အမုန်းပင်မှပွင့်သောအချစ်ပန်း...

De Aster_2122

277K 19.7K 1.1K

အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^ Mais

အပိုင်း {၁} (Uni+Zawgyi)
အပိုင်း {၂} (Uni+Zawgyi)
အပိုင်း {၃}
အပိုင်း {၄}
အပိုင်း {၅}
အပိုင်း {၇}
အသိပေးစာ❕
အပိုင်း {၈}
အပိုင်း {၉}
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) (ဇာတ်သိမ်း)
Extra

အပိုင်း {၆}

10.4K 748 26
De Aster_2122

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း {၆}

"ဟဲလို..ဦးအောင်ခန့်ကျော်ပါလားရှင်"
"...."
"ဟုတ်ကဲ့...ကျွန်မဒေါ်နန်းရိပ်လွှာပါ"
"...."
"...."
"...."
"သစ်လွင်...ဒီမှာဖုန်းကျေးဇူးပါနော်"
"မဟုတ်တာအန်တီရယ်...ရပါတယ်"
"လွန်းဟယ်ရီမနိုးသေးဘူးမလား..."
"ဟုတ်တယ်အန်တီမမလေးမထသေးဘူး..နှိုးပေးရမလား"
"ဟင့်အင်းနေပါစေ..အိပ်နေတာပဲကောင်းပါတယ်အန်တီအပြင်သွားဖို့ပြင်အုံးမယ်"

အပေါ်ထပ်ဆီတက်သွားသည့်အန်တီအား ငေးကြည့်ရင်းသက်ပြင်းသဲ့သဲ့ချနေမိသည်မှာသစ်လွင်သာပင်။သစ်လွင်ဖုန်းအားအန်တီကိုငှားသည်အားမမလေးသိလျှင်မိုးမီးလောင်ပေလိမ့်မည်။ဒါပေမဲ့ သစ်လွင်မငှားပဲမနေရက်ခဲ့။အန်တီခမျာ ဒီရောက်တည်းကအနေကျဥ်းကျပ်၊စိတ်ကျဥ်းကျပ်ဖြင့် နေနေရသည်မှာသစ်လွင်တို့မျက်မြင်ကိုယ်တွေ့ပင်။အခုဆို သစ်ရိပ်မေဆိုသည့်သူကပါထပ်ပါဝင်လာတာကြောင့်မပြောပေမဲ့အန်တီဘယ်လောက်ထိ စိတ်ညစ်နေကြောင်းသစ်လွင်သိပေသည်။

"ဝဋ်ကြွေးဆိုရင်လည်းကျေစေချင်ပါတယ်အန်တီရယ်။ဘာလို့လဲမပြောတတ်ပေမဲ့အန်တီအပြုံးတွေမြင်နေရတာကိုပဲ သစ်လွင်စိတ်ချမ်းသာပြီး ပျော်ရွင်မိပါတယ်"
"သစ်လွင်တစ်ယောက်တည်းဘာတွေပြောနေတာလဲ"
"ဟင်..ဆူးပြန်လာပြီလား"
"အင်း..ဒီမှာကသစ်လွင်သွားရင်ဘယ်သူမှမရှိတော့ဆူးပြန်လာလိုက်တာ..အန်တီရောမမလေးနဲ့အဆင်ပြေရဲ့လားဟိုတစ်ယောက်ကောပြန်သွားပြီလား"
လက်ထဲရှိအထုပ်အားမချပါဘဲ တရစပ်မေးနေသည့်ဆူးအားကြည့်ကာသစ်လွင်ရယ်မိလိုက်သည်။
"ဖြေးဖြေးမေးပါဟယ်..အန်တီနဲ့မမလေးနဲ့ကလည်းမပြေဘူး သစ်ရိပ်မေကလည်းမပြန်ဘူး ညကသူနဲ့မမလေးကတစ်ခန်းထဲအိပ်လို့အန်တီကအောက်ဆင်းအိပ်ရတယ်"
"ဘာ..အဲ့ကောင်မကိုငါထုထောင်းပစ်ချင်တယ်အန်တီလည်းသနားပါတယ်"
"ဟုတ်ပ"
"ဒါနဲ့မမကြီးအကြောင်းအန်တီသိချင်တယ်ပြောတယ်ငါကပြောပြပေမဲ့နင့်လောက်မသိဘူးလေ အဲ့တာပြောပြလိုက်ပါအုံး"
"အင်းပါ"လေးပင့်စွာပြောရင်းမီးဖိုခန်းဆီထွက်လာလိုက်မိသည်။အန်တီလည်းမမကြီးအကြောင်းသိချင်ရှာပေမည်ပေါ့။ဒီကိစ္စကြောင့်မဆီမဆိုင်ပါဘဲ မိန်းကလေးတစ်ဦးအားလက်ထပ်ခဲ့ရပြီးစိတ်ညစ်နေခဲ့ရသည်မလား။
မီးဖိုထဲနှစ်ယောက်သားချက်ပြုတ်နေရင်း အိမ်ရှေ့ဆီမှဆူဆူညံညံအသံများကြောင့်အခန်းဝမှလှမ်းကြည့်မိတော့အန်တီနဲ့မမလေးပင်။အန်တီက ဆင်စွယ်ရောင်မြန်မာဝတ်စုံဝမ်းဆက်လေးအားဝတ်ဆင်ထားပြီးလက်ထဲတွင် သူမကိုင်နေကျ လက်ကိုင်အိတ်လေးအား ကိုင်ထားလေသည်။မျက်နှာထက်တွင်အရင်ရက်တွေကလိမ်းနေကျသနပ်ခါးမဟုတ်တော့ပါဘဲ မိတ်ကပ်ပါးပါးထပ်ထားတာကြောင့် အပြင်သွားမည့်ပုံပင်။
"ဒါကဘယ်လဲလို့ကျွန်မမေးနေတယ်လေ ဒေါ်နန်းရိပ်လွှာ"
"တို့ဘာသာဘယ်သွားသွားပါ..မင်းနဲ့မဆိုင်ဘူးလွန်းဟယ်ရီ။တို့ကအကျဥ်းသားမဟုတ်တဲ့အတွက် မင်းတို့ကို အိမ်ထဲမှာချုပ်လှောင်ထားစရာမလိုဘူး"
"အိမ်ထဲပြန်ဝင်လို့ကျွန်မပြောနေတယ်"
"ငာအပြင်သွားမလို့လွန်းဟယ်ရီပြန်မဝင်ဘူး"
တစ်ယောက်တစ်ခွန်းဖြင့်စကားများနေသည့်သူနှစ်ယောက်အားကြည့်ကာ သစ်လွင်တို့မှာ သက်ပြင်းသာချနိုင်တော့သည်။ဝင်လည်းမပြောရဲပေ။
"လွန်းဟယ်ရီ..လွှတ်..ငါ့လက်ကိုလွှတ်ငါသွားစရာရှိတယ်"
"ကောင်းကောင်ခေါ်နေတုန်းလိုက်ဒေါ်နန်းရိပ်လွှာ"
အိမ်ရှေ့ဆင်ဝင်အောက်တွင်ထိုးရပ်လိုက်သည့်ကားသံကြောင့်နှစ်ယောက်လုံးရပ်သွားတော့သည်။ကားပေါ်မှဆင်းလာသူအားမြင်တော့ ဟယ်ရီဒေါသတို့ပိုထွက်သွားရသည်။
"ဒီအိမ်မှာဖျားနာတဲ့သူတစ်ယောက်မှမရှိဘူး ဦးအောင်ခန့်ကျော်"
"ဦးအောင်ခန့်ကျော်ကိုငါခေါ်ထားတာလွန်းဟယ်ရီ..မင်းနဲ့မဆိုင်ဘူး"
"ဘာ!!"
"ဆောရီးပါဗျာ ကျွန်တော်နည်းနည်းနောက်ကျသွားတယ်"
