ဦးကိုချစ်တဲ့ကောင်လေး
By Eithaesoe
32.8K 1.5K 53
More
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄ ဇာတ်သိမ်း
3.2K 108 0
By Eithaesoe
🍒ဦးကိုချစ်တဲ့ကောင်လေး 🍒
     🍒part 14 ( final) 🍒
________________________
အပြုံးတစ်ယောက် နာကျင်သော ခေါင်းကြောင့် မငျက်ခုံးတွန့်မိသွားပြီး သတိရလာခဲ့၏ ။
အပြုံး ကြည့်မိသောအခါ သူမသိသောနေရာတစ်ခု ကိုရောက်နေခြင်း ဖြစ်သည် ။
အပြုံးမှတ်မိတာက ဦးက မေမေနဲ့အပြုံးကို အိမ်တစ်ခုတွင်နေဖို့ရန် ခေါ်သွားသည။
ဦးထွက်သွားပြီးတစ်အောင့်အကြာ မှာ ​အိမ်ထဲကိုဝင်ပြီး အပြုံးနှာခေါင်းကို လာအုပ်ကတည်းက မေ့သွားသည် ။
" မေမေ ဘယ်သူရှိလဲ "
" ​ကောင်လေး "
အမှောင်ခန်းထဲမှ ထွက်လာသည့်အသံကြောင့် လန့်သွားသည်မှာအမှန်ဖြစ်ပေမယ့် ထိုအသံက အပြုံးမကြားဖူးသောလူတစ်ယောက်၏အသံ ။
တစ်နည်းဆိုရသော် အပြုံးကိုမေ့ဆေးအုပ်ခဲ့သည့်လူ။
" ရှေ့ထွက်ခဲ့ မမြင်ရတဲ့ အမှောင်ထဲမှာပြောမနေနဲ့ "
" ဟားဟား စွာလှချည်လား အဲ့ဒါကြောင့် မရန်ဇော်ရိန်ဆိုင်း ရဲ့အသည်းအသက်ကလေးဖြစ်နေတာကို "
အပြုံးသိပါသည် ။ ဦးရဲ့အမည်အရင်းက မရန်ဇော်ရိန်ဆိုင်း ဆိုသည်ကို ။
မေမေ ဟုတ်တယ် မေမေ ။
" ကျွန်တော့်မေမေရော "
" မင်းအမေကတော့ ဟင်းဟင်း "
ထိုလူ၏ မပြီးသောစကားကြောင့်အပြုံးမေမေ့ကိုပိုပြီးစိတ်ပူနေမိပါသည် ။
ကျေးဇူးပြုပြီးမေမေ ဘာမှမဖြစ်ပါစေနဲ့ ။
" ဟေ့လူ သတ္တိရှိရင် ထွက်လာဗျ "
အပြုံးရဲ့စကားဆုံးသောအခါ ခြေသံကိုအရင်ကြားရ၏ ။ ထို့နောက် လူတစ်ယောက် ။
ထိုလူကို မြင်ဖူးသည် ။ ဦးသျှားထက်စံ ၏ အနီးနားကလူ။
ဒါဆို ဦးသျှားက အပြုံးတို့ကိုဖမ်းထားသည်လား ။
" ခင်များက ဦးသျှားရဲ့ လူမဟုတ်လား "
Alex ၏ ဂွင်ထဲရောက်လာပြီ ။ ဒီကောင်လေး ကို သျှားထက်စံ ဖမ်းထားသည်ဟု ဇော်ရိန်ဆိုင် းသိသွားရင် ပွဲ ကပိုပြီး ကြည့်ကောင်းနေမိမှာအမှန်ပဲ ။
သို့သော် Alex မသိသေးသည်ကအများကြီးရှိသေးသည် ။
ဇော်ရိန်ဆိုင်း သည် သျှားထက်စံ ပို့ထားသည့်လိပ်စာအတိုင်း ရောက်ရှိခဲ့သည် ။
