The little king of the vampire

By StarElla85

96.4K 5.8K 678

Vampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်... More

❤Intro❤
❤TLKOTV-1❤
❤TLKOTV-2❤
❤TLKOTV-3❤
❤TLKOTV-4❤
❤TLKOTV-5❤
❤TLKOTV-6❤
❤TLKOTV-7❤
❤TLKOTV-8❤
❤TLKOTV-9❤
❤TLKOTV-10❤
❤TLKOTV-11❤
❤TLKOV-12❤
❤TLKOTV-13❤
❤TLKOTV-14❤
❤TLKOTV-15❤
❤TLKOTV-16❤
❤TLKOTV-17❤
❤TLKOTV-18❤
❤TLKOTV-19❤
❤TLKOTV-20❤
❤TLKOTV-21❤
❤TLKOTV-22❤
❤TLKOTV-23❤
❤TLKOTV-24❤
❤TLKOTV-25❤
❤TLKOTV-26❤
❤TLKOTV-27❤
❤TLKOTV-28❤
❤TLKOTV-29❤
❤TLKOTV-30❤
❤️TLKOTV-31❤️
Final[Zawgyi]

Final[Uni]

1.2K 45 6
By StarElla85

Uni
.......

"ကိုကို Baby ကားမောင်းမယ် ကိုကိုကလိုက်စီးနော်"

"Babyရယ်ဖြစ်ပါ့မလား တစ်ခုခုဖြစ်နေမှဖြင့်"

"ဘာလဲ...ဘာလဲ ကိုကိုက Babyကို မယုံတာလား"

"မဟုတ်ပါဘူးကွာ ကိုကိုက..."

"တော်...တော် ဘာမှလာမပြောနေနဲ့ ခုကားပေါ်တက် Babyမောင်းမှာ ဟွန့်"

ကားမောင်းမည်ပဲ ဇွတ်ပြောနေသည့် ချစ်ရသူလေးကြောင့် ကားလက်ဆောင်ဝယ်ပေးမိသည့် ကိုယ့်ကိုယ်ကိုသာ VEE အပြစ်တင်နေမိသည်။ကားမောင်းတတ်သည်ဆိုတာကို သိသည်ကြောင့် ကားလက်ဆောင်ဝယ်ပေးမိပါသော်လည်း
စိတ်ပူနေရပြန်၏။ကားမောင်းသူနေရာ ဝင်ထိုင်ပြီး မိမိအား
လာရန် လက်ယက်ခေါ်နေသည့် Babyကြောင့် VEEလည်း
ဘေးတွင်ဝင်ထိုင်လိုက်သည်။

"မကြောက်ပါနဲ့ ကိုကိုရဲ့ Babyမောင်းတတ်ပါတယ် ဟီး"

"ဟုတ်ပါပြီဗျာ ကိုကို့ကိုကြည့်မနေနဲ့ ရှေ့ကိုသေချာကြည့်မောင်း"

"ဟုတ်"

ရွှန်းလဲ့နေသော မျက်လုံးလေးများဖြင့် စိတ်ကားထက်သန်စွာ
မောင်းနေသော Babyပုံစံသည် သူ့၏ လက်ဆောင်ကို အလွန်သဘောကျသည်ဟု ဖော်ပြနေသည်။တစ်နေရာရောက်
တော့ ကားလေး တုံ့ကနဲ ရပ်သွားလေ၏။အကြောင်းကတော့
မီးပွိုင့်ရှိနေသောကြောင့်ပင်။

"ကိုကို ကလေး မီးပွိုင့်ကိုဖြတ်မောင်းလိုက်ရမလား"

မီးပွိုင့်အားကြည့်ပြီး ပြောင်စပ်စပ်ရုပ်လေးဖြင့် လှမ်းစလိုက်နေသည့် Baby၏ ဆံနွယ်နုနုလေးများရှိရာ ခေါင်းလုံးလုံးလေးအား တစ်ချက် ဖွလိုက်ပြီး

"Babyလုပ်ရဲရင် ဖြတ်လေ"

"ဟီး လုပ်ရဲဘူး"

"ဟား...ဟား...ဟား လုပ်လည်းမလုပ်ရဲပဲနဲ့ ငကြောက်လေး"

VEEရယ်မောရင်း စနောက်လိုက်တော့ နှုတ်ခမ်းလေးဆူပြီး
VEE၏ လက်မောင်းအား ခပ်ဖွဖွထုရိုက်လာလေသူ။ထုရိုက်
နေသော လက်ကလေးအားယူပြီး အနမ်းခြွေမိတော့ မျက်စောင်းလေးထိုးပြီး မျက်နှာလွှဲသွား၏။သဘောတကျ ပြုံးလိုက်ရင်း ခေါင်းလုံးလုံးလေးအား ဆွဲဖွမိပြန်တော့သည်။

"ဟာ..ကိုကိုနော် လူကို ပါပီလေးများထင်နေလား"

"ပါပီမဟုတ်ပါဘူး Babyက ကိုကို့ရဲ့ ယုန်ပေါက်လေးလေ ဟား ဟား"

"ကိုကိုက အမြဲ Babyကို လိုက်စနေတော့တာပဲ ဟွန့်"

"အရေးတကြီး ကြေညာစရာရှိတာမို့ လူကြီးမင်းတို့ နားဆင်ပေးပါရန်"

မီးပွိုင့်ဘေးတွင် တပ်ဆင်ထားသော TVထံမှ အမျိုးသမီး
တစ်ယောက်၏ အသံသည် စိုးရိမ်တကြီးထွက်ပေါ်လာသည်။
ကားမောင်းသူများသည်လည်း ထို TVထံသို့သာ အာရုံရောက်သွားကြ၏။

"ရာစုနှစ်တစ်ခုထိပျောက်ကွယ်သွားခဲ့တဲ့ Vampireမျိုးနွယ်စုတွေ ယခု လူသားတွေနေထိုင်တဲ့ ကမ္ဘာမြေပေါ်ကို ထပ်မံရောက်ရှိလို့လာနေပြီလား"ဆိုသည့် စာတန်းတန်းနီနီကြီးနှင့်အတူ videoတစ်ပုဒ် ပြသလာခဲ့သည်။

"ကို..ကိုကို!"