"ရပါတယ်ရှင် ဒါဆိုကျွန်မတို့သွားကြမလား"
"ဒေါ်နန်းရိပ်လွှာ"
"မောင်"
အသံနှစ်ခုမှတစ်ပြိုင်တည်းထွက်လာလေသည်။ဟယ်ရီဘယ်လောက်ဒေါသထွက်ပြပြထိုအမျိုးသမီးကတော့ဂရုမစိုက်။ကားပေါ်တွင်ထိုင်နေသည့်အမျိုးသမီးအား ဆွဲခေါ်ချင်ပေမဲ့ ဟယ်ရီမာနများကလက်မခံ။ကားလေးမှာဟယ်ရီရှေ့မှထွက်သွားလေသည်။
"မောင်ရယ်သွားပါစေ..အစတည်းကသူကဒီလိုသွားနေကျပဲကို"
"သစ်ရိပ်မေ!!"
ပုံမှန်အသံထက်ပိုကျယ်သွားသည့်အသံကြောင့် သစ်ရိပ်မေ ကိုယ်လေးပင်တွန့်သွားလသည်။
"မောင်..မောင်မေကိုဘယ်တုန်းကအော်ဖူးလို့လဲ"
"ဒီကနေသွားတော့..သွားတော့လို့ငါပြောနေတယ်"
"မောင်..မောင်တရားလွန်နေပြီနော်။မေ့ကိုမပြောမဆိုနဲ့မြန်မာနိုင်ငံကိုပြန်သွားတဲ့အပြင် တစ်ခြားမိန်းမတစ်ယောက်ကိုယူလိုက်သေးတယ်။မေအဲ့ထိခွင့်လွှတ်တယ်..ဒါကမောင့်မမကိစ္စကြောင့်ဆိုပြီး။အခုကျအဲ့မိန်းမအတွက်နဲ့မေ့ကိုအော်တယ်။မောင်မလွန်လွန်းဘူးလား"
"သစ်ရိပ်မေ..သွားတော့လို့..ငါ့ဘာသာကြိုက်တဲ့သူကိုလက်ထပ်တာ မင်းနဲ့ဘာဆိုင်လဲပြီးတော့မင်းနဲ့ငါကဘာမှပတ်သက်တာမဟုတ်ဘူး..ဒါကိုမင်းမမေ့နဲ့ငါ့အိမ်ကနေခုချက်ချင်းထွက်သွား"
"ဆူး..သစ်လွင်"
"ရှင်မမလေး..."
"သူ့အထုပ်တွေယူပေးလိုက်"
"ဟုတ်..ဟုတ်ကဲ့မမလေး"
"နောက်တစ်ခါ ငါတရားဝင်လက်ထပ်ထားတဲ့ငါ့အမျိုးသမီးကို မင်းဘာမှထိခိုက်ပြောဆိုစရာအကြောင်းမရှိဘူး"
စိတ်ဆိုးမာန်ဆိုးဖြင့်ထွက်သွားသည့်ကျောပြင်ကလေးအားကြည့်ကာ သစ်ရိပ်မေဒေါသတို့မှာ မဆီမဆိုင်ပါတဲ့နန်းရိပ်အပေါ်ပုံကျတော့သည်။
"ဒေါ်နန်းရိပ်လွှာ ရှင့်ကြောင့်မောင်က ကျွန်မကိုဒီလိုဆက်ဆံတာ..ရှင့်ကိုကျွန်မမကျေဘူး"
အထုပ်အားဆွဲကာ ထွက်သွားသည့်သူအားကြည့်ရင်းဆူးနဲ့သစ်လွင်မှာပြုံးစိပြုံးစိဖြစ်နေတော့သည်။
"သူများအိမ်ပေါ်တက်နေချင်တဲ့သူခုတော့အထုပ်ဆွဲပြီးသွားရပြီး ဟိဟိ"
"ဟိုကကြားရင်ပါးလာရိုက်လိမ့်မယ် လာကိုယ့်အလုပ်ကိုယ်ပြန်လုပ်မယ်"
----
"ဘာသောက်မလဲ တစ်ခုခုမှာလေ ဒေါ်နန်းရိပ်လွှာ"
"Apple Juice တစ်ခွက်ပဲရပါတယ်"
"ဟုတ်ကဲ့...ဒါဆို Apple Juice နှစ်ခွက်ပေးနော်"
waiterကောင်လေးအားမှာပြီးစကားပြောနေမိကြသည်။
"ကျွန်တော့်ကိုတစ်ခုခုပြောစရာရှိတယ်မလား အားမနာပါနဲ့ပွင့်ပွင့်လင်းလင်းပြောပါ"
"အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ ဦးအောင်ကျော်ခန့်အဆင်ပြေမယ်ဆိုရင်"
"ရင်းရင်းနှီးပဲခေါ်ပါရပါတယ် ကျွန်တော်ဘာကူရမလဲသာပြောပါ"
"ကျွန်မ အလွတ်တမ်းစုံထောက်တစ်ယောက်လောက်လိုချင်လို့ပါ။ပြီးတော့အမှုတစ်ခုကိုပြန်စုံစမ်းချင်တယ် ကိုအောင်ခန့်"
"မဟုတ်မှ..လွန်းဟယ်ရီရဲ့အစ်မအမှုထင်တယ်"
မထင်မှတ်ထားတာကြောင့် နန်းရိပ်အံ့သြမိသွားသည်။သူမအပြင်ထွက်လာရတဲ့အကြောင်းအရင်းကဒီအရာပင်။စုံထောက်တစ်ယောက်ငှားပြီး ဒီအမှုကိုပြန်ဖော်ဖို့ပင်။အဲ့တုန်းက တစ်ခုခုဖုံးကွယ်ခဲ့တာသေချာသည်။ဒီလိုအမှုကြီးတစ်မှုကို ပိတ်သွားသည်ဆိုမှာ တော်ရုံကိစ္စမဟုတ်ပေ။
"အံ့သြသွားတယ်ထင်တယ်၊သွန်းချယ်ရီသေဆုံးတော့ စစ်ဆေးတဲ့မှုခင်းဆရာဝန်ဟာ ကျွန်တော့်အကိုတစ်ဝမ်းကွဲပါပဲ။အဲ့တာကြောင့်တစ်ချို့ကိစ္စတွေကျွန်တော်သိနေတာပါ"
"ဒါဆို ကိုအောင်ခန့်ကိုပဲအကူအညီဆက်တောင်းရမှာပဲ။ကျွန်မဒီကိစ္စကိုစုံစမ်းချင်တယ်။"
"ကျွန်တော်ကူညီပါ့မယ်ဗျာ...ဒေါ်နန်းရိပ်လွှာကိုကူညီခွင့်ရတာ ကျွန်တော့်အတွက်ကံကောင်းမှုတစ်ခုပဲ"
"ကျေးဇူးတင်ပါတယ်ရှင်..ကျွန်မကို ဒီကိစ္စသိသလောက်ပြောပြပေးလို့ရမလား"
"ရတာပေါ့ဗျာ..ပြောပြပေးမှာပေါ့...ဒီလိုဗျ"
ပြောပြသည်များအား ဂရုတစိုက်နားထောင်ရင်း စိတ်ထဲမယ်မေးခွန်းတွေ တစ်သီတစ်တန်း ပေါ်လာတော့သည်။
"အဖြစ်အပျက်တွေကတော့ ဒါပါပဲဗျာ ကျွန်တော့်အစ်ကိုဆို ဒီကိစ္စကိုတွေးတိုင်းစိတ်မကောင်းဖြစ်နေတာတဲ့။မသေသင့်ဘဲသေသွားရပြီး တရားခံကိုလည်းလွှတ်ပေးလိုက်လို့တဲ့လေ"
"ဒီနောက်ကွယ်မှာတစ်ခုခုတော့ရှိတာသေချာပြီပဲ။ကျွန်မဒီကိစ္စကိုမြန်မြန်သိချင်လှပြီ"
"သိစေရပါမယ်ဗျာ"
"ဒါဆို ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်နော်..ကျွန်မကိုကိုကြီးဆီသွားအုံးမယ်"
"ကျွန်တော်လိုက်ပို့ပေးပါ့မယ်"