ထိုနေရာက မနန်းဧကရီဖူးတို့၏ အိမ် ။ ဘာလို့ ဒီအိမ်ကိုလဲ ။
" ဇော်ရိန်ဆိုင်း သူတို့ အထဲမှာရှိလောက်တယ် ပြီးတော့ သူ့လူတွေ က စောင့်ကြည့်နေကြတယ် "
" ကျွန်တော် စိတ်ပူနေတာ "
သျှားထက်စံ သည် ဇော်ရိန်ဆိုင် း နည်းတူပါပဲ ။ မိမိ၏ အစ်မ နှင့်တူ ဖြစ်သူ ယခု အဖမ်းခံထားရသည့်အခြေအနေ ။
" ကိုသျှား တို့အဖွဲ့က မြောက်ဖက်က ဝင် ကျွန်တော့်ရဲ့လူတွေက အရှေ့ဖက်ကနေ အာရုံလွှဲထားမယ် "
သျှားထက်စံသည်လည်း ဇော်ရိန်ဆိုင်း၏အကြံအတိုင်း လုပ်ဆောင်ခဲ့၏ ။
ဇော်ရိန်ဆိုင် း၏အဖွဲ့သည် အရှေ့ဖက်မှ အရိပ်ပြလိုက်သောအခါ အိမ်ကိုစောင့်ကြည့်နေကြည့် Alex ၏ ဘက်တော်သားတို့သည် အရှေ့အရပ်ကို စုနေကြသည် ။
ထို့ကြောင့် ဝင်ရလွယ်သည့်မြောက်ဖက်တံခါးကနေ ဝင်ချသွားကြသည် ။
ဇော်ရိန်ဆိုင် းသည်လည်း လက်ထဲရှိ သေနတ် ကို ကိုင်ကာ မြောက်ဖက်ကနေ ဝင်ရောက်ခဲ့သည် ။
ယခု သူ၏ကလေးကိုစိတ်ပူနေသည် ။ ဘာလို့မှန်းမသိ ထိုကလေး နဲ့အတူ တစ်နေရာမှာ တွေ့ခဲ့ထူးသလိုခံစားနေရ၏ ။
ကလေး ရန်လင်း မခေါ်ခင်အချိန်တုန်းက ။
ဇော်ရိန်ဆိုင်း သည် အပေါ်ထပ်ကိုသာ တက်သွား၏ ။ ကျန်တဲ့လူတွေကတော့ အထဲမှ ထွက်လာသည့်လူတွေကို တိုက်ခိုက်နေကြသည် ။
" ဇော်ရိန်ဆိုင် တောင်ဖက်ရဲ့အစွန်းဆုံးအခန်းမှာ ရှိတယ် "
သျှားထက်စံသည် တိုက်ခိုက်နေရင်း လှမ်းပြောလိုက်သည် ။
ဇော်ရိန်ဆိုင်း သည်လည်း သျှားထက်စံပြောသည့် အတိုင်းတောင်ဖက်သို့ တည့်တည့်သွားလိုက်ပြီး အစွန်းဆုံးအခန်းရှေ့သို့ရပ်လိုက်သည် ။
တံခါးသော့က ခတ်ထားသောကြောင့် လက်ထဲ၌ ပါလာသည့်သေနတ်ဖြင့်ပစ်လိုက်သောအခါ သော့ပျက်ဆီးသွား သည် ။
ဇော်ရိန်ဆိုင်းလည်း အလျင်အမြန်ပဲ တံခါးကိုဖွင့်လိုက်သောအခါ လဲနေသည့် အပြုံး၏အမေကိုတွေ့သွားသည်။
အပြုံးကိုတော့မတွေ့ ။
" အစ်မ နန်း အပြုံးရော "
မနန်းသည် ဇော်ရိန်ဆိုင်း အား
" မြေ.အောက်ခန်းမှာ ရော့ ဒီဟာက Alex လိုချင်နေတဲ့ဟာ ပြီးတော့ ငါ့သားလေးကို ပြန်ခေါ်ပေးပါ "