ထိုvideoအား ကြည့်ပြီး Vaselလေး ကြီးမားစွာ တုန်လှုပ်သွားခဲ့ရသည်။ထိုနည်းတူစွာပင် VEEပါ အနည်းငယ် တုန်လှုပ်သွားခဲ့၏။အကြောင်းမှာ ထိုvdထဲတွင် ပါဝင်နေသည့် ပုံရိပ်များကြောင့်သာဖြစ်သည်။၎င်းvdထဲတွင် VEE၏ Vampireအသွင်အပြင်အား ထင်ထင်ရှားရှား
ရိုက်ကူးထားနိုင်ခဲ့သည်။

"Babyမကြောက်နဲ့ ကိုကိုတို့ စံအိမ်အမြန်ပြန်ရအောင်"

"ကိုကို...အဲ့vdက...ဘယ်...ဘယ်ကဟာလဲ"

"ကိုကို ဘေးကင်းတဲ့နေရာရောက်ရင် ရှင်းပြမယ်နော် စိတ်အေးအေးထား"

VEEလည်းသူ့ကလေးလေး မကြောက်အောင် အတက်နိုင်ဆုံး ဖြောင်းဖြရင်း စံအိမ်သို့အမြန်ရောက်အောင်ပင် မောင်းလိုက်တော့သည်။ထိုကိစ္စတွင် Virriမျိုးနွယ်စု ခေါင်းဆောင် Elic ပါဝင်နေမည်ဟုလည်း ကျိန်းသေသိနေ၏။

"သခင်ကြီး...နန်းတော်ဘက်မှာ ပြဿနာတက်နေပါတယ်"

VEEတို့ စံအိမ်ဆီရောက်သည်နှင့် တံခါးပေါက်တွင် အသင့်စောင့်နေသော Diက အလောတကြီး ပြောလာလေသည်။

"ကျစ်!ဒီနေ့ ဘာလို့ပြဿနာတွေများနေရတာလဲ"

"နန်းတော်ကို Virriမျိုးနွယ်စုတွေ ကျုးကျော်တိုက်ခိုက်နေပါတယ်"

"ဘာ!!"

VEE နန်းတော်အခြေအနေကို အစွမ်းသုံးပြီး ကြည့်နေချိန် စံအိမ်ဆီ လူသားအမြောက်အများ ဝင်ရောက်လာသည့် မြင်ကွင်းကို မြင်လိုက်ရ‌တာကြောင့် ဘေးတွင် စိုးရိမ်တကြီး ရပ်နေသော Babyကိုယ်လုံး‌လေးအား သူ့ဘက်ဆွဲလိုက်ပြီး ရင်ခွင်ထဲထည့်ထားလိုက်လေသည်။မျက်လုံးများကလည်း ခြံတံခါးဘက်ကို စူးစူးရဲရဲစိုက်ကြည့်နေသေးသည်။

"Vampireဆိုးတွေကို ငါတို့နှိမ်နင်းရမယ်!"

ညာသံပေးသံများနှင့်အတူ ကြက်သွန်ဖြူများ၊ဓားများ၊တုတ်များ ကိုင်ဆောင်ထားသော လူစုကြီးသည် ခြံတံခါးအား ဖျက်စီးပြီး စံအိမ်ထဲသို့ ဝင်လာကြသည်။

"အားလုံး...တိုက်ဖို့အသင့်ပြင်!"

VEEအသိပေးလိုက်သည်နှင့် Vampireများသည်လည်း စံအိမ်ထဲမှ တဖွဲဖွဲထွက်လာကြပြီး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေ
ကြသည်။ထိုအချင်းအရာများကို မြင်နေသည့် Vaselလေး
သည် အားနည်းသော လူသားအမြောက်အများ သေကျေကြမည်ကို မလိုလားတာကြောင့်

"ကိုကို သူတို့ကို ဘာမှမလုပ်ပါနဲ့"

"ဘာဖြစ်လို့လဲ Baby သူတို့ကိုဘာမှမလုပ်ရင် သူတို့လုပ်တာခံနေရမှာပေါ့"

"မဟုတ်ဘူး ကိုကို Babyပြောတာနားထောင်ပါနော် Babyသူတို့နဲ့ ညှိနှိုင်းပရစေ"

"ကိုကိုလက်မခံနိုင်ဘူး Baby"

"လုပ်ပါကိုကိုရယ် နော်"

ဘယ်လိုပြောပြော ညှိနှိုင်းမယ်ပြောနေသည့် Vasel‌လေးကြောင့် VEEလည်း လိုက်လျောလိုက်ရတော့သည်။VEEက ရပ်လို့ ပြောလိုက်သည်နှင့် Vampireများအကုန် တုံ့ကနဲ ရပ်သွားကြသည်။အားလုံးငြိမ်သွားတော့မှ Vaselရှေ့ထွက်လာပြီး ညှိနှိုင်းရန် ကြိုးစားတော့သည်။