ကုမ္ပဏီထဲရောက်တော့ အကုန်လုံးက ထူးထူးဆန်းဆန်းဖြစ်နေလေသည်။ကိုကိုကြီးရှိရာရုံးခန်းဆီတန်းလျှောက်ပြီး တံခါးမှာစေ့ရုံစေ့ထားတာကြောင့် အသာတွန်းဖွင့်လိုက်တော့ အလုပ်စားပွဲရှေ့ရှိဆိုဖာခုံတွင်ထိုင်ကာ ငေးမောနေသည့်ကိုကိုကြီးအားတွေ့ရသည်။အနည်းငယ်ချောင်ကျသွားသည့်မျက်နှာနှင့်အတူ အမာရွတ်တစ်ချို့ကြောင့် နန်းရိပ်မျက်ဝန်းဝယ်မျက်ရည်တို့စိုစွတ်လာမိသည်။
"ကိုကိုကြီး"
ခေါ်သံကြားတော့လှည့်ကြည့်လာသည့်ကိုကိုကြီးမျက်ဝန်းတို့မှာတောက်ပသွားတော့သည်။ခုံပေါ်မှချက်ချင်းထကာ နန်းရိပ်အားပြေးဖက်လိုက်သည့်ကိုကိုကြီး။ညီမတစ်ယောက်ကိုသိပ်ကိုချစ်မြတ်နိုးသည့်ကိုကိုကြီးက တစ်ခြားမိန်းမပျိုလေးကိုစော်ကားခဲ့သည်မှာဘယ်လိုမှမဖြစ်နိုင်တာပဲ။
"နန်းရိပ်..အခုမှပဲမြင်ရတော့တယ် ကိုကိုကြီးသတိရနေတာ"
"နန်းရိပ်ရောပါပဲ..ကိုကိုကြီးရယ်"
"ဟိုကောင်မရောပါလာသေးလား..သူနန်းရိပ်ကိုနှိပ်စက်သေးလားဟင်..ကိုကိုကြီးညီမလေးတော်တော်ပိန်သွားတာပဲ"
"စိတ်ထင်လို့ပါကိုကိုကြီးရယ်.."
"လာ..ဆိုဖာပေါ်ထိုင်..ကိုကိုကြီးဆီအပြီးပြန်လာတာမလား"
နန်းရိပ်ခေါင်းအားဖြေးညှင်းစွာခါပြတော့ကိုကိုကြီးကဘာလို့လဲဆိုသည့်အကြည့်တို့ဖြင့်ကြည့်လာလေသည်။နန်းရိပ်သက်ပြင်းအားလေးပင့်စွာချရင်း စားပွဲပေါ်ရှိ ပန်းအိုးလေးအား မဆိုင်ပါဘဲငေးကြည့်နေမိတော့သည်။
"နန်းရိပ် ကိုကိုကြီးအတွက်အဖြေမှန်ရှာရအုံးမယ်"
"အဲ့ကိစ္စကိုထားလိုက်ပါဆိုကွာ..အဲ့တစ်ယောက်ကရူးနေတာလားမသိဘူး။ကိုကိုကြီးကိုပဲစွပ်စွဲနေတာ"
"မဟုတ်သေးဘူးကိုကိုကြီး..သူကအစ်မတစ်ယောက်လုံးသေထားတာလေ။သူ့မှာကိုကိုကြီးကိုစွပ်စွဲရတဲ့အကြောင်းအရင်းရှိလို့စွပ်စွဲတာပေါ့"
"နန်းရိပ်လွှာဒါဆို သူစွပ်စွဲတာမှန်တယ်လို့နင်ပြောချင်တာလား"
တစ်ခါမှနာမည်အပြည့်အစုံမခေါ်ဖူးတဲ့ကိုကိုကြီးမှ နာမည်အားအပြည့်ခေါ်ပြီးအော်လိုက်တာကြောင့် နန်းရိပ်မျက်ရည်များစီးကျလာမိတော့သည်။
"ဟင့်..မဟုတ်ပါဘူး..နန်း..နန်းရိပ်ပြောတာက သူ့မှအကြောင်းရှိတယ်..အဲ့အကြောင်းကိုနန်းရိပ်တို့ရှာရမယ်လို့ပြောတာပါ..ဟင့်..ကိုကိုကြီးကိုနန်းရိပ်ကယုံပြီးသားပါ"
"ဆောရီးကွာ..မငိုနဲ့တော့နော် ကိုကိုကြ​ီးကရုတ်တရက်ဆိုတော့ သူ့စကားကိုညီမလေးယုံသွားတာလားဆိုပြီးစိတ်မကောင်းဖြစ်သွားလို့ပါ"
ကလေးတစ်ယောက်လိုငိုနေသည့်ညီမဖြစ်သူအား ရင်ခွင်ထဲသွင်းရင် ချော့နေမိတော့သည်။တကယ်ဆို ကိုယ့်ကြောင့်ဒီလိုတွေဖြစ်ခဲ့ရသည်မလား။
"ထမင်းမစားရသေးဘူးမလား..တစ်ခုခုသွားစားရအောင်"
"ဟင့်အင်း..မစားချင်ဘူး"
"တို့မောင်နှမတွေအတူတူမစားရတာကြာနေပြီ ဒီမှာစားရအောင်ကိုကိုကြီးခွံ့ကျွေးမယ်"
ထိုအခါမှခေါင်းအားငြိမ့်ပြသည့်ညီမငယ်။ထမင်းနဲ့ဟင်းအား ဝန်ထမ်းတစ်ယောက်ကိုသွားဝယ်ခိုင်းပြီး ရုံးခန်းထဲမှာပဲ အတူစားလိုက်ကြသည်။
"ညနေမှပြန်မယ်မလား..ကိုကိုကြီးလိုက်ပို့မယ်"
"ဟင့်အင်းနေပါစေ တော်ကြာ လွန်းဟယ်ရီနဲ့တွေ့ရင် အရင်တစ်ခါလိုဖြစ်နေပါအုံးမယ်"
"ရပါတယ် ကိုကိုကြီးလိုက်ပို့ပါ့မယ် "
"နန်းရိပ်ကြောင့်ကိုကိုကြီးတစ်ခုခုဖြစ်မှာစိုးရိမ်တယ် မပို့ပါနဲ့နော်.."
"ဒေါက်..ဒေါက်..ဒေါက်"
"ဝင်ခဲ့"
"ဆရာ ဒီမှာ.."
"ကျေးဇူးကွာ...သွားလို့ရပြီ"
"နန်းရိပ်ရော့ ဒီမှာဖုန်း..ဒီကဒ်ထဲမှာပိုက်ဆံထည့်ထားတယ် လိုရင်လည်းကိုကိုကြီးကိုပြော"
"ရပါတယ်ကိုကိုကြီးရယ် နောက်ဆို နန်းရိပ်ကုမ္ပဏီကို နန်းရိပ်ပဲသွားတော့မယ်..အိမ်မှာပဲနေရင် ဘာမှလုပ်မရဖြစ်နေလိမ့်မယ်"
"အင်းပါ..အဖြေမြန်မြန်ရှာတွေ့ပါစေကွာ..ကိုကိုကြီးကြောင့်ညီမလေးပင်ပန်းရပြီ"
"မဟုတ်တာပဲကိုကိုကြီးရယ်"
တစ်ယောက်မျက်နှာတစ်ယောက်အဓိပ္ပ်ပါသည့်မျက်ဝန်းများဖြင့်ငေးကြည့်နေမိသည်။နန်းရိပ်စိတ်ထဲတွင်လည်းဘယ်လိုလုပ်ရမလဲဆိုသည့်အတွေးများဖြင့်အစီအစဥ်များဆွဲနေမိသည်။
"အဖြစ်မှန်တွေပေါ်ရင်တော့ လွန်းဟယ်ရီနဲ့ကွာရှင်းရမယ်နော်"
ခေါင်းအားဖြေးညှင်းစွာငြိမ့်ရင်းရင်ထဲဝယ်တင်းကျပ်သွားရပြန်သည်။တစ်နေကုန်စကားပြောကြရင်း နာရီကြည့်မိတော့ ငါးနာရီကျော်လေပြီ။
"ကိုကိုကြီး ညီမလေးပြန်တော့မယ်"
"ပြန်တော့မလို့လား..ဟုတ်သားပဲ နောက်ကျနေပြီ ကိုကိုကြီးပါကင်ထိလိုပ်ပို့ပေးမယ်"
"ဟုတ်ကိုကိုကြီး"
တကယ်ဆိုအိမ်ထိလိုက်ပို့ပေးချင်ပေမဲ့ညီမဖြစ်သူကအတင်းအကန်ငြင်းနေတာကြောင့်ရုံးရှိဝန်ထမ်းအားလိုက်ပို့ပေးဖို့စီစဥ်ရသည်။
"တစ်ခုခုဆို ကိုကိုကြီးကိုဖုန်းဆက်နော်"
"ဟုတ် ဆက်မယ်နော် စိတ်အရမ်းမပူပါနဲ့"
"အမေ့..."
နန်းရိပ်တို့ရှေ့တွင်အရှိန်နှင့်ထိုးရပ်လိုက်သည့်ကားကြောင့် လန့်သွားမိတော့သည်။ကားပေါ်မှဆင်းလာသူမှာ လွန်းဟယ်ရီဖြစ်နေလေသည်။
"ဒေါ်နန်းရိပ်လွှာ ရှင်တော်တော်သတ္တိကောင်းနေတာပဲ ခုချိန်ထိအိမ်မပြန်ဘဲ"
"ငါ့ဘာသာဘယ်ချိန်ပြန်ပြန်ပေါ့ မင်းနဲ့မဆိုင်ပါဘူး လွန်းဟယ်ရီ"
"လွန်းဟယ်ရီ ငါ့ညီမကမင်းရဲ့အကျဥ်းသားမဟုတ်ဘူး မင်းအဲ့လောက်ထိမချုပ်ချယ်နဲ့"
"ကျွန်မမိန်းမကျွန်မချုပ်ချယ်တာဘာဖြစ်သလဲ.."
"လွန်းဟယ်ရီနင်ပြန်တော့ ငါ့ဘာသာပြန်လာမယ်"
"ကျွန်မနဲ့တစ်ခါတည်းလိုက်ခဲ့"
"ငါ့ညီမကို ငါလိုက်ပို့မယ် မင်းပြန်"
"ကျစ်..ပြောရတာရှည်လိုက်တာ ရှင်ကဆိုင်ပဲဆိုင်တာ မပိုင်တော့ဘူး ဒေါ်နန်းရိပ်လွှာက ကျွန်မလက်ထပ်ထားတဲ့ ကျွန်မ မယားပဲ"
"လက်ထပ်တယ်ဆိုတာ မင်းဘက်က တစ်ဖက်သတ်ပဲလေ လွန်းဟယ်ရီ စာချုပ်တစ်ခုကဘယ်လောက်အရေးပါလို့လဲ"