" စိတ်ချ ကျွန်တော်ပြန်ခေါ်လာခဲ့မယ် အပြင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့ မထွက်ခဲ့ပါနဲ့ "
မနန်းက မြေအောက်ရှိသည့်နေရာအားညွှန်ပြလိုက်သည် ။
မနန်းပေးသည့်အရာကတော့ အခြားမဟုတ်ပေ ။
ရွှေသော့ပုံစံ အချောင်းရှည်တစ်ခု ။ တစ်နည်းဆိုရလျှင် ရှေးဟောင်းသော့တစ်ခု ။
" ခင်များလိုချင်တာ ဒါမဟုတ်လား "
မြေအောက်ခန်းထဲသို့ရောက်လာသောဇော်ရိန််ဆိုင်း၏လက်ထဲမှ သော့ကို Alex မြင်သွားသည် ။
အပြုံးသည် မိမိကိုလာပြီးကယ်လာသောဦးကြောင့် စိတ်ထဲ လုံခြုံသွားသလိုခံစားမိပါ၏ ။
" ဟုတ်တယ် ပေး ငါ့ကို ပေး "
" အေးဆေးပေါ့ "
Alex သည် ထိုသော့ကိုလိုချင်သည် ။ ထိုသော့က ခွန်ချရတ်၏ သော့ ။
ထိုသော့က သာမန်သော့မဟုတ်ပေ ။ ချရတ် မိသားစုကြီး၏ အမွေအနှစ် ။
တစ်နည်းဆိုရသော် ထိုသော့ပိုင်ရှင် သည် မိသားစုကြီး၏ခေါင်းဆောင်ဖြစ်ပြီး ဂိုဏ်းတွေ ရဲ့ အရှင်သခင် ။
အခု သော့ပိုင်ရှင် ခွန်ချရတ် တစ်နည်းဆိုရသော် မိမိ၏ မွေးစား အစ်ကို ။
မိမိကို ခွန်ချရတ်က မွေးစားပြီး သူ့၏ ဂိုဏ်းအတွင်းတွင် လုပ်ကိုင်စေ၏ ။
လောဘ ကြီးသော Alex သည် အခြားဂိုဏ်းကြီးနှင့်ပေါင်းကာ ခွန်ချရတ်ကို သစ္စာဖောက်လာသည် ။
အစ်ကိုဖြစ်သူ ခွန်ချရတ်မရှိတော့ပါက Alex က ခွန်ချရတ်၏ အမွေကိုဆက်ခံရမည့်သူ ။
သို့ပေမယ့်ခွန်ချရတ်သည် Smile ဆိုသည့် ကလေးကို အကုန်လွှဲအပ်လိုက်ပြီဆိုကတည်းက Alex သည် အပြတ်ရှင်းဖို့ရန်ကြံရတော့သည် ။
သို့ပေမယ့် ကလေးကတော့ လွှတ်သွားပြီး ခွန်ချရတ်ဆိုသူကတော့ ကိုမာဝင်သည့်အဆင့်ကိုရောက်ခဲ့သည် ။
မိမိကတော့ ကျန်ခဲ့သည့် အဓိက ဂိုဏ်းခေါင်းဆောင်နှစ်ယောက်ကိုသွေးခွဲဖို့အတွက် သျှားထက်စံ၏ လက်အောက်သို့ဝင်ရောက်ခဲ့ပြီး ဇော်ရိန်ဆိုင်း နှင့်မသင့်မြတ်ဖြစ်အောင်ကြံစည်ရတော့သည် ။
နောက် သျှားထက်စံ၏တူဖြစ်သူအားလုပ်ကြံသူက ဇော်ရိန်ဆိုင်း ဟု ပြောလိုက်သောအခါ သျှားထက်စံကတော့ ဇော်ရိန်ဆိုင်း းအားသတ်ဖို့အထိဖြစ်လာခဲ့တော့သည် ။