"အားလုံး အေးအေးဆေးဆေး ဆွေးနွေးကြရအောင်လား"

"ဘာမှဆွေးနွေးစရာမရှိဘူး!ငါတို့လူသားတွေ နေ့တိုင်းသေသေနေတာ မင်းတို့ကြောင့် ငါတို့သေရင်လည်းသေပါစေ မင်းတို့ကို မရမက တိုက်ထုတ်မှာ"

"ဟုတ်တယ်...ဟုတ်တယ်"

ရှေ့ကလူပြောသော စကားအား နောက်ကလူများက တက်တက်ကြွကြွ ထောက်ခံကြသည်။ဒေါသသွေးများ ဆူပွတ်နေသည်ကြောင့် ဘယ်လိုမျှ ညှိနှိုင်းလို့ ရမည့်ပုံမပါ်။သို့သော် Vaselလေးဇွဲမလျှော့သေးပေ။

"ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားပေးမယ်... Vampireနဲ့လူနဲ့ တိုက်ပွဲဖြစ်ရင် လူတွေပဲအထိနာကြမှာ ဒီကလူတွေလည်း သိမှာပါ"

Vaselစကားကြောင့် လူသားများ အတွေးပေါက်သွားကြပြီး အချင်းချင်း တီးတိုးတိုင်ပင်နေကြသည်။နောက်ဆုံးတွင်တော့ အရှေ့ကလူက အသံလွင်လွင်ဖြင့် အော်ပြောလာ၏။

"အေး...လက်ခံတယ်...‌ဒါပေမယ့် လူသားတွေအများကြီး သေထားရတဲ့အတွက် သွေးကြွေးတော့ ဆက်ဦးမယ်...ပစ်ကြဟေ့!!"

စကားဆုံးသည်နှင့် Vaselဘက်လွှင့်ပျံလာတဲ့ ကြက်သွန်ဖြူများ။အလွန်များပြားသည်ကြောင့် Vampireတော်တော်များများကို ထိကုန်ကြပြီး Vampireများ လင်းနို့ပုံစံပြောင်းကာ ပျံပြေးကုန်ကြသည်။

"Baby!!"

VEEလည်း သူ့ကလေးလေးအား ကြက်သွန်ဖြူထိမှန်မှာ ဆိုးသည်ကြောင့် Vaselဆီ သွားပြီး နန်းတော်ဆီ သွားရန် အစွမ်းသုံးနေစဉ် VEEကျောပေါ် သို့ ကြက်သွန်ဖြူများ ကျရောက်လာသည်။ဆိုးရွားစွာ နာကျင်သည်ကြောင့် လက်ကျန် စွမ်းအားကို စုစည်းပြီး နန်းတော်ဆီ သွားလိုက်‌တော့သည်။

"အား!!!"

VEEနန်းတော်ရှေ့ရောက်သည်နှင့် အားပျက်ပြီး လှဲကျကာ နာကျင်စွာ အော်ဟစ်နေရသည်။VEE ယခုလိုဖြစ်ရတာ သူ့ကြောင့်ဆိုပြီး Vaselလေးလည်း ကိုယ့်ကိုယ်ကို အပြစ်တင် ငိုကြွေးနေသည်။

"Ba... Baby...မငိုပါနဲ့...ကိုကိုအဆင်ပြေတယ်...စွမ်းအား ခဏသုံးလို့မရရုံလောက်ပဲ"

"အီး...ဟီး..ကိုကိုညာနေတာ...ဟင့်...ဟိုးတစ်ခေါက်တုန်းက ကိုကိုသေမလိုတောင်ဖြစ်ခဲ့တာလေ"

"အဲ့တုန်းက...စားမိလို့...ခုက ထိရုံပဲ"

"အင့် ဘာနေနေလေ ဟင့် နာနေတယ်မလား...အီး..ဟီး... Babyကြောင့်ဖြစ်ရတာ...ဘာလို့Babyရှေ့မှာ ကာနေရတာလဲ... Babyက Vampireမှမဟုတ်တာ ကြက်သွန်ဖြူထိရင်လည်း ဘာမှမဖြစ်တာကို"

"ဘာမှမဖြစ်ပေမယ့် Babyအသားလေးတွေ နာကုန်မှာပေါ့ မငိုနဲ့နော် ကိုကိုဘာမှမဖြစ်ဘူး ကလေးကြောင့်လည်းမဟုတ်ဘူး ကိုယ့်ဘာသာကိုယ် အပြစ်တင်မနေနဲ့တော့"

"ကိုကိုရယ်.."

Vaselလေး မချိတင်ကဲ ရေရွတ်မိတော့ VEEသည် ချစ်ရသူလေး၏ မျက်နှာနုနုလေးကိုသာ တမေ့တမော ကြည့်နေမိ၏။

"ကိုကို ဘာလို့ အရမ်းကြည့်နေရတာလဲ နန်းတော်ကိုဝင်ရမယ်လေ"

"သေမလား ရှင်မလားမသိတဲ့ တိုက်ပွဲမှာ Baby ရဲ့မျက်နှာလေးကို တဝကြီး ကြည့်သွားချင်မိလို့ပါ"

VEE၏စကားကြောင့် Vaselလေးရင်ထဲ စို့နစ်နစ်ကြီး ခံစားလိုက်ရသည်။ဘာကြောင့်များ ကိုကိုက ဒီလိုစကားကို ဟင့်အင်း လက်မခံဘူး Baby ရှိနေသ၍ ကိုကို ဘာမှမဖြစ်စေရဘူး။

