္နရိသည္းခံေနလိုက္သည္

" အဲ့ေကာင္ကိုဟိုအခန္းထဲမွာ ႀကိဳးတုတ္ထားလိုက္ "

ရွိန္းရဲ႕အမိန္႔ေၾကာင့္ လဲက်ေနတဲ့ဟန္နရီကို Samဆြဲထူကာ အခန္းက်ဥ္းတခုထဲေခၚသြားလိုက္သည္ ထိုအခန္းထဲမွ ထိုင္ခုံတလုံးမွာ ဟန္နရီကိုထိုင္ခိုင္းလိုက္ပီး လက္ေနာက္ျပန္ႀကိဳးတုတ္ထားလိုက္သည္

" Sam "

ျဖည္းညင္းစြာေခၚလိုက္တဲ့အသံေလးေၾကာင့္ ဟန္နရီ႕လက္ေတြကိုႀကိဳးတုတ္ေနရင္း Samေမာ့ၾကည့္လိုက္သည္

" ဘယ္သူ႔ကိုမွအယုံအၾကည္မရွိခဲ့တဲ့ငါက မင္းကိုေတာ့ မ်က္လုံးစုံမွိတ္ပီးယုံၾကည္ခဲ့ဖူးတယ္ ဟီ႐ိုေျပာခဲ့တာေတာင္ ငါလ်စ္လ်ဴရႈပီး မင္းကိုပဲယုံၾကည္ခဲ့တာ "

" ..... "

" ငါ့ကိုဘယ္အခ်ိန္ထဲက မုန္းတီးေနခဲ့တာလဲ "

" ...... "

" ဟီ႐ိုေၾကာင့္ ငါ့ကိုလက္စားေခ်လိုက္တာမွတ္လား Sam
မင္းဟီ႐ိုကိုမုန္းေနခဲ့တယ္မွတ္လား မင္းရဲ႕အေဖကိုဟီ႐ိုသတ္ပစ္လိုက္တာမို႔လို႔ေလ "

" ခင္ဗ်ားက်ရႈံးသြားတဲ့ပုံကို ခင္ဗ်ားအဖိုးကိုျမင္ေစခ်င္ေသးတာ "

ဟန္နရီေခါင္းကိုအသာၿငိမ့္ကာ Samကိုၿပဳံးျပလိုက္သည္

" ငါကမင္းကိုလဲစိတ္ဒုကၡေပးမိျပန္ပီထင္တယ္ မင္းကိုလဲဟီ႐ိုအစားေတာင္းပန္ပါတယ္ ဒါေပမဲ့ငါမင္းကိုကယ္ခဲ့တဲ့အခ်ိန္တုန္းက စိတ္ရင္းအမွန္နဲ႔ကယ္ခဲ့တာပါ "

ဟန္နရီကိုမ်က္ႏွာလႊဲကာ Samမတ္တပ္ရပ္လိုက္သည္ လက္ထဲကေသနတ္ကို coatအက်ႌထဲထည့္လိုက္ပီး အခန္းထဲမွထြက္ဖို႔ျပင္လိုက္သည္

" Sam "

သူ႔နာမည္ကို ေနာက္တႀကိမ္ထပ္ေခၚလိုက္တဲ့ဟန္နရီေၾကာင့္ Samရဲ႕ေျခလွမ္းေတြကရပ္တန္႔သြားခဲ့သည္

" ေနာက္ဆုံးအေနနဲ႔ မင္းငါ့ကိုအရင္ကဆက္ဆံခဲ့တာေတြက စိတ္ရင္းအမွန္လားဆိုတာ သိခြင့္ရွိမလား "

Samအံကိုႀကိတ္ကာ ဟန္နရီကိုလွည့္ၾကည့္လိုက္သည္

" စိတ္ရင္းအမွန္မဟုတ္ခဲ့ရင္ေတာင္ ငါေက်နပ္သြားေအာင္ အမွန္လို႔လိမ္ေျပာေပးႏိုင္မလား "

ျပတ္သားစြာပဲ ဟန္နရီကိုမ်က္ႏွာလြဲကာ Samထိုအခန္းထဲမွထြက္လာလိုက္သည္ ရွိန္းခန္႔ပိုင္ကေတာ့ အခန္းတြင္း cctvကေန ဟန္နရီကိုၾကည့္ပီး သေဘာက်စြာၿပဳံးရယ္လိုက္သည္

သူကိုယ္တိုင္မသတ္ခဲ့ေပမဲ့ အကုန္လုံးက သူ႔ကိုပဲအျပစ္ပုံခ်ေနတာေၾကာင့္ ဟန္နရီသက္ျပင္းခ်ကာ ထိုအခန္းငယ္အတြင္း မ်က္လုံးမွိတ္ကာ ၿငိမ္သက္ေနလိုက္သည္ အရင္ထဲကနာက်င္ေနတဲ့ႏွလုံးသားက အယုံၾကည္ရဆုံးတပည့္ေၾကာင့္ ႏွစ္ခါျပန္နာက်င္ရျပန္သည္

" ကိုတကယ္အဆင္မေျပဘူး အခ်စ္ရယ္ ~~ "

******

ေမွာင္ပိတ္ေနတဲ့အခန္းငယ္အတြင္း၀င္ေရာက္လာတဲ့ေနေရာင္ေလးကို ဟန္နရီေငးၾကည့္ေနလိုက္သည္

" ကို႔အခ်စ္ေလး ေပ်ာ္႐ႊင္စြာႏိုးထႏိုင္ပါေစ "