မိမိအကြံတွေအောင်မြင်ခါနီးမှာ Smile ဆိုသည့်ကောင်လေးပေါ်လာပြီးသျှားထက့စံကလည်းမိမိကိုရိပ်မိသွား၍ ယခုလိုစီစဥ်ခဲ့ရတော့သည် ။
" ရော့ "
လောဘတရား၏ဇောကြောင့် Alex ဆိုသူသည်ဘာကိုမမြင် ။
ဇော်ရိန်ဆိုင်း ၏ လက်ထဲရှိ သော့ကိုယူရန်အာရုံစိုက်နေစဥ်
" ဒိုင်း "
ကျယ်လောင်လှသည့်သေနတ်အသံ ။ အပြုံးသည် သေနတ်အသံကြောင့် မျက်လုံးကိုစုံမှိတ်ထားလိုက်သည် ။
Alex ၏ ဘယ်ဖက်ရှိ နှလုံးနေရာတည့်တ့်တွင်သွေးတွေပန်းထွက်လာခဲ့သည် ။
ထိုစဥ်နောက်တစ်ချက်သေနတ်အသံက ထွက်လာခဲ့သည် ။
" ဒိုင်း "
Alex သည် မြေကြီးပေါ်တွင် ဒူးထောက်လျက်ကျသွားပြီး သုံးချက်မြောက် ကျည်ဆန်က Alex ၏နဖူးတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားသည် ။
" ဒိုင်း "
သေချာသည်က သေနတ်ပစ်လိုက်သောလူက ဇော်ရိန်ဆိုင်း မဟုတ်ပေ ။
ဇော်ရိး၏အနောက်တွင် သေနတ်ကိုင်ထားသောဦးသျှာထက်စံ ။
" သေပြီ မပစ်နဲ့တော့ "
သျှားထက်စံသည်လည်းသေနတ်ကိုသိမ်းကာ
" ဇော်ရိန်ဆိုင် းငါ မင်းကိုသတ်ဖို့ကြံခဲ့တာတွေအတွက်တောင်းပန်ပါတယ် "
" ကိုသျှားလဲ ဟိုကောင်အကွက်ထဲပိတ်မိနေတာပဲလေ ။ ပြီးတော့ကိုသျှား ကျေးဇူးကြောင့် အပြုံးလေးနဲ့ဆုံစည်းခွင့်ရတာ "
" မင်းမှတ်မိပြီလား "
" အင်း "
ဇော်ရိန်ဆိုင်း သည် မနန်းထံမှ မြေအောက်ခန်းသို့အလာ ရန်လင်းက အပြေးလာပြီးအကြောက်းစုံပြောတော့သည်။
ထို့အချိန် မိမိ ခေါင်းသို့ ရောက်လာသည့်နာကျင်မှု
" Boss "
ရန်လင်းသည် Boss ၏ ခေါင်းကိုရိုက်လိုက်သည့်လူအားသေနတ်ဖြင့် ပစ်လိုက်သည် ။
" ဒိုင်း "
ထို့နောက် မကြာပေ ။ ဇော်ရိန်ဆိုင်း ပြန်သတိရလာခဲ့ပြီး မြေအောက်ခန်းသို့ ဝင်လာရခြင်း ဖြစ်သည် ။
" စကားမပြောကြနဲ့ အင်းးဟီးးးး "
.အပြုံး၏အော်သံကြောင့် ဇော်ရိန်ဆိုင်း သည် အလျင်အမြန် အပြုံးကိုပွေ့ချီလိုက်ပြီး
" ကလေး မငိုနဲ့လေကွာ ဟိုက ဦးသျှားက အပြုံးလေးရဲ့ဦးလေးနော် "
" အပြုံးသိပါတယ် "
" ဦးကိုမှတ်မိတယ်ပေါ့ "
သျှားထက်စံသည်တူလေးဆီသို့အပြေးအလွှား သွားလိုက်သည် ။