"ကိုကို..ရှေ့လျှောက် ဘာတွေဖြစ်လာမလဲ Baby မပြောနိုင်ပေမယ့် Baby အသက်ရှင်နေသ၍ ကိုကို ဘာမှမဖြစ်စေရဘူး"

"ကိုယ်ယုံပါတယ် အချစ်ရယ်..ခုတော့ ကိုယ့်ကိုခွင့်လွှတ်ပါ"

"ကိုကို...ဒါဘာလုပ်တာလဲ... Baby ကိုထွက်ခွင့်ပေး"

VEEသည် ဂါတာတစ်ခု ရွတ်လိုက်ပြီး Baby ကို အကာအရံလုပ်ပေးလိုက်ခြင်းဖြစ်သည်။ထိုအကာအရံထဲက မည်သူမျှ မဝင်နိုင်သလို မည်သူမျှလည်း မထွက်နိုင်ချေ။

"အချိန်တစ်ခုရောက်ရင် ဒီအကာအရံကို ကိုယ်လာဖွင့်ပေးပါ့မယ်...အကယ်၍ ကိုယ်မလာနိုင်တော့ရင်တောင်.."

"တော်တော့ကိုကို! ကိုကို ကိုယ်တိုင် ဒီအကာအရံကို လာဖွင့်ပေးတာပဲလိုချင်တယ်"

VEEစကားအား မကြားနိုင်စွာ ဖြတ်ပြောလိုက်ခြင်းဖြစ်သည်။ကိုကိုနှင့် ဝေးရမည့် စကားများကို သူ မကြားနိုင်တော့ပါ။

"ကောင်းပြီ Baby ဒီမှာခဏနေခဲ့...ကိုယ် လုပ်စရာတွေ လက်စသတ်ပြီးရင် ပြန်လာခဲ့မယ်"

"ကိုကို့ကို Babyကပိုင်တာမို့ အထိအခိုက်နည်းပါစေကိုကို"

စိုးရိမ်တကြီးပြောနေသော ချစ်ရသူလေးအား အတောက်ပဆုံး အပြုံးနှင့်ပြုံးပြ နှုတ်ဆက်ကာထွက်ခွာသွားတော့သည်။
ထွက်ခွာသွားသည့် ချစ်ရသူ၏ ကျောပြင်ကို ကြည့်ရင်းပင် ဘာမှမဖြစ်စေရန် တဖွဖွ ဆုတောင်းနေရသည်။

"Welcome VEE ငါတို့မတွေ့တာတောင် အတော်ကြာပြီနော်...ဟက်"

VEEအပိုင် ပုလ္လင်ထက်တွင် မိန့်မိန့်ကြီး ထိုင်နေပြီး VEEအားခနဲ့လိုက်သူကတော့ Virriမျိုးနွယ်စု၏ ခေါင်းဆောင် Elicပင်။

"မင်းစောက်ဆင့်နဲ့ ငါ့ပုလ္လင်တန်နေလား! ငါ့ပုလ္လင်ပေါ်ကဆင်းစမ်း!"

VEEသည် ပုလ္လင်ပေါ်သို့ လျှင်မြန်စွာတက်သွားလိုက်ပြီး Elicအား စတင်တိုက်ခိုက် တော့သည်။လျှင်မြန်သော အရှိန်ဖြင့် တိုက်ခိုက်နေသည်ကြောင့် အခန်းတွင်ရှိ ပစ္စည်းများ တစ်စစီ ကြေမွကုန်၏။VEE၏ ကန်ချက်ကြောင့် Elicဟန်ချက်ပျက်သွားသည်။ဟန်ချက်ပျက်သွားတုန်း ဓားဖြင့်ထိုးရန် ရွယ်လိုက်ချိန် ကြားလိုက်ရသည့် အသံလေးတစ်ခု...

"ကိုကို!"

အသံလာရာကို လှည့်ကြည့်မိတော့ လည်ပင်းတွင် ဓားထောက်ခံထားရသော Baby ပင်။နှုတ်ခမ်းထောင့်မှလည်း သွေးများထွက်နေလေ၏။

"သူ့ကိုလွှတ်လိုက်စမ်း!!"

"ဟား..ဟား..ဟား အချစ်...အချစ်...အချစ်က အရာအားလုံးကို အားနာစေတာပဲ ဟက် မင်းကျရှုံးခန်းရောက်ပြီဆိုတာရော မင်းသိရဲ့လား VEE!"

"အား..!"

"ကိုကို!!"

Elicသည် သူ့၏ဓားဖြင့် VEE၏ ရင်ဘက်ကို ထိုးလိုက်သည်။ဒူးထောက်လဲကျသွားသည့် VEE၏ လည်ပင်းအား နောက်ကျောကနေ လက်မောင်းဖြင့် သိုင်းညှစ်ထားပြီး

"Vasel.. Vampire တို့အားလုံးရဲ့ ဧကရီ...ဟက် မင်းကြည့်စမ်း မင်းရဲ့ ချစ်ရသူ ငါ့လက်ထဲမှာ သေရတော့မှာ ဟား...ဟား..ဟား"

"ခင်ဗျားစောက်ပါးစပ်ကိုပိတ်ထား!!ကိုကို...ကိုကို ပြန်ထပါ ကိုကို Baby ပြောနေတယ်လေ"

VEEရှိသမျှအားနှင့် Elicအား တွန်းထုတ်လိုက်သည်။ချိနဲ့နေသော ခန္ဓာကိုယ်အား သယ်မကာ သူ့ချစ်ရသူလေးဆီ အပြေးသွားမိ၏။

"Babyဘာလို့ထွက်လာရတာလဲကွာ...ဟမ်း"