"ကိုကိုကြီး..တော်တော့နော်ပြန်တော့.."
ဆက်နေလျှင် အန္တရာယ်များတော့မည်ကိုသိနေသောကြောင့် နန်းရိပ်အကိုဖြစ်သူအားစိတ်ပူစွာ ပြန်လွှတ်နေမိတော့သည်။
"သွားပါကိုကိုကြီးရယ်နော်..နန်းရိပ်ကိုချစ်တယ်မလား သွားတော့နော်..ကိုဦး ကိုကိုကြီးကိုခေါ်သွားတော့"
နောက်သို့လှည့်ကြည့်လှည့်ကြည့်ဖြင့်ထွက်သွားသည့်ကိုကိုကြီးအား နန်းရိပ်ငေးနေရုံသာတတ်နိုင်တော့သည်။
"ဒေါ်နန်းရိပ်လွှာ သွားမယ်"
ပြောပြောဆိုဆိုဖြင့် ကားပေါ်သို့ နန်းရိပ်လက်အားစောင့်ဆွဲကာ ခေါ်လိုက်သည့်လွန်းဟယ်ရီ။
"အာ့...လွန်း..လွန်းဟယ်ရီ နာတယ်လို့"
ကိုင်ထားသည့်လက်ကောက်ဝတ်အားပိုတိုးညှစ်လိုက်ကိုင်လိုက်တာကြောင့် နန်းရိပ်အော်မိသွားတော့သည်။ဒါပေမဲ့လက်အားနည်းနည်းလေးမှ မဖြေလျှော့ဘဲ ဆက်ပြီးဖိကိုင်ထားလေသည်။ကားပြတင်းအပြင်အားငေးနေရင်းသူမပြောသည်အားဂရုမစိုက်စွာ နေနေသူမှာ ဒေါသတို့အတော်ထွက်နေသည်ထင်ရဲ့။
"လွန်းဟယ်ရီ...နာတယ်လို့"
ကိုင်ထားသည့်လက်အား မိမိလက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်း ရုန်းတော့ လှည့်ကြည့်လာတဲ့မျက်ဝန်းတွေ။မျက်ရည်စတွေဝဲနေတာကြောင့် ရုတ်တရက်ရုန်းနေရင်း ရပ်သွားမိတော့သည်။ခုနကထိစိတ်ဆိုးနေသည့်သူကဘာဖြစ်လို့များပါလိမ့်။ဒေါသထွက်လွန်းလို့မဟုတ်ဘဲ မျက်ဝန်းတွေထဲကြည့်ရုံဖြင့်တစ်ခုခုအားဝမ်းနည်းဟန်မြင်နေရသည်။
"အရမ်းနာသွားလား..ဆောရီး"ပြောပြီးဆုပ်ကိုင်ထားသည့်လက်အားဖြေလျှော့ပေးပြီးနောက် လက်ဖဝါးအားခပ်ဖွဖွထပ်ကိုင်ထားလေသည်။မရုန်းတော့ပါဘဲ အလိုက်သင့်နေရင်း ပြတင်းတံခါးအပြင်ကိုသာငေးမောနေမိတော့သည်။အိမ်ရောက်တဲ့ထိစကားတစ်ခွန်မှမဆိုတာကြောင့် နန်းရိပ်လည်းတိတ်ဆိတ်နေမိတော့သည်။
ခုတင်ပေါ်တွင်လှဲချလိုက်သည့်သူအားတစ်ချက်ကြည့်ကာ လက်ထဲရှိအိတ်အား မှန်တင်ခုံပေါ်တင်လိုက်မိသည်။ခေါင်းလျှော်ချင်သည်မလို့ ထုံးထားသည့်ဆံထုံးအားဖြန့်ချလိုက်တော့ ဆံနွယ်ခွေခွေတို့မှာ ဝဲကျလာတော့သည်။ဆံနွယ်တို့အားလက်ဖြင့်ထိုးဖွရင်း အောက်ထပ်သို့ခဏဆင်းဖို့တွေးလိုက်မိချိန်အနောက်မှလာသိုင်းဖက်သည့်လက်တစ်စုံကြောင့်ရင်ထဲသိမ့်ခနဲပင်။
"ဘာလုပ်တာလဲ..ဖယ်အောက်ဆင်းမလို့..လွန်း.."
စကားတောင်မဆုံးသေး ဆွဲလှည့်လိုက်တာကြောင့်မျက်နှာနှစ်ခုမှနီးကပ်သွားတော့သည်။ပြတင်းတံခါးမှတိုးဝင်လာသည့်လေကြောင့် ဖြန့်ချထားသည့်ဆံနွယ်တို့မှာနန်းရိပ်မျက်နှာရှေ့ဝယ်ဝဲလွင့်နေတော့သည်။ထိုဆံနွယ်များအားလက်ဖြင့်အနောက်သို့သပ်တင်ပေးနေတာကြောင့် နန်းရိပ်ရင်အစုံမှာနိမ့်ချည်မြင့်ချည်ဖြစ်ကာ ခြေများပင်မခိုင်တော့။အနောက်ရှိမှန်တင်ခုံအားမသိမသာမှီလိုက်ရင်းလက်အားခုံပေါ်ထောက်လိုက်မိသည်။
"ရှင်ကအမြဲတမ်းအတွက်ကျွန်မမိန်းမပဲ..ဒါကိုမှတ်ထားဒေါ်နန်းရိပ်လွှာ"
ပြောပြီးခြေလှမ်းကျဲများဖြင့်အပြင်သိူ့ထွက်သွားသည့်ကလေးမ။အလိုက်မသိခုန်နေသည့်ရင်အား လက်တစ်ဖက်ဖြင့်ဖိရင်းခုံပုလေးပေါ်ထိုင်ချလိုက်မိသည်။
"အလိုက်မသိလိုက်တာ ဘာလို့များဒီရင်ကခုန်နေရသလဲ"
ခုံပေါ်မှထကာ အဝတ်များအားချွတ်ကါထဘီရင်လျားလေးဖြင့်မှန်တင်ခုံရှေ့ဝယ်ရပ်နေမိသည်။ခေါင်းလျှော်ဖို့အတွက် ဘီးလေးအားယူချိန် အခန်းတံခါးအားဖွင့်ကာဝင်လာသည့်လွန်းဟယ်ရီကြောင့် လန့်သွားတော့သည်။
"အသံလေးဘာလေးပေးပြီးမှဝင်ပါလား"
"ကျွန်မအခန်းကျွန်မဝင်တာဘာဖြစ်လဲ"
ဟယ်ရီအားမြင်တော့ တဘတ်အားဆုပ်ကိုင်ထားရင်းလန့်သွားသည့်အမျိုးသမီး။အမြဲတစေဖုံးလွှမ်းထားသည့် ရင်ဘတ်ကလေးမှာ ရင်လျားထားတာကြောင့်အကာအကွယ်မဲ့စွာမြင်နေရသည်။ပုခုံးသားဖွေးဖွေးတို့မှာလည်းဆံနွယ်စတို့ရောယှက်တင်ကာ ထင်းနေတော့သည်။သူမဆီလျှောက်တော့တဖြည်းဖြည်းအနောက်သို့ဆုတ်ဆုတ်သွားကာ ခုတင်ပေါ်သို့ထိုင်ကျသွားသည့်အမျိုးသမီး။
"လွန်း..လွန်းဟယ်ရီ"
ကြောက်ရွံ့နေပုံမှာတကယ့်ကလေးလေးတစ်ယောက်ပမာ။အနားရှိခေါင်းစည်းကွင်းတစ်ကွင်းအားယူကာ သူမအနောက်ဝင်ထိုင်တော့ ထထွက်ဖို့ပြင်သည့်အမျိုးသမီး။လက်တစ်ဖက်အားဆွဲကာပြန်ထိုင်စေပြီး ဆံနွယ်တို့အား စည်းနှောင်ပေးဖို့ပြင်မိသည်။
"ညဘက်ကြီးကိုခေါင်းမလျှော်ချင်စမ်းနဲ့ ဒေါ်နန်းရိပ်လွှာ"
"တို့စိတ်နဲ့တို့ကိုယ်ပဲလေ..မစည်းတတ်ဘဲနဲ့ဖယ်စမ်းပါ"
"ငြိမ်ငြိမ်နေ"ပြောမရသည့်အဆုံးမိမိဘက်သို့ဆွဲလှည့်ကာ နှုတ်ခမ်းပါးလေးအား ခပ်ဖွဖွနမ်းရှိုက်လိုက်မိသည်။
"ပြွတ်.."
"မင်း..."
"ထပ်ပြောရင် ထပ်နမ်းခံရမယ်..ငြိမ်ငြိမ်နေ"
နှုတ်ခမ်းစူကာတစ်ဖက်သို့လှည့်သွားသည့်အမျိုးသမီး။မျက်စောင်းမိုးတွေလည်း ဟယ်ရီအပေါ်ရွာနေလေရဲ့။
"ပြီးပြီ..ဆံနွယ်တစ်စရေစိုရင် တစ်ခါအနမ်းခံရမယ်..သွားချိုးတော့"
ချက်ချင်းဆိုသလိုထပြီးရေချိုးခန်းထဲသို့ဝင်သွားသည့်အမျိုးသမီးအားကြည့်ရင်းပြုံးလိုက်မိသည်။ခြေထောက်နားသို့လွင့်ကျလာသည့်စာရွက်အပိုင်းအစလေးအား
ယူလိုက်ချိန် ခုနကမျက်နှာထက်မှအပြုံးများမှာ လေနဲ့အတူ လွင့်စင်သွားခဲ့တော့သည်။
"ဦးကမနက်ဖြန်သူ့ကိုလာတွေ့ပါတဲ့...ပျော်လိုက်တာ"
စာရွက်ကလေးအားကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ဝန်းမှမျက်ရည်တို့မှာလည်းဝဲလာမိပြန်တော့သည်။
"မမရေ..မမအတွက်ဟယ်ရီသေချာပေါက်ကလဲ့စားချေပေးမှာပါ"
#Äster(အက်စတာ)
updateမှန်အောင်ကြိုးစားပေမဲ့ အချိန်မရတာကြောင့်ကြာနေခဲ့တယ်။တကယ်ကိုအားနာပါတယ်နော်💙🌧