တစုံတေယာက္ကိုတမ္းတလိုက္ပီး ဟန္နရီေခါင္းငုံ႔ကာသက္ျပင္းခ်လိုက္သည္

" အဲ့ေကာင္ကိုအျပင္ေခၚခဲ့ "

အျပင္ကေနအမိန္႔ေပးလိုက္တဲ့ရွိန္းခန္႔ပိုင္ေၾကာင့္ အခန္းတြင္းႀကိဳးတုတ္ခံထားရတဲ့ဟန္နရီကို Samအျပင္ကိုဆြဲထုတ္လာကာ ထိုင္ခုံတလုံးေပၚမွာထိုင္ခိုင္းလိုက္သည္ ရွိန္းခန္႔ပိုင္အေနာက္မွာလဲ သူ႔ေနာက္လိုက္ေတြက လက္ေနာက္ပစ္ကာ တန္းစီရပ္ေနၾကသည္

" မင္းကိုတညအခ်ိန္ေပးပီးပီ ဗစ္တာ...အဲ့ေတာ့ ငါ့အေဖထားခဲ့တဲ့ေျမပုံဘယ္မွာလဲ "

ဟန္နရီကသူ႔ေခါင္းကိုေစာင္းကာ ဂ႐ုမစိုက္တဲ့ပုံစံမ်ိဳးနဲ႔ ရွိန္းကိုစိုက္ၾကည့္လိုက္လိုက္သည္ ဒူးတဖက္ကိုလဲလႈပ္ကာ မခန္႔ေလးစားပုံစံလုပ္ျပလိုက္သည္

" ငါ*ုးမသားဗစ္တာ !!! "

ရွိန္းက ဟန္နရီမ်က္ႏွာကိုသူ႔အားနဲ႔လွမ္းထိုးလိုက္သည္ ႏွာေခါင္းကေနေသြးေတြစီးက်လာေပမဲ့ ဟန္နရီမ်က္ႏွာက ဘာမွမျဖစ္တဲ့အတိုင္း ရွိန္းကိုစိုက္ၾကည့္ေနလိုက္သည္ လက္ေတြကိုလဲႀကိဳးတုတ္ထားတာေၾကာင့္ ဘာမွျပန္လုပ္မရျဖစ္ေနသည္

" ခင္ဗ်ားသတၱိရွိရင္ က်ဳပ္ကိုႀကိဳးျဖည္ေပးလိုက္ေလ "

" ဒီေလာက္႐ိုက္ႏွက္ခံထားရတာေတာင္ သိပ္ေခါင္းမာေနတယ္ေပါ့ဟုတ္လား မင္းကိုအခုခ်က္ခ်င္းသတ္ပစ္လိုက္လို႔ရတယ္ နားလည္လား "

" ထြီ "

ဟန္နရီက သူ႔ပါးစပ္ထဲကေသြးေတြကို ရွိန္းမ်က္ႏွာေပၚလွမ္းေထြးလိုက္သည္ မ်က္ႏွာတခုလုံးလဲအထိုးခံထားရတာေၾကာင့္ ဖူးေယာင္ေနသည္

သူ႔မ်က္ႏွာကေသြးေတြကို အ၀တ္တခုနဲ႔သုတ္လိုက္ပီး ဟန္နရီရဲ႕ေျခေထာက္ကို လွမ္းကန္လိုက္သည္

" လြန္းက တကယ္အလွေလးပဲေနာ္ ငါ့ကိုေကာမေပးခ်င္ဘူးလား "

မထိတထိေျပာလိုက္တဲ့စကားေၾကာင့္ ဟန္နရီအသက္ရႈသံေတြျမန္ဆန္လာကာ ထိုထိုင္ခုံေပၚမွအတင္း႐ုန္းထြက္လိုက္သည္....တင္းက်ပ္စြာခ်ည္ေႏွာင္ထားတဲ့ႀကိဳးေတြေၾကာင့္ ဟန္နရီရဲ႕ႀကိဳးစားမႈက အခ်ည္းႏွီးပင္

" ဒီကစားပြဲမွာ အႏိုင္ရသြားတဲ့သူက ငါပဲ ဗစ္တာ "

*******
16.3.22
Grey

Continue Reading

You'll Also Like

3.9M 371K 43
α€˜α€šα€Ία€α€―α€”α€Ία€Έα€€α€™α€Ύ α€žα€­α€€α€Ήα€α€¬α€€α€»α€›α€α€šα€Ία€œα€­α€―α€· α€™α€α€½α€±α€Έα€α€²α€·α€–α€°α€Έα€˜α€°α€Έ ထင်စေ။ဒါတွေက α€„α€«α€™α€„α€Ία€Έα€€α€­α€―α€α€»α€…α€Ία€œα€­α€―α€·
1M 42K 54
α€„α€«α€œα€¬α€Έ.... စိတ်ချ...... α€”α€­α€—α€Ήα€—α€¬α€”α€Ία€›α€±α€¬α€€α€Ία€›α€„α€Ία€œα€Šα€Ία€Έ မင်းကိုပဲ ချစ်နေထုဢးမှာ.......... α€žα€―α€”α€±α€α€„α€Ία€‘α€½α€‹α€Ί α€€α€™α€Ήα€˜α€¬α€•α€»α€€α€Ία€žα€œα€­α€― α€œα€±α€•α€Όα€„α€Ία€Έα€™α€­α€―α€Έα€žα€Άα€α€½α€±α€‘...