Vasel‌လေးအား ဓားထောက်ထားသူ၏ လက်ကို လိမ်ချိုးလိုက်ပြီး Baby အား မေးလိုက်ခြင်း

"မင်းတိ့နှစ်ယောက်က အရမ်း တုံးအ ကြတာကို..မင်း အသတ်ခံလိုက်ရပြီဆိုပြီး ငါ့တပည့်တစ်ယောက်ကို သွားပြောခိုင်းလိုက်တာ မရမကထွက်လာခဲ့တာပဲ...ဟား..ဟား..ဟား တုံးအလိုက်တာဆိုတာ"

"Baby..အသင့်ပြင်ထား သူ့ကို ကိုကိုတို့ ပေါင်းပြီးတိုက်ကြမယ်"

"ဟုတ်ကိုကို"

Vaselသည် VEEရဲ့ လက်အား ရဲရဲတင်းတင်း စုပ်ကိုင်လိုက်ပြီး ပြောလာသည်။

"ဟား.. ဟား...ဟား ရီစရာတွေ လုပ်နေတာ အချိန်ပြည့်ပြီ"

Elicသည် VEEအားတွန်းထုတ်လိုက်ပြီး Vasel၏ လည်ပင်းအား ရှည်လျားသော လက်သည်းများဖြင့် ကုပ်ကာ ညှစ်ထားလိုက်တော့သည်။

"သူ့ကိုလွှတ်ပေးလိုက်!!ခွေးမသား မင်းနဲ့ငါ့ရဲ့ တိုက်ပွဲမှာ ငါ့ချစ်သူကို ဆွဲထည့်စရာ အကြောင်းမရှိဘူး!!'

"သူက မင်းရဲ့ အားနည်းချက်ဖြစ်နေတော့လည်း မတက်နိုင်ဘူး..သူ့ကိုလွှတ်ပေးလိုက်စေချင်လား ..ဒါဆို မင်းဓားနဲ့မင်းရင်ဝကို ပြန်ထိုးပြီး သေလိုက်လေ"

"ကိုကို မလုပ်နဲ့ အ့!"

Vaselတားလိုက်သော်လည်း လည်ပင်းထဲ ထိုးစိုက်ခံထားရသည့် ထိုလူ၏ လက်သည်းများသည် အသည်းခိုက်အောင် နာကျင်သောကြောင့် ညည်းမိ၏။

"သူ့ကိုထပ်မထိနဲ့!!"

စိတ်တိုင်းကျ အော်ဟစ်ရင်း သူ့၏ဓားကို ဆင့်ခေါ်လိုက်သည်။VEEဆိုသည့် သူ့၏ ဖြစ်တည်မှုသည် သူ့၏ကြင်ယာတော်ကြောင့်သာ ဖြစ်တည်နေရခြင်းဖြစ်၏။Babyအတွက် လိုအပ်လျှင်ပင် သူ့အသက်ကိုပင် စတေးမည်ဖြစ်ကြောင်း ကျမ်းစာထဲတွင် ထည့်သွင်းပြီး ကျိန်ဆိုထားခဲ့ပြီးသားပင်။

"ကိုကို!Babyကို ရှင်ရက်နဲ့သေနေတဲ့လူ မဖြစ်စေချင်ရင် ဓားကြီးကိုချလိုက်ပါ...ပြီးတော့ ကိုကို့ကို လိုအပ်နေတဲ့ အသက်ပေါင်းများစွာရှိတယ်လေ... Babyအသက်ကို စတေးလိုက်ရလည်း Baby ဝမ်းမနည်းပါဘူး ကိုကိုရယ်...ဓားကြီးကိုချလိုက်ပါ...အင့်...ဟင့်"

"Baby မင်းလေးအတွက်ဆို ကိုယ်အသက်ပေါင်းများစွာ စတေးရဲတယ်...ကိုယ့်အသက်ကိုတောင်မှပေါ့...အား!!!"

"ကိုကို...မလုပ်ရဘူး!!"

ကျီးကန်းများလည်း ပျံပြေးကုန်၏။နာကျင်စွာအော်ဟစ်သံ ငိုသံများသည်လည်း မိုးခြိန်းသံနှင့်အတူ ဟိန်း၍ ကောင်းကင်ထက်သို့ တက်၏။ချစ်တတ်လွန်းသူ၏ ရင်ဝထက်၌လည်း ဓားရိုးတွင်Babyဟု ထွင်းထုထားသော အနက်ရောင်ဓားကြီးသည် အကျဉ်းတန်စွာ စိုက်ဝင်နေလေ၏။အလွန်ရက်စက်ကြမ်းကြုတ်သည့် Vampire ဘုရင်တစ်ပါး၏ အဆုံးသတ်ပေလား။

"ဘာ...ဘာလို့...ကိုကိုက ဒီလိုမျိုး...အား!!!"