အမုန္းပင္မွပြင့္ေသာအခ်စ္ပန္း
အပိုင္း {၆}

"ဟဲလို..ဦးေအာင္ခန့္ေက်ာ္ပါလားရွင္"
"...."
"ဟုတ္ကဲ့...ကြၽန္မေဒၚနန္းရိပ္လႊာပါ"
"...."
"...."
"...."
"သစ္လြင္...ဒီမွာဖုန္းေက်းဇူးပါေနာ္"
"မဟုတ္တာအန္တီရယ္...ရပါတယ္"
"လြန္းဟယ္ရီမနိုးေသးဘူးမလား..."
"ဟုတ္တယ္အန္တီမမေလးမထေသးဘူး..ႏွိုးေပးရမလား"
"ဟင့္အင္းေနပါေစ..အိပ္ေနတာပဲေကာင္းပါတယ္အန္တီအျပင္သြားဖို႔ျပင္အုံးမယ္"

အေပၚထပ္ဆီတက္သြားသည့္အန္တီအား ေငးၾကည့္ရင္းသက္ျပင္းသဲ့သဲ့ခ်ေနမိသည္မွာသစ္လြင္သာပင္။သစ္လြင္ဖုန္းအားအန္တီကိုငွားသည္အားမမေလးသိလွ်င္မိုးမီးေလာင္ေပလိမ့္မည္။ဒါေပမဲ့ သစ္လြင္မငွားပဲမေနရက္ခဲ့။အန္တီခမ်ာ ဒီေရာက္တည္းကအေနက်ဥ္းက်ပ္၊စိတ္က်ဥ္းက်ပ္ျဖင့္ ေနေနရသည္မွာသစ္လြင္တို႔မ်က္ျမင္ကိုယ္ေတြ႕ပင္။အခုဆို သစ္ရိပ္ေမဆိုသည့္သူကပါထပ္ပါဝင္လာတာေၾကာင့္မေျပာေပမဲ့အန္တီဘယ္ေလာက္ထိ စိတ္ညစ္ေနေၾကာင္းသစ္လြင္သိေပသည္။

"ဝဋ္ေႂကြးဆိုရင္လည္းေက်ေစခ်င္ပါတယ္အန္တီရယ္။ဘာလို႔လဲမေျပာတတ္ေပမဲ့အန္တီအၿပဳံးေတြျမင္ေနရတာကိုပဲ သစ္လြင္စိတ္ခ်မ္းသာၿပီး ေပ်ာ္႐ြင္မိပါတယ္"
"သစ္လြင္တစ္ေယာက္တည္းဘာေတြေျပာေနတာလဲ"
"ဟင္..ဆူးျပန္လာၿပီလား"
"အင္း..ဒီမွာကသစ္လြင္သြားရင္ဘယ္သူမွမရွိေတာ့ဆူးျပန္လာလိုက္တာ..အန္တီေရာမမေလးနဲ႕အဆင္ေျပရဲ႕လားဟိုတစ္ေယာက္ေကာျပန္သြားၿပီလား"
လက္ထဲရွိအထုပ္အားမခ်ပါဘဲ တရစပ္ေမးေနသည့္ဆူးအားၾကည့္ကာသစ္လြင္ရယ္မိလိုက္သည္။
"ေျဖးေျဖးေမးပါဟယ္..အန္တီနဲ႕မမေလးနဲ႕ကလည္းမေျပဘူး သစ္ရိပ္ေမကလည္းမျပန္ဘူး ညကသူနဲ႕မမေလးကတစ္ခန္းထဲအိပ္လို႔အန္တီကေအာက္ဆင္းအိပ္ရတယ္"
"ဘာ..အဲ့ေကာင္မကိုငါထုေထာင္းပစ္ခ်င္တယ္အန္တီလည္းသနားပါတယ္"
"ဟုတ္ပ"
"ဒါနဲ႕မမႀကီးအေၾကာင္းအန္တီသိခ်င္တယ္ေျပာတယ္ငါကေျပာျပေပမဲ့နင့္ေလာက္မသိဘူးေလ အဲ့တာေျပာျပလိုက္ပါအုံး"
"အင္းပါ"ေလးပင့္စြာေျပာရင္းမီးဖိုခန္းဆီထြက္လာလိုက္မိသည္။အန္တီလည္းမမႀကီးအေၾကာင္းသိခ်င္ရွာေပမည္ေပါ့။ဒီကိစၥေၾကာင့္မဆီမဆိုင္ပါဘဲ မိန္းကေလးတစ္ဦးအားလက္ထပ္ခဲ့ရၿပီးစိတ္ညစ္ေနခဲ့ရသည္မလား။
မီးဖိုထဲႏွစ္ေယာက္သားခ်က္ျပဳတ္ေနရင္း အိမ္ေရွ႕ဆီမွဆူဆူညံညံအသံမ်ားေၾကာင့္အခန္းဝမွလွမ္းၾကည့္မိေတာ့အန္တီနဲ႕မမေလးပင္။အန္တီက ဆင္စြယ္ေရာင္ျမန္မာဝတ္စုံဝမ္းဆက္ေလးအားဝတ္ဆင္ထားၿပီးလက္ထဲတြင္ သူမကိုင္ေနက် လက္ကိုင္အိတ္ေလးအား ကိုင္ထားေလသည္။မ်က္ႏွာထက္တြင္အရင္ရက္ေတြကလိမ္းေနက်သနပ္ခါးမဟုတ္ေတာ့ပါဘဲ မိတ္ကပ္ပါးပါးထပ္ထားတာေၾကာင့္ အျပင္သြားမည့္ပုံပင္။
"ဒါကဘယ္လဲလို႔ကြၽန္မေမးေနတယ္ေလ ေဒၚနန္းရိပ္လႊာ"
"တို႔ဘာသာဘယ္သြားသြားပါ..မင္းနဲ႕မဆိုင္ဘူးလြန္းဟယ္ရီ။တို႔ကအက်ဥ္းသားမဟုတ္တဲ့အတြက္ မင္းတို႔ကို အိမ္ထဲမွာခ်ဳပ္ေလွာင္ထားစရာမလိုဘူး"
"အိမ္ထဲျပန္ဝင္လို႔ကြၽန္မေျပာေနတယ္"
"ငာအျပင္သြားမလို႔လြန္းဟယ္ရီျပန္မဝင္ဘူး"
တစ္ေယာက္တစ္ခြန္းျဖင့္စကားမ်ားေနသည့္သူႏွစ္ေယာက္အားၾကည့္ကာ သစ္လြင္တို႔မွာ သက္ျပင္းသာခ်နိဳင္ေတာ့သည္။ဝင္လည္းမေျပာရဲေပ။
"လြန္းဟယ္ရီ..လႊတ္..ငါ့လက္ကိုလႊတ္ငါသြားစရာရွိတယ္"
"ေကာင္းေကာင္ေခၚေနတုန္းလိုက္ေဒၚနန္းရိပ္လႊာ"
အိမ္ေရွ႕ဆင္ဝင္ေအာက္တြင္ထိုးရပ္လိုက္သည့္ကားသံေၾကာင့္ႏွစ္ေယာက္လုံးရပ္သြားေတာ့သည္။ကားေပၚမွဆင္းလာသူအားျမင္ေတာ့ ဟယ္ရီေဒါသတို႔ပိုထြက္သြားရသည္။
"ဒီအိမ္မွာဖ်ားနာတဲ့သူတစ္ေယာက္မွမရွိဘူး ဦးေအာင္ခန့္ေက်ာ္"
"ဦးေအာင္ခန့္ေက်ာ္ကိုငါေခၚထားတာလြန္းဟယ္ရီ..မင္းနဲ႕မဆိုင္ဘူး"
"ဘာ!!"
"ေဆာရီးပါဗ်ာ ကြၽန္ေတာ္နည္းနည္းေနာက္က်သြားတယ္"
"ရပါတယ္ရွင္ ဒါဆိုကြၽန္မတို႔သြားၾကမလား"
"ေဒၚနန္းရိပ္လႊာ"
"ေမာင္"
အသံႏွစ္ခုမွတစ္ၿပိဳင္တည္းထြက္လာေလသည္။ဟယ္ရီဘယ္ေလာက္ေဒါသထြက္ျပျပထိုအမ်ိဳးသမီးကေတာ့ဂ႐ုမစိုက္။ကားေပၚတြင္ထိုင္ေနသည့္အမ်ိဳးသမီးအား ဆြဲေခၚခ်င္ေပမဲ့ ဟယ္ရီမာနမ်ားကလက္မခံ။ကားေလးမွာဟယ္ရီေရွ႕မွထြက္သြားေလသည္။