" ဟုတ်ပါဘူး အပြုံးကိုမေမေ ပြောပြတာ ဦး "
အပြုံး၏ ဦး ဆိုသည့်အသံကြောင့်သျှားထက်စံမှ
" ပြောလေ "
" ဟုတ်ဘူး အပြုံးခေါ်တာ အပြုံးရဲ့ချစ်လှစွာသော ဟော့ဒီက လူကြီးကို "
ဇော်ရိန်ဆိုင်းကို လက်ညိုးထိုးပြီးပြောလိုက်သောကြောင့် ဦးသျှားတစ်ယောက် ရှက်သွားသည် ။
" ေအးပါကွာ "
" Bossssss "
Boss ဆိုပြီးပြေးဝင်လာသည့် ရန်လင်းကို ဦးသျှားက ကောက်ပွေ့လိုက်ပြီး ဇော်ရိန်ဆိုင်း တို့အားကြည့်ကာ အားကျမခံ
" ဟော့ဒါက ကိုယ့်ရဲ့ချစ်လေးသဲလေး အူလေး "
" လွှတ် ဦးသျှားထက်စံ "
" လွှတ်ပါဘူး ဒီနေ့ကစပြီး ကိုယ်က မင်းရဲ့ခင်ပွန်း "
" ဘယ်သူက ခင်များကိုယူမယ်ပြောလို့လဲ "
" ကိုယ်ကလဲ ယူပါလို့ မပြောပါဘူးနော် "
စကားအချေအတင်ဖြစ်နေသောလူနှစ်ဦးကြောင့် အပြုံးတို့ရယ်မိကြပါသေးသည် ။
" ကဲ သွားကြရအောင် ဦးသျှားတို့ရေ "
" ok ok ဇော်ရိန်ဆိုင်းမင်းက ငါ့တူကို ယူထားတာဆိုတော့ ကျေသွားအောင်မင်းတပည့်ကို ငါယူမယ် "
အကြံ​ေကြေီးဖြင့်ပြောနေသော ဦးသျှားကြောင့်ရန်လင်းသည် သူ့၏ Boss အား အကူအညီတောင်းနေသော မျက်ဝန်းတို့ဖြင့်ကြည့်နေသည် ။
" ယူလိုက် ပြီးရင် ငါတို့တွေ အတူတူ မင်္ဂလာဆောင်ကြတာပေါ့ကွာ ဟားဟား "
ဇော်ရိန်ဆိုင်း သည် အပြုံးကို ပွေ့ချီ ပြီး ဦးသျှားသည်လည်းရန်လင်း ကိုပွေ့ချီကာ ထိုနေရာမှ ထွက်လာခဲ့လိုက်တော့၏ ။
ထိုအခန်းထဲတွင်တော့ Alex ဆိုသည့် လူသေ သာ ကျန်ခဲ့လေ တော့သည် ။
____________The End ____________
​ကဲကဲ ပြီးပြီ 😁😁😁😁😁
စောစော ပြီးသွားတဲ့အတွက် Sorry ပါနော်
ပြီးတော့ up တာကြာတဲ့အတွက် sorry ပါ
ဘေ မထည့် နိုင်လို့ သူများ အိမ်က wifi နဲ့ ဟီးဟီး 😄😄😄
Mr. Gentleman မှာပြန်တွေ့ကြမယ်နော်
🍒Juliosoul 🍒
Continue Reading
You'll Also Like
962K 50.3K 44
328K 26.3K 29
Mini Story Uni Life Style Sweet Romance
1.3M 116K 33
Strawberry pudding and its counterpart .
730K 7.8K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...