Vampire ဘုရင်ကြီး၏ တစ်ဦးတည်းသော မြတ်နိုးရာလေးသည်လည်း သူ့ရှေ့မှာတင် ချစ်ရသူ၏ ဘဝနိဂုဏ်းကိုမြင်လိုက်ရသည်ကြောင့် ယူကြုံးမရဖြစ်တာ နှလုံးသားများ ကြေမွမတတ် ခံစားနေရသည်။

"ဟား...ဟား...ဟား...အချစ်က အားနည်းချက်တစ်ခု
ဖြစ်ကြောင်း အစွမ်းထက်လွန်းတဲ့ Vampire ဘုရင်ကြီးက သက်သေပြလိုက်ပြီ ဟား...ဟား"

Elicသည် လဲကျသေဆုံးနေပြီဖြစ်သော VEEဆီသွားကာ ရင်ဝတွင်စိုက်ဝင်နေသော ဓားကို ဆွဲထုတ်ရင်း အားရပါးရအော်ရီနေလေသည်။

လဲကျနေသော ချစ်ရသူ၏ ရုပ်အလောင်းကို ပိုက်ကာ ယူကြုံးမရခြင်းများစွာဖြင့် ငိုကြေးနေရှာ၏။ကိုကို့၏စကားသံတွေ၊ကိုကို့၏အပြုံးတွေကို ထပ်မမြင်နိုင်တော့သည်ကို Vessel လက်မခံနိုင်သေးပါ။ကိုကို့ရဲ့ အချစ်တွေကို အများကြီးခံယူချင်သေးတာမို့ ဒီလိုမျိုးမထားခဲ့ပါနဲ့ကိုကိုရယ်။ငိုကြွေးနေရင်း နှလုံးသားအတွင်းပေါ်ပေါက်လာရသည့် မုန်းစိတ်တွေ၊ကလဲ့စားချေချင်စိတ်တွေကြောင့် ချစ်ရသူ၏ န‌ဖူးပြင်အား မြတ်နိုးမှုအပြည့်ဖြင့် တစ်ချက်နမ်းလိုက်ပြီး တောက်တစ်ချက်ခေါက်ကာ မတ်တတ်ရပ်လိုက်၏။

"ဟက်...အချစ်ဆိုတာ အားနည်းချက်မဟုတ်ပဲ အစွမ်းထက်ဆုံး စွမ်းအားဖြစ်ကြောင်းကိုလည်း ငါမင်းကို ပြန်သင်ပေးမယ် Elic..."

ပြောပြီးသည်နှင့် Vaselသည် Elic၏ လည်ပင်းအား တင်းကြပ်စွာညှစ်ထားပြီး Elic၏‌ခြေထောက် မြေကြီးနှင့်လွတ်သည်အထိ အပေါ်ကိုမြှောက်လိုက်သည်။

"အစ်...မင်း...မင်းဘယ်လိုလုပ်...အ့ အားအင်ကြီးသွားရတာလဲ"

Elicသည် လည်ပင်းညှစ်ခံထားရသောနေရာမှ သွေးများအလိမ်းလိမ်းကျနေသည်ကြောင့် အလွန်ပင်နာကျင်နေမိသည်။အားအလွန်နည်းသည့် VEE ၏ကြင်ယာ‌တော်သည် ဤမျှလောက် အားအင်ကြီးမားသွားသည်ကို Elicမယုံနိုင်သေးပါ။

"ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့လူတစ်ယောက်ရဲ့ အမျက်ဒေါသကို မင်းခံစားကြည့်လိုက်ဦး Elic"

"အား!!"

အဝေးကိုလွှင့်ပစ်ခံလိုက်ရသည့် Elicတစ်ယောက် VEE၏ ပုလ္လင်အောက်‌တွင် ရုပ်ပျက်ဆင်းပျက်ဖြင့် လဲကျသွားရသည်။

"ငါ့ချစ်ရသူသေသလို မင်းလည်းသေစေရမယ် Elic!!"

"အား!!!"

Vaselလည်း Elicအငိုက်မိနေချိန် ကိုကို့၏ ဓားအား ‌ကောက်ကိုင်လိုက်ပြီး Elic၏ရင်ဝတည့်တည့်ကို ထိုးချလိုက်သည်။ကျယ်လောင်နေသော နာကျင်သံနှင့်အတူ Virriမျိုးနွယ်စု၏ ယုတ်မာသော အရှင်သခင်လည်း သူ၏ အပြစ်ကြွေးကိုဆပ်ရန် ငရဲသို့ လားရတော့၏။

Elicရင်ဝ‌တွင်ရှိနေသောဓားအား ခပ်ကြမ်းကြမ်းဆွဲထုတ်လိုက်ပြီး ချစ်ရသူ၏ ရုပ်အလောင်းရှေ့ အရုပ်ကြိုးပြတ်ထိုင်ချမိ၏။ထိုအချိန် Vaselမသိလိုက်သည်က သူ့၏ဆံပင်များသည် အမဲရောင်မဟုတ်တော့ပဲ အဖြူရောင်သို့ ပြောင်းနေလေပြီ။

"ကိုကို...ထတော့လေဗျာ...ကိုကိုပဲပြောဖူးတယ်လေ Baby လက်ကိုသွေးအစွန်းမခံ‌နဲ့ ကိုကိုမကြိုက်ဘူးဆို ...ခု ခုသွေးစွန်းသွားပြီလေကိုကိုရဲ့... Baby ကို ထပြီးဆူပါလားကိုကိုရယ်...အီး...ဟီး...ကိုကို Baby ကို ဒီလိုမျိုးထားခဲ့လို့မရဘူး...ကိုကို!!"

VEE၏ ကိုယ်ခန္တာအား ပွေ့ဖက်ရင်း အရူးမီးဝိုင်းသလို ဆောက်တည်ရာမရဖြစ်ပြီး သည်းထန်စွာငိုကြွေးနေလေသည်။ဘယ်လောက်ပဲခေါ်ခေါ် ထူးမလာသည့် ကိုကို့ကြောင့် လက်ထဲတွင် ကျစ်နေအောင်ဆုပ်ထားသော ဓားအား မိမိ၏ ဝမ်းဗိုက်တစ်နေရာသို့ ချိန်ရွယ်လိုက်ရင်း....

"အား!!!"

"အကိုလေး!!"