"ေမာင္ရယ္သြားပါေစ..အစတည္းကသူကဒီလိုသြားေနက်ပဲကို"
"သစ္ရိပ္ေမ!!"
ပုံမွန္အသံထက္ပိုက်ယ္သြားသည့္အသံေၾကာင့္ သစ္ရိပ္ေမ ကိုယ္ေလးပင္တြန့္သြားလသည္။
"ေမာင္..ေမာင္ေမကိုဘယ္တုန္းကေအာ္ဖူးလို႔လဲ"
"ဒီကေနသြားေတာ့..သြားေတာ့လို႔ငါေျပာေနတယ္"
"ေမာင္..ေမာင္တရားလြန္ေနၿပီေနာ္။ေမ့ကိုမေျပာမဆိုနဲ႕ျမန္မာနိုင္ငံကိုျပန္သြားတဲ့အျပင္ တစ္ျခားမိန္းမတစ္ေယာက္ကိုယူလိုက္ေသးတယ္။ေမအဲ့ထိခြင့္လႊတ္တယ္..ဒါကေမာင့္မမကိစၥေၾကာင့္ဆိုၿပီး။အခုက်အဲ့မိန္းမအတြက္နဲ႕ေမ့ကိုေအာ္တယ္။ေမာင္မလြန္လြန္းဘူးလား"
"သစ္ရိပ္ေမ..သြားေတာ့လို႔..ငါ့ဘာသာႀကိဳက္တဲ့သူကိုလက္ထပ္တာ မင္းနဲ႕ဘာဆိုင္လဲၿပီးေတာ့မင္းနဲ႕ငါကဘာမွပတ္သက္တာမဟုတ္ဘူး..ဒါကိုမင္းမေမ့နဲ႕ငါ့အိမ္ကေနခုခ်က္ခ်င္းထြက္သြား"
"ဆူး..သစ္လြင္"
"ရွင္မမေလး..."
"သူ႕အထုပ္ေတြယူေပးလိုက္"
"ဟုတ္..ဟုတ္ကဲ့မမေလး"
"ေနာက္တစ္ခါ ငါတရားဝင္လက္ထပ္ထားတဲ့ငါ့အမ်ိဳးသမီးကို မင္းဘာမွထိခိုက္ေျပာဆိုစရာအေၾကာင္းမရွိဘူး"
စိတ္ဆိုးမာန္ဆိုးျဖင့္ထြက္သြားသည့္ေက်ာျပင္ကေလးအားၾကည့္ကာ သစ္ရိပ္ေမေဒါသတို႔မွာ မဆီမဆိုင္ပါတဲ့နန္းရိပ္အေပၚပုံက်ေတာ့သည္။
"ေဒၚနန္းရိပ္လႊာ ရွင့္ေၾကာင့္ေမာင္က ကြၽန္မကိုဒီလိုဆက္ဆံတာ..ရွင့္ကိုကြၽန္မမေက်ဘဴး"
အထုပ္အားဆြဲကာ ထြက္သြားသည့္သူအားၾကည့္ရင္းဆူးနဲ႕သစ္လြင္မွာၿပဳံးစိၿပဳံးစိျဖစ္ေနေတာ့သည္။
"သူမ်ားအိမ္ေပၚတက္ေနခ်င္တဲ့သူခုေတာ့အထုပ္ဆြဲၿပီးသြားရၿပီး ဟိဟိ"
"ဟိုကၾကားရင္ပါးလာရိုက္လိမ့္မယ္ လာကိုယ့္အလုပ္ကိုယ္ျပန္လုပ္မယ္"
----
"ဘာေသာက္မလဲ တစ္ခုခုမွာေလ ေဒၚနန္းရိပ္လႊာ"
"Apple Juice တစ္ခြက္ပဲရပါတယ္"
"ဟုတ္ကဲ့...ဒါဆို Apple Juice ႏွစ္ခြက္ေပးေနာ္"
waiterေကာင္ေလးအားမွာၿပီးစကားေျပာေနမိၾကသည္။
"ကြၽန္ေတာ့္ကိုတစ္ခုခုေျပာစရာရွိတယ္မလား အားမနာပါနဲ႕ပြင့္ပြင့္လင္းလင္းေျပာပါ"
"အကူအညီတစ္ခုေလာက္ေတာင္းခ်င္လို႔ပါ ဦးေအာင္ေက်ာ္ခန့္အဆင္ေျပမယ္ဆိုရင္"
"ရင္းရင္းႏွီးပဲေခၚပါရပါတယ္ ကြၽန္ေတာ္ဘာကူရမလဲသာေျပာပါ"
"ကြၽန္မ အလြတ္တမ္းစုံေထာက္တစ္ေယာက္ေလာက္လိုခ်င္လို႔ပါ။ၿပီးေတာ့အမႈတစ္ခုကိုျပန္စုံစမ္းခ်င္တယ္ ကိုေအာင္ခန့္"
"မဟုတ္မွ..လြန္းဟယ္ရီရဲ႕အစ္မအမႈထင္တယ္"
မထင္မွတ္ထားတာေၾကာင့္ နန္းရိပ္အံ့ၾသမိသြားသည္။သူမအျပင္ထြက္လာရတဲ့အေၾကာင္းအရင္းကဒီအရာပင္။စုံေထာက္တစ္ေယာက္ငွားၿပီး ဒီအမႈကိုျပန္ေဖာ္ဖို႔ပင္။အဲ့တုန္းက တစ္ခုခုဖုံးကြယ္ခဲ့တာေသခ်ာသည္။ဒီလိုအမႈႀကီးတစ္မႈကို ပိတ္သြားသည္ဆိုမွာ ေတာ္႐ုံကိစၥမဟုတ္ေပ။
"အံ့ၾသသြားတယ္ထင္တယ္၊သြန္းခ်ယ္ရီေသဆုံးေတာ့ စစ္ေဆးတဲ့မႈခင္းဆရာဝန္ဟာ ကြၽန္ေတာ့္အကိုတစ္ဝမ္းကြဲပါပဲ။အဲ့တာေၾကာင့္တစ္ခ်ိဳ႕ကိစၥေတြကြၽန္ေတာ္သိေနတာပါ"
"ဒါဆို ကိုေအာင္ခန့္ကိုပဲအကူအညီဆက္ေတာင္းရမွာပဲ။ကြၽန္မဒီကိစၥကိုစုံစမ္းခ်င္တယ္။"
"ကြၽန္ေတာ္ကူညီပါ့မယ္ဗ်ာ...ေဒၚနန္းရိပ္လႊာကိုကူညီခြင့္ရတာ ကြၽန္ေတာ့္အတြက္ကံေကာင္းမႈတစ္ခုပဲ"
"ေက်းဇူးတင္ပါတယ္ရွင္..ကြၽန္မကို ဒီကိစၥသိသေလာက္ေျပာျပေပးလို႔ရမလား"
"ရတာေပါ့ဗ်ာ..ေျပာျပေပးမွာေပါ့...ဒီလိုဗ်"
ေျပာျပသည္မ်ားအား ဂ႐ုတစိုက္နားေထာင္ရင္း စိတ္ထဲမယ္ေမးခြန္းေတြ တစ္သီတစ္တန္း ေပၚလာေတာ့သည္။
"အျဖစ္အပ်က္ေတြကေတာ့ ဒါပါပဲဗ်ာ ကြၽန္ေတာ့္အစ္ကိုဆို ဒီကိစၥကိုေတြးတိုင္းစိတ္မေကာင္းျဖစ္ေနတာတဲ့။မေသသင့္ဘဲေသသြားရၿပီး တရားခံကိုလည္းလႊတ္ေပးလိုက္လို႔တဲ့ေလ"
"ဒီေနာက္ကြယ္မွာတစ္ခုခုေတာ့ရွိတာေသခ်ာၿပီပဲ။ကြၽန္မဒီကိစၥကိုျမန္ျမန္သိခ်င္လွၿပီ"
"သိေစရပါမယ္ဗ်ာ"
"ဒါဆို ဒီေန႕အတြက္ေက်းဇူးတင္ပါတယ္ေနာ္..ကြၽန္မကိုကိုႀကီးဆီသြားအုံးမယ္"
"ကြၽန္ေတာ္လိုက္ပို႔ေပးပါ့မယ္"

ကုမၸဏီထဲေရာက္ေတာ့ အကုန္လုံးက ထူးထူးဆန္းဆန္းျဖစ္ေနေလသည္။ကိုကိုႀကီးရွိရာ႐ုံးခန္းဆီတန္းေလွ်ာက္ၿပီး တံခါးမွာေစ့႐ုံေစ့ထားတာေၾကာင့္ အသာတြန္းဖြင့္လိုက္ေတာ့ အလုပ္စားပြဲေရွ႕ရွိဆိုဖာခုံတြင္ထိုင္ကာ ေငးေမာေနသည့္ကိုကိုႀကီးအားေတြ႕ရသည္။အနည္းငယ္ေခ်ာင္က်သြားသည့္မ်က္ႏွာႏွင့္အတူ အမာ႐ြတ္တစ္ခ်ိဳ႕ေၾကာင့္ နန္းရိပ္မ်က္ဝန္းဝယ္မ်က္ရည္တို႔စိုစြတ္လာမိသည္။
"ကိုကိုႀကီး"
ေခၚသံၾကားေတာ့လွည့္ၾကည့္လာသည့္ကိုကိုႀကီးမ်က္ဝန္းတို႔မွာေတာက္ပသြားေတာ့သည္။ခုံေပၚမွခ်က္ခ်င္းထကာ နန္းရိပ္အားေျပးဖက္လိုက္သည့္ကိုကိုႀကီး။ညီမတစ္ေယာက္ကိုသိပ္ကိုခ်စ္ျမတ္နိုးသည့္ကိုကိုႀကီးက တစ္ျခားမိန္းမပ်ိဳေလးကိုေစာ္ကားခဲ့သည္မွာဘယ္လိုမွမျဖစ္နိုင္တာပဲ။
"နန္းရိပ္..အခုမွပဲျမင္ရေတာ့တယ္ ကိုကိုႀကီးသတိရေနတာ"
"နန္းရိပ္ေရာပါပဲ..ကိုကိုႀကီးရယ္"
"ဟိုေကာင္မေရာပါလာေသးလား..သူနန္းရိပ္ကိုႏွိပ္စက္ေသးလားဟင္..ကိုကိုႀကီးညီမေလးေတာ္ေတာ္ပိန္သြားတာပဲ"
"စိတ္ထင္လို႔ပါကိုကိုႀကီးရယ္.."
"လာ..ဆိုဖာေပၚထိုင္..ကိုကိုႀကီးဆီအၿပီးျပန္လာတာမလား"
နန္းရိပ္ေခါင္းအားေျဖးညွင္းစြာခါျပေတာ့ကိုကိုႀကီးကဘာလို႔လဲဆိုသည့္အၾကည့္တို႔ျဖင့္ၾကည့္လာေလသည္။နန္းရိပ္သက္ျပင္းအားေလးပင့္စြာခ်ရင္း စားပြဲေပၚရွိ ပန္းအိုးေလးအား မဆိုင္ပါဘဲေငးၾကည့္ေနမိေတာ့သည္။
"နန္းရိပ္ ကိုကိုႀကီးအတြက္အေျဖမွန္ရွာရအုံးမယ္"
"အဲ့ကိစၥကိုထားလိုက္ပါဆိုကြာ..အဲ့တစ္ေယာက္က႐ူးေနတာလားမသိဘူး။ကိုကိုႀကီးကိုပဲစြပ္စြဲေနတာ"
"မဟုတ္ေသးဘူးကိုကိုႀကီး..သူကအစ္မတစ္ေယာက္လုံးေသထားတာေလ။သူ႕မွာကိုကိုႀကီးကိုစြပ္စြဲရတဲ့အေၾကာင္းအရင္းရွိလို႔စြပ္စြဲတာေပါ့"
"နန္းရိပ္လႊာဒါဆို သူစြပ္စြဲတာမွန္တယ္လို႔နင္ေျပာခ်င္တာလား"
တစ္ခါမွနာမည္အျပည့္အစုံမေခၚဖူးတဲ့ကိုကိုႀကီးမွ နာမည္အားအျပည့္ေခၚၿပီးေအာ္လိုက္တာေၾကာင့္ နန္းရိပ္မ်က္ရည္မ်ားစီးက်လာမိေတာ့သည္။
"ဟင့္..မဟုတ္ပါဘူး..နန္း..နန္းရိပ္ေျပာတာက သူ႕မွအေၾကာင္းရွိတယ္..အဲ့အေၾကာင္းကိုနန္းရိပ္တို႔ရွာရမယ္လို႔ေျပာတာပါ..ဟင့္..ကိုကိုႀကီးကိုနန္းရိပ္ကယုံၿပီးသားပါ"
"ေဆာရီးကြာ..မငိုနဲ႕ေတာ့ေနာ္ ကိုကိုၾကီးက႐ုတ္တရက္ဆိုေတာ့ သူ႕စကားကိုညီမေလးယုံသြားတာလားဆိုၿပီးစိတ္မေကာင္းျဖစ္သြားလို႔ပါ"
ကေလးတစ္ေယာက္လိုငိုေနသည့္ညီမျဖစ္သူအား ရင္ခြင္ထဲသြင္းရင္ ေခ်ာ့ေနမိေတာ့သည္။တကယ္ဆို ကိုယ့္ေၾကာင့္ဒီလိုေတြျဖစ္ခဲ့ရသည္မလား။
"ထမင္းမစားရေသးဘူးမလား..တစ္ခုခုသြားစားရေအာင္"
"ဟင့္အင္း..မစားခ်င္ဘူး"
"တို႔ေမာင္ႏွမေတြအတူတူမစားရတာၾကာေနၿပီ ဒီမွာစားရေအာင္ကိုကိုႀကီးခြံ႕ေကြၽးမယ္"
ထိုအခါမွေခါင္းအားၿငိမ့္ျပသည့္ညီမငယ္။ထမင္းနဲ႕ဟင္းအား ဝန္ထမ္းတစ္ေယာက္ကိုသြားဝယ္ခိုင္းၿပီး ႐ုံးခန္းထဲမွာပဲ အတူစားလိုက္ၾကသည္။
"ညေနမွျပန္မယ္မလား..ကိုကိုႀကီးလိုက္ပို႔မယ္"
"ဟင့္အင္းေနပါေစ ေတာ္ၾကာ လြန္းဟယ္ရီနဲ႕ေတြ႕ရင္ အရင္တစ္ခါလိုျဖစ္ေနပါအုံးမယ္"
"ရပါတယ္ ကိုကိုႀကီးလိုက္ပို႔ပါ့မယ္ "
"နန္းရိပ္ေၾကာင့္ကိုကိုႀကီးတစ္ခုခုျဖစ္မွာစိုးရိမ္တယ္ မပို႔ပါနဲ႕ေနာ္.."
"ေဒါက္..ေဒါက္..ေဒါက္"
"ဝင္ခဲ့"
"ဆရာ ဒီမွာ.."
"ေက်းဇူးကြာ...သြားလို႔ရၿပီ"
"နန္းရိပ္ေရာ့ ဒီမွာဖုန္း..ဒီကဒ္ထဲမွာပိုက္ဆံထည့္ထားတယ္ လိုရင္လည္းကိုကိုႀကီးကိုေျပာ"
"ရပါတယ္ကိုကိုႀကီးရယ္ ေနာက္ဆို နန္းရိပ္ကုမၸဏီကို နန္းရိပ္ပဲသြားေတာ့မယ္..အိမ္မွာပဲေနရင္ ဘာမွလုပ္မရျဖစ္ေနလိမ့္မယ္"
"အင္းပါ..အေျဖျမန္ျမန္ရွာေတြ႕ပါေစကြာ..ကိုကိုႀကီးေၾကာင့္ညီမေလးပင္ပန္းရၿပီ"
"မဟုတ္တာပဲကိုကိုႀကီးရယ္"
တစ္ေယာက္မ်က္ႏွာတစ္ေယာက္အဓိပၸ္ပါသည့္မ်က္ဝန္းမ်ားျဖင့္ေငးၾကည့္ေနမိသည္။နန္းရိပ္စိတ္ထဲတြင္လည္းဘယ္လိုလုပ္ရမလဲဆိုသည့္အေတြးမ်ားျဖင့္အစီအစဥ္မ်ားဆြဲေနမိသည္။
"အျဖစ္မွန္ေတြေပၚရင္ေတာ့ လြန္းဟယ္ရီနဲ႕ကြာရွင္းရမယ္ေနာ္"
ေခါင္းအားေျဖးညွင္းစြာၿငိမ့္ရင္းရင္ထဲဝယ္တင္းက်ပ္သြားရျပန္သည္။တစ္ေနကုန္စကားေျပာၾကရင္း နာရီၾကည့္မိေတာ့ ငါးနာရီေက်ာ္ေလၿပီ။
"ကိုကိုႀကီး ညီမေလးျပန္ေတာ့မယ္"
"ျပန္ေတာ့မလို႔လား..ဟုတ္သားပဲ ေနာက္က်ေနၿပီ ကိုကိုႀကီးပါကင္ထိလိုပ္ပို႔ေပးမယ္"
"ဟုတ္ကိုကိုႀကီး"
တကယ္ဆိုအိမ္ထိလိုက္ပို႔ေပးခ်င္ေပမဲ့ညီမျဖစ္သူကအတင္းအကန္ျငင္းေနတာေၾကာင့္႐ုံးရွိဝန္ထမ္းအားလိုက္ပို႔ေပးဖို႔စီစဥ္ရသည္။
"တစ္ခုခုဆို ကိုကိုႀကီးကိုဖုန္းဆက္ေနာ္"
"ဟုတ္ ဆက္မယ္ေနာ္ စိတ္အရမ္းမပူပါနဲ႕"
"အေမ့..."
နန္းရိပ္တို႔ေရွ႕တြင္အရွိန္ႏွင့္ထိုးရပ္လိုက္သည့္ကားေၾကာင့္ လန့္သြားမိေတာ့သည္။ကားေပၚမွဆင္းလာသူမွာ လြန္းဟယ္ရီျဖစ္ေနေလသည္။
"ေဒၚနန္းရိပ္လႊာ ရွင္ေတာ္ေတာ္သတၱိေကာင္းေနတာပဲ ခုခ်ိန္ထိအိမ္မျပန္ဘဲ"
"ငါ့ဘာသာဘယ္ခ်ိန္ျပန္ျပန္ေပါ့ မင္းနဲ႕မဆိုင္ပါဘူး လြန္းဟယ္ရီ"
"လြန္းဟယ္ရီ ငါ့ညီမကမင္းရဲ႕အက်ဥ္းသားမဟုတ္ဘူး မင္းအဲ့ေလာက္ထိမခ်ဳပ္ခ်ယ္နဲ႕"
"ကြၽန္မမိန္းမကြၽန္မခ်ဳပ္ခ်ယ္တာဘာျဖစ္သလဲ.."
"လြန္းဟယ္ရီနင္ျပန္ေတာ့ ငါ့ဘာသာျပန္လာမယ္"
"ကြၽန္မနဲ႕တစ္ခါတည္းလိုက္ခဲ့"
"ငါ့ညီမကို ငါလိုက္ပို႔မယ္ မင္းျပန္"
"က်စ္..ေျပာရတာရွည္လိုက္တာ ရွင္ကဆိုင္ပဲဆိုင္တာ မပိုင္ေတာ့ဘူး ေဒၚနန္းရိပ္လႊာက ကြၽန္မလက္ထပ္ထားတဲ့ ကြၽန္မ မယားပဲ"
"လက္ထပ္တယ္ဆိုတာ မင္းဘက္က တစ္ဖက္သတ္ပဲေလ လြန္းဟယ္ရီ စာခ်ဳပ္တစ္ခုကဘယ္ေလာက္အေရးပါလို႔လဲ"
"ကိုကိုႀကီး..ေတာ္ေတာ့ေနာ္ျပန္ေတာ့.."