ကိုယ့်ကိုယ်ကိုဓားဖြင့်ထိုးရန် ပြင်နေတုန်း Diရောက်လာပြီး ဓားကိုဝင်လုလိုက်သည်။Vaselသည် Diကိုမြင်သည်နှင့် ရဲတောက်နေသော မျက်လုံးအစုံဖြင့် ထုရိုက်ရင်း ငိုကြွေးလေသည်။

"ဘာလို့လဲ...ခုနကကျဘာလို့မလာရတာလဲ...အကိုDiသာ အချိန်မှီလာခဲ့ရင် ကိုကို...ကိုကို့ကို ကယ်လိုက်နိုင်မှာ အီး...ဟီး"

"သခင်ကြီး!!သခင်ကြီး ဘာဖြစ်တာလဲ"

တုန်ရီနေသော အသံဖြင့် မေးလာသူကြောင့် ထုရိုက်နေတာကို ရပ်လိုက်ပြီး ပြလိုက်လေသည်။

"သ...သခင်ကြီး...မ..မဖြစ်နိုင်တာ...ကျွန်တော့်ရဲ့ သခင်ကြီးက...ခုလိုမျိူး"

Diလည်းလဲကျနေသော VEEကို အတင်းပွေ့ထူရင်း ယူကြုံးမရဖြစ်ကာ မျက်ရည်များစီးကျလာရသည်။

"သားတော်လေး"

"ဖေဖေ...မေမေ..."

အပြေးတစ်ပိုင်း ဝင်ရောက်လာသည့် VEE၏ မိဘများကို တွေ့သည်ကြောင့် Vaselပြေးဖက်လိုက်၏။

"မေမေ...သား...အင့်...သားကိုခွင့်လွှတ်ပါ...သားကြောင့်...ကိုကို...အီး...ဟီး"

"အေးပါ အေးပါ သားငယ်လေးရယ် မေမေတို့ သားငယ်လေးရဲ့ကိုကို့ကို ရအောင်ကယ်ပေးပါ့မယ်"

"တ...တကယ်ရတာလားဟင်"

"အင်း...မေမေတို့ကိုယုံ...Di မင်းသခင်ကြီးကို သူ့နန်းဆောင်ထဲ ရွှေ့လိုက်"

VEE၏မိဘများသည် သူတို့၏သားငယ်ကို မရရတဲ့နည်းနှင့် အသည်းအသန်ကုသနေကြသည်။တံခါးအပြင်ဘက်က Vaselနှင့် Vampire များလည်း သူတို့၏ ဘုရင်ကြီး ဘာမှမဖြစ်ရန်သာ တဖွဖွဆုတောင်းနေမိသည်။

တစ်ဖက်တွင်VEEသည်လည်း လွင့်မျောပြီး အလွန်မှောင်မိုက်နေသော ချောက်ကမ်းပါးတစ်ခုထဲ ရောက်ရှိနေသည်။

"ဒါ...ဘယ်နေရာကြီးလဲ... Baby!"

VEEသည် သူ့၏အရှေ့ကနေ ပြေးထွက်သွားသော Baby၏အနောက်ကို အသည်းအသန်ပြေးလိုက်၏။
တစ်နေရာရောက်တော့ Baby ကပြေးနေတာကို ရပ်လိုက်ပြီး ထိုင်ငိုတော့သည်။

"Baby...ဘာဖြစ်လို့လဲ...ဘယ်နားကနာလို့လဲ...ဟင်...ကိုယ့်ကိုပြောပါကလေးရယ်"

"အီး...ကိုကိုကလူဆိုး...ကလေးကိုထားခဲ့တယ်"

Baby က သူ့၏ ရင်ခွင်ထဲ မျက်နှာအပ်ထားပြီး ပိုတိုးကာငိုကြွေးလာ၏။ကျောပြင်လေးအား စုန်ချည်ဆန်ချည်ပွတ်သတ်ပေးရင်း ချော့မြူရပြန်၏။

"မထားခဲ့ပါဘူးBabyရယ်...ကိုကိုကလေးဘေးမှာ ရှိတယ်လေ"

"အဲ့တာဆို Baby နဲ့လိုက်ခဲ့နော်... Baby နန်းတော်ကိုပြန်ချင်ပြီ"

"သဘောပါဗျာ"
..........

"VEE!!သတိရပြီ"

VEEမိခင်၏ ဝမ်းသာအားရဖြင့် အော်လိုက်သော အသံကြောင့် Vaselတံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်ပြီး
အခန်းထဲပြေးဝင်သွားသည်။

"အဟွတ်...အဟွတ်"

"ကိုကို!!တ...တကယ်ပဲကိုကိုလား"

Vaselလေးသည် တုန်ရီနေသော လက်အစုံဖြင့် VEE၏ ပါးပြင်အား ခပ်ဖွဖွတို့ထိမိသည်။VEEသည် တုန်ရီနေသော ထိုလက်လေးအား ဆွဲယူကာ အမြတ်တနိုးနမ်းရှိုက်လိုက်၏။

"အား!!!တကယ် ကိုကိုပဲ... Babyသိသားပဲ ကိုကိုမထားသွားဘူးဆိုတာ"

ဝမ်းသာအားရဖြင့် ‌တင်းကြပ်စွာဖက်လိုက်သည့်ကြောင့် ဒဏ်ရာကို ထိမိပြီး VEEနင့်နင့်သည်းသည်း နာကျင်သွားရသည်။သို့သော် ထိုလူသားလေးကို အရမ်းလွမ်းနေပြီဖြစ်တာကြောင့် ပိုတိုးပြီး ပြန်ဖက်လိုက်၏။

"ဒဏ်ရာကသွေးတွေပြန်ထွက်နေပြီလေ ကလေးနှစ်ယောက်"

"အာ...ဟုတ်သားပဲ သားအပျော်လွန်သွားလို့ ဟီး...ဥုံဖွဥုံဖွ"

VEEမိခင်၏ စကားကြောင့် ဖက်ထားတာကို မြန်မြန်ဖယ်လိုက်ပြီး VEEရင်ဘက်ရှိ ဒဏ်ရာအပေါ်တွင် ထပ်အုပ်ထားသော ပတ်တီးဖြူဖြူအား ခပ်ဖွဖွပွတ်သတ်ပေးရင်း ဥုံဖွလုပ်ပေးနေတော့သည်။

"Baby!Baby ဆံပင်တွေက အဖြူရောင်တွေ ဖြစ်နေတယ်"

VEEလည်း ယခုမှ Baby ၏ ဆံပင်ကို သေချာကြည့်မိပြီး အထိတ်အလန့်ပြောမိသည်။မဟုတ်မှ ဒီကလေး....

"ဟုတ်တယ်သားရေ မင်းရဲ့ကြင်ယာတော် Vampire တစ်ကောင်ဖြစ်သွားပြီ"

"ဗျာ!"

"ဗျာ!"

အံ့ဩသံနှစ်ခုသည် VEEနှင့်Vaselဆီကပင်။

"Vaselသား မေမေ့ကိုမှန်မှန်ပြော Elicကို သားသတ်လိုက်တာမလား"

"ဟုတ်..."

"Vampire ဘုရင်တစ်ပါးကို သတ်နိုင်တဲ့ ကြင်ယာတော်က Vampire အသွင်ပြောင်းလဲသွားတယ်တဲ့ ကလေးရဲ့"

"ဘာရယ်!! Baby က Elicကိုသတ်တယ်"

VEEအလွန်အမင်းအံ့ဩသွားမိသည်။အလွန်တရာကိုမှ နူးညံ့သိမ်မွေ့သော ကလေးလေးတစ်ယောက်က ဘယ်လိုလုပ် ရက်စက်ကြမ်းကြုတ်တဲ့ မျိုးနွယ်စု ခေါင်းဆောင်ကို သတ်နိုင်မည်နည်း။

"သူက ကိုကို့ကိုနာအောင်လုပ်တာကို အဲ့တာ ကိုကိုBabyကို ဆူပါနဲ့နော်... Baby လက်‌ထပ်ပြီး သွေးမစွန်းစေရပါဘူးနော်...ကိုကိုနော်"

"ဒီတစ်ခါနောက်ဆုံးပဲနော် ကလေးငယ်"

"ဟုတ်...ကိုကို ဒါနဲ့လေ ကလေးက Vampire ဖြစ်သွားပေမယ့် သွေးမသောက်ချင်နေဘူး"

"Baby က သန့်စင်တဲ့ Vampire လေးမို့လေ"

"ဪ အဲ့လိုလား...ဟီး"

"Vampire ဖြစ်သွားပြီဆိုတော့ ဝမ်းနည်းလား"

"နည်းပါဘူး...ကိုကိုနဲ့ ထာဝရတူတူနေသွားရတော့မှာမို့ Baby ပျော်တယ်"

"စကားတတ်လေး..."

VEEသည် သူ့ရှေ့ကVampireပေါက်စလေး၏ ခေါင်းဖြူဖြူလေးအား ထိုးဖွလိုက်ရင်း ဆို၏။

"ကိုကို... Baby ကိုချစ်လား"

"ကိုကို့ရဲ့ ချစ်ခြင်းတရားကBabyနဲ့စသလို မြတ်နိုးချင်းတရားကလည်း Babyနဲ့ပဲအဆုံးသတ်တယ် Baby"

VEEပြောပြီးသည်နှင့် Vaselလေး၏ ကိုယ်လုံးလုံးလေးအားရင်ခွင်ထဲထည့်ထားလိုက်တော့သည်။ထိုရင်ခွင်ထဲက ကလေးလေးကလည်း VEE၏ နားနားကိုကပ်ပြီး တစ်စုံတစ်ရာကို ဆိုလိုက်၏။ထို စကားလုံးလေးများက

"Baby ကလည်း ကိုကို့ကို အများကြီးချစ်ပါတယ်"တဲ့လေ။

သည်လိုနဲ့ Vampireနှင့်သူ့၏ကြင်ယာတော်လေးသည် ထာဝရ ချစ်ခင်သွားကြသတဲ့ကွယ်။

The End.
.............
#28.3.2023

Continue Reading

You'll Also Like

677K 39.6K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
116K 3.5K 19
Author - Vampire ရေးသားသော " Vampire ခြွေသောအနမ်းကြမ်း" intro ကို စာရေးသူက မရေးလို့ မတင်ပါဘူး ဖတ်ချင်တယ်ဆိုရင် ဖတ်ပေးကျပါ မင်မင်ရေးတဲ့ fic မဟုတ်ပါဘူ...
12.5K 919 20
{ناوی تایبەت بە کەسێک لەناو چیرۆکی منا نیە،پڵەس ١٨تێدایە،چیرۆکی گەی نانوسم بەهیچ شێوەیەک،هتد...}بەدڵتە سەر سەر و سەر چاو بەدڵیشت نیە چاوت دەرێ وئەتوا...
8.3K 558 7
သေးထွက်အောင်ရယ်ရမယ့် Fic သေးထွက်အောင်ရယ်ရမယ့် Fic