ဆက္ေနလွ်င္ အႏၱရာယ္မ်ားေတာ့မည္ကိုသိေနေသာေၾကာင့္ နန္းရိပ္အကိုျဖစ္သူအားစိတ္ပူစြာ ျပန္လႊတ္ေနမိေတာ့သည္။
"သြားပါကိုကိုႀကီးရယ္ေနာ္..နန္းရိပ္ကိုခ်စ္တယ္မလား သြားေတာ့ေနာ္..ကိုဦး ကိုကိုႀကီးကိုေခၚသြားေတာ့"
ေနာက္သို႔လွည့္ၾကည့္လွည့္ၾကည့္ျဖင့္ထြက္သြားသည့္ကိုကိုႀကီးအား နန္းရိပ္ေငးေန႐ုံသာတတ္နိုင္ေတာ့သည္။
"ေဒၚနန္းရိပ္လႊာ သြားမယ္"
ေျပာေျပာဆိုဆိုျဖင့္ ကားေပၚသို႔ နန္းရိပ္လက္အားေစာင့္ဆြဲကာ ေခၚလိုက္သည့္လြန္းဟယ္ရီ။
"အာ့...လြန္း..လြန္းဟယ္ရီ နာတယ္လို႔"
ကိုင္ထားသည့္လက္ေကာက္ဝတ္အားပိုတိုးညွစ္လိုက္ကိုင္လိုက္တာေၾကာင့္ နန္းရိပ္ေအာ္မိသြားေတာ့သည္။ဒါေပမဲ့လက္အားနည္းနည္းေလးမွ မေျဖေလွ်ာ့ဘဲ ဆက္ၿပီးဖိကိုင္ထားေလသည္။ကားျပတင္းအျပင္အားေငးေနရင္းသူမေျပာသည္အားဂ႐ုမစိုက္စြာ ေနေနသူမွာ ေဒါသတို႔အေတာ္ထြက္ေနသည္ထင္ရဲ႕။
"လြန္းဟယ္ရီ...နာတယ္လို႔"
ကိုင္ထားသည့္လက္အား မိမိလက္တစ္ဖက္ျဖင့္ဆုပ္ကိုင္ရင္း ႐ုန္းေတာ့ လွည့္ၾကည့္လာတဲ့မ်က္ဝန္းေတြ။မ်က္ရည္စေတြဝဲေနတာေၾကာင့္ ႐ုတ္တရက္႐ုန္းေနရင္း ရပ္သြားမိေတာ့သည္။ခုနကထိစိတ္ဆိုးေနသည့္သူကဘာျဖစ္လို႔မ်ားပါလိမ့္။ေဒါသထြက္လြန္းလို႔မဟုတ္ဘဲ မ်က္ဝန္းေတြထဲၾကည့္႐ုံျဖင့္တစ္ခုခုအားဝမ္းနည္းဟန္ျမင္ေနရသည္။
"အရမ္းနာသြားလား..ေဆာရီး"ေျပာၿပီးဆုပ္ကိုင္ထားသည့္လက္အားေျဖေလွ်ာ့ေပးၿပီးေနာက္ လက္ဖဝါးအားခပ္ဖြဖြထပ္ကိုင္ထားေလသည္။မ႐ုန္းေတာ့ပါဘဲ အလိုက္သင့္ေနရင္း ျပတင္းတံခါးအျပင္ကိုသာေငးေမာေနမိေတာ့သည္။အိမ္ေရာက္တဲ့ထိစကားတစ္ခြန္မွမဆိုတာေၾကာင့္ နန္းရိပ္လည္းတိတ္ဆိတ္ေနမိေတာ့သည္။
ခုတင္ေပၚတြင္လွဲခ်လိဳက္သည့္သူအားတစ္ခ်က္ၾကည့္ကာ လက္ထဲရွိအိတ္အား မွန္တင္ခုံေပၚတင္လိုက္မိသည္။ေခါင္းေလွ်ာ္ခ်င္သည္မလို႔ ထုံးထားသည့္ဆံထုံးအားျဖန့္ခ်လိဳက္ေတာ့ ဆံႏြယ္ေခြေခြတို႔မွာ ဝဲက်လာေတာ့သည္။ဆံႏြယ္တို႔အားလက္ျဖင့္ထိုးဖြရင္း ေအာက္ထပ္သို႔ခဏဆင္းဖို႔ေတြးလိုက္မိခ်ိန္အေနာက္မွလာသိုင္းဖက္သည့္လက္တစ္စုံေၾကာင့္ရင္ထဲသိမ့္ခနဲပင္။
"ဘာလုပ္တာလဲ..ဖယ္ေအာက္ဆင္းမလို႔..လြန္း.."
စကားေတာင္မဆုံးေသး ဆြဲလွည့္လိုက္တာေၾကာင့္မ်က္ႏွာႏွစ္ခုမွနီးကပ္သြားေတာ့သည္။ျပတင္းတံခါးမွတိုးဝင္လာသည့္ေလေၾကာင့္ ျဖန့္ခ်ထားသည့္ဆံႏြယ္တို႔မွာနန္းရိပ္မ်က္ႏွာေရွ႕ဝယ္ဝဲလြင့္ေနေတာ့သည္။ထိုဆံႏြယ္မ်ားအားလက္ျဖင့္အေနာက္သို႔သပ္တင္ေပးေနတာေၾကာင့္ နန္းရိပ္ရင္အစုံမွာနိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ကာ ေျခမ်ားပင္မခိုင္ေတာ့။အေနာက္ရွိမွန္တင္ခုံအားမသိမသာမွီလိုက္ရင္းလက္အားခုံေပၚေထာက္လိုက္မိသည္။
"ရွင္ကအၿမဲတမ္းအတြက္ကြၽန္မမိန္းမပဲ..ဒါကိုမွတ္ထားေဒၚနန္းရိပ္လႊာ"
ေျပာၿပီးေျခလွမ္းက်ဲမ်ားျဖင့္အျပင္သိူ႕ထြက္သြားသည့္ကေလးမ။အလိုက္မသိခုန္ေနသည့္ရင္အား လက္တစ္ဖက္ျဖင့္ဖိရင္းခုံပုေလးေပၚထိုင္ခ်လိဳက္မိသည္။
"အလိုက္မသိလိုက္တာ ဘာလို႔မ်ားဒီရင္ကခုန္ေနရသလဲ"
ခုံေပၚမွထကာ အဝတ္မ်ားအားခြၽတ္ကါထဘီရင္လ်ားေလးျဖင့္မွန္တင္ခုံေရွ႕ဝယ္ရပ္ေနမိသည္။ေခါင္းေလွ်ာ္ဖို႔အတြက္ ဘီးေလးအားယူခ်ိန္ အခန္းတံခါးအားဖြင့္ကာဝင္လာသည့္လြန္းဟယ္ရီေၾကာင့္ လန့္သြားေတာ့သည္။
"အသံေလးဘာေလးေပးၿပီးမွဝင္ပါလား"
"ကြၽန္မအခန္းကြၽန္မဝင္တာဘာျဖစ္လဲ"
ဟယ္ရီအားျမင္ေတာ့ တဘတ္အားဆုပ္ကိုင္ထားရင္းလန့္သြားသည့္အမ်ိဳးသမီး။အၿမဲတေစဖုံးလႊမ္းထားသည့္ ရင္ဘတ္ကေလးမွာ ရင္လ်ားထားတာေၾကာင့္အကာအကြယ္မဲ့စြာျမင္ေနရသည္။ပုခုံးသားေဖြးေဖြးတို႔မွာလည္းဆံႏြယ္စတို႔ေရာယွက္တင္ကာ ထင္းေနေတာ့သည္။သူမဆီေလွ်ာက္ေတာ့တျဖည္းျဖည္းအေနာက္သို႔ဆုတ္ဆုတ္သြားကာ ခုတင္ေပၚသို႔ထိုင္က်သြားသည့္အမ်ိဳးသမီး။
"လြန္း..လြန္းဟယ္ရီ"
ေၾကာက္႐ြံ႕ေနပုံမွာတကယ့္ကေလးေလးတစ္ေယာက္ပမာ။အနားရွိေခါင္းစည္းကြင္းတစ္ကြင္းအားယူကာ သူမအေနာက္ဝင္ထိုင္ေတာ့ ထထြက္ဖို႔ျပင္သည့္အမ်ိဳးသမီး။လက္တစ္ဖက္အားဆြဲကာျပန္ထိုင္ေစၿပီး ဆံႏြယ္တို႔အား စည္းႏွောင္ေပးဖို႔ျပင္မိသည္။
"ညဘက္ႀကီးကိုေခါင္းမေလွ်ာ္ခ်င္စမ္းနဲ႕ ေဒၚနန္းရိပ္လႊာ"
"တို႔စိတ္နဲ႕တို႔ကိုယ္ပဲေလ..မစည္းတတ္ဘဲနဲ႕ဖယ္စမ္းပါ"
"ၿငိမ္ၿငိမ္ေန"ေျပာမရသည့္အဆုံးမိမိဘက္သို႔ဆြဲလွည့္ကာ ႏႈတ္ခမ္းပါးေလးအား ခပ္ဖြဖြနမ္းရွိုက္လိုက္မိသည္။
"ႁပြတ္.."
"မင္း..."
"ထပ္ေျပာရင္ ထပ္နမ္းခံရမယ္..ၿငိမ္ၿငိမ္ေန"
ႏႈတ္ခမ္းစူကာတစ္ဖက္သို႔လွည့္သြားသည့္အမ်ိဳးသမီး။မ်က္ေစာင္းမိုးေတြလည္း ဟယ္ရီအေပၚ႐ြာေနေလရဲ႕။
"ၿပီးၿပီ..ဆံႏြယ္တစ္စေရစိုရင္ တစ္ခါအနမ္းခံရမယ္..သြားခ်ိဳးေတာ့"
ခ်က္ခ်င္းဆိုသလိုထၿပီးေရခ်ိဳးခန္းထဲသို႔ဝင္သြားသည့္အမ်ိဳးသမီးအားၾကည့္ရင္းၿပဳံးလိုက္မိသည္။ေျခေထာက္နားသို႔လြင့္က်လာသည့္စာ႐ြက္အပိုင္းအစေလးအား
ယူလိုက္ခ်ိန္ ခုနကမ်က္ႏွာထက္မွအၿပဳံးမ်ားမွာ ေလနဲ႕အတူ လြင့္စင္သြားခဲ့ေတာ့သည္။
"ဦးကမနက္ျဖန္သူ႕ကိုလာေတြ႕ပါတဲ့...ေပ်ာ္လိုက္တာ"
စာ႐ြက္ကေလးအားက်စ္က်စ္ပါေအာင္ဆုပ္ရင္း မ်က္ဝန္းမွမ်က္ရည္တို႔မွာလည္းဝဲလာမိျပန္ေတာ့သည္။
"မမေရ..မမအတြက္ဟယ္ရီေသခ်ာေပါက္ကလဲ့စားေခ်ေပးမွာပါ"
#ster(အက္စတာ)
updateမွန္ေအာင္ႀကိဳးစားေပမဲ့ အခ်ိန္မရတာေၾကာင့္ၾကာေနခဲ့တယ္။တကယ္ကိုအားနာပါတယ္ေနာ္

Continue lendo

Você também vai gostar

2.8M 187K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
752K 32.8K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
28.4